← Chapters

ဝိညာဉ်လောကသို့ ခိုးဝင်ခြင်း၊ ကမ္ဘာသုံးခု ပေါင်းစပ်ခြင်း၊ အင်မော်တယ်၏ ရုပ်အလောင်းနှင့် လွန်ခဲ့သော နှစ်တစ်သန်းက ကျင့်ကြံခြင်းလောက(၂)။

Vol. 54 Ch. 585

ဝိညာဉ်လောကသို့ ခိုးဝင်ခြင်း၊ ကမ္ဘာသုံးခု ပေါင်းစပ်ခြင်း၊ အင်မော်တယ်၏ ရုပ်အလောင်းနှင့် လွန်ခဲ့သော နှစ်တစ်သန်းက ကျင့်ကြံခြင်းလောက(၂)။

Vol. 54 Ch. 585

ဝှစ်…။

အချိန်သိပ်မကြာလိုက်ဘဲ ချိုးရူယွီသည် ကျိုးစွေ့အား ဟယ်ဟွမ်တောင်ထွတ်ရှိ နန်းတော်တစ်ခုဆီသို့ ခေါ်ဆောင်သွားလေသည်။

ဟယ်ဟွမ်းဂိုဏ်းမှ ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူ အများအပြားမှာလည်း ဤနေရာတွင် စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။

အဆင့်နိမ့်တပည့်များမှာ အစောပိုင်းက ဘာဖြစ်သွားမှန်း မသိကြသော်လည်း ဤဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူများကမူ သေချာပေါက် သိရှိထားကြပေသည်။

ထို့ကြောင့် လူတိုင်းသည် အလွန်တရာ စိုးရိမ်တကြီးဖြင့် ချိုးရူယွီကို ကြည့်နေကြ၏။

"ဂိုဏ်းချုပ်... နတ်ဆိုးချုပ်တောင်ကြားရဲ့ ကိစ္စက ဘယ်လိုနေလဲ... အထဲက နတ်ဆိုး လွတ်သွားသေးလား..."

ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးက မနေနိုင်ဘဲ ဖွင့်ဟမေးလိုက်ပေသည်။

"စိတ်မပူပါနဲ့... နတ်ဆိုးချုပ်တောင်ကြားရဲ့ ကိစ္စကို အပြီးတိုင် ဖြေရှင်းလိုက်ပြီ..."

"အထဲက ခြင်္သေ့စိမ်းနတ်ဆိုးကို ငါကိုယ်တိုင် သတ်ဖြတ်လိုက်ပြီ..."

"အခုချိန်ကစပြီး နတ်ဆိုးချုပ်တောင်ကြားဆိုတာ လုံးဝ ပျောက်ကွယ်သွားပြီ... ငါတို့ ဟယ်ဟွမ်းဂိုဏ်းကလည်း နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးရဲ့ တိုက်ခိုက်မှုကို စိုးရိမ်စရာ မလိုတော့ဘူး..."

ချိုးရူယွီက ခပ်ဖွဖွ ပပြုံလိုက်လေသည်။

"ဝမ်းသာစရာပဲ..."

ဤစကားကို ကြားသောအခါ ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူ အများအပြားမှာ အလွန်တရာ ဝမ်းသာသွားကြသည်။

အမှန်အတိုင်းဆိုရလျှင် သူတို့သည် ကြိုတင်၍ ခံစားမိနေပြီးသား ဖြစ်သည်။ အကယ်၍ ပြဿနာတစ်ခုခု အမှန်တကယ် ဖြစ်ခဲ့မည်ဆိုပါက ဂိုဏ်းချုပ်သည်လည်း ပြန်လာနိုင်မည် မဟုတ်ချေ။

ဟယ်ဟွမ်းဂိုဏ်းပင်လျှင် ဘေးဒုက္ခနှင့် ကြုံတွေ့ရနိုင်ပေသည်။

သို့သော် ယခုမူ ဂိုဏ်းချုပ်သည် ထိခိုက်မှုမရှိ ပြန်လာခဲ့ရာ ကိစ္စရပ်များအားလုံး ပြီးပြည့်စုံစွာ ဖြေရှင်းပြီးသွားပြီဆိုသည်မှာ ထင်ရှားလှ၏။

သို့သော်လည်း မိမိတို့၏ ဂိုဏ်းချုပ်က နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကို သတ်ဖြတ်နိုင်လိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

ယင်းမှာ အမှန်တကယ်ပင် ယုံကြည်နိုင်စရာ မရှိပေ။

ခေတ်အဆက်ဆက် ဟယ်ဟွမ်းဂိုဏ်း၏ ဂိုဏ်းချုပ်တိုင်းသည် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကို ဖြေရှင်းချင်ခဲ့ကြသော်လည်း မည်သည့်နည်းလမ်းမှ မရှိခဲ့ကြောင်း သိထားရမည် ဖြစ်သည်။

ယခုမူ ဂိုဏ်းချုပ်က ဖြေရှင်းနိုင်ခဲ့ခြင်းမှာ ယုံကြည်ရန်ပင် ခက်ခဲလှပေသည်။

"ဂိုဏ်းချုပ်... ဒီတာအိုရောင်းရင်းက ဘယ်သူများလဲ..."

ထိုအချိန်တွင် ဟယ်ဟွမ်းဂိုဏ်းမှ ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူ အများအပြားကလည်း ကျိုးစွေ့ကို သတိထားမိသွားကြသည်။

သူတို့အားလုံး မျက်လုံးများ ပြူးကျယ်သွားကြရ၏။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်သည် သူစိမ်းအမျိုးသားတစ်ဦးအပေါ် ဤမျှ ရင်းနှီးကျွမ်းဝင်နေသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းကြောင့် ဖြစ်ပေသည်။

သူတို့နှစ်ဦးကို ကြည့်ရသည်မှာ ချစ်သူရည်းစားများကဲ့သို့ပင် ဖြစ်နေချေသည်။

ဤသည်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကို သတ်ဖြတ်လိုက်ခြင်းထက်ပင် ပို၍ ယုံကြည်နိုင်စရာ မရှိပေ။

လူတိုင်း၏ ရင်ထဲတွင် အတင်းအဖျင်း သတင်းများ ထွက်ပေါ်လာပြီး သူတို့နှစ်ဦး၏ ဆက်ဆံရေးက မည်သို့ဖြစ်မည်ကို သိချင်နေကြတော့သည်။

"ဪ... ဒီလူက ငါ အခုလေးတင် သိကျွမ်းခဲ့တဲ့ တာအိုရောင်းရင်းတစ်ယောက်ပါ..."

"သူက ရွှမ်ဟွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျိုးစွေ့တဲ့... ငါ့ကိုလည်း အများကြီး ကူညီပေးခဲ့တယ်..."

"ဒါကြောင့် ဟယ်ဟွမ်းဂိုဏ်းထဲကို ဖိတ်ခေါ်ပြီး ကောင်းကောင်းမွန်မွန် ဧည့်ခံဖို့ ခေါ်လာခဲ့တာ..."

ချိုးရူယွီက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေ၏။

"တာအိုရောင်းရင်းကျိုး ဖြစ်နေတာကိုး..."

ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူများ၏ လှပသော မျက်လုံးများ တောက်ပသွားပြီး ကျိုးစွေ့ကို အထက်အောက် အကဲခတ်ကြည့်လိုက်ကြသည်။

သူတို့ရှေ့ရှိ ဤအမျိုးသားအား ပန်းတစ်ပွင့်ကဲ့သို့ သေချာစွာ လေ့လာကြည့်ချင်နေကြပုံရလေသည်။

ဤမျှ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားတစ်ဦးက ဂိုဏ်းချုပ်၏ မျက်နှာသာပေးမှုကို ရရှိခဲ့ခြင်းမှာ ကမ္ဘာဦးအစကတည်းက ပထမဆုံးအကြိမ်ပင် ဖြစ်ပေသည်။

ဂိုဏ်းချုပ်၏ အပြင်ဘက်တွင် လျှို့ဝှက်ထားသော ချစ်သူများ ဖြစ်နေမည်လော။

သို့သော်လည်း နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တစ်ဦးနှင့် ဂိုဏ်းတစ်ခု၏ အကြီးအကဲတစ်ဦးအနေဖြင့် အမျိုးသားတစ်ဦးကို လိုချင်ပါက စကားတစ်ခွန်းတည်းဖြင့် ရနိုင်သည် မဟုတ်ပါလော။

မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်ချေ။

မည်သူကမျှလည်း ဆန့်ကျင်ရဲမည် မဟုတ်ပေ။

သိကျွမ်းသည်မှာ မကြာသေးသော အမျိုးသားဖြစ်၍ ယနေ့မှ ပွဲထုတ်လာခြင်း ဖြစ်မည်လော။

ခဏချင်းပင် ဤအမျိုးသမီးကျင့်ကြံသူများသည် စိတ်ကူးများ ယဉ်လိုက်ကြပြီး ကျိုးစွေ့ကို ဂိုဏ်းချုပ် ရှာဖွေထားသော ကစားစရာလေးအဖြစ် သတ်မှတ်လိုက်ကြလေ၏။

"ကဲပါ... ဒီနေ့ နင်တို့ အရင်ထွက်သွားကြတော့..."

"ငါ တာအိုရောင်းရင်းကျိုးနဲ့ စကားပြောစရာ ရှိသေးတယ်..."

ချိုးရူယွီက ချက်ချင်းပင် ဧည့်သည်များကို ပြန်လွှတ်လိုက်ပေသည်။

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်..."

ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများမှာ မည်မျှပင် အတင်းအဖျင်း ပြောချင်နေသည်ဖြစ်စေ၊ ဂိုဏ်းချုပ်ကိုမူ ထိပ်တိုက် မဆန့်ကျင်ရဲကြသဖြင့် အားလုံးမှာ အမြန်င် ထွက်ခွာသွားကြတော့သည်။

များစွာမကြာလိုက်ဘဲ ချိုးရူယွီသည် ကျိုးစွေ့အား တိတ်ဆိတ်သော အခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားလေ၏။

"တာအိုရောင်းရင်းကျိုး... ကျွန်မ အရမ်း သိချင်နေတာ တစ်ခုရှိတယ်..."

"ရှင်က ဘယ်လိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားလို့ မိစ္ဆာနတ်ဆိုးတွေကို ဖိနှိပ်နိုင်ရတာလဲ..."

"ဒါက သာမန် နည်းလမ်းမျိုးတော့ မဟုတ်ဘူး..."

ချိုးရူယွီက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာနတ်ဆိုးများကို ဖိနှိပ်နိုင်သော နည်းလမ်းဆိုသည်မှာ အလွန် ရှားပါးလွန်းသောကြောင့် ဖြစ်ပေသည်။

"ဪ... ဖုံးကွယ်ထားစရာလည်း ဘာမှ မရှိပါဘူး..."

"ဒါက ကျွန်တော့် ရွှမ်ဟွမ်ဂိုဏ်းရဲ့ လက်ဆင့်ကမ်းပညာရပ်ဖြစ်တဲ့ ဓာတ်ကြီးငါးပါး မိုးကြိုးပညာရပ်ပါ... မိုးကြိုးစွမ်းရည်တစ်ခုပေါ့..."

"ဒီမိုးကြိုးစွမ်းရည်ကို တတ်မြောက်ထားရင် ကပ်ဘေးမိုးကြိုးစွမ်းအားကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေး ရှိတယ်..."

"ကျွန်တော်လည်း ကံကောင်းထောက်မစွာနဲ့ ကပ်ဘေးမိုးကြိုးစွမ်းအားကို ပိုင်ဆိုင်ထားလို့ မိစ္ဆာနတ်ဆိုးတွေကို ဖိနှိပ်နိုင်တာပါ..."

ကျိုးစွေ့က ခပ်ဖွဖွ ပြုံးလိုက်ပြီး အမှန်တစ်ဝက်၊ အမှားတစ်ဝက်ဖြင့် ပြောပြလိုက်သည်။

"ဒီလိုကိုး... ကြည့်ရတာ တာအိုရောင်းရင်းကျိုးက ကံကြမ္မာအရ ပေါ်ပေါက်လာတဲ့သူ ဖြစ်မယ်..."

"ဘာဖြစ်လို့လဲဆိုတော့ ရှေ့ဆက်ပြီး ကျင့်ကြံခြင်းလောကမှာ ပြဿနာတွေ အများကြီး ကြုံရတော့မှာလေ..."

"နည်းနည်းလေး သတိလက်လွတ်ဖြစ်သွားတာနဲ့ တစ်လောကလုံး ပျက်စီးသွားနိုင်တယ်..."

ချိုးရူယွီက သက်ပြင်းချကာ ပြောလိုက်၏။

"အိုး... ဘာလို့ အဲ့ဒီလို ပြောရတာလဲ..."

"မိစ္ဆာသားရဲတွေ အကြီးအကျယ် ကျူးကျော်လာရင်တောင် လူသားတွေရဲ့ ကျင့်ကြံခြင်းလောကကို သိမ်းပိုက်နိုင်ဖို့ မသေချာဘူး မဟုတ်လား..."

ကျိုးစွေ့၏ မျက်လုံးများ တောက်ပသွားသည်။

"အကယ်၍ မိစ္ဆာသားရဲတွေလောက်ပဲဆိုရင် လူသားတွေ အရေးနိမ့်နေရင်တောင် မျိုးတုံးပျောက်ကွယ်သွားမယ့် အန္တရာယ်မျိုးတော့ မရှိနိုင်ဘူး..."

"ပြဿနာက ရှေးဟောင်းနတ်ဆိုးကမ္ဘာက ပြန်လည်ရောက်ရှိလာပြီး ရှေးဟောင်းခေတ်က ဖြစ်ခဲ့တဲ့ကိစ္စတွေ ပြန်ဖြစ်လာနိုင်တာပဲ..."

"စောစောက ခြင်္သေ့စိမ်းနတ်ဆိုး ပြောခဲ့တဲ့ စကားတွေကို ရှင်လည်း ကြားခဲ့တယ် မဟုတ်လား... ဒါက သူ ခြောက်လှန့်နေတာ မဟုတ်ဘူး... အမှန်တရားပဲ..."

"ဒါကြောင့် နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင် အတော်များများက မျှော်လင့်ချက်မဲ့နေကြပြီ... သူတို့အားလုံး ဝိညာဉ်လောကကို တက်လှမ်းနိုင်မယ့် အခွင့်အရေးကို ရှာဖွေနေကြတယ်..."

"ဒီရွှံ့နွံထဲကနေ လွတ်မြောက်ချင်နေကြတာလေ..."

ချိုးရူယွီက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

အရှေ့ဘက်ကုန်းမြေတိုက်ကြီးရှိ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင် အတော်များများမှာ အဆုံးထိတိုင်အောင် ခုခံရန် အစီအစဉ်မရှိဘဲ တိုက်ရိုက် ထွက်ပြေး၍ ဝိညာဉ်လောကသို့ တက်လှမ်းရန် ရည်ရွယ်ထားကြသည်ဟူသော လောကကို တုန်လှုပ်စေနိုင်သည့် သတင်းတစ်ရပ်ကို သူမက ဖွင့်ဟလိုက်ခြင်း ဖြစ်ပေသည်။

"ကျင့်ကြံခြင်းလောကနဲ့ ရှေးဟောင်းနတ်ဆိုးကမ္ဘာကလည်း ကမ္ဘာနှစ်ခု ပေါင်းစပ်သွားမယ့် အခြေအနေမျိုး ဖြစ်လာနိုင်တာလား..."

"ရှေးဟောင်းခေတ်က ကမ္ဘာသုံးခု ပေါင်းစပ်ခဲ့တာမျိုး ပြန်ဖြစ်လာမှာလား..."

ကျိုးစွေ့က မျက်လုံးများကို ‌မှေး‌‌ကျဉ်းလိုက်သည်။

သူ၏ ရင်ထဲတွင်လည်း ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ချိုးရူယွီထံမှ ဤမျှ အရေးကြီးသော သတင်းကို ရရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

အကယ်၍ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ နတ်ဆိုးများ ထပ်မံ ရောက်ရှိလာမည်ဆိုပါက၊ ယခုလက်ရှိ ကျင့်ကြံခြင်းလောက၏ စွမ်းအားဖြင့် သူတို့ကို ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။

ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်များ ထွက်ပြေးချင်နေကြသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။

အဘယ်ကြောင့်ဆိုသော် သူတို့ မထွက်ပြေးလျှင်လည်း ထိုနတ်ဆိုးများကို အနိုင်ရရန် ရာခိုင်နှုန်းမှာ အလွန်နည်းပါးသောကြောင့် ဖြစ်သည်။

အမှန်အတိုင်းဆိုရလျှင် ဤသတင်းအချက်အလက်များကို ကြားပြီးနောက် သူကိုယ်တိုင်ပင် ထွက်ပြေးချင်စိတ် ပေါက်သွားရသည်။

"ဟုတ်တယ်..."

"တကယ်တော့ အစကတည်းက ကျင့်ကြံခြင်းလောက၊ ရှေးဟောင်းမိစ္ဆာကမ္ဘာနဲ့ ရှေးဟောင်းနတ်ဆိုးကမ္ဘာတို့က အရမ်းကို နီးကပ်နေကြတာ..."

"အချိန်ကာလတစ်ခု ကြာတိုင်း ကမ္ဘာသုံးခုက တစ်ကြိမ် ပေါင်းစပ်သွားတတ်တယ်..."

"လွန်ခဲ့တဲ့ ကျင့်ကြံခြင်းလောကရဲ့ နှစ်တစ်သန်း သမိုင်းကြောင်းမှာ ဒီလိုမျိုးကိစ္စက သုံးကြိမ်တောင် ဖြစ်ခဲ့ဖူးတယ်..."

"အခုဆိုရင် စတုတ္ထအကြိမ်မြောက် ဖြစ်လာတော့မယ်လို့ ပြောလို့ရတယ်..."

ချိုးရူယွီက မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်သည်။

သမိုင်းတွင် အလားတူကိစ္စရပ်များ ဖြစ်ပွားခဲ့ဖူးသောကြောင့်သာ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်များက ဤကိစ္စမှာ မလွဲမသွေ ဖြစ်လာမည်ဟု အတိအကျ ပြောရဲခြင်း ဖြစ်ပေသည်။

အနှေးနှင့်အမြန်ဆိုသည့် အချိန်ကာလတစ်ခုသာ ဖြစ်ပေသည်။

"အကယ်၍ ကမ္ဘာသုံးခု ပေါင်းစပ်သွားမယ်ဆိုရင် ဘာလို့ အဲ့ဒီနတ်ဆိုးတွေက ရှေးဟောင်းမိစ္ဆာကမ္ဘာကို မကျူးကျော်ဘဲ ငါတို့ ကျင့်ကြံခြင်းလောကကိုပဲ ကျူးကျော်လာကြတာလဲ..."

ကျိုးစွေ့တစ်ယောက် အလွန်ပင် ဇဝေဇဝါ ဖြစ်နေမိတော့သည်။

အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းခေတ်က နတ်ဆိုးများ၏ အဓိကတိုက်ခိုက်ရာ နေရာမှာ ကျင့်ကြံခြင်းလောကဖြစ်ပြီး ရှေးဟောင်းမိစ္ဆာကမ္ဘာကို တိုက်ခိုက်ခြင်း မရှိသောကြောင့် ဖြစ်သည်။

ဤအချက်မှာ အလွန် ထူးဆန်းလှပေသည်။

ကျင့်ကြံခြင်းလောကတွင် သူတို့ကို ဆွဲဆောင်နိုင်သည့် အရာတစ်ခုခု ရှိနေမည်ကို သူ အလိုလို သိမြင်နေမိသည်။

ထို့သို့မဟုတ်ပါက သူတို့မှာ ဤသို့ ရွေးချယ်မည် မဟုတ်ချေ။

"ဒါကတော့..."

"ရှေးဟောင်း လျှို့ဝှက်မှတ်တမ်းတွေအရဆိုရင် အဲ့ဒီနတ်ဆိုးတွေက အင်မော်တယ်တစ်ပါးရဲ့ ရုပ်အလောင်းကို ရှာချင်နေကြတာတဲ့..."

"လွန်ခဲ့တဲ့ နှစ်တစ်သန်းလောက်က ငါတို့ရဲ့ ကျင့်ကြံခြင်းလောကဟာ သာမန်ကမ္ဘာတစ်ခုသာ ဖြစ်ပြီးတော့ ကျင့်ကြံသူတွေ မရှိသေးဘူးလို့ ဆိုတယ်..."

"အခြေခံအားဖြင့် အားလုံးက သာမန်လူတွေချည်းပဲ..."

"ဒါပေမဲ့ တစ်နေ့ကျတော့ ရုတ်တရက် အင်မော်တယ်တစ်ပါးက ကောင်းကင်ကနေ ကျဆင်းလာပြီး ငါတို့ကမ္ဘာထဲကို ရောက်လာခဲ့တယ်..."

"အကျိုးဆက်အနေနဲ့ ဒီအင်မော်တယ်က ဒီကမ္ဘာကြီးဆီကို အင်မော်တယ်ပညာရပ်တွေ ယူဆောင်လာပေးခဲ့ပြီး ကျင့်ကြံသူ အများအပြားကို ပေါ်ပေါက်လာစေခဲ့တယ်…”

"အခု ဒီကမ္ဘာပေါ်မှာရှိတဲ့ အင်မော်တယ်ပညာရပ်တွေ အားလုံးက အဲ့ဒီအင်မော်တယ်ဆီကနေ လာတာလို့ ဆိုကြတယ်..."

"ဝမ်းနည်းစရာကတော့ အဲ့ဒီအင်မော်တယ်က ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားပုံပေါ်ပြီး သေဆုံးသွားခဲ့ရတယ်..."

ချိုးရူယွီက နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်များသာ သိရှိသော လျှို့ဝှက်ချက်တစ်ခုကို လေးနက်သော လေသံဖြင့် ပြောပြလိုက်သည်။

‌ဤသည်မှာ လွန်ခဲ့သော နှစ်တစ်သန်းခန့်က ကျင့်ကြံခြင်းလောကသို့ အင်မော်တယ်တစ်ပါး ကျဆင်းလာခဲ့ပြီး ဤကမ္ဘာ၏ ကျင့်ကြံခြင်းသမိုင်းကြောင်းကို စတင်ပေးခဲ့ခြင်း ဖြစ်ပေသည်။

ထိုအချိန်မှစ၍ ကျင့်ကြံသူများသည် နွေဦးပေါက်ရာသီတွင် ပေါက်လာသော မျှစ်စို့များကဲ့သို့ အဆက်မပြတ် ပေါ်ထွက်လာကြပြီး ကျင့်ကြံခြင်းခေတ်သစ်ကို စတင်နိုင်ခဲ့သည်။

All Chapters