← Chapters

အခန်း (၇၈၁-၇၈၃)

Vol. 53 Ch. 781-783

အခန်း (၇၈၁-၇၈၃)

Vol. 53 Ch. 781-783

Chapter 781 ခြေလှမ်း တစ်လှမ်းချင်း စီတိုင်း၌ လူတစ်ယောက်အား သတ်ဖြတ်ခြင်း

“ဟမ့်၊ ဘာမှမဟုတ်တဲ့ကောင်က တော်တော် အရှက်မရှိတာပဲ၊ လျှိုခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်ကိုများ ချောင်းကြည့်ရဲတယ်လား၊ ီးပဲ”

“ဟုတ်တယ်၊ လျှိုခေါင်းဆောင်က ခေါင်းဆောင် ထျန်းဖုန်းရဲ့ သတို့သမီးလောင်းပဲ၊ ဒါကို ဒီကောင်က လျှိုခေါင်းဆောင်ကို ချောင်းကြည့်ရဲတယ်ဆိုတော့ သူ့မျက်လုံးကို ဖောက်ထုတ်ပစ်ရမယ်”

“ဟဲဟဲ … စောင့်နေကြတာပေါ့၊ အဲ့ကောင် တော်တော်ကြာရင် ထွက်လာမှာပါ အဲ့အခါကျမှ သူ့ကို ခံစားရအောင် လုပ်ရမယ်”

“…”

လက်ရှိအချိန်၌ လူငါးယောက်တို့သည် စောင့်ဆို င်းရင်း စကားစမြည် ပြောနေကြသည်။ ထိုစဉ် ခြေသံတစ်သံကြောင့် သူတို့ အာရုံစိုက်မိသွားသည်။ ငါးယောက်သား လှည့်ကြည့်လိုက် ကြပြီးနောက် မျက်လုံး အရောင် တောက်လာသည်။

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်ကို ဝိုင်းထားလိုက်ပြီး ယဲ့ဖန်၏ ပြတ်နေသော လက်တစ်ဖက်ကို လှောင် ပြောင်လိုသည့် မျက်နှာထားဖြင့် ကြည့်ကာ ခနိုးခနဲ့ ပြုံးလိုက်သည်။

“ဟေ့ကောင်၊ မင်းက ယဲ့ဖန်လား”

သူတို့ထဲမှတစ်ယောက်သည် နဖူး၌ အမာရွတ်တစ်ခု ရှိနေပြီး ထိုအမာရွက်က ကင်းခြေများတစ်ကောင် နဖူး၌ လှဲနေသည်ဟု ထင်မှတ်ရသည်။ ထို့အပြင် သူ့၌ သန်မာသော အရှိန်အဝါရှိပြီး ထိုငါးယောက်၏ ခေါင်းဆောင် ဖြစ်ပုံရသည်။

သူတို့အမေးအား ယဲ့ဖန်က ပြန်မဖြေဘဲ သေလူ တစ်ချို့အား ကြည့်နေသကဲ့သို့ အေးတိအေးစက် ပြန်ကြည့်နေသည်။

“ဟ … ဟေ့ကောင်၊ ငါတို့အစ်ကို အမာရွတ် ပြောတာကို မင်း မကြားဖူးလား”

“မင်းက ယဲ့ဖန်လားလို့ မေးနေတယ်လေ၊ မင်း နားကန်းနေလား”

ကျန်လေးယောက်သည် ယဲ့ဖန်၏ အမူအရာကို ကြည့်ပြီး အလွန် ဒေါသထွက်ကာ ဆက်တိုက် အော်ငေါက် လေသည်။

“မင်းတို့က ထျန်းဖုန်း အဖွဲ့အစည်းကလား”

ထိုစဉ် ရေခဲတမျှ အေးစက်သော အသံ ထွက်ပေါ်လာ သောကြောင့် ငါးယောက်လုံး တုန်လှုပ်သွားသည်။ ဘာရယ်ကြောင့်မှန်း မသိသော်လည်း ထိုစကားသံက ငရဲမှ ထွက်လာသည့် အသံနှင့် တူသည်ဟု သူတို့ ခံစားမိ လိုက်ကြသည်။

တစ်မူထူးခြားလှသည်။

ငါးယောက်လုံး ခေါင်းခါလိုက်ပြီးနောက် ချက်ချင်း သတိ ပြန်ဝင်လာကာ ဒေါသူပုန်ထလာကြသည်။ မသန်စွမ်း တစ်ယောက်ကြောင့် သူတို့ငါးယောက် ထိတ်လန့် သွားရလိမ့်မည်ဟု ထင်မနေမိပေ။

ငါးယောက်လုံး ရှက်ကိုးရှက်ကန်းဖြင့် ဓားများ ဆွဲထုတ် လာကြသည်။ သူတို့က ဓားများကိုဝင့်ကာ ယဲ့ဖန်အား သတ်ချင်ဟန်ဖြင့် ဝိုင်းလိုက်သည်။

“ဟဲဟဲ … အခု ငါတို့က ထျန်းဖုန်း အဖွဲ့အစည်းက ဆိုတာကို မင်း သိသွားပြီဆိုတော့ မင်း ဘာလို့ သေရလဲ ဆိုတာကိုရော သိပြီလား”

လူဆိုးများက အထင်သေးဟန်ဖြင့် ယဲ့ဖန်အား အသတ်ခံရတော့မည့် သိုးတစ်ကောင်ကို ကြည့်သ ကဲ့သို့ ကြည့်နေကြသည်။

“လျှိုချင်းရီက ငါတို့ခေါင်းဆောင် လုထျန်းဖုန်း အနှစ်သက်ဆုံး အမျိုးသမီး ဖြစ်သလို ငါတို့ ထျန်းဖုန်း အဖွဲ့အစည်းရဲ့ သခင်မကြီး ဖြစ်လာ မယ့်သူပဲ”

“မင်းက မစွမ်းမသန်တဲ့ လူတစ်ယောက် ဖြစ်နေ တာတောင် ငါတို့ သခင်မကြီး ဖြစ်လာမယ့်သူရဲ့ ခန္ဓာကိုယ်ကို ကြည့်ရဲမှတော့ မင်း သေမှရမယ်”

ထိုသို့ပြောပြီး အမာရွတ်နှင့်လူက အချက်ပြ လိုက်သည်။

“တက်”

“သူ့မျက်လုံးကို အရင်ဖောက်ထုတ်၊ နောက်မှ သူ့လက်နဲ့ ခြေထောက်ကို ဖြတ်ပစ်”

“ငါတို့ သခင်မကြီးရဲ့ ခန္ဓာကိုယ်ကို ကြည့်ခဲ့တဲ့ အတွက် နောင်တရ သွားအောင် သူ့မျက်လုံးကို ဖောက်ပစ်မယ်”

“ငါတို့ခေါင်းဆောင်ရဲ့ အမျက်ပြေဖို့အတွက် သူ့ခြေ ထောက်နဲ့ လက်တွေကို ဖြတ်ပစ်မယ်”

စကားလုံးများက ရက်စက်ကောက်ကျစ်လာသည်။

အမာရွတ်နှင့်လူ၏ စကားအဆုံး၌ ကျန်လေး ယောက်သည် ဆာလောင်နေသော ကျားများကဲ့သို့ ယဲ့ဖန်ထံ ပြေးဝင်သွားကြသည်။

ယဲ့ဖန်ထံသို့ ဓားရောင်များ လွှမ်းခြုံလာသည်။ ဓားတစ်လက်က ယဲ့ဖန်၏ မျက်လုံးကို ထိုးဖောက် ရန် ပြင်လာသည်။

ဓားတစ်လက်က ယဲ့ဖန်၏ လက်မောင်းကို ဖြတ်ရန် ပြင်လာ၏။ ကျန်ဓားနှစ်လက်က ယဲ့ဖန်၏ ခြေထောက်များကို ခုတ်ပိုင်းရန် ပြေးဝင်လာသည်။

“ဟဲဟဲ … ဟေ့ကောင် အော်ဟစ် ငိုကြွေး နေလိုက်စမ်း၊ ဒီနေ့က မင်း နှိပ်စက်ခံရမယ့်နေ့ပဲ”

လေးယောက်လုံးက လှောင်ပြုံးပြုံးနေကြသည်။ သို့သော် ယဲ့ဖန်က ရှောင်လည်းမရှောင်သလို ပုန်း ကွယ်ခြင်းလည်း မရှိဘဲ ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလာသဖြင့် သူတို့ အံ့ဩသွားရသည်။ လူလေး ယောက်က သူ့အပေါ် ဓားများဖြင့် ခုတ်ပိုင်း လာသည်ကို မမြင်သည့်ပုံပင်။

“အရူး”

အမာရွတ်နှင့်လူက လှောင်ပြုံးပြုံးနေပြီး ရက်စက် ကောက်ကျစ်သည့် မျက်လုံးများဖြင့် ကြည့်နေ၏။ သူ၏ တပည့်များ လက်ချက်ဖြင့် ယဲ့ဖန်၏ ခြေ ထောက်များ၊ မျက်လုံးများနှင့် လက်မောင်း တစ်ဖက်တို့ အဖြတ်ခံလိုက်ရပြီဟု ထင်နေ ပုံရသည်။

“လတ်စသက်တော့ မဆင်မခြင် ပြုမူရဲတဲ့ အရူး တစ်ယောက်လေးပဲကိုး၊ ဘယ်လိုအရူးမျိုးက … ဘာ”

သွေးရောင်လွှမ်းလာတော့မည်ဟု အမာရွတ်နှင့်လူ ထင်လိုက်ချိန်တွင် မျက်စိရှေ့မှ မြင်ကွင်းကြောင့် သူ အလွန်အမင်း ထိတ်လန့်သွားသည်။

သူ့လူလေးယောက်က ဓားများကို မြှောက်၍ ရုတ်တရက် ရပ်သွားသည်ကို သူ မြင်လိုက်ရသည်။ လေးယောက်လုံး၏ ခန္ဓာကိုယ်က နေရာမှ ရွေ့ပင် မရွေ့ပေ။

ထိုစဉ် ယဲ့ဖန်က ရှေ့သို့ တစ်လှမ်းတိုးလာသည်။ ထိုအခါ လေးယောက်ထဲမှ တစ်ယောက်၏ ခန္ဓာ ကိုယ်၌ ရုတ်တရက် အက်ရာများ ထင်ဟပ် လာသည်။ ဝုန်းခနဲ အသံနှင့်အတူ ထိုလူ၏ ခန္ဓာ ကိုယ်က ပေါက်ကွဲ၍ အမှုန့်ဖြစ်ကာ ပျောက်ကွယ် သွားလေသည်။

ဒုတိယတစ်လှမ်း လှမ်းလိုက်သောအခါ နောက်တစ် ယောက် အမှုန့်ဖြစ်သွားလေ၏။ ခြေလှမ်းတိုင်းက မရဏ ခြေလှမ်းဟု ထင်မှတ်မှားလာရသဖြင့် အမာ ရွတ်နှင့်လူ မှင်တက်သွားသည်။ သူသည် ခေါင်းနပမ်း ကြီးလာပြီး သရဲသဘက်နှင့် တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်လာလေသည်။

“မဟုတ်ဘူး … ဒါ ဘာကြီးလဲကွ၊ ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ မဖြစ်နိုင်ဘူး”

*ခြေလှမ်းတစ်လှမ်းမှာ လူတစ်ယောက်ကို သတ်နိုင် တယ်တဲ့လား*

*အရိုးတောင် မကျန်ပါလား*

ဤမျှ ပြင်းထန်လှသည့် အစွမ်းကြောင့် အမာရွတ် နှင့်လူသည် တုန်ယင်လာပြီး ရင်တုန်ကာ ကိုယ့်မျက် လုံး ကိုယ် မယုံနိုင် ဖြစ်သွားရသည်။

အိပ်မက်ဆိုးက စတင်နေဆဲ ဖြစ်သည်။ ယဲ့ဖန်က လေးလှမ်းမြောက် ခြေလှမ်းကို လှမ်းလိုက်ချိန်တွင် ထျန်းဖုန်း အဖွဲ့အစည်းမှ လေးယောက်လုံး ပျောက် ကွယ် သွားလေသည်။

ထို့နောက် ယဲ့ဖန်က လက်တစ်ဖက်ဖြင့် ဓားကျိုးကို ကိုင်ကာ အမာရွတ်နှင့်လူထံသို့ လှမ်းလာသည်။

“မင်း … မင်းက ဘယ်လိုလူလဲ၊ မင်း … မင်း ဘာလုပ်ချင်တာလဲ၊ မင်းကို သတ်ချင်တာ ငါ မဟုတ်ဘူး၊ မင်းကို သတ်ချင်နေတာ ငါတို့ ခေါင်းဆောင်ပါ”

“ငါ့ကိုလွှတ်ပေးပါ၊ ကျေးဇူးပြုပြီး ငါ့ကို လွှတ် ပေးပါ”

အမာရွတ်နှင့်လူ အလွန်အမင်း ကြောက်လန့်နေ၏။ သူ မည်သူ့ကိုမှ ဤသို့ မကြောက်လန့်ဖူးချေ။

“ဘာလဲ”

ယဲ့ဖန်က ထရယ်လေသည်။ ထိုအပြုံးသည် သကြားလုံး စားထားပြီးသော ကလေး တစ်ယောက် ၏ အပြုံးနှင့် တူနေသလို တစ်ချက်တစ်ချက် ဆိုးရွား သော အဓိပ္ပာယ်များလည်း ပါဝင်နေ၏။

“မင်း မပြောခဲ့ဘူးလား”

“နောင်တရသွားအောင် မျက်လုံးကို ဖောက်ထုတ် မယ်လို့လေ၊ ခြေလက်တွေကို ဖြတ်ပြီး ပေးဆပ် ခိုင်းမယ်ဆို”

“ငါက လူကောင်းပါ ပြီးတော့ မဆိုင်းမတွ အလိုက် သင့် တုံ့ပြန်တတ်တဲ့ လူလေ၊ အဲ့တော့ …”

ဝှစ်! ဝှစ်! ဝှစ်!

အမာရွတ်နှင့်လူ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် ရွှေရောင် အလင်းတန်းများ ဖြတ်ပြေးသွားသည်။ ထိုအချိန်တွင် အချိန်က ရပ်တန့်နေပုံရသည်။ ထို့နောက် တောက် ဟူသော အသံနှင့်အတူ အမာ ရွတ်နှင့်လူထံမှ ရဲရဲနီသော သွေးများ စီးကျလာ၏။

“အား…”

ရုတ်တရက် အလန့်တကြား အော်ဟစ်လိုက်သံ ထွက်ပေါ်လာသည်။ အမာရွတ်နှင့်လူသည် သူ့လက်များ ပေါ့သွားသည်ကို ခံစားလိုက်ရ ပြီးနောက် လက်မောင်းများက မြေကြီးပေါ် ပြုတ်ကျ လာသည်။

ထို့နောက် ခြေထောက်များ ကျွံသွားသကဲ့သို့ တစ် ကိုယ်လုံး မြေကြီးပေါ် လဲကျသွားကာ ခြေ ထောက်များ အဖြတ်ခံလိုက်ရသည်။ ထို့အတူ မျက်လုံး များကလည်း အပြင်သို့ ကျွတ်ထွက် လာသည်။

လမ်းထဲ၌ သွေးနံ့များ လှိုင်လှိုင်ထနေ၏။ အမာရွတ် နှင့်လူသည် သုံးစားမရသော လူတစ်ယောက် ဖြစ်သွား လေသည်။ သူ၏ မျက်လုံး ဖောက်ထုတ် ခံလိုက်ရသလို ခြေလက်များ ပြတ်သွားလေပြီ။ ပြင်းထန်လှသည့် နာကျင်မှုကြောင့် သူ တုန်ယင်ကာ အော်သာ အော်ဟစ်နေမိသည်။

“ငါ့မျက်လုံး၊ ငါ့လက်တွေ၊ ငါ့ခြေထောက်တွေ”

“အရူး၊ မင်း … မင်းက အရူးပဲ၊ မင်း နောက်ကျရင် ဝဋ်လည်လိမ့်မယ်ကွ”

အမာရွတ်နှင့်လူ၏ စကားသံတွင် မကျေမချမ်း သံများ ပါဝင်နေ၏။ လက်ရှိအချိန်တွင် သူသည် ငရဲဘုံထဲ ကျရောက်သွားပြီး အပြီးတိုင် သတ်ဖြတ်ခံ ရမည်ဟု ခံစားမိနေသည်။ သူ့စကားကြောင့် ယဲ့ဖန် က ပိုပို၍ ရယ်မောလေသည်။

“ဝဋ်လည်မယ် ဟုတ်လား”

“လောကမှာ ဝဋ်လည်တာ ရှိတယ်ဆိုရင် အခုချိန်က မင်း ဝဋ်လည်ရမယ့်အချိန်ပဲ”

ထိုသို့ပြောပြီး ယဲ့ဖန်က အမာရွတ်နှင့်လူ၏ ပခုံးအား မိတ်ဆွေဟောင်းတစ်ယောက်၏ ပခုံးကို ပုတ်သ ကဲ့သို့ ပုတ်ကာ ပြောလိုက်သည်။

“မင်းခေါင်းဆောင်ကို သွားပြောလိုက်”

“အခု သူ့ကို အသက်ရှင်ခွင့် ပေးထားတာက နောက် ပိုင်း အဖြစ်ဆိုးနဲ့ သေအောင် လုပ်ဖို့ပဲ”

သူ၏ စကားက ရက်စက်ခက်ထန်လှသည်။ အမာရွတ်နှင့် လူတောင်မှ အော်ဟစ်နေရာမှ ရပ်သွား လေသည်။ ထိုအခိုက်တွင် သူ၏ခေါင်းဆောင် သာမက ထျန်းဖုန်း အဖွဲ့အစည်းတစ်ခုလုံး ရန်မစ သင့်သော ကြောက်စရာ ကောင်းသည့် လူအား ရန်စလိုက်မိပြီဟု ခံစားမိလာသည်။

Chapter 782 ရတနာ ရောင်းချခြင်း

ပိုင်ပေါင်စံအိမ်။

ဤစံအိမ်သည် ချင်းယန်မြို့တွင် လက်နက်များနှင့် ရတနာများ ရောင်းချသည့် နာမည်အကြီးအဆုံး လေလံစံအိမ် ဖြစ်လေသည်။

ပိုင်ပေါ်စံအိမ်၏ နောက်ခံက အလွန်အမင်း ကြောက်စရာ ကောင်းသည်ဟု သတင်းထွက် နေသည်။ ချင်းယန်မြို့ရှိ ချင်းမိသားစုထက်တောင်မှ ပို၍ အင်အားကြီးသေးသည်ဟု သတင်းထွက်နေ၏။

သို့သော် ပိုင်ပေါ်စံအိမ်သခင်သည် ခပ်လျှိုလျှိုနေပြီး အာဏာအတွက် မတိုက်ခိုက်ဘဲ စီးပွားရေးသာ လုပ်လေသည်။

ချင်းမိသားစုသာမက မှော်ဆေးပညာရှင် အဖွဲ့ အစည်း သုံးခုကပင် ထိုစံအိမ်ကို ရန်မစရဲပေ။

ယနေ့တွင် ပိုင်ပေါင်စံအိမ်အတွင်း၌ စီးပွားရေးက ပုံမှန်အတိုင်း လည်ပတ်နေ၏။ စံအိမ်ထဲ၌ ဝယ်သူ တစ်ချို့က ဟိုတစ်စ ဒီတစ်စနှင့် ရတနာများကို ရွေးချယ် နေကြသည်။ များစွာသော အလုပ်သမား များက အလုပ်မရှိသဖြင့် ကောင်တာပေါ်တွင် လေးကန် ဟန်ဖြင့် လှဲနေကြသည်။

ထိုစဉ် လူတစ်ယောက်က စံအိမ်ထဲသို့ ဝင်လာသည်။ ဧည့်သည် ဝင်လာသည်ကို မြင်ပြီး အလုပ်သမား များက ချက်ချင်း တက်ကြွလာပြီး အားမာန် အပြည့် ဖြင့် ပြုံးကာ နှုတ်ဆက်ရန် ပြင်လာသည်။

ထိုအခိုက်တွင် စံအိမ်ထဲသို့ ဝင်လာသူက သာမန် ဝတ်စုံနှင့် လက်မောင်းတစ်ဖက်သာ ရှိသော ဆံပင် အဖြူရောင်နှင့် လူငယ် တစ်ယောက်သာ ဖြစ်သည် ကို တွေ့လိုက်ရသည်။ ထိုအခါ အလုပ်သမား အားလုံး နီးပါးက အထင်သေးသွားပြီး မျက်နှာပေါ်မှ အပြုံးများလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့အပြင် အလုပ်သမား တစ်ယောက်က ပျက်ရယ် ပြု ကာ ယဲ့ဖန်ကို လှမ်းပြောလိုက်သည်။

“မင်း လမ်းမှားနေပြီ၊ အဆင့်နိမ့် ပစ္စည်း ဝယ်ချင် တယ်ဆိုရင် နောက်လှည့်ပြီး ပြန်ထွက်သွားလိုက်၊ အဲ့ဒါတွေကို ဈေးထဲမှာ သွားဝယ်လို့ ရတယ်”

“ဒီမှာ ငါတို့က သိုင်းပညာရှင်တွေကို အဖိုးတန် ရတနာတွေပဲ ရောင်းတယ်”

သူ့စကားနှင့်အတူ အလုပ်သမား အားလုံးက အထင်သေးသည့် မျက်လုံးများဖြင့် ကြည့်နေ ကြသည်။ သူတို့စိတ်ထဲတွင် မသန်စွမ်းသူ တစ် ယောက်က ပိုင်ပေါင်စံအိမ်မှ ရတနာများကို ဝယ်ချင် နေသည်က ဟာသတစ်ပုဒ်ဟု ထင်မှတ်နေကြသည်။

သို့သော် သူတို့ အထင်သေးစွာ ကြည့်နေသော်လည်း ယဲ့ဖန်က ပုံမှန်မျက်နှာထားဖြင့် ပြောလိုက်သည်။

“ငါ ရတနာတွေ မဝယ်ဘူး”

*ဟမ်*

*ရတနာကို မဝယ်ဘူးလား*

ထိုစကားကြောင့် လူတိုင်း မျက်မှောင်ကြုတ် သွားသည်။ ထိုစဉ် အနားမှ လူတစ်ယောက်က မေးလာသည်။

“ဒါဆို မင်း ဘာလာလုပ်တာလဲ”

“ရတနာ လာရောင်းတာ”

*ဟမ်*

ယဲ့ဖန်က ရိုးရိုးရှင်းရှင်း ပြောလိုက်သော်လည်း ထို စကားကြောင့် အလုပ်သမားများနှင့် ဝယ်သူ အားလုံးကြား၌ ပွက်လောရိုက် သွားလေသည်။

*မသန်စွမ်းလေးက ရတနာ လာရောင်းမှာပေါ့လေ*

*အံ့ဩစရာပဲ*

*ရတနာတစ်ခု ရှိနေတဲ့လူက ဘယ်လိုလုပ်ပြီး မသန်စွမ်း ဖြစ်လာမှာလဲ*

ထိုအချိန်တွင် ယဲ့ဖန်က ဂရုမစိုက်ဟန်ဖြင့် ပြောလာသည်။

“မင်းတို့သူဌေးကို ခေါ်လိုက်၊ ငါ့မှာ ရောင်းစရာ ရတနာတစ်ချို့ ရှိတယ်”

*ဘာ*

အလုပ်သမားများသည် ပို၍အံ့ဩသွားပြီး သူတို့ နားကြားမှားသွားသည်ဟု ထင်လာကြသည်။

*သူဌေးကို ခေါ်ရမယ်ဟုတ်လား*

*ရတနာတစ်ချို့ ရောင်းမယ်တဲ့လား*

*ဒီကောင် လာနှောင့်ယှက်နေတာပဲ*

အလုပ်သမားများအားလုံးသည် တစ်ဒင်္ဂမျှ ငြိမ်သက် သွားပြီး ယဲ့ဖန် အမှန်အတိုင်း ပြောခြင်း ဟုတ်၊ မဟုတ် ချင့်ချိန်နေကြသည်။

“ဟေ့ကောင်၊ ငါတို့သူဌေးက တအား အလုပ်များ နေတယ်၊ မင်း သာမန်ရတနာတွေကို ရောင်းချင်တာ ဆိုရင် ငါတို့ကိုပဲ ပြလိုက်”

“မဟုတ်ရင် ငါတို့ဆိုင်ရှင်ကို နှောင့်ယှက်သလို ဖြစ်သွားပြီး မင်းကို ဒီနားတစ်ဝိုက်ကို မလာနိုင် အောင် လုပ်ပစ်လိုက်မယ်”

အလုပ်သမားများက ရဲရဲတင်းတင်း ခြိမ်းခြောက် စကား ဆိုလာကြသည်။ ယခုခေတ်သည် အားနည်း သူများက အားကြီးသူများ၏ သားကောင် ဖြစ်ရ သည့် ခေတ်ကာလ ဖြစ်သည် မဟုတ်ပါတကား။

မိမိက သန်မာနေပါက လူတိုင်းက မိမိကို လေးစား ကြသည်။ မိမိက အားနည်းနေပါက ခွေးကပင် မိမိကို အဖက်မလုပ်ချင်ပေ။ ဤသည်က အမှန် တရား တစ်ခုပင်။

သူတို့၏ စကားကြောင့် ယဲ့ဖန်၏ အကြည့်များက အေးစက်လာပြီး ထိုလူများက တည်ငြိမ်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

“ငါ တစ်ခါပဲ ထပ်ပြောမယ်၊ မင်းတို့ ပိုင်ရှင်ကို ထွက်လာခိုင်းလိုက်၊ မဟုတ်လို့ကတော့ နောက် စံအိမ် တစ်ခုမှာ သွားရောင်းလိုက်မယ်”

သူ၏စကားသံက ပို၍မောက်မာလာသည်။ ပိုင်ပေါင် စံအိမ်က အကြီးဆုံး ရတနာ ရောင်းဝယ်ရေး စံအိမ် ဖြစ်သော်လည်း ချင်းယန်မြို့၌ ရတနာ ရောင်းဝယ် ရေးဆိုင်က တစ်ဆိုင်တည်း ရှိနေသည် မဟုတ်ပေ။ အခြားသော အင်အားကြီးသည့် ရတနာ ရောင်းဝယ် ရေး နေရာများလည်း ရှိသေးသည်။

အကယ်၍ အဖိုးတန် ရတနာများကို အမှန်တကယ် လာရောင်းခြင်း ဖြစ်ပါက သူတို့သည် သူဌေး၏ ရိုက်နှက်ခြင်း ခံရပေမည်။

လက်ရှိအချိန်၌ အလုပ်သမားအချို့၏ မျက်နှာက အလွန် သုန်မှုန်သွားသည်။ ထို့နောက် လူတစ် ယောက်က အံ့ဩဒေါသထွက်ဟန်ဖြင့် ယဲ့ဖန်ကို စိုက်ကြည့် နေပြီးနောက် ပြန်ပြောလာသည်။

“ကောင်းပြီလေ၊ ဟေ့ကောင်လေး ခဏစောင့်နေ၊ ငါ သူဌေးကို အခုပဲ သွားခေါ်လိုက်မယ်”

“ဒါပေမဲ့ မင်း ထိုက်နဲ့ မင်းကံပဲနော်”

ထိုသို့ပြောပြီး ထိုလူက အနောက်ဘက်သို့ ခပ်သွက် သွက် ပြေးဝင်သွားသည်။ တစ်ခဏ အကြာ၌ ထိုလူ ပြန်ထွက်လာပြီး သူ့နောက်မှ လူလတ်ပိုင်းအရွယ် ဗိုက်ရွှဲရွှဲ လူတစ်ယောက် လိုက်လာသည်။

“ဟေ့ကောင်၊ ငါတို့သူဌေး ဒီရောက်လာပြီ၊ ရတနာ ရှိတယ်ဆိုရင် ထုတ်လိုက်တော့”

လူပေါင်းများစွာက ယဲ့ဖန်ကို မယုံသင်္ကာဟန်ဖြင့် ကြည့်လာကြသည်။ သူတို့ပုံစံက ယဲ့ဖန် ဟာသ လုပ်မည်ကို စောင့်ကြည့်နေသည့်ပုံပင်။

ထို့အတူ လူလတ်ပိုင်းအရွယ် ဗိုက်ရွှဲရွှဲနှင့်လူက ယဲ့ဖန်၏ အဝတ်အစားကိုကြည့်ပြီး မျက်မှောင်ကြုတ် လာသည်။ သို့သော် သူက ပြုံး၍ ပြောလာသည်။

“ဒီညီလေးက ဘာရောင်းမလဲဆိုတာ ငါ သိလို့ ရမလား”

ထိုအခါ အားလုံးက ယဲ့ဖန်ကို ဝိုင်းကြည့် လာကြ သည်။ ထိုအခါ ယဲ့ဖန်က ခေါင်းအသာခါ ပြလေသည်။

“မင်း မဟုတ်ဘူး”

“ငါ ပြောတာက တတိယထပ်မှာ ထိုင်နေတဲ့ လူကြီးနဲ့ မိန်းကလေးတစ်ယောက်ကို ပြောတာ”

“သူတို့ကို ထွက်လာခိုင်းလိုက်”

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် အားလုံး ထိတ်လန့် သွား သည်။ အထူးသဖြင့် ဗိုက်ရွှဲရွှဲနှင့် သူဌေးက ထိတ်လန့် ကာ မယုံသင်္ကာဟန်ဖြင့် ကြည့်လာသည်။

တတိယထပ်မှာ လူကြီးတစ်ယောက်နှင့် မိန်းကလေး တစ်ယောက်က မည်သို့သော လူမျိုးများ ဖြစ်သည်ကု သူ အသိဆုံး ဖြစ်သည်။ ယခု ဤကောင်လေးက မည်သို့ သိနေရသနည်း။

ထိုစဉ် ယဲ့ဖန်က လက်ကိုလှုပ်ကာ လက်နက် အပိုင်းအစ တစ်ခုကို ထုတ်လိုက်ပြီး ဗိုက်ရွှဲရွှဲနှင့် သူဌေးကို ပေးလိုက်သည်။

“သူတို့ကို ဒါ ပေးလိုက်၊ သူတို့ဘာသာသူတို့ ဆုံးဖြတ် ပါစေ”

*ဟမ်*

ထိုအခါ လူတိုင်းက ထိုအပိုင်းအစကို ဝိုင်းကြည့် လာသည်။ ထိုအရာကား လက်နက်တစ်ခု၏ ထိပ်အပိုင်းအစ ဖြစ်သည်။ ၎င်းမှ မည်သည့် နတ်ဘုရား စွမ်းအင်များ ထွက်ပေါ်နေခြင်း မရှိပေ။

သူဌေး၏ မျက်နှာထားက ပို၍ပျက်ယွင်းသွားသည်။ သူ့စိတ်ထဲတွင် ဤအရာက သာမန် သံအပိုင်းအစ တစ်ခုထက် မပိုပေ။ အကယ်၍ ဤအရာကိုသာ အပေါ်က နှစ်ယောက်ကို သွားပြပါက ဘာမှမ ဟုတ်သော အရာ ဖြစ်နေပါက သူ အထောင်းခံ ရပေမည်။

ဤသို့တွေးမိပြီး သူဌေးက ယဲ့ဖန်ကို သုန်မှုန်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။

“ဟေ့ကောင်လေး၊ မင်း ငါ့ကို လာနောက် နေတာလား”

ယဲ့ဖန်က ပြန်မဖြေဘဲ ပြုံး၍ခေါင်းခါပြလိုက်သည်။ ဤမြင်ကွင်းကြောင့် သူဌေးက ပို၍ မျက်နှာမည်း သွားသည်။

“ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ ငါ့ဘာသာငါ သွားပြ လိုက်မယ်”

“ဒါပေမဲ့ မင်း ငါတို့ကို လာနောက်နေတာဆိုရင် ငါတို့ ပိုင်ပေါင်စံအိမ်က ရိုင်းပျတယ်ဆိုပြီး လာအပြစ် မတင်နဲ့”

သူဌေးက အေးတိအေးစက် ခြိမ်းခြောက်၍ အပေါ်သို့ တက်သွားသည်။ ဘေးပတ်လည်မှ အလုပ်သမား များက ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သ ကဲ့သို့ ကြည့်နေကြသည်။

“ဟေ့ကောင်၊ မင်းက တော်တော် သတ္တိရှိတာပဲ၊ ငါတို့ ပိုင်ပေါင်စံအိမ်ကို လာပြီး နောက်ပြောင်ရဲတယ်ပေါ့၊ ငါတို့ သူဌေး စိတ်ဆိုးသွားတာ မင်း မမြင်ဖူးလား”

“ညီအစ်ကိုတို့ သူ့ကို အရင်ဝိုင်းထားကြ၊ ဒါမှ သူ ထွက်မပြေးနိုင်မှာ”

ချက်ချင်းဆိုသလိုပင် ထိုလူများက ယဲ့ဖန်ကို ပြိုင်တူဝိုင်း၍ လှောင်ရယ်ကာ သတင်းကို စောင့်နေ ကြသည်။ တစ်မိနစ်၊ ငါးမိနစ်၊ ဆယ်မိနစ်။

သို့သော် အပေါ်ထပ်မှ ဘာသတင်းမှ မကြားရပေ။ လူတိုင်း စောင့်နေရသည်ကို စိတ်မရှည်တော့သည့် အချိန်တွင် ဗိုက်ရွှဲရွှဲနှင့် သူဌေးက ဖြည်းဖြည်းချင်း ဆင်းလာသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာထားက ဖြူရော်၍ ချွေးပြန်ကာ ကြည့်ရဆိုး နေ၏။

ဤမြင်ကွင်းကြောင့် အလုပ်သမားများ ဒေါသထွက် သွားသည်။ သူတို့ အချိန်ကုန်သွားသည်သာ အဖက် တင် သည်ဟု ထင်သွားကြလေသည်။

“ညီအစ်ကိုတို့၊ သူ့ကိုဖမ်းကြ၊ ငါတို့ပိုင်ပေါင်စံအိမ်ကို လာလှောင်ပြောင်ရဲမှတော့ သေသင့်တယ်”

“တက်”

ထိုအခါ လူများစွာက ယဲ့ဖန်ထံ ပြေးဝင်လာသည်။ ယဲ့ဖန်က မလှုပ်မယှက်နှင့် သူနှင့်မဆိုင်သကဲ့သို့ အေးအေးဆေးဆေး ကြည့်နေသည်။

ဖြောင်း! ဖြောင်း! ဖြောင်း!

ထိုစဉ် ပါးရိုက်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး အလုပ်သမားများသည် ယဲ့ဖန်၏ အဝတ်အစားကိုပင် မထိရသေးဘဲ လွင့်ထွက်သွားသည်။ ပြန်ပြုတ်ကျ လာသည်နှင့် သူတို့အားလုံး သွေးအန်သွားကြသည်။

ထိုလူများအားလုံး နားဝေတိမ်တောင် ဖြစ်ကာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားကြသည်။

“သူဌေး၊ ခင်ဗျား … ခင်ဗျား”

သူတို့ကို ရိုက်နှက်လိုက်သည့်သူက သူတို့သူဌေး ဖြစ်နေလိမ့်မည်ဟု ထင်မထားမိကြချေ။

*သူ အခုလေးတင် စိတ်ဆိုးနေတာ မဟုတ်ဘူးလား*

*ဘာလို့ ဒီကောင်ကို ကာကွယ်နေရတာလဲ*

အလုပ်သမားများ၏ အမူအရာကိုကြည့်ပြီး သူဌေးက ဝါးစားမတတ်ဟန်ဖြင့် ကြည့်လာသည်။

“စောက်တုံးတွေ၊ ငါတို့ရဲ့ အရေးကြီးတဲ့ ဖောက်သည် ကို ကန်ထုတ်လုနီးပါး ဖြစ်သွားတာကွ၊ ချီးတဲ့မှပဲ”

ထို့နောက် သူဌေးက ပြုံး၍ ယဲ့ဖန်ကို မျက်နှာချို သွေးလာသည်။

“လူကြီးမင်း၊ ကျွန်တော် မသိတတ်လို့ သတိမထား လိုက်မိတာ၊ ရန်စမိခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ”

“ကြွပါခင်ဗျာ၊ လူကြီးမင်းကို အပေါ်မှ ဆရာတို့ စောင့်နေပါတယ်”

ထိုစကားကြောင့် လူတိုင်း ထိတ်လန့်သွားလေသည်။

Chapter 783 ကျုပ်ကို ဒီဆေး လေလံတင်ရောင်းပေး

ဒေါက်! ဒေါက်! ဒေါက်!

အပေါ်ထပ်သို့ ယဲ့ဖန် ဖြည်းဖြည်းချင်း တက်သွား သည် ကိုကြည့်ပြီး အောက်ထပ်ရှိ အလုပ်သမား များနှင့် ဧည့်သည်များအားလုံး ထိတ်လန့် သွားကြ သည်။

ဂလု!

အလုပ်သမားများက မျက်လုံးပြူး မျက်ဆံပြူးနှင့် တံတွေးမျိုချကာ မယုံသင်္ကာ ဖြစ်နေလေသည်။

“သူဌေး … သူဌေး၊ အဲ့ကောင် ပေးလိုက်တဲ့ အပိုင်းအစက တကယ် ရတနာလား”

မသန်စွမ်းသူ တစ်ယောက်က အပိုင်းအစလေး တစ်ခု တည်းနှင့် တတိယထပ်က လူကြီး တစ်ယောက်နှင့် လူငယ်တစ်ယောက်ကို တုန်လှုပ်အောင် လုပ်နိုင် လိမ့်မည်ဟု သူတို့ မယုံနိုင်သေးပေ။

သူတို့စကားကြောင့် သူဌေးက နဖူးမှချွေးကို သုတ်၍ ကြောက်လန့်နေသေးဟန်ဖြင့် ပြောလေသည်။

“ဘာရတနာလဲတော့ ငါလည်း မသိဘူး၊ အဲ့ဒါကို ထျဲလောင်ကို ပြလိုက်တာနဲ့ ထျဲလောင်က ထခုန် တော့တာပဲ”

“ပိုင်ပေါ် စံအိမ်ခွဲရဲ့ အကြီးအကဲဖြစ်တဲ့ ထျဲလောင်က ဒီလောက် စိတ်လှုပ်ရှားတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး”

*ဘာ*

သူဌေး၏ စကားကြောင့် လူတိုင်း ထိတ်လန့် သွားလေသည်။ အထူးသဖြင့် အလုပ်သမားများပင်၊ အလွန် အဖိုးတန်သော ရတနာကို ပိုင်ဆိုင်ထားသည့် ဧည့်သည်တစ်ယောက်အပေါ် သူတို့ အလွန် ရိုင်းပျမိသွားသည်ကို တွေးမိပြီး ကျင်ငယ်ရည် ထွက်ကျ မတတ် ကြောက်လန့်သွားကြသည်။

….

တစ်ချိန်တည်းမှာပင် ယဲ့ဖန်သည်လည်း တတိယ ထပ်သို့ ရောက်နေလေသည်။ အခန်းထဲသို့ ဝင်လိုက် သည်နှင့် အဘိုးအိုတစ်ယောက်နှင့် မိန်းမပျိုလေး တစ်ယောက်တို့က သံအပိုင်းအစကို သေချာ ကိုင် ကြည့်၍ ခေါင်းတခါခါ ဖြစ်နေသည်ကို တွေ့လိုက် ရသည်။

ခြေသံ ကြားလိုက်ရသည်နှင့် အဘိုးအိုနှင့် မိန်းမပျို လေးတို့က ချက်ချင်း လှည့်ကြည့်လာသည်။ အဘိုးအို သည် ဆံပင်များ ဖြူနေပြီး မျက်လုံးများက တောက်ပ နေကာ အတွင်းစိတ်အား ဖောက်မြင်နိုင်ပုံ ရသည်။

မိန်းမပျိုလေးမှာပင် အလွန် ကြော့မောကာ စွဲမက် ဖွယ် ကောင်းလှသည်။ သူမ၏ လှပသော မျက် နှာလေးက အလွန် နှစ်လိုဖွယ် ကောင်းလှပြီး လျှိုချင်းရီ ထက်ပင် လှပသေးသည်။

နှစ်ယောက်လုံးသည် ယဲ့ဖန်ကို မြင်သည်နှင့် အံ့ဩ သွားကြသည်။ ဤသို့သော ရတနာကို လက်တစ်ဖက် သာ ရှိသော လူငယ်လေးက ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ ထင်မထားကြပုံ ပေါ်သည်။

“လူကြီးမင်း၊ ထိုင်ပါဦး”

သတိဝင်လာပြီးနောက် အဘိုးအိုက ယဲ့ဖန်ကို ပြုံးပြကာ နေရာထိုင်ခင်းပေး၍ မေးလိုက်သည်။

“ဒီအပိုင်းအစက ဘယ်ကလာတာလဲ ကျုပ် မသိဘူး၊ ဒါပေမဲ့ နောက်အပိုင်းတွေကော ဘယ်မှာလဲဆိုတာ သိလို့ရမလား”

စကားပြောနေချိန်တွင် အဘိုးအိုက ယဲ့ဖန်အား သေချာ လေ့လာကြည့်မိသည်။ ဘာကြောင့်မှန်း မသိ သော်လည်း ဤလူငယ်လေးက အလွန် တည်ငြိမ် လှသည်ဟု သူ ခံစားမိနေသည်။ တောင်ပြိုလျင် တောင်မှ မျက်နှာပျက်မည့်ပုံ မပေါ်ချေ။

သူ၏ အမေးကြောင့် ယဲ့ဖန်က အသာပြုံး၍ လက်ကို လှုပ်လိုက်သည်။ ထိုအခါ ကြမ်းပြင်ပေါ်၌ များစွာသော လက်နက် အပိုင်းအစများ ပေါ်လာ လေသည်။

ထိုအပိုင်းအစများသည် သာမန်ဟု ထင်ရသော်လည်း သေသေချာချာ အကဲခတ်ပါက အလွန် ကြောက်စရာ ကောင်းသော အရှိန်အဝါများ ပါဝင်နေ၏။ အလွန် ကြောက်စရာကောင်းသော ထိပ်တန်းရတနာ တစ်ပါး ဖြစ်ခဲ့ဖူးသည့်ပုံပင်။

“ဒါက …”

အဘိုးအိုနှင့် မိန်းမပျိုလေးတို့ မှင်တက်သွားကြသည်။ ယဲ့ဖန်၌ အပိုင်းအစ အနည်းငယ်ခန့် ရှိဦးမည်ဟု သူတို့ ထင်ထားမိသော်လည်း ဤမျှ များပြားလှသည်အထိ ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။

ဤအပိုင်းအစများကို ပေါင်းစပ်လိုက်လျင် ပြီးပြည့်စုံ သော နတ်ဘုရား လက်နက်တစ်ခု ဖြစ်လာနိုင် သည်မှာ အသေအချာပင်။

“မြတ်စွာဘုရား၊ ထိပ်တန်းရတနာ အပိုင်းအစတွေ၊ ဒါတွေအားလုံးက ယင်ယန် ထိပ်တန်းရတနာ အပိုင်းအစတွေပဲ”

အဘိုးအိုသည် အပိုင်းအစများရှေ့၌ စိတ်လှုပ်ရှား မှုကြောင့် ကတုန်ကယင် ဖြစ်နေ၏။ သူ၏ အိုမင်း နေသော မျက်လုံးများက လိုချင်စိတ်များဖြင့် တောက်လောင် နေသည်။

ယန်ဝမ် ဟင်းလင်းပြင်၌ ရတနာ ပစ္စည်းများသည် အလွန် တန်ဖိုးရှိလှသည်။ အထူးသဖြင့် ယင်ယန် ထိပ်တန်းရတနာများက မြင်ရခဲလှသည်။

ပုံမှန်မဟုတ်သော အချိန်၌ ထိပ်တန်း ရတနာတစ်ပါး ထွက်ပေါ်လာပါက ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာပြီး လေပြင်းထန်၍ သွေးမိုးရွာ လာပေမည်။

ယခု ထိုထိပ်တန်း ရတနာ အပိုင်းအစများကို သူ့ရှေ့၌ မြင်လိုက်ရသဖြင့် သူ စိတ်မလှုပ်ရှားဘဲ မနေနိုင် တော့ချေ။ အဘိုးအိုသာမက မိန်းမပျိုလေးပါ အံ့ဩ ဟန်ဖြင့် ပါးစပ်ကို လက်ဖြင့်အုပ်လာသည်။

သူမသည် ရတနာ အပိုင်းအစများကြောင့် အံ့ဩ နေခြင်း မဟုတ်ဘဲ ယဲ့ဖန်ကြောင့် အံ့အားသင့်နေခြင်း ဖြစ်သည်။ သူကဲ့သို့ လက်တစ်ဖက်သာရှိသည့် လူတစ်ယောက်က တန်ဖိုးရှိသော ရတနာ အပိုင်းအ စများအား အမှိုက်များကို ပစ်ချသကဲ့သို့ ကြမ်းပြင် ပေါ် ပစ်ချလိုက်သောကြောင့်ပင်။

“လူကြီးမင်း ဘာနဲ့ ပြန်လဲလှယ်ချင်ပါသလဲ၊ ယန်ဝမ် ဒင်္ဂါးနဲ့ လဲချင်ပါသလား ဒါမှမဟုတ် တစ်ခြားအရာနဲ့ လဲချင်ပါသလား”

အဘိုးအိုက အလွန် ဝမ်းသာပီတိဖြစ်ဟန်ဖြင့် ပြုံးကာ လိုရင်းကိုသာ တန်းမေးလိုက်သည်။

ယန်ဝမ်ဒင်္ဂါး။ ဤအသပြာသည် ယန်ဝမ် ဟင်းလင်း ပြင်၏ သီးသန့်ငွေကြေး ဖြစ်လေသည်။ ရွှေဒင်္ဂါး တစ်ရာနှင့် ယန်ဝမ်ဒင်္ဂါး တစ်ပြားအား လဲလှယ် နိုင်သည်။

“ယန်ဝမ်ဒင်္ဂါး တစ်သိန်း၊ ရွှမ်ယန်မြက်တစ်ပင်၊ မုဒရက် ပန်းခြောက် သုံးသန်း၊ ကယ်ဆီယမ် ကလို ရွက် ငါးလုံး”

*ဘာ*

သူ့စကားကြောင့် အဘိုးအိုနှင့် မိန်းမပျိုလေးတို့ မှင်တက် သွားကြသည်။ ယန်ဝမ်ဒင်္ဂါး တစ်သိန်းသည် ရွှေဒင်္ဂါး ဆယ်သန်းနှင့် ညီမျှသည်။ ထို့အပြင် ရွှမ်ယန် မြက်ပင်နှင့် မုဒရက်ပန်းခြောက်နှင့် ကယ်ဆီယမ် ကလိုရွက်တို့သည် အဆင့်လေး ဆေးလုံးဖော်စပ်ရာ၌ လိုအပ်သော ဆေးဝါးများ ဖြစ်ပြီး ဒင်္ဂါး ထောင်သောင်းမက တန်ဖိုးရှိ လေသည်။

ဤသည်ကို သည်လူက ဗြောင်တောင်းနေသဖြင့် နေ့ခင်း ကြောင်တောင် ဓားပြတိုက်နေခြင်းနှင့် တူနေ၏။ ထိုအခိုက်တွင် အဘိုးအိုနှင့် မိန်းမပျိုလေး တို့က မျက်နှာပျက်နေကြသည်။

“မရဘူး”

မိန်းမပျိုလေးက ယဲ့ဖန်ကို စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။

“ဒီအပိုင်းအစတွေက ယင်ယန် ထိပ်တန်းရတနာရဲ့ အပိုင်းအစတွေ ဖြစ်နေပင်မယ့် ဒီအပိုင်းအစတွေ အားလုံးကို ထိပ်တန်း ရတနာအဖြစ် ပြန်မဆက် နိုင်တော့ဘူး၊ ရှင် ပြောသလောက် တန်ဖိုး မရှိဘူး”

သူမစကားကြောင့် ယဲ့ဖန်က ပခုံးသာ တွန့်ပြသည်။ ထို့နောက် ဘာမှပြန်မပြောတော့ဘဲ လက်ကို ယမ်း ကာ အပိုင်းအစအားလုံးကို ပြန်သိမ်းလိုက်ပြီး နောက် ပြန်လှည့် ထွက်သွားသည်။

အဘိုးအို : “…”

မိန်းမပျိုလေး : “…”

ဤသို့သော ဖောက်သည်မျိုးနှင့် သူတို့ တစ်ခါမှ မဆုံဖူးပေ။ စီးပွားရေးသည် ဈေးဆစ်ရသော လုပ်ငန်း ဖြစ်သော်လည်း ယဲ့ဖန်ကမူ လိုချင်သော ဈေးကိုသာ တန်းပြောပြီး ဈေးညှိရမည်ကို ပျင်းရိကာ နောက် လှည့်၍ ထွက်သွားလေသည်။

မိန်းမပျိုလေးသည် စိုးရိမ်လာသလို ဒေါသလည်း ထွက်လာ၏။ သူမ ယဲ့ဖန်ကို တားချင်သော်လည်း စကားလှမ်းပြောရမည်ကို ရှက်နေသည်။ အဘိုးအို ကသာ အသည်းအသန် လှမ်းတား၍ ပြောလိုက် ရသည်။

“လူကြီးမင်း နေပါဦး”

“ခင်ဗျား လိုချင်တဲ့ ဈေးအပြင် ယန်ဝမ်ဒင်္ဂါး တစ်သိန်း အပြင် အဖိုးတန် ဆေးပင်သုံးပင်ပါ ပေးပါ့မယ်”

အဘိုးအိုက မချိပြုံးပြုံးလိုက်ရသည်။ ဈေးဆစ်ခြင်းက အချိန်ဖြုန်းနေရုံသာ ရှိပြီး ယဲ့ဖန်က လုံးဝ အလျှော့ ပေးမည် မဟုတ်သည်ကို သူ သတိထားလိုက်မိသည်။ အချိန်ဖြုန်းမည့်အစား ကတိပေးလိုက်သည်က ပို ကောင်း သေးသည်။

အဘိုးဖြစ်သူက ကတိပေးလိုက်သည်ကိုမြင်ပြီး မိန်း မပျိုလေးသည် မတတ်သာဘဲ အခန်း အပြင်ဘက်သို့ ထွက်သွားသည်။ ခဏကြာသော် ယန်ဝမ်ဒင်္ဂါး တစ်သိန်းနှင့် ရွှမ်ယန်မြက်ပါသော ဟင်းလင်းပြင် အိတ်တစ်အိတ်ကို ကိုင်၍ အခန်းထဲ ပြန်လာကာ ယဲ့ဖန်ထံ ပေးလိုက်သည်။

ယဲ့ဖန်က တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးသွား သည်။

“ကောင်းတယ်၊ တစ်သိန်း အတိအကျပဲ”

ထိုသို့ပြောပြီး ယဲ့ဖန်က ပုလင်းတစ်လုံးကို ထုတ်၍ စားပွဲပေါ် တင်လိုက်သည်။

“ဒီဆေးလုံးကို ကျုပ်အတွက် လေလံတင် ရောင်း ပေးပါ”

မြေးအဘိုးနှစ်ယောက် မျက်လုံး ပြူးသွားသည်။ အဘိုးအိုက ရှေ့သို့တက်၍ ပုလင်းကို ဖွင့်ကြည့်လိုက် ပြီးနောက် ချက်ချင်း မျက်နှာ အမူအရာ ပြောင်း သွားလေသည်။

“ဒါ … ဒါ အဆင့်သုံး အဆင့်မြင့် ဆေးလုံး ကျွီယန်တန့်ပဲ”

အဘိုးအို၏ စကားကြောင့် မိန်းမပျိုလေး အံ့ဩ သွားသည်။ သူမ ရှေ့သို့ ခပ်သွက်သွက် လှမ်းလာပြီး စစ်ဆေးလိုက်သည်။ တစ်ခဏအကြာ၌ သူမ အမူအရာက ထိတ်လန့်ဟန် ပေါ်လာသည်။

*အဆင့်သုံး အဆင့်မြင့် ဆေးလုံးပါလား*

*ကြယ်သုံးလုံး မှော်ဆေးပညာရှင်တောင် မဖော်စပ် နိုင်တဲ့ဆေးပဲ*

*ကြယ်လေးပွင့် မှော်ဆေးပညာရှင်ပဲ ဖော်စပ်နိုင်မှာ*

ကြယ်လေးပွင့် မှော်ဆေးပညာရှင်တိုင်းသည် အလွန် မှော်ဆန်လာပြီး မှော်ဆေးပညာရှင် အဖွဲ့အစည်း တိုင်းက ဆေးဖော်စပ်ခန်းသို့ ဖိတ်ခေါ်၍ ပညာယူ ချင်ပြီး ထင်မှတ်မထားသော ဈေးများ ပေးအပ်ခြင်း ခံရသည့်သူများ ဖြစ်သည်။

“မြတ်စွာဘုရား၊ ဒါ အဆင့်သုံး အဆင့်မြင့် ဆေးလုံးပဲ၊ လွန်ခဲ့တဲ့နှစ် နှစ်ဆယ်တုန်းက ဒီလိုဆေးမျိုးကို ငါ နောက်ဆုံး မြင်ခဲ့ဖူးတာပဲ၊ အဲ့ဒါကို လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က သိပ်တော်တဲ့ ကြယ်လေးပွင့် မှော်ဆေးပညာရှင်က သန့်စင်ခဲ့တာ”

“ဒီအဘိုးကြီးရဲ့ဘဝမှာ ဒီလိုဆေးလုံးမျိုး ထပ်မြင်ရ လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”

အဘိုးအိုသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေ၏။ မိန်းမပျိုလေးကလည်း ယဲ့ဖန်အား တအံ့တဩနှင့် ရတနာသိုက်ကြီးကို ကြည့်သကဲ့သို့ ကြည့်နေသည်။

*ယင်ယန် ထိပ်တန်း ရတနာ အပိုင်းအစနဲ့ အဆင့်သုံး အဆင့်မြင့် ဆေးလုံး*

*ဒီလူမှာ ရတနာတွေ ဘယ်လောက်တောင် ရှိနေ သေးပါလိမ့်*

*မစဉ်းစားတတ်တော့ဘူး*

ထိုစဉ် အဘိုးအိုက ယဲ့ဖန်ကို အလျင်အမြန် အရိုအသေ ပေးလာသည်။

“လူကြီးမင်း၊ စိတ်ချပါ၊ ဒီဆေးလုံးအတွက် ကျုပ် ခင်ဗျားကို စိတ်ကျေနပ်စေမယ့် ဈေးမျိုး ပေးမှာပါ”

All Chapters