← Chapters

အနာဂတ်ပလန်

Vol. 12 Ch. 114

အနာဂတ်ပလန်

Vol. 12 Ch. 114

သုတေသနဌာနကြီး လေးခုမှ လူနည်းစုကို ရွေးချယ်ပြီး စစ်တပ်နှင့်ပူးပေါင်းကာ တန်ရွမ်ကွန်ပျူတာသုံး OS ကို သုတေသနပြုခြင်းသည် လုံထန်အုပ်စု၏ ကိုယ်ပိုင်အစီအစဉ်များကို ထိခိုက်စေမည်မဟုတ်ပေ။

​ဆန့်ကျင်ဘက်အနေဖြင့် လုံထန်အုပ်စု၏ အန္တိမပန်းတိုင်ဖြစ်သော တန်ရွမ်ကွန်ပျူတာဗားရှင်းကို စစ်တပ်၏အကူအညီဖြင့် သတ်မှတ်ချိန်ထက် စောစီးစွာ အကောင်အထည်ဖော်နိုင်မည်ဆိုပါက ၎င်းမှာ မမျှော်လင့်ဘဲရရှိလာသည့် လက်ဆောင်တစ်ခုပင် ဖြစ်လိမ့်မည်။

​"ဒါနဲ့... Nivarna X' ရဲ့ တရုတ်စာဗားရှင်းအတွက် ဘယ်လိုပြင်ဆင်ထားလဲ"

​"သူဌေး. 'နီဗားနား' ရဲ့ တရုတ်ဗားရှင်းကတော့..."

ဟု ကျန်းဖန်က ချက်ချင်းပင် တင်ပြသည်။

​"ကောင်းတယ်"

လင်းဖန်က ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ ဖုန်းများကို ထုတ်လုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တစ်ကမ္ဘာလုံးသို့ ဈေးကွက်ချဲ့ထွင်ရန်ဖြစ်ပြီး ဟောင်ကောင်သည် တရုတ်ပြည်မကြီးပြင်ပသို့ ခြေလှမ်းစမည့် ပထမဆုံးမှတ်တိုင် ဖြစ်သည်။

​"ဟောင်ကောင်က ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ ဆက်သွယ်မှုကရော ဘယ်လိုရှိလဲ ငါတို့ရုံးခွဲက အခြေခိုင်ပြီလား"

​"ရုံးခွဲကနေ ဆက်သွယ်ရေးကုမ္ပဏီအသေးလေးအချို့ကို ဝယ်ယူပြီး အခြေခံအုတ်မြစ် ချထားနိုင်ပါပြီ အရောင်းဆိုင်တွေလည်း အများကြီးဝယ်ထားပြီး အထူးအရောင်းပြခန်းတွေဖွင့်ဖို့ ပြင်ဆင်နေပါတယ် ဒါ့အပြင် ဟောင်ကောင်က 'ယင်းခဲ့အုပ်စု' ကလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းချင်နေပါတယ်"

ဟု ကျန်းဖန်က လေးလေးနက်နက် ဆိုသည်။

​ဟောင်ကောင်သည် နယ်မြေကျဉ်းသော်လည်း လူဦးရေ ၁၀ သန်းနီးပါးရှိပြီး အာရှစီးပွားရေးတွင် အရေးပါသောနေရာမှ ပါဝင်နေသဖြင့် လုံထိန်အုပ်စုက အထူးအာရုံစိုက်ထားခြင်းဖြစ်သည်။

​"ယင်းခဲ့အုပ်စု..."

လင်းဖန်သည် ကျန်းဖန်ပြောသည့် ထိုအမည်ကို သတိပြုမိသွားသည်။

​သူ့မှတ်ဉာဏ်ထဲတွင် ထိုအုပ်စုသည် သူဌေးကြီး လီကျားချိန်၏ အငယ်ဆုံးသား လီကျဲခိုင် တည်ထောင်ထားသော အုပ်စုဖြစ်သည်။

၎င်း၏လက်အောက်ခံ PCCW သည် ဟောင်ကောင်တွင် အကြီးဆုံး ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သလို အာရှတွင်လည်း အထင်ကရ ကုမ္ပဏီတစ်ခု ဖြစ်သည်။

​"သူဌေး. ကျွန်တော်တို့သာ ယင်းခဲ့အုပ်စုနဲ့ ပူးပေါင်းနိုင်ရင် ဟောင်ကောင်ဈေးကွက်ကို အလွယ်တကူ ထိုးဖောက်နိုင်မယ့်အပြင် စင်ကာပူနဲ့ အရှေ့တောင်အာရှဈေးကွက်ထဲကိုပါ အခွင့်ကောင်းယူ ဝင်ရောက်နိုင်မှာပါ"

ဟု ကျန်းဖန်က ထပ်လောင်းပြောကြားသည်။

​လင်းဖန်က ခေတ္တစဉ်းစားပြီးနောက်

- "ယင်းခဲ့နဲ့ ပတ်သက်ရင်တော့ လူလွှတ်ပြီး ဆက်သွယ်ထားလိုက်ဦး ပူးပေါင်းမလား၊ မလားဆိုတာကတော့ မသေချာသေးဘူး"

​"ကျုပ်တို့မှာ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ စစ်တပ်လို အင်အားကြီးအဆက်အသွယ်တွေ ရှိနေတာပဲ ဟောင်ကောင်မှာ လူသိသူသိမရှိလည်း ပြဿနာမရှိပါဘူး လုံထန်နဲ့ မိတ်ဆွေဖွဲ့ချင်တဲ့သူတွေ အများကြီးရှိတာမို့ တခြားသူကို ဖားပြီး အထက်တက်ဖို့ မလိုဘူး"

​ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် စစ်တပ်သည် ဟောင်ကောင်တွင် ဩဇာအာဏာကြီးမားလှသည်။ ဟောင်ကောင်ရဲတပ်ဖွဲ့သည်လည်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိသကဲ့သို့၊ ဟောင်ကောင်အခြေစိုက်တပ်ဖွဲ့မှာမူ စစ်တပ်၏ အမာခံတပ်ရင်းပင် ဖြစ်သည်။ အကယ်၍ လင်းဖန်သာ နှုတ်ဟလိုက်လျှင် မည်သူမျှ ငြင်းဆန်ရဲကြမည် မဟုတ်ပေ။

​"ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ"

​"အင်း... ပြီးတော့ နောက်တစ်ခု"

လင်းဖန်က ဆက်လက်ညွှန်ကြားသည်။

"နိုင်ငံခြားရုံးခွဲ လေးခုနဲ့ ဆက်သွယ်ပြီး ဘာသာစကား ကျွမ်းကျင်တဲ့ သုတေသနပညာရှင်တွေကို စုဆောင်းထားပါ ပြီးတော့ ဈေးကွက်ထဲက နာမည်ကြီး တက်ဘလက်တွေကို ဝယ်ပြီး သုတေသနဌာနကို ပို့လိုက် သူတို့ကို သေချာလေ့လာခိုင်းပြီး နည်းပညာနဲ့ အဆင့်မြှင့်တင်ခိုင်းလိုက်မယ်"

​"ဟမ်...သူဌေးက ကွန်ပျူတာလောကထဲကို ဝင်ဖို့ ပြင်နေတာလား"

ကျန်းဖန်မှာ မယုံနိုင်သလို မေးလိုက်မိသည်။

စမတ်ဖုန်းနှင့် ကွန်ပျူတာလောကမှာ သဘာဝချင်း ကွာခြားလှသည်မဟုတ်ပါလား။

​"အချိန်က လူကို မစောင့်ဘူး အခု နီဗားနားနာမည်ကြီးနေတုန်းမှာပဲ တက်ဘလက်၊ ပြီးရင် လက်ပ်တော့နဲ့ ဒက်စတော့ပ်တွေအထိ နယ်ပယ်အားလုံးကို လွှမ်းမိုးရမယ်"

လင်းဖန်က ပြတ်သားစွာ ဆိုသည်။

- "ကျုပ်တို့ရဲ့ တန်ရွမ်စနစ်က စမတ်ဖုန်းအတွက်တင် မဟုတ်ဘူး၊ တကယ့်ကို အဆင့်မြင့်တဲ့ အသိဉာဏ်ပါတဲ့ စနစ်တစ်ခုပဲ"

​"ကျုပ်တို့ Apple လိုမျိုး လုပ်ငန်းကွင်းဆက်တစ်ခု တည်ဆောက်ရမယ် မိုဘိုင်းနည်းပညာနဲ့ ပတ်သက်သမျှ အကုန်လုံးကို ကျုပ်တို့ပိုင်ထားမှ အမြဲတမ်း အနိုင်ရနေမှာ"

​လင်းဖန်၏ စကားများကြောင့် ကျန်းဖန်လည်း တွေးတောမိသွားသည်။ ဆော့ဖ်ဝဲရော ဟာ့ဒ်ဝဲပါ အင်အားတောင့်တင်းသော လုံထိန်အုပ်စုအတွက် ဤဈေးကွက်ထဲသို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

​"သူဌေး... တက်ဘလက်လောက်ဆိုရင်တော့ ကျွန်တော်တို့ သုတေသနဌာနက မကြာခင် ဖြေရှင်းနိုင်မှာပါ"

​"ဒါတင်မကဘူး... ကျုပ်လိုချင်တဲ့ တက်ဘလက်က ဟာ့ဒ်ဝဲရော ဆော့ဖ်ဝဲပါ Apple ကို အပြတ်အသတ် နှိမ်ထားနိုင်ရမယ် နားလည်လား"

လင်းဖန်က ကျန်းဖန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ သာမန်တက်ဘလက်မျိုးထုတ်ဖို့ သူက စိတ်မဝင်စားပေ။

​"စိတ်ချပါ အောင်မြင်အောင် လုပ်ဆောင်သွားပါ့မယ်"

ဟု ကျန်းဖန်က အံကြိတ်ကာ ကတိပေးလိုက်လေသည်။

..........................................................

All Chapters