← Chapters

အခန်း (၈၃၂-၈၃၄)

Vol. 56 Ch. 832-834

အခန်း (၈၃၂-၈၃၄)

Vol. 56 Ch. 832-834

Chapter 832 ကောင်းကင်မီးလျှံ နဂါး

ရှစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်ပေါ် သို့ ထိုခြေထောက်တစ်ဖက် ကျသွားချိန်တွင် လုချမ်ချိုး မှင်တက်ကာ ပေါက်ကွဲမတတ် ဖြစ်လာရသည်။

*ရှုံးသွားပြီ*

*နောက်ဆုံးခြေလှမ်းကျမှ ဒီကောင်ကို ရှုံးသွားရတယ်လို့*

အရှက်ကွဲသွားသကဲ့သို့သော ခံစားချက်ကြောင့် လုချမ်ချိုး ရင်ထဲ နာကျင်လာပြီး သွေးအန် မိလာသည်။

“မဟုတ်ဘူး”

သူ ရင်ကွဲမတတ် အော်ဟစ်လိုက်သည်။ မီးလျှံဘိုးဘေး၏ တပည့်ရင်း ဖြစ်လိုခြင်းက သူ၏ အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်သည်။ ထို့ကြောင့်ပင် မိသားစုကြီးနှစ်ခုနှင့် ရန်ဘက် ဖြစ်လာမည်ကို မမှုဘဲ လောချမ်ကျွင်းနှင့် ဟုန်ရှင်းကို သတ်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော် ယခုအခါတွင် သူ ရှုံးသွားလေပြီ။ မီးလျှံဘိုးဘေး၏ တပည့်ရင်း ဖြစ်မလာရုံ သာမက လောမိသားစုနှင့် ဟုန်မိသားစုတို့နှင့် သူ တိုက်ခိုက်ရပေမည်။ ဤသည်က လုချမ်ချိုးကို တုန်လှုပ်သွားစေပြီး လဲကျသွားလေသည်။

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”

သူ့ထက် သာနေသော လူအား စိတ်ရှုပ်ထွေးကာ မလိုတမာအကြည့်ဖြင့် မော့ကြည့် လိုက်မိသည်။ ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက သူသည် မီးလျှံမြို့တော်၏ နာမည်ကြီး ကြယ်ပွင့် ဖြစ်လာမည် ဖြစ်ပြီး များစွာသော မီးလျှံမြို့တော် သိုင်းပညာရှင်များ၏ လေးစား ခြင်းကို ခံရပေမည်။

သို့သော် ယခုအခါတွင် ပြိုင်ပွဲ၏ ထင်ပေါ်ကျော်စောမှုအား ယဲ့ဖန်က လုယူသွားခဲ့သည်။ ပြိုင်ပွဲ၏ ပထမနေရာ ကိုလည်း ယဲ့ဖန်က ဖြတ်လုသွားပြန်သည်။

ဤလူက သူ၏ ပြေးမလွတ်သော အကုသိုလ်လို ဖြစ်နေသောကြောင့် လုချမ်ချိုး အရိုးထဲ အသည်းထဲအထိ မုန်းတီးမိသည်။

သူသာမက တောင်အောက်မှ လူများအားလုံးသည်လည်း ခြောက်ခြားနေကြသည်။

“ရှစ်ဆယ့်တစ်ထစ်မြောက် လှေကားကို ရောက်နေတဲ့ ယဲ့ဖန်က အခု ကောင်းကင်မီးလျှံ အဆင့် ခုနစ်ရာ နှစ်ဆယ့်ကိုးဆင့်ကို ရင်ဆိုင်နေရတာပဲ၊ ဒီလူ …”

“မြတ်စွာဘုရား … ကောင်းကင်မီးလျှံအဆင့် ခုနှစ်ရာ နှစ်ဆယ့်ကိုးတောင်၊ အဲ့ဒါက မီးလျှံဘိုးဘေးနဲ့ မီးလျှံဘုရင်တို့ တက်တုန်းကထက် ကိုးဆ ပိုပြင်းတာပဲ”

“မိစ္ဆာပဲ၊ ဘယ်လိုလုပ် ဒီလိုမိစ္ဆာမျိုး မွေးလာတာလဲ”

တောင်အောက်မှ သိုင်းပညာရှင်များအားလုံး အလွန်အမင်း ထိတ်လန့်နေပြီး တောင်ထိပ်မှ ယဲ့ဖန်အား နတ်ဘုရားသဖွယ်‌ မော့ကြည့်နေကြသည်။

ထို့အပြင် ယဲ့ဖန် တောင်ထိပ်ပေါ် ရောက်သွားသည်နှင့် လှေကားထစ် ရှစ်ဆယ့်တစ် ထစ်လုံးမှ ကောင်းကင် မီးလျှံများ ခမ်းခြောက်သွားပုံရသည်ကို အားလုံး သတိထား လိုက်မိသည်။

မည်သည့် မီးလျှံမှ မရှိတော့သလို အပူဓာတ်လည်း မရှိတော့ပေ။ ယဲ့ဖန်က မီးလျှံများကို စုပ်ယူသော စက်သဖွယ် မီးလျှံအားလုံး စုပ်ယူသွားလေသည်။

အထူးသဖြင့် လုချန်ခုန်းနှင့် လုမိသားစုဝင်များအားလုံး မျက်နှာ ပျက်နေကြသည်။

“အသုံးမကျဘူး၊ အလကားပဲ၊ အလကားပဲ”

မိသားစုခေါင်းဆောင် လုချန်ခုန်း ဆောက်တည်ရာမရ ဖြစ်ကာ မျက်နှာ သုန်မှုန်နေ၏။ သူ၏ လုမိသားစုမှ အတော်ဆုံး ကလေးက နောက်ဆုံးအဆင့်မှ ရှုံးသွားရလိမ့်မည်ဟု ထင်မထားမိပေ။

လုမိသားစုမှ မိသားစုဝင်များလည်း ဒေါသထွက်နေကြသည်။ ဘေးပတ်လည်မှ များစွာ သော မီးလျှံမြို့တော်၏ သိုင်းပညာရှင်များလည်း အုတ်အော်သောင်းနင်း ဖြစ်နေသည်။

လူတိုင်းက ထိတ်ထိတ်ပျာပျာ ဖြစ်နေသော မျက်နှာများဖြင့် တောင်ထိပ်ပေါ်မှ ယဲ့ဖန်အား စိတ်လှုပ်ရှားစွာ လှမ်းကြည့်နေကြသည်။

“ချန်ပီယံ ယဲ့ဖန်”

“ချန်ပီယံ ယဲ့ဖန်”

“…”

ထောင်သောင်းချီသော လူများက ကြွေးကြော်၍ ဩဘာပေးကြသည်။ ထိုအသံက ကြက်သီးထဖွယ် ကောင်းလှသည်။ အားလုံးက ယဲ့ဖန်အား နတ်ဘုရားတစ်ပါးသဖွယ် လေးစားနေကြသည်။

သူသည် ကောင်းကင်မီးလျှံ၏ ပြင်းထန်သော မီးအဆင့်များကို တောင့်ခံခဲ့သည်။ ဤလူ သည် ထောင်ချီသော ကောင်းကင်မီးလျှံ သားရဲများကို သတ်ခဲ့သည်။ ဤလူကပင် ပါရမီရှင် မှော်ဆေးပညာရှင် တစ်ရာကျော်အား အလွယ်တကူ သတ်ကာ တောင်ထိပ် ပေါ်သို့ တက်နိုင်ခဲ့လေသည်။

ဤလူက ဘယ်ကနေ ပေါ်လာသနည်း။ နတ်ဘုရား ဖြစ်မည်မှာ အသေအချာပင်။

လက်ရှိအချိန်၌ ကောင်းကင်မီးလျှံ တောင်တစ်ဝိုက်မှ လူများစွာတို့က ယဲ့ဖန်နာမည်အား ကြွေးကြော်နေကြသည်။

“အောင်မြင်ပြီ၊ ထျဲလင် ယဲ့ဖန် … သူ လုပ်နိုင်သွားပြီ”

လျှိုချင်းရီ ဝမ်းသာလွန်းသဖြင့် မျက်ရည်များ ကျလာသည်။ သို့သော် သူမက ပန်းပွင့်လေး ပွင့်လန်းလာသကဲ့သို့ ရယ်မောနေ၏။ ထျဲလင်သည်လည်း တောင်ထိပ်ပေါ်မှ ယဲ့ဖန်ကို လှမ်းကြည့်ပြီး အံ့ဩမှင်တက်နေသည်။

“နောက်ထပ် ဆန်းကြယ်မှုတစ်ခုပါလား၊ အစ်ကိုယဲ့က ဆန်းကြယ်မှုတွေကို ဖန်ဆင်းတဲ့လူ လို့တောင် ညီမ သံသယ ဝင်လာပြီ၊ တကယ်ကို အံ့ဩစရာပဲ”

လျှိုချင်းရီနှင့် ထျဲလင်တို့ထက် ပို၍ စိတ်လှုပ်ရှားနေသောသူက ခပ်ဝဝ ဆိုင်ပိုင်ရှင်ပင်။

“ဟားဟားဟား … နိုင်ပြီ၊ ငါ နိုင်ပြီကွ”

ခပ်ဝဝ ဆိုင်ပိုင်ရှင်သည် ဝမ်းသာအားရ အော်ဟစ်ရယ်မောနေ၏။ ယခင်က သူ၏ ယန်ဝမ်ဒင်္ဂါး တစ်သောင်းလုံးကို ရင်း၍ ယဲ့ဖန်ဘက်မှ လောင်းခဲ့သည်။

သူ အကြိမ်ကြိမ် စိတ်ဓာတ်ကျလုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော် သူ စိတ်ဓာတ်ကျသွားတိုင်း ပြန်၍ အားတက်လာရပြီးနောက် ယခု သူ နိုင်သွားလေပြီ။

သူ ရင်းထားသော ယန်ဝမ်ဒင်္ဂါး တစ်သောင်းသာမက ယန်ဝမ်ဒင်္ဂါး ငါးသန်းပါ ရပေ တော့မည်။ သူ ချမ်းသာ ပေတော့မည်။ ခပ်ဝဝ ဆိုင်ပိုင်ရှင်သည် သူ့ဘဝတစ်သက်တာ၌ ဤမျှ များပြားသော ငွေပမာဏကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ယခု ထိုငွေပမာဏကို သူ ပိုင်ဆိုင်ရတော့မည်။

“နတ်ဘုရားပဲ၊ ယဲ့ဖန် မင်း … မင်းက နတ်ဘုရားပဲ”

ခပ်ဝဝ ဆိုင်ပိုင်ရှင်သည် တောင်ထိပ်မှ ယဲ့ဖန်ကို လှမ်းကြည့်ကာ ဒူးထောက်၍ အရိုအသေ ပေးလေသည်။ သူသည်သာမက ဘေးပတ်လည်မှ သိုင်းပညာရှင်သည်လည်း သူ၏ အပြုအမူကိုမြင်ပြီး တစ်ယောက်ပြီး တစ်ယောက် တောင်ထိပ်ဘက် မျက်နှာမူ၍ ဒူးထောက်ကာ အရိုအသေ ပေးကြလေသည်။

များပြားလှသည့် လူအုပ်ကြီးက အရိုအသေ ပေးနေသော မြင်ကွင်းသည် အလွန် မှင်တက်စရာ ကောင်းလှသည်။ မြို့တော်သခင် မီးလျှံဘုရင်တောင်မှ တုန်လှုပ် သွားရသည်။

“မယုံနိုင်စရာပဲ၊ သူက တကယ်ကို ဆန်းကြယ်မှုတွေကို ဖန်တီးနိုင်ခဲ့တာပဲ”

မီးလျှံဘုရင်က တအံ့တဩ ရေရွတ်လေသည်။ သို့သော် ယဲ့ဖန်က တောင်အောက်မှ သိုင်းပညာရှင်များ၏ အပြုအမူကို အရေးမလုပ်ပေ။

ရှစ်ဆယ့်တစ်ထစ်မြောက် လှေကားထစ်ပေါ်သို့ သူ တက်လိုက်ချိန်တွင် သူ၏ကိုယ်တွင်း၌ ငလျင်လှုပ်သကဲ့သို့ ဖြစ်လာသည်ဟု ခံစားမိလာသည်။

ငရဲမီးနှင့် မရဏမီးလျှံတို့ နိုးထလာလေပြီ။ ဒန်ထျန်တွင်းမှ အရှိန်အဝါများက ယဲ့ဖန်၏ သွေးကြောများ အားလုံးထဲသို့ စီးဝင်သွားသည်။ အချိန်အတော်ကြာ ပျောက်ဆုံးနေသော စွမ်းအင်များ ပြန်ပေါ်လာသဖြင့် ယဲ့ဖန် ပျော်ရွှင်သွားသည်။

“ဒီလောက်နဲ့ မလုံလောက်သေးဘူး”

ယဲ့ဖန်၏ မျက်လုံးများက အလွန်အမင်း စူးရှတောက်ပလျက် ရှိသည်။ သူသည် တောင်ထိပ်ပေါ် ရပ်နေပြီးနောက် သဘောကျဟန်ဖြင့် ပြုံးနေသည်။

“ကောင်းကင်မီးလျှံ မြွေဆိုး အခု မင်းအလှည့်ပဲ”

ထိုစကားသံက ကောင်းကင်မီးလျှံတောင်တစ်ခုလုံးသို့ ပျံ့လွင့်သွားသည်။ ထိုစကားကို ကြားလိုက်ရသောကြောင့် တောင်အောက်မှ လူတိုင်း ထိတ်လန့်ခြောက်ခြားသွားကြသည်။

*ရန်စနေတာပဲ*

*ဒီလူက ကောင်းကင်မီးလျှံ မြွေဆိုးကို တကယ် ရန်သွားစနေတာပါလား*

တောင်အောင်မှ သိုင်းပညာရှင်များအားလုံး အံ့ဩသွားပြီးနောက် ကြောက်လန့်လာသည်။

“မဟုတ်ဘူး၊ ယဲ့ဖန် … ကောင်းကင်မီးလျှံ မြွေဆိုးက ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရား သားရဲနော်၊ ရန်စလို့ မဖြစ်ဘူး”

“မြတ်စွာဘုရား၊ ယဲ့ဖန် မင်း ရူးနေလား၊ အဲ့ဒါက နတ်ဘုရားကွ၊ မင်း … မင်း နတ်ဘုရားကို စိတ်ပျက်အောင် သွားလုပ်နေတာပဲ”

“…”

တောင်အောက်မှ ခပ်ဝဝ ဆိုင်ပိုင်ရှင်သာမက များစွာသော သိုင်းပညာရှင်များအားလုံး တုန်လှုပ် နေကြသည်။ မီးလျှံမြို့တော်အား ကောင်းကင်မီးလျှံ မြွေဆိုးက ကာကွယ်ပေး ထားမှန်း သူတို့ သိထားသည်။ ထို့ကြောင့်ပင် မြို့တော်က စည်ပင်သာယာနေခြင်း ဖြစ်သည်။

ထို့အတူ ကောင်းကင်မီးလျှံတောင်ပေါ်မှ ကောင်းကင်မီးလျှံ သားရဲများသည် ကောင်းကင် မီးလျှံ မြွေဆိုး၏ လက်အောက်ခံ သားရဲများ ဖြစ်သည်။

ထိုမြွေဆိုးသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကိုပင် ဖျက်ဆီးနိုင်သည့် နတ်ဘုရား တစ်ပါးပင်။ မြို့တော်သခင် စံအိမ်မှ မီးလျှံဘိုးဘေးနှင့် မီးလျှံဘုရင်တို့ပင် ၎င်းအား လေးစားရသည်။

“ဘဝင်မြင့်လိုက်တာ၊ ရူးမိုက်တဲ့ကောင် …”

မီးလျှံဘုရင် ဒေါသူပုန် ထသွားသည်။ အရာအားလုံး ပြီးသွားသဖြင့် ယဲ့ဖန်က မီးလျှံ ဘိုးဘေး၏ တပည့်ရင်း သေချာပေါက် ဖြစ်လာတော့မည်ဟု သူ ထင်ခဲ့မိသည်။ သို့သော် မထင်မှတ်ဘဲ ယဲ့ဖန်က ကောင်းကင်မီးလျှံ မြွေဆိုးအား ရန်စလာသည်။

မီးလျှံဘုရင်က တားဆီးရန် ပြင်လိုက်သော်လည်း ကောင်းကင်မီးလျှံတောင် အတွင်းမှနေ၍ သားရဲဟိန်းသံ ထွက်ပေါ်လာသည်။ ထိုအသံသည် မိုးခြိမ်းသံကဲ့သို့ မိုင်ပေါင်းများစွာ ပျံ့လွင့်သွားသည်။

ဝုန်း!

အားလုံး ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင် ကောင်းကင်မီးလျှံတောင်က အလယ်မှ နေ၍ ပေါက်ကွဲလာပြီး တောင်အတွင်းမှ မီးလျှံများ ထွက်ပေါ်လာသည်။

ဤမီးလျှံက ပို၍ ပူပြင်းလှသည်ဟု လူတိုင်း ခံစားမိသည်။ ဤမီးလျှံအောက်၌ လောကမှ သက်ရှိ အရာအားလုံး ပြာဖြစ်သွားနိုင်သည့်ပုံပင်။

ထို့အပြင် တောင်အတွင်းရှိ မီးလျှံအတွင်းမှနေ၍ နဂါးတစ်ကောင် ထွက်ပေါ်လာသည်။ ထိုမီးလျှံနဂါးကို မြင်ပြီး လူတိုင်း ကြက်သီးမွေးညင်း ထသွားကြသည်။ ၎င်း၏ ခန္ဓာကိုယ် အလျားက မိုင်ပေါင်းများစွာ ရှည်လျားလှသည်။

၎င်း၏ ကြေးခွံများက ဖျက်ဆီးမရနိုင်သကဲ့သို့ မာကျောလှသည်။ ထို့အပြင် ၎င်း၏ ခန္ဓာကိုယ်မှ မီးလျှံများက အရှိန်တညီးညီး ထွက်ပေါ်နေ၏။

“မြတ်စွာဘုရား၊ ကောင်းကင်မီးလျှံ မြွေဆိုးက အဆင့်တက်သွားပြီ၊ အခု … အခု ကောင်းကင်မီးလျှံ နဂါး ဖြစ်သွားပြီပဲ”

Chapter 833 မျိုချလိုက်

ကောင်းကင်မီးလျှံမြွေဆိုးက မြွေတစ်ကောင် မဟုတ်တော့ဘဲ နဂါးတစ်ကောင် ဖြစ်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။ ၎င်း၏ ဦးခေါင်းက နဂါးဦးခေါင်း အဖြစ် ပြောင်းလဲသွားပြီး ဦးချိုနှစ်ခုက ကြောက်စရာ ကောင်းလှသည်။

ထို့အပြင် ၎င်းက ကိုယ်ကို လူးလွန့်၍ မိုးပေါ် ထိုးတက်သွားပြီး ကောင်းကင်ယံအား အုပ်မိုးလာသည်။ ၎င်းထံမှ မီးလျှံများက အဆက်မပြတ် ထွက်ပေါ်နေ၏။

ထိုအခိုက်တွင် တောင်အောက်မှ သိုင်းပညာရှင်များ ကြောက်လန့်သွားရုံသာမက မီးလျှံဘုရင် တောင်မှ ကြက်သီး ထသွားလေသည်။

“ကောင်းကင်မီးလျှံ မြွေဆိုးက နဂါးတစ်ကောင်အဖြစ် အဆင့်တက်သွားပြီဆိုတော့ မီးလျှံမြို့တော် တစ်ခုလုံးမှာ မီးလျှံဘိုးဘေးပဲ သူ့ကို နှိမ်နင်းနိုင်တော့မယ် ထင်တယ်”

“ဒီကောင်လေးက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

မီးလျှံဘုရင်က ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။ ကောင်းကင်မီးလျှံ နဂါးကို သူ လုံးဝ မကြောက်ပေ၊ ၎င်းက မီးလျှံမြို့တော်ကို စောင့်ကြပ် ပေးသည့် သားရဲ ဖြစ်နေသောကြောင့်ပင်။ ၎င်းနှင့်ဆိုလျင် မီးလျှံမြို့တော်က ပို၍ တိုးတက်လာပေဦးမည်။

သို့သော် တစ်ဖက်မှ ယဲ့ဖန်သည် ကောင်းကင်မီးလျှံ ပြိုင်ပွဲ၏ ချန်ပီယံ ဖြစ်လာသော်လည်း ကောင်းကင်မီးလျှံ နဂါးနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။

“ဟေ့ကောင်လေး၊ မင်း … ငါ့ကို ရန်စလိုက်တာပဲ”

ထိုစဉ် ကောင်းကင်မီးလျှံ နဂါးက ယဲ့ဖန်အား အေးစက်စွာ စူးစိုက်ကြည့်၍ ခက်ထန်စွာ ပြောလာသည်။ ၎င်း၏ စကားကြောင့် တောင်အောက်မှ သိုင်းပညာရှင်များ ချွေးစေးပြန် လာပြီး ကောင်းကင်မီးလျှံ နဂါးအား မော်မကြည့် ရဲကြပေ။

လုချမ်ချိုးသည်လည်း မှင်တက်နေပြီးမှ ဝမ်းသာအားရ ဖြစ်သွားပြီး စိတ်ဓာတ်ကျနေရာမှ မျှော်လင့်ချက် ပြန်ဝင်လာသည်။

“ဟားဟားဟား … ကောင်းတယ်၊ သိပ်ကောင်းကွာ၊ ဒီမျိုးမစစ်ကောင်က စောက်ရမ်း မောက်မာပြီး မိုက်မဲ လွန်းတာပဲ”

“ကောင်းကင်မီးလျှံ နဂါးက ဒေါသထွက်နေပြီဆိုတော့ သူ သေမှာပဲ၊ ဟားဟားဟား … သူ သေချာပေါက် သေမှာပဲ”

လုချမ်ချိုး စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ယင်လာပြီး စိတ်ဓာတ်လည်း မကျတော့ပေ။ သူသည် တက်ကြွစွာဖြင့် ယဲ့ဖန်အား ပြောင်ချော်ချော် အမူအရာနှင့် ကြည့်နေသည်။

ယဲ့ဖန် သေသွားသည်နှင့် သူသည်လည်း ပထမအဆင့်သို့ တက်သွားပြီး ချန်ပီယံ ဖြစ်လာ ပေတော့မည်။ သူ နှစ်ပေါင်းများစွာ တောင့်တခဲ့ရသည့် ဆန္ဒ ပြည့်လာတော့မည်ကို တွေးမိပြီး လုချမ်ချိုး စိတ်လှုပ်ရှားလာသည်။

“သတ်၊ သူ့ကို သတ်ပစ်”

လုချမ်ချိုးသာမက တောင်အောက်မှ လုမိသားစုဝင်များလည်း အံ့ဩပျော်ရွှင်နေကြသည်။ လုချမ်ချိုးက ချန်ပီယံ ပြန်ဖြစ်လာပြီး မီးလျှံဘိုးဘေး၏ တပည့် ဖြစ်လာတော့မည်ဟု မြင်ယောင်ကာ လုမိသားစုဝင်များ ပြုံးရယ် နေကြသည်။

ထိုအချိန်တွင် ယဲ့ဖန်က ကြောက်ရွံ့ဟန်မပြဘဲ ကောင်းကင်မီးလျှံ နဂါးကိုသာ စိတ်လှုပ်ရှား ဟန်ဖြင့် စိုက်ကြည့်နေသည်။

“မဟုတ်ဘူး၊ မင်းကမှ ငါ့ကို ရန်စတာ”

“ငါ ကောင်းကင်မီးလျှံ တောင်ပေါ် စတက်လိုက်တာနဲ့ မင်းက ငါ့ကို သေအောင် လုပ်ခဲ့တယ်၊ မင်းရဲ့ ကောင်းကင်မီးလျှံ အဆင့် ခုနစ်ရာနှစ်ဆယ့်ကိုးခုလုံးက ငါ့ရှေ့မှာ အမှိုက်လို ဖြစ်နေတာက စိတ်မကောင်းစရာပဲ”

ယဲ့ဖန်က ဤမျှ ဘဝင်မြင့်၍ သွေးနားထင်ရောက်နေလိမ့်မည်ဟု လူတိုင်း ထင်မထားမိပေ။ ကောင်းကင်မီးလျှံ နဂါးရှေ့မှာတောင်မှ ရိုင်းပျရဲနေ၏။ လုချမ်ချိုး ဝမ်းသာအားရ ပြုံးနေသည်။

“ဟားဟားဟား … မင်း ရူးနေပြီပဲ၊ မင်း ပိုပိုမောက်မာလေ မြန်မြန်သေလေပဲကွ”

လုချမ်ချိုးက ကောင်းကင်မီးလျှံ နဂါး စိတ်တိုပြီး ယဲ့ဖန်အား ပြာဖြစ်အောင် မီးဖြင့် မှုတ်ထုတ်လိုက်မည်ဟု ထင်ကာ ဝမ်းသာနေ၏။

ကောင်းကင်မီးလျှံ နဂါး၏ ခန္ဓာကိုယ်မှ မီးလျှံများ ဟုန်းခနဲ တောက်လောင်လာက ဒေါသစိတ်ကြောင့် တစ်ကိုယ်လုံး တုန်ခါနေသည်။

ဤသို့သော လူသားတစ်ယောက်က သူ့ကို ရန်စကားပြောရဲလိမ့်မည်ဟု ကောင်းကင်မီးလျှံ နဂါးသည်လည်း ထင်ထားပုံ မပေါ်ချေ။

“ကောင်းပြီလေ၊ မဆင်မခြင် ပြောရဲတဲ့ အကောင်ပဲ”

“ဒီနေ့ မီးလျှံဘိုးဘေး လာရင်တောင်မှ မင်းကို မကယ်နိုင်စေရဘူးကွ”

ထိုသို့ပြောပြီး ကောင်းကင်မီးလျှံ နဂါးက ယဲ့ဖန်ကို တိုက်ခိုက်ရန် ပြင်လာသည်။

“မင်းကိုယ်မင်း သန်မာတယ် ထင်နေတာလား”

“စိတ်မကောင်းစရာက ငါ့မျက်လုံးထဲမှာ မင်းက အစားအသောက်တစ်ခုအဆင့်ပဲ ရှိတာ၊ အဲ့ထက် မပိုဘူး”

ထိုစကားကြောင့် ကောင်းကင်မီးလျှံ နဂါး မှင်တက်သွားသည်။ သူ သတိပြန်မဝင် သေးခင်မှာပင် ယဲ့ဖန်၏ ကိုယ်ထဲမှနေ၍ မီးလျှံများ ထွက်ပေါ်လာပြီး မိုးကောင်းကင်အား ဖုံးလွှမ်းလာသည်။ ထို့နောက် ထိုမီးလျှံသည် မိုင်ပေါင်းများစွာ ရှည်လျားသည် မီးနဂါး တစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။

ထိုမီးနဂါးသည် အစစ်အမှန် နဂါးဘုရင်တစ်ပါးလိုပင်၊ မျက်လုံးများက သွေးကဲ့သို့ ရဲရဲနီ၍ ရက်စက် ကြမ်းကြုတ်သည့် အသွင် ပေါ်နေသည်။

၎င်း၏ နဂါးဦးချွံက အရာအားလုံးကို ထိုးဖောက်နိုင်ပုံ ရသည်။ မီးနဂါး၏ ခန္ဓာကိုယ်က ကောင်းကင်မီးလျှံ နဂါးထက် ပို၍ မာကျောကာ အနည်းငယ် ပို၍ ကြီးမားလေသည်။

ထို့အပြင် နဂါး၏ ကိုယ်ထည်ပေါ်၌ တောက်လောင်နေသည့် ငရဲမီးနှင့် မရဏမီးလျှံ တို့ကြောင့် ကောင်းကင်မီးလျှံ နဂါးသည် ကြက်သီးထကာ သေမင်းနှင့် ရင်ဆိုင်လိုက် ရသကဲ့သို့ ဖြစ်သွားလေ၏။

ထိုစဉ် မရဏငရဲမီးနဂါးထံမှ ဟိန်းသံ ထွက်လာပြီး ထိုအသံက ကောင်းကင်မီးလျှံ နဂါးအား သည်းခြေပျက်မတတ် လန့်သွားစေသည်။

ကောင်းကင်မီးလျှံ နဂါး တုန်လှုပ်သွားသည်။ ယခင်က ယဲ့ဖန်၌ သူ ကြောက်လန့်၍ အလိုရှိသော တစ်စုံတစ်ရာ ရှိနေသည်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့်ပင် သူက ကောင်းကင် မီးလျှံအဆင့်အား နှစ်ဆတိုး၍ ယဲ့ဖန်ကို သတ်ရန် ကြံစည်ခဲ့သည်။

သို့သော် မထင်မှတ်ဘဲ ယဲ့ဖန်၌ မီးနဂါးတစ်ကောင် ရှိနေသည်။ ထို့အပြင် ထိုမီးလျှံများက …”

“ငရဲမီးနဲ့ မရဏမီးလျှံ”

“မြတ်စွာဘုရား၊ မင်း … မင်း ဘယ်သူလဲ၊ ဘယ်လိုလုပ် မင်းမှာ အရာအားလုံးကို လောင်ကျွမ်းစေနိုင်တဲ့ ငရဲမီးနဲ့ ယင်ယန်လောကက မီးနတ်ဘုရားရဲ့ မရဏမီးလျှံ ရှိနေတာလဲ”

“ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ကောင်းကင်မီးလျှံ နဂါး တုန်လှုပ်ခြောက်ခြားနေ၏။ ၎င်း၏ အမြင်တွင် ငရဲမီးနှင့် မရဏမီးလျှံတို့သည် ဒဏ္ဍာရီထဲ၌ တည်ရှိသော အရာများ ဖြစ်သည်။

ယခုအခါတွင် ထိုဒဏ္ဍာရီလာ မီးလျှံနှစ်ခုက တစ်ပြိုင်တည်း‌ ပေါ်လာသည့်အပြင် သေးနုတ်သော လူသား တစ်ယောက်က မီးလျှံနှစ်ခုကို ပေါင်းစပ်၍ အသုံးပြုနေလေသည်။

“မင်း ကြောက်နေတာလား”

ကောင်းကင်မီးလျှံ နဂါး တုန်လှုပ်နေသည်ကို ကြည့်ပြီး ယဲ့ဖန်က မထီမဲ့မြင် ပြုံးလိုက်သည်။

“မင်း ကြောက်နေလည်း သေရမှာပဲ”

ထို့နောက် သူက မရဏငရဲမီးနဂါးအား အချက်ပြလိုက်သည်။

“စားလိုက်”

ထိုစကားကြောင့် ကောင်းကင်မီးလျှံ နဂါး ကြက်သီးထကာ ၎င်း၏ ကြေးခွံများပင် ထောင်တက်လာသည်။ ထို့နောက် ၎င်းသည် ပြန်ပင် မစဉ်းစားနိုင်တော့ဘဲ ကိုယ်ကို လူးလွန့်၍ ထွက်ပြေးလေတော့သည်။

ထိုအချိန်တွင် ကမ္ဘာတုန်လောက်သည့် နဂါးဟိန်းသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မရဏ ငရဲမီးနဂါးက ပါးစပ်ကို ဟ၍ ကောင်းကင်မီးလျှံ နဂါး၏ ခန္ဓာကိုယ်ကို တစ်ချက် တည်း ကိုက်ပစ်လိုက်သည်။

“မလုပ်နဲ့”

ကောင်းကင်မီးလျှံ နဂါးသည် ကြောက်လန့်တကြားဖြင့် ငယ်သံပါအောင် အော်နေ စဉ်မှာပင် ခန္ဓာကိုယ်တစ်ခုလုံး မျိုချခံလိုက်ရသည်။ ထို့အပြင် ကောင်းကင်ယံ၌ မရဏငရဲ မီးနဂါးက ပါးစပ်ကိုလှုပ်၍ တဂျွတ်ဂျွတ် ဝါးနေသည်။

အရိုးကျိုးသံများ ထွက်ပေါ်နေသည့်အပြင် တောက်လောင်နေသည့် ကောင်းကင် မီးလျှံ ကိုလည်း မရဏ ငရဲမီးနဂါးက မျိုချလိုက်သည်။

နောက်ဆုံးတွင် မရဏငရဲ မီးနဂါးက ကောင်းကင်မီးလျှံ နဂါး၏ တစ်ကိုယ်လုံးကို ဝါးစား၍ ပြီးသွားသဖြင့် မျိုချလိုက်ပြီး သန့်စင်လေတော့သည်။

မီးနဂါးထံမှ တလိပ်လိပ် ထနေသော ကောင်းကင်မီးလျှံများ ထွက်ပေါ်နေ၏။ ငရဲမီးနှင့် မရဏမီးလျှံတို့၏ အရှိန်က ပိုမို၍ ပြင်းထန်လာသည်။ အဖြစ်အပျက်က အလွန် လျင်မြန်လှသဖြင့် လူတိုင်း မည်သို့မျှ မတုံ့ပြန်နိုင်ပင်။

Chapter 834 မင်း တော်တော် အကျင့်မကောင်းတာပဲ

“စားလိုက်”

ကောင်းကင်ယံမှ ကြောက်စရာကောင်းသော မီးနဂါးကို ကြည့်ပြီး တောင်အောက်မှ လူများအားလုံး မှင်တက် နေကြသည်။

မီးနဂါး၏ ပါးစပ်မှနေ၍ ကောင်းကင်မီးလျှံများ ဆက်၍ စီးကျနေသေးသည်။ မြင့်မြတ်သော ကောင်းကင် မီးလျှံနဂါးက တစ်ချက်တည်းဖြင့် ကိုက်ဝါးခံလိုက်ရလိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လူတိုင်း သတိဝင်လာပြီးနောက် အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ မီးလျှံဘုရင်မှစ၍ သာမန် သိုင်းပညာရှင်များ အားလုံး ချမ်းစိမ့်စိမ့် ဖြစ်သွားလေသည်။ သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်မိသွားကြသည်။

“မြတ်စွာဘုရား ကြောက်စရာကောင်းတဲ့ ကောင်းကင်မီးလျှံနဂါးက တစ်ချက်တည်းနဲ့ အကိုက်ခံလိုက်ရတာလား၊ ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်သွားတာလဲ”

“မရဏမီးလျှံ၊ ငရဲမီး … ကောင်းကင်မီးလျှံထက် ပိုကြောက်ဖို့ကောင်းတဲ့ မီးလျှံ ရှိသေးတာလား”

“ယဲ့ဖန်က ဘယ်သူလဲ၊ သူ့မှာ ဘယ်လိုလုပ် ဒီလို ကြောက်စရာကောင်းတဲ့ မီးလျှံတွေ ရှိနေရတာလဲ”

“…”

သိုင်းပညာရှင်များအားလုံး ကြက်သီးမွေးညင်း ထလာသည်။ အထူးသဖြင့် မိသားစု ကြီးများပင်၊ ဤသို့သော မိစ္ဆာကောင်မျိုးနှင့် သူတို့ ရင်ဆိုင်ရတော့မည်ကို တွေးမိပြီး အားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်လာသည်။

“သေပြီ၊ ကောင်းကင်မီးလျှံနဂါး သေသွားပြီ”

“ဒါဆို ငါ့မီးလျှံမြို့တော် … မြို့တော်လည်း သွားတော့မှာပဲ”

မြို့တော်သခင် မီးလျှံဘုရင်သည် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်ကာ ခြောက်ခြားနေ၏။ စိတ်အခြောက်ခြားဆုံးသူမှာ လုချမ်ချိုးပင်။

“မဟုတ်ဘူး”

လုချမ်ချိုး ရူးသွပ်စွာ အော်ဟစ်လိုက်မိသည်။ သူ၏ လေသံ၌ ထိုအဖြစ်ကို မလိုလားဟန်နှင့် ဆောက်တည်ရာမရ ဖြစ်နေဟန်များ ရောယှက်နေ၏။

သူ ပြန်ရလာသော မျှော်လင့်ချက်ကို ယဲ့ဖန်က တစ်ချက်တည်းဖြင့် ဖယ်ရှားလိုက် လိမ့်မည်ဟု သူ ထင်မထားမိပေ။ ဤအဖြစ်ကြောင့် လုချမ်ချိုး ရူးသွပ်မတတ် ဖြစ်နေသည်။

‘ဟေ့ကောင်၊ မင်း … မင်း ငါတို့ မီးလျှံမြို့တော်ရဲ့ သားရဲကို သတ်ရဲတယ်ပေါ့လေ၊ မင်းတော့ သေပြီပဲ”

လုချမ်ချိုး၏ မျက်လုံးများက ရဲရဲနီနေပြီး ယဲ့ဖန်အား မုန်းတီးစွာ ကြည့်နေသည်။ ထို့နောက် သူက တစ်ဖက်လှည့်၍ တောင်အောင်မှ မြို့တော်သခင် မီးလျှံဘုရင်၊ မိသားစုကြီး သုံးခုနှင့် မိသားစုငယ် သုံးခုကို လှမ်းကြည့်၍ အော်ပြောလိုက်သည်။

“မီးလျှံမြို့တော်က သိုင်းပညာရှင်တို့၊ ဒီကောင် ဘာလုပ်လိုက်လဲ ခင်ဗျားတို့ သိတယ် မလား”

“သူက ကျုပ်တို့ မီးလျှံမြို့တော်ရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးလိုက်တာပဲ”

လုချမ်ချိုး၏ စကားကြောင့် သိုင်းပညာရှင်များ ပြန်အော်ဟစ်လာသည်။ ထိုမျှနှင့် မရပ်သေးဘဲ သူက ယဲ့ဖန်ကို လှမ်းကြည့်၍ အောက်မှ လူများကို ထပ်ပြောလိုက်သည်။

“ဒီကောင်းကင်မီးလျှံကြောင့် ကျုပ်တို့မြို့ကို မီးလျှံမြို့တော်လို့ ခေါ်တာ”

“ကောင်းကင်မီးလျှံနဲ့ဆိုရင် ကျုပ်တို့ သန်မာတဲ့ မှော်ဆေးပညာရှင်တွေကို စုဆောင်း နိုင်တယ်၊ အဲ့ဒါအပြင် ကျုပ်တို့ မီးလျှံမြို့တော်က သိုင်းပညာရှင်တွေ တစ်ဟုန်ထိုး အဆင့် တက်လာနိုင်တာလေ”

“မီးလျှံမြို့တော်ရဲ့ တစ်ခုတည်းသော အဖိုးတန် ရတနာပဲ”

ထိုသို့ပြောပြီး လုချမ်ချိုးက အံကိုကြိတ်၍ ထပ်ပြောလေသည်။

“အခုတော့ အဲ့ဒါအားလုံး ပျက်စီးသွားပြီ”

“တရားခံက ဒီကောင်ပဲ၊ ယဲ့ဖန်”

ထိုစကားကြောင့်‌ တောင်အောက်မှ လူများအားလုံး တိတ်ဆိတ်သွားသည်။ ကောင်းကင် မီးလျှံသည် မီးလျှံမြို့တော်၏ တစ်ခုတည်းသော မှီခိုအားထားရာ ဖြစ်သည်။ ကောင်းကင် မီးလျှံသည်သာ သူတို့၏ တစ်ခုတည်းသော အဖိုးတန် ရတနာလည်း ဖြစ်ပေသည်။

ကောင်းကင်မီးလျှံ ငြိမ်းသွားသည်နှင့် မီးလျှံမြို့တော်က စောင့်နေသောလူ စိတ်ပျက် သွားပေမည်။ ယခင်က ယဲ့ဖန်ကို အားပေးခဲ့သော သိုင်းပညာရှင်များပင် တုန်လှုပ် နေကြသည်။

ဤသည်ကိုကြည့်ပြီး တောင်အောက်မှ လုမိသားစုခေါင်းဆောင် လုချန်ခုန်းက ကျေနပ် သလို ပြုံးကာ မီးလျှံဘုရင်ကို ပြောလိုက်သည်။

“မြို့တော်သခင်၊ ဒီမြို့တော်ရဲ့ အရှင်သခင်တစ်ယောက်အနေနဲ့ ဒီလိုလူသတ်သမား ထင်တိုင်းကျဲ နေတာကို ခင်ဗျား ကြည့်နေတော့မှာလား”

“ကျုပ်တို့ မီးလျှံမြို့ကို သူ ဖျက်ဆီးတာကို ထိုင်ကြည့်နေမှာလား”

လုမိသားစုခေါင်းဆောင်ကို ကြားပြီး လုမိသားစုဝင်များက ခါးမှာ ဓားကို ဆွဲထုတ်ကာ အော်ဟစ်လာသည်။

“သတ်”

“သတ်”

“သတ်”

ဤသည်ကိုကြည့်ပြီး မီးလျှံဘုရင်၏ မျက်နှာထားက ပို၍သုန်မှုန်လာသည်။ သူက အလွန် ဒေါသထွက်နေသော မျက်နှာထားဖြင့် ယဲ့ဖန်ကို စိုက်ကြည့်လေသည်။

“ယဲ့ဖန် မင်း အပြစ်ကို မင်း ဝန်ခံမလား”

မီးလျှံဘုရင်၏ စကားကြောင့် ယဲ့ဖန် အံ့ဩသွားပုံ ပြသည်။ ထို့နောက် အထင်သေးသလို ပြုံးလိုက်သည်။

“ကျုပ်က ဘယ်မှာ အပြစ်ရှိလို့လဲ”

“ဟမ့်”

မီးလျှံဘုရင်က အေးစက်စွာ ပျက်ရယ်ပြု၍ လူသတ်လိုသော အကြည့်များဖြင့် ပြန်ကြည့် လာသည်။

“မင်း သုံးလို့ရတဲ့ နည်းလမ်းမှန်သမျှနဲ့ ပါရမီရှင် မှော်ဆေးပညာရှင် အားလုံးကို သတ်ခဲ့ တယ်၊ အဲ့ဒါ ပထမ အပြစ်”

“မင်း ကောင်းကင်မီးလျှံကို စုပ်ယူပြီး ကောင်းကင်မီးလျှံ သားကောင်တွေကိုပါ ဝါးမျို လိုက်တာ ဒုတိယမြောက် ပြစ်မှုပဲ”

“မင်းက အရမ်းကို သွေးဆာပြီး ကြမ်းကြုတ်လွန်းတယ်၊ အဲ့ဒါက တတိယမြောက် ပြစ်မှုပဲ”

မြို့တော်သခင်၏ စကားကို ကြားပြီး အားလုံး ပွက်လောရိုက်သွားသည်။ လုချမ်ချိုးနှင့် လုမိသားစုတို့က စိတ်လှုပ်ရှားလာသည်။

မြို့တော်သခင် ဒေါသထွက်နေလေပြီ။ သူ အမိန့်ပေးလိုက်သည်နှင့် ယဲ့ဖန်က လူအားလုံး၏ ရန်သူ ဖြစ်လာပေ တော့မည်။

“ယဲ့ဖန် ငါ မင်းကို အခု အခွင့်အရေး တစ်ခုပေးမယ်”

မြို့တော်သခင်က ယဲ့ဖန်ကို စူးစိုက်ကြည့်၍ ခက်ထန်စွာ ပြောလေသည်။

“မင်း သေပေးရမယ်”

“မင်းလို ကြွားလုံးထုတ်တဲ့ကောင် သေသွားတာနဲ့ အာဃာတ တရားတွေကို သင်ပုန်းချေ ပေးမယ်၊ မင်းအနားက လူတွေကို ငါ အန္တရာယ် မပေးသလို ချင်းယန်မြို့ကိုလည်း ဒုက္ခမပေးဘူး”

“ဘယ်လိုလဲ”

ထိုစကားကြောင့် လျှိုချင်းရီ၊ ထျဲလင်နှင့် ခပ်ဝဝ ဆိုင်ပိုင်ရှင်တို့ မျက်နှာ အကြီးအကျယ် ပျက်သွားကြသည်။

*ကြွားလုံးထုတ်တယ်တဲ့လား*

*ဒီမြို့တော်သခင်က ယဲ့ဖန်ကို တကယ် သတ်တော့မှာပဲ”

လျှိုချင်းရီနှင့် အခြားသူများ ကြံရာမရ ဖြစ်လာသည်။ ထိုအခါ ယဲ့ဖန်က ခပ်အေးအေး ပြန်ပြောလိုက်သည်။

“အရူး”

ယဲ့ဖန်၏ စကားကိုကြားပြီး လူတိုင်း အံ့အားသင့်သွားကြသည်။

*ဒီကောင်က မြို့တော်သခင်ကို အရူးလို့ ခေါ်လိုက်တာလား*

မီးလျှံဘုရင်က ကောင်းကင် မီးလျှံနဂါးနှင့်မတူမှန်း လူတိုင်း သိသည်။ ကောင်းကင် မီးလျှံနဂါးသည် ကြမ်းကြုတ် သော်လည်း သားရဲတစ်ကောင်သာ ဖြစ်သည်။ မြို့တော်သခင် မီးလျှံဘုရင်၏ အနောက်၌ ပိုကြောက်စရာ ကောင်းသော မီးလျှံဘိုးဘေး ရှိသည်။

ထိုသူသည် မီးလျှံမြို့တော်ကို တည်ထောင်ခဲ့သည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်။ မီးလျှံဘိုးဘေးနှင့် ရန်သူ ဖြစ်ခြင်းက သေမင်းနှင့် ရန်ဘက် ဖြစ်သွားသည်နှင့် အလားတူပင်။

ထိုစဉ် ယဲ့ဖန်က ရှေ့သို့ တစ်လှမ်းတိုး၍ မြို့တော်သခင် မီးလျှံဘုရင်အား စိုက်ကြည့်၍ ခက်ထန်စွာ ပြုံး၍ ပြန်ပြောလိုက်သည်။

“ခင်ဗျားတို့ ပါရမီရှင်တွေလို့ ခေါ်နေတဲ့ကောင်တွေက ကျုပ်ကို သတ်လို့ရပြီးတော့ ကျုပ်ကျတော့ ပြန်သတ်လို့ မရဘူးလား”

“ကျုပ်ကို သတ်ဖို့လာနေတဲ့ သားရဲတွေကပဲ ကျုပ်ကို သတ်ခွင့်ရှိပြီးတော့ ကျုပ်က ပြန်တိုက်ခွင့်မရှိဘူးပေါ့”

“ခင်ဗျားက တော်တော် စောက်ကျင့်မကောင်းတာပဲ”

ယဲ့ဖန်၏ စကားအဆုံး၌ ကောင်းကင်မီးလျှံ တောင်တစ်ဝိုက်လုံး ငြိမ်သက်သွားသည်။

*စောက်ကျင့်မကောင်းဘူးတဲ့လား*

လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။ အထူးသဖြင့် မီးလျှံဘုရင်ပင်။ ယဲ့ဖန် သည် သူ့အား ချိုးချိုးနှိမ်နှိမ် ပြောရဲသည့် ပထမဆုံးလူပင် ဖြစ်သည်။

မီးလျှံဘုရင်သည် အံ့အားသင့်နေပြီးနောက် သတိပြန်ဝင်ကာ လူသတ်ချင်သော အမူ အရာဖြင့် လက်ကိုမြှောက်၍ သိုင်းပညာရှင်များကို အော်ပြောလိုက်သည်။

“ငါ့အမိန့်ကို နာခံစမ်း၊ ဒီခေါင်းမာတဲ့ ကောင်ကို သွားသတ်ကြ”

“မိသားစုကြီး သုံးခု၊ မိသားစုငယ် ရှစ်ခုနဲ့ မြို့တော်က သိုင်းပညာရှင်အားလုံး ပြိုင်တူ တက်ပြီး သူ့ကို သတ်ကြ”

မြို့တော်သခင်က အမိန့်ပေးပြီးသည်နှင့် ကိုယ်တိုင် ရှေ့တက်၍ ကောင်းကင် မီးလျှံ တောင်ပေါ်သို့ ပြေးတက် သွားသည်။

“သတ်”

ဤသည်ကိုကြည့်ပြီး မြို့တော်သခင် စံအိမ်မှ အစောင့်အရှောက်များ ပြေးတက် သွားကြသည်။ ထို့နောက် မိသားစုကြီး သုံးခုနှင့် သားစုငယ် ရှစ်ခုမှ သိုင်းပညာရှင် များအားလုံး ကောင်းကင်မီးလျှံတောင်ပေါ်သို့ ပြေးတက် သွားသည်။

မီးလျှံမြို့တော်မှ သာမန်သိုင်းပညာရှင်များသာ မတုန်မလှုပ် ရှိနေ၏။ သူတို့ တွေဝေ နေကြသည်။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်က သူရဲကောင်းတစ်ဦး ဖြစ်သည်။ သူတို့အတွက် သူတို့၏ သူရဲကောင်းကို သတ်ရန် မဖြစ်နိုင်ပေ။

ထိုသာမန်သိုင်းပညာရှင်များ ဝင်မပါလျင်တောင်မှ မိသားစုကြီး သုံးခုနှင့် မိသားစုငယ် ရှစ်ခုမှ သိုင်းပညာရှင် များနှင့်တင် လူအတော်များနေလေပြီ။

ကောင်းကင်မီးလျှံတောင်တစ်ခုလုံး ကမ္ဘာပျက်မတတ် ဖြစ်နေ၏။ တောင်တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ တုန်ခါနေ၏။

ဤမြင်ကွင်းကိုကြည့်ပြီး လုချမ်ချိုး အလွန်အမင်း ဝမ်းသာသွားသည်။ ထိုစဉ် ကောင်းကင်ယံ၌ မိုးခြိမ်းသံ ထွက်ပေါ်လာပြီး လေဟာနယ် အက်ကြောင်းရာတစ်ခု ဖြစ်ပေါ်လာသည်။

ထို့နောက် အားလုံး၏ အကြည့်အောက်မှာပင် အဘိုးအိုတစ်ယောက်က ကောင်းကင် ထက်မှ ဆင်းသက်လာသည်။ ထိုအဘိုးအိုကိုမြင်ပြီး လူတိုင်း အမူအရာ ပြောင်းလဲ သွားသည်။ ထိုသူသည်ကား မီးလျှံဘိုးဘေးပင်။

All Chapters