← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အပိုင်း ၁၉ : ဂရစ်ကို တိုက်ကြီးက အစည်းအရုံးတွေအားလုံး လိုက်ရှာပြီ

ဇေဒကာအစည်းအရုံး ဦးဆောင်သောပါတီက လမ်းမကြီးကနေသွားပြီး လမ်းမှာပေါ်လာသော သစ်တော၏ စောင့်ရှောက်သူဂိုလမ်တွေကို ရိတ်ဒ်လုပ်နေတာဟာ သုံးရက်တောင်ကြာမြင့်ခဲ့ပါပြီ။

ခရောင်း .. ရူး ..

သစ်တော၏စောင့်ရှောက်သူတွေက ခန္ဓာကိုယ်ကိုသတ္တုနှင့် ဖုံးလွှမ်းထားပြီး သေသောအချိန်ကျရင်တော့ တဝေါဝေါမြည်လာပြီး ပေါက်ကွဲသွားပါသည်။ ပါတီအဖွဲ့ဝင်တချို့က အသံနှင့်တင် ကြောက်ဒူးတုန်နေပါသည်။ သူတို့ကို ဂိုလမ်တွေက တိုက်လာသောအချိန်ရောက်ရင်တော့ ကြောက်ရွံ့စိတ်ကြောင့် မခုခံနိုင်ဘဲ သေသွားကြပါသည်။

“အား”

“ကူ ကူညီပါအုံး”

ကြောက်စိတ်မွှန်နေသောလူတွေကြောင့် သည်ရိတ်ဒ်ကို အောင်မြင်မယ်လို့တောင် မခံစားမိပါဘူး။ ပါတီခေါင်းဆောင် ဂျီရှုကလည်း လက်ကျန်သစ်တော၏စောင့်ရှောက်သူတွေကို တိုက်ခိုက်နေတာမှာ အခြေအနေကောင်းမနေပါဘူး။

“အရူးတွေ အာရုံစိုက်ထားကြပါဟ”

သစ်တောစောင့်ရှောက်သူ ပိုင်နက်ကို မရောက်ခင်ကတည်းက ကြိုတင်ကာကွယ်သောအနေနှင့် ဂျီရှုကတယောက် ဗျူဟာတွေ ပို့ချပေးပြီးပါပြီ။ ပို့ချထားသောအထဲမှာလည်း ခက်ခက်ခဲခဲအလုပ်တခုမှမပါပါဘူး။ သူမ၏ အစည်းအရုံးအဖွဲ့ဝင်တွေကလွဲပြီး တခြားလူတွေက လုပ်ချင်ရာလုပ်နေကြတော့ သူမ အကြီးအကျယ်စိတ်ပျက်နေပါသည်။

“သည်ဆင်ခြင်တုံတရားမရှိသော မျောက်အုပ်စုကို သင်ပေးနေရတာထက်စာရင် သေသွားတာကမှ ပိုကောင်းအုံးမယ်”

အစည်းအရုံး၏ ဂုဏ်သတင်းဟာ ပါတီအဖွဲ့ဝင်တွေသေလာတာနှင့်အမျှ ပိုပြီးတော့ဆိုးရွားလာပါသည်။

“ချီး”

သူမက ပါးစပ်လေတိုက်တက်ပေမဲ့ ပါတီအဖွဲ့ဝင်တွေကို လေးကြိုးဆွဲလိုက်တိုင်း ကယ်ပေးသောနေရာမှာ ပါရမီရှင်တယောက်ပါ။ လေးသည်တော်အဆင့်မှာ နံပါတ်တစ်ချိတ်နေသော လူတယောက်ပေါ့။

သိုင်းပညာရှင်ရီဂတ်စ်လည်း ပါတီကို အန္တရာယ်ကနေ သူ့၏လှုပ်ရှားမှုတွေနှင့် အကြိမ်ကြိမ်ကယ်တင်ပေးခဲ့ပါသည်။ ပုဆိန်နှစ်လက်ကိုရမ်းနေသော ဗန်နာ ပြီးတော့ ဇေဒကာအစည်းအရုံး၏ တခြားအဖွဲ့ဝင်တွေ။ ဒါပေမဲ့ ထိခိုက်မှုတွေကတော့ ရှိနေဆဲပါပဲ။

“လူခုနစ်ဆယ့်ငါးယောက် အသတ်ခံလိုက်ရပြီးပြီ”

သေသွားသောစာရင်းထဲမှာ အစည်းအရုံးအဖွဲ့ဝင်လေးယောက်ပါပါသည်။ တခြားဉာဏ်မရှိသောကောင်တွေလိုမဟုတ်ဘဲ သစ်တောစောင့်ရှောက်သူတွေနှင့် ရင်ဆိုင်နေရင်း အသတ်ခံလိုက်ရတာပါ။

“ပြီးတော့မယ်”

တကယ်ကို ကြမ်းတမ်းခဲ့သော တိုက်ပွဲတွေပါ။

သစ်တောစောင့်ရှောက်သူတွေက ပြိုင်ဘက်ကင်းသော ခုခံနိုင်စွမ်း၊ မြင့်မားသောအသက်အမှတ် ပြီးတော့ နယ်မြေထိန်းချုပ်မှုစွမ်းရည်တွေနှင့် ပါတီ၏ အဓိကအဖွဲ့တွေကို ရင်ဆိုင်နေရပါသည်။ မကြာခဏကို တခြားပါတီအဖွဲ့ဝင်တွေကို ဖိအားပေးဖို့ ဂိုလမ်တွေကိုလည်း ဆင့်ခေါ်ပါသေးသည်။

ဂျီရှုကနှင့် ရီဂက်စ်၏ ပြိုင်ဘက်ကင်းသော လုပ်ဆောင်ချက်တွေကြောင့်မဟုတ်ရင် သည်ရိတ်ဒ်က တစ်ရာရာခိုင်နှုန်းကျရှုံးမှာပါ။ ဂျီရှုက သစ်တော်စောင့်ရှောက်သူတွေကနေ ကျသောအိုင်တမ်တွေကို စစ်ဆေးကြည့်လိုက်တော့ စိတ်ပျက်မှုတွေက ဖုံးမရဖိမရပေါ်လာပါသည်။ တခြားပါတီအဖွဲ့ဝင်တွေကလည်း သက်ပြင်းတချချနှင့်ပေါ့။

နှစ်ရက်လုံးလုံး သစ်တောစောင့်ရှောက်သူတွေနှင့် ဂိုလမ်တွေကို ရင်ဆိုင်ခဲ့ရပါသည်။ ဂိုလမ်အသစ်တွေ၏ အနှောင့်အယှက်အပေးခံရပေမဲ့လည်း နောက်ဆုံးတော့ စောင့်ရှောက်သူတွေကို အနိုင်ယူနိုင်ခဲ့ပါသည်။

ကျသောပစ္စည်းတွေက သနားစရာကောင်းလောက်အောင် ညံ့လွန်းအားကြီးပါသည်။ သံရိုင်းသုံးဆယ်၊ အော်ရီချယ်ကန်သတ္တုရိုင်းခုနှစ်ခုနှင့် အပြာရောင်အော်ရီချယ်ကန်တစ်ခုပါ။

ရီဂက်စ် ပခုံးတွန့်လိုက်သည်။ “နီလာခရမ်းဒိုင်းက သည်တခါလဲမပေါ်လာဘူးပဲ”

ဇေဒကာအစည်းအရုံးက နီလာခရမ်းဒိုင်းကိုရဖို့ သစ်တောစောင့်ရှောက်သူရိတ်ဒ်ကို နှစ်ပတ်တခါ စိန်ခေါ်နေတာပါ။ သို့သော် ကျနှုန်းက ဆိုးရွားလွန်းအားကြီးပါသည်။

‘သည်လောက်ခက်နေတော့ နောက်ကွယ်မှာ S အဆင့်တာဝန်ရှိမယ်ထင်သည်”

S အဆင့်တာဝန်ချင်း အတူတူပေမဲ့ ရိုးရိုးရသောတာဝန်နှင့် ချိတ်ဆက်ပြီးမှရသော တာဝန်၏ အခက်အခဲက မိုးကောင်းကင်နှင့် မြေကြီးလိုပဲကွာပါသည်။ ဗန်နာက အပြာရောင်အော်ရီချယ်ကန်ကို ကောက်ယူပြီး ပြောလိုက်သည်။

“ကံကောင်းထောက်မစွာနှင့် ဒါကိုတော့ ငါတို့ရခဲ့သည်”

[အပြာရောင်အော်ရီချယ်ကန်]

အော်ရီချယ်ကန်မှာ လရောင်စွမ်းအားနှင့် သစ်တောစောင့်ရှောက်သူတွေပေါင်းစပ်ကာ မွေးဖွားလာသော သတ္တုဖြစ်ပါသည်။

သစ်တောစောင့်ရှောက်သူတွေ၏ မှော်စွမ်းအားကြောင့် တိုက်စားခံရဖို့မဖြစ်နိုင်ပါ။ သို့သော် သူသည် သတ္တုအားလုံးကြားတွင် အကောင်းဆုံးမာကျောမှုနှင့် ခံနိုင်ရည်အားအကောင်းဆုံးသတ္တုဖြစ်ပါသည်။

သူက ပေါ့ပါးပြီး ညအမှောင်မှာ ပိုပြီးစွမ်းအားကြီးလာပါသည်။

* ကျွမ်းကျင်သော ပန်းပဲဆရာသာလျှင် အရည်ကျိုနိုင်သည်။

အလေးချိန်- 3

လက်ရှိအချိန်မှာတော့ တန်ဖိုးကို မသတ်မှတ်နိုင်ပေမဲ့ ကျွမ်းကျင်အဆင့်ပန်းပဲဆရာပေါ်လာရင်တော့ ဈေးက တိမ်ပေါ်ထိတက်သွားပါပြီ။ ဂျီရှုကဟာ သူမ၏ မောပန်းနေသောအဖွဲ့ဝင်တွေနှင့် ရွာကို စိတ်ပျက်ပျက်နှင့် ပြန်လာနေပါသည်။ သေသွားသော အဖွဲ့ဝင်တွေကလည်း ပြန်လည်ရှင်သန်ပြီး မြို့လယ်ခေါင်မှာ စောင့်ဆိုင်းနေလောက်ပါပြီ။

တိုဘန်က ဈေးမှာ သတ္တုတွေကို ပိုက်ဆံအဖြစ်ပြောင်းလဲလိုက်ပါသည်။ ပြီးတော့ ပါတီအဖွဲ့ဝင်တွေကို ခွဲတမ်းချပေးလိုက်တာပေါ့။ လိုငွေ မပြရုံတမယ်သာ ရှိပါသည်။ အစည်းအရုံးအဖွဲ့ဝင်တွေကတော့ မကျေမနပ်မပြောပေမဲ့ ကစားသမားတွေကတော့ အရနည်းလို့ မကျေမနပ်ပြောပါသည်။

ဒါပေမဲ့ သူတို့က ဘာများလုပ်နိုင်မှာလဲ။ ရလဒ်က ဒါပဲကို။

ဂျီရှုက ပါတီကို ဖျက်သိမ်းလိုက်ပြီး အစည်းအရုံးအဖွဲ့ဝင်တွေကို စုစည်းလိုက်ပါသည်။ ပြီးတော့ သူမက လေးနက်နေသောအမူအရာနှင့် စကားပြောပါသည်။

“ဒါက အောင်အောင်မြင်မြင်ပြီးသွားသော လေးခုမြောက်ရိတ်ဒ်ပဲ။ သစ်တောစောင့်ရှောက်သူရိတ်ဒ်မှာ ပါတာက ဘာမှမရဘူးဆိုသောအတင်းအဖျင်းတွေက ကစားသမားတွေကြားမှာ ပျံ့နေသည်။ ဒါကြောင့် နောက်ရိတ်ဒ်မှာ အဆင့်နိမ့်တဲ့ ကစားသမားတွေကို မခေါ်ကြနဲ့။ ခက်ခဲလိုက်တာဟာ”

ဇေဒကာအစည်းအရုံးက ထိပ်တန်းအဆင့်ကစားသမားတွေ တည်ထောင်ထားတာပါ။ ဒါပေမဲ့ အစည်းအရုံးကသေးတော့ ဂုဏ်သတင်းကလည်း နိမ့်တာပေါ့။

အစည်းအရုံးက Satisfy မတိုင်ခင် T.S ဂိမ်းကတည်းက အဖွဲ့ဝင်ဆယ့်ခုနှစ်ယောက်ပါ။ သစ်တောစောင့်ရှောက်သူရိတ်ဒ်ကို သူတို့ချည်းပဲ စိန်ခေါ်လို့မှ မဖြစ်နိုင်တာ။ ဒါကြောင့်လည်း ကစားသမားတွေကို တတ်နိုင်သမျှဆွဲဆောင်နေရတာပေါ့။ ဒါပေမဲ့ အလုပ်ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။

တိုဘန်ဟာ အဆင့် ၁၇၂ ပါလဒင်းဖြစ်ပြီး အစည်းအရုံး၏ နောက်လိုက်ခေါင်းဆောင်လည်း ဖြစ်သည့် သူက ခေါင်းညိတ်လိုက်ပါသည်။

“ငါက နီလာခရမ်းဒိုင်းကို ချိတ်ဆက်တာဝန်အတွက် လိုနေတာ ဒါပေမဲ့ အခုကူကယ်ရာမဲ့နေသည် သစ်တောစောင့်ရှောက်သူရိတ်ဒ်ကို အရှုံးပေးမဲ့အစား အစည်းအရုံးအင်အားတိုးလာအောင် လုပ်တာပိုမကောင်းဘူးလား”

စောင့်ရှောက်သူနိုက်တ်အဆင့်ဇယားမှာ နံပါတ်နှစ်ချိတ်သော ဗန်နာက ကာကွယ်ရေးဇာတ်ကောင်ယူထားပေမဲ့ ဒိုင်းကိုင်ရမဲ့အစား အမွှာပုဆိန်ကိုပဲ ကိုင်ဖို့ ရွေးထားပါသည်။

“ပြောတာ မှန်ပေမဲ့ အခုအခြေအနေက မကောင်းဘူးဆိုတော့ ငါတို့တွေ ဆန္ဒစောမနေသင့်ဘူး သစ်တောစောင့်ရှောက်သူရိတ်ဒ်ကို ခဏဘေးဖယ်ထားပြီး အရည်အသွေးတိုးတက်အောင် အရင်ကြိုးစားကြရအောင်”

သူမ အစည်းအရုံးအဖွဲ့ဝင်တွေ၏ မျက်နှာတွင် တူညီသော သဘောထားတွေကိုပဲ မြင်လိုက်ရပါသည်။ ရီဂတ်စ်တယောက်သာ သူ့မျက်လုံးတွေက ကြယ်လိုပဲ တလက်လက်တောက်ပနေပါသည်။ သူက တခုတည်းကိုပဲ အသေအချာကို တွေးနေတာပေါ့။ ‘တိုက်ခိုက်နေရတာလောက် ပျော်ဖို့ကောင်းတာမရှိဘူး’

ဂျီရှုက သက်ပြင်းချလိုက်သည်။

“ငါတို့ရိတ်ဒ်ကို သုံးလနားထားမယ် သည်အတောအတွင်း ငါတို့အဆင့်နဲ့ ကိရိယာတွေကို တက်အောင်လုပ်ရမယ် နောက်သုံးလနေလို့မှ အဆင့်ဆယ့်ငါးလောက်တောင် မတက်ရင် သေမယ်နော် ရီဂတ်စ်မင်းကတော့ နှစ်ဆယ်တက်ရမယ်”

ဂျီရှုက တောက်ပစွာ ရယ်လိုက်ပါသည်။ သူမ၏ လခြမ်းကွေးမျက်လုံးလေးတွေက ဆွဲဆောင်မှုရှိသော်လည်း အစည်းအရုံးအဖွဲ့ဝင်တွေမှာ သေမင်းကို မြင်နေရသလိုပင်။ ခေါင်းဆောင်က ကြောက်ဖို့ကောင်းသည်။

သတ်မှတ်ချက်ကို မပြည့်မှီဘူးဆိုရင် ငရဲရောက်သော အတွေ့အကြုံကို ခံစားရမှာ။ အဖွဲ့ဝင်တွေက ဂျီရှုကတယောက် ဘယ်လောက်တောင် ရက်စက်သလဲ အသိဆုံးပါ။ ရီဂတ်စ် တံတွေးမျိုချလိုက်ပါသည်။ ပြီးနောက် ထိတ်လန့်စရာကောင်းသော အသံနှင့် အော်ငိုလိုက်သည်။

“သွားပြီးတော့ လေ့ကျင့်ကြစို့”

သည်လိုနှင့် စက်ဒကအစည်းအရုံးအဖွဲ့ဝင်များ လူစုခွဲလိုက်ကြသည်။

ဂျီရှုက အစည်းအရုံးဂိုဒေါင်ကို တယောက်ထဲဦးတည်လိုက်ပါသည်။ တောင်အမေရိကန်၏ ပြိုင်ဘက်ကင်းအလှလေးဖြစ်ပြီး ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နှင့် ပြည့်စုံသောခန္ဓာကိုယ်ကို ပိုင်ဆိုင်သောသူ(မ)ဟာ ပုရိသတွေ၏အာရုံကို စွဲဆောင်နိုင်တာအမှန်ပါ။ သူမဟာ နာမည်ကြီး အဆင့်ရှိကစားသမားဖြစ်ပြီး သူမဘေးမှာ အမြဲတမ်းလူအုပ်ကြီးနှင့် ပြည့်နှက်နေပါသည်။

သို့သော် သူမက သူတို့အားလုံးကို လျစ်လျူရှုလိုက်ပါသည်။

ဂျီရှုက အပြာရောင်အော်ရီချယ်ကန်ကို ဂိုဒေါင်မှာထားခဲ့လိုက်ပြီး လေလံအိမ်ကို နောက်ကလိုက်နေသောလူရှိ မရှိဂရုမစိုက်ဘဲ ဦးတည်လိုက်ပါသည်။

အပြာရောင်အော်ရီချယ်ကန်ကို ရောင်းတော့ရောင်းမှာပါ ဒါပေမဲ့ သည်နေ့တော့ မဟုတ်ပါဘူး။ အချိန်အခါရောက်မှပဲ သံရိုင်းနှင့် အော်ရီချယ်ကန်ကို ဈေးကောင်းကောင်းနှင့် ရောင်းရမှာပေါ့။

လေလံအိမ်ကို မရောက်ခင် သတ္တုတွေကို သတ္တုစာရင်းထဲ စာရင်းသွင်းလိုက်သည်။

“ကျွန်မကို ဂျယ်ဖာမြားစာရင်းပြပေးပါ”

ဂျီရှုကရှေ့မှာ ဖန်သားပြင်အကြည်လေး ပေါ်လာသည်။ ဖန်သားပြင်ပေါ်မှာတော့ လေလံအိမ်မှာရှိသော ဂျယ်ဖာမြားတွေကို စာရင်းလုပ်ထားသည်။ အလယ်အလတ်ဈေးက ငွေခြောက်ပြားပါ။

မြားတချောင်းတောင် ဈေးတော်တော်ကြီးပေမဲ့ တခြားသုံးလို့ရသောမြားလည်း မတွေ့မိပါဘူး။ မြားစာရင်းကို ပွတ်ဆွဲပြီး စိတ်ကြိုက်လိုက်ရှာနေပါသည်။ သူမက ပိုက်ဆံနှင့် ပတ်သတ်ပြီး ဂရုကိုမစိုက်တာပါ။ သူမက ပိုက်ဆံတွေကို ရင်းနှီးမြှုပ်နှံလို့ပဲ အဆင့်ရှိကစားသမားဖြစ်လာတာလေ။ ပြီးတော့ သူမက ငွေတွေကို ဘယ်လိုသုံးသင့်လဲ အတိအကျကို သိသည်။

“ဒါကဘာလဲ”

ဂျီရှုကဟာ စာရင်း၏ အောက်နားမှာ ဈေးကြီးသောဂျယ်ဖာမြားတွေ တွေ့လိုက်တော့ မျက်မှောင်ကြုတ်လိုက်ပါသည်။ သည်တခုက အစုံလိုက်ချက်ချင်းလက်ငင်းဝယ်လို့မရသော တခုတည်းသောဂျယ်ဖာမြားတွေပါပဲ။ ကိုးဆယ့်ကိုးခုကိုလေလံတင်ထားတာမှာ အမြင့်ဆုံးလေလံက ငွေဆယ့်ရှစ်ပြားလား။

ဂျီရှုကဟာ ဘယ်အရူးတွေကများ ဘာကြောင့်မို့လို့ ဂျယ်ဖာမြားတွေကို မူရင်းဈေးထက်သုံးဆပေးပြီး လေလံဆွဲထားလဲဆိုတာကို သိချင်မိသွားသည်။ သို့ပေမဲ့ သူမက မြားနာမည်တွေက အဖြူရောင်မဟုတ်ဘဲ ခရမ်းရောင်ဖြစ်နေသောအချက်ကို သတိပြုမိခဲ့သည်။

‘ငါထင်ယောင်ထင်မှားဖြစ်နေတာများလား’

သူမ မျက်စိပိတ်ပြီး ပြန်ကြည့်လိုက်တော့လည်း ခရမ်းရောင်ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် ချက်ချင်းပဲ အသေးစိတ်အချက်အလတ်ကို ဖတ်ကြည့်လိုက်သည်။

[အထူးဂျယ်ဖာမြား]

အဆင့်- မော်ကွန်း

တိုက်ခိုက်စွမ်းအား- 35~42

ဤမြားကို အရည်အချင်းကောင်းကောင်းရှိသော်လည်း အတွေ့အကြုံနှင့် ဂုဏ်သတင်းကင်းမဲ့နေသော လက်မှုပညာရှင်တယောက်မှ ပြုလုပ်ထားသည်။

ဂျယ်ဖာနှင့် စတီးကို ပေါင်းစပ်ထားခြင်း၏ သက်ရောက်မှုကြောင့် ထိုးဖောက်ဝင်ရောက်နိုင်စွမ်း အလွန်မြင့်မားသည်။ ထို့ပြင် ရန်သူတချို့၏ ကာကွယ်မှုကို လျစ်လျူရှုနိုင်သည်။

* ရန်သူ၏ ခုခံမှုကို လျစ်လျူရှုနိုင်ရန် သေချာသောအခွင့်အရေးရှိသည်။

အလေးချိန်- 0.1

“……!”

ဂျီရှုကမျက်လုံးတွေ ပြူးကျယ်သွားသည်။ လူတွေက သူမကို ကြည့်နေတာတောင် မသိတော့ပဲ အကျယ်ကြီးအော်ချလိုက်သည်။

‘မယုံနိုင်စရာကောင်းလိုက်တာ’

ဂျီရှုက အံ့အားသင့်သွားခြင်း၏နောက်ကွယ်မှာ တုန်လှုပ်မှုတွေနှင့်ပြည့်နှက်နေပါသည်။ လွန်ခဲ့သောခြောက်လလုံးလုံး တနေကုန်Satisfy ကစားပြီး စွန့်စားခန်းတွေထွက်ခဲ့တာကြောင့် လူပေါင်းစုံနှင့် ရင်းနှီးခွင့်ရခဲ့ပါသည်။ သူမက အစည်းအရုံးအင်အားရော ငွေတွေပါသုံးပြီး အချက်အလက်များကို များနိုင်သမျှများများ စုဆောင်းနိုင်ခဲ့သည်။

သို့ပေမဲ့ သူမဟာ မော်ကွန်းအဆင့်မြားတွေအကြောင်း ဘယ်တုန်းကမှ မသိခဲ့ပါဘူး။ သူမဟာ မြားတွေက ပုံမှန်အဆင့်တခုပဲ ရှိသည်ဟု အခိုင်အမာကို ယုံကြည်ထားပါသည်။

သူမဟာ ကျော်ကြားသောပန်းပဲဆရာတွေနှင့် တွေ့ဆုံပြီး သတ္တုအမျိုးမျိုးပေးကာ မြားတွေလုပ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ပုံမှန်အဆင့်မြားတွေပဲ ထွက်လာသည်။ ဒါကြောင့် အရင်က သူမဟာ အဆင့်မြင့်မြားတွေအကြောင်း မကြားခဲ့ဖူးသလို မျက်မြင်သက်သေတွေလည်း မတွေ့ခဲ့ဖူးပါဘူး။

အခုအချိန်ထိအောင်ပေါ့။ မော်ကွန်းမြားတွေနော်၊ ရှားပါးအဆင့်တောင် မဟုတ်ဘူး။ သည်မော်ကွန်းမြားတွေဟာ လေးသည်တော်ဇာတ်ကောင်မှာ ကမ္ဘာ့နံပါတ်တစ်ကစားသမားဖြစ်သော သူမရှေ့မှာ အခုမြင်တွေ့နေရပါသည်။ ပြီးတော့ မြားတွေ၏ စွမ်းဆောင်နိုင်မှုက လုံးဝကို ညစ်ထားသလိုပါပဲ။

ဂျီရှုကဟာ ဈေးကို ချက်ချင်းမြှင့်ပစ်လိုက်သည်။ ဒါကြောင့် အမြင့်ဆုံးဈေးက ငွေသုံးဆယ့်ငါးပြား ဖြစ်သွားပါပြီ။

သည်တခါသုံးမြားတွေကို ဈေးကြီးပေးဝယ်ရတာတန်၏လားဆိုသည်မှာ ဆုံးဖြတ်ရခက်ခဲသော်လည်း မြားများ၏ ကြောက်စရာကောင်းသောစွမ်းဆောင်နိုင်မှုကြောင့် ဝယ်ကိုဝယ်ရမယ်လို့ ဆုံးဖြတ်လိုက်ပါသည်။ တချိန်တည်းမှာပဲ သန်မာသော ပြိုင်ဖက်တွေနှင့်တွေ့ရင် သည်မြားတွေက သူမ၏ ဝှက်ဖဲတခုဖြစ်လာမယ်လို့ ယုံကြည်ခဲ့သည်။

‘သည်မြားတွေကို ဘယ်သူလုပ်ခဲ့တာလဲ’

စိတ်ထဲမှာ အရင်ဆုံးလူနှစ်ယောက်ကို တွေးမိသည်။ ပန်းပဲဆရာ နံပါတ်တစ် ပန်မီယာနှင့် နံပါတ်နှစ်စတင်းဆိုသော နှစ်ယောက်ပါ။ ဒါပေမဲ့ သည်နှစ်ယောက်က ‘ကျွမ်းကျင်မှုနှင့် ဂုဏ်သတင်းမရှိတာမှ မဟုတ်တာ’ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်လုံး ဂုဏ်သတင်းမြင့်မားကြသည်လေ။

‘…သူတို့ထက် သာလွန်ပေမဲ့ စွမ်းရည်တွေကိုလျှိုထားသော ပန်းပဲဆရာရှိနေတာပေါ့’

စွမ်းရည်အဆင့်မြင့်နေပေမဲ့ ဇာတ်ကောင်က အဆင့်နိမ့်နေလို့ ပန်းပဲဆရာထိပ်တန်းအဆင့်ဇယားထဲ မဝင်တာလည်း ဖြစ်နိုင်ခြေရှိသည်။ ‘မြင့်မားသော စွမ်းရည်တွေနှင့် အလားအလာမြင့်မားသည်’ဆိုသော ဖြေရှင်းချက်ဟာ သူမကို မလွန်ဆန်နိုင်လောက်အောင် သွေးဆောင်ဖြားယောင်းနေပါသည်။

‘ငါအရင်သူ့ကို ရှာတွေ့ရမယ်...’

ဂျီရှုကဟာ အနက်ရောင်သံရိုင်းနှင့် အော်ရီချယ်ကန်စာရင်းသွင်းထားတာကို ပယ်ဖျက်ခဲ့ပါသည်။

‘သစ်တောစောင့်ရှောက်သူရိတ်ဒ်ကြောင့် ငါချက်ချင်းပဲ သတ္တုတွေကို စုဆောင်းနိုင်ခဲ့တာ’

သူမဟာ မော်ကွန်းများတွေကိုလုပ်ပြီး လေလံဆွဲခဲ့သောပန်းပဲဆရာကို အကောင်းဆုံးသတ္တုတွေနှင့် တခုခုပြုလုပ်ခိုင်းဖို့ အစီအစဉ်ချနေပါသည်။

{ပန်းပဲဆရာထိပ်တန်းတစ်ရာအဆင့်ဝင်နေတဲ့ ကစားသမားတွေအားလုံးကို သူတို့၏စွမ်းရည်အဆင့် တိုင်းတာ ပြီးတော့ အဆက်အသွယ်လုပ်ပါ။ ဇာတ်ကောင်အဆင့်ထက် စွမ်းရည်အဆင့်မြင့်နေတဲ့ လူတွေကို ဆန်ခါတင်စာရင်းလုပ်ထားကြ}

ဂျီရှုကဟာ အစည်းအရုံးစကားပြောသော ဖန်သားပြင်မှာ အမိန့်ပေးလိုက်သည်။ ဒါကြောင့် အစည်းအရုံးအဖွဲ့သားတွေလည်း ကမောက်ကမတွေ ဖြစ်ကုန်သည်။

{ခေါင်းဆောင် ရုတ်တရုက်ကြီးဘာတွေပြောနေတာလဲ အခုချက်ချင်းကို လိုက်ဆက်သွယ်ရမှာလား}

{ကျွန်တော်တို့ အရင်ဆုံးအဆင့်တင်ရမယ်လေ}

ဂျီရှုကဟဟာ ဆန့်ကျင်ဘက်ပြောလာသောစကားတွေကို ပယ်ချလိုက်သည်။

{ပါးစပ်ပိတ်ထားကြ ပတ္တမြားတလုံး နွံနစ်နေတယ် ငါတို့သာ သူ့ကို အစည်းအရုံးမှာ ပူးပေါင်းဖို့ ဖိတ်ခေါ်နိုင်ရန် သစ်တောစောင့်ရှောက်သူရိတ်ဒ်က ပြဿနာမဟုတ်တော့ဘူး}

{စွမ်းရည်ရှိတာ သေချာလို့လား}

{သည်ပန်းပဲဆရာက ပန်မီယာနှင့် စတင်းထက် ပိုတော်တယ်ကွာ သူတို့နှစ်ယောက်လုပ်သောအိုင်တမ်တွေက အခုရှိနေသောအိုင်တမ်တွေထက် စွမ်းဆောင်ရည်ပိုကောင်းချင်ကောင်းလိမ့်မယ် မကြာတော့မဲ့အချိန်မှာ သူတို့တွေတယောက်မှ သည်ပန်းပဲဆရာ၏ခြေဖျားကိုတောင် မှီမှာမဟုတ်တော့ဘူး သူ့ကို မြန်မြန်ရှာကြ သည်တိုက်ကြီးမှာရှိသော အစည်းအရုံးတွေအားလုံးက သူ့ကိုလိုက်ရှာနေကြပြီ ငါတို့အရင်တွေ့မှ ရမယ် မရှုံးစေနှင့်....သွားရှာကြတော့ဟ တခြားလူတွေမဦးခင် တွေ့အောင်ရှာကြ}

{ခေါင်းဆောင်က ပြောတော့လည်း...}

{သည်ပန်းပဲဆရာက အရမ်းအရေးကြီးသည်ဆိုပဲ လိုက်ရှာကြစို့ဟေ့...}

စက်ဒကအစည်းအရုံးစည်းမျဉ်းအရ အဖွဲ့ဝင်အသစ်တွေကို လက်မခံပါဘူး။ L.T.S ကိုဆော့ခဲ့သောအချိန်ကတည်းက အရည်အချင်းရှိသော လူလေးနည်းနည်းနှင့်ပဲ တည်ထောင်ထားပြီး တယောက်ကို တယောက်မှီခိုကြကာ အသိအမှတ်ပြုကြပါသည်။ သူတို့၏ နည်းပါးသောအဖွဲ့ဝင်အရေအတွက်ကြောင့်သာ တိုးတက်မှုနှုန်းနိမ့်နေတာပါ။ ဒါပေမဲ့ ဘယ်သူကမှ မကျေမနပ်မဖြစ်ပါဘူး။

တခြားအစည်းအရုံးအကြီးစားတွေလို ရဲတိုက်တွေမပိုင်ဆိုင်ပေမဲ့ ဘယ်ကစားသမားမဆို သူတို့၏ နာမည်ကြားတာနဲ ကြောက်ရွံ့ကြပါသည်။ အစည်းအရုံးကြီးတွေလို ဂုဏ်သတင်းမမြင့်မားပေမဲ့ သူတို့၏ဩဇာအာဏာကို စိန်ခေါ်ရဲသောအစည်းအရုံးမရှိပါဘူး။ စက်ဒကအစည်းအရုံးအဖွဲ့ဝင်တွေဟာ Satisfy စဖွင့်ပြီး ခြောက်လအတွင်း ဇာတ်ကောင်အသီးသီးမှာ ထိပ်ဆုံးသုံးနေရာဝင်ကြပါသည်။ သူတို့ဟာ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှုရှိပြီး သည်အတွက်ကြောင့်လည်း ဂုဏ်ယူကြပါသည်။

ဆယ့်ခုနှစ်ယောက်ဆိုပေမဲ့ သက်ဆိုင်ရာနိုင်ငံတွေမှာ ထိပ်ဆုံးကနေရပ်တည်နေသော လူတွေပါ။ L.T.S ကိုကစားသောနှစ်တွေကတည်းက သူတို့က အချင်းချင်းစိတ်ဝင်စားပြီး အဖွဲ့ဖွဲ့ခဲ့ကြတာဖြစ်ပါသည်။

“တယောက်ယောက်က ဈေးတိုးလိုက်ပြီလား”

ဂျီရှုကဟာ သူမပေးထားသောဈေး ကျရှုံးသွားမှန်း အသိပေးစာကို ရရှိပါသည်။ ဒါပေမဲ့ သည်အထူးဂျယ်ဖာမြားတွေကို ချက်ချင်းကြီး လေလံဈေးတိုးပေးဖို့ အလျင်မလိုပါဘူး။

ဒါက ပထမဆုံးမော်ကွန်းမြားတွေလေ။ လေလံဈေးက ဒုံးကျည်လို ထောင်တက်နေမှာပဲ။

အပိုင်း ၂၀ : နွေးထွေးသော မိသားစုလေး

Satisfy တခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေပြီ။

ကျော်ကြားသော အစည်းအရုံးများအားလုံး ဆန်းကြယ်သော ပန်းပဲဆရာကို လိုက်ရှာနေကြသည်။ ဆိုရှယ်မီဒီယာတွေမှာလည်း သတင်းတွေ ပွနေပြီး မော်ကွန်းမြားတွေပေါ်လာသောသတင်းက ရေပန်းစားလာသည်။ မြင့်မားသောစွမ်းရည်တွေနှင့် အလားအလာရှိပေမဲ့ အတွေ့အကြုံနှင့် ဂုဏ်သတင်းမရှိသောလူက ဘယ်သူလဲ။

တကမ္ဘာလုံးက သည်ပန်းပဲဆရာ၏မျက်နှာဖုံးကို ချွတ်ချင်နေကြပါသည်။

‘ပန်းပဲဆရာလမ်းစဉ်က တခြားလမ်းစဉ်တွေထက် ခက်တယ်။ ငါ့ထက် သာတဲ့လူ ရှိတယ်လို့ ပြောနေကြတာ အဓိပ္ပာယ်မရှိဘူး’

ပန်မီယာတွင် မော်ကွန်းအဆင့်အိုင်တမ်နှစ်ခါလုပ်ဖူးသော အတွေ့အကြုံရှိသည်။ သူက Satisfy တွင် မော်ကွန်းအဆင့်အိုင်တမ်ကို ပထမဆုံးပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်သည်။ သို့သော် သူ၏ မော်ကွန်းအိုင်တမ်မှာ ဖန်တီးသူနှင့်ပတ်သတ်သော ဖော်ပြချက်မပါဝင်ပေ။ ကမ္ဘာ့နံပါတ်တစ်ပန်းပဲဆရာပန်မီယာဟာ သူ၏ ပန်းပဲဆရာအဆင့်အတန်းကို စိန်ခေါ်ဝံ့သူမှာ မည်သူဖြစ်ကြောင်းသိချင်နေပါသည်။

ထန် ထန်

အမည်မသိပန်းပဲဆရာ၏တည်ရှိမှုကြောင့် ပန်မီယာကို သူ၏ စွမ်းရည်မြှင့်တင်ရန် တွန်းအားဖြစ်စေခဲ့ပါသည်။

သည်အချိန်မှာပဲ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီးရှင်ယောင်ဝူးမှာ ကုန်စုံဆိုင်မှ ဝယ်လာသော ခေါက်ဆွဲဘူးကိုစားပြီး အလုပ်သွားရန် ပြင်နေပါသည်။

“အဓိပ္ပာယ်မရှိလိုက်တာ ခေါက်ဆွဲဘူးလေးကို ဝမ်တစ်ထောင်တောင် ပေးရတယ် အရင်းရှင်တွေက ငါ့ကို ငတ်ပြီးသေအောင်လုပ်ဖို့ စီစဉ်ထားတာလား ဟူး... လူတွေကလည်း ရိုးရိုးသားသားနှင့် စီးပွားမရှာတတ်ကြတော့ဘူးလား”

ကျွန်တော် မကျေမနပ်ပြောနေရင်း စားနေခဲ့ပါသည်။

* * *

5.30 a.m

စနေနေ့ဆိုပေမဲ့ နေ့စားသမားတွေကတော့ အမြဲကိုအလုပ်ရှုပ်နေတာပါ။ ကျောင်းသားတွေက အချိန်ပိုင်းအလုပ်တွေကို ဝင်တိုးနေတော့ အလုပ်ရှာရတာက မလွယ်ဘူး။ သည်ရက်တွေမှာ လူငယ်တွေက အလုပ်ကြမ်းတွေကို မလုပ်ချင်ကြတော့ဘူးလေ။ ဒါကြောင့် နိုင်ငံခြားအလုပ်သမားတွေက နေရာတွေယူလာတော့ တောင်ကိုရီးယား၏အနာဂတ်ကတော့ ရင်လေးစရာပဲ။

‘ခေါင်းကိုက်လိုက်တာ’

မနက်အစောကြီးကို အရက်နံ့နှင့် စီးကရက်အနံ့တွေက လှိုင်လှိုင်ထွက်နေပါသည်။

‘အလုပ်မြန်မြန်လုပ်ပြီး အိမ်ပြန်အနားယူရမယ်’

ကျွန်တော် ထိုင်နေတုန်း ဆောက်လုပ်ရေးအလုပ်သမားဝတ်စုံနှင့်ကောင်လေး အော်ငိုသံကို ကြားလိုက်ရပါသည်။

“ရှင်းဝူဆောက်လုပ်ရေးလုပ်ငန်းက အလုပ်သမားလေးယောက်ကို ကြည့်လိုက်”

အလုပ်သမားတွေက သန့်ရှင်းရေး၊ အုတ်သယ်၊ သစ်သားနှင့် အချောကိုင်နေသောအလုပ်တွေ လုပ်နေပါသည်။ ခန္ဓာကိုယ်သုံးရသောအလုပ်မလို့ အစားတော့ အများကြီးစားရပါသည်။ ပြီးတော့ အလုပ်ပြန်လုပ်ပေါ့။

“ဒီမှာ ဟေးသည်မှာ….. အဟွတ်”

အရက်သမားလိုလို ဆေးလိပ်သမားလိုလိုကောင်က ကျွန်တော့်ဗိုက်ကို ထိုးသွားသည်။ ကျွန်တော် ထောင့်ကို တွန်းပို့ခံလိုက်ရတာကြောင့် နေ့စားအလုပ်ကို အချိန်မှီစာရင်းမပေးနိုင်ခဲ့ပါဘူး။

“အသည်းနှလုံးမရှိသောလူတွေ လူငယ်တွေကို အခွင့်အရေးပေးရမယ်ဆိုတာ နားမလည်ဘူး”

ကျွန်တော် မကျေမနပ်ပြောလိုက်တော့ အင်္ကျီလက်ပြတ်ဝတ်ထားသော သက်လတ်ပိုင်းလူက ပြန်ပြောသည်။

“ ငါက အုတ်သုံးခုလောက်ဆင့်ပြီး သယ်နိုင်တယ် အလုပ်လိုချင်ရင် အတွေ့အကြုံတော့ ရှိသင့်တာပေါ့”

အကူက ခေါင်းဆောင်နောက်ကို လိုက်ရသည်။ အကူ၏အလုပ်မှာ ခေါင်းဆောင်ကို အုတ်၊ ဘိလပ်မြေနှင့် သဲများကို လွှဲပေးမဲ့အလုပ်။ သယ်သည့် နေရာတွင် ညံ့သော လူနှင့်တွေ့ရင် မပျက်စီးအောင်သေချာယူရသည်။ ရသောပိုက်ဆံကလည်း များသည်လေ။

ကျွန်တော်က လက်ကိုမြောက်လိုက်ပြီး

“ဟေး ငါကဆယ်ခုလောက်သယ်နိုင်တယ်ကွ ဟမ့်”

လူကြီးတယောက်၏ အတွန်းခံရသဖြင့် ထောင့်ပြန်ရောက်သွားသည်။ ကျွန်တော် အလုပ်မရမှာ စိုးရိမ်ပါသည်။ ကျွန်တော့်ထက် အတွေ့အကြုံများသော လူမှာ အများကြီးလေ။

“ဘယ်သူ ကျန်သေးလဲ”

“သည်မှာ ကျွန်တော်”

ကုမ္ပဏီတွေအများကြီးက နေ့စားသမားတွေ ငှားနေပါသည်။ ဒါပေမဲ့ ကျွန်တော်က ဆက်တိုက်ကို နှောင့်ယှက်ခံနေရလို့ စာရင်းမပေးရသေးပါဘူး။

“အာ မင်းလား ငယ်သေးတယ်နော်”

လုပ်ငန်းခွင်က လူကြီးက ကျွန်တော့်ကို မခေါ်ဘူး။ ကံကောင်းတာက ကျွန်တော့်ကို မကြိုက်ရင်တောင် နှင်ထုတ်လို့မရဘူးလေ။

“ဒီအလုပ်ကို ကြိုက်လို့ လုပ်နေတာ ဘယ်သူရှိလဲ တခြားလူငယ်တွေလို ကျွန်တော်လဲ သက်သာတဲ့ အချိန်ပိုင်းအလုပ်တွေကို လုပ်ချင်တာပေါ့”

သူတို့က ကျွန်တော့်ကို ခွေးဟောင်နေသလိုသဘောထားနေသည်က ဒေါသထွက်စေပါသည်။ ကျွန်တော့်ပြိုင်ဘက်တွေက လူကြီးတွေဆိုတော့ ယှဉ်မရတော့လည်း ငိုင်ငိုင်ကြီး ပြန်ထိုင်နေရပါသည်။

“အဟွတ်”

ထိုင်ခုံပေါ်မှာ သတင်းစာဖတ်နေဟန်တူသော အကြီးအကဲတယောက်က ကျွန်တော့်ကို ကြည့်နေပါသည်။

သူအဲသည်နားမှာ ထိုင်နေတာ စက္ကန့်သုံးဆယ်လောက် ရှိပြီမလား။ သည်အကြီးအကဲက သူ့အဖေခိုင်းလို့ လုပ်ငန်းကို ကြီးကြပ်နေတာပါ။ ကျွန်တော် အလုပ်လာရှာတိုင်း တွေ့လို့ သိနေရခြင်း ဖြစ်သည်။ နောက်လူတယောက် ရောက်လာချိန်အထိ ကျွန်တော့်ကို သူက ကြည့်နေခဲ့သည်။

“မီးကြိုးဆွဲသောအလုပ် ဘယ်သူလုပ်နိုင်လဲ အတွေ့အကြုံမလိုဘူးနော် တနေ့ ဝမ်တသိန်းတသောင်းပေးမယ် မြန်မြန်လာကြ”

ပုံမှန်ကြေးက နှစ်သောင်းပဲ ရှိတာပါ။ ကြည့်ရတာ အကြောင်းတခုခုရှိလို့ ပိုက်ဆံပိုပေးနေခြင်း တူသည်။

‘တော်တော်ဆိုးတဲ့ အလုပ်ပဲ ငါ မမေ့နိုင်ဘူး’

ကျွန်တော် မီးကြိုးဆွဲဖို့ တခါကြိုးစားဖူးပါသည်။

ဒါက ကေဘယ်လ်ကြိုးအကြီးကြီးကို ဆွဲတာကြောင့် တော်တော်ကိုရိုးရှင်းသော အလုပ်လို့ ပြောလို့ရပါသည်။ သက်လုံတော့ တော်တော်ကုန်သည်။ ကျွန်တော့်လက်က ကြိုးကို မနိုင်ဘူးလေ။ ကေဘယ်လ်တွေက ထူပြီး တော်တော်ကို လေးသည်။

ဆွဲရုံပဲ ဆိုပေမဲ့.... လက်အိပ်ဝတ်တာတောင် အရည်ကြည်ဖုတွေ ထသည်။ ပြီးတော့ မထနိုင်လောက်အောင် နှစ်ရက်လောက် ကြွက်သားတွေ နာနေတာပါ။

‘ဆောင်းရာသီမှာတော့ အလုပ်ကောင်းလို့ ပြောရမှာပေါ့...’

ကျွန်တော် ဆောင်းရာသီက အိမ်မက်ဆိုးကြီးကို သတိရနေတုန်းပါ။ ဆေးလိပ်သောက်နေသော တခြားလူကြီးက လိုက်ကြည့်နေပါသည်။

“ဘယ်သူမှ မလုပ်ချင်ကြဘူးလား”

လူကြီးက ကိုးရိုးကားရားအမူအရာနှင့် ထပ်မေးလိုက်ပါသည်။

အင်္ကျီလက်ပြတ်ဝတ်ထားသော သတ်လတ်ပိုင်းလူကြီးက ကျွန်တော့်ကို ဂျင်းထည့်လိုက်ပါသည်။

“သည်ကောင်လေး ကောင်းကောင်းလုပ်နိုင်တယ်”

“တကယ်ပါဆို ဒီကောင်လေးက သိပ်တက်ကြွပြီး သက်လုံအရမ်းကောင်းတာ”

“ကောင်လေးက ကြိုးတွေ အများကြီးဆွဲဖူးတယ်တဲ့ ကျွမ်းကျင်အဆင့်နော် ကျွမ်းကျင်အဆင့်”

‘သည်အကျင့်မကောင်းသော လူအိုကြီးတွေ’

ကျွန်တော် သူတို့ကို ဂျင်းထည့်တာရပ်ဖို့ အချက်ပေးလိုက်ပေမဲ့ နောက်လူတယောက်က သံယောင်လိုက်ပြန်ပါသည်။ သည်တော့ အလုပ်ခေါ်နေသောလူကလည်း ကျွန်တော့်ကို ကြည့်လိုက်ပြီး

“ကောင်ချောလေး အလုပ်လက်ခံမလား”

ကျွန်တော် လက်မခံရင် လက်ကြောမတင်းသောကောင်ဆိုပြီး ဘယ်သူက နောက်ဆို အလုပ်ခန့်မတုန်း။ ကျွန်တော် အကြီးအကဲကို ကြည့်လိုက်တော့ သူကလည်း အထာနှင့် ပြုံးပြနေသည်။ သည်အချိန်တွင် ဖုန်းလာသဖြင့် ကိုင်လိုက်ပြီး ဖုန်းကို နားနားကပ်လိုက်သည်။

“ဟယ်လို ကျွန်တော် ရှင်ယောင်ဝူးပါ အာ ဟုတ်ကဲ့ ဟုတ်ပါတယ်ဗျ…”

ဒေါင်ဒေါင်ဒေါင်....ဒေါင်ဒေါင်ဒေါင်

“……”

အက်စ်ကော်ပိုရေးရှင်း၏ လက်စွဲဖုန်းသံမှာ ဖုန်းမှ မြည်လာပါသည်။ ဒါကို မြင်လိုက်သော အလုပ်သမားများက ရယ်နေကြသည်မှာ မျက်ရည်ပင် ထွက်လာပါသည်။ အလုပ်ရှင်လည်း ရယ်လိုက်ပြီး

“သွားစို့ ကောင်လေး”

ဖုန်းက အချိန်ကိုက်လာတော့ လက်မြှောက်ပြီး အလုပ်ကိုလက်ခံဖို့ သဘောတူသလိုဖြစ်သွားတာပေါ့။ ဘယ်သူကများ မနက်အစောကြီး ဖုန်းဆက်တာလဲ။ ကျွန်တော့်ကို ဖုန်းခေါ်တဲ့ လူက သိပ်မှမရှိတာကို။ အိုင်ဒီကို ကြည့်လိုက်တော့ မြန်မြန်ကိုင်လိုက်ရပါသည်။

(ဟယ်လို မိဘမေတ္တာဝန်ဆောင်မှုက ဆက်နေတာပါ ကပ်စ်တမ်မာရှင်ယောင်ဝူးဖုန်းပါနော် မနက်ဖြန်အမှီ အကြွေးဆပ်ဖို့ အသိပေးတာပါ)

“…အချိန်ကျပြီလား”

(မေ့ချင်ယောင်ဆောင်ပြီး ပိုက်ဆံမပေးလို့ မရတော့ပါဘူးနော်)

“ဟုတ်..ဟုတ်တာပေါ့ နားလည်ပါတယ် အကြွေးလာဆပ်ပါမယ်ဗျ”

(ကျေးဇူးတင်ပါတယ်ရှင် အကြွေး...မဟုတ် ဖောက်သည်ကြီးရှင့် ပျော်ရွှင်စရာနေ့လေး ဖြစ်ပါစေလို့ မိဘမေတ္တာငွေကြေးဝန်ဆောင်မှုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်)

ဒူ...ဒူ...ဒူ...

“သည်လအု...”

ဂိမ်းဆော့တာနှင့် အကြွေးဆပ်ဖို့ မေ့သွားသည်။ အကြွေးဆပ်ရန် အလုပ်ကြိုးစားရမည်။ အလုပ်ကြမ်းတောင်မှ သက်သာတဲ့ အလုပ်မရဘူး။

“အကို...တကယ် တသိန်းတသောင်းဝမ်ပေးမှာနော်”

“ပေးရမှာပေါ့”

“တကယ်ပါ”

“အလုပ်လုပ်လို့ ဗိုက်ဆာလာရင် ဒကာပါခံအုံးမှာ”

ကျွန်တော်တော့ ငရဲတွင်းထဲ ခုန်ချမိပါပြီ။ ညနေခင်းမှာ....

“အ..အိုပါးလား ဆယ်ဟီးက အိမ်ပြန်လာသော ကျွန်တော့်ကို မြင်လိုက်တော့ အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်သည်။ အလုပ်ကနေ ပြန်လာတော့ ဖိနပ်တောင် ကိုယ်မှာ မကပ်တော့ဘူးလေ။

“ချီးပဲ....တနေ့လုံးမှ မလိုင်ပေါင်မုန့်တတုံးပဲ ကျွေးတယ် နို့တောင် မပါဘူး...ဘယ်လိုလူကများ နို့မပါဘဲ မလိုင်ပေါင်မုန့်စားမှာလဲ အ အား... ဂိမ်း...မြား...ရောင်းထွက်ပြီလားမသိဘူး..”

ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပါသည်။

* * *

ထလာတော့ ခေါင်းကို သံတုတ်နှင့် ရိုက်ထားသလိုပဲ ကိုက်ခဲနေပါသည်။ ခန္ဓာကိုယ်က မလှုပ်နိုင်တော့ပါဘူး။ အချိန်ကြည့်လိုက်တော့ မနက် ငါးနာရီ နှစ်ဆယ်ရှိပြီ။

“ဟမ်”

နောက်ကျနေပြီပဲ။ နေ့စားလုပ်ရမည့် နေရာက နည်းနည်းဝေးသည်။ ကောင်းသောနေရာမရတော့မှာစိုးရိမ်လို့ အလုပ်ဝတ်စုံမြန်မြန်လဲလိုက်သည်။ ရောက်တာနောက်ကျနေရင် မနေ့ကလို ထပ်ဖြစ်နေအုံးမယ်။

“အာ နောက်ကျနေပြီ သွားရတော့မယ်”

အကြွေးဆပ်ဖို့က လက်ထဲမှာ ဝမ် ကိုးထောင့်နှစ်ရာ့နှစ်ဆယ်ပဲ ရှိသည်။ မြားက ဈေးကောင်းကောင်းနှင့် ရောင်းထွက်ဖို့ မျှော်လင့်ရတာပဲ။ ကျွန်တော် ညစ်ပတ်နေသော ဖိနပ်ဝတ်နေတုန်း အမေက ကျွန်တော့်ပုခုံးကို နောက်ကနေ ပုတ်လိုက်သည်။

“တခါထဲ မနက်စာစားသွား”

“မစားတော့ဘူး နောက်ကျနေပြီ” ကျွန်တော် အလျင်လိုဟန်နှင့် ပြန်ပြောလိုက်သည်။

“ယောင်ဝူး” အမေက ကျွန်တော့်ကို လေးနက်နေသောအသံနှင့် ခေါ်လိုက်သည်။ ကျွန်တော်လည်းတွန့်ဆုတ်သွားသည်။ ကြည့်ရတာ နားပူနားဆာလုပ်တော့မယ် တူသည်။ အမေကလည်း ကျွန်တော့်အကြွေးတွေအကြောင်း သိပါသည်။ သူမက ဂိမ်းကစားမို့ဆိုပြီး ကျောင်းနားတုန်းက အံ့အားသင့်သွားခဲ့ပါသည်။ ဂိမ်းကစားရင်း အကြွေးတွေတင်တော့ တယောက်တည်း ဝမ်းနည်းပူဆွေးနေခဲ့ပါသည်။

ကျွန်တော် နောက်လှည့်ကြည့်လိုက်တော့ အမေ့မျက်လုံးတွေက စိတ်သက်သာရသွားဟန်နှင့် ထပ်ခေါ်လိုက်ပါသည်။

“လာစားချေ” အမေက ထပ်ပြောလိုက်သည်။

“တကယ် အချိန်မရှိလို့တော့ပါ ရုံးကို မြန်မြန်သွားရမယ်”

သည်အချိန်မှာ အခန်းတံခါးပွင့်လာပြီး ကျွန်တော့်အဖေထွက်လာပါသည်။ အဖက စားပွဲမှာ ထိုင်လိုက်ပြီး သတင်းစာကောက်ဖွင့်လိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“သည်နေ့တော့ နားလိုက်သား”

“နားရက်ဘာလို့ယူရမှာလဲ”

“အဟွတ် ဟွတ်” အဖေက ခေါင်းဟန့်လိုက်ပြီး သတင်းစာကို ဆက်ဖတ်နေသည်။

အမေက ကျွန်တော့်ကို တိုးတိုးလေးကပ်ပြောလိုက်သည်။

“မင်းမနေ့က အမောလွန်ပြီး အပေါက်ဝမှာ အိပ်ပျော်သွားလို့ မင်းအဖေပဲ စိုးရိမ်တကြီးနှင့် အိပ်ခန်းထဲ ခေါ်သွားတာ”

“ဟမ်”

“ငါတို့က မင်းအဖေနဲ့ အမေပါ သားလေး ပင်ပင်ပန်းပန်းအလုပ်လုပ်နေရတာ ဘယ်ကြည့်ရက်မတုန်း မနေ့ကလို ဖြစ်မှာစိုးတယ် သည်နေ့တော့ နားလိုက်နော်သားလေး”

“အ အမေ…”

ကျွန်တော် အခုမှပဲ မနှစ်က ကျွန်တော်ဆိုးခဲ့တာတွေကို ခွင့်လွှတ်ပြီး ဂရုစိုက်နေကြတုန်းဆိုတာ နားလည်သွားပါသည်။

ဆယ်ဟီးက ညအိပ်ဝတ်စုံလေးနှင့် အခန်းကနေ ထွက်လာပါသည်။ ကျွန်တော့်ကို ပြေစာဖြတ်ပိုင်းတလေးတခု ပေးလိုက်သည်။

“အဖေနှင့် အမေပြောတာ နားထောင်လိုက်ပါ အကို မနေ့က အတော်ပင်ပန်းခဲ့တာပဲ”

“ဆယ် ဆယ်ဟီး”

‘အာ နွေးထွေးလိုက်သော မိသားစုလေး’

ကျွန်တော် ဆယ်ဟီးနှင့် အမေ့ကို ကြည့်ရမှာ မျက်နှာပူမိပါသည်။

ကံကောင်းတာက သည်လိုကြမ်းတမ်းသော ကမ္ဘာကြီးမှာ သည်လိုမိသားစုလေး ကျွန်တော့်ဘေးမှာ ရှိနေလို့ပါ။ ကျွန်တော့်မိသားစုအတွက် သည်လိုစိတ်ပျက်စရာကောင်းသော အကိုနှင့်သားမျိုး ဖြစ်နေတာကို ရှက်မိပါသည်။ ကျွန်တော် တကယ်ကို ကျေးဇူးတင်မိပါသည်။

“အာ အူး... ဘာလို့ လာဖက်တာလဲ အကို့လက်က နွေးထွေးလိုက်တာ...အင်း အဆိုးကြီးလည်း မဟုတ်ပါဘူး”

ဆယ်ဟီးက ငြိမ်သွားပြီး ကျွန်တော့်ကို ပြန်ဖက်လိုက်သည် အမေက ကျွန်တော့်ခေါင်းကို ဖြေးဖြေးလေးရိုက်လိုက်သည် ကျွန်တော်လည်း အလုပ်အဝတ်အစားတွေ ချွတ်လိုက်ပြီး စားပွဲမှာထိုင်လိုက်ပါသည်။ သည်လတွေထဲမှာ မစားခဲ့ရသော အိမ်ထမင်းဟင်းလေးကို အရသာခံလိုက်သည်။

“အဖေ ကျွန်တော့်အကြွေးကို ဆပ်ပေးလိုက်တာလား”

အဖေက ထမင်းစားတာရပ်သွားပြီး ကျွန်တော်ကို ကြည့်ကာ ဇွန်းချလိုက်သည်။ အမေက အဖေ့ကို နောက်ဇွန်းတခုကမ်းပေးလိုက်သည်။

“အဖေ မင်းကို ပြောပြီးသားလေ အဖေတို့ မင်းကို ကိုယ့်တာဝန်ကိုယူစေချင်တယ် အခုဆို သားအသက်က နှစ်ဆယ့်ခြောက်နှစ်ထဲ ဝင်နေပြီနော် ကိုယ့်လုပ်ရပ်ကို ကိုယ်တာဝန်ယူသင့်တဲ့ အရွယ်ရောက်ပြီလေ”

အဖေက “ ငါမင်းကို သည်နေ့မုန့်ဖိုးပေးမယ် အဖေတို့ကြောင့် ဒီကနေ့အလုပ်မသွားရတာမလား ဒီတော့ အဖေတာဝန်ယူရမှာပေါ့”

“အဖေ...” ကျွန်တော်လည်း အဖေပေးသောစာအိတ်ကို ယူလိုက်သည်။ ကျွန်တော့်အဖေ လူဖြောင့်ကြီး သည်နေ့ကျွန်တော့်ကို ဂရုစိုက်နေပါလား။

‘စစ်ကြည့်ရအောင်...’

ကျွန်တော် ပိုက်ဆံကို လက်နှင့် ခပ်သွက်သွက်ရေလိုက်တော့ ဂဏာန်းက ကြည့်ရတာ နည်းနည်းလေးနည်းနေသလိုပဲ။ ကျွန်တော် ဂဏာန်းခုနှစ်လုံးပဲ တွေ့သည်။ စိတ်နည်းနည်းပျက်သွားပြီး ဂရုတစိုက်ပြောလိုက်သည်။

“အဖေ သည်ရက်တွေမှာ အလုပ်ကနေ အနည်းဆုံး ဂဏာန်းကိုး....”

အဖေက ကျွန်တော့်ကို ဂရုမစိုက်ဟန်နှင့်

“ဟမ် တကယ်ကို များတာပဲ ဆောရီးကွာ ဒါက ငါ့မှာ ရှိတာအကုန်ဆိုတော့ ဒါလေးနှင့်ပဲ ကျေနပ်လိုက်တော့”

သူက ကျွန်တော့်ကို လိုနေသောဂဏာန်းအကြောင်းမပြောဖို့ သတိပေးလိုက်ပါသည်။ ကျွန်တော့်ပိုက်ဆံဆပ်လိုက်တာမလို့ တော်တော်ကုန်သွားပုံရသည်။ ပြီးတော့ သုံးနပ်စာ ကြက်သားတွေပါ ဝယ်ထားသေးသည်လေ။

ကျွန်တော်လည်း အလျော့ပေးလိုက်ပြီး ဝမ်ခုနှစ်သောင်းပဲ ယူလိုက်သည်။

‘အနည်းဆုံးတော့ မုန့်ဖိုးပေးသေးတာပဲလေ’

All Chapters