အခန်း (၇၆၃-၇၆၅)
Vol. 51 Ch. 763-765
Chapter 763 အိမ်ပြန်၍ လက်စားချေခြင်း
“ပါရမီရှင်ပဲ၊ ဒီကောင်လေးက ရွံ့စေးရုပ်တု လောကမှာ တကယ့် ပညာရှင်ပဲ၊ နောင်ကျရင် သူက မျိုးဆက်တစ်ခုရဲ့ ရွံ့စေးရုပ်တု ပညာရှင် ဖြစ်လာမှာ သေချာတယ်”
“တစ်နေ့ကျရင် သူ့လက်နဲ့ ဖန်တီးတဲ့ ရွံ့စေးရုပ်တုတွေက တကယ် အသက်ဝင်လာနိုင်လောက်တယ်”
ယဲ့ဖန်သည် သူ မြင်ဖူးသမျှထဲတွင် ကြောက်လန့်စရာ အကောင်းဆုံးသူပင်။ ယဲ့ဖန်သည် ရွှမ်းမြောင် အနုပညာ စိတ်ကူးနယ်မြေထဲသို့ အချိန်မရွေး ဝင်ရောက်နိုင်နေ၏။
နှစ်အနည်းငယ်အတွင်းမှပင် သူသည် နောက်ထပ် ထူးခြားဆန်းကြယ်မှု
နှစ်အနည်းငယ်အတွင်းမှပင် သူသည် နောက်ထပ် ထူးခြားဆန်းကြယ်မှုကို ဖန်တီးနိုင်ပြီး သက်ရှိလူများကို ဖန်တီးနိုင်မည်မှာ အသေအချာပင်။
အဘိုးအို၏ စကားကို နားထောင်ပြီး ဘေးနားမှ ရှောင်ရွှမ်သည် ယဲ့ဖန်အား စံပြပုဂ္ဂိုလ်အဖြစ် မှတ်ယူသွားပြီး လေးစားအားကျသော အကြည့်များဖြင့် ကြည့်နေလေသည်။
ဝေ့ချန်ဖန်းမှာမူ မျက်နှာတစ်ခုလည်း မည်းမှောင်နေ၏။ သူသည် ရှက်ကိုးရှက်ကန်းဖြင့် ထရပ်ကာ ခြံဝန်းထဲမှနေ၍ အရှက်တကွဲ ထွက်သွား သည်။ သူ၏ ကျင့်ကြံခြင်း အခြေခံက လုံးဝ ပျက်စီးသွားသဖြင့် သူ ထပ်၍ ရွံ့စေးရုပ်တု မဖန်တီးနိုင်တော့ပေ။ ဤနေရာမှာ ဆက်နေလျင် အရှက်သာ ကွဲရပေမည်။
သူ ထွက်သွားသည်ကို မြင်သော်လည်း အဘိုးအိုနှင့် ရှောင်ရွှမ်တို့က ဘာမှမပြောချေ။ ဝေ့ဖန်းချန်းသည် အစောပိုင်းက ယဲ့ဖန်ကို ထိခိုက်လုနီးပါး ဖြစ်အောင် လုပ်ခဲ့သဖြင့် သူ အသက်ရှင်နေသေးသည်ကပင် ကံကောင်း လှပေ၏။
ရွံ့စေးရုပ်တုဆိုင်ထဲမှ ထွက်လာပြီးနောက် ရုတ်တရက် ဝေ့ချန်ဖန်း၏ မျက်လုံးတွင် ဒေါသ ရိပ်များ ထွက်ပေါ်လာသည်။
“ဟေ့ကောင် မင်း စောင့်နေလိုက်၊ ဒီကိစ္စက ဒီမှာတင် မပြီးသေးဘူး”
ဝေ့ချန်ဖန်းက ရွံ့စေးရုပ်တုဆိုင်ကို စူးစိုက်ကြည့် ပြီးနောက် လူအုပ်ထဲသို့ လမ်းလျှောက်သွားပြီး ပျောက်ကွယ် သွားလေသည်။
ဝိညာဉ်မြို့တော်၊ သံမဏိသွေး ကြေးစားတပ်ဖွဲ့။
ဤတပ်ဖွဲ့သည် စကြဝဠာတွင်းမှ မကောင်းဆိုးဝါး သားရဲများကို အမဲလိုက်သည့် အင်အားစု ဖြစ်ပြီး ဝိညာဉ် မြို့တော်တွင်း၌ နာမည် ကျော်ကြား လေသည်။
ခေါင်းဆောင်သည် နတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်ယောက် ဖြစ်သည်။ လက်ရှိအချိန်၌ သံမဏိသွေး ကြေးစားတပ်ဖွဲ့တွင်းတွင် အားလုံး စုဝေး၍ ဆွေးနွေးပြောဆိုနေကြသည်။
“သခင်လေး လေးယောက်နဲ့ ဝိညာဉ် အစောင့်အကြပ်တွေ ဘယ်ရောက်သွားလဲ မင်းတို့ သိလား၊ ပြီးတော့ နတ်သခင် တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက်ကို ဘယ်သူ သတ်သွားလဲရော သိကြလား”
အဖွဲ့ဝင်တစ်ယောက်က သိချင်စိတ်ဖြင့် မေးနေသည်။ ထိုစကားကို ကြားပြီး အဖွဲ့ ခေါင်းဆောင် ဖြစ်သူ ဟန်ကျစ်ချိုးက တစ်စုံတစ်ယောက်ကို တွေးမိသွားပြီး သူ၏လူများကို လှမ်းပြောလိုက်သည်။
“မင်းတို့ ဟိုနေ့က သခင်လေးလေးယောက် ဦးညွှတ် အရိုအသေပေးတဲ့ လူငယ်လေးကို မှတ်မိကြလား”
*လူငယ်တစ်ယောက်လား*
“ခေါင်းဆောင်၊ ကျွင်းပုကျွေးနဲ့ ကျွင်းချင်အာ မောင်နှမတွေရဲ့ဝိုင်းထားတာကို ခံခဲ့ရပင်မယ့် သခင်လေး လေးယောက်က သခင်ကြီးလို့ ခေါ်တဲ့ လူငယ်လေးကို ပြောတာလား”
ရုတ်ချည်းဆိုသလိုပင် သံမဏိသွေး အဖွဲ့ဝင်များ မှတ်မိသွားကြသည်။ ထို့နေ့က သူတို့ထဲမှ အချို့သည် မြို့ပြင်မှ ပြန်ရောက်လာကာစ ဖြစ်သော်လည်း ကျွင်းမောင်နှမ၏ ဝိုင်းထားခြင်းကို ခံထားရသည့် လူငယ်လေး တစ်ယောက်ကို သူတို့ တွေ့လိုက်ရသည်။
ထို့နောက် သခင်လေး လေးယောက်က ထိုလူငယ် လေးကို သခင်ကြီးဟု ခေါ်ခဲ့သည့်အတွက် သူတို့ ပို၍တောင်မှ ထိတ်လန့်သွားခဲ့ရသည်။
“ခေါင်းဆောင် စိတ်ဝိညာဉ်သခင်နဲ့ သခင်လေး လေးယောက် ပျောက်သွားတာအပြင် နတ်သခင်တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက် သေသွားတာက အဲ့လူငယ်လေးနဲ့ ပတ်သက်နေ လိမ့်မယ်လို့ ခေါင်းဆောင် ပြောချင်တာလား”
လက်ရှိအချိန်၌ သံမဏိသွေး အဖွဲ့ဝင်များ ထိတ်လန့် သွားကြသည်။ ထိုလူငယ်က ဝိညာဉ်သခင်နှင့် သခင်လေး လေးယောက်ကို ပျောက်ကွယ်သွားစေပြီး နတ်သခင်တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက်လုံး သေဆုံးသွားအောင် မည်သို့လုပ်လိုက်သလဲ သူတို့ မတွေးတတ်ပေ။
“ဟုတ်တယ်”
ခေါင်းဆောင် ဟန်ကျစ်ချိုးက တည်ကြည်နေသော မျက်နှာထားဖြင့် ပြန်ပြောလာသည်။
“ဘာလို့မှန်းမသိပင်မယ့် အဲ့လူငယ်လေးက ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါ အမြဲ ခံစားမိနေတယ်။ နတ်သခင်တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက် သေသွားတာက သူ့လက်ချက် ဖြစ်နိုင်တယ်”
ခေါင်းဆောင်ဖြစ်သူ၏ စကားကိုကြားပြီး အဖွဲ့သားများ ကြက်သီးထသွားကြသည်။ စိတ်ထဲတွင် ယဲ့ဖန်အား မိစ္ဆာတစ်ကောင် ဖြစ်လိမ့်မည်ဟု ထင်မိသွားသည်။
အားလုံး စကားပြောနေစဉ်မှာပင် သံမဏိသွေး အဖွဲ့သား တစ်ယောက်က ခပ်သွက်သွက် ဝင်လာသည်။
“ခေါင်းဆောင်၊ ခေါင်းဆောင်ရဲ့ ဝမ်းကွဲညီ ဝေ့ချန်ဖန်း ရောက်လာပါတယ်”
*ဟမ်*
ထိုစကားကြောင့် ခေါင်းဆောင် ဟန်ကျစ်ချိုး မသိမသာ တုံ့ဆိုင်းသွားသည်။
“အဲ့ကောင်က မိန်းကလေးတစ်ယောက်ကို ပိုးချင်လို့ ရွံ့စေးရုပ်တုဆိုင်မှာ ဝင်လုပ်နေတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ငါ့ဆီ ရောက်လာတာလဲ”
ဟန်ကျစ်ချိုးက အပျော်အပါး မလိုက်စားသော်လည်း သူ၏ ဝမ်းကွဲညီဖြစ်နေသောကြောင့် ခေါင်းညိတ်၍ ခေါ်ခိုင်းလိုက်သည်။
“သူ့ကို အထဲဝင်လာခိုင်းလိုက်”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
ထိုအခိုက်တွင် သံမဏိသွေး အဖွဲ့ဝင်က အပြင်သို့ ပြန်ပြေးထွက်သွားပြီး ခဏအကြာ၌ ဝေ့ချန်ဖန်း အထဲသို့ ဝင်လာသည်။ သို့သော် ဝေ့ချန်ဖန်း၏ ဆိုးရွားသော ပုံစံကို မြင်ပြီး ဟန်ကျစ်ချိုးနှင့် သံမဏိသွေး အဖွဲ့ဝင်များအားလုံး မှင်တက်သွားကြသည်။
“ချန်ဖန်း၊ မင်း ဘာဖြစ်လာတာလဲ”
ဝေ့ချန်ဖန်း၏ အင်္ကျီ၌ သွေးများ ပေကျံနေသည်ကို ဟန်ကျစ်ချိုး သတိထားမိသွားသည်။ ထိုသည်သာမက ဝေ့ချန်ဖန်း၏ ကိုယ်မှနေ၍ နတ်ဘုရားစွမ်းအင် အနည်းငယ်မျှကိုပင် သူ မခံစားမိပေ။ သူ၏ ကျင့်ကြံခြင်း အခြေခံ ပျက်စီးသွားမှန်း သိသာလှသည်။
ထိုစဉ် ဝေ့ချန်ဖန်းသည် အထဲဝင်လာပြီးသည်နှင့် ဟန်ကျစ်ချိုးရှေ့၌ ဒူးထောက်ကာ ကျယ်လောင်စွာ အော်ဟစ် လေတော့သည်။
“ဝမ်းကွဲအစ်ကို ကျွန်တော့်ကို ကယ်ပါဦး”
“ကျွန်တော့် သွေးကြောတွေအားလုံး ပျက်စီးသွားပြီ၊ အဲ့ဒီလူက ကျုပ်ကျင့်ကြံခြင်း အခြေခံကို ဖျက်ဆီးပစ် လိုက်တယ်၊ အစ်ကို ကျွန်တော့်အတွက် လက်စားချေပေးပါ”
ချက်ချင်းဆိုသလိုပင် ဟန်ကျစ်ချိုးနှင့် သံမဏိသွေး အဖွဲ့ဝင်များအားလုံး ထရပ်လာကြသည်။ လူတိုင်း ဒေါသထွက် နေကြ၏။
ဟန်ကျစ်ချိုးသည် ဝိညာဉ်မြို့တော်၌ နာမည် ကြီးသည်။ အထူးသဖြင့် သံမဏိသွေး ကြေးစား တပ်ဖွဲ့၏ ခေါင်းဆောင် ဖြစ်နေသောကြောင့် နတ်သခင်အဆင့်ကတောင်မှ သူ့ကို မျက်နှာသာ ပေးရသည်။
ယခုအခါတွင် သူ၏ဝမ်းကွဲညီက ကျင့်ကြံခြင်း အခြေခံ ဖျက်ဆီးခံလိုက်ရခြင်းက သူ့အတွက် အရှက်ကွဲခြင်းပင် ဖြစ်လေသည်။ ထို့နောက် ဟန်ကျစ်ချိုးက ဝေ့ချန်ဖန်း၏ အင်္ကျီစကို ဆွဲ၍ မလိုက်သည်။
“ချန်ဖန်း၊ မင်းကို ဘယ်သူက ဒီလိုလုပ်တာလဲ”
“သူ … သူက နတ်ဧကရာဇ်အဆင့် လူငယ် တစ်ယောက်ပါ”
*ဘာ*
ထိုစကားကို ကြားပြီး လူတိုင်း မှင်တက် သွားကြသည်။ နတ်ဧကရာဇ်အဆင့်လေးက နတ်ဘုရင် အဆင့်ရှိသော ဝေ့ချန်ဖန်းအား ကျင့်ကြံ ခြင်း အခြေခံ ပျက်စီးသွားအောင် မည်သို့ လုပ်လိုက်လဲ မတွေးတတ်ကြပေ။
“အသုံးမကျလိုက်တာ”
ဟန်ကျစ်ချိုး၏ မျက်နှာက ချက်ချင်း သုန်မှုန် လာသည်။
“အားလုံး ငါနဲ့ လိုက်ခဲ့ကြ၊ ဘယ်လို နတ်ဧကရာဇ် အဆင့်က ငါ့ဝမ်းကွဲညီကို ဒီလိုလုပ်လဲ ငါ ကြည့်ရသေးတာပေါ့”
ဟန်ကျစ်ချိုးက ဝေ့ဖန်းချန်းကို ဆွဲထူ၍ သိုင်းပညာရှင်တစ်ဖွဲ့ကို ဦးဆောင်ကာ ချက်ချင်း အပြင်သို့ ထွက်လာသည်။ ဝေ့ချန်ဖန်းကမူ အပြုံးကြီး ပြုံးနေ၏။ ယဲ့ဖန်ကဲ့သို့ ဘာမဟုတ်သည့် လူတစ်ယောက်က သံမဏိသွေး ကြေးစားတပ်ဖွဲ့တစ်ခုလုံးကို ယှဉ်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
…
တစ်ချိန်တည်းမှာပင် ရွံ့စေးရုပ်တုဆိုင်အတွင်း၌ အဘိုးအိုနှင့် ရှောင်ရွှမ်တို့က ယဲ့ဖန်နား၌ ရပ်ကာ ယဲ့ဖန် ရွံ့စေးရုပ်တု လုပ်နေသည်ကို ကြည့်နေ ကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်၏ လက်ရာတိုင်း၌ ကောင်းကင်တာအို ဥပဒေသများ ပါဝင်နေသည်ကို ထင်နေမိသည်။
*နက်နဲလိုက်တာ*
ဤသည်က အဘိုးအိုကို ပို၍ အံ့အားသင့် သွားစေသည်။
ဝုန်း!
ထိုစဉ် အနောက်ဘက် မြေကွက်လပ်၏ တံခါးက ကန်ချက်ကြောင့် ပွင့်ထွက်သွားသည်။ ထို့နောက်တွင်မူ အထဲသို့ သိုင်းပညာရှင်တစ်ဖွဲ့က အလျင်အမြန် ဝင်လာလေ၏။
ဤအဖြစ်ကြောင့် မြေးအဘိုးနှစ်ယောက် အံ့ဩနေရာမှာ ချက်ချင်း မျက်နှာပျက် သွားလေသည်။
“သံမဏိသွေး ကြေးစားတပ်ဖွဲ့”
မြေးအဘိုးနှစ်ယောက် တွေးနေစရာပင် မလိုဘဲ ဤသည်က လက်စားချေလိုသည့် ဝေ့ချန်ဖန်း၏ လက်ချက်ဖြစ်မှန်း သိလိုက်သည်။ ထိုသို့တွေး မိပြီးနောက် အဘိုးအိုက ခေါင်းဆောင် ဟန်ကျစ်ချိုး ကို အလျင်အမြန် ပြောလိုက်သည်။
“ခေါင်းဆောင်ဟန်၊ ခင်ဗျား …”
ဟန်ကျစ်ချိုးက ဒေါသထွက်၍ လူသတ်ချင်နေသော အကြည့်များဖြင့် မောက်မာစွာ ပြောလာ၏။
“ငါ့ညီကို ဘယ်သူ ထိခိုက်အောင် လုပ်တာလဲ၊ ထွက်ခဲ့စမ်း”
ထိုစကားကြောင့် ဒါဇင်ချီသော သံမဏိသွေး အဖွဲ့သားများကိုကြည့်ပြီး မြေးအဘိုးနှစ်ယောက်လုံး ချွေးပြန်လာသည်။ ဝေ့ချန်ဖန်းက ကျေနပ်အားရစွာ ပြုံး၍ ပြောလေသည်။
“အဘိုးနဲ့ ရှောင်ရွှမ်၊ ဒီကိစ္စက ခင်ဗျားတို့နဲ့ မဆိုင်ဘူး”
“အဲ့ကောင်လေးက ငါ့ကို သုံးစားမရအောင် လုပ်ခဲ့တာ၊ ဒီနေ့ ငါ သူ့ကို သိုင်းအဆင့် ပျက်စီးသွားတာက ဘယ်လို ခံစားရလဲဆိုတာကို သိအောင် ပြမယ်၊ အဲ့ဒါပြီးရင် သူလည်း သေမှာ”
ထိုသို့ပြောပြီး ဝေ့ချန်ဖန်းက အဘိုးအိုနှင့် ရှောင်ရွှမ်တို့ အနောက်မှ ယဲ့ဖန်ကို လက်ညှိုးထိုး၍ ဟန်ကျစ်ချိုးကို အော်ပြောလိုက်သည်။
“ဝမ်းကွဲအစ်ကို၊ အနောက်က ဟိုကောင်ပဲ”
“ကျွန်တော့်ကို သိုင်းအဆင့် ဖျက်စီးပစ်တာ အဲ့ကောင်ပဲ၊ သူ့ကိုလည်း အဲ့လို ဖြစ်အောင် လုပ်လိုက်ပါ”
သူ့စကားကြောင့် ဟန်ကျစ်ချိုးနှင့် သံမဏိသွေး အဖွဲ့ဝင်များအားလုံး အနောက်သို့ ပြိုင်တူ ကြည့်လိုက်ကြသည်။ ထိုနေရာ၌ ဆံပင် အဖြူရောင်နှင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင် ထားသည့် လူငယ်တစ်ယောက်က ထိုင်၍ အေးအေးဆေးဆေး ရွံ့စေးရုပ်တု ဖန်တီးနေသည်ကို တွေ့လိုက်ရသည်။
ယဲ့ဖန်ကို မြင်သည်နှင့် ဟန်ကျစ်ချိုးနှင့် သံမဏိသွေး အဖွဲ့ဝင်များအားလုံး မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ချောက်ချားသွားကြသည်။
Chapter 764 မင်း သေမှဖြစ်မယ်
“အဲ့ဒီလူပဲ”
ယဲ့ဖန်ကို မြင်လိုက်ရသည့် အခိုက်တွင် ဟန်ကျစ် ချိုးနှင့် သံမဏိသွေး အဖွဲ့ဝင်များအားလုံး ခေါင်းနပမ်း ကြီးကာ မှင်တက်သွားကြသည်။ သူတို့သည် ယဲ့ဖန်ကို အလွန်အမင်း အထင်ကြီး ကြသည်။
ယခင်က သခင်လေး လေးယောက်သည် ဤလူအတွက်နှင့် ကျွင်းမောင်နှမကို သတ်ပစ်ရန် ဝန်မလေးခဲ့ကြချေ။ ထောင်ချီသော စိတ်ဝိညာဉ် အစောင့်အကြပ်များကလည်း ဤလူအား ဦးညွှတ်အရိုအသေပေးခဲ့ကြသည်။
ယခုအခါတွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ဤနေရာသို့ မည်သို့မည်ပုံနည်းဖြင့် ရောက်နေ ရသနည်း။
ထိုအခိုက်တွင် ဟန်ကျစ်ချိုးနှင့် အခြားသူများ၏ နဖူးမှ ချွေးများ စီးကျလာပြီး မျက်ခုံး တဆတ်ဆတ်လှုပ်ကာ ကြက်သီးထနေကြသည်။
ဝမ်းကွဲအစ်ကို၏ အမူအရာကို ဝေ့ချန်ဖန်း သတိမမူမိပေ။ သူက ရက်စက်ယုတ်မာသော အကြည့်များဖြင့် ယဲ့ဖန်ကို စူးစိုက်ကြည့်နေ၏။
“ဟေ့ကောင်၊ မင်းက ထူးချွန်ပြောင်မြောက်နေတဲ့ကောင် မဟုတ်ဘူးလား၊ မင်း ငါ့ကို အနိုင်မကျင့်ခဲ့ဘူးလား”
“ဒီနေ့ မင်းကို ငါ ပြန်ခံစားရအောင် လုပ်ပစ်မယ်ကွ”
ထိုသို့ပြောပြီးနောက် ဝေ့ချန်ဖန်းက ဟန်ကျစ်ချိုးနှင့် အခြားသူများကို လှည့်ပြောလိုက်သည်။
“ဝမ်းကွဲအစ်ကို၊ မြန်မြန်လုပ်ပါ၊ သူ့ကိုဖမ်းပြီး သူ့သိုင်းအဆင့်ကို ဖျက်စီးပစ်လိုက်၊ ကျွန်တော့်အတွက် လက်စား ပြန်ချေပေးပါ”
ဝေ့ချန်ဖန်း၏ ကောက်ကျစ်သော စကားသံကို ကြားပြီး အဘိုးအိုနှင့် ရှောင်ရွှမ်တို့ မျက်နှာများ ဖြူရော် သွားကြသည်။
ဤသံမဏိသွေး ကြေးစားတပ်ဖွဲ့က အလွန်အမင်း ရက်စက်၍ နိုင်လိုမင်းထက် ပြုမူတက်ကြောင်း သူတို့ သိထားသည်။ ဝိညာဉ်မြို့တော်တွင် နတ်သခင်အဆင့်များတောင်မှ သူတို့ကို မျက်နှာသာ ပေးကြရ၏။
ထိုကဲ့သို့ ကြမ်းကြုတ်သည့် လူများက ဝေ့ချန်ဖန်း အတွက် ရောက်ရှိလာသောကြောင့် ယဲ့ဖန် ကံဆိုးမိုးမှောင် ကျပေတော့မည်။
ထိုသို့တွေးမိပြီးနောက် အဘိုးအိုက နဖူးမှချွေးများကို သုတ်၍ အားတင်းကာ ယဲ့ဖန်ကို ခွင့်လွှတ်ပေး ရန်အတွက် တောင်းဆိုရန် ပြင်လိုက်သည်။
ဒုန်း!
ထိုစဉ် ဒူးထောက်သံနှင့်အတူ ဟန်ကျစ်ချိုးနှင့် သံမဏိသွေး အဖွဲ့ဝင်များအားလုံး ယဲ့ဖန်ရှေ့၌ ဒူးထောက် လာသည်ကို တွေ့လိုက်ရသဖြင့် အဘိုးအို အံ့အားသင့်သွားသည်။ လူတိုင်းက ဖြူဖပ်ဖြူရော် မျက်နှာထားဖြင့် မြေကြီးကို နဖူးဖြင့် တိုက်နေ ကြသည်။
“ကျွန်တော် အမြင်ကျဉ်းခဲ့မိပါတယ်၊ လူကြီးမင်း ဒီရောက်နေတယ်ဆိုတာကို ကျွန်တော် မသိခဲ့လို့ ကျွန်တော် ရန်စဖို့ ကြံစည်ခဲ့မိတာပါ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”
ထိုသို့ပြောပြီး ဟန်ကျစ်ချိုးနှင့် အခြားသူများက ယဲ့ဖန်ကို ပြိုင်တူဦးညွှတ် အရိုအသေပေး ကြလေသည်။ လက်ရှိအချိန်၌ ဝေ့ချန်ဖန်း အံ့ဩသွားရသလို အဘိုးအိုနှင့် ရှောင်ရွှမ်တို့လည်း နားဝေတိမ်တောင် ဖြစ်နေကြသည်။
*ကြောက်စရာကောင်းတဲ့ သံမဏိသွေး ကြေးစား တပ်ဖွဲ့က ယဲ့ဖန်ကို မြင်တာနဲ့ ဒူးထောက် တယ်တဲ့လား၊ ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
မြေးအဘိုးနှစ်ယောက်လုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားကြသည်။ ဝေ့ချန်ဖန်းသည်လည်း မျက်လုံးကျွတ် ကျမတတ် ဖြစ်နေ၏။
“ဝမ်းကွဲအစ်ကို၊ ခင်ဗျား ဘာလုပ်နေတာလဲ၊ ဘာလို့ ဒီမျိုးမစစ်ကောင်ကို အရိုအသေ ပေးနေတာလဲ၊ သူက ကျွန်တော့် သိုင်းအဆင့်ကို ဖျက်စီးပစ်တဲ့ ရန်သူလေ”
“သူ့ကို တိုက်ခိုက်ပေးပါ၊ သူ့ကိုလည်း သိုင်းအဆင့် ပျက်စီးအောင် လုပ်ပစ်လိုက်ပါ”
ဤအဖြစ်ကို ဝေ့ချန်ဖန်း လက်မခံနိုင်ပါ။ သူ၏ဝမ်းကွဲအစ်ကိုနှင့် အခြားသူများနှင့် ဤသို့ ရောက်လာစဉ်က တက်ကြွထက်သန် နေကြသေး သည်။ သို့သော် အဘယ်ကြောင့် ထိုမျိုးမစစ် ကောင်ကို မြင်သည်နှင့် ကြောင်ကို တွေ့လိုက် ရသော ကြွက်တစ်ကောင်ကဲ့သို့ ဖြစ်သွားရသနည်း။
ဖြောင်း!
သူ့စကားအဆုံး၌ ပါးရိုက်သံ ထွက်လာပြီး သူ အားဖြင့် ပါးချခံလိုက်ရသည်။ ဝေ့ချန်ဖန်း အလွန် အမင်း မှင်တက်သွားသည်။
“ဝမ်း … ဝမ်းကွဲအစ်ကို၊ ခင် … ခင်ဗျား ကျွန်တော့်ကို ရိုက်လိုက်တာလား”
ဝေ့ချန်ဖန်း၏ မျက်နှာက နီရဲနေပြီး လက်ဝါးရာက ထင်းခနဲ ပေါ်နေသည်။ သူ့ကို ရိုက်လိုက်သည့်သူက သူ၏ ဝမ်းကွဲအစ်ကို ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပေ။
“မင်းကို ရိုက်လို့ ဟုတ်လား၊ ငါ မင်းကို သတ်တောင် သတ်ချင်နေတာကွ”
လက်ရှိအချိန်၌ ဟန်ကျစ်ချိုးသည် လည်ဆံမွေး ထောင်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဒေါသထွက် နေလေသည်။ သူသည် ထိတ်လန့် ဒေါသထွက် နေသလို ကြောက်လည်း ကြောက်လန့်နေ၏။
ယဲ့ဖန်ကို သူ မြင်ထားဖူးပြီး တစ်ဖက်လူက သခင်လေး လေးယောက်၏ သခင်ကြီးဖြစ်သည်ကို ကြိုသိထားမိသဖြင့် ကံကောင်းသွားသည်ဟု သူ တွေးနေမိသည်။ သို့မဟုတ်ပါက ဝေ့ချန်ဖန်း ကြောင့်နှင့် သူ ကံဆိုးသွားလောက်သည်။
ထိုသူသည် သခင်လေး လေးယောက်၏ သခင်ကြီးဖြစ်သောကြောင့် သူတို့ ရန်မဝံ့ပေ။
“ချန်ဖန်း၊ မင်း တော်တော် အတင့်ရဲပါလား၊ ဒီလူကြီးမင်းသာ ဆန္ဒရှိရင် မင်း သေနေလောက်ပြီ”
ဟန်ကျစ်ချိုးသည် ဒေါသထွက်လွန်းနေသောကြောင့် ဝေ့ချန်ဖန်းကို စူးစိုက်ကြည့်နေ၏။ သူ့စကားကြောင့် ဝေ့ချန်ဖန်း ရူးမတတ် ဖြစ်သွားရသည်။
“ဝမ်းကွဲအစ်ကို၊ ခင်ဗျား ဆေးမှားသောက် လာတာလား၊ သူက ကျွန်တော့် သိုင်းအဆင့်ကို ဖျက်စီးပစ်လိုက်တာလေ”
*သိုင်းအဆင့်ကို ဖျက်စီးပစ်လိုက်တယ် ဟုတ်လား*
ထိုစကားကြောင့် ဟန်ကျစ်ချိုးက မဲ့ပြုံးပြုံး လိုက်သည်။
“ဝေ့ချန်ဖန်း မင်း ဘာဖြစ်နေတာလဲ၊ ဒီလူကြီးမင်း လေးက သိပ်ချောလွန်းပြီး သိပ်တော်လွန်းတာကို မင်းရဲ့ သိုင်းအဆင့်ကို မင်း စွန့်ပစ်သင့်တာပေါ့၊ မင်း ဂုဏ်တောင်ယူသင့်သေးတယ်”
“အထူးသဖြင့် လူကြီးမင်းက ရွံ့စေးရုပ်တု လုပ်နေတာကို ခွန်အားနဲ့ နတ်ဘုရားစွမ်းအင်တွေ ဘယ်လောက် ကုန်နေလိုက်မလဲ၊ မင်းက ဘာလို့ ပြန်လက်စားချေချင်နေရတာလဲ၊ မင်း လူမှဟုတ်ရဲ့လား၊ မင်းမှာ တွေးတော ဆင်ခြင်တတ်တဲ့ ဉာဏ် မရှိဘူးလား၊ ဟမ်”
လက်ရှိအချိန်၌ ဟန်ကျစ်ချိုးသည် စကားပြောရင်း အော်ငေါက်လုနီးပါး ဖြစ်နေသည်။ ယဲ့ဖန်ကိုယ်စား ဒေါသထွက်နေသလိုပင်။ သူ့စကားများကြောင့် ဘေးပတ်လည်မှ လူများအားလုံး အံ့အားသင့်သွားကြသည်။
“ချီးပဲ”
ဝေ့ဖန်ချန်း သွေးအန်လုနီးပါး ဖြစ်နေ၏။ ဤမျှ ဖြစ်နိုင်ချေမရှိသော အကြောင်းပြချက်ကို သူ တစ်ခါမှ မကြားခဲ့ဖူးပေ။
*ငါက အသုံးမကျတာလား၊ ငါက သိုင်းအဆင့် ဖျက်စီးခံရတာကို ပျော်နေရမှာလား*
ထိုစဉ် ဝေ့ချန်ဖန်းက ပြန်ပြောရန် ပြင်လာသည်။ သို့သော် ဟန်ကျစ်ချိုးက သူ့အား စကားပြောခွင့် မပေးဟန်ဖြင့် လက်ကာပြလာသည်။
“ညီအစ်ကိုတို့ သူ့ကို ရိုက်နှက်ကြ”
“ဝံပုလွေလို ကောက်ကျစ်တဲ့ ဒီကောင့်ကို ရိုက်ကြ၊ သနားလို့ ညှာတာပေးလိုက်တာကို အမုန်းနဲ့ ပြန်တုံ့ပြန်တဲ့ အဲ့ခွေးမသားကို ရိုက်နှက်ကြ”
ဟန်ကျစ်ချိုး၏ စကားအဆုံး၌ သူ့အနောက်မှ သံမဏိသွေး အဖွဲ့သားများက ချက်ချင်း ရှေ့တက်လာပြီး ဝေ့ချန်ဖန်းကို ရိုက်နှက်ကြလေသည်။
လက်သီးတစ်ချက်က ဝေ့ချန်ဖန်း၏ ပါးစပ်နှင့် နှာခေါင်းထံသို့ ကျရောက်လာသည်။
“မင်းရဲ့ ဝံပုလွေလို နှလုံးသားကို သတ်ပစ်သင့်တယ်”
ဝေ့ချန်ဖန်း၏ မျက်နှာပေါ်သို့ ကန်ချက်တစ်ချက် ရောက်လာပြန်သည်။
“ရိုက်ကြ၊ သနားလို့ ညှာတာပေးလိုက်တာကို အမုန်းနဲ့ ပြန်တုံ့ပြန်တဲ့ မင်းကို သမပစ်မယ်ကွ”
ဖြောင်း!
ဝေ့ချန်ဖန်း ပါးချခံလိုက်ရသည်။
“အကောင်းအဆိုး မခွဲခြားတတ်တဲ့ မင်း သေသွား တာကမှ ကောင်းဦးမယ်”
….
လက်ရှိအချိန်၌ အဘိုးအိုနှင့် ရှောင်ရွှမ်တို့ ထိတ်လန့် နေကြသည်။ ဝေ့ချန်ဖန်း၏ ခန္ဓာကိုယ်အား ထိုးလိုက်၊ ကန်လိုက် လုပ်နေပြီး ထိုးလိုက်တိုင်း ဆူပူ ကြိမ်းမောင်းနေသည့် သံမဏိသွေး အဖွဲ့ဝင်များကို မြေးအဘိုးနှစ်ယောက်လုံး ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။
ဝေ့ချန်ဖန်း၏ မျက်နှာတစ်ပြင်လုံး ရိုက်နှက်ကန် ကျောက်ချက်ကြောင့် ရောင်ကိုင်းနေသည်။ သူ့ခန္ဓာ ကိုယ်မှ အရိုး တော်တော်များများလည်း ကျိုးသွား သည်။ အရေပြားများ စုတ်ပြတ်သပ်၍ သွေးအလိမ်း လိမ်း ဖြစ်နေ၏။
တစ်ခဏလေးအတွင်းမှာပင် သူသည် ခွေးသေတစ်ကောင်ကဲ့သို့ မြေကြီးပေါ် လဲကာ သေလုမျောပါး ဖြစ်နေလေသည်။ သူ မကျေနပ်ပေ။ ယခုအချိန်၌ သူ သွေးအန်နေပုံ ရသည်။ သူ အကူအညီ ပေးမယ့်သူ ရှာတွေ့ပြီဟု ထင်ထားခဲ့သော်လည်း ထိုသူက သူ့ကို ပြန်ရိုက်နှက်လာလိမ့်မည်ဟု ထင်မထားမိပေ။
ဝေ့ချန်ဖန်းကို ရိုက်နှက်ပြီးနောက် ဟန်ကျစ်ချိုးက ပြုံး၍ ယဲ့ဖန်ကို ပြန်ကြည့်ကာ ပြောလိုက်သည်။
“လူကြီးမင်း၊ ကျွန်တော်တို့ ဒီကို ခင်ဗျားအတွက် ရောက်လာတာပါ၊ ခင်ဗျားက ရွံ့စေးရုပ်တု ဖန်တီးနေတာဆိုတော့ ကျွန်တော်တို့ မနှောင့်ယှက် တော့ပါဘူး”
“နှုတ်ဆက်ပါတယ်”
ထိုသို့ပြောပြီး ဟန်ကျစ်ချိုးက သူ့လူများကို အချက်ပြလိုက်သည်။ ရုတ်တရက် သူတို့အားလုံးက ခွေးသေကဲ့သို့ လဲနေသော ဝေ့ချန်ဖန်းကို ဆွဲမ၍ ခြံပြင်သို့ ပြေးထွက်သွားကြသည်။ သူတို့အားလုံး၏ အမူအရာက ယဲ့ဖန်နှင့် ရင်ဆိုင်ရမည်ကို လန့်နေသည့်ပုံပင်။
အားလုံး ထွက်သွားပြီးနောက် အဘိုးအိုနှင့် ရှောင်ရွမ်တို့ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်မိကြသည်။ မြေးအဘိုးနှစ်ယောက်၏ မျက်နှာ၌ ထိတ်လန့်ကြောက်ရွံ့ဟန်များ ထင်ဟပ်နေ၏။
“အဘိုး … ဒါတွေအားလုံးက တကယ် ဖြစ်သွားတာလား”
ရှောင်ရွှမ် အိပ်မက်မက်နေသည်ဟု ထင်နေမိသည်။ အစပိုင်း၌ သူတို့သည် ယဲ့ဖန် ကံဆိုးတော့မည်ဟု ထင်မိသော်လည်း ယဲ့ဖန် တစ်ခွန်းမှ မပြောရသေးခင် ဝေ့ချန်ဖန်း ကံဆိုးသွားလိမ့်မည်ဟု ထင်မထားမိချေ။
အဘိုးအိုသည်လည်း အိပ်မက်မက်နေသည်ဟု ထင်နေမိသည်။ ထို့နောက် သူက မချိပြုံးပြုံး၍ ယဲ့ဖန်ကိုကြည့်ကာ ဇဝေဇဝါဟန်ဖြင့် ကြည့်နေ၏။
“ဒီကောင်လေးက အဘိုးတို့ ထင်ထားတာထက် ပိုကြောက်စရာကောင်းတဲ့ပုံပဲ”
…
ခြံဝန်းအတွင်း၌သာမက အံ့ဩနေကြသည် မဟုတ်ပေ။ ခြံဝန်းအတွင်းမှ ထွက်လာပြီးသည်နှင့် ဟန်ကျစ်ချိုးနှင့် သံမဏိသွေး အဖွဲ့သားများအားလုံး စိတ်အေးသွားကြသည်။ ထိုအခါတွင်မှ သူတို့အားလုံး၏ ကျောတွင် ချွေးများ ရွဲစိုနေသည်ကို သတိထားမိသွားသည်။
ဟန်ကျစ်ချိုးက သူ၏ဝမ်းကွဲညီကို သနားဟန်ဖြင့် ကြည့်လာသည်။
“ချန်ဖန်း၊ ဒီဝမ်းကွဲအစ်ကိုကို အပြစ်မတင်နဲ့၊ အဲ့ဒီလူက ငါတို့ ရန်စလို့ မရတဲ့လူပဲ”
“သူက သခင်လေး လေးယောက်ရဲ့ … သခင်ကြီးပဲ”
“မင်း သေမှ ဖြစ်မယ်၊ မင်း သေကိုသေမှ ဖြစ်မယ်”
*ဘာ*
ထိုစကားကြောင့် ဝေ့ချန်ဖန်း မျက်လုံးပြူးကာ ချောက်ချားသွားလေသည်။
Chapter 765 ရုပ်တုစစ်တပ်
*သခင်လေး လေးယောက်ရဲ့ သခင်ကြီးတဲ့လား*
ထိုစကားကို ကြားသည်နှင့် ဝေ့ချန်ဖန်း အလွန်အမင်း ထိတ်လန့်သွားသည်။
“ဘယ်လိုလုပ် … သူ … သူက နတ်ဧကရာဇ်အဆင့်လေးပဲလေ”
သခင်လေး လေးယောက်သည် ဝိညာဉ်မြို့တော် တစ်ခုလုံး၏ အရှင်သခင် ဖြစ်သည်။ ထိုကဲ့သို့သော သူများ၏ သခင်ကြီး ဖြစ်သည်ဟူသော အချက်က ဝေ့ချန်ဖန်း ယုံရခက်နေ၏။
“နတ်ဧကရာဇ် အဆင့်တဲ့လား”
ထိုစကားကြောင့် ဟန်ကျစ်ချိုးက လှောင်ပြောင် သရော်သည့် မျက်နှာထားဖြင့် ဝေ့ချန်ဖန်အား အရူး တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။
“ဝမ်းကွဲညီလေး၊ မင်း တကယ် အမြင်မရှိတာပဲ၊ အဲ့လူက ဖုံးကွယ်ထားတဲ့ အင်အားကြီးပုံရိပ် ရှိတဲ့လူပဲ”
“သူနဲ့ သခင်လေး လေးယောက်တို့ စိတ်ဝိညာဉ် တောင်ပေါ် တက်သွားတာကို ငါတို့မျက်လုံးနဲ့ တပ်အပ် မြင်ခဲ့ရတာ၊ အခု စိတ်ဝိညာဉ်သခင်နဲ့ သခင်လေး လေးယောက်လုံး ပျောက်နေသလို နတ်သခင် တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက်လုံး သေသွားပြီး သူ တစ်ယောက်တည်းပဲ အသက်ရှင် ကျန်နေတာ၊ သူက ဒီလောက် ရိုးရှင်းတဲ့လူလို့ မင်း ထင်နေတုန်းပဲလား”
ထိုစကားကြောင့် ဝေ့ချန်ဖန်း မှင်တက်သွားသည်။
*စိတ်ဝိညာဉ်သခင်နဲ့ သခင်လေး လေးယောက် ပျောက်သွားတယ်လား*
*နတ်သခင် တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံး ယောက်လည်း သေသွားတယ်တဲ့လား*
*ဒါတွေအားလုံးက ဒီလူကြောင့်ပေါ့လေ*
ဝေ့ချန်ဖန်းသည် ထိုနာမည်များကို ကြားပြီး တစ်ခဏမျှ ကြက်သီးထသွားပြီး ထိုကိစ္စအားလုံးက ဤလူနှင့် မည်သို့ ပတ်သက်နေသလဲ မတွေးတတ်တော့ချေ။ ဟန်ကျစ်ချိုးက ဝေ့ချန်ဖန်းကို သေချာစိုက်ကြည့်နေ၏။
“ဝမ်းကွဲညီလေး၊ ငါ မင်းကို အကြံပေးလိုက်မယ်”
“ကိုယ့် … ကိုယ့်သေတွင်း ကိုယ်တူးမနေနဲ့”
ထိုစကားသံက အလွန်အမင်း အေးစက်နေပြီး ဝေ့ချန်ဖန်းအား ချက်ချင်း တုန်ယင်သွားစေသည်။
“ကျွန်တော် နားလည်ပါပြီ ဝမ်းကွဲအစ်ကို”
ဝေ့ချန်ဖန်း ခေါင်းငုံ့သွားသော်လည်း သူ့မျက်လုံးတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။ ယဲ့ဖန်က ထူးခြား ဆန်းကြယ်သော လူတစ်ယောက် ဖြစ်သော်လည်း သူ လက်စားချေနိုင်မည့် အခွင့်အရေး မရှိနိုင်ဟု မပြောနိုင်ပေ။
“စောင့်နေလိုက်၊ ဟေ့ကောင် တစ်နေ့ကျရင် ငါ ပြန်လာပြီး မင်း ငါ့ကို အရှက်ကွဲအောင် လုပ်ခဲ့သမျှ အရာအားလုံးကို ပြန်ပေးဆပ်ခိုင်းမယ်”
ဝေ့ချန်ဖန်းသည် တစ်စုံတစ်ခုကို တွေးမိသွား သည့်ဟန်ဖြင့် မနာလိုမုန်းတီး၍ အန္တရာယ် ပေးလိုသော အပြုံးမျိုး ပြုံးလာသည်။
….
အချိန်ကား တဖြည်းဖြည်း ကုန်ဆုံးလာ၏။ တစ်ခဏ လေးအတွင်းမှာပင် သုံးရက်မြောက်နေ့သို့ ရောက် လာသည်။ ဤရက်ပိုင်းအတွင်း၌ ဖီးနစ်မယ် ရွံ့စေး ရုပ်တုဆိုင်သည် ဝိညာဉ်မြို့တော် တစ်ခုလုံး၌ နာမည် အကြီးဆုံး ဆိုင်များထဲမှ တစ်ဆိုင် ဖြစ်လာသည်။
အဘယ်ကြောင့်ဆိုသော် ထိုဆိုင်မှရောင်းချသော ရွံ့စေးရုပ်တုများသည် တကယ့်လူတစ်ယောက်နှင့် တူလှပြီး အံ့ဩစရာကောင်းကာ အသက်ဝင် လှသောကြောင့်ပင်။
ရွံ့စေးရုပ်တုဆိုင်များအားလုံး၏ စံချိန်စံနှုန်းများ နင်းခြေခံရလုနီးပါး ဖြစ်သွားလေသည်။ ရွံ့စေးရုပ်တု အသစ်များ ထွက်လာတိုင်း အလုအယက် ဝယ်ယူကြသည်။
“မြတ်စွာဘုရား၊ ဒီလို လက်ရာမြောက်တဲ့ ရွံ့စေး ရုပ်တုက လူတစ်ယောက်နဲ့ အတိအကျ တူနေ လိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
“ဟုတ်တယ်၊ ဧကရီရဲ့ ငါ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ၊ လုပ်ကြံခံလိုက်ရတာ နှမြောစရာကောင်းလိုက်တာ”
“…”
ဖောက်သည်များအားလုံးသည် ဧကရီ၏ ရွံ့စေးရုပ်တုကို ကြည့်ပြီး မှင်တက်နေကြသည်။ ထိုရွံ့စေးရုပ်တုများသည် အချိန်မရွေး အသက်ဝင်လာတော့မည်ဟု ထင်မှတ်ရလေ၏။
အနောက်ဘက် မြေကွက်လပ်တွင်မူ အဘိုးအိုနှင့် ရှောင်ရွှမ်တို့ အံ့ဩတကြီး ဖြစ်နေကြသည်။ သူတို့ရှေ့မှ ယဲ့ဖန်သည် သုံးရက်တိုင်တိုင် ထိုနေရာ၌ ထိုင်မြဲထိုင်နေ၏။
သူသည် သုံးရက်လုံး မရပ်နားဘဲ ရွှမ်းမြောင် အနုပညာ စိတ်ကူးနယ်မြေထဲ နစ်မျောကာ ရွံ့စေးရုပ်တုများ ပြုလုပ်နေခဲ့သည်။
ထို့အတူ သူ ပြုလုပ်သည့် ရွံ့စေးရုပ်တုများကလည်း ပိုပို၍ အံ့ဩစရာကောင်းလှသည်။ ရုပ်တု တစ်ခုချင်းစီက ဆွဲဆောင်မှု ရှိလေသည်။
ထို့အပြင် ယဲ့ဖန်က ဟွမ်အာ၏ ရွံ့စေးရုပ်တုအား ကလေးဘဝပုံ၊ ကလေးမလေး၊ ဆယ်ကျော်သက် မိန်းကလေးပုံနှင့် အရွယ်ရောက်ပြီးသား အမျိုးသမီး တစ်ယောက်ပုံအထိ ဖန်တီးနေသည်။
ရုပ်တုတစ်ခုချင်းစီက ဧကရီ ကြီးပြင်းလာသည့် သမိုင်းမှတ်တမ်းနှင့် တူနေသဖြင့် မြေးအဘိုး နှစ်ယောက် ပို၍အံ့ဩသွားရသည်။
“အဘိုး၊ ဒီအစ်ကိုလေးက ဧကရီနဲ့ သိနေလိမ့်မယ်လို့ အဘိုး ထင်လား၊ အဲ့လိုမှမဟုတ်ရင် ဧကရီ ငယ်ငယ်တုန်းက ဘယ်လိုပုံရှိတယ်ဆိုတာကို သူ ဘယ်လိုလုပ် သိနိုင်မှာလဲ”
ရှောင်ရွမ်သည် ယဲ့ဖန်နှင့် ပတ်သက်၍ အလွန် သိချင်နေမိသည်။ သူ့စိတ်ထဲတွင် ဤအစ်ကိုလေးက အမြဲတမ်း ထူးခြား ဆန်းကြယ်နေ၏။ အဘိုးအို တောင်မှ မှင်တက်အံ့ဩနေရသည်။
“ဒီလူငယ်လေးက ဧကရီကို သိလားဆိုတာတော့ အဘိုး မသိဘူး၊ ဒါပေမဲ့ သူ ဖန်တီးနေတဲ့ ရွံ့စေးရုပ်တုတွေက ပိုပိုပြီး အသက်ဝင် လာတာကိုတော့ အဘိုး မြင်နေရတယ်၊ အဲ့ဒါတွေက … လူဖြစ်လာတော့မယ့်ပုံပဲ”
အဘိုးအို၏ စကားကြောင့် ရှောင်ရွှမ် တုန်လှုပ်ကာ မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်မိသည်။
“အဘိုး၊ ဒီအစ်ကိုလေးအတွက် ရွံ့စေးရုပ်တုကို အသက်ဝင်လာအောင် လုပ်နိုင်ဖို့ နှစ်ချီကြာလိမ့်မယ်လို့ အဘိုး မပြောခဲ့ဘူးလား၊ အခု သုံးရက်ပဲ ရှိသေးတာကို၊ ဘယ်လိုလုပ် …”
ရှောင်ရွှမ် မယုံသင်္ကာ ဖြစ်နေ၏။ ရုပ်တုများသည် ဒဏ္ဍာရီဆန်သော အရာများ ဖြစ်သည်။ စကြဝဠာတွင်းမှ အတော်ဆုံးသော ရွံ့စေးရုပ်တု ပညာရှင်တောင်မှ ဤသို့ မလုပ်နိုင်ပေ။
ယခု ယဲ့ဖန်သည် ရွံ့စေးရုပ်တု ဖန်တီးသည်မှာ သုံးရက်သာ ရှိသေးပြီး ပညာရှင်များထက် ပိုသာနိုင် ပါ့မလား။ ရှောင်ရွှမ်သာမက အဘိုးအိုသည်လည်း မချိပြုံး ပြုံးလိုက်မိသည်။
“မင်း မပြောနဲ့၊ အဘိုးတောင် မယုံနိုင်ဘူး”
“မင်း သတိမထားမိလို့၊ အခု သူ လုပ်နေတဲ့ ရွံ့စေးရုပ်တုက မျက်လုံးတွေက လင်းလက် သွားတယ်၊ တကယ့် လူတစ်ယောက် ဖြစ်လာခါနီး နေပြီ”
ထိုစကားကြောင့် ရှောင်ရွှမ် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ရွံ့စေးရုပ်တုကို သူ ကပျာကယာ လှမ်းကြည့်လိုက်သောအခါ အသစ် ဖန်တီးထားသော ရွံ့စေးရုပ်တုများ၏ မျက်လုံးများက တောက်ပနေပြီး စိတ်ဝိညာဉ် ရှိသကဲ့သို့ ဖြစ်နေ၏။ အလွန် တုန်လှုပ်ဖွယ် ကောင်းလှသည်။
ထိုစဉ် ယဲ့ဖန်က အနီရောင်ဝတ်စုံ ဝတ်ထားသော ဟွမ်အာပုံကို စတင်၍ ဖန်တီးလေသည်။ ဤရွံ့စေးရုပ်တု၌ သူ၏ နှလုံးသားရော စိတ်ဝိညာဉ်ပါ ထည့်သွင်း ဖန်တီးထားပုံ ရသည်။ သူ့နဖူးမှ ချွေးများ စတင် စီးကျလာသည်။
သူ ဖန်တီး ပြုလုပ်နေစဉ်အတွင်း၌ သူ့ဘေးပတ် လည်မှ လေဟာနယ်တောင်မှ စတင်လှုပ်ရှားလာပြီး ကောင်းကင် တာအိုသဘောတရား စွမ်းအင်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ရွံ့စေးရုပ်တုထဲသို့ ဝင်ရောက် ပေါင်းစည်း သွားသည်ကို အဘိုးအိုနှင့် ရှောင်ရွှမ်တို့ ထိတ်လန့်တကြား တွေ့လိုက်ရသည်။
ရွံ့စေးရုပ်တုကို ယဲ့ဖန် အောင်အောင်မြင်မြင် ပြုလုပ်ပြီးနောက် လောကတစ်ခုလုံး တုန်လှုပ်လာပြီး နေသာနေသော နေ့တွင် ကောင်းကင်မှ မိုးကြိုးပစ်ချလာသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် တိမ်များ ထူထပ်၍ လျှပ်စီးလက်လာသည်။ ကောင်းကင်ဘုံကို ဆန့်ကျင်သော တစ်စုံတစ်ရာက မည်သည့် နေရာ၌မဆို မွေးဖွားလာတော့မည်ဟု ထင်မှတ် ရသည်။
ဤမြင်ကွင်းက အဘိုးအိုနှင့် ရှောင်ရွှမ်တို့ကို အလွန် အမင်း ကြောက်လန့်သွားစေသည်။ ထို့အပြင် ယဲ့ဖန် ပြုလုပ်ထားသော အနီရောင်ဝတ်စုံနှင့် ဟွမ်အာ ရုပ်တုကို မြင်ပြီး ရှောင်ရွှမ်၏ မျက်နှာထားက စက္ကူကဲ့သို့ ဖြူရော်သွားသည်။
“အဘိုး၊ ဟိုကိုကြည့်ပါဦး၊ အဲ့ … အဲ့ဧကရီ ရွံ့စေးရုပ်တုက … အသက်ဝင်လာပြီ”
ထိုစကားကြောင့် အဘိုးအို မျက်ခုံးလှုပ်သွားသည်။ သူ ဘေးသို့ ခပ်သွက်သွက် လှမ်းကြည့်လိုက် သောအခါ လက်ဝါးအရွယ် အနီရောင်ဝတ်စုံနှင့် ရုပ်တုက ယဲ့ဖန်၏ လက်ဝါးပေါ် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများက ပိတ်နေ၏။
ထိုစဉ် မိုးခြိမ်းသံ ထွက်ပေါ်လာပြီး ဟွမ်အာ၏ ရုပ်တုမှ မျက်လုံးများသည်လည်း ပြိုင်တူ ပွင့်လာ သည်။ မျက်လုံးများက သလင်းကျောက်ကဲ့သို့ ကြည်လင် တောက်ပလှသည်။
သူမက တဖြည်းဖြည်း ထရပ်လာပြီး ယဲ့ဖန်ကို ပြုံးကြည့်ကာ သူ၏လက်ဝါးပေါ်၌ ကခုန်နေ၏။ လက်ရှိအချိန်၌ ဟွမ်အာ၏ ရွံ့စေးရုပ်တုသည် ပျော်ရွှင်နေသော နတ်သူငယ်လေးလိုပင်။ သူမ၏ လှုပ်ရှားမှုတိုင်းနှင့် အပြုံးတိုင်းက သက်ရှိအားလုံးကို အသက်ရှူမှားလောက်စေသည်။
“အသွင်ပြောင်းခြင်း၊ မြတ်စွာဘုရား၊ သုံးရက်တည်းနဲ့ သူ … သူက ရွံ့စေးရုပ်တုကို အသက်သွင်း လိုက်တယ်”
အဘိုးအိုသည် တစ်ဘဝလုံး ရွံ့စေးရုပ်တုများ ပြုလုပ်ခဲ့သော်လည်း ဤမျှ ထိတ်လန့်စရာ ကောင်းသော မြင်ကွင်းကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။
ဒဏ္ဍာရီလာ နည်းလမ်းက သူ့မျက်စိရှေ့၌ အမှန်တကယ် ထွက်ပေါ်လာသောကြောင့် သူ ချောက်ချားသွားရသည်။ သို့သော် ဤအဖြစ်က ဤမျှနှင့် မပြီးသေးပေ။
ယဲ့ဖန်က ဟွမ်အာ၏ ရွံ့စေးရုပ်တုကို မြေကြီးပေါ် ချလိုက်ပြီး လက်တစ်ဆုပ်စာ ရောင်စုံ နတ်ဘုရား ရွံ့စေးကို ယူ၍ ထပ်မံ၍ ရုပ်တုများ ဖန်တီးလေသည်။
သူ ဖန်တီးသော ရုပ်တုများမှာ လောကသခင် သုံးပါး၊ ကျဆုံးသွားသော အဓိက နတ်ဘုရား ဆယ်ပါး၊ တစ္ဆေဧကရာဇ်၊ တစ္ဆေသခင် လေးပါး၊ မဟာနတ်ဆိုးသခင် လေးပါး၊ မဟာနတ်ဆိုး နတ်ဘုရား ခြောက်ပါး၊ နတ်ဆိုးဘုရင် ရှစ်ပါးနှင့် အများအပြားပင်။
တစ်ယောက်ချင်းစီက လောကကို ကိုင်လှုပ်နိုင်သည့် ပုဂ္ဂိုလ်များပင်။ ထိုသူများအားလုံး၏ ရုပ်တုကို ယဲ့ဖန်က ဖန်တီးနေ၏။ ထို့အပြင် ရွံ့စေးရုပ်တု များအားလုံးက အသက်ဝင်လာပြီး ကောင်းကင် တာအိုသဘောတရားများ ထွက်ပေါ်လာကာ နတ်ဘုရား စွမ်းအင်အချို့ တိုးပွားလာသည်။
တစ်နာရီအကြာ၌ အလွန်တရာ ကြောက်စရာ ကောင်းသော ရွံ့စေးရုပ်တု စစ်တပ်ကြီးတစ်ခု ဖွဲ့စည်းပြီး သွားလေသည်။
စာစဉ် ၅၁ ဤတွင် ပြီးပါပြီ။