← Chapters

အခန်း (၄၇၉-၄၈၁)

Vol. 32 Ch. 479-481

အခန်း (၄၇၉-၄၈၁)

Vol. 32 Ch. 479-481

အခန်း ၄၇၉ - နေမင်းတာအို

ဂိုဏ်း၏ ရတနာတိုက်ကို ဖွင့်လှစ်ခဲ့စဉ်ကကဲ့သို့ပင် ပိုင်ကျီဟန်သည် တံခါးပွင့်လာမည်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။

သို့သော်လည်း မြစိမ်းရောင်နေမင်း ဘိုးဘေး မှာမူ ထိုသို့ပြုလုပ်ရန် အကြံရှိပုံမရချေ။

"ဒါကို ကျွန်တော်တို့ဂိုဏ်းရဲ့ ဘိုးဘေးစဉ်ဆက် ကာကွယ်ရေး အစီအရင်နဲ့ ပိတ်ထားတာ။ ဂိုဏ်းချုပ်တစ်ယောက်တည်းဆီမှာပဲ အဓိကသော့ချက်ရှိပါတယ်။ အဲဒါမရှိရင်... ဘယ်သူမှ ဒီတံခါးကို ဖွင့်လို့မရပါဘူး။"

သူသည် ခေါင်းကို အနည်းငယ် ငုံ့လိုက်ရင်း ပြောသည်။

"အမှန်အတိုင်း ပြောရရင်... ကျွန်တော်တို့လေးယောက် စုပေါင်းတိုက်ခိုက်ရင်တောင် ဒါကို အတင်းအဓမ္မ မဖွင့်နိုင်ဘူး။"

သူ၏ အသံထဲတွင် အားကိုးရာမဲ့နေသည့်ကြားမှ မျှော်လင့်ချက်အရိပ်အယောင်လေး တစ်ခု ပါဝင်နေ၏။

ဝမ်ဟောင်ယုသည် ထွက်ပြေးသွားပြီ ဖြစ်သည်။

အကယ်၍ သော့ချက်သာ မရှိလျှင်

ဤရတနာ တစ်ခုတည်းကိုတော့ ကာကွယ်ထားနိုင်မည်လား။

အကယ်၍ ဤအရာကိုသာ ထိန်းသိမ်းထားနိုင်ပါက မြစိမ်းရောင်နေမင်းဂိုဏ်း ပြန်လည် နိုးထလာရန် မျှော်လင့်ချက် ရှိသေးသည်။

ဤရတနာသည် အခြားအရာအားလုံးထက် သာလွန်သည့် သူတို့ဂိုဏ်း၏ စစ်မှန်သော အုတ်မြစ် မဟုတ်ပါလော

ဤသည်မှာလည်း သူတို့၏ လျှို့ဝှက်စမ်းသပ်မှုများ ပေါ်ပေါက်သွားပါက မိစ္ဆာကျင့်ကြံသူများကဲ့သို့ ရှုတ်ချခြင်းနှင့် လိုက်လံသတ်ဖြတ်ခြင်း ခံရမည်ကို သိပါလျက်နှင့် လူများကို ပြန်ပေးဆွဲကာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။

နေမင်းတာအိုသည်သာလျှင် လောက၌ အနှိုင်းမဲ့ အောင်နိုင်ခြင်း၏ အဖြေဖြစ်သည်ဟု သူ အခိုင်အမာ ယုံကြည်ထား၏။ ၎င်းအောင်မြင်သွားပါက ဤလောကတွင် သူတို့ကို ယှဉ်နိုင်သူ ရှိတော့မည် မဟုတ်ပေ။

ပိုင်ကျီဟန်သည် သူတို့ကို တစ်ချက်ကြည့်လိုက်ရာ သူတို့လိမ်နေခြင်း မဟုတ်မှန်း သိသာသည်။ သို့သော် သူတို့လိမ်သည်ဖြစ်စေ၊ မလိမ်သည်ဖြစ်စေ သူ ဂရုမစိုက်ပေ

သူသည် ဧရာမ အစီအရင်ကြီးကိုသာ စိုက်ကြည့်နေလိုက်သည်။

"မဟာအကြီးအကဲ ဖျက်ဆီးလိုက်ပါ”

ပိုင်ရမ် နှုတ်ခမ်းများ ချက်ချင်း ကွေးညွတ်သွားသည်။

"ဒါကပဲ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပုံရတယ်လေ။"

သူသည် ပုခုံးပေါ်တွင် သူတော်စင်အဆင့်ဓားကို ပေါ့ပါးစွာ တင်ထားရင်း ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

သူသည် အစီအရင်ကို စိတ်ဝင်တစား စစ်ဆေးကြည့်လိုက်၏။

"မင်းက ဘယ်လောက်တောင် ကြံ့ခိုင်မလဲ ကြည့်ရသေးတာပေါ့။"

ရွှမ်

သာမန်ကာလျှံကာ တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှသာ။

ဓားအလင်းတန်းသည် လခြမ်းကွေးတစ်ခုကဲ့သို့ ရှေ့သို့ ပြေးဝင်သွားသည်။

၎င်းသည် အစီရင်စုကို ထိမှန်သွားသော်လည်း

ပျောက်ကွယ်သွားရုံသာ ရှိသည်။

အစီရင်စု၏ အလင်းတန်းများမှာ အနည်းငယ်မျှသာ တုန်ခါသွား၏

ထို့နောက် မူလအတိုင်း ပြန်ဖြစ်သွား၏။

ပိုင်ရမ် မျက်တောင်တစ်ချက် ခတ်လိုက်မိသည်။

"အိုး...?"

သူ ခေါင်းကို အနည်းငယ် စောင်းလိုက်၏

"စိတ်ဝင်စားဖို့ ကောင်းသားပဲ”

ချီလင်းတပိုင်းပင်လျှင် သူ၏ ဓားချက်အောက်တွင် ပြန်မနိုးထနိုင်ခဲ့သော်လည်း ဤအစီအရင်မှာမူ မည်သို့မျှ မဖြစ်သလောက်ပင်။

နောက်ထပ် ဓားတစ်ချက်။

ဤတစ်ကြိမ်တွင်မူ ပိုမိုပြင်းထန်လှသည်။

ဓားအလင်းတန်းသည် ကြွေကျလာသော ကြယ်တစ်လုံးကဲ့သို့ ဟိန်းဟောက်သွား၏။

ဘုန်း

မြေအောက်ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

မျက်နှာကြက်မှ ဖုန်မှုန့်များ တဖွဲဖွဲ ကြွေကျလာသည်။

အစီအရင်သည် ပိုမိုတောက်ပလာသော်လည်း

အက်ကွဲကြောင်း တစ်ခုတောင် မပေါ်ခဲ့ချေ။

၎င်းကိုမြင်တော့ မြစိမ်းရောင်နေမင်း ဘိုးဘေးတို့၏ မျက်လုံးများ လင်းလက်သွားကြသည်။

ကောင်းကင်အင်ပါယာ၏ အသန်မာဆုံး ပုဂ္ဂိုလ်ပင်လျှင် သူတို့ဂိုဏ်း၏ အစီအရင်ကို ဘာမှမတတ်နိုင်ဟု သူတို့ ယုံကြည်သွားကြသည်။

ပိုင်ရမ်၏ မျက်လုံးများ တောက်ပလာ၏

သူက ခပ်တိုးတိုး ရယ်မောလိုက်သည်။

"ကောင်းပြီလေ”

သူ၏ အရှိန်အဝါများ မြင့်တက်လာသည်။

ပိုင်ရမ်သည် ဓားကို ကိုင်ထားသည့် အနေအထားကို ပြင်လိုက်၏။

"ဒါကိုရော မင်း တောင့်ခံနိုင်မလား ကြည့်ကြတာပေါ့။"

ဤတစ်ကြိမ်တွင်မူ

သူ လျှော့မတွက်တော့ပေ။

ချီစွမ်းအင်များကို စုစည်းလိုက်ရာ သူ၏ အရှိန်အဝါသည် ကောင်းကင်သို့ ထိုးတက်သွား၏။

"ကံကြမ္မာ ဖြတ်တောက်ခြင်း ဓားချက်”

ချီလင်းကိုပင် သတ်ဖြတ်နိုင်သည့် အစွမ်းထက်လှသော တိုက်ကွက် ဖြစ်သည်။

အင်မော်တယ်လေးဦးသည် သူတို့၏ အကာအကွယ် အတားအဆီးကို ထုတ်ရန် ကြိုးစားသော်လည်း ချီစွမ်းအင်များ ပိတ်ဆို့ခံထားရသဖြင့် ဘာမှမတတ်နိုင်ကြချေ။

ပိုင်ကျီဟန်မှာမူ ရှောင်တိမ်းရန်ပင် မကြိုးစားပေ။

ပိုင်ရမ်၏ စွမ်းရည်နှင့်ဆိုလျှင် ဘေးထွက်ဆိုးကျိုးများက သူ့ကို မထိခိုက်နိုင်မှန်း သူသိပြီးသား ဖြစ်သည်။

ဘုန်း

ပိုင်ရမ်၏ တိုက်ကွက်သည် အစီအရင်နှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားသည်။

စက္ကန့်အနည်းငယ်ကြာအောင် တိုက်ပွဲဝင်နေပြီးနောက် ပိုင်ရမ် ရပ်တန့်လိုက်သည်။ အစီအရင်မှာ လည်ပတ်နေဆဲ ဖြစ်ရာ ပိုင်ရမ် ရှုံးနိမ့်သွားပုံရသည်။

ခဏတာမျှ

ငြိမ်သက်သွားပြီးနောက် မြစိမ်းရောင်နေမင်း ဘိုးဘေးတို့မှာ သက်ပြင်းချလိုက်ကြသည်။

သို့သော်

ဖြောက်

ရွှေရောင် စာလုံးတစ်ခုပေါ်တွင် သေးငယ်သော အက်ကွဲကြောင်းလေးတစ်ခု စတင်ပေါ်ပေါက်လာသည်။

မြေကမ္ဘာအင်မော်တယ်၏ မျက်နှာ ပြာနှမ်းသွား၏။

အက်ကွဲကြောင်းသည် ဖိအားအောက်ရှိ ရေခဲပြင်ကြီးကဲ့သို့ ကျယ်ပြန့်သွားသည်။

ရွှေရောင် အစီရင်စုများမှာ တဖျတ်ဖျတ်နှင့် မငြိမ်မသက် ဖြစ်လာတော့သည်။

ပိုင်ရမ်၏ အပြုံးမှာ ပိုမိုကျယ်ပြန့်လာ၏။

"ဟော... တွေ့ပြီ။"

အစီရင်စုကြီးသည် ဖန်သားကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။

ဧရာမ တံခါးကြီးသည် အတွင်းဘက်သို့ ပေါက်ကွဲထွက်သွားပြီး ဝိညာဉ်အလင်းတန်း အပိုင်းအစများမှာ ခန်းမအနှံ့ မိုးပက်သလို လွင့်စင်ကုန်၏။

ပူပြင်းလှသော အပူလှိုင်းကြီးသည် ဆူနာမီလှိုင်းကဲ့သို့ အပြင်သို့ ဝုန်းခနဲ တိုးထွက်လာသည်။

အင်မော်တယ်လေးဦးသည် သူတို့၏ ချီစွမ်းအင်ဖြင့် မခုခံနိုင်သဖြင့် ဗီဇအရ နောက်သို့ ခြေလှမ်းပျက်ကာ ဆုတ်ခွာသွားကြရသည်။

ပိုင်ကျီဟန်သည် တည်ငြိမ်စွာဖြင့် ရှေ့သို့ လှမ်းတက်လိုက်၏။

ပိုင်ရမ်သည်လည်း မြည်ဟီးနေဆဲဖြစ်သော ဓားကို ကိုင်ဆောင်ကာ သူ့ဘေးမှ ယှဉ်၍ လျှောက်လှမ်းလာသည်။

အင်မော်တယ်လေးဦးမှာလည်း သူတို့နောက်မှ လိုက်ပါလာကြသည်။

သူတို့တွင် တားဆီးနိုင်စွမ်း မရှိတော့သော်လည်း

ဇာတ်သိမ်းကိုတော့ ကိုယ်တိုင် မြင်တွေ့ချင်ကြသေးသည်။

ခန်းမ၏ အတွင်းထဲ

အလယ်ဗဟိုတည့်တည့်၌

လေထုထဲတွင် ပျံလွင့်နေသည်မှာ

နေမင်းတာအို အပိုင်းအစပင် ဖြစ်သည်။

၎င်းသည် သေးငယ်သော နေမင်းတစ်စင်းနှင့် တူလှသည်။

တောက်ပလွန်းသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် အလုံးစုံသည် ဖြည်းညှင်းစွာ လည်ပတ်နေပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်ကိုပင် ပုံပျက်သွားစေနိုင်သည့် ပူပြင်းလှသော အပူလှိုင်းများကို ထုတ်လွှတ်နေ၏။

လေထုမှာလည်း ပြင်းထန်စွာ တုန်ခါနေသည်။

ပေပေါင်းများစွာ ဝေးသောနေရာတွင် ရပ်နေရသော်လည်း ပေါင်းအိုးထဲ ရောက်နေသကဲ့သို့ ခံစားရလေတော့သည်။

ကံကောင်းထောက်မစွာပင် ထိုအပူရှိန်ကို ထိန်းချုပ်ထားသည့် အစီအရင်တစ်ခု ရှိနေပုံရသည်။

သို့မဟုတ်ပါက ဗလာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်ချီစွမ်းအင်ပင်လျှင် ချက်ချင်း ဆူပွက်သွားပေလိမ့်မည်။

မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်ပညာရှင်အများစုပင်လျှင် အကာအကွယ် နည်းဗျူဟာများကို အစွမ်းကုန် မထုတ်သုံးထားပါက ဤနေရာတွင် စက္ကန့်အနည်းငယ်ထက်ပို၍ တောင့်ခံနိုင်ရန် ခဲယဉ်းလှသည်။

၎င်းမှ ဖြာထွက်နေသော အပူရှိန်သည် အလွန်ပင် လွှမ်းမိုးချုပ်ကိုင်မှု ရှိလှသည်။

မည်သူမျှ အနားမကပ်ဝံ့အောင် ငြင်းဆန်နေသည့် စစ်မှန်သော နေမင်းတစ်စင်းကဲ့သို့ပင်။

အင်မော်တယ်လေးဦး၏ အသက်ရှူသံများ ပြင်းထန်လာသည်။

နဖူးပေါ်တွင် ချွေးစက်များ ချက်ချင်း ထွက်ပေါ်လာ၏

ဖိအားကြောင့် သူတို့၏ အရေပြားများမှာ နီရဲလာ၏။

ကံကောင်းသည်မှာ သူတို့ကိုယ်သူတို့ ကာကွယ်ရန် မည်သည့်နည်းစနစ်မျှ မသုံးနိုင်သော်လည်း သူတို့၏ ခန္ဓာကိုယ်မှာ အင်မော်တယ်ခန္ဓာများ ဖြစ်နေဆဲပင်။

သို့မဟုတ်ပါက သူတို့ သေဆုံးသွားလောက်ပြီ ဖြစ်သည်။

သို့သော် ထိုကြောက်မက်ဖွယ် အပူရှိန်အလယ်တွင်

ပိုင်ကျီဟန်သည် တည်ငြိမ်စွာ ရပ်နေဆဲသာ

ပူပြင်းလှသော လှိုင်းလုံးများအောက်တွင် သူ၏ ဝတ်ရုံစများသည် အနည်းငယ် လွင့်လှုပ်နေ၏

သို့သော်လည်း သူ၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိပေ။

အဆင့်မြင့် ရတနာပစ္စည်းများကိုပင် အရည်ပျော်စေနိုင်သော ထိုအပူရှိန်သည် သူ၏ အရေပြားကို နီရဲအောင်ပင် မစွမ်းဆောင်နိုင်ချေ။

ဤသည်မှာ သူ၏ ခန္ဓာကိုယ်သည် ကမ္ဘာဦး ဖရိုဖရဲခန္ဓာကိုယ်အဖြစ် ပြုပြင်ထားပြီးသား ဖြစ်ကာ အလွန်ပြင်းထန်သော အပူချိန်အောက်တွင် ရက်ပေါင်းများစွာ အသားကျအောင် လေ့ကျင့်ထားသောကြောင့် ဖြစ်သည်။

ထို့ကြောင့် နေမင်းတာအို ရှေ့မှောက်တွင် ရပ်နေရသော်လည်း သူ ဘာမှမထူးခြားသလို ခံစားနေရခြင်း ဖြစ်၏။

နေမင်းတာအို၏ အပူရှိန်သည် သူ့အပေါ်သို့ ဖြတ်သန်းသွားပြီးမှ

ပျောက်ကွယ်သွားသည်။

တောင်ထိပ်ပေါ်သို့ ကျရောက်သော နေရောင်ခြည်ကဲ့သို့ပင် မည်သည့် ဘေးဥပဒ်မျှ မပေးနိုင်ချေ။

"ဒါက နေမင်းတာအို အပိုင်းအစတွေကို ထုတ်ယူတဲ့ နေရာပေါ့”

ပိုင်ကျီဟန်က စိတ်ဝင်တစား ရေရွတ်လိုက်

သည်။

သူတို့အနေဖြင့် ဤအရာတစ်ခုလုံးကို အသုံးမပြုဘဲ အဘယ်ကြောင့် အပိုင်းအစလေးများသာ ထုတ်ယူခဲ့ရသနည်းဆိုသည်ကို သူ နားလည်သွားသည်။

ဤစွမ်းအားက

အစစ်အမှန်ပင်။

သူ မြင်ဖူးသမျှ ရတနာအားလုံးထက် သာလွန်သည့် ထိပ်တန်းရတနာမှန်း သူ သိလိုက်သည်။

ပိုင်ရမ်၏ လက်ထဲရှိ သူတော်စင်အဆင့် ဓားပင်လျှင် ဤအရာနှင့် ယှဉ်လျှင် အောက်ကျနေနိုင်သည်။

လက်တွေ့တန်ဖိုးအရ ဆိုလျှင်တော့ ဤနေမင်းတာအို အပိုင်းအစမှာ လက်ရှိတွင် အပူပေးစက်တစ်ခုမျှသာ ဖြစ်ပြီး သူတော်စင်အဆင့်ဓားကမူ ဤအင်ပါယာကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် လက်နက်တစ်ခု ဖြစ်သည်။

သို့သော် အကယ်၍ ဤနေမင်းတာအို အပိုင်းအစကဲ့သို့ ရတနာကိုသာ ထိန်းချုပ်နိုင်

မည်ဆိုပါက ရရှိမည့် စွမ်းအားမှာ သူတော်စင်အဆင့်ဓား ပိုင်ဆိုင်ထားခြင်းထက် များစွာ သာလွန်ပေလိမည်။

သို့သော် ထိုသို့ပြုလုပ်ရန်မှာ မလွယ်ကူမှန်း သူသိသည်။

မြစိမ်းရောင်နေမင်း ဂိုဏ်းသည်ပင် နှစ်ပေါင်းများစွာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး ထိုမှ ထုတ်ယူထားသော အပိုင်းအစလေးများအပေါ်၌သာ စမ်းသပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် နေမင်းတာအိုကို တစ်စုံတစ်ဦးက ထိန်းချုပ်နိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။

သို့သော် ဤအချက်ကပင် ဤထိပ်တန်းရတနာ၏ စွမ်းအား မည်မျှကြီးမားကြောင်း သက်သေပြနေခြင်း ဖြစ်သည်။

"ဒါကို ငါ ယူမယ်”

ပိုင်ကျီဟန်က ကြေညာလိုက်သည်။

သူသည် နေမင်းတာအိုကို သိမ်းဆည်းရန် ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။

မြေကမ္ဘာအင်မော်တယ် ဘိုးဘေးသည် သူ၏ အရေပြားကို အပူရှိန်က လောင်မြိုက်နေသည့်ကြားမှ ချက်ချင်း ရှေ့သို့ ထွက်လာသည်။

"သခင်လေးပိုင်... ခဏလောက် စောင့်ပါဦး”

သူ၏ အသံမှာ တုန်ယင်နေသော်လည်း အလွန် အရေးကြီးနေပုံရသည်။

ပိုင်ကျီဟန်၏ မျက်လုံးများက သူ့ဆီသို့ ရောက်သွား၏။

မြေကမ္ဘာအင်မော်တယ်က တံတွေးတစ်ချက် မျိုချလိုက်၏ "နေမင်းတာအိုကို သိုလှောင်လက်စွပ်ထဲမှာ သိမ်းလို့မရပါဘူး”

ဖိအားကို အတင်းအဓမ္မ အောင့်အည်းရင်း ဦးညွှတ်လိုက်သည်။

"အထဲကို ထည့်လိုက်ရင် ဟင်းလင်းပြင်က တောင့်ခံနိုင်မှာ မဟုတ်ဘူး။ လက်စွပ်ရော အထဲမှာ ရှိသမျှ အရာအားလုံးပါ ပြာအဖြစ် လောင်ကျွမ်းသွားလိမ့်မယ်။"

သူက ဆက်ပြောသည်။

"ဒါက သာမန် မီးလျှံမဟုတ်ဘူး။ ဟင်းလင်းပြင်ကိုပါ လောင်မြိုက်နိုင်တဲ့ အရာမျိုးပါ။ ဟင်းလင်းပြင် အလွှာတွေ ဒါမှမဟုတ် အချိန်တားမြစ်ချက်တွေနဲ့ ပိတ်ထားတဲ့ အခန်းတွေတောင် ဒါကို မနှိမ်နင်းနိုင်ဘူး။"ပိုင်ရမ်၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။

မြေကမ္ဘာအင်မော်တယ်က အလျင်အမြန်ပင် ထပ်လောင်းပြောကြားပြန်သည်။

"ကျွန်တော်ကို လိမ်ညာဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ အရင်တုန်းက ဒီအရာရဲ့ အပိုင်းအစ အသေးလေးတစ်ခုကိုတောင် အဆင့်မြင့် သိုလှောင်ရတနာထဲမှာ ထည့်ဖို့ ကြိုးစားခဲ့ဖူးတယ်။

“အသက်ရှူသုံးကြိမ်စာလောက်ပဲ ခံပြီး ဟင်းလင်းပြင် အခန်းငယ်လေး ပြိုကျသွားပြီး အထဲက အရာအားလုံး ဘာမှမကျန်တော့ဘူး။"

အကယ်၍ ပိုင်ကျီဟန်သာ နေမင်းတာအိုကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်ပြီး သူ၏ ရတနာများ ပျက်စီးသွားပါက အပြစ်မှာ သူတို့အပေါ်သို့သာ ကျရောက်လာမည် ဖြစ်သည်။

သူတို့၏ သတိပေးချက်မှာ နားလည်မှုလွဲမှားခြင်းကို ရှောင်ရှားရန်နှင့် သူတို့ လုံးဝ အရှုံးပေးကြောင်း ပြသရန် ဖြစ်သည်။

နောက်ထပ် အပြစ်ပေးခံရမည့် ဘေးကို ရင်ဆိုင်မည့်အစား ကြိုတင်သတိပေးကာ မျက်နှာသာ အနည်းငယ် ရယူခြင်းက ပို၍ ကောင်းသည် မဟုတ်ပါလော

နေမင်းတာအိုမှာ လေထုထဲတွင် ဖြည်းညှင်းစွာ လည်ပတ်နေဆဲပင်။

၎င်း၏ တောက်ပမှုသည် ပိုင်ကျီဟန်၏ ရည်ရွယ်ချက်ကို တုံ့ပြန်နေသကဲ့သို့ သိသိသာသာ ပိုမိုပြင်းထန်လာသည်။

ရွှေရောင်အလင်းတန်းများသည် ခန်းမနံရံများအပေါ် ဖြာကျနေပြီး အနက်ရောင် ဝိညာဉ်ကျောက်တုံးများကို အနီရဲရဲ ဖြစ်သွားအောင် ပူပြင်းစေသည်။

ပိုင်ကျီဟန်က တည်ငြိမ်စွာ စောင့်ကြည့်နေ၏။

သူတို့၏ သတိပေးချက်ကို သူ သံသယမဖြစ်

ပေ။

ပတ်ဝန်းကျင် ဟင်းလင်းပြင်အတွင်းရှိ မတည်ငြိမ်မှုကို သူ ခံစားနေရပြီ ဖြစ်သည်။ အဆက်မပြတ် လောင်မြိုက်မှုကြောင့် လေထုမှာပင် ပါးလွှာကာ ပုံပျက်ရှုံ့တွနေ၏။

သာမန် သိုလှောင်လက်စွပ်ဆိုလျှင်တော့

ဧကန်မုချ ပျက်စီးသွားပေလိမည်။

"အလုပ်ရှုပ်စရာပဲ။"

ပိုင်ကျီဟန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သို့သော်လည်း ဤကဲ့သို့ ရတနာမျိုးအတွက်မူ ဤမျှလောက်ကို အလုပ်ရှုပ်သည်ဟု မခေါ်နိုင်ချေ။

"ဒါဆိုရင်တော့... ခင်ဗျားတို့ လေးယောက်ကပဲ ဒါကို ကျုပ်အခန်းထဲအထိ သယ်လာပေးရမှာပေါ့။"

ပိုင်ကျီဟန်က အင်မော်တယ်လေးဦးကို ပြုံးလျက် ပြောလိုက်သည်။

အကယ်၍ သိမ်းဆည်းထား၍ မရလျှင် တစ်စုံတစ်ဦးကို သယ်ခိုင်းလိုက်ရုံသာ ဖြစ်ပြီး ကံကောင်းထောက်မစွာပင် သူ၏ရှေ့တွင် အစွမ်းထက်သော လူလေးယောက် ရှိနေသည် မဟုတ်ပါလော။

"ဗျာ”

ပိုင်ကျီဟန်၏ စကားကြောင့် သူတို့လေးဦးလုံး ကြောင်အသွားကြသည်။ သို့သော် ပိုင်ကျီဟန်သည် နောက်ပြောင်နေခြင်း မဟုတ်ဘဲ အတည်ပြောနေမှန်း သူတို့ သိလိုက်ရ၏။

သူတို့သည် နေမင်းတာအိုကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

၎င်းသည် ထိတွေ့သမျှ အရာအားလုံးကို လောင်မြိုက်ပစ်နိုင်သော အရာဖြစ်သည်။ အစီအရင်အတွင်း ပိတ်လှောင်ထားလျှင်တောင် သူတို့ သယ်ဆောင်နိုင်ပါ့မည်လော?

သူတို့လေးဦးသည် ပိုင်ကျီဟန်၏ စိတ်ကူး ပြောင်းလဲလေမလားဟူသော မျှော်လင့်ချက်ဖြင့် ကြည့်လိုက်ကြသည်။

"ခင်ဗျားတို့ရဲ့ ကိုယ်ပိုင် အသက်ဘေးအတွက် ဒါကို ငြင်းဆန်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်”

အခန်း ၄၈၀ - ရွှေရောင်ပြန်လည်မွေးဖွားခြင်း

ပိုင်မျိုးနွယ်စုမှ မြစိမ်းရောင်နေမင်းဂိုဏ်းကို ဝင်ရောက်တိုက်ခိုက်လိုက်သည့် သတင်းသည် မီးကဲ့သို့ပင် ကောင်းကင်အင်ပါယာတစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

ဤမျှကြီးမားသော လှုပ်ခတ်မှုကို ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်ပေ။

အင်အားကြီးအဖွဲ့အစည်းတိုင်းသည် တစ်ဖက်အဖွဲ့အစည်းများ အတွင်း၌ သူလျှိုများ အသီးသီး ထားရှိကြသည်။

ပိုင်ကျီဟန်သည် ထိုဂိုဏ်းသို့ ကျူးကျော်ဝင်ရောက်သည့် အချိန်မှစ၍ သတင်းအချက်အလက်များသည် နည်းလမ်းပေါင်းစုံဖြင့် အပြင်သို့ စီးထွက်သွားခဲ့ပြီ ဖြစ်သည်။

တစ်ရက်အတွင်းမှာပင်

အင်ပါယာအတွင်းရှိ ထိပ်သီးမျိုးနွယ်စုကြီးများနှင့် ဂိုဏ်းအသီးသီးတို့သည် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခုကို ရရှိခဲ့ကြသည်။

မြစိမ်းရောင်နေမင်းဂိုဏ်းကြီး တစ်စစီ ချေမှုန်းခံလိုက်ရပြီ။

ပိုင်မျိုးနွယ်စုမှ ထိပ်သီးအနည်းငယ်နှင့် ပိုင်ရမ် တို့က ထိုဂိုဏ်းတစ်ခုလုံးကို လုံးဝဥဿုံ ဖိနှိပ်ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

သို့သော် ထိုထက် ပို၍ ပေါက်ကွဲစေတတ်သော သတင်းမှာ-

ပိုင်ကျီဟန်သည် ဒုက္ခိတ ဖြစ်မနေခြင်းပင်။

လူအများစုမှာ အင်ပါယာ၏ ထူးချွန်ပြောင်မြောက်လှသော ပါရမီရှင်တစ်ဦး ဆုံးရှုံးသွားပြီဟု လက်ခံထားခဲ့ကြသော်လည်း ထိုအရာမှာ မှားယွင်းနေခဲ့သည်။

ထို့အပြင် သူသည် ဗလာသန့်စင်ခြင်းနယ်ပယ် သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ထိုနယ်ပယ်သည် ပါရမီရှင်အများစုပင် အသက်ငါးဆယ်ကျော်မှ ခက်ခက်ခဲခဲ တက်

လှမ်းနိုင်သည့် အဆင့်ဖြစ်ပြီး၊ အခြားသူများအတွက်မူ အိပ်မက်ပင် မမက်ရဲသော အဆင့်မျိုး ဖြစ်သည်။

သတင်းတစ်ခုချင်းစီသည် အင်ပါယာကို တုန်ခဲစေနိုင်သော်လည်း အားလုံးပေါင်းလိုက်သောအခါ မြေကမ္ဘာကိုပင် အက်ကွဲစေမည့် တုန်လှုပ်မှုမျိုး ဖြစ်လာခဲ့သည်။

နိုင်ငံရေးချိန်ခွင်လျှာသည် သိသိသာသာ ယိမ်းထိုးသွားခဲ့သည်။

လူအများမှာ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ ပိုင်မျိုးနွယ်စုသည် အားကောင်းမှန်း သိထားကြသော်လည်း ထိပ်သီးဂိုဏ်းကြီးတစ်ခုကို သူတို့အင်အား၏ ၅၀ ရာခိုင်နှုန်းပင် အသုံးမပြုဘဲ တစ်ရက်အတွင်း အနိုင်ယူနိုင်စွမ်းရှိသည်မှာ အလွန်ပင် ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။

အကယ်၍ သူတို့သာ အင်အားအပြည့်အဝ သုံးစွဲလာပါက ကောင်းကင်အင်ပါယာအတွင်း မည်သည့်အင်အားစုက တားဆီးနိုင်

မည်နည်း။

တော်ဝင်မိသားစု သို့မဟုတ် လီ-ကျောက် မဟာမိတ်အဖွဲ့ ပင်လျှင် ခံနိုင်ရည်ရှိမည် မဟုတ်ဟု အများက ယူဆလာကြသည်။

တစ်ချိန်တည်းမှာပင်

ပိုင်မျိုးနွယ်စု၏ စံအိမ်တော်အတွင်းရှိ

ပိုင်ကျီဟန်၏ နေအိမ်၌။

နေမင်းတာအိုသည် အသစ်တည်ဆောက်ထားသော အဆင့် ၆ မဟာအခင်းအကျင်းကြီး၏ အလယ်ဗဟိုတွင် ဝဲပျံနေသည်။

အလွှာပေါင်းများစွာသော အခင်းအကျင်းများသည် ဟင်းလင်းပြင်ကို တည်ငြိမ်စေပြီး အတွင်းမှ အပူရှိန်များ အပြင်သို့ မထွက်စေရန် ပိတ်ဆို့ထားသည်။

အင်မော်တယ်လေးဦးသည် အစီရင်စု၏ အစွန်းတွင် ဖြူဖျော့နွမ်းနယ်လျက် ရပ်နေကြသည်။

သူတို့၏ အင်မော်တယ်ခန္ဓာကိုယ်များသည် ခရီးကြမ်းကို ခံနိုင်ရည်ရှိသော်လည်း ပေးဆပ်လိုက်ရသည်မှာ မနည်းပေ။ အင်္ကျီလက်များမှာ မီးလောင်ကျွမ်းထားပြီး အရေပြားများမှာ အက်ကွဲနေကာ သူတို့၏ မာန်မာနများလည်း ကွယ်ပျောက်နေပြီ ဖြစ်သည်။

ပိုင်ကျီဟန်သည် မြစိမ်းရောင်နေမင်းဂိုဏ်းမှ ပိုင်မျိုးနွယ်စုအထိ ခရီးတစ်လျှောက်လုံး ဤနေမင်းတာအိုကို လက်ဖြင့် ကိုင်ဆောင်သယ်ဆောင်လာရန် သူတို့ကို ခိုင်းစေခဲ့သည်။

အကယ်၍ နေမင်းတာအိုသည် ပျံသန်းသည့် သင်္ဘောကို ထိတွေ့ပါက သင်္ဘောမှာ လောင်ကျွမ်းသွားမည် ဖြစ်သဖြင့် သူတို့ကို ကိုယ်တိုင် ပျံသန်းသယ်ဆောင်စေခဲ့ခြင်း ဖြစ်သည်။

ပိုင်ကျီဟန်၏ စရိုက်အရ သူတို့ကို အနားယူခွင့်လည်း မပေးခဲ့ပေ။

"မင်းတို့ သွားလို့ရပြီ"

ပိုင်ကျီဟန်က အမိန့်ပေးလိုက်သည်။

အင်မော်တယ်လေးဦးသည် မကျေနပ်မှုများနှင့် ပြည့်နှက်နေသော်လည်း မည်သူကမျှ မဟဝံ့ဘဲ ဦးညွှတ်ကာ ထွက်ခွါသွားကြသည်။

သူတို့စောဒကတက်ချင်တောင် မည်သူလုပ်ရဲမည်နည်း

ထို့နောက် ပိုင်ရမ်နှင့် အခြားမျိုးနွယ်စုဝင်များကိုလည်း စိတ်ပူနေသည့်ကြားမှ ထွက်ခွာသွားစေခဲ့သည်။

ပိုင်ကျီဟန်သည် လေထဲတွင် ဝဲပျံနေသော နေမင်းအသေးစားလေး၏ ရှေ့တွင် ရပ်နေသည်။

သူ၏ မျက်ဝန်းများတွင် ရွှေရောင်အလင်းတန်းများ ထင်ဟပ်နေ၏။

နေမင်းတာအိုသည် ဖြည်းညှင်းစွာ လည်ပတ်နေပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသည့် မြည်ဟီးသံတစ်ခု ထွက်ပေါ်နေသည်။

ပိုင်ကျီဟန်သည် သူ၏ ဝိညာဉ်အာရုံ တစ်စကို ထိုအရာထံသို့ ဖြန့်ကျက်လိုက်သည်။

ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက်

အပူရှိန်သည် ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ ထိုးတက်လာသည်။

သာမန်ကျင့်ကြံသူဆိုလျှင် ချက်ချင်းပင် ဝိညာဉ်လောင်ကျွမ်းသွားပေလိမ့်မည်။

သူသည် မည်သည့် ဝိညာဉ်စွမ်းအားအကာအကွယ်မှ မပါဘဲ ၎င်းကို ထိတွေ့လိုက်သည်။

အပူရှိန်ကို ခံစားရပြီး ဆက်ထိထားပါက သူ၏လက် လောင်ကျွမ်းသွားတော့မည်ဟု ခံစားရသည်။

သူ၏ ခန္ဓာကိုယ်ကို သန့်စင်ပြီးနောက်ပိုင်း ဤကဲ့သို့ ခံစားရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

သူ၏ ကမ္ဘာဦးဖရိုဖရဲခန္ဓာကိုယ်သည် အပူရှိန်အချို့ကို စုပ်ယူလိုက်ပြီး သွေးကြောများကို ပိုမိုခိုင်မာလာစေရန် ပုံသွင်းပေးလိုက်သည်။

ပိုင်ကျီဟန်သည် ကျေနပ်အားရစွာ ပြုံးလိုက်သည်။

သူသည် အချိန်အတော်ကြာ စိတ်ပူနေခဲ့ခြင်း ဖြစ်သည်။

သူ့ခန္ဓာကိုယ်သည် အရာအားလုံးကို ခံနိုင်ရည်ရှိပြီး သူအလိုရှိသကဲ့သို့ ထပ်မံသန့်စင်မရနိုင်တော့ပေ

ကမ္ဘာဦးဖရိုဖရဲခန္ဓာကိုယ်သည် အတော်လေး အားကောင်းနေချေပြီ

သို့သော် ပိုမိုအစွမ်းထက်သော ပစ္စည်းများ မပါဘဲ ခန္ဓာကိုယ်ကို ထပ်မံသန့်စင်ရန်မှာ အလွန်ခက်ခဲလာခဲ့သည်။ အရာအားလုံးထက် သူ ပိုမိုလိုအပ်နေသည်မှာ အလွန်အမင်း အားကောင်းပြင်းထန်လှသော မီးလျှံတစ်ခုပင် ဖြစ်သည်။

ကောင်းကင်အင်ပါယာအတွင်းရှိ အရင်းအမြစ်များဖြင့် သူသည် အတားအဆီးတစ်ခုသို့ ရောက်ရှိနေပြီဟု သူ ထင်မြင်ထားခဲ့သည်။

ပိုမိုကောင်းမွန်သော ပစ္စည်းများ မရှိပါက အခြားအရာများကို အသုံးပြုခြင်းမှာ အလဟဿသာ ဖြစ်ပေလိမည်။

သို့သော် သူသည် နှမြောတသမှုကိုလည်း ခံစားနေရသည်၊ အကြောင်းမှာ အကယ်၍ သူသာ ခန္ဓာကိုယ်ကို ထပ်မံသန့်စင်နိုင်ခဲ့ပါက ကမ္ဘာဦး ဖရိုဖရဲခန္ဓာ သန့်စင်ခြင်းကျင့်စဉ်၏ ပထမအဆင့်သို့ တက်လှမ်းရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ ခံစားသိရှိနေသောကြောင့် ဖြစ်သည်။

ယခု

နေမင်းတာအို၏ ရှေ့တွင် ရပ်နေရင်း

အရေပြားများ ပူစပ်ပူလောင် ဖြစ်လာခြင်း၊ အသားစများ လောင်ကျွမ်းတော့မည့် အခြေအနေကို ခံစားရခြင်းမှာ

သူ၏ ခန္ဓာကိုယ်ကို တိုးတက်စေမည့် နည်းလမ်းပင် ဖြစ်သည်။

ပိုင်ကျီဟန်သည် ရွှေရောင်ကွင်းကို ကြည့်လိုက်၏

"ဖြစ်နိုင်တယ်..." သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ "ငါ ကမ္ဘာဦးဖရိုဖရဲခန္ဓာကိုယ်ရဲ့ ပထမအဆင့်ကို ရောက်နိုင်လိမ့်မယ်"

ကောင်းကင်အင်ပါယာအတွင်း ထိုအဆင့်ကို ရောက်ရန် မဖြစ်နိုင်ဟု သူထင်ထားခဲ့သော်လည်း

ယခု

အခွင့်အရေးသည် သူ၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

အကယ်၍ သူသာ အောင်မြင်သွားပါက ဤအင်ပါယာအတွင်း မည်သူ့ကိုမျှ ကြောက်နေစရာ မလိုတော့ပေ

အင်ပါယာအတွင်း ပုန်းအောင်းနေသည့် ပြည်ပအင်အားစုများကိုပင် သူ ကိုင်တွယ်နိုင်ပေလိမ့်မည်။

သူ၏လက်ကို ဖြည်းညှင်းစွာ ပြန်ရုပ်လိုက်၏

လက်ဖဝါးမှာ နီရဲနေသည်။

ခြောက်သွေ့သော မြေကဲ့သို့ အက်ကြောင်းကလေးများ ပေါ်နေသော်လည်း

ခဏချင်းမှာပင် ပြန်လည်သက်သာသွားသည်။

သူသည် ချီအကာအကွယ်ကိုအသက်မသွင်းပေ

သူသည် စစ်မှန်သော အာနိသင်ကို လိုချင်

၏

ပိုင်ကျီဟန်သည် တွေဝေချင်းမရှိဘဲ သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏

တစ်ခုပြီး တစ်ခု

ရတနာများကို ထုတ်ယူလိုက်သည်။

ပိုင်မျိုးနွယ်စု ရတနာတိုက်မှ ရှေးဟောင်း နဂါးသွေးနီရောင်ရိုးတွင်းခြင်ဆီများ

ဝိညာဉ်သန့်စင်ထားသော ကြယ်နက်သဲများ

မြစိမ်းရောင်နေမင်းဂိုဏ်းမှ သိမ်းဆည်းလာသော ကောင်းကင်ယန်ကျောက်တုံးများ

ထိပ်သီး မီးဓာတ်ဝိညာဉ်ဆေးပင်များ။

နေမင်း၏ အဆီအနှစ်များ ပါဝင်သော ကျောက်စိမ်းသေတ္တာများ။

ဖေးလိန်၏ လက်စွပ်မှ ရှားပါးသော သားရဲသွေးနှင့် အရိုးအပိုင်းအစများ

ခြံဝင်းတစ်ခုလုံးသည် ဝိညာဉ်စွမ်းအင်များ သိပ်သည်းဆကြောင့် တုန်ခါလာသည်။

ဤပစ္စည်းတစ်ခုချင်းစီသည် အပြင်လောကတွင် စစ်ပွဲများ ဖြစ်ပွားစေနိုင်လောက်သော ရတနာများ ဖြစ်ကြသည်။

ယခု ထိုရတနာများသည် သူ၏ ပတ်ပတ်လည်တွင် ထင်းများပမာ ပြန့်ကျဲနေကြသည်။

နေမင်းတာအိုသည် ပိုမိုတောက်ပစွာ တုန်ခါလာသည်။

ရွှေရောင်အလင်းတန်းများသည် ရန်စမှုကို သိရှိသွားသည့်အလား ပိုမိုပြင်းထန်လာ၏

အခင်းအကျင်းအတွင်းရှိ အပူရှိန်မှာလည်း ဆထက်ထမက မြင့်တက်လာသည်။

ခြံဝင်းအတွင်းရှိ ကျောက်ပြားများမှာ အက်ကွဲစပြုလာ၏

လေထုသည်လည်း မြင်သာထင်သာရှိစွာပင် လိမ်ရှုံ့သွားတော့သည်။

ပိုင်ကျီဟန်သည် နေမင်းအသေးစားလေး၏ အောက်တည့်တည့်သို့ လျှောက်သွား၏

သူ၏ ဝတ်ရုံကို ချွတ်လိုက်သည်။

အဝတ်အစားမှာ ထိုအပူရှိန်အောက်တွင် ခံနိုင်

မည် မဟုတ်ပေ။

သူ၏ အရေပြားပေါ်တွင် ရှေးဟောင်းသင်္ကေတများကဲ့သို့သော ဟင်းလင်းပြင်ပုံစံများ ပေါ်ပေါက်လာသည်။

သူသည် အခင်းအကျင်းကို စတင် လှုပ်ရှားလိုက်၏

နဂါးရိုးတွင်းခြင်ဆီများသည် အရည်ပျော်ကာ နီရဲတောက်နေသော ချော်ရည်များအလား ဖြစ်သွားသည်။

ကြယ်စင်သဲများသည်လည်း တဖျတ်ဖျတ်တောက်နေသော အမှုန်အမွှားများအဖြစ် ပျော်ဝင်သွားကြသည်။

ယန်ကျောက်တုံးအမြုတေများသည်လည်း စုစည်းထားသော နေမင်းအဆီအနှစ်များကို ထုတ်လွှတ်လိုက်ကြသည်။

ထိုအရာအားလုံးသည် အထက်သို့ စီးဝင်သွားကြသည်-

ပိုင်ကျီဟန် ထံသို့

ထို့နောက် နေမင်းတာအိုထံသို့ တိုးဝင်သွားကြလေတော့သည်။

နေမင်းတာအိုသည် ပိုမိုတောက်လောင်လာ၏

အပူရှိန်မှာ ဆထက်ထမက မြင့်တက်လာသည်

ပထမဆုံး အပူလှိုင်းသည် သူ့ကို အပြည့်အဝ ရိုက်ခတ်သွားသည်။

အကာအကွယ် မရှိပေ။

အရေပြားများ ချက်ချင်း ကွဲအက်သွားသည်

သွေးစများမှာ မြေပြင်သို့ မကျမီပင် အငွေ့ပျံသွားသည်။

ကြွက်သားများ တုန်ခါနေ၏

အရိုးများသည်လည်း ပြင်းထန်သော အပူကြောင့် အသံများ ထွက်ပေါ်နေသည်။

နာကျင်မှု

စစ်မှန်ပြီး အတိုင်းအဆမရှိသော နာကျင်မှု။

နှစ်ပေါင်းများစွာအတွင်း

ပိုင်ကျီဟန်သည် ပထမဆုံးအကြိမ် ဝေဒနာကို ခံစားလိုက်ရသည်။

သို့သော် သူ၏ နှုတ်ခမ်းများမှာ အပြုံးတစ်ခု ပေါ်လာသည်။

"ကောင်းတယ်”

နာကျင်မှု မရှိလျှင်

တိုးတက်မှုလည်း မရှိပေ။

နေမင်းတာအိုသည် ကောင်းကင်ဘုံ၏ မီးဖိုကြီးကဲ့သို့ သူ့ကို ဖိနှိပ်ထားသည်။

ရတနာများမှ ထွက်လာသော အစွမ်းများသည် သူ၏ ခန္ဓာကိုယ်ကို နေမင်းတာအိုအောက်တွင် ပြန်လည်ပုံသွင်းရန် တွန်းအားပေးနေသည်။

အသားစများ လောင်ကျွမ်းသွားလိုက်

ပြန်လည်ရှင်သန်လိုက်ပင်

ထို့နောက် လောင်ကျွမ်းပြန်၏

ဆံပင်များ ပြာကျသွားပြန်၏

ထို့နောက် ပြန်ပေါက်လာပြန်သည်။ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများသည် အနီရဲရဲ သံရည်ပူများကဲ့သို့ ဖြစ်နေသည်။

ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသော အညစ်အကြေးမှန်သမျှ အငွေ့ပျံ ကွယ်ပျောက်သွားသည်။

အချိန်နှင့် ဟင်းလင်းပြင်တို့မှာ ပုံပျက်နေသယောင် ရှိသည်။

နေရာသည် တုန်လှုပ်နေ၏ နေမင်းတာအိုသည်လည်း ပိုမိုမြန်ဆန်စွာ လည်ပတ်နေသည်။

သူ့ကို စမ်းသပ်နေသကဲ့သို့ပင်

"မင်း ခံနိုင်ရည်ရှိရဲ့လား" ဟု မေးနေသကဲ့သို့ပင်။

ပိုင်ကျီဟန်သည် နောက်မဆုတ်ခဲ့ပေ။

သူသည် ကြယ်စင်တစ်စ၏ မီးဖိုအလယ်တွင် မတ်မတ်ရပ်နေ၏

မိမိကိုယ်ကိုယ် ဖျက်ဆီးခံလိုက်သည်။

ထပ်ခါထပ်ခါ... တစ်ဖန်ပြန်၍

ထပ်မံ၍ပင်

အခန်း ၄၈၁ - ဥပဒေအထက်က မျိုးနွယ်စု

ရက်သတ္တပတ် အတော်ကြာသည်အထိ လူအများ၏ ပါးစပ်ဖျားတွင် မြစိမ်းရောင်နေမင်းဂိုဏ်း အကြောင်းပင်ပြောနေကြ၏။

ပိုင်မျိုးနွယ်စု၏ လက်ချက်ဖြင့် မြစိမ်းရောင်နေမင်းဂိုဏ်းကြီး ပျက်သုဉ်းလုနီးပါး ဖြစ်သွားရသည့် သတင်းကို မည်သို့မျှ ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။

ဂိုဏ်းဘက်မှ သူတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ကြိုးပမ်းသည့်အနေဖြင့် ပျက်စီးဆုံးရှုံးမှု ပမာဏကို စကားလုံးလှလှလေးများဖြင့် ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့အခြေအနေမှာ အဝေးသို့ ပြန့်နှံ့သွားခဲ့ပြီ ဖြစ်သည်။

ဂိုဏ်းအတွင်းရှိ အင်မော်တယ်လေးဦးသည်လည်း အခြေအနေအရပ်ရပ်ကို စုံစမ်းရန် ရောက်ရှိလာကြသော ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုအသီးသီးမှ ကိုယ်စားလှယ်များကို ဟန့်တားပယ်ချရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။

"ဒါက ငါတို့နဲ့ ပိုင်မျိုးနွယ်စုကြားက နားလည်မှုလွဲတာ သက်သက်ပါပဲ”

"ငါတို့တွေ ပိုင်မျိုးနွယ်စုရဲ့ နှိမ်နင်းခြင်းကို ခံလိုက်ရတာ မဟုတ်ပါဘူး။ မင်းတို့ မြင်တဲ့အတိုင်းပဲ ငါတို့အားလုံး အကောင်းတိုင်းပါပဲ”

သူတို့သည် အင်အားကြီးဂိုဏ်းတစ်ခု၏ ပုံရိပ်ကို ထိန်းသိမ်းရန် အထူးဂရုပြုကာ တည်ငြိမ်သော လေသံများဖြင့် ပြောဆိုခဲ့ကြသည်။

သို့သော် ဟန်ပြသက်သက်မှာ အကန့်အသတ် ရှိပေသည်။

လူအတော်များများက အမှန်တရားကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြပြီး ဖြစ်သည့်အပြင် အခြားနည်းဖြင့် ရှင်းပြ၍မရနိုင်သော ဂိုဏ်းချုပ်ကြီး ပျောက်ဆုံးနေမှုမှာလည်း သိသာလွန်းနေသည်။

ဂိုဏ်းချုပ် ဝမ်ဟောင်ယုသည် ကျင့်ကြံခြင်းအဆင့် တိုးမြှင့်ရန်အတွက် တံခါးပိတ်ကျင့်ကြံနေခြင်းဖြစ်သည်ဟု မြစိမ်းရောင်နေမင်းဂိုဏ်းက လိမ်ညာရန် ကြိုးပမ်းခဲ့သော်လည်း လူအများက ထိုအချက်ကို အလွယ်တကူ မယုံကြည်ကြပေ။ အကြောင်းမှာ သူသည် မကြာသေးမီကမှ အဆင့်တက်လှမ်းထားခြင်း ဖြစ်ချေ၏၊

ထိုမျှ မြန်မြန်ဆန်ဆန် တံခါးပိတ်ကျင့်ကြံမှု ပြန်ဝင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

မြစိမ်းရောင်နေမင်းဂိုဏ်း၏ အင်အားကြီးပုံရိပ်ကို ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းမှုများသည် ဖြစ်ပျက်ခဲ့ပြီးသော အရာများကို ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။

သို့သော်လည်း ဤမျှကြီးမားသော အကျပ်အတည်းဖြစ်နေသည့်တိုင် လီ-ကျောက် မဟာမိတ်အဖွဲ့ ၏ တုံ့ပြန်မှုမှာ မျှော်လင့်မထားလောက်အောင် ထူးဆန်းနေသည်။

သူတို့၏ မဟာမိတ်အဖွဲ့ဝင်တစ်ဦးသည် အမြစ်ပြတ်လုနီးပါး ချေမှုန်းခံရသည် သို့မဟုတ် အနည်းဆုံးတော့ အပြင်းအထန် ဒုက္ခရောက်သွားသည် ဖြစ်သော်လည်း ထိတ်လန့်ကြောက်ရွံ့မည့်အစား စိတ်လှုပ်ရှားမှုများသာ ရှိနေကြသည်။

သူတို့ စိတ်လှုပ်ရှားနေရသည့် အကြောင်းရင်းမှာ မကြာမီမှာပင် ထင်ရှားလာခဲ့သည်။

ပိုင်မျိုးနွယ်စုက မြစိမ်းရောင်နေမင်းဂိုဏ်းကို ဖျက်ဆီးလိုက်ခြင်းမှာ သာဓကတစ်ခု ဖြစ်သွားခဲ့သည်။

ပိုင်မျိုးနွယ်စု၏ အစွမ်းသည် ငြင်းမရလောက်အောင်ပင် အားကောင်းသော်လည်း ထိုအစွမ်းမှာ ဖျက်ဆီးလိုစိတ် လွန်ကဲနေသည်ဟု လူအများက ရှုမြင်လာကြသည်။

သတင်းများ အပြည့်အစုံ ပြန့်နှံ့သွားသည်နှင့်အမျှ အင်ပါယာအတွင်းရှိ တိုးတိုးတိတ်တိတ် ပြောသံများသည် အော်ဟစ်သံများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ပိုင်မျိုးနွယ်စုသည် မောက်မာလွန်းသည်ဟု သမုတ်ခံလာရသည်။

အနိုင်ကျင့်သူဟု အခေါ်ခံရသည်။

ဥပဒေအထက်တွင် ရှိနေသော အင်အားစု

"သူတို့က တခြားဂိုဏ်းတစ်ခုကို ဒီလိုမျိုး ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်ရတာလဲ? အဲဒီဂိုဏ်းက အင်ပါယာကို ကာကွယ်ဖို့အတွက် အများကြီး စတေးခဲ့ရတဲ့ မြစိမ်းရောင်နေမင်းဂိုဏ်း ဖြစ်နေတာတောင်မှလား”

"သူတို့တွေက အင်ပါယာရဲ့ ဥပဒေတွေထက်မှာ ရှိနေကြတာလား? သူတို့ကို တားဆီးမဲ့သူ တစ်ယောက်မှ မရှိတော့ဘူးလား?"

ကုန်သည်များက ပိုင်မျိုးနွယ်စု၏ နယ်ပယ်ကျော်လွန် လုပ်ဆောင်မှုများကို တိုးတိုးတိတ်တိတ် ပြောဆိုကြပြီး ပညာရှိများကလည်း အာဏာနှင့် ကျင့်ဝတ်များအကြောင်း ငြင်းခုံခဲ့ကြသည်။

အချို့က ပိုင်မျိုးနွယ်စုသည် ရဲတင်းလွန်းလာသည်။ ယုံကြည်ချက် လွန်ကဲနေပြီး ကိုယ်ကျင့်တရားကို လျစ်လျူရှုကာ သူတို့၏ အလိုဆန္ဒအတိုင်း လုပ်ဆောင်နေကြသည်ဟု ဆိုကြသည်။

အခြားသူများကမူ မည်သည့်ဂိုဏ်းပင် ဖြစ်စေကာမူ မည်မျှပင် အင်အားကြီးစေကာမူ ပိုင်မျိုးနွယ်စုကို ဆန့်ကျင်ပါက ဤကဲ့သို့သော ကံကြမ္မာမျိုးကိုပင် ရင်ဆိုင်ရလိမ့်မည်ဟု ခန့်မှန်းကြသည်။

အကယ်၍ သူတို့ကို ယခုပင် မတားဆီးနိုင်ပါက လူတိုင်း ပိုင်မျိုးနွယ်စု၏ ဖိနှိပ်မှုအောက်သို့ ရောက်သွားပေလိမ့်မည်။ မြစိမ်းရောင်နေမင်းဂိုဏ်းမှာမူ သူတို့၏ ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန် ကြိုးစားနေသော်လည်း၊ ပိုင်မျိုးနွယ်စုကို အံတုသူများ ရင်ဆိုင်ရမည့် နောက်ဆက်တွဲရလဒ်၏ ပြယုဂ်တစ်ခု ဖြစ်သွားခဲ့ရသည်။

ပိုင်ကျီဟန်၏ နာမည်မှာလည်း အချို့သော နယ်ပယ်များတွင် နာမည်ဆိုးဖြင့် ပိုမိုကျော်ကြားလာခဲ့သည်။

သူသည် အခြားနယ်မြေများကို ကျူးကျော်ရန်အတွက် အကြောင်းပြချက်ကောင်း ရရှိစေရန် လူအများကို တမင်တကာ လိမ်ညာခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုနေကြသည်။

အချို့ကလည်း လီမျိုးနွယ်စုဝင်များသည် မြစိမ်းရောင်နေမင်းဂိုဏ်း၏ တပည့်များဖြစ်နေသည်ဟူသော အချက်ကို အခြေခံ၍ ပိုင်ကျီဟန်က ကျူးကျော်မှုကို စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။

သူတို့သည် ပိုင်မျိုးနွယ်စု၏ ရဲတင်းမှုနှင့် ထိုအရာက ဖြစ်ပေါ်စေသော ကြောက်ရွံ့မှုတို့အပေါ် စိုးရိမ်နေကြသည်။

လူထု၊ တရားရုံးများနှင့် ပြိုင်ဘက်မျိုးနွယ်စုများပင်လျှင် ကောင်းကင်အင်ပါယာ၏ တရားဥပဒေစိုးမိုးရေး အခြေခံအုတ်မြစ်များအားမေးခွန်းထုတ်လာကြတော့သည်။

မျိုးနွယ်စု တစ်စုတည်းက အပြစ်ပေးခံရခြင်းမရှိဘဲ မိမိအလိုရှိသလို လုပ်ဆောင်နိုင်နေသည်မှာ ဖြစ်သင့်ပါသလား?

သူတို့တွင် အင်အားရှိရုံမျှဖြင့် အခြားဂိုဏ်းတစ်ခုကို ဤသို့ ဖြိုဖျက်ပစ်နိုင်သလော?

ပျံ့နှံ့နေသော ကောလာဟလတိုင်းတွင် ဒေါသအငွေ့အသက်များ၊ အံ့သြတုန်လှုပ်မှုများနှင့် ပိုင်မျိုးနွယ်စုသည် မည်မျှအထိ လက်ရဲဇက်ရဲ ရှိနိုင်မည်နည်းဟူသော စိုးရိမ်စိတ်များ ရောပြွမ်းနေသည်။

"တော်ဝင်မိသားစုက ဘာတွေလုပ်နေတာလဲ? ဥပဒေကို ချိုးဖောက်တဲ့ ပိုင်မျိုးနွယ်စုကို အရေးမယူသင့်ဘူးလား?"

"တော်ဝင်မိသားစုကိုယ်တိုင်က ပိုင်မျိုးနွယ်စုကို ကြောက်နေတာ ဖြစ်နိုင်တယ်"

"ဒါ့အပြင် မြစိမ်းရောင်နေမင်းဂိုဏ်းရဲ့ ဘိုးဘေးတွေက ဒါဟာ နားလည်မှုလွဲတာပါလို့ ပြောနေကြတာပဲ။ သတင်းအချက်အလက်တွေက မရေရာဘဲနဲ့ တော်ဝင်မိသားစုက ဘယ်လိုလုပ် ရှေ့ထွက်လာနိုင်ပါ့မလဲ?"

လူအများက ပိုင်မျိုးနွယ်စုသည် မည်သည့်နောက်ဆက်တွဲ ဆိုးကျိုးမှ မရှိဘဲ ဤကိစ္စကို အေးအေးဆေးဆေး ကျော်ဖြတ်သွားနိုင်လိမ့်မည်ဟု ထင်မှတ်နေစဉ်မှာပင် တော်ဝင်

မိသားစုသည် ပိုင်ထျန်းဟမ်ကို နန်းတော်သို့ ဆင့်ခေါ်လိုက်လေသည်။

တော်ဝင်နန်းတော်၏ ဆင့်ခေါ်စာသည် အင်ပါယာတစ်ခုလုံးကို တင်းမာမှုလှိုင်းတံပိုးများ ရိုက်ခတ်သွားစေသည်။

ဧကရာဇ်မင်းမြတ်သည် ပိုင်မျိုးနွယ်စုကို စိန်ခေါ်ရန် သတ္တိရှိနေသေးသည်ဟု မည်သူက ထင်ထားပါမည်နည်း။

သူသည် ပိုင်မျိုးနွယ်စု၏ အစားထိုးမှု ခံရမည်ကို မကြောက်တော့ပြီလော?

ထို့အပြင် အဘယ်ကြောင့် ယခုအချိန်မှ ပိုင်ထျန်းဟမ်ကို နန်းတော်သို့ ဆင့်ခေါ်ရသနည်း?

ရုတ်တရက် ဆင့်ခေါ်ရခြင်း၏ အကြောင်းရင်းမှာ မကြာမီမှာပင် ထင်ရှားလာခဲ့သည် - မြစိမ်းရောင်နေမင်းဂိုဏ်း၏ ဂိုဏ်းချုပ် ဝမ်ဟောင်ယုက နှုတ်ဖွင့်ပြောကြားလိုက်ခြင်းကြောင့် ဖြစ်သည်။

အင်မော်တယ်ဘိုးဘေးလေးဦး၏ ဂုဏ်သိက္ခာထိန်းသော ထုတ်ပြန်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ဝမ်ဟောင်ယုသည် ပျံ့နှံ့နေသော တုန်လှုပ်ဖွယ်ရာ ကောလာဟလအားလုံးမှာ အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။

ပိုင်မျိုးနွယ်စုသည် မြစိမ်းရောင်နေမင်းဂိုဏ်းကို ကျူးကျော်ခဲ့ကြောင်း သူက အတိအလင်း ပြောကြားခဲ့သည်။

ဂိုဏ်းဝင်တပည့်များကို ဓားစာခံအဖြစ် ဖမ်းဆီးထား၏

ဂိုဏ်း၏ အကြီးအကဲများ သတ်ဖြတ်ခံလိုက်ရ၏

ဘိုးဘေးများက လူသိရှင်ကြား ငြင်းဆိုနေကြသော်လည်း ဂိုဏ်းတစ်ခုလုံးမှာ အမှန်တကယ် ဖိနှိပ်ထိန်းချုပ်ခံလိုက်ရခြင်းပင် ဖြစ်၏။

သူ၏ စကားများသည် ဓားတစ်လက်ကဲ့သို့ ငြင်းဆိုချက်များကို ပိုင်းဖြတ်လိုက်သည်။

ဂိုဏ်း၏ သိက္ခာကို ဆယ်ယူရန် ကြိုးပမ်းမှုများ၊ မရှုံးနိမ့်နိုင်သော ပုံရိပ်ကို ထိန်းသိမ်းရန် အားထုတ်မှုများအားလုံးသည် ခဏချင်းမှာပင် အဓိပ္ပာယ်မဲ့သွားခဲ့ရသည်။

မြစိမ်းရောင်နေမင်းဂိုဏ်း၏ ဘိုးဘေးလေးဦးမှာလည်း ယခုအခါ အားကိုးရာမဲ့ ဖြစ်သွားကြရသည်။

လူအများက ဘိုးဘေးများသည် အမှန်တရားကို ဖုံးကွယ်နေသည်ဟု သံသယရှိခဲ့ကြသော်လည်း

ယခု ဝမ်ဟောင်ယု၏ အတည်ပြုချက်ကြောင့် မည်သည့် သံသယမှ မရှိတော့ပေ။

အဘယ်ကြောင့် ဝမ်ဟောင်ယုက သူ၏ဂိုဏ်းဂုဏ်သိက္ခာကို ထိခိုက်စေမည့် အမှန်တရားကို ထုတ်ဖော်ရသနည်းဟု မသိကြသော်လည်း မည်သူက လိမ်ညာနေသည်ကိုမူ အားလုံးက ကောင်းကောင်း သိမြင်သွားကြပြီ ဖြစ်သည်။

ဝမ်ဟောင်ယုသည် ကောလာဟလများကို အတည်ပြုရုံဖြင့် ရပ်မနေခဲ့ပေ။

သူသည် ပိုင်မျိုးနွယ်စုကို တရားဝင် တိုင်ကြားချက်တင်သွင်းခဲ့သည်။

ကျူးကျော်မှု၊ ဓားစာခံဖမ်းဆီးမှုနှင့် အကြီးအကဲများ သေဆုံးမှုများကို ကိုးကားခဲ့၏

ပိုင်မျိုးနွယ်စုသည် ကောင်းကင်အင်ပါယာ၏ ဥပဒေများကို နင်းခြေကာ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲလိုက်သည်။

ဂိုဏ်းချုပ်ကိုယ်တိုင် တရားဝင် တိုင်ကြားလာပြီဖြစ်ရာ တော်ဝင်မိသားစုအနေဖြင့်လည်း အမှန်တရားကို စုံစမ်းစစ်ဆေးရန်နှင့် ဤကြီးလေးသော ရာဇဝတ်မှုကို ကျူးလွန်သူများအား အပြစ်ပေးရန် တာဝန်ရှိလာတော့သည်။

သို့ဖြစ်ပါ၍ ပိုင်ထျန်းဟမ်သည် နန်းတော်သို့ ဆင့်ခေါ်ခြင်းခံရပြီး သူသည်လည်း တုံ့ဆိုင်းနေခြင်းမရှိဘဲ လက်ခံကာ တက်ရောက်ခဲ့လေသည်။

All Chapters