← Chapters

စူးချင်နင်၏ မိဘများ

Vol. 12 Ch. 111

စူးချင်နင်၏ မိဘများ

Vol. 12 Ch. 111

ကျင်းလင်မြို့၊ ရန်ဟဲပုဂ္ဂလိကဆေးရုံ၏ အထူးလူနာဆောင်။

​ညနေ ၇ နာရီခန့်ကပင် လင်းဖန်နှင့် စူးချင်းနင်တို့သည် ကျင်းလင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြသည်။ ၎င်းတို့သည် အစာပင်မစားရသေးဘဲ ဆေးရုံသို့ တန်းလာခဲ့ကြခြင်း ဖြစ်သည်။

​"နန်နန်... သူက ဘယ်သူလဲ"

​စူးချင်းနင်၏ မိဘနှစ်ပါးသည် ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသည့် ရုပ်ချောချောလူငယ်လေးကို ကြည့်ကာ ဝေခွဲမရဖြစ်နေကြသည်။ နှစ်ပေါင်းများစွာအတွင်း သမီးဖြစ်သူက လူငယ်တစ်ယောက်ကို အိမ်သို့မဟုတ် ဆေးရုံအထိ ခေါ်လာသည်မှာ ယခု ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

​"အဖေ၊ အမေ... သူက လင်းဖန်လေ၊ အဖေတို့ အမေတို့ကို ဒီမှာနေဖို့ စီစဉ်ပေးတဲ့သူပေါ့"

​စူးချင်းနင်သည် မိခင်ဖြစ်သူကို ကူတွဲပေးရင်း လောလောလောလောနှင့် မိတ်ဆက်ပေးလိုက်သည်။

​ဘာ...

​စူးဖခင်နှင့် စူးမိခင်တို့သည် ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်နှာအမူအရာများ ချက်ချင်းပြောင်းလဲသွားပြီး မျက်ဝန်းထဲတွင် ကျေးဇူးတင်ရိပ်များ အထင်အသား ပေါ်လာသည်။ မိခင်ဖြစ်သူမှာ ကုတင်ပေါ်မှပင် အတင်းထကာ ကျေးဇူးတင်စကားဆိုရန် ကြိုးစားရှာသည်။

​"ဦးလေးနဲ့ အန်တီ... ဒါမျိုး မလုပ်ပါနဲ့ဗျာ ကျွန်တော်နဲ့ ချင်းနင်က အထက်တန်းကတည်းက တက္ကသိုလ်အထိ ကျောင်းနေဖက်တွေပါ"

​လင်းဖန်က ၎င်းတို့ကို အလျင်အမြန်ပင် တားလိုက်ပြီး

"ဒါက ကျွန်တော် တတ်နိုင်တဲ့ဘက်က ကူညီပေးတာပါ"

ဟု ပြောလိုက်သည်။

​"ကျေးဇူး... ကျေးဇူးပါကွယ်..."

​စူးဖခင်မှာမူ ဘာမှပင်မဆိုင်းမတွဘဲ လင်းဖန်ကို ဦးညွှတ်ကျေးဇူးတင်လိုက်သည်။ လင်းဖန်က ထိုဂါရဝကို ငြိမ်ခံလိုက်သည်။ အကြောင်းမှာ သူက အသိအမှတ်မပြုလျှင် စူးချင်းနင်တို့ မိသားစုက ပို၍ အားနာနေကြမည်ကို သိသောကြောင့်ဖြစ်သည်။

​"လင်းဖန်... ငါ... ငါ နင့်ကို ကျေးဇူးဆပ်မှာပါ"

​စူးချင်းနင်က လင်းဖန်ကို စိုက်ကြည့်ရင်း အားတုံ့အားနာနှင့် ပြောလိုက်သည်။

အကယ်၍သာ ရှေ့မှလူငယ်လေးသာ မရှိခဲ့လျှင် သူမမိခင်မှာ ယခုထက်တိုင် ကုတင်ပေါ်တွင် နာမကျန်းဖြစ်နေရရှာမည်။ ယခုမူ ခွဲစိတ်မှုလည်း အောင်မြင်သွားပြီဖြစ်သလို ပါရဂူများ၏ ဆေးကုသမှုအစီအစဉ်ကြောင့်လည်း အမြန်ဆုံး ပြန်လည်ကျန်းမာလာတော့မည် မဟုတ်ပါလား။

​"စူးချင်းနင်"

​ထိုစဉ် လင်းဖန်က ခေါင်းမော့ကြည့်လိုက်သည်။

​"ဟင်"

​"ငါ့မိသားစုအကြောင်းကိုလည်း နင်သိတာပဲ။ ငယ်ငယ်ကတည်းက အိမ်နီးနားချင်းတွေ၊ ဆွေမျိုးမိတ်ဆွေတွေရဲ့ အကူအညီကြောင့်သာ ငါက အခုလို တည်တည်ငြိမ်ငြိမ် နေနိုင်ခဲ့တာ၊ စီးပွားရေးလုပ်နိုင်ခဲ့တာ၊ ရန်တက္ကသိုလ်ကို တက်ခွင့်ရခဲ့တာ"

​"ဒါကြောင့် ငါ့အတွက်တော့ ဒါတွေက အသေးအဖွဲလေးတွေပါ၊ စိတ်ထဲထားမနေပါနဲ့"

လင်းဖန်က ပြုံးရင်း လက်ယမ်းပြကာ ဆက်ပြောသည်။

- "နင့်မိဘတွေကို ဒီမှာပဲ စိတ်အေးအေးထားထားပါ၊ အကုန်လုံးကို ငါစီစဉ်ပေးမယ် ဒါနဲ့ ငါ့မှာ ဟိုဘက်မှာ ကိစ္စလေးတစ်ခု ရှိသေးလို့ အရင်သွားလိုက်ဦးမယ်"

​စကားအဆုံးတွင် သူက စူးမိဘများကို နှုတ်ဆက်လိုက်သည်။

- "ဦးလေးနဲ့ အန်တီ၊ ကျွန်တော် ကိစ္စလေးရှိလို့ သွားလိုက်ပါဦးမယ် အားတဲ့အခါမှ ပြန်လာတွေ့ပါ့မယ်"

​ထွက်ခွာသွားသော လင်းဖန်၏ ကျောပြင်ကို ကြည့်ရင်း စူးချင်းနင်သည် ပါးစပ်ကို လက်ဖြင့်အုပ်ကာ မျက်ရည်များ ဝိုင်းလာခဲ့သည်။

လင်းဖန်က

"ငါ့ရည်းစားလုပ်ပါ" ဆိုသော စကားမျိုး ပြောလိမ့်မည်ဟု သူမ ထင်ထားခဲ့သော်လည်း သူကမူ ထိုအကူအညီများကို အရေးမပါသလိုမျိုး ပေါ့ပေါ့ပါးပါးသာ သဘောထားသွားခဲ့သည်။

ထိုအချက်ကပင် စူးချင်းနင်ကို ငိုချင်စိတ် ပေါက်သွားစေခြင်း ဖြစ်သည်။

​ည ၉ နာရီခန့်တွင် လင်းဖန်သည် သူ၏ နေအိမ်ဖြစ်သော ကျန့်ခန်းဥယျာဉ်သို့ ကားမောင်းပြန်ရောက်လာသည်။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် လူတစ်ယောက် သူ့ထံသို့ အပြေးအလွှား ရောက်လာသည်။

​"သူဌေး... သတင်းကောင်းရှိတယ်"

​မိုရှင်းယာက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

​"ဘာဖြစ်လို့လဲ"

လင်းဖန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

​"ပေကျင်းက ဖုန်းလာပါတယ် ဝန်ကြီးကျောက် ကိုယ်တိုင် ကုမ္ပဏီကို ဖုန်းဆက်တာပါ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကျွန်မတို့ရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်ပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ"

​ထိုစကားကြောင့် လင်းဖန်၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။

အစိုးရ၏ တရားဝင် ထောက်ခံမှုနှင့်အတူ လုံထန်အုပ်စုကို မြှင့်တင်နိုင်ခြင်းသည် Nirvana Xကို လူသိအများဆုံး ဖြစ်သွားစေမည့် ဗျူဟာမြောက် ခြေလှမ်းတစ်ခု ဖြစ်သည်။

​"သူဌေး... စစ်တပ်ကလည်း တုံ့ပြန်လာပါတယ် သူတို့က ပူးပေါင်းကြော်ငြာပေးဖို့ သဘောတူရုံတင်မကဘူး၊ ကျွန်တော်တို့ကို 'စစ်ဘက်ဆိုင်ရာ သတ်မှတ်ဝယ်ယူရေး ယူနစ်' ဆိုတဲ့ လက်မှတ်ပါ ပေးလိုက်ပါတယ်"

​"ဟာ... ဟား... တကယ်ကို သတင်းကောင်းပဲ"

​လင်းဖန်ပင် မအောင့်နိုင်တော့ဘဲ ရယ်မောမိသွားသည်။ စစ်တပ်၏ အသိအမှတ်ပြုလက်မှတ်ဆိုသည်မှာ စစ်ဘက်ဆိုင်ရာ လက်နက်ထုတ်လုပ်ရေး အုပ်စုကြီးများသာ ရရှိလေ့ရှိသည့် အခွင့်ထူးခံ အဆင့်အတန်းမျိုး ဖြစ်သည်။ ဤလက်မှတ်ရှိနေလျှင် မည်သူမျှ လာရောက်နှောင့်ယှက်ရဲမည် မဟုတ်တော့ပေ။

​"စစ်တပ်က ဒီလောက်အထိ သဘောတူတယ်ဆိုတာ ထူးခြားတဲ့ အကြောင်းရင်း တစ်ခုခု ရှိရမယ်"

လင်းဖန်က စိတ်ကို ပြန်ထိန်းကာ မေးလိုက်သည်။

​"သူဌေး ခန့်မှန်းတာ မှန်ပါတယ် စစ်တပ်က ကျွန်တော်တို့နဲ့ အပြည့်အဝ ပူးပေါင်းပြီး သုတေသနဌာနတစ်ခုကို ပူးတွဲတည်ထောင်ချင်နေတာပါ"

ဟု မော့ရှင်းယာက တင်ပြသည်။

​"ဒါကြောင့်ကိုး..."

​လင်းဖန် ချက်ချင်း သဘောပေါက်သွားသည်။ စစ်တပ်သည် လုံထန်အုပ်စု၏ သိပ္ပံနည်းကျ သုတေသနစွမ်းအားကို အသုံးချကာ ၎င်းတို့၏ နည်းပညာအင်အားကို မြှင့်တင်လိုခြင်း ဖြစ်သည်။

တန်ရွမ်စနစ်၏ လုံခြုံရေးကို စစ်ဆေးပြီးနောက် ဟာကွက်မတွေ့သဖြင့် ယခုကဲ့သို့ ပူးပေါင်းရန် ကမ်းလှမ်းလာခြင်း ဖြစ်ပေလိမ့်မည်။

​လင်းဖန်က ခေတ္တစဉ်းစားပြီးနောက် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

- "ကောင်းပြီ၊ သူတို့ကို သဘောတူတယ်လို့ ပြောလိုက်ပါ"

​အစိုးရနှင့် စစ်တပ်၏ အင်အားကို ရယူပြီး မိမိတို့၏ နည်းပညာကို ပိုမိုမြင့်မားသော အဆင့်သို့ တွန်းပို့နိုင်မည့် ဤအခွင့်အရေးကို လင်းဖန် ငြင်းပယ်စရာ အကြောင်းမရှိပေ။

​"ဟုတ်ကဲ့ ကျွန်မ စစ်တပ်ဘက်ကို ချက်ချင်း အကြောင်းပြန်လိုက်ပါ့မယ်"

ဟု မိုရှင်းယာက ပြန်လည်ဖြေကြားလိုက်လေသည်။

.....................................................

All Chapters