← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အပိုင်း (၁၅) ဒဏ္ဍာရီဇာတ်လမ်းစပြီ

အမည် : ဂရစ်

အဆင့် : -3 (15/20)

အလုပ်အကိုင် : ပက်မာ၏ မျိုးဆက်

* အိုင်တမ် များပြုလုပ်သည့်အချိန်တွင် စိတ်ကြိုက်စွမ်းရည်များ ထည့်သွင်းရန် ဖြစ်နိုင်ခြေတိုးလာသည်။

* အိုင်တမ်အဆင့်မြှင့်လျှင် အောင်မြင်နိုင်သည့်အလားအလာ တိုးလာသည်။

* အိုင်တမ်အားလုံးကို ခြွင်းချက်မရှိ အသုံးပြုနိုင်သည်။ အိုင်တမ်အဆင့်ပေါ်မူတည်၍ ပြစ်ဒဏ်ရှိသည်။

ခေါင်းစဉ်- ဒဏ္ဍာရီလာ ဖြစ်လာမည့်လူ

* သင့်အပေါ် မကောင်းသည့်သက်ရောက်မှုများ ကောင်းစွာအလုပ်မလုပ်ပါ။

* အသက်အမှတ်အနည်းဆုံးရောက်ပါက ခဏတာ အင်မော်တယ်ပုံစံသို့ ရောက်ရှိမည်။

* လွယ်လွယ်ကူကူ အသိအမှတ်ပြုခြင်း ခံရမည်။

အသက်- 34/34 မှော်စွမ်းအင်- 3/3

ခွန်အား- 1 + 5 သက်လုံ- 1 လှုပ်ရှားနှုန်း- 1 ဉာဏ်ရည်- 1

ကျွမ်းကျင်မှု- 1 ဇွဲလုံ့လ- 4

တည်ငြိမ်သော- 1 အနိုင်မခံ အရှုံးမပေး- 1 ဂုဏ်သိက္ခာ-1 ထိုးထွင်းသိမြင်မှု- 1

အညွှန်းကိန်းအမှတ်များ- 0

အလေးချိန်- 3,075/200

* အလေးချိန်ကန့်သတ်ချက်ထက် နှစ်ရာရာခိုင်နှုန်း ကျော်လွန်နေသဖြင့် လှုပ်ရှားနှုန်းအား 100% လျှော့ချလိုက်သည်။

ခန္ဓာကိုယ် လေးလံနေသဖြင့် မည်သည့်စွမ်းရည်ကိုမဆို အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း မရှိပါ။

‘အားနည်းနေခြင်း’ အခြေအနေ ဖြစ်ပေါ်လာရန် ဖြစ်နိုင်ခြေ အလွန်မြင့်မားသည်။

‘ဒီနှေးနေတဲ့ ခြေလှမ်းတွေနဲ့ဆိုရင် တောင်ပေါ်ရောက်ဖို့ အချိန်အတော်ကြာကြာ ယူရလိမ့်မယ်’

တတ်နိုင်သမျှ အမြန်ဆုံးသွားနေပေမဲ့လည်း ကျွန်တော့်ခြေလှမ်းတွေက အရမ်းကို နှေးနေခဲ့တယ်။ ကျွန်တော် အိုင်တမ်တွေ အားလုံးကို ဂိုဒေါင်မှာ ထားချင်ခဲ့တာပေါ့။ ဒါပေမဲ့ အလကားရတဲ့အရာ ဘာမှမရှိဘူးလေ။ ဂိုဒေါင်ကို သုံးချင်ရင် သတ်မှတ်ထားတဲ့ ငွေပမာဏပေးရမှာပေါ့။

‘ရထားလုံးကို ဌားဖို့အတွက် ပိုက်ဆံစုနေချိန်မှာ ဂိုဒေါင်အတွက် ပိုက်ဆံအပို အကုန်မခံနိုင်ဘူးလေ’

ပိုက်ဆံက ပိုက်ဆံပေါ့၊ ဒါပေမဲ့ ဒီနှေးနေတဲ့ ခြေလှမ်းက ဇွဲလုံ့လအညွှန်းကိန်းကို တခုခုသက်ရာက်မယ်လို့ မျှော်လင့်ရတာပဲပေါ့။

“ကောင်းပြီလေ၊ ဆက်သွားဖို့ အချိန်ရောက်ပြီ”

ကျွန်တော် တောင်ဆီကို နှေးကွေးနေတဲ့ ခြေလှမ်းနဲ့ပဲ ဉီးတည်ခဲ့ပါတယ်။ ပန်းပဲဖိုနဲ့ တောင်က သိပ်မဝေးဘူး။ အရွယ်ရောက်ပြီးတဲ့လူတယောက် ပုံမှန်နှုန်းနဲ့လျှောက်ရင်တောင် မိနစ်သုံးဆယ်လောက်ပဲ ကြာပါတယ်။ ဒါပေမဲ့ အမြန်နှုန်းက တစ်ရာရာခိုင်နှုန်းတောင် အလျော့ခံထားရတာ ဆိုတော့ဗျာ။ တောင်ခြေ ရောက်ဖို့တောင် တစ်နာရီလောက်ကြာအောင် သွားရမယ်ထင်တယ်။

“ဖူး”

သူများတွေ ထက်တောင် လျှောက်တာ နှေးနေပေမဲ့ ကျွန်တော် မောပန်းနေခဲ့ပါပြီ။ ခရုနဲ့ လိပ်တွေက သူတို့ရဲ့ရွေ့လျားနှုန်းနဲ့ အသက်ဆက်ရှင်နိုင်တာက တော်တော်အံ့ဩစရာကောင်းနေပြီပဲ။ သုံးနာရီအကြာမှာတော့...

“ပက် ပက်…”

ကျွန်တော် တောင်တဝက်ကိုပဲ တက်နိုင်ခဲ့ပါတယ်။ တောင်တက်လမ်းက ကောင်းကောင်းဖောက်ထားပြီး ဆင်ခြေလျှောက မမတ်စောက်ပါဘူး။ ဒါပေမဲ့ ကျွန်တော် လမ်းအဆုံးကိုရောက်ဖို့ တော်တော်ကြာပါတယ်။ မှောင်စပျိုးခဲ့ပြီလေ။

“နောက်ထပ် ဝေးဝေးလောက် ရောက်ဖို့လိုတယ်”

မိုင်းတွင်း အဝင်ပေါက်က အလင်းရောင်ကိုတောင် မြင်နေရပါပြီ၊ ဒါပေမဲ့လည်း ရောက်ဖို့က မလွယ်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ သနားစရာကောင်းတဲ့ သက်လုံက အစောကြီးကတည်းက ကုန်ခန်းသွားခဲ့ပြီ။

“ချီး…”

ကျွန်တော်ရဲ့ ခရီးပန်းတိုင်ကို သွားဖို့မနှောင့်နှေးချင်ပါဘူး။

ကျွန်တော့်ရဲ့ အနားယူချင်စိတ်ကို မြိုသိပ်ပြီး ဆက်ရွေ့ဖို့အတွက် ရုန်းကန်နေခဲ့ပါတယ်။ တစ်လှမ်း၊ နောက်တလှမ်း၊ ခြေလှမ်းတိုင်းက လေးလံလွန်းပါတယ်။ ဒီဟာက ရေနက်နက်မှာ အနွေးအင်္ကျီထူထူနဲ့ လမ်းလျှောက်နေသလိုပါပဲ။ ဒါပေမဲ့ ကျွန်တော် ဆက်လျှောက်နေခဲ့ပါတယ်။

မိုင်းတွင်းကို ရောက်သွားတဲ့အချိန်မှာပဲ။

[ဇွဲလုံ့လ မြင့်တက်သွားသည်။]

“ငါထင်ထားတဲ့ အတိုင်းပဲ”

တက်လာတဲ့ အညွှန်းကိန်းကိုကြည့်ပြီးတော့ ကျွန်တော်ရယ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်ဝိညာဉ်တခုလုံးချက်ချင်းပဲ အားအင်တွေနဲ့ ပြည့်လာသလို ခံစားလိုက်ရတယ်။ ဒီအညွှန်းကိန်းလို အဆင့်နဲ့ မြှင့်လို့မရဘဲ တိကျသေချာတဲ့ လုပ်ဆောင်မှုနဲ့မှ တိုးတက်လာတဲ့ အညွှန်းကိန်းကို အောင်မြင်သွားလို့ ဖြစ်လာတဲ့ စိတ်ကျေနပ်မှုက မူးယစ်ဆေးသုံးနေရသလိုပါပဲ။ ကြည့်ရတာတော့ ဒီအညွှန်းကိန်းတွေကို သေသွားတဲ့အထိ မရပ်မနားနဲ့ကို တင်နေတော့မယ် ထင်တယ်။

မိုင်းတွင်းကို ရောက်သွားတော့ ပျော်ရွှင်မှုနဲ့ တိုက်ရိုက် ထိုင်ချလိုက်ပါတယ်။ ခဏလောက်အနားယူပြီး ပေါင်မုန့်စား ရေသောက်လိုက်တော့ သက်လုံက ဖြည်းညင်းစွာနဲ့ပဲ ပြန်တက်လာပါတယ်။

“ငါစသင့်ပြီ မလား။ သုံးသပ်မယ်”

ကျွန်တော် လုံလုံလောက်လောက်အနားယူပြီးတာနဲ့ ပေါက်ချွန်းကို ထုတ်ယူလိုက်ပြီးတော့ ဒဏ္ဍာရီလာပန်းပဲဆယာတန်ဖိုးဖြတ်ခြင်းစွမ်းရည်ကို အသုံးပြုလိုက်ပါတယ်။

[စမစ်၏ ပေါက်ချွန်း]

အဆင့်- ပုံမှန်

ခံနိုင်ရည်- 19/19 တိုက်ခိုက်စွမ်းရည်- 7~9

ပန်းပဲဆရာစမစ်အသုံးပြုသော ပေါက်ချွန်းဖြစ်သည်။ စမစ်သည် ဤပေါက်ချွန်းအား လေ့ကျင့်ရာတွင် အသုံးပြု၏။

အားကောင်းသော ခံနိုင်ရည်ကြောင့် စမစ်သည်တနေ့တွင် ဤပေါက်ချွန်းကို သုံး၍ တစ်ရာ့နှစ်ဆယ်သံရိုင်းများကို စုဆောင်းနိုင်သည်။ ထိုနေ့မှစ၍ စမစ်အား ရွာမှမိုင်းသမားများက အသိအမှတ်ပြုကြသည်။

အလေးချိန်- 40

[ဖုံးကွယ်ထားသော တာဝန်မရှိပါ]

[သင်သည် စမစ်ပေါက်ချွန်းပြုလုပ်ရာတွင် သုံးသောသတ္တု၊ ထုတ်လုပ်သည့် နည်းလမ်းနှင့် တီထွင်သူ၏ ရည်ရွယ်ချက်ကို ဖမ်းဆုပ်မိသည်]

[ယခုစမစ်ပေါက်ချွန်းကို တစ်ရာရာခိုင်နှုန်း နားလည်သွားသည်။ သင် စမစ်ပေါက်ချွန်းကို ပြည့်စုံစွာ အသုံးပြုနိုင်သည်]

[ပေါက်ချွန်းပြုလုပ်သည့် နည်းစနစ်ကို တတ်မြောက်ခဲ့သည်]

ကျွန်တော် ပေါက်ချွန်းရဲ့ အညွှန်းတွေကို ဖတ်မိပြီး အားတက်သွားပါတယ်။

‘ဒီလူအို-အိုကြီးက တနေ့ကို သံရိုင်းတရာ့နှစ်ဆယ်တောင် တူးနိုင်တယ်တဲ့လား’

ကျွန်တော်က သံရိုင်းရှစ်ဆယ်ပဲတူးဖို့ တာဝန်ရခဲ့တာပါ။ အချိန်အကန့်အသတ်လည်းမထားပါဘူး။ ဟုတ်ပါတယ်၊ သံရိုင်းရှစ်ဆယ်တူးဖို့ကို ရက်အနည်းငယ်လောက်အချိန်ယူရမှာပါ။ ဒါပေမဲ့ စမစ်က သံရိုင်းတစ်ရာ့နှစ်ဆယ်တောင် တနေ့ထဲနဲ့ တူးနိုင်တာကို သိလိုက်တော့ အနားမယူနိုင်တော့ပါဘူး။

‘တနေ့ထဲနဲ့ သံရိုင်းနှစ်ရာတူးပြီး လူအိုကြီးငါ့ကို အသိအမှတ်ပြုအောင် လုပ်ရမယ်’

ကျွန်တော် ပေါက်ချွန်းကို ကိုင်ပြီးမိုင်းတွင်းကို လှည့်ပတ်ကြည့်လိုက်တော့ နံရံပေါ်မှာ အနီရောင်အစက်လေးတွေ လင်းလာပါတယ်။

‘ဒီအစက်တွေကို ထိအောင်ရိုက်သင့်တယ်’

ကျွန်တော် အနီရောင်အစက်ကို ရိုက်လိုက်တဲ့အချိန်မှာ နားနေတဲ့ မိုင်းအလုပ်သမားတွေက ကျွန်တော့်ကို လေ့လာနေပါတယ်။

“ဟေး အသစ်လေး၊ မင်းလက်မှာဘာလို့ ပေါက်ချွန်းကိုင်ထားတာလဲ။ မိုင်းတူးမလို့ ကြိုးစားကြည့်နေတာလား”

“ဟုတ်တယ်”

“ဘာ၊ ဖူးဟက်ဟက်ဟက်”

မိုင်းအလုပ်သမားတွေက ရယ်မောနေခဲ့ပါတယ်။ သူတို့ထဲက တချို့ဆို မျက်လုံးကမျက်ရည်တွေတောင် ကြမ်းပြင်ပေါ်ကျသွားပါတယ်။ လူနောက်တယောက်က လှောင်ပြီး ပြောလိုက်တယ်။

“မလုပ်ပါနဲ့ကွာ၊ မင်းလို အသစ်လေးက တနေကုန်လွှဲနေတာတောင် သံရိုင်းတတုံးတောင် ရမှာမဟုတ်ဘူး”

တခြားသူတွေက သဘောတူဟန်နဲ့ ခေါင်းငြိမ့်နေကြတယ်။

“မင်းလက်ကောက်ဝတ်ကို မချိုးခဲ့မိရင် ပျော်ရွှင်သင့်တာပေါ့”

“အသစ်လေး ငါတို့ပြောနေရတာက မင်းကိုစိုးရိမ်လို့ပါ၊ ဒါကြောင့် ခုအိမ်ပဲပြန်လိုက်တော့နော်”

‘ဟုတ်တယ်၊ အားရအောင် ရယ်ထားကြ’

ကျွန်တော်သူတို့ကို ဘာမှမတုံ့ပြန်ပါဘူး။ ကျွန်တော့်ရဲ့ အပြုအမူနဲ့ သူတို့ကို အဖြေပြန်ပေးလိုက်တယ်။

ခွမ်...ခွမ်...

[သံရိုင်းအား ရရှိခဲ့သည်]

ကျွန်တော် အနီရောင်အစက်လေးကို သုံးလေးကြိမ်လောက် ရိုက်လိုက်တော့ သံရိုင်းတုံးပေါ်လာပါတယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မိုင်းအလုပ်သမားတွေလည်း မယုံကြည်နိုင်အောင် အံ့အားသင့်သွားပါတယ်။

“အာ၊ မဖြစ်နိုင်ဘူး။ သူက ဘာလို့ ဒီလောက် လွယ်လွယ်ကူကူနဲ့ လုပ်နိုင်သွားရတာလဲ...”

“ဟေး၊ ဒါကတိုက်ဆိုင်တာပဲ ဖြစ်မှာပါ”

ခွမ်...ခွမ်....

[သံရိုင်းတုံး ရရှိခဲ့သည်]

“ဝိုင်း...”

“ဒီငနဲက ဘာလဲ။ ပုံကြည့်တော့ ညံ့သလိုလိုနဲ့ ဘာလို့များတော်နေရတာလဲ”

“အရူးတွေ။ ဒါက သူ့ကိုယ်ပိုင် အရည်အချင်းမဟုတ်ဘူးဟ။ ပေါက်ချွန်းက အထူးပေါက်ချွန်းဖြစ်နေလို့”

မိုင်းအလုပ်သမားတွေလဲ ကျွန်တော့်ကို အကဲခတ်နေရင်း တယောက်တပေါက်နဲ့ ထင်ရာမြင်ရာတွေ ပြောနေကြပါတယ်။

“အဲဒီပေါက်ချွန်းနဲ့ ငါရောစမ်းတူးကြည့်လို့ရမလား”

ငါ့စွမ်းရည်အကြောင်းမသိလို့ အိုင်တမ်ရဲ့စွမ်းရည်ကိုသုံးပြီး မိုင်းတူးနေတာလို့ ထင်နေကြတာထင်တယ်။ ငါ့ပေါက်ချွန်းက ပုံမှန်ပဲဆိုတာသိသွားရင် ဖြစ်သွားမဲ့ သူတို့ရဲ့အမူအရာတွေကို မြင်ချင်လိုက်တာ။ ဒါကြောင့်ပဲ ကျွန်တော်မိုင်းအလုပ်သမားတယောက်ကို ပေါက်ချွန်းကမ်းလိုက်တယ်။

“သေသေချာချာကြည့်ထားကြ။ ဒီပေါက်ချွန်းက ပုံမှန်မဟုတ်တာကို ငါသက်သေပြမယ်” မိုင်းအလုပ်သမားက ကြေဌာလိုက်ပြီး ယုံကြည်မှုရှိရှိနဲ့ ပေါက်ချွန်းကို လွှဲလိုက်ပါတယ်။

ခ-ခွမ်..ခ-ခ-ခွမ်...ခွမ်..ခ-ခ-ခ-ခွမ်..ခွမ်...

“ဒါကရိုးရိုးပေါက်ချွန်းပဲဟ…”

မိုင်းအလုပ်သမားလည်း ကိုးရို့ကားယားနဲ့ပြောလိုက်ပြီး ပေါက်ချွန်းကို ထပ်ကာထပ်ကာလွှဲပြီးတူးတာတောင် သံရိုင်းတတုံးပဲ ရပါတယ်။ ဒါကိုမြင်လိုက်တဲ့ မိုင်းအလုပ်သမားတွေလည်း စိတ်လှုပ်ရှားသွားကြတာပေါ့။

“ဒါဆိုရင် သူကမိုင်းတူးတာ တော်တာပေါ့...”

“လူတွေကို အမြင်နဲ့မဆုံးဖြတ်သင့်ဘူး။ အခုတော့ အလုပ်ဆင်းဖို့ အချိန်ကျပြီ။ တောင်အောက်ဆင်းစို့”

မိုင်းအလုပ်သမားတွေလည်း ကျွန်တော့်ကိုလျစ်လျူရှုလိုက်ပြီး မိုင်းတွင်းကနေ ထွက်ခွာသွားပါတယ်။ သူတို့တတွေ သူတို့အမှားကို နားလည်သွားပုံမရပါဘူး။ တကယ်ဆိုရင် ကျွန်တော့်စွမ်းရည်တွေကို အသိအမှတ်ပြုသွားရမှာလေ။

ငါသတ်မှတ်ထားတဲ့ ပမာဏရအောင် စတူးသင့်ပြီ။

[သံရိုင်းအား ရရှိခဲ့သည်]

“တကယ်ကို လွယ်လွယ်လေးပဲ”

တစ်ရာရာခိုင်နှုန်းနားလည်ခြင်းက ကျွန်တော့်ရဲ့ ပေါက်ချွန်းလွှဲတဲ့ ကိုယ်နေဟန်ထားကို အမှန်ပြင်ပေးပါတယ်။ ကျွန်တော် အနီစက်လေးတွေကို ထိဖို့အတွက် အမှားကင်းတဲ့ ကိုယ်နေဟန်ထားကို ပြင်ဆင်ပေးခြင်းပါ။ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် သံရိုင်း နှစ်ရာသုံးရာလောက် စုနိုင်မယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ ဒီယုံကြည်ချက်ရှိတာက ခဏလေးပဲကြာလိုက်ပါတယ်။ မောပန်းလာလို့ပါ။ နံရံကို တူးရတာက သစ်လုံးကို ခွဲရတာထက် ပိုပြီးသက်လုံမြန်မြန်ကျစေတယ်လေ။

“အစွမ်းကုန်လုပ်ရမယ်…”

သံရိုင်း နှစ်ဆယ့်ခြောက်ခုလောက်ရတော့ အသက်ရှူသံတွေ မြန်လာပါပြီ။ လက်ကောက်ဝတ်တွေနဲ့ လက်မောင်းတွေက ဆက်ခနဲ့တွန့်တွန့်သွားပါတယ်။ ကျွန်တော့်ရဲ့ အဆင့်မိုင်းနက်စ်သုံး ခန္ဓာကိုယ်က အနားယူဖို့အော်ဟစ်နေပါပြီ။ ဒါပေမဲ့ ကျွန်တော် အနားယူလို့မရဘူးလေ။ အနားယူဖို့ စိတ်ဆန္ဒထက် အဆင့် မြန်မြန်တက်ချင်ဇောက လွှမ်းမိုးသွားတဲ့အချိန်မှာ မိုင်းကိုဆက်တူးနိုင်ခဲ့ပါတယ်။

အသက်ရှူတာကို ထိန်းညှိလိုက်ပြီး မတ်မတ်ရပ်ကာ ပေါက်ချွန်းကို ဆက်လွှဲလိုက်ပြန်ပါတယ်။

ခခခခွမ်..ခွမ်

“အက်…”

လေးဆယ့်တစ်တုံးထိ တူးပြီးတဲ့အချိန်မှာတော့ လက်ကောက်ဝတ်နဲ့ ခါးက အာရုံခံစားမှုက စတင်ပြီးပျောက်ကွယ်လို့လာပါတယ်။ ချွေးတွေက မိုးရွာသလို ခန္ဓာကိုယ်ကနေ ကြမ်းပြင်ပေါ်ကို ကျနေပါတယ်။ လွှဲလိုက်တိုင်း ခြေထောက်တွေက အားနည်းလို့လာနေပါပြီ။ ခေါင်းမော့လိုက်တော့အခါမှာ ကျယ်ပြန့်တဲ့ အပြာရောင်မိုးကောင်းကင်အစား မွန်းကြပ်စေတဲ့ မျက်နှာကြက်ကိုပဲ မြင်နေရပါတယ်။

ကျွန်တော် အနားယူချင်နေပါပြီ။ ဒါပေမဲ့လည်း ပိုက်ဆံရဖို့အတွက် အိုင်တမ်ပြုလုပ်နည်းကို မြန်မြန်သင်ကြားချင်နေပါတယ်။ ပေါက်ချွန်းကို လွှဲလိုက်တိုင်း လက်တွေက တုန်ယင်နေခဲ့တယ်။

ခွမ်..ခွမ်..

“အာ၊ ငါတော့ သေတော့မှာပဲ”

ငါးဆယ့်ကိုးခု ရောက်ချိန်မှာတော့ အမြင်အာရုံက ပင်ပန်းမှုကြောင့် စတင်ပြီး မှုန်ဝါးဝါးဖြစ်လာခဲ့ပါပြီ။ ကျွန်တော့်ရဲ့ ကြွက်သားတွေကလည်း အော်ဟစ်နေကြပါတယ်။ တုန်ရင်နေတဲ့လက်တွေကလည်း ပေါက်ချွန်းကိုတင်းတင်းကျပ်ကျပ် မကိုင်နိုင်တော့ပါဘူး။ ဆာလောင်မှုကို ပေါင်မုန့်နဲ့ ရေကိုအသုံးပြုပြီး နှစ်သိမ့်ကာ အလုပ်ကိုပေပြီးလုပ်နေခဲ့ပါတယ်။

ဒါက ငါ့ရဲ့အကန့်အသတ်ပဲ။ အခုချက်ချင်းကို ပေါက်ချွန်းကို လက်နဲ့အဝေးကို လွှင့်ပစ်ချင်မိပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ပေါက်ချွန်းကို တင်းတင်းကြပ်ကြပ်ကိုင်ထားဆဲပါ။

“ငါဒီလောက်နဲ့ အရှုံးမပေးဘူးကွ။ ငါက အလုပ်ကြမ်းလုပ်တာပဲ။ အူးယား ...”

ခွမ်...ခွမ်...ခွမ်...

ဂိမ်းကြောင့်ပဲ အကြွးပုံထဲနစ်နေပြီး လက်တွေ့ဘဝမှာ အရှုံးသမားတယောက်ဖြစ်နေတာပါ။ တနေ့မှာတော့ အထက်တန်းကျောင်းက သူငယ်ချင်းတွေက လျစ်လျူရှုပြီး နောက်ကွယ်မှာ လှောင်ပြောင်သရော်တာကို ကြားခဲ့ရပါတယ်။ ပိုပြီး နာကြည်းစရာကောင်းတာက သတင်းတွေဖြန့်ပြီး ကျွန်တော့်ကို လူလှောင်စရာဖြစ်အောင်လုပ်နေတာက သူငယ်ချင်းဟောင်းတွေထဲက တယောက်ဖြစ်နေလို့ပါ။

တက္ကသိုလ်က သူငယ်ချင်းအုပ်စုတွေလား။ ကျွန်တော်က သူတို့နဲ့အတူမှ အချိန်အကြာကြီးမကုန်ဆုံးခဲ့တာ။ စစ်မှုထမ်းတုန်းက ပေါင်းခဲ့တဲ့ ဘော်ဒါတယောက်ကတော့ ကျွန်တော်နဲ့ အဆက်အသွယ်ရှိပါတယ်။ သူက အလုပ်ပေါင်းစုံလုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်တာလေ။ ကျွန်တော့်ကိုလည်း သူနဲ့တူတူလာလုပ်ဖို့ ခေါ်ပါသေးတယ်။ ဒါကြောင့်လည်း မိတ်ဆွေတုနဲ့ အစစ်ကွဲပြားအောင် မြင်နိုင်ခဲ့တာပေါ့။

ကျွန်တော့်ကို လှောင်ပြောင်နေတဲ့လူတွေနဲ့ စကားပြောပြီး အငြင်းအခုံမလုပ်ချင်ပါဘူး။

ပြီးတော့ ကျွန်တော်ဂိမ်းကို ဘယ်လောက်ရူးသွပ်ကြောင်း စကားဖောင်ဖွဲ့ပြောရင် သူတို့က ကျွန်တော့်ကို သနားစရာကောင်းတဲ့ ကောင်လို့ပြောနေတဲ့ အကြည့်တွေနဲ့ ကြည့်ကြပါတယ်။

ကျွန်တော် ဘယ်လောက်သနားစရာကောင်းလဲဆိုတာကို တွေးမိတော့ ရှက်သွားလို့ ဒုတိယအကြိမ် ကျောင်းသားဟောင်းတွေ့ဆုံပွဲကို မသွားခဲ့နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အချစ်ဉီးအားယောင်ကို တွေ့ဖို့ ဒါက တခုတည်းသော နည်းလမ်းဖြစ်နေတယ်လေ ဒါကြောင့်စစ်မှုထမ်းပြီးပြန်လာတုန်းက ကျောင်းသားဟောင်းတွေ့ဆုံပွဲကို တက်ခဲ့တာပေါ့....

ရလဒ်ကတော့ ကျေနပ်စရာမကောင်းပါဘူး။ ကျွန်တော်လည်း လက်တွေ့ဘဝက ရင်နာစရာတွေကို မေ့ဖျောက်ပြီး Satisfy်မှာ သက်သာရာရမှုကို ရှာဖွေခဲ့တာပေါ့။

ဒီကိစ္စတွေက အချိန်တော်တော်တော့ ကြာခဲ့ပါပြီ။ အခု Satisfy်ကလည်း လက်တွေ့ဘဝနဲ့ ဘာမှမကွာတော့ဘူးလေ။ NPC တွေကတောင် ကျွန်တော့်ကို လျစ်လျူရှုနေကြတယ်ဗျ။ လက်တွေ့ဘဝကလိုပေါ့။ ကျွန်တော် မြန်နိုင်သမျှမြန်မြန် တိုးတက်လာဖို့ လိုတယ်။ အဆင့် တက်လာမှပဲ ပိုက်ဆံအကြွးဆပ်နိုင်မှာ။ ပြီးတော့ နာမည်ရကစားသမားဖြစ်လာမယ်လေ။ မကြာတော့မဲ့နေ့တနေ့မှာ ကပ်စ်လိုပဲ တီဗီမှာ အင်တာဗျူးခံရမှာပေါ့။

ငါက ပက်မာရဲ့ဆက်ခံသူကွ။ မော်ကွန်းဇာတ်ကောင်တွေကတောင် ယူဆာနှစ်ဘီလီယံကို အံ့အားသင့်စေတာမဟုတ်လား။ ဒီဇာတ်ကောင်က ဒဏ္ဍာရီလာဇာတ်ကောင်ရှေ့မှာဆိုရင် ဘာမှမဟုတ်ဘူးကွ။

“ငါကမ္ဘာကြီးကို သက်သေပြမယ်”

ခွမ်......

[သံရိုင်းအား ရရှိခဲ့သည်]

“ငါအောင်မြင်ရမယ်”

အကြွေးတွေကြောင့် ကျွန်တော်နေ့တိုင်းအလုပ်ကြမ်း လုပ်ခဲ့ရပါတယ်။ ကျွန်တော့်ကို လျစ်လျူရှုခဲ့တဲ့လူတွေကို ပြောလိုက်မယ်။ ငါထပ်ပြီး အနိုင်ကျင့်မခံတော့ဘူး။ တနေ့ ငါအောင်မြင်သွားရင် မင်းတို့ငါ့ကိုတောင် လာဖားနေရမယ်။

ကျွန်တော် ပေါက်ချွန်းကို ထပ်လွှဲလိုက်ပါတယ်။ ဇွဲလုံ့လအညွှန်းကိန်းက ဖြည်းဖြည်းချင်းတက်လာနေပါတယ်။ ကျွန်တော် ပေါက်ချွန်းနဲ့ တူးလေလေ မိုင်းတူးပညာကို ကျင့်သားရလေလေပါ။ ခံနိုင်ရည်အမှတ်ကတော့ ကျနှုန်းနှေးသွားပါတယ်။ ကျွန်တော် မသိလိုက်ခင်မှာပဲ နေတောင် အရှေ့အရပ်ကနေ ထွက်ပေါ်လာပါပြီ။ အလုပ်လုပ်ဖို့ပြန်လာတဲ့ မိုင်းတူးသမားတွေကလည်း ကျွန်တော့်ကို အံ့အားသင့်စွာ ကြည့်နေပါတယ်။

“ဒီကောင်လေး တညလုံး အလုပ်လုပ်နေတာတော့ မဟုတ်ဘူးမလား”

“ပုံစံနဲ့ မတူအောင် သက်လုံတော်တော်ကောင်းတာပဲ မဟုတ်သေးဘူး စိတ်ဓာတ်ပြတ်သားတာ မဟုတ်လား ဘယ်လောက်တောင် အံ့ဩစရာကောင်းတဲ့ ကောင်လေးလည်း”

“အီးယား သံရိုင်းပမာဏကိုလည်း ကြည့်ကြအုံး သူစမစ်ရဲ့ စံချိန်ကို ချိုးဖောက်ချင်တာလား”

“အက်ရှ် သူက စမစ်ရဲ့ စံချိန်ကို ချိုးဖောက်ချင်နေတာလား သူလုပ်တာ ကောင်းတယ်လို့ ဝန်ခံပါတယ် ဒါပေမဲ့… အမ် ဟေး သူ့ရဲ့ မိုင်းတူးကျွမ်းကျင်မှုက ပိုပြီးကောင်းလာတယ်လို့ မထင်ကြဘူးလား”

ကျွန်တော် မိုင်းတူးတဲ့ရက်အတောအတွင်းမှာပဲ အပိုထိခိုက်မှု ပေးတဲ့အခြေအနေထဲရောက်သွားတော့ မိုင်းတူးတဲ့အချိန်ကို အနည်းဆုံးဖြစ်အောင် လျော့ပစ်နိုင်ခဲ့ပါတယ်။ အန္တရာယ်ရှိတဲ့ အခြေအနေတွေလည်း အတွေ့အကြုံရခဲ့ပြီး မိုင်းတူးနေရင်း သေမလိုဖြစ်တဲ့အချိန်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ သေရေးရှင်ရေး အခြေအနေကို ဖြတ်ကျော်နိုင်ခဲ့ပြီး နေ့လည်စာစားရမဲ့အချိန်မှာ သံရိုင်း ၁၇၀တောင် စုဆောင်းနိုင်ခဲ့ပါတယ်။

ငါ့ရဲ့ပန်းတိုင်က ၂၀၀ဆိုပေမဲ့လို့ ရေဓာတ်ကုန်သွားရင် ငါ ဆက်ပြီး အလုပ်လုပ်လို့ရနိုင်မှာမဟုတ်ဘူး။

မိုင်းအလုပ်သမားတွေဟာ ကျွန်တော်မိုင်းတွင်းကနေ အားတစက်လေးတောင်မကျန်ဘဲ ဒယီးဒယိုင်သွားနေတာကို ကြည့်ရှုနေခဲ့ပါတယ်။

“ဒီလူက ထူးချွန်လိုက်တာ... ဒါကိုတော့ ငါဝန်ခံရမယ် ကျွန်တော် မနေ့က ခင်ဗျားကို ပြောခဲ့တာတွေနဲ့ လျစ်လျူရှုခဲ့မိတဲ့အတွက် တောင်းပန်ပါတယ် ရိုင်းပြမှုကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးနိုင်မလား”

“မင်းက တကယ့်ကို ထူးခြားကောင်းမွန်တဲ့ မိုင်းအလုပ်သမားကောင်းတယောက်ပဲ မဟုတ်သေးပါဘူး ဒီလောက်ခိုင်မာတဲ့စိတ်နဲ့ဆိုရင် မင်းကဘယ်အရာကိုလုပ်လုပ် အောင်မြင်မှာ အသေအချာပဲ”

မနေ့က ကျွန်တော့်ကို လျစ်လျူရှုခဲ့တဲ့ မိုင်းအလုပ်သမားတွေက အခုတော့ အသိအမှတ်ပြုခဲ့ပါပြီ။ တစုံတယောက်ရဲ့ အသိအမှတ်ပြုမှုကို ခံရတာက ကျွန်တော့်ဘဝမှာ မရှိသလောက်ကို နည်းပါးပါတယ်။ ဒီလူတွေက NPC တွေဖြစ်နေပေမဲ့လည်း ကျွန်တော့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့အတွက် ဂုဏ်ယူမိပါတယ်။

ကျွန်တော် တောင်အောက်ကို ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့ ဆင်းခဲ့ပါတယ်။ ညဘက်အချိန်မှာတော့ ကျွန်တော့်ရဲ့ ဇွဲလုံ့လအညွှန်းကိန်းက ၁၆အမှတ်ထပ်တက်ခဲ့ပါတယ်။ ကျွန်တော်က တောင်အောက်ကို မောပန်းမှုမရှိဘဲ ဆင်းနိုင်ခဲ့တာဆိုတော့ သက်လုံကလည်း မြင့်တက်ခဲ့တာပေါ့။

ကျွန်တော် လေးလံတဲ့သံရိုင်းအိတ်ကြိးကို ပန်းပဲဖိုဆီသို့ တရွတ်တိုက်ဆွဲလာပါတယ်။ ရွာသားတွေရဲ့အကြည့်တွေက သိသိသာသာကို ပြောင်းသွားတယ်လို့ ခံစားနေရပါတယ်။ မိုင်းအလုပ်သမားတွေက ကျွန်တော့်အကြောင်းကို တရွာလုံးဆီ ဖြန့်ပြီးသွားပြီထင်တယ်။

“အာ မနေ့က ပြုမူခဲ့တာတွေအတွက် တောင်းပန်ပါတယ်နော် မိုင်းအလုပ်သမားကြီး”

မနေ့တုန်းက ကလေးရဲ့ ကျွန်တော့်အပေါ် သဘောထားက ၁၈၀ဒီဂရီကို ပြောင်းသွားပါတယ်။ သူကျွန်တော့်ကို တောင်းပန်နေတာကို သူ့အဖေကလည်း ပြုံးပြီးကြည့်နေခဲ့တယ်။

ကျွန်တော့်အဆင့်က မိုင်းနက်စ်ဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့လည်း မိုင်းအလုပ်သမားတွေနဲ့ လျစ်လျူရှုခဲ့တဲ့လူတွေက တနေ့ထဲနဲ့ ပြောင်းလဲသွားကြပါတယ်။ ‘အလွယ်တကူ အသိအမှတ်ပြုခံရခြင်း’ ခေါင်းစဉ်က သက်ရောက်လာခဲ့ပြီထင်တယ်။

‘ခံစားရတာ ကောင်းလိုက်တာ...’

Satisfy မှာ မိုင်းနက်စ်အဆင့်ဖြစ်နေပေမဲ့လည်း အခုတော့ငရဲပြည်ကနေ နတ်ပြည်ကို ပြန်ရသွားသလို ခံစားရပါတယ်။ ကျွန်တော် ပြုံးခဲ့ပြီး ကောင်လေးကို ဖွဖွလေး ခေါင်းပုတ်လိုက်ပါတယ်။ မကြာခင်အတောအတွင်းမှာပဲ ကျွန်တော်ပန်းပဲဖိုဆီ ပြန်ရောက်ခဲ့တယ်။

သူလည်း သတင်းကို ကြားခဲ့ပြီးလောက်ပါပြီ။ စမစ်က ကျွန်တော်ဆွဲလာတဲ့ သံရိုင်းအိတ်ကြိးကို ကြည့်ပြီး ကြက်သေသေသွားခဲ့တယ်။

“ဘယ်လိုလဲ ကျွန်တော့်ကို အသစ်ကလေးလို့ ဆက်ခေါ်နေအုံးမှာလား”

“ဟဟ...” စမစ်ရဲ့ သံရိုင်းအရေအတွက်ကို စစ်ဆေးကြည့်လိုက်ပြီးတော့ စိတ်လှုပ်ရှားနေတဲ့ အမူအရာနဲ့ ခေါင်းခါယမ်းလိုက်ပါတယ်။

“မခေါ်တော့ပါဘူး မင်းက ထူးချွန်တဲ့လူတယောက်ပဲလေ မင်းမှာ ထူးခြားတဲ့ ပါရမီပါတယ် ပြီးတော့ အခက်အခဲတွေကို ကျော်လွှားပြီး ကြီးမြတ်တဲ့လူအဖြစ် မွေးဖွားလာမဲ့လူပဲ”

စမစ်က ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

“မင်းလို ပန်းပဲဆရာဖြစ်ဖို့ အိပ်မက်ရှိတဲ့လူကို ဒီတိုက်ကြီးမှာရှိတဲ့ ပန်းပဲဆရာအားလုံးက ဝမ်းမြောက်ဝမ်းသာနဲ့ကို ကြိုဆိုကြမှာပါ။ မင်းကို သင်ခွင့်ရတဲ့ဂုဏ်ကို ရရှိခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ကျွန်တော် စမစ်ကို ဝမ်းသာစွာနဲ့ပဲ လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။

စမစ်က နွေးထွေးစွာပြုံးလိုက်ပြီးတော့ “မင်းသိပ်တော်တယ် ငါ့ရဲ့မိုင်းတူးတဲ့စံချိန်ကို ချိုးနိုင်ခဲ့တာပဲ ငါကတိပေးထားတဲ့ ဆုထက် နှစ်ဆပေးမယ်”

တာဝန်အောင်မြင်ကြောင်း အသိပေးစာပေါ်လာပါတယ်။ ပြီးတော့ ဆုလာဘ်တွေ ရောက်လာတာပေါ့။

[ဘိုင်ရန်ရွာတောင် ဂုဏ်သတင်း ၂၀၀အမှတ်တိုးခဲ့သည်]

[စမစ်နှင့်ရင်းနှီးမှု ၆၀အမှတ်မြင့်တက်ခဲ့သည်]

[အဆင့်တက်သည်]

[အဆင့်တက်သည်]

[အဆင့်တက်သည်]

[အဆင့်တက်သည်]

[သင်၏ ယခုအဆင့်မှာ တစ်ဖြစ်သည်။ မိုင်းနက်စ်အဆင့် ပြစ်ဒဏ်ကြောင့် လျော့ချခံရသော သင်၏အညွှန်းကိန်းများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည်]

[ပက်မာမျိုးဆက်အခြေခံအညွှန်းကိန်းများ သက်ရောက်ပါပြီ]

နောက်ဆုံးတော့...

“ဒဏ္ဍာရီတပုဒ် စတင်ပြီ”

အပိုင်း ၁၆ : ဂျယ်ဖာမြား

[သင်၏ ယခုအဆင့်မှာ 1 ဖြစ်သည်။ မိုင်းနက်စ်အဆင့်ပြစ်ဒဏ်ကြောင့် လျှော့ချခံထားရသော အညွှန်းကိန်းများ ပုံမှန်အခြေအနေသို့ ရောက်ရှိသွားပါသည်]

[ပက်မာ၏ ဆက်ခံသူ အခြေခံအညွှန်းကိန်းများ၏ သက်ရောက်မှု စတင်သည်]

ဤအသိပေးစာများကြောင့် ကျွန်တော့်စိတ်နှလုံးမှာ မျှော်လင့်ချက်ဖြစ်လာပါတော့သည်။

ဒုတ် ဒုတ်...

ကျွန်တော့်နှလုံးခုန်သည်မှာ မြန်ဆန်လွန်းလှသဖြင့် နားကပင် နှလုံးခုန်သံများ ကြားရလာပါတော့သည်။ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အညွှန်းကိန်းဝင်းဒိုးကို မြန်မြန်ဖွင့်ကြည့်လိုက်၏။

အမည်- ဂရစ်

အဆင့်- 1(45/100)

ဇာတ်ကောင်- ပက်မာ၏ ဆက်ခံသူ

* အိုင်တမ်များကို ပြုလုပ်ရာတွင် အပိုရွေးချယ်စရာများ ထည့်သွင်းရန် ဖြစ်နိုင်ခြေတိုးလာမည်။

* အိုင်တမ်အား တိုးမြှင့်ရန် ဖြစ်နိုင်ခြေတိုးလာမည်။

* ကိရိယာအိုင်တမ်များအားလုံး ခြွင်းချက်မရှိ ဝတ်ဆင်နိုင်သော်လည်း အိုင်တမ်အဆင့်ပေါ်မူတည်၍ ပြစ်ဒဏ်ရှိသည်။

ခေါင်းစဉ်- ဒဏ္ဍာရီလာဖြစ်လာမည့်သူ

* ပုံမှန်မဟုတ်သောအခြေအနေများ သင့်အပေါ်တွင် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်းမရှိပါ။

* အသက်အမှတ်အနည်းဆုံးသို့ရောက်သွားပါက မသေဆုံးနိုင်ပါ။

* သင့်အား လွယ်လွယ်ကူကူ အသိအမှတ်ပြုကြမည်။

အသက်- 280/280 မှော်စွမ်းအင်- 75/75

ခွန်အား- 20 + 5 သက်လုံ- 18 လှုပ်ရှားနှုန်း- 12 ဉာဏ်ရည်- 25

ကျွမ်းကျင်မှု- 50 ဇွဲလုံ့လ- 16

သမာဓိ- 10 အနိုင်မခံ အရှုံးမပေး- 11 ဂုဏ်သိက္ခာ-10 ထိုးထွင်းသိမြင်မှု- 10

အညွှန်းကိန်းအမှတ်များ- 40

အလေးချိန်- 3,035/820

* အလေးချိန်သတ်မှတ်ထားသည်ထက် 200% ကျော်လွန်နေသဖြင့် လှုပ်ရှားနှုန်းကို 100% လျှော့ချလိုက်သည်။

ခန္ဓာကိုယ်လေးလံနေသဖြင့် မည်သည့်စွမ်းရည်ကိုမဆို အဆင်ပြေစွာ အသုံးပြုနိုင်ခြင်းမရှိပါ။

‘အားနည်းနေခြင်း’ အခြေအနေ ဖြစ်ပေါ်လာရန် ဖြစ်နိုင်ခြေအလွန်မြင့်မားသည်။

“အိပ်မက်မဟုတ်လား”

ဒါက အိပ်မက်လား။ ကျွန်တော် ထင်ယောင်ထင်မှား ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်။ ကျွန်တော်သာ လက်တွေ့ဘဝမှာဆိုရင် ကိုယ့်ကိုယ်ကို ဆိတ်ပြီးနေလောက်ပါပြီ။

တည်တည်ငြိမ်ငြိမ်ဖြင့် ဂိမ်းမှ ထွက်လိုက်သည်။ ကျွန်တော် ဂိမ်းဖန်အိမ်စက်ထဲတွင် နေနေပြီး မျက်နှာကြက်ကို အချိန်ခဏလောက် မော့ကြည့်နေခဲ့ပါသည်။

“မသိဘဲနဲ့ အိပ်ပျော်ခဲ့တာများလား”

ဂိမ်းဖန်အိမ်စက်ကို အိပ်စက်ခြင်းပုံစံမပြောင်းခဲ့သဖြင့် ဖြစ်နိုင်ခြေရှိသည်။ သို့နှင့် ကျွန်တော် ရေချိုးခန်းတွင် ခန္ဓာကိုယ်အား သန့်ရှင်းစေရန် ရေအေးအေးလေးဖြင့် ခေါင်းမှ လောင်းလိုက်သည်။ ထို့နောက် ဂိမ်းဖန်အိမ်စက် ရှိရာသို့ ပြန်လာ၍ ဂိမ်းထဲသို့ ပြန်ဝင်လိုက်၏။

ကျွန်တော့်အိပ်မက်ထဲတွင်လိုပင် ပန်းပဲဖို၌ မတ်တပ်ရပ်နေပါသည်။

“ဒါဆိုရင် အိပ်မက်မဟုတ်ဘူးလား... မဟုတ်သေးဘူး ငါ မမျှော်လင့်သင့်ဘူး”

ကျွန်တော့်လို ကံမကောင်းသည့်လူမှာ ကံစကောင်းလာနေပြီလော။ ကျွန်တော် အညွှန်းကိန်းကို တောင့်တောင့်ကြီးဖြင့် ဖွင့်ကြည့်လိုက်တော့သည်။

“…အံ့ဩစရာကောင်းတဲ့ ထီဆုကြီးဟ"

အညွှန်းကိန်းဇယားက အကြောင်းအရာတွေက အပြောင်းအလဲမရှိပါဘူး။ ဒီဟာက အိပ်မက်မဟုတ်ဘူးဆိုရင်။

ကျွန်တော့်နှလုံးခုန်သံများမှာ တစ်ဖန်ပြန်၍ မြန်ဆန်လာပါတော့သည်။

“ဝိုး…”

အဆင့်တစ် ကာရိုက်တာရဲ့ အခြေခံအညွှန်းကိန်းက ခွန်အားခြောက်၊ သက်လုံခုနှစ်၊ လှုပ်ရှားနှုန်းလေး ပြီးတော့ ဉာဏ်ရည်က ခုနှစ်လေ။ စုစုပေါင်း အညွှန်းကိန်းအမှတ်က ၂၂ ပေါ့။

ပက်မာဆက်ခံသူ အခြေခံအညွှန်းကိန်းတွေက စုစုပေါင်းကို ၁၆၅မှတ်ပေါင်းထည့်လိုက်တာပဲ။ ဇွဲလုံ့လက ၁၆ မှတ်နဲ့ အနိုင်မခံအရှုံးမပေးက တစ်မှတ်တိုးလာတာနဲ့ဆိုရင် စုစုပေါင်းက ၁၈၂ မှတ်ဖြစ်သွားတာပေါ့။

ရိုးရိုးရှင်းရှင်း တွက်ချက်လိုက်ရင် ကျွန်တော့်အညွှန်းကိန်းတွေက အဆင့် ၁၅ ကစားသမားတွေထက်တောင် မြင့်တာဆိုတော့ အားသာချက်ကြီးကြီးမားမားရှိတာပေါ့။ ဒီဟာက ဒဏ္ဍာရီလာဇာတ်ကောင်ရဲ့ စွမ်းအားဆိုတာကို နားလည်ပါတယ်။

ဒါဆိုရင်...

'အခြေခံအညွှန်းကိန်းတွေက ကောင်းပါတယ် ဒါပေမဲ့...'

ဒီအပိုအမှတ် လေးဆယ်က ဘယ်ကနေဘယ်လိုရောက်လာတာလဲ။

'ငါရုပ်ချောလို့များ အညွှန်းကိန်းအမှတ်အပိုရတာများလား'

အညွှန်းကိန်းအမှတ်တွေက အဆင့်တခါတိုးရင် ဆယ်မှတ်ရပါတယ်။ ဒီတော့ အဆင့်တစ်ဆိုရင် သုညမှတ်ပဲ ရှိသင့်တာမလား။ ဒါကြောင့် ဘာကြောင့်များ အပိုလေးဆယ်မှတ်ရလည်း ကျွန်တော်ပြန်စဉ်းစားနေပါတယ်။ သီအိုရီတွေ အများကြီးထဲကမှ လက်ခံလို့ရတဲ့ အယူအဆတခုတော့ ရှိပါတယ်။

'ဖြစ်နိုင်တယ်... အညွှန်းကိန်းအမှတ်တွေက အဆင့်တခါတိုးတိုင်း ရတာဆိုရင် မိုင်းနက်စ်အဆင့်မှာပါ အကျုံးဝင်တာများလား'

ကျွန်တော့်အရင်အဆင့်က မိုင်းနက်စ်သုံးဆိုတော့ တစ်ရောက်ဖို့ လေးကြိမ်အဆင့်တက်ခဲ့ရတယ်။ ဒါက ကျွန်တော်အမှတ်လေးဆယ်ရတာရဲ့ တခုတည်းသောစဉ်းစားလို့ရတဲ့ အကြောင်းပြချက်ပဲ။ ကျွန်တော် မျက်စိကို ပွတ်ကြည့်လိုက်တာတောင် အပိုလေးဆယ်မှတ်က ပျောက်မသွားပါဘူး။

ကျွန်တော် စိတ်လှုပ်ရှားလွန်းသဖြင့် စပြီးတုန်ခါလာပါတော့သည်။

'ငါ့ရဲ့မိုင်းနက်စ်အဆင့်က အတွေ့အကြုံမှတ်တွေက အလကားဖြစ်မသွားဘူးကွ'

ကျွန်တော် ရုန်းကန်ခဲ့တာတွေ အားလုံးက အဓိပ္ပာယ်ရှိတာပေါ့။ ကိုယ့်ကိုကို ကံမကောင်းဘူးလို့ တွေးခဲ့ပေမဲ့လဲ။

“ခူး..ခခခူး"

ဒီပျော်ရွှင်မှုကို ဖော်ပြနိုင်တဲ့ တစ်ခုတည်းသော ဘာသာစကားက ရယ်မောခြင်းပါပဲ။

"ဖူးဟဟဟဟဟက်...."

ကျွန်တော် ရယ်မောနေတဲ့အသံက ဘယ်လောက်တောင် ကျွန်တော် ပျော်ရွှင်နေသလဲဆိုတာကို ဖော်ပြနေပါတယ်။ ပန်းပဲဖိုထဲမှာ ကျွန်တော်အော်ရယ်နေတာ ကျယ်လွန်းလို့ လည်ချောင်းတွေတောင် နာလာပါပြီ။ ဒါပေမဲ့လည်း ကျွန်တော်မရပ်တန့်နိုင်ပါဘူး။ ခဏလောက် အကြာမှာတော့။

"သူ ခီးခီး ဖူးဟ အူးယား..."

ကျွန်တော် နာကျင်နေတာတောင် ရယ်နေတာကို စမစ်က ကြည့်နေပြီးတော့ လက်မထောင်ပြလိုက်ပါသည်။ “ ဒါက သူရဲကောင်းတွေရဲ့ စိတ်လှုပ်ရှားပြီး ရယ်တဲ့အသံပဲ မင်းမှာ ဒီလိုထူးချွန်တဲ့ ပုံရိပ်ရှိနေတာတောင် မင်းကို မနေ့က ဘယ်လိုလုပ်နားလည်မှုလွဲသွားလည်း မသိဘူး ငါ့မျက်စိတွေတောင် မှုန်နေပြီပဲ ငါပြောရမှာတောင် ရှက်မိပါတယ် တကယ်ကို ရှက်မိပါတယ်”

ဗီလိန်လို ရယ်နေတာကို သူဘယ်လိုလုပ် သူရဲကောင်းလို့ မြင်သွားတာလဲ။ စမစ်နဲ့ ရင်းနှီးမှု မြင့်နေတာကြောင့်များလား။ ကျွန်တော် မိုင်းနက်စ်အဆင့်မဟုတ်တော့တာကြောင့်လည်း ဖြစ်မယ်။ တာဝန်နှစ်ခု ပြီးသွားတော့ ရင်းနှီးမှုမြင့်လာတာရယ် ပြီးတော့ ဘိုင်ရန်ရွာမှာ ဂုဏ်သတင်းက ၂၀၀ ကျော်သွားတာဆိုတော့ စမစ်ရဲ့ ငါ့အပေါ်သဘောထားက အလွန်အမင်းကို အထင်ကြီးတဲ့အဆင့်ထိ ရောက်သွားတာလား။

‘ငါ့ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ လွယ်လွယ်ကူကူ အသိအမှတ်ပြုခြင်းရဲ့ သက်ရောက်မှုကြောင့်လည်းပါမယ် ထင်တယ်....’

ကျွန်တော့်မျက်လုံးနှင့် စမစ်မျက်လုံးဆုံသွားတော့ သူ့အကြည့်မှာ အောက်ရောက်သွားသည်။ ဒါက ဆရာတွေရဲ့ ကျောင်းသားတွေအပေါ် လွှမ်းမိုးမှု မဟုတ်လား။

‘ဒီဟာက ဂုဏ်သိက္ခာအညွှန်းကိန်း သက်ရောက်မှုများလား ဆယ်မှတ်ပဲရှိသေးတယ်ဆိုပေမဲ့ သက်ရောက်မှုတော့ ရှိနေတုန်းပါလား’

ဖြစ်နိုင်တယ် စမစ်ရဲ့ အဆင့်ကလည်း တအားကြီးမှ မမြင့်သေးတာ။

‘အဆင့်မြင့်တဲ့ NPCတွေဆိုရင်တော့ မတူတော့ဘူး ပြီးတော့ ကြည့်ရတာ ဂုဏ်သိက္ခာအညွှန်းကိန်းက မမြင့်သေးပေမဲ့ သာမန် NPC တွေကိုတော့ သက်ရောက်မှုရှိသား’

တနေ့တည်းနဲ့ ကျွန်တော့်အပေါ် သူ့သဘောထားက ဒီလောက်တောင် ပြောင်းသွားလိမ့်မယ်လို့ စိတ်တောင်မကူးဖူးပါဘူး။ ကျွန်တော် စိတ်လှုပ်ရှားသည်မှ ပို၍ ပို၍ စိတ်လှုပ်ရှားလာနေပါသည်။

“...အရင်ဆုံး စိတ်ကို အေးအေးထားမယ် ပြီးရင် အညွှန်းကိန်းအမှတ်တွေက ဘယ်လိုအလုပ်လုပ်လဲဆိုတာ ဖော်ထုတ်ကြည့်တာပေါ့’

ကျွန်တော် အချိန်ခဏလောက် စိုးရိမ်နေခဲ့တာပါ။ အရင်ရက်တွေတုန်းကတောင် လေးလေးနက်နက်မစဉ်းစားပဲ လက်တန်းသရုပ်ဆောင်ခဲ့တာ မဟုတ်လား။ အခု အခြေအနေက ပိုပြီးတော့တောင် ကောင်းလာပြီဆိုတော့ ငါ ပိုပြီးလို့တောင် ဂရုတစိုက်ပြုမူသင့်ပြီ။ အကြောင်းအရင်းက ကျွန်တော် အရင်က ကြိုးစားခဲ့သမျှအားလုံးက ရိုင်းစိုင်းတဲ့ အပြုအမူကြောင့် ပြိုလဲပျက်စီးသွားမှာ စိုးရိမ်လို့ပါ။

‘ငါက အဆင့်တစ်မှာကတည်းကကို အညွှန်းကိန်းတွေက တော်တော်မြင့်နေပြီ ဒီတော့ အလောတကြီးနဲ့ အညွှန်းကိန်းမှတ်တွေကို မဖြည့်သင့်ဘူး’

ကျွန်တော် အခုချက်ချင်းပဲ အရေးအကြီးဆုံးအရာအကြောင်းကို တွေးမိခဲ့ပါတယ်။ ဒီဟာကတော့...

“ပိုက်ဆံ”

ဟုတ်ပါတယ်၊ ပိုက်ဆံပါ။ ကျွန်တော် ရွာကူးဖို့အတွက် ရထားလုံးဌားဖို့ လုံလောက်တဲ့ ပိုက်ဆံရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော် ရုတ်တရက်ကြီး ထအော်လိုက်တာကြောင့် စမစ်တွန့်သွားပါတယ်။

သို့နှင့် ကျွန်တော်လည်း လိုရင်းကို တန်းသွားလိုက်ရတော့သည်။

“ကျွန်တော် ပန်းပဲဖိုကို စရောက်တုန်းက ပြောခဲ့တဲ့အကြောင်းကို မှတ်မိသေးတယ်မလား ကျွန်တော် ဝယ်လိုအားများတဲ့ အိုင်တမ်ကို လုပ်ပြီး အမြတ်များနိုင်သမျှများများရချင်တယ် ဒီအခြေအနေအတွက် အသင့်တော်ဆုံးအိုင်တမ်က ဘယ်ဟာဖြစ်မလဲ”

စမစ်က မြားတွေ ခင်းကျင်းပြသထားတဲ့နေရာတနေရာကို ညွှန်ပြလိုက်ပါတယ်။

“ဒီတခု”

မြားလား။

တခြားကိရိယာတွေနဲ့ မတူတာက မြားဟာ တခါသုံးတွေပါ။ ဒီတော့ ဈေးကလည်း ချိုတာပေါ့။ ဘယ်လောက်ပဲ ဝယ်လိုအားများများ ရောင်းဈေးက နိမ့်နေရင် ပိုက်ဆံများဖို့ အများကြီးလုပ်ရောင်းနေရမယ်ဆိုတဲ့ သဘောပေါ့။

ကျွန်တော် စိတ်ဓာတ်ကျသွားပါပြီ။

စမစ်က ကျွန်တော့်ခံစားချက်ကို အကဲခတ်မိရပြီး ရှင်းပြပါသည်။

“ဒီဟာတွေက ရိုးရိုးမြားတွေ မဟုတ်ဘူး။ ဂျယ်ဖာနည်းနည်းနဲ့ စတီးကို ရောထားတဲ့ အထူးမြားတွေပဲ။ ဒီဟာက ရန်သူတချို့ရဲ့ ခုခံမှုကို လျစ်လျူရှုပြီးတော့ ထိခိုက်မှု ဖြစ်စေတယ်”

ခုခံမှုကို လျစ်လျူရှုနိုင်တယ်လား။

သစ်တောစောင့်ရှောက်သူတွေကို တိုက်ခိုက်တဲ့နေရာမှာ ပါဝင်တဲ့ လေးသည်တော်တွေအတွက်တော့ ဒီမြားတွေက အရမ်းကိုအရေးကြီးတာပေါ့။ မဟုတ်သေးဘူး၊ ဂရေးသစ်တောမှာ ဂိုလမ်တွေ အများကြီးရှိတာမို့လို့ ရိတ်ဒ်မှာ မပါတဲ့ ကစားသမားတွေတောင် ဝယ်ကြလို့ ဝယ်လိုအားများနေရတာပဲ။

“ဂျယ်ဖာ…”

စမစ်က ကျွန်တော်စိတ်ဝင်စားနေတာတွေ့သဖြင့် ဂိုဒေါင်ထဲမှ ခရမ်းရောင်ဖျော့ဖျော့အရောင်ရှိသော သတ္တုလေးကို ထုတ်လာပေးပါသည်။

“ဂျယ်ဖာက အောက်စီဂျင်ပါဝင်မှုနည်းတဲ့သတ္တုဖြစ်ပြီး အရည်ကျိုရတာလွယ်တယ် ပြီးတော့ သံနဲ့ရောစပ်လိုက်ရင် ပိုကောင်းတယ် သူ့ရဲ့အားနည်းချက်ကတော့ အကြမ်းမခံတာနဲ့ ခွန်အားပဲ။ ဒါကြောင့် ဂျယ်ဖာက ချပ်ဝတ်တွေလုပ်တဲ့နေရာမှာတော့ မသင့်တော်ဘူး စတီးနဲ့ရောစပ်လိုက်တဲ့အချိန်မှပဲ ခံနိုင်ရည်တိုးလာပြီး ထိုးဖောက်ဝင်ရောက်နိုင်စွမ်းက အမြင့်ဆုံးကို ရောက်သွားတယ် မြင်းတပ်တပ်ဖွဲ့တွေအတွက် ဂျယ်ဖာလှံခေါင်းတွေကိုင်တာက ပုံမှန်လိုကို ဖြစ်နေပါပြီ”

“ဒါဆိုရင် ဂျယ်ဖာက တော်တော်ဈေးကြီးမှာပေါ့”

“တစ်ကီလိုဂရမ်ကို ရွှေနှစ်ပြားပေးရတယ် ထိပ်တန်းအဆင့်သံရိုင်းတောင်မှ ဂျယ်ဖာရှေ့မှာဆိုရင် ဈေးပေါတဲ့ကျောက်တုံးလို့ ပြောလို့ရတယ်”

“ဈေးကြီးလိုက်တာ...ဒါဆိုရင် ခင်ဗျားဘယ်လိုလုပ်ပြီး ဒါဇင်လောက်ရှိတဲ့ ဂျယ်ဖာမြားတွေကို ထုတ်လုပ်နိုင်တာလဲ”

“မဟုတ်ပါဘူး ဒီမြားတွေက ဈေးမကြီးဘူး မြားလုပ်ဖို့ ဂျယ်ဖာနည်းနည်းပဲ သုံးဖို့လိုတယ် ဒီတော့ ရိုးရိုးဂျယ်ဖာမြားကို လုပ်ဖို့ကုန်ကျစရိတ်က ငွေသုံးပြားပဲ ဒါပေမဲ့ တွက်ခြေကိုက်အောင်တော့ ရောင်းဈေးကို ငွေခြောက်ပြားတင်ထားတယ်။ နှစ်ဆဈေးတင်ထားတာပေါ့။ ဒီရွာမှာကလည်း ဂျယ်ဖာမြားတွေက ဝယ်လိုအားများနေတာကို ထည့်တွက်လိုက်ရင်တော့ ဒီတော့ ဘယ်လိုသဘောရလဲ သင်ဖို့ စိတ်ဝင်စားသွားပြီလား”

မနေ့တုန်းကဆိုရင်တော့ ရာပြတ်စွမ်းရည်က နားလည်နိုင်စွမ်းကို မြန်ဆန်အောင်လုပ်ပေးတာမသိတဲ့အတွက် ကျွန်တော် ခေါင်းညိတ်မိမှာပါ။ ဒါပေမဲ့ အခုတော့ ကွဲပြားသွားပြီလေ။ သင့်တော်တဲ့အိုင်တမ်ရဲ့ အကြံပေးလမ်းညွှန်တာကို ရရှိရင် ကိုယ့်ဟာကို ဘယ်လိုလုပ်လဲဆိုတာ သင်ယူလို့ရတယ်။

“ကျွန်တော့်ကို မြားတွေ ခဏလောက်ပြပါအုံး”

စမစ်က ကျွန်တော့်ကို မြားကမ်းပေးလာတော့ ကျွန်တော်လဲ တန်ဖိုးဖြတ်စွမ်းရည်ကို မြားပေါ်မှာ သုံးလိုက်တာပေါ့။

[ဂျယ်ဖာမြား]

အဆင့်- ပုံမှန်

တိုက်ခိုက်စွမ်းအား- 20~26

မြားကို ဂျယ်ဖာပမာဏအနည်းငယ်နှင့် စတီးရောစပ်ကာ ပြုလုပ်ထားသည်။

ဂျယ်ဖာနှင့် စတီးရောစပ်ထားခြင်း၏ သက်ရောက်မှုကြောင့် ထိုးဖောက်ဝင်ရောက်နိုင်စွမ်း အလွန်အမင်းမြင့်မား၍ ရန်သူတချို့၏ ခုခံမှုကို လျစ်လျူရှုနိုင်သည်။

အလေးချိန်- 0.1

[ဖုံးကွယ်ထားသော အပိုင်းမရှိပါ]

[သင်သည် ဂျယ်ဖာမြားတွင် ပါဝင်သောသတ္တု၊ ထုတ်လုပ်သည့် နည်းစနစ်နှင့် ဖန်တီးသူ၏ ရည်ရွယ်ချက်ကို ဖမ်းဆုပ်မိသည်]

[ဂျယ်ဖာမြားအပေါ် သင်၏နားလည်မှုသည် 89 % ရှိပြီဖြစ်သောကြောင့် ဂျယ်ဖာမြားကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်]

“……”

ကံမကောင်းစွာနဲ့ပဲ တန်ဖိုးဖြတ်ခြင်းစွမ်းရည်နဲ့ နားလည်မှု တစ်ရာရာခိုင်နှုန်းကို မရောက်ရှိနိုင်ခဲ့ပါဘူး။ ဒါကြောင့် ထုတ်လုပ်တဲ့ နည်းလမ်းကို မရဘူးပေါ့။

‘ဒီမြားက...’

စမစ်က မြားကို စိုက်ကြည့်နေတဲ့ ကျွန်တော့်ကို နောက်တခါထပ်မေးလိုက်တယ်။

“အခု ဂျယ်ဖာမြားလုပ်နည်း သင်ယူချင်ပြီလား”

‘အပိုင်းပိုင်းဖြုတ်ခြင်းစွမ်းရည်ကို သုံးရင်တော့ ကျန်တဲ့ ၁၁ ရာခိုင်နှုန်းကို ဖြည့်နိုင်တယ်...ဒါပေမဲ့ ငွေခြောက်ပြားပေးရမှာ’

ကျွန်တော်မြားကို တစစီဖြုတ်ချင်ရင် ငွေခြောက်ပြားတောင် ကုန်မှာ။ ဒီလို ဈေးကြီးပစ္စည်းကို ဖြုန်းတီးဖို့ မလွယ်ကူပါဘူး။

‘ပြီးတော့ သင်ယူရတာကလည်း တအားအဆိုးကြီးတော့ မဟုတ်ပါဘူး’

ကျွန်တော်လည်း ခေါင်းညိတ်၍ သဘောတူလိုက်သည်။

“ကျွန်တော် ပြုလုပ်နည်း သင်မယ်”

စမစ် ပျော်သွားပါတော့သည်။

“ငါမှန်းထားတဲ့ အတိုင်းပါပဲ အရင်ဆုံး သတ္တုကျိုနည်း သင်ကြရအောင်”

စမစ် Satisfy မှ ပန်းပဲဆရာများ သုံးသော မီးပြင်းဖိုဟောင်းကြီးရှေ့တွင် သတ္တုကျိုသော လုပ်ငန်းစဉ်အသေးစိတ်နှင့် နောက်ကွယ်မှ အခြေခံသဘောတရားများကို အပြည့်အစုံရှင်းပြနေသည်။

ပန်းပဲဆရာ အသုံးအနှုန်းတွေနဲ့ ဓာတုဗေဒဆိုင်ရာ စကားရပ်တွေပါ ညှပ်ပြီးပြောနေပေမဲ့ ကျွန်တော် နားမလည်တာမျိုး မရှိပါဘူး။

Satisfy မှာ လက်တွေ့ဘဝကို အသွင်ယူပြီး တည်ဆောက်ထားသော ဂိမ်းဖြစ်နေသော်လည်း လူအရေအတွက် အမြောက်အများက လက်ခံနိုင်ပြီး ကြိုက်နှစ်သက်ကြသည်။ Satisfy ရှိ ပန်းပဲနှင့် ဆိုင်သော အသိပညာများမှာ အခြားဇာတ်ကောင်များထက် ပို၍ နားလည်ရလွယ်ကူသည်။

ကျွန်တော်ကလဲ ဒီပန်းပဲဖိုကို မရောက်ခင်ကတည်းက ပြင်ဆင်ခဲ့တာပေါ့။ တနေ့တည်းနဲ့ နှစ်ခါသေလို့ ပြစ်ဒဏ်ခံရပြီး ဝင်ခွင့်ပိတ်ထားတုန်းက ပန်းပဲပညာနဲ့ဆိုင်တာတွေကို လေ့လာထားတယ်လေ။ စမစ်ရဲ့ သင်ခန်းစာက ကျွန်တော် လေ့လာထားတဲ့ အရည်ကျိုတဲ့နည်းလမ်းနဲ့ သိပ်ပြီးတော့မကွာပါဘူး။ ဒါကြောင့်လည်း လွယ်လွယ်ကူကူနားလည်နိုင်တာပေါ့။

ကျွန်တော်က ပြင်ဆင်ထားခြင်းနဲ့ ပြန်လည်သုံးသပ်ခြင်းရဲ့ အကျိုးကျေးဇူးကို သဘောပေါက်နားလည်တယ်လေ။ ကံကောင်းထောက်မစွာနဲ့ အလယ်တန်းတုန်းက ကျွန်တော့်သူငယ်ချင်းတွေထဲက တယောက်က ‘ပြင်ဆင်ခြင်းနဲ့ သုံးသပ်ခြင်း’ နည်းလမ်းကို သင်ပေးထားလို့ပါ။

‘ဒါပေမဲ့ သင်ပေးတဲ့ကောင်ကလည်း ဘာလို့မှန်းတော့မသိ အထက်တန်းကျောင်းတလျောက်လုံး ဒုတိယနေရာပဲ ရနေတာ’

သူ့အဖြစ်ကလဲ သနားစရာတော့ ကောင်းပါတယ်။ အထက်တန်းကျောင်းမှာ ဒုတိယနေရာပဲ ဘိုကင်ယူထားသလားအောက်မေ့ရတယ်။ အခန်းထဲမှာလည်း တယောက်တည်းနေပြီး အတန်းဖော်တွေနဲ့ သူ့ကြားမှာ နံရံကြီးခြားထားတာ။

ဒုတိယနှစ်ဝက် နောက်ဆုံးစာမေးပွဲကြီးပြီးသွားတဲ့ တနေ့ ခေါင်မိုးထပ်မှာရှိတဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ခံစားချက်ကို နားလည်နိုင်ခဲ့တယ်။ သူအော်လိုက်တာကို ကြားခဲ့မိတယ်လေ။

သူအော်လိုက်တာက ‘ဘာလို့များ ဉာဏ်ကြီးရှင်တွေနဲ့ တနှစ်တည်းတူတူမွေးလာမိရတာလဲတဲ့’

ကျွန်တော် ဘယ်လောက်ပဲ ကြိုးစားပါစေ ဘယ်တော့မှ လိုက်မမှီနိုင်မဲ့ ပါရမီရှိတဲ့ လူတွေက အများကြီးပါ။

‘ဒါပေမဲ့ အခုတော့ ကိစ္စရပ်တွေက ခြားနားသွားပြီလေ’

ငါ ဒဏ္ဍာရီလာဇာတ်ကောင်ကို ရခဲ့တယ်။ ဒီအချိန်မှာ ငါလည်း ထူးချွန်တဲ့လူတယောက် ဖြစ်လာနိုင်တယ်။ ဒါကြောင့် တတ်နိုင်သမျှ အောင်မြင်အောင်လုပ်ရမယ်။

All Chapters