အခန်း (၈၆၂-၈၆၄)
Vol. 58 Ch. 862-864
Chapter 862 ကြိုဆိုပွဲ အခမ်းအနား
*သူပါလား*
ယဲ့ဖန်ကို မြင်လိုက်ရချိန်တွင် လူတိုင်း မှင်တက်သွားကြသည်။ ရှန်းမင်သခင်လေးကို ရန်စပြီးနောက် ယဲ့ဖန်၌ အကဲဖြတ်ပြိုင်ပွဲသို့ လာရဲသည့် သတ္တိရှိလိမ့်မည်ဟု လူတိုင်း ထင်မထားမိပေ။ ထိုအခါ အားလုံး ဆူညံပွက်လော ရိုက်သွားသည်။
“ဒီကောင် ဦးနှောက်ချောင်နေတာလား၊ သူ့မှာ အထူးအမိန့်ပြား အစစ်ရှိတယ်များ မှတ်နေ တာလား”
“ဟုတ်တယ်၊ သူ အကဲဖြတ်ပြိုင်ပွဲမှာ ဘယ်လိုဝင်ပြိုင်မလဲ ကြည့်ရသေးတာပေါ့၊ ရှန်းမင် သခင်လေး တစ်ခွန်းလောက် ပြောလိုက်ရုံနဲ့တင် သူ ဒီနေရာမှာ သေသွားလောက်တယ်”
“တုံးအလိုက်တာ”
“…”
အကဲဖြတ်ပြိုင်ပွဲ၌ ဝင်ပြိုင်မည့် လူငယ် သိုင်းပညာရှင်များအားလုံးက ယဲ့ဖန်အား အထင်သေး၍ မယုံကြည်ဟန် မျက်နှာထားဖြင့် ကြည့်နေကြသည်။
ရှန်းမင်သခင်လေးမှာမူ မီးဝင်းဝင်းတောက်နေသော အကြည့်များဖြင့် ကြည့်နေလေသည်။ သူ့ကို လှည့်စားပြီးသည့်အပြင် အကဲဖြတ်ပြိုင်ပွဲသို့ လာရဲသည့် ယဲ့ဖန်၏ အပြုအမူက သူ့အား ရန်စလိုက်ခြင်း ဖြစ်သည်ဟု တွေးနေလေသည်။
ယခုအချိန်၌ သူသည် လူငယ် သိုင်းပညာရှင်အဖွဲ့ကို ဦးဆောင်၍ ယဲ့ဖန်ထံသို့ လှမ်းသွား လေသည်။
*ဟမ်*
ဤသည်ကိုမြင်ပြီး ယဲ့ဖန် တွေဝေသွားသည်။ ထို့နောက် ရှန်းမင် သခင်လေး၏ အမူအရာ ကို မြင်ပြီး သူ ချက်ချင်း သဘောပေါက်သွားလေသည်။ သူ ခေါင်းခါလိုက်ပြီး မတတ်သ သော အမူအရာဖြင့်သာ ကြည့်နေလိုက်သည်။
သူ့၌ အမုန်းတရားကို နှိုးဆွပေးနိုင်သော သဘာဝရှိသည်ဟု ရိပ်စားမိလိုက်သည်။ သူ မည်သည့်နေရာသို့ သွားပါစေ ယင်ကောင်တစ်သိုက်အား တရုန်းရုန်းနှင့် ဒေါသထွက် လာအောင် ဆွဲဆောင်နိုင်သည်။
“ဟေ့ကောင် မင်းက သတ္တိရှိလှချည်လား”
ယဲ့ဖန်၏ အမူအရာကိုမြင်ပြီး ရှန်းမင်သခင်လေး ပိုပို၍ ဒေါသထွက်လာသည်။ သူက ယဲ့ဖန်ကို စူးစိုက်ကြည့်ပြီး အံကြိတ်၍ ပြောလေသည်။
“ဒီလိုဆိုမှတော့ မင်း ငါ့ကို အပြစ်မတင်နဲ့၊ မင်း အကဲဖြတ်ပြိုင်ပွဲကို ဝင်ပြိုင်လို့ရပင်မယ့် မင်း သေရမလား ဒါမှမဟုတ် ရှင်မလားဆိုတာကို မင်း သိနိုင်မှာ မဟုတ်ဘူး”
ရှန်းမင်သခင်လေးက သေခြင်းတရားကို ဆုံးဖြတ်နိုင်သော အရှင်သခင်သဖွယ် ပြောဆို နေ၏။ သူ၏စကားကြောင့် ယဲ့ဖန်၏ မျက်နှာထားက အေးစက်သွားသည်။
“မင်းက ငါ့ကို သတ်ချင်တာလား”
ယဲ့ဖန်က ပြောင်ပြောင်တင်းတင်း ပြောလာလိမ့်မည်ဟု လူတိုင်း ထင်မထားမိပေ။ ရှန်းမင် သခင်လေး တောင်မှ မသိမသာ အံ့ဩသွားသည်။
“စိတ်အေးအေးထားစမ်းပါ၊ မင်းကို သတ်ရင် ငါ့လက် ညစ်ပတ်ရုံပဲ ရှိမယ်”
“ငါ မင်းကို မသတ်ပင်မယ့် တခြားတစ်ယောက်က ငါ့အတွက် မင်းကို သတ်ပေးလိမ့်မယ်”
ရှန်းမင်သခင်လေးက ပျက်ရယ်ပြုလိုက်ပြီးနောက် အားလုံးနှင့်အတူ ပြန်လှည့်သွားသည်။ ဤသည်ကိုကြည့်ပြီး ယဲ့ဖန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး လက်ထဲမှ အထူးအမိန့်ပြားကို ဖိညှစ် လိုက်သည်။
ထိုအခါ အထူးအမိန့်ပြားမှ လှိုင်းတစ်ခု ပျံ့လွင့်လာသည်။ ထို့နောက် အရှေ့မှ ချောက်နက် မှနေ၍ လေတိုးသံကဲ့သို့သော အသံများ ထွက်ပေါ်လာသည်ကို အားလုံး ကြားလိုက် ရသည်။
ဤအဖြစ်ကြောင့် ရှန်းမင် သခင်လေးနှင့် ဘေးနားမှ လူငယ် သိုင်းပညာရှင်များအားလုံး ဝမ်းသာ သွားလေသည်။
“ဟိုမှာ အလင်းကားချပ် လှုပ်နေပြီ၊ စတော့မယ်နဲ့ တူတယ်”
လူငယ် သိုင်းပညာရှင်တိုင်း အလွန်အမင်း ဝမ်းသာကာ စိတ်လှုပ်ရှားမှုကြောင့် ကတုန် ကယင် ဖြစ်နေကြသည်။ အထူးသဖြင့် ရတနာများ ပေးထားသော လူများသည် သူတို့ကိုယ် သူတို့ မြေအောက်ဘုံစံအိမ်ထဲ ဝင်ရောက်နိုင်ပြီဟု ထင်မှတ်ကာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူ နေကြလေသည်။
အချို့မှာမူ အလွန်စိုးရိမ်နေသောကြောင့် ရှန်းမင် သခင်လေးအား တုန်တုန်ယင်ယင်ဖြင့် မေးလေသည်။
“သခင်လေး ကျွန် … ကျွန်တော်တို့ တကယ် အဆင်ပြေမှာလား”
သူတို့ ရတနာများ လက်ဆောင်ပေးထားသဖြင့် ကတိကဝတ် ပြုခံထားရသော်လည်း ဤနေရာသည် ယန်ဝမ်ဟင်းလင်းပြင်တွင်းရှိ အင်အားအကြီးဆုံး အဖွဲ့အစည်းသုံးခုထဲမှ တစ်ခု ဖြစ်သော မြေအောက်ဘုံ စံအိမ် ဖြစ်သည်။
ဤသည်ကို တွေးမိရုံနှင့်တင် သူတို့ တုန်လှုပ်ကြလေသည်။ အားလုံး၏ စိုးရိမ်တကြီး ဖြစ်နေသော အမူအရာကို ကြည့်ပြီး ရှန်းမင်သခင်လေးက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
“စိတ်ချစမ်းပါ၊ ကွမ်းတဲ အကြီးအကဲက ငါ့ကို အချစ်ဆုံးပဲ”
“မင်းတို့ အဖွဲ့အစည်းထဲ ဝင်နိုင်တယ်လို့ ပြောလိုက်ရင် ဝင်လို့ရပြီသာမှတ်”
ရှန်းမင်သခင်လေးက အရှေ့မှ အလင်းကားချပ်ကို လက်ညှိုးထိုး၍ အသာပြုံးလိုက်သည်။
“ကြည့်လိုက် … ကွမ်းတဲအကြီးအကဲက တခြားလူနဲ့ ငါ့ကို လာတွေ့နေပြီလေ”
သူ့စကားကြောင့် အားလုံးက အရှေ့မှ အလင်းကားချပ်ကို လှမ်းကြည့်လိုက်သည်။ ရုတ်တရက် အလင်းကားချပ်မှနေ၍ လမ်းတစ်လမ်း ပွင့်လာသည်။ ထို့နောက် အလင်း ကားချပ်ထဲမှနေ၍ မြေအောက်ဘုံ စံအိမ်မှ သိုင်းပညာရှင်များ ထွက်လာကြသည်။
တစ်ယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ။ တစ်ခဏအတွင်းမှာပင် လူတစ်ရာကျော် ထွက်လာလေသည်။ ကြိုဆိုသည့် အခမ်းအနားက ကြီးကျယ်လှသဖြင့် လူတိုင်း အံ့အားသင့် သွားကြသည်။ လူငယ်သိုင်းပညာရှင်များ ပို၍ စိတ်လှုပ်ရှားလာသည်။
“ငါ လူပေါင်းမမှားခဲ့တာ သေချာပြီ၊ မြေအောက်ဘုံ စံအိမ်က ဒီလောက်များတဲ့ သိုင်းပညာ ရှင်တွေက ရှန်းမင် သခင်လေးကို လာကြိုနေတာပဲ”
“မြတ်စွာဘုရား တကယ် အံ့ဩဖို့ ကောင်းလိုက်တာ၊ ဒီလောက် များတဲ့ သိုင်းပညာရှင် တွေနဲ့ လာကြိုတယ်ဆိုတော့ ရှန်းမင် သခင်လေးပြောတဲ့ ကွမ်းတဲ အကြီးအကဲက သူ့ကို အချစ်ဆုံးဆိုတဲ့စကားက မှန်တဲ့ပုံပဲ”
“…”
လက်ရှိအချိန်၌ လူငယ် သိုင်းပညာရှင်များက ရှန်းမင်သခင်လေးကို ပို၍ လေးစား အားကျ သည့် အကြည့်များဖြင့် ကြည့်နေကြသည်။
ရှန်းမင်သခင်လေးသည်လည်း မှင်တက်နေ၏။ ကွမ်းတဲ အကြီးအကဲက သူ့အား ဤမျှ ကြီးကျယ်သော ကြိုဆိုပွဲ အခမ်းအနားဖြင့် ထွက်ကြိုမည်ဟု ထင်မထားမိပေ။ သူ ဝမ်းသာ လုံး ဆို့သွားသည်။
“ခဏနေရင် ကွမ်းတဲ အကြီးအကဲလည်း ထွက်လာလောက်ပြီ”
ထိုသို့တွေးပြီး ရှန်းမင်သခင်လေးက ယဲ့ဖန်ကို ခိုးကြည့်၍ လှောင်ပြုံးပြုံးလေသည်။
“စောင့်နေလိုက်၊ ကွမ်းတဲ အကြီးအကဲ ထွက်လာတာနဲ့ မင်းလို မျိုးမစစ်ကောင်က မြေအောက်ဘုံ စံအိမ်ကို အိပ်မက်ထဲမှာပဲ ဝင်လို့ရမယ်ဆိုတာကို သိအောင် လုပ်ပြမယ်”
ထိုသို့ရေရွတ်ပြီး ရှန်းမင်သခင်လေးက အပြုံးကြီး ပြုံးနေ၏။ ထိုစဉ် အရှေ့မှ အလင်းကားချ ပ်ထဲမှနေ၍ ခပ်သွက်သွက် လျှောက်လာသော ခြေသံ ထွက်ပေါ်လာသည်။
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ အလင်းကားချပ်ထဲမှနေ၍ အကြီးအကဲ များ ထွက်လာသည်။
“မြတ်စွာဘုရား အကြီးအကဲတွေတောင်မှ ထွက်ကြိုတယ်ဟ”
ဘေးပတ်လည်မှ လူငယ် သိုင်းပညာရှင်များ ထိတ်လန့်သွားကြသည်။ ကွမ်းတဲ အကြီးအကဲက မြေအောက်ဘုံ စံအိမ်၌ လေးယောက်မြောက် ဩဇာရှိသူမှန်း သူတို့ သိကြသည်။ သို့သော် အကြီးအကဲများစွာက ရှန်းမင် သခင်လေးကို ထွက်ကြိုလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ရှန်းမင်သခင်လေးတောင်မှ အံ့ဩသွားလေသည်။
“ကွမ်းတဲ အကြီးအကဲ ငါ့ကို ကြိုဆိုတဲ့ပုံစံက … အရမ်း ကြီးကျယ်လိုက်တာ”
ရှန်းမင်သခင်လေး မှင်တက်နေ၏။ သူ့ဘေးမှ ဟော်ယွင်နတ်မိမယ်က စိတ်လှုပ်ရှား ဟန်ဖြင့် ပြောလိုက်သည်။
“သခင်လေး ကြိုဆိုပွဲ အခမ်းအနားက ကြီးကျယ်လေ ကွမ်းတဲအကြီးအကဲက သခင်လေး ကို ဘယ်လောက် တန်ဖိုးထားလဲဆိုတာ ပြလေပဲလေ၊ ဒါ ကောင်းတဲ့အရာပဲကို”
*ကောင်းတဲ့ကိစ္စလား*
ဘာရယ်ကြောင့်မှန်း မသိသော်လည်း ရှန်းမင် သခင်လေး၏ စိတ်ထဲတွင် စိတ်မသက်မသာ ဖြစ်သလို ခံစားချက်မျိုး ပေါ်လာလေသည်။
ထိုစဉ် အကြီးအကဲအဆင့် အယောက်ငါးဆယ်ကျော် ထွက်လာပြီးနောက် အလင်း ကားချပ်ထဲမှနေ၍ ကွမ်းတဲ အကြီးအကဲ ထွက်လာသည်။
“ဆရာ”
ကွမ်းတဲ အကြီးအကဲကိုမြင်ပြီး ရှန်းမင်သခင်လေး ဝမ်းသာသွားသည်။ ဤသည်က တကယ်ပင် သူ့ကို ကြိုဆိုသည့် အခမ်းအနား ဖြစ်နေလေ၏။ ရှန်းမင် သခင်လေး စိတ်လှုပ် ရှားသွားပြီး ရှေ့တက်၍ အရိုအသေ ပေးရန် ပြင်လေသည်။
သို့သော် ကွမ်းတဲ အကြီးအကဲက ရှန်းမင် သခင်လေးကို မကြည့်ဘဲ ရှေ့မှ ထွက်လာသည့် အကြီးအကဲများ၏ရှေ့၌ သွားရပ်လေသည်။ ပို၍ ရာထူးကြီးသောသူများ ထွက်လာဦး မည့်ပုံပင်။
လူတိုင်း တစ်ခုခု မှားယွင်းနေပြီဟု သတိထားမိသွားကြသည်။ အားလုံးက စိုးရိမ်သော အကြည့်များဖြင့် အလင်းကားချပ်ကို လှမ်းကြည့်ကာ ရင်တဒိတ်ဒိတ် ခုန်နေကြသည်။
သူတို့ စိုးရိမ်တုန်လှုပ်နေစဉ်မှာပင် အလင်းကားချပ်တွင်းမှနေ၍ လူငါးယောက် ထွက်လာ သည်။ ထိုလူငါးယောက်ကို မြင်ပြီး လူငယ် သိုင်းပညာရှင်များအားလုံး ပွက်လောရိုက် သွားကြသည်။
“မဟာအကြီးအကဲ မင်ဟဲနဲ့ ဥပဒေ စိုးမိုးရေး အကြီးအကဲ လေးယောက်ပါလား၊ ဘာတွေ ဖြစ်နေတာလဲ”
“မြတ်စွာဘုရား မဟာအကြီးအကဲတောင်မှ ထွက်လာတယ်ဆိုတော့ ဘယ်လို ကြောက်စရာ ကောင်းတဲ့ အင်အားကြီး ပုဂ္ဂိုလ်မျိုးကို ကြိုဆိုတာပါလိမ့်”
“မယုံနိုင်စရာပဲ၊ အခြား အင်အားကြီး အဖွဲ့အစည်းက ပုဂ္ဂိုလ်ကြီးတွေ … ဒီရောက် နေတာများလား”
“…”
လက်ရှိအချိန်၌ ဤအခမ်းအနားက ရှန်းမင်သခင်လေးကို ကြိုဆိုသည့် အခမ်းအနား ဖြစ်လိမ့်မည်ဟု မည်သူမှ မထင်ကြတော့ပေ။
ထို့အပြင် မဟာအကြီးအကဲနှင့် အခြားသူများအားလုံးက လူတစ်ယောက်ထံ အလျင်အမြန် လျှောက်သွားကြ သည်ကိုမြင်ပြီး အားလုံး ခေါင်းနပမ်းကြီးကာ ကြက်သေ သေသွားကြ လေ၏။
Chapter 863 သွားပေတော့
ဒေါက်! ဒေါက်! ဒေါက်!
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ မဟာအကြီးအကဲ မင်ဟဲ၊ ဥပဒေ စိုးမိုးရေး အကြီးအကဲ လေးယောက်၊ ကွမ်းတဲ အကြီးအကဲနှင့် အခြားသူများအားလုံးက ယဲ့ဖန်ထံ အလျင်အမြန် လျှောက်သွားကြသည်။
ဤမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားသည်။ အထူးသဖြင့် ရှန်းမင်သခင်လေးနှင့် အခြားသူများ မျက်လုံး ကျွတ်ကျမတတ် ဖြစ်နေ၏။
ဤသည်မှာ အစသာ ရှိပေသေးသည်။ မဟာအကြီးအကဲနှင့် အခြားသူများသည် ယဲ့ဖန်ရှေ့ ရောက်သည်နှင့် အရိုအသေ ပေးကာ ပြိုင်တူ နှုတ်ဆက်လာကြသည်။
လူပေါင်းတစ်ထောင်နီးပါး၏ နှုတ်ဆက်သံက နားကန်းလုနီးပါး ကျယ်လောင်လှသည်။
“မြေအောက်ဘုံစံအိမ်က လူအားလုံးက လူကြီးမင်းယဲ့ကို ကြိုဆိုပါတယ်”
ထိုနှုတ်ဆက်သံကြောင့် လူငယ် သိုင်းပညာရှင်များအားလုံး ပွက်လောရိုက်သွားကြသည်။ ရှန်းမင် သခင်လေး ဆိုလျင် မျက်လုံးပြူးကျယ်၍ နေ၏။
သူ့ဘေးမှ ဟော်ယွင် နတ်မိမယ်သည်လည်း ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု တွေးပြီး မျက်လုံးပြန် ပွတ်၍ ကြည့်မိသည်။ ထို့နောက် အလန့်တကြားဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်ထားလေသည်။ အခြားသော လူငယ် သိုင်းပညာရှင်များသည်လည်း ကြက်သီး မွေးညင်း ထနေကြသည်။
ဤလူများအားလုံးသည် မြေအောက်ဘုံစံအိမ်မှ ရာထူးကြီးသူများ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် ဝိညာဉ်ရှေးဟောင်းနန်းတော်မှ ဝိညာဉ်သခင်နှင့် မိုးကောင်းကင် ရောင်ခြည်မှ ထျန်းခွေကိုသာ ဤသို့သော အခမ်းအနားဖြင့် ကြိုဆို ကြသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ဒါက ဘယ်လိုလုပ် သူ့ကို ကြိုဆိုတဲ့ အခမ်းအနား ဖြစ်နေ ရတာလဲ၊ ဒါ … ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ရှန်းမင်သခင်လေး တွေဝေကာ ကြောက်လန့်နေ၏။ သူ့ဘေးမှ ဟော်ယွင် နတ်မိမယ် သည်လည်း မျက်စိရှေ့မှ အရာအားလုံးက အစစ်အမှန် ဖြစ်သည်ကို အတည်ပြု နိုင်ပြီး နောက် သူမ ချွေးပြန်လာပြီး ရှန်းမင်သခင်လေးနှင့် အဝေးသို့ မသိမသာ နောက်ဆုတ် နေလိုက်သည်။
သူမသည်သာကမ ယခင်က ရှန်းမင်သခင်လေးကို လာဘ်ထိုးခဲ့သော လူငယ် သိုင်းပညာရှင် များသည်လည်း ကင်းမြီးကောက်ကို ရှောင်သကဲ့သို့ ရှန်းမင်သခင်လေးနှင့် အဝေးသို့ ရှောင်တိမ်း ကြလေသည်။ သူတို့ပါ ရောယောင်၍ ကံဆိုးမည်ကို ကြောက်နေသည့်ပုံပင်။
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ယဲ့ဖန်က အသာပြုံး၍ ရှန်းမင် သခင်လေး ရှိရာသို့ ဖြည်းဖြည်းချင်း လှမ်းလာသည်။
ဤအဖြစ်ကြောင့် ရှန်းမင်သခင်လေး ကြောက်လန့်ကာ လဲကျသွားသည်။ အခြားသူများ၏ ပြောဆိုနေသံများက သူ့နားထဲ တရစပ် ဝင်ရောက်လာသည်။
“သွားပြီ၊ ဒီတစ်ခါတော့ ရှန်းမင်သခင်လေး ကံဆိုးပြီပဲ”
“ဟုတ်တယ်, အရင်က သူ ဒီလူကို သတ်မယ်လို့လည်း ပြောခဲ့တာ၊ အခုတော့ … ဘယ်လိုဖြစ်မလဲ ငါ မသိတော့ဘူး”
“ရှန်းမင်သခင်လေး ကွမ်းတဲ အကြီးအကဲကို အားကိုးလို့မရတော့ဘူး၊ ဒါ ကျားရှေ့မှာ အယောင်ဆောင်သလို ဖြစ်နေပြီ”
“…”
လူငယ် သိုင်းပညာရှင်များ၏ ဆွေးနွေးသံများက မဟာအကြီးအကဲ မင်ဟဲနှင့် အခြား အကြီးအကဲများ၏ နားထဲသို့ ရောက်သွားလေသည်။ ထိုအခါ အကြီးအကဲများအားလုံး မျက်နှာ မည်းမှောင်လာသည်။
အထူးအမိန့်ပြားကို ကိုင်ဆောင်ထားသူသည် ဘိုးဘေးဖြစ်သူက အသက်သခင် ကျေးဇူးရှင် အဖြစ် သတ်မှတ်ထားသူ ဖြစ်သည်။ ယခုအခါတွင် ထိုသူက မြေအောက်ဘုံသို့ မဝင်ရောက် ခင်မှာပင် အကဲဖြတ်ပြိုင်ပွဲသို့ ဝင်ပြိုင်မည့် လူသစ်လေး၏ ခြိမ်းခြောက်ခြင်း ခံလိုက် ရသည်။ ဤသည်က မြေအောက်ဘုံစံအိမ်မှ လူများကို အလွန်အမင်း ဒေါသထွက် သွားစေသည်။
အကြီးအကဲများကြားထဲမှ ကွမ်းတဲ အကြီးအကဲက ဒေါသအထွက်ဆုံးပင်။ သူ့စိတ်ထဲတွင် ရှက်ရွံ့လာ သောကြောင့် ရှန်းမင်သခင်လေးအား ရှစ်ပိုင်းပိုင်းချင်စိတ် ပေါက်နေ၏။
*ဒီခွေးမသားက တတိယမျိုးဆက် ဘိုးဘေးရဲ့ တော်ဝင်ဧည့်သည်တော်ကိုတောင်မှ ရန်စရဲနေပါလား*
*သေချင်နေတဲ့ကောင်*
အထူးသဖြင့် မဟာအကြီးအကဲ မင်ဟဲနှင့် ဥပဒေစိုးမိုးရေး အကြီးအကဲ လေးယောက်၏ ဆိုးရွားသော အကြည့်များကြောင့် ကွမ်းတဲ အကြီးအကဲ မျက်နှာ ပြာနှမ်းနေသည်။ ထို့ကြောင့် သူ အလျင်အမြန် အရိုအသေ ပေး၍ ပြောလိုက်သည်။
“မဟာအကြီးအကဲ စိတ်ချပါ၊ ဒီငယ်သား ဘာလုပ်ရမလဲ သိပါတယ်”
ကွမ်းတဲအကြီးအကဲ၏ အာမခံသော စကားကို ကြားမှသာ မဟာအကြီးအကဲ မင်ဟဲနှင့် ဥပဒေစိုးမိုးရေး အကြီးအကဲ လေးယောက်၏ တင်းမာသော မျက်နှာထားက အနည်းငယ် ပြေလျော့သွားသည်။
ထိုအချိန်တွင် ရှန်းမင်သခင်လေးသည် ယဲ့ဖန်အား အလွန်အမင်း ကြောက်လန့်နေပြီ ဖြစ်သည်။ သူ ချက်ချင်း မြေကြီးပေါ် ဒူးထောက်၍ ယဲ့ဖန်ကို တောင်းပန်လေသည်။
“လူ … လူကြီးမင်း အသက်ချမ်းသာပေးပါ၊ ဒီလူ တုံးအလို့ လူကြီးမင်းကို မသိခဲ့တာပါ၊ ကျေးဇူးပြုပြီး လူကြီးမင်း ကျုပ်ကို မသတ်ပါနဲ့၊ မသတ် ...”
ရှန်းမင်သခင်လေး၏ ပေါင်ကြားမှနေ၍ ကျင်ငယ်ရည်အနံ့များ ထွက်လာသည်။ သူသည် အစပိုင်း၌ ကွမ်းတဲ အကြီးအကဲ၏ နာမည်ကို မှီ၍ အကျိုးအမြတ် ရယူနေခဲ့သည်။ ယဲ့ဖန်နှင့် တွေ့ချိန်တွင် သူက သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ဂုဏ်တက်ဟန် ပြုမူခဲ့သည်။
သို့သော် သူသည် ကြီးမားသော နောက်ခံရှိသည့် ယဲ့ဖန်ကို ရန်စမိသွားလိမ့်မည်ဟု ထင်မထားမိပေ။ ယဲ့ဖန်က ရတနာ ပေးရဲသော်လည်း သူ လက်မခံနိုင်မှာ စိုးသည်ဟု ပြောခဲ့ရသည့် အကြောင်းရင်းကို ယခုမှ သူ နားလည် သွားသည်။ အထူးအမိန့်ပြားက တကယ့် အမိန့်ပြားအစစ် ဖြစ်၍နေ၏။
ဤသည်ကို တွေးမိရုံနှင့်တင် ရှန်းမင်သခင်လေး တုန်ယင်ကာ လိပ်ပြာလွင့်မတတ် ကြောက်လန့် နေသည်။ သူသည်သာမက အနီးအနားမှ ဟော်ယွင် နတ်မိမယ်နှင့် လူငယ် သိုင်းပညာရှင်များလည်း နားလည်လာကြပြီး ယဲ့ဖန်အား တအံ့တဩ လှမ်းကြည့် ကြလေသည်။
အထူးအမိန့်ပြား။ စံအိမ်သခင်၏ အထူးအမိန့်ပြား ရှိနေသော ယဲ့ဖန်၏ နောက်ခံက ဘာလဲ ဆိုသည်ကို သူတို့ မတွေးဝံ့ကြချေ။
“စိတ်မပူပါနဲ့”
ရှန်းမင် သခင်လေး၏ အမူအရာကိုကြည့်ပြီး ယဲ့ဖန်က ကြင်နာသနားတတ်သော အမူအရာ ဖြင့် ပြုံးလိုက်သည်။
“စိတ်မပူနဲ့၊ ငါ မင်းကို မသတ်ဘူး၊ မင်းကို သတ်တာက ငါ့လက်ကို ညစ်ပတ်ရုံပဲ ရှိမယ်”
“ငါ မင်းကို မသတ်ပင်မယ့် တခြားသူက ငါ့အတွက် မင်းကို သတ်ပေးလိမ့်မယ်”
*ဟာ*
*အတူတူပဲ*
ထိုစကားများက ရှန်းမင် သခင်လေး ယဲ့ဖန်ကို ခြိမ်းခြောက်စဉ်က ပြောခဲ့သော စကားများ ဖြစ်သည်ကို အားလုံး မှတ်မိသွားကြသည်။
ယခုအခတွင် ယဲ့ဖန်က ထိုစကားများကို တစ်ထပ်တည်း ပြန်ပြောနေ၏။ ထိုစကားများက ရှန်းမင်သခင်လေး၏ ကံကြမ္မာကို ကြေငြာပြီးသား ဖြစ်သွားသည်။ ထို့ကြောင့် ရှန်းမင် သခင်လေး မျက်နှာပြာနှမ်း၍ ဆောက်တည်ရာမရ ဖြစ်သွားသည်။
ထို့နောက် ယဲ့ဖန်က ရှန်းမင် သခင်လေးကို လှည့်ကြည့်ရန် ပျင်းရိသွားဟန်ဖြင့် တစ်ဖက် လှည့်ကာ မဟာအကြီးအကဲတို့နှင့်အတူ မြေအောက်ဘုံစံအိမ်ထဲသို့ ဝင်သွားလေသည်။
မြေအောက်ဘုံစံအိမ်မှ သိုင်းပညာရှင်များအားလုံး ပြန်ဝင်သွားပြီးနောက် ကွမ်းတဲ အကြီးအကဲ တစ်ယောက် တည်းသာ ကျန်ရစ်ခဲ့သည်။
ကွမ်းတဲ အကြီးအကဲကို ကြည့်ပြီး ရှန်းမင်သခင်လေးက ကယ်တင်ရှင်ကို တွေ့လိုက် ရဟန်ဖြင့် ဝပ်တွား၍ အသည်းအသန် တောင်းပန်လေသည်။
“ဆရာ ကျွန်တော့်ကို ကယ်ပါဦး၊ ကျွန်တော့်အတွက် အဲ့လူကြီးမင်းကို တောင်းပန်ပြီး အသက် ချမ်းသာ ပေးဖို့ ပြောပေးပါ”
“ကျွန်တော် မသေချင်ဘူး၊ ကျွန်တော်က ငယ်ငယ်လေး ရှိသေးတာကို၊ ပြီးတော့ ကျွန်တော့်မှာ ကြီးကျယ်တဲ့ အနာဂတ်လည်း ရှိနေတာကို၊ ကျွန် … ကျွန်တော် မသေချင် သေးဘူး”
ယခုအချိန်၌ ရှန်းမင်သခင်လေးသည် ဂုဏ်ယူဝင့်ကြွားဟန် မပြနိုင်တော့ဘဲ ကြောက်လန့် သော ယုန်တစ်ကောင် သဖွယ် ဖြစ်နေသည်။
ဤသည်ကိုကြည့်ပြီး ကွမ်းတဲအကြီးအကဲက အံကြိတ်၍ ဒေါသတကြီး ပြောလေသည်။
“ခွေးကောင် မင်းက ဘာမှမဟုတ်ဘဲ ကျားယောင်ဆောင်တာကိုးကွ၊ မင်းကများ ငါ့နာမည် ကို သုံးပြီး လူသတ်ချင် နေတယ်ပေါ့လေ”
“ခုနက လူက ဘယ်သူလဲ မင်း သိလား”
ထိုအခါ ရှန်းမင်သခင်လေးသာမက ဘေးပတ်လည်မှ လူငယ်သိုင်းပညာရှင်များအားလုံး သိချင် လာကြသည်။ အထူးအမိန့်ပြားပင် ကိုင်နိုင်သောလူက မည်သို့သောလူစားမျိုးလဲ သိချင်နေလေသည်။
“ဆရာ အဲ့လူက … ဘယ်သူမို့လို့လဲ”
ရှန်းမင် သခင်လေး ထိတ်လန့်နေသည်။ သူ့စကားကြောင့် ကွမ်းတဲ အကြီးအကဲပင် ကြက်သီး ထဟန်ဖြင့် ကြောက်လန့်တကြား ပြောလေသည်။
“သူက တတိယမျိုးဆက် ဘိုးဘေးရဲ့ အစ်ကိုကြီး ပြီးတော့ ဘိုးဘေးရဲ့ အသက်သခင် ကျေးဇူးရှင်ကွ”
“မင်း သူ့ကို ရန်စလိုက်တာက တတိယမျိုးဆက် ဘိုးဘေးကို ရန်စလိုက်တာနဲ့ အတူတူပဲ၊ မြေအောက်ဘုံစံအိမ် တစ်ခုလုံးကို ရန်စလိုက်တာနဲ့ အတူတူပဲကွ”
ကွမ်းတဲ အကြီးအကဲ၏ စကားကြောင့် ရှန်းမင် သခင်လေးသာမက လူငယ် သိုင်းပညာရှင် များသည်လည်း ကြောက်လန့်ကာ ဖင်ထိုင်ရက် လဲကျသွားသည်။
*အသက်သခင် ကျေးဇူးရှင်တဲ့လား*
ဘိုးဘေး၏ အသက်သခင် ကျေးဇူးရှင် ဖြစ်နေသည့် ထိုလူက မည်မျှ ကြောက်စရာ ကောင်းလဲ ဆိုသည်ကို သူတို့ မတွေးတတ်တော့ချေ။
ကွမ်းတဲ အကြီးအကဲက ရှန်းမင်သခင်လေးအား သနားသလို ကြည့်၍ ပြောလေသည်။
“ရှန်းမင် နောင်ဘဝကျရင် မင်းအမြင်ကျယ်အောင် လုပ်ပါ၊ ဒါမှ အဆင့်အတန်း ကြီးတဲ့လူတွေကို ရန်မစမိမှာ”
“အခုတော့ သွားပေတော့”
ထိုစကားနှင့်အတူ ဝှစ်ခနဲ ထွက်ပေါ်လာပြီး ရှန်းမင်သခင်လေး၏ ဦးခေါင်း လွင့်ထွက် သွားသည်။ သူ့မျက်နှာ၌ သေသွားသည့်အချိန်အထိ ကြောက်လန့်၍ နောင်တရ နေဟန်များ ထင်ဟပ်နေသည်။
Chapter 864 အရှင်သခင်၏ ရုပ်တု
ရှန်းမင်သခင်လေး၏ ဇာတ်သိမ်းသည် ဇာတ်ကွက်တစ်ခုမျှသာ ဖြစ်သည်။ ယခုအချိန်၌ မဟာအကြီးအကဲနှင့် အခြားသူများက ရှေ့မှဦးဆောင်၍ မြေအောက်ဘုံ၏ အလယ်ဗဟိုသို့ ခေါ်သွားလေသည်။
“လူကြီးမင်းယဲ့ ခဏလောက် အနားယူပါဦး၊ ဘိုးဘေးက ခင်ဗျားကို ဒီနေ့ တွေ့မှာပါ”
မဟာအကြီးအကဲ မင်ဟဲက ယဲ့ဖန်ကို အလွန်လေးစားစွာ ပြောလိုက်သည်။ ထို့နောက် သူက ယဲ့ဖန်အား မြေအောက်ဘုံ စံအိမ်ကို လိုက်လံ ပြသလေသည်။
သို့သော် ယဲ့ဖန်၏ အကြည့်များက စံအိမ်၏ အလယ်ဗဟိုရှိ ကြီးမားသော ရုပ်တုကိုသာ အာရုံရောက်နေသည်။ ထိုရုပ်တုသည် တောင်တစ်လုံးကဲ့သို့ ကြီးမားပြီး မျက်စိကို ဖမ်းစားနိုင်ဆုံးသော အရာ ဖြစ်သည်။
ထို့အပြင် ထိုရုပ်တုသည် ရှေးနှစ်ပေါင်းများစွာကတည်းက ထုလုပ်ထားပုံရသည်။ ရုပ်တု ပုံစံသည် အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် ပိန်ပါးပါး လူတစ်ယောက်ပုံ ဖြစ်သည်။ ထို့အပြင် မျက်နှာ၌ မည်သည့် မျက်နှာပေါက်မှ မရှိတော့ချေ။ တကယ့်ကို မျက်နှာမဲ့ လူသားရုပ်တုပင်။
မင်ဟဲနှင့် အခြားသူများသည် ရုပ်တုနား ရောက်သည်နှင့် ထိုမျက်နှာမဲ့ ရုပ်တုကို အရိုအသေ ပေးကြသည်။ အားလုံး၏ အမူအရာက ဝမ်းနည်းဟန် ပေါ်နေသည်။ ဤသည်ကို ကြည့်ပြီး ယဲ့ဖန် ပိုပို၍ သိချင်လာသောကြောင့် မနေနိုင်ဘဲ မေးလိုက်သည်။
“မဟာအကြီးအကဲ ဒီရုပ်တုက ဘယ်သူ့ရုပ်တုလဲ”
မြေအောက်ဘုံစံအိမ်မှ အကြီးအကဲများအားလုံး အရိုအသေ ပေးနေရသည့် ဤရုပ်တု၏ နောက်ခံက အံ့ဩစရာ ကောင်းလောက်မှာပင်။ သူ၏အမေးကြောင့် မဟာအကြီးအကဲက လေးစားမှုအပြည့်ဖြင့် ပြန်ဖြေလေသည်။
“ဒီရုပ်တုက ငရဲဘုံရဲ့ အရှင်သခင်အစစ်ရဲ့ ရုပ်တုပါ”
*ဘယ်လို*
*ငရဲဘုံရဲ့ အရှင်သခင်လား*
ယဲ့ဖန် အံ့ဩတကြီး ပြန်မေးလိုက်သည်။
“ဒါက ဘုရင်ယာမာရဲ့ ရုပ်တုလား”
“မဟုတ်ဘူး၊ လူကြီးမင်း အထင်လွဲနေပြီ၊ ငရဲဘုံရဲ့ အရှင်သခင်အစစ်ကို ပထမ အရှင်သခင် လို့လည်း လူသိများပါတယ်၊ ပြီးတော့ ဘုရင်ယာမာရဲ့ ဆရာပါ”
မဟာအကြီးအကဲက မျက်နှာမဲ့ရုပ်တုကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြန်ရှင်းပြလာသည်။ သူ့စကားကြောင့် ယဲ့ဖန် အံ့ဩသွားသည်။
*ပထမ အရှင်သခင်*
*ဘုရင်ယာမာရဲ့ ဆရာ*
ယင်ယန်လောကနှင့် ငရဲဘုံအား ကိုင်လှုပ်နိုင်သည့် ကြီးမြတ်သော ဘုရင်ယာမာ၌ ဆရာ ရှိလိမ့်မည်ဟု သူ ထင်မထားမိပေ။ ထိုစဉ် မဟာ အကြီးအကဲက ဇာတ်လမ်း တစ်ပိုင်း တစ်စကို ပြောပြလေသည်။
“ဟိုအရင်တုန်းက ရှေးခေတ် စကြဝဠာကြီးက ယင်ယန်လောကနဲ့ ငရဲဘုံဆိုပြီး ကွဲသွားတဲ့ အချိန်တုန်းကပေါ့၊ နောက်တော့ ဘုရင်ယာမာက ရှေးဟောင်းမျိုးနွယ်သုံးခုကို ဦးဆောင်ပြီး ယန်ဝမ်ဟင်းလင်းပြင်မှာ လာအခြေချခဲ့တာ၊ သူ့ရဲ့ ကြီးမားတဲ့ ခွန်အားနဲ့ ဝိညာဉ်ရှေး ဟောင်း နန်းတော်၊ မြေအောက်ဘုံစံအိမ်နဲ့ မိုးကောင်းကင် ရောင်ခြည် အဖွဲ့အစည်းတွေမှာ အရှင်သခင်ရဲ့ ရုပ်တုကြီးသုံးခု ထုလုပ်ခဲ့တယ်”
“နောင်အနာဂတ် မျိုးဆက်တွေကို ကျုပ်တို့ တာဝန်က တစ်စုံတစ်ယောက်ကို စောင့်နေဖို့ ဆိုတာကို သတိရနေဖို့ အတွက်ပေါ့”
“ကျုပ်တို့ စောင့်နေရမယ့်လူက … အရှင်သခင်ပဲ”
မဟာအကြီးအကဲ မင်ဟဲက လေးနက်မှုအပြည့်ဖြင့် ရှင်းပြလေသည်။
“နောက်တော့ ဘုရင်ယာမာနဲ့အတူ အဖွဲ့အစည်းသုံးခုရဲ့ ပထမမျိုးဆက် ဘိုးဘေးအားလုံး အိပ်မောကျ သွားပြီးတော့ ယန်ဝမ် ဟင်းလင်းပြင်ကို အပြင်လောကနဲ့ မဆက်စပ်အောင် ပြုလုပ်ခဲ့တယ်”
“နောက်ပိုင်း နှစ်တွေကြာလာတော့ ဝိညာဉ်ရှေးဟောင်း နန်းတော်နဲ့ မိုးကောင်းကင် ရောင်ခြည်ဆီက ရုပ်တုတွေက သမိုင်းကြောင်းကြောင့် ပျက်စီးသွားတယ်”
“ကျုပ်တို့ မြေအောက်ဘုံစံအိမ်က ရုပ်တုကပဲ မပျက်မစီးဘဲ ရှိနေသေးတာ”
ထိုစကားကြောင့် ယဲ့ဖန် ပို၍ ထိတ်လန့်သွားသည်။ ယန်ဝမ် ဟင်းလင်းပြင်ကို ကြီးစိုးခဲ့သည့် ဘုရင်ယာမာနှင့် အဖွဲ့အစည်းသုံးခု၏ ခေါင်းဆောင်များက အရှင်သခင်ဟူသော လူတစ် ယောက်ကို စောင့်နေလိမ့်မည်ဟု သူ ထင်မထားမိပေ။ ထိုစဉ် မဟာအကြီးအကဲ မင်ဟဲက သက်ပြင်းချလာသည်။
“ရှေးခေတ်ကတည်းကနေဆို နှစ်ပေါင်းသန်းချီ ကြာနေပြီ”
“ဒါပေမဲ့ အခုထိ ပထမ အရှင်သခင် ပြန်မွေးဖွားလာတဲ့ သတင်းကို မကြားရသေးဘူး၊ အဖွဲ့အစည်း သုံးခုလုံးက သူတို့ရဲ့ တာဝန်တွေကို မေ့ပျောက်သွားမှာ စိုးရတယ်”
ယခုအချိန်တွင် မဟာအကြီးအကဲ သာမက ဘေးနားမှ အကြီးအကဲများသည်လည်း ခေါင်း တခါခါ ဖြစ်လာသည်။ နှစ်သန်းပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီးနောက် အရှင်သခင် ပြန်ပေါ် လာလိမ့်မည်ဟု မည်သူမှ မယုံကြည်တော့ပေ။
ယဲ့ဖန်သည် ရုပ်တုကို ကြည့်ပြီး မျက်မှောင်ကြုတ်မိသွားသည်။ ဘာရယ်ကြောင့်မှန်း မသိ သော်လည်း ထိုအရှင်သခင်၏ ရုပ်တု၌ ထူးဆန်းလှသော အငွေ့အသက်တစ်ခုက ခပ်ဖျော့ ဖျော့ ထွက်ပေါ်နေသည်ဟု သူ ခံစားမိနေသည်။ ထိုအငွေ့အသက်က အနည်းငယ် ထူးဆန်း ကာ ရင်းနှီးသလို ဖြစ်နေသည်။
“ဘယ်လိုဖြစ်တာလဲ”
ယဲ့ဖန်က နဖူးမှ ကောင်းကင်ဘုံမျက်လုံး ဖွင့်၍ ရုပ်တုကို ပြန်ကြည့်လိုက်သည်။ သို့သော် ယဲ့ဖန် ကောင်းကင်ဘုံ မျက်လုံးကို ဖွင့်၍ ကြည့်လိုက်သည်နှင့် အလင်းတန်းများ ထွက်ပေါ် လာသည်။ ထိုအလင်းတန်းများသည် ရုပ်တု၏ နဖူးမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် အရှင်သခင်၏ ရုပ်တုနဖူးမှ အက်ရာများ ထင်ဟပ် လာသည်။ အလင်းတန်းများက မြေအောက်စံအိမ်တစ်ခုလုံးသို့ ဖြန့်ကျက် သွားသဖြင့် လင်းထိန်လာသည်။
မဟာအကြီးအကဲနှင့် အခြားသူများအားလုံး မှင်တက်ကာ အားလုံး မယုံသင်္ကာ ဖြစ်သွား ကြသည်။ ရုပ်တုနဖူးမှ အလင်းတန်းက ယဲ့ဖန်၏ နဖူးမှ ကောင်းကင်ဘုံမျက်လုံးမှ ရောင်ပြန် ဟပ်၍ ထွက်ပေါ်လာခြင်း ဖြစ်သည်ကို သူတို့ တွေ့လိုက်ရသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီလူငယ်လေးနဲ့ အရှင်သခင်က ဘယ်လို ဆက်စပ် နေတာလဲ”
တစ်စုံတစ်ရာကို တွေးမိပြီးနောက် မဟာအကြီးအကဲ မင်ဟဲ မျက်နှာ အမူအရာ ပြောင်းလဲ သွားသည်။ အခြားသူများသည်လည်း ခြောက်ခြားသွားကြသည်။
“သူ့လက်ထဲက နတ်ဓားရယ်၊ အရှင်သခင် ရုပ်တုကလည်း သူ့ကို တုံ့ပြန်တယ်ဆိုတော့၊ ဒါတွေ အားလုံးက ရေစက်လား”
မဟာအကြီးအကဲ မင်ဟဲ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားသည်။ သို့သော် ထိုအချိန် တွင် ယဲ့ဖန်တစ်ယောက် အသိစိတ် ပင်လယ်ထဲ ရောက်နေသည်ကို မည်သူမှ မသိကြပေ။
“တပေါ်အရှင်သခင်”
“ပြန်လည်မွေးဖွားခြင်း”
“ပထမ အရှင်သခင်”
“ယန်နယ်မြေ”
ထိုစကားလုံးတစ်လုံးချင်းစီက ယဲ့ဖန်၏ အသိစိတ်ပင်လယ်ထဲ၌ ဝေ့ဝဲနေသည်။ ချိပ်ပိတ် ထားသည့် ထူးဆန်းသော မှတ်ဉာဏ်၏ တတိယအလွှာ ပွင့်လာတော့မည်ဟု သူ ခံစား လိုက် မိသည်။
“မဟာအကြီးအကဲ ကျုပ် ခဏလောက် အနားယူလိုက်ဦးမယ် ခွင့်ပြုပါဦး”
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ယဲ့ဖန်၏ခန္ဓာကိုယ်အား အဖြူရောင် အလင်းတန်းများက ရစ်ပတ်လာပြီး လေထဲသို့ ပျံတက်သွားသည်။ တစ်ခဏ အတွင်းမှာပင် အရှင်သခင်ရုပ်တု၏ နဖူးအလယ်သို့ ရောက်ရှိသွားသည်။
အဖြူရောင် အလင်းတန်းများနှင့်အတူ ယဲ့ဖန်၏ ခန္ဓာကိုယ်က အရှင်သခင်ရုပ်တု၏ နဖူးမှ အက်ကြောင်းရာထဲသို့ ဝင်ရောက်သွားသည်။
ထိုအခါမှသာ အဖြူရောင် အလင်းတန်းများ ပျောက်ကွယ်သွားပြီး အရှင်သခင်ရုပ်တု၏ နဖူးမှ အက်ရာသည်လည်း ပြန်ပျောက်ကွယ်သွားသည်။ အရာအားလုံး ဘာမှမဖြစ်သကဲ့သို့ မူလအတိုင်း ပြန်ဖြစ်သွားသဖြင့် လူတိုင်း မှင်တက်သွားကြသည်။
ထို့နောက် အကြီးအကဲများအားလုံးက မဟာအကြီးအကဲထံ ဝိုင်းလာသည်။ အံ့ဩသော မျက်နှာများဖြင့် အကြီးအကဲမင်ဟဲကို တစ်ယောက်ပြီး တစ်ယောက် ဝိုင်းပြောကြ လေသည်။
“မ … မဟာအကြီးအကဲ၊ ဒီကောင်လေးက အရှင်သခင်နဲ့ တကယ် ပတ်သက်နေတာလား”
“နှစ်သန်းပေါင်းများစွာ ကြာပြီးမှ အရှင်သခင်ရုပ်တုက ပထမဆုံးအကြိမ် တုံ့ပြန်လာတာပဲ”
နှစ်သန်းပေါင်းများစွာ ကြာပြီးသော်လည်း အရှင်သခင်ရုပ်တုက တစ်ခါမှ မပြောင်းလဲခဲ့ပေ။ မိုးကောင်းကင် ရောင်ခြည်နှင့် ဝိညာဉ် ရှေးဟောင်းနန်းတော်မှ ရုပ်တုနှစ်ခုဆိုလျင် ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ သို့သော် ယခုအခါ၌ နှစ်သန်းချီ ကြာပြီးမှ ထူးဆန်းသော ဖြစ်ရပ်နှင့် သူတို့ ကြုံတွေ့ရလေသည်။
“မဟာအကြီးအကဲ ဒီ … ဒီလူငယ်လေးက ကျုပ်တို့ အဖွဲ့အစည်းသုံးခုလုံးက ဘိုးဘေးတွေ စောင့်နေတဲ့ လူများလား”
အကြီးအကဲတစ်ယောက်က အားတင်း၍ ထိုသို့ပြောလိုက်သောအခါ အားလုံး ဆူညံ ပွက်လောရိုက်သွားသည်။
“မဖြစ်နိုင်ဘူး၊ အရှင်သခင်က ဘုရင်ယာမာနဲ့ ဆရာလေ၊ မိုးမြေကို ကိုင်လှုပ်နိုင်တဲ့ အစွမ်းမျိုး ပိုင်ဆိုင်ထားတာ”
“သူ ပြန်မွေးဖွားလာမယ်ဆိုရင်တောင်မှ သူ့ရဲခွန်အားက အရမ်းအားနည်းနေမှာ မဟုတ်ဘူး”
ထိုစဉ် အကြီးအကဲတစ်ချို့က ပြန်ငြင်းခုန်လေသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်က တစ်မူ ထူးခြားသော လူတစ်ယောက်သာ ဖြစ်သည်။ ဤသို့သောလူက ဘယ်လိုလုပ် ပထမ အရှင်သခင် ပြန်မွေးဖွားလာသူ ဖြစ်နိုင်မည်နည်း။
စက္ကန့်ပိုင်းအတွင်းမှာပင် အကြီးအကဲများက ဆူညံစွာ ချေပပြောဆိုနေကြသည်။ မဟာ အကြီးအကဲမှာမူ ပိုမို၍ ထိတ်လန့်၍လာသည်။ ထို့နောက် သူက လက်ကာပြ၍ အော် လိုက်သည်။
“ပါးစပ်ပိတ်ထား”
သူ့စကားအဆုံး၌ အားလုံး တိတ်ဆိတ်သွားသည်။ ထိုအခါ မဟာအကြီးအကဲ မင်ဟဲက အရှင်သခင်ရုပ်တု၏ နဖူးနေရာအား မျက်ခုံးတလှုပ်လှုပ်နှင့် စိတ်လှုပ်ရှား၍ တွေဝေ ဟန်ဖြင့် လှမ်းကြည့်နေသည်။
“စံအိမ်တစ်ခုလုံးက လူတွေကို ဒီအကြောင်း မပြောကြဖို့ အမိန့်ထုတ်လိုက်”
“လူကြီးမင်းယဲ့ ပြန်ထွက်လာတာကို စောင့်ကြမယ်၊ အဲ့အချိန်ကျရင် အားလုံး ရှင်းလင်း သွားမှာပဲ”