← Chapters

အခန်း (၈၁၁-၈၁၃)

Vol. 55 Ch. 811-813

အခန်း (၈၁၁-၈၁၃)

Vol. 55 Ch. 811-813

Chapter 811 မင်း သွားလို့ရတယ်၊ ဒါပေမဲ့ မီးဓာတ်ကို ထားခဲ့

ကူးလော၏ စကားအဆုံး၌ ချင်းလောင်၊ ထျဲလောင်၊ လျှိုချင်းရီနှင့် အခြားသူများအားလုံး စုဝေးလာကြသည်။ ထိုသူများကို ကြည့်ပြီး ကူးလောက လှောင်ပြုံး ပြုံးလိုက်သည်။

“ချင်းလောင်၊ ခင်ဗျား ဘာကိုစောင့်နေတာလဲ၊ ဒီဒုက္ခိတကောင်ကြောင့် ခင်ဗျား ခေါင်းဖြတ် ခံ ချင်နေတာလား”

“ခင်ဗျားတို့ ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲအတွက်လည်း အရည်အချင်း ပြည့်မီ မှာနော်”

“ခင်ဗျားတို့ အရည်အချင်း ပြည့်မီတယ်ဆိုတာနဲ့ ချင်းယန်မြို့မှာ ကြယ်လေးပွင့်‌ မှော်ဆေး ပညာရှင် တစ်ယောက် ရှိလာနိုင်မှာ”

“ကြယ်လေးပွင့် မှော်ဆေးပညာရှင်တစ်ယောက်နဲ့ဆိုရင် ချင်းယန်မြို့က လူတွေအားလုံး နဂါးတစ်ကောင်လို ဖြစ်လာမှာနော်”

ယခုအချိန်၌ ကူးလော၏ စကားများက ပို၍မက်လုံးပေးလာလေသည်။ အရည်အချင်း ပြည့်မီခြင်းက အလွန် တန်ဖိုးရှိလှသည်။

ဤမြို့လေးသည် မြို့ငယ်တစ်ခုသာ ဖြစ်သဖြင့် အလျင်အမြန် တိုးတက်မှုအပေါ်မှာသာ မှီခိုနေရသည်။ ကြယ်လေးပွင့် မှော်ဆေးပညာရှင်သာ ရှိလာပါက အဆင့်လေး ဆေးလုံးကို သန့်စင်နိုင်မည် ဖြစ်သလို မြို့ငယ်လေးမှ လူများအားလုံး၏ ခွန်အားက မိုးထိမတတ် မြင့်တက်သွားပေမည်။

မည်သည့် မြို့ငယ်လေး၌မဆို ဤသည်က လူတိုင်း စိတ်ကူးယဉ်ရသည့် အရာတစ်ခု ဖြစ်သည်။

ဖြောင်း!

ထိုစဉ် ကူးလော၏ မျက်နှာပေါ်သို့ လက်ဝါးချက် တစ်ချက် ကျရောက်လာသည်။

“ချင်း … ချင်းလောင်၊ ခင်‌ဗျား ရူးနေလား၊ ခင်ဗျား ကျုပ်ကို ရိုက်သင့်တာ မဟုတ်ဘူးလေ၊ ခင်ဗျား သူ့ကို သတ်သင့်တာ”

ကူးလောသည် သူ့ကို ရိုက်လိုက်သည့်လူကိုမြင်ပြီး အံ့အားသင့်သွားရသည်။ ချင်းလောင်က သူ့ကို ပါးရိုက် လိမ့်မည်ဟု ထင်မထားမိပေ။

သူ့စကားကြောင့် ချင်းလောင်၏ မျက်လုံး၌ လူသတ်လိုဟန်များ ဖြတ်ပြေးသွားသည်။

“မင်းကို မရိုက်သင့်ဘူး ဟုတ်လား၊ ဒီအဘိုးကြီးက မင်းကို သတ်ဖို့တောင် မစောင့် နိုင်ဘူးကွ”

“ကောင်းကင်မီးလျှံတောင်တက် ပြိုင်ပွဲ ဝင်ခွင့်ရဖို့အတွက် ငါတို့က လူကြီးမင်းယဲ့ဖန်ကို သစ္စာဖောက်မယ်လို့ မင်း ထင်နေတာလား”

“စောက်တုံး … စောက်ရူး”

ချင်းလောင်၏ စကားကြောင့် ကူးလော ပို၍ မျက်နှာပျက်ကာ သုန်မှုန်လာသည်။ အရည် အချင်း ပြည့်မီခြင်းသည် ကြယ်လေးပွင့် မှော်ဆေးပညာရှင် ဟူသော ဂုဏ်ပုဒ်နှင့် ညီမျှ လေ၏။ ထိုဂုဏ်ပုဒ်နှင့်ဆိုလျင် ချင်းမိသားစုက ချင်းယန်မြို့၌ ထာဝရ ကြီးစိုးရပ်တည် နိုင်မည် ဖြစ်သည်။ သို့သော် ဤချင်းလောင်က ရူးနေသည့်ပုံပင်။

ထို့နောက် ကူးလောက ထျဲလောင်ကို အော်ပြောလိုက်သည်။

“ထျဲလောင်၊ ခင်ဗျားက ပိုင်ပေါင်စံအိမ်ကပဲ”

“ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲအတွက် အရည်အချင်း ပြည့်မီတယ်ဆိုတာက ဘယ်လောက် တန်ဖိုးရှိလဲ ခင်ဗျား အသိဆုံးပါ၊ အဲ့အရည်အချင်း ပြည့်မီတယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရတာနဲ့ ပိုင်ပေါင်စံအိမ်က အမြင့်ကို တက်သွားမှာပဲ၊ ဒီလိုဆို ခင်ဗျားက ပိုင်ပေါင် စံအိမ်မှာ ရာထူးကြီးလာမှာ”

“သတ်လိုက်၊ ကျုပ်ကို အရှက်ခွဲတဲ့ အဲ့ဒုက္ခိတကို သတ်ပစ်လိုက်၊ ဒါဆို ခင်ဗျား ပိုမြင့်တဲ့နေရာကို တက်လှမ်းနိုင်ပြီ”

ချင်းလောင် ငြင်းဆန်သလို ထျဲလောင် ငြင်းဆန်လိမ့်မည်ဟု ကူးလော မယုံကြည်ပါ။ ပိုင်ပေါင် စံအိမ်သည် ချင်းမိသားစုနှင့် မတူပေ။ မြင့်မားသော အရည်အချင်း ပြည့်မီခြင်း ဟူသည့် ဂုဏ်ပုဒ်က ထျဲလောင်အား ပိုင်ပေါင်စံအိမ်အတွင်း၌ ပို၍ ရာထူးကြီး လာနိုင် ပေသည်။ ထျဲလောင် ငြင်းလိမ့်မည်ဟု သူ မယုံပေ။

ဖြောင်း!

ထိုစဉ် ကူးလော ထပ်မံ၍ ပါးရိုက်ခံလိုက်ရပြီး သူ့မျက်နှာတစ်ခုလုံး နီမြန်းလာသည်။ သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာလေသည်။ သွားများပင် ကျွတ်ထွက်လာသေးသည်။ သို့သော် သူ့ကို ပါးရိုက်လိုက်သည့် လူကို မြင်ပြီး အံ့အားသင့်သွားရသည်။

“ထျဲလောင်၊ ခင်ဗျား … ရူးနေလား”

သူ့ကို ထပ်ရိုက်လိုက်သည့်လူက ထျဲလောင် ဖြစ်နေလိမ့်မည်ဟု ကူးလော ထင်မထားမိပေ။

“အရူး … လူတိုင်းက ဝံပုလွေလို လောဘကြီးလိမ့်မယ်လို့ မင်း ထင်နေတာလား၊ ဘာကို ကောင်းတာလဲ၊ ဆိုးတာလဲ ဆိုတာကို လူတိုင်း မသိဘူး မှတ်နေလား”

ထျဲလောင်က ပျက်ရယ်ပြုလာပြီး ကူးလောအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။

“လူကြီးမင်းယဲ့က ငါ့ပိုင်ပေါင်စံအိမ်က စံပြဧည့်သည်တော်ပဲ၊ မင်း သူ့ကို ရန်စမယ်ဆိုရင် ပိုင်ပေါင်စံအိမ်ကို ရန်စလိုက်တာနဲ့ အတူတူပဲ၊ မင်း သူ့ကို လှောင်ပြောင်မယ်ဆိုရင် ပိုင်ပေါင်စံအိမ်ကို လှောင်ပြောင်လိုက်တာနဲ့ အတူတူပဲကွ”

ကူးလော အံ့ဩပြီးရင်း အံ့ဩနေသည်။ ဤမျှ မက်လုံးပေး ဆွဲဆောင်နေသော်လည်း ထိုသူတို့က ယဲ့ဖန်အပေါ် မည်သို့ သစ္စာရှိနေတာလဲ ဆိုသည်ကို သူ မတွေးတတ်တော့ချေ။ သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။

ဖြောင်း!

တတိယ ရိုက်ချက် ကျရောက်လာသည်။ လျှိုချင်းရီက မီးဝင်းဝင်းတောက်နေသော မျက်ဝန်း များဖြင့် ပြောဆိုလာ၏။

“နင့်အတွက်နဲ့ ငါ ယဲ့ဖန်ကို မလေးမစား မလုပ်နိုင်ဘူး”

ဖြောင်း!

စတုတ္ထမြောက် ရိုက်ချက်နှင့်အတူ ချင်းလုံက ခက်ထန်စွာ ပြောလာသည်။

“ဒါက မင်းရဲ့မောက်မာမှုအတွက်ပဲ”

ဖြောင်း!

ပဥ္စမမြောက်ရိုက်ချက်နှင့်အတူ သိင်္ဂဿ အဖွဲ့အစည်းခေါင်းဆောင် ရိကျောင်းက ပြန်ပြော လာ၏။

“ဒါက မင်းရဲ့ တိုက်ခိုက်မှုအတွက်ပဲ”

….

ဤအဖြစ်ကြောင့် ကူးလော၏ အနောက်မှ အဘိုးအိုနှစ်ယောက် မှင်တက်နေကြသည်။ ချင်းယန်မြို့မှ သိုင်းပညာရှင်တိုင်းက ကူးလောကို တစ်ယောက်ပြီး တစ်ယောက် ပါးရိုက်နေခြင်းအား သူတို့ ကြည့်ရုံသာ ကြည့်နေရသည်။ သူတို့ တားချင်သော်လည်း လုံးဝ ထရပ်၍ မရပေ။

ဤသည်မှာ မီးလျှံတမန်တော်၏ သမိုင်းတွင် အကြီးကျယ်ဆုံး အရှက်ကွဲခြင်းပင်။ ရှေးယခင်အချိန်ကဆိုလျင် မီးလျှံတမန်တော် ရောက်လာသည်နှင့် မြို့ငယ် ဆယ့်ရှစ် မြို့လုံးက ရိုသေလေးစားကြသည်။

ယခုအခါတွင်မူ ချင်းယန်မြို့၏ နတ်ဘုရားက မီးလျှံတမန်တော် မဟုတ်တော့ဘဲ … ယဲ့ဖန်သာ ဖြစ်လေသည်။ အဘိုးအိုနှစ်ယောက်လုံး မျက်ခုံးလှုပ်နေကြသည်။ ယဲ့ဖန်က ဤလူများကို သူ့အပေါ် အလွန် သစ္စာရှိအောင် မည်သို့ လုပ်လိုက်ကြသလဲ မသိတော့ပေ။

ဖြောင်း! ဖြောင်း!

ခန်းမတွင်း၌ ပါးရိုက်သံများက ဆက်တိုက် ထွက်ပေါ်နေသည်။ ကူးလော၏ မျက်နှာ သည်လည်း ရောင်ကိုင်း၍ သွေးဆို့နေ၏။ သူ၏သွားများ ကျွတ်ထွက်ကာ ပါးစပ်လည်း ရွဲ့စောင်းနေသည်။

ချင်းယန်မြို့မှ နောက်ဆုံးသော သိုင်းပညာရှင်က ပါးရိုက်လိုက်ပြီးသည်နှင့် ကူးလော သွေးအန်လေ တော့သည်။ သူ အလွန် အားနည်းလှသည်ဟု ခံစားမိကာ ထိတ်လန့် သွေးပျက်နေ၏။

“မင်း ငါ့ကို မုန်းတယ်မလား”

ယဲ့ဖန်၏ ခပ်ယဲ့ယဲ့ စကားသံ ထွက်ပေါ်လာသောကြောင့် ကူးလော ထိတ်လန့်သွားသည်။ ထို့နောက် မီးတောက်နေသာ အကြည့်များဖြင့် ယဲ့ဖန်ကို ပြန်ကြည့်နေလိုက်သည်။ သူ နာကျည်း မုန်းတီးနေ၏။

ယခုအချိန်၌ ကူးလောသည် ယဲ့ဖန်အား အရေခွံနွှာ၍ အရိုးချိုးပစ်မတတ် လုပ်ချင်နေသည်။ သူ ပြန်ပြောလာသည်ကို မစောင့်ဘဲ ယဲ့ဖန်က မေးစိကိုပွတ်ကာ ပြုံး၍ ပြောလေသည်။

“ငါ့ကို မနှစ်မြို့တဲ့လူကို ငါ ဒီအတိုင်း မထားတတ်တာ စိတ်မကောင်းစရာပဲ၊ မင်းက ငါ့ကို မုန်းနေတယ် ဆိုတော့၊ ငါ …”

ကူးလောတစ်ယောက် ရေခဲကန်ထဲ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ယဲ့ဖန်က သူ့ကို ကြက်ကလေး၊ ငှက်ကလေးကို သတ်သကဲ့သို့ သတ်ရဲသည်ဟု သူ ခံစားမိနေသည်။

ဤခံစားချက်ကြောင့် ကူးလော ချွေးပြန်ကာ ခေါင်းခါ၍ အကူအညီ တောင်းခံလေသည်။ ဤသည်ကို ကြည့်ပြီး ချင်းလောင်နှင့် အခြားသူများ မျက်မှောင်ကြုတ်သွားသည်။ သူတို့အားလုံးက ယဲ့ဖန်နား လှမ်းလာပြီး ဒူးတစ်ဖက် ထောက်၍ တောင်းပန်လေသည်။

“လူကြီးမင်းယဲ့၊ ကျုပ်ကို ခွင့်လွှတ်ပါ”

ချင်းလောင်နှင့် အခြားသူများက ဖြူရော်နေသော မျက်နှာထားဖြင့် အလျင်အမြန် ဆက်ပြောလေသည်။

“လူကြီးမင်းရဲ့၊ ဒီကူးလောက မီးလျှံမြို့တော်ရဲ့ မီးလျှံတမန်တော်ပါ၊ သူ အပြင်းအထန် ဒဏ်ရာရနေရင်တောင်မှ မီးလျှံမြို့တော်က သူ့အတွက်နဲ့ ချင်းယန်မြို့ကို အပြစ်တင်မှာ မဟုတ်ပါဘူး၊ အလွန်ဆုံး ချင်းယန်မြို့ကို ဝင်ပြိုင်ဖို့ အရည်အချင်း မပြည့်မီဘူးလို့ပဲ လုပ်မှာပါ”

“ဒါပေမဲ့ ခင်ဗျား သူ့ကို သတ်လိုက်တာနဲ့ မီးလျှံမြို့တော်နဲ့ စစ်ဖြစ်ရမှာပါ”

ချင်းလောင်၏ စကားကို ဘေးနားမှ လူများအားလုံး ထောက်ခံလေသည်။ ကူးလောအား လှောင်ပြောင်၍ ရသော်လည်း သတ်၍ မရပေ။ သို့မဟုတ်ပါက မီးလျှံမြို့တော်က ပေါက်ကွဲ၍ စစ်ပွဲဆင်နွှဲပေလိမ့်မည်။ ထိုအခါ လူပေါင်းများစွာ အသတ်ခံရပေမည်။

သူ၏ စကားကြောင့် ယဲ့ဖန်က ပြုံး၍ ခေါင်းညိတ်လေသည်။ ဤသည်ကို သူ နားလည်ပြီးသား ဖြစ်သောကြောင့် ကူးလောကို သတ်ရန် စိတ်ကူးမရှိပေ။

“စိတ်အေးအေးထားပါ၊ ငါ သူ့ကို မသတ်ပါဘူး”

“သူ့ဆီက တစ်ခုခုကို ငါ လိုနေရုံလေးပါ”

လူတိုင်း အံ့ဩသွားသည်။ သူတို့အားလုံး ပြန်မပြောနိုင်ခင်မှာပင် ယဲ့ဖန်၏ လက်တစ် ဖက်က ကူးလော၏ ကိုယ်ထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရသည်။

ထို့နောက် ယဲ့ဖန်က မီးလျှံများဖြင့် ဖွဲ့စည်းထားသော စိတ်ဝိညာဉ်ရင်းမြစ်တစ်ခုကို ဆွဲထုတ် လေသည်။

“အား…”

ကူးလော နာကျင်စွာ အော်ဟစ်လိုက်မိသည်။ ထိုအရာကား သူ၏ မီးဓာတ် စိတ်ဝိညာဉ် ရင်းမြစ် ဖြစ်သည်။ သူသည် ဤအရာကြောင့်သာ ကြယ်လေးပွင့် မှော်ဆေးပညာရှင် ဖြစ်လာခြင်း ဖြစ်သည်။ ထိုအရာကို ယဲ့ဖန် ဆွဲထုတ်နိုင်လိမ့်မည်ဟု သူ ထင်မထားမိချေ။

“မင်း သွားလို့ရတယ်၊ မီးဓာတ်ကိုတော့ ထားခဲ့ရမယ်”

ယဲ့ဖန် ပြုံးနေသည်။ သို့သော် ကူးလော၏ စိတ်ထဲတွင် ထိုအပြုံးက မိစ္ဆာ၏ အပြုံးနှင့် ဆင်နေပြီး သူ့ကို အသေသတ်နေသည်ဟု ထင်မိနေ၏။

Chapter 812 ကောင်းကင်မီးလျှံမြွေဆိုး

ချင်းယန်မြို့၏ လမ်းမထက်တွင် လူသုံးယောက်က စိတ်ဓာတ်ကျဟန်ဖြင့် လမ်းလျှောက် နေကြသည်။ ထိုသူများသည် ကူးလောနှင့် အဘိုးအိုနှစ်ယောက်တို့ပင်။

ချင်းယန်မြို့မှ ဒေသခံများအားလုံးက သူတို့ကို နတ်ဘုရားများသဖွယ် ဆက်ဆံလိမ့်မည်ဟု သူတို့အားလုံး ယခင်က ထင်ထားခဲ့ကြသည်။

သို့သော် နာရီပိုင်းအတွင်းမှာပင် ကူးလောသည် မီးဓာတ် စိတ်ဝိညာဉ်ရင်းမြစ် ဆွဲထုတ်ခံ လိုက်ရသဖြင့် မျက်နှာက သွေးမရှိသကဲ့သို့ ဖြစ်နေသည်။ သူ့အား အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုနှစ်ယောက်က ဆွဲထူပြီး ချင်းရီ အဖွဲ့အစည်းအပြင်ဘက်သို့ ထွက်လာရသည်။

ကူးလော၏ မျက်လုံးတွင် အလွန်တရာ ဒေါသထွက်၍ မုန်းတီးဟန်များ ထင်ဟပ်နေသည်။

“ဒုက္ခိတကောင်၊ မင်းက ငါ့ကို ဒီလို အခြေအနေဆိုးအောင် လုပ်တဲ့ ပထမဆုံးသူပဲ”

“ပြီးတော့ မင်းက ငါ့ရဲ့ မီးဓာတ် စိတ်ဝိညာဉ်ရင်းမြစ်ကိုပါ ထုတ်ယူသွားသေးတယ်၊ မင်းက အားလုံးကို ဖျက်ဆီးပစ်တာ၊ ငါတို့ … သေတဲ့အထိ ရန်ငြှိုးကို မဖြေနိုင်ဘူး”

ကူးလော၏ မျက်လုံးများက အခဲမကျေစိတ်များကြောင့် မီးတောက်နေသည်။ ဤသည်ကို ကြည့်ပြီး ဘေးနားမှ အဘိုးအိုနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့် လိုက်ပြီးနောက် မေးလိုက်သည်။

“တမန်တော်၊ ကျုပ်တို့ အခု ဘာဆက်လုပ်ကြမှာလဲ”

“အခု အရှက်ခွဲခံရတာက ခင်ဗျား မီးလျှံမြို့တော်ကို ပြန်သွားရင်တောင်မှ မီးလျှံဘုရင်က ကျုပ်တို့ဘက် ရပ်တည်မှာ မဟုတ်ဘူး”

မီးလျှံဘုရင်၊ မြင့်မြတ်သော မီးလျှံမြို့တော်၏ မြို့တော်သခင်။ သူသည် အခြေအနေ အရပ်ရပ်ကို လေ့လာစမ်းစစ်မည် ဖြစ်သည်။ ထို့အပြင် ကူးလောက မောက်မာပြီး မာနကြီးတတ်သည်ကို သိထားသောကြောင့် မီးလျှံဘုရင်က အမှားအမှန်ကို သေချာ သိသွားပေမည်။ ထို့ကြောင့် ဘာမှမဟုတ်သော ကူးလောအတွက်နှင့် ချင်းယန်မြို့ကို သူ ဒေါသတကြီး ဖျက်ဆီးမည် မဟုတ်ပေ။

*ဘာလုပ်ရမလဲ*

ကူးလော မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။ မည်သို့ လက်တုံ့ပြန်ရမလဲ ဆိုသည်ကို သူလည်း မသိပေ။

“မြို့တော်သခင်စံအိမ်ကို ငါ အားကိုးလို့မရဘူးဆိုတော့ မီးလျှံမြို့တော်က မိသားစုတစ်ချို့ ဆီကနေပဲ အကျိုး အမြတ် ယူရမယ်ထင်တယ်”

ကူးလော စဉ်းစားနေချိန်တွင် ရုတ်တရက် ဘေးနားမှ မြို့ခံများက လုထျန်းဖုန်းအကြောင်း ပြောနေကြသည်ကို ကြားလိုက်ရသည်။

လုထျန်းဖုန်း ဟူသော နာမည်က ကူးလောကို မသိမသာ မှင်တက်သွားစေသည်။

“လုထျန်းဖုန်းဆိုတဲ့ နာမည်ကို ငါ ဘာလို့ ရင်းနှီးသလို ခံစားနေရတာလဲ”

ကူးလော တွေဝေသွားသည်။ ထိုအခါ‌ ဘေးနားမှ အနက်ရောင်ဝတ်စုံနှင့် အဘိုးအို တစ်ယောက်က အလျင်အမြန် ဝင်ပြောလေသည်။

“တမန်တော်၊ ချင်းယန်မြို့က လုထျန်းဖုန်းဆိုတာက မီးလျှံမြို့တော်က လုမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်က သားဖြစ်တဲ့ လုဖုန်းလေ”

“ဟိုးအရင် သူ ငယ်သေးတဲ့အချိန်တုန်းက ခဏလောက် ကျော်ကြားခဲ့သေးတယ်၊ နောက်တော့ သူက မျိုးနွယ် ဆက်ခံသူအဖြစ် လုချမ်ချိုးနဲ့ ယှဉ်ပြိုင်ရာမှ ရှုံးသွားတာပါ”

“အဲ့အချိန်ကစပြီး သူက ချင်းယန်မြို့ကို ရောက်လာတာပါ၊ လုမိသားစုနဲ့ သူ အဆက် အသွယ် မရှိတာ ဆယ်နှစ်ကျော်ပါပြီ”

လုဖုန်း။

ထိုနာမည်ကို ကြားပါမှ ကူးလော ချက်ချင်း သတိရသွားသည်။ မှန်ပေသည်။ လုဖုန်းက မီးလျှံမြို့ကို ကိုယ်စားပြုသူ ဖြစ်ခဲ့ဖူးသည်။ ငယ်ငယ်ကတည်းက ပါရမီပါလေသည်။ သူ အရွယ်ရောက်လာချိန်တွင် အများသူငှာနှင့် မကွာခြားတော့ဘဲ ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင်သာ ဖြစ်လာခဲ့သဖြင့် မီးလျှံမြို့တွင် လူရယ်စရာ ဖြစ်ခဲ့သည်။

ထို့နောက်တွင်မူ သူနှင့် လုမိသားတို့က ပြတ်သားစွာ ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး လုမိသားစု၏ အမည်ကို ထုတ်မပြောတော့ပေ။

“လုဖုန်းက လုထျန်းဖုန်းလို့ နာမည်ပြောင်းပြီး ချင်းယန်မြို့မှာ ပုန်းကွယ်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး”

ဤသို့ တွေးမိပြီးနောက် ကူးလောက ဘေးပတ်လည်မှ ချင်းယန်မြို့ ဒေသခံများ၏ စကားများကို သေချာ နားထောင်နေလိုက်သည်။

လုထျန်းဖုန်းက ယဲ့ဖန်အတွက် လက်စားချေလိုသော ချင်းယန်မြို့မှ သိုင်းပညာရှင်များ၏ တစ်စစီ ဆွဲဖြဲခြင်း ခံလိုက်ရသည်ကို ကြားပြီးနောက် သူ ဝမ်းသာသွားသည်။

“ရပြီ၊ အဲ့ကို သွားမယ်”

ဤသည်ကိုကြည့်ပြီး အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုနှစ်ယောက် မျက်မှောင်ကြုတ် သွားသည်။

“တမန်တော်၊ ခင်ဗျား လုမိသားစုကို ရန်ဆွပေးချင်တာလား”

“ဟုတ်တယ်”

အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုနှစ်ယောက်က ခေါင်းတွင်တွင်ခါကြလေသည်။

“မဖြစ်နိုင်ဘူး၊ လုဖုန်းနဲ့ လုမိသားစုက သူတို့ရဲ့ ဆက်ဆံရေးကို ဖြတ်တောက်ထားတာ ဆယ်စုနှစ်တစ်ခုစာ မကတော့ဘူး၊ မဟုတ်ရင် လုမိသားစု နောက်ခံနဲ့ဆို သူက ချင်းယန်လို့ မြို့လေးမှာ သေသွားမှာ မဟုတ်ဘူး”

“လုမိသားစုကို အသုံးချပြီး ချင်းယန်မြို့နဲ့ စစ်ဖြစ်စေချင်တယ်ဆိုရင် ပိုတောင် မဖြစ်နိုင်ဘူး”

အဘိုးအိုနှစ်ယောက်က ထိုသို့ဖြစ်လိမ့်မည်ဟု မထင်သဖြင့် မျှော်လင့်ချက် မထားကြပေ။ သူတို့၏ စကားကြောင့် ကူးလောက ခနဲ့ပြုံး ပြုံးလိုက်သည်။

“လုမိသားစုနဲ့ ချင်းယန်မြို့ကို ရန်တိုက်ပေးမှာ မဟုတ်ဘူး၊ လုမိသားစုနဲ့ ယဲ့ဖန်ကို ရန်တိုက်ပေးမှာ”

“ဘာပဲဖြစ်ဖြစ် လုဖုန်းက လုမိသားစုရဲ့ မျိုးဆက်ပဲလေ၊ အဲ့လိုလူက ယဲ့ဖန်ကြောင့် သေသွားခဲ့တာမလား၊ အဲ့တော့ မီးစာသာ နည်းနည်း ထပ်ဖြည့်ပေးလိုက်ရင် အဲ့ဒုက္ခိတ ကောင် သေဖို့ မခဲယဉ်းပါဘူး”

ထိုစကားကြောင့် အဘိုးအိုနှစ်ယောက်၏ မျက်လုံးများ ဝင်းလက်သွားသည်။ လုမိသားစုက ချင်းယန် တစ်မြို့လုံးနှင့် ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။ သို့သော် လုထျန်းဖုန်း၏ သေဆုံးမှုကို ယဲ့ဖန်အပေါ် အပြစ်ပုံချလိုက်ပါက …

ဤသည်ကို တွေးမိပြီးနောက် ကူးလောနှင့် အဘိုးအိုနှစ်ယောက်တို့ ပြုံးသွားကြသည်။

….

တစ်ချိန်တည်းမှာပင် ချင်းရီ အဖွဲ့အစည်းတွင်း၌ အံ့ဩတကြီး ပြောဆိုသံများ ဆက်တိုက် ထွက်ပေါ်နေ၏။

“လူကြီးမင်းယဲ့၊ ခင်ဗျား … ခင်ဗျား တကယ် မီးလျှံမြို့တော်ကို သွားဖို့ စဉ်းစားနေတာလား”

ချင်းလောင်က ယဲ့ဖန်ကို စိုးရိမ်တကြီး ကြည့်နေသည်။

“မဖြစ်နိုင်ဘူး”

ချင်းလောင်က နဖူးမှချွေးစေးများကို သုတ်၍ ယဲ့ဖန်ကို ဆက်ပြောလိုက်သည်။

“အခု ကျုပ်တို့ ချင်းယန်မြို့က ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲအတွက် အရည် အချင်း ပြည့်မီခွင့်ကို ဆုံးရှုံးသွားပြီ၊ ခင်ဗျား မီးလျှံမြို့တော်ကို သွားလျင်တောင်မှ ကောင်းကင်မီးလျှံပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရမှာ မဟုတ်ဘူး”

“ပြီးတော့ မီးလျှံမြို့တော်မှ လုမိသားစု ရှိနေတယ်”

လုမိသားစု၊ ထိုနာမည်ကို ကြားသည်နှင့် ဘေးနားမှ ချင်းယန်မြို့၏ သိုင်းပညာရှင်များ အားလုံး ငြိမ်ကျသွားသည်။ ထိုနာမည်သည် လူတိုင်းကို နင်းချေနိုင်သည့် အမည်နာမ တစ်ခု ဖြစ်သည်။ ထိုနာမည်ကို စဉ်းစားမိတိုင်း လူတိုင်း ကြက်သီးထ ကြသည်။

“လူကြီးမင်းယဲ့၊ ခင်ဗျား မသိလို့ပါ၊ လုထျန်းဖုန်းက မီးလျှံမြို့က လုမိသားစုရဲ့ စွန့်ပစ်ခံ ကလေးပဲ”

“အခု သူ သေသွားပြီဆိုတော့ ဒါကို လုမိသားစုလည်း သိမှာပဲ၊ လုမိသားစု လက်တုံ့မပြန်တဲ့ အကြောင်းရင်းက စွန့်ပစ်လိုက်တဲ့ ကလေးတစ်ယောက်အတွက်နဲ့ ချင်းယန်မြို့ကို တိုက်ခိုက်တာက ဉာဏ်မရှိတဲ့လုပ်ရပ်လို့ တွေးကြလို့ပဲ”

ချင်းလောင်က မချိပြုံးပြုံး၍ ယဲ့ဖန်ကို ဆက်ဖျောင်းဖျလေသည်။

“ဒါပေမဲ့ ခင်ဗျား မီးလျှံမြို့ကို ကိုယ်တိုင် သွားမယ်ဆိုရင် လုမိသားစုက ရန်စသလို ခံစားရ ပြီးတော့ ခင်ဗျားကို တိုက်ခိုက်လာလိမ့်မယ်”

ချင်းလောင်၏ စကားကို‌ ဘေးနားမှ လူများအားလုံး ခေါင်းတဆတ်ဆတ် ညိတ်၍ ထောက်ခံကြလေသည်။ ထျဲလောင်ကလည်း ထရပ်၍ ဝင်ပြောသည်။

“လူကြီးမင်း၊ ချင်းသခင်ကြီး ပြောတာ မှန်တာပါ၊ လုမိသားစုကို ရန်စလို့ မဖြစ်ပါဘူး”

“လုမိသားစုဘိုးဘေးက မီးလျှံဘိုးဘေးနဲ့ သိကျွမ်းပါတယ်၊ သူက မီးလျှံမြို့က အင်အား အကြီးဆုံးလူတွေထဲက တစ်ယောက်ပါ”

ထျဲလောင်က ထိုသို့ပြောပြီး အနည်းငယ် စိုးရိမ်နေဟန်ဖြင့် ဆက်ပြောလေ၏။

“ပြီးတော့ ကျုပ် သိသလောက်ဆို အခု လုမိသားစုမှာ မီးလျှံမြို့ရဲ့ နာမည်ကြီး ကြယ်ငါးပွင့် မှော်ဆေးပညာရှင် လုချမ်ချိုး ရှိနေပါတယ်၊ အဲ့လူက မီးလျှံဘိုးဘေးရဲ့ တပည့်ရင်း ဖြစ်လာနိုင်ချေ အရှိဆုံးပါ”

“တကယ်လို့ ခင်ဗျား ကောင်းကင်မီးလျှံတောင်တက် ပြိုင်ပွဲမှာ ဝင်ပါမယ်ဆိုရင် လုချမ်ချိုးနဲ့ပါ ထိပ်တိုက် တွေ့မှာပါ”

လုချမ်ချိုး၊ မီးလျှံမြို့၏ နာမည်အကြီးဆုံး မှော်ဆေးပညာရှင်။ အစပိုင်း၌ သူက လုထျန်းဖုန်း၌ ယှဉ်ပြိုင်ခဲ့ရ သော်လည်း လုမိသားစု၏ မျိုးနွယ် ဆက်ခံသူ ဖြစ်လာသည်။ သူသည် မဆုတ်မနစ် ကျင့်ကြံခဲ့ပြီးနောက် ကြယ်ငါးပွင့် မှော်ဆေးပညာရှင် ဖြစ်လာခဲ့သည်။

ထို့အပြင် လုချမ်ချိုးက မီးလျှံဘိုးဘေး၏ တပည့်ဖြစ်ရန် ကြိုးစားခဲ့ဖူးသည်။ ထိုအချိန်က သူသည် မီးလျှံဘိုးဘေး၏ စံအိမ်ရှေ့၌ ဆယ်ရက်ဆယ်ညတိတိ ဒူးထောက်၍ တပည့်အဖြစ် လက်ခံရန် တောင်းဆိုခဲ့ သော်လည်း မရခဲ့ပေ။

ယခု မီးလျှံဘိုးဘေးက တပည့်လက်ခံမည်ဟု ပွင့်လင်းစွာ ပြောလာသဖြင့် လုမိသားစုက တပည့်ဖြစ်ရန် အသည်းအသန် ကြိုးစားမှာ အသေအချာပင်။ သူတို့ကို တားဆီးသူတိုင်း သေရပေလိမ့်မည်။

လူတိုင်း ဆွေးနွေး ပြောဆိုနေကြသော်လည်း ယဲ့ဖန်က ဂရုမစိုက်ပေ။ သူက လက်ထဲမှ မီးဓာတ် စိတ်ဝိညာဉ် ရင်းမြစ်ကို ကိုင်၍ တောက်ပသော မျက်လုံးများဖြင့် ရေရွတ်လေသည်။

“ကူးလောရဲ့ စိတ်ဝိညာဉ်ရင်းမြစ်မှာ ထူးခြားတဲ့ မီးလျှံ အငွေ့အသက် ပါတာပဲ”

“အဲ့ဒါက ဘာလဲဆိုတာ မင်းတို့ သိလား”

*အငွေ့အသက်လား*

လူတိုင်း အံ့ဩတကြီး လှမ်းကြည့်လာသည်။ ထိုအခါ ထျဲလောင်က ရှင်းပြလေသည်။

“လူကြီးမင်းလေး မသိဘူးလား၊ မီးလျံမြို့က ကောင်းကင်မီးလျှံ တောင်မှာ တည်ဆောက် ထားတာလေ၊ ပြီးတော့ အဲ့တောင်မှာ ကြောက်စရာကောင်းတဲ့ လှေကားထစ် ရှစ်ဆယ့် တစ်ထစ် ရှိတယ်”

“တောင်ထိပ်ရောက်မှသာ ကောင်းကင်မီးလျှံမြွေဆိုးလို့ ခေါ်တဲ့ ကြောက်စရာကောင်းတဲ့ သတ္တဝါကို ဆင့်ခေါ် နိုင်မှာ”

“မြွေဆိုးရဲ့ မီးလျှံက မီးဓာတ်ရှိတဲ့ သိုင်းပညာရှင်အတွက် အားဆေးတစ်ခွက်ပဲ”

“အဲ့မီးလျှံကိုသာ အောင်အောင်မြင်မြင် အသုံးချနိုင်ရင် အဆင့်ခြောက် ဆေးလုံးကို သန့်စင်နိုင်မှာ”

ထို့နောက် ထျဲလောင်က မီးဓာတ် စိတ်ဝိညာဉ်ရင်းမြစ်ကို လက်ညှိုးထိုး၍ ပြောလာသည်။

“လူကြီးမင်း ပြောတဲ့ အငွေ့အသက်ဆိုတာက ကောင်းကင်မီးလျှံ မြွေဆိုးရဲ့ အငွေ့ အသက်ပဲ၊ မီးလျှံမြို့က ဘယ်မှော်ဆေးပညာရှင်မဆို ဒီအငွေ့အသက် ကိန်းအောင်း နေတာ”

*ကောင်းကင်မီးလျှံ မြွေဆိုးတဲ့လား*

ယဲ့ဖန် ဝမ်းသာသွားပြီး မျက်လုံးများ ဝင်းလက်လာသည်။

“အဲ့ဒါပဲ ဖြစ်မယ်”

သူ၏ငရဲမီးအတွက် မျှော်လင့်ချက် ရှိလာပြီဖြစ်ကြောင်း သူ သိလိုက်သည်။

“ဒါက မီးလျှံမြို့က မှော်ဆေးပညာရှင်တွေအတွက် အားဆေး ဖြစ်စေတာတဲ့လား”

Chapter 813 စိတ်ဝင်စားစရာကောင်းသော သားကောင်

ယန်ဝမ်ဟင်းလင်းပြင်၌ တစ်နေကုန် နေအလင်းရောင် မရရှိပေ။ ဤနေရာက ငရဲကဲ့သို့ နေလတို့၏ အလင်းရောင်များ တိုးမပေါက်ပေ။

မြူအတိ ဖုံးလွှမ်းသော တောင်တန်းပေါ်၌ ခမ်းနားသော ရှေးဟောင်းမြို့ကြီးတစ်မြို့ ရှိသည်။ ထိုမြို့သည်ကား မီးလျှံမြို့တော်ပင်။

လက်ရှိအချိန်၌ မီးလျှံမြို့အတွင်းရှိ စားသောက်ဆိုင်အတွင်း၌ လူနှစ်ယောက် ထိုင်နေကြသည်။ ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်သည် လူငယ် အမျိုးသားတစ်ဦး ဖြစ်လေသည်။ ယဲ့ဖန်သာ ဤနေရာ၌ ရှိနေပါက ထိုလူက မီးလျှံတမန်တော် ကူးလော ဖြစ်ကြောင်း သိပေလိမ့်မည်။

“လူကြီးမင်းလု၊ ကျုပ် ဒီတစ်ခေါက် ခင်ဗျားကို တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး”

ကူးလောက တစ်ဖက်လူအား တအံ့တဩဖြင့် ကြည့်ကာ ပြောလိုက်သည်။ ထိုလူငယ်သည် မီးလျှံမြို့၏ နာမည်ကျော် နံပါတ်တစ် မှော်ဆေးပညာရှင် လုချမ်ချိုး ဖြစ်လေသည်။ လုမိသားစု၏ မျိုးနွယ် ဆက်ခံသူ အလောင်းအလျာ ဖြစ်ပြီး ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲ၏ ကြယ်ပွင့်လည်း ဖြစ်ပေသည်။

ကူးလောသည် မီးလျှံမြို့သို့ ပြန်ရောက်ပြီးသည်နှင့် ယဲ့ဖန်နှင့် လုထျန်းဖုန်းတို့၏ ရန်ငြှိုးကို ချဲ့ကားပြောဆို လေသည်။ လုထျန်းဖုန်း၏ သေဆုံးမှုကို ပို၍အဖြစ်ဆိုးအောင် ပုံဖော် ပြောဆိုလိုက်သည်။

ကူးလောသည် လုမိသားစုအား ဒေါသထွက်အောင်လုပ်၍ လုမိသားစုကို အသုံးချပြီ သူ မုန်းတီးသော ယဲ့ဖန်ကို ပျက်စီးအောင် ကြံစည်ခဲ့သည်။ သို့သော် လုချမ်ချိုးက သူ့ထံ အရင်ရောက်လာလိမ့်မည်ဟု ကူးလော ထင်မထားမိပေ။

လုချမ်ချိုးသည် အလွန် ချောမောခံ့ညားပြီး ကြည်လင်သော ပုံပန်းသဏ္ဌာန် ရှိသည်။ သူ၏ အရေပြားက ချောမွတ်ပြီး မျက်လုံးများက ကြယ်တာရာကဲ့သို့ တောက်ပနေသည်။

သူ ရယ်လိုက်လျင် လူတော်တော်များများ ကြောက်လန့်ကာ ခေါင်းမွေးထောင်သလို ခံစားသွားရစေသည်။ အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ လူတိုင်းအား တစ်ချက်ကြည့်ရုံနှင့် ကြောက်လန့်သွားစေသည်။

ကူးလောကို လှမ်းကြည့်ပြီး လုချမ်ချိုးက နှုတ်ခမ်းကိုတွန့်ကွေး၍ ပြုံးလိုက်သည်။

“ဟိုအရင်တုန်းက လုဖုန်း အရည်အချင်းရှိခဲ့တုန်းကပေါ့၊ သူနဲ့ငါက မိသားစုရဲ့ ပထမနေရာ အတွက် ယှဉ်ပြိုင်ခဲ့ ကြတာပေါ့”

“သူနဲ့ မိသားစုက ဆက်ဆံရေး ဖြတ်တောက်လိုက်ပင်မယ့်လည်း သူက ငါ့အစ်ကို ဖြစ်နေ ဆဲပါ၊ ပြီးတော့ ငါတို့ မိသားစုဝင် ဖြစ်နေဆဲပဲ”

ထိုသို့ပြောပြီး လုချမ်ချိုးက ကိုင်ထားသော ဝိုင်ခွက်ကို မော့သောက်လိုက်သည်။

“ယဲ့ဖန်အကြောင်း ပြောရအောင်”

သူ့စကားကြောင့် ကူးလော မသိချင်ယောင်မဆောင်ရဲဘဲ ချက်ချင်း ပြောလိုက်သည်။

“လူကြီးမင်းလု၊ အဲ့ယဲ့ဖန်က ချင်းယန်မြို့မှာ လွန်ခဲ့တဲ့ တစ်လလောက်ကမှ ပေါ်လာတာလို့ ကျုပ် သိခဲ့ရပါတယ်”

“နောက်တော့ သူက အဆင့်သုံး အဆင့်မြင့်ဆေးလုံး ကျွီယန်တန့်ကို ဖော်စပ်ပြီးတော့ လုထျန်းဖုန်းကို လှည့်စား ခဲ့တာပါ၊ လုထျန်းဖုန်းက မကျေနပ်တော့ လက်စားချေချင်ခဲ့တာ၊ ဒါပေမဲ့ ယဲ့ဖန်ကြောင့်ပဲ သူ တစ်စစီ စုတ်ဖြဲခံ လိုက်ရတာပဲ”

သူ မီးစာကို လောင်စာ ထပ်ဖြည့်ပေးလိုက်လေသည်။ ယခုအချိန်၌ ကူးလောက အပြစ်ကင်းသယောင်ဆောင်၍ မုန်းတီးစိတ်ကြောင့် ယဲ့ဖန်ခေါင်းပေါ် အပြစ်တင် ပုံချ လိုက်သည်။

သူ့ပါးစပ်ထဲတွင် ယဲ့ဖန်သည် အလွန် ကောက်ကျစ်စဉ်းလဲသော မျိုးမစစ်ကောင် တစ်ယောက် ဖြစ်နေ၏။ ထိုအကြောင်းအရာအားလုံးကို လုချမ်လျိုးက အရေးမစိုက်ပေ။

“အဲ့ကောင်က တကယ်ပဲ အဆင့်သုံး အဆင့်မြင့်ဆေးလုံး ကျွီယန်တန့်ကို ဖော်စပ်ခဲ့ တာလား”

လုချမ်ချိုး သိချင်စိတ် များနေ၏။ အဆင့်သုံး အဆင့်မြင့်ဆေးလုံးကို ဖော်စပ်နိုင်ခြင်းက ယဲ့ဖန်သည် ကြယ်လေးပွင့် မှော်ဆေးပညာရှင် ဖြစ်ကြောင်း ဆိုလိုနေ၏။

ကြယ်လေးပွင့် မှော်ဆေးပညာရှင်က မီးလျှံမြို့တော်၌ အလွန်များသော်လည်း မြို့ငယ်လေး တစ်ခုတွင်တော့ အလွန် ရှားလေသည်။

“ဟုတ်ပါတယ်”

ကူးလောက ခေါင်းညိတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်၍ ပြောလေသည်။

“အဲ့ဒါတင် မကဘူး၊ အဲ့ကောင်ရဲ့ မီးဓာတ်က တော်တော်လေး အစွမ်းထက်ပါတယ်၊ သူက ကျုပ်ကိုယ်ထဲ မီးဓာတ် စိတ်ဝိညာဉ်ရင်းမြစ်ကိုတောင် ဆွဲထုတ်နိုင်တယ်”

“တကယ်ကို မုန်းဖို့ကောင်းတယ်”

ကူးလော၏ လေသံ၌ အလွန်အမင်း မကျေနပ်ဟန်များ ထင်ဟပ်နေ၏။ ထိုစကားကြောင့် လုချမ်ချိုး၏ မျက်လုံးက ပို၍ အရောင်တောက်လာသည်။

“စိတ်ဝင်စားစရာပဲ၊ တကယ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ သားကောင်ပဲ”

*သားကောင်*

လုချမ်ချိုးအတွက် ယဲ့ဖန်သည် ပြိုင်ဘက်ဟုပင် ခေါ်ဆိုထိုက်သူ မဟုတ်ဘဲ စိတ်ဝင်စားစရာ ကောင်းသော သားကောင် အဆင့်မျှသာ ရှိသူ ဖြစ်သည်။

နှစ်ယောက်သား စကားပြောနေစဉ်တွင် ခပ်သွက်သွက် လျှောက်လာသော ခြေသံတစ်သံ ထွက်ပေါ်လာ၏။ “လု” ဟူသော စကားလုံးကို ရေးထိုးထားသည့် ဝတ်စုံကို ဝတ်ဆင် ထားသော လူတစ်ယောက် ခပ်သွက်သွက် လျှောက်လာနေသည်။ သူက လုချမ်ချိုးကို အရိုအသေ ပေး၍ သတင်းပို့လေသည်။

“သခင်လေး၊ သခင်လေး မှာကြားတဲ့အတိုင်း ကျွန်တော်တို့ မြို့ဂိတ်တံခါးကို သွားစစ်ဆေး ခဲ့ပါတယ်”

“အခု စုံစမ်းလိုက်ပြီးတော့ ယဲ့ဖန်လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်နဲ့ လျှိုချင်းရီနဲ့ ထျဲလင်လို့ ခေါ်တဲ့ အမျိုးသမီး နှစ်ယောက်က မြို့ထဲ ဝင်သွားတယ်လို့ သိရပါတယ်”

ထိုစကားကြောင့် ကူးလော အကြီးအကျယ် မျက်နှာပျက်သွားသည်။ ထို့အပြင် သူ့အကြည့်က ဒေါသူပုန် ထနေသော သားရဲကောင်၏ အကြည့်ကဲ့သို့ ခက်ထန်ကာ မီးဝင်းဝင်း တောက်နေ၏။

“သောက်မျိုးမစစ်ကောင်၊ သူက ငါ့လို မီးလျှံတမန်တော်ကို စွန့်ပစ်ပြီးတာတောင်မှ မီးလျှံမြို့တော်ကို လာရဲတဲ့ သတ္တိရှိတယ်ပေါ့လေ”

“ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

ကူးလော ထိတ်လန့်၍ ဒေါသထွက်နေ၏။ ထို့နောက် သူက လုချမ်ချိုးအား လှမ်းကြည့်၍ စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“သခင်လေး၊ ဒီလူသတ်သမားက မီးလျှံမြို့ကို လာရဲမှတော့ ခင်ဗျားတို့ လုမိသားစုကို ရန်လာစတာနဲ့ အတူတူပဲဗျ”

“သခင်လေး ဒီက ထွက်ပြီး အဲ့မျိုးမစစ်ကောင်ကို သတ်ပြီးတော့ လုမိသားစုရဲ့ နာမည်ကို အဖတ်ဆယ်မယ်လို့ မျှော်လင့်ပါတယ်”

ကူးလော၏ စိတ်အားထက်သန်နေသော အမူအရာကိုကြည့်ပြီး လုချမ်ချိုးက အသာပြုံး၍ လက်ကာပြ လေသည်။

“မိတ်ဆွေကြီး မလောပါနဲ့”

“မီးလျှံမြို့တော်က အရမ်း စည်းကမ်းတင်းကျပ်ခဲ့တာပဲလေ၊ မြို့ထဲမှာ လူသတ်တဲ့ ဘယ်သူမဆို မြို့တော်သခင် စံအိမ်ရဲ့ အပြစ်ပေးတာကို ခံရလိမ့်မယ်”

“ကျုပ်သဘောကတော့ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ သားကောင်ကို သတ်လိုက်တာက နှမြောစရာပဲ၊ သားကောင်ကို ကစားတာက ပိုကောင်းတယ်လို့ ထင်တယ်”

*ကစားမယ်*

ကူးလော အံ့ဩသွားပြီး လုချမ်ချိုးကို တွေဝေဟန်ဖြင့် ကြည့်လိုက်မိသည်။ လုချမ်ချိုးက ယုံကြည်မှုရှိသော မျက်နှာထားဖြင့် ဝိုင်တစ်ငုံမျှ ထပ်သောက်၍ ပြုံးလိုက်သည်။

“ယဲ့ဖန်၊ အဲ့ကောင်က မီးလျှံမြို့ကို လာရဲမှတော့ ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲမှာ ဝင်ပါမယ့် နည်းလမ်းကို ရှာထားပြီးသား ဖြစ်လိမ့်မယ်”

*ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲလား*

ကူးလော မျက်မှောင်ကြုတ်သွားသည်။ ချင်းယန်မြို့၏ ခွဲတမ်းပမာဏကို သူ ဖယ်ရှားပြီး သား ဖြစ်သောကြောင့် ယဲ့ဖန် မည်သို့ ဝင်ပြိုင်မလဲ သူ စဉ်းစားမရပေ။ ကူးလော၏ အမူအရာကို ကြည့်ပြီး လုချမ်ချိုးက အသာ ပြုံးလိုက်သည်။

“မိတ်ဆွေကြီး၊ ခင်ဗျားက သူ့ရဲ့ ဝေစုပမာဏကို ဖယ်လိုက်ရင်တောင်မှ သူက တစ်ခြားမြို့တွေက အဖွဲ့နဲ့ ပေါင်းတာ ဒါမှမဟုတ် မှောင်ခိုဈေးကွက်နေ ပိုမြင့်တဲ့ဟာကို ဝယ်လိုက်လို့ ရနေတာပဲလေ”

*ဟုတ်သားပဲ*

ထိုစကားကြောင့် ကူးလော ရင်လေးသွားသည်။ အကယ်၍ ယဲ့ဖန်က တစ်ခြား မြို့ငယ်များနှင့် ပူးပေါင်းလိုက်ပါက သို့မဟုတ် မှောင်ခိုဈေးကွက်မှ တန်ဖိုးပိုမြင့်သော အရာကို ဝယ်လိုက်ပါက ယဲ့ဖန်ကို သူ မတားနိုင်ပေ။

ဤသည်ကို တွေးမိပြီး ကူးလောက လုချမ်ချိုးကို လှမ်းကြည့်လိုက်သည်။

“လုကြီးမင်းလုက ဘာလုပ်ချင်တာပါလဲ”

“ဟမ့် … ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲမှာ ဝင်ပါချင်မှတော့ ကိုယ့်ခန္ဓာကိုယ်ကို ကောင်းကင်မီးလျှံနဲ့ သန့်စင်မှဖြစ်မှာ၊ အဲ့ဒါမှ ကောင်းကင်မီးလျှံ ပြိုင်ပွဲအတွက် ပြင်ဆင် နိုင်မှာလေ”

“မီးလျှံမြို့တော်က တန်ဖိုးကြီး တည်းခိုခန်းတိုင်းမှာ ကောင်းကင်မီးလျှံ မီးပြင်းဖို ရှိတယ်၊ ဒါပေမဲ့ တည်းခိုခန်းတိုင်းကို ဒီလူကို လက်မခံရဘူးလို့ ငါ မှာထားပြီးသား”

ထိုစကားကြောင့် ကူးလော၏ မျက်လုံးက တောက်ပသွားပြီး ဝမ်းသာ၍ စိတ်လှုပ်ရှား လာသည်။

“ဟုတ်တယ်၊ ကောင်းကင်မီးလျှံ မီးပြင်းဖို ရှိတဲ့ တည်းခိုခန်းတိုင်းက သူ့ကို လက်မခံဘူး ဆိုရင် သူက စွန့်ပစ်ခံ တည်းခိုခန်းကိုပဲ သွားရတော့မှာ”

“မီးလျှံမြို့တော်က စွန့်ပစ်ခံ တည်းခိုခန်းတိုင်းက ကောင်းကင်မီးလျှံ မီးပြင်းဖိုတွေက မီးကုန်သွားတာ ကြာလှပြီ၊ သူသာ ကောင်းကင်မီးလျှံနဲ့ မသန့်စင်နိုင်ရင် ပြိုင်ပွဲအတွက် သေချာ ပြင်ဆင်နိုင်မှာ မဟုတ်ဘူး။ အဲ့လိုဆိုရင် ကောင်းကင်မီးလျှံတောင်ပေါ် တက်လိုက် တာနဲ့ လှေကားထစ်က မီးလျှံကြောင့် မီးလောင်ပြီး ပြာဖြစ်သွားမှာပဲ”

“အံ့ဩစရာပဲ၊ အံ့ဩစရာ ကောင်းလှပါတယ် သခင်လေး”

ထိုအခါ ကူးလောက လုချမ်ချိုးကို လေးစားသော အကြည့်များဖြင့် ကြည့်လာသည်။

“လူကြီးမင်းလု၊ ဒီအကြံက ကိုယ့်ဆီက လူတစ်ယောက်တောင် မကုန်ဘဲ ရန်သူကို အမှုန့်ဖြစ်တဲ့အထိ ရှင်းပစ်နိုင်တဲ့ နည်းပါပဲ၊ တကယ်ကို အံ့ဩစရာ ကောင်းပါပေတယ်”

ကောင်းကင်မီးလျှံ တောင်တက်ပြိုင်ပွဲအတွက် ယှဉ်ပြိုင်တက်လှမ်းရန် လှေကားထစ် ရှစ်ဆယ့်တစ်ထစ် ရှိသည်။ လှေကားထစ် တစ်ထစ်ခြင်း၌ ကြောက်စရာကောင်းသော ကောင်းကင်မီးလျှံများ ရှိလေသည်။

သာမန်မှော်ဆေးပညာရှင်အနေဖြင့် ကောင်းကင်မီးလျှံဖြင့် မသန့်စင်ထားပါက လှေကား ထစ်ပေါ် ခြေချ လိုက်သည်နှင့် မီးလောင် ပြာကျသွားပေမည်။ ထို့ကြောင့်ပင် မီးလျှံ မြို့တော်၏ တည်းခိုခန်းတိုင်း၌ ကောင်းကင် မီးလျှံရှိသော မီးပြင်းဖိုများဖြင့် ပြည့်နေခြင်း ဖြစ်လေသည်။

ကူးလော၏ ချီးကျူးစကားကို နားထောင်ပြီး လုချမ်ချိုးက အားပါးတရ ပြုံး၍ တောက်ပသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။

“ကြည့်ကြသေးတာပေါ့၊ စိတ်ဝင်စားစရာကောင်းတဲ့ သားကောင်နဲ့ ကြုံရတာ ပျော်ဖို့ ကောင်းတယ်၊ အဲ့သားကောင်က ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့ပေါ့လေ”

All Chapters