အခန်း (၈၄၇-၈၄၉)
Vol. 57 Ch. 847-849
Chapter 847 ယန်ဝမ်ဟင်းလင်းပြင်မှ ကြောက်စရာကောင်းသူများ
*လူသတ်သမား*
ကူးလောက ယဲ့ဖန်ကို ခိုင်းနှိုင်း ပြောဆိုလိုက်သည့် အသုံးအနှုန်းကို ကြားပြီး ယခုလေးတင် ရောက်လာသော မီးလျှံဘိုးဘေးနှင့် အခြားသူများ မှင်တက်သွားသည်။ ထို့နောက် လှောင်ပြောင် သရော်ဟန် ပြုံးလိုက်ပြီး ကူးလောအား သေလူတစ်ယောက်ကို ကြည့်သကဲ့ သို့ ကြည့်လာသည်။
“မင်း ပြောလိုက်တဲ့ လူသတ်သမားဆိုတာ ငါတို့ပဲ”
မီးလျှံမြို့တော်သခင်၏ စကားအဆုံး၌ ကူးလော ခေါင်းနပမ်း ကြီးသွားပြီး အဓိပ္ပာယ်ကို နားမလည် ဖြစ်သွားသည်။ ထိုစဉ် မီးလျှံဘိုးဘေး ဦးဆောင်သော သိုင်းပညာရှင်များက ယဲ့ဖန်ရှေ့၌ ချက်ချင်း ဒူးတစ်ဖက် ထောက်လိုက် ကြသည်ကို သူ တွေ့လိုက်ရသည်။
“ဆရာ ဒီကောင်ကို သတ်ဖို့ အမိန့်ပေးလိုက်ပါ”
“ဆရာသခင် ဒီကောင်ကို သတ်ဖို့ အမိန့်ပေးလိုက်ပါ”
ထိုအသံအဆုံး၌ ကူးလောနှင့် ရာချီသော လုမိသားစုဝင် သိုင်းပညာရှင်များအားလုံး ထိတ်လန့် သွားသည်။
*ဆရာ*
*ဆရာသခင်*
*ဒါ … ဒါ ဘာတွေဖြစ်နေတာလဲ*
ကူးလော ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားသည်။ အထူးသဖြင့် ဆရာ၊ ဆရာသခင် ဟူသော အသုံးအနှုန်း များကြောင့် ကူးလော ကြမ်းပြင်ပေါ် ဖင်ထိုင်လျက် လဲကျကာ ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် လှမ်းကြည့်နေသည်။
ကူးလော သာမက ချင်းလောင်၊ ထျဲလောင်၊ ချင်းလုံနှင့် ချင်းယန်မြို့မှ ထောင်သောင်း ချီသော မြို့သူမြို့သား များအားလုံး ထိတ်လန့်နေကြသည်။
စင်မြင့်ပေါ်၌ ဒူးထောက်နေသော လူများအားလုံးက မီးလျှံမြို့တော်မှ ဩဇာကြီးသော လူများ ဖြစ်သည်ကို သူတို့ သိကြလေသည်။
မီးလျှံဘိုးဘေးသည် ထိတ်လန့်ဖွယ်ကောင်းသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်။ မီးလျှံ ဘုရင်သည် လက်ရှိ မီးလျှံမြို့တော်၏ မြို့တော်သခင် ဖြစ်သည်။ လောမိသားစုနှင့် ဟုန်မိသားစု သည် မိသားစုကြီး သုံးခုထဲမှ ဖြစ်ပြီး အခြားသူများသည်လည်း ဩဇာ ကြီးသော သူများပင် ဖြစ်သည်။
ယခုအခါတွင် မီးလျှံမြို့တော်၏ ကံတရားကို ဆုံးဖြတ်နိုင်သော လူများက ယဲ့ဖန်ရှေ့၌ ဒူးထောက်နေကြသဖြင့် မယုံနိုင်ဖွယ် ကောင်းလှသည်။
ထျဲလောင်နှင့် အခြားသူများ ထိတ်လန့်နေချိန်တွင် ထျဲလင်နှင့် လျှိုချင်းရီတို့က အရှေ့ထွက် လာပြီး သူတို့အား တိုင်လုံး၌ ချုပ်နှောင်ထားရာမှ ကယ်တင်လာသည်။ ထျဲလင်က ထျဲလောင်ကို ပြုံး၍ ပြောလိုက်သည်။
“ဘိုးဘိုး အဲ့လောက် မအံ့ဩပါနဲ့၊ အစ်ကိုယဲ့က မီးလျှံဘိုးဘေးကို ဂုဏ်ထူးဆောင် တပည့်အဖြစ် လက်ခံထား သေးတာ”
ထိုစကားကြောင့် မြို့လယ်ခေါင် မြေကွယ်လပ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ချင်းလောင်၊ ထျဲလောင်နှင့် အခြားသူများအားလုံး ကြက်သေ သေသွားကြသည်။ သူတို့ နားကြားမှားသည်ဟုပင် ထင်မိသွားကြလေသည်။
“ရှောင်လင်၊ မင်း … မင်း ပြောချင်တာက မီးလျှံဘိုးဘေးက ယဲ့ဖန်ကို ဆရာတင် လိုက်တယ်လို့ ပြောချင်တာလား”
ထျဲလောင်တစ်ယောက် စိတ်ထဲ ဗလာဖြစ်သွားသလို ခံစားလိုက်ရသည်။ ယဲ့ဖန်က မီးလျှံဘိုးဘေးကို ဆရာတင် လိုက်သည် ဆိုပါက သူ လက်ခံနိုင်ပါသေးသည်။ သို့သော် အသက်အရွယ် ကြီးရင့်နေသော မီးလျှံ ဘိုးဘေးက ယဲ့ဖန်ကို ဆရာအဖြစ် တင်မြှောက် လိုက်သည်တဲ့လား။
ကူးလောသည်လည်း တစ်ကိုယ်လုံး တုန်ယင်ကာ နဖူးမှ ချွေးစေးများ စီးကျလာသည်။ သူ သေမတတ် ကြောက်လန့်ကာ ဘာတွေ ဖြစ်နေသလဲ ဆိုသည်ကို နားလည်သွားသည်။
ထို့ကြောင့် သူသည် ကြောက်ကြောက်လန့်လန့်ဖြင့် ယဲ့ဖန်ရှေ့ ဒူးထောက်ကာ ခေါင်းကိုငုံ့၍ တောင်းပန် လေတော့သည်။
“ယဲ့ … လူကြီးမင်းယဲ့၊ ကျွန်တော် အမြင်ကျဉ်းခဲ့လို့ လူကြီးမင်းကို အန္တရာယ် ပေးမိပါတယ်၊ လူကြီးမင်းယဲ့ ကျွန်တော့်ကို အသက်ချမ်းသာပေးပါ”
ကူးလော၏အနောက်မှ ရာချီသော လူမိသားစုဝင်များလည်း မှင်တက် ကြောက်လန့် နေသည်။ ထို့နောက် တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်၍ အသနားခံလေသည်။
ယဲ့ဖန်၏ မျက်လုံးများက အေးစက်ခက်ထန်နေပြီး ကူးလောအား စိုက်ကြည့်၍ နှုတ်ခမ်း တွန့်ရုံမျှ ပြုံးလိုက်သည်။
“ငါ မင်းကို အရင်က အခွင့်အရေး ပေးခဲ့တယ်၊ စိတ်မကောင်းစရာက မင်းက ကိုယ့်သေ တွင်း ကိုယ်တူးနေတာပဲ”
ယဲ့ဖန်က ထိုသို့ပြောပြီး မီးလျှံဘိုးဘေးနှင့် အခြားသူများကို လက်ဝှေ့ယမ်း၍ ပြောလိုက် သည်။
“မင်းတို့သဘောပဲ”
“ဟုတ်ကဲ့ပါ ဆရာ”
မီးလျှံဘိုးဘေးနှင့် မီးလျှံမြို့မှ လူများအားလုံး တက်တက်ကြွကြွ ပြန်ဖြေလိုက်ပြီးနောက် မတ်တပ်ပြန်ရပ်ကာ ကူးလောနှင့် အခြားသူများကို ဝိုင်းလိုက်ကြသည်။
ထို့နောက်တွင်မူ ကူးလောနှင့် ရာချီသော လုမိသားစုဝင်များ၏ အော်ဟစ်သံများက ချင်းယန်မြို့အနှံ့သို့ ပဲ့တင်ထပ် သွားသည်။ ထိုအော်ဟစ်သံများ၌ နောင်တများ၊ ကြောက်လန့်စိတ်များ၊ ဝမ်းနည်းစိတ်များဖြင့် ပြည့်နှက်နေသည်။
သေဆုံးချိန်အထိ ကူးလော၏ မျက်နှာ၌ နောင်တတရားများ ထင်ဟပ်နေ၏။ သူ၏ ရူးမိုက်မှုနှင့် မောက်မာမှုတို့ကြောင့် နောင်တရခဲ့သော်လည်း သေခြင်းတရားနှင့်သာ အဆုံးသတ်သွားရသည်။
နောက်ဆုံးသော လုမိသားစုဝင်၏ ဦးခေါင်းကို ဓားဖြင့် ခုတ်လိုက်ပြီးနောက် စင်မြင့်ပေါ်၌ အလောင်းများ ရာချီ၍ ရှိနေသည်။ ထိုသူများသည် မကြာသေးခင်က ချင်းယန်မြို့၏ အိပ်မက်ဆိုး ဖြစ်ခဲ့သော်လည်း ယခုအခါတွင် ချင်းယန်မြို့၌ အလောင်းများ ဖြစ်သွား လေသည်။
ဤသို့ ကြီးမားလှသည့် အပြောင်းအလဲကြောင့် ချင်းယန်မြို့သူမြို့သားများအားလုံး စိတ်လှုပ်ရှား ဝမ်းသာ လာကြသည်။ အားလုံး ဝမ်းသာအားရ ဟစ်ကြွေးလာသည်။
“ယဲ့ဖန်”
“ယဲ့ဖန်”
“…”
သူတို့၏ နှလုံးသားထဲမှ ယဲ့ဖန်၏ ပုံရိပ်က ပိုမိုကြီးမားလာပြီး သူတို့၏ ယုံကြည်ရာ ဖြစ်လာလေသည်။ ယဲ့ဖန်က သူတို့ကို သတ်သေရန် ပြောလာလျင်တောင်မှ သူတို့ လိုလိုလားလား သတ်သေလောက်သည်။
….
အရာအားလုံးကို ဖြေရှင်းပြီးနောက် ယဲ့ဖန်က တံခါးပိတ် ကျင့်ကြံခြင်း စလေတော့သည်။ လျှို့ဝှက်အခန်းငယ် အခန်းတွင်း၌ ယဲ့ဖန်က တင်ပျဉ်ခွေထိုင်၍ ရွှေရောင်ဓားကျိုးကို ထုတ်လိုက်သည်။
မီးလျှံဘိုးဘေးကို သူ ဓားအကြောင်း မေးထားပြီးသား ဖြစ်သည်။ မီးလျှံဘိုးဘေး မိုးကောင်း ကင်ရောင်ခြည် အင်အားစု၏ အကြီးအကဲ ဖြစ်ခဲ့စဉ်က အဖွဲ့အစည်း ခေါင်းဆောင် ဖြစ်သော နတ်ဘုရား နှင့်အတူ ယန်ဝ မ်နန်းတော်ထဲသို့ ဝင်ခဲ့ဖူးသည်။
မီးလျှံဘိုးဘေး၏ ယူဆချက်အရဆိုလျင် ယန်ဝမ်နန်းတော်ထဲမှ ဓားအပိုင်းအစက ဤရွှေရောင်ဓားကျိုး၏ အပိုင်းအစ ဖြစ်ပေလိမ့်မည်။
“ငါ ဒါကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး”
ယဲ့ဖန် အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ ယန်ဝမ်နန်းတော်သို့ သူ တစ်နေ့နေ့ ရောက်အောင်သွား၍ ဓားကျိုး၏ အပိုင်းအစကို ယူရမည်ဖြစ်ကြောင်း သူ သိနေသည်။
“ပြီးပြည့်စုံတဲ့ နတ်ဓားက ဘယ်လောက် အစွမ်းထက်မလဲ ငါ မမှန်းတတ်တော့ဘူး”
သူ သွားယူမည်ဟု ဆုံးဖြတ်ထားသော်လည်း ယဲ့ဖန်က ယန်ဝမ်နန်းတော်သို့ အလောတကြီး မသွားသေးပေ။ မီးလျှံဘိုးဘေးထံမှ သူ ကြားခဲ့ရသလောက်ဆိုလျင် ယန်ဝမ်နန်းတော်သည် ယန်ဝမ်ဟင်းလင်းပြင်၏ အရှင်သခင် ချန်ထားရစ်ခဲ့သော ရှေးဟောင်း နတ်ဘုရား နန်းတော် ဖြစ်သည်။
ထို့ကြောင့် အင်အားစုကြီးသုံးခုဖြစ်သည့် မိုးကောင်းကင် ရောင်ခြည်၊ ဝိညာဉ် ရှေးဟောင်း နန်းတော်နှင့် မြေအောက်ဘုံ စံအိမ်တို့က နန်းတော်အား စောင့်ကြပ်ကြသည်။
လက်ရှိအချိန်၌ ယဲ့ဖန်သည် ငရဲမီးကိုသုံး၍ ဝိညာဉ်မျိုးနွယ်၏ အကြီးအကဲအဆင့်ကို ချက်ချင်း သတ်နိုင်သော်လည်း ဝိညာဉ်မျိုးနွယ်၏ မဟာအကြီးအကဲ လင်းဟွမ် ကွေ့လိုင်အား အနိုင်ယူနိုင်မည်ဟု တပ်အပ် မပြောနိုင်သေးပေ။
လင်းဟွမ်ကွေ့လိုင်သည် ဝိညာဉ်မျိုးနွယ်၏ ဒဏ္ဍာရီကဲ့သို့သောသူ ဖြစ်သည်။ သူသည် မျိုးနွယ်၏ အောက်ခြေအထိ အမိန့်ပေးနိုင်သူ ဖြစ်သည်။ လက်ရှိ ဝိညာဉ်မျိုးနွယ်၏ ခေါင်းဆောင် ဖြစ်ကာ မျိုးနွယ်တွင်း ဒုတိယ အသန်မာဆုံးသောသူလည်း ဖြစ်ပေသည်။
မဟာအကြီးအကဲ၏ ခွန်အားကို ယဲ့ဖန်အကြမ်းဖျင်းမှ ခန့်မှန်းမိသည်။ တစ်ဖက်လူသည် လောကသခင် တစ်ပိုင်းအဆင့်မျှသာ ရှိပေဦးမည်။
ယန်ဝမ်ဟင်းလင်းပြင်၏ မြေဆွဲအားက အပြင်လောက၏ မြေဆွဲအားထက် အဆတစ်ရာ နီးပါး ပိုများလေသည်။ ထို့အတူ တောင်တန်းများ၊ ကျောက်ဆောင်များနှင့် သစ်ပင်များ သည်လည်း အပြင်လောကထက် ဆယ်ဆ ပို၍ ကြမ်းတမ်းကြံ့ခိုင်လေသည်။
ဤနေရာမှ သိုင်းပညာရှင်များသာ အပြင်လောကသို့ ရောက်သွားပါက ထိတ်လန့်ဖွယ် ကောင်းလောက်သည်။ ယန်ဝမ်ဟင်းလင်းပြင်ထဲမှ သိုင်းပညာရှင်များသာ အပြင်သို့ ထွက်လာနိုင်ပါက သူတို့သည် အပြင်လောက တစ်ခုလုံးကို ရှင်းလင်းနိုင်ပြီး နတ်ဘုရား များ၊ အင်မော်တယ်များနှင့် မကောင်းဆိုးဝါးများကို တုန်လှုပ်သွား စေနိုင်မှန်း ယဲ့ဖန် ရိပ်စားမိသည်။
“ဝိညာဉ်မျိုးနွယ်ရဲ့ မဟာ အကြီးအကဲက ကြောက်ဖို့ကောင်းတယ်ဆိုတော့ ဝိညာဉ်မျိုး နွယ်ရဲ့ ဝိညာဉ်သခင်၊ မိုးကောင်းကင် ရောင်ခြည် အဖွဲ့အစည်းက နတ်ဘုရားနဲ့ မြေအောက် ဘုံ စံအိမ်ရဲ့ အရှင်သခင်ကရော ဘယ်လောက်ထိ အစွမ်းထက်မလဲ မသိဘူး”
ယဲ့ဖန်သည် မိမိခွန်အားကို လျင်မြန်စွာ တိုးတက်လာအောင် လုပ်မှဖြစ်မည်ကို သိသဖြင့် မျက်မှောင်ကြုတ် မိနေ၏။ ထိုလူအိုကြီးများနှင့် ရင်ဆိုင်မိပါက တိုက်ပွဲ ဖြစ်လာ လောက်သည်။
ဤသည်ကို တွေးမိပြီးနောက် ယဲ့ဖန်က မသေမျိုး ဝိညာဉ် ဆေးလုံးနှစ်ခုကို ထုတ်လိုက် သည်။ ဤအရာသည် လင်းဟွမ်ရှန်းနှင့် လင်းဟွမ်လီတို့၏ ဝိညာဉ်ကို ဆေးအဖြစ် သန့်စင်ထားသော အရာ ဖြစ်သည်။ ဆေးလုံးတွင်းမှ စွမ်းအင်ကို ခံစားမိပြီး ယဲ့ဖန် စိတ်လှုပ် ရှား လာ၏။
“ဒီဝိညာဉ်နှစ်ခုကို သန့်စင်လိုက်တာကနေ ငါ နတ်ဘုရင်အဆင့်ကို တက်နိုင် လောက်ပါတယ်”
ဤသို့တွေးပြီး ယဲ့ဖန်က ပြုံး၍ ဆေးလုံးနှစ်လုံးကို မျိုချလိုက်သည်။ ထိုအခါ ဆေးလုံး အတွင်းမှ များပြားလှသော စွမ်းအင်လှိုင်းတစ်ခု စိမ့်ထွက်လာပြီး ယဲ့ဖန်၏ ခန္ဓာကိုယ်တွင်းမှ သွေးကြောအားလုံးထံသို့ စီးဆင်းသွားသည်။
Chapter 848 နတ်ဘုရားမိုးကြိုး ကပ်ဘေး
ယဲ့ဖန် မသေမျိုး ဝိညာဉ်ဆေးလုံးနှစ်ခုကို မျိုချလိုက်ပြီးနောက် သူ၏ဒန်ထျန်အတွင်း၌ ဆူညံသံများ ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းတစ်ခုက သွေးကြောများအားလုံးသို့ စီးဆင်း သွားသည်။
သွေးကြောများသည် ပြင်းထန်လှသော စွမ်းအင်လှိုင်းကြောင့် ပေါက်ပြဲလုနီးပါး ဖြစ်လာ၏။ ထို့အပြင် အိပ်မောကျနေသော ရှေးဦးလေဟွမ်းအင်သည်လည်း နိုးထလာလေသည်။
ယဲ့ဖန်၏ ခန္ဓာကိုယ်တွင်း၌ များပြားသော စွမ်းအင်များ စီးဆင်းစပြုလာသည်နှ့င် စွမ်းအင် တစ်မျိုးက ယဲ့ဖန်၏ နှလုံးသားတွင်းသို့ ဝင်ရောက်လာသည်။
“ချိုးဖျက်စမ်း”
ယဲ့ဖန်၏ ကြုံးဝါးသံနှင့်အတူ ပဲစေ့များ ပေါက်ကွဲသံကဲ့သို့သော အသံများ ထွက်ပေါ်လာ၏။ သူ၏ ခွန်အား သည်လည်း သူတော်စင် အဆင့်မှနေ၍ ရုတ်တရက် ထိုးတက်လာသည်။
သူတော်စင် နောက်ဆုံးအဆင့်၊ သူတော်စင် အထွတ်အထိပ်အဆင့်၊ နတ်ဘုရင် တစ်ပိုင်း အဆင့်၊ နတ်ဘုရင် စဦးအဆင့်။
အချိန်တိုအတွင်းမှာပင် ယဲ့ဖန်သည် အဆင့်ငယ် လေးခုကို ချိုးဖျက်၍ နတ်ဘုရင် စဦး အဆင့်သို့ ရောက်ရှိ သွားလေသည်။ ထို့အပြင် ယဲ့ဖန်၏ မှတ်ဉာဏ်အတွင်းမှ ချိပ်ပိတ် ထားသော မှတ်ဉာဏ်သည်လည်း ရုတ်တရက် စည်းပျက်သွားသကဲ့သို့ ပေါက်ကွဲသံ ထွက်လာသည်။
အလွန်အမင်း ရင်းနှီးသည်ဟု ခံစားရသော မှတ်ဉာဏ်အပိုင်းအစက ယဲ့ဖန်၏ အတွေးထဲသို့ ဝင်ရောက်လာ၏။
“ဒီမှတ်ဉာဏ်က …”
ယဲ့ဖန် မှင်တက်သွားသည်။ သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူ၏မျက်လုံး၌ မယုံနိုင် ဟန်များ ဖြတ်ပြေး သွားသည်။
ထိုမှတ်ဉာဏ်သည် တစ်ပိုင်းတစမျှသာ ဖြစ်ပြီး မပြည့်စုံသေးပေ။ ထိုမှတ်ဉာဏ်၌ ရှေးခေတ် က အလွန် အစွမ်းထက်သော သူများ သွေးချောင်းစီးသော တိုက်ပွဲအား ဆင်နွှဲနေသည်ကို တွေ့လိုက်ရသည်။
ထိုရှေးခေတ်မှ လူများ၏ အရှိန်အဝါက တုန်လှုပ်ဖွယ်ကောင်းလှသည်။ အချို့သော သူများ ၏ အစွမ်းက လောကသခင် သုံးပါးထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာ နီးပါးလောက် အထိ ပိုသန်မာလေသည်။
သူတို့၏ တိုက်ကွက်တစ်ခုတည်းနှင့် မိုးပြို၍ ငလျင်လှုပ်လောက်သည်။ စကြဝဠာတစ်ခုလုံး တုန်ယင်၍ ပေါက်ကွဲလောက်သည်ဟု ထင်မှတ်ရသည်။
ထိုရှေးခေတ်ပုဂ္ဂိုလ်များ ရင်ဆိုင်နေရသည့် လူများက ပို၍ ခြောက်ခြားဖွယ် ကောင်းလှ သည်။ ထိုသူများ အားလုံးထံမှ ရွှေရောင် အလင်းတန်းများ တောက်ပနေပြီး အပူချိန်က ကမ္ဘာမြေကိုပင် ပြာကျသွားစေလောက်သည်။
“ဒါ … ဒါ ယန်နယ်မြေက လူတွေလား”
ယဲ့ဖန် ပို၍တုန်လှုပ်လာသည်။ ကြောက်စရာကောင်းလှသော ယန်နယ်မြေမှ လူများ၏ ရှေ့တွင် သူ့ကိုယ်သူ ပုရွက်ဆိတ်တစ်ကောင်မျှ အားနည်းလှသည်ကို ခံစားမိပြီး ထိတ်လန့် သွားရသည်။ တစ်ဖက်လူက သူ့အား လက်ချောင်းတစ်ချောင်းတည်းဖြင့် သတ်နိုင်ပုံ ရသည်။
ထိုမှတ်ဉာဏ် အပိုင်းအစမှ ယဲ့ဖန် နိုးထလာပြီးနောက် ကျောပြင်တစ်ခုလုံး ဇောချွေး များဖြင့် ရွှဲနစ်နေ၏။
“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ ဒီမှတ်ဉာဏ်က … တအား ရင်းနှီးလွန်းနေတယ်”
ယဲ့ဖန် မျက်ခုံးလှုပ်နေသည်။ သူ့အား ပို၍ ထိတ်လန့်စေသည့် အရာမှာ ထိုသွေးချောင်း စီးနေသော တိုက်ပွဲ၌ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို မြင်လိုက်ရခြင်းပင်။
သူသည် ပိန်ပါး၍ အေးစက်ခက်ထန်သည်။ သူ့အား ရှည်လျားသော အနက်ရောင် ရေခဲထု ကြီးဟုပင် ထင်မှတ်မှား ရသည်။ ထိုသူ လက်တစ်ဖက် ထုတ်လိုက်သည်နှင့် ယန်နယ်မြေမှ လူတစ်ယောက်ကို အရှင်လတ်လတ် ပေါက်ကွဲ၍ သေဆုံးစေနိုင်သည်။
သူ လက်တစ်ဖက်လှုပ်လိုက်သည်နှင့် စကြဝဠာအား ပေါက်ကွဲသွားအောင် လုပ်နိုင်ပုံ ရသည်။ သူ၏ ခံ့ညားထည်ဝါသော အမူအရာက လောကအား သူ၏လက်ထဲမှ ဖုန်မှုန့်ဟု သာ မှတ်ယူထားသည့် ပုံပင်။
ထိုအနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာကို မြင်လိုက်ရချိန်တွင် ယဲ့ဖန် ပို၍ ထိတ်လန့် အံ့ဩသွားရသည်။ ထိုလူက သူ ဖြစ်နေ၏။
“ဒီမှတ်ဉာဏ်က ဘာတွေ ဖြစ်နေတာလဲ၊ ဘာလို့ ငါက … ရှေးခေတ်မှာ ပေါ်လာရတာလဲ”
ယဲ့ဖန်၏ အတွေးထဲ၌ မေးခွန်းပေါင်း သောင်းချီရှိနေသည်။ သူ ကိစ္စများစွာကို မေ့လျော့ နေသည်ဟု ခံစားနေရကာ သူ၏ မှတ်ဉာဏ်ကို ချိုးဖောက်ချင်နေသည်။
“ငါ တစ်ခုခုကို မေ့နေတဲ့ပုံပဲ၊ ငါ တော်တော် … တော်တော်များများကို မေ့နေတဲ့ပုံပဲ”
ယဲ့ဖန် တုန်လှုပ်နေ၏။ ချိပ်ပိတ်ထားသော မှတ်ဉာဏ်အားလုံးကို ဖွင့်လိုက်ပြီးပါက လောက တစ်ခုလုံး ပြောင်းလဲသွားလိမ့်မည်ဟု သူ အခိုင်အမာ ခံစားမိနေသည်။
ယဲ့ဖန် မှတ်ဉာဏ်တွင်း နစ်မြော၍ ကျင့်ကြံနေစဉ်တွင် အပြင်ဘက်၌ ပွက်လောရိုက် နေသည်ကို သူ မသိပေ။
ချင်းယန်မြို့မှ လူများအားလုံး ကောင်းကင်ကို ကြောက်လန့်တကြား မော့ကြည့် နေကြသည်။ ကောင်းကင်ယံ၌ တိမ်မည်းလိပ်များ စုဝေးလာသည်ကို အားလုံး တွေ့နေ ရသည်။
ကောင်းကင်ယံမှ တိမ်မည်းများကြား၌ လျှပ်စီးများက မြွေဖြူသဖွယ် လင်းလက်နေ၏။ လောကတစ်ခုလုံး ပြောင်းလဲလာပြီး ကောင်းကင်မှနေ၍ ကြောက်လန့်ဖွယ် အငွေ့ အသက်များ ပျံ့လွင့်လာသည်။ အောက်ဘက်မှ လူများအားလုံး ကြောက်လန့် တုန်လှုပ်သွားသည်။
“မိုးကြိုး … မိုးကြိုးပစ်တော့မှာလား”
ချင်းယန်မြို့မှ သိုင်းပညာရှင်များအားလုံး ကောင်းကင်ကိုမော့ကြည့်ကာ တုန်လှုပ် နေကြသည်။
“မြတ်စွာဘုရား၊ ဒါ မိုးကြိုးမုန်တိုင်းပဲ”
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဘယ်လိုလုပ် မိုးကြိုးမုန်တိုင်း ဖြစ်လာနိုင်မှာလဲ”
မီးလျှံဘိုးဘေး တုန်လှုပ်ကာ အံ့အားသင့်နေ၏။
“ယန်ဝမ်ဟင်းလင်းပြင်ရဲ့ ဘုရင် အိပ်မောကျသွားပြီးကတည်းက ဒီလောကက စကြဝဠာ၌ သီးခြား ဖြစ်တည် သွားပြီးတော့ ဥပဒေသတွေရဲ့ အဝေးကို ရောက်သွားတာလေ၊ ဘယ်လို လုပ် မိုးကြိုးမုန်တိုင်း ပေါ်လာရတာလဲ”
အပြင်လောကနှင့် ယန်ဝမ်ဟင်းလင်းပြင် မချိတ်ဆက်နိုင်ကတည်းက ဤနေရာ၌ နှစ်ပေါင်း များစွာ မိုးကြိုးမုန်တိုင်း ပေါ်မလာတော့ကြောင်း မီးလျှံဘိုးဘေး သိထားသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် စကြဝဠာ၏ ဥပဒေများဖြင့် ချုပ်နှောင်ထားခြင်းမှ လွတ်မြောက်နေသောကြောင့်ပင်။
ယခုအခါတွင်မူ လျှပ်စီးများလက်၍ မိုးခြိမ်းသံများ ဆက်တိုက် ထွက်ပေါ်နေ၏။
“ဘိုးဘေး ကြည့်ပါဦး မိုးကြိုးက အဲ့နေ့ကလို ဖွဲ့စည်းနေပြီ”
ထိုစကားကြောင့် ဘိုးဘေး အံ့ဩသွားပြီး ကောင်းကင်ကို ထပ်၍ မော့ကြည့်လိုက်သည်။ ထိုအခါ ကောင်းကင်၌ လျှပ်စီးများက လျှပ်စီးလုံးအဖြစ် စုစည်းနေသည်ကို ထိတ်လန့် တကြား တွေ့လိုက်ရသည်။
ထိုလျှပ်စီးလုံးက တဖြည်းဖြည်း ကြီးမားလာ၏။ အစပိုင်း၌ လက်သီးတစ်ဆုပ်စာမျှသာ ရှိသော်လည်း ဘောလုံးတစ်လုံး အရွယ်အစားသို့ ရောက်လာသည်။ နောက်ဆုံးတွင် ထိုလျှပ်စီးလုံးက လျှပ်စီးများကို အရူးအမူး စုပ်ယူနေပြီး တောင်ကုန်းတစ်ခုစာ အရွယ် အစားမျှ ဖြစ်လာသည်။ ထိုလျှပ်စီးလုံးအတွင်းမှ ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် လူတိုင်း ချွေးပြန်လာ၏။
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ ဒါ မိုးကြိုးမုန်တိုင်း မဟုတ်ဘူး၊ ဒါ … ဒါ မဟာတာအို ကောင်းကင်အပြစ်ဒဏ်ပဲ”
မဟာတာအို ကောင်းကင်အပြစ်ဒဏ်သည် ဒဏ္ဍာရီလာ စကားလုံး ဖြစ်သည်။ ကောလာ ဟလများအရ ရှေးခေတ် အချိန် ကထက် ပို၍ ရှေးကျသော ရှေးခေတ်အခါ ရှိခဲ့သည်။
စကြဝဠာတစ်ခုလုံး ဖရိုဖရဲဖြစ်ကာ လောကတစ်ခု ပွင့်စပြုလာသည်။ ထိုအချိန်က ကောင်းကင်ဘုံ၏ ဥပဒေသများ ပရမ်းပတာ ဖြစ်ကာ ကြောက်စရာကောင်းသော သတ္တဝါ များနှင့် ထိပ်တန်း ရတနာများ မွေးဖွား လာသည်။
ထိုသို့ ကြောက်စရာကောင်းသော သတ္တဝါများ ပေါ်စပြုလာတိုင်း ကောင်းကင်ဘုံက အပြစ်ပေးသည်။ ထိုသို့ အပြစ်ပေးသည့် မိုးကြိုးက ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာ ပျက်သုဉ်း နတ်မိုးကြိုးထက် ဆယ်ဆ ပို၍ ပြင်းထန်သည်။
ထိုမိုးကြိုးအောက်၌ ဂြိုဟ်နယ်မြေတစ်ခုပင် ပျက်သုဉ်းသွားနိုင်သည်။ သို့သော် ဤကောင်း ကင်ဘုံ အပြစ်ပေးခြင်းက ပျောက်ကွယ်နေသည်မှာ အတော်ကြာပြီ ဖြစ်သည်။ ယခု အဘယ်ကြောင့် ပြန်ပေါ်လာရသနည်း။
“နိုးထလာတာ၊ ကြောက်စရာကောင်းတဲ့ တစ်စုံတစ်ရာ နိုးထလာတာပဲ ဖြစ်မယ် …”
“မြတ်စွာဘုရား၊ အဲ့ဒီ နိုးထလာတဲ့အရာက ကောင်းကင်ဘုံ အပြစ်ပေးခြင်းကို ယူဆောင် လာတာပဲ၊ အဲ့အရာက ဘာများလဲ …”
မီးလျှံဘိုးဘေး၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။ ထို့နောက် ဘေးနားမှ လူများကို အော်ပြော လိုက်သည်။
“မြန်မြန် ပြေးကြ”
မီးလျှံဘိုးဘေး၏ စကားကြောင့် ချင်းယန်မြို့မှ သိုင်းပညာရှင်များအားလုံး အဝေးသို့ ထွက်ပြေး လေသည်။ လူအုပ်ကြီး မရှိတော့သည့်အချိန်တွင် မိုးခြိမ်းသံများ ထွက်ပေါ် လာပြီး တိမ်မည်းများကြားမှ တောင်ကုန်း တစ်လုံးစာ အရွယ်အစားရှိသော လျှပ်စီးလုံးက ရုတ်တရက် အောက်သို့ ကျဆင်းလာပြီး ယဲ့ဖန် ရှိနေသော အခန်းပေါ် ကျရောက်လာ၏။
“ဆရာ”
မီးလျှံဘိုးဘေး တုန်လှုပ်သွားသည်။ ထိုလျှပ်စီးလုံးကြောင့ ချင်းရီ အဖွဲ့အစည်း၏ အိမ်တော် တစ်ခုလုံး အမှု့န်ဖြစ် သွားသည်ကို သူ တွေ့လိုက်ရသည်။ အိမ်များ ပျက်စီးသွားပြီး ယဲ့ဖန်၏ လျှို့ဝှက်အခန်းသည်လည်း မြေအောက်သို့ ကျွံဝင်သွားသဖြင့် မီတာတစ်ထောင်မျှ နက်သော တွင်းချိုင့်တစ်ခု ဖြစ်ပေါ်လာသည်။
Chapter 849 ထိန်းချုပ်ခြင်း
အပြင်ဘက်မှ အရာအားလုံးကို ယဲ့ဖန် တစ်စက်ကလေးမျှ မသိပေ။ သူသည် မှတ်ဉာဏ် အပိုင်းအစ အတွင်း နစ်မျောနေပြီး ပြန်ရုန်းမထွက်နိုင်သေးပေ။
ထိုစဉ် သူ အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်မိပြီး လျှို့ဝှက်အခန်းတစ်ခုလုံး ပေါက်ကွဲ သွားသည်။ ပြင်းထန်သော လျှပ်စီးလုံးတစ်ခုက သူ့ပေါ် ကျရောက်လာသည်။
ယဲ့ဖန် မိုက်ခနဲ ဖြစ်သွားပြီး မည်သို့မှ မတုံ့ပြန်နိုင်ဘဲ သတိလစ်သွားသည်။ အဆုံးအစ မရှိသော ချောက်နက်ကြီးထဲသို့ ကျသွားသည်ဟု ထင်မှတ်ရပြီး အမှောင်ထုကြီး လွှမ်းခြုံ လာသည်ကိုသာ ယဲ့ဖန် မြင်လိုက်ရသည်။
ထို့အပြင် သူ၏ အသိစိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး အပြင်၌ လျှောက်သွား နေသည်။ သူ၏ လျှို့ဝှက်အခန်း ပျက်စီးသွားသည်ကို သူ မြင်လိုက်ရသည်။ ထို့အတူ မီးလျှံဘိုးဘေး၊ လျှိုချင်းရီအပြင် မီးလျှံမြို့မှ သိုင်းပညာရှင်များနှင့် ချင်းယန်မြို့မှ သိုင်းပညာ ရှင်များ အားလုံး အပျက်အစီး ရှိရာသို့ အသည်းအသန် ပြေးလာပြီး ငိုကြွေးကြ သည်ကိုလည်း မြင်နေရသည်။
လူတိုင်း ပူဆွေးဝမ်းနည်းနေကြသည်။ သူ့အား လိုက်ရှာပုံ ပေါ်သော်လည်း ရှာမတွေ့ သည့်ပုံပင်။
ယဲ့ဖန်၏ အသိစိတ် ဝိညာဉ်က သူတို့နှင့် စကားပြောချင်နေသည်။ သို့သော် သူ ဘယ် လောက် ပြောပြော မီးလျှံဘိုးဘေးနှင့် အခြားသူများ ကြားပုံမရသလို၊ မြင်ပုံလည်း မရပေ။
သူသည် ဖောက်ထွင်းမြင်ရသော ဝိညာဉ်တစ်ခုကဲ့သို့ ဖြစ်နေပုံ ရသည်။ မည်သည့် အရိပ်အယောင်မှ မတွေ့ရဘဲ ပျောက်ကွယ်နေ၏။
“ငါ့ဝိညာဉ်က ပျက်စီးသွားတာလား”
ယဲ့ဖန် မရယ်ဘဲ မနေနိုင်တော့ပေ။ သူ၏ ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ လွင့်ထွက်လာသည်ကို သူ ရိပ်မိပါသည်။ ထို့အပြင် ယဲ့ဖန်၏ အသိစိတ်ထဲ၌ ထူးခြားသော ခံစားချက်တစ်မျိုး ထွက်ပေါ်နေ၏။
သူ့၌ အသိစိတ် ရှိနေသရွေ့ သူ့ဘေးပတ်လည်မှ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ခံစား ထိန်းချုပ် နိုင်နေသည်။
“ဒါ … ဒါ ထိန်းချုပ်လို့ ရနေတဲ့ ခံစားချက်ပဲ”
ယဲ့ဖန် ထိတ်လန့်သွားသည်။
သူနှင့် တစ်မိုင်ပတ်လည်အတွင်းမှ အပင်များ၏ ကြီးထွားခြင်းအား ထိန်းချုပ်နိုင်သည်ဟု သူ ခံစားမိသည်။ သူ တစ်ချက်တွေးလိုက်သည်နှင့် ပန်းပွင့်များ ပွင့်လန်းလာပြီး အပင် ပေါက် များက သစ်ပင်ကြီးတစ်ပင် ဖြစ်လာသည်။ ကျောက်တုံး ကျောက်ဆောင် များကို သူ စိတ်ရှိသလို သယ်မနိုင်ပြီး တစ်ချက်တွေးလိုက်ရုံနှင့် မြေဆီလွှာကို အက်ကွဲစေနိုင်၏။
“ထိန်းချုပ်ခြင်း … ဒါ ထိန်းချုပ်ခြင်းပဲ”
ယဲ့ဖန် ဝမ်းသာအားရ ဖြစ်သွားပြီ။ ထိုစဉ် သူသည် မျက်လုံးမှိတ်၍ အသိစိတ်အား ခပ်ဝေး ဝေးသို့ ဖြန့်ကျက် လိုက်သည်။
တစ်မိုင်၊ ငါးမိုင်၊ ဆယ်မိုင်။ သူ၏ အသိစိတ်က ပိုပို၍ ဖြန့်ကျက်လာနိုင်သည်ကို ယဲ့ဖန် သိလိုက်ရသည်။ သူနှင့် ငါးမိုင်ပတ်လည်အတွင်းမှ အရာအားလုံးကို သူ ထိန်းချုပ်နိုင်သည်။ ငါးမိုင်ထက် ကျော်သွားပါက သူ၏ ထိန်းချုပ်နိုင်စွမ်းက လျော့ကျသွားသည်။
ဆယ်မိုက်ကျော်သည်နှင့် သူ ဘာကိုမှ မထန်းချုပ်နိုင်တော့ပေ။
“ဆယ်မိုင်ကျော်တာနဲ့ ထိန်းချုပ်လို့ မရပင်မယ့် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရ သေးတာပဲ”
ယဲ့ဖန် ပြုံးလိုက်သည်။ သူ၏ အသိစိတ်ကို မရပ်တန့်ဘဲ ဆက်၍ ဖြန့်ကျက်လိုက်သည်။ တဖြည်းဖြည်းနှင့် မိုင်နှစ်ဆယ်၊ မိုင်ငါးဆယ်၊ မိုင်တစ်ရာ။
မိုင်တစ်ရာအတွင်းမှ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထိုခံစားချက်က တဖြည်းဖြည်း တိုးတက်လာ၏။
ထို့နောက် မိုင်သုံးရာ၊ မိုင်တစ်ထောင်အထိ ဖြန့်ကျက်သွားသည်။ ယဲ့ဖန်၏ အသိစိတ်က မိုင်တစ်ထောင်ထိ ရောက်သွားချိန်တွင် နဂါးအော်သံကို သူ ကြားလိုက်ရသည်။
“ဒါ … ဒီအသံက ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ”
ယဲ့ဖန်၏ မျက်လုံးများ အေးစက်လာသည်။ ထို့နောက် သူ၏ အသိစိတ်အား နဂါးသံ ကြားရာဆီသို့ ဆက်ဖြန့်ကျက် လိုက်သည်။
မိုင်ပေါင်းတစ်ထောင့်ငါးရာအကွာ၌ တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်ကို သူ တွေ့လိုက် ရသည်။
သိုင်းပညာရှင်တစ်ဖွဲ့က နဂါးတစ်ကောင်ကို ဝိုင်းထားပြီး တိုက်ခိုက်နေခြင်း ဖြစ်သည်။ သိုင်းပညာရှင် အယောက်နှစ်ဆယ်ခန့် ရှိပြီး တစ်ယောက်ချင်းစီက အလွန်အမင်း သန်မာလှသည်။
သူတို့က ခရမ်းပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားကြသည်။ ဝတ်ရုံ၌ ခရမ်းပြာ နဂါး တစ်ကောင်ပေါ် ရေးထိုးထားသည်။
အားလုံး၌ ကျာပွတ်ရှည်တစ်ချောင်းစီ ရှိနေပြီး အလယ်မှနဂါးအား အားဖြင့် ရိုက်နှက် နေကြသည်။ ကျာပွတ်ရိုက်ချက်များကြောင့် နဂါး၏ ကိုယ်မှ သွေးများ စီးကျလာသည်။
ဤမြင်ကွင်းကိုကြည့်ပြီး ယဲ့ဖန်၏ အသိစိတ်ဝိညာဉ်က သွေးပွက်ပွက် ဆူလာသည်။ အဘယ်ကြောင့်ဆိုသော် … တိုက်ခိုက်ခံနေရသည့် နဂါးက နတ်ဆိုးနဂါး ဖြစ်နေသည်ကို သူ တွေ့လိုက်ရသောကြောင့်ပင်။
“မင်းတို့ကောင်တွေက ဒီနဂါးဧကရာဇ်ရဲ့ အရွတ်တွေကို ကျာပွတ်လုပ်ပြီးတော့ အခု ဒီနဂါးဧကရာဇ်ကို ပြန်သတ်ချင်နေတယ်ပေါ့လေ၊ သွားသေလိုက် …”
နတ်ဆိုးနဂါး အလွန်အမင်း ဒဏ်ရာရနေ၏။ သူ၏ နဂါးခန္ဓာကိုယ်က ကြေးခွံများ အက်ကွဲ၍ သွေးများ စိမ့်ထွက်နေသည်။
သူ အပြင်းအထန် ဒဏ်ရာရနေချိန်တွင် ဘေးနားမှ သိုင်းပညာရှင်များက ပို၍ ရိုက်နှက် လာသည်။ နတ်ဆိုးနဂါး၏ အော်သံကြောင့် ထိုလူများထဲမှ လူငယ်တစ်ယောက်က ရယ်မော လေသည်။
“ဟေ့ … နတ်ဆိုးနဂါး ကျုပ် ပြောခဲ့တာကို ခင်ဗျား ဘယ်လို သဘောရလဲ”
“ဒီသခင်လေးရဲ့ စီးတော်ယာဉ် လုပ်ဖို့ ခင်ဗျား သဘောတူမယ်ဆိုရင် ဒီသခင်လေးက ခင်ဗျား အသက်ကို ချမ်းသာပေးမှာ”
“မဟုတ်လို့ကတော့ …”
ထိုလူငယ်လေးက လှောင်ပြောင်သရော်သော အမူအရာဖြင့် ကြည့်နေသည်။
“မဟုတ်လို့ကတော့ ကျုပ် ခင်ဗျားရဲ့ သွားတွေကိုနုတ်ပြီး ခင်ဗျား အရေခွံကို ဆွဲခွာပြီး အရွတ်တွေကို ဆွဲထုတ် လိုက်မယ်”
ထိုစကားကြောင့် နတ်ဆိုးနဂါး၏ မျက်နှာက မည်းမှောင်သွားသည်။
“မျိုးမစစ်ကောင်တွေ”
“မင်း ဒီဧကရာဇ်ကြီးကို ကျွန်ပြုချင်နေရင် စိတ်ကူးယဉ်နေလိုက်”
နတ်ဆိးနဂါးက ဒေါသထွက်ကာ မုန်းတီးနေ၏။
“ငါ မင်းတို့ကို ပြောလိုက်မယ်၊ ဒီနဂါးဧကရာဇ်မှာ ညီအစ်ကို တစ်ယောက် ရှိတယ်ကွ၊ သူ ငါ့ကို ရှာတွေ့တာနဲ့ မင်းတို့အားလုံး သေပြီသာမှတ်”
*ညီအစ်ကိုတဲ့လား*
“ဟားဟားဟား …”
ထိုစကားကြောင့် လူငယ်လေးက အော်ရယ်လေသည်။
“ဘာကို သောက်ညီအစ်ကိုလဲ၊ ဒါ ယန်ဝမ်ဟင်းလင်းပြင်ကွ”
“အပြင်လောကကလူတွေက ဒီကို ရောက်လာတာနဲ့ ဒီသခင်လေးကို ဒူးထောက်ရတာပဲ”
“အပြင်လောကက နဂါးကလည်း ဒီရောက်လာတာနဲ့ ဒီသခင်လေးရဲ့ စီးတော်ယာဉ်အဖြစ် အသုံးတော်ခံရမှာပဲ”
ထိုသို့ပြောပြီး ထိုလူငယ်က လက်ထဲမှ နဂါးရွတ် ကျာပွတ်ဖြင့် ရိုက်လိုက်သည်။
“ခင်ဗျားက မနာခံမှတော့ ကျုပ် ခင်ဗျားကို ရိုက်သတ်ရတာပေါ့”
ထိုသို့ပြောပြီး နောက်တစ်ချက် ရိုက်ချလိုက်သည်။ ငါးချက်၊ ဆယ်ချက်၊ နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်မှ သွေးများ ဆက်၍ စိမ့်ထွက်လာသည်။ သူ၏ တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံနေ၏။
သို့သော် နတ်ဆိုးနဂါးသည် ဒဏ်ရာများဖြင့် သေလုမျောပါး ဖြစ်နေသော်လည်း မျက်လုံး၌ အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ သို့သော် သူ ထပ်၍ မတိုက်ခိုက်နိုင်ပေ။
ဤမြင်ကွင်းကိုကြည့်ပြီး ယဲ့ဖန်၏ အသိစိတ်ဝိညာဉ်က ပေါက်ကွဲသွားသည်။ သူ ရူးမတတ် ဖြစ်ကာ ရှေ့ဆက်တိုး၍ နတ်ဆိုးနဂါးကို ကူညီချင်မိသည်။
သို့သော် သူ့ကို ဒေါသထွက်စေသည်က သူ၏ အသိစိတ် ထိန်းချုပ်ခြင်းက မိုင်တစ်ထောင့် ငါးရာ၌ အကျိုး သက်ရောက်မှု မရှိပေ။
“သေစမ်း၊ ငါ့ခန္ဓာကိုယ်နဲ့ လာမှပဲ ရမယ်နဲ့တူတယ်”
ယဲ့ဖန်၏ မျက်နှာက သုန်မှုန်နေသည်။ သူက ထိုလူငယ်နှင့် အခြားသူများက အေးတိ အေးစက် ကြည့်၍ တွေဝေခြင်းမရှိဘဲ အသိစိတ်ဝိညာဉ်ကို ပြန်ရုတ်သိမ်း၍ ဖျတ်ခနဲ ပျောက်ကွယ် သွားသည်။
ယဲ့ဖန်၏ အသိစိတ်ဝိညာဉ် ပျောက်ကွယ်သွားချိန်တွင် ထိုနေရာမှ လူငယ်နှင့် သိုင်းပညာရှင် နှစ်ဆယ်ကျော်တို့သည် မိစ္ဆာတစ်ကောင်က စိုက်ကြည့်ခြင်း ခံလိုက်ရ သကဲ့သို့ ခံစားမိကာ ထိတ်လန့် တုန်လှုပ်သွားသည်။
“ဘာဖြစ်သွားတာလဲ”
ထိုလူငယ်နှင့် သိုင်းပညာရှင်များအားလုံး မျက်မှောင်ကြုတ်သွားပြီး ဘေးဘီကို ဝေ့ကြည့် ကြသည်။ သို့သော် မူမမှန်သောအရာ တစ်ခုမှ မတွေ့ရပေ။ ဤသည်က သူတို့ကို ပို၍ တွေဝေသွားသည်။
“ဒါ ယဲ့ဖန်ရဲ့ အငွေ့အသက်ပဲ”
နတ်ဆိုးနဂါးသည်လည်း ယဲ့ဖန်၏ အငွေ့အသက်ကို ခံစားမိပြီး ဝမ်းသာသွားလေသည်။
“ဟားဟားဟား … ငါ့ညီအစ်ကို မကြာခင် လာတော့မယ်ကွ၊ မင်းတော့ သေပြီပဲ၊ ကောင်းတယ် … သိပ်ကောင်းတယ်”
နတ်ဆိုးနဂါး၏ စကားကြောင့် ထိုလူငယ်နှင့် အခြားသူများ မျက်နှာပျက်သွားသည်။ ထို့နောက် အားလုံးက ဝိုင်း၍ လှောင်ရယ်လေ၏။
“ခင်ဗျား ညီအစ်ကိုလား”
“ဟမ့်၊ လာခိုင်းလိုက်လေ၊ လာတော့လည်း ညီအစ်ကိုနှစ်ယောက်ကို သတ်ရတာပေါ့”
“ဒီနေ့ ကောင်းကင်ဘုံကရော မြေကမ္ဘာမှာပါ ခင်ဗျားကို ဘယ်သူမှ မကယ်နိုင်စေရဘူး”
ထိုသို့ပြောပြီး ထိုလူငယ်က လူသတ်သောအမူအရာဖြင့် အချက်ပြလိုက်သည်။
“သတ်”