← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅) - ရန်သူများကို မိတ်ဆွေများအဖြစ် ပြောင်းလဲခြင်း

"ဆရာ... ဆရာ့မှာ ဝိညာဉ်ကျောက်တုံး တွေ မရှိဘူးလား..."

ချန်လော့တစ်ယောက် မနေနိုင်တော့ဘဲ မေးလိုက်၏။

ချန်လော့၏စကားကို ကြားသောအခါ လောချင်းယွီမှာ မှင်တက်သွားသည်။

"အရင်က ငါပေးထားတဲ့ ပိုက်ဆံတွေ အားလုံး သုံးပစ်လိုက်ပြီလား..."

မနေ့တစ်နေ့ကမှ ချန်လော့ကို ဝိညာဉ်ကျောက်တုံး ၁၀၀၀ အတိအကျ ပေးခဲ့သည်ကို သူမ ထင်ထင်ရှားရှား မှတ်မိနေဆဲပင် ဖြစ်သည်။

ချန်လော့သည် သူ၏ သိုလှောင်အိတ် ကို စမ်းကြည့်လိုက်ရာ အထဲတွင် ၆၀၀ ခန့် ကျန်ရှိနေသေး၏။ သို့သော်လည်း လက်ရှိ စနစ်၏ သုံးစွဲမှုနှုန်းအရ ဆိုလျှင် အလွန်ဆုံး ခြောက်ရက်သာ ခံမည်ဖြစ်ပြီး တကယ်ကို မလုံလောက်ပေ။

ချန်လော့ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လောချင်းယွီက သက်ပြင်းချလိုက်ပြီး သူမ၏ ပိုက်ဆံအိတ်ကို ဖွင့်လိုက်သည်။

ထိုအရာကို မြင်ပြီး ချန်လော့သည် လောချင်းယွီ၏ သိုလှောင်အိတ် ကို စပ်စုလိုစိတ်ဖြင့် လှမ်းကြည့်လိုက်၏။

သို့သော် တွေ့လိုက်ရသည့် အရာကြောင့် ချန်လော့တစ်ယောက် အံ့အားသင့်သွားသည်။

သိုလှောင်အိတ် ထဲတွင် သာမန် ဝိညာဉ်ကျောက်တုံး ထောင်ပေါင်း ရာနှင့်ချီ၍ ရှိနေ၏။

ထို့အပြင် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး အချို့လည်း ရှိနေသေးသည်။

ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းကပင် သာမန် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ မှ ၂၀,၀၀၀ အထိ တန်ဖိုးရှိနိုင်ပြီး အဖိုးမဖြတ်နိုင်ပေ။

သို့သော် သေချာ ပြန်စဉ်းစားကြည့်သောအခါ ဤသည်မှာ အဓိပ္ပာယ်ရှိပေသည်။ မည်သို့ပင်ဖြစ်စေ သူ၏ ဆရာသခင်သည် ချန်ရှင်းဂိုဏ်း တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်သည် မဟုတ်လော။

အတန်ကြာ ရှာဖွေပြီးနောက် လောချင်းယွီသည် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ကို ထုတ်ယူလိုက်သည်။

"ငါ့မှာ ဝိညာဉ်ကျောက်တုံး အများကြီး မရှိဘူး... ဒီ ဝိညာဉ်ကျောက်တုံး ၂၀၀၀ က ငါ့ဆီမှာ ကျန်တဲ့ အားလုံးပဲ... မင်း အဲဒါတွေကို ချွေချွေတာတာ သုံးသင့်တယ်..."

ဤသည်ကို ကြားသောအခါ ချန်လော့သည် ဖွင့်ထားဆဲ ဖြစ်သော လောချင်းယွီ၏ သိုလှောင်အိတ် ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ရာ ထောင်ပေါင်း ရာနှင့်ချီသော ဝိညာဉ်ကျောက်တုံး များက ပြင်းထန်သော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေ၏။

"မင်း အမြင်မှားတာ.. အများကြီး ရှိသလို ထင်ရပေမဲ့ တကယ်တော့ အထဲမှာ ဝိညာဉ်ကျောက်တုံး တစ်တုံးမှ မရှိဘူးလေ..."

ချန်လော့သည် မယုံကြည်နိုင်စွာဖြင့် သူ၏ လက်ကို ဆန့်တန်းလိုက်သည်။

သို့သော် လောချင်းယွီသည် ချန်လော့ကို ထိုအခွင့်အရေး မပေးဘဲ သိုလှောင်အိတ် ကို တိုက်ရိုက် ယူလိုက်၏။

"နောက်ကျနေပြီ... မင်း အိပ်သင့်ပြီ..."

သူမပြောသည်ကို ကြားသောအခါ ချန်လော့မှာ စကားပြောရန် ဆွံ့အသွားတော့သည်။

နေတောင် အခုလေးတင် ထွက်လာတာကို ဘာသွားအိပ်ရမှာလဲ။

သို့သော်လည်း ချန်လော့သည် နောက်ထပ် ဘာမှ ဆက်မပြောတော့ပေ။ ဝိညာဉ်ကျောက်တုံး ၂၀၀၀ နှင့် ရက် ၂၀ စာ တိုးပွားခြင်း အချိန်က သူ့အတွက် အတန်ကြာ ဖြုန်းတီးရန် လုံလောက်နေပြီ ဖြစ်၏။

ဝိညာဉ်ကျောက်တုံး များကို သိမ်းဆည်းပြီးနောက် ချန်လော့သည် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် လောချင်းယွီကို လှည့်ကြည့်လိုက်သည်။

"ဒါနဲ့ ဆရာ... ကျွန်တော့်ရဲ့ လက်ရှိ စွမ်းအားနဲ့ဆိုရင် သူတော်စင်သားတော် ကို နိုင်ဖို့ အခွင့်အရေး ဘယ်လောက် ရှိလဲ..."

လောချင်းယွီ သည် မှင်တက်သွားပြီး ချန်လော့သည် ဤသို့ မေးလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပုံရ၏။

များများစားစား မစဉ်းစားတော့ဘဲ သူမသည် ခေါင်းခါလိုက်ပြီး သူမ၏ အဖြေကို ပေးလိုက်သည်။

"နိုင်ဖို့ အခွင့်အရေး လုံးဝ မရှိဘူး..."

"နိုင်ဖို့ အခွင့်အရေး မရှိဘူးလား..." ချန်လော့ မျက်မှောင်ကြုတ်သွား၏။

"ဟုတ်တယ်... နိုင်ဖို့ အခွင့်အရေး လုံးဝ မရှိဘူး... အခွင့်အရေး တစ်စက်လေးတောင် မရှိဘူး..."

သို့သော် ချန်လော့သည် အနည်းငယ် မယုံကြည်နိုင်ပုံရသည်။

"ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကျင့်ကြံမှု ကြေးအရေပြား အဆင့်က ကိုးဆင့်မြောက် ကို ရောက်ဖို့ နည်းနည်းပဲ လိုတော့တာ..."

"သူ့မှာက ကောင်းကင်ဓားခန္ဓာ ရှိတယ်... ပြီးတော့ အမှတ်အသားမဲ့ ဓားခန္ဓာ ကိုလည်း ကျင့်ကြံထားတယ်... ကြေးအရေပြား အကြောင်း လာမပြောနဲ့... သံအရိုး ကိုးဆင့် ကို ကျင့်ကြံထားရင်တောင် အမှတ်အသားမဲ့ ဓားခန္ဓာ လောက် သန်မာချင်မှ သန်မာမှာ..."

"ကျွန်တော်က ထိပ်တန်းအဆင့် အထွတ်အထိပ် ဆေးဆရာ လည်း ဖြစ်နေသေးတယ်လေ..."

"သူ့ရဲ့ ယင်ယန်ကျင့်ကြံခြင်း က ဒုတိယအဆင့် အထွတ်အထိပ် ပဲ..."

"ကျွန်တော်က ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း လေ..."

"သူလည်း အတူတူပဲ... ပြီးတော့ သူက လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ် ကို ရောက်နေပြီ... ဒီသွေးသဲကန္တာရ လျှို့ဝှက်နယ်မြေ အတွက် သူက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် ကို တမင်သက်သက် ထိန်းထားပြီး ဝင်တာ.."

ချန်လော့…

ချန်လော့ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လောချင်းယွီက ဆက်ပြောလိုက်၏။

"မင်းကလည်း သေချာပေါက် အားနည်းတဲ့သူ မဟုတ်ပါဘူး... ချီသန့်စင်ခြင်းအဆင့် နဝမအဆင့် ကို ရောက်တာနဲ့ အခြေခံတည်ဆောက်ခြင်း ကို စိန်ခေါ်လို့ ရတယ်... အခု အခြေခံတည်ဆောက်ခြင်း ပထမအဆင့် ကို ရောက်နေတဲ့ နှောင်းပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်အနေနဲ့ သာမန် အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ် ကျင့်ကြံသူ တစ်ယောက်ကို စိန်ခေါ်ဖို့ဆိုရင် ပြဿနာ ရှိလောက်မှာ မဟုတ်ပါဘူး..."

"ဒါပေမဲ့ သူက ထိုက်ရီဂိုဏ်း ရဲ့ သူတော်စင်သားတော် လေ... ပြီးတော့ ချိုးဖုန်းလီ ရဲ့ သား... သူ ဘယ်လောက်တောင် အရင်းအမြစ်တွေ စုဆောင်းထားမလဲ ဆိုတာ မင်း သိသင့်တယ်..."

"ဒါပေမဲ့ စိတ်မပူပါနဲ့... မင်းက သေချာ ကျင့်ကြံပြီး ခြောက်လအတွင်း အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ် ကို ရောက်မယ်ဆိုရင် သူ့ကို သတ်နိုင်ဖို့ အနည်းဆုံး ၃၀ ရာခိုင်နှုန်းတော့ အခွင့်အရေး ရှိပါတယ်..."

ဤသည်ကို ကြားသောအခါ ချန်လော့တစ်ယောက် မှင်တက်သွားတော့၏။

ခြောက်လအတွင်း အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ် ကို ရောက်လျှင်တောင် ပြိုင်ဘက်ကို အနိုင်ယူရန် ၃၀ ရာခိုင်နှုန်းသာ အခွင့်အရေး ရှိသည်ဟူသောအချက်မှာ အတော်လေး အားရှိပေသည်။

သို့သော် သေချာ ပြန်စဉ်းစားကြည့်သောအခါ ဤသည်မှာ အဓိပ္ပာယ်ရှိပေသည်။

တဖက်လူသည် ပါရမီရှင် တစ်ယောက်အနေနဲ့ မွေးဖွားလာပြီး ကောင်းကင်ဓားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ဖြောင့်မတ်တာအို ဂိုဏ်းများတွင် နံပါတ်တစ် ဂိုဏ်း ၊ ထို့အပြင် သူတော်စင်သားတော် ဖြစ်ပြီး ဖခင်ဖြစ်သူမှာ နာမည်ကျော် လင်လန် ဓားသူတော်စင် ဖြစ်သည်။

သူသာ စနစ် ပိုင်ဆိုင်ထားတဲ့သူ တစ်ယောက် မဟုတ်ခဲ့ပါက ၊ ချန်လော့သည် သူ့ကိုယ်သူ သိမ်ငယ်နေမိလောက်သည်။

"ဆရာ... အကယ်၍ ကျွန်တော် ခြောက်လအတွင်း အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ် ကို မရောက်နိုင်ဘူးဆိုရင် နိုင်ဖို့ အခွင့်အရေး ဘယ်လောက် ရှိလဲ..."

"တစ်ရာခိုင်နှုန်းတောင် မရှိဘူး..."

"ကျွန်တော့်မှာ နိုင်ဖို့ ၁၀ ရာခိုင်နှုန်းတောင် အခွင့်အရေး မရှိဘူးဆိုတော့ သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေ ကို သွားပြီး သူတော်စင်သားတော် ကို သတ်စရာ မလိုတော့ဘူးလို့ ဆိုလိုတာလား..."

ချန်လော့၏ မျက်နှာပေါ်တွင် ကယ်တင်ခြင်း လမ်းကြောင်း တစ်ခုကို ရှာတွေ့သွားသကဲ့သို့ တောက်ပသော အပြုံးတစ်ခု ပေါ်လာ၏။

ချန်လော့သည် ရှုံးနိမ့်မည် သို့မဟုတ် ပြန်လည် သတ်ဖြတ်ခံရမည်ကို စိုးရိမ်နေခြင်း မဟုတ်ပေ။

တိုးပွားခြင်း စနစ် နှင့်ဆိုလျှင် ဝိညာဉ်ကျောက်တုံး လုံလောက်သရွေ့ ခြောက်လအတွင်း ရွှေမြုတေအဆင့် သို့ ကျင့်ကြံရန်က ပြဿနာ မဟုတ်ချေ။

အဓိက စိုးရိမ်ရသည်မှာ လက်စားချေမည့် ခြိမ်းခြောက်မှုများပင် ဖြစ်သည်။

ချိုးယွီနင် သည် ထိုက်ရီဂိုဏ်း သူတော်စင်သားတော် ၏ အဆင့်အတန်းကို ထည့်မပြောခင်၊ သူ၏ ဖခင်မှာ ချိုးဖုန်းလီ ဖြစ်သည်ဟူသော အချက်ကပင် ချန်လော့ကို ခေါင်းကိုက်စေရန် လုံလောက်သည်။

အစွမ်းအထက်ဆုံး ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများထဲမှ တစ်ဦး... ဤသည်က ချန်လော့ အနေဖြင့် လုံးဝ ရန်စနိုင်မည့်သူ မဟုတ်သည်မှာ သေချာသည်။

အနည်းဆုံးတော့ ရေတိုအတွင်း သူတို့ကို လုံးဝ အထင်သေးလို့ မရဘူး…

ဤသည်ကို ကြားသောအခါ လောချင်းယွီသည် ကြင်နာစွာ ပြုံးလိုက်ပြီး ချန်လော့၏ ခေါင်းကို ပုတ်လိုက်၏။

"ဒါဆိုရင် မင်း အခုကတည်းက မင်းအတွက် မင်္ဂလာရှိတဲ့ နေရာတစ်ခု ရွေးထားတာ ပိုကောင်းမယ်..."

ချန်လော့သည် အနေခက်စွာဖြင့် အကြိမ်အနည်းငယ် ရယ်မောရုံသာ တတ်နိုင်တော့သည်။

"မင်းရဲ့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်သင့်တယ်... ငါ မင်းကို ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး..."

လောချင်းယွီ စကားပြောနေစဉ် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ချန်လော့ကို လှည့်ကြည့်လိုက်၏။

"ဒါနဲ့... ချင်းယန်တောင်ထွတ် ရဲ့ တောင်ခြေမှာ လူတော်တော်များများ စုရုံးနေကြတယ်... အားလုံးက မင်းကို ရှာနေကြတာ... အခု မင်းက အဆင့်တက် သွားပြီဆိုတော့ သူတို့ကို သုံးပြီး မင်းရဲ့ သိုင်းကွက်တွေကို လေ့ကျင့်လို့ ရပြီပေါ့..."

"ကျွန်တော့်ကို လာရှာကြတာလား..." ချန်လော့မှာ အနည်းငယ် မှင်တက်သွား၏။

"သူတို့ အားလုံးက မင်းကို ဖမ်းပြီး တောင်ထွတ် အသီးသီးက အကြီးအကဲ တွေဆီမှာ ဆုကြေး သွားတောင်းချင်နေကြတာလေ..."

ဤသည်ကို ကြားသောအခါ ချန်လော့သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားပုံဖြင့် လောချင်းယွီကို လှည့်ကြည့်လိုက်သည်။

မနေ့က အားလုံး အဆင်ပြေနေတာပဲ... ဆေးတောင်ထွတ် က အတွင်းဂိုဏ်းသား တွေကတောင် သူ့ကို မျက်နှာလိုမျက်နှာရ လုပ်ဖို့ လက်ဆောင်တွေ လာပေးကြသေးတယ်…

ရလဒ်အနေနဲ့ သူ့ဆရာ ရောက်လာတဲ့ အချိန်မှာ ဆေးတောင်ထွတ် အကြီးအကဲ က သူ့အတွက် "အလိုရှိသည်" ဆိုတဲ့ အမိန့်ကို ထုတ်ပြန်လိုက်တာပဲ…

လောချင်းယွီက ဆေးတောင်ထွတ် အကြီးအကဲ ကို ခြိမ်းခြောက်ပြီး သူ့ကို အားလုံးရဲ့ မုန်းတီးခြင်းကို ခံရတဲ့သူ ဖြစ်လာအောင် မြှူဆွယ်ခဲ့တာ သေချာတယ်... မဟုတ်ဘူး... လုံးဝကိုသေချာတယ်

လောချင်းယွီသည် ချန်လော့ကို တည်ငြိမ်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။

"ဖိအား မပါဘဲနဲ့ 'ကျင့်ကြံခြင်း' လို့ ခေါ်လို့ ရမလား..."

"ငါက မင်းရဲ့ ကောင်းကျိုးအတွက် ဒီလို လုပ်နေတာပါ..."

ချန်လော့သည် လောချင်းယွီကို ကြည့်ကာ စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။

"ကျွန်တော့် ကောင်းကျိုးအတွက်" တဲ့လား... ချန်ရှင်းဂိုဏ်း တစ်ခုလုံးရဲ့ လိုက်လံ ရိုက်နှက်တာ ခံရအောင် လုပ်ထားပြီးတော့ အဲဒါကို "ကျွန်တော့် ကောင်းကျိုးအတွက်" လို့ ခေါ်တယ်ပေါ့... ကျေးဇူးတင်လိုက်တာဗျာ…

လောချင်းယွီ ထွက်သွားပြီးနောက် ချန်လော့သည် တောင်ခါးပန်းဆီသို့ ပြေးသွားပြီး အောက်သို့ ငုံ့ကြည့်လိုက်၏။

ထိုအခိုက်အတန့်တွင် တောင်ခြေ၌ အတွင်းဂိုဏ်းသား ရာပေါင်းများစွာက ချင်းယန်တောင်ထွတ် ကို လုံးဝ ဝိုင်းရံထားပြီး မှောင်မိုက်သိပ်သည်းသော လူအုပ်ကြီးကို ဖန်တီးထားကြသည်။

ထိုအတွင်းဂိုဏ်းသား များ၏ အရှေ့ဆုံးတွင် လူအနည်းငယ်က "ငါတို့ ခက်ခက်ခဲခဲ ရှာထားတဲ့ ပိုက်ဆံတွေကို ပြန်ပေး" ဟု ရေးသားထားသော စာတန်းကြီး တစ်ခုကို ကိုင်ဆောင်ထားကြ၏။ ခေါင်းဆောင်ဖြစ်သူကို ချန်လော့ မှတ်မိသည်။ မနေ့က သူ့ဆီ လာပြီး အကူအညီ တောင်းခဲ့သော ပိုင်ဇီချိုး ပင် ဖြစ်၏။

"ငါ့ရဲ့ လက်ရှိ စွမ်းအားနဲ့ဆိုရင် ဘယ်သူ့ကိုမဆို နိုင်တယ်..."

"ဒါပေမဲ့ ငါ့စွမ်းအားနဲ့ ငါးယောက်၊ ခြောက်ယောက် လောက်ကိုပဲ ကိုင်တွယ်နိုင်မှာ... ရာနဲ့ချီတဲ့ သူတွေဆိုရင်တော့ ငါ့ကို ပင်ပန်းပြီး သေသွားစေလောက်တယ်..."

"သူတို့ ဒီလိုမျိုး ငါနဲ့ လာရန်ဖြစ်တာကို ရပ်တန့်ဖို့ နည်းလမ်း တစ်ခုခု ရှာရမယ်..."

"ဒါပေမဲ့ သူတို့ မျက်လုံးထဲမှာ ငါက အဆီတုံးလေး တစ်တုံး ဖြစ်နေတာလေ... သူတို့က ငါ့ကို ဘယ်လိုလုပ် အလွယ်တကူ အလွတ်ပေးနိုင်မှာလဲ..."

ထိုစဉ် ချန်လော့ထံသို့ ဉာဏ်အလင်း တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ၊ သူ ကလေးဘဝက ကြည့်ခဲ့ဖူးသော ကာတွန်းကား တစ်ကားကို ရုတ်တရက် သတိရသွား၏။

၎င်းမှာ တူပီ ခွေးကလေး အကြောင်း ကာတွန်းကား တစ်ကား ဖြစ်ပြီး "မီးရှို့ထားတဲ့ ဆန်ကိတ်မုန့်" ဟုလည်း ဘာသာပြန်ကြသည်။

အပိုင်းတစ်ခုတွင် သခင်က မြေခွေးကို ဖမ်းနိုင်သူ မည်သူ့ကိုမဆို အသားတစ်တုံး ဆုချမည်ဟု ပြောခဲ့၏။

ထို့နောက် ခွေးများစွာက မြေခွေးကို စတင် ဖမ်းဆီးရန် ကြိုးစားကြသော်လည်း မြေခွေးက လည်ပတ်ပြီး အကြိမ်တိုင်း လွတ်မြောက်သွားနိုင်ခဲ့သည်။

နောက်ဆုံးတွင် တူပီ ခွေးကလေး က မြေခွေးကို အကြောင်းရင်း ပြောပြလိုက်ရာ မြေခွေးက သူကိုယ်တိုင် တူပီ ခွေးကလေး ထံ လက်နက်ချရုံသာမက အခြား မြေခွေးများစွာကိုပါ ခေါ်လာခဲ့၏။

တူပီ ခွေးကလေး သည် မြေခွေး ထောင်ပေါင်းများစွာကို ပြန်ခေါ်သွားပြီးနောက် ၊ သူကိုယ်တိုင် အသားစားရရုံသာမက သူနှင့်အတူ ပြန်သွားသော မြေခွေးများကလည်း အသားတုံး တစ်တုံးစီ ရခဲ့ကြသည်။

"ငါက မြေခွေးပဲ... သူတို့က ငါ့ကို အသားစားဖို့အတွက် ခွေးဖမ်းသလို လာဖမ်းကြတာ..."

"လူတွေက ငါ့ကို မုန်းလို့ ဒါမှမဟုတ် မကြိုက်လို့ မဟုတ်ဘူး... ငါ့ဆီကနေ တစ်ခုခု ရချင်လို့ပဲ..."

"ဒီအချက်ကို ရှင်းရှင်းလင်းလင်း သိထားသရွေ့ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အတူတူ အကျိုးအမြတ် ခံစားသူတွေ ဖြစ်လာနိုင်တယ်လေ... ရန်သူတွေကို မိတ်ဆွေတွေ အဖြစ် ချက်ချင်း ပြောင်းလဲပစ်လို့ ရပြီ"

အခန်း (၃၆) - မျှော်လင့်ချက် ရောင်ခြည်

ချန်လော့ တောင်ပေါ်မှ ဆင်းလာပြီး တောင်တံခါး သို့ ရောက်ရှိလာ၏။

ချန်လော့သည် သူတို့ကို ရင်ဆိုင်ရန် တောင်ပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ လူတိုင်း မှင်တက်သွားကြသည်။ သူသည် သူတို့ဆီ ဤမျှလောက် ပွင့်ပွင့်လင်းလင်း လာရဲလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့သည်မှာ ထင်ရှားသည်။

စကားတစ်ခွန်းမှ မဆိုဘဲ ပိုင်ဇီချိုးသည် ရှေ့သို့ ပြေးထွက်လာသည်။

"ချီးပဲ... ငါ့ရဲ့ သိုလှောင်အိတ် ကို ပြန်ပေး..."

"အဲဒါ ငါ သုံးနှစ်တိတိ ခက်ခက်ခဲခဲ ရှာထားတာ... မင်းက တိရစ္ဆာန်ပဲ..."

ချန်လော့သည် ခေါင်းလှည့်၍ ဒဏ်ရာများဖြင့် ပြည့်နှက်နေသော ပိုင်ဇီချိုးကို ဝမ်းနည်းမှု သို့မဟုတ် ဝမ်းသာမှု မရှိသော အမူအရာဖြင့် တစ်ချက် ကြည့်လိုက်၏။

ထို့နောက် သူသည် သိုလှောင်အိတ် တစ်လုံးကို ထုတ်ယူ၍ ပိုင်ဇီချိုးထံသို့ ပစ်ပေးလိုက်သည်။

ထိုအရာကို မြင်ပြီး ပိုင်ဇီချိုးမှာ ခဏတာ မှင်တက်သွားပြီး ချန်လော့ကို အနည်းငယ် တွေဝေစွာဖြင့် ကြည့်လိုက်၏။

“မင်းက ဒီအတိုင်းပဲ ငါ့ကို ပြန်ပေးလိုက်တာလား…”

ပိုင်ဇီချိုးသည် သူ၏ သိုလှောင်အိတ် ကို မှင်တက်နေသော အမူအရာဖြင့် ကောက်ယူလိုက်သော်လည်း အနည်းငယ် မယုံကြည်နိုင်သေးပုံရသည်။

သူသည် သိုလှောင်အိတ် ကို ကောက်ယူပြီး အထဲကို သေချာစစ်ဆေးကြည့်လိုက်၏။

မနေ့က အခိုးခံလိုက်ရသော ပစ္စည်းအားလုံး သိုလှောင်အိတ် ထဲတွင် ရှိနေသေးသည်ကို တွေ့လိုက်ရသဖြင့် ပိုင်ဇီချိုးမှာ အံ့အားသင့်သွားသည်။

"ဒါ... ဒါက..."

ထိုအရာကို မြင်ပြီး ပိုင်ဇီချိုးမှာ မှင်တက်သွားတော့၏။

သူနှင့် ချန်လော့တို့ သိကျွမ်းခဲ့သည်မှာ အချိန်တိုလေးသာ ရှိသေးသော်လည်း၊ အမှန်အားဖြင့် မနေ့ကအထိ သူတို့ နှစ်ဦးကြား လုံးဝ အဆက်အသွယ် မရှိခဲ့ပေ။

မနေ့က သူ၏ လုပ်ရပ်များကို ကြည့်ရလျှင် ချန်လော့သည် "ပျောက်ဆုံးသွားသော ပစ္စည်းများကို ပြန်ပေးမည့်" သူမျိုးနှင့် မတူချေ။

ချန်လော့သည် တစ်ဖက်လူကို တစ်ချက် ကြည့်လိုက်သော်လည်း နောက်ထပ် ဘာမှ မပြောခဲ့ပေ။

ပိုင်ဇီချိုး၏ ပစ္စည်းများကို မူလအတိုင်း အတိအကျ ပြန်ပေးလိုက်ခြင်းက သူသည် အလွန် မွန်မြတ်နေသောကြောင့် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ သူသည် ဖြတ်သွားသော ငန်းတိုင်းဆီမှ အမွှေးတစ်ပင်ကို ဆွဲနုတ်တတ်သူမျိုး ဖြစ်ပြီး သူသာ အမှန်တကယ်ပင် မွန်မြတ်သူဆိုပါက၊ မနေ့ကတည်းက ပိုင်ဇီချိုး၏ ပိုက်ဆံအိတ်ကို လုယူခဲ့မည် မဟုတ်ပေ။

အရာအားလုံး ပြန်ပေးရခြင်း၏ အဓိက အကြောင်းရင်းမှာ ဤသကောင့်သားသည် အလွန် ဆင်းရဲလွန်းသောကြောင့် ဖြစ်၏။

သူ၏ သိုလှောင်အိတ် ထဲတွင် ဝိညာဉ်ကျောက်တုံး တစ်ဝက်ပင် မရှိဘဲ ဆေးလုံးများ ဖော်စပ်ရန် ဆေးဖက်ဝင်အပင် အချို့သာ ရှိပြီး ၊ ထို့အပြင် ၎င်းတို့သည် သက်တမ်းကုန်နေပြီ ဖြစ်သည်။ ထို့အပြင် အခြေခံတည်ဆောက်ခြင်းအဆင့် အတွက် သိုင်းကွက် နှစ်ခုသာ ရှိသော်လည်း သူသည် မည်သည့်အရာမှ မလိုအပ်ချေ။

ဤသည်မှာ အတွင်းဂိုဏ်းသား တစ်ဦး၏ သိုလှောင်အိတ် ဖြစ်သည်ကို ယုံကြည်ရန် ခက်ခဲလှသည်။ ချန်လော့ခမျာ ထိုကဲ့သိုသော သိုလှောင်အိတ်ကို မြင်ပြီး အထဲသို့ ဝိညာဉ်ကျောက်တုံး နှစ်တုံး ထည့်ပေးချင်လုနီးပါး ဖြစ်သွားမိသည်။

အကယ်၍ ပိုင်ဇီချိုးသာ နည်းနည်းလေး ပိုချမ်းသာနေခဲ့မည်ဆိုပါက၊ ချန်လော့သည် သူ့ကို ပစ္စည်းများ ဘယ်သောအခါမှ ပြန်ပေးမည် မဟုတ်ပေ။

ပိုင်ဇီချိုးသည် သူ၏ သိုလှောင်အိတ် ကို ပြန်ယူသွားသည်ကို မြင်သောအခါ လူတိုင်း၏ အကြည့်များက ချန်လော့ထံသို့ နောက်တစ်ကြိမ် ရောက်သွားပြန်၏။

"အစ်ကိုကြီး ချန်လော့... ကျွန်တော် ဒီနေ့ အစ်ကိုကြီးကို အများကြီး စော်ကားမိပြီ..."

အတွင်းဂိုဏ်းသား တစ်ဦးက ရှေ့သို့ ထွက်လာပြီး လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပေးလိုက်သည်။

လူတိုင်း ထိုစကားများ၏ အဓိပ္ပာယ်ကို နားလည်ကြ၏။ မည်သို့ပင်ဖြစ်စေ သူတို့သည် ချန်လော့ကို လာရှာခြင်းက ပိုင်ဇီချိုးကို သိုလှောင်အိတ် ပြန်ရအောင် ကူညီပေးရန် မဟုတ်ဘဲ ချန်လော့ကို ရိုက်နှက်ပြီး တောင်ထွတ် အသီးသီးမှ အကြီးအကဲ များထံတွင် ဆုကြေး သွားတောင်းရန်သာ ဖြစ်သည်။

သို့သော် ထိုအတွင်းဂိုဏ်းသား၏ စကားမဆုံးမီမှာပင် ၊ သူ၏ မျက်နှာပေါ်သို့ လက်ဝါးရိုက်ချက် တစ်ချက် တည့်တည့် ကျရောက်လာ၏။

"ဖြန်း..."

ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပြီး ထိုအတွင်းဂိုဏ်းသား မှာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

ထိုလက်ဝါးရိုက်ချက်ကို ပေးခဲ့သူမှာ ချန်လော့ ဖြစ်၏။ ယင်းက လူတိုင်းကို လုံးဝ မှင်တက်သွားစေခဲ့သည်။

လူငယ်လေး... မင်းမှာ ကစားသမားစိတ်ဓာတ် လုံးဝ မရှိဘူးပဲ…

ချန်လော့သည် စတင် တိုက်ခိုက်နေပြီ ဖြစ်ကြောင်း မြင်သောအခါ လူတိုင်းက စကားအပို မပြောကြတော့ဘဲ လက်သီးများကို ဆုပ်ကာ သူတို့၏ လက်နက်များကို ထုတ်ယူလိုက်ကြ၏။

သို့သော် ထိုအခိုက်တွင် ချန်လော့သည် လူတိုင်းကို တားဆီးရန် ရုတ်တရက် လက်မြှောက်လိုက်သည်။

"ခဏစောင့်ဦး..."

လူတိုင်း ခဏတာ မှင်တက်သွားပြီး ချန်လော့၏ ရည်ရွယ်ချက်ကို နားမလည်နိုင်စွာဖြင့် တွေဝေစွာ ကြည့်လိုက်ကြ၏။

သို့သော် ၊ ထို့နောက် ချန်လော့သည် ရုတ်တရက် နောက်သို့ တစ်လှမ်း ဆုတ်လိုက်ပြီးနောက် ခေါင်းကို မော့ကာ လူတိုင်းကို ကြည့်လိုက်သည်။

"ငါ အခု ရပ်နေတဲ့ နေရာက ချင်းယန်တောင်ထွတ် ရဲ့ နယ်မြေပဲ... မင်းတို့က ချင်းယန်တောင်ထွတ် ရဲ့ အတွင်းဂိုဏ်းသား တွေ မဟုတ်ဘူး... ဒီနေရာကို ကျူးကျော်ဝင်ရောက်ရဲတာက အကြီးအကဲ လော ကို မလေးမစား လုပ်တာပဲ..."

"ငါ ဒီကိစ္စကို အကြီးအကဲ လော ဆီ ကိုယ်တိုင် သွားတိုင်မယ်... မင်းတို့ တာဝန်ယူနိုင်လို့လား..."

ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာအမူအရာများမှာ ချက်ချင်း တည်ကြည်သွားကြ၏။

တောင်ထွတ် အသီးသီးမှ အကြီးအကဲ များသည် ချန်လော့ကို တိုက်ခိုက်ရင်တောင်မှ အကြီးအကဲ လော က သူတို့ကို အပြစ်တင်မည် မဟုတ်ဟု ပြောခဲ့ကြသော်လည်း ၊

သို့သော် ချင်းယန်တောင်ထွတ် ၏ နယ်မြေကို ကျူးကျော်ဝင်ရောက်ခြင်းသည် လုံးဝ ကွဲပြားခြားနားသော ကိစ္စရပ်တစ်ခု ဖြစ်၏။

ထိုအကြောင်းကြောင့်ပင် သူတို့သည် ချင်းယန်တောင်ထွတ်၏ဝင်ပေါက်ကိုသာ ပိတ်ဆို့ထားရဲပြီး တောင်ပေါ်သို့ တက်ရန် တွေဝေနေခဲ့ကြခြင်း ဖြစ်သည်။

လူတိုင်း၏ မျက်နှာပေါ်မှ တည်ကြည်နေသော အမူအရာများကို မြင်သောအခါ ချန်လော့သည် ချက်ချင်း ပြုံးလိုက်၏။ သူသည် လူတိုင်းနှင့် အတူတကွ အကျိုးအမြတ် ခံစားနိုင်ရန် သူ၏ အကြံအစည်များကို ပြောပြရန် တွေးနေဆဲမှာပင် ပတ်ဝန်းကျင်၏ လေထုထဲတွင် အားကောင်းသော စွမ်းအားတစ်ခု ပေါ်ထွက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ထိုစွမ်းအားသည် ချန်လော့ကို တွန်းထုတ်နေပုံရပြီး ချင်းယန်တောင်ထွတ် နယ်မြေ အပြင်ဘက်သို့ ရုတ်တရက် တွန်းထုတ်လိုက်၏။

ထိုစဉ် ချင်းယန်တောင်ထွတ် ထိပ်တွင် လောချင်းယွီသည် ဝင်္ကပါပြား တစ်ခုကို လက်ထဲတွင် ကိုင်ထားလျက် သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေခဲ့သည်။

"မင်း ဆက်ပြီး လူလိမ်ကျလိုက်ဦး..."

ထိုသို့ ပြောပြီးနောက် သူမသည် ဝင်္ကပါပြား ပေါ်တွင် လက်ချောင်းဖြင့် တစ်ချက် ရေးဆွဲလိုက်၏။

ချင်းယန်တောင်ထွတ် တစ်ဝိုက်တွင် မမြင်ရသော အတားအဆီး တစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး လူတိုင်းကို အပြင်ဘက်တွင် တားဆီးထားလိုက်သည်။

ထိုအခိုက်တွင် ချန်လော့သည် ချင်းယန်တောင်ထွတ် ၏ အပြင်ဘက်တွင် ရပ်နေပြီး၊ သူ၏ နောက်ကျောဘက်တွင် ရုတ်တရက် ထွက်ပေါ်လာသော အတားအဆီးကို ကြည့်ရင်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။

သို့သော် တောင်ထွတ် အသီးသီးမှ ထိုအတွင်းဂိုဏ်းသား များ အားလုံးက သူ့ကို တိုက်ခိုက်ရန် စိတ်အားထက်သန်နေကြပြီး ချန်လော့ကို မကောင်းသော ရည်ရွယ်ချက်များဖြင့် ကြည့်နေကြသည်။

ထိုအခိုက်တွင် ချန်လော့က နောက်တစ်ကြိမ် လက်မြှောက်လိုက်၏။

"ခဏစောင့်ဦး..."

လူတိုင်း နောက်တစ်ကြိမ် မှင်တက်သွားကြပြီး ချန်လော့ ဘာလုပ်ချင်နေမှန်း မသိကြတော့ချေ။

ချန်လော့က အခု ဘာလုပ်ချင်နေတာလဲ…

သို့သော်လည်း သူတို့သည် ချန်လော့ကို တိုက်ခိုက်ရန် အလျင်စလို မလုပ်ခဲ့ကြပေ။ မည်သို့ပင်ဖြစ်စေ ချန်လော့၏ ထွက်ပေါက်သည် ယခု ပိတ်ဆို့ခံထားရပြီ ဖြစ်ရာ သူ့တွင် လက်နက်ချရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ ချန်လော့ကို စကားပြောရန် အချိန်အနည်းငယ် ပေးရခြင်းအတွက် သူတို့ စိတ်အနှောင့်အယှက် မဖြစ်ကြချေ။

မည်သူမျှ ချက်ချင်း လှုပ်ရှားမည့်ပုံ မပေါ်သည်ကို မြင်သောအခါ ချန်လော့သည် သက်ပြင်းတစ်ချက် ချလိုက်၏။

"အမှန်တော့ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် ဓားဆွဲပြီး ရန်သူတွေ ဖြစ်စရာ မလိုပါဘူး..."

ထိုစကားကို ကြားသည်နှင့် လူတိုင်း မျက်မှောင်ကြုတ်သွားကြပြီး ၊ ချန်လော့ကို အရူးတစ်ယောက်လို ကြည့်လိုက်ကြ၏။ သို့သော် ချန်လော့သည် လူအုပ်ကြီး၏ စိုက်ကြည့်မှုများကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။

"မင်းတို့ အားလုံး လိုချင်တာက ငါ့ကို အနိုင်ယူပြီး တောင်ထွတ် အသီးသီးက အကြီးအကဲ တွေဆီကနေ ဆုကြေး ယူဖို့ပဲ မဟုတ်လား..."

လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။

"ဒီနေ့ မင်းတို့ ငါ့ကို ခဏလောက် အနိုင်ရခဲ့ရင်တောင် ငါ့ကို ထာဝရ ဖိနှိပ်ထားနိုင်မလား ဆိုတာ မင်းတို့ စဉ်းစားဖူးလား..."

ဤသည်ကို ကြားသောအခါ လူအုပ်ကြီးသည် ခဏတာ မှင်တက်သွားကြပြီး ချန်လော့ ဆိုလိုသည်ကို သိပ်နားမလည်ကြပုံရ၏။ ထို့နောက် ချန်လော့က ဆက်လက် ရှင်းပြလိုက်သည်။

"ငါက သာမန် စွမ်းအားနဲ့ ကျင့်ကြံခြင်းသာ ရှိတဲ့ သာမန်လူ တစ်ယောက်ပါ... ဒါပေမဲ့ ငါ့မှာ အားသာချက် အကြီးကြီး တစ်ခု ရှိတယ်... အဲဒါက ငါက အငြိုးကြီးတာပဲ..."

"ဒီနေ့ မင်းတို့ ငါ့ကို နည်းနည်းလေးပဲ ဒဏ်ရာရအောင် လုပ်ခဲ့ရင်တောင် မနက်ဖြန်ကျရင် မင်းတို့ကို လက်တစ်ဖက် ချိုးပစ်မယ်... ငါတို့က နတ်ဆိုးဂိုဏ်း တွေပဲဟာ... တိုက်ခိုက်တာ သတ်ဖြတ်တာက ပုံမှန်ပဲ မဟုတ်ဘူးလား..."

"ဒါပေမဲ့ မင်းတို့ ငါ့ကို သေချာပေါက် သတ်လို့ မရဘူး... ဘာလို့လဲဆိုတော့ ငါက တိုက်ရိုက်တပည့် လေ... ငါ့ရဲ့ ဆရာက လောချင်းယွီ ဖြစ်နေတုန်းပဲ..."

"ဒါကြောင့် ဒီနေ့ မင်းတို့ ငါ့ကို တိုက်ခိုက်မယ် ဆိုရင် နောင်ကျရင် ငါ့ရဲ့ ပစ်မှတ်ထားတာ ခံရဖို့ ပြင်ဆင်ထားတာ ပိုကောင်းမယ်..."

ချန်လော့၏ စကားများကို ကြားပြီးနောက် လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။

ချန်လော့ ပြောခဲ့သည့် စကားထဲတွင် တစ်ခွန်းမှ မုသား မပါကြောင်း သူတို့ အားလုံး ကောင်းစွာ သိကြ၏။

အကယ်၍ ချန်လော့သည် တကယ်ပဲ အငြိုးကြီးပြီး နောင်တွင် သူတို့ကို လက်စားချေလာပါက၊ ၎င်းက သူတို့အတွက် သေချာပေါက် ကောင်းကျိုး ဖြစ်လာမည် မဟုတ်ပေ။

ထို့အပြင် ချန်လော့ ပြောခဲ့သကဲ့သို့ပင် ချန်ရှင်းဂိုဏ်း သည် နတ်ဆိုးလမ်းစဉ် ဖြစ်၏။ ဂိုဏ်းတစ်ခုတွင် စည်းမျဉ်းအချို့က ဖြောင့်မတ်သောတာအို လောက် "တင်းကျပ်မှု" မရှိချေ။ တပည့်များကြားတွင် သဘောထားကွဲလွဲမှုများ ရံဖန်ရံခါ ပေါ်ပေါက်လာခြင်းသည် ပုံမှန်ပင်ဖြစ်ပြီး ၊ ခေါင်းများ သို့မဟုတ် လက်မောင်းများပင် ဆုံးရှုံးသွားရခြင်းက အဆန်းတကြယ် မဟုတ်ပေ။

ရုန်းရင်းဆန်ခတ်မှုက အရမ်း မကြီးမားသရွေ့ ဂိုဏ်းသည် အများအားဖြင့် မျက်ကွယ်ပြုထားလိမ့်မည်။

လူတိုင်း၏ မျက်နှာပေါ်မှ လေးနက််နေသော အမူအရာများကို မြင်သည်နှင့်၊ ချန်လော့သည် အနည်းငယ် ပြုံးလိုက်၏။ သို့သော် သူ့ကို မတိုက်ခိုက်ရန် လူတိုင်းကို ခြိမ်းခြောက်ခြင်းက သူ၏ တကယ့်ရည်ရွယ်ချက် မဟုတ်ပေ။

အကြောင်းမှာ ဤကိစ္စ၏ အဓိက အကြောင်းရင်းသည် ဤ အတွင်းဂိုဏ်းသား များနှင့် မသက်ဆိုင်ဘဲ အကြီးအကဲ လောချင်းယွီ နှင့် သက်ဆိုင်ကြောင်း သူ နားလည်ထားသောကြောင့် ဖြစ်၏။

လောချင်းယွီသည် ဤ အတွင်းဂိုဏ်းသား များကို အသုံးပြု၍ ချန်လော့ကို သွေးတိုးစမ်းလေ့ကျင့်ပေးခြင်းနှင့် ပို၍ မြန်ဆန်စွာ ကြီးထွားလာရန် ကူညီပေးချင်နေခြင်း ဖြစ်သည်။ အကယ်၍ သူသည် ဤ အတွင်းဂိုဏ်းသား များကို ဆုတ်ခွာရန်နှင့် သူ့ကို ပစ်မှတ်မထားရန် ခြိမ်းခြောက်ခဲ့လျှင်တောင်မှ လောချင်းယွီသည် သူ့ကို သင်ကြားပေးမည့် အခြား တစ်ယောက်ယောက်ကို ရှာတွေ့လောက်ပြီး ပို၍ပင် ပြင်းထန်နိုင်ပေသည်။ ထိုသို့ဖြစ်လာပါက၊ သူသည်လည်း ထိန်းချုပ်ရန် ပိုမို ခက်ခဲလာမည် ဖြစ်၏။

ဒီကောင်တွေကို မောင်းထုတ်ပစ်မယ့်အစား သူ့အတွက် အလုပ်လုပ်ပေးအောင် ကြိုးစားတာ ပိုကောင်းမယ်လေ…

သူသည် သူတို့ကို အရင် ခြိမ်းခြောက်ရသည့် အကြောင်းရင်းမှာ မြေပြင်ရှိ‌‌ အခြေအနေကို ကောင်းကောင်း သိထားသောကြောင့်ဖြစ်သည်။

အချို့လူတွေက ကျေးဇူးကန်းကြတယ်... သူတို့ကို အကျိုးခံစားခွင့်တွေ ပေးရုံနဲ့ သူတို့ကို အနိုင်ယူလို့ မရဘူး…

သကြားလုံး မကျွေးခင် သူတို့ကို အရင် ပါးရိုက်ရမယ်... ဒီလိုမှ သူတို့က ကျေးဇူးတင်ကြမှာ…

ချန်လော့ သည် အနည်းငယ် ပြုံးလိုက်ပြီး ဆက်ပြောလိုက်၏။

"ဒါပေမဲ့ ငါက လူဆိုးကြီးမှ မဟုတ်တာ.. တစ်ယောက်ယောက်ရဲ့ အခွင့်အရေးကို ဖျက်ဆီးပစ်တာက သူတို့ရဲ့ မိဘတွေကို သတ်ပစ်တာနဲ့ တူတူပဲလေ..."

"မင်းတို့ ငါ့စကားကို နားထောင်ဖို့ ဆန္ဒရှိတယ်ဆိုရင် ငါ မင်းတို့ကို အခွင့်အရေး တစ်ခု ပေးဖို့ ငြင်းဆန်မှာ မဟုတ်ဘူး..."

ဤသည်ကို ကြားသည်နှင့် ၊ ယခင်က စိတ်ဓာတ်ကျနေသော လူတိုင်း၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ချက်ချင်း တောက်ပလာတော့၏။

All Chapters