← Chapters

အခန်း (၈၉၂-၈၉၄)

Vol. 60 Ch. 892-894

အခန်း (၈၉၂-၈၉၄)

Vol. 60 Ch. 892-894

Chapter 892 အဲ့ဒါ … နတ်ဆိုးပဲ

၎င်းဝိညာဉ်စား ပုရွတ်ဆိတ်၏ အစွယ်နှင့် လက်သည်းများက လောကအား စုတ်ဖြဲ နိုင်သည်ဟု ထင်မှတ်ရသည်။ ထိုဝိညာဉ်စား ပုရွက်ဆိတ်အား တစ်ချက်ကြည့်မိ သည်နှင့် အားလုံး ကျောချမ်းသွားလောက်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ် ရာဂဏန်း လောက်က စကြဝဠာအနှံ့ လျှောက်သွားခဲ့သည်။ ထိုအချိန်က နတ်ဘုရား မျိုးနွယ်သာမက အင်မော်တယ်မျိုးနွယ်၊ မကောင်းဆိုးဝါး မျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်များပါ ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အစွယ်အောက်၌ သေဆုံးခဲ့ ရသည်။

အမှောင်သခင် နတ်ဆိုးဘုရင်တောင်မှ မချိပြုံး ပြုံးလိုက်ရသည်။

“ဒီတစ်ခါတော့ ထွက်ပြေးလို့မရနိုင်တော့ဘူး ထင်တယ်”

အမှောင်သခင် နတ်ဆိုးဘုရင်၏ စိတ်ထဲတွင် ထိုသူ၏ ပုံရိပ်များအားလုံး ထင်ဟပ် လာသည်။ သူ စောင့်နေခဲ့ သော်လည်း ယခုတစ်ခေါက်တွင်တော့ ထိုသူ ပြန်လာသည်ကို သူ စောင့်နေနိုင်တော့မည် မပုံပေ။

“သခင်ကြီး၊ တကယ်လို့ နောင်ဘဝသာ ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ နောင်ဘဝမှ ပြန်တွေ့ ကြပါမယ်”

အမှောင်သခင်၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ စွန်းထင်းလာ၏။ သူသည် ကလေးဘဝ ကလည်းက ထိုပုဂ္ဂိုလ်၏ စောင့်ရှောက်မှုအောက်၌ ကြီးပြင်းခဲ့ရသည်။ သူ့အတွက် တစ်ဖက်လူသည် သခင်ကြီးတစ်ယောက် ဖြစ်သလို ဖခင်တစ်ယောက်၊ ညီအစ်ကို တစ်ယောက်ဆိုလည်း မမှားနိုင်ပေ။

ထိုပုဂ္ဂိုလ်နှင့် ဘေးချင်းယှဉ်၍ ဂြိုဟ်များအား နှိမ်နင်းခဲ့သည်ကို သူ မမေ့နိုင်ပေ။ ချောက်ကမ်းပါးအောက်ခြေ၌ တစ်ဖက်လူက သူ ထွက်ပြေးနိုင်ရန် ဝိညာဉ်စား ပုရွက်ဆိတ်များကို ခုခံရင်း ကျန်ရစ်ခဲ့သည့် အဖြစ်ကို သူ မမေ့နိုင်ပါ။

အတိတ်က အဖြစ်အပျက်များကို တရိပ်ရိပ် မြင်ယောင်လာပြီး အမှောင်သခင် မျက်ရည်ဝဲ လာကာ မျက်လုံးမှိတ်၍ သေမည့်အချိန်ကိုသာ စောင့်နေလိုက်တော့သည်။

ကျွိ!

ထိုစဉ် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်က အတောင်ကို ဖြန့်၍ အမှောင် သခင်ထံ ပြေးဝင်လာသည်။ ၎င်း၏ အရောင်လက်နေသော မျက်လုံးက အစာကို အငမ်းမရ စိုက်ကြည့်နေပြီး သွားရည်များပင် စီးကျနေ၏။

ထို့နောက် ၎င်းက အမှောင်သခင်၏ ပခုံးကို ကိုက်ဖြတ်လိုက်သောကြောင့် အသားစ ပဲ့ပါ သွားသည်။ ပြင်းထန်လှသည့် နာကျင်မှုကြောင့် အမှောင်သခင် တုန်ယင်သွားသည်။

သူ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲချင်သော်လည်း မှော်စာလုံးက သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသဖြင့် ဖောက်ခွဲ၍ မရနိုင်ပေ။ ထို့ကြောင့် ဝိညာဉ်စား ပုရွက်ဆိတ်က သူ့အား တစ်ကိုက်ပြီး တစ်ကိုက် စားသောက်နေသည်ကိုသာ ကြည့်နေရသည်။

“လာစမ်းပါ၊ သားရဲစုတ်”

“မင်း အားမရှိဘူးလား၊ ဟားဟားဟား … အမှိုက်၊ သုံးစားမရတဲ့ ပုရွက်ဆိတ်”

အမှောင်သခင်က အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်အား ရူးသွပ် ခက်ထန်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ကြိမ်းမောင်းလေသည်။

ဤအဖြစ်ကြောင့် ဘေးနားမှ နတ်ဘုရားမျိုးနွယ်များ ထိတ်လန့်သွားလေသည်။ အမှောင် သခင်က ဤမျှ ကြံ့ခိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ကြောက်စရာ ကောင်းသော အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်နှင့် ရင်ဆိုင်နေသော်လည်း သူ ကြောက်လန့်နေပုံ မပေါ်ချေ။

မျက်လုံးသုံးလုံး နတ်ဘုရားတောင်မှ အံ့ဩသွားရသည်။ နတ်ဆိုးမျိုးနွယ်တိုင်းက ရက်စက် ကြမ်းကြုတ်ပြီး ရဲရင့်ကာ သေရမည်ကို မကြောက်မှန်း သူ သိသော်လည်း ဤမျှ သတ္တိရှိ လိမ့်မည်ဟု သူ ထင်မထားမိပေ။

ကျွိ! ကျွိ!

အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်သည် အမှောင်သခင်၏ စကားကို နားလည်ပုံ ရသည်။ ၎င်း၏ ကိုယ်ပေါ်မှ အနက်ရောင် ကြေးခွံများပင် ထောင်တက်လာပြီး ဒေါသထွက်လာလေ၏။

ဤ အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်သည် ထိတ်လန့်၍ ဒေါသထွက် နေလေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ၎င်းတို့သည် စကြဝဠာတည်းရှိ သက်ရှိသတ္တဝါအားလုံး၏ အိပ်မက်ဆိုး ဖြစ်ခဲ့ကြသည်။

နတ်ဘုရားမျိုးနွယ်သာမက အင်မော်တယ်မျိုးနွယ်၊ မကောင်းဆိုးဝါးမျိုးနွယ်နှင့် နတ်ဆိုး မျိုးနွယ်များပင် ၎င်းတို့ ကိုက်ဖြတ်ခံရသောကြောင့်‌ အော်ဟစ်ခဲ့ကြရသည်။ သို့သော် အမှောင်သခင်မှာမူ ၎င်း မြင်ဖူးသမျှလူထဲတွင် အရူးသွပ်ဆုံးသူ ဖြစ်သည်။

ကျွိ! ကျွိ!

ဝိညာဉ်စား ပုရွက်ဆိတ်သည် ဒေါသတကြီးဖြင့် အမှောင်သခင်ကို ဆက်တိုက် ကိုက်ဖြတ် လေသည်။ အမှောင်သခင်၏ ကိုယ်မှ အသားများ ပဲ့သွားပြီး သွေးများ ဆက်တိုက် ပန်းထွက်လာ၏။ သူ့မျက်နှာ ဖြူရော်နေပြီး နာကျင်မှုကြောင့် မူးဝေလုနီးပါး ဖြစ်နေလေသည်။ သို့သော် သူက အံကိုကြိတ်ကာ နာကျင်မှုကို တောင့်ခံ၍ အော်ဟစ်ခြင်း မပြုပေ။

“အမှိုက်၊ နာနာကိုက်စမ်း ငါ တောင့်ခံနိုင်တယ်ကွ”

“ဟေ့ကောင် မင်းက ဒါကို ကိုက်တယ်ခေါ်တာလား၊ ပုရွက်ဆိတ်လေးသာ ဒီမှာ ရှိလို့ကတော့ မင်းကို မိနစ်ပိုင်းအတွင်း ကိုက်စားနိုင်တယ်ကွ”

“ဟားဟားဟား … အသုံးမကျလိုက်တာ၊ မင်း အိုနေပြီပဲ၊ အိုစာနေတဲ့ အင်မော်တယ် ပုရွက်ဆိတ်ကြီး”

“…”

လက်ရှိအချိန်တွင် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ အမှောင်သခင်သည် ခန္ဓာကိုယ်မှ အသားစများ ဆက်တိုက် ကိုက်ဖဲ့ခံနေရသော်လည်း ရယ်မော၍ ကျိန်ဆဲ နေ၏။

အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်သည် ဒေါသကြောင့် တုန်ယင်နေ၏။ ဤမျှ စိတ်ဓာတ်ခိုင်မာသော လူမျိုးကို ၎င်း တစ်ခါမှ မမြင်ခဲ့ဖူးချေ။ မိမိကြောင့် ကိုက်စားခံ နေရသော်လည်း မတုန်လှုပ်ဘဲ အထင်သေးဟန်ဖြင့် ပြောဆိုနေသည်။ ၎င်းကြောင့် သေရ တော့မည်အား မထိုက်တန်ဟု တွေးနေပုံရသည်။

ထို့ကြောင့် ဝိညာဉ်စား ပုရွက်ဆိတ်သည် အရူးအမူး ကိုက်ဖြတ်လေတော့သည်။ အမှောင် သခင် တော်တော်လေး ဝါးစားခံနေရသည်ကို နတ်ဘုရားမျိုးနွယ်များအားလုံး မြင်နေ ရသည်။

ခြေထောက်များ အရှင်လတ်လတ် အစားခံလိုက်ရပြီးနောက် ခန္ဓာကိုယ်တစ်ဝက်လုံး အစားခံ လိုက်ရသည်။ သူ၏ ကျိန်ဆဲသံတောင်မှ အားယုတ်လာပြီး အချိန်မရွေး သေဆုံး တော့မည့်ပုံပင်။

“ငါ သေရတော့မှာပါလား …”

အမှောင်သခင် တစ်ခါမှ ဤသို့ သေခြင်းတရားနှင့် နီးကပ်သလို မခံစားဖူးချေ။ သူ သေမင်း၏ အငွေ့အသက် များကိုပင် ခံစားမိနေသည်။

“သခင်ကြီး၊ ညီအစ်ကိုတို့၊ ငါ … လာပြီ”

အမှောင်သခင် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဝိညာဉ်စား ပုရွက်ဆိတ်၏ အစွယ်များက သူ့ဦးခေါင်းထံသို့ ရောက်လာသည်ကို သူ မြင်လိုက်ရသည်။

ထိုစဉ် ခြေသံတစ်သံ ထွက်ပေါ်လာသဖြင့် ဒေါသထွက်နေသော ဝိညာဉ်စား ပုရွက်ဆိတ်ပင် ရုတ်တရက် ရပ်တန့်သွားသည်။ ထို့အပြင် ဘေးနားမှ မျက်လုံးသုံးလုံး နတ်ဘုရားနှင့် များစွာသော နတ်ဘုရားမျိုးနွယ်များ အားလုံးတို့သည်လည်း မှင်တက်သွားကြသည်။

*ခြေသံပါလား*

နတ်ဘုရားမျိုးနွယ်တိုင်း မျက်မှောင်ကြုတ်လာပြီး ခြေသံထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လာကြသည်။ သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။

မြေဆီလွှာက ငလျင်လှုပ်သကဲ့သို့ တုန်ခါလာပြီး အိပ်မက်ဆိုး ချောက်ကမ်းပါးသို့ လာရာလမ်း၌ ဖုန်တထောင်း ထောင်း ထနေသည်ကို အားလုံး တွေ့လိုက်ရသည်။ ညီညာ လှသော ခြေသံများက ဤနေရာသို့ လှမ်းလာနေပုံ ရသည်။ ထောင်ချီသော စစ်သည်တော် များက မြင်းများနှင့် ခရီးနှင်လာသည်ဟု ထင်မှတ်မှားရ၏။

“ဘယ်လိုဖြစ်ရတာလဲ”

မျက်လုံးသုံးလုံး နတ်ဘုရား မျက်ခုံးလှုပ်လာပြီး စိတ်ထဲ၌ အန္တရာယ် ရှိလာသလို ခံစားမိသည်။ ထိုစဉ် နတ်ဘုရားမျိုးနွယ် တစ်ယောက်က ကောင်းကင်ထက်သို့ မော့ကြည့် လိုက်သည်။ ထိုအခါ သူသည် တစ်ကိုယ်လုံး တုန်ယင်ကာ လဲကျလုနီးပါး ဖြစ်သွားရသည်။

ထို့အပြင် သူက လန့်ဖြန့်နေသော မျက်နှာထားဖြင့် မျက်လုံးသုံးလုံး နတ်ဘုရားအား ဒူးထောက်၍ တုန်ယင်သော လေသံဖြင့် ပြောလိုက်သည်။

“အရှင် … မျက်လုံးသုံးလုံး နတ်ဘုရား၊ အဲ့ဒါ … နတ်ဆိုးပါ”

*ဘာ*

သူ့စကားကြောင့် အားလုံး အံ့ဩသွားသည်။

*နတ်ဆိုးတဲ့လား*

*ကမ္ဘာဂြိုဟ်က နတ်ဆိုးတွေက သေတဲ့လူသေပြီး အဖမ်းခံရတဲ့သူက အဖမ်းခံရတယ်လေ၊ တစ်ချို့က ထွက်ပြေး သွားတာ*

*ဘယ်လိုလုပ် နတ်ဆိုးဖြစ်ရမှာလဲ*

နတ်ဘုရားမျိုးနွယ် စစ်သည်တော်များအားလုံး အံ့ဩကာ မယုံသင်္ကာ ဖြစ်သွားရသည်။ မျက်လုံးသုံးလုံး နတ်ဘုရားတောင်မှ မျက်ခုံးလှုပ်သွားသည်။

“တကယ်ပါလား”

“ခန်ထျန်း တွက်ချက်ထားတဲ့ ဟောကိန်းက တကယ် ဖြစ်လာတော့မှာပဲ”

မျက်လုံးသုံးလုံး နတ်ဘုရားသည် တစ်စုံတစ်ရာကို တွေးမိသွားပြီး ပြုံးလိုက်မိသည်။ ထိုစဉ် အရှေ့သို့ လူအရိပ်များ ရောက်ချလာသည်။

လူတစ်ရာ၊ တစ်ထောင်၊ တစ်သောင်း။ တစ်ခဏအတွင်း၌ ဖိအားတစ်မျိုး သက်ရောက် လာပြီး နတ်ဆိုး တစ်ရာကျော် ရောက်လာကြသည်။

ဤသည်ကိုကြည့်ပြီး နတ်ဘုရားမျိုးနွယ် စစ်သည်တော်များ မျက်လုံးပြူးသွားသည်။

“ဒါ … ဒါ လက်ခြောက်ချောင်း နတ်ဆိုးပဲ၊ မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ သူ့ကို ငါတို့အဖွဲ့က ဝိုင်းပြီး တိုက်ခိုက်ခဲ့တာလေ၊ သူ ဘယ်လိုလုပ် ပြန်ရှင်လာမှာလဲ”

“မြတ်စွာဘုရား၊ ဒါ … ဒါ သေသွားတဲ့ နတ်ဆိုးမဟုတ်လား၊ သူ့ကိုယ်သူ ဖောက်ခွဲခဲ့တာ မဟုတ်ဘူးလား”

“မိစ္ဆာဝိညာဉ်ရိုင်း၊ ဝူဘုရင်၊ မိုရိုသွေးစွန်းတစ္ဆေ၊ အားဆန်၊ သေစမ်း … နတ်သခင် တစ်ပိုင်းအဆင့် ငါးယောက်က သူတို့ကို ဝိုင်းသတ်ခဲ့တာ မဟုတ်လား၊ ဘယ်လိုလုပ် ဒီလူတွေ ဒီကို ရောက်လာတာလဲ”

“…”

များစွာသော နတ်ဆိုးမျိုးနွယ်များကို ကြည့်ပြီး နတ်ဘုရားမျိုးနွယ် စစ်သည်တော်များ အားလုံး နားဝေတိမ်တောင် ဖြစ်နေကြလေသည်။

Chapter 893 ငါ့လူတွေ မင်းတို့ ထွက်လာလို့ရပြီ

အိပ်မက်ဆိုး ချောက်ကမ်းပါး ပတ်လည်၌ နတ်ဆိုးများဖြင့် ပြည့်နှက်နေသောကြောင့် နတ်ဘုရားမျိုးနွယ် စစ်သည်တော်များ ကြောက်လန့်တကြား ဖြစ်နေကြသည်။

ထိုနတ်ဆိုးများထဲတွင် သူတို့ကိုယ်တိုင် မြင်လိုက်ရသည့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ လိုက်သော နတ်ဆိုးများလည်း ပါဝင်နေသည်။ ထိုဖောက်ခွဲမှုကြောင့် သူတို့ဘက်မှ နတ်ဘုရား မျိုးနွယ် သိုင်းပညာရှင်များစွာ သေဆုံးခဲ့ရသည်။

သို့သော် ယခုအခါ၌ သေသွားသည့် နတ်ဆိုးများအားလုံး မျက်စိရှေ့သို့ ရောက်နေကြသည်။ နတ်ဘုရားမျိုးနွယ် စစ်သည်တော်များသာမက မျက်လုံးသုံးလုံး နတ်ဘုရားပင် မှင်တက် နေ၏။

“မရဏနတ်ဆိုး လက်ချက်လား”

“ဒါပေမဲ့ မရဏနတ်ဆိုးက အဖမ်းခံထားရပြီးပြီလေ၊ ဘယ်လိုလုပ် ဒီနတ်ဆိုးတွေက ပြန်အသက်ရှင် နေရတာလဲ”

မျက်လုံးသုံးလုံး နတ်ဘုရားနှင့် နတ်ဘုရားမျိုးနွယ် စစ်သည်တော်များအားလုံး မှင်တက်နေ ကြပြီးနောက် ထိုနတ်ဆိုးများသည် အသက်ပြန်ရှင်လာရုံသာမက အားလုံး အဆင့်တက် သွားကြသည်ကို တွေ့လိုက်ရသည်။

နတ်ဘုရားမျိုးနွယ်များ ချွေးပြန်လာသည်။

“အဲ့ဒီ မိုရိုသွေးစွန်းတစ္ဆေက ဘယ်လိုလုပ် နတ်သခင်အဆင့်ကို အဆင့်တက်သွားတာလဲ”

မျက်လုံးသုံးလုံး နတ်ဘုရားသည် အရှေ့မှ မိုရိုသွေးစွန်းတစ္ဆေကို ကြည့်ပြီး ခြိမ်းခြောက် နိုင်စွမ်း ရှိသည်ဟု ခံစားမိလာသည်။ မိုရိုသွေးစွန်း တစ္ဆေဘေးနားမှ မိစ္ဆာဝိညာဉ်ရိုင်းနှင့် အခြားသူများ သည်လည်း နတ်သခင် တစ်ပိုင်း အဆင့်သို့ အဆင့်တက်သွားကြသဖြင့် မျက်လုံး သုံးလုံး နတ်ဘုရား မျက်လုံးပြူးသွားလေသည်။

တစ်ဖက်တွင်မူ အမှောင်သခင် နတ်ဆိုးဘုရင်သည် သေရတော့မည်ဟု တွေးမိနေချိန်၌ ဤအဖြစ်နှင့် ကြုံလိုက်ရသောကြောင့် ထိတ်လန့်သွားသည်။

“ပြန်ရှင်လာပြီ၊ ငါ့ညီအစ်ကိုအားလုံး အသက်ပြန်ရှင်လာပြီ”

“ဒါ မရဏကျင့်စဉ်ပဲ”

ထိုအခိုက်တွင် အမှောင်သခင် နတ်ဆိုးဘုရင် စိတ်လှုပ်ရှားနေပြီး တစ်စုံတစ်ရာကို စဉ်းစားမိ သွားသည်။

*မရဏနတ်ဆိုးက အဖမ်းခံထားရတာ၊ ဒါဆို နတ်ဆိုးတွေကို အသက်ပြန်သွင်း လိုက်တဲ့လူက …*

“သခင်ကြီး”

အမှောင်သခင် နတ်ဆိုးဘုရင်၏ အသံကြောင့် မျက်လုံးသုံးလုံး နတ်ဘုရားနှင့် နတ်ဘုရား မျိုးနွယ် စစ်သည်တော်များ ထိတ်လန့်သွားကြသည်။

ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံပင် အဖြူရောင်ရှိသော လူငယ်တစ်ယောက်က ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ သူ၏ ပုံစံက သွေးအေး၍ ရက်စက်ခက်ထန်လှသည်။ ယဲ့ဖန် ရောက်လာသည်နှင့် ရုတ်တရက် နေ့အပူချိန်က သုညအမှတ်သို့ ထိုးကျသွားပြီး လူတိုင်း ကျောချမ်းလာကြသည်။

များစွာသော နတ်ဆိုးများမှာမူ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ယဲ့ဖန်အား လေးစားမှုအပြည့်ဖြင့် လှမ်းကြည့်ကြ လေသည်။

“သခင်ကြီးကို ဂါဝရပြုပါတယ်”

“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ”

နှုတ်ဆက်သံများက အိပ်မက်ဆိုး ချောက်ကမ်းပါးအနှံ့သို့ ပဲ့တင်ထပ်သွားသည်။ ထိုအသံကို နားထောင်ပြီး နတ်ဆိုးများ၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ပြီး အမှောင်သခင် နတ်ဆိုးဘုရင် မျက်ရည်ဝဲလာသည်။

အချိန်အတော်ကြာပြီးနောက် သူ စောင့်ခဲ့ရသော ထိုပုဂ္ဂိုလ် ပြန်လာလေပြီ။ နတ်ဆိုးများ၏ နှုတ်ဆက်သံကို ကြားပြီး အမှောင်သခင်က ပို၍ အားရပါးရ ရယ်မောလိုက်သည်။

“ဟားဟားဟား …”

သူ အရိုးသာသာမျှသာ ဖြစ်နေသော်လည်း နတ်ဆိုးမျိုးနွယ်များ၏ အခြေအနေနှင့် နှုတ်ဆက်သံကြောင့် သူ ဝမ်းသာနေသည်။ မျက်လုံးသုံးလုံး နတ်ဘုရားမှာမူ နဖူးမှ ချွေးစေးများ တဒီးဒီး စီးကျနေ၏။

“နတ်ဆိုးဧကရာဇ်၊ မင်း … မင်း ဘယ်လိုလုပ် ဒီရောက်လာတာလဲ၊ မဟုတ်ဘူး … ဒါ အမှန်မဖြစ်နိုင်ဘူး”

မျက်လုံးသုံးလုံး နတ်ဘုရား မျက်ခုံးလှုပ်နေ၏။ အစပိုင်း၌ အဓိက နတ်ဘုရား သုံးပါးသည် သခင်ထျန်းကျစ် နောက်လိုက်၍ နတ်ဆိုးဧကရာဇ် ရှိရာနေရာကို လိုက်ရှာခဲ့ကြသည်။ ထိုအခါ ယန်ဝမ် ဟင်းလင်းပြင် ပွင့်နေသည်ကို တွေ့ခဲ့ရသည်။ ယဲ့ဖန်က ထိုဟင်းလင်း ပြင်ထဲသို့ ပြုတ်ကျသွားခြင်း ဖြစ်ကြောင်း ရိပ်စားမိ လိုက်သည်။

လောကသခင်သုံးပါး အပါအဝင် အားလုံးက နတ်ဆိုးဧကရာဇ် သေသွားလောက်ပြီး အသက်ပြန်မရှင်နိုင်တော့ဟု ကောက်ချက်ချခဲ့သည်။

“အံ့ဩသွားလား”

ထိုစဉ် ယဲ့ဖန်က မျက်လုံးသုံးလုံး နတ်ဘုရား၏ အမူအရာကို ကြည့်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။

“ငါ ထွက်မလာဘူးဆိုရင် မင်း ဘယ်လိုလုပ် သေနိုင်ပါ့မလဲ”

ထိုစကားကြောင့် မျက်လုံးသုံးလုံး နတ်ဘုရား တုန်လှုပ်သွားပြီးနောက် ဒေါသထွက်ဟန် ပေါ်လာသည်။ ယဲ့ဖန်၏ စကားသံ၌ သူ့အား ပုရွက်ဆိတ်တစ်ကောင်မျှ အင်အားနည်းပြီး အထင်သေးဟန်များ ပါဝင်နေကြောင်း သူ ခံစားမိသည်။

“ကောင်းပြီလေ၊ နတ်ဆိုးဧကရာဇ်ဆိုတော့ရော ဘာဖြစ်လဲ၊ မင်း ယန်ဝမ် ဟင်းလင်းပြင်ထဲ ကျသွားပြီးတော့ အသက်ရှင်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

“ဒါပေမဲ့ ဒီလိုဖြစ်လာတော့လည်း”

မျက်လုံးသုံးလုံး နတ်ဘုရားက အတင်း စိတ်ကိုငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် ရက်စက် သွေးဆာဟန် ပြုံးလိုက်သည်။

“ခန်ထျန်းနတ်ဘုရား ခင်ဗျား အနာဂတ်ကို ကြည့်နိုင်ခဲ့တာပဲ၊ နတ်ဆိုးတွေ ပြန်ရှင်လာ လိမ့်မယ်လို့ သူ အတိအကျ ပြောခဲ့တာကြောင့် ငါ ကမ္ဘာဂြိုဟ်ကနေ မပြန်ဘဲ ဆက်နေ ခဲ့တာ၊ ငါ ထင်ခဲ့တာက တခြား အသက်ရှင်နေတဲ့ နတ်ဆိုးတွေ ပြန်လာလိမ့်မယ်လို့ ထင်ခဲ့တာ”

“မင်းလောက်အထိ ရောက်လာလိမ့်မယ်လို့ ထင်မထားမိဘူး”

ထိုစကားကြောင့် အမှောင်သခင်နှင့် အခြားနတ်ဆိုးများအားလုံး လန့်ဖျပ်သွားကြသည်။

*အစကတည်းက ခန့်မှန်းမိပြီးသားလား*

*ဒါဆို အခု … ဒါက ထောင်ချောက်ပေါ့*

နတ်ဆိုးများအားလုံး ထိတ်လန့်ကြောက်ရွံ့ဟန်ပေါ်လာသည်။ ထိုအခါတွင်မှ စစ်ပွဲ ပြီးသွားသော်လည်း မျက်လုံး သုံးလုံး နတ်ဘုရား မပြန်သေးရသည့် အကြောင်းရင်းကို သူတို့ နားလည်သွားကြသည်။

“အားလုံးပဲ ထွက်လာလို့ ရပြီ”

“ငါတို့ ဖမ်းမိထားတဲ့ ငါးကြီးကို ထွက်ကြည့်ကြဦး”

မျက်လုံးသုံးလုံးနတ်ဘုရားက ကောင်းကင်ယံကို ကြည့်၍ ပြောလိုက်သည်။ ထိုစကား အဆုံး၌ ကမ္ဘာဂြိုဟ်၏ လေဟာနယ်က ချက်ချင်း ပေါက်ကွဲလာသည်ကို အားလုံး တွေ့လိုက်ရသည်။ ထို့နောက် ထိုလေဟာနယ် အက်ရာတွင်းမှနေ၍ နတ်ဘုရားများ၊ အင်မော်တယ်များနှင့် မကောင်းဆိုးဝါး စစ်သည်တော်များ ထွက်လာ လေသည်။

လူတစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း။ နောက်ဆုံးတွင် မျိုးနွယ်သုံးခုမှ စစ်သည် တော်ပေါင်း ငါးသိန်း ထွက်လာပြီး တစ်ကမ္ဘာလုံးအနှံ့ နေရာယူလာကြသည်။

ထို့အပြင် ရှေ့မှဦးဆောင်လာသည့် လူများကို ကြည့်ပြီး အမှောင်သခင် နတ်ဆိုးဘုရင်နှင့် အခြားသူများ ကြက်သီးထ သွားလေသည်။

အရှင်ကောင်းကင်ဝံပုလွေ၊ အရှင်ဖုန်း၊ အရှင်ခွေမူ။

…

အဓိကနတ်ဘုရားများ တစ်ပါးပြီးတစ်ပါး ထွက်လာကြသည်။ အဓိက နတ်ဘုရား ရှစ်ပါးတွင် တစ္ဆေနတ်ဘုရားက သေသွားပြီး ခန်ထျန်းက အရှင်ထျန်းကျစ်နား၌ နေခဲ့သည်။ ထို့ကြောင့် ဤနေရာသို့ ကျန်အဓိက နတ်ဘုရား ခြောက်ပါးလုံး ရောက်လာကြသည်။

ဤမြင်ကွင်းကြောင့် နတ်ဆိုးများ တုန်လှုပ်သွားသည်။ နတ်ဆိုးများကို သတ်ရန်အတွက် မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်မာျးအားလုံး ကမ္ဘာဂြိုဟ်ပတ်လည်၌ ကိုယ်ရောင် ဖျောက်၍ နေနေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။

“ဟားဟားဟား နတ်ဆိုးဧကရာဇ် အံ့ဩသွားလား၊ မင်း ကြောက်နေပြီလား”

ကောင်းကင်ဝံပုလွေက သွေးဆာသကဲ့သို့ ရယ်မောနေ၏။ အဓိက နတ်ဘုရား ခြောက်ပါးအပြင် မျိုးနွယ်သုံးခုမှ စစ်သည်ပေါင်း ငါးသိန်းပါ ရောက်နေသဖြင့် ယဲ့ဖန် ယန်ဝမ် ဟင်းလင်းပြင်မှ ထွက်လာနိုင်လျင်တောင်မှ သေရမည်ပင်။

ထိုသို့တွေးတောပြီးနောက် အဓိက နတ်ဘုရား ခြောက်ပါးလုံးက ပြိုင်တူလှုပ်ရှား လာကြသည်။ ယဲ့ဖန် ထွက်ပြေးနိုင်သည့် နေရာအားလုံးကို ပိတ်ဆို့၍ သတ်ဖြတ်ရန် ပြေးဝင် လာသည်။

“သခင်ကြီး ပြေးပါတော့၊ အဓိက နတ်ဘုရား ခြောက်ပါးနဲ့ စစ်သည် ငါးသိန်းကို ကျွန်တော်တို့ နတ်ဆိုးတွေ အနိုင်မယူနိုင်ပါဘူး”

အမှောင်သခင် နတ်ဆိုးဘုရင်က ယဲ့ဖန်ကို အသည်းအသန် အော်ဟစ်၍ သတိပေး လိုက်သည်။ သူ့ရှေ့၌ ယဲ့ဖန် သေသွားရမည်ကို မမြင်လိုပါ။ တစ်ဖက်လူ၏ အင်အားက အလွန် ကြောက်စရာကောင်းလှသည် မဟုတ်ပါ တကား။

သူသည်သာမက မိုရိုသွေးစွန်းတစ္ဆေနှင့် အခြားသူများက လူတိုင်း မျက်နှာ သုန်မှုန်နေ ကြသည်။ သတ်ဖြတ် လိုသော ချီဓာတ်များက ယဲ့ဖန်ကို ဝန်းရံလာသည်။

“သခင်ကြီး ကျွန်တော်တို့ ကာထားပေးပါ့မယ်၊ သခင်ကြီး မြန်မြန် ထွက်သွားပါတော့”

“သခင်ကြီး အခု ထွက်မသွားရင် အချိန်မမီတော့ဘူး”

နတ်ဆိုးများက အသည်းအသန် အော်ဟစ်၍ သတိပေးလာသည်။ သူတို့ သေရမည်ကို မကြောက်သော်လည်း ယဲ့ဖန် သေသွားမည်ကိုတော့ သူတို့ ကြောက်ရွံ့ကြသည်။

တစ်ဖက်မှလည်း အဓိက နတ်ဘုရား ခြောက်ပါးနှင့် စစ်သည်တော် ငါးသိန်းက ပြေးဝင်လာနေ၏။ သူတို့၏ သတိပေးစကားကြောင့် ယဲ့ဖန်က အသာပြုံးလိုက်၏။

“ပြေးရမယ် ဟုတ်လား၊ ဘာလို့ ပြေးရမှာလဲ”

ထိုသို့ပြောပြီး ယဲ့ဖန်က ကောင်းကင်ယံမှ အဓိက နတ်ဘုရားခြောက်ပါးကို လှမ်းကြည့် နေသည်။

“မင်းမှာပဲ တပ်ကူ ရှိတယ် ထင်နေလား”

သူ့စကားကြောင့် အဓိက နတ်ဘုရားခြောက်ပါးက အချင်းချင်း ပြန်ကြည့်မိသွားသည်။ သူတို့ ကြည့်နေစဉ်မှာပင် ယဲ့ဖန်က သူ့နဖူးကို ထိလိုက်သည်။

“ငါ့လူတွေ မင်းတို့ ထွက်လာလို့ရပြီ”

ထိုစကားအဆုံး၌ ယဲ့ဖန်၏ နဖူးမှနေ၍ အနက်ရောင် အလင်းတန်းများ ဖြာထွက်လာသည်။ ထို့နောက် လူဆယ်ယောက်၊ အယောက်တစ်ရာ၊ တစ်ထောင်။

မျက်စိတစ်မှိတ်အတွင်း ယဲ့ဖန်၏ နဖူးမှ လူပေါင်း ထောင်သောင်းချီ၍ ထွက်လာကြသည်။ ထိုသူများထံမှ ထိတ်လန့်ဖွယ် အရှိန်အဝါများ ပျံ့လွင့်လာ၏။

Chapter 894 ယန်ဝမ်ဟင်းလင်းပြင်မှ ထွက်လာပြီးနောက် ပထမဆုံး တိုက်ပွဲ

လူပေါင်း ထောင်သောင်းချီ၍ ထွက်လာကြသည်။ ထိုအခိုက်တွင် လူတိုင်းနီးပါး နားဝေ တိမ်တောင် ဖြစ်ကာ မျက်စိရှေ့မှ အရာအားလုံးကို မယုံနိုင် ဖြစ်နေ၏။

“ဒီလူတွေက ဘယ်သူတွေလဲ၊ ဘာလို့ သူတို့ကို အရင်က တစ်ခါမှ မမြင်ဖူးရတာလဲ”

အဓိက နတ်ဘုရား ခြောက်ပါးလုံး မျက်မှောင်ကြုတ်ကာ မသင်္ကာ ဖြစ်နေကြသည်။ သို့သော် ထိုထောင်သောင်း ချီသော လူများထံမှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် သူတို့ ကြောက်လန့်လုနီးပါး ဖြစ်သွားလေသည်။

*နတ်သခင် အဆင့်တွေပါလား*

ခြုံငုံကြည့်လိုက်လျင် နတ်သခင်အဆင့် အယောက်တစ်ရာနီးပါး ရှိနေ၏။ ထို့အပြင် ထိုနတ်သခင်အဆင့်များသည် တစ်ချိန်လုံး ဥပဒေသတစ်ချို့၏ ဖိနှိပ်ခြင်း ခံထားရပုံပေါ်ပြီး သူတို့၏ ခွန်အားများက ချိုးနှိမ်ခံထားရသည့်ပုံပင်။ သို့သော် ယခုအခါတွင်မူ ထိုသို့ ဖိနှိပ်ခြင်း မခံရသောကြောင့် သူတို့၏ အရှိန်အဝါများက အဆုံးအစမဲ့စွာ ထွက်ပေါ် နေ၏။

ထိုဖိအားအောက်၌ နတ်ဘုရား စစ်သည်တော်များအားလုံး ချက်ချင်း‌ ပေါက်ကွဲ၍ သေဆုံးသွားကြသည်။ ထိုအဖြစ်ကြောင့် လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားလေသည်။

မျိုးနွယ်သုံးခုထဲ အဓိက နတ်ဘုရား ရှစ်ပါးသာ ရှိပြီး ထိုထဲမှ တစ်ယောက်ပင် သေဆုံး သွားခဲ့ပြီ ဖြစ်သည်။ သို့သော် တစ်ဖက်၌ နတ်သခင်အဆင့်ပေါင်း တစ်ရာနီးပါး ရှိနေသည်။

“အဲ့ … အဲ့လူသုံးယောက်က နတ်သခင် တစ်ပိုင်းအဆင့် သုံးယောက်ပဲ”

လင်းဟွမ်ကွေ့လိုင်၊ မင်ဟဲနှင့် ထျန်းခွေတို့ကို မြင်ပြီး အဓိက နတ်ဘုရား ခြောက်ပါးလုံး ထိတ်လန့်ကာ ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။

သူတို့၏ ထိတ်လန့်တုန်လှုပ်မှုက မပြီးသေးပေ။ ဝိညာဉ်နန်းတော်သခင်၊ စံအိမ်သခင်နှင့် ကောင်းကင်သခင်တို့ ထွက်လာချိန်တွင် တစ်လောကလုံး တိတ်ဆိတ်သွားလေသည်။

“လော … လောကသခင်”

ထိုအခိုက်တွင် အဓိက နတ်ဘုရား ခြောက်ပါးနှင့် မျိုးနွယ်သုံးခုမှ စစ်သည်တော် ငါးသိန်းလုံး မိုးကြိုးပစ်ချ ခံလိုက်ရသကဲ့သို့ ကြက်သေ သေသွားကြသည်။

*လောကသခင် သုံးယောက်တောင်*

*ပြီးတော့ နတ်သခင်အဆင့် တစ်ရာနီးပါး*

*ကျန်တဲ့ နတ်သခင်တစ်ပိုင်းအဆင့်တွေက နည်းတာမဟုတ်ဘူး*

ထိုလူများကို ကြည့်ပြီး အားလုံး ကြက်သီးထပြီးရင်း ထနေရသည်။

“ယန်ဝမ် ဟင်းလင်းပြင်၊ ဒီ … ဒီလူတွေက ယန်ဝမ် ဟင်းလင်းပြင်က လူတွေပဲ”

ကောင်းကင်ဝံပုလွေသခင်က ထိုသူများထံမှ အနံ့တစ်မျိုးကို ရလိုက်သဖြင့် ထိတ်လန့် တုန်လှုပ်သွားသည်။ သူ၏ စကားကြောင့် ကျန်အဓိကနတ်ဘုရား ငါးပါးလုံး လိပ်ပြာလွင့် မတတ် ကြောက်လန့်သွားလေ၏။

*ယန်ဝမ်ဟင်းလင်းပြင်က လူတွေ ထွက်လာပြီ*

*ဒီလိုဆိုရင် စကြဝဠာကြီးတစ်ခုလုံး လှုပ်ခါလာတော့မှာပဲ*

အမှောင်သခင် နတ်ဆိုးဘုရင်နှင့် နတ်ဆိုးမျိုးနွယ်များတောင်မှ မှင်တက်နေကြသည်။

“ယန်ဝမ် ဟင်းလင်းပြင်က သိုင်းပညာရှင်တွေတဲ့လား”

ယဲ့ဖန်က ဤမျှ ကြောက်စရာ ကောင်းသော သိုင်းပညာရှင်များအား သူနှင့်အတူ ခေါ်လာ နိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ထိုအထဲတွင် လောကသခင်အဆင့် သုံးယောက် တောင်မှ ပါနေသေးသည်။

သို့သော် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များက အခြားသူများ၏ ထိတ်လန့်မှုကို အရေးမစိုက်ပေ။ သူတို့ အားလုံးသည် ဝန်ထုပ်ဝန်ပိုးတစ်ခုကို လွှတ်ချလိုက်နိုင်သကဲ့သို့ ခံစားနေရသည်။ သူတို့အပေါ် ဖိနှိပ်ထားသော ဥပဒေသ ပျောက်ကွယ်သွားသဖြင့် အားလုံး၏ ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအင်များက တစ်ဟုန်ထိုး စီးဆင်းနေ၏။

သက်တောင့်သက်သာ ဖြစ်သွားသော ခံစားချက်မျိုးကြောင့် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များအားလုံး မျက်လုံးမှိတ်ကာ ကျေနပ်အားရနေကြသည်။

“ဒါက အပြင်လောကလား၊ ကောင်းတယ် သိပ်ကောင်းတယ်”

“ထူးခြားတဲ့ အရွယ်အစားပဲ၊ သိပ်ကောင်းတယ်၊ ဒီလောကမှာ ငါ လက်တစ်ဖက်၊ ခြေတစ်ဖက်တည်းနဲ့ ကောင်းကင်ကို ဖျက်ဆီးနိုင်တယ်လို့ ခံစားမိနေတယ်”

“ဟားဟားဟား … ငါတို့ ထွက်လာနိုင်ပြီကွ၊ ငါတို့ ယန်ဝမ် ဟင်းလင်းပြင်က လောကကို လှုပ်ခါဖို့ ကံပါလာပြီကွ”

“…”

သူတို့ အရူးအမူး ပြောနေသော စကားများကြောင့် အဓိက နတ်ဘုရား ခြောက်ပါးနှင့် စစ်သည်တော် ငါးသိန်းလုံး ကြက်သီးမွေးညင်း ထနေကြသည်။

ထို့အပြင် ဝိညာဉ်နန်းတော်သခင်တို့ သုံးယောက်နှင့် မဟာအကြီးအကဲ သုံးယောက် တို့အပြင် များစွာသော ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များအားလုံးတို့သည် ယဲ့ဖန်ရှေ့၌ ဒူးထောက်လာပြီး ရင်ဘတ်ပေါ် လက်တင်၍ ဂါဝရပြုလာသည်။

“ယန်ဝမ်ဟင်းလင်းပြင်က သိုင်းပညာရှင်များက အရှင်သခင်ကို ဂါဝရပြုပါတယ်”

ထိုနှုတ်ဆက်သံအဆုံး၌ ကောင်းကင်ယံ၌ ရှိနေသော အဓိက နတ်ဘုရား ခြောက်ပါးနှင့် စစ်သည်တော် ငါးသိန်းလုံး အောက်သို့ ပြုတ်ကျမတတ် ဖြစ်သွားလေသည်။ နတ်ဆိုး မျိုးနွယ်များတောင်မှ မျက်လုံးပြူးကာ မယုံနိုင် ဖြစ်သွားလေ၏။

*အရှင်သခင်တဲ့လား*

လူတိုင်း ယန်ဝမ်ဟင်းလင်းပြင်မှ သိုင်းပညာရှင်များကို ကြောင်ကြည့်နေမိကြသည်။ ထိုအခါ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များက ယဲ့ဖန်အား နတ်ဘုရားတစ်ပါးအား ကြည့်သကဲ့သို့ လေးစားကြည်ညိုမှု အပြည့်ဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်ယံမှ အဓိက နတ်ဘုရား ခြောက်ပါးလုံး တုန်လှုပ် နေကြသည်။

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ ဒီကောင်က ယန်ဝမ် ဟင်းလင်းပြင်ထဲ အပို့ခံလိုက် ရတာလေ၊ သူက ပြန်လာနိုင်ရုံတင်မကဘဲ ယန်ဝမ်ဟင်းလင်းပြင်မှ လူတွေကိုပါ စိုးမိုးလာ နိုင်သေးတယ်”

“အရှင်သခင်တဲ့လား၊ ဒီယန်ဝမ်ဟင်းလင်းပြင်က သိုင်းပညာရှင်တွေက ရူးများနေသလား၊ ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်က နတ်ဘုရင် စဦးအဆင့်ပဲ ရှိသေးတာလေ၊ သူတို့က နတ်ဘုရင်အဆင့်လေးကိုတောင် အရှင်သခင်အဖြစ် အသိအမှတ် ပြုနိုင်တယ် တဲ့လား”

“အရူးတွေ … ရူးနေတဲ့အဖွဲ့ပဲ”

“…”

လက်ရှိအချိန်၌ အဓိကနတ်ဘုရား သွေးပျက်နေကြသည်။ အစပိုင်း၌ သူတို့နှင့် အခြားသူများသည် နတ်ဆိုးမျိုးနွယ် များအတွက် အဆုံးသတ် ဖြစ်သည်ဟု ထင်ခဲ့ကြသည်။ ထို့အပြင် ယဲ့ဖန် ပေါ်လာချိန်၌ သူတို့ ဝမ်းသာအားရ ဖြစ်ခဲ့ကြသည်။

ယဲ့ဖန်ကိုသာ သတ်နိုင်ပါက မျိုးနွယ်သုံးခု၏ အကြီးမားဆုံးသော လျှို့ဝှက်အန္တရာယ်ကို သုတ်သင် နိုင်ပြီဟု ယုံကြည်ခဲ့ကြသည်။ ထိုသို့ဆိုလျင် တစ်လောကလုံး သူတို့ကို အံ့ဩ ထိတ်လန့် သွားလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် ယနေ့က ယဲ့ဖန်နှင့် နတ်ဆိုးမျိုးနွယ်များ၏ အဆုံးသတ် မဟုတ်ဘဲ သူတို့နှင့် စစ်သည်တော်များ၏ အဆုံးသတ် ဖြစ်သွားလိမ့်မည်ဟု သူတို့ ထင်မထားမိကြပေ။

ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များ၏ အရှိန်အဝါများကို ခံစားမိပြီး အဓိက နတ်ဘုရားများတောင်မှ တုန်လှုပ်နေသည်။ သူတို့ နောက်လှည့်၍ ထွက်ပြေးချင်နေ၏။ သို့သော် အောက်ဘက်မှ လောကသခင်အဆင့်နှင့် နတ်သခင်အဆင့်များက သူတို့ ထွက်ပြေးသည်နှင့် ချက်ချင်း လိုက်သတ်မည်မှာ သေချာလှသည်။

“ဘာလုပ်ကြမလဲ၊ အခု ဘာလုပ်သင့်လဲ”

ကောင်းကင်ဝံပုလွေသခင်နှင့် ကျန်အဓိက နတ်ဘုရား ငါးပါးလုံး နဖူးမှချွေးစေးများ စီးကျကာ မျက်နှာပြာနှမ်း နေကြသည်။ သူတို့မျက်နှာများက တည်ငြိမ်နေသော်လည်း စိတ်ထဲ၌ ကြောက်လန့်နေဆဲ ဖြစ်သည်။ နတ်ဆိုးများ မှာမူ အံ့ဩလွန်း၍ မိမိတို့၏ ခံစားချက်ကို ဖော်မပြတတ်တော့ချေ။

“ဟားဟားဟား … အရှင်သခင်တဲ့ကွ၊ ငါတို့သခင်ကြီးက ယန်ဝမ် ဟင်းလင်းပြင်ထဲ ကျသွား တာတောင် အဲ့ကလူတွေကို လွှမ်းမိုးနိုင်သွားပြီပဲ”

“ကောင်းတယ်၊ ဒီတစ်ခါတော့ မျိုးနွယ်သုံးခုလုံး သွေးချောင်းစီးတော့မှာ သေချာနေပြီ”

“…”

နတ်ဆိုးမျိုးနွယ်များသည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာပင် နီရဲနေကြသည်။ ယဲ့ဖန်က ဂရုမစိုက်ဟန်ဖြင့် ကောင်းကင်ယံမှ အဓိက နတ်ဘုရား ခြောက်ပါးနှင့် ငါးသိန်းသော စစ်သည်တော်များအား သွေးဆာသော အကြည့်များဖြင့် လှမ်းကြည့်၍ အချက်ပြ လိုက်သည်။

“ယန်ဝမ် ဟင်းလင်းပြင်က ထွက်လာပြီးတာနဲ့ ပထမဆုံး တိုက်ပွဲ စမယ်”

ထိုစကားအဆုံး၌ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များက ကောင်းကင်ထက်သို့ ထိုးတက်၍ အဓိက နတ်ဘုရား ခြောက်ပါးနှင့် ငါးသိန်းသော စစ်သည်တော်များက အသည်းအသန် ပြေးဝင်သွားလေသည်။

ယန်ဝမ် ဟင်းလင်းပြင်မှ ခေါင်းဆောင်များက ရပ်မြဲရပ်နေကြပြီး နတ်သခင်အဆင့် အယောက်တစ်ရာကသာ ကောင်းကင်ယံထက်သို့ ပြေးတက်သွားခြင်း ဖြစ်သည်။

လူတစ်ရာနှင့် လူငါးသိန်း။ အရေအတွက်ချင်းက အလွန် ခြားနားလှသည်။ သို့သော် လူတစ်ရာက လူငါးသိန်းကို ကြောက်နေခြင်း မဟုတ်ဘဲ လူငါးသိန်းကသာ လူတစ်ရာကို ကြောက်နေကြခြင်း ဖြစ်သည်။

ဤမြင်ကွင်းကို ကြည့်ပြီး အဓိက နတ်ဘုရား ခြောက်ပါးနှင့် စစ်သည်တော် ငါးသိန်းလုံး ကြက်သီးထ သွားလေသည်။ ထို့နောက် သူတို့သည် အားတင်း၍ လက်နက်များကို ထုတ်ကာ နတ်သခင်အဆင့် သိုင်းပညာရှင် အယောက်တစ်ရာထံ ပြေးဝင်သွားကြသည်။

ထို့နောက်တွင်မူ ကောင်းကင်ယံ၌ သွေးမိုးများ ရွာသွန်း၍ အလောင်းများ ပြုတ်ကျ လာသည်။ နတ်သခင် အဆင့် သိုင်းပညာရှင် အယောက်တစ်ရာက ကြောက်စရာ ကောင်းသည်ဟု ဆိုရပေမည်။

ထိုအယောက်တစ်ရာထဲမှ လောကနှင့် တစ်သားတည်းအဆင့် သိုင်းပညာရှင် နှစ်ယောက်က အဓိက နတ်ဘုရား ခြောက်ပါးထံ ပြေးဝင်သွားကြပြီး ကျန်လူများက စစ်သည်တော် ငါးသိန်းထံ ပြေးဝင်သွားကြသည်။

သူတို့၏ တိုက်ခိုက်မှုအောက်၌ စစ်သည်တော် ငါးသိန်းလုံး သေကျေ ပျက်စီးလာလေ၏။ ဤသည်မှာ တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီးတစ်ခုနှင့် ဆင်တူနေလေသည်။

All Chapters