← Chapters

အခန်း (၈၃၈-၈၄၀)

Vol. 56 Ch. 838-840

အခန်း (၈၃၈-၈၄၀)

Vol. 56 Ch. 838-840

Chapter 838 ယဲ့ဖန် သတ်တာကို ခံလိုက်ရတယ်

“ချင်းယန်မြို့ကလူ”

လုချမ်ချိုးက ထိုသို့ပြောလိုက်သောအခါ တောင်ပေါ်တောင်အောက်မှ လူများအားလုံး အံ့ဩ ဒေါသထွက် သွားကြသည်။

*သစ္စာဖောက်*

လုချမ်ချိုးက ဝိညာဉ်မျိုးနွယ်ကို ပြောပြလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ ဝိညာဉ် မျိုးနွယ်နှင့် လူသားများ အားလုံး၏ ဆက်ဆံရေးသည် မီးနှင့်ရေကဲ့သို့ ရန်သူ ဆက်ဆံရေး မျိုး ဖြစ်လေသည်။

ထိုသို့ဖြစ်ရခြင်းမှာ ဤမျိုးနွယ်က အလွန် ရက်စက်သောကြောင့်ပင်။ သူတို့ ဖြတ်သန်း သွားသည့် နေရာတိုင်းမှ လူများအားလုံး သေဆုံးရပြီး မြို့များအားလုံး မသေမျိုးမြို့များ ဖြစ်သွားကြသည်။ ဤသည်ကြောင့်ပင် လူသားမျိုးနွယ်၏ ရန်သူ ဖြစ်လာခြင်းပင်။

ယခု လုချမ်ချိုးက လူသားမျိုးနွယ်ကို သစ္စာဖောက်၍ ရန်သူကို ဖော်ကောင်လုပ် ပြောပြနေသဖြင့် လူတိုင်း၏ ဒေါသက သူ့အပေါ် စုပုံကျလာသည်။

“လုချမ်ချိုး မင်း ပါးစပ်ပိတ်စမ်း”

မြို့တော်သခင် အံ့ဩဒေါသထွက်ကာ လှမ်းအော်လိုက်သည်။ လုချမ်ချိုး ပြောချင်နေ သည့်သူက ယဲ့ဖန်မှန်း သိနေသောကြောင့် သူ ပို၍ ဒေါသထွက်မိသည်။ မြို့တော်သခင် သာမက အနီးအနားရှိ မိသားစုကြီးများမှ သိုင်းပညာရှင်များကလည်း ကြိမ်းမောင်း လာသည်။

“လုချမ်ချိုး မင်း အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောမနေနဲ့၊ ဒီမှာ ဘယ်လိုလုပ် ချင်းယန် မြို့က လူတွေ ရှိနိုင်မှာလဲ”

“ဟုတ်တယ်၊ မင်းက လူတွေကို အုတ်အော်သောင်းနင်း ဖြစ်အောင် လုပ်ချင်နေတာလား”

“…”

မိသားစုကြီးများမှ လူများသည် လုချမ်ချိုးအား ဝါးစားမတတ် မျက်လုံးများဖြင့် ကြည့်လာသည်။ ဤသည်ကို ကြည့်ပြီး လုချန်ခုန်းက ရယ်မောလိုက်သည်။

သူ၏ လုမိသားစုက ယဲ့ဖန်ကို အဆုံးတိုင် ရန်စမိသည်ကို သူ သိနေသည်။ အထူးသဖြင့် ကူးလောအား ချင်းယန်မြို့မှ လူများကို ဖမ်းရန် သူ လွှတ်လိုက်သေးသည်။ ဤအကြောင်းကိုသာ ယဲ့ဖန် သိသွားပါက သူ၏ လုမိသားစုတစ်ခုလုံး သုတ်သင်ခံ ရလောက်သည်။

*ဒီလို ဖြစ်လာမှတော့လည်း”

“မြို့တော်သခင်နဲ့ လူကြီးမင်းတို့၊ ခင်ဗျားတို့က ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ”

လုချန်ခုန်းက မတ်တပ်ထရပ်၍ သရော်ပြုံး ပြုံးလိုက်သည်။

“ခင်ဗျားတို့ ဘာလို့ အဲ့လူကို ဒီလောက် ကာကွယ်ချင်နေရတာလဲ”

“သူက ချင်းယန်မြို့ကဆိုတာ လူတိုင်း သိတာပဲလေ”

“ဒါကို ဝိညာဉ်မျိုးနွယ် အကြီးအကဲနှစ်ယောက်ဆီကနေ ဖုံးကွယ်ထားချင်တယ်ဆိုရင် ဝိညာဉ်မျိုးနွယ် အကြီးအကဲ နှစ်ယောက်က ကျုပ်တို့မြို့ကို အမျက်ရှလာမှာကို မကြောက်ဖူးလား”

လုချန်ခုန်း၏ စကားအဆုံး၌ မြို့တော်သခင်နှင့် မိသားစုကြီးများမှ လူများအားလုံး မျက်နှာ ပျက် သွားကြသည်။ လုချန်ခုန်း ပါးစပ်ဟလိုက်သည်နှင့် ပရိယာယ်များသာ ထွက်လာ မည်ကို သူတို့ သိနေကြသည်။

ဤသည်ကို တွေးမိပြီး လူတိုင်းသည် လုမိသားစုကို အရိုးထဲအထိ စွဲနေအောင် မုန်းတီး သွားလေသည်။

ဤမြင်ကွင်းကိုကြည့်ပြီး ဝိညာဉ်မျိုးနွယ် အကြီးအကဲနှစ်ယောက်တို့ ပို၍ သိချင်မိကြသည်။ ဤမီးလျှံမြို့တော်မှ သိုင်းပညာရှင်များက လူတစ်ယောက်ကို ဝိုင်း၍ ကာကွယ်ပေး နေကြသည်ကိုလည်း သူတို့ သတိထားမိသည်။

ထိုသူက ဘယ်သူလဲဆိုသည်နှင့် ဘာကြောင့် ဝိုင်း၍ ကာကွယ်နေရသလဲ ဆိုတာကိုပါ သူတို့ သိချင်မိကြသည်။

“ဘယ်တစ်ယောက်က ချင်းယန်မြို့ကလဲ ပြောစမ်း”

ထိုစကားသံ၌ ရက်စက်မည့် အရိပ်အယောင်များ ပါဝင်နေသည်ကို လူတိုင်း ရိပ်စားမိသည်။ ထိုစကားကြောင့် လုချန်ခုန်းက ပို၍ အားရစွာ ပြုံးလိုက်သည်။ သူက လုချမ်ချိုးကို လှမ်းကြည့်၍ ပြောလိုက်လေသည်။

“ချမ်ချိုး၊ ဒီလာပြီး အကြီးအကဲ နှစ်ယောက်ကို ပြောပြလိုက်လေ”

“ဟုတ်ကဲ့”

လုချမ်ချိုးက အလျင်အမြန် ထရပ်၍ နှုတ်ခမ်းကို တွန့်ကွေးကာ ယဲ့ဖန်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“အကြီးအကဲတို့ အဲ့လူက ချင်းယန်မြို့ကပါ”

“အဲ့ဒါတင် မကသေးပါဘူး၊ သူက ချင်းယန်မြို့ရဲ့ အရှင်သခင်ပါ”

ထိုစကားကြောင့် မီးလျှံဘိုးဘေး အကြီးအကဲ မျက်နှာပျက်သွဦးသည်။ ထိုအခါမှသာ မြို့တော်သခင်နှင့် မိသားစုကြီးများက လုချမ်ချိုးကို တားနေရသည့် အကြောင်းရင်းကို သူ သိသွားလေသည်။ ထိုသူက သူ၏ ဆရာ ဖြစ်နေသည်ကိုး။

ဤသည်ကို တွေးမိပြီးနောက် မီးလျှံဘိုးဘေးထံမှ လူသတ်ချင်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူက လုချမ်ချိုးကို သေချာကြည့်၍ ဖျတ်ခနဲ သူ့နားကပ်သွားကာ ဖမ်းချုပ်ရန် ပြင်လေသည်။

မီးလျှံဘိုးဘေးကြောင့် လေဟာနယ် အက်ကွဲသွားရသလို မရဏ အငွေ့အသက် များကလည်း လုချမ်ချိုးကို လွှမ်းမိုးလာသည်။

“မလုပ်နဲ့”

မီးလျှံဘိုးဘေးက ယဲ့ဖန်ကို ထိုမျှ တန်ဖိုးထားလိမ့်မည်ဟု လုချမ်ချိုး ထင်မထားမိပေ။ ထို့ကြောင့် သူသည် ဝိညာဉ်မျိုးနွယ် အကြီးအကဲများဘက် လှည့်၍ အော်ပြောလိုက်သည်။

“အကြီးအကဲတို့ ကူညီပါဦး”

ဤအဖြစ်ကြောင့် ဝိညာဉ်မျိုးနွယ် အကြီးအကဲနှစ်ယောက် မျက်နှာသုန်မှုန်သွားသည်။

“မီးလျှံ မင်း ရိုင်းပျလှချည်လား”

ထိုစကားသံနှင့်အတူ ဝိညာဉ်မျိုးနွယ် အကြီးအကဲနှစ်ယောက်က လှစ်ခနဲ ပျောက်ကွယ် သွားပြီးနောက် လုချမ်ချိုးရှေ့သို့ ရောက်သွားလေသည်။ ထို့နောက် သူတို့၏ ချွန်ထက်သော လက်သည်းများဖြင့် မီးလျှံဘိုးဘေးကို ပြန်တိုက်ခိုက်လိုက်သည်။

လင်းဟွမ်ရှန်းက နောက်သို့ သုံးလှမ်းဆုတ်လိုက်ရသော်လည်း တည်တည်ငြိမ်ငြိမ်ပင်။ မီးလျှံဘိုးဘေးမှာမူ ငါးလှမ်း ဆုတ်လိုက်ရပြီး ခန္ဓာကိုယ်အား ဟန်ချက်ထိန်းနေရသည်။ တိုက်ခိုက်မှု တစ်ခုတည်းနှင့် အနိုင်အရှုံး ကွဲပြားနေလေပြီ။

“မီးလျှံ မင်း မောက်မာလွန်းတယ်၊ မင်းကများ ငါတို့ ဝိညာဉ်နန်းတော်ကို အာခံချင် တာလား”

လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့က အချင်းချင်း ပြန်ကြည့်၍ မီးလျှံဘိုးဘေးအား တိုက်ခိုက်ချင်သည့် အမူအရာဖြင့် လှမ်းကြည့်လာသည်။ မီးလျှံဘိုးဘေးသာ မာမာထန်ထန် ပြန်ပြောပါက သူတို့နှစ်ယောက်လုံး မီးလျှံဘိုးဘေးကို တိုက်ခိုက်မည့်ပုံပင်။

ယခုအချိန်၌ ကောင်းကင်မီးလျှံ တောင်တစ်ခုလုံးတွင် အခြေအနေက တင်းမာခက်ထန် လျက် ရှိပြီး အသက်ပင် ဖြောင့်ဖြောင့်မရှူရဲပေ။

လုချမ်ချိုးက သေမင်းခံတွင်းဝမှ လွတ်မြောက်လာသောကြောင့် ချွေးပြန်ကာ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ ထို့နောက် ဝိညာဉ်မျိုးနွယ် အကြီးအကဲနှစ်ယောက်၏ အနောက်မှ နေ၍ ဒူးထောက်ကာ အရိုအသေ ပေးလိုက်သည်။

“ကျွန်တော့်အသက်ကို ကယ်ပေးတဲ့အတွက် အကြီးအကဲတို့ကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ဝိညာဉ် ရှေးဟောင်းနန်းတော် လက်အောက်ကို ဝင်ချင်ပါတယ်၊ အကြီးအကဲတို့ လက်ခံပေးပါ”

ထိုစကားကြောင့် ဘေးပတ်ဝန်းကျင်မှ လူများအားလုံး မျက်နှာပျက်သွားသည်။

*ဒါ လူသားတွေကို ပေါ်တင် သစ္စာဖောက်တာပဲ*

လုချမ်ချိုးက ဤမျှ အရှက်မဲ့လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။ လုမိသားစုမှ အကြီးအကဲများအားလုံးသည်လည်း ဝိညာဉ် မျိုးနွယ် အကြီးအကဲနှစ်ယောက် ရှေ့သို့ လှမ်းလာပြီး ပြိုင်တူ အရိုအသေ ပေးလေသည်။

“ကျွန်တော်တို့ လုမိသားစုကလည်း ဝိညာဉ် ရှေးဟောင်းနန်းတော်ရဲ့ လက်အောက်ကို ဝင်ချင်ပါတယ်”

*ပုန်ကန်တာပဲ*

လုချမ်ချိုးသာမက လုမိသားစုတစ်ခုလုံး ပေါ်ပေါ်ထင်ထင် သစ္စာဖောက်နေကြသည်။ ဤသည်ကြောင့် မြို့တော်သခင်နှင့် ကျန်မိသားစုကြီးများအားလုံး ဒေါသူပုန် ထသွား ကြသည်။

“ကောင်းတယ်၊ ကောင်း၊ ကောင်းတယ်”

ဝိညာဉ်မျိုးနွယ် အကြီးအကဲနှစ်ယောက်က အားပါးတရ ပြုံးလေသည်။

“ကောင်းတယ်၊ မင်းက လုချမ်ချိုး မဟုတ်လား၊ ဒီအရွယ်လေးနဲ့ ကြယ်ငါးပွင့် မှော်ဆေး ပညာရှင် ဖြစ်လာတာပဲ၊ မင်းမှာ အရည်အချင်း ရှိသားပဲ”

“ဒီနေ့ကစပြီး မင်းက ဒီလူအိုကြီးရဲ့ တပည့်ပဲ”

ထိုစကားကြောင့် လုချမ်ချိုး မှင်တက်သွားပြီးမှ ဝမ်းသာသွားလေသည်။ ဤသို့ ဖြစ်လာ မည်ဟု သူ ထင်မထား မိပေ။ ထို့နောက် သူက လင်းဟွမ်ရှန်းအား မြေကြီးနှင့် နဖူးထိ သည်အထိ အရိုအသေပေးကော တရိုတသေ ပြန်ပြောလေသည်။

“တပည့် လုချမ်ချိုးက ဆရာ့ကို အရိုအသေ ပေးပါတယ်”

သူ၏ ဝမ်းသာအားရ မျက်နှာလုပ်နေသော အမူအရာကို ကြည့်ပြီး မီးလျှံဘိုးဘေးနှင့် အခြားသူများအားလုံး ပို၍ ဒေါသထွက် လာကြသည်။

မီးလျှံမြို့တော်၏ မိသားစုကြီးဖြစ်သော လုမိသားစုနှင့် ပါရမီရှိသော လုချမ်ချိုးတို့က ဤသို့သော လူဖျင်းလူသွမ်း ဖြစ်နေလိမ့်မည်ဟု ထင်မထားမိပေ။

ထို့နောက် လုချမ်ချိုးက မတ်တပ်ထရပ်၍ ဂုဏ်ယူဝင့်ကြွားဟန် ပြုံးလိုက်သည်။ သူသည် မီးလျှံဘိုးဘေး၏ တပည့် ဖြစ်မလာသော်လည်း ပို၍ သန်မာသော လင်းဟွမ်ရှန်း၏ တပည့် ဖြစ်လာလေပြီ။ ဤသည်က သူ့အတွက် ပိုဂုဏ်ဝင့်ဖွယ် ကောင်းလှသည်။

“ဆရာ ဒီတပည့် နောက်တစ်ခုလောက် ထပ်ပြောချင်ပါတယ်”

လင်းဟွမ်ရှန်းက ပြုံး၍ ပြောလိုက်သည်။

“ဘာပြောမှာလဲ၊ ပြော … မင်းကို ဘယ်သူမှ မထိစေရဘူး”

“ဟုတ်ကဲ့ ဆရာ”

ထိုစကားကြောင့် လုချမ်ချိုးက အားရဝမ်းသာ သရော်ပြုံး ပြုံးလိုက်ပြီး ယဲ့ဖန်ကို စိုက်ကြည့်၍ လင်းဟွမ်ရှန်းကို ပြောလိုက်သည်။

“ကျွန်တော် စုံစမ်းရသလောက်ဆို ပြီးခဲ့တဲ့ ကာလတုန်းက ချင်းယန်မြို့မှာ တိုက်ပွဲတစ်ခု တကယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်”

“အဲ့တိုက်ပွဲ အပြီးမှာ ဒီလူက ချင်းယန်မြို့ရဲ့ အရှင်သခင် ဖြစ်လာတာပါ”

“ကျွန်တော့်အထင် မသေမျိုးတမန် သုံးယောက်က ဒီယဲ့ဖန် သတ်တာကို ခံလိုက်ရတာပဲ ဖြစ်မှာပါ”

Chapter 839 ငါ … သူတို့ကို စားပစ်လိုက်တာ

“ယဲ့ဖန် သတ်တာကို ခံလိုက်ရတယ်”

လုချမ်ချိုး၏ စကားအဆုံး၌ မီးလျှံဘိုးဘေးနှင့် အခြားသူများ မျက်နှာပျက်သွားကြသည်။ လုချမ်ချိုးက ယဲ့ဖန်ကို သေစေလိုသည်အထိ ရက်စက်လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။

မီးလျှံဘိုးဘေးနှင့် အခြားသူများသည် ယဲ့ဖန်အနားသို့ လှစ်ခနဲ ဝိုင်းသွားကြပြီး ဝိညာဉ် မျိုးနွယ် အကြီးအကဲ နှစ်ယောက်အား သတိထားသည့် အကြည့်များဖြင့် ကြည့်လာသည်။ ထိုလူနှစ်ယောက် လှုပ်ရှားလာသည်နှင့် သူတို့အားလုံး အသက်သေ သည်အထိ တိုက်ခိုက်မည့်ပုံပင်။

ဤသည်ကိုကြည့်ပြီး လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့၏ မျက်လုံးများ အေးစက် သွားသည်။ သူတို့ ယဲ့ဖန်ကို လုံးဝ အလေးမထားပေ။ သူတို့မျက်လုံးထဲတွင် ယဲ့ဖန်သည် ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်သည်။ သူတို့ စိုးရိမ်သည်က မီးလျှံဘိုးဘေးပင်။

“မီးလျှံ မင်းက ဒီလူအတွက်နဲ့ ဝိညာဉ်မျိုးနွယ်ကို တကယ် ဆန့်ကျင် တိုက်ခိုက် တော့မှာလား”

“မင်း အကျိုးဆက်တွေကို စဉ်းစားပြီးပြီလား”

ဝိညာဉ်မျိုးနွယ် အကြီးအကဲနှစ်ယောက်၏ စကား၌ လူသတ်လိုသော အရိပ်အယောင်များ ပါဝင်နေသည်ကို လူတိုင်း ရိပ်စားမိသည်။ ထိုစကားကြောင့် မီးလျှံဘိုးဘေး၏ မျက်နှာက သုန်မှုန်လာသည်။

လင်းဟွမ်ရှန်း၊ လင်းဟွမ်လီ ငါ မီးလျှံ အသက်ရှင်နေသရွေ့ ငါ့ဆရာကို မင်းတို့ တစ်စက် ကလေးမှ ထိလို့မရ စေရဘူး”

“သူ့ကို သတ်ချင်ရင် ငါ့ကို အရင်သတ်မှ ရမယ်”

မီးလျှံဘိုးဘေး၏ စကားအဆုံး၌ ဘေးနားမှ မြို့တော်သခင်၊ မိသားစုကြီးများနှင့် တောင်ခြေမှ သိုင်းပညာရှင်များ အားလုံး ရုတ်တရက် သွေးပွက်ပွက် ဆူလာသလို ခံစားလိုက်ရသည်။

“သူ့ကို သတ်ချင်ရင် ငါ့ကို အရင်သတ်မှ ရမယ်ကွ”

“သူ့ကို သတ်ချင်ရင် ငါ့ကို အရင်သတ်မှ ရမယ်ကွ”

“….”

ကြိမ်းဝါးသံများက ကောင်းကင်မီးလျှံတောင်တစ်ဝိုက် ပဲ့တင်ထပ်သွားသည်။ လက်ရှိ အချိန်၌ မိသားစုငယ် ရှစ်ခုမှ သိုင်းပညာရှင်များ၊ မြို့တော်သခင်နှင့် မြို့တော်သခင် စံအိမ်မှ သိုင်းပညာရှင်များ အပါအဝင် လောမိသားစု၊ ဟုန်မိသားစုနှင့် လီမိသားစုတို့က လက်နက်များကို ဆွဲထုတ်လာကြသည်။

ကြွေးကြော်သံများက အဆုံးမသတ်သလို အားလုံး၏ မျက်နှာများက တင်းမာနေသည်။ ထို့အတူ တောင်ခြေမှ ထောင်သောင်းချီသော သိုင်းပညာရှင်များကလည်း တောင်ထိပ် ပေါ်သို့ ပြေးတက်လာသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် တောင်ထိပ်ပေါ်သို့ ရောက်လာပြီး ဝိညာဉ်မျိုးနွယ် အကြီး အကဲ နှစ်ယောက်နှင့် လုမိသားစုတို့ကို ဝိုင်းလာလေသည်။ သေသည်အထိ မကျေအေး နိုင်သည့်ပုံပင်။

ဤမြင်ကွင်းကြောင့် လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့ အလွန် မျက်နှာပျက်သွားကြသည်။ ဘာမှမဟုတ်သော ယဲ့ဖန်အတွက် မီးလျှံတစ်မြို့လုံးမှ လူများက ကာကွယ် ပေးကြလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။

“ကောင်းပြီလေ၊ သိပ်ဟုတ်နေတဲ့ မီးလျှံမြို့ပါလား၊ မင်းတို့က သေချင်နေတာကိုး”

လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့ထံမှ အနက်ရောင်မြူခိုးများ အဆက်မပြတ် ထွက်ပေါ် လာသည်။ လင်းဟွမ်ရှန်းက သရော်ပြုံး ပြုံးလိုက်သည်။

“ဘယ်လိုဖြေရှင်းရမလဲ မသိတဲ့ ပုရွက်ဆိတ်တစ်သိုက်ပဲ၊ ဒီနေ့ကစပြီး မင်းတို့အားလံး မသေမျိုး ဖြစ်လာတော့မှာ၊ မီးလျှံမြို့ကလည်း မသေမျိုးမြို့တော် ဖြစ်လာတော့မှာပဲ”

“မင်းတို့ရဲ့ မထီမဲ့မြင် ပြုမှုအတွက် ငါ မင်းတို့ကို ငယ်သံပါအောင် အော်ဟစ်ခိုင်းမယ်၊ မင်းတို့ရဲ့ ရူးမိုက်မှုအတွက် နောင်တရ‌ စေရမယ်”

လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့က သတ်ဖြတ်ရန် ပြင်လာသည်။ ထိုစဉ် ခြေသံတစ်သံ ထွက်ပေါ်လာသဖြင့် သူတို့ လှုပ်ရှားနေရာမှ တန့်ခနဲ ဖြစ်သွားသည်။

လူအုပ်ကြီး၏ အနောက်မှနေ၍ ပိန်ပါးပါး လူတစ်ယောက် ဖြည်းဖြည်းချင်း ထွက်လာ နေသည်ကို သူတို့ တွေ့လိုက်ရသည်။ ထိုသူကား ယဲ့ဖန်ပင်။ ယဲ့ဖန်ကို မြင်သည်နှင့် မီးလျှံ ဘိုးဘေး အပါအဝင် မြို့တော်သခင်နှင့် အခြားသူများအားလုံး မျက်နှာပျက်သွားကြသည်။

“ဆရာ”

“ဆရာသခင်”

သူတို့ ခုခံ၍ ဖျောင်းဖျရန် ပြင်လိုက်သည်။ သို့သော် ယဲ့ဖန်က အဆင်ပြေကြောင်း ပြလိုသည့် သဘောဖြင့် အသာ လက်ကာပြသည်။

ထို့နောက် သူက ဝိညာဉ်မျိုးနွယ် အကြီးအကဲနှစ်ယောက်အား မျက်စိရှေ့ အဆင်သင့် ရောက်လာသော အစာကို တွေ့လိုက်ရသကဲ့သို့ သွားရည်တများများနှင့် စားချင်သော အကြည့်များဖြင့် ကြည့်လာသည်။

ဘာကြောင့်မှန်းမသိသော်လည်း ယဲ့ဖန်၏ မျက်လုံးကြောင့် ဝိညာဉ်မျိုးနွယ် အကြီးအကဲ နှစ်ယောက် နေရခက် သွားသည်။ သူ၏ အမူအရာက ကြောက်လန့်ပုံ မပြပေ။

“ယဲ့ဖန်၊ နောက်ဆုံးတော့ မင်း ထွက်လာပြီပေါ့၊ မင်း မီးလျှံရဲ့ ခြေထောက်ကို ဖက်တွယ်ထားလိုက်ရင် ရလိုက်ပြီလို့ ထင်နေတာလား”

လုချမ်ချိုးက လှောင်ပြောင်၍ သတ်ဖြတ်လိုသော အမူအရာဖြင့် ပြောလာသည်။

“အခုတော့ မင်းကို မီးလျှံဘိုးဘေးက ကာကွယ်ပေးရင်တောင်မှ မင်း သေရမှာပဲ၊ မင်း ငါ့ခြေထောက်နဲ့ နင်းချေတာကို ခံရမှာ”

ယနေ့၌ အလှည့်အပြောင်း အလွန် များလိမ့်မည်ဟု လုချမ်ချိုး ထင်မထားမိပေ။ သူတောင်မှ စိတ်ဓာတ်ကျ ခဲ့ရသည်။ နောက်ဆုံးတွင် သူ့ဘက်သို့ အလှည့်သာ လာလေသည်။

အထူးသဖြင့် ဝိညာဉ်မျိုးနွယ်၏ အကြီးအကဲဖြစ်သူ၏ တပည့်ဖြစ်လာပြီး ယဲ့ဖန်နှင့် မီးလျှံဘိုးဘေးကို နင်းချေလို့ ရတော့မည်ဟု တွေးမိပြီး သူ အပျော်လွန်လာသည်။

ထိုစဉ် ယဲ့ဖန်က သူ၏ စကားကို မသိချင်ယောင်ဆောင်ထားလေသည်။ သူက လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီကိုသာ စိုက်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။

“မင်းတို့က မသေမျိုးတမန် သုံးယောက်ကို လိုက်ရှာနေတာလား”

သူ့စကားကြောင့် ဝိညာဉ်မျိုးနွယ် အကြီးအကဲနှစ်ယောက်က တစ်ဒင်္ဂမျှ မှင်တက် သွားသည်။

“အဲ့ကိစ္စက မင်းနဲ့ တကယ် ပတ်သတ်နေတာလား”

“မင်း သူတို့ကို သတ်လိုက်လား ပြောစမ်း”

ယဲ့ဖန်က အသာပြုံး၍ ခေါင်းခါပြလိုက်သည်။

“မဟုတ်ဘူး ငါ သူတို့ကို မသတ်ဘူး”

“သတ်မယ့်အစား ငါက … သူတို့ကို စားလိုက်တာ”

ယဲ့ဖန်၏စကားကြောင့် လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့ ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။

*သူတို့ကို စားလိုက်တာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ယဲ့ဖန်က ဝိညာဉ်မျိုးနွယ် အကြီးအကဲ နှစ်ယောက်ကို ပြုံး၍ ကြည့်နေသည်။ သူ့မျက်နှာ ပေါ်မှ အစာမက်နေသော အမူအရာက ဖုံးဖိမရချေ။

“ငါ မစားရတာ တစ်ရက်လောက် ရှိနေပြီ၊ မင်းတို့ လာအစားခံပေးလို့ ကျေးဇူးပဲ”

ထိုစကားကို ကြားပြီးနောက် ယဲ့ဖန် တစ်စက်ကလေးမျှ ကြောက်လန့်ခြင်း မရှိသည်ကို လူတိုင်း သတိထား မိသွားသည်။ သူသည် ကြောက်လန့်ရမည့်အစား ဝိညာဉ်မျိုးနွယ် အကြီးအကဲ နှစ်ယောက်အား အရသာရှိသော ကြက်ပေါင်ကြော်သဖွယ် ကြည့်နေ၏။

သူ၏ ပါးစပ်မှ သွားရည်များပင် စီးကျမတတ် ဖြစ်နေသည်။

မီးလျှံဘိုးဘေး : “…”

မိသားစုကြီးများ : “…”

ထောင်သောင်းချီသော သိုင်းပညာရှင်များ ပြောစရာစကားမဲ့သွားလေသည်။ သာမန်လူများ ဆိုလျင် ဝိညာဉ်မျိုးနွယ်၏ နာမည်ကို ကြားသည်နှင့် ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်သွားမည်ပင်။

ယဲ့ဖန်ကမူ သူ့ကို လာသတ်သည့် ဝိညာဉ်မျိုးနွယ် အကြီးအကဲနှစ်ယောက်အား စားစရာ သဖွယ် သဘောထား နေ၏။

တစ်ခြားသူများ အံ့ဩနေသော်လည်း လူအုပ်ထဲမှ ခပ်ဝဝ ဆိုင်ပိုင်ရှင်ကမူ အလွန်အမင်း စိတ်လှုပ်ရှားနေ၏။

“ဒါပဲလေ၊ ဒါမှ ငါ့စံပြပုဂ္ဂိုလ်၊ ဝိညာဉ်မျိုးနွယ်ကို အစာအဖြစ် သဘောထားတာက သိပ်သတ္တိ ရှိတဲ့ လုပ်ရပ်ပဲ”

လျှိုချင်းရီနှင့် ထျဲလင်တို့ မျက်နှာများ ပြာနှမ်းနေသည်။ မသေမျိုး တမန်များကို ယဲ့ဖန် စားလိုက်သည့် မြင်ကွင်းအား သူမတို့ သေသည်အထိ မေ့နိုင်မည် မဟုတ်ပါ။ ဤလူသည် မိစ္ဆာတစ်ကောင်သာ ဖြစ်လေသည်။

“မျိုးမစစ်ကောင်”

ထိုစဉ် လုချမ်ချိုးက ရှေ့သို့ လွှားခနဲ ခုန်ထွက်၍ ယဲ့ဖန်အား သတ်ချင်သော မျက်နှာပေးဖြင့် လက်ညှိုး ငေါက်ငေါက် ထိုးလေသည်။

“ဟေ့ကောာင်၊ မင်းကများ မြင့်မြတ်တဲ့ ဝိညာဉ်မျိုးနွယ် အကြီးအကဲကို မလေးမစား လုပ်ရဲတယ်ပေါ့လေ၊ သေချင်နေတာပဲ”

လုချမ်ချိုးက ပြစ်တင်ကြိမ်းမောင်းနေသော်လည်း စိတ်ထဲ၌ ကျိတ်၍ ပျော်နေ၏။

*ဘဝင်မြင့်နေလိုက်စမ်း*

*မောက်မာနေလိုက်*

လုချမ်ချိုး၏ စိတ်ထဲတွင် ယဲ့ဖန် ပို၍ဘဝင်မြင့်နေလေ မြန်မြန် သေလေ ဖြစ်လိမ့်မည်ဟု ထင်နေ၏။ သူ မောက်မာလေလေ ပို၍ ဆိုးရွားစွာ သေဆုံးရလိမ့်မည်ဟု ထင်နေလေသည်။ ယဲ့ဖန်၏ စူးစူးဝါးဝါး အော်သံကို ကြားရရန် သူ မစောင့်နိုင်တော့ပေ။

“ကောင်းတယ်၊ သိပ်ကောင်းတယ်”

လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့ ဒေါသူပုန်ထနေ၏။ ယန်ဝမ် ဟင်းလင်းပြင် သမိုင်း၌ ဝိညာဉ်မျိုးနွယ် ရှေ့တွင် မောက်မာရဲသည့် ပထမဆုံးလူက ယဲ့ဖန်သာ ဖြစ်လေသည်။

“မင်းက ငါ့ကို အာခံနေတာပဲ”

“ဒီလိုဆိုမှတော့ မင်း သေလိုက်တော့”

လင်းဟွမ်ရှန်း၏ မျက်လုံများက ခက်ထန်နေသည်။ ထို့နောက် သူသည် ခန္ဓာကိုယ်အား အနက်ရောင်မြူခိုးအသွင် ပြောင်း၍ ယဲ့ဖန်ထံသို့ အရှိန်ဖြင့် ပြေးဝင်သွားသည်။

“သေပေတော့”

ချွန်ထက်သော မသေမျိုး လက်သည်းများက ယဲ့ဖန်အား အားဖြင့် ထိုးနှက်လာသည်။ ထိုလက်သည်းများသည် အလွန် ကြောက်စရာကောင်းလှသည်။

လောကနှင့် တစ်သားတည်းအဆင့်သို့ ရောက်နေသည့် မီးလျှံဘိုးဘေးတောင်မှ ကြက်သီး ထ သွားရသည်။

“ဆရာ သတိထားပါ”

မီးလျှံဘိုးဘေးက တွေဝေမနေဘဲ ရှေ့သို့ ခုန်ဝင်၍ ယဲ့ဖန်အား ကူ၍ ခုခံရန် ပြင်လိုက်သည်။ သို့သော် သူ လှုပ်ရှားခါစမှာပင် ယဲ့ဖန်က ရုတ်တရက် ပျောက်ကွယ်သွားသည်။

ထို့နောက် စုတ်ပြဲသံ ထွက်ပေါ်လာပြီး လူတိုင်း ဘဝ၌ မမေ့နိုင်သော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

Chapter 840 မင်း … မင်းက နတ်ဆိုးပဲ

ယဲ့ဖန်နှင့် လင်းဟွမ်ရှန်းတို့ ထိပ်တိုက် တိုက်ခိုက်ပြီးနောက် ချက်ချင်း လူချင်းပြန်ခွဲ လိုက်ကြသည်။ ထိုအချိန်၌ စုတ်ဖြဲလိုက်သော အသံက လူတိုင်း၏ နားထဲသို့ ပဲ့တင်ရိုက်၍ ဝင်ရောက်လာသည်။

သူတို့နှစ်ယောက်၏ ချဉ်းကပ်တိုက်ခိုက်ပုံက အလွန် လျင်မြန်လှသည်။ သူတို့၏ တိုက်ခိုက် မှုကို လူတိုင်း သေချာ မမြင်လိုက်ရချေ။

“စုတ်ဖြဲခံလိုက်ရပြီလား၊ ကောင်းတယ် နောက်ဆုံးတော့ အဲ့ကောင် စုတ်ဖြဲခံလိုက်ရပြီပဲ”

လုချမ်ချိုးသည် စုတ်ဖြဲသံကို ကြားလိုက်ရသောကြောင့် အလွန် စိတ်လှုပ်ရှားသွားပြီး ယဲ့ဖန်အား အလျင်အမြန် လှမ်းကြည့်လိုက်သည်။

ထိုအခါ တစ်ကိုယ်လုံး အကြောများ သေသွားသကဲ့သို့ သူ တောင့်တင်းသွားရသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ ကိုယ်ပေါ်၌ မည်သည့် ဒဏ်ရာဒဏ်ချက်မှ ရှိမနေ သောကြောင့်ပင်။

ထို့အပြင် သူက သွေးများ ပေနေသော အရာတစ်ခုကို ကိုင်ထားသည်။ ထိုအရာမှနေ၍ အနက်ရောင် သွေးစက်များ စီးကျနေ၏။ ထိုအရာကား နှလုံးတစ်ခု ဖြစ်နေသည်။

လုချမ်ချိုး မိုးကြိုးပစ်ချ ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ တစ်ဖက်မှ လင်းဟွမ်ရှန်းကို သူ အလျင်အမြန် လှည့်ကြည့်လိုက်ပြီးနောက် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားရသည်။ သူ၏ တစ်ကိုယ်လုံး တောင့်တင်းကာ မျက်နှာ ဖြူရော်လာ၏။

တစ်ဖက်မှ လင်းဟွမ်းရှန်းသည် ချွေးစေးပြန်နေသည်။ ထို့အပြင် သူ၏ ရင်ဘတ်နေရာ၌ အခေါင်း ပေါက်တစ်ခု ရှိနေသည်။ အထဲမှ နှလုံး မရှိတော့ပေ။

ထိုအခါ တောင်ထိပ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အဖြစ်အပျက်က အလွန် လျင်မြန် လှသဖြင့် မည်သူမှ သေချာ မမြင်လိုက်ရချေ။

ယဲ့ဖန်က လင်းဟွမ်ရှန်း၏ နှလုံးသားကို တစ်ချက်တည်းဖြင့် ထုတ်ယူနိုင်လိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။

အနက်ရောင် မြူခိုးများက လင်းဟွမ်ရှန်း၏ နှလုံးသားနေရာ၌ စုဝေးလာပြီး အသစ် စက်စက် နှလုံးတစ်စုံ ပြန်ပေါ်လာပြီးနောက် အခေါင်းပေါက်ကိုလည်း ကုသလာလေသည်။ ထိုအခါတွင်မှ လင်းဟွမ်ရှန်းက ယဲ့ဖန်ကို အံ့ဩတကြီး ကြည့်လာသည်။

“မင်း … မင်း ငါ့မသေမျိုး ဝိညာဉ်ကို ဘယ်လို ချိုးဖျက်လိုက်တာလဲ”

“ဘယ်လိုလုပ် ငါ့ရဲ့ မသေမျိုး ခန္ဓာကိုယ်ထဲကို ဖောက်ဝင်နိုင်ရတာလဲ”

“မဖြစ်နိုင်ဘူး၊ မင်း … မင်းက ဘယ်သူလဲ”

လင်းဟွမ်ရှန်းက ယဲ့ဖန်ကို ထိတ်လန့်တကြား ကြည့်နေသည်။ အစောပိုင်းက တိုက်ခိုက် မှုတွင် သူ၏ မသေမျိုး လက်သည်းများက ယဲ့ဖန်နှင့် ထိတော့မည့်အချိန်တွင် ရုတ်တရက် အရှိန်အဝါက ဖုံးလွှမ်းလာပြီး မမြင်ရတော့ပေ။

ထိုအခါ ယဲ့ဖန်၏ ချွန်ထက်နေသော လက်တစ်စုံက သစ်သားခြောက်ကို ချိုးလိုက်သကဲ့သို့ သူ၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်ထဲသို့ ဖောက်ဝင်လာသည်။ ဤသည်ကြောင့် သူ ယုံရအခက် ဖြစ်သွားသည်။

ထိုအခါ ယဲ့ဖန်က အသာပြုံး၍ လက်ထဲမှ မသေမျိုး ဝိညာဉ်မျိုးနွယ်၏ နှလုံးသားကို ကိုက်စားလိုက်သည်။ ထိုနှလုံးသားကို ကိုက်ဝါးလိုက်တိုင်း အသားစတိုင်းက မသေမျိုး ဝိညာဉ်မျှင်အဖြစ် ပြောင်းလဲသွားပြီး ယဲ့ဖန်၏ လည်ချောင်းတွင်း ဝင်ရောက်သွားသည်ကို လူတိုင်း တွေ့နေရသည်။

လူတိုင်း ကြောက်လန့်သွားသည်။ ယဲ့ဖန်က ဤမျှ ရက်စက်လိမ့်မည်ဟု မည်သူမှ ထင်မ ထားမိချေ။ ခဏလေး အတွင်းမှာပင် လင်းဟွမ်ရှန်း၏ နှလုံးသားတစ်ခုလုံး အစားခံ လိုက်ရသည်။

ထိုအခါတွင်မှ ယဲ့ဖန်က လင်းဟွမ်ရှန်းကို ပြုံး၍ လှမ်းကြည့်လေသည်။ လင်းဟွမ်ရှန်း၏ အမြင်တွင် ထိုအပြုံးက မိစ္ဆာတစ်ကောင်၏ အပြုံးနှင့် တူနေသဖြင့် ကြက်သီးထ သွားရသည်။

“အရသာရှိတဲ့ စားစရာကို ယူလာပေးလို့ ကျေးဇူးတင်တယ်လို့ ငါ ပြောခဲ့သားပဲ”

“ငါ ကျေးဇူးတင်ကြောင်း ပြသတဲ့အနေနဲ့ မင်းကို ငါ စားပေးရမှာပေါ့”

ထိုစကားကြောင့် လင်းဟွမ်ရှန်း မျက်နှာပျက်သွားသည်။ သူ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ဖန်က လှစ်ခနဲ ပျောက်ကွယ် သွားပြန်သည်။

“မကောင်းတော့ဘူး”

လင်းဟွမ်ရှန်းသည် ကြောက်စရာကောင်းသော သားရဲတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံနေရသည်ဟု ခံစားမိကာ တစ်ကိုယ်လုံး အေးစက်၍ ကြက်သီးထလာသည်။

သူ ထွေထွေထူးထူး စဉ်းစားမနေဘဲ ရှောင်တိမ်းရန် ပြင်လိုက်သည်။ ထိုစဉ် လေဟာနယ် ထဲမှနေ၍ မီးလက်ဝါးတစ်ဖက်က ဖျတ်ခနဲ ပေါ်လာ၏။

ထိုမီးလက်ဝါးကြောင့် လင်းဟွမ်ရှန်း တစ်ကိုယ်လုံး မီးခိုးငွေ့များ ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်က မီးလောင်၍ စုတ်ပြဲမတတ် ဖြစ်လာသည်။

ထိုစဉ် မီးလက်ဝါးက လင်းဟွမ်ရှန်းအား အားဖြင့် ဖမ်းချုပ်လာသည်။ မီးခိုးငွေ့များ ထွက်ပေါ်လာပြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။ လင်းဟွမ်ရှန်း၏ လက်မောင်း တစ်ဖက်လုံး ပြတ်ထွက်သွားသည်။

“အား….”

“မရဏမီးလျှံ၊ မရဏမီးလျှံ၊ မင်း … မင်းမှာ ဒီလို ဒဏ္ဍာရီလာ မီးလျှံ ရှိနေပါလား”

လင်းဟွမ်ရှန်း နောက်သို့ ဆယ်လှမ်း ဆုတ်လိုက်သည်။ သူ၏ လက်မောင်းတစ်ဖက်လုံး ပြတ်သွားသဖြင့် အသားစများက ဖွာလန်ကြဲနေသည်။

ထို့အပြင် မီးလက်ဝါးမှ မီးလက်ကျန်ကြောင့် သူ၏ ခန္ဓာကိုယ်တစ်ဝက်က ပြာဖြစ် သွားသည်။ ကြောက်စိတ်ကြောင့် သူ ဇောချွေးပြန်နေသည်။

ဤမြင်ကွင်းကြောင့် မီးလျှံဘိုးဘေးနှင့် အခြားသူများအားလုံး ကြောက်လန့်သွားကြသည်။

တစ်ချက်တည်းနဲ့ နှလုံးသားကို ထုတ်ယူခဲ့ပြီး ဒုတိယတစ်ခေါက်၌ လက်မောင်းတစ်ဖက်ကို စုတ်ဖြဲခဲ့သည်။ ယဲ့ဖန်၏ ကျင့်ကြံခြင်း စနစ်က ဝိညာဉ်မျိုးနွယ်အား ထိန်းချုပ်နိုင်သည်ကို သူတို့ သတိထားမိသွားသည်။

လင်းဟွမ်ရှန်း၏ တိုက်ခိုက်မှုက ယဲ့ဖန်အပေါ် သက်ရောက်မှု မရှိပေ။ သူ မတိုက်ခိုက် ခင်မှာပင် အရေးနိမ့်နေသည်။ ယဲ့ဖန်၏ တိုက်ခိုက်မှုတိုင်းက လင်းဟွမ်ရှန်းအပေါ် သေစေ နိုင် သည်အထိ သက်ရောက်မှု ရှိသည်။

“နတ်ဆိုး၊ မင်း … မင်းက နတ်ဆိုးပဲ”

အနောက်မှ လင်းဟွမ်လီက အလန့်တကြား ထအော်လေသည်။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ဒါဆို ပထမမျိုးဆက်က ဝိညာဉ်သခင် ဟောခဲ့တဲ့ ဟောကိန်းက တကယ် ဖြစ်လာတော့မှာလား၊ ဒီလောကမှာ ငါတို့မျိုးနွယ်ရဲ့ ရန်သူ ဖြစ်တဲ့ နတ်ဆိုးက တကယ် မွေးဖွားလာတာလား”

ထိတ်လန့်ခြောက်ခြားသော အသံ ထွက်ပေါ်လာသည်။ ဝိညာဉ်မျိုးနွယ်၌ ကြောက်စရာ ကောင်းသော ဟောကိန်း တစ်ခု ရှိခဲ့သည်။ ထိုဟောကိန်းက ဝိညာဉ်မျိုးနွယ်၏ ပထမ မျိုးဆက်မှ ဝိညာဉ်သခင် ဟောကိန်း ထုတ်ခဲ့ခြင်း ဖြစ်သည်။

ထိုဝိညာဉ်သခင်သည် ဝိညာဉ်မျိုးနွယ်ကို တည်ထောင်ခဲ့သည့် ဘိုးဘေး ဖြစ်ရုံသာမ ငရဲဘုံ၏ အရှင်သခင်ဖြစ်သူ ယာမာ၏ ကြောက်စရာ အကောင်းဆုံး သိုင်းပညာရှင် သုံးယောက်ထဲမှ တစ်ယောက် ဖြစ်လေသည်။

ထိုဝိညာဉ်သခင် ပျောက်ကွယ်မသွားခင်၌ ဝိညာဉ် ရှေးဟောင်းနန်းတော်၌ ဟောကိန်း တစ်ခု ချန်ထားခဲ့သည်။ ထိုဟောကိန်းအရ ရာစုနှစ်များစွာ ကြာပြီးနောက် နတ်ဆိုးဟု ခေါ်ဆိုသော ဝိညာဉ်မျိုးနွယ်တို့၏ အိပ်မက်ဆိုး သေမင်းတမန် ထွက်ပေါ်လာမည်ဟု ဆိုလေသည်။

နတ်ဆိုးသည် ဝိညာဉ်မျိုးနွယ်၏ ပြေးမလွတ်သော အကုသိုလ် ဝိပါက်လိုပင်။ နတ်ဆိုးသည် ဝိညာဉ်မျိုးနွယ်၏ သဘာဝ ရန်သူလည်း ဖြစ်ပေသည်။

သူတို့၏ ကျင့်ကြံခြင်းစနစ်က ဝိညာဉ်မျိုးနွယ်မှ ဆင်းသက်လာသော်လည်း ဝိညာဉ် မျိုးနွယ်ထက် အဆပေါင်း များစွာ ပို၍ အစွမ်းထက်သည်။

သူတို့၏ ခန္ဓာကိုယ်များက ဝိညာဉ်မျိုးနွယ်မှ ပေါက်ဖွားလာခြင်း ဖြစ်သော်လည်း ဝိညာဉ် မျိုးနွယ်ထက် သာလွန် လေသည်။

ဟောကိန်း၌ အဖြေနှစ်ခုသာ ရှိသည်။ ပထမတစ်ခု အနေဖြင့် နတ်ဆိုးမျိုးနွယ်ထံ၌ အညံ့ခံကာ မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲ၍ နတ်ဆိုးမျိုးနွယ်ဝင်အဖြစ် ခံယူရမည်။ ဒုတိယတစ်ခုမှာမူ မျိုးနွယ်တစ်ခုလုံး သုတ်သင်ခံပြီး ထာဝရ မွေးဖွားမလာနိုင်ခြင်းပင်။

ထိုဟောကိန်းကို တွေးမိပြီးနောက် မျက်စိရှေ့မှ ယဲ့ဖန်ကို ကြည့်ပြီး လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့ ခြောက်ခြား သွားသည်။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ လက်ရှိ ဝိညာဉ်သခင်ရဲ့ တွက်ချက်မှုအရဆို နတ်ဆိုးမျိုးနွယ် မွေးဖွားလာပြီးတာ မှန်ပင်မယ့် ယန်ဝမ် ဟင်းလင်းပြင်မှာ မဟုတ်ဘူးလေ၊ အဲ့မျိုးနွယ်က အပြင်လောကမှာလေ”

“မင်း … မင်း အပြင်လောကက ရောက်လာတဲ့သူလား”

ဝိညာဉ်မျိုးနွယ် အကြီးအကဲ နှစ်ယောက်လုံး ကြက်သီးထကာ ထိတ်လန့် အံ့ဩနေ၏။

*အပြင်လောကက ဧည့်သည်တဲ့လား*

ဝိညာဉ်မျိုးနွယ်၏ အကြီးအကဲနှစ်ယောက်သာမက မီးလျှံဘိုးဘေးနှင့် အခြားသူများပါ အံ့အားသင့်သွားရသည်။ အပြင်လောကသည် ဒဏ္ဍာရီကဲ့သို့သော နေရာဖြစ်သည်။ ယန်ဝမ် ဟင်းလင်းပြင်ရှိ မျိုးဆက်မှ လူများအားလုံး အပြင်လောကသို့ တစ်ခါမှ ခြေမချဖူးပေ။

“ဘင်ဂို၊ မင်း တော်တယ်၊ ဒါပေမဲ့ မှန်အောင် ဖြေနိုင်လို့ ဆုတော့မရဘူးပေါ့”

ယဲ့ဖန် အသာပြုံးနေသည်။ သူ၏ စကားကြောင့် လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့ မျက်နှာ အကြီးအကျယ် ပျက်သွားသည်။

“မကောင်းတော့ဘူး၊ နတ်ဆိုးလာပြီ၊ မြန်မြန် ပြေးကြမယ်”

“နန်းတော်ကို ပြန်ပြီး ဝိညာဉ်သခင်ကို အသိပေးရမယ်”

“ငါတို့ တစ်မိသားလုံးက အင်အားစုကို စုစည်းပြီး ဒီကောင်လေးကို သတ်ရမယ်၊ မဟုတ်ရင် ငါတို့ ဝိညာဉ်မျိုးနွယ် ဒုက္ခရောက် လိမ့်မယ်”

လက်ရှိအချိန်၌ ဝိညာဉ်မျိုးနွယ်မှ အကြီးအကဲ နှစ်ယောက်သည် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ပြန်မတိုက်နိုင်ဘဲ နောက်လှည့်၍ လှစ်ခနဲ ထွက်ပြေးရန် ပြင်လေ တော့သည်။

စာစဉ် ၅၆ ဤတွင် ပြီးပါပြီ။

All Chapters