← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အပိုင်း (၃) လင်ချန်းဟို

လင်ချန်းဟိုဟာ virtual reality (အစစ်အမှန်နှင့်တူသောပုံရိပ်ယောင်) စနစ်ကို တီထွင်ခဲ့တဲ့သိပ္ပံပညာရှင် ၃၃ ယောက်ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ ပြီးတော့ သူဟာ S.A Group ကနေ ဖြန့်ချီထားတဲ့ Satisfy ဂိမ်းကို ပိုမိုတိုးတက်လာစေဖို့ ကြိုးပမ်းနေတဲ့သူပါ။

သူ့ကို တင်စားကြတာတွေက.... အသိပညာနတ်ဘုရား၊ virtual reality စနစ်ကိုတီထွင်သူ၊ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့လူ၊ Satisfy ရဲ့ဖခင်ကြီး၊ တစ်နိုင်ငံလုံးမှာ အချမ်းသာဆုံးလူတစ်ယောက်၊ ကမ္ဘာပေါ်က လွှမ်းမိုးနိုင်တဲ့ ပုံရိပ်ရှိတဲ့လူတွေထဲက တစ်ယောက်၊ တစ်ကမ္ဘာလုံးက နိုင်ငံအားလုံးကနေ သူတို့နိုင်ငံသားအဖြစ် ခံယူပေးဖို့ တောင်းဆိုမှုတွေ အကြိမ်ဒါဇင်နဲ့ချီအပို့ခံရတဲ့လူ၊ တောင်ကိုရီးယားရဲ့ဂုဏ်ကျက်သရေ စသည်ဖြင့်ပေါ့။

လင်ချန်းဟို ပိုင်ဆိုင်တဲ့ဂုဏ်ပုဒ်တွေဟာ သူ့ကို အပြည်ပြည်ဆိုင်ရာဧည့်ခံပွဲတွေမှာ တက်ရောက်ချိန်တိုင်း များစွာသောပွဲပရိသတ်များအကြား ပေါ်လွင်စေဖို့ မီးမောင်းထိုးပြပေးသလို ဖြစ်နေတာပါ။ လင်ချန်းဟိုရဲ့ကျော်ကြားမှုက အမေရိကန်သမ္မတကို ကျော်တက်သွားပြီး တကမ္ဘာလုံး၏ လေးစားအားကျမှုနှင့် မနာလိုမှုကိုခံယူရတဲ့အထိ ဖြစ်သွားစေပါတယ်။

အမှန်တကယ်တော့ သူရဲ့နေ့စဉ်ဘဝက မီဒီယာတွေမှာ ဖော်ပြသလို ခန်းနားကြီးကျယ်လွန်းတာတော့ မဟုတ်ပါဘူး။ သူဟာ Satisfy ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး တစ်နေ့ကို ပျမ်းမျှအားဖြင့် လေးနာရီအောက် အိပ်ပါတယ်။ ဒါဆို ဒီဘဝကို သူက မပျော်ဘူးလား။ မဟုတ်ပါဘူး၊ သူ့ဘဝကို ဖြစ်စေချင်တာနဲ့ အတိအကျပါ။ လင်ချန်းဟိုဟာ လူပေါင်း ၂ ဘီလီယံရဲ့နှလုံးသားကို ဖမ်းစားသွားနိုင်ခဲ့တဲ့ Satisfy အတွက်အမြဲတမ်းဂုဏ်ယူနေတာပေါ့။

“ဟမ်”

လင်ချန်းဟို ဖုန်းသံကြောင့် နိုးသွားသည်။ အချိန်ကြည့်လိုက်သည်တွင် မနက် နှစ်နာရီခွဲသာ ရှိသေး၏။ မိနစ် ၂၀ လေးသာ အိပ်ခဲ့ရသည်။ တစ်လကြာ အိပ်မပျော်ခဲ့ရသည့် ညများကြောင့် လင်ချန်းဟိုရဲ့စိတ်မှာ မကြည်မလင်ဖြစ်နေတော့သည်။

ထို့ကြောင့် ဖုန်းပြောရာတွင် သူ့အသံမှာ ရှိသင့်သည်ထက်ကျယ်လောင်နေသည်။

“ဘာကိစ္စရှိလို့လဲ”

အလျင်လိုနေပုံရတဲ့အသံဟာ ဖုန်းမှ ထွက်လာသည်။ လင်ချန်းဟိုက ချက်ချင်းထထိုင်လိုက်ပြီး “ငါ အခုချက်ချင်းလာခဲ့မယ်။ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထား။ ရောက်တာနဲ့ အစီရင်ခံစာတင်” ဟုပြောလိုက်သည်။

လင်ချန်းဟို အဝတ်အစားလဲပြီးသည်နှင့် အိမ်အောက်ထပ်သွားရန် ဓာတ်လှေကားထဲသို့ တန်းဝင်လိုက်သည်။ မြေအောက်ကားပါကင်တွင် အရေအတွက်အကန့်အသတ်နှင့် ထုတ်ထားသည့် နာမည်ကြီးဘရန်းတွေမှ ကားများအား ဘရန်းလိုဂိုတစ်ခုချင်းဆီ အမျိုးအစားအလိုက် စုံစုံလင်လင်ပါကင်ထိုးထားသည်။ သူသည် ဘက်တာဖလိုင်းတံခါးပုံစံနဲ့ စပေါ့ကားတစ်စီးပေါ်ကို တံခါးကို တက်လိုက်ပြီး ကုမ္ပဏီသို့ အရှိန်အပြည့်တင်ပြီး မောင်းလာခဲ့သည်။

“ဘာဖြစ်နေကြတာလဲ”

Satisfy’s Operations ရုံးခန်းတွင်.....

လင်ချန်းဟို ပြေးတက်လာပြီး အသက်ပင် မရှူနိုင်ဘဲ မေးလိုက်ခြင်းဖြစ်သည်။ စီမံခန့်ခွဲရေးအဖွဲ့ခေါင်းဆောင် ယွန်းနာဟီးက လင်ချန်းဟိုကို ဦးညွှတ်လိုက်ပြီး သူမ၏ အနားကွပ်ထားသော လိမ္မော်ရောင်ကော်ကိုင်းမျက်မှန်ကို ပင့်လိုက်သည်။

“ငါးမိနစ်အကြာက ဖြစ်သွားတဲ့ဟာပါ”

“စိတ်ဝင်စားဖို့ကောင်းတယ်”

စိတ်လှုပ်ရှားနေသော လင်ချန်းဟို ထိုင်လိုက်သည်။ သူ နံရံတွင် ရှိသည့် မော်နီတာဆီ ကြည့်လိုက်ရာတွင် ဗီဒီယိုတစ်ခု ရပ်ထားသည်ကို တွေ့လိုက်ရသည်။ ဗီဒီယိုတွင် ပါသော အဓိကဂိမ်းဇာတ်ကောင်မှာ အဆင့် ၇၃ စစ်သည်ဇာတ်ကောင်ဖြစ်သည်။ အာရှလူငယ်လေးတစ်ယောက်မှာ မြောက်ဘက်ဆုံးဂူကို ရှာတွေ့ခဲ့ပြီး ပက်မာ၏ ရှားပါးစာအုပ်ကို လက်တွင် ကိုင်ထားပြီး အသုံးပြုနေသော မြင်ကွင်းဖြစ်သည်။

လင်ချန်းဟို ဗီဒီယိုကြည့်နေချိန်တွင် ဝန်ထမ်းက စာရွက်နှစ်ခုကို ကမ်းပေးလာသည်။ လင်ချန်းဟို မေးစေ့ကို ပွတ်နေရင်း ဖတ်လိုက်၏။

“ဒီကောင်လေးက ဘာမှထူးခြားချက်မရှိတဲ့ သာမန်လူတစ်ယောက်ပဲ။ Satisfy ကရှာတွေ့တဲ့ အချက်အလက်တွေအရ ဒီကောင်လေးက ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိဘူး။ ပြီးတော့ သူက အခြေခံလူတန်းစား။ ဒီလိုလူက ဘယ်လိုလုပ် မြောက်ဘက်ဆုံးဂူကို ရှာတွေ့ဖို့ လိုအပ်တဲ့ ရှုပ်ထွေးပြီး အောင်မြင်ဖို့ခက်ခဲတဲ့ တာဝန်တွေကို အောင်မြင်ခဲ့တာလဲဆိုတာ မေးခွန်းထုတ်ဖို့ ရှိပါတယ်။ သူ့မှာ သူကိုယ်တိုင်တောင် မသိတဲ့ပါရမီတခုခု ရှိနေတာများလား”

စူပါကွန်ပျူတာမော်ဖီးရက်စ်ရဲ့ ခန့်မှန်းချက်အရ မြောက်ဘက်ဆုံးဂူကို အသုံးပြုသူတွေက ရှာတွေ့ဖို့ ၁ နှစ်နဲ့ ၁၀ လ လိုပါသေးတယ်။ ခန့်မှန်းချက်တွေအရ ပက်မာရဲ့ရှားပါးစာအုပ်က ၁ နှစ်နဲ့ ၁၀ လအကြာမှ ပေါ်လာရမှာပါ။

ဒီကောင်လေးက လူတိုင်းရဲ့ မျှော်လင့်ချက်နဲ့ ဂိမ်းစွမ်းအားမျှခြေကို ချိုးဖောက်လိုက်တယ်။ အခုအချိန်မှာ ဇာတ်ကောင်ကို ဒုတိယအကြိမ်အဆင့်မြင့်နိုင်သူက တစ်ရာအောက်ပဲ ရှိသေးပြီးတော့ အခု သူက ဂိမ်းထဲမှာ တစ်ဦးတည်းသော ဒဏ္ဍာရီလာဇာတ်ကောင်ပဲ။

လင်ချန်းဟို ဤကစားသမားအား အလွန်စိတ်ဝင်စားနေပြီ။ သို့သော် ယွန်းနာဟီးမှာ ဒီကောင်လေးကို ထူးခြားတဲ့လူလို့ မတွေးသေးချေ။

“ဒီလူ မြောက်ဘက်ဆုံးဂူကို ရှာတွေ့သွားတာက တိုက်ဆိုင်မှုနဲ့ စွဲလမ်းမှုကြောင့်လို့ ပြောလို့ရတယ်။”

“ဆက်ပြော”

ဒီကောင်လေးရဲ့နာမည်အရင်းက ရှင်ယောင်ဝူး။ ကစားသမားနာမည်က ဂရစ်(လောဘ)ပါ။ သူလုပ်ခဲ့တာတွေက မြို့တမြို့ထဲမှာ ၁ နှစ်ကျော်နေခဲ့ပြီး ဂုဏ်သတင်းရှစ်ထောင်ကျော်အောင် စုဆောင်းနိုင်ခဲ့တယ်။ သူ့အသိဉာဏ် အညွှန်းကိန်း ကတော့ ၅၀ အောက်ပါ။

ပက်မာရဲ့ရှားပါးစာအုပ်ကိုရဖို့ လိုအပ်တဲ့အချက်တွေထဲက တစ်ခုဖြစ်တဲ့ ‘မြို့စားအက်ရှာဆီက တာဝန်’ ကို သူဖြည့်ဆည်းနိုင်ခဲ့တယ်။ အဆင့် ၂၀၀ ထက်မြင့်တဲ့ မွန်းစတားတွေနဲ့ ပြည့်နှက်နေတဲ့ နယ်မြေကို တာဝန်ကြောင့် စွန့်စားကျော်ဖြတ်ခဲ့တာပါ။ အကြိမ်ကြိမ်သေတာကြောင့် ပြစ်ဒဏ်ထိပြီး အဆင့် ၈၀ ကို ကျသွားတယ်။

အထင်ကြီးစရာအကောင်းဆုံးအချက်က သူ မြောက်ဘက်ဆုံးဂူကို ရှာတွေ့ခဲ့တာပဲ။ တာဝန် အိုင်တမ် ကိုရှာတွေ့တာနဲ့ သူ လောဘတက်သွားတယ်။ Log out လုပ်လိုက်တော့ ဒဏ္ဍာရီလာစာအုပ်ကို ပိုင်ဆိုင်ဖို့ ချိတ်ဆက်တာဝန်တွေထဲက တစ်ခုကို အသက်သွင်းမိခဲ့တယ်။

‘အသက်သွင်းဖို့ချိတ်ဆက်တာဝန်တွေအများကြီးကို အဆိုးဆုံးချိတ်ဆက်တာဝန်ကို ရွေးမိတယ်တဲ့’

ယွန်းနာဟီးက ဆက်ပြောတယ်။ “ ဒီအဖြစ်အပျက်က တကယ်တော့ သူ့ရဲ့ ရူးသွပ်တဲ့ကစားပုံကြောင့် ဖြစ်လာတဲ့တိုက်ဆိုင်မှုတခုလို့ ပြောလို့ရပါတယ်။ ဒီကောင်လေးက အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပြီး နောက်ဆုံးမှာ ကံကောင်းခဲ့တယ်။ သူ့ရဲ့ကံ၊ စွဲလမ်းမှုနဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုတို့ကိုတော့ အသိအမှတ်ပြုရမှာ အမှန်ပါ”

‘ကံကောင်းခြင်းနဲ့ ဇွဲရှိခြင်းကလည်း ကောင်းမွန်တဲ့စွမ်းရည်တွေပဲ’

ယွန်းနာဟီးဟာ မော်နီတာပေါ်က ကောင်လေးကို တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့ လင်ချန်းဟိုကို မေးလိုက်တယ်။

“ဒီ မိုင်းနက်စ်အဆင့်က ဘယ်လိုသက်ရောက်မှု ရှိလဲ ဆရာ”

“ဒီမိုင်းနက်စ်တ်အဆင့်က ကံကောင်းခြင်းပဲ”

“ဟမ်”

သိပ္ပံပညာရှင်တစ်ယောက်က ကံအကြောင်း ပြောနေတာလား။ လင်ချန်းဟိုက ရယ်ရင်းနဲ့ ရှင်းပြပါတယ်။

“အဆင့် ၁၀ အောက်က ကစားသမားတိုင်းစတင်သူအခွင့်အရေး ရတာကို သိတယ်မလား။ သူတို့ သေသွားရင်တောင် အတွေ့အကြုံအမှတ် ကျမသွားဘူးလေ။ တနည်းအားဖြင့် အတွေ့အကြုံအမှတ် မကျတာက အဆင့်မကျတာပဲ။ ဒါပေမဲ့ ဖုံးကွယ်ထားတဲ့စနစ်တစ်ခုရှိတယ်။ တာဝန်မအောင်မြင်ရင် စတင်သူဖြစ်လည်း ပြစ်ဒဏ်ခံရမယ်။ ဘာပဲဖြစ်ဖြစ် စတင်သူတွေက ဒီလို အဆင့်လျော့တဲ့ ပြစ်ဒဏ်ပါတဲ့ တာဝန်ကို ရစရာ အကြောင်းမရှိတော့ ဖုံးကွယ်ထားတဲ့စနစ်တစ်ခု ဖြစ်ခဲ့တာပေါ့”

လင်ချန်းဟို ဝန်ထမ်းတစ်ယောက်ကမ်းပေးတဲ့ ကော်ဖီရဲ့ အငွေ့ကို နှစ်ခြိုက်စွာ ခံစားလိုက်ပြီး ဆက်ရှင်းပြတယ်။

“ပုံမှန်ဆို မြို့စားအက်ရှာရဲ့ တာဝန်ကိုရဖို့ အဆင့် ၃၅၀ အနည်းဆုံးရှိရမယ်။ ဒါမှ ‘မြို့စားအက်ရှာ၏ဒေါသ’ တာဝန်ကို ရှင်းနိုင်ပြီး ပက်မာရဲ့ဆက်ခံသူ ဖြစ်လာနိုင်ခြေများမှာပေါ့။ ပုံမှန်အတိုင်းဆို တာဝန်ကို မရှင်းနိုင်စရာ အကြောင်းမရှိဘူး။ ဒီကောင်လေးကသာ လျှို့ဝှက်စနစ်ရဲ့စည်းမျဉ်းနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကို သွားတွေ့တာပဲ”

ယွန်းနာဟီးဟာ လင်ချန်းဟို ပြောခဲ့တာတွေကို အသေးစိတ်ပြန်သုံးသပ်လိုက်တယ်။

ဂရစ်က တာဝန်လုပ်နေတုန်းမှာ အဆိုးဆုံးချိတ်ဆက်တာဝန်ကို အသက်သွင်းမိခဲ့တာက ခက်ခက်ခဲခဲရထားတဲ့ အိုင်တမ်လေး ပါသွားမှာစိုးလို့။ အဲဒီအချိန်မှာ ဒဏ္ဍာရီလာဇာတ်ကောင်ကိုပြောင်းတော့ အဆင့် ၁ ကျသွားတာတောင် ပြစ်ဒဏ်ကို ဆက်ခံရတယ်။

အဆင့် ၁၀ အောက်ကစားသမားတွေရဲ့အခွင့်အရေးအရ အတွေ့အကြုံအမှတ်မလျော့ဘူး။ ဒါပေမဲ့ တာဝန်ကျရှုံးတော့ ဂရစ်က တာဝန်ပြစ်ဒဏ်အရ အဆင့် ၂ ဆင့်အလျော့ခံရတော့ အဆင့် ၁ ကနေ မိုင်းနက်စ် ၁ ဖြစ်သွားတာ။

ဒါကြောင့်ပဲ လင်ချန်းဟိုက အတော်ကံကောင်းတာပဲလို့ ပြောတာကို.......

“မိုင်းနက်စ်အဆင့် ရောက်သွားပေမဲ့ အဆင့်တက်တာကိုတော့ အတွေ့အကြုံအမှတ်နဲ့ပဲ ပြန်တက်ရမှာ မဟုတ်လား”

လင်ချန်းဟိုက ခေါင်းညိတ်ပြခဲ့တယ်။ “ဟုတ်တယ်။ သူက လက်ရှိမှာ အဆင့်က မိုင်းနက်စ် ၁ ဆိုတော့ အဆင့် ၁ ပြန်ရောက်ဖို့ အဆင့် ၂ ခုပြန်တင်ရမယ်။ အညွှန်းကိန်း အမှတ် ၂၀ ပိုရတာပေါ့”

“...ဒါ ဒါဆို သူက တခြားကစားသမားတွေနဲ့ အဆင့်တူရင်တောင် သူ့အခြေခံ အညွှန်းကိန်း ကအမှတ် ၂၀ ပိုမြင့်တာပေါ့။”

“ဟုတ်တယ်။ ဒီကောင်လေးက သူ့အဆင့်နဲ့ မဖြစ်နိုင်တဲ့ မြို့စားအက်ရှာရဲ့ရှာဖွေရေးတာဝန်ကို အောင်မြင်ခဲ့တော့ ဒီလိုအကျိုးကျေးဇူးရတာ မဆန်းပါဘူး။ ဖိုးကံကောင်းလေး”

ဝန်ထမ်းတွေရဲ့မျက်နှာအမူအရာတွေဟာ တည်ကြည်လေးနက်လာနေပါပြီ။ ယွန်းနာဟီးက လင်ချန်းဟိုကို မေးလိုက်တယ်။ “ဒဏ္ဍာရီလာဇာတ်ကောင်က မျှော်လင့်ထားတာထက် ၂ နှစ်လောက် စောပြီးပေါ်လာတဲ့အပြင် နဂိုကတည်းက စွမ်းအားကြီးပြီးသား ဒဏ္ဍာရီလာအမျိုးအစားကို အညွှန်းကိန်း အမှတ် ၂၀ ပေါင်းထည့်လိုက်တော့ သူက ဂိမ်းထဲမှာ ဆရာကြီးဖြစ်သွားတာ မဟုတ်လား”

လင်ချန်းဟိုက သူမကို ရှင်ယောင်ဝူးရဲ့အချက်အလက်တွေပါတဲ့ စာရွက်ကို ပေးလိုက်တယ်။

“ဂရပ်အရဆို သူ့အဆင့်က အမဲလိုက်ထွက်ထားတဲ့ အချိန်ပမာဏထက်တောင် နိမ့်နေတယ်။ ပြောရရင် ဒီကောင်စုတ်လေးက အရူးပဲ။ မြို့အပြင်မှာ စွန့်စားခန်းတွေရှာဖွေပြီး ပိုပြီးကောင်းတဲ့နေရာတွေဆီ မသွားပဲ မြို့ထဲမှာပဲ တစ်နှစ်လောက်နေနေတာ။ ငါကတော့ ဒီကောင်လေးက အဆင့်ဝင်ကစားသမားတွေလို ဂိမ်းအမြင်ရှိပုံမရပါဘူး။ မစိုးရိမ်ပါနဲ့”

(TL: အဆင့်ဇယားမှာ ဇာတ်ကောင်အားလုံးရဲ့ အဆင့်ဇယားနဲ့ ဇာတ်ကောင်အမျိုးအစားတစ်ခုချင်းဆီရဲ့ အဆင့်ဇယားဆိုပြီး နှစ်ခုရှိပါတယ်။ ဇာတ်ကောင်အားလုံးအဆင့်သတ်မှတ်ချက်မှာ ကစားသမားအားလုံးပါဝင်ပြီး ဇာတ်ကောင်အမျိုးအစားဇယားမှာတော့ သက်ဆိုင်ရာအမျိုးအစားရဲ့ အကောင်းဆုံးကစားသမား ၁၀ ယောက်ပဲ ပါဝင်ပါတယ်။ အဆင့်ဝင်တွေ ဖြစ်သွားတာနဲ့ ကျော်ကြားမှုနဲ့ ငွေကြေးဟာ အိပ်မက်တစ်ခုမဟုတ်တော့ပါဘူး။)

“တကယ်ကော အဆင်ပြေရဲ့လား။ တခြားကစားသမားတွေရဲ့ အမြင်မှာ ဘက်လိုက်ထားသလိုဖြစ်နေမယ်နော်”

“အဆင်မပြေရင်တောင် ငါတို့က ဘာမှမှလုပ်လို့မရတာ၊ ငါတို့ရဲ့ ဆောင်ပုဒ်က ဂိမ်းကို တိုက်ရိုက်ဝင်မစွက်ဖက်ဘူး လို့ပြောထားတာလေ။ အကောင်းဘက်ကတွေးကြည့်။ ဒီလိုမူမမှန်တာက ဂိမ်းကို ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာစေတယ်လို့ မထင်ဘူးလား။ ပြီးတော့ ပက်မာရဲ့ ဆက်ခံသူက တခြားဒဏ္ဍာရီလာဇာတ်ကောင်တွေနဲ့ယှဉ်ရင် အားနည်းတယ်လေ..”

လင်ချန်းဟိုဟာ မော်နီတာပေါ်က ကောင်လေးကို ကြည့်နေရင်းနဲ့ ရုတ်တရက် တုန်လှုပ်ပြီး တိတ်ဆိတ်သွားပါတယ်။ ယွန်းနာဟီးရဲ့ ကြောင်တောင်တောင်မျက်နှာအမူအရာကို မြင်လိုက်တော့ သူ့ရဲ့ ခေါင်းကိုယမ်းပြလိုက်ပါတယ်။

“ဘာမှမဖြစ်ပါဘူး။ ကိစ္စအကြီးကြီးမဟုတ်ပါဘူး။ ငါ အခုသွားတော့မယ်။ ကြည့်ရတာ ယွန်းခေါင်းဆောင်တို့တွေအားလုံး ညလုံးပေါက်အလုပ်လုပ်နေရတာပဲ။ မင်းတို့ကို အချိန်ပိုကြေးပေးမယ်။ အချိန်အကြာကြီးမနေနဲ့အုံးနော်”

ဝန်ထမ်းတွေမှာ အချိန်ပိုကြေးဆိုတဲ့ စကားကြောင့် စိတ်လှုပ်ရှားနေကြပါပြီ။ လင်ချန်းဟို ပြုံးလိုက်ပြီး ရုံးအပြင်ဘက်ကို ထွက်လာတော့တယ်။

‘ရုတ်တရက်ကြီး ဘာဖြစ်သွားတာလဲ။’

ကုမ္ပဏီဝန်ထမ်းတွေကြားထဲမှာ ယွန်းနာဟီးတစ်ယောက်သာ တိတ်ဆိတ်နေပါတယ်။ သူမက လင်ချန်းဟိုရဲ့ အံ့အားသင့်သွားတဲ့ အကြည့်ကို သတိပြုမိလိုက်တော့ စိတ်ရှုပ်ထွေးနေတယ်။ တစ်ဖက်မှာလဲ ဓာတ်လှေကားထဲမှာ လင်ချန်းဟိုက ရှင်ယောင်ဝူးဆိုတဲ့နာမည်ကို တတွတ်တွတ်ရွတ်နေရင်း မျက်နှာအမူအရာဟာ အမျိုးမျိုးပြောင်းလဲနေပါတယ်။

***

ပယ်လာရီရန်ကနေနှင်ထုတ်ခံရလို့ ဂရစ် သူ့ရဲ့ နဂိုနားခိုတဲ့နေရာကို ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် အနီးဆုံးက ဘုရားကျောင်းမှာ ပြန်ပေါ်လာခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ ဘုရားကျောင်းက အမှောင်နတ်ဘုရားယာတန်ရဲ့ ဘုရားကျောင်းဖြစ်နေတယ်။

အမှောင်စွမ်းအင်တွေက မှောင်မည်းနေတဲ့ အခန်းထဲမှာ ပျံ့နှံ့နေကြတယ်။ နောက်ပြီး အနက်ရောင်ဝတ်စုံနဲ့ မှော်ဆရာတွေကလည်း မဲမှောင်နေတဲ့ အမူအရာတွေနဲ့ ပတ်သွားနေတယ်။

လူတွေက ယဇ်ပလ္လင်နားမှာဝိုင်းပြီး ရင်ဘတ်ကိုထုပြီး အော်ဟစ်နေကြတယ်။ ဒီမြင်ကွင်းက တော်တော့်ကို ကြောက်ဖို့ကောင်းတယ်။

“အား ... ”

အမျိုးသမားတဦးရဲ့ နာကျင်မှုကြောင့်ထွက်ပေါ်လာတဲ့အော်သံဟာ မြေအောက်ကနေ ထွက်ပေါ်လာပါတယ်။

“ဒီနေရာက အရမ်းကြီး ဆိုးရွားတဲ့ နေရာတော့ မဟုတ်ပါစေနဲ့”

ဂရစ် တတွတ်တွတ်ရွတ်နေပါတယ်။

စစ်မှုထမ်းပြီးသွားပြီဆိုပေမဲ့ ဒီဘုရားကျောင်းမှာ ရှိနေရတာက စိတ်ခြောက်ခြားစရာကောင်းတဲ့ ဇာတ်ကားကို ကြည့်နေရသလိုမျိုးပဲ ခံစားနေရပါတယ်။

“S-S-tatus window”

ကျွန်တော့်အသံဟာ တုန်ယင်နေပါတယ်။ ပတ်ပတ်လည်မှာ ရှိသမျှအရာအားလုံးကို လျစ်လျူရှုလိုက်ပြီး အညွှန်းကိန်းကိုပဲ အာရုံစိုက်လိုက်တယ်။

အမည် : ဂရစ်

အဆင့် : -1 (0/20)

အမျိုးအစား : ပက်မာ၏ဆက်ခံသူ

* အိုင်တမ် များပြုလုပ်သည့်အချိန်တွင် စိတ်ကြိုက်စွမ်းရည်များ ထည့်သွင်းရန် ဖြစ်နိုင်ခြေတိုးလာသည်။

* အိုင်တမ် အဆင့်မြှင့်လျှင် အောင်မြင်နိုင်သည့်အလားအလာ တိုးလာသည်။

* အိုင်တမ် အားလုံးကို ခြွင်းချက်မရှိ အသုံးပြုနိုင်သည်။ အိုင်တမ်အဆင့်ပေါ်မူတည်၍ ပြစ်ဒဏ်ရှိသည်။

ခေါင်းစဉ်- ဒဏ္ဍာရီလာ ဖြစ်လာမည့်လူ

* သင့်အပေါ် မကောင်းသည့်သက်ရောက်မှုများ ကောင်းစွာအလုပ်မလုပ်ပါ။

* အသက်အမှတ်အနည်းဆုံးရောက်ပါက ခဏတာ အင်မော်တယ်ပုံစံသို့ ရောက်ရှိမည်။

* လွယ်လွယ်ကူကူ အသိအမှတ်ပြုခြင်း ခံရမည်။

အသက်- 14/14 မန်နာ - 3/3

ခွန်အား- 1 သက်လုံ- 1 လျင်မြန်မှု- 1 အသိဉာဏ်- 1

လက်၏ကျွမ်းကျင်မှု- 1 ဇွဲလုံ့လ- 1

သမာဓိ- 1 အနိုင်မခံအရှုံးမပေး- 1 ဂုဏ်သိက္ခာ- 1 ထိုးထွင်းသိမြင်မှု- 1

အညွှန်းကိန်း အမှတ်များ- 0

အလေးချိန်- 3,035/20

* အလေးချိန်ကန့်သတ်ချက်ထက် ၂၀၀ ရာခိုင်နှုန်း ကျော်လွန်နေသဖြင့် လှုပ်ရှားနှုန်း ၁၀၀ ရာခိုင်နှုန်း လျော့ချလိုက်သည်။

ခန္ဓာကိုယ်က လေးလံနေသဖြင့် စွမ်းရည်များကို ကောင်းမွန်စွာ သုံးစွဲနိုင်ခြင်းမရှိပါ။

‘အားနည်းသော’ ပုံစံ ဝင်ရောက်ရန် အလားအလာမြင့်မားသည်။

ဂရစ် ခံစားချက်တွေ ပြည့်နှက်နေပါပြီ။

မိုင်းနက်စ်အဆင့်ကို နားမလည်ပေမဲ့ ယုန်တစ်ကောင်ကိုတောင် မသတ်နိုင်တဲ့ အညွှန်းကိန်း တွေက ကျွန်တော့်ကို ဒေါသထွက်စေပါတယ်။ ဘာပဲဖြစ်ဖြစ် ခေါင်းစဉ်နဲ့ ဇာတ်ကောင်အမျိုးအစားကပေးတဲ့ အထူးသက်ရောက်မှုတွေက ကျွန်တော့်အပေါ် သက်ရောက်နေပါပြီ။

အပိုင်း (၄) S အဆင့်တာဝန်

‘မိုင်းနက်စ်အဆင့်က စနစ်ချွတ်ယွင်းတာမဟုတ်ဘူး’

အဆင့်ဘေးနားမှာရှိတဲ့ အဝိုင်းကွင်းလေးမှာ ကျွန်တော့်ရဲ့လက်ရှိအတွေ့အကြုံအမှတ်နဲ့ နောက်အဆင့်တက်ဖို့ လိုအပ်တဲ့ အတွေ့အကြုံအမှတ်ကို ပြထားတယ်။ အတွေ့အကြုံအမှတ်ရှိရင် အဆင့်တက်နိုင်ပေမဲ့ စနစ်ချွတ်ယွင်းနေလို့ အဆင့်မတက်နိုင်တော့မှာကို စိုးရိမ်နေတာပါ။

‘စနစ်ချို့ယွင်းနေတာ မဟုတ်လို့ တော်ပါသေးတယ်’

ကျွန်တော် ဝမ်းနည်းနေပါသေးတယ်။ စဉ်းစားကြည့်ဗျာ.... ကျွန်တော့်အဆင့်ဟာ အရင်တုန်းက ၇၀ ကျော်ပေမဲ့ အခုတော့ ကစားသမားအသစ်တွေထက်တောင် အဆင့်နိမ့်နေပြီ။

‘ငါ သည်းခံရမယ်’

ကျွန်တော် ကိုယ့်ကိုယ်ကို အားပေးလိုက်ပါတယ်။ အကောင်းဘက်ကတွေးကြည့်ရင် အဆင့်တင်တာက အချိန်ယူရပေမဲ့ အဆင့်တင်လို့ ရပါသေးတယ်။ ကျွန်တော့်ရဲ့ဇာတ်ကောင်အဆင့်နဲ့ ခေါင်းစဉ်ကို ပြန်တွေးမိတော့ အကောင်းမြင်စိတ်တွေ ဖြစ်လာပါပြီ။ ကျွန်တော်က အိုင်တမ် တွေ ပြုလုပ်တာနဲ့ ပတ်သတ်ပြီး ဘာမှကိုမသိတော့ စိတ်ကြိုက်စွမ်းရည် ထည့်သွင်းနိုင်သည့် အလားအလာမြှင့်တက်လာတာကို ဘာမှ ကောက်ချက်မချနိုင်ဘူး။ ဒါပေမဲ့ ကောင်းမဲ့သဘောတော့ ရှိပါတယ်။

‘အဆင့်မြှင့်ရင် အောင်မြင်နိုင်တဲ့အလားအလာ တိုးလာမယ်’

Satisfy မှာ အိုင်တမ် တွေကို အဆင့် 10 ခါ မြှင့်လို့ရတယ်။

ဘာပဲဖြစ်ဖြစ် အဆင့်မြှင့်ဖို့ လိုအပ်တဲ့ သတ္တုပစ္စည်းများတွေက ဈေးများတယ်။ ထပ်ဖြည့်ရရင် အိုင်တမ် ကို အဆင့်မြှင့်တင်ထားတဲ့နံပါတ်နဲ့ အိုင်တမ် အဆင့်က မြှင့်လာလေလေ အဆင့်မြှင့်ရာမှာ အောင်မြင်နိုင်ခြေက လျော့နည်းလေပါ။ ပြီးတော့ အဆင့်မြှင့်တာက အောင်မြင်ရင် အိုင်တမ် တန်ဖိုးက 1 တိုးလာပြီး မအောင်မြင်ရင် 3 မှတ်ကျသွားတယ်။ ဒါကြောင့်မို့ ၆ ခါအထိ အဆင့်တိုးမြှင့်ထားနိုင်တဲ့ အိုင်တမ် တွေက ဈေးကွက်မှာ တန်ဖိုးကြီးနေတာပေါ့။

‘အဆင့်မြှင့်ရင် အောင်မြင်နိုင်တဲ့အလားအလာက ဘယ်လောက်ရှိလဲကို ငါမသိသေးဘူး၊ ဒါပေမဲ့ ဒီဟာက ငါပိုက်ဆံရှာနိုင်တဲ့အခွင့်အရေးပဲ မဟုတ်လား’

အပေါ်မှာ ကျွန်တော် ပြောခဲ့တဲ့ ဇာတ်ကောင်အကြောင်းအရာနှစ်ခုလုံးက တော်တော်လေးကို စွဲဆောင်နိုင်တာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် စိတ်အဝင်စားဆုံးက အိုင်တမ် တွေကို ခြွင်းချက်မရှိ ဝတ်ဆင်နိုင်တယ် ဆိုတာကိုပါ။ ဒီဟာက ကျိုးကြောင်းမညီညွတ်ပါဘူး။ ပြစ်ဒဏ်ကို ခံရမယ်ဆိုရင်တောင် ဒီစွမ်းရည်က ဂိမ်းမျှခြေကို လုံးလုံးလျားလျား ဖျက်ဆီးသွားနိုင်ပါတယ်။

‘ဒဏ္ဍာရီလာအဆင့်ဇာတ်ကောင်လို့ မပြောရဘူး။ လန်းတယ်ကွာ’

Satisfy က အိုင်တမ် အများစုက အသုံးပြုချင်ရင် လိုအပ်တဲ့အခြေအနေတွေနဲ့ ကိုက်ညီဖို့ လိုပါတယ်။ မကိုက်ညီရင် အိုင်တမ်ကို အသုံးပြုလို့ မရဘူး။ ဒီစည်းမျဉ်းဟာ အဆင့်တိုင်းကို စွမ်းအားကန့်သတ်ချက် ထားပေးထားတာပါ။ ဒါပေမဲ့ ဇာတ်ကောင်ကြောင့် ဒီကန့်သတ်ချက်က ကျွန်တော့်အပေါ် အလုပ်မဖြစ်တော့ပါဘူး။

‘တကယ်ကြီးကွာ’

ကျွန်တော် သိုလှောင်ခန်းကို ဖွင့်လိုက်ပါတယ်။

[မာမွန်ဓားရှည်]

[အဆင့်- မော်ကွန်း

ခံနိုင်ရည်- 88/204 တိုက်ခိုက်စွမ်းအား-178~301 တိုက်ခိုက်အမြန်နှုန်း- (-16%)

- Critical (သာမန်ထက် စွမ်းအားပိုမြင့်သော) တိုက်ခိုက်မှုများအားလုံးတွင် ရေအပျက်စွမ်းအားကို ပေါင်းထည့်ပေးသည်

ဒီဓားဟာ ပန်မီယမ်ရေကန်ရဲ့စောင့်ရှောက်သူ ကိုင်ဆောင်တဲ့ ဓားရှည်ပါ။ ရေကန်ရဲ့ လွှမ်းမိုးမှုကြောင့် ဒီဓားမှာ သန်မာတဲ့ ရေအော်ရာတွေ ထွက်နေပါတယ်။

အသုံးပြုရန်အခြေအနေများ- အဆင့် 65 နှင့် အထက်၊ ခွန်အား 260 အထက်, သက်လုံ 150 အထက်

အလေးချိန်- 1,050]

[မန်းဂယ်၏ သတ္တုသံချပ်ကာ]

[အဆင့်- ရှားပါး

ခံနိုင်ရည်-51/180 ခုခံနိုင်စွမ်း- 165 လှုပ်ရှားမှုနှုန်း: -2%

* ခွန်အား +10

ဒီဓားကို ပန်းပဲဆရာမန်းဂယ် ပြုလုပ်ထားခြင်းဖြစ်သည်။ ခုခံနိုင်စွမ်းကို တိုးမြင့်ပေးထားသည့်အပြင် အလေးချိန်လျော့ပေးသည့်အတွက် ဝတ်ဆင်သူသည် သံချပ်ကာဖန်တီးသူ မန်းဂယ်၏ ပြင်းပြသော စိတ်ဆန္ဒအား ဝတ်ဆင်လိုက်ချိန်တွင် ခံစားနိုင်ပါသည်။

အသုံးပြုရန်အခြေအနေများ- အဆင့် 60 နှင့် အထက်, ခွန်အား 180 အထက်

အလေးချိန်- 1,203]

ကျွန်တော့်ရဲ့လက်ရှိ အညွှန်းကိန်း တွေနဲ့ဆိုရင် ဓားရှည်ကော သတ္တုသံချပ်ကာကိုပါ သုံးလို့မရသေးပါဘူး။ သာမန်ဆို ဒီပစ္စည်းတွေကို သုံးလို့မရပေမဲ့ ကျွန်တော်က ခြွင်းချက်လေ။

[ဇာတ်ကောင်စွမ်းရည်၏သက်ရောက်မှုကြောင့် မားမွန်ဓားရှည်ကို တပ်ဆင်နိုင်ခဲ့သည်]

[အသုံးပြုရန်အခြေအနေများ မကိုက်ညီသောကြောင့် ပြစ်ဒဏ်သက်ရောက်ခြင်းကို ဖြစ်ပေါ်စေသည်]

[မားမွန်ဓားရှည်၏ တိုက်ခိုက်စွမ်းအားသည် 30 ရာခိုင်နှုန်း ကျဆင်းသွားသည်။ စွမ်းရည်သက်ရောက်မှုများ တစ်ဝက်သာ အသုံးပြုနိုင်ပါမည်]

[မားမွန်ဓားရှည်အပေါ် သင်၏ နားလည်မှု မြင့်တက်လာလျှင် ပြစ်ဒဏ်အား လျော့ချပေးမည်]

[ဇာတ်ကောင်စွမ်းရည်၏ သက်ရောက်မှုကြောင့် မန်းဂယ်သတ္တုသံချပ်ကာကို တပ်ဆင်နိုင်ခဲ့သည်]

[အသုံးပြုရန် အခြေအနေများ မကိုက်ညီသောကြောင့် ပြစ်ဒဏ်သက်ရောက်ခြင်းကို ဖြစ်ပေါ်စေသည်]

[မန်းဂယ်သတ္တုသံချပ်ကာ၏ ခုခံမှုသည် 20 ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။ စွမ်းရည်သက်ရောက်မှုများ တစ်ဝက်သာ အသုံးပြုနိုင်ပါမည်]

[မန်းဂယ်သတ္တုသံချပ်ကာအပေါ် သင်၏ နားလည်မှု မြင့်တက်လာလျှင် ပြစ်ဒဏ်အား လျော့ပေါ့ပေးမည်]

“မိုက်လိုက်တာကွာ...”

Satisfy မှာရှိတဲ့ အိုင်တမ်တွေက အသုံးပြုဖို့လိုအပ်တဲ့ အခြေအနေတွေ မရှိတာက မရှိသလောက်ကို ရှားပါတယ်။ စတင်သူတွေကို ပေးတဲ့ အိုင်တမ်မှာပဲ ဒီလိုအပ်ချက်တွေ မရှိတာထင်တယ် ကျွန်တော် တိတိကျကျတော့ မမှတ်မိဘူး။ စကစားသူဓားရှည်က အဆင့်၁ မှာရပြီး ဓားသုံးရင် တိုက်ခိုက်စွမ်းအားက ၅ နဲ့ ၁၃ ကြားမှာ ရှိပြီး သံချပ်ကာရဲ့ ခုခံမှုက ၇ ပဲ ရှိတယ်။

ဒါပေမဲ့ ကျွန်တော်အခုသုံးနေတဲ့ပစ္စည်းတွေကို အဆင့် ၁ မှာသုံးနိုင်ရင် တိုက်ခိုက်စွမ်းအားက အနည်းဆုံး ၁၂၄ နဲ့ ၂၁၀ ကြားမှာ ရှိပြီး သံချပ်ကာက ခုခံမှု ၁၃၂ တောင်ရှိတယ်။

‘ဒီစွမ်းရည်နဲ့ဆို အဆင့်က အရေးမကြီးတော့ဘူးလား’

ကျွန်တော့်အဆင့် ဘယ်လောက်ပဲနိမ့်ပါစေ အရေးမကြီးတော့ဘူး။ ဒီစွမ်းရည်နဲ့ဆို ကျွန်တော်က အဆင့် ၂၀ ဝန်းကျင်က မွန်းစတားတွေကိုတောင် အမဲလိုက်နိုင်တယ်။ ခုခံမှုဘက်မှာဆို အဆင့်နိမ့်မွန်းစတားတွေဆီကနေ ထိခိုက်မှုကို မခံစားရတော့တာ။

ဒါဆိုရင် ကျွန်တော်က တခြားကစားသမားတွေထက် အဆင့်တူမှာ မွန်းစတားများများ အမဲလိုက်နိုင်ပြီး အဆင့်တက်နှုန်းက အလင်းမြန်နှုန်းလောက် မြန်နေမှာပဲ။

‘အခြေခံပြစ်ဒဏ်စနစ်ကတော့ ရှားပါးအိုင်တမ် တွေဆို ၂၀ ရာခိုင်နှုန်း၊ မော်ကွန်း အိုင်တမ် က ၃၀ .... ။ အဆင့်တိုင်းမှာ တူတာက အိုင်တမ် စွမ်းရည်တွေက တစ်ဝက်ပဲသက်ရောက်မယ်...’

ပြစ်ဒဏ်တွေက အံ့အားသင့်စရာကောင်းလောက်အောင် တော်တော်လေး လျော့ပေါ့ပေးထားတာပါ။ ပြိုင်ဘက်ကင်းနဲ့ ဒဏ္ဍာရီလာအဆင့် အိုင်တမ် တွေက ပြစ်ဒဏ်ပေးတာ ပိုများတယ်ဆိုရင်တောင် အဆင့်တူပြိုင်ဘက်ထက် အများကြီးပိုသန်မာနေပါပြီ။

“အဲဒီတော့ ဒါက ဒဏ္ဍာရီလာဇာတ်ကောင်ရဲ့ စွမ်းအားပေါ့...”

ကျွန်တော် စိတ်လှုပ်ရှားနေတုန်းမှာ အသိပေးစာဝင်းဒိုးပေါ်က ‘နားလည်မှု’ ဆိုတာကို သတိထားမိသွားပါတယ်။

[အိုင်တမ်အပေါ်နားလည်မှု]

[ပက်မာ၏ဆက်ခံသူသည် သတ္တုများနှင့် အိုင်တမ် ကို အသုံးပြုပုံ၊ တစစီဖြုတ်ခြင်းနှင့် ပြုပြင်ခြင်းများအား လွယ်လွယ်ကူကူနားလည်နိုင်စွမ်းရှိသည်။ နားလည်မှု တိုးလာပါက အိုင်တမ် ကိုပို၍ထိထိရောက်ရောက်အသုံးပြုနိုင်ပါမည်။ အိုင်တမ် အပေါ် 100 ရာခိုင်နှုန်းနားလည်ပါက ထို အိုင်တမ် အားပြုလုပ်နည်းကို သင်ယူနိုင်သည်]

“အိုး ... ~”

ကျွန်တော် အိုင်တမ်ကို ပိုနားလည်လာလေ ပြစ်ဒဏ်ကို ပိုပိုလျော့ပေးလေတဲ့။

“ပြီးတော့ ထုတ်လုပ်တဲ့နည်းလမ်းကိုရအုံးမယ်။ ဝေါင်း...”

ရိုးရိုးကစားသမားတွေက အိုင်တမ် ဖန်တီးတဲ့နည်းလမ်းကို လိုချင်ရင် ဈေးကြီးကြီးပေးဝယ်ကြ ဒါမှမဟုတ်ရင် တော်တော်ခက်ခဲတဲ့ တာဝန်တွေ အောင်မြင်မှ ရတယ်။ ဒါပေမဲ့ အဲဒီလိုအရာကို ကျွန်တော်က နားလည်မှု ၁၀၀ ရာခိုင်နှုန်း ပြည့်တာနဲ့ရမယ်ဆိုလို့ တော်တော်လေးကို စိတ်လှုပ်ရှားသွားတာပါ။

‘ပြုပြင်တဲ့စွမ်းရည်လည်း ရှိတယ်။ ငါ့ အိုင်တမ်တွေရဲ့ ခံနိုင်ရည်က နိမ့်နေတာဆိုတော့ နောက်မှ ခံနိုင်ရည်တွေကို ပြန်မြှင့်ရမယ်’

ပြီးတော့ ကျွန်တော် ခေါင်းစဉ်ရဲ့ သက်ရာက်မှုတွေကို ဆက်ကြည့်လိုက်တယ်။ တိုက်ပွဲများမှာ ကစားသမားများသတိထားရမှာက တိုက်ပွဲရဲ့ အလှည့်အပြောင်းတွေပဲ။ ကစားသူတွေပိုင်တဲ့စွမ်းရည်တွေကြောင့် တိုက်ပွဲအလှည့်အပြောင်းတွေ ဖြစ်လာတာပါ။ ကျွန်တော့်ခေါင်းစဉ်သက်ရောက်မှုဆို အသက်အမှတ်အနည်းဆုံးကို ရောက်သွားတာနဲ့ ယာယီမသေနိုင်တော့ဘူး။

‘လွယ်လွယ်ကူကူ အသိအမှတ်ပြုခြင်း ခံရမည် - ဒီစွမ်းရည်က NPC တွေနဲ့ ရင်းနှီးမှုကို လွယ်လွယ်ကူကူတိုးလာစေမှာ မဟုတ်လား’

(TL: NPC သည်ဂိမ်းထဲတွင် ကစားသမားမဟုတ်သည့် လူဇာတ်ကောင်ကို ဆိုလိုသည်။)

“ဟက်ဟက်ဟက်...”

ကျွန်တော် ပျော်နေပါပြီ။ ကျွန်တော် အရမ်းကို ပျော်နေတာကြောင့် အကြာကြီး ရယ်ပစ်လိုက်တယ်။ ဇာတ်ကောင်နဲ့ ခေါင်းစဉ်သက်ရောက်မှုတွေက အခြားကစားသမားများထက် ကျွန်တော့်ကို ပိုစွမ်းအားကြီးစေတယ်။ အခုဆို ကျွန်တော်က ဆရာကြီးဖြစ်နေပြီပဲ။ ဒီစွမ်းအားတွေက ကျွန်တော့်ရဲ့ သုံးလတာကြိုးစားခဲ့ရတဲ့ အသီးအပွင့်တွေပါ။

“ဒါပေမဲ့...”

ဒီစာအုပ်ကို ရောင်းလိုက်ရင် ငါ ပိုက်ဆံတော်တော်ရမှာ။ ကျွန်တော် အရမ်းဝမ်းနည်းနေတာပါ။

“အကြွေးဆပ်ဖို့နဲ့ နိုင်ငံခြားဖြစ်ကားကြီးရဖို့ ပိုက်ဆံတွေ ဆုံးသွားပြီ”

ကျွန်တော် ဒေါသတွေ အရမ်းထွက်လာတယ်။

“~#@….!^%*@…. အက်ရှာ”

ကျွန်တော် နံရံကို လက်သီးတွေနဲ့ ထိုးပစ်တယ်။ ပြီးတော့ အက်ရှာကို ကျိန်ဆဲနေလိုက်တာ ကျွန်တော့်စကားတွေကို ကြားရင် သူသွေးအန်လောက်ပါတယ်။ ဒီလိုလုပ်လိုက်တော့ ကျွန်တော့်ရဲ့အသည်းနှလုံးလေး နူးညံ့သွားပါပြီ။ ဒါကြောင့် ကျွန်တော် မရင်းနှီသေးတဲ့ အညွှန်းကိန်း တွေကို ဆက်ပြီး ဖတ်လိုက်ပါတယ်။

[သမာဓိ]

[သင့်အပေါ် မကောင်းသည့်သက်ရောက်မှုများ သက်ရောက်နိုင်သည့်အလားအလာလျော့နည်းစေသည်။ သက်ရောက်ခြင်းခံရပါကလည်း ပုံမှန်အခြေအနေသို့ လျင်လျင်မြန်မြန်ပြန်ရောက်စေမည်။

* နံပါတ်မြင့်မားလေ သက်ရောက်မှုမြင့်မားလေ ဖြစ်ပါသည်။

* အညွှန်းကိန်းအမှတ်များကို ဤအညွှန်းကိန်း သို့ ထည့်မရပါ။]

[အနိုင်မခံအရှုံးမပေး]

[ဤစွမ်းရည်သည် သင့်အား ထိခိုက်လာသောထိခိုက်မှုများ၏ တစ်စိတ်တစ်ပိုင်းကို ပယ်ဖျက်ပေးနိုင်သည့် အလားအလာရှိသည်။ အသက်အမှတ်လျော့နည်းလာလေ အလားအလာမြှင့်တက်လာလေ ဖြစ်၏။

* နံပါတ်မြင့်လာလေ သက်ရောက်မှုမြင့်မားလာလေ ဖြစ်သည်။

* အညွှန်းကိန်းအမှတ်များကို ဤအညွှန်းကိန်း သို့ ထည့်မရပါ။]

[ဂုဏ်သိက္ခာ]

[သင့်အား အခြားသူများက အနိုင်ကျင့်ခွင့်မရှိပါ။ သင့်အား ရန်သူများက အညံ့ခံလာရန်ရှားပါးသည့်အလားအလာရှိသည်။

* နံပါတ်မြင့်မားလေ သက်ရောက်မှုမြင့်မားလာလေ ဖြစ်သည်။

* အညွှန်းကိန်းအမှတ်များကို ဤအညွှန်းကိန်း သို့ ထည့်မရပါ။]

[ထိုးထွင်းသိမြင်မှု]

[ပစ်မှတ်အားရှာဖွေခြင်း။ အန္တရာယ်များကို ကြိုသိနိုင်စွမ်း။

* နံပါတ်မြင့်မားလေ သက်ရောက်မှုမြင့်မားလာလေ ဖြစ်သည်။

* အညွှန်းကိန်းအမှတ်များကို ဤအညွှန်းကိန်း သို့ ထည့်မရပါ။]

အညွှန်းကိန်းတိုင်းမှာ သက်ရောက်မှုကိုယ်စီ ရှိတယ်။

‘ဒါပေမဲ့ ဒီ အညွှန်းကိန်းတွေကို အညွှန်းကိန်း အမှတ်ထည့်ပေးလို့မရရင် ဘယ်လိုလုပ် အဆင့်မြှင့်ပေးလို့ ရမှာလဲ’

ရှင်းပြတာတွေကို ဖတ်ပြီးပေမဲ့ လက်တွေ့တော့ အသုံးမချရသေးဘူး။ ကျွန်တော် စွမ်းရည်ဝင်းဒိုးကို ဖွင့်ကြည့်တော့မဲ့ အချိန်.....

“အား ... ”

ကျွန်တော်ကြောက်လန့်တကြား ထအော်လိုက်တာပါ။ အနောက်ကနေ တစ်ခုခုက လာတို့နေတာလေ။ ဒီတော့မှ ကျွန်တော်က ယာတန်ဘုရားကျောင်းထဲမှာပဲ ရှိသေးတာကို သတိပြန်ရသွားတယ်။

“ဘ..ဘာလဲ”

ကျွန်တော် နောက်ကို မြန်မြန်လှည့်လိုက်ပြီး မားမွန်ဓားရှည်နဲ့ ခုတ်လိုက်တယ်။ ကျွန်တော့်နောက်ကလူ အလန့်တကြားနဲ့ ထခုန်လိုက်ပြီးတော့ လက်နှစ်ဘက်ကိုမြှောက်လိုက်ပါတယ်။

“ဟေး စိတ်လျော့ စိတ်လျော့။ လူသတ်မိလိမ့်မယ်”

စကားပြောလိုက်တဲ့လူက အသားဖြူပြီး ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်။ သူရဲ့ အိုင်တမ် တွေကို အကဲခတ်ရသလောက် လုပ်ကြံသတ်ဖြတ်သူအမျိုးအစား ဖြစ်မယ်လို့ ထင်တယ်။

‘သူ့လက်ချောင်းနဲ့ ငါ့ကို တို့လိုက်တာလား’

ဓားမဟုတ်ဘဲ လက်ချောင်းဖြစ်နေတော့ ကျွန်တော် အော်မိလိုက်တာ အရှက်တော့ ကွဲပြီ။

“ဘာလဲဗျ”

အဲဒီလူကြီးက ပုခုံးတွန့်ပြတယ်။

“ဘာလဲ။ လူကို သတ်လုနီးပါးဖြစ်တာကို အရင်တောင်းပန်သင့်တယ် မဟုတ်လား”

သူ့အပြုံးဟာ လှောင်ပြုံးနဲ့တူနေပါတယ်။ ကျွန်တော်က ဒီလိုလူမျိုးကို မကြိုက်ပါဘူး။

‘ငါတို့က ခုမှစတွေ့ဖူးတာကို စကားပြောတာ ရိုင်းစိုင်းချက်’

သူက ကျွန်တော့်ထက် အသက်ကြီးပုံပေါ်ပါတယ်။ သူ့ပုံစံက အသက် ၃၀ လူလတ်ပိုင်းလောက်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ ဂိမ်းဆော့တဲ့ သက်တမ်း ၁ နှစ်အတွေ့အကြုံဟာ လူတွေရဲ့အသွင်အပြင်ကို ကြည့်ပြီးမဆုံးဖြတ်ရဘူးဆိုတာကို သင်ကြားပေးခဲ့ပါတယ်။ တခါတုန်းက ကျွန်တော် ညီလေးလို့ ခေါ်နေခဲ့တဲ့လူက ကျွန်တော့်ထက် အသက် ၇ နှစ်လောက် ကြီးနေခဲ့တယ်လေ။

ခွေးကောင်က ကြည့်ရတာ အသက် ၃၀ လောက်ဆိုပေမဲ့......

“အဟွတ်” ကျွန်တော် ချောင်းဟန့်လိုက်တာပါ။ ဒီလိုလုပ်တာက အတိတ်က ရှက်စရာကောင်းတဲ့အမှတ်တရတွေကို ပြန်မှတ်မိသွားလို့ ဖြစ်ပါတယ်။ “ကျွန်တော် တောင်းပန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားကော ကျွန်တော့်ကို အသိမပေးဘဲ လာတို့ပြီး ခြောက်လန့်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး တောင်းပန်သင့်တယ်လို့ မထင်ဘူးလား”

လူကြီးက ရယ်လိုက်ပြီး လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလိုက်တယ်။

“ကောင်လေး ငါမင်းကိုခေါ်သေးတယ်။ ဒါပေမဲ့ မင်းက အတွေးလွန်နေပြီး ငါ ခေါ်တာမကြားလို့။ ဒါကြောင့် မင်းကို လက်နဲ့တို့လိုက်တာ။ တောင်းပန်ပါတယ်”

ကျွန်တော် လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းပယ်လိုက်ပါတယ်။

“ဒါဆိုရင် ဘာကြောင့် ကျွန်တော့်ကို ခေါ်တာလဲ”

အဲဒီလူကြီးက ရှက်ရှက်နဲ့ ခေါင်းကုတ်လိုက်တယ်။

“ မင်းသိတဲ့အတိုင်းပဲ ဒီယာတန်ဘုရားကျောင်းက နတ်ဆိုးအော်ရာတွေနဲ့ ပြည့်နေတယ်။ သာမန်လူတွေဆို အချိန်ကြာလာတာနဲ့ ကြောက်ပြီး ထွက်ပြေးကြလိမ့်မယ်။ ဒါပေမဲ့ ငါ မင်းကို အဝေးကနေလှမ်းပြီး အကဲခတ်နေတာ ကြာပြီ။ မင်းက ဘာမှမဖြစ်ဘဲ အကြာကြီးနေနိုင်တယ်။ ပြီးတော့ အကျယ်ကြီးတောင် ထပြီး အော်ရယ်လိုက်သေးတယ်။ မင်းမှာ ကောင်းတဲ့စွမ်းရည်တွေ ရှိတယ်မလား”

‘ရှိရင်လည်း ရှိမှာပေါ့’

ကျွန်တော် ခေါင်းကုပ်လိုက်ပြီး လူကြီးရဲ့ခေါင်းပေါ်က နာမည်ကို စစ်ဆေးကြည့်လိုက်တယ်။ လူကြီးရဲ့ မျက်လုံးတွေဟာ တောက်ပသွားတယ်။

“ငါ့နာမည်က ဒိုရန် လို့ခေါ်တယ်။ ငါက မြို့စားစတိုင်းကို ကာကွယ်ပေးရတဲ့ အရိပ်စစ်သားတစ်ယောက်ပဲ။ လွန်ခဲ့တဲ့ တစ်ရက်၊ နှစ်ရက်လောက်က ငါ ခရီးထွက်သွားတုန်းက မြို့စားသမီး အဖမ်းခံလိုက်ရတယ်။ ခြေရာခံကြည့်လိုက်တော့ မြို့စားသမီးက ဒီနေရာမှာ အကျဉ်းကျနေတာ။ ငါ့ကို ကူညီပေးပါ။ မင်းရဲ့ ကြင်နာမှုအတွက် ငါ ပြန်ပေးဆပ်ပါ့မယ်”

“ငါ မလုပ်...”

ကျွန်တော် အစကထင်တာ ဒီလူကြီးက ကစားသမားပေါ့။ ဒါပေမဲ့ တကယ်တော့ သူက NPC တစ်ယောက်ဖြစ်နေတယ်။

ပြီးပြည့်စုံတဲ့ ဉာဏ်ရည်တုကြောင့် ကစားသမားနဲ့ NPC ကို ခွဲခြားလို့မရ ဖြစ်စေတာကြောင့် Satisfy စနစ်က ဒီပြဿနာကို ဖြေရှင်းပေးဖို့ NPC နာမည်အရောင်ကို အစိမ်းရောင်သတ်မှတ်ပေးလိုက်တယ်။ အဲဒီလူကြီးခေါင်းပေါ်က နာမည်ဟာ အစိမ်းရောင်ဖြစ်နေတာကြောင့် သူဟာ NPC တစ်ယောက်ဖြစ်တာကို ပြောပြနေတယ်။ ပြီးနောက် တာဝန်ရရှိကြောင်း အသိပေးစာဝင်းဒိုးပေါ်လာပါတယ်။

[မြို့စားစတိုင်းသမီးကို ကယ်ပါ]

[တာဝန်ခက်ခဲမှု: S

အိုင်ရင်းသည် မြို့စားစတိုင်းရဲ့တစ်ဦးတည်းသောသမီးဖြစ်သည်။ သူမသည် လှပသည့်အပြင် အပျိုစင်တစ်ယောက်လည်း ဖြစ်သည်။ ယာတန်ကိုးကွယ်သူများသည် အပျိုစင်သွေးရယူရန် သူမကို ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။

တာဝန်ပြီးမြောက်မည့် အခြေအနေများ: အိုင်ရင်းကို တာဝန်လက်ခံပြီး ၁ နာရီအတွင်း ကယ်တယ်ပါ။

တာဝန်ဆုလာဘ်: ရွှေ ၃၀၀၀၊ မြို့စားသမက်ဖြစ်လာဖို့ အလားအလာအနည်းငယ်ရှိပါသည်။

* မြို့စားသမက်: မှူးမတ်မျိုးနွယ် အညွှန်းကိန်းအား ဖွင့်လှစ်မည်။ အညွှန်းကိန်းများအားလုံး အမှတ် 20 တိုးလာမည်

မြို့စားမင်း၏ သမီးအားလက်ထပ်လိုက်သည်နှင့် သင်သည် ဗိုင်းကောင့်(TL: သူကောင်းဘွဲ့ခံ မှူးမတ်နှင့် အနိမ့်ဆုံးဘွဲ့ခံမှူးမတ်ကြားအဆင့်ရှိ မှူးမတ်တစ်မျိုး)အဖြစ်ဆက်ဆံခြင်းခံရမည်။ စွမ်းအားနှင့် ဂုဏ်သိက္ခာမြင့်တက်လာမည်။ သင်ဟာ နိုဘယ်လ်(အထက်တန်းစား)များနှင့် ဆက်ဆံရေးတည်ဆောက်နိုင်မည်။ လစဉ် ငွေအထောက်အပံ့ရရှိမည်။ ဒီနည်းလမ်းဟာ အဆင့်မြင့်အရာရှိ သို့မဟုတ် အရှင်တစ်ယောက်ဖြစ်လာဖို့ ဖြတ်လမ်းနည်းပါ။

တာဝန်ပြစ်ဒဏ်: အဆင့် -2.]

[တာဝန်ကို လက်ခံချင်ပါသလား]

ရူးချင်စရာပဲဟေ့။

All Chapters