← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အပိုင်း ၁၇ : လက်တွေ့ ကွင်းဆင်းပြီ

စမစ်၏ သင်ခန်းစာ အဆုံးသတ်သွားချိန်တွင် ကျွန်တော် ပြုံးလိုက်မိသည်။

“ဒီအတိုင်း စကားနဲ့ပဲ ရှင်းပြတာက နားလည်ဖို့ ခက်ခဲနေလို့လား ဒါဆိုရင် ငါ မင်းကို သရုပ်ပြပေးမယ်လေ”

စမစ် တိကျတဲ့သံရိုင်း၊ ကုတ်မီးသွေးနဲ့ ထုံးကျောက်ပမာဏအား တောက်လောင်နေသော မီးပြင်းဖိုထဲသို့ လောင်းထည့်လိုက်သည်။

စမစ်၏ မျက်နှာနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ချွေးနှင့် ရေချိုးထားသကဲ့သို့ ဖြစ်နေသည်။ သူသည် မီးပြင်းဖိုအောက်ခြေမှ လေပူ ထွက်လာသည်ကို ထိန်းချုပ်လိုက်၏။ ကုတ်မီးသွေးသည်လည်း စတင်၍ လောင်ကျွမ်းလာသည်။ ဤအချိန်တွင် သံရိုင်းသည်လည်း စမစ် အပူချိန်လျှော့လိုက်သည်ကို တုံ့ပြန်သည့်အနေဖြင့် ချော်ရည်ကဲ့သို့ အရည်ဖြစ်သွားတော့သည်။

ထုံးကျောက်မှာ သံနှင့် ချော်ရည်မှ ထွက်လာသော အညစ်အကြေးများကို ဓာတ်ပြု၍ ခွဲခြားလိုက်သည်။ စမစ် အညစ်အကြေးများ စွန့်ထုတ်ခြင်းနှင့် အပူထိန်းခြင်းကို တလှည့်စီ လုပ်နေပါသည်။ အမည်းရောင်အညစ်အကြေးများက မီးပြင်းဖိုအောက်ခြေတွင် ရှိသော အပေါက်များထဲ ဝင်၍ ပျောက်ကွယ်သွားသည်။ သံရည်ကလည်း လိမ္မော်ရောင် သန်းလာနေပါပြီ။

သံက အစိုင်အခဲကို ပြောင်းသွားချိန်တွင် ပန်းရောင် ဖြစ်သွားပါသည်။ ပန်းရောင်သံတွင် ကာဗွန်များ အများကြီးပါဝင်သဖြင့် အလွန်မာ၍ ကြွပ်ဆတ်၏။ လက်နက်များ ပြုလုပ်ရာတွင် မသင့်တော်သော်လည်း သင့်တော်အောင် ကာဗွန်လျော့ချတဲ့ လုပ်ငန်းစဉ်ကို သံမဏိပြုလုပ်သည်ဟု ခေါ်ကြပါသည်။

စမစ် သရုပ်ပြပြီးသည်နှင့် မေးလိုက်၏။

“သတ္တုကျိုတာနဲ့ ပတ်သတ်ပြီး ရှင်းလင်းသွားပြီမလား”

ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်တွင် စမစ်မှာ ကျေနပ်သော အမူအရာ ဖြစ်သွားပါသည်။

“အခု မင်းမြင်တဲ့အတိုင်းပဲ ဂျယ်ဖာက အရည်ကျိုဖို့ လွယ်တယ် ဂျယ်ဖာမှာက အညစ်အကြေးပါဝင်မှုနှုန်းနိမ့်တော့ အရည်ပျော်မှတ်လည်း နိမ့်တာပေါ့ သံရိုင်းထက်စာရင် ပိုလုပ်ရလွယ်တာပေါ့ကွာ ဂျယ်ဖာ ကုတ်မီးသွေးနဲ့ ထုံးကျောက်အချိုးက ၁၂:၂:၄”

[သတ္တုရိုင်းအရည်ကျိုခြင်း]

ခက်ခဲမှု အဆင့်- E

သတ္တုရိုင်းအရည်ကျိုခြင်းသည် ထုတ်လုပ်ရာတွင် အခြေခံဖြစ်သည်။ စမစ်သည် ပန်းပဲဆရာဖြစ်လာရန် ကြိုးစားနေသော သင့်အား သတ္တုကျိုရန် တာဝန်ပေးအပ်နေသည်။

တာဝန်ရှင်းလင်းရန် အခြေအနေများ- ဂျယ်ဖာသတ္တုရိုင်းကို အောင်အောင်မြင်မြင် အရည်ကျိုနိုင်ခြင်း

တာဝန်ဆုလာဘ်- စမစ်နှင့် ရင်းနှီးမှု +30 အတွေ့အကြုံအမှတ် +80 အရည်ကျိုပြီးသောဂျယ်ဖာ 300 g

တာဝန်ကျရှုံးမှု- သတ္တုအရည်ကျိုခြင်းကို အစတွင်ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်ရန် မလွယ်ကူပါ။ စမစ်သည် သင့်အား နားလည်ပေးပါလိမ့်မည်။

ငြင်းဆိုရန် အကြောင်းပြချက်မရှိသည်နှင့် ကျွန်တော်လည်း တာဝန်ကို လက်ခံလိုက်သည်။

စမစ်က ပြင်ဆင်ပေးပြီး ပြောလိုက်သည်။

“တကယ်လို့ မင်းကျရှုံးခဲ့ရင်တောင် စိတ်ညစ်သွားဖို့ မလိုပါဘူး။ ငါသတ္တုကျိုနေတာကို ကြည့်ရတာက လွယ်တယ်လို့ ထင်ရပေမဲ့ လက်တွေ့လုပ်ကြည့်ရင် အတော့်ကို ခက်တယ်နော်”

ကျွန်တော် ပါဝင်ပစ္စည်းတွေကို မီးပြင်းဖိုရှေ့တွင် ထားလိုက်ပြီး ဖားဖိုပေါ်တွင် ခြေထောက်တင်လိုက်သည်နှင့် မြားအကြည်ရောင်လေး ပေါ်လာပြီး ဖားဖိုတနေရာကို ညွှန်ပြနေသည်။

‘ဇာတ်ကောင်သက်ရောက်မှုလား'

ကျွန်တော်လည်း မြားညွှန်ပြတဲ့နေရာအတိအကျကို ခြေထောက်ထားလိုက်ချိန်တွင် မြားက တခြားဉီးတည်ရာကို ထပ်ညွှန်ပေးသည်။ မြားက ထပ်ကာထပ်ကာညွှန်ပြနေရင်း ကျွန်တော့်ကို အရှိန်မြင့်တက်လာစေရန် ပြုလုပ်ပေးနေသည်။ ရလဒ်မှာ စမစ် ဆယ်မိနစ်လောက် အချိန်ယူ၍ အပူပေးရသည်ကို ကျွန်တော်က ငါးမိနစ်ထဲနှင့် ကိစ္စပြတ်သွားတော့သည်။

ထို့နောက်တွင် အသိပေးစာပေါ်လာပါသည်။

[သင်သည် ရုတ်ခြည်းပြောင်းလဲနေသော အပူချိန်ကို အာရုံခံနိုင်သည်။ 30 degrees. 31 degrees. 31.5 degrees. 32…]

ထူးဆန်းပြီး မရင်းနှီးသည့် အသံကို ကျွန်တော့်စိတ်တွင် ကြားနေရသည်။

[ပက်မာ၏ ဆက်ခံသူသည် အပူချိန်ကို အာရုံခံရာတွင် အာရုံခံနိုင်စွမ်းမြင့်မားသည်။ မီးပြင်းဖိုထဲတွင် ဖြစ်ပေါ်နေသော အပူချိန်ကို သင် တိုင်းတာနိုင်သည်]

ကျွန်တော်လည်း မီးပြင်းဖိုပေါ်မှာ လက်ကို တင်ထားလိုက်၏။

[700 degrees. 720 degrees. 740…]

ဆက်တိုက်ကို တက်လာနေသည့် အပူချိန်ကို အသိပေးစာတွင် ဖော်ပြပေးနေသည်။

‘1,000 degrees.’

သံရိုင်းကို အရည်ကျိုဖို့ အကောင်းဆုံးအပူချိန်က 1,150~1,250 degrees Celsius ဖြစ်သည်။ သို့သော် ဂျယ်ဖာအတွက်မှာ 950~1,000 degrees ဝန်းကျင်တွင် ရှိသည်။ အသိပေးစာတွင် တစ်ထောင်ဖော်ပြသည်နှင့် ကျွန်တော်လည်း အပူချိန်ကို ထိန်းထားလိုက်၏။

ဂျယ်ဖာမှာ ဖြည်းညင်းစွာ အရည်ပျော်ကျလာသည်။ ဂျယ်ဖာမှာ သံရိုင်းထက် အညစ်အကြေးနည်းသဖြင့် အစကတည်းကပင် လိမ္မော်ရောင်တောက်လေသည်။ ကျွန်တော်လည်း ချက်ချင်း အညစ်အကြေးများ စစ်ထုတ်လိုက်၏။ မြားအကြည်ရောင်လေးကလည်း လမ်းညွှန်ပေးနေသဖြင့် စမစ်ထက် ပိုပြီးမြန်မြန်ဆန်ဆန်လုပ်နိုင်နေရခြင်း ဖြစ်သည်။

ကျွန်တော် ကောင်းကောင်းလုပ်နိုင် မလုပ်နိုင် စောင့်ကြည့်နေသော စမစ်တယောက် အထိတ်တလန့်ကို ဖြစ်သွားသည်။

“ဟ..ဟီးယား အဟွတ် အဟွတ် အဟွတ်”

စမစ် အံ့ဩလွန်းသဖြင့် လည်ချောင်းများပင် သီးကုန်သည်။ ခဏအကြာမှ တည်ငြိမ်မှုကို ပြန်ရသွားပြီး ဒုက္ခရောက်နေသော လေသံလေးဖြင့် မေးလာသည်။

“မင်းက သတ္တုအရည်ကျိုတာကို ဘာလို့များ ဒီလောက်တောင် ထူးချွန်နေရတာတုန်း”

သူ၏ မျက်နှာမှာ ဖြူရော်နေလွန်းသဖြင့် ဒီလူအိုကြီး လဲကျသွားမှာကိုပင် စိတ်ပူနေရသည်။

“မင်း အရင်က အရည်ကျိုတာကို လုပ်ဖူးတယ်မလား ငါ့ကို လာလှည့်စားနေတာလား”

“…တကယ်အခုမှ ပထမဆုံးအကြိမ်ပါ…”

စမစ်က ကျွန်တော့်ကို သရဲသဘက်တစ်ကောင်ကို ကြည့်နေသယောင် ကြည့်နေသည်။

“ဟူး...တကယ်ကို မဖြစ်နိုင်တဲ့ကိစ္စပဲ...ဒီဟာကို ပါရမီလို့တောင် ခေါ်လို့မရတော့ဘူး။ အတွေ့အကြုံမရှိတဲ့လူက သင်ပေးတဲ့ဆရာထက်တောင် ထူးချွန်နေတာကို ဘယ်လိုအတွေးအခေါ်မျိုးနဲ့ နားလည်ပေးရမှာလဲ။ အိပ်မက်မက်နေသလိုပါပဲလား။ မင်းက ပက်မာဝင်စားတဲ့လူတော့ မဟုတ်ပါဘူးနော်”

‘ပက်မာဝင်စား’ တာဆိုသည့် အသုံးအနှုန်းမှာ ပါရမီရှိသော ပန်းပဲဆရာများကို အမြင့်မားဆုံး ချီးကျူးခြင်းဟု အဓိပ္ပာယ်ကောက်လို့ရသည်။ ဘယ်ပန်းပဲဆရာမဆို ယခုလို ပြောခြင်းခံရပါက ဂုဏ်မောက်သည်မှာ တိမ်ပေါ်အထိပင် တက်သွားအုံးမည်။

ကျွန်တော်က ကွဲပြားတယ်လေ။

‘ကျွန်တော်က ပြန်ဝင်စားသူတော့ မဟုတ်ဘူး ဒါပေမဲ့ သူ့ရဲ့ ဆက်ခံသူ’

လုံလောက်သော အချိန်ရောက်ချိန်တွင် ဂျယ်ဖာအရည်ပျော်သွားပြီ။

[တာဝန်အောင်မြင်သည်]

စမစ်က နွေးထွေးစွာပြုံးပြီး ပြောလိုက်သည်။

“လုံးဝကို အံ့ဩစရာကောင်းလိုက်တာ ဂရစ် ငါတို့သူငယ်ချင်းကောင်း ဖြစ်လာနိုင်တယ်”

[စမစ်နှင့်ရင်းနှီးမှု သုံးဆယ်မြင့်တက်သွားသည်]

[အတွေ့အကြုံမှတ် 80 မြင့်တက်သွားသည်]

[အဆင့်တက်သွားသည်]

‘ကောင်းလိုက်တာ အဆင့်နှစ်ရောက်ပြီ’

အဆင့်တက်တာထက် ပျော်ရွှင်ရတဲ့ကိစ္စက မရှိပါဘူး။ တချိန်က ကျွန်တော်က အဆင့်ရှစ်ဆယ်တောင် ရှိခဲ့တာလေ။ အဆင့်နှစ်ကို ရောက်တော့ ကျွန်တော်လည်း ကြည်နူးသွားတာပေါ့။ ကျွန်တော့်အဆင့်က ဂဏန်းနှစ်လုံးမဖြစ်မချင်း ဖြစ်လာနိုင်တဲ့ကိစ္စတွေကို စိုးရိမ်ပူပန်နေရအုံးမှာပဲ။

“ဒီကို ယူလာပေးပါအုံး”

စမစ်က ဂျယ်ဖာအရည်ကို သံအရည်ထဲ လောင်းထည့်လိုက်သည်။ ရောစပ်သော အချိုးမှာ 1:12 ဖြစ်၏။ မှန်ပါသည်။ ဆိုလိုချင်သည်မှာ ရိုးရိုးဂျယ်ဖာတခုတွင် သံဆယ့်နှစ်ခုကို ဆိုလိုခြင်း ဖြစ်သည်။ စမစ်က စပ်ထားသည်ကို မီးပြင်းဖိုမှာထားလိုက်ပြီး အပူထပ်ပေးလိုက်၏။ သူ ရောစပ်ဖို့လည်း မမေ့ပေ။ ခြောက်ခါလောက် ရောစပ်ပြီးသည်နှင့် အရည်ကို ပုံစံခွက်ထဲ လောင်းထည့်လိုက်သည်။

မိနစ်လေးဆယ်လောက်ကြာသောအခါ ပုံစံခွက်မှ အရည်မာကျောလာသည်။ ဒီချိန်အတောအတွင်းမှာ စမစ်က လက်စသတ်ပြီးသွားသော ဂျယ်ဖာကို ကမ်းပေးလိုက်သည်။

“သတ္တုကျိုတာက ပထမဆုံးအကြိမ်ဆိုတော့ အမှတ်တရပစ္စည်းအဖြစ် ဒီဟာကို ပေးလိုက်မယ်”

ဂျယ်ဖာအပိုင်းအစလေးတခုက ခုနှစ်ရာဂရမ်ကနေ တစ်ကီလိုဂရမ်အထိအလေးချိန်ရှိပါတယ်။ ဂျယ်ဖာ သုံးရာဂရမ်ကို ရွှေတပြားတန်တယ်။ ဒီတော့ ဒီတာဝန်ကိုလုပ်ရတာ တန်တယ်လို့ပြောရမှာပေါ့။

‘စမစ် ဆိုတဲ့ ဒီလူက တကယ်ကိုလူကောင်းတယောက်ပဲ’

ကျွန်တော် ဒီပန်းပဲဆရာကို ပိုပြီးကြိုက်သထက် ကြိုက်လာပါပြီ။ စမစ်က တူကြီးကြီးတခုနှင့် မာနေသော သတ္တုအရည်ကို ထုရိုက်လိုက်သည်။ သတ္တုခဲက မာသထက်မာလာပြီး ဝိုင်ယာကြိုးထူထူပုံစံ ပေါ်လာသည်။

စမစ်က ဝိုင်ယာကို ကောက်ယူပြီး တဖက်ကိုလှန်လိုက်သည်။ ထို့နောက် နောက်တဖက်။ သတ္တုပုံစံက ပိုမို ကျစ်လျစ်လာသည်။ ဝိုင်ယာပုံစံသတ္တုခဲကြီးကို ပုံစံခွက်ထဲကို ထားပြီး တူနှင့် ထုပြန်သည်။ ပြီးသည်နှင့် အစွန်နားကို ဓားသွေးကျောက်နဲ့ သွေးလိုက်၏။

ဂရုတစိုက်အလုပ်လုပ်သဖြင့် မြားခေါင်းချွန်ခြင်း ပြီးသွားပါပြီ။ ထူပြီးလေးသော်လည်း ချွန်လွန်းသဖြင့် သံချပ်ကာလောက်ကို ဖောက်ဖို့ရန် ပြဿနာမရှိ။ ဂျယ်ဖာမြားခေါင်းပြီးသွားသည့်နောက် ပြင်ဆင်ထားသော မြားရိုးတံနှင့် တွဲလိုက်သည်။

ကျွန်တော် လုပ်ငန်းစဉ်တခုလုံးကို အစကနေ အဆုံးထိအောင် ကြည့်ရှုခဲ့ပါသည်။ ထို့နောက် အသိပေးစာအသစ် ပေါ်လာသည်။

[ဂျယ်ဖာမြားအပေါ် သင်၏ နားလည်မှု 100% ပြည့်သွားပါသည်။ ဂျယ်ဖာမြားကို ထိထိရောက်ရောက်အသုံးပြုနိုင်မည်]

[သင်သည် ဂျယ်ဖာမြားထုတ်လုပ်နည်း သင်ယူခဲ့သည်]

စမစ် ကျွန်တော့်ကို မေးလိုက်၏။

“ဘယ်လိုလဲ မင်းလုပ်နိုင်ပါ့မလား”

“ဟုတ်ကဲ့”

စမစ် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပါသည်။

“ချက်ချင်းကို ဖြေတာဆိုတော့... ယုံကြည်မှုတော်တော်ရှိနေတယ်ပေါ့ ဘယ်လက်နက်မဆို အထူးသဖြင့် မြားပေါ့ ဟန်ချက်ညီဖို့က အရမ်းအရေးကြီးတယ်နော် ငှက်မွေး မြားခေါင်း ပြီးတော့ အရိုးတွေက ဟန်ချက်ညီဖို့လိုတယ်... နည်းနည်းလေး ပိုသွားရင်တောင်မှပဲ ဝေးဝေးမသွားနိုင်တာမျိုးဖြစ်တယ် တော်တော်ကို အနုစိတ်တဲ့ အလုပ်မျိုးပဲ ဒီလိုဆိုရင်တောင်မှပဲ မင်း တကယ်လုပ်နိုင်တာလား ထုတ်လုပ်နည်းကိုတောင် တခါလေးပဲ ကြည့်ရသေးတာလေ ထပ်ကြည့်ချင်သေးလား”

“ကျွန်တော် လုပ်နိုင်ပါတယ်”

“ဟို...ကောင်းပြီ ငါမင်းကို နောက်တကြိမ်ထပ်ယုံကြည်လိုက်မယ်”

[ဂျယ်ဖာမြားကို ဖန်တီးပါ]

ခက်ခဲမှုအဆင့်- D

သတ္တုနှစ်ခုကို ရောစပ်ရတဲ့အလုပ်ဟာ မလွယ်ကူပေ။ မြားတချောင်းကို လုပ်ဖို့အတွက် အနုစိတ်လုပ်ရန် လို၏။ ထိုအကြောင်းကြောင့် အလုပ်သင်ပန်းပဲဆရာများအတွက် ဂျယ်ဖာမြားကို ပြုလုပ်ရာတွင် အခက်အခဲကြုံတွေ့ကြရသည်။ သို့သော် စမစ်သည် သင့်အားယုံကြည်စွာနဲ့ ဈေးကြီးသော သတ္တုများကို အသုံးပြုခွင့်ပေးခဲ့သည်။

တာဝန်ရှင်းလင်းရန် အခြေအနေများ- ဂျယ်ဖာမြားတစ်ရာ ထုတ်လုပ်ပါ

တာဝန်ဆုလာဘ်- စမစ်နှင့်ရင်းနှီးမှုအမြင့်ဆုံး အတွေ့အကြုံမှတ် ဂျယ်ဖာမြား 50

တာဝန်ကျရှုံးမှု- စမစ်စိတ်ပျက်သွားမည်

* ဖောက်သည် စိတ်ပျက်သွားပါက သတ်မှတ်ထားသောအချိန်ကာလအတွင်း မည်သည့်တာဝန်ကိုမှ ရရှိမည်မဟုတ်ပါ။

စမစ်က ငါ့ကို မြားရိုးတစ်ထောင်နဲ့ ဂျယ်ဖာတစ်ကီလိုထောက်ပံ့ပေးခဲ့တယ်။ သံရိုင်းကိုလည်း ငါကြိုက်သလို လွတ်လွတ်လပ်လပ်သုံးလို့ရတယ်။ ဒါကိုတော့ ငါ့ရဲ့အလွန်မြင့်မားတဲ့ ပန်းပဲဆရာနှင့်ရင်းနှီးမှုကို ကျေးဇူးတင်ရမှာပဲ။ အရင်ကငါဆိုရင် ဒီလိုသတ္တုမျိုးကို ရမှာမဟုတ်ဘူး။

“စေတနာကိုတော့ ကျွန်တော်အသိအမှတ်ပြုပါတယ် ဒါပေမဲ့ မြားရိုးတံကိုတော့ ကျွန်တော့်ဘာသာလုပ်ခွင့်ပြုပေးပါ”

ကျွန်တော် မြားရိုးတစ်ရာကို ပြန်ပေးခဲ့ပါသည်။ သို့သော် စမစ်က ကျွန်တော့်လုပ်ရပ်ကို နားမလည်နိုင်ဖြစ်နေသည်။

“ဘာလို့လဲ ငါ့ညီ အားနာနေသလို ခံစားရလို့လား ဒါဆိုရင်တော့ စိုးရိမ်စရာမလိုဘူးနော်”

ကျွတ် ကျွတ် ဒီလိုတော့လည်း သူက ပန်းပဲဆရာအသစ်လေး ပီသပြန်ပါလား

“ကျွန်တော် မြားလုပ်တိုင်း အကိုက မြားရိုးကို ထောက်ပံ့ပေးမလို့လား”

“မဟုတ်ပါဘူး ငါဘယ်လိုလုပ်လုပ်နိုင်မှာလဲ...အို ဒါကြောင့် အခွင့်အခါသင့်ရင် မြားရိုးကို ဘယ်လို ချောချောမွေ့မွေ့လုပ်မလဲဆိုတာ သင်မလား”

“မှန်တာပေါ့ ဖြစ်နိုင်ရင် ကျေးဇူးပြုပြီး ညီလေးကို မြားရိုးလုပ်တဲ့ ပါဝင်ပစ္စည်းတွေပါ ထောက်ပံ့ပေးနိုင်မလား”

စမစ်က သန်မာတဲ့အကိုင်းနဲ့ အရည်အသွေးကောင်းမွန်တဲ့ ငှက်တောင်တွေကို ဂရုမစိုက်ဟန်နဲ့ ပေးလိုက်တယ်။

“အကိုက သတ္တုကျိုတာနဲ့ မြားခေါင်းလုပ်တာကို သင်ပေးတဲ့နေရာမှာ အာရုံစိုက်တာများသွားတော့ မြားရိုးတံလုပ်နည်း သင်မပေးဖြစ်လိုက်ဘူး။ အခုပဲ သင်ပေးမယ်လေ”

လက်သင်ပန်းပဲဆရာကို သင်ပေးနိုင်တဲ့အရာမှာ အကန့်အသတ်ရှိသဖြင့် ကျွန်တော် သူ့ကို ဂရုတစိုက်လုပ်မယ်ဟု ပြောလိုက်ပြီး သိုလှောင်ခန်းထဲမှ စာအုပ်ထူထူကို ဆွဲထုတ်လိုက်ပါသည်။ ခေါင်းစဉ်မှာ ‘အိုင်တမ်ထုတ်လုပ်ရေးနည်းစနစ်များ’ ဖြစ်၏။

ကျွန်တော် စာအုပ်ကို ဖွင့်လိုက်၏။ မာတိကာတွင် ခေါင်းစဉ်လေးခုတွေ့လိုက်ရသည်။ သူတို့မှာ ပုဆိန်၊ ပေါက်ချွန်း၊ ဂျယ်ဖာမြားနဲ့ ကျရှုံးမှုတို့ဖြစ်သည်။ ယခု နေရာလွတ်အများကြီးနှင့် ရိုးရိုးရှင်းရှင်းလေးဖြစ်နေသော်လည်း တနေ့တွင် ဒီစာအုပ်ကို အပြည့်ဖြည့်ပြမည်။

ကျွန်တော် ဂျယ်ဖာမြားလုပ်နည်းစာရွက်ကို လှန်ပြီး ဖတ်လိုက်သည်။ မြားရိုးပြုလုပ်နည်းကို ပုံတွေနဲ့ စာနဲ့ပါ အသေးစိတ်ပြထားပါသည်။ ဖတ်ကြည့်ပြီးနောက် နောက်တကြိမ် သေသေချာချာပြန်ဖတ်ပြီး စာအုပ်ကို ပိတ်လိုက်တော့သည်။

‘အိုကေ ငါလုပ်လို့ရပြီ’

အိုင်တမ်လုပ်တာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် စိတ်နည်းနည်း ဖိစီးနေသည်။ မဟုတ်သေးပေ။ ဖိစီးနေသည်ထက် စိတ်လှုပ်ရှားနေသည်မှာ ပိုများပါသည်။ ကျွန်တော် မြားရိုးတံကို စလုပ်ပါတော့မည်။ အကိုင်းကို တဖြောင့်တည်းထားလိုက်၏။ ဆိုးဆိုးရွားရွားကွေးနေသည်များကို မီးပေါ့ပေါ့လေး ပေးလိုက်သည်နှင့် ပြန်ဖြောင့်သွားသည်။ အကိုင်းများကို ပုံမှန်အရှည်ရအောင် ညှပ်ပြီး ထိပ်ပိုင်းတွေကိုလည်း တိလိုက်သည်။ ပြီးသည်နှင့် ငှက်တောင်များကို ရိုးတံတွင် ပေါင်းစပ်လိုက်၏။

တစ်၊ နှစ်၊ သုံး....

ပြီးသွားသော မြားရိုးအရေအတွက် တိုးလာနေပြီး ကျွမ်းကျင်မှုကလည်း တည်တည်ငြိမ်ငြိမ်မြင့်တက်လာနေသည်။ လက်၏ ကျွမ်းကျင်မှုစွမ်းရည်နှင့် ဇာတ်ကောင်၏ အမှန်ညွှန်ပြပေးသော စွမ်းရည်နှင့် ပေါင်းလိုက်ချိန်တွင် သက်ရောက်မှုကြီးကြီးမားမားရှိသွားသည်။

စမစ် ဂရစ်အကြောင်း တွေ့ရှိလာလေ သူ့ကို ပိုလေးစားလာလေ ဖြစ်နေပါပြီ။

“ဒီဟာက အသစ်တွေရဲ့ ကျွမ်းကျင်မှုမဟုတ်တော့ဘူး...သူက ကြည့်ရုံနဲ့တင် မြားရိုးလုပ်နည်းကိုပါ ရှာတွေ့သွားတာပဲ သူ့မှာ လက်မှုပညာသည်တယောက်ရဲ့ စစ်မှန်တဲ့မျက်စိတွေ ရှိတယ် ကျွမ်းကျင်မှုနဲ့ တိကျမှုက ကောင်းလိုက်တာ”

ကျွန်တော် ဘာအခက်အခဲမှ မကြုံရဘဲ မြားရိုးတစ်ရာပြီးဆုံးသွားပါပြီ။ ပြီးသည်နှင့် မြားခေါင်းများကို စလုပ်ပါတော့သည်။

အပိုင်း ၁၈ : စမစ်က ဂေးနေတာလား

ကျွန်တော် သံရိုင်းနှင့် ဂျယ်ဖာကို တူတူရောကျိုလိုက်ပြီး မှန်ကန်သောအချိုးနှင့် တူတူရောနှောလိုက်သည်။ ပြီးနောက် အရည်ကျိုထားသည်ကို ပုံစံခွက်ထဲ လောင်းထည့်လိုက်၏။ မိနစ်လေးဆယ်လောက်ကြာပြီးမှ ဝိုင်ယာပုံစံပေါ်လာအောင် တူနှင့်တဒုန်းဒုန်းထုသည်။ ဝိုင်ယာကို ရေပုံးထဲ ဆွဲနှစ်လိုက်ပြန်သည်။

ချဲ....

ချစ်ချစ်တောက်အောင်ပူနေသော ဝိုင်ယာက ချက်ချင်းကြီး အေးသွားသဖြင့် အသံကျယ်ကြီးကို ကြားခဲ့ရသည်။ ငြှိမ်းသတ်သွားသည်။ သတ္တု၏ မာကျောမှုနှင့် ခံနိုင်ရည်ကို တိုးလာအောင် သည်ဖြစ်စဉ်ကိုလုပ်နေရသည်။

စမစ်ကို ကြည့်ရသည်မှာ ပထမဆုံးအကြိမ် စိတ်ပျက်သွားပုံရသည်။

“မင်းက ရေနှစ်တာကိုလည်း သိတာပဲလား”

“ဟုတ်သည် ကျွန်တော်က ထုတ်လုပ်ရေးနည်းစနစ်အမျိုးမျိုးကို သင်ယူဖူးတယ်လေ ကျွန်တော်က အမြဲတမ်းကြိုတင်ပြင်ဆင်ထားတဲ့ လူပဲ”

“ဟမ် မင်းဘာတွေသင်ယူခဲ့ဖူးလဲဆိုတာတော့ ငါမသိဘူး ဒါပေမဲ့ ကိုယ်တိုင် လေ့လာတာက အကန့်အသတ်ရှိတယ် ဘာလို့ မြားခေါင်းလုပ်တာမှာ ရေနှစ်တာလဲ မသိပေမဲ့ တကယ်လို့ မင်းသတ္တုကို ရေနှစ်လိုက်ရင် ပိုပြီးတော့မာကျောလာတာမှန်ပေမဲ့ ခံနိုင်ရည်တော့ လျော့သွားတယ်နော် တကယ်လို့ ရန်သူကို မြားနှင့်ပစ်လိုက်ရင် ရန်သူ့ခန္ဓာကိုယ်မှာ အပေါက်ဖောက်ရမဲ့အစား မြားခေါင်းက ချပ်ဝတ်ကိုပဲ အပေါက်ဖောက်သွားရင်ကော”

သုံးသပ်သည်မှာ မှန်သည်။ ကျွန်တော့်မှာလည်း အထူးအစီအစဉ်ရှိသည်လေ။

“ကျွန်တော် မီးဆေးတဲ့ နည်းလမ်းကို သုံးမှာ”

မီးဆေးသည်ဆိုတာက ရေနှစ်ထားသောသတ္တုကို အပူပြန်ပေးခြင်းဖြစ်၏။ သတ္တု၏ မာကျောမှုကို ပြန်၍ လျော့ချပေးသည်။ ကောင်းကောင်းလုပ်နိုင်ပါက သတ္တုက နောက်ဆုံးတွင် ခံနိုင်ရည်တိုးလာမည်။

သည်ဖြစ်စဉ်မှာ အချိန်တော်တော်များများကို ယူသွားသည်ဆိုပေသော်လည်း လက်တွေ့ဘဝတွင် အလုပ်ကြမ်းလုပ်ရသည်ကို မကြိုက်သော ကျွန်တော်က ဂိမ်းထဲမှာတော့ အလုပ်ကြမ်းလုပ်ရတာကို နှစ်သက်နေသည်။

စမစ်က ကျွန်တော်လုပ်နေတာကို ဘဝင်မကျသလို မျက်မှောင်ကြုတ်လိုက်၏။

“မြားကို တညလုံးအချိန်ယူပြီး လုပ်မလို့ ကြိုးစားနေတာလား မြားလုပ်ဖို့ကို ဘာလို့ အချိန်တော်တော်ပေးလဲတော့ ငါလည်းမသိဘူး တခါသုံးမြားလေးတွေကို ဘာလို့များ အချိန်အကုန်ခံပြီး လုပ်နေရတာလဲ”

ဘာကြောင့်လဲဟုတ်လား။ အချိန်အများကြီးတိုးထားရသော အကြောင်းပြချက်ကတော့ ရိုးရှင်းပါသည်။ ကျွန်တော် အပူပြန်ပေးထားသော ဝိုင်ယာကို တူနှင့်တဒုန်းဒုန်းထုနေရင်း ပြန်ဖြေခဲ့သည်။

“ပိုပြီးကောင်းကောင်းလုပ်နိုင်ရင် ဈေးများများနဲ့ ရောင်းလို့ရမလားလို့”

“……”

စမစ် ကျွန်တော့်စကားကို ကြားသွားတာနှင့် နားလည်သွားပြီး နောက်ထပ် ကျွန်တော့်ကို ဝင်မစွက်ဖက်တော့။ ကျွန်တော် မြားခေါင်းတွေကို ထုသည်၊ ရေနှစ်သည် ပြီးနောက် အပူပြန်ပေးသည်။ အချိန်ဘယ်လောက်တောင် ကုန်သွားပြီမသိ။ ကျွန်တော် မောပန်းပြီး နာကျင်လာပြီ။

မီးပြင်းဖိုဆီက မီးတွေကတော့ ယခင်ကထက်ပို၍ တောက်လောင်နေသယောင်။

ကျွန်တော့်တူထုကျွမ်းကျင်မှုမှာလည်း အချိန်နှင့်အမျှ တိုးတက်လာနေပါသည်။

[ဇွဲလုံ့လမြင့်တက်လာသည်]

[ကျွမ်းကျင်မှု မြင့်တက်လာသည်]

ကျွန်တော့်မြင့်တက်လာသောအညွှန်းကိန်းတွေက အရင်ကထက် ပိုပြီးသန်မာလာအောင် လုပ်ပေးနေပါသည်။ ဒါကြောင့် ကျွန်တော့်အညွှန်းကိန်းတွေကို မြှင့်နိုင်ဖို့အတွက် ဘာမဆိုလုပ်ရန် ဆန္ဒရှိပါသည်။

“…သည်ဟာက”

ချီးပဲ။ ပင်ပန်းသော အလုပ်ကြမ်းပေမဲ့ ပျော်ဖို့တော့ အကောင်းသား။

“ငါတော့ သည်အလုပ်ကို တနေ့ထက်တနေ့ပိုပြီးတော့ စွဲလမ်းလာနေပြီ”

လက်တွေ့ဘဝမှာ အလုပ်ကြမ်းလုပ်နေတုန်းက အလုပ်ကြမ်းလုပ်ရတာကို ကြိုက်လာမယ်လို့ မတွေးထားဖူးပါဘူး။ အရင်နှစ်တွေတုန်းက အရိုးပွရောဂါဖြစ်လာရင် အလုပ်ကြမ်းလုပ်တာကနေ နားတော့မယ်လို့ စဉ်းစားထားတာပါ။

ထန် ထန်

ကျွန်တော် ရှင်းပြနေသည်ဆိုသော်လည်း အလုပ်မှာ နှစ်မြှုပ်ထားပါသည်။ ဝိုင်ယာကတော့ တူနှင့်ထုနေတာကြောင့် မြားခေါင်းအသွင်ကို တဖြည်းဖြည်းပြောင်းလာနေသည်။ တူထုနေရင်းနှင့် ကျွန်တော့်ကျွမ်းကျင်မှုတွေမှာ ပိုမို မြင့်တက်လာနေသည်။

“ဟူး ဟူး”

ကျွန်တော် အသက်ပြင်းပြင်းရှူလိုက်သည်။ လက်မောင်းတွေက နာကျင်နေပြီး အရေပြားတွေက ပူနေပြီ။ ဒါပေမဲ့ လက်မလျော့နိုင်ဘူး။ သက်လုံကျလာလေလေ အာရုံစူးစိုက်နိုင်စွမ်းက မြင့်မားလာလေလေပဲ။

[ ဒဏ္ဍာရီလာပန်းပဲဆရာ၏ သည်းခံခြင်းစွမ်းရည် အသက်ဝင်ပါပြီ။ အာရုံစူးစိုက်နိုင်စွမ်း၊ သက်လုံ နှင့် ကိုယ်ခံအားတို့ကို တစ်နာရီကြာဆွဲဆန့်လိုက်ပါပြီ]

ရုတ်တရက်ဆိုသလိုပဲ ပင်ပန်းမှုတွေက ခန္ဓာကိုယ်ကနေ ပျောက်သွားပြီး ကျွန်တော်လည်း လန်းဆန်းလာပါသည်။ သည်ခံစားချက်က ပေါင်မုန့်နှင့် နို့သောက်ပြီး အားတွေပြန်ပြည့်လာတာနှင့် တူသည်။

“အိုး ……. ”

ဟန်ချက်ညီအောင် တူကို တလှည့်စီထုပေးနေပါသည်။ အာရုံစူးစိုက်နိုင်စွမ်းတိုးလာတာကြောင့် မြားခေါင်းလုပ်သောနေရာမှာ ပိုပြီးလွယ်လာပါသည်။ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တာမဟုတ်သော်လည်း မြားခေါင်းတွေက လှပလွန်းနေသည်ဟု စိတ်က ထင်နေခဲ့သည်။

ကျွန်တော် ပျော်သည်။ မီးရှေ့မှာနေရင်းထွက်သောချွေးက ပင်လယ်လောက်တောင် များနေပါပြီ။

‘ဒါက အလုပ်ကြမ်းမဟုတ်တော့ဘူး အလုပ်ကြမ်းထက် အနုပညာတခုလို့ တင်စားလို့ ရတယ်’

လက်တွေ့ဘဝမှာတော့ ကျွန်တော်က ပါရမီမရှိတာကြောင့် ဘာလုပ်လုပ်ကျေနပ်မှုကို မခံစားရပါဘူး။ ဘယ်အလုပ်မဆို ဇွဲရှိရှိနှင့်တော့ လုပ်ခဲ့တာချည်းပါ။ ဒါပေမဲ့ အခု ကျွန်တော့်မှာ ပါရမီရှိပြီလေ။ Satisfy မှာပဲ ထုတ်ပြလို့ရပေမဲ့ ကျွန်တော့်အတွက်တော့ ဒါကပင် လုံလောက်နေပြီ။

ထန် ထန်

တူတဒုန်းဒုန်းထုတာကနေ သံစဉ်တွေတောင် ကြားလာမိနေပါပြီ။ တချိန်တည်းမှာပင် တည်ငြိမ်မှုနှင့် ကျေနပ်အားရမှုကို ခံစားနေရသည်။

[ဒဏ္ဍာရီလာပန်းပဲဆရာ၏ အသက်ရှုခြင်းကြောင့် ထုတ်လုပ်ထားသော အိုင်တမ်များ သက်ရောက်မှုတိုးလာသည်]

[ဒဏ္ဍာရီလာပန်းပဲဆရာ၏ အသက်ရှုခြင်း]

အဆင့် 1

အိုင်တမ်ပြုလုပ်ရာတွင် အာရုံစူးစိုက်ထားသောကြောင့် ထုတ်လုပ်ထားသောအိုင်တမ်များတွင် ပက်မာဆက်ခံသူ၏ စိတ်စွမ်းအားများနှင့် ပြည့်နှက်နေသည်။

ထုတ်လုပ်ထားသောအိုင်တမ်၏ အညွှန်းကိန်းများအားလုံး 5% တိုးလာသည်။

ထုတ်လုပ်ထားသောအိုင်တမ်များတွင် အထူးအင်္ဂါရပ်များ ထည့်သွင်းနိုင်ရန် ရှားပါးသောအခွင့်အရေးရှိသည်။

မြားတစ်ရာပြုလုပ်ခြင်း အောင်မြင်သွားပါပြီ။

[အထူးဂျယ်ဖာမြား]

အဆင့်- မော်ကွန်း

တိုက်ခိုက်စွမ်းအား- 35~42

ဤမြားကို အရည်အချင်းကောင်းကောင်းရှိသော်လည်း အတွေ့အကြုံနှင့် ဂုဏ်သတင်းကင်းမဲ့နေသော လက်မှုပညာရှင်တယောက်မှ ပြုလုပ်ထားသည်။

ဂျယ်ဖာနှင့် စတီးကို ပေါင်းစပ်ထားခြင်း၏ သက်ရောက်မှုကြောင့် ထိုးဖောက်ဝင်ရောက်နိုင်စွမ်း အလွန်မြင့်မားသည်။ ထို့ပြင် ရန်သူတချို့၏ ကာကွယ်မှုကို လျစ်လျူရှုနိုင်သည်။

* ရန်သူ၏ ခုခံမှုကို လျစ်လျူရှုနိုင်ရန် သေချာသောအခွင့်အရေးရှိသည်။

အလေးချိန်- 0.1

[ မော်ကွန်းအဆင့်အိုင်တမ် ထုတ်လုပ်နိုင်သောကြောင့် အညွှန်းကိန်းများအားလုံး 4 မှတ် တိုးလာသည်။ တိုက်ကြီးတခုလုံးတွင် ဂုဏ်သတင်းမှတ် 80 မြင့်တက်သွားသည်]

[တာဝန်အောင်မြင်သည်]

[စမစ်နှင့်ရင်းနှီးမှု အမြင့်ဆုံးသို့ ရောက်ရှိသွားသည်]

[အတွေ့အကြုံအမှတ် 300 တိုးလာသည်]

[အဆင့်တက်သွားသည်]

တာဝန်အောင်မြင်သည်နှင့် အဆင့်တက်တာကြောင့် ဝမ်းသာဖို့ကိုပင် မေ့သွားချေပြီ။

“…မော်ကွန်းအဆင့်မြားတွေလား”

ဘာလို့မြားတွေက ပုံမှန်အတိုင်း မဟုတ်တာလဲ။

‘ငါ တခါမှ မော်ကွန်းအဆင့်မြားတွေကို မကြားဖူးဘူး’

ကျွန်တော် ပြောမပြနိုင်လောက်အောင် ကူကယ်ရာမဲ့သလို ခံစားသွားရပါသည်။

“မော်ကွန်းအဆင့် တခါသုံးတွေလား...ငါအခုမော်ကွန်းအဆင့်မြားတွေကို ဖန်တီးခဲ့တာလား…”

ဈေးကြီးတဲ့ ဓားတွေ ချပ်ဝတ်တွေ မဟုတ်တော့ ငါ အမြတ်များများရမှာ မဟုတ်ဘူး။ ဒါပေမဲ့ မြားတွေက တခါသုံးတွေဆိုတော့ ဈေးပေါတယ်။ ပြောရမယ်ဆိုရင် မော်ကွန်းအဆင့်မြားတွေက အကန့်အသတ်နှင့်ဆိုရင်တောင် ရမဲ့ အမြတ်က အကန့်အသတ်ရှိတယ်။ ကျွန်တော် ဆိုးရွားသော ခံစားချက်တွေနှင့် ပြည့်နှက်လာပါသည်။

‘ချီးပဲ သူက ငါ့ကို ဓားနှင့် ချပ်ဝတ်လုပ်နည်း သင်ပေးခဲ့သင့်တာ’

ကျွန်တော် ဂျယ်ဖာမြားကို အကြံပေးသော စမစ်ကို ခါးခါးသီးသီးနှင့် ကြည့်လိုက်ပါသည်။ ကျွန်တော့်မြားကို ပြန်ကြည့်လိုက်တော့ ခံစားချက်တွေအားလုံးက စုပြုံပြီး ဒေါသအဖြစ်ကို ပြောင်းသွားပါသည်။

“မင်းက အလုပ်သင်ကာလတောင်မပြီးသေးပေမဲ့ ကောင်းတာတခုခုကို ဖန်တီးနိုင်ခဲ့ပြီပဲ ဘယ်လောက်တောင် ကောင်းတဲ့ မြားတွေလဲ မြားတွေက လှပလွန်းတယ်လို့ ပထမဆုံးအကြိမ် ငါတောင် ခံစားရတယ် မင်းက အသေအချာကို ပက်မာဝင်စားတာပဲ အာ ငါထိတ်လန့်သွားလို့ မင်း ပင်ပန်းနေမယ်ဆိုတာကိုတောင် မေ့သွားပြီ မင်းက တော်တယ် အံ့ဩစရာကောင်းလိုက်တာ ငါတော့ အတော်ကလေး သဘောကျတယ်”

စမစ်စကားတွေကြားမှ ကျွန်တော့်စိတ်ကို ပြန်ရသွားပါသည်။

ဟုတ်တယ်။ ပထမဆုံးအကြိမ် လုပ်တဲ့ အိုင်တမ်က မော်ကွန်းအဆင့်လေ။ ပြီးတော့ ငါက မကျရှုံးခဲ့ဘူး။ သည်အချက်ကတင် ကိုယ့်ကိုကို ကြည်နူးပီတိဖြစ်ဖို့ လုံလောက်နေပြီ။ မော်ကွန်းအဆင့်အိုင်တမ်လုပ်နိုင်ခဲ့လို့လဲ အညွှန်းကိန်းတွေအားလုံး လေးမှတ်တောင်တိုးပြီး ဂုဏ်သတင်းပါ တိုးလာတာပဲ။

ထပ်ပေါင်းပြောရရင် မြားတွေ၏ စွမ်းဆောင်နိုင်မှုက အံ့ဩစရာပဲ။ ပုံမှန်ထက် တိုက်ခိုက်စွမ်းအားက လေးဆယ်လောက်ပိုနေသည်မလား။ ပြီးတော့ အထူးရွေးစရာပါ ထည့်ပေးထားသေးတယ်။

‘မြားကောင်းကောင်းတချောင်းက အဆင့်နှစ်ဆယ် လက်နှင့်ကိုင်ရသောလက်နက်တွေထက် ပိုကောင်းတယ်တဲ့’

မြားတွေက သူတို့၏သဘာဝကြောင့် တခြားကိရိယာအို်ငတမ်တွေထက် အမြတ်နည်းပါသည်။ ဒါပေမဲ့ သည်လိုသာလွန်သော စွမ်းဆောင်နိုင်စွမ်းနှင့်ဆိုပါက ပိုက်ဆံပိုရမှာ အသေအချာ ဖြစ်သည်။

ကျွန်တော် စီစဉ်ထားသည်ထက် သာလွန်နေသဖြင့် အနည်းငယ် စိတ်ရှုပ်ထွေးမိသည်။

ငါ့မှာ ဒဏ္ဍာရီလာပန်းပဲဆရာလက်မှုအတတ်ပညာစွမ်းရည် ရှိတာပဲ။ သက်ရောက်မှုကြောင့် ငါ့အိုင်တမ်စွမ်းရည်အားလုံး တစ်ဆယ်ရာခိုင်နှုန်းတိုးလာပြီ။ နောက်တမျိုးပြောရရင် ပုံမှန်ဂျယ်ဖာမြားက တိုက်ခိုက်စွမ်းအား နှစ်ဆယ်ကနေ နှစ်ဆယ့်ခြောက်ကြားရှိရင် ငါ့မြားက နှစ်ဆယ့်နှစ်ကနေ နှစ်ဆယ့်ရှစ်။ ဖောက်သည်တွေဖက်က ကြည့်ရင်တော့ ပုံမှန်ဂျယ်ဖာမြားတွေထက် ငါ့မြားတွေက ဝယ်ရပိုတန်မှာ အမှန်ပဲ။

သို့သော် သူတို့ ပိုက်ဆံပိုပေးရသဖြင့် အင်တင်တင်ဖြစ်နိုင်သည်။ အဘယ်ကြောင့်နည်း။ တိုက်ခိုက်စွမ်းအားလေးနည်းနည်းပိုသွားသည်နှင့် ပိုပေးရသဖြင့် အဓိပ္ပာယ်မရှိဘူးဟု တွေးနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော် ရေနှစ်သည်၊ ပုံသွင်းသည် ပြီးနောက် မီးဆေးခဲ့ပြီး ကျွန်တော့်စွမ်းရည်သက်ရောက်မှုကို အမြင့်ဆုံးထိ မြှင့်ခဲ့သည်။ မျှော်လင့်သည်ထက် ထွက်လာသည်က စွမ်းဆောင်ရည်တစ်ဆယ်ရာခိုင်နှုန်းလောက် သာလွန်နေသည်။

ပြီးတော့ မြားလုပ်ပြီးသောအခါ အသက်ရှုခြင်းစွမ်းရည်ကြောင့် စွမ်းဆောင်ရည်တိုးသွားလို့ ပိုကောင်းသွားသည်။ ပုံမှန်ဂျယ်ဖာမြားတွေထက် တိုက်ခိုက်စွမ်းအား ဆယ့်ငါးမှတ်များပြီး ထပ်တိုးရွေးချယ်ခွင့်အနေနှင့် ရန်သူ့ခုခံမှုကို လုံးဝကိုလျစ်လျူရှုနိုင်သည်။ အဆင့်မြင့်သော ကစားသမားတွေဆိုရင် ကျွန်တော့်မြားတွေကို ဘယ်လောက်တောင် ဈေးကြီးကြီးပေးဝယ်မလဲ မသိဘူး။ သည်တော့ အဆိုးကြီးလည်း မဟုတ်ပါဘူး။

“ဘူး.......ဟားဟားဟား”

ပြိုင်ဘက်ကင်းသော အညွှန်းကိန်းတွေနှင့် စွမ်းရည်တွေက ဇာတ်ကောင်ကြောင့် ပိုင်ဆိုင်ခွင့်ရတာ။ မိုင်းနက်စ်အဆင့်ကြောင့် အညွှန်းကိန်းက လေးဆယ်မှတ်ပိုရသေးသည်။ မော်ကွန်းအဆင့်အိုင်တမ်လုပ်နိုင်လို့လည်း အညွှန်းကိန်းအမှတ်က တိုးသွားသေးသည်။

နောက်ဆုံးတော့ သည်မြားတွေက ဈေးကြီးကြီးနှင့် ရောင်းထွက်နိုင်ဖို့ မျှော်လင့်ရတာပဲ။ သည်နေ့က ငါ့ဘဝမှာ အကောင်းဆုံးနေ့တနေ့ဆိုတာ အသေအချာပဲ။

“မွေးနေ့ထက်တောင် ပိုကောင်းသေးသည်”

ထားလိုက်ပါလေ၊ ငါ့မွေးနေ့ကို သတိရသောလူဆိုလို့ ငါ့ညီမလေးပဲရှိတာ။ မွေးနေ့ရောက်ပြီဆိုရင် သူလေးက ဘေးမှာထိုင်ပြီး တတွတ်တွတ်ပြောနေတာ။ ‘အကိုကြီး အိမ်မှာပဲ တယောက်တည်းနေနေပြန်ပြီလား’ ‘အကိုကြီးမှာ သူငယ်ချင်းမရှိဘူးလား’ သည်လိုမျိုးလေးတွေပေါ့။ ကျွန်တော်လည်း သည်နှစ်မှာ ကျွန်တော့်ညီမလေးမွေးနေ့မှာ သည်စကားတွေပြန်ပြောပြီး ကလဲ့စားချေဖို့ ရည်ရွယ်ထားသည်။

ဒါကြောင့် အထီးကျန်ခဲ့သော မွေးနေ့တွေထက်စာရင် သည်နေ့က အဆတစ်ရာလောက်ပိုကောင်းသည်လို့ ပြောရမှာတောင် ရှက်မိပါသည်။

စမစ်က မြားတစ်ရာလေးလုပ်နိုင်သွားတာနှင့် အရူးလိုရယ်နေသော ကျွန်တော့်ကို စောင့်ကြည့်နေသည်။

“ငါအရင်က ကတိပေးထားတာက သည်ဟာ တဝက်ပဲလို့…ဒါပေမဲ့ ငါတောင်မှပဲ သည်လို ချီးကျူးစရာကောင်းသောအရာကို မလုပ်နိုင်ဘူးဆိုတော့ အကုန်သာယူသွားတော့ကွာ”

ရင်းနှီးမှုက အမြင့်ဆုံးရသွားတာက အံ့ဩစရာကောင်းလိုက်တာ။ သဘောကောင်းတာက အရမ်းများလွန်မနေဘူးလား။

ကျွန်တော့်ရင်တွေ တဒိန်းဒိန်းနှင့် ခုန်လာပါသည်။ စမစ်ကိုကြည့်ရတာ ကျွန်တော့်အဘိုးနှင့် တူလာလို့ သူ့ကို ပွေ့ဖက်ချင်လာပါသည်။

“ခင်ဗျားက ကျွန်တော့်ကို အရမ်းကြင်နာပေးခဲ့တယ် အချိန်တိုတိုလေး တွေ့ဆုံခဲ့ရပေမဲ့ ကျွန်တော် တသက်လုံး ခင်ဗျားကို မေ့နိုင်တော့မှာ မဟုတ်ပါဘူး”

စမစ် မျက်လုံးကနေ မျက်ရည်တွေကျလာပြီး ကျွန်တော့်ကို ပွေ့ဖက်လိုက်ပါသည်။

“မင်းက ထွက်သွားတော့မလို့လား။ ဆိုးလိုက်တာကွာ”

“ကံဆုံရင် တနေ့ကျရင် ပြန်တွေ့ကြတာပေါ့”

“ငါမင်းကို ထွက်မသွားစေချင်ဘူး” စမစ်က ခံစားချက်တွေပြည့်နေသောမျက်နှာနှင့် ကျွန်တော့်ကို ငေးကြည့်နေပါသည်။

ဥဒေါင်းအဖိုက ဥဒေါင်းအမကို သူ့၏လှပသောအမြီးကို ပြပြီးဆွဲဆောင်နေသလိုပဲ စမစ်က ကျွန်တော့်ကို တူတွေ ညှပ်တွေနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းက ကြွက်သားအစိုင်အခဲကြီးတွေကိုပြပြီး ဆွဲဆောင်ဖို့ကြိုးစားနေပါသည်။ သည်လူ တယောက်တည်းကြာကြာနေခဲ့တာကြာသွားလို့ ခံစားချက်တွေပွင့်အံလာတာများလား။ တယောက်တည်းနေတာကြာပြီး ငါနဲ့ အရမ်းရင်းနှီးသွားလို့ ဂေးသွားတာတော့ မဟုတ်ဘူးမလား။ မဟုတ်ဘူး၊ အစကတည်းက ဂေးနေတာဖြစ်မယ်။

သူ့၏ ဣန္ဒြေက ရင်းနှီးမှု၏ရှေ့မှာတော့ လျော့နည်းသွားပါသည်။ ကျွန်တော်လည်း တချိုးတည်း လစ်တော့သည်။

“ဒါဆိုရင် ကျွန်တော် အခုသွားပြီနော်”

ကျွန်တော် မော်ကွန်းမြားတစ်ရာကို မြန်မြန်ယူလိုက်သည်။ ဒါပေမဲ့ ရွေ့လျားနှုန်းက တစ်ရာရာခိုင်နှုန်းအလျော့ခံထားရတော့ ပန်းပဲဖိုကနေ မြန်မြန်ထွက်မရဘူး။

“မင်းလဲ ငါနဲ့မခွဲချင်တာကို ငါသိနေတယ် နှလုံးသားရဲ့ ဆန္ဒကို မငြင်းဆန်တော့ပါနဲ့ ငါက မင်း၏ဆွဲဆောင်မှုမှာ ကျရှုံးသွားတဲ့ လူပါ အကို ညီကို ခေါင်းတလားထဲမှာ လဲနေသောအချိန်ထိတောင် မမေ့နိုင်တော့ဘူးကွာ မဟုတ်သေးဘူး အခေါင်းထဲမှာတောင် မင်းအကြောင်းတွေကို စဉ်းစားနေအုံးမှာပဲ”

“ချီးထုပ်ကြီး ကြောက်စရာစကားတွေပြောနေတာ ရပ်လိုက်တော့”

ဒိုရန်လိုပဲ စမစ်တယောက် ပြစ်ဒဏ်ကြောင့် အရှိန်လျှော့ခံရတာမသိဘဲ နားလည်မှုလွဲပြန်ပါပြီ။

ကျွန်တော် အခုအချိန်မှာ ဆန္ဒရှိတာကတော့ မြားတွေရောင်း၊ ဂိုဒေါင်တခုရှာပြီးတော့ စမစ်လက်ကနေလွတ်ဖို့ နောက်တရွာကို မြန်နိုင်သမျှမြန်မြန်ကူးဖို့ပါပဲ။

All Chapters