← Chapters

အခန်း (၈၈၃-၈၈၅)

Vol. 59 Ch. 883-885

အခန်း (၈၈၃-၈၈၅)

Vol. 59 Ch. 883-885

Chapter 883 ညီအစ်ကိုများ ပြန်ဆုံပြီ

ဖေးချမ်သည် အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ သည်းခြေပျက်မတတ် ခံစားခဲ့ရသည်။ ထပ်ခါထပ်ခါ ရှာဖွေခဲ့သော်လည်း အကြိမ်ကြိမ် စိတ်ပျက်အားလျော့ခဲ့ရသည်။ ယခုအခါတွင်မူ ဖေးချမ် အိပ်မက် မက်နေသကဲ့သို့ ခံစားမိနေသည်။ သူသည် တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်ရည်များ ဝဲလာသည်။ လက်ရှိအချိန်တွင် သူသည် မြင်နေရသည့် အရာအားလုံးကို မယုံနိုင် ဖြစ်နေ၏။

“ဒါ အိပ်မက်လား”

ဖေးချမ် မျက်လုံးကို ဆက်တိုက် ပွတ်၍ ပြန်ကြည့်သော်လည်း အရာအားလုံးက အမှန်တကယ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

တောက်! တောက်!

ထိုစဉ် သူ့ဘေးပတ်လည်မှ ထောင်သောင်းချီသော သိုင်းပညာရှင်များသည် အနက်ရောင် ဝတ်စုံနှင့် ဆံပင် အဖြူရောင် လူငယ်လေးကို မြင်သည်နှင့် ချက်ချင်း ဒူးတစ်ဖက် ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ နှုတ်ဆက် လာကြသည်။

“မသေမျိုး ဝိညာဉ် ရှေးဟောင်းနန်းတော်က အရှင်သခင်ကို ဂါဝရပြုပါတယ်”

“မြေအောက်ဘုံစံအိမ်က အရှင်သခင်ကို ဂါဝရပြုပါတယ်”

“မိုးကောင်းကင် ရောင်ခြည်က အရှင်သခင်ကို ဂါဝရပြုပါတယ်”

“…”

နှုတ်ဆက်သံက ကျယ်လောင်၍ ကြက်သီးထဖွယ် ကောင်းလှသည်။ လူတိုင်းက နတ်ဘုရား တစ်ပါးကို အရိုအသေ ပေးသကဲ့သို့ ဒူးထောက်၍ ဂါဝရပြုနေကြသည်။ ဤမြင်ကွင်းက ကြက်သီးထဖွယ် ကောင်းလှပေ၏။

နှုတ်ဆက်သံများ ပျောက်ကွယ်သွားပြီးနောက် လူတိုင်း အံ့ဩသွားကြသည်။ အဘယ်ကြောင့်ဆိုသော် စင်မြင့်ပေါ်မှ အရှင်သခင်၏ ခန္ဓာကိုယ်က တောင့်ခနဲ ဖြစ်သွားသည်ကို လူတိုင်း တွေ့လိုက်ရသောကြောင့်ပင်။ သူက အားလုံးကို မကြည့်ဘဲ လူအုပ်ကြီး၏ နောက်ဆုံးနေရာသို့သာ စိုက်ကြည့်နေ၏။ နောက်ဆုံး၌ မတ်တပ်ရပ် နေသော လူတစ်ယောက်ကို ကြည့်နေခြင်းပင်။

“သေစမ်း”

ဤအဖြစ်ကြောင့် ဆေးဘုရင်နှင့် အခြားသူများ ကြက်သီးထသွားသည်။ ထိုအခါတွင်မှ ထောင်သောင်းချီသော လူများ အရိုအသေ ပေးနေသော်လည်း တစ်ယောက်သောသူက မတ်တပ်ရပ်နေသည်ကို သူတို့ သတိထားမိ သွားသည်။ ထိုသူသည် သူတို့ ယခုလေးတင် ဖမ်းလာသည့်လူ ဖြစ်နေ၏။

အားလုံး ဒူးထောက်၍ အရိုအသေပေးနေချိန်တွင် ဤလူ မတ်တပ်ရပ်နေသောကြောင့် သူ့အား ထင်းခနဲ မြင်သာ သွားသဖြင့် အရှင်သခင်က သတိထားမိသွားခြင်း ဖြစ်ပေသည်။

“ဆေးဥယျာဉ်ထဲက ကောင်လေး မြန်မြန် ဒူးထောက်စမ်း၊ ဒူးထောက်”

ဆေးဘုရင်နှင့် အခြားသူများ ချွေးပြန်လာကြသည်။ သို့သော် ဖေးချမ်က သူတို့စကားကို မကြားဟန်ဖြင့် အရှင်သခင်ကိုသာ လှမ်းကြည့်၍ မျက်ရည်ကျနေသည်။

ဒေါက်! ဒေါက်! ဒေါက်!

ထိုစဉ် ခြေသံတစ်သံ ထွက်ပေါ်လာပြီး အရှင်သခင်က စင်မြင့်ပေါ်မှ ဆင်းလာပြီး ဖေးချမ်ရှိရာသို့ လှမ်းလာ နေသည်ကို လူတိုင်း တွေ့လိုက်ရသည်။ ဤအဖြစ်ကြောင့် သူတို့ဘေးနားမှ လူများ ဆူညံပွက်လောရိုက်သွားသည်။

“မြတ်စွာဘုရား၊ အဲ့ဒါ ဆေးဘုရင် မဟုတ်လား၊ သူက အရှင်သခင်ကိုတောင် ဒူးထောက်ပြီး အရိုအသေ မပေးဘူးဆိုတော့ တော်တော် ရဲတင်းတာပဲ သေသင့်တဲ့ကောင်”

“ဟုတ်တယ်၊ ဘယ်လိုလုပ် ဆေးဘုရင်က ဒီလိုလူမျိုးကို ခေါ်လာရတာလဲ၊ ဒါ အရှင်သခင် ကို ဆန့်ကျင်နေတာပဲ”

…

ဆူညံသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ဘေးနားမှ စကားသံများကို နားထောင် ပြီး ဆေးဘုရင်နှင့် အခြားသူများ ကြက်သီးထလာကြသည်။

ယဲ့ဖန် အနားရောက်လာချိန်တွင် ဆေးဘုရင်နှင့် အခြားသူများ ခြောက်ခြားသွားပြီး ဒူးထောက် လျက်သားဖြင့် တုန်တုန်ယင်ယင် ပြောလိုက်သည်။

“အရှင် ဒီမောက်မာတဲ့လူကို ကျွန်တော် ခေါ်လာခဲ့မိတဲ့အတွက် ခွင့်လွှတ်ပေးပါ၊ ကျွန်တော်မျိုး သေသင့်တဲ့ အပြစ်ကို ကျူးလွန်မိပါတယ်”

“ပထမ အရှင်သခင် ဒီလူက ဆေးဘုရင်မြို့တော်ရဲ့ ဆေးဥယျာဉ်ထဲကို ခိုးဝင်ပြီး နတ်ဆေးပင် အားလုံးကို ဖျက်ဆီးခဲ့ပါတယ်၊ အဲ့ဒါကြောင့် သူ့ကို ကျွန်တော်တို့ ဖမ်းလိုက် တာပါ၊ ကျွန်တော် သူ့ကို ဆေးအဖြစ် ပြန်သုံးချင်ပင်မယ့် အရှင်သခင့်ဆီကို မလာနိုင် မှာစိုးလို့ ခေါ်လာမိတာပါ”

“ပထမ အရှင်သခင် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ …”

လက်ရှိအချိန်တွင် ဆေးဘုရင်နှင့် လောကနှင့် တစ်သားတည်းအဆင့် သိုင်းပညာ လေးယောက် အပြင် အခြားသူများပါ ချွေးပြန်နေကြသည်။ သူတို့စိတ်ထဲတွင် နောင်တရ နေကြလေသည်။ ဖေးချမ်က ယဲ့ဖန်ကို ဆန့်ကျင်မည်ကိုသာ သူတို့ သိခဲ့ပါက ဖေးချမ်ကို သူတို့ ခေါ်လာမိမည် မဟုတ်ပါ။

ထိုသို့ရှင်းပြပြီးနောက် ဆေးဘုရင်က ဖေးချမ်ကို အော်ငေါက်လိုက်သည်။

“ဆေးဥယျာဉ်က ကောင်လေး ပထမ အရှင်သခင်ကို ဒူးထောက်လိုက်လေ၊ မင်း သေချင် နေတာလား”

ဆေးဘုရင်၏ စကားသံ၌ ဒေါသရိပ်များ လွှမ်းနေသလို ဘေးပတ်လည်ရှိ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များ အားလုံးသည်လည်း ပို၍ ဒေါသထွက်လာကြသည်။ သူတို့စိတ်ထဲတွင် ဤဆေးဥယျာဉ်မှ ဖမ်းလာသည့် လူက သူတို့၏ အရှင်သခင်ဖြစ်သူ၊ သူတို့၏ နတ်ဘုရားဖြစ်သူအား ဆန့်ကျင်နေသည်ဟု တွေးမိနေသည်။

ဆေးဘုရင်၏ အော်ငေါက်သံအဆုံး၌ ဖေးချမ်က ယဲ့ဖန်ကို ချက်ချင်း ဒူးထောက်၍ အရိုအသေ ပေးလာသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှသာ အားလုံး စိတ်အေး သွားလေသည်။ သို့သော် ဖေးချမ် နှုတ်ဆက်လာသည့် စကားကြောင့် အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြပြန်သည်။

“လောဘအိုး ဝံပုလွေ ဖေးချမ် သခင်ကြီးကို ဂါဝရပြုပါတယ်”

“နတ်ဆိုးတွေက မသေနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ”

လူတိုင်း မှင်တက်သွားကြလေသည်။

*သခင်ကြီး*

*နတ်ဆိုးဧကရာဇ်*

ဖေးချမ်က ယဲ့ဖန်ကို ဤသို့ ခေါ်လိမ့်မည်ဟု လူတိုင်း ထင်မထားမိပေ။ အားလုံး ဒေါသ တကြီးဖြင့် ကြိမ်းမောင်းရန် ပြင်လိုက်ချိန်တွင် ယဲ့ဖန်က ဖေးချမ်အား ဆွဲထူလိုက်သည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားရသည်။ သူ့မျက်နှာတွင်လည်း ထင်မထား လောက်အောင် စိတ်လှုပ်ရှားဟန်များ ထင်ဟပ်နေ၏။

“ငတုံးလေး မင်း ဘာလို့ …”

သူတို့နှစ်ယောက်သည် အချိန်အတော်ကြာ ဝေးနေကြသည့် ညီအစ်ကိုများ ပြန်တွေ့ရ သကဲ့သို့ ရင်ချင်းအပ်၍ အားရပါးရဖက် နေကြသည်။

ထိုအခါ လူတိုင်း တိတ်ဆိတ်သွားကြသည်။ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များ အားလုံး မယုံသင်္ကာ ဖြစ်နေကြသည်။ ဆေးဘုရင်နှင့် အခြားသူများက ပို၍ တုန်လှုပ်နေ ကြသည်။

*မိတ်ဆွေတွေပဲ*

*သူက အရှင်သခင်ရဲ့ တပည့်ပါလား*

ထိုအခါတွင်မှ ဖေးချမ်က ယဲ့ဖန်၏ မိတ်ဆွေဟောင်း ဖြစ်ပြီး ညီအစ်ကိုတစ်ယောက် ဖြစ်သည်ကို အားလုံး ရိပ်စားမိသွားကြသည်။ ထို့နောက် ယဲ့ဖန်၏ တပည့်ဖြစ်သူအား ဖမ်းချုပ် ထားမိသည်ကို တွေးမိပြီး ဆေးဘုရင်နှင့် အခြားသူများ ကြောက်လန့်ကာ တုန်ယင် လာသည်။

ထိုအခိုက်တွင် ယဲ့ဖန်နှင့် ဖေးချမ်တို့သည် သူတို့အား အရေးမစိုက်ဘဲ အချင်းချင်း စိတ်လှုပ်ရှား ပျော်ရွှင်ဟန်ဖြင့် ကြည့်နေကြသည်။ ဤနေရာ၌ ဤသို့ ပြန်တွေ့ရ လိမ့်မည်ဟု နှစ်ယောက်လုံး ထင်မထားမိပေ။

“သခင်ကြီး၊ ခင်ဗျား … ခင်ဗျားက သူတို့ ပြောနေတဲ့ ပထမ အရှင်သခင်လား”

ဖေးချမ်က ယခုထိ တွေဝေနေမိသေးသည်။ ဤနေရာသည် ယန်ဝမ် ဟင်းလင်ပြင် ဖြစ်နေသည် မဟုတ်ပါတကား။ ဤနေရာ၌ လောကသခင်အဆင့် သုံးယောက်၊ လောကသခင် တစ်ပိုင်းအဆင့် သုံးယောက်နှင့် နတ်သခင် အဆင့်များ ရာချီ၍ ရှိနေ၏။ ဤအင်အားနှင့်ဆိုလျင် အပြင်လောကအား အကြိမ်တစ်ရာမက နှိမ်နင်းနိုင်သည်။

သူ ယုံရခက်နေ၏။ ထိုအခါ ယဲ့ဖန်က အသာပြုံး၍ ပြန်ပြောလာသည်။

“ပြောရရင်တော့ တော်တော် ကြာမှာ၊ ငါ မင်းကို နောက်မှ ပြောပြမယ်”

“အခု မင်း ယန်ဝမ် ဟင်းလင်းပြင်ထဲ ဘယ်လိုလုပ် ရောက်လာတာလဲဆိုတာ ရှင်းပြဦး”

ယဲ့ဖန်သည် ဖေးချမ်ကို ကြည့်ရင်း ရင်ထဲ၌ ခံစားချက် မကောင်းသလို ခံစားမိနေ၏။ သူ့စကားကြောင့် ဖေးချမ်၏ ပျော်ရွှင်နေသော အမူအရာက ပျောက်ကွယ်သွားပြီး ဝမ်းနည်း ရိပ်များ ထင်ဟပ်ကာ မျက်ရည်များ စီးကျလာ၏။

“သခင်ကြီး၊ ကမ္ဘာဂြိုဟ် … မရှိတော့ဘူး”

ထိုစကားကြောင့် ယဲ့ဖန် ထိတ်လန့်တုန်လှုပ်သွားရသည်။

“မင်း ဘာပြောလိုက်တာလဲ”

ယဲ့ဖန်က ဖေးချမ်ကို စူးစိုက်ကြည့်၍ အေးစက်သက် အသံဖြင့် ပြန်မေးလိုက်သည်။ သူ့ထံမှ တုန်လှုပ်ဖွယ် ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး အပူချိန်က ရုတ်တရက် သုညမှတ်သို့ ထိုးချသွားပြီး လူတိုင်း ခိုက်ခိုက်တုန် လာကြသည်။ ထိုအခါ ဖေးချမ်က ဝမ်းနည်းစွာ ရှင်းပြလာသည်။

“သခင်ကြီး ပျောက်သွားကတည်းက ဝိညာဉ်သခင်နှင့် ထို့ပါယင်က သခင်ကြီး ရှိမယ့် နေရာကို တွက်ချက်ကြတယ်၊ ဒါပေမဲ့ လုံးဝ ထွက်ချက်လို့ မရဘူး”

“တွက်ချက်တဲ့နည်းလမ်းက မတော်တဆ ခြေရာလက်ရာ ကျန်သွားခဲ့လို့ အဓိက နတ်ဘုရား ခုနစ်ပါးထဲက တစ်ပါးဖြစ်တဲ့ ခန်ထျန်း နတ်ဘုရားက ကမ္ဘာဂြိုဟ်ရဲ့ တည်နေ ရာကို သိသွားပါတယ်”

ဖေးချမ်သည် ဆိုးရွားလှသော စစ်ပွဲကို ပြန်မြင်ယောင်လာပြီး ပို၍ ဝမ်းနည်းလာသည်။

“ကမ္ဘာဂြိုဟ်ကို သိသွားကြတော့ လောကသခင်တစ်ပါးဖြစ်တဲ့ ထျန်းကျစ်က အဓိက နတ်ဘုရား ခုနစ်ပါးနဲ့အတူ သန်းချီတဲ့ နတ်ဘုရားမျိုးနွယ်၊ အင်မော်တယ်မျိုးနွယ်နဲ့ မကောင်း ဆိုးဝါး မျိုးနွယ်တွေကို ဦးဆောင်ပြီး ကမ္ဘာဂြိုဟ်ကို လာတိုက်ခိုက်ပါတယ်”

ထိုစကားကြောင့် ယဲ့ဖန်၏ မျက်နှာက မည်းမှောင်လာသည်။

“မသေမျိုး ဖီးနစ်ဘုရင်နဲ့ ဟို ရှေးဟောင်းနတ်ဘုရား စိတ်ဝိညာဉ်တွေကရော ဘယ်ရောက် သွားလို့လဲ၊ သူတို့နဲ့ဆို ကမ္ဘာဂြိုဟ်က လူတွေကို နေရာပြောင်းပေးလို့ ရတာပဲ”

ယဲ့ဖန် ထိတ်လန့်ကာ ဒေါသထွက်နေသည်။ ဖေးချမ် ပြန်ပြောလာသည့် စကားကြောင့် သူ ပို၍ ဒေါသထွက် လာရသည်။

“အဲ့တိုက်ပွဲမှာ မျိုးနွယ်သုံးခုတင်မကဘဲ အခြားသူတွေလည်း ပါလာပါတယ်”

“အဲ့လူတွေက ယင်ယန်လောကက မသေမျိုး မျိုးနွယ်နဲ့ မိုးကြိုးနတ်ဘုရားပါ”

Chapter 884 ငါ့နောက်လိုက်ပြီး ဘဝသစ်စကြ

မသေမျိုး မျိုးနွယ်၊ မိုးကြိုးနတ်ဘုရား

ထိုနာမည်နှစ်ခုကို ကြားသည်နှင့် ယဲ့ဖန်၏ မျက်လုံးများက ရဲရဲနီလာသည်။ မသေမျိုး မျိုးနွယ်သည် တစ်ချိန်က မသေမျိုး ဟေးဒီးစ်ကိုလွှတ်၍ မသေမျိုး ဖီးနစ်ဘုရင်ကို လိုက်ဖမ်း ခိုင်းခဲ့သည်။

မိုးကြိုးနတ်ဘုရားသည်လည်း ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိးကို ထုတ်ဖော်နိုင်သည့် ကျို့ရွှမ်းမိုးကြိုးတုတ်အား ကိုင်ဆောင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို ခေါ်၍ သူ့အပေါ် မိုးကြိုး ပစ်ချစေပြီး ယန်ဝမ် ဟင်းလင်း ပြင်ထဲသို့ ပြုတ်ကျသွားအောင် လုပ်ခဲ့သည်။

“သေသင့်တဲ့ကောင်တွေ”

ယဲ့ဖန်သည် မသေမျိုးမျိုးနွယ်နှင့် မိုးကြိုးနတ်ဘုရားအား အသွေးအသားထဲအထိ မုန်းတီး မိသည်။

“သူတို့ရော အဆင်ပြေကြရဲ့လား”

ယဲ့ဖန်၏ အသံက တုန်ယင်နေသည်။ သူ၏ လက်နှစ်ဘက်ကလည်း တုန်နေပြီး အလွန် စိုးရိမ်နေ၏။ သူ့စကားကြောင့် ဖေးချမ် ပို၍ ဝမ်းနည်းလာသည်။

“မသေမျိုး ဖီးနစ်ဘုရင်ကို မသေမျိုး မျိုးနွယ်က ရန်သူလို့ သတ်မှတ်ထားတာပါ၊ အဲ့ဒါကြောင့် နောက်ဆုံး သူ ဒဏ်ရာ အပြင်းအထန် ရပြီး အဖမ်းခံလိုက်ရပါတယ်၊ သူ့ကို ယင်ယန် လောကကို ပြန်ဖမ်းခေါ်သွားတာပါ”

“တိုက်ပွဲမှာ ရှေးဟောင်း နတ်ဘုရား စိတ်ဝိညာဉ်တွေလည်း ပျက်စီးလုနီးပါး ဖြစ်ခဲ့ပါတယ်၊ နောက်တော့ သူတို့ရဲ့ ယင်ယန်လောကက မိသားစုကြီး နှစ်ဆယ့်လေးခုရဲ့ အကူအညီနဲ့ သူတို့ ယင်ယန်လောကကို ပြန်ထွက်ပြေးနိုင် သွားပါတယ်”

ရှင်းပြနေချိန်တွင် ဖေးချမ်၏ မျက်နှာက ပိုပို၍ ဝမ်းနည်းရိပ် သန်းလာသည်။

“ပြီးတော့ ဝိညာဉ်သခင်လည်း သေလုမျောပါး ဖြစ်သွားပါတယ်၊ မမလေး ဝမ်အာသာ ပျက်သုဉ်းခြင်း ခန္ဓာကိုယ်ကို အောင်အောင်မြင်မြင် မပေါင်းစပ်နိုင်ခဲ့ရင် အားလုံး အသတ်ခံ လိုက်ရမှာပါ”

“ဒါပေမဲ့လည်း ကျွန်တော်တို့ နတ်ဆိုးမျိုးနွယ်တွေ သေကြေပျက်စီးပြီး ဒဏ်ရာရ ခဲ့ရပါတယ်၊ ဝိညာဉ်သခင်တင် မကဘဲ အမှောင်သခင်နဲ့ ချီယန် နတ်ဆိုးဘုရင်တို့ပါ အဖမ်းခံ လိုက်ရပါတယ်”

“ကျန်တဲ့ မမလေး အန်းရှီနဲ့ အခြားသူတွေကတော့ ပျောက်ဆုံးနေပါတယ်”

ဆိုးရွားလှသည့် သတင်းဆိုးများကြောင့် ယဲ့ဖန် သတိလစ်လုမတတ် ဖြစ်လာပြီး အမုန်း တရားများ တိုးပွားလာသည်။ အပြင်လောကသို့ ချက်ချင်း ထွက်လာပြီး မျိုးနွယ်သုံးခုလုံးကို သုတ်သင်ချင်လာမိသည်။

ထိုသို့ တွေးမိပြီးနောက် ယဲ့ဖန်က ဖေးချမ်ကို ချုပ်ထားသော သံကြိုးများကို ဆောင့်ဆွဲ လိုက်သည်။ ထိုအခါ နတ်ဘုရားချုပ် သံကြိုးများ ပျက်စီးသွားသည်။ ထို့နောက် ယဲ့ဖန်က ဖေးချမ်ကို ခေါ်၍ စင်မြင့်ပေါ်သို့ ပြန်တက် သွားသည်။

ထိုအခါတွင်မှ ဆေးဘုရင်နှင့် အခြားသူများ စိတ်အေးသွားကြသည်။ ယဲ့ဖန်နှင့် ဖေးချမ် တို့က သူတို့ တမင် သက်သက် ရန်ရှာဖမ်းချုပ်ခဲ့ခြင်း မဟုတ်မှန်း သိနေကြသဖြင့် သူတို့ စိတ်အေးသွားကြသည်။

“အားလုံးပဲ”

ထိုစဉ် ယဲ့ဖန်က စင်မြင့်ပေါ်မှနေ၍ အောက်ဘက်ရှိ ထောင်သောင်းချီသော ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များကို ကြည့်ကာ ပြောလာသည်။

“မင်းတို့ ကြားလိုက်ကြမှာပါ”

သူ့စကားကြောင့် စင်မြင့်အောက်ရှိ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များအားလုံး စိတ်မချမ်းမြေ့သလို ဖြစ်သွားကြသည်။ သူတို့၏ အရှင်သခင်၊ သူတို့၏ နတ်ဘုရားဖြစ်သူ၏ မိတ်ဆွေသည် သူတို့၏ မိတ်ဆွေသာ ဖြစ်သည်။ အရှင်သခင်၏ ယခင် အိမ်တော်က သူတို့၏ အိမ်တော်သာ ဖြစ်သည်။

ယခု ထိုယခင်နေရာက ဖျက်ဆီးခံလိုက်ရပြီး မိတ်ဆွေများ အဖမ်းခံလိုက်ရသည်။ ဤသည်က ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များအားလုံးကို သတ်ဖြတ်ချင်စိတ်များ ပေါက်ဖွား လာစေသည်။

“မင်းတို့ဘိုးဘေးတွေ ငါ့ကို နှစ်သန်းချီပြီး စောင့်ခဲ့ကြတယ်”

ယဲ့ဖန်က လူအုပ်ကြီးကို ဝေ့ကြည့်၍ ဒေါသထွက်၍ ရူးမတတ် ဖြစ်နေသော မျက်လုံး များဖြင့် ဆက်ပြောလာသည်။

“အခု ငါ မင်းတို့ကို ကောင်းကင်ဘုံကို ခေါ်သွားမယ်၊ ပြီးတော့ နတ်ဘုရားတွေကို ဖျက်ဆီး မယ်”

“ဒီနေ့ကစပြီး ဒီဟင်းလင်းပြင်ကို ဘယ်တော့မှ လှောင်အိမ်တစ်ခု မဖြစ်စေရတော့ဘူး”

“ငါတို့ကို အကျဉ်းသားအဖြစ် ထိန်းသိမ်းထားခဲ့တဲ့လူတွေကို၊ ငါတို့ကို ခြံမွေး တိရစ္ဆာန် တွေလို သဘောထားခဲ့တဲ့ လူတွေကို သွေးကြွေးဆပ်ခိုင်းရမယ်”

ယဲ့ဖန်၏ စကားတိုင်းက အားမာန်ပါပြီး လူတိုင်း၏ နှလုံးသားထဲသို့ စိုက်ဝင်သွားကာ သိုင်းပညာရှင် များအားလုံး သွေးပွက်ပွက် ဆူလာကြသည်။

“အခု ငါ မင်းတို့ကို လိုအပ်တယ်”

“မင်းတို့ ငါ့နောက်လိုက်ပြီး အပြင်လောကက ယုတ်မာတဲ့လူတွေကို သုတ်သင်ဖို့အတွက် ငါ မင်းတို့ကို လိုအပ် နေတယ်”

ထိုစကားသံအဆုံး၌ အားလုံး သွေးဆူလာကြပြီး တစ်ကိုယ်လုံး ပူရှိန်းရှိန်း ဖြစ်သွား ကြသည်။ လူတိုင်းက လက်သီး လက်မောင်း တန်း၍ ပြန်လည်ကြွေးကြော်လာ၏။

“အပြင်လောကက ယုတ်မာတဲ့လူတွေကို သတ်ပစ်မယ်”

“သတ် သတ် သတ်”

ကြွေးကြော်သံများက အဆုံးအစမဲ့စွာ ထွက်ပေါ်လာ၏၊ ထိုအခိုက်တွင် အပြင်လောကမှ မျိုးနွယ်သုံးခုသည် သူတို့ နှစ်သန်းချီကြာအောင် သိထားခဲ့သည့် ဟောကိန်းထဲမှ ပျက်စီးကိန်းက မကြာခင် ရောက်ရှိလာတော့မည်ကို မသိကြချေ။

သို့သော် ယဲ့ဖန်က ထိုမျှနှင့် မရပ်သေးဘဲ လက်ကိုလှုပ်လိုက်သည်။ ထိုအခါ ဝိညာဉ်စား ပုရွက်ဆိတ်များက သူ၏ အင်္ကျီလက်စထဲမှ ထွက်လာလေသည်။ အားလုံးက လက်သည်းခွံ အရွယ်မျှသာ ရှိသော်လည်း ခဏလေးအတွင်း ခန္ဓာကိုယ် ကြီးမားလာပြီး ဘောလုံး အရွယ်အစားကဲ့သို့ ဖြစ်လာကြသည်။

“သွားကြ၊ ဒီကောင်းကင်ကို ဝါးမျိုပြီး ယန်ဝမ် ဟင်းလင်းပြင်ကို တုန်ခါအောင် လုပ်ကြ”

ယဲ့ဖန်၏ ကြုံးဝါးသံ အဆုံး၌ များလှစွာသော ဝိညာဉ်စား ပုရွက်ဆိတ်များက ရုတ်တရက် ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။ ကောင်းကင်ယံ၏ အစွန်းသို့ ရောက်သည်နှင့် ဝိညာဉ်စား ပုရွက်ဆိတ်များက လက်သည်းများနှင့် အစွယ်များကို သုံး၍ ကိုက်ဖြတ် လေတော့သည်။

အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် လေဟာနယ် အတားအဆီးက အက်ကွဲ လာသည်။ ထိုအက်ရာမှ တစ်ဆင့် အပြင်လောက၏ အငွေ့အသက်များက ယန်ဝမ် ဟင်းလင်းပြင်ထဲသို့ ပျံ့လွင့်လာလေသည်။

“ဒါ … ဒါ အပြင်လောကလား”

ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များအားလုံး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရ ခက်နေ ၏။ နှစ်သန်းပေါင်း များစွာအတွင်း ဘုရင်ယာမာအပြင် ယဲ့ရွှင်းအာ တစ်ဦးတည်းသာ ဤလောကမှနေ၍ အပြင်လောကသို့ ထွက်သွားနိုင်ခဲ့သည်။

ယခုအခါတွင်မူ အက်ရာ၏ နောက်ကွယ်မှ စကြဝဠာကို မြင်လိုက်ရသဖြင့် ယန်ဝမ် ဟင်းလင်းပြင်ရှိ သိုင်းပညာရှင်များ စိတ်လှုပ်ရှားနေလေသည်။

သူတို့ ပိုင်ဆိုင်သော ခေတ်အခါ ရောက်လာပြီမှန်း သူတို့ သိနေကြသည်။ ယခုအချိန်တွင် ဝိညာဉ် နန်းတော်သခင်၊ စံအိမ်သခင်၊ ကောင်းကင်သခင်နှင့် မဟာအကြီးအကဲများ ဖြစ်သော လင်းဟွမ်ကွေ့လိုက်၊ မင်ဟဲနှင့် ထျန်းခွေတို့ သာမက အဖွဲ့အစည်းသုံးခုမှ ရာချီသော အကြီးအကဲများ၊ မြို့တော်နှစ်ဆယ့်လေးမြို့မှ မြို့တော်သခင်များနှင့် အခြား သူများ အားလုံး မျှော်လင့်တကြီးဖြင့် ရင်ခုန်နေကြသည်။ လူတိုင်း သွေးပွက်ပွက် ဆူကာ စိတ်လှုပ်ရှားနေ၏။

အားလုံး၏ မျှော်လင့်နေသော အကြည့်များအောက်မှာပင် အက်ရာက ပိုပိုကြီးမား လာသည်။ ထိုအက်ကြောင်းရာ မှနေ၍ တောက်ပသော ကြယ်တာရာများကို အားလုံး တွေ့လိုက်ရသည်။

“လှလိုက်တဲ့မြင်ကွင်း”

မီးလျှံဘိုးဘေး ပြုံးနေမိသည်။ သူ့မျက်လုံး၌ ကြမ်းကြုတ်ခက်ထန်လိုဟန်များ ထင်ဟပ် နေသည်။

“ဒီလောက်လှတဲ့ စကြဝဠာကြီးကို ရန်သူရဲ့ သွေးနဲ့သာ ထပ်ဆေးကြောလိုက်ရရင် ပိုပြီး တောင် လှပသွားဦးမယ်”

သူသည်သာမက ဘေးနားမှ လျှိုချင်းရီကလည်း ယဲ့ဖန်အား ရီဝေသော အကြည့်များဖြင့် လှမ်းကြည့်နေသည်။ ယဲ့ဖန်က ယန်ဝမ် ဟင်းလင်းပြင်သို့ ရောက်လာပြီး ချင်းရီ ဆေးအဖွဲ့အစည်းမှစ၍ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များ အားလုံးကို တစ်ဆင့်ချင်းတစ်ဆင့် သိမ်းပိုက်လွှမ်းမိုးနိုင်ခဲ့သည်ကို သူမ မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ရသည်။

သူသည် ထူးခြားဆန်းကြယ်၍ ကြောက်စရာ ကောင်းလှသည်။ သူသာ ရှိနေပါက တစ်လောကလုံး ပျက်စီးနေလျင် တောင်မှ အရာအားလုံး အဆင်ပြေသွားလိမ့်မည်ဟု လျှိုချင်းရီ ခံစားမိနေသည်။

ဝုန်း!

အားလုံး အတွေးကိုယ်စီဖြင့် ရှိနေစဉ်တွင် ကောင်းကင်ယံမှ လေဟာနယ် အတားအဆီး တစ်ခုလုံးကို ဝိညာဉ်စား ပုရွက်ဆိတ်များ ကိုက်ဖြတ်၍ ပြီးသွားလေသည်။ ယန်ဝမ် ဟင်းလင်းပြင်၏ အထက်၌ ဟင်းလင်းပြင် အပေါက် တစ်ခု ပေါ်ထွက်လာ၏။

“ငါ့လူတို့ ငါ့နောက်က လိုက်ခဲ့ပြီး ဘဝသစ် စကြတော့”

ယဲ့ဖန်က စင်မြင့်အောက်မှ သိုင်းပညာရှင်များကို လှမ်းကြည့်၍ ပြောလိုက်သည်။ ထိုအခါ အားလုံးက ဟစ်ကြွေးလာကြလေသည်။ ထို့နောက် ယဲ့ဖန်က နဖူးကို ထိလိုက်သည်။

ဒေါင်!

ထိုအခါ ပြီးပြည့်စုံသွားသော ကောင်းကင်ခွင်း ခေါင်းလောင်းက နဖူးအလယ်မှ ထွက်လာ သည်။ ကောင်းကင်ခွင်း ခေါင်းလောင်း၏ အတွင်း၌ ကမ္ဘာငယ်လေးတစ်ခု ရှိသည်။

ထိုစဉ် ယဲ့ဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ စောင့်ဆိုင်းနေကြသော အဖွဲ့အစည်းသုံးခု၏ ခေါင်းဆောင်များ၊ မဟာအကြီးအကဲများ၊ မြို့တော်သခင်များနှင့် သိုင်းပညာရှင်များအားလုံးက လေထဲသို့ ခုန်တက်၍ ကောင်းကင်ခွင်း ခေါင်းလောင်း တွင်းသို့ ဝင်ရောက်သွားကြသည်။

ဖေးချမ်၊ ယဲ့ရွှင်းအာနှင့် အခြားသူများပါ ကောင်းကင်ခွင်း ခေါင်းလောင်းထဲ ရောက်သွား သည့်အချိန်တွင် ယဲ့ဖန်က ကောင်းကင်ခွင်း ခေါင်းလောင်းအား နဖူးအလယ်နှင့် တေ့၍ အသိစိတ်ပင်လယ်တွင်း၌ ပြန်သိမ်းထားလိုက်သည်။

ထို့နောက်တွင်မှ ကောင်းကင်ယံရှိ ဟင်းလင်းပြင် အပေါက်ထံ ပျံသန်းသွားပြီး အပြင်လောကကို ကြည့်ကာ ကြုံးဝါးလိုက်သည်။ ယဲ့ဖန်၏ အကြည့်၌ ရက်စက် ကြမ်းကြုတ် မှုများ ထင်ဟပ်နေ၏။

“နတ်ဘုရားမျိုးနွယ်၊ အင်မော်တယ်မျိုးနွယ်၊ မကောင်းဆိုးဝါးမျိုးနွယ်၊ မင်းတို့ သွေးကြွေး ဆပ်ဖို့ အချိန်တန်ပြီ”

Chapter 885 ဝိညာဉ်မြို့တော်သို့ ပြန်လာခြင်း

စိတ်ဝိညာဉ်တောင်တန်း၊ ဤနေရာသည် ဝိညာဉ်သခင် နေခဲ့ဖူးသော နေရာဖြစ်သည်။ တစ်ချိန်က ဝိညာဉ်သခင်သည် ဤနေရာ၌ ကစားပွဲကဲ့သို့ အစီအစဉ် ချခဲ့ဖူးသည်။

ယဲ့ဖန်ကို ဤနေရာသို့ ရောက်လာအောင် စွဲဆောင်ခဲ့ပြီး မျိုးနွယ်သုံးခုမှ နတ်သခင် တစ်ပိုင်းအဆင့်များကို သတ်ခဲ့ကြသည်။

ဝိညာဉ်တောင်တန်းရှေ့တွင် ဝိညာဉ်မြို့တော် စံအိမ် ရှိသည်။ ထို့ပါယွင်သည် တစ်ချိန်က ဤဝိညာဉ်မြို့တော်၏ သခင်လေး လေးယောက်ထဲမှ တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ နောက်ဆုံးတွင် ဝိညာဉ်သခင်နှင့်အတူ ကမ္ဘာဂြိုဟ်သို့ ပြန်သွားခဲ့သည်။

ဤဝိညာဉ်မြို့တော်တွင်း၌ ယဲ့ဖန်နှင့် ရင်းနှီးကျွမ်းဝင်သော နေရာတစ်နေရာ ရှိသည်။ ထိုနေရာသည် ရွှံ့စေးရုပ်တုဆိုင် ဖြစ်သည်။ ထိုဆိုင်တွင် တစ်ချိန်က ဟွမ်အာ၏ ရွှံ့စေးရုပ်တုများနှင့် ပြည့်နှက်ခဲ့ဖူးသလို နတ်ဆိုးဧကရာဇ်ဖြစ်သူ ယဲ့ဖန်တောင်မှ ဤဆိုင်မှ ရွှံ့စေးများဖြင့် ရွှံ့စေးရုပ်တုများစွာ ပြုလုပ်ခဲ့ဖူးသည်။

ဤရွံ့စေးရုပ်တုဆိုင် ရှေ့မှာပင် အဓိက နတ်ဘုရား ရှစ်ပါးထဲမှ တစ်ပါးဖြစ်သူကို သတ်ခဲ့သဖြင့် နတ်ဘုရား တောင်တန်းအား ထိတ်လန့်သွားစေခဲ့သည်။

ယခုအခါတွင်မူ အချိန်များ ပြောင်းလဲသွားပြီးနောက် ရွှံ့စေးရုပ်တုဆိုင်ရှေ့၌ လူများစွာ တို့ဖြင့် ပြည့်နှက်နေသည်။ လမ်းသွားလမ်းလာများက ရွှံ့စေးရုပ်တုဆိုင်အား သနားသလို ကြည့်နေကြပြီး ငြင်းခုန် ပြောဆိုနေကြသည်။

“ဝိညာဉ်မြို့တော်ရဲ့ မြို့တော်သခင် အသစ်က ရက်စက်လွန်းမယ်လို့ ငါ ထင်မထားမိဘူး၊ သူက မမလေး ရွှမ်အာကိုတောင်မှ သိမ်းချင်နေသေးတယ်”

“ဟုတ်တယ်၊ ပိုပြီး စိတ်တိုစရာ ကောင်းတာက ဘာလဲ သိလား၊ ဒီမြို့တော်သခင် ရှုံးပါ့က နတ်ဆိုးဧကရာဇ်ကြောင့် ဒီကို ရောက်လာတာလို့ အကြောင်းပြပြီး ရွှမ်အာနဲ့ အဘိုးကို ခြိမ်းခြောက်တာပဲ”

“မုန်းဖို့ကောင်းလိုက်တာကွာ၊ ချီးတဲ့မှပဲ၊ နတ်ဆိုးဧကရာဇ် ဒီမှာ မရှိတာ ဝမ်းနည်းဖို့ ကောင်းတယ်၊ နတ်ဆိုးမျိုးနွယ်က လူအားလုံး သေကုန်ပြီကွာ”

“…”

လမ်းသွားလမ်းလာများ၏ စိတ်ထဲတွင် မခံမရပ်နိုင်စိတ်များဖြင့် ပြည့်နှက်နေ၏။ အားလုံး၏ ရှေ့၌ နတ်ဘုရားမျိုးနွယ်မှ အစောင့်များက သံချပ်ကာများ ဝတ်၍ စောင့်ကြပ် နေကြသဖြင့် ဆိုင်ထဲမှ အပြင်သို့ ထွက်ပြေးလာရန် မဖြစ်နိုင်ပေ။

ထိုအစောင့်များထံမှ အန္တရာယ်ပေးလိုသော အငွေ့အသက်များ ထွက်ပေါ်နေ၏။ မြို့တော်သခင်သာ တစ်ခွန်း ပြောလိုက်ပါက သူတို့ တစ်ဆိုင်လုံးကို ဖျက်ဆီးမည့်ပုံပင်။

တစ်ချိန်တည်းမှာပင် ရွှံ့စေးရုပ်တုဆိုင်အတွင်း၌ မျက်နှာပေါ်တွင် အမာရွတ်တစ်ခု ရှိနေသော ရုပ်ဆိုးသည့် လူတစ်ယောက်က ခုံတွင် ခြေချိတ်၍ ထိုင်ကာ ရွှမ်အာအား ရှုံ့မဲ့သော မျက်နှာဖြင့် ကြည့်နေ၏။

“ရှောင်ရွှမ်၊ မင်း ဘယ်လို ဆုံးဖြတ်ထားလဲ”

“မင်းအဘိုးရဲ့ အသက်က အရေးကြီးလား ဒါမှမဟုတ် မင်းရဲ့ဖြူစင်မှုက အရေးကြီးလား”

မြို့တော်သခင် ရှုံးပါ့၏ ရှေ့တွင် သွေးအလိမ်းလိမ်းနှင့် အဘိုးအိုတစ်ယောက် ဒူးထောက် နေ၏။ သူသည် ရှောင်ရွှမ်၏ အဖိုး ဖြစ်လေသည်။ ယခုအချိန်တွင် သူသည် တစ်ကိုယ်လုံး သွေးများ ပေကျံ၍ ဒဏ်ရာရနေသည်။ ပြင်းထန်သော အပြစ်ပေးခြင်းများကို သူ ခံထားရပုံ ပေါ်သည်။

“တိရစ္ဆာန်ကောင်”

ရှောင်ရွှမ်သည် အဘိုးဖြစ်သူ၏ ဆိုးရွားလှသော အခြေအနေကို ကြည့်ပြီး ကျိန်ဆဲ လိုက်မိသည်။ သူမမျက်နှာတွင် အလွန်တရာ ဒေါသထွက်၍ မုန်းတီးဟန်များ ထင်ဟပ် နေသည်။ မြို့တော်သခင် အသစ်က အလွန် ကောက်ကျစ် ယုတ်မာလိမ့်မည်ဟု သူ ထင်မထားမိပေ။

သူမမိသားစုဝင်၏ အသက်ဖြင့် သူမအား အရှုံးပေးရန် ခြိမ်းခြောက်နေ၏။ ရှောင်ရွှမ်၏ ကျိန်ဆဲသံကို ကြားရသော်လည်း မြို့တော်သခင် ရှုံးပါ့က ခပ်အေးအေးနှင့် ညစ်ကျယ်ကျယ် မျက်နှာပေးဖြင့် ပြောလေသည်။

“ဟဲဟဲ … ဟုတ်တယ်၊ ငါက သားရဲတစ်ကောင်ပဲ”

“မင်းရဲ့နှလုံးသားကို ဟိုချီးထုတ် နတ်ဆိုးဧကရာဇ်ဆီ ပုံအပ်ထားတာ ကြာပြီဆိုတာ ငါ သိတယ်၊ သူ ဒီမှာ နတ်ဆိုးဧကရီရဲ့ ရွှံ့စေးရုပ်တုကို နေ့တိုင်း ပြုလုပ်ပြီး အသက်သွင်းခဲ့မှန်း ငါ သိတယ်”

“သူ အသက်တိုတာတော့ စိတ်မကောင်းစရာပဲ၊ ငါတို့ နတ်ဘုရားမျိုးနွယ်ကို လာရန် စရဲမှတော့ အလောင်းတောင် မကျန်ဘဲ သေသွားရတယ်လေ”

မြို့တော်သခင် ရှုံးပါ့က ထိုသို့ပြောပြီး အပြုံးကြီး ပြုံးနေ၏။ ထိုစကားက ရှောင်ရွှမ်၏ အရှိုက်ကို ထိသွားပုံ ရသည်။ သူမသည် ဒေါသထွက်နေသော ခြင်္သေ့ပေါက်လေးကဲ့သို့ ရှုံးပါ့ အား စူးစူးရဲရဲ ပြန်အော်လေသည်။

“နင် အဓိပ္ပာယ် မရှိတာ လာမပြောနဲ့၊ အစ်ကိုယဲ့က မသေဘူး”

“နင်တို့အားလုံး သူ့ကို မသတ်နိုင်ဘူး”

ရှောင်ရွှမ်၏ မျက်နှာလေးက ဒေါသကြောင့် နီမြန်းလာသည်။ လူပေါင်းများစွာက သူမကို နတ်ဆိုးဧကရာဇ် သေဆုံးသွားပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့ဟု ပြောလျင်တောင်မှ သူမ ယုံမည်မဟုတ်ပါ။ ရှောင်ရွှမ်၏ ဆတ်ဆတ်ထိမခံသော တုံ့ပြန်မှုကြောင့် မြို့တော် သခင် ရှုံးပါ့ ချက်ချင်း မျက်နှာ မည်းမှောင်သွားသည်။

“မသေနိုင်ဘူး ဟုတ်လား၊ မင်း အခုထိ အိပ်မက်မက်နေတုန်းနဲ့ တူတယ်”

ရွှံ့စေးရုပ်တုဆိုင်တစ်ခုလုံး၌ ယဲ့ဖန်၏ ရုပ်တုများဖြင့် ပြည့်နှက်နေသည်ကို ရှုံးပါ့ တွေ့ခဲ့ရသည်။ ထိုရွှံ့စေး ရုပ်တုများက ယဲ့ဖန် အစစ်ကဲ့သို့ အသက်ဝင်လာတော့မည်ဟု ထင်မှတ်ရသည်။ မြို့တော်သခင် ရှုံးပါ့ ရုတ်တရက် ဒေါသထွက်လာသည်။

“မင်းက အိပ်မက်မက်နေတုန်း ဆိုမှတော့ ငါ မင်းကို နှိုးပေးရမှာပေါ့”

ထိုစကား ပြောပြီးနောက် မြို့တော်သခင် ရှုံးပါ့က သူ့အနားမှ ယဲ့ဖန်ပုံ ရွှံ့စေးရုပ်တုများကို ဖျက်ဆီးလေတော့သည်။

“မလုပ်နဲ့”

ရှောင်ရွှမ် ထိတ်လန့်၍ မျက်နှာ ဖြူရော်သွားသည်။ ဖျက်ဆီးခံလိုက်ရသည်က ရွှံ့စေးရုပ်တု မဟုတ်ဘဲ သူမဘဝ ဖြစ်နေသည်ဟု သဘောထားပြီး အသည်းအသန် တားဆီးရန် ပြင်လေ သည်။ သို့သော် အဖြစ်အပျက်က အလွန် မြန်လွန်း လှသဖြင့် သူမ မတားလိုက်နိုင်ပေ။

ဂျွတ်!

အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် စင်ပေါ်မှ ယဲ့ဖန်ပုံတူ ရွှံ့စေးရုပ်တု များအားလုံး ပျက်စီးသွား လေသည်။ တစ်ခဏလေးအတွင်းမှာပင် ယဲ့ဖန်ပုံတူ ရွှံ့စေးရုပ်တု များအားလုံး ပျက်စီးသွားပြီး တစ်ခုမှ မကျန်ရစ် တော့ပေ။

ဤမြင်ကွင်းကြောင့် ရှောင်ရွှမ် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူမသည် အားအင် ကုန်ခမ်း သွားပုံနှင့် ထိုအပျက်အစီးများထံ လှမ်းသွားပြီး အပိုင်းအစများကို ကောက်ယူ လေသည်။

သူမ မျက်ရည်များ စီးကျလာသည်။ သူမနှင့် ယဲ့ဖန်က ကမ္ဘာခြင်း ခြားနေကြောင်း သူမ သိသော်လည်း သူမ အစွမ်းကုန် ကြိုးစားပါက တစ်နေ့ သူ့ကို အမှီလိုက်နိုင်ပြီး သူ့ဘေး၌ ရပ်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။

သူမ ယဲ့ဖန်၏ ပုံတူ ရွှံ့စေးရုပ်တုများကို နေ့ရောညပါ ပြုလုပ်ခဲ့သည်။ သူမ အစွမ်းကုန် အားထုတ်၍ ယဲ့ဖန်၏ ပျော်နေပုံနှင့် စိတ်ဆိုးနေသော ရွှံ့စေးရုပ်တုများကို ပြုလုပ်ခဲ့သည်။ သူမ ရွှမ်းမြောင် အနုပညာနယ်မြေထဲ ဝင်ရောက်ချင်မိသည်။

သို့သော် ယခုအခါတွင်မူ … ရှောင်ရွှမ်ထံမှ ယူကြုံးမရ၍ ဝမ်းနည်းသော အငွေ့အသက်များ ပျံ့လွင့်လာသည်။ ထိုအငွေ့အသက်ကို ခံစားမိသဖြင့် မြို့တော်သခင် ရှုံးပါ့က ပို၍ မျက်နှာ မည်းမှောင်လာသည်။

“ကောင်းပြီလေ၊ မင်းက အဲ့ကောင်ကို တကယ် ချစ်နေတဲ့ပုံပဲ”

“အစက ငါ မင်းကို အကြမ်းနည်း မသုံးဘဲ မင်းစိတ်ပြောင်းအောင် လုပ်ချင်ခဲ့တာ၊ အခုတော့ မင်းက ငါ့ကို ဒီလိုဖြစ်လာအောင် ဖိအားပေးနေတာပဲ”

ထို့နောက် မြို့တော်သခင်က အစောင့်များကို အော်ပြောလိုက်သည်။

“သူ့ကို ဖမ်းခေါ်သွားကြ၊ ငါက ဟိုချီးထုတ် နတ်ဆိုးဧကရာဇ်ကောင်ထက် အဆတစ်ရာ ပိုသာတဲ့ ယောက်ျားဆိုတာ ဒီည သူ သိတာ လုပ်ပြမယ်ကွ၊ ဟားဟားဟား …”

မြို့တော်သခင် ရှုံးပါ့၏ စကား၌ ကောက်ကျစ်ယုတ်မာလိုဟန်များ ထင်ဟပ်နေသည်။ ဘေးနားမှ အစောင့်များက အလျင်အမြန် ပြေးလာပြီး ရှောင်ရွှမ်ကို ဖမ်းချုပ်၍ ဆိုင်ပြင်သို့ ဆွဲထုတ်လေသည်။ ဤသည်ကို မြင်ပြီး အဘိုးဖြစ်သူ မျက်နှာ ပျက်သွားသည်။

“ရှောင်ရွှမ်၊ လူမဆန်တဲ့ကောင် မင်း ရှောင်ရွှမ်ကို လွှတ်လိုက်စမ်း”

ထိုသို့ပြောပြီး အဘိုးအိုက ကုန်းထ၍ မြေးဖြစ်သူထံ ပြေးသွားရန် ပြင်လေသည်။

“အဘိုးကြီး သေချင်နေတာလား”

မြို့တော်သခင် ရှုံးပါ့က လှောင်ပြုံး ပြုံး၍ ကန်ထုတ်လေသည်။ အဘိုးအို တစ်ကိုယ်လုံး လွင့်ထွက်သွားပြီးနောက် ပြန်ပြုတ်ကျကာ သွေးအန်လာသည်။ ဤအဖြစ်ကြောင့် ရှောင်ရွှမ် ထိတ်လန့်ကာ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ဆိုင်အပြင်ဘက်မှ လူအုပ်ကြီး သည်လည်း မခံမရပ်နိုင် ဖြစ်သွားကြသည်။

“ခွေးမသား၊ မြို့တော်သခင်တစ်ယောက်က အဘိုးတစ်ယောက်နဲ့ မိန်းကလေး တစ်ယောက်ကို ဘယ်လိုလုပ် ဒီလောက် အနိုင်ကျင့်ရတာလဲ”

“အကျင့်မကောင်းတဲ့ကောင်၊ အဘိုးကိုလည်း ရိုက်နှက်တယ်၊ လူကိုလည်း သိမ်းယူတယ်၊ မင်းက မြို့တော်သခင် မဟုတ်ဘူး၊ မင်းက ဓားပြပဲ”

“…”

လမ်းသွားလမ်းလာများထံမှ ဒေါသတကြီး အော်ဟစ်ကျိန်ဆဲသံများ ထွက်ပေါ်လာသည်။ သူတို့၏ စကားသံကြောင့် မြို့တော်သခင် ရှုံးပါ့က ရိုင်းစိုင်းသော အမူအရာမျိုး ပေါ်လာ သည်။ အစောင့်များကို သူ အချက်ပြလိုက်သည်။

ထိုအခါ အစောင့်များက အော်ဟစ်နေသော လမ်းသွားလမ်းလာများကို ရိုက်နှက် ထိုးကြိတ် လေသည်။ အားလုံး ဒဏ်ရာများ ရကာ လဲကျသွားသည်။ သူတို့၏ စိတ်ထဲတွင် ဤမြို့တော် သခင်က ဓားပြများထက်ပင် ပို၍ ရက်စက် နေသဖြင့် ထိတ်လန့်သွားကြသည်။

“ဘာလဲ မင်းတို့က မနှစ်မြို့ဘူးလား”

မြို့တော်သခင် ရှုံးပါ့က လှောင်ပြုံးပြုံး၍ လက်သီးဆုပ်ကာ လက်သီးကို ထောင်ပြပြီး ကြိမ်းမောင်း လေသည်။

“ပြောချင်ရာ ပြောနေတဲ့ကောင်တွေကို ဒီလက်သီးစာ ကျွေးပစ်မယ်”

“အဘိုးကြီးကို ရိုက်ပြီး မိန်းကလေးကို သိမ်းတော့ ဘာဖြစ်လဲ”

“ဒီနေ့ ဒီသခင်ကြီးက ရှောင်ရွှမ်ကို မင်းတို့ ရှေ့မှာ သိမ်းပိုက်ပြမယ်ကွ၊ ဘယ်သူ ဘာပြော ရဲလဲ ကြည့်ကြ သေးတာပေါ့”

မြို့တော်သခင်က ညစ်ကျယ်ကျယ်ပြုံးကာ အစောင့်များ ဖမ်းထားသည့် ရှောင်ရွှမ်ကို လှမ်းဆွဲ လိုက်သည်။ နေ့ခင်းကြောင်တောင် အချိန်၌ သူ ရှောင်ရွှမ်ကို အဓ္မကျင့်ရန် ကြိုးစား လေတော့သည်။

စာစဉ် ၅၉ ဤတွင် ပြီးပါပြီ။

All Chapters