← Chapters

အခန်း (၇၉၉-၈၀၁)

Vol. 54 Ch. 799-801

အခန်း (၇၉၉-၈၀၁)

Vol. 54 Ch. 799-801

Chapter 799 လုထျန်းဖုန်း ပြန်လာလေပြီ

မသေမျိုး ဝိညာဉ် ရှေးဟောင်းနန်းတော်။

ထိုအခိုက်တွင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ချို့ ရောက်လာသည်ကိုမြင်ပြီး ထျန်းဖုန်း အဖွဲ့သားများ အားလုံး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။

တောက်! တောက်!

သူတို့၏နဖူးမှ ချွေးများ တဒီးဒီး စီးကျလာသည်။ သူတို့၏ စိတ်ထဲ၌ ထိတ်လန့်၊ ကြောက်ရွံ့စိတ်များ စိုးမိုးလာ၏။

ယန်ဝမ် ဟင်းလင်းပြင်၌ အင်အားအကြီးဆုံး အဖွဲ့အစည်း သုံးခု ရှိသည်။

ဝိညာဉ် ရှေးဟောင်းနန်းတော်၊ မြေအောက်ဘုံနှင့် မိုးကောင်းကင်။ ယန်ဝမ်ဟင်းလင်းပြင်၌ ထိုအင်အားစု သုံးခုက နှစ်ထောင်ချီ၍ ကြီးစိုးနေခဲ့သည်။

ငရဲဘုံ၏ အရှင်သခင် အရှင်ယာမာ အိပ်ပျော်သွားပြီးကတည်းက ထိုအင်အားစုသုံးခုက ဟင်းလင်းပြင် တစ်ခုလုံးကို ကြီးစိုးကာ ဩဇာညောင်းခဲ့သည်။

ထိုအင်အားစုသုံးခုထဲတွင် မြေအောက်ဘုံသည် စတင် ပြိုကွဲစပြုလာပြီး လူသိနည်း လာခဲ့သည်။ ဝိညာဉ် ရှေးဟောင်းနန်းတော်နှင့် ကောင်းကင်ဘုံတို့သာ အင်အား အကြီးဆုံး အဖြစ် ကျန်ရစ်ခဲ့သည်။

ယခု ရောက်လာသော အနက်ရောင်ဝတ်စုံနှင့်လူများက ဝိညာဉ်ရှေးဟောင်း နန်းတော်၏ မသေမျိုး တမန်များ ဖြစ်သည်ကို ထျန်းဖုန်း အဖွဲ့သားများ သိလိုက်သည်။

အနက်ရောင်ဝတ်စုံနှင့် လူသုံးယောက်လုံး ရောက်လာသည်နှင့် ဖုန်မှုန့်များ လွင့်စဉ်လာပြီး နေမင်းနှင့် လမင်းတို့၏ အရှိန်အဝါများ မှေးမှိန်သွားရသည်။

ရက်စက်သော နတ်ဘုရားများ ရောက်လာသည်ဟု ထင်မှတ်ရပြီး သူတို့၏ အရှိန်အဝါက အခြားသူများကို ခေါင်းမွေးထောင် သွားစေသည်။

“ဆယ်နှစ် ရှိသွားပြီ၊ ထျန်းဖုန်း၊ နောက်ဆုံးတော့ မင်း သဘောပေါက်သွားပြီလား”

ရှေ့ဆုံးမှ ဦးဆောင်လာသည့် အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာကို သေချာ မမြင်ရပေ။ သူ၏ တစ်ကိုယ်လုံး အနက်ရောင် မြူခိုးများက ရစ်ပတ်ထားသဖြင့် စဉ်းလဲစွာ ပြုံးနေသော အပြုံးကိုသာ မြင်ရသဖြင့် လူတိုင်း ကျောချမ်းသွားသည်။

သူ့စကားကြောင့် လုထျန်းဖုန်းက ရုတ်တရက် ဒူးတစ်ဖက်ထောက်ကာ ရိုသေလေးစား ဟန်ဖြင့် ပြောလေသည်။

“အရင်က ထျန်းဖုန်းရဲ့ မသိနားမလည်မှုအတွက် မသေမျိုးတမန် ခွင့်လွှတ်ပေးပါ၊ ကျုပ် အခု နားလည်သွားပါပြီ”

“ကျုပ်ထျန်းဖုန်းက ဝိညာဉ် ရှေးဟောင်းနန်းတော်ကို လိုက်လာပြီးတော့ မသေမျိုးတမန် တစ်ယောက် ဖြစ်လာဖို့ ဆန္ဒ ရှိပါတယ်”

လုထျန်းဖုန်း၏ စကားကြောင့် ဘေးနားမှ ထျန်းဖုန်းမှ အဖွဲ့သားများအားလုံး မျက်နှာပျက် သွားကြသည်။

“ဆရာ၊ မလုပ်ပါနဲ့၊ ဆရာ မသေမျိုး ဖြစ်သွားတာနဲ့ တစ်သက်လုံး ကျွန်ဖြစ်သွားမှာ၊ လွတ်လမ်း မရှိတော့ဘူး”

“ဟုတ်တယ်၊ ဆရာ၊ ကျွန်တော်တို့ ရှင်လျက်နဲ့ သေနေတဲ့ မသေမျိုး မဖြစ်ချင်ဘူး”

“…”

ထိုအချိန်တွင် ထျန်းဖုန်း အဖွဲ့သားများအားလုံး သည်းခြေပျက်မတတ် ကြောက်လန့် သွားကြသည်။ သူတို့၏ စကားကြောင့် ရှေ့ဆုံးမှ မသေမျိုးတမန်က စူးရဲသော မျက်လုံး များဖြင့် ထျန်းဖုန်း အဖွဲ့သားများကို စိုက်ကြည့်လိုက်ပြီးနောက် ကောက်ကျစ်စွာ ပြုံးလေသည်။

“အင်း … ထျန်းဖုန်း၊ မင်း မသေမျိုး တမန်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ရပါတယ်”

“ဒါပေမဲ့ … သွေးယဇ်ပူဇော်ဖို့တော့ လိုအပ်တယ်”

*သွေးယဇ်ပူဇော်တာ*

လုထျန်းဖုန်း တောင့်ခနဲ ဖြစ်သွားပြီးနောက် မသေမျိုးတမန်၏ စကားကို ချက်ချင်း နားလည် သွားသည်။ သူ ချီတုံချတုံ ဖြစ်နေသေးသည်။ သို့သော် ယဲ့ဖန်ကို တွေးမိသည်နှင့် သူ့မျက်နှာထက်တွင် နာကျည်းမုန်းတီးရိပ်များ ထင်ဟပ်လာ၏။

“ဒီငယ်သား အမိန့်နာခံပါ့မယ်”

လုထျန်းဖုန်းသည် ဒူးထောက်နေရာမှ ပြန်ထ၍ ထျန်းဖုန်း အဖွဲ့သားများထံသို့ လှမ်းသွား လိုက်သည်။

ဒေါက်! ဒေါက်! ဒေါက်!

သူ၏ခြေသံများက ထျန်းဖုန်းအဖွဲ့သားများအတွက် သေမင်းခေါင်းလောင်းကဲ့သို့ ဖြစ်နေ ကာ လူတိုင်း ခိုက်ခိုက်တုန်သွားကြသည်။

“ဆရာ … ဆရာ၊ ကျွန်တော်တို့ အသက်ကိုသုံးပြီး … သွေးယဇ်ပူဇော်ချင်နေတာလား”

“မဟုတ်ဘူးလေ၊ ဆရာ ကျွန်တော်တို့က ဆရာ့အပေါ် တစ်ချိန်လုံး သစ္စာရှိရှိနဲ့ အမှုထမ်း ခဲ့တာလေ၊ ဆရာ ဒီလိုလုပ်လို့ မရဘူးလေ”

“…”

ထျန်းဖုန်း အဖွဲ့သားများအားလုံး အံ့ဩတကြီး ဖြစ်နေကြသည်။ သူတို့သည် လုထျန်းဖုန်း၏ တပည့် ဖြစ်လာသည့် အချိန်မှစ၍ သူတို့၏ ဆရာအား စံပြပုဂ္ဂိုလ်တစ်ယောက် အဖြစ် အမြဲ မှတ်ယူကာ သစ္စာရှိခဲ့သည်။

လုထျန်းဖုန်းအတွက်တောင်မှ ဤသည်က သူ၏ အသိစိတ်ကို ဆန့်ကျင်နေသော အရာဖြစ်သည်။ သူတို့ ချင်းယန်မြို့မှ နှင်ထုတ်ခံခဲ့ရတာတောင်မှ နောင်တမရခဲ့ပေ။

သို့သော် ယခုအခါ၌ သူတို့ တစ်သက်လုံး အမှုထမ်းပါ့မည်ဟု ကျိန်ဆိုထားကြသည့် သူတို့၏ ဆရာက သူတို့ကို သွေးယဇ်ပူဇော်ခြင်းအတွက် အသုံးချ လိမ့်မည်ဟု ထင်မထားမိကြပေ။ သူတို့အားလုံး နာကျည်း မုန်းတီး လာမိကြသည်။

“လုထျန်းဖုန်း၊ ခင်ဗျားက လူမဟုတ်ဘူးပဲ၊ ကျုပ်တို့ ခင်ဗျားအတွက် အခြားသူတွေကို အနိုင်ကျင့်ခဲ့တယ်၊ ခင်ဗျား ပြဿနာရှာခဲ့လို့ ဒီလို ဖြစ်လာတာတောင်မှ ကျုပ်တို့ ဘယ်တော့မှ စောဒက မတက်ခဲ့ဘူး။ အခု ခင်ဗျားက ကျုပ်တို့ကို သတ်မယ်ပေါ့လေ”

“ဆရာ၊ ဆရာက ကျွန်တော် လေးစားရတဲ့ ပုဂ္ဂိုလ်ပါ၊ ကျွန်တော် လေးစားရတဲ့ ပုဂ္ဂိုလ်က ဒီလိုမျိုး မလုပ်သင့်ဘူးလေ၊ မဟုတ်ဘူးလေ …”

“…”

နာကျည်းခါးသီးစွာ ပြောဆိုသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ ဤသည်က လုထျန်းဖုန်း၏ နှလုံးသားအား သွေးစိမ်းရှင်ရှင် ယိုစီးသွားစေသည်။ သူက တပည့်များကို စိုက်ကြည့်၍ ရက်စက်စွာ ပြောလိုက်သည်။

“တပည့်တို့၊ ဒီဆရာကို အပြစ်မတင်ပါနဲ့”

“မင်းတို့ အပြစ်တင်ချင်ရင် ယဲ့ဖန်ကိုသာ အပြစ်တင်ကြ၊ ဒီဆရာရဲ့ ပိုင်ဆိုင်မှုကို လုယူသွားတာ သူပဲ၊ ဒီဆရာရဲ့ မိန်းမနဲ့ ဂုဏ်သိက္ခာကို အရယူသွားတာ သူပဲ”

“ငါတို့ကို ချင်းယန်မြို့က နှင်ထုတ်ပြီး တစ်ခြားမြေမှ သွားနေခိုင်းတာလည်း သူပဲ”

လုထျန်းဖုန်းသည် သူရူးပမာ ဖြစ်နေပြီး သူ၏ အနက်ရောင်ဆံပင်များက လေထဲလွင့် နေသဖြင့် မိစ္ဆာတစ်ကောင်နှင့် ဆင်တူနေသည်။

“စိတ်ချပါ၊ ငါ သူ့သွေးနဲ့ မင်းတို့အတွက် ပြန်ယဇ်ပူဇော်ပေးပါ့မယ်၊ လောလောဆယ်တော့ … မင်းတို့ကံတရားကို ငါ့လက်ထဲ အပ်လိုက်ပါတော့”

လုထျန်းဖုန်း ထိုသို့ပြောပြီးချိန်တွင် သူ့လက်ထဲမှ အနက်ရောင် ဆံပင်မွေးက အသက်ဝင် လာကာ ထျန်းဖုန်းအဖွဲ့သားများထံသို့ မြွေတစ်ကောင် သဖွယ် ချဉ်းကပ် သွားသည်။

ပါးလျသော ဆံပင်မွေးဖြင့် ထိုးစိုက်ခြင်း ခံလိုက်ရသဖြင့် ထျန်းဖုန်းအဖွဲ့သားများထံမှ သွေးများ ပန်းထွက်လာ၏။ တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်။ မျက်တောင် တစ်ခတ် အတွင်းမှာပင် ထျန်းဖုန်းအဖွဲ့သားများ အားလုံးသည် အနက်ရောင်ဆံပင်မွေး၏ ထိုးစိုက်ခြင်းခံရကာ လေထဲ လွင့်ပျံနေသည်။

လုထျန်းအဖွဲ့သားများအားလုံးသည် အနက်ရောင် အမွေးဖြင့် ထိုးစိုက်ခံထားရသဖြင့် အနက်ရောင် ရေဘဝဲလက်ကဲ့သို့ မျောလွင့်နေကြသည်။

“အား…”

ထို့အပြင် အော်သံများက အဆက်မပြတ် ထွက်ပေါ်လာနေ၏။ ထိုထျန်းဖုန်း အဖွဲ့သား များသည် အနက်ရောင် ဆံပင်မွေးက သူတို့၏ သွေးနှင့် စွမ်းအင်များကို စုပ်ယူနေသည်ဟု ခံစားမိနေသည်။ တဖြည်းဖြည်းနှင့် ထိုဆံပင်မွေးက သွေးအားလုံးကို စုပ်ယူသွားသဖြင့် ခန္ဓာကိုယ်က ဟောင်းလောင်းပေါက်သဖွယ် ဖြစ်လာသည်။

ဂျွတ်ခနဲ အသံနှင့်အတူ ထျန်းဖုန်းအဖွဲ့သားတစ်ယောက်၏ အော်သံက တိခနဲ ရပ်တန့် သွားကာ သူ၏ မျက်နှာပေါ်၌ ကြောက်ရွံ့ဟန်များ ထင်ဟပ်နေ၏။ ထို့နောက်တွင် သူ၏ မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးမှ အက်ရာများ ထွက်ပေါ်လာသည်။ နောက်ဆုံး၌ အက်ကွဲ ကာ အမှုန့်ဖြစ်သွားလေသည်။

“စီနီယာအစ်ကို၊ မဟုတ်ဘူး …”

အသက်ရှင်နေသေးသော ထျန်းဖုန်းအဖွဲ့သားများအားလုံး ရူးမတတ် ဖြစ်နေကြသည်။ သူတို့ အစ်ကိုအရင်းသဖွယ် သဘောထားခဲ့သည့် စီနီယာအစ်ကိုက သူတို့ ဖခင်သဖွယ် မှတ်ယူခဲ့သည့် လုထျန်းဖုန်း၏ လက်ထဲ၌ ဆိုးဆိုးရွားရွား သေသွားရလိမ့်မည်ဟု ထင်မထား မိချေ။

“လုထျန်းဖုန်း ခင်ဗျားက လူမဟုတ်ဘူးပဲ၊ နောက်ဆုံးတော့ ခင်ဗျား ဝဋ်လည်မှာပဲ၊ ခင်ဗျား ယဲ့ဖန် သတ်တာကို ခံရမှာ …”

အသက်ရှင်နေသေးသော ထျန်းဖုန်းအဖွဲ့သားများထံမှ မကျေမနပ် ပြောဆိုသံများ ထွက်ပေါ်နေ၏။ သူတို့ မုန်းတီးနေကြသည်။ သူတို့ မုန်းတီးလွန်းသဖြင့် ယဲ့ဖန်လက်ထဲ၌ လုထျန်းဖုန်း ဆိုးဆိုးရွားရွား သေသွားသည်ကို မြင်ချင်နေကြလေသည်။

“ယဲ့ဖန်လား”

ထိုနာမည်ကိုကြားသည်နှင့် လုထျန်းဖုန်း၏ မျက်လုံးများက ဝင်းလက်လာသည်။

“အသုံးမကျတဲ့ကောင်တွေ၊ မင်းတို့က ယဲ့ဖန်ကို နတ်မင်းလို့ ထင်နေတာလား”

“စိတ်မပူနဲ့၊ သိပ်မကြာခင် ငါ သူ့ကို မင်းတို့နောက် ပို့ပေးလိုက်မယ်၊ ချင်းယန်မြို့က လူအားလုံးကိုလည်း မင်းတို့နောက် လိုက်လာခိုင်းလိုက်မယ်၊ ဟားဟားဟား …”

လုထျန်းဖုန်း ရူးသွားပုံရသည်။ သူ ရယ်မောနေစဉ်မှာပင် အနက်ရောင် ဆံပင်မွေးက လှစ်ခနဲ အနားရောက်လာပြီး လုထျန်းဖုန်း၏ ဆံပင်နှင့် ဆက်သွားလေသည်။

လုထျန်းဖုန်း၏ နက်မှောင်သော ဆံပင်များက လွန်စွာ ရှည်လျားလာပြီး ဆံပင်ထိပ်ဖျား များက သူ၏တပည့်များကို ထိုးဖောက်လာသည်။

ထျန်းဖုန်းအဖွဲ့သားများ၏ ခန္ဓာကိုယ်တွင်းမှ သွေးနှင့် စွမ်းအင်များ ဆက်လက်၍ စုပ်ယူနေသောကြောင့် တစ်ယောက်ပြီး တစ်ယောက် ပြာဖြစ်ကာ ပျောက်ကွယ် သွားကြသည်။

ထျန်းဖုန်း အဖွဲ့သားများအားလုံး အသတ်ခံလိုက်ပြီးချိန်မှသာ အနက်ရောင်ဆံပင်များက ပြန်တိုသွားပြီး လုထျန်းဖုန်း၏ ဦးခေါင်းထက်သို့ ပြန်ရောက်သွားသည်။

လုထျန်းဖုန်း၏ ခွန်အားက တစ်ဟုန်ထိုး မြင့်တက်လာသည်။ သူသည် ရှေးခေတ်မှ သားရဲတစ်ကောင် ပြန်ဝင်စားသကဲ့သို့ ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်ဖော်နေ၏။

“ဒီခွန်အားက …”

လုထျန်းဖုန်း လက်သီးဆုပ်ကြည့်လိုက်ပြီးနောက် လက်ရှိခွန်အားက ချင်းလောင်နှင့် ထျဲလောင်တို့ကို အသာလေး အနိုင်ယူနိုင်ပြီဟု ခံစားမိသွားသည်။

“ယဲ့ဖန်၊ ချင်းယန်မြို့ မင်းတို့ အဆင်သင့်ပဲလား”

“ငါ လုထျန်းဖုန်း ပြန်လာပြီကွ”

Chapter 800 အဲ့ဒါ မင်းအသက်ပဲ

ချင်းယန်မြို့၏ တောင်ကုန်းတစ်ခု၏ အနောက်ဘက်တွင် မြေအောက်မီးလျှံတစ်ခု ရှိသည်။ ယဲ့ဖန်က ထိုမြေအောက်မီးလျှံရှေ့ ထိုင်၍ အဖိုးတန် ဆေးပင်တစ်ခုအား မီးအပူချိန်ထိန်း၍ ဆေးဖော်နေသည်။

ယဲ့ဖန်အနောက်၌ ရှိနေသော လျှိုချင်းရီသည် တွေဝေ၍ စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ရှိနေသည်။ နောက်ဆုံးတွင် လျှိုချင်းရီသည် ရင်ထဲမှ သိချင်စိတ်ကို အောင့်အီး မထားနိုင်တော့သဖြင့် သတ္တိမွေး၍ မေးလိုက်သည်။

“ယဲ့ဖန်၊ ရှင် ဘာလို့ ခုနတုန်းက လုထျန်းဖုန်းကို လွှတ်ပေးလိုက်တာလဲ”

“ကျွန်မ သိသလောက်ဆို သူက အမြင်ကျဉ်းပြီး အမှတ်သည်းခြေ ကြီးတဲ့လူပဲ၊ အထူးသဖြင့် သူက ရှင့်ကို အမြဲ သတ်ချင်နေမှာ”

“အခု ရှင်က သူ့ကို လွှတ်ပေးလိုက်တော့ ကျားကို တောင်ပေါ် ပြန်လာအောင် လုပ်ပေး လိုက်သလို ဖြစ်သွားပြီ”

*ကျားကို တောင်ပေါ် ပြန်လာအောင် လုပ်ပေးလိုက်တယ်တဲ့လား*

သူမစကားကြောင့် ယဲ့ဖန်က အသာပြုံးလိုက်ပြီး ခေါင်းခါပြလိုက်သည်။

“မဟုတ်ဘူး၊ လုထျန်းဖုန်းက ကျားမဟုတ်ဘူး၊ ဒီအတိုင်း တွားသွားသတ္တဝါ တစ်ကောင်ပဲ”

“ငါ သူ့ကို လွှတ်ပေးလိုက်တာက နောက်ထပ် တွားသွားသတ္တဝါတွေကို ဆွဲဆောင်နိုင် အောင်လို့လေ”

သူ့စကားကြောင့် လျှိုချင်းရီ မှင်တက်သွဦးသည်။ သူမ မျက်မှောင်ကြုတ်၍ သေချာစဉ်းစား နေမိသည်။ သူမ ပိုတွေးလာလေလေ၊ ယဲ့ဖန်က နားလည်ရခက်လာလေလေ ဖြစ်နေသည် ကိုသာ သူမ သတိထားမိသွားသည်။

“ယဲ့ဖန်၊ ရှင် လှည့်ကွက်တွေ တစ်ခုပြီးတစ်ခု လုပ်နေတာလား၊ လုထျန်းဖုန်းကို ဒီအတိုင်း နှင်ထုတ်လိုက်တာက သူ့နောက်က အင်အားကြီးတဲ့လူကို ထွက်လာအောင် ဖိအားပေး လိုက်တာလား”

လျှိုချင်းရီ မှင်တက်မိသွားသည်။ ဤကိစ္စအားလုံးက တစ်ခုနှင့်တစ်ခု ဆက်စပ်နေပုံရသည်။ ထို့အပြင် ယဲ့ဖန်က လုထျန်းဖုန်းကို သတ်ချင်ပုံမရပေ။ တစ်ဖက်လူအား ဖျက်ဆီးရုံသာ ဖျက်ဆီး၍ ချင်းယန်မြို့မှ နှင်ထုတ်လိုက်သည်။ ထိုသို့ဆိုချင် ယဲ့ဖန်က ဘာကို ကြံစည်နေသနည်း။

“နောက်ကွယ်ကလား”

ယဲ့ဖန်က နှုတ်ခမ်းကို တွန့်ကွေး၍ နတ်ဆိုးသဖွယ် ပြုံးလိုက်သည်။ သူသည် လုထျန်းဖုန်းကို စတွေ့စဉ်ကတည်းက သတ်မည့် အတွေးကို ခေါင်းထဲမှ ထုတ်ထားခဲ့သည်။

“ငါ ထင်တာ မှန်နေမယ်ဆိုရင် လုထျန်းဖုန်းပေါ်က ဆံပင်စက အဲ့ဒီအရာနဲ့ ဆက်စပ်နေမယ် ထင်တယ်”

“အဲ့လိုသာ ဖြစ်မယ်ဆိုရင် ငါ့ရဲ့ နတ်ဆိုးချီမျှင်စုအားလုံး နိုးထလာမှာပဲ၊ အခွင့်အရေးက ဒီလူပေါ်မှာပဲ မူတည်နေတာ”

ထိုသို့တွေးပြီးနောက် ယဲ့ဖန်က ပို၍ သဘောကျဟန်ဖြင့် ရယ်မောလာသည်။ ယဲ့ဖန်က ခေါင်းယမ်းရင်း လျှိုချင်းရီကို လက်ယပ်၍ လှမ်းခေါ်လေသည်။

“ညီမလေးရုန် လာလေ၊ ဆေးအတူတူ ဖော်ရအောင်”

“နောက်ရက်ပိုင်းလောက်နေရင် ချင်းယန်မြို့တစ်ခုလုံး ပြောင်းလဲရင် ပြောင်းလဲ လောက်တယ်”

*ဘယ်လို*

*ချင်းယန်မြို့တစ်ခုလုံး ပြောင်းလဲမယ် ဟုတ်လား*

လျှိုချင်းရီ ပို၍ စိတ်ရှုပ်ထွေးလာရသည်။ သို့သော် သူမ ထပ်မမေးတော့ဘဲ သစ်သား ပြားပေါ်၌ ဝင်ထိုင်လိုက်ပြီး ယဲ့ဖန်ကို ကူ၍ ဆေးဖော်နေလိုက်သည်။

….

တစ်ချိန်တည်းမှာပင် သိင်္ဂဿ အဖွဲ့အစည်းအတွင်း၌။ ဤအဖွဲ့အစည်းသည် အဓိက မှော်ဆေးပညာရှင် အဖွဲ့အစည်း သုံးခုထဲမှ တစ်ခုဖြစ်သည့်အားလျော်စွာပင် ချင်းယန် မြို့တွင်း၌ တည်ရှိပြီး ထိပ်တန်း အင်အားစု ငါးခုထဲ၌ ပါဝင်လေသည်။

ထို့အပြင် ခေါင်းဆောင်ဖြစ်သူ ရိကျောင်းသည် လက်တစ်ဖက်ဖြင့် မီးကို ထိန်းချုပ်နိုင်သည့် နတ်ဘုရားကျင့်စဉ်ကို ပြီးပြည့်စုံစွာ ကျင့်ကြံနိုင်ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် ချင်းမိသားစုနှင့် ပိုင်ပေါင်စံအိမ်မှလွဲလျင် လူနည်းစုသာ သူတို့ကို ရန်စရဲပေ၏။

ယနေ့တွင် သိင်္ဂဿ အဖွဲ့သားများအားလုံး စုဝေးနေကြသည်။ ထိပ်ဆုံးခုံ၌ ထိုင်နေသော ရိကျောင်းပင် စိုးရိမ်ကြောင့်ကြမှုများဖြင့် ပြည့်နှက်နေ၏။

လက်ရှိအချိန်၌ ချင်းယန်မြို့သည် ချင်းရီအဖွဲ့သားတစ်ဦး ဖြစ်သော ယဲ့ဖန်ကို လေးစားနေ ကြသဖြင့် သိင်္ဂဿ အဖွဲ့အစည်းအနေဖြင့် မြို့တွင်း၌ နေရာမရှိတော့မည်ကို စိုးရိမ်နေ လေသည်။

ထိုစဉ် ခြေသံတစ်သံ ထွက်ပေါ်လာပြီး သိင်္ဂသာ အဖွဲ့သားတစ်ယောက် ပြေးဝင်လာသည်။ ထိုသူက ဝမ်းသာနေသော မျက်နှာထားဖြင့် ခေါင်းဆောင် ရိကျောင်းကို သတင်းပို့လာ၏။

“ဆရာ၊ ဆရာ မှာတဲ့အတိုင်း ဒီတပည့်က ရတနာတွေကို ချင်းရီအဖွဲ့အစည်းဆီ ပို့ပြီးပါပြီ”

“ပြီးတော့ ခေါင်းဆောင်ချင်းရီက ချင်းယန်မြို့ကနေ ကျွန်တော်တို့ သိင်္ဂဿ အဖွဲ့အစည်း ထွက်သွားစရာ မလိုပါဘူးတဲ့၊ နောက်ဆို ကိုယ့်အလုပ်ကိုယ်လုပ်ရင်ပဲ ရပါပြီလို့ ပြောပါ တယ်”

ထိုစကားကြောင့် ရိကျောင်းနှင့် သိင်္ဂဿ အဖွဲ့သားများအားလုံး ဝမ်းသာသွားကြသည်။

“ကောင်းတယ်၊ ခေါင်းဆောင်ချင်းရီရဲ့ ပြောလိုက်တဲ့ စကားက လူကြီးမင်းယဲ့ရဲ့ ဆန္ဒနဲ့ အတူတူပဲ”

“ဒီလိုဆိုမှပဲ ငါ စိတ်အေးရတော့တယ်”

ထိုသို့ရေရွတ်ပြီးနောက် သိင်္ဂဿအဖွဲ့အစည်းခေါင်းဆောင် ရိကျောင်းက သူ၏တပည့် များကို တစ်ချက် ကြည့်လိုက်သည်။

“သိင်္ဂဿအဖွဲ့သားတွေ အမိန့်နာခံပါ”

ရုတ်တရက် လူတစ်ရာနီးပါး ရှိသော အဖွဲ့သားများအားလုံး ဒူးတစ်ဖက် ထောက်လာ ကြသည်။

“တပည့်တို့ နာခံလျက်ပါ”

ဤသည်ကို ကြည့်ပြီးနောက် သိင်္ဂဿ အဖွဲ့အစည်းခေါင်းဆောင်က တည်ကြည်စွာ ပြောလိုက်သည်။

“ဒီနေ့ကစပြီး လူကြီးမင်းရဲ့ ငါတို့ သိင်္ဂဿ အဖွဲ့အစည်းရဲ့ စံပြခေါင်းဆောင် ဖြစ်တယ် ဆိုတာကို အားလုံး မြဲမြဲမှတ်ထားကြ”

“လူကြီးမင်းယဲ့ကို မြင်တဲ့လူတိုင်း ကျိုးကျိုးနွံနွံ ဆက်ဆံရမယ်”

“တစ်ယောက်ယောက်က လူကြီးမင်းယဲ့ကို ရန်စရဲလို့ကတော့ ငါ အလွတ်ပေးမယ် မထင်နဲ့”

သိင်္ဂဿ အဖွဲ့အစည်းခေါင်းဆောင်၏ စကား၌ ယဲ့ဖန်ကို အလွန် လေးစားနေဟန်များ ပါဝင်နေသည်။ သူ၏ စကားကြောင့် သိင်္ဂဿ အဖွဲ့သားများအားလုံး ထိတ်လန့် သွားသော်လည်း ချက်ချင်း ပြန်ဖြေလိုက်ကြသည်။

“တပည့်တို့ နာခံပါ့မယ်”

“လူကြီးမင်းယဲ့ရဲ့ အသက်ကို ဆရာ့အသက်လိုပဲ တန်ဖိုးထားပါ့မယ်”

“လူကြီးမင်းယဲ့‌ ပြောတဲ့စကားကို ဆရာ့စကားလိုပဲ နာခံပါ့မယ်”

ထိုအခါမှ သိင်္ဂဿ အဖွဲ့အစည်းခေါင်းဆောင်က စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းညိတ် လေသည်။ သူ ဆက်ပြောရန် ပြင်လိုက်စဉ်တွင် အခြား သိင်္ဂဿ အဖွဲ့သားတစ်ယောက်က အပြင်မှနေ၍ ကြောက်လန့်တကြား ဝင်လာသည်။ ထိုသူက အထဲသို့ ရောက်သည်နှင့် ခေါင်းဆောင်ဖြစ်သူကို ကြောက်လန့်တကြား အော်ပြောသည်။

“ဆရာ မကောင်းတော့ဘူး၊ ဟိုလုထျန်းဖုန်း ပြန်လာပြီ”

“အခု ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ တံခါးဝကို ရောက်နေတယ်”

*ဘာ*

ထိုစကားကြောင့် သိင်္ဂဿ အဖွဲ့အစည်းခေါင်းဆောင် မျက်နှာပျက်သွားသည်။ သူနှင့် လုထျန်းဖုန်းတို့သည် နှစ်ပေါင်းများစွာ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သူများဖြစ်သဖြင့် တစ်ဖက် လူ၏ စရိုက်ကို သူ ကောင်းကောင်းသိသည်။

အစပိုင်း၌ လုထျန်းဖုန်းသာ ချင်းယန်မြို့ကို ကြီးစိုးခဲ့ပါက သူတို့၏ သိင်္ဂဿ အဖွဲ့အစည်း ပျက်စီးသွားမည်မှာ အသေအချာပင်။

တစ်ချက်မျှ စဉ်းစားပြီးနောက် သိင်္ဂဿ အဖွဲ့အစည်းခေါင်းဆောင်က သရော်ပြုံး ပြုံးလိုက်သည်။

“ရတယ်၊ သူ့ကို အထဲဝင်ခိုင်းလိုက်”

“အဲ့လမ်းဘေးခွေးလိုကောင် ဘယ်လိုလေကျယ်မလဲ ငါ ကြည့်ချင်တယ်”

သိင်္ဂဿ အဖွဲ့သားများအားလုံးက ခေါင်းဆောင်ဘေး၌ ဘေးချင်ယှဉ်၍ ရပ်လိုက်ကြသည်။ ထို့နောက် အားလုံးက တံခါးဝသို့ အေးစက်စွာ ကြည့်နေကြလေသည်။

ခဏကြာသော် လုထျန်းဖုန်းက အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူသုံးယောက် နှင့်အတူ ဖြည်းဖြည်းချင်း ဝင်လာသည်။ သို့သော် လုထျန်းဖုန်းကို မြင်လိုက်ရသည်နှင့် သိင်္ဂဿ အဖွဲ့အစည်းခေါင်းဆောင် မသိမသာ မျက်မှောင်ကြုတ်သွားသည်။

ဘာရယ်ကြောင့်မှန်း မသိသော်လည်း လက်ရှိ လုထျန်းဖုန်းက အနည်းငယ် ထူးဆန်းနေပြီး ဆံပင်လည်း … ရှည်နေသည့်ပုံပင်။

“ခေါင်းဆောင်ထျန်းဖုန်း၊ ခင်ဗျား ဘာလို့ ချင်းယန်မြို့က ထွက်မသွားတာလဲ၊ ဘာကြောင့် ပြန်လာရတာလဲ”

သိင်္ဂဿအဖွဲ့အစည်း ခေါင်းဆောင်က လုထျန်းဖုန်းကို ရယ်ချင်နေသော မျက်နှာပေးဖြင့် တအံ့တဩ မေးလေသည်။ သူ၏စကားကြောင့် ဘေးနားမှ သိင်္ဂဿ အဖွဲ့သားများ အားလုံးက လှောင်ပြောင်ဟန်ဖြင့် ကြည့်လာ ကြသည်။

ယခင်က လုထျန်းဖုန်းသည် အားနည်းသူများကို အနိုင်ကျင့်နှိပ်စက်၍ သူတို့နှင့် ချင်းရီ အဖွဲ့အစည်းကို နင်းချေခဲ့ ဖူးသည်။ လက်ရှိတွင်မူ သိင်္ဂဿ အဖွဲ့သားများအားလုံး၏ အမြင် သူသည် လမ်းဘေးခွေးသာသာ လူတစ်ယောက် ဖြစ်လေသည်။

သို့သော် လုထျန်းဖုန်းက လူတိုင်း၏ အထင်သေး လှောင်ပြောင်ဟန်ကို အရေးမစိုက်ဘဲ ပုရွက်ဆိတ်တစ်အုပ်ကို ကြည့်သကဲ့သို့ ပြန်ကြည့်နေ၏။

“ကျုပ် ဒီတစ်ခေါက် ပြန်လာတာက သိင်္ဂဿ အဖွဲ့ခေါင်းဆောင်ကို ကျုပ်မိတ်ဆွေတစ်ချို့နဲ့ မိတ်ဆက်ပေးချင်လို့ပဲ၊ ပြီးတော့ အကြွေးတစ်ချို့ပါ ပြန်လာယူတာ”

*မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးမလို့*

*အကြွေးပြန်လာယူတာ*

သိင်္ဂဿအဖွဲ့အစည်း ခေါင်းဆောင် မျက်မှောင်ကြုတ်သွားပြီးနောက် အေးတိအေးစက်ဖြင့် ပျက်ရယ်ပြု လေသည်။

“လုထျန်းဖုန်း မင်းမိတ်ဆွေကို ငါ သိချင်စိတ် မရှိဘူး၊ ပြီးတော့ လမ်းဘေးခွေးလို ဖြစ်နေတဲ့မင်းက ဘာအကြွေးကို ပြန်လာယူချင်တာလဲ”

ယခင်က လုထျန်းဖန်းသာဆိုပါက ချက်ချင်း ပေါက်ကွဲလောက်သည်။ သို့သော် ယခုအခါ၌ သူက စဉ်းလဲစွာ ပြုံးလိုက်ပြီး သူ့နောက်မှ အနက်ရောင်ဝတ်စုံနှင့် လူသုံးယောက်ကို ညွှန်ပြ၍ ပြောလေသည်။

“ဒီမိတ်ဆွေသုံးယောက်က သိင်္ဂဿအဖွဲ့အစည်း ခေါင်းဆောင်နဲ့ ခဏလောက် တွေ့ချင်နေ တာလေ”

“ဘာလို့လဲဆိုတော့ … သူတို့က မသေမျိုးတမန်တွေ မို့လို့ပဲ”

ထိုစကားကြောင့် လူတိုင်း အံ့အားသင့်သွားသည်။ သို့သော် ထိတ်လန့်စရာက ထိုမျှနှင့် မရပ်သွားပေ။ လုထျန်းဖုန်းနှင့် အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူသုံးယောက်ထံမှ အနက်ရောင် ချီဓာတ်များ ထွက်ပေါ် လာသည်ကို အားလုံး တွေ့လိုက်ရသည်။

ထိုအနက်ရောင်ချီဓာတ်များ လွင့်ပျံလာသည်နှင့် လုထျန်းဖုန်းက သိင်္ဂဿအဖွဲ့အစည်း ခေါင်းဆောင်ကို အော်ပြောလိုက်သည်။

“ငါ လာယူတဲ့အကြွေးက မင်းအသက်ပဲ”

Chapter 801 မသေမျိုးတမန်များ လွှမ်းမိုးခြင်း

ချင်းယန်မြို့၏ လမ်းမထက်၌ ဖြတ်သွားဖြတ်လာများအားလုံး ယဲ့ဖန်အကြောင်းကို သဲသဲမဲမဲ ပြောဆိုနေကြဆဲပင်။ လူတိုင်းနီးပါးက ယဲ့ဖန်ကို မိမိ၏ စံပြပုဂ္ဂိုလ်အဖြစ် မှတ်ယူ ထားကြသည်။ ယဲ့ဖန်က ချင်းမိသားစုနှင့် ပိုင်ပေါင် စံအိမ်ကို သိမ်းပိုက်နိုင်သည့် ပထမဆုံးသူ ဖြစ်နေသည် မဟုတ်ပါတကား။

ထိုစဉ် ထွက်ပေါ်သောခြေသံများကို လူတိုင်း စိတ်ဝင်တစား ဖြစ်သွားကြသည်။ လမ်းသွား လမ်းလာများအားလုံး လှမ်းကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံနှင့် လူတစ်စုက သိင်္ဂဿ အဖွဲ့အစည်းတွင်းမှ ထွက်လာကြသည်ကို တွေ့လိုက်ရသည်။

“ဟမ် … အဲ့ဒါ လုထျန်းဖုန်း မဟုတ်ဘူးလား၊ ဘာလို့ သူ ပြန်လာတာလဲ”

“ဟေ့ သိင်္ဂဿ အဖွဲ့ခေါင်းဆောင်၊ ခင်ဗျား ဘာလို့ လုထျန်းဖုန်းနဲ့ ပေါင်းနေတာလဲ၊ လူကြီးမင်းယဲ့က ခုနလေးတင် ခင်ဗျားတို့ သိင်္ဂဿ အဖွဲ့အစည်း ချင်းယန်မြို့ထဲကနေ ထွက်သွားဖို့ မလိုဘူးလို့ သဘောတူလိုက်တာလေ”

ထိုလမ်းသွားလမ်းသာများက သိင်္ဂဿ အဖွဲ့အစည်းခေါင်းဆောင် ရိကျောင်းအား ကြင်နာစွာ သတိပေးလိုက်သည်။ ထိုစဉ် သိင်္ဂဿ အဖွဲ့အစည်းခေါင်းဆောင်က သူတို့ကို လှည့်ကြည့်လာပြီး လမ်းသွားလမ်းသာများအားလုံး မှင်တက် သွားကြသည်။

သိင်္ဂဿ အဖွဲ့အစည်းခေါင်းဆောင် ရိကျောင်း၏ မျက်လုံးများက မိစ္ဆာတစ်ကောင်၏ မျက်လုံးများကဲ့သို့ ရဲရဲနီကာ ရက်စက် ခက်ထန်နေပြီး လူတိုင်းအား ကြက်သီးထ သွားစေသည်။

“ဘာလို့လဲ … ဘာဖြစ်တာလဲဟ၊ သိင်္ဂဿ အဖွဲ့အစည်းခေါင်းဆောင်က အရင်နဲ့မတူသလို ငါ ခံစားနေရတယ်”

“ကြည့်ဦး၊ သိင်္ဂဿ အဖွဲ့အစည်းခေါင်းဆောင်တင် မကဘူးကွ၊ ကျန်တဲ့လူတွေ …”

ထိုအော်သံကြောင့် လမ်းမထက်မလူများအားလုံး သေချာကြည့်လိုက်သောအခါ သိင်္ဂဿ အဖွဲ့အစည်း ခေါင်းဆောင်သာမက လုထျန်းဖုန်း အပါအဝင် ကျန်လူအားလုံး၏ မျက်လုံးများက ရဲရီနီနေကြသည်ကို တွေ့လိုက်ရသည်။

“မကောင်းတော့ဘူး၊ သူတို့ ပြုစားခံလိုက်ရပြီ၊ ဝေးဝေးပြေးကြဟေ့”

လမ်းမပေါ်မှ ဖြတ်သွားဖြတ်လာများအားလုံး အုတ်အော်သောင်းနင်း ဖြစ်ကာ အရပ် မျက်နှာ အနှံ့သို့ ထွက်ပြေးကြ လေသည်။

“ပြုစားခံရတယ်တဲ့လား”

လုထျန်းဖုန်းက ကျေနပ်ဟန် ပြုံးလိုက်ပြီး လက်တစ်ဖက်ကိုလှုပ်၍ အချက်ပြလိုက်သည်။ ထိုအခါ သိင်္ဂဿ အဖွဲ့အစည်း ခေါင်းဆောင်နှင့် သိင်္ဂဿ အဖွဲ့သားများအားလုံး ချက်ချင်း ရှေ့သို့ ပြေးတက်သွားကြသည်။

သူတို့၏ လက်ဝါးထဲမှနေ၍ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာပြီး လေထဲသို့ ပျံ့လွင့် သွားသည်။ ဖြတ်သွား ဖြတ်လာ များအားလုံးကို မြူခိုးများ လွှမ်းခြုံသွားသည်နှင့် အော်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

လမ်းပေါ်မှ လူများအားလုံးသည် ထိုမြူခိုးများက သူတို့၏ စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်နေသည်ဟု ခံစားမိနေသည်။ သူတို့ ထပ်ခါ ထပ်ခါ အော်ဟစ်နေမိသည်။

“မသေမျိုး ချီဓာတ်၊ မင်း … မင်း မသေမျိုး ဝိညာဉ် ရှေးဟောင်းနန်းတော်ရဲ့ ကျွန်ဖြစ်သွားပြီပဲ”

“မလုပ်နဲ့”

အော်သံများက ထပ်ခါထပ်ခါ ပေါ်ထွက်လာ၏။ အော်သံများ ငြိမ်ကျသွားချိန်တွင် တစ်လမ်းလုံး တိတ်ဆိတ် သွားသည်။ လမ်းသွားလမ်းလာများ၏ ခန္ဓာကိုယ်များအားလုံး တောင့်ခနဲ ဖြစ်သွားပြီး မျက်လုံးများက သွေးကဲ့သို့ ရဲရဲနီလာသည်။

ထို့နောက် လူတိုင်းက သားရဲရိုင်းများကဲ့သို့ အော်ဟစ်လာသည်။ မသေမျိုးများကဲ့သို့ စိတ်လှုပ်ရှားစွာ အော်ဟစ်နေပြီးနောက် အခြားသူများကို စားရန် ပြင်ဆင်လာကြသည်။

တစ်မိနစ်၊ ဆယ်မိနစ်၊ နာရီဝက်။ နာရီဝက်အကြာ၌ လမ်းသွားလမ်းလာ အားလုံး၏ ဝိညာဉ်များ ထုတ်ယူခံ လိုက်ရပြီး သူတို့ထံမှ အနက်ရောင် မြူခိုးများ ပျံ့လွင့်နေပြီ။ သူတို့အားလုံး မသေမျိုး ဝိညာဉ်များ၏ ကျွန်များ ဖြစ်သွားကြလေပြီ။

“သွားကြ”

လုထျန်းဖုန်းက ဤမြင်ကွင်းကိုကြည့်ပြီး ပြုံးလိုက်သည်။ မြူခိုးများနှင့်အတူ မသေမျိုး စစ်တပ်က ရှေ့သို့ တက်သွားကြသည်။ ထို့နောက်တွင် မသေမျိုး ကျေးကျွန်များ၏ အရေ အတွက်က တစ်ရာမှနေ၍ ရာကျော်လာသည်။

တစ်နာရီအကြာ၌ တစ်ထောင်၊ သုံးထောင်၊ ငါးထောင်။ နေ့တစ်ဝက် အတွင်းမှာပင် မသေမျိုးစစ်တပ်က တစ်သောင်းနီးပါးအထိ တိုးမြင့်သွားသည်။ ထိုလူများထဲတွင် ချင်းယန်မြို့မှ ဩဇာရှိသူများအားလုံး ပါဝင်နေသည်။

ထို့အပြင် မသေမျိုး စစ်တပ်ကို မြင်လိုက်ရသည့် ဒေသခံများအားလုံး ဝိညာဉ် ထုတ်ပယ်ခံလိုက်ရသည်။ ထို့ကြောင့်ပင် သတင်းများ ပိတ်ဆို့ခံလိုက်ရသလို ဖြစ်သွားသည်။

ကျန်ရှိနေသော ချင်းမိသားစုနှင့် ပိုင်ပေါင်စံအိမ်တို့က ထိုအဖြစ်ကို မသိကြပေ။

“အခြားသူတွေရဲ့ အသက်ကို ထိန်းချုပ်ရတဲ့ ခံစားချက်က … စောက်ရမ်း မိုက်လွန်းတယ်”

လုထျန်းဖုန်းက သူ့နောက်မှ ထောင်ချီသော မသေမျိုးစစ်တပ်ကို ကြည့်ပြီး ရူးသွပ်ပုံ ပေါ်လာသည်။

“နောက်ပန်းတိုင်က ချင်းမိသားစုပဲ”

….

ထိုအချိန်မှာပင် ချင်းမိသားစု၏ သခင်ကြီးက ပိုင်ပေါင်စံအိမ်မှ ထျဲလောင်နှင့် စကား ပြောနေသည်။ သူတို့အချင်းချင်း ဆွေးနွေးပြောဆိုနေသည့် အကြောင်းရာများက ပြောလို့ ပြီးခါစပင် ရှိသေးသည်။

သူတို့ အင်အားစုနှစ်ခုက အချင်းချင်း ပူးပေါင်း၍ ရင်းရင်းနှီးနှီး လုပ်ငန်းလုပ်ကိုင်ကြရန် ပြောဆိုပြီးသွားလေသည်။

“ကောင်းပြီလေ၊ လူငယ်တွေကိုပဲ တာဝန်ပေးလိုက်ကြတာပေါ့၊ နောင်အနာဂတ်မှာ ကျုပ်တို့ လူအိုကြီးတွေ မကြာခဏ တွေ့ပြီး လက်ဘက်ရည် အတူတူ သောက်ကြတာပေါ့”

ထျဲလောင် အလွန်အမင်း သက်တောင့်သက်သာရှိဟန်ဖြင့် ပြောလိုက်သည်။ သူ့စကား ကြောင့် ချင်းလောင်က ပြုံးလေသည်။

“ဒါပေါ့ဗျာ၊ ကျုပ်တို့ ချင်းမိသားစုကလည်း သူဌေးထျဲကို အမြဲကြိုဆိုနေမှာပါ”

ချင်းလောင်က လက်ပြလိုက်သောအခါ ချင်းမိသားစုဝင်များက ရှေ့တိုးလာပြီး ချင်းမိသားစု အိမ်တော်၏ တံခါးကို ဖွင့်ပေးလေသည်။

သို့သော် ခြံဝန်းတံခါးကို ဖွင့်လိုက်သည်နှင့် ချင်းမိသားစုဝင်တစ်ယောက်က တောင့်ခနဲ ဖြစ်သွားသည်။ သူသည် ခြံဝန်းအပြင်ဘက်အား ငေးကြောင်၍ ကြည့်နေမိသည်။ သူ၏နဖူးမှ ချွေးစေးများ စီးကျလာသည်။

ထိုချင်းမိသားစုဝင်၏ အမူအရာကြောင့် မိသားစုခေါင်းဆောင် ချင်းလုံ မျက်မှောင်ကြုတ် သွားပြီး လှမ်းအော်လိုက်သည်။

“ချင်းရွှမ်၊ မင်း ဘာလုပ်နေတာလဲ၊ ခြံတံခါးကို မဖွင့်ရင် ထျဲလောင်က ဘယ်လို ပြန်မလဲကွ”

ချင်းလုံ၏ စကားကြောင့် ချင်းရွှမ်ဟူသော လူငယ်လေးက မချိပြုံးပြုံး၍ နောက်သို့ ပြန်လှည့်ကြည့်လေသည်။ သူ၏ မျက်နှာက သွေးမရှိသကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေသည်ကို လူတိုင်း တွေ့လိုက်ရသည်။ ကြောက်စရာ ကောင်းသော တွေ့လိုက် ရသည့်ပုံပင်။

“မိ … မိသားစုခေါင်းဆောင်၊ ကျွန်တော်တို့ ထွက်သွားလို့ မရတော့ဘူး”

*ဘာ*

သူ့စကားကြောင့် ချင်းမိသားစုစံအိမ်မှ လူများအားလုံး မျက်နှာပျက်သွားကြသည်။ သို့သော် သူတို့ ပြန်မမေးနိုင်ခင်မှာပင် ချင်းရွှမ်၏ ဦးခေါင်းက ပြတ်ထွက်သွားသည်။ ချင်းရွှမ်၏ လည်ပင်းမှ သွေးများ ပန်းထွက်လာပြီး ချင်းမိသားစု၏ ခြံတံခါးသည်လည်း အရှိန်ဖြင့် ပေါက်ကွဲသွားလေသည်။

ထိုအခါ ချင်းမိသားစုစံအိမ်မှ လူများအားလုံးသည် ဘဝ၌ မမေ့နိုင်သော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ချင်းမိသားစု စံအိမ်၏ အပြင်ဘက်၌ လူများဖြင့် ပြည့်နှက်နေသည်။

တစ်မြို့လုံးမှ လူများအားလုံး ရောက်နေသည့်ပုံပင်။ ထို့အပြင် သူတို့၏ ဦးခေါင်းများက ငုံ့ကိုင်းနေပြီး ငြိမ်သက်နေကြသည်။ သူတို့ထံမှ အနက်ရောင် မြူခိုးများ ထွက်ပေါ်နေ၏။

ဤသည်ကိုမြင်ပြီး ချင်းလောင်နှင့် ထျဲလောင်တို့ မျက်နှာပျက်သွားကြသည်။

“ဒါ … ဒါ မသေမျိုး ဝိညာဉ်တွေရဲ့ ချီဓာတ်ပဲ”

“သေစမ်း၊ ရှေးဟောင်းနန်းတော်ကလူတွေ … ဒီရောက်နေပြီ”

အဘိုးအိုနှစ်ယောက်၏ အမူအရာများက ပျက်ယွင်းလာသည်။

“ဟားဟားဟား …”

ထိုစဉ် ကျယ်လောင်သော ရယ်သံတစ်သံ ထွက်ပေါ်လာပြီး လုထျန်းဖုန်းက ရှေ့သို့ ထွက်လာသည်။ သူက ထျဲလောင်နှင့် ချင်းလောင်အား ရင့်သီးသော အမူအရာဖြင့် လှမ်းကြည့်၍ ကောက်ကျစ်စွာ ကြည့်လေသည်။

“ယဲ့ဖန်ရဲ့ နောက်ခံကြီး နှစ်ယောက်ပါလား”

“ကျစ်ကျစ် … ဒီနေ့ကစပြီး ခင်ဗျားတို့က ကျုပ်ရဲ့ မသေမျိုးစစ်တပ်က အဖွဲ့ဝင်တွေ ဖြစ်လာတော့မှာဆိုတော့ စိတ်မကောင်းစရာပဲ”

“သူ့ရဲ့ နောက်ခံကြီးနှစ်ယောက်က သူ့ရဲ့ သေမင်းတွေ ဖြစ်လာတဲ့အခါ ယဲ့ဖန်ဆိုတဲ့ကောင် ဘယ်လို ဖြစ်သွားမလဲ ကျုပ် ကြည့်ချင်လှပြီ၊ အဲ့ဒုက္ခိတကောင် ဘယ်လို အမူအရာမျိုး ဖြစ်နေမလဲ”

လုထျန်းဖုန်းက လက်ကိုဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။

“သွားကြ၊ သူတို့ကို ဝိညာဉ်နုတ်ပြီး … မသေမျိုး စစ်သူကြီး ဖြစ်သွားအောင် လုပ်လိုက်ကြ”

လုထျန်းဖုန်း၏ စကားအဆုံး၌ ထောင်ချီသော မသေမျိုး စစ်သားများက ချက်ချင်း ရှေ့သို့ ပြေးတက်လာကြသည်။ အားလုံးက သားရဲများသဖွယ် ဟစ်ကြွေးလာသည်။

များပြားလှသည့် မသေမျိုး စစ်သားများက ထျဲလောင်နှင့် အခြားသူများကို ချက်ချင်း လွှမ်းမိုးလာသည်။ ထောင်ချီသော လူများကို ကြည့်ပြီး အခြားသူများအားလုံး ကြက်သီးထသွားသည်။

ထျဲလောင်က တွေဝေမနေဘဲ ထျဲလင်အား အခြားသို့ တွန်းထုတ်လိုက်သည်။

“သွားတော့၊ ယဲ့ဖန်ဆီ သွားပြီး သူ့ကို ချင်းယန်မြို့ကနေ ထွက်သွားခိုင်းလိုက်”

“ဝေးလေ ပိုကောင်းလေပဲ”

All Chapters