← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အပိုင်း (၇) ယူရာဘက်မှ ရှုထောင့်

အောက်လမ်းမှော်ဆရာတွေရဲ့ ပျမ်းမျှအဆင့်ဟာ ၅၃ ပါ။ Satisfy မှာရှိတဲ့ ဇာတ်ကောင်အမျိုးအစားပေါင်း ၁၂၀,၀၀၀ မှာ အောက်လမ်းမှော်ဆရာတွေရဲ့ ပျမ်းမျှအဆင့်ဟာ အနိမ့်ဆုံးဖြစ်ပါတယ်။ အောက်လမ်းမှော်ဆရာဟာ တိုက်ခိုက်တာကို အထူးပြုပေမဲ့ အရမ်းအားနည်းတဲ့ခုခံမှုရှိပြီး တိုက်ခိုက်စွမ်းအား မလုံလောက်ပါဘူး။

ဒါပေမဲ့ ယူရာက သူဂိမ်းစဆော့ကတည်းက ပါတီ(အဖွဲ့)မပါဘဲ တစ်ယောက်တည်း အမဲလိုက်ပါတယ်။ သူမဟာ မှော်ဆရာပီသစွာ စွမ်းရည်ထိန်းချုပ်မှုမှာ ကျွမ်းကျင်လွန်းတာကြောင့် ကျော်ကြားလာခဲ့ပါတယ်။ သူမစွမ်းရည်နဲ့ သင့်တော်တဲ့ အမဲလိုက်နေရာတွေကို ရွေးချယ်တတ်တာကြောင့် ကစားသမား ၅ ဘီလီယံပါဝင်တဲ့အဆင့်ဇယားမှာ အဆင့် ၅ ထိရောက်လာခဲ့တာပါ။

လွန်ခဲ့တဲ့ ၃ နာရီက ယူရာက အဆင့် ၂၃၀ ကို ရောက်သွားချိန်မှာ သူမရဲ့စွမ်းရည်စာရင်းထဲမှာ စွမ်းရည်အသစ်တစ်ခု တိုးလာပါတယ်။

‘အခုကစပြီး ငါ ကာကွယ်ရေးမှော်ကို သုံးနိုင်ပြီ...’

ဒီ A အဆင့်မှော်ဟာ သူမ အခက်အခဲအများကြီးနဲ့ ရင်ဆိုင်ရပြီးမှ ရလာခဲ့တာပါ။

‘စိန်အကာအကွယ်’

ဒီမှော်ဟာ မာကျောမှုမှာ စိန်နဲ့ နှိုင်းယှဉ်လို့ရတဲ့အထိ မန်နာ (မှော်စွမ်းအင်) တွေကို ကျစ်လျစ်သိပ်သည်းအောင်ပြုလုပ်ပြီး ဒိုင်းတစ်ခုဖန်တီးရတာပါ။ အဲဒီကာကွယ်ရေးမှော်ကို အောက်လမ်းမှော်ဆရာတွေက အဆင့် ၁၃၀ ကို ရောက်သွားတာနဲ့ ရပါတယ်။

စိန်အကာအကွယ် ကာကွယ်ရေးမှော်ကို ရယူဖို့အတွက် လိုအပ်ချက်တွေရှိတဲ့အတွက် ယူရာဟာ ယာတန်ဘုရားကျောင်းဆီကို သွားနေတာပါ။ ဒီလိုသွားရမဲ့အချိန်တိုင်း ယူရာဟာ ကစားသမားအနည်းငယ်ပဲရှိလောက်မဲ့ ဘုရားကျောင်းတွေကိုပဲ ရွေးချယ်ပြီး သွားဖြစ်ပါတယ်။ ခရီးက အဝေးကြီးဆိုပေမဲ့ ရွေးချယ်စရာမရှိပါဘူး။ သူမက ကျော်ကြားလွန်းကြောင့် ကစားသမားတွေအများကြီးရှိတဲ့ နေရာတွေကို သွားရတိုင်း စိတ်အနှောင့်အယှက်ဖြစ်ပါတယ်။ မျက်နှာနဲ့ ID ကို ဖုံးထားရင်တောင် မိန်းမလှလေးဖြစ်နေတော့ မထူးခြားပါဘူး။

နှစ်နာရီလောက် ပြေးခဲ့ပြီးမှာ ယူရာဟာ ယာတန်ဘုရားကျောင်းကို ရောက်သွားပါပြီ။ ပြီးနောက် စွမ်းရည်စာအုပ်ကို ယဇ်ပုလ္လင်ပေါ်ကို တင်လိုက်ပါတယ်။ သူမရဲ့ မှော်ပညာအသစ်ကို ရရှိဖို့ ယာတန်နတ်ဘုရားအပေါ် သူမရဲ့ နက်ရှိုင်းတဲ့ ယုံကြည်မှုကို တိုင်တည်တော့မဲ့အချိန်...

[ယာတန်နတ်ဘုရားအား ရန်လိုမုန်းတီးသည့် ရန်သူအုပ်စုသည် ဘုရားကျောင်းအတွင်း၌ ထွက်ပေါ်လာသည်]

[ဘုရားကျောင်း၏ ကာကွယ်သူ]

[ခက်ခဲမှုအဆင့် : S

ဒီမိုက်မဲသော လူများသည် ယာတန်နတ်ဘုရားကို ပူဇော်ဖို့ ပြင်ဆင်ထားသည့် ယဇ်ကောင်ကို ကယ်တင်ရန် ရောက်လာခြင်းဖြစ်ပါသည်။ သင်သည် ယာတန်နတ်ဘုရား၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် နတ်ဘုရားကို စော်ကားသည့် ကျူးကျော်သူများကို အပြစ်ပေးရပါမည်။

တာဝန်ပြီးမြောက်ရန် အခြေအနေ : ယဇ်ပူဇော်သည့် အခန်းအနားကို တစ်နာရီကြာတဲ့အထိ ကာကွယ်ပါ

ဆုလာဘ် : ဘုရားကျောင်း၏ ကာကွယ်စောင့်ရှောက်သူ ခေါင်းစဉ်

* ဘုရားကျောင်း၏ ကာကွယ်စောင့်ရှောက်သူ။ ။ ယုံကြည်မှု +300, အသက် +1,000, အသိဉာဏ် +60

သင်ဟာ ယာတန်နတ်ဘုရား၏ ဂုဏ်သိက္ခာကို ကာကွယ်နိုင်ပြီးနောက် တခြားကိုးကွယ်ယုံကြည်သူများ၏ စံနမူနာဖြစ်လာမည်။ သင့်၏ ယုံကြည်ကိုးကွယ်မှုကြောင့် နတ်ဘုရားယာတန်မှ သင့်အားကောင်းချီးများ ပိုမိုပေးအပ်ပါမည်။

ပြစ်ဒဏ်။ ။ အဆင့် -2၊ ယုံကြည်မှု -250]

ယူရာဟာ အဆင့် ၂၃၀ ရောက်နေပြီ ဖြစ်ပေမဲ့ S အဆင့် တာဝန်ကို ၃ ခါသာ ရဖူးတာကြောင့် အံ့အားသင့်သွားခဲ့တာပါ။ ထိုအချိန် ခပ်လှမ်းလှမ်းမှ ဆူညံသံတွေကို ကြားလိုက်ရပါတယ်။

‘ကျူးကျော်သူတွေကြောင့် တာဝန်တစ်ခု အလိုအလျောက် ဖြစ်လာတာလား။ ဒီအချိန်မှာ ဘုရားကျောင်းရောက်နေလို့ ကံကောင်းတာပဲ’

ယူရာဟာ အရမ်းတက်ကြွနေပါပြီ။ သူမက အရေးကြီးတဲ့ အညွှန်းကိန်း တွေကို တိုးပေးမဲ့ ‘ဘုရားကျောင်း၏ကာကွယ်သူ’ဆိုတဲ့ ခေါင်းစဉ်ကို အရမ်းလိုချင်နေပါတယ်။

အရင်ဆုံး ကာကွယ်ရမဲ့ ပတ်ဝန်းကျင်ကို ရင်းနှီးအောင် လေ့လာနေချိန်မှာ ယာတန်ကိုးကွယ်သူတွေကို အရူးအမူးသတ်ဖြတ်နေတဲ့ သားရေချပ်ဝတ်နဲ့ NPC ကိုတွေ့လိုက်ပါတယ်။

‘အဆင့် ၃ NPC ပဲ’

S အဆင့် တာဝန်ဟာ တကယ့်ကို ခက်ခဲပါတယ်။ ဒိုရန်လို့ခေါ်တဲ့ NPC ဟာ တကယ့် ပြဿနာအကြီးစားပါ။

‘ဒီကိုးကွယ်သူရဲ့အကူအညီနဲ့တောင် ဒီတာဝန်ကို ရှင်းနိုင်ဖို့ ခက်နေတုန်းပဲ’

အချိန်အတော်ကြာပြီးမှ S အဆင့်တာဝန်ကို ရခဲ့ပေမဲ့ ကံမကောင်းစွာပဲ အောင်မြင်ဖို့အခွင့်အရေးဟာ အတော်ကို နိမ့်နေခဲ့ပါတယ်။

‘တွေးနေရုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး’

ယူရန်ဟာ သူမရဲ့ မန်နာကို ဘုရားကျောင်းတခုလုံးဆီ ဖြန့်လိုက်ပါတယ်။ ဒီလို မန်နာ ဖြန့်ကျက်တာကို သာမန်အောက်လမ်းမှော်ဆရာတွေ မလုပ်နိုင်ပါဘူး။ ဒီစွမ်းရည်ဟာ ရန်သူကို ထောက်လှမ်းတဲ့စွမ်းရည်ပါ။ ဒီလိုထောက်လှမ်းခြင်းစွမ်းရည်ကို မန်နာ ထိန်းချုပ်နိုင်စွမ်းမြင့်မားမှ အသုံးပြုလို့ရပေမဲ့ ယူရာအတွက်တော့ သာမန်ကိစ္စလေးတခုပါ။

‘ဒိုရန်အပါအဝင် လူနှစ်ယောက်ရှိတယ်’

ယူရာက ရန်သူအရေအတွက်ကိုသိရှိသွားပြီးနောက် ဒိုရန်ရဲ့နောက်က လိုက်လာတဲ့ ကစားသမားကို ကြည့်လိုက်တယ်။ ID: ဂရစ်။ သူဝတ်ထားတဲ့ ပစ္စည်းတွေကို ကြည့်ရသလောက် အဆင့် 80 ကစားသမားပဲ။ ဒီလောက်အဆင့်နိမ့်တဲ့ကစားသမားက S အဆင့် တာဝန်ကို ရလာတာဟာ တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ကိစ္စပါ။

သတိထားရမှာက ဒိုရန်ပဲ။ ဒါဆိုရင် ဒီတာဝန်ကို အောင်မြင်နိုင်တယ်။

ယူရာဟာ ကိုးကွယ်သူတွေနဲ့ ကျူးကျော်သူတွေ တိုက်ခိုက်နေတဲ့အချိန်မှာ ဘုရားကျောင်းရဲ့ မြေပြင်နေအထားကို စေ့စေ့စပ်စပ်လေ့လာနေပါတယ်။ ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်ပြီး မြေအောက်ထပ်ကို ဆင်းလာပါတယ်။

ဘုရားကျောင်းက အတော်လေးကျယ်တာကြောင့် ဒိုရန်အတွက် ပုန်းစရာနေရာတွေအများကြီးနဲ့ ရေထဲရောက်နေတဲ့ ငါးလို ဖြစ်နေပါတယ်။ ဒါကြောင့် ယူရန်ဟာ ဓားစာခံကို မြေအောက်ခန်းသေးသေးလေးမှာ ဖမ်းထားလိုက်တယ်။ ဒါမှ ဒိုရန်ရဲ့ လှုပ်ရှားမှုကို ကန့်သတ်လို့ရပြီး သူမရဲ့ မှော်ပညာကို ကောင်းကောင်းအသုံးပြုနိုင်မှာပါ။

တခဏအကြာ ဒိုရန်နဲ့ ဂရစ်တို့ မြေအောက်ခန်းကိုရောက်လာတဲ့အချိန်မှာ အရှေ့က စတေးခံလေးတွေကိုရှင်းရင်း ဒိုရန်တစ်ယောက် အတော်လေး ပင်ပန်းလောက်ပါပြီ။

“အမှိုက်ကောင်တွေ။ ငါတို့ကို ယှဉ်နိုင်ဖို့ဆိုရင် ဒီထက်များတဲ့လူတွေ လိုမယ်ကွ။ အခုပဲ၊ ဒိုရန် သူတို့ကို ရှင်းလိုက်”

ကစားသမား ဂရစ်က အော်လိုက်ပြီးနောက် ဒိုရန်က ခေါင်းညိတ်လိုက်ပြီး လက်နက်ပုန်းတွေကို ပစ်လိုက်ပါတယ်။

“ဝမ် ၃၆၀၀၀၀၀ နဲ့ မြို့စားရဲ့သမီးလေးရေ၊ ငါ့ဆီလာခဲ့တော့”

ဂရစ်ရဲ့လေသံက တာဝန်အောင်မြင်မယ်လို့ ယုံကြည်ချက်ရှိနေပုံပါ။ ယူရာ သူ့အပေါ် စိတ်မကောင်းဖြစ်မိပေမဲ့ သူမကလည်း တာဝန်ကို ရှင်းနိုင်ဖို့ လိုတော့ တုန့်ဆိုင်းလို့ မရပါဘူး။

ဒန်ဒန်ဒန်....

ယူရာဟာ ဒိုရန်ရဲ့ လက်နက်ပုန်းတွေကို မကြာသေးခင်ကမှရရှိခဲ့တဲ့ စိန်အကာအကွယ်နဲ့ တားဆီးလိုက်ပါတယ်။ ပြီးနောက် သူမက ဂရစ်ကို ကြည့်လိုက်တယ်။

“တောင်းပန်ပါတယ်။ ဒါပေမဲ့ မင်းကို ဒီယဇ်ပူဇော်ပွဲကို ဖျက်ဆီးခွင့်မပေးနိုင်ဘူး”

ဒိုရန်က သန်မာပါတယ်။ ဒါကြောင့် သူ့အပေါ် အာရုံစိုက်နိုင်ဖို့ အားနည်းတဲ့ ဂရစ်ကို အရင်ရှင်းပစ်ရမယ်။ ယူရာ မီးကို ဆင့်ခေါ်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်လိုက်တယ်။

[Critical!]

ဒီဓားရှည်မျိုးက စစ်သည်တော်အမျိုးအစားအတွက် လက်နက်ပဲ။ ဒါဆို ဂရစ်ရဲ့ အမျိုးအစားက စစ်သည်တော်ပေါ့။ သူက အဆင့် ၈၀ ဝန်းကျင် စစ်သည်တော်ဆိုရင် သူ့ရဲ့ ဂီယာတွေ ဘယ်လောက်ကောင်းကောင်း အသက်အမှတ်က အမြင့်ဆုံး ၄၀၀၀ ဝန်းကျင်မှာ။ ဂရစ်က အထူးပြုလုပ်ထားတဲ့ ဂီယာတွေ မဝတ်ထားဘူးဆိုရင်တော့ ၃၀၀၀ ဝန်းကျင်ဘဲ။ ပြီးတော့ စစ်သည်တော်တွေက မှော်ပညာကို ခံနိုင်ရည်မရှိဘူး။

[ရှင်းလင်းချက်။ ။ ဂီယာဆိုတာက အိုင်တမ် ပါပဲ]

ယူရာဟာ သူမရဲ့ မန်နာ ငါးပုံတစ်ပုံကို သုံးပြီး ဂရစ်ကို တစ်ချက်တည်းနဲ့ ရှင်းပစ်နိုင်တယ်လို့ တွက်ချက်လိုက်တယ်။ Critical ထိသွားမယ်ဆိုရင် သေမှာကို ပူစရာမလိုပါဘူး။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက သူရှင်နေတယ်။

‘ဘယ်လိုရှင်နေ’

Critical ထိသွားတာတောင် ဂရစ်ရှင်နေသေးရလောက်အောင် သူ့ကံက ကောင်းလွန်းတယ်လို့ ဆိုပါစို့။ ဒါပေမဲ့ တိုက်ခိုက်မှုတစ်ခုကြောင့် ထိခိုက်မှု ၄၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒီထက်ပိုရင် ဇာတ်ကောင်က stun (တုံ့ဆိုင်း) သွားရမှာကို။ အခုသူက ဘာမှမဖြစ်ဘူးဆိုတော့ အသက်အမှတ်က ၄၀ ရာခိုင်နှုန်း မလျော့သွားဘူးပေါ့။

[ရှင်းလင်းချက်။ ။စတန်းန်(Stun) ဆိုသည်မှာ မူးဝေခြင်း၊ တခဏရပ်တန့်သွားခြင်းဖြစ်သည်။]

“Critical ထသွားတာ သေချာပါတယ်... ရှင်ဝတ်ထားတဲ့ပစ္စည်းတွေနဲ့ဆို အခုမှ ရှင့်အဆင့်က ၈၀ ဝန်းကျင်လောက်ပါပဲ။ ဒါကို ကျွန်မရဲ့မှော်နဲ့ထိသွားတာတောင် ဘာမှမဖြစ်တာလဲ”

ယူရာက ကစားသမား ၂ ဘီလီယံမှာ အဆင့်ငါးပါ။ ဒါပေမဲ့ အဆင့်လေးနဲ့ စွမ်းအားချင်း သိပ်မကွာပါဘူး။ သူမရဲ့ ဂိမ်းကစားတဲ့ စွမ်းရည်ကြီးက အရမ်းမိုက်ပါတယ်။ သူမရဲ့ တွက်ချက်မှုတွေထဲမှာ ဘာအမှားမှ မပါပါဘူး။ Satisfy စဆော့ကတည်းက သူမရဲ့ တွက်ချက်မှုတွေက တခါမှ မမှားခဲ့ပါ။ ဒီဟာက သူမအတွက် အသစ်အဆန်းဖြစ်နေပါတယ်။

ဒါကြောင့် သူမ အတော်လေး စိတ်ရှုပ်ထွေးသွားတာပါ။

‘ဘာတွေဖြစ်နေတာလဲ။ သူ့ရဲ့ အဆင့်က ဝတ်ထားတဲ့ ဂီယာတွေထက် ပိုမြင့်နေတာလား။ ဒီလိုလဲ မဖြစ်နိုင်ပါဘူး။ S အဆင့်တာဝန်ကို ဘယ်သူကများ အဆင့်နိမ့်တဲ့ဂီယာတွေကို ဝတ်ပြီး လုပ်ရဲမှာလဲ...’

ယူရာက လက်ရှိအခြေအနေကို အကောင်းဆုံးခွဲခြမ်းစိတ်ဖြာနေတဲ့အချိန်မှာ ဂရစ်ဟာ ပြေးလာနေပါပြီ။

တလှမ်းပြီး တလှမ်း...

သူက စစ်သည်တော်ပီသစွာ အားမာန်အပြည့်နဲ့ ဖြေးဖြေးချင်း လမ်းလျှောက်လာနေတယ်။ သူက အောက်လမ်းမှော်ဆရာတွေကို အနိုင်ယူဖို့ အလျင်လိုဖို့ မလိုဘူးဆိုတဲ့ အချိုးနဲ့ပါ။ ကမ္ဘာ့အဆင့် ၅ ယူရာကို သောက်ဂရုမစိုက်ဘူးလို့ ပြောနေသလိုပါပဲ။ ဂရစ်က ယူရာကို ဒီလိုပြောနေသလိုပါ။ ‘ငါမင်းကို မန္တန်ဖို့ လုံလောက်တဲ့ အချိန်ပေးထားတယ်။ မင်းရဲ့ အကောင်းဆုံးမှော်ပညာ ငါ့ကို ပြစမ်း’

စော်စော်ကားကား။ ယူရာ အကြီးအကျယ်ကို ဒေါသထွက်သွားပါတယ်။ သူလုပ်နေတာက ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်ရှိတဲ့ ယူရာအတွက်တော့ စော်ကားမှုကြီးပါ။ သူဆန္ဒရှိတဲ့အတိုင်း သူမရဲ့ ထိပ်တန်းမှော်ပညာတွေနဲ့ ဂရစ်ကို တရစပ်တိုက်ခိုက်နေပါတယ်။ သူမဟာ ဂရစ်ကို ဒိုရန်နဲ့အတူ ပြာပုံကို ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ။

“အမှောင်ထုရဲ့ စစ်မှန်သော အရှင်သခင်၊ သင့်ကျေးကျွန်ရဲ့ တောင်းဆိုသံ ကိုနားဆင်ပေးပါ။ ဤနေရာအား အမှောင်ထုနဲ့ ပြည့်နှက်စေပြီး ရန်သူတွေရဲ့နှလုံးသားကို အကြောက်တရားတွေနဲ့ ဖြည့်ဆည်းပေးပါ၊ အသင့်ကို ကိုးကွယ်သည့် ကျေးကျွန်တွေကို အသင့်ရဲ့စွမ်းအားကို ပြသလိုက်ပါ”

မှော်စွမ်းအားတွေက မြင့်တက်လာနေပြီ။ အလင်းရောင်တွေ ပျောက်ကွယ်သွားပြီး မီးတောက်တွေဟာ အနက်ရောင်အဖြစ် ပြောင်းလဲသွားပါတယ်။ မကြာခင်မှာပဲ အမှောင်ထုဟာ နေရာတခုလုံးကို ဖုံးလွှမ်းသွားပါတယ်။

ပုံမှန်ဆိုရင် ရန်သူတွေကအမြင်အာရုံတွေဆုံးရှုံးပြီး ကြောက်ရွံ့မှုကြောင့် ရပ်တန့်နေပါလိမ့်မယ်။ ဂရစ်နောက်က လိုက်နေတဲ့ ဒိုရန်တောင် ခဏလောက် ရပ်တန့်သွားပါသေးတယ်။ ဒါပေမဲ့ ဂရစ်ကတော့ ဘာမှမဖြစ်ပုံမရဘဲ ရှေ့ကို လမ်းလျှောက်လာနေတုန်းပါ။ သူ..သူ တတိယအဆင့် NPC ထက်တောင် ခုခံနိုင်စွမ်းပိုကောင်းတာလား။

‘သူ့ရဲ့ ID က’

အိုင်ဒီ(ဂိမ်းထဲကဇာတ်ကောင်နာမည်) က ထူးဆန်းတယ်။ အဆင့်ရှိကစားသမားလည်းမဟုတ်ဘူး။ ဒါကို ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေတာလဲ။ ယူရာက စိတ်မသက်မသာဖြစ်နေတာကို မဖုံးကွယ်နိုင်တော့ပါဘူး။ မန္တန်ပြီးသွားပြီ။

“အနက်ရောင်မုန်တိုင်း။”

အမှောင်ထုထဲမှာ တိတ်ဆိတ်တဲ့ မုန်တိုင်းတခုဟာ ဖြစ်ပေါ်လာပြီး ဂရစ်ကို ရိုက်ခတ်လိုက်ပါတယ်။ မုန်တိုင်းကြောင့် ဘုရားကျောင်းတခုလုံး တုန်ခါနေပြီး ကြမ်းပြင်နဲ့ မြေကြီးတွေ ကွဲအက်ကုန်တယ်။ ဒီစွမ်းအားဟာ ဒီမြေအောက်ခန်းတခုလုံးကို ဖြိုချပစ်လိုက်နိုင်ပါတယ်။

ခွမ်း....

ဂရစ်ရဲ့ ခန္ဓာကိုယ်ကို အောက်လမ်းမှော်ဆရာတွေရဲ့ တိုက်ခိုက်မှုတွေနဲ့ အနက်ရောင်မုန်တိုင်းကြီးပါ ထိတာ သေချာပါတယ်။ ယူရာ ထင်တာက ဒီလောက်ဆို ဂရစ် မီးခိုးရောင်အငွေ့ဖြစ်ဖို့ လုံလောက်ပြီပေါ့။ (သေသွားသည့်အခါ ခန္ဓာကိုယ်မကျန်ရစ်ဘဲ မီးခိုးရောင်အငွေ့အဖြစ် လေထုထဲပျောက်ကွယ်သွားတာပါ) ဒါပေမဲ့ မထူးပါဘူး။ ဂရစ်တစ်ယောက် ရှေ့ဆက်ပြီးတိုးလာနေတုန်းပါပဲ။ မုန်တိုင်းကတောင် သူ့ကိုမရပ်တန့်နိုင်ပါဘူး။

တခြားဖက်မှာလည်း ဒိုရန်က ဂရစ်ရဲ့ကာကွယ်ပေးမှုကို ခံရတာတောင်မှ တကိုယ်လုံးစုတ်ပြတ်နေပါတယ်။ ကံကောင်းစွာနဲ့ပဲ သူ့လက်စွပ်က ခဏခဏကုပေးနေလို့ပေါ့။

ဒီမှော်ပညာကို ဒိုရန်တောင် မခုခံနိုင်ဘူး။ သူ.. သူ ခုထိ အဆင်ပြေနေသေးတာလား။

“ရှင်... ရှင်က ဘာလဲ” ယူရာ ကြောက်လန့်တကြား အော်လိုက်တာပါ။

ယူရာက ထက်မြက်တဲ့မိန်းကလေးတယောက်ပါ။ သူမက လက်တွေ့သမားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ အသက် ၂၁ နှစ်လုံး လူတိုင်းက သူမရဲ့လှပမှုနဲ့ ထက်မြက်မှုကို ချီးကျူးကြပါတယ်။ သူမရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းကြောင့် နေရာတိုင်းမှာပါရမီရှိတဲ့လူတစ်ဉီးအဖြစ် ဂုဏ်သတင်းကို ထူထောင်နိုင်ခဲ့ပါတယ်။

Satisfy က သူမ နောက်ဆုံးရွေးချယ်ခဲ့တဲ့ လမ်းကြောင်းပါ။

ဒီလို ပါရမီရှင်ယူရာအတွက်တောင် ဂရစ်လို့ခေါ်တဲ့ ဒီလူက သူမရဲ့ နားလည်နိုင်စွမ်းကို ကျော်လွန်နေပါတယ်။

‘အခုအချိန်မှာ ဒီလောက်စွမ်းအားကြီးတာက မဖြစ်နိုင်ဘူးလေ။ ဒီလို လွှမ်းမိုးနိုင်တဲ့ တည်ရှိမှုက NPC မဟုတ်ဘဲ လူသားတစ်ယောက်... သူက စနစ်ချို့ယွင်းနေတဲ့ကစားသမားလား။ မဖြစ်နိုင်ဘူး၊ Satisfy ကို ကမ္ဘာ့နံပါတ်တစ်စူပါကွန်ပျူတာက ထိန်းချုပ်ထားတာဆိုတော့ ဘာချို့ယွင်းချက်မှ မဖြစ်နိုင်ဘူး။ သူ ဘာကြောင့် ဒီလောက်အထိ စွမ်းအားကြီးရတာလဲ’

သူမ မျှော်လင့်ချက်မဲ့နေပါပြီ။ အရမ်းကို အံ့အားသင့်သွားပြီး သိချင်နေပါတယ်။ ဒီအချိန်ကစပြီး ဂရစ်ဟာ သူမဘဝမှာ နက်နက်ရှိုင်းရှိုင်း နေရာယူသွားပါပြီ။

တခြားတဖက်မှာတော့ ဂရစ်ဟာ သူမနား နီးသထက်နီးလာပါပြီ။ ယူရာက လွယ်လွယ်ကူကူနဲ့ အရှုံးမပေးချင်တာကြောင့် တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်တယ်။ ထိုစဉ် ဒိုရန်က ဂရစ်ရဲ့ နောက်ကျောကို တက်နင်းပြီး ခုန်လိုက်ရင်း အရှိန်နဲ့ သူမကို တိုက်ခိုက်လိုက်တယ်။

ထန်...

ယူရာ ဒိုရန်ရဲ့ တိုက်ခိုက်မှုကို အလျင်အမြန်ပဲ ခုခံလိုက်ပြီးတော့ ဂရစ်ကို လှည့်ကြည့်လိုက်တယ်။ မမျှော်လင့်ထားတဲ့ မြင်ကွင်းကြောင့် သူမမျက်လုံးတွေ ပြူးကျယ်သွားတယ်။ အကောင်းအတိုင်းကြီးရှိနေတဲ့ ဂရစ်ရဲ့ခန္ဓာကိုယ်က မီးခိုးရောင်အငွေ့အဖြစ် ပျောက်ကွယ်သွားလို့ပါ။

“......?”

ယူရာက ဒိုရန်ကိုအနိုင်ယူနိုင်ခဲ့ပေမဲ့ သူမလည်း ဒဏ်ရာအကြီးအကျယ်ရခဲ့ပါတယ်။ သူမ စနစ်က သတိပေးတဲ့ တာဝန်အောင်မြင်ကြောင်း သတိပေးသံကို လျစ်လျူရှုထားပြီး ဂရစ်ပျောက်ကွယ်သွားတဲ့နေရာကို စိုက်ကြည့်နေခဲ့ပါတယ်။

‘သူက အနက်ရောင်မုန်တိုင်းကိုတောင် ကာကွယ်နိုင်ခဲ့တဲ့သူပဲ။ ရုတ်တရက်ကြီးတော့ မသေသွားနိုင်ပါဘူး။ အတင်းအကြပ် log out လုပ်လိုက်ရင် ပြစ်ဒဏ်အပေးခံရမှာ သူလဲ သိတာပဲကို။ ဘာကြောင့်လဲ’

သူမ အတွေးများလာနေပြီး ယူရာရဲ့ အမူအရာဟာ ဆိုးရွားလာနေတယ်။

“ငါ့ကြောင့်များ တာဝန်ကို အရှုံးခံလိုက်တာလား...”

ဂရစ် သနားတာကိုခံလိုက်ရတဲ့အတွက် သူမ အကူအညီကင်းမဲ့နေသလို ခံစားနေရတယ်။ အဆိုးရွားဆုံးနေ့တစ်နေ့ပါပဲ။ ဒီနေ့မှာ သူမရဲ့မာနတွေ အားလုံး ဖျက်ဆီးခံလိုက်ရတယ်။

အပိုင်း (၈) မော်ကွန်းဇာတ်ကောင် ပိုင်ရှင် ကပ်စ်

“အူး... ဝါး.... ဒိုရန်... ခွေးကောင်ကြီး။ သူပဲ ငါ့ကို တာဝန်အတင်းလိုက်ပေးခဲ့ပြီးတော့ သူ့အသင်းဖော်ကို သတ်တယ်တဲ့။ လဗြွတ်။ သူခိုး၊ ဓားပြ၊ ပြီးတော့ ရာဇဝတ်ကောင်။ ဒိုရန်... အနာဂတ်မှာ မင်း နာမည်ကို ကျိန်စာသင့်ပါစေ”

ကျွန်တော် ဂိမ်းဖန်အိမ်စက်ထဲကထွက် ပြတင်းပေါက်ဖွင့်ပြီး အပြင်ကို အော်နေတာပါ။ မိုးသည်းနေလို့ ကျွန်တော့်အသံကို အိမ်နီးချင်းတွေ ကြားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော် စိတ်ရှိသလို ဒေါသပေါက်ကွဲလို့ ရတာပေါ့။

မနက် ၄ နာရီတောင် မထိုးသေးပါဘူး။ မိုးသည်းနေတာဆိုတော့ ကျွန်တော့်မိသားစုကလည်း ညနေအထိ နားနေမှာဆိုတော့ ဒီရွှေရောင်အားလပ်ရက်ရှည်ကြီးမှာ ၁၂ နာရီကြာအောင် ဂိမ်းမဆော့ဘဲ ဘာလုပ်ရမလဲ မသိပါဘူး။

“အဆင့် မိုင်းနက်စ်သုံး... ဒီအကြောင်းတွေးမိလေလေ ခံစားချက်က ပိုပိုဆိုးလာတယ်။ ဒိုရန်၊ ဒိုရန်၊ ဒိုရန်”

ကျွန်တော် ဒေါသထွက်ပြီး ပူထူနေတဲ့ခေါင်းကို အေးအောင်လုပ်ဖို့ ရေချိုးခန်းကို သွားလိုက်တယ်။ ရေအေးအေးလေးနဲ့ မျက်နှာသစ်ပြီး ရေစီးကျသံလေး နားထောင်ပြီးနောက် ခေါင်းက တော်တော်လေးကို ကြည်သွားပါတယ်။

“ဒိုရန်ကိုလည်း အပြစ်တင်လို့မရပါဘူး...”

ဒိုရန်က ကျွန်တော်မှန်းထားတာထက် ပိုပြီးတိုက်ခိုက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တောင် ဘာမှသိပ်မလုပ်လိုက်ရပါဘူး။ ရန်သူတွေအားလုံးကို ရှင်းနိုင်တဲ့အထိ သန်မာခဲ့ပါတယ်။ သူ့ကြောင့်သာ တာဝန်အောင်မြင်ဖို့ မျှော်လင့်ချက်ရှိလာခဲ့တာပါ။

ဟုတ်ပါတယ်၊ ဒိုရန်လည်း သူအတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ထင်မှတ်မထားတာ ဖြစ်လာတယ်လေ။ အဆင့်ရှိကစားသမားတစ်ယောက် ရောက်လာမယ်ဆိုတာကို ဘယ်သူက ကြိုသိမှာလဲ။

“သောက်ကျိုးနည်း စုန်းမ...”

ဘာလို့ ယူရာက အဲဒီနေရာမှာ ပေါ်လာတာလဲ။ သူက အောက်လမ်းမှော်ဆရာမ။ ယာတန်ဘုရားကျောင်းက အောက်လမ်းမှော်ဆရာအတွက် အရေးပါတဲ့နေရာ။ သူက အဲဒီနေရာကို အချိန်မရွေးရောက်လာနိုင်တယ်။ ဒါပေမဲ့ သူက ဘာလို့ ငါ့တာဝန်ကို ဝင်နှောင့်ယှက်တာလဲ။ ငါက ဘုရားကျောင်းထဲမှာ ကျူးကျော်သူ ပြီးတော့ သူက ဘုရားကျောင်းကို ကာကွယ်ရတယ်။ ဒါကြောင့် ငါ့ကို ရန်ပြုတာကိုး။ ဒါက နားလည်ပေးလို့ ရပါတယ်။

‘ငါ တာဝန်ကို လက်ခံလိုက်တဲ့အချိန်မှာ ဘုရားကျောင်းထဲမှာ ရှိမဲ့ အောက်လမ်းမှော်ဆရာတွေဆီမှာ ငါ့ကို တားဆီးဖို့ တာဝန်တစ်ခု ပေါ်လာမှာပဲ။ ရန်သူအစစ်က ကစားသမားတွေပဲ၊ NPC မဟုတ်ဘူး။ ဒိုရန် သန်မာနေတာက အကြောင်းရှိတယ်။ S အဆင့်တာဝန်က ဒီလောက်မလွယ်လောက်ပါဘူးလို့တော့ ထင်သား’

ကျွန်တော် ကောက်ချက်ချလိုက်တယ်။

‘စုန်းမ.... ငါ တာဝန် လက်ခံလိုက်တာကို ကျေးဇူးတင်၊ နင်တော့ အကျိုးအမြတ်တော်တော်ရသွားမှာ။ သွေးမျက်ရည်ကျအောင်လုပ်တဲ့ကောင်မလေး။ ငါ့ကို ကျေးဇူးတင်မဲ့အစား သတ်ဖို့ လုပ်တယ်....’

ကျွန်တော် သေပြီဆိုတော့ ယူရာလည်း တာဝန်ကို အောင်မြင်ပြီပေါ့။ ဒိုရန်ကလည်း အတော်လေးကို ပင်ပန်းနေပြီ။ မုန်းဖို့ ကောင်းလိုက်တာ။

ကျွန်တော့်ကြောင့်သာ ယူရာ တာဝန်ရတာ။ ကျွန်တော်က အားနည်းတာကြောင့် ဒိုရန်ချည်းပဲ ရုန်းရတာဆိုတော့။ ယူရာက အခန့်သားလေးထိုင်ပြီး ကောက်စားလိုက်ရုံပဲ။ ကျွန်တော်က သူ့ပါးစပ်ကိုတောင် ခွံကျွေးလိုက်ရသေး။

“လူဆိုး....”

အဆင့် ၂၀၀ ကျော်နေတဲ့ ကစားသမားနဲ့ယှဉ်ပြီး မိုင်းနက်စ် အဆင့်ကို တာဝန်ပြိုင်လုပ်ခိုင်းတယ်တဲ့။ ကျွန်တော် ဂိမ်းဖန်အိမ်ထဲ ဝင်ပြီး အင်တာနက်ချိတ်လိုက်တယ်။ ပြီးတော့ ယူရာကို ရှာလိုက်တယ်။

ယူရာလို့ ရိုက်ထည့်လိုက်တော့ သူနဲ့ သက်ဆိုင်တဲ့ လင့်ခ်တွေ ထောင်သောင်းချီကျလာတယ်။ လူကြည့်အများဆုံးဘလော့တွေနဲ့ လူအများဆုံးဂရုတွေမှာ ယူရာနဲ့ ပတ်သတ်တဲ့အချက်အလက်တွေ ရှာကြည့်လိုက်တယ်။

သွေးစုန်းမလို့ ရိုက်လိုက်တယ်။ အွန်လိုင်းပေါ်မှာ သူက တော်တော်လေးကို လေးစားခံရပြီး အချစ်ခံရတာပဲ။ မနာလိုသူတွေရဲ့ ပစ်မှတ်လည်း ဟုတ်တာပေါ့။

သူမရဲ့ အလှအပနဲ့ ဂိမ်းစွမ်းရည်ကြောင့် ပြည်တွင်းရော ပြည်ပမှာပါ ပရိသတ်တွေအများကြီးရှိတာပဲ။ ဖန်ကလပ်တွေတောင် ထောင်ချီပြီးရှိတယ်။ တစ်ချက်ကြည့်တာနဲ့တင် ဟောလိဝုဒ်သရုပ်ဆောင်တွေထက်တောင် နာမည်ကြီးမှန်းသိသာပါတယ်။

‘ဒါက ခေတ်သစ်ကမ္ဘာကြီးပါပဲ’

Satisfy က ပိုပြီးအရောင်အသွေးစုံလင်ပြီး စိတ်လှုပ်ရှားစရာကောင်းသလို ဇာတ်ကားတွေထက်တောင် ပိုပြီးဒရမ်မာဆန်ပါတယ်။ ဒါကြောင့် Satisfy က အဓိကဇာတ်ကောင်တွေဟာ ရုပ်ရှင်ကြယ်ပွင့်တွေထက် ပိုပြီးလူကြိုက်များတာပေါ့။ ဒီရက်တွေမှာ တီဗီကို ဖွင့်ကြည့်လိုက်မယ်ဆိုရင် Satisfy နဲ့ပတ်သတ်တဲ့ချယ်နယ်တွေက ရာနဲ့ချီပြီး ရှိပါတယ်။ Satisfy နဲ့ပတ်သတ်ပြီး ထူးထူးခြားခြား သတင်းတစ်ပုဒ်ရလိုက်ရင် အဲဒီချယ်နယ်အောင်မြင်ပြီပဲ။

ဒါပေါ့ဗျ။ ဒါက တောင်ကိုရီယားတစ်ခုထဲမှာ မဟုတ်ပါဘူး။ တကမ္ဘာလုံးမှာကို ဖြစ်နေတာပါ။ Satisfy ကိုကစားတဲ့လူအရေအတွက်က နှစ်ဘီလီယံရှိပါတယ်။ Satisfy က တောင်ကိုရီးယားအွန်လိုင်းဈေးကွက်တင်မဟုတ်ပါဘူး။ တကမ္ဘာလုံးရဲ့ အွန်လိုင်းဈေးကွက်တခုလုံးကို သိမ်းပိုက်ထားပါတယ်။ ဒါကြောင့်လည်း Satisfy ရဲ့အဓိကဇာတ်ကောင် အဆင့်ရှိကစားသမားတွေက ရုပ်ရှင်ကြယ်ပွင့်တွေထက် ပိုပြီး ကျော်ကြားနေတာပေါ့။

အထူးသဖြင့် ယူရာ။ သူမက အလှလေးဆိုတော့ တခြား အဆင့်ရှိကစားသမား တွေထက် ပိုကျော်ကြားနေတာပေါ့။ ဒါကြောင့်ပဲ သူမမှာ ငွေရော၊ ကျော်ကြားမှုပါ ပြည့်စုံပါတယ်။ ကျွန်တော့်လို အကြွေးနွံနစ်နေတဲ့လူနဲ့ယှဉ်ရင် ကောင်းကင်နဲ့ မြေကြီးပေါ့။

‘ငါက ဂိမ်းကြောင့်ပဲ ဒုက္ခရောက်နေသလို သူကတော့ ဂိမ်းကြောင့် လူတွေရဲ့ စိတ်ကူးထဲက ဘဝကို ပိုင်ဆိုင်ထားတယ်’

ကျွန်တော် သူမကို အရမ်းမနာလိုဖြစ်ပါတယ်။ ကျွန်တော် ယူရာလို ဖြစ်ချင်ပါတယ်။ ကျွန်တော်သာ သူမလို ဖြစ်ခဲ့ရင် စိတ်ဓာတ်ကျစရာရှိမှာ မဟုတ်ပါဘူး။

“အရာရာပြည့်စုံနေတဲ့သူက ငါ့ဆီကနေ တာဝန်လာလုတာလား...”

သူမက စုန်းမ မဟုတ်ဘူး။ မြေခွေးမ။

အား....

ကျွန်တော် ဟိုလိုဂရမ်ကီးဘုတ်ဖွင့်လိုက်ပြီး ယူရာအကြောင်းတင်ထားတဲ့ပို့စ်တွေမှာ ကောမန့်တွေ တကြောင်းပြီး တကြောင်း ဝင်ရေးပါတယ်။

[ယူရာက တကယ့်အမှိုက်။ သူက အဆင့်နိမ့်ကစားသမားဆီကတောင် တာဝန်လုတာ။ အပြင်မှာ တီဗီထဲကနဲ့ တခြားဆီပဲ။ သူက အကျင့်မကောင်းဘူး]

[အပြင်မှာ ယူရာက ရုပ်တော်တော်ဆိုးတာ မင်းတို့သိလား။ အခုလှနေတယ်ဆိုတာ တကိုယ်လုံးကို ပလပ်စတစ်ဆာဂျရီလုပ်ထားလို့ကွ။ အတုကြီး။ မျက်နှာမျာ ဝက်ခြံတွေနဲ့ အဆီတွေ ပြန်နေတာ]

[ဘာ ယူရာက မိန်းမကောင်းလေးဟုတ်လား။ သူ လူဘယ်နှစ်ယောက်ကို အသည်းခွဲခဲ့တာလဲသိလား။ သူက ပျက်စီးနေတဲ့ မိန်းမ။ ဟိုတလောကတောင် ငါ့အကိုတဝမ်းကွဲကို တွဲပြီးဖြတ်သွားတာ]

[အဆင့်ရှိကစားသမား ဖြစ်ပြီး တာဝန်ကို လုတာကွာ။ တီဗီကိုပဲ ကြည့်ပြီး အရူးအလုပ်မခံနဲ့ ဘတိုတို့]

ကျွန်တော်က ယူရာနဲ့ ပတ်သတ်ပြီး ပရိုဖက်ရှင်နယ်တစ်ယောက်လိုပါ။ ကိုယ့်ကိုယ်ကို အမှန်တရားကို ဖော်ထုတ်ပေးနေတဲ့ သတင်းထောက်လို ခံစားလိုက်ရတယ်။ လူတွေကို အမြင်မှန်ရအောင် လုပ်ပေးနေတဲ့ ကယ်တင်ရှင်ကြီးပေါ့။ အခုမှပဲ ယူရာကို မကျေနပ်တာ တော်တော်လေး ပေါ့သွားပါတယ်။

ဒက် ဒက် ဒက်

ကျွန်တော် ကောမန့်တွေ ဆက်ရေးနေတယ်။ ကျွန်တော့်လက်ဆယ်ချောင်းလုံး ရိုက်နေတာက မြန်လွန်းလို့ မမြင်ရတော့ဘူး။ လူတစ်ယောက်ဟာ အမှောင်ခန်းထဲမှာ ကီးဘုတ်ရိုက်နေပြီး ကီးဘုတ်ရိုက်သံထွက်နေတာကို စိတ်ကူးကြည့်လိုက်ရင် ထူးခြားဆန်းကြယ်ပြီး လှပပါတယ်။

“အကို... နောက်ဆုံးတော့ နင် ရူးသွားပြီလား”

မနာလိုတဲ့ကောမန့်တွေရေး..... မဟုတ်ဘူး၊ အမှန်တရားအတွက် တိုက်ပွဲဝင်နေတာ။

ကျွန်တော် ရုတ်တရက် ကြားလိုက်ရတဲ့အသံကြောင့် လန့်ပြီး ထခုန်လိုက်တယ်။ အသံကြားတဲ့နေရာကို ကြည့်လိုက်တော့ ဆယ်ဟီးက တံခါးဝကနေ ကျွန်တော့်ကို ကြည့်နေတယ်။

“နင် ငါ့ကို လန့်အောင် လုပ်လိုက်တာပဲ”

ကျွန်တော် ရင်ဘတ်မှာ လက်တင်ပြီး ပြောလိုက်တယ်။ အဲဒီအချိန်မှာ ဆယ်ဟီးက အခန်းထဲကို ဝင်လာတယ်။

“ငါ အိမ်သာသွားရင်းနဲ့ နင့်အခန်းကနေ အသံတွေထွက်နေလို့ လာကြည့်တာ။ အကိုက အမြဲတမ်း ဂိမ်းရူးရူးနေတာဆိုတော့ တကယ် ရူးသွားပြီလား စိုးရိမ်လို့။ ဒါကြောင့် လာစစ်ဆေးကြည့်တာ။ အကို ရူးနေပြီလား။ ညီမကို မရူးသေးဘူးလို့ ပြောစမ်းပါ”

“နင့်အကိုကို ဘယ်လိုစကားပြောနေတာလဲ။ မရူးသေးပါဘူးဟ”

“မရူးလို့ တော်သေးတယ်။ အခန်းက အနံ့တွေ ထွက်နေပြီ။ အကိုယ့္ခေါင်းကလည်း ခေါင်းလျှော်တော့။ ခေါင်းမလျှော်တာ ဘယ်နှစ်ရက်တောင် ရှိပြီလဲ။ နင် ခေါင်းလျှော်သင့်နေပြီ။ ကြည့်အုံး စားပြီးသားပန်းကန်တွေလည်း မဆေး။ ဒီတိုင်းထားထားတာ။ ဒါကြောင့် ညီမလေးတို့နဲ့ ထမင်းတူတူလာစားပါလို့ ပြောတာပေါ့”

ဆယ်ဟီးက ထမင်းပန်းကန်တွေကို သိမ်း၊ အခန်းကို သန့်ရှင်းရေးလုပ်ရင်းနဲ့ ကျွန်တော့်ကို ဆူနေတယ်။

‘ဒီကောင်မလေး လှပြီးတော့ စိတ်ရင်းကောင်းလိုက်တာ။ ငါနဲ့မတူလို့ တော်သေးတာပေါ့’

ကျွန်တော် ညီမလေးကို ကြည့်ရင်း ပီတိဖြစ်နေတယ်။ ဆယ်ဟီးက ကျွန်တော်ကြည့်နေတာကို ခံစားရပုံနဲ့ လှည့်ကြည့်တယ်။

“အကို ဒီတိုင်းထိုင်ကြည့်မနေနဲ့လေ။ အလုပ်ရှုပ်မနေရင် လာကူပါအုံး။ မဟုတ်ဘူး။ သွားပြီး ကိုယ်လက်သန့်စင်။ အကိုရဲ့အခုပုံစံကို ညီမ မကြိုက်ဘူး”

“ထားလိုက်။ ငါလုပ်မယ်။ အခုက မိုးတောင်မလင်းသေးဘူးမလား။ သွားအိပ်တော့”

“အကိုက ယုတ်မာတော့မဲ့ ပုံစံကြီးနဲ့ ရယ်နေတာဆိုတော့ အိပ်ချင်စိတ်တောင် ပြေသွားတယ်။ မျက်နှာသစ်။ သေချာသစ်နော်။ ပြီးပြီးရော မလုပ်ခဲ့နဲ့။ ဒီမကောင်းတဲ့အနံ့အသက်တွေ ပျောက်အောင် တစ်ခါတည်းလုပ်ခဲ့”

ဆယ်ဟီးနဲ့ ကျွန်တော်က ကိုးနှစ်ကွာပါတယ်။ ကိုယ့်ညီမကို ဒီလိုဆက်ဆံတာက ပုံမှန်ပဲ မလား။

‘ဆယ်ဟီးရောက်လာမယ်မှန်းသိရင် မျက်နှာသစ်ရင်းနဲ့ တစ်ခါတည်း ခေါင်းလျှော်ခဲ့ပါတယ်’

ကျွန်တော် စိတ်ညစ်ညစ်နဲ့ ရေချိုးခန်းကို သွားလိုက်တယ်။ ခေါင်းကို ဆပ်ပြာနဲ့ သေချာလျှော်ပြီး တဘက်နဲ့ သုတ်လိုက်တယ်။ ငါ့ဆံပင်က ဘာလို့ ဒီလောက်တောင် တောင့်တောင့်ကြီး ဖြစ်နေတာလဲ။

“ဟာ အဝတ်လျှော်ဆပ်ပြာကြီး.....”

ကျွန်တော် အခန်းကို ဆံပင်တောင့်တောင့်ကြီးနဲ့ပဲ ပြန်လာခဲ့ပါတယ်။ အခန်းရဲ့ အနံ့အသက်က အရင်ကနဲ့ မတူတော့ပါဘူး။ လန်းဆန်းတဲ့ရနံ့လေး။ ရေမွှေးဖြန်းထားတာလား။ ဆယ်ဟီးက ကိစ္စအသေးလေးကအစ ဂရုစိုက်ထားတာပဲ။ အခန်းကလည်း သန့်ရှင်း သပ်ရပ်နေပြီ။ ဆယ်ဟီးက အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဖြစ်လာမှာ။

ဆယ်ဟီးက ဖန်လုံအိမ်ထဲ ဝင်နေတာမြင်တော့ ကျွန်တော်က အိပ်ရာပေါ် လှဲအိပ်ရင်း ပြောလိုက်တယ်။ “အင်တာနက် သုံးချင်ရင်သုံးလေ”

ကျွန်တော်လည်း ဂိမ်းဆော့လို့ မရသေးတဲ့အတူတူ ညီမလေးကိုပဲ အင်တာနက်သုံးခိုင်းလိုက်မှာပေါ့။

ဆယ်ဟီးက ပုခုံးတွန့်လိုက်ပြီး ကျွန်တော့်ကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်နေတယ်။ “အကိုက ကီးဘုတ်ဖိုက်တာလား”

“ကီးဘုတ်ဖိုက်တာ...”

ဘာကို ပြောချင်တာလဲ။ ကျွန်တော် သူ့ကို ကြည့်လိုက်တော့ ဆယ်ဟီးက ဂိမ်းဖန်အိမ်အရှေ့မှာ လွင့်မျောနေတဲ့မော်နီတာကို လက်ညှိုးထိုးပြတယ်။

“နင်က ဘာလို့ ကိုယ့ထက်အသက်ငယ်တဲ့ ကောင်မလေးကိုတောင် မကောင်းသတင်းဖြန့်နေတာလဲ။ ဘာအကြောင်းအရင်းကြောင့်ပဲဖြစ်ဖြစ် ဒီဟာက အရမ်းဆိုးတယ်။ ငါ နင့်ကို တကယ်စိတ်ပျက်သွားပြီ အကို”

သူမအသံဟာ တဖြည်းဖြည်းတိုးသွားပါတယ်။ ဆယ်ဟီးဟာ တကယ်စိတ်ဆိုးနေတာပါ။ ကျွန်တော့်အမှားကို သိသွားတာနဲ့ ချက်ချင်းမော်နီတာကို စစ်ဆေးလိုက်တယ်။ ယူရာမကောင်းကြောင်းပြောထားတဲ့ ကောမန့်တွေက အခုထိမော်နီတာမှာ ရှိနေတုန်းပါ။

သောက်ကျိုးနည်း... ငါ တစ်ခါထဲ မော်နီတာကို ပိတ်ခဲ့ရမှာ။

“ဆယ်...ဆယ်ဟီး ဒါကလေ...”

“ယုတ်မာလိုက်တာ....”

ကျွန်တော် ရှင်းပြဖို့ ကြိုးစားပေမဲ့ ဆယ်ဟီးက သူ့အခန်းဆီ ပြေးသွားပြီး တံခါးကို လော့ချလိုက်တယ်။ ကျွန်တော့်ကို စကားပြောဖို့ အခွင့်အရေးလေးတောင် မပေးပါဘူး။ ဘယ်လောက်ပဲ သနားစရာကောင်းအောင် သရုပ်ဆောင်ဆောင် မထူးခြားပါ။ ညီမလေးရဲ့ကျွန်တော့်အပေါ် ထားတဲ့နောက်ဆုံးအကောင်းမြင်စိတ်လက်ကျန်လေးက ပျောက်ကွယ်သွားပါပြီ။

ဒါတွေ... အားလုံးက

“အဲဒီ စုန်းမကြောင့်”

ဆယ်ဟီးအခန်းရှေ့မှာ ကျွန်တော် တောင်းပန်နေပါတယ်။ ကျွန်တော့်အမေက ကျွန်တော့်ကို လာနိုးတာတောင် ဆယ်ဟီးအခန်းရှေ့မှာ ဘယ်လိုလုပ် အိပ်ပျော်မိမှန်း နားမလည်သေးပါဘူး။ ခန္ဓာကိုယ်ကို မလှုပ်ရှားရတာ ကြာတော့။ နာလိုက်တာ...

ကျွန်တော် ခန္ဓာကိုယ်ကို ရေခဲအုပ်လိုက်ပြီးနောက် နောက်တကြိမ် အိပ်ပျော်သွားပါတယ်။ နောက်နေ့မနက်မှာ....

“ဝါး...”

ကျွန်တော် နိုးတဲ့အချိန်မှာ မနက် ၁၁ နာရီထိုးနေပြီ။ မိဘတွေက ညနေအထိ အလုပ်ဆင်းရပြီး ဆယ်ဟီးကတော့ ကျောင်းသွားတာ သုံးနာရီကြာပါပြီ။

“ငါ ခြောက်နာရီပဲ အိပ်ရသေးတယ်။ ဝီရိယရှိတာကြောင့် ကောင်းကောင်းအိပ်မပျော်ဘူး။ ဘုရားသခင်က ငါ့ကို ဘာလို့ ဒီလောက် ဝီရိယရှိအောင် ဖန်ဆင်းပေးလိုက်တာလဲ”

ကျွန်တော် မေးစေ့ကုတ်လိုက်ပြီး အောက်ခံဘောင်းဘီလေးနဲ့ မီးဖိုချောင်ဆီ သွားလိုက်တယ်။ ဗိုက်ဆာနေချိန်မှာ ချက်ပြုတ်ရမှာက အတော့်ကို စိတ်အနှောင့်မယှက်ဖြစ်ပါတယ်။

“ထားလိုက်တော့”

အစာအိမ်က အချက်ပြနေတာတွေကိုမေ့လိုက်ပြီး ဧည့်ခန်းကို သွားလိုက်တယ်။ ပြီးတော့ ဆိုဖာပေါ်ထိုင်ပြီး တီဗီဖွင့်တာပေါ့။ ချယ်နယ်က Satisfy နဲ့သက်ဆိုင်တဲ့ ချယ်နယ်တစ်ခုပါ။

Satisfy က အိမ်ရှင်မတွေအတွက် လွှင့်ပေးတဲ့ချယ်နယ်ကိုတောင် လွှမ်းမိုးထားပါတယ်။ ပရိုဂရမ်ခေါင်းစဉ်က ‘Satisfy မှာ ကောင်လေးငယ်ငယ်လေးတွေနဲ့ နှုတ်ဆက်နည်းတဲ့’ ဒါက Satisfy မှာ ကိုယ့်ဇာတ်ကောင်ကို တတ်နိုင်သမျှ အသက်ငယ်ပြီး လှပအောင် ပြုလုပ်ပုံကို မျှဝေပေးနေတဲ့ပရိုဂရမ်ပါ။

‘ပီဒီ ချန်းဂျန်...’

ကြည့်ရှုသူအရေအတွက်ကတော့ အတော်လေးကို မြင့်နေတယ်။ ကျွန်တော်က သူ့မိန်းမကနေ ဖုန်းဆက်ပြီး ရစ်မှာကို ခံရတော့မဲ့လူကို ကြည့်နေရမဲ့အစား ချယ်နယ်ကျော်လိုက်တယ်။ ‘Satisfy တွင် လက်တလောရေပန်းစားနေသောအရာများ’ ဆိုတဲ့ပရိုဂရမ်မှာ ရပ်လိုက်တယ်။

ချစ်စရာကောင်းတဲ့သတင်းထောက်မလေးက ကျွန်တော့်အရွယ် အာရှလူငယ်လေးကို မိတ်ဆက်နေတာပါ။ ကင်မရာကို လူငယ်လေးရဲ့မျက်နှာကို ရိုက်ပြထားပါတယ်။ စကရင်ရဲ့အောက်မှာတော့ ID ‘ကပ်စ်’ အဆင့် ၂၀၃ တဲ့။ စာတန်းထိုး ပြထားတာပါ။

“ကပ်စ်က အဆင့် ၂၀၀ ကျော်သွားပြီပေါ့”

ကပ်စ်က နာမည်ကြီးတစ်ယောက်ပါ။ သူကမောက်မာမှုကြောင့် နာမည်ဆိုးနဲ့ ကြီးပေမဲ့ စစ်သည်အဆင့်ဇယားမှာ ထိပ်တန်းကစားသမားလေ။ အရင်သုံးလတုန်းက အဆင့် ၁၇၀ ဆိုပေမဲ့ အခု ၂၀၃ တောင်ဖြစ်နေပြီ။ ဒီအဆင့်နဲ့ဆို အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်းစာရင်းဝင်ပြီပေါ့။

‘သုံးလကို အဆင့် ၃၀ တောင်တက်သွားတယ်။ သူဘယ်လိုများတင်လိုက်တာလဲ’

စကရင်ပေါ်က သတင်းထောက်ဟာ ကျွန်တော် သိချင်နေတဲ့မေးခွန်းကို မေးလိုက်တယ်။

ကပ်စ်... ရှင်က ဒီရက်ပိုင်း Satisfy မှာ နာမည်ကြီးနေတယ်နော်။ ကျွန်မတို့ရဲ့ ပရိုဂျူဆာတွေကလည်း တော်တော်အံ့အားသင့်နေပါတယ်။ သုံးလအတွင်းမှာ ရှင်က ကမ္ဘာ့အဆင့် ၅၃ ထိခုန်တက်သွားတယ်နော်။ ဒီလောက်အချိန်တိုတိုအတွင်း တိုးတက်လာရတဲ့ လျှို့ဝှက်ချက်က ဘာများဖြစ်မလဲရှင့်။

ကပ်စ်က ဆံပင်ကိုသပ်လိုက်ပြီး အပြုံးလေးနဲ့ ပြောလိုက်တယ်။

အရင်သုံးလက မော်ကွန်းအမျိုးအစား ဇာတ်ကောင်ရခဲ့တယ်။ ဒီနေ့ အင်တာဗျူးကို လက်ခံတာကလည်း ကျွန်တော့်ဇာတ်ကောင်အကြောင်း လူသိရှင်ကြားချပြချင်လို့ပါ။

တကယ်ပြောနေတာပါနော်....

သတင်းထောက်လည်း ထိတ်လန့်သွားသလို ကျွန်တော်လည်း မေးစေ့ကုတ်နေတာကို ရပ်လိုက်တယ်။ မော်ကွန်းဇာတ်ကောင်အသစ်အကြောင်းသတင်းဟာ ကြီးမားလွန်းလို့ သတင်းထောက်လို အတွေ့အကြုံများတဲ့လူတောင် တခဏကြောင်အသွားပါတယ်။ အရင်နှစ်တွေတုန်းက Satisfy မှာ မော်ကွန်းဇာတ်ကောင်က နှစ်ခုပဲ ပေါ်သေးတာ။ အဲဒီဇာတ်ကောင်တွေရဲ့ တန်ဖိုးကို တွေးကြည့်လိုက်ပါတော့။ အခု ကပ်စ်က သူ့ဆီမှည မော်ကွန်းအမျိုးအစားရှိတယ်ဆိုတော့ ဒါက မော်ကွန်းဇာတ်ကောင်အသစ်လေ။ သတင်းကြီးပေါ့။

‘သုံးခုမြောက်မော်ကွန်းဇာတ်ကောင်...’

အရင်ပေါ်ခဲ့တဲ့ မော်ကွန်းဇာတ်ကောင်တွေနဲ့ပတ်သတ်ပြီး ဘာအချက်အလက်မှ ရေရေရာရာမရှိပါဘူး။ ပထမဆုံးမော်ကွန်းအမျိုးအစားသတင်းအချက်အလက်ကတော့ အရောင်းအဝယ်ဝက်ဆိုက်မှာ လျှို့လျှို့ဝှက်ဝှက် ပေါ်လာခဲ့ပေမဲ့ ပိုင်ရှင်ဘယ်သူဆိုတာတော့ ဘယ်သူမှ မသိကြပါ။

ဒုတိယမော်ကွန်းဇာတ်ကောင်ကိုတော့ အားနယူးစ်ဆိုတဲ့လူကပိုင်တာပါ။ သူကကမ္ဘာ့အဆင့် ခုနှစ်။ ဒါမဲ့ သူ ဘာအမျိုးအစား မော်ကွန်းဇာတ်ကောင် ပိုင်ထားလဲဆိုတာတော့ မသိပါဘူး။

ဒီလိုဖြစ်ရတာကလည်း ကစားသမားအများစု အထူးသဖြင့် အဆင့်ရှိကစားသမား တွေပေါ့။ သူတို့တွေရဲ့ သတင်းအချက်အလက်တွေကို ဖုံးကွယ်ထားကြပါတယ်။ သတင်းအချက်အလက်တွေကလည်း စွမ်းအားတစ်ခုပဲလေ။

Satisfy မှာက ပြိုင်ဆိုင်မှုတော်တော်ပြင်းထန်ပါတယ်။ တော်တော်ကြီးတဲ့ ဝက်ဆိုက်တွေမှာ သတင်းအချက်အလက်တွေကို စည်းကမ်းတွေနဲ့ ကန့်သတ်ထားတယ်။ ကစားသမားတွေကလည်း သူတို့ရဲ့စွမ်းရည်တွေကို ဝှက်ဖဲအဖြစ်ထားကြမှာပဲ။ ကျွန်တော်ရောပေါ့။

ဒါပေမဲ့ ကပ်စ်ကသူ့ရဲ့ဇာတ်ကောင်အမျိုးအစားကို လူသိရှင်ကြားပြောတော့မယ်ဆိုတော့ သူက နာမည်ကြီးရတာကို စွဲလမ်းနေတာလား။

ဘာကြောင့်ပဲ ဖြစ်ဖြစ် အခုအချိန်မှာ ဒီချယ်နယ်က လူကြည့်အများဆုံးဖြစ်နေပြီ။ ကြည့်ရတာ ကြည့်ရှုသူစံချိန်က ထပ်ပြီး အပြောင်းအလဲဖြစ်အုံးမယ် ထင်တယ်။

ကျွန်တော်လည်း တီဗီကို အာရုံစိုက်ကြည့်နေတယ်။ သတင်းထောက်ရဲ့မျက်လုံးတွေကလည်း စိတ်လှုပ်ရှားမှုကြောင့် အရောင်လဲ့နေတာပေါ့။

ဒါဆိုရင် ရှင့်အမျိုးအစားက

ဟုတ်ကဲ့ပါ။ ကျွန်တော့်ရဲ့ မော်ကွန်းဇာတ်ကောင်က သွေးစစ်သည်တော်ပါ။

အိုး၊ နာမည်ကတော့ ကြောက်စရာကောင်းလိုက်တာ။ ဘာအထူးစွမ်းရည်တွေ ပါလဲဆိုတာ ပြောပြပေးပါအုံး။

ဒီဟာက ကြောက်စရာမကောင်းပါဘူး။ ကြောက်ရမဲ့အစား သိပ်ကိုလှပလွန်းပါတယ်။ ဒီဟာက မော်ကွန်းအမျိုးအစားနဲ့ ထိုက်တန်တယ်။ ကပ်စ်ကို ကြည့်ရတာ ဒီဇာတ်ကောင်ကို အတော်လေးသဘောကျနေပုံပဲ။

နာမည်က ဒီလောက်ကြီးမလှပေမဲ့ အသုံးဝင်ပါတယ်။ ဒီဟာရဲ့ အဓိကစွမ်းရည်ကို ပြောပြမယ်...

ကပ်စ်ဟာ ဓားကို ဆွဲထုတ်လိုက်ပြီး ဟန်ပါပါနဲ့ယမ်းပြလိုက်တယ်။ ဓားက သွေးအော်ရာတွေဖြာထွက်နေတာပေါ့။ ဒီဓားကိုသာ ကျွန်တော်ယူနိုင်ခဲ့ရင် အကြွေးတွေကြေပြီ။

ကြည့်ဦး။ ကပ်စ်ရဲ့ မျက်လုံးတွေနီလာပြီ။ အဲဒီအချိန်မှာ သူ့လက်က ဓားက လွှတ်တဲ့စွမ်းအားကြောင့် လေဟာနယ်တောင် ပုံပျက်လာပါတယ်။

All Chapters