← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁) - ချန်လော့ကို လိုက်လံ ဖမ်းဆီးခြင်း

"ဆေးတောင်ထွတ် က အတွင်းဂိုဏ်းသား တွေ အားလုံးကို ချန်လော့ကို ရန်သူလို သဘောထားဖို့ ချက်ချင်း သွားပြောလိုက်... သူ့ကို မြင်တာနဲ့ သေအောင်သာ ရိုက်ကြ... ပြီးရင် ငါ လောချင်းယွီ က ဘာပြဿနာမှ မရှာဘူးလို့..."

"ဒီအတွင်းဂိုဏ်းသားတွေကို တက်ကြွမှု နည်းနည်း ရှိလာအောင် ဆုကြေးတချို့ သတ်မှတ်ပေးမယ်... ဥပမာ ချန်လော့ကို အနိုင်ယူနိုင်တဲ့ သူတွေကို ပစ္စည်းကောင်း တစ်ခုခု ပေးမယ် ဆိုတာမျိုးပေါ့..."

"ဒါပေမဲ့ ရွှေမြုတေအဆင့် အောက်မှာ ရှိတဲ့ အတွင်းဂိုဏ်းသား တွေပဲ ပစ်မှတ်ထားလို့ ရမယ်... ရွှေမြုတေအဆင့် အထက်မှာ ရှိတဲ့သူတွေကိုတော့ လောလောဆယ် ပစ်မှတ်မထားဖို့ ပြောထား..."

"ဘာပဲဖြစ်ဖြစ် ငါ့တပည့်က အတော်လေး တန်ဖိုးရှိတာမို့ သေသွားရင် မကောင်းဘူးလေ..."

လောချင်းယွီ၏ အမိန့်များရှေ့တွင် ယုယန်ချီ မှာ အနည်းငယ်မျှပင် မလွန်ဆန်ရဲချေ။

သူသည် သိုလှောင်အိတ် ထဲမှ အမိန့်ပေး တံဆိပ်ပြားတစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်၏။

"ဆေးတောင်ထွတ် က ရွှေမြုတေအဆင့် အောက်မှာ ရှိတဲ့ အတွင်းဂိုဏ်းသား တွေ အားလုံး နားထောင်ကြ... ဂိုဏ်းထဲမှာ ချန်လော့ကို မြင်ရင် သေအောင်သာ ရိုက်ကြ..."

"အကြီးအကဲ လောချင်းယွီ က လက်စားချေမှာကို စိုးရိမ်နေစရာ မလိုဘူး... အကြီးအကဲ လောချင်းယွီ က မင်းတို့ကို ဘယ်တော့မှ အပြစ်တင်မှာ မဟုတ်ဘူး..."

"ချန်လော့ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့သူ ဒါမှမဟုတ် အနိုင်ယူနိုင်တဲ့ သူတွေကို ဆုကြေးတွေ ပေးမယ်” ..."

"ဒဏ်ရာ အနည်းငယ် ရအောင် လုပ်နိုင်တဲ့ သူတွေက ဆေးဖက်ဝင်အပင် ခန်းမ ထဲ ဝင်ပြီး မတူညီတဲ့ ဆေးလုံး အမျိုးအစား သုံးမျိုးအထိ ရွေးချယ်နိုင်တယ်..."

"ချန်လော့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်တဲ့ သူတွေက ဆေးနှလုံးသားတောင်ကြား ထဲ ဝင်ပြီး သုံးရက်တိတိ ဆေးဖော်စပ်ခြင်း ရဲ့ အနှစ်သာရကို လေ့လာခွင့် ရမယ်..."

"ချန်လော့ကို အနိုင်ယူနိုင်တဲ့သူ ဘယ်သူမဆို ဆေးဖော်စပ်ခြင်း နည်းစနစ်တွေနဲ့ ပတ်သက်ပြီး ငါ့ဆီကနေ ကိုယ်တိုင် ကိုယ်ကျ လမ်းညွှန်မှု ရမယ်..."

ထိုသို့ ပြောပြီးနောက် သူ၏ လက်ထဲရှိ အမိန့်ပေး တံဆိပ်ပြားသည် တုန်ယင်သွားပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွား၏။

ထို့နောက် ချက်ချင်းပင် ယုယန်ချီ၏ စကားများသည် ဆေးတောင်ထွတ် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။

ချန်လော့ကလည်း ထိုအချိန်တွင် ဆေးတောင်ထွတ် ၌ ရှိနေသဖြင့် ယုယန်ချီ ထုတ်ပြန်လိုက်သော အမိန့်ကို သဘာဝကျကျပင် ကြားလိုက်ရ၏။

ချန်လော့ကို ဝိုင်းရံထားကြသော အတွင်းဂိုဏ်းသားများမှာ နေရာတွင် ရှိနေကြဆဲ ဖြစ်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် လူတိုင်းက ချန်လော့ကို လှည့်ကြည့်လိုက်ကြ၏။ သို့သော် သူတို့၏ မျက်လုံးထဲတွင် မူလက ရှိနေခဲ့သော လေးစားအားကျမှုများသည် လောဘများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

"အကြီးအကဲ အခုလေးတင် ပြောသွားတာကို မင်းတို့ အားလုံး ကြားတယ် မဟုတ်လား..."

"ချန်လော့ကို ဒဏ်ရာ အနည်းငယ်လေး ရအောင် လုပ်နိုင်တာနဲ့ တတိယအဆင့် အောက်က ဆေးလုံး သုံးလုံးကို ရွေးလို့ ရတယ်တဲ့... အကယ်၍ ဈေးအကြီးဆုံးတွေကိုချည်း ရွေးမယ်ဆိုရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်ထောင်လောက် တန်တယ်..."

"ချန်လော့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ရင် ဆေးနှလုံးသားတောင်ကြား ထဲကို တိုက်ရိုက် ဝင်ခွင့်ရမယ်တဲ့... ဒါက တကယ်ကို တန်လွန်းတဲ့ ကိစ္စပဲ..."

"သူ့ကို အနိုင်ယူနိုင်ရင် ယုယန်ချီ အကြီးအကဲ ဆီကနေ ကိုယ်တိုင် ကိုယ်ကျ လမ်းညွှန်မှု ရနိုင်တယ်... ဒါက တိုက်ရိုက်တပည့် တွေအတွက် သီးသန့် သတ်မှတ်ထားတဲ့ အခွင့်အရေးမျိုးပဲ..."

"အစ်ကိုကြီး ချန် ကတော့ အခု ရွှေဝက်ကလေး ဖြစ်သွားပြီ... ဟားးဟားးးဟားး.."

ထိုသို့ပြောရင်း ၊ လူတိုင်းက သူတို့၏ အာရုံစူးစိုက်မှုကို ချန်လော့ထံသို့ ပြောင်းလဲလိုက်ကြ၏။ သို့သော် သူတို့သည် ချန်လော့ကို ကြည့်လိုက်သောအခါတွင် ဇာတ်ဆောင်မင်းသားကြီးမှာ မိုင်အတော်အတန် အဝေးသို့ ပြေးသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

"သူ့ကို ဖမ်း... အလွတ် မပေးနဲ့..."

"ချီးပဲ... ရွှေဝက်ကလေးကို အလွတ် မပေးနဲ့..."

"ချန်လော့... ခုနက ငါပေးထားတဲ့ လက်ဆောင်ကို ပြန်ပေး..."

လူတစ်စုက ချန်လော့၏ နောက်သို့ အမောတကော လိုက်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် လောဘများဖြင့် ပြည့်နှက်နေ၏။

ချန်လော့ခမျာ သူ၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေပြီး ၊ သူ၏ပုံစံမှာ အလွန် သနားစရာ ကောင်းနေသည်။

"ချီးပဲ... ဒီမနက် ငါ လာတုန်းက သူတို့အားလုံး ငါနဲ့ စကားတွေ ပြောပြီး ရယ်မောနေကြတာကို... ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ..."

သို့သော် ချန်လော့တွင် အကြောင်းရင်းကို ရှာဖွေရန် အချိန်မရှိပေ။ သူသည် အမြန်ဆုံး ထွက်ခွာရုံသာ ရှိတော့၏။

"ကံကောင်းလို့ ငါ လေပြေအရိပ် ရွေ့လျားမှုသိုင်းကွက် ကို ပြီးပြည့်စုံအဆင့် ထိ ကျင့်ကြံထားလို့ပေါ့..."

"မဟုတ်ရင် ဒီနေ့ ငါ ဒီနေရာမှာ သေချာပေါက် သေပြီ..."

သို့သော် သူ စကားပြောပြီးသည်နှင့် သူ၏ ရှေ့ရှိ လမ်းပေါ်တွင် ဆေးတောင်ထွတ် မှ အတွင်းဂိုဏ်းသား အချို့ ရုတ်တရက် ထွက်ပေါ်လာ၏။

"ဟိုမှာ သူ ရှိတယ်... သူ့ကို ဖမ်း..."

ထိုအရာကို မြင်သည်နှင့် ချန်လော့၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။

"ချီးပဲ... ငါ့ကံက တကယ်ပဲ ဒီလောက် ဆိုးနေတာလား..."

သူ့ကို အရှေ့နှင့်အနောက် ကြားညပ်ပိတ်ဆို့ထားသော ဆေးတောင်ထွတ် မှ အတွင်းဂိုဏ်းသား များကို ကြည့်ရင်း ချန်လော့၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွား၏။

သူသည် အမှန်အားဖြင့် အလွန်ပင် သန်မာသော်လည်း ၊ သို့သော် သူ၏ ချီသန့်စင်ခြင်းအဆင့် နဝမအဆင့် အထွတ်အထိပ် စွမ်းအားကို အားကိုး၍ အခြေခံတည်ဆောက်ခြင်းအဆင့် သတ္တမအဆင့်ရှိ ကျင့်ကြံသူ တစ်ဦးကိုသာ အနိုင်ယူနိုင်သေးသည်။

ပြဿနာမှာ သူ့ကို ဝိုင်းရံထားသူသည် အနည်းဆုံး နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိနေခြင်းပင်။ ထို့အပြင် သူတို့ အားလုံးသည် အတွင်းဂိုဏ်းသား များ ဖြစ်ကြပြီး ၊ သူတို့၏ ကျင့်ကြံခြင်းအဆင့်များက အခြေခံအားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် သို့ ရောက်ရှိနေကြပြီ ဖြစ်၏။

ပြိုင်ဘက် နှစ်ယောက်၊ သုံးယောက်ကို ရင်ဆိုင်ရမည် ဆိုလျှင် သူ့အနေဖြင့် ကိုင်တွယ်နိုင်မည်ဟု ယုံကြည်မှု ရှိသည်။

သို့သော် ငါးယောက်၊ ခြောက်ယောက််ဆိုပါက ၊ အပြန်အလှန် တိုက်ခိုက်ရန် ကြိုးစားရပေလိမ့်မည်။

ဆယ်ယောက် ဆိုလျှင်တော့ သူ့အနေဖြင့် အရိုက်ခံရရုံသာ ရှိတော့မည်။

သို့သော် ယခုတွင်မူ ၊ သူတို့သည် အယောက် နှစ်ဆယ်၊ သုံးဆယ်လောက် ရှိသည်။

တိုက်ခိုက်နေလို့ ဘာထူးမှာလဲ။

ချန်လော့ တစ်ယောက် မျှော်လင့်ချက် ကင်းမဲ့နေစဉ် မလှမ်းမကမ်း ကောင်းကင်ယံတွင် ရင်းနှီးနေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို ရုတ်တရက် မြင်လိုက်ရ၏။

"ဆရာ... ဆရာ... ကျွန်တော့်ကို ကယ်ပါဦး..."

ချန်လော့သည် အသံကုန် အော်ဟစ်လိုက်သည်။

အော်သံကြောင့် ဆေးတောင်ထွတ် ရှိ အတွင်းဂိုဏ်းသား များအားလုံး လန့်သွားကြပြီး သူတို့၏ ခြေလှမ်းများကို ရပ်တန့်ကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြ၏။ ထိုအခိုက်အတန့်တွင် လေထဲရှိ လှေငယ်ပေါ်တွင် ရပ်နေသော အနီရောင်ဝတ်စုံနှင့် မိန်းမလှလေးမှာ လောချင်းယွီ ဖြစ်နေသည်။

လောချင်းယွီကလည်း ချန်လော့၏ အော်သံကို ကြားလိုက်ပုံရပြီး သူမ၏ လှေကို ရပ်တန့်ကာ အသံလားရာ ဘက်သို့ တစ်ချက် ကြည့်လိုက်၏။

ချက်ချင်းဆိုသလို ၊ အတွင်းဂိုဏ်းသား များအားလုံး ကြက်သီးမွှေးညင်းများ ထသွားကြသည်။

"ငါတို့တော့ သေပြီ... ငါတို့ အကြီးအကဲ လော ရဲ့ သတ်တာ ခံရတော့မှာလား..."

"ဒါပေမဲ့ အကြီးအကဲယွိ က အကြီးအကဲ လော ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ အခုလေးတင် ပြောသွားတယ် မဟုတ်ဘူးလား..."

"အို... မဟုတ်ဘူး... မဟုတ်ဘူး... ငါတို့ သစ္စာဖောက်ခံလိုက်ရတာလား..."

ဆေးတောင်ထွတ် မှ အတွင်းဂိုဏ်းသား များသည် လေထဲရှိ လောချင်းယွီကို ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ကြည့်ရင်း ပြောဆိုနေကြ၏။

သို့သော် လေထဲရှိ လောချင်းယွီသည် ထိုမြင်ကွင်းကို မြင်ပြီး ပြုံးလိုက်သည်။

"ဖိအား နည်းနည်းပါးပါး ရှိမှသာ မင်း ကြီးထွားလာနိုင်မှာလေ..."

"ချန်လော့... မင်း အရိုက်မခံချင်ဘူး ဆိုရင် အမြန်ဆုံး ပိုသန်မာလာအောင် လုပ်တာ ကောင်းမယ်..."

ထိုသို့ ပြောပြီးနောက် သူမသည် ခြေအောက်ရှိ လှေငယ်ကို အရှိန်တင်၍ ပျံသန်းထွက်ခွာသွားတော့သည်။

လူတိုင်း သူတို့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်တက်သွားကြ၏။ ထို့နောက် သူတို့သည် ချန်လော့ကို လှည့်ကြည့်လိုက်ကြသည်။

ဤအခိုက်အတန့်တွင် ချန်လော့၏လက်ဖဝါးထဲ၌ အမှတ်အသား တစ်ခု ဖွဲ့စည်းထားပြီ ဖြစ်၏။

"မြေလျှိုးကျင့်စဉ်..."

တမုဟုတ်ချင်းပင် ချန်လော့သည် မြေကြီးထဲသို့ တိုးဝင်သွားပြီး အသည်းအသန် ထွက်ပြေးလေတော့သည်။ ဤနေရာမှ အမြန်ဆုံး မထွက်ပြေးနိုင်ပါက ၊ ယနတွေ့င် သူ့အသက်ကို ဆုံးရှုံးရနိုင်သည်။

သို့သော် ဆေးတောင်ထွတ် မှ အတွင်းဂိုဏ်းသား များသည် ဤကဲ့သို့သော ဆွဲဆောင်မှုရှိသည့် ဆုကြေးကို မည်သို့ အလွယ်တကူ လက်လွှတ်ခံနိုင်မည်နည်း။ သူတို့သည် ချန်လော့၏ နောက်သို့ ချက်ချင်း လိုက်လံ ဖမ်းဆီးကြတော့သည်။

"အစ်မကြီး ကျောက်မန်... အစ်မကြီးရဲ့ ဆေးဖော်စပ်ခြင်း ကျွမ်းကျင်မှုက တကယ်ကို အံ့မခန်းပဲ... ကျွန်မတို့ကို ဘယ်တော့လောက် အကြံဉာဏ် နည်းနည်းပါးပါး သင်ပေးနိုင်မလဲ..."

"ဟုတ်တယ်... ဟုတ်တယ်... ကျွန်မ သွေးပိတ်ဆေးလုံး ကို ဖော်စပ်ဖို့ ကြိုးစားနေတာ ကြာပြီ... ဒါပေမဲ့ မအောင်မြင်သေးဘူး..."

ကျောက်မန်မှာ သူမ၏ "အစ်မကြီး" ပုံစံကို ချက်ချင်း ဖန်တီးလိုက်၏။

"ရပါတယ်... နောက်တစ်ခေါက် အခွင့်အရေး ရရင် ငါ နင်တို့ကို အကြံဉာဏ် နည်းနည်းပါးပါး ပေးပါ့မယ်..."

မိန်းကလေး အတွင်းဂိုဏ်းသား အချို့က ကျောက်မန်ကို ဝိုင်းရံထားပြီး မျက်နှာပေါ်တွင် အပြုံးများဖြင့် စကားပြောနေကြသည်။

သို့သော် နောက်တစ်စက္ကန့်တွင် ဆေးတောင်ထွတ် မှ အတွင်းဂိုဏ်းသား တစ်စုက "သတ်... သတ်... သတ်..." ဟု အော်ဟစ်ကာ သူတို့ကို ကျော်ဖြတ် ပြေးသွားကြ၏။

ထိုအရာကို မြင်သည်နှင့် ကျောက်မန်တစ်ယောက် မျက်မှောင်ကြုတ်မိလေသည်။

"နတ်ဆိုးဂိုဏ်း ရဲ့ အားနည်းချက်က အဲဒါပဲ... ဂိုဏ်းထဲမှာတောင် အမြဲတမ်း တိုက်ခိုက်သတ်ဖြတ်နေကြတာပဲ..."

ထိုသို့ ပြောပြီးနောက် သူမသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။

"အစ်ကိုကြီးတို့ ဘာလုပ်နေကြတာလဲ..." ကျောက်မန်၏ ဘေးရှိ မိန်းကလေး အတွင်းဂိုဏ်းသား က စပ်စုလိုစိတ်ဖြင့် မမေးဘဲ မနေနိုင်တော့ချေ။

ထိုအတွင်းဂိုဏ်းသား များထဲမှ တစ်ဦးက ရပ်တန့်သွားပြီး ကျောက်မန်နှင့် သူမ၏ အဖွဲ့ကို ကြည့်လိုက်သည်။

"အစ်မကြီး ကျောက်မန် လား... အကြီးအကဲ ပြောသွားတာ မကြားလိုက်ဘူးလား..."

"ငါတို့ အားလုံး ချန်လော့ကို လိုက်ဖမ်းနေကြတာ... သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်ရင် ဒါမှမဟုတ် အနိုင်ယူနိုင်ရင် အကြီးအကဲ ဆီကနေ အကျိုးခံစားခွင့်တွေ ရနိုင်တယ်လေ..."

ထိုစကားကို ကြားလိုက်ရချိန်တွင် မိန်းကလေး အတွင်းဂိုဏ်းသား များမှာ အစပိုင်းတွင် အံ့အားသင့်သွားကြသော်လည်း သူမတို့၏ မျက်လုံးများသည် စီးပွားရေး အခွင့်အလမ်း တစ်ခုကို တွေ့လိုက်ရသကဲ့သို့ လင်းလက်သွားကြ၏။

ကျောက်မန်ကို ပြန်ကြည့်လိုက်သောအခါ သူမသည် သူမ၏ ဓားရှည်ကို ထုတ်ယူထားပြီး ဖြစ်ကြောင်း တွေ့လိုက်ရသည်။

"ချန်လော့... သူ ဘယ်မှာလဲ..."

ကျောက်မန်၏ အမူအရာကို မြင်သောအခါ ထိုအတွင်းဂိုဏ်းသား မှာ သိသာထင်ရှားစွာ အံ့အားသင့်သွားသော်လည်း ၊ သူသည် နေရာတစ်ခုကို အလျင်အမြန် ညွှန်ပြလိုက်၏။

ထိုအရာကို မြင်သည်နှင့် ကျောက်မန်သည် မိန်းကလေး အတွင်းဂိုဏ်းသား များနှင့် စကားအပို မပြောတော့ဘဲ လူအုပ်ကြီး နောက်သို့ လိုက်ကာ ချန်လော့ကို လိုက်လံ ဖမ်းဆီးသည့် အဖွဲ့ထဲသို့ ဝင်ရောက်သွားတော့သည်။

အခြား မိန်းကလေး အတွင်းဂိုဏ်းသား များမှာ ခဏတာ မှင်တက်သွားကြသော်လည်း အလျင်အမြန် သတိဝင်လာကြပြီး သူမတို့၏ လက်နက်များကို ထုတ်ယူကာ နောက်မှ လိုက်ကြတော့၏။

"သွားကြစို့... ချန်လော့ကို မှီအောင် လိုက်ကြ..."

အခန်း (၃၂) - တာအိုမိတ်ဆွေ သေပါစေ၊ ဆင်းရဲတဲ့ တာအိုဆရာ တော့ မသေပါရစေနဲ့

နာရီအနည်းငယ် အကြာတွင်။

ကောင်းကင်ကြီးမှာ မှောင်မိုက်နေပြီ ဖြစ်၏။

ချန်လော့သည် မျက်နှာပေါ်တွင် မှုန်ကုပ်ကုပ် အမူအရာဖြင့် မြက်ခင်းပြင် တစ်ခုထဲတွင် ပုန်းအောင်းနေသည်။

အကယ်၍ တစ်ယောက်ယောက်ကသာ မသိလျှင် သူသည် ယဉ်ကျေးမှု မရှိသည့် အလုပ်တစ်ခုခုကို လုပ်နေသည်ဟု ထင်သွားနိုင်၏။

ချုံပုတ်များနှင့် မလှမ်းမကမ်းတွင် ချန်ရှင်းဂိုဏ်း မှ အတွင်းဂိုဏ်းသား တစ်စုက မီးတုတ်များ ကိုင်ဆောင်ကာ ချန်လော့ကို ရှာဖွေနေကြသည်။ ထိုအတွင်းဂိုဏ်းသား များထဲတွင် ဆေးတောင်ထွတ် မှ အတွင်းဂိုဏ်းသား များအပြင် အခြား တောင်ထွတ် အနည်းငယ်မှ အတွင်းဂိုဏ်းသား များလည်း ပါဝင်၏။

အဆိပ်တောင်ထွတ်၊ ဝင်္ကပါတောင်ထွတ်၊ လက်နက်တောင်ထွတ် နှင့် အခြား တောင်ထွတ်များမှ အတွင်းဂိုဏ်းသား များ အားလုံးနီးပါး ဤနေရာသို့ စုရုံးရောက်ရှိနေကြသည်။ အကြောင်းမှာ အခြား တောင်ထွတ်များကလည်း ဆေးတောင်ထွတ် မှ အတွင်းဂိုဏ်းသား များကဲ့သို့ပင် အလားတူ သတင်းများ ရရှိထားသောကြောင့် ဖြစ်၏။

"ချီးပဲ... ဒါက ငါ့ကို သေအောင် သတ်နေတာပဲ..."

"ငါ့ခေါင်းပေါ်က သွေးသတ်မှတ်တံဆိပ် သာ မရှိရင် ငါ ဒီနေရာကနေ ချက်ချင်း ထွက်ပြေးမိလောက်ပြီ..."

ချန်လော့သည် ထိုသို့ပြောနေစဉ် သူ၏ မျက်လုံးများထဲတွင် ကူကယ်ရာမဲ့မှုများဖြင့် ပြည့်နှက်နေ၏။ ချန်ရှင်းဂိုဏ်း သို့ ဝင်ရောက်ခဲ့မိသည်ကို သူ နောင်တရလာသည်။

"အစ်ကိုကြီး ချန်..."

ချန်လော့ ရှိနေသည့် ချုံပုတ်ထဲတွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာ၏။ စကားတစ်ခွန်းမှ မဆိုဘဲ ချန်လော့သည် ထိုလူ၏ လည်ပင်းကို ချက်ချင်း ညှစ်ထားလိုက်သည်။

"အစ်ကိုကြီး... အစ်ကိုကြီး..."

"ကျွန်တော်က အစ်ကိုကြီးဘက်ကပါ... ကျွန်တော်က ကူညီဖို့ လာတာပါ..."

ထိုအတွင်းဂိုဏ်းသား မှ ထပ်တလဲလဲ ပြောလိုက်မှသာ ချန်လော့၏ လည်ပင်းညှစ်ထားမှုမှာ ရပ်တန့်သွား၏။ သို့သော် ထိုအတွင်းဂိုဏ်းသားမှ အသက်ရှူလို့ရလာချိန်တွင် ချန်လော့သည် သူ၏ လက်ထဲရှိ အားကို ရုတ်တရက် ပိုတိုးလိုက်သည်။

"ငါ့ဘက်က ဟုတ်လား... မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ... ငါ က မနေ့ကမှ ပါရမီရှင် ဆိုတာ သိရုံပဲ ရှိသေးတာ... ငါ့ဆရာ့ရဲ့ တပည့်တွေထဲမှာ ငါ တစ်ယောက်တည်းပဲ ရှိတာလေ... 'ငါ့ဘက်က' ဆိုတာ ဘယ်က ရောက်လာတာလဲ..."

"မင်းက ငါ သတိလွတ်နေတုန်း အခွင့်ကောင်းယူပြီး ငါ့ကို ဖမ်းပေးပြီး ဆုကြေး ယူချင်နေတာ မဟုတ်လား..."

ချန်လော့သည် သူ့ကို မယုံကြည်သည်ကို မြင်သောအခါ ထိုအတွင်းဂိုဏ်းသား က သူ၏ သိုလှောင်အိတ် ကို အလျင်အမြန် ချွတ်ပေးလိုက်၏။

"အစ်ကိုကြီး... ကျွန်တော်... ကျွန်တော့်သိုလှောင်အိတ် ကို ပေးပြီး ကတိတည်ပါတယ်..."

သိုလှောင်အိတ် ကို မြင်သောအခါ ချန်လော့သည် စကားတစ်ခွန်းမှ မဆိုဘဲ လုယူလိုက်ပြီး သူ၏ ကိုယ်ပိုင် သိုလှောင်အိတ် ထဲသို့ ထည့်လိုက်သည်။

"မင်းက အရူးပဲ... မင်းကို သတိလစ်သွားတဲ့အထိ လည်ပင်းညှစ်ထားလိုက်ရင် သိုလှောင်အိတ် က ငါ့ဟာ ဖြစ်သွားမှာပေါ့..."

"မင်းကို လွှတ်ပေးလိုက်ရင် မင်းရဲ့ သိုလှောင်အိတ် ကို ပြန်ပေးရလိမ့်မယ်... ဒီလိုဆို ငါက သဘောထားကြီးတဲ့သူ ဖြစ်မသွားဘူးလား..."

ထိုစကားကို ကြားပြီး၊ ထိုအတွင်းဂိုဏ်းသား မှာ လုံးဝ ဆွံ့အသွား၏။ သို့သော် ထို့နောက် သူသည် သူ၏ အိတ်ကပ်ထဲမှ အဆောင် တစ်ခုကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။

"အစ်ကိုကြီး ကျွန်တော့်ကို မလွှတ်ပေးဘူးဆိုရင် ဒီ မိုးကြိုးအလင်း အဆောင် ကို ဖောက်ခွဲပစ်လိုက်မယ်... အဲ့လိုလုပ်ရင် ဂိုဏ်းတစ်ခုလုံးက လူတွေ အားလုံး ကျွန်တော်တို့ ဒီနေရာမှာ ရှိနေတယ်ဆိုတာ သိသွားလိမ့်မယ်..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့သည် ထိုအတွင်းဂိုဏ်းသား ကို ရုတ်တရက် လွှတ်ပေးလိုက်ပြီးနောက် ကြင်နာတတ်သော အပြုံးတစ်ခုကို ပြသလိုက်၏။

"ညီလေး... မင်းကို မြင်လိုက်ကတည်းက မင်းက ငါ့ဘက်က ဆိုတာ ငါ သိပါတယ်..."

"အဲဒါက မင်းကို စမ်းသပ်ကြည့်ရုံသက်သက်ပါ... မင်း တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်..."

"မတော်တဆ ပေါက်ကွဲသွားပြီး လူတိုင်း ရှက်သွားရမှာစိုးလို့ အဲ့ဒီမိုးကြိုးအလင်း အဆောင် ကို အစ်ကိုကြီးဆီ အမြန်ပေးလိုက်ပါ..."

ထိုအရာကို မြင်သည်နှင့် ထိုအတွင်းဂိုဏ်းသား မှာ နောက်သို့ ခြေလှမ်းအနည်းငယ် အလျင်အမြန် ဆုတ်သွား၏။

"အစ်ကိုကြီး... ကျွန်တော့် သိုလှောင်အိတ် ကို အရင် ပြန်ပေး..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့မှာ ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

"မင်းက တကယ့် ကလေးဆိုးလေးပဲ... အစ်ကိုကြီးက မင်းရဲ့ သိုလှောင်အိတ် ကို တကယ် စိတ်ဝင်စားနေသလို ပြောနေတယ်..."

"အစ်ကိုကြီးက ပိုက်ဆံ လိုနေတဲ့သူမျိုးလို့ မင်း ထင်နေတာလား..."

"ဒါဆိုရင်လည်း ကျွန်တော့်ကို ပြန်ပေးလေ..." ထိုအတွင်းဂိုဏ်းသား က သူ၏ လက်ကို ဆန့်တန်းလိုက်သည်။

ထိုအရာကို မြင်သည်နှင့် ချန်လော့သည် သွားကြိတ်လိုက်၏။ သူသည် အမြဲတမ်း တခြားသူများ၏ အိတ်ကပ်ထဲမှ ပစ္စည်းများကို ယူလေ့ရှိသူ ဖြစ်ပြီး သူ၏ အိတ်ကပ်ထဲမှ ပစ္စည်းများကို တခြားသူများက လာယူသည်မျိုး တစ်ခါမှ မရှိခဲ့ပေ။ သူ့လက်ထဲ ရောက်သွားပြီဆိုလျှင် ပြန်ယူရန် ကြိုးစားခြင်းသည် အိမ်မက်မက်နေခြင်း သက်သက်သာ ဖြစ်ပေလိမ့်မည်။

"ညီလေး... မင်း နာမည် ဘယ်လိုခေါ်လဲ..." ချန်လော့က ချက်ချင်း ပြုံးလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။

"ကျွန်တော့် နာမည် ပိုင်ဇီချိုး ပါ... အစ်ကိုကြီး... ကျွန်တော့် ပိုက်ဆံအိတ်ကို မြန်မြန် ပြန်ပေးလို့ ရမလား..."

"ဪ... ညီလေး ပိုင်ဇီချိုး ကိုး... မင်းအကြောင်း အများကြီး ကြားဖူးပါတယ်..."

"အစ်ကိုကြီး အများကြီး ကြားဖူးတယ် ဆိုပေမဲ့ ကျွန်တော့်ကို အခုချက်ချင်း ပြန်မပေးဘူးဆိုရင် ကျွန်တော် တကယ်ပဲ မိုးကြိုးအလင်း အဆောင် ကို အသက်သွင်းရလိမ့်မယ်..."

ပိုင်ဇီချိုး၏ စကားများကို ကြားသောအခါ ချန်လော့မှာ မခံချင်စိတ် ဖြစ်သွားသည်။

"မင်း ခုလို ရိုင်းစိုင်းနေတာကို ရပ်လို့ မရဘူးလား... မင်းမှာ မြင့်မြတ်တဲ့ ရည်မှန်းချက်တွေ၊ စံသတ်မှတ်ချက်တွေ မရှိဘူးလား... ဒီလို အောက်တန်းကျတဲ့ အကျင့်စရိုက်တွေကနေ ရုန်းထွက်လို့ မရဘူးလား..."

"သိုလှောင်အိတ် သေးသေးလေး တစ်ခုကိုပဲ စိုက်မကြည့်နေနဲ့... မင်းမှာ ပိုကြီးမားတဲ့ အမြင် ရှိသင့်တယ်..."

ထိုစကားကို ကြားသောအခါ ပိုင်ဇီချိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားပုံရပြီး သူ သည် ယခုလေးတင် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့် အမူအရာမျိုး ဖြစ်သွား၏။

"အစ်ကိုကြီးရဲ့ သိုလှောင်အိတ် ကိုရော ကျွန်တော့်ကို တစ်ပါတည်း ပေးလို့ ရမလား..."

"ချီးပဲ..."

ငါးမိနစ်၊ ခြောက်မိနစ်ခန့် ငြင်းခုံပြီးနောက် ချန်လော့မှာ သူ ခက်ခက်ခဲခဲ ရယူထားသော သိုလှောင်အိတ် ကို စိတ်မပါဘဲ ပြန်ပေးလိုက်ရသည်။ အလဲအလှယ် အနေဖြင့် ပိုင်ဇီချိုးသည် သူ၏ တစ်ခုတည်းသော "မိုးကြိုးအလင်း အဆောင်" ကို ချန်လော့ထံသို့ ပေးအပ်ခဲ့၏။

သူ၏ သိုလှောင်အိတ် ကို ပြန်ရပြီးနောက် ပိုင်ဇီချိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း လင်းလက်သွားသည်။

"အစ်ကိုကြီး... ကျွန်တော်က အစ်ကိုကြီးဘက်ကပါ... ကျွန်တော်က အစ်ကိုကြီးကို ဖမ်းချင်နေတဲ့ လူတွေလို မဟုတ်ပါဘူး..."

"ကျွန်တော်က အစ်ကိုကြီးဆီမှာ ခိုလှုံဖို့ လာခဲ့တာပါ..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့သည် သူ့ကို အေးစက်စက်ဖြင့် တစ်ချက် ကြည့်လိုက်၏။ ငွေအနည်းငယ်ကိုပင် မပေးချင်သော သူတစ်ယောက်က သူ့ထံ လာရောက် ပူးပေါင်းရန် ဆန္ဒရှိမည်ဟု သူ မထင်ချေ။

သို့သော် သူသည် များများစားစား မပြောခဲ့ချေ။ ချန်ရှင်းဂိုဏ်း တစ်ခုလုံးက လက်ရှိတွင် သူ့ကို "ရန်သူ" ဟု သတ်မှတ်ထားပြီး သူသည် ဆေးတောင်ထွတ် တွင် ပိတ်မိနေသဖြင့် ထွက်ခွာရန်ပင် ခက်ခဲနေသည် မဟုတ်လော။

နောက်ဆုံးတော့ မဟာမိတ် တစ်ယောက်ကို ရှာတွေ့ပြီ ဖြစ်ရာ သဘာဝကျကျပင် ထိုသူ၏ အရင်းအမြစ်များကို ကောင်းစွာ အသုံးချရန် လိုအပ်၏။

အချိန်အကြာကြီး စဉ်းစားပြီးနောက် ချန်လော့က သူ့ကို ကြည့်လိုက်သည်။

"မင်းမှာ ဆေးတောင်ထွတ် ကနေ ထွက်သွားဖို့ နည်းလမ်း ရှိလား..."

ချန်လော့က ပိုင်ဇီချိုးကို ကြည့်၍ မေးလိုက်၏။

သူသည် ဆေးတောင်ထွတ် တစ်ဝိုက်တွင် နာရီအတော်ကြာ လှည့်လည်သွားလာနေခဲ့ပြီး အောက်ဆင်းရန် လမ်းကြောင်း အများအပြားကို ရှာဖွေခဲ့သော်လည်း လမ်းကြောင်းတိုင်းက ပိတ်ဆို့ခံထားရသည်။ သို့မဟုတ်ပါက သူသည် ဤနေရာတွင် အတော်ကြာအောင် ရှိနေမည် မဟုတ်ပေ။

ထိုစကားကို ကြားလိုက်ရချိန်တွင် ပိုင်ဇီချိုး က ချက်ချင်း ပြုံးလိုက်၏။

"စိတ်မပူပါနဲ့ အစ်ကိုကြီး... ကျွန်တော် ဒီနေရာကို ရောက်လာပြီဆိုတော့ အမှားအယွင်းမရှိတဲ့ အစီအစဉ် တစ်ခုကို စဉ်းစားပြီးပါပြီ..."

ထိုသို့ ပြောပြီးနောက် သူသည် ဆေးတောင်ထွတ် ၏ မြေပုံတစ်ခုကို ထုတ်ယူလိုက်သည်။

"အစ်ကိုကြီး ကြည့်... ကျွန်တော်တို့ အခု ဒီနေရာမှာ ရှိနေတာ... ဒီလမ်းအတိုင်း သွားမယ်ဆိုရင် ဆယ်မိနစ် မပြည့်ခင် ဆေးတောင်ထွတ် ကနေ ထွက်သွားနိုင်ပြီ..."

ပိုင်ဇီချိုး၏ လက်ထဲရှိ မြေပုံကို ကြည့်ပြီးနောက် ချန်လော့ က ခေါင်းညိတ်လိုက်၏။ ဤသကောင့်သားကို သတိလစ်အောင် မလုပ်လိုက်ခြင်းက နောက်ဆုံးတော့ အသုံးဝင်သွားပုံရသည်။

"လမ်းပြ... သွားကြစို့..."

စကားအပိုမပြောတော့ဘဲ ချန်လော့သည် ပိုင်ဇီချိုးကို ချက်ချင်း လမ်းပြခေါ်ဆောင်သွားစေလိုက်သည်။

ပိုင်ဇီချိုးသည် ဆေးတောင်ထွတ် နှင့် အတော်လေး ရင်းနှီးပုံရပြီး မိနစ်အနည်းငယ် အကြာတွင် သူတို့ နှစ်ဦး ဆင်းသက်ရာ နေရာတစ်ခုသို့ ရောက်ရှိသွားကြ၏။

ခရီးဆုံးသို့ ရောက်သောအခါ ချန်လော့သည် မျက်မှောင်ကြုတ်မိလေသည်။

တောင်ခြေတွင် အတွင်းဂိုဏ်းသား အချို့ကို မြင်နေရသည်။ ဆေးတောင်ထွတ် မှ အတွင်းဂိုဏ်းသား များက ထိုနေရာတွင် ကင်းစောင့်နေကြ၏။

"ကျွန်တော် တက်လာတုန်းက ဒီနေရာမှာ ဘယ်သူမှ မရှိပါဘူး..."

ပိုင်ဇီချိုးသည် ထိုသို့ပြောရင်း၊ သူ၏ မျက်လုံးများထဲတွင် တွေဝေမှုများဖြင့် ပြည့်နှက်နေ၏။

ချန်လော့သည် တောင်ကြားလမ်းကို စောင့်ကြပ်နေသော အတွင်းဂိုဏ်းသား များကို ကြည့်လိုက်ပြီး ခဏတာ စဉ်းစားလိုက်သည် ။ ထို့နောက် သူသည် တစ်စုံတစ်ခုကို စဉ်းစားမိသွားကာ ပိုင်ဇီချိုးကို လှည့်ကြည့်လိုက်သည်။

ထိုအခိုက်တွင် ပိုင်ဇီချိုးသည် တောင်ခြေရှိ အတွင်းဂိုဏ်းသား များကို ကြည့်နေဆဲ ဖြစ်ပြီး ၊ သူသည် အန္တရာယ် နှင့်နီးကပ်လာပြီ ဖြစ်ကြောင်း မသိရှိခဲ့ပေ။

"တာအိုမိတ်ဆွေ သေပါစေ... ဒါပေမဲ့ ဆင်းရဲတဲ့ တာအိုဆရာ တော့ မသေပါရစေနဲ့..."

ထိုသို့ ပြောပြီးနောက် ချန်လော့သည် ပိုင်ဇီချိုး၏ အနောက်သို့ လျှောက်သွားလိုက်၏။ တစ်ဖက်လူ မတုံ့ပြန်နိုင်မီမှာပင် သူသည် လည်ပင်းညှစ်သည့် နည်းစနစ်ကို နောက်တစ်ကြိမ် အသုံးပြုလိုက်သည်။

ထို့အပြင် ဤတစ်ကြိမ်တွင် ပို၍ မြန်ဆန်ပြီး ပို၍ ရက်စက်၏။ ပိုင်ဇီချိုး တစ်ခုခု မပြောနိုင်မီမှာပင် သူသည် လုံးဝ သတိလစ်သွားတော့သည်။

"ဘာလို့... ဘာလို့..."

သတိလစ်အောင် အညှစ်မခံရမီ ပိုင်ဇီချိုးက မေးခွန်းတစ်ခု မေးလိုက်၏။

သို့သော် ချန်လော့သည် ထိုမေးခွန်းကို မဖြေခဲ့ချေ။ ယင်းအစား သူသည် ပိုင်ဇီချိုး၏ အင်္ကျီများကို တိတ်ဆိတ်စွာ ချွတ်လိုက်ပြီး သူ၏ ကိုယ်ပိုင် အင်္ကျီများကို ပိုင်ဇီချိုး၏ ကိုယ်ပေါ်တွင် ဝတ်ပေးကာ ပိုင်ဇီချိုး၏ အင်္ကျီများကို သူကိုယ်တိုင် ဝတ်ဆင်လိုက်သည်။

ထို့နောက် သူသည် ဂုန်နီအိတ်ငယ် တစ်လုံးကို ထုတ်ယူ၍ မျက်လုံး နှစ်လုံးအတွက် နေရာများကို ဖြတ်ထုတ်ကာ ပိုင်ဇီချိုး၏ ခေါင်းပေါ်တွင် စွပ်ပေးလိုက်၏။ နောက်ဆုံးတွင် သူသည် ပိုင်ဇီချိုး၏ ခါးမှ သိုလှောင်အိတ် ကို ယူလိုက်သည်။

သူ၏ လက်ထဲရှိ ပိုင်ဇီချိုး၏ ပိုက်ဆံအိတ်ကို ကြည့်လိုက်၊ ထို့နောက် ပိုင်ဇီချိုးကို ကြည့်လိုက်ရင်း ချန်လော့သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။

"ထားလိုက်ပါတော့... ဒီ သိုလှောင်အိတ် ကို မင်းပဲ ယူထားလိုက်ပါ..."

စကားပြောနေစဉ် ချန်လော့သည် သိုလှောင်အိတ် ထဲမှ အရာအားလုံးကို သူ၏ ကိုယ်ပိုင် သိုလှောင်အိတ် ထဲသို့ ထည့်လိုက်ပြီးနောက် သိုလှောင်အိတ် အလွတ်ကို ပိုင်ဇီချိုးထံတွင် ချန်ထားရစ်ခဲ့သည်။

ထို့နောက် ချန်လော့သည် ပိုင်ဇီချိုး၏ လက်မောင်းများကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်၍ ပြေးထွက်သွားကာ သွားရင်းဖြင့် အော်ဟစ်လိုက်၏။

"မြန်မြန် လာကြ... ငါ့ကို ကူညီကြပါဦး... ငါ ချန်လော့ကို ဖမ်းမိထားပြီ..."

All Chapters