အခန်း (၈၅၉-၈၆၁)
Vol. 58 Ch. 859-861
Chapter 859 လူအိုကြီး ဝူရှန်း
ခရမ်းနဂါးမြို့တော်မှ ထွက်လာပြီးနောက် အကြီးအကဲ ပင်းဟဲသည် မြေအောက်ဘုံ စံအိမ်သို့ ချက်ချင်း ပြန်မသွားပေ။ ထိုအစား တောင်ကုန်းတစ်ခုသို့ ထွက်သွားလေသည်။
ထိုတောင်ကုန်းသည် အလွန်အမင်း ထူးဆန်းလှသည်။ တောင်ကုန်းပေါ်၌ မည်သည့် သစ်ပင်ပန်းမန်များ မရှိသလို ကျေးငှက်များနှင့် သားရဲများလည်း မရှိပေ။
သုသာန်အလား ထင်မှတ်မှားရပြီး မြူခိုးများက တစ်နှစ်ပတ်လုံး ဝေ့ဝဲနေကာ ထူးဆန်း သော အငွေ့အသက်တစ်မျိုး ရှိသည်။ ထို့အပြင် ဤတောင်ကုန်းအနီးသို့ ရောက်လာ သည့် ငှက်အချို့သည်လည်း တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်ပြီး အောက်သို့ ပြုတ်ကျကာ သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။
တောင်ကုန်းပေါ်သို့ တက်ရန်ပြင်လာသည့် သားရဲများသည်လည်း ၎င်းတို့၏ ခန္ဓာကိုယ်များ ပုပ်ပွကာ ချက်ချင်း အရည်ပျော်ကျပြီး သွေးများက တောင်ကုန်း၏ မြေဆီလွှာထဲသို့ စိမ့်ဝင် သွားသည်။ ဤတောင်ကုန်းသည် သက်ရှိ အားလုံး၏ သင်္ချိုင်းမြေ ဖြစ်ပုံရပြီး ထိတ်လန့်ဖွယ် အငွေ့အသက်များ ထွက်ပေါ်နေသည်။
ယခုအချိန်၌ အကြီးအကဲ ပင်းဟဲက မြေကြီးပေါ် ဒူးထောက်ကာ တောင်ကုန်းဘက် မျက်နှာမူ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“တပည့်ပင်းဟဲ ဆရာ့နဲ့ တွေ့ဆုံချင်ပါတယ်”
မြေအောက်ဘုံစံအိမ်၏ တတိယမြောက် အင်အားကြီးသူ ဖြစ်သော အကြီးအကဲ ပင်းဟဲ၌ ဆရာတစ်ယောက် ရှိနေလိမ့်မည်ဟု မည်သူမှ ထင်ထားမိမည် မဟုတ်ပါ။
သူ၏ စကားအဆုံး၌ ထိုတောင်ကုန်းငယ်သည် အလယ်မှနေ၍ ဖြည်းဖြည်းချင်း အက်ကွဲ လာပြီး ကျောက်စရစ် လမ်းတစ်ခု ပေါ်လာသည်။
ဤသည်ကို မြင်သည်နှင့် အကြီးအကဲ ပင်းဟဲက အလျင်အမြန်ထကာ ထိုလမ်း တစ်လျှောက် ဝင်သွားပြီး တောင်အတွင်းပိုင်းထဲသို့ လျှောက်လှမ်းသွားသည်။
တောင်အတွင်းပိုင်းထဲသို့ ဝင်သွားသည့် အကြီးအကဲ ပင်းဟဲ၏ ပုံရိပ် ပျောက်ကွယ် သွားသည်နှင့် တောင်ကုန်းသည်လည်း တစ်ဖန်ပြန်၍ ပိတ်သွားပြီး ယခင်အတိုင်း ဖြစ်သွား လေသည်။
ထိုတောင်ကုန်း၏ အလယ်၌ ကြီးမားသော နန်းတော်တစ်ခုရှိသည်။ နန်းတော်တစ်ခုလုံး မည်းမှောင်နေ၏။ နန်းတော်၏ အလယ်ဗဟိုရှိ သွေးရေကန်အတွင်းမှ စက်ဆုပ်ဖွယ် ကောင်းသော သွေးနံ့များ ပျံ့လွင့်နေသည်။
ထိုသွေးရေကန်သည် မီတာတစ်ရာများ နက်ပြီး ကျယ်ဝန်းလေသည်။ ရေကန်တွင်း၌ သွေးများစွာ စုစည်း တည်ရှိနေ၏။ ထို့အပြင် ထိုသွေးရေကန်ဘေးနား၌ ပုံပျက်နေသော အလောင်း တစ်ခု ရှိနေသေးသည်။
ထိုအလောင်းသည် သေဆုံးသွားချိန်အထိ ကြောက်လန့်ဖွယ်ကောင်းသော တစ်စုံ တစ်ရာနှင့် ကြုံတွေ့ခဲ့ ရသည့်ပုံပင်။ သူသည် တစ်ချိန်က လောကနှင့် တစ်သားတည်း အဆင့် ရှိသော သိုင်းပညာရှင် ဖြစ်ခဲ့သည်။
ထိုကဲ့သို့ လောကနှင့် တစ်သားတည်းအဆင့် သိုင်းပညာရှင်များ၏ အလောင်းများက ဤသွေးရေကန် ဘေးပတ်လည်၌ ဒါဇင်နှင့်ချီ၍ ရှိနေသဖြင့် သားသတ်ရုံအလား ထင်မှတ် မှားရသည်။
အဘိုးအိုတစ်ယောက်က ပုံပျက်နေသော အလောင်းအား သွေးရေကန်ထဲသို့ ပစ်ထည့် လိုက်သည်။ ကြောက်စရာ ကောင်းသော တစ်စုံတစ်ရာအား အစာကျွေးနေသည့်ပုံပင်။ ထိုစဉ် ခြေသံတစ်သံ ထွက်ပေါ်လာပြီး အကြီးအကဲ ပင်းဟဲ ဖြည်းဖြည်းချင်း ဝင်လာသည်။
“ပင်းဟဲ မင်း မြေအောက်ဘုံ စံအိမ်ကို ပြန်တာ မဟုတ်ဘူးလား၊ ဘာလို့ ပြန်လာရတာလဲ”
အဘိုးအိုက နောက်လှည့်မကြည့်ဘဲ အသာမေးလိုက်သည်။ သူ့စကားကြောင့် အကြီးအကဲ ပင်းဟဲက အလျင်အမြန် မြေကြီးပေါ် ဝပ်တွား၍ အရိုအသေပေးကာ ပြောလိုက်သည်။
“ဆရာ ဒီတပည့် အပြန်လမ်းမှာ ခရမ်းနဂါးမြို့တော်ကို ဖြတ်သွားခဲ့ပါတယ်၊ ဒါပေမဲ့ ခရမ်း နဂါး ဘုရင် သားအဖနှစ်ယောက် အသတ်ခံလိုက်ရတာကို သိလိုက်ရပါတယ်”
*အသတ်ခံလိုက်ရတာလား*
ထိုစကားကြောင့် အဘိုးအိုက မျက်ခုံးပင့်သွားသော်လည်း ဂရုမစိုက်ပေ။ သူ၏ အမူအရာက လူနှစ်ယောက် သေသွားသည်ဟု မသတ်မှတ်ဘဲ ပုရွက်ဆိတ်နှစ်ကောင် သေသွားသည် ဟုသာ သဘောထားပုံရသည်။ သူ မည်သို့မျှ ဒေါသထွက်ပုံ မရချေ။ သို့သော် အကြီးအကဲ ပင်းဟဲက ဆက်ပြောလေသ်ည။
“ခရမ်းနဂါးဘုရင် သားအဖကို သတ်တဲ့လူ သုံးတဲ့လက်နက်က … နတ်ဓား ဖြစ်နေတာကို ဒီတပည့် သိခဲ့ရပါတယ်”
ထိုစကားအဆုံး၌ အဘိုးအို၏ မျက်လုံးများက ဝင်းလက်သွားသည်။
“နတ် … နတ်ဓား၊ အဲ့ဓား တကယ် ပေါ်လာပြီလား”
အဘိုးအိုက ရုတ်တရက် ထရပ်ကာ အကြီးအကဲ ပင်းဟဲကို စိုက်ကြည့်၍ မေးလိုက်သည်။
“အဲ့ဒီလူ အခု ဘယ်မှာလဲ”
ထိုစကားသံ၌ သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။ ထိုအခါ အကြီးအကဲ ပင်းဟဲက ဤသို့ ဖြစ်လာ မည်ဟု ခန့်မှန်းမိထားဟန်ဖြင့် ပြုံးကာ ပြောလိုက်လေသည်။
“ကျွန်တော် မြေအောက်ဘုံ စံအိမ်နဲ့ ဆက်သွယ်ပြီးပါပြီ၊ အဲ့ဒီလူသတ်သမားက ဒီရက်ပိုင်း အတွင်း မြေအောက်ဘုံ စံအိမ်ကို အလည်သွားပါလိမ့်မယ်”
“ဆရာ ကျွန်တော်တို့ အစီအစဉ် စတော့မလား”
*အစီအစဉ်လား*
ထိုစကားကြောင့် အဘိုးအိုထံမှ နတ်ဧကရာဇ်မင်းတစ်ပါးကဲ့သို့သော အရှိန်အဝါများ ရုတ် တရက် ထွက်ပေါ် လာ၏။
“နှစ်တစ်သိန်း”
“ငါ ဝိညာဉ်ရှေးဟောင်းနန်းတော်၊ မြေအောက်ဘုံစံအိမ်နဲ့ မိုးကောင်းကင်ရောင်ခြည်ရဲ့ လိုက် ဖမ်းဆီး သတ်ဖြတ် တာကို နှစ်တစ်သိန်းတိတိ ခံခဲ့ရတယ်”
“အခု လက်စားချေမယ့် အချိန် ရောက်လာပြီ”
ထိုသို့ပြောပြီး အဘိုးအိုက လူတစ်ဖက်သား ကြက်သီးထသွားလောက်စေမည့် အပြုံးမျိုး ပြုံးလေသည်။
“လွန်ခဲ့တဲ့အချိန်တွေတုန်းက ယန်ဝမ် ဟင်းလင်းပြင်ရဲ့ လျှို့ဝှက်နယ်မြေ တုန်ခါခဲ့တယ်၊ ဝိညာဉ်သခင်၊ မြေအောက်ဘုံ စံအိမ်သခင်နဲ့ မိုးကောင်းကင် ရောင်ခြည် နတ်ဘုရားတို့ သုံးယောက်လုံး လျှို့ဝှက်နယ်မြေထဲ ဝင်ပြီး စစ်ဆေးကြတယ်၊ အဲ့နေရာက ထွက်ပေါက်ကို ငါ ချိပ်ပိတ်ခဲ့လို့ သူတို့ ငါ ဝင်ခဲ့တာကို မသိခဲ့ကြဘူး”
“အခု အဲ့မျိုးနွယ်သုံးခုကို အနိုင်ယူပြီး ယန်ဝမ်ဟင်းလင်းပြင်ကို ပေါင်းစည်းဖို့ အချိန်တန်ပြီ”
အဘိုးအိုက သွေးရေကန်အစပ်နား၌ ပြန်ထိုင်လိုက်ပြီး အလောင်းများ အားလုံးကို သွေးရေ ကန် ထဲသို့ ပစ်ချလိုက်သည်။ သွေးရေကန်ထဲမှ အရာက ထိုအရာအားလုံးကို ဝါးမျိုလိုက် သဖြင့် အရိုးပင် မကျန်ရစ်တော့ပေ။
“အဲ့ဒီလူ မြေအောက်ဘုံစံအိမ်ကို သွားလည်ပတ်တဲ့အချိန်ထိ စောင့်နေလိုက်၊ ပြီးတော့မှ နတ်ဓားက မြေအောက်ဘုံ စံအိမ်ရဲ့ လက်ထဲမှာ ရှိနေတယ်လို့ သတင်းဖြန့်လိုက်”
“အဲ့အခါကျရင် ဝိညာဉ်ရှေးဟောင်းနန်းတော်နဲ့ မိုးကောင်းကင် ရောင်ခြည်တို့က မြေအောက်ဘုံ စံအိမ်ကို တိုက်ခိုက်လိမ့်မယ်”
“နှစ်ဖက်လုံး ထိခိုက်ပျက်စီးမယ့် အချိန်ထိ စောင့်နေမယ်၊ ပြီးရင်တော့ ဒီလူအိုကြီး ဝူရှန်း လူလုံးထွက်ပြရမယ့် အချိန်ပဲ”
လူအိုကြီး ဝူရှန်း။ ဤနာမည်ကိုသာ အပြင်ဘက်မှ သိုင်းပညာရှင်များ အားလုံး ချောက်ချား သွားလောက်သည်။ ယန်ဝမ်ဟင်းလင်းပြင်၏ ရှည်လျားသော သမိုင်းကြောင်း၌ အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက် ရှိခဲ့သည်။
သူသည် လွန်ခဲ့သော နှစ်တစ်သိန်းက အရက်စက်ဆုံးနှင့် သွေးအဆာဆုံးလူပင်။ သူသည် ခြေသလုံးအိမ်တိုင် သိုင်းသမား ဖြစ်သည်။ သို့သော် သူ၏ သိုင်းအဆင့်က အံ့အားသင့် ဖွယ်ကောင်းသော အနေအထားသို့ ရောက်နေ ခဲ့သည်။
ထိုစဉ်အချိန်က သူတစ်ဦးတည်းနှင့် အင်အားကြီး အဖွဲ့အစည်းသုံးခုမှ သိုင်းပညာရှင် များစွာကို သတ်ဖြတ်ခဲ့သည်။ ယန်ဝမ်ဟင်းလင်းပြင်မှ တောင်တန်းများ သွေးကဲ့သို့ နီမြန်း သွားခြင်းနှင့် မြေဆီလွှာများ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားခြင်းသည် လူအိုကြီး ဝူရှန်းက ဟင်းလင်းပြင် တစ်ခုလုံးမှ လူပေါင်းများကို သတ်၍ သွေးရောင်ခြယ် ခဲ့ခြင်း ဖြစ်သည်ဟု ကောလာဟလ ရှိလေသည်။
သူ့အား စိတ္တဇ လူသတ်သမားဟု ခေါ်နိုင်ပေ၏။ ထို့အပြင် ဝိညာဉ်သခင်၊ မြေအောက်ဘုံ စံအိမ်သခင်နှင့် နတ်ဘုရားတို့သည် ဝူရှန်းထံ ရှုံးနိမ့်ခဲ့သည်။ ထို့နောက် နှစ်ပေါင်းများစွာ လိုက်လံဖမ်းဆီးခဲ့သော်လည်း လူအိုကြီး ဝူရှန်းကို မသတ်နိုင်ခဲ့ပေ။
လူအိုကြီးဝူရှန်း၏ ကြောက်စရာကောင်းပုံကို သိမြင်သော လူအားလုံးတို့သည် မြေအောက်ဘုံ စံအိမ်၏ အကြီးအကဲ ပင်းဟဲက ထိုစိတ္တဇ လူသတ်သမား ဝူရှန်း၏ တပည့် ဖြစ်နေလိမ့်မည်ဟု ထင်ထားမိမည် မဟုတ်ပါ။
“ဟုတ်ကဲ့ပါ ဆရာ”
အကြီးအကဲ ပင်းဟဲ မနာခံဘဲ မနေရဲချေ။ ထို့နောက် သူက သွေးရေကန်ကို သိချင်စိတ်ဖြင့် လှမ်းကြည့်ကာ မေးလိုက်သည်။
“ဆရာ သူတော်စင်အင်းဆက် အရွယ်ရောက်လာပြီလား”
ပြီးခဲ့သော ကာလတုန်းက သူ၏ဆရာက ဤသူတော်စင်အင်းဆက်ကို ရရှိခဲ့ကြောင်း အကြီးအကဲ ပင်းဟဲ သိထားလေသည်။ ထိုအချိန်မှစ၍ ဆရာဖြစ်သူက လောကနှင့် တစ်သားတည်း သိုင်းပညာရှင်များကို ဖမ်းဆီး၍ အစာအဖြစ် ကျွေးမွေးခဲ့သည်။
ထိုလူများထဲတွင် ခြေသလုံးအိမ်တိုင် သိုင်းသမားများ၊ မြို့တော်သခင်များ၊ မြေအောက်ဘုံ စံအိမ်နှင့် မိုးကောင်းကင် ရောင်ခြည်တို့မှ အကြီးအကဲများလည်း ပါဝင်လေသည်။
ယခု လပေါင်းများစွာ ကြာသွားပြီဖြစ်သဖြင့် အစာအဖြစ် အကျွေးခံလိုက်ရသော လောက နှင့် တစ်သားတည်း အဆင့် သိုင်းပညာရှင်ပေါင်း တစ်ရာမျှ ရှိနေလောက်ပြီ ဖြစ်သည်။
သူ့စကားကြောင့် အဘိုးအိုက အားရပါးရ ပြုံးလိုက်သည်။
“သိပ်မလိုတော့ဘူး၊ အရွယ်ရောက်တဲ့ ခန္ဓာကိုယ် ဖြစ်လာဖို့ သိပ်မကြာတော့ဘူး”
“ဒါပေမဲ့ သူတော်စင်အင်းဆက် ထွက်လာတာနဲ့ အင်အားကြီး အဖွဲ့အစည်းသုံးခုလုံးက လူအားလုံးကို ဝါးမျို စားသောက်မှာ သေချာတယ်၊ ဝိညာဉ်သခင်၊ စံအိမ်သခင်နဲ့ နတ်ဘုရား တောင်မှ ပြေးမလွတ်နိုင်တော့ဘူး”
ထိုသို့ပြောပြီး လူအိုကြီး ဝူရှန်းက သူ့လက်ကို သွေးရေကန်ထဲ နှစ်လိုက်သည်။ လက်ပြန် ထုတ်လိုက်သောအခါ သူ့လက်ပေါ်၌ ဘောလုံးတစ်လုံး အရွယ်အစားမျှ ရှိသည့် အင်းဆက်တစ်ကောင် ပါလာလေသည်။
ထိုအင်းဆက်သည် ရက်စက်ကြမ်းကြုတ်ကာ ချွန်ထက်သော အစွယ်နှင့် လက်သည်းများ ရှိသည်။ သူ ပါးစပ်ဟ လိုက်သည်နှင့် တစ်လောကလုံးကို ဝါးမျိုနိုင်မည့်ပုံပင်။
ဤနေရာ၌ ယဲ့ဖန်သာ ရှိနေပါက သူ ထိတ်လန့်သွားလောက်သည်။ အဘယ်ကြောင့် ဆိုသော် ထိုသူတော်စင် အင်းဆက်မှာ ပုရွက်ဆိတ်လေး ဖြစ်နေသောကြောင့်ပင်။
Chapter 860 မင်း လက်မခံနိုင်မှာ စိုးရတယ်
သုံးရက်ကြာပြီးနောက် မြေအောက်မြို့တော်၌ ဖြစ်သည်။
မြေအောက်မြို့တော်သည် မြေအောက်ဘုံစံအိမ်၏ မူပိုင်မြို့တော် ဖြစ်သည်။ မြို့တွင်းရှိ ဒေသခံ အများစုက မြေအောက်ဘုံစံအိမ်နှင့် ခွဲခြား၍ မရနိုင်သော ဆက်ဆံရေးမျိုး ရှိကြသည်။
မြို့ထဲတွင် မြေအောက်ဘုံစံအိမ်ထဲ ဝင်ရောက်နိုင်မည့် အခွင့်အရေးမျိုးကို ရှာဖွေရန် ရောက်လာကြသည့် ခြေသလုံးအိမ်တိုင် သိုင်းသမားများစွာ ရှိသည်။
ယခုအချိန်၌ မြေအောက်မြို့တော်၏ စားသောက်ဆိုင်တစ်ခုတွင် ယဲ့ဖန်က တိတ်ဆိတ်စွာ ထိုင်နေပြီး လက်ထဲမှ အနက်ရောင် သစ်သားတုတ်ကိုသာ ကြည့်နေသည်။ ဤသစ်သား တုတ်သည် သူ့အား ယန်ဝမ်ဟင်းလင်းပြင်ထဲ ရောက်အောင် ပစ်ချခဲ့သည့် ကောင်းကင် ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးကို ထုတ်ဖော်ခဲ့သည့် ကျို့ရွှမ်း မိုးကြိုးတုတ် ဖြစ်သည်။
ယခင်နှင့် မတူတော့သည်မှာ ယခုအခါ၌ ဤတုတ်တွင် အစိမ်းရောင် အတက်ကလေးများ ထွက်နေခြင်းပင်။ ထိုအစိမ်းရောင် အတက်လေးများမှနေ၍ လန်းဆန်းမွှေးကြိုင်သော ရနံ့များ ပျံ့လွင့်နေ၏။
“ဒီတုတ်က မိုးကြိုး ထုတ်လွှတ်နိုင်သေးလား မသိဘူး”
ယဲ့ဖန်၏ မျက်လုံးများက ဝင်းလက်နေသည်။ ယခင်က သူ နတ်ဘုရင် စဦးအဆင့်သို့ အဆင့် တက်ခဲ့ပြီး မဟာတာအို ကောင်းကင် အပြစ်ဒဏ်နှင့် ရင်ဆိုင်ခဲ့ရသည်။
ဤကျို့ရွှမ်းမိုးကြိုးတုတ်ကြောင့်သာ မဟုတ်ပါက သူ၏ ဝိညာဉ် ပျက်ဆီးသွား နိုင်လောကသည်။ အကယ်၍ ကျို့ရွှမ်းမိုးကြိုးတုတ်ကိုသာ ယခင် အခြေအနေ ရောက်အောင် ပြန်လုပ်နိုင်ပါက ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာ ပျက်သုဉ်း နတ်မိုး ကြိုးကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။ ထို့သို့ဆိုလျင် အလွန် ကြောက်မက်ဖွယ် ကောင်းသော ပြိုင်ဘက်ကင်း လက်နက်တစ်ခု ဖြစ်လာပေမည်။
“ငါ အချိန်တစ်ခုပေးပြီး လေ့ကျင့်သင့်တယ်ထင်တယ်”
ယဲ့ဖန် ပြုံးလိုက်ပြီးနောက် ကျို့ရွှမ်း မိုးကြိုးတုတ်ကို ပြန်သိမ်းထားလိုက်သည်။ ထိုအခါ မှသာ စားသောက်ဆိုင်ထဲတွင် လူငယ် သိုင်းပညာရှင်များစွာတို့ဖြင့် ပြည့်နှက် နေသည်ကို ယဲ့ဖန် သတိထားမိသွားသည်။
အားလုံးက စိတ်လှုပ်ရှား၍ ပျော်ရွှင်နေသော အမူအရာဖြင့် ရုတ်ရုတ်သဲသဲ ပြောဆို နေကြသည်။
“နှစ်ငါးရာ ကြားပြီးမှ မြေအောက်ဘုံစံအိမ်က တပည့်ပြန်လက်ခံဖို့ တံခါးဖွင့် လာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
“ဟဲဟဲ … ငါတို့ တော်တော်ကံကောင်းတယ်လို့ ပြောရမယ်ကွ၊ မင်း အပြင်စည်းကို ဝင်နိုင် ပြီးတာနဲ့ နှစ်အနည်းငယ် အတွင်း အတွင်းစည်းတပည့် ဖြစ်လာမယ်ဆိုရင် မင်းတို့ ဒီဘဝ ကံကောင်းပြီကွ”
“ကျစ်ကျစ် … ဒီကလူတွေအားလုံးက ရှန်းမင် သခင်လေးကို စောင့်နေတာနဲ့ တူတယ်၊ သူက ကွမ်းတဲ အကြီးအကဲရဲ့ တပည့်လေ၊ သူ့စကားနဲ့ဆို ငါတို့ကို အကဲဖြတ်ပွဲမှာ ဝင်ပြိုင် စရာမလိုဘဲ အပြင်စည်းထဲကို တန်းခေါ်သွားနိုင်တယ်”
“….”
ယခုအချိန်၌ လူတိုင်း ပြောဆိုဆွေးနွေးနေကြသည်။ သူတို့ စကားကိုကြားပြီး ယဲ့ဖန် ချီတုံချတုံ ဖြစ်သွားသည်။ ပြီးခဲ့သည့် ရက်ပိုင်းကမှ မြေအောက်ဘုံစံအိမ်က တပည့်လက်ခံ နေကြောင်း သူ သိလိုက်ရသည်။ လူငယ် ခြေသလုံးအိမ်တိုင် သိုင်းပညာရှင် တော်တော် များများက မိမိကံကို စမ်းသပ်ရန် ရောက်လာကြသည်။
“ညီလေး ဒီနေရာမှာ လူရှိလား”
ထိုစဉ် လူငယ်တစ်ယောက်က ယဲ့ဖန် ထိုင်နေသော စားပွဲဆီ လှမ်းလာပြီး ခုံတစ်လုံးကို လက်ညှိုးထိုး၍ မေးလာသည်။ ယဲ့ဖန် ပခုံးသာ တွန့်ပြလိုက်သည်။ ထိုအခါ ထိုလူငယ်က ဝမ်းသာသွားပြီး အလျင်အမြန် ထိုင်ချကာ လက်သီးနှစ်ဘက်ကို ဆုပ်၍ အရိုအသေ ပေးလေသည်။
“ကျေးဇူးတင်ပါတယ် ညီလေး”
ကျေးဇူးတင်စကား ပြောပြီးနောက် ထိုလူငယ်က ယဲ့ဖန်၏ ဝတ်စုံကိုကြည့်ပြီး မရဲတရဲ မေးလာသည်။
“ညီလေး မင်း မြေအောက်ဘုံစံအိမ်ကို သွားမလို့လား”
ယဲ့ဖန်၏ အဝတ်အစားက သာမန် ဖြစ်နေသည်ကို ကြည့်ပြီး ထိုလူငယ်က ယဲ့ဖန်အား မြေအောက်ဘုံစံအိမ်သို့ ဝင်ချင်သောသူ ဖြစ်လိမ့်မည်ဟု ကောက်ချက်ချနေသည်။ ယဲ့ဖန် က ပြန်မငြင်းချင်သဖြင့် ပြုံးသာ ပြုံးနေ လိုက်သည်။ သူ မြေအောက်စံအိမ်သို့ သွားမှာ သေချာသော်လည်း တပည့်အဖြစ် ဝင်ရန် မဟုတ်ပေ။
“အဲ့က မိတ်ဆွေဟောင်းကို သွားတွေ့မလို့”
သူ့စကားကြောင့် ထိုလူငယ် ကြက်သေ သေသွားပြီးနောက် နားလည်ဟန်ဖြင့် ရယ်မော လေသည်။
“ညီလေး မင်း စိတ်မကောင်းဖြစ်စရာ မလိုပါဘူး၊ မင်းက နည်းနည်း အားနည်းနေ ရင်တောင်မှ အကဲဖြတ်ပြိုင်ပွဲမှာ ဝင်ပြိုင်ရင် မျော်လင့်ချက် မရှိတာတော့ မဟုတ်ပါ ဘူးကွာ”
ထိုလူငယ်သည် ယဲ့ဖန်အား အကဲဖြတ်ပြိုင်ပွဲကို ဝင်ပြိုင်ပြီး အပြင်စည်းအတွင်း ဝင်ချင် နေသော လူတစ်ယောက် အဖြစ် သေချာပေါက် ကောက်ချက်ချသွားလေသည်။
တစ်ဖက်လူ အထင်လွဲသွားမှန်း ယဲ့ဖန် သိသော်လည်း ရှင်းပြရန် ပျင်းနေ၏။ ယဲ့ဖန် ငြိမ်နေ သည်ကို ကြည့်ပြီး ထိုလူငယ်က မိမိအထင် မှန်သည်ဟု ယူဆသွားသည်။ ထိုအခါ သူက ပြုံး၍ ပြောလေသည်။
“ညီလေး မင်း ဒီလိုသွားမယ်ဆိုရင် မင်း ဖယ်ချခံရလောက်တယ်”
“မြေအောက်ဘုံစံအိမ်ထဲ ဝင်နိုင်မယ့် အမြန်ဆုံးနည်းကို ငါ ပြောပြမယ်၊ အဲ့ဒါက သခင်လေး တစ်ယောက်ကို ကပ်ထားလိုက်”
*ကပ်ထားရမယ်*
ယဲ့ဖန် အနည်းငယ် အံ့ဩသွားသည်။ ထိုအခါ ထိုလူငယ်က ရှင်းပြလေသည်။
“ငါ သိသလောက်ဆို မြေအောက်ဘုံစံအိမ်ရဲ့ လေးယောက်မြောက် အကြီးအကဲ ကွမ်းတဲရဲ့ တပည့်ကလည်း ဒီအကဲဖြတ် ပြိုင်ပွဲမှာ ဝင်ပြိုင်လိမ့်မယ်”
“ဒီဆိုင်က လူတွေက အဲ့လူငယ်လေးကို စောင့်နေတာပဲ ဖြစ်လောက်တယ်”
“အဲ့အချိန်ကျရင် သူက ကွမ်းတဲ အကြီးအကဲကို နည်းနည်းပါးပါး ပြောလိုက်ရုံပဲ လိုတယ်၊ ပြီးရင် သူက လူတစ်ဖွဲ့ကို မြေအောက်ဘုံစံအိမ်ထဲ ဝင်နိုင်အောင် ခေါ်သွားလိမ့်မယ်”
ထိုအခါတွင်မှ ဘေးပတ်လည်မှ လူငယ် သိုင်းပညာရှင်များ၏ စကားကို ယဲ့ဖန် နားလည် သွားလေသည်။ ထိုသူများသည် ကွမ်းတဲ အကြီးအကဲ၏ တပည့်ကို စောင့်နေခြင်း ဖြစ်သည်။
လူတိုင်း အသည်းအသန် ပြောဆိုနေစဉ်မှာပင် ခြေသံများ ထွက်ပေါ်လာပြီး လူငယ် တစ်ယောက်နှင့် မိန်းမပျို တစ်ယောက် ဝင်လာသည်။
ထိုလူငယ်စုံတွဲကို မြင်ပြီး ဆိုင်ထဲမှ လူငယ် သိုင်းပညာရှင်များအားလုံး ပျော်မြူးသွားပြီး အလျင်အမြန် ထိုင်ရာမှ ထလာကြသည်။
“ရှန်းမင်သခင်လေး”
“ရှန်းမင် သခင်လေးနဲ့ ဟော်ယွင် နတ်မိမယ်ကို ကျွန်တော် နှုတ်ဆက်ပါတယ်”
“…”
ယခုအချိန်၌ လူငယ်သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက်က မျက်နှာချိုသွေး၍ ပြောဆိုနေကြသည်။ အားလုံးက မျက်နှာလုပ်၍ ထိုလူငယ်စုံတွဲကို အကြီးဆုံး စားပွဲဝိုင်းသို့ ခေါ်ဆောင်သွားလေသည်။
ရှန်းမင်သခင်လေး၏ မျက်နှာ အသွင်အပြင်သည် ကြည်လင်ချောမွေ့သည်။ သို့သော် သူ၏အမူအရာက အလွန် မာနကြီးပုံ ပေါ်နေသည်။
ဤနေရာမှ လူများကို ကြည့်ရန် ပျင်းရိနေဟန်ပြပြီး ဟော်ယွင်နတ်မိမယ်ကိုသာ စိုက်ကြည့်နေသည်။ သူက ဂုဏ်ယူနေဟန်ဖြင့် ဟော်ယွင်နတ်မိမယ်၏ ခါးအောက်ပိုင်းကို လက်ဖြင့် ပွတ်သပ်နေ၏။
“ရှင်တို့ အားလုံး အသင့်ပြင်ထားပြီးပြီလား”
ထိုစဉ် ဟော်ယွင်နတ်မိမယ်က ရှမ်းမင်သခင်လေး၏ လက်မောင်းကိုမှီ၍ ဘေးနားမှ လူအားလုံးကို မေးလိုက်သည်။ ထိုအခါ လူငယ် သိုင်းပညာရှင်များအားလုံးက လက်ထဲမှ အဖိုးတန်ဆုံး ရတနာများကို ထုတ်ပြကြ လေသည်။
“နတ်မိမယ်၊ ခင်ဗျား မှာထားသလို ကျွန်တော် ယန်ဝမ်ဒင်္ဂါး ရာကျော်၊ တိမ်ကွဲပဲစေ့ ငါးစေ့နဲ့ တိမ်ပုဝါကို ပြင်ထားပါတယ်”
“နတ်မိမယ် ကျွန်တော့်မှာ ခင်ဗျားနဲ့ ရှန်းမင်သခင်လေးအတွက် နတ်ဘုရားဓားတစ်လက် ရှိပါတယ်”
“ကျုပ် မြေအောက်ဘုံစံအိမ်ထဲ ဝင်နိုင်ဖို့အတွက် ရှန်းမင်သခင်လေးကို ပေးဖို့ ယန်ဝမ်ဒင်္ဂါး တစ်သန်း ပြင်ထားပါတယ်”
“…”
ယခုအချိန်တွင် လူငယ်သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက်က သူတို့၏ ရတနာ များကို ပေးအပ်နေသည်။ ယဲ့ဖန်နှင့် မျက်နှာချင်းဆိုင်မှ လူငယ်တောင်မှ ရတနာ များစွာကို ထုတ်၍ ထိုလူငယ်စုံတွဲကို တရိုတသေ ပေးလေသည်။
ခဏလေးအတွင်းမှာပင် ရှန်းမင်သခင်လေးနှင့် ဟော်ယွင် နတ်မိမယ်ရှေ့၌ ရတနာများ တောင်လို ပုံသွားလေသည်။ ဤသည်ကိုကြည့်ပြီး နှစ်ယောက်လုံးက အလွန် ကျေနပ်ဟန် ပြလာ၏။
“မဆိုးပါဘူး”
ရှန်းမင်သခင်လေးက အသာပြုံးကာ လက်တစ်ဖက်ကိုလှုပ်၍ ရတနာများအားလုံးကို သိမ်းဆည်း လိုက်သည်။ ထို့နောက် သူ့ရင်ဘတ်ကိုပုတ်၍ ကတိပေးလေသည်။
“အားလုံး စိတ်ချထားပါ၊ ကျုပ်ဆရာ ကွမ်းတဲ အကြီးအကဲကို ကျုပ် ပြောထားပြီးပြီ၊ သူ တစ်ခွန်းလောက် ပြောလိုက်ရုံနဲ့ မင်းတို့ အကဲဖြတ်ပြိုင်ပွဲမှာ ဝင်ပြိုင်စရာမလိုဘဲ အပြင် စည်းကို တန်းဝင်နိုင်ပြီ”
သူ့စကားကြောင့် ဘေးပတ်လည်မှ လူငယ်သိုင်းပညာရှင်များအားလုံး ဝမ်းသာသွားသည်။ မြေအောက်ဘုံ စံအိမ်သို့ ဝင်နိုင်ပါက သူတို့အားလုံး ယန်ဝမ် ဟင်းလင်းပြင်၌ အေးအေး လူလူ လျှောက်သွားနိုင်ပြီ ဖြစ်သည်။ ဤသို့ တွေးမိပြီး အားလုံး အလွန်အမင်း စိတ်လှုပ်ရှား သွားကြသည်။
“ရတနာ မပေးရသေးတာ ဘယ်သူ ရှိသေးလဲ”
ထိုစဉ် ဟော်ယွင် နတ်မိမယ်က အားလုံးကို ဝေ့ကြည့်လေသည်။ နောက်ဆုံးတွင် ယဲ့ဖန်ကို မြင်ပြီး မျက်မှောင်ကြုတ် သွားသည်။
“အာ … ငါ မှတ်ထားတာသာ မှန်မယ်ဆိုရင် နင် အခုထိ ရတနာ မပေးရသေးဘူးမလား”
ဟော်ယွင်နတ်မိမယ်၏ စကားကြောင့် အားလုံး၏ အကြည့်များက ယဲ့ဖန်ထံ ကျရောက် လာသည်။ အထူးသဖြင့် ရှန်းမင် သခင်လေး၏ အကြည့်များက အေးစက်နေ၏။
အခြားသူများက ရတနာများကို လိုလိုလားလား ထုတ်ပေးသော်လည်း ယဲ့ဖန်ကမူ ရတနာကို ထုတ်ပေးရန် ပြောနေရသည်။ လက်ရှိအချိန်၌ ရှန်းမင် သခင်လေးက အေးတိ အေးစက် ပြောလာသည်။
“ဟေ့ကောင် ပေးစရာရှိရင် ဒီသခင်လေးကို မြန်မြန်ပေး၊ ဒီသခင်လေးရဲ့ အချိန်ကို လာမဖြုန်းနဲ့”
သူ၏ စကားသံက အေးစက်၍ အထင်သေးဟန်များ ပါဝင်နေသည်။ ရှန်းမင်သခင်လေး၏ စကားကို ယဲ့ဖန်က အလေးမထားချေ။ ဤသည်ကိုကြည့်ပြီး ယဲ့ဖန်နား၌ ထိုင်နေသည့် လူငယ် မျက်နှာပျက်သွားပြီး လေသံ တိုးတိုးဖြင့် နားချလေသည်။
“ညီလေး မင်း ဘာတွေစောင့်နေတာလဲ၊ မင်းဆီက အဖိုးတန်ဆုံး ရတနာကို ထုတ်လိုက် လေ”
“ရှန်းမင် သခင်လေးနဲ့ ဟော်ယွင် နတ်မိမယ် စောင့်နေတယ်လေ”
ထိုလူငယ်က ယဲ့ဖန်ကိုယ်စား အလောတကြီး လုပ်ပေးချင်နေသည်။ သူ့စကားကြောင့် ယဲ့ဖန်က မတတ်သာသော မျက်နှာပေးဖြင့် ပခုံးတွန့်ကာ ပြောလိုက်သည်။
“ငါက ပေးရဲပါတယ်၊ သူ လက်မခံရဲမှာပဲ စိုးတာ”
Chapter 861 အထူးအမိန့်ပြား
“သူ လက်မခံရဲမှာပဲ စိုးတာ”
ယဲ့ဖန်၏ စကားအဆုံး၌ စားသောက်ဆိုင်တစ်ခုလုံး ပွက်လောရိုက်သွားသည်။ ဘေးပတ် လည်မှ လူငယ် သိုင်းပညာရှင်များအားလုံး နားကြားမှားသွားသည်ဟုပင် ထင်မိသွား လေသည်။
အဆင့်နိမ့်သော လူတစ်ယောက်က ဤသို့ မောက်မာသော စကားမျိုး ပြောရဲလိမ့်မည်ဟု လူတိုင်း ထင်မထားမိပေ။ အထူးသဖြင့် ယဲ့ဖန်ဘေးနားမှ လူငယ်ပင်၊ သူသည် အံ့ဩလွန်း သဖြင့် ကြက်သေ သေနေ၏။
“စိတ်ဝင်စားစရာပဲ၊ တကယ် စိတ်ဝင်စားစရာ ကောင်းတယ်”
ထိုစဉ် ရှန်းမင် သခင်လေးက မတ်တပ်ထရပ်၍ ယဲ့ဖန်အား စူးစိုက်ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
“ထုတ်လိုက်၊ မင်း ပေးရဲပင်မယ့် ငါ မယူရဲမှာစိုးတယ်ဆိုတဲ့ အရာကို ငါ ကြည့်ချင်တယ်”
သူသည်သာမက သူ့ဘေးနားမှ ဟော်ယွင် နတ်မိမယ်နှင့် လူငယ် သိုင်းပညာရှင် များအားလုံးက အနိုင်ကျင့် နှိပ်စက်လိုသည့် အကြည့်များဖြင့် ယဲ့ဖန်ကို ဝိုင်းကြည့် လာကြသည်။ တစ်စုံတစ်ယောက်က ဤမျှ ရူးနေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ယခု အချိန်၌ အားလုံး၏ မျက်လုံးများက ယဲ့ဖန် ဘာလုပ်မလဲ ဆိုသည်ကို သိချင်ဟန်ဖြင့် ဝိုင်းကြည့်နေသည်။
ဤမြင်ကွင်းကို ကြည့်ပြီး ယဲ့ဖန် စိတ်ညစ်သွားသည်၊ ထို့ကြောင့် အချိန်ကုန် သက်သာ စေရန်အတွက် စားပွဲပေါ်သို့ အမိန့်ပြား တစ်ခုကိုသာ တင်လိုက်သည်။
လူတိုင်း မှင်တက်သွားကြသည်။
*အမိန့်ပြားလား*
ယဲ့ဖန် လက်မခံရဲမှာ စိုးသည်ဟု ပြောသည့် အရာက အမိန့်ပြား ဖြစ်နေလိမ့်မည်ဟု အားလုံး ထင်မ ထားမိပေ။ ရှန်းမင် သခင်လေးတောင် မျက်ခုံးလှုပ်သွားရသည်။
သာမန် ရတနာတစ်ခုသာ ဆိုပါက သူ ချက်ချင်း ယူလိုက်မည် ဖြစ်သည်။ အမိန့်ပြား တစ်ခုမှာမူ နောက်ကွယ်၌ ကြီးမားသော တစ်စုံတစ်ခု ရှိသည်ဟု ဖော်ပြနေသည်။
“ဒါ အဖွဲ့အစည်းထဲက အကြီးအကဲတစ်ယောက်ရဲ့ အမိန့်ပြားနဲ့ တူနေသလိုပဲ”
ဤသည်ကိုတွေးမိပြီးနောက် ရှန်းမင် သခင်လေး၏ မာနကြီးသော အမူအရာ ပျောက်ကွယ် သွားသည်။ အကယ်၍ သူ ထင်ထားသည်သာ မှန်နေပါက သူ တကယ် လက်မခံရဲပေ။
“ဒီကိုယူလာခဲ့”
ဟော်ယွင် နတ်မိမယ်၏ စကားသံအဆုံး၌ ယဲ့ဖန်နားမှ လူငယ်က တက်တက်ကြွကြွဖြင့် အမိန့်ပြားကို ကောက်ယူကာ ရှန်းမင် သခင်လေးနှင့် ဟော်ယွင် နတ်မိမယ်တို့ထံ လာပေးလေသည်။
ထိုအခါ အနက်ရောင် အမိန့်ပြားပေါ်မှ ရေးထိုးထားသည့် စကားလုံးကို အားလုံး တွေ့လိုက် ရသည်။
အထူးအမိန့်ပြား။
ထိုစကားလုံးကို မြင်သည်နှင့် အားလုံး အုတ်အော်သောင်းနင်း ဖြစ်ကာ မျက်လုံး ကျွတ်ကျ မတတ် ဖြစ်သွားကြသည်။
“အထူးအမိန့်ပြား၊ မြတ်စွာဘုရား မြေအောက်ဘုံစံအိမ်ရဲ့ အထူးအမိန့်ပြား၊ ဘယ် … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“အတု၊ ဒါ အတုပဲ ဖြစ်ရမယ်၊ ငါ သိသလောက်ဆို အထူးအမိန့်ပြားက မြေအောက်ဘုံ စံအိမ်ရဲ့ အမြင့်ဆုံး အမိန့်ပြားပဲ၊ စံအိမ်သခင်ကလွဲရင် ဘယ်သူမှ မကိုင်နိုင်တဲ့ အရာပဲ”
“ဒီကောင်က ငါတို့ကို အထူးအမိန့်ပြား အတုနဲ့ လာခြောက်လန့်တာပဲ ဖြစ်မယ်”
“…”
လက်ရှိအချိန်၌ လူတိုင်းသည် ထိတ်လန့်သွားပြီးနောက် တဖြည်းဖြည်း ဒေါသထွက် လာသည်။ ဤအထူး အမိန့်ပြားက အစစ်ဖြစ်သည်ကို မည်သူမှ မယုံကြချေ။
ပြောရမည်ဆိုလျင် ဤအမိန့်ပြားသည် မြေအောက်ဘုံစံအိမ်၏ အမြင့်ဆုံး အမိန့်ပြား ဖြစ်သည်။ သာမန်လူများ အနေဖြင့် ကြားဖူးရုံသာ ကြားဖူးပြီး တစ်ခါမှ မမြင်ဖူးချေ။ အဘယ်ကြောင့် ဆိုသော် စံအိမ်သခင် တစ်ဦးတည်းသာလျင် သယ်ဆောင်သော အရာ ဖြစ်သောကြောင့်ပင်။
မြေအောက်ဘုံစံအိမ်သို့ ဝင်ချင်သည့် အဆင့်နိမ့်သော လူတစ်ယောက်၌ ဤသို့သော ထိပ်တန်းရတနာမျိုး မည်သို့ ရှိနေနိုင်မည်နည်း။
ရှန်းမင်သခင်လေးသည် ယဲ့ဖန်က သူ့အား လာလှည့်စားနေသည်ဟု တွေးကာ ဒေါသူပုန် ထ သွားလေသည်။
“ကောင်းတယ်၊ ဟေ့ကောင် မင်းမှာ အမိန့်ပြား အတု ရှိနေမှတော့ ပျော်ပျော်ကြီး နေလိုက်ပါလား”
“သွားကြမယ်၊ စောင့်ကြည့်ရသေးတာပေါ့”
ရှမ်းမင် သခင်လေးက အမိန့်ပြားအား ယဲ့ဖန်ထံ ချက်ချင်း ပစ်ပေးလိုက်ပြီး တစ်ဖက် လှည့်ကာ စားသောက်ဆိုင် တံခါးဝဘက်သို့ လျှောက်သွားလေသည်။ ဤသည်ကို ကြည့်ပြီး ဟော်ယွင်နတ်မိမယ် မျက်နှာ ပျက်သွားသည်။ ထို့နောက် ယဲ့ဖန်အား သနားသလို ကြည့် လာသည်။
“ဟဲ့ကောင်လေး ငါ နင့်ကို အကြံပေးချင်တာ ရှိတယ်၊ နင် အကဲဖြတ်ပြိုင်ပွဲမှာ ဝင်မပြိုင်တာ ကောင်းမယ်၊ ဘာလို့လဲဆိုတော့ နင် အခုကတည်းက ဖယ်ရှားခံလိုက်ရတာမို့လို့ပဲ၊ ဟွန့်”
ဟော်ယွင် နတ်မိမယ်က အေးတိအေးစက် ပျက်ရယ်ပြု၍ ရှန်းမင်သခင်လေး နောက်သို့ ခပ်သွက်သွက် လိုက်သွားလေသည်။
ထိုစုံတွဲ ထွက်သွားပြီးနောက် လူငယ် သိုင်းပညာရှင်တစ်ယောက်က ယဲ့ဖန်အား အရူး တစ်ယောက်ကို ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်လေသည်။
“ဟားဟား … မင်းတို့ ကြားလိုက်လား၊ ဒီလူက ပထမဆုံး အဖယ်ခံရမယ့်သူ ဖြစ်လာ တော့မှာကွ”
“တုံးအလိုက်တာကွ၊ အကြီးအကဲ ကွမ်းတဲရဲ့ တပည့်ကို ရန်စပြီးတော့မှ မြေအောက်ဘုံ စံအိမ်ထဲ ဝင်ချင်နေသေးတယ်၊ စိတ်ကူးယဉ်နေလိုက်”
“လာကြ၊ သခင်လေးနောက်က လိုက်သွားကြစို့”
“…”
ယခုအချိန်တွင် လူငယ် သိုင်းပညာရှင်များစွာတို့က စားသောက်ဆိုင်ထဲမှ ထွက်သွား ကြသည်။ ယဲ့ဖန်ဘေး၌ ထိုင်သွားသည့် လူငယ်ကတောင်မှ သက်ပြင်းချ၍ ယဲ့ဖန်ကို ပြောလာသည်။
“ညီငယ်လေး မင်းတော့ တကယ် ဒုက္ခရောက်ပြီပဲ၊ ရှန်းမင်သခင်လေးကို သွားလှည့်စား တယ်ဆိုတော့ မင်း မြန်မြန် ထွက်သွားဖို့ပဲ ငါ အကြံပေးချင်တယ်”
ထိုလူငယ်က ယဲ့ဖန်ကို သနားသလို တစ်ချက်ကြည့်လိုက်ပြီးနောက် လူအုပ်နောက်သို့ လိုက်ကာ ရှန်းမင်သခင်လေး ထွက်သွားရာဘက်သို့ ခပ်သွက်သွက် လိုက်သွားလေသည်။
*ထွက်သွားရမယ်တဲ့လား*
ယဲ့ဖန်က အသာပြုံးလိုက်ပြီး အရေးမစိုက်ဘဲ အမိန့်ပြားကို ပြန်သိမ်း၍ ဝိုင်ကို ဖြည်းဖြည်း ချင်း သောက်နေလိုက်သည်။ လူတိုင်း၏ စကားကို သူ မကြားခဲ့သယောင် ပြုမူနေသည်။
….
မြေအောက်ဘုံစံအိမ်သည် မြေအောက်မြို့တော်၏ မြောက်ဘက်ရှိ တစ်ဆယ် ကီလိုမီတာ နက်သော ချောက်နက်ထဲ၌ တည်ရှိလေသည်။
ထိုချောက်နက်သည် ဘုရင်ယာမာ လက်သီးဖြင့် ထိုးနှက်လိုက်သောကြောင့် ဖြစ်လာသော ချောက်နက် ဖြစ်သည်ဟု ကောလာဟလ ရှိသည်။
ထို့နောက် သူက မြေအောက်ဘုံစံအိမ်ကို တည်ထောင်ခဲ့ပြီး စံအိမ်သခင်အား ရွေးချယ် ခန့်အပ်ခဲ့သည်။ ထိုစံအိမ်ထဲတွင် ပျားအုံကဲ့သို့ ဂူစံအိမ်များ အဆင့်လိုက် ရှိသည်။ သိုင်းပညာ အဆင့်မြင့်လေ အောက်ရှိဂူစံအိမ်၌ နေထိုင်ရလေ ဖြစ်သည်။
မဟာအကြီးအကဲ မင်ဟဲက ချောက်နက်၏ အောက်ဆုံး၌ရှိသော မြေအောက်ဘုံစံအိမ်၏ အလယ်ဗဟိုဟုသော ဂူစံအိမ်တွင် နေထိုင်လေသည်။
နေ့လည်ခင်းအချိန်တွင် လူငယ်သိုင်းပညာရှင်က ချောက်နက်ထဲသို့ ရောက်လာပြီး ငြိမ်သက်စွာ စောင့်ဆိုင်း နေသည်။ ထို့နောက် လူဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက် တစ်ထောင်။
လူတဖြည်းဖြည်း များလာပြီး ထိုလူအများစုက မြေအောက်ဘုံ စံအိမ်ထဲသို့ ဝင်ရောက် လိုသည့် ခြေသလုံးအိမ်တိုင် သိုင်းသမားများသာ ဖြစ်သည်။
ထိုလူများကြားထဲ၌ ရှန်းမင်သခင်လေးက ငြိမ်သက်စွာ ရပ်နေသည်။ သူ့ဘေး၌ ဟော်ယွင် နတ်မိမယ် ရှိနေသည်။ အနောက်၌ ဒါဇင်ချီသော လူငယ် သိုင်းပညာရှင်များ ရပ်နေ ကြသည်။
လူတိုင်းက ရှန်းမင်သခင်လေးအား လေးစား၍ မျက်နှာလုပ်လိုသော အကြည့်များဖြင့် ကြည့်နေကြသည်။
“စားသောက်ဆိုင်က ကောင်က တကယ် အရူးနဲ့တူတယ်၊ သူက အထူးအမိန့်ပြား အတုနဲ့ သခင်လေးကိုတောင် လာလှည့်စားနေသေးတယ်”
“ဟားဟား … ဘယ်သူက အဲ့လိုမလုပ်ရဘူးလို့ ပြောလို့လဲ၊ ဟိုးအရင်ကတည်းက အကဲဖြတ် ပြိုင်ပွဲ မစခင် အဖယ်ခံလိုက်ရတဲ့လူတွေ ရှိတာပဲလေ၊ သူလည်း အဲ့လို အရင် အထုတ်ခံမှာစိုးလို့ နေမှာပေါ့”
“ဟေ့ မင်းတို့ အဲ့ကောင် လာရဲမယ်လို့ထင်လား”
*ဒီကို လာဖို့လား*
ထိုစကားကြောင့် ဘေးနားမှ လူများအားလုံးက ရယ်ချင်ပက်ကျိ မျက်နှာပေးမျိုး ဖြစ်သွား လေသည်။
“သူ မလာရင် အဆင်ပြေတာပေါ့၊ သူ အကဲဖြတ်ပြိုင်ပွဲကို လာရဲမယ်ဆိုရင်တော့ ရှန်းမင် သခင်လေးရဲ့ စကားတစ်ခွန်းနဲ့တင် ပွဲပြီးနေပြီ”
“ဟုတ်တယ်၊ သူ လာရဲလို့ကတော့ တကယ် အရူးဆိုတာကို ပြနေတာပဲ”
“…”
လူတိုင်းက နှိပ်စက်ညှင်းပန်းချင်သော အမူအရာမျိုး ဖော်ပြနေကြသည်။ ရှန်းမင် သခင်လေး တောင်မှ နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးနေသည်။
“ဟမ့် အဲ့ကောင် လာရဲလို့ကတော့ ငါ သူ့ကို ပြန်လမ်းမရှိအောင် လုပ်ပေးလိုက်မယ်”
ရှန်းမင် သခင်လေး၏ စကားသံ၌ ဒေါသရိပ်များ ပါဝင်နေဆဲပင်။ သူ၏ အဆင့် အတန်းကြောင့် လူပေါင်းများစွာက သူ့အား မျက်နှာချိုသွေး၍ ရတနာများ ဆက်သ ကြသည်။ ယဲ့ဖန်တစ်ဦးတည်းသာလျင် မမြင်ချင်ယောင်ဆောင်၍ အမိန့်ပြား အတု ထုတ်ပြ၍ သူ့အား လာလှည့်စားခဲ့သည်။
ရှန်းမင်သခင်လေး၏ ဒေါသထွက်နေသော မျက်နှာကြောင့် ဘေးနားမှ ဟော်ယွင် နတ်မိမယ်က နှစ်လိုဖွယ်ကောင်းစွာ ပြုံး၍ နှစ်သိမ့်လေသည်။
“သခင်လေး စိတ်မဆိုးပါနဲ့၊ အဲ့လူက သူ အားနည်းမှန်း သိရင် မလာရဲလောက်ပါဘူး၊ သူ့လိုလူအတွက်နဲ့ စိတ်တိုနေတာက … အယ်”
ဟော်ယွင် နတ်မိမယ်၏ စကားက တစ်ဝက်တစ်ပြတ်နှင့် ရပ်သွားကာ မျက်လုံးများက အနောက်ဘက်သို့ လှမ်းကြည့်နေပြီး ထိတ်လန့်ဟန် ပေါ်လာသည်။ သူမသည်သာမက ဘေးပတ်လည်မှ စကားသံများလည်း တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ မြင်ကွင်းထဲသို့ အနက်ရောင်ဝတ်စုံနှင့် လူငယ် တစ်ယောက် ဖြည်းဖြည်းချင်း ဝင်ရောက်လာသောကြောင့်ပင်။