← Chapters

အခန်း (၈၉၅-၈၉၇)

Vol. 60 Ch. 895-897

အခန်း (၈၉၅-၈၉၇)

Vol. 60 Ch. 895-897

Chapter 895 အရူးအမူး သတ်ဖြတ်ခြင်း

လက်ရှိအချိန်၌ အောက်ဘက်ရှိ နတ်ဆိုးမျိုးနွယ်များအားလုံး စိတ်လှုပ်ရှား၍ တုန်လှုပ် နေကြသည်။ ကောင်းကင် ထက်မှနေ၍ ဖက်ထုပ်များကဲ့သို့ အလောင်းများ တဘုတ်ဘုတ် ပြုတ်ကျလာနေသည်ကို သူတို့ တွေ့နေရသည်။

လူတစ်ထောင်၊ တစ်သောင်း၊ ထို့ထက်မက သေဆုံးနေကြလေသည်။ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင် အယောက်တစ်ရာသည် လူသတ်စက်သဖွယ် စစ်သည်တော် ငါးသိန်းအား ညာသံပေး၍ သတ်ဖြတ်နေကြသည်။ သူတို့၏ လက်ဝါးချက် အောက်၌ လူတစ်ထောင်နီးပါး သေဆုံးကြသည်။ အယောက်ငါးထောင်အား ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်လေသည်။

စစ်သည်တော်များအားလုံး ကြံရာမရ ဖြစ်နေကြသည်။ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင် အယောက်တစ်ရာ၏ အမြင်တွင် သူတို့သည် ပုရွက်ဆိတ်ကဲ့သို့ သေးငယ် လှသည်။ တစ်ဖက်လူသည် ခြေထောက် နှင့်ပင် စစ်သည်တော်များအား သေဆုံးအောင် ပြုလုပ်နိုင်၏။

စစ်သည်တော်ငါးသိန်းလုံး သုတ်သင်ခံနေရပြီး အဓိက နတ်ဘုရား ခြောက်ပါးပင် သွေးပျက်နေကြသည်။ တစ်ဖက်က နှစ်ယောက်တည်းဖြင့် သူတို့ ခြောက်ယောက်အား တိုက်ခိုက်နေသည်။ သို့သော် ယန်ဝမ် ဟင်းလင်း ပြင်မှ သိုင်းပညာရှင် နှစ်ယောက်က အလွန်အမင်း သန်မာလှသည်။

သူတို့သုံးယောက်စီခွဲ၍ ထိုသူနှစ်ယောက်ကို တိုက်ခိုက်သော်လည်း ဒဏ်ရာရအောင် မလုပ်နိုင်ပေ။ သို့သော် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင် နှစ်ယောက်၏ တိုက်ခိုက် မှုတိုင်းက အဓိက နတ်ဘုရား ခြောက်ပါးအား အပြင်းအထန် ထိခိုက်သွား စေသည်။

ထိုအခိုက်တွင် အရှင်ခွေမူသည် အချိန်မီ မတုံ့ပြန်လိုက်နိုင်သဖြင့် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်၏ ဖမ်းချုပ်ခြင်း ခံရကာ လက်နှစ်ဖက်လုံး ဆွဲဖြုတ်ခံလိုက်ရသည်။ ထို့နောက်တွင်မူ အရှင်ခွေမူ၏ ခန္ဓာကိုယ် တစ်ခုလုံး တစ်စစီ ဖြစ်သွားလေ၏။

ဤမြင်ကွင်းကြောင့် အားလုံး ပို၍ ထိတ်လန့်သွားသည်။ မြင့်မြတ်သော အဓိက နတ်ဘုရားတစ်ပါး သေဆုံးသွား လေပြီ။ ဤသည်က ကျန်အဓိက နတ်ဘုရားငါးပါးအား တုန်လှုပ် သွားစေသည်။

‘ပြေးတော့”

ယခုအချိန်၌ သူတို့သည် ဘယ်အရာကိုမှ မစဉ်းစားနိုင်တော့ဘဲ အသီးသီး ထွက်ပြေးကြ လေသည်။ သို့သော် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင် နှစ်ယောက်က အသာပြုံး၍ လှစ်ခနဲ လှုပ်ရှား၍ နောက်မှ လိုက်လေ တော့သည်။

“နေခဲ့စမ်း”

ယန်ဝမ်ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင် တစ်ယောက်က ဓားကိုဆွဲထုတ်၍ ရှေ့တည့်တည့်အား ခုတ်ပိုင်း လိုက်သည်။ ထိုအခါ လေဟာနယ်က သူ့ကြောင့် အက်ကွဲ သွားရသလို အဓိက နတ်ဘုရား နှစ်ပါးထံသို့ ဓားချက် ကျရောက်သွားသည်။

“မလုပ်နဲ့”

ငယ်သံပါအောင် အော်ဟစ်သံ ထွက်ပေါ်လာပြီးနောက် အဓိက နတ်ဘုရားနှစ်ပါးသည် ထွက်ပြေးနေစဉ်မှာပင် ဓားဖြင့် ထက်ပိုင်း ခုတ်ခံလိုက်ရသည်ကို အားလုံး တွေ့လိုက် ရသည်။ ရဲရဲနီသော သွေးစက်များ စီးကျလာသလို ကိုယ်တွင်းအင်္ဂါများလည်း ပြုတ်ကျ လာ၏။ အဓိက နတ်ဘုရားနှစ်ပါး သေသွားလေပြီ။

“သေစမ်း၊ သေစမ်း၊ သေစမ်း

အဓိက နတ်ဘုရား သုံးပါး ရှေ့ဆင့်နောက်ဆင့် သေသွားရသဖြင့် ကောင်းကင်ဝံပုလွေသခင် တုန်လှုပ်သွားသည်။ ထို့နောက် လက်ထိပ်ကို ကိုက်ကာ သွေးဖြင့် နဖူးကို တို့လိုက်သည်။ ထိုအခါ သူ၏တစ်ကိုယ်လုံးမှ အနီရောင် အလင်းတန်းများ ဖြာထွက်လာပြီး ကြောက်စရာ ကောင်းသော ဝံပုလွေတစ်ကောင်အဖြစ် အသွင် ပြောင်း သွားသည်။

ထို့နောက် သူသည် ပါးစပ်ကိုဟ၍ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်အား ကိုက်ချ လိုက်သည်။

ဂျွတ်!

ထိုသိုင်းပညာရှင်၏ အရိုးကျိုးသွားသံကို အားလုံး ကြားလိုက်ရသည်။ နောက်ဆုံးတွင် သူသည် ကြောက်စရာ ကောင်းသော ဝံပုလွေ၏ ဝါးမျိုခြင်း ခံလိုက်ရသည်။ ထိုအခါတွင်မှ ကျန်အဓိက နတ်ဘုရား နှစ်ပါး ဝမ်းသာလာ၏။

“တစ်ယောက်ကို သတ်လိုက်နိုင်ပြီ၊ နောက်ဆုံးတော့ တစ်ယောက်ကို သတ်လိုက်လို့ ရသွားပြီကွ၊ ဟားဟားဟား …”

မျက်လုံးသုံးလုံး နတ်ဘုရားက အားရပါးရ ရယ်မောနေသည်။ ထိုစဉ် မသဲမကွဲ အသံတစ်သံ ထွက်လာသဖြင့် သူ ရယ်နေရာမှ ရပ်သွားသည်။

သူ လှည့်ကြည့်လိုက်သောအခါ မျိုချခံလိုက်ရသော ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်က တစ်ကိုယ်လုံး အနက်ရောင် မြူခိုးအသွင် ပြောင်းလဲ၍ လွတ်မြောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုသူက မူလအတိုင်း ပြန်ဖြစ်သွားသည်နှင့် ဓားဖြင့် ဝံပုလွေ၏ ဦးခေါင်းကို ခုတ်ပိုင်းလိုက်လေသည်။

ဧရာမ ဝံပုလွေ၏ အလောင်းက အောက်သို့ အရှိန်ဖြင့် ပြုတ်ကျလာသောအခါ လူတိုင်း ထိတ်လန့် တုန်လှုပ်သွား သည်။ အဓိက နတ်ဘုရား လေးပါး သေဆုံးသွားလေပြီ။ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင် အယောက် တစ်ရာက အလွန် သန်မာလွန်းလှပေသည်။

ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များ၏ ခွန်အားက သန်မာလွန်းလှပေသည်။ ထိုသို့ ထိတ်လန့်နေစဉ်မှာပင် နောက်ထပ် အဓိက နတ်ဘုရားတစ်ပါး၏ လည်ပင်းမှ သွေးများ ပန်းထွက်လာ၏။ ထို့နောက် သူသည်လည်း ထိတ်လန့်တုန်လှုပ်နေသော မျက်နှာထားဖြင့် ခေါင်းပြတ်ကာ သေဆုံးသွားလေသည်။ နောက်ဆုံးတွင် မျက်လုံးသုံးလုံး နတ်ဘုရား တစ်ယောက်တည်း ကျန်ရစ်ခဲ့လေတော့သည်။

“သေပြီ၊ အားလုံး သေသွားပြီ”

မျက်လုံးသုံးလုံး နတ်ဘုရား၏ နဖူးမှ ချွေးစေးများ စီးကျလာ၏။ အဓိက နတ်ဘုရား ရှစ်ပါး ရှိခဲ့ရာမှ တစ္ဆေနတ်ဘုရားသည် ယဲ့ဖန်လက်ထဲ၌ အရင် သေသွားရသည်။ ယခုအခါ တွင်လည်း ကျန်အဓိက နတ်ဘုရား ငါးပါးလုံး နာရီဝက်အတွင်း သေဆုံးသွားရသည်။ ဤသို့ ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းကြောင့် မျက်လုံးသုံးလုံး နတ်ဘုရား တုန်လှုပ်နေ၏။

“အား…”

ထိုစဉ် စစ်သည်တော် ငါးသိန်းထံမှ အော်သံများ ဆက်၍ ထွက်ပေါ်လာ၏။ မျက်လုံးသုံးလုံး နတ်ဘုရား လှမ်းကြည့်လိုက်သောအခါ ကောင်းကင်ယံ၌ သွေးရောင် လွှမ်းနေသည်ကို တွေ့လိုက်ရသည်။ စစ်သည်တော်များ၏ အရေအတွက်က လျင်မြန်စွာ လျော့နည်းလာ၏။

ငါးသိန်း၊ လေးသိန်း၊ သုံးသိန်း။ နာရီဝက်အကြာ၌ စစ်သည်တော် တစ်သိန်းသာ ကျန်ရစ်ခဲ့ တော့သည်။ တစ်ဖက်တွင်မူ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင် အယောက်တစ်ရာသည် တစ်ယောက်ပြီး တစ်ယောက် သတ်လိုက်ရသဖြင့် သွေးဆူ နေသည်။

ထို့နောက် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင် အယောက်တစ်ရာက ဓားများကို ကိုင်ဆွဲ၍ ကျန်ရှိနေသော စစ်သည်တော် တစ်သိန်းအား အရူးအမူး သတ်ဖြတ်လေသည်။

စစ်သည်တော် တစ်သိန်းသည် ပုရွက်ဆိတ် အကောင်ရေတစ်သိန်းသဖွယ် ဓားချက် တစ်ချက်တည်းဖြင့် ခုတ်ပိုင်း ခံရကာ သေဆုံးသွားကြလေသည်။

လေးဆယ့်ငါးမိနစ်ပင် မပြည့်သေးသောအချိန်၌ နောက်ဆုံးသော ဓားချက်က စစ်သည်တော်များ၏ ခန္ဓာကိုယ်အား ခုတ်ပိုင်း၍ သွားလေသည်။ ထို့နောက် ကောင်းကင်ယံမှ စစ်သည်တော် ငါးသိန်းလုံး သေဆုံးသွား လေတော့သည်။

ထိုအခိုက်တွင် အောက်ဘက်မှ နတ်ဘုရားမျိုးနွယ်များအားလုံး တွေဝေနေကြသည်။ ဤသို့သော သတ်ဖြတ်ခြင်း မျိုးအား သူတို့ တစ်ခါမှ မမြင်ဖူးကြပေ။ တစ်နာရီပင် မပြည့် သေးသော အချိန်အတွင်း စစ်သည်တော် ငါးသိန်းလုံး သေဆုံး သွားကြပြီး မျက်လုံးသုံးလုံး နတ်ဘုရား တစ်ယောက်တည်းသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ ဤအရာအားလုံးကို ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင် အယောက်တစ်ရာကသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပေသည်။

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”

ယခင် သူတို့ အစီအစဉ် ဆွဲခဲ့စဉ်က အားလုံးသည် မျိုးနွယ်အတွက် သတ်ဖြတ်ပွဲတစ်ခုမျှသာ ဖြစ်သည်ဟု သတ်မှတ်ကာ စိတ်လှုပ်ရှား၍ ဂုဏ်ယူခဲ့ကြသည်။ သို့သော် သူတို့၏ သတ်ဖြတ်ပွဲက သူတို့ ပြန်အသတ်ခံရသော ပွဲအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု ထင်မထား မိခဲ့ကြပေ။

မျက်လံးသုံးလုံး နတ်ဘုရားသည် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင် အယောက် တစ်ရာက သူ့အား ကြည့်နေသည်ကို သတိထားမိပြီး တုန်လှုပ်သွားသည်။

“မင်းတို့က ငါ့ကို သည်းမခံနိုင်အောင် လုပ်နေတာပဲ”

မျက်လုံးသုံးလုံး နတ်ဘုရားက မျက်ခုံးတလှုပ်လှုပ်ဖြင့် အောက်ဘက်မှ ယဲ့ဖန်ကို လှမ်း ကြည့်၍ ပြောလိုက်သည်။

“နတ်ဆိုးဧကရာဇ်၊ မင်း နိုင်ပြီလို့ ထင်နေလား”

“ငါ့ကို ဒီလိုဖြစ်အောင် ဖိအားပေးခဲ့တာက မင်းပဲ၊ မင်းက ငါ့ကို ဖိအားပေးတာ”

မျက်လုံးသုံးလုံး နတ်ဘုရားက ထိုသို့ပြောပြီး တစ်စုံတစ်ရာကို ပြတ်ပြတ်သားသား ဆုံးဖြတ် လိုက်ပုံ ရသည်။ သူ့စကားကြောင့် အားလုံး မျက်မှောင်ကြုတ်သွားသည်။ ဤသို့ အဆုံး သတ်သို့ ရောက်နေသော်လည်း မျက်လုံးသုံးလုံး နတ်ဘုရားက အဘယ်ကြောင့် ထိုသို့ ပြောရသလဲ ဆိုသည်ကို သူတို့ နားမလည်ကြပေ။

“ဟားဟားဟား … မင်းက ငါ့ကို သတ်ချင်တာလား”

“ငါက မင်းတို့ လက်ထဲမှာ သေမှာမဟုတ်ဘူးကွ၊ သေရမှာက မင်းတို့အားလုံးပဲ”

ထိုသို့ပြောလိုက်ပြီးနောက် မျက်လုံးသုံးလုံး နတ်ဘုရားက အိပ်မက်ဆိုး ချောက်ကမ်းပါး ဘက်သို့ လှမ်းကြည့်၍ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“မဟာ ပုရွတ်ဆိတ်အရှင်၊ သင့်လူတွေကို ဆင့်ခေါ်ပြီး ဒီနတ်ဆိုးတွေကို သတ်ခိုင်းလိုက်ပါ”

မျက်လုံးသုံးလုံး နတ်ဘုရား၏ စကားသံအဆုံး၌ ဘောလုံးတစ်လုံး အရွယ်အစားရှိသော ဝိညာဉ်စား ပုရွက်ဆိတ် တစ်ကောင်က ရုတ်တရက် ပျံတက်လာသည်။ ၎င်း၏ အရှိန်က အလွန်လျင်မြန်လှပြီး တစ်ခဏအတွင်း အိပ်မက်ဆိုး ချောက်ကမ်းပါးအောက်သို့ ဝင်ရောက်၍ ပျောက်ကွယ်သွားသည်။

Chapter 896 မင်း စိတ်လှုပ်ရှားနေတာလား

*ဝိညာဉ်စား ပုရွက်ဆိတ်ပါလား*

ဝိညာဉ်စား ပုရွက်ဆိတ်ကို မြင်သည်နှင့် အားလုံး မှင်တက်သွားကြသည်။ ထို့နောက် လူတိုင်း သတိဝင်လာပြီး ချက်ချင်း မျက်နှာပျက်သွားကြသည်။ သူတို့ တားဆီးရန် ပြင်လိုက်သော်လည်း အကွာအဝေးက လှမ်းလွန်း လှသည်။

ထို့ကြောင့် ဝိညာဉ်စား ပုရွက်ဆိတ်က ချောက်ကမ်းပါးအောက်သို့ ပျံဝဲ၍ ဆင်းသွား သည်ကိုသာ ကြည့်နေလိုက် ရသည်။

“မကောင်းတော့ဘူး၊ သခင်ကြီး ဒီမှာ ကြာကြာ မနေပါနဲ့”

အမှောင်သခင် နတ်ဆိုးဘုရင် တုန်လှုပ်နေ၏။ မျက်လုံးသုံးလုံး နတ်ဘုရား ဘာလုပ်ချင် သလဲ သူ ရိပ်မိသည်။ တစ်ဖက်လူက အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ် အကောင် တစ်ရာကို အပြင်သို့ ထွက်လာရန် အမိန့်ပေးနေခြင်း ဖြစ်သည်။

“ချောက်ကမ်းပါးအောက်က အရွယ်ရောက်ပြီးသား ဝိညာဉ်စားပုရွက်ဆိတ်တွေအားလုံး မျက်လုံးသုံးလုံး နတ်ဘုရားကြောင့် နိုးထလာပါပြီ”

“သူတို့ ထွက်မလာရသေးတဲ့ အကြောင်းရင်းက မျက်လုံးသုံးလုံး နတ်ဘုရားက အချိန် နည်းနည်း ကြာအောင် ချိပ်ပိတ်ထားခဲ့လို့ပါ”

“အစက သူက အဲ့ဒီဝိညာဉ်စား ပုရွက်ဆိတ်တွေကို သိမ်းပိုက်ချင်ခဲ့တာပါ၊ အခုတော့ သူက အားလုံးနဲ့အတူ ပျောက်ကွယ်သွားအောင် လုပ်ချင်နေပါပြီ”

အမှောင်သခင် နတ်ဆိုးဘုရင်၏ စကားကြောင့် အားလုံး ကြက်သီးထသွားကြသည်။

*အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ် အကောင်တစ်ရာတဲ့လား*

ကြောက်စရာကောင်းလှသည့် သတ္တဝါအကြောင်း တွေးမိသည်နှင့် နတ်ဆိုးများသာမက ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များပင် မျက်နှာ ဖြူရော်သွားကြသည်။

အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များသည် သိုင်းပညာရှင်များ အားလုံး အတွက် အိပ်မက်ဆိုးပင်။ ၎င်းတို့၏ ခန္ဓာကိုယ်များက ဖျက်ဆီးမရနိုင်အောင် မာကျောလှပြီး အစွယ်များနှင့် လက်သည်းများက ချွန်ထက် လှသည်။ ၎င်းတို့သည် လူသတ်စက် တစ်မျိုးလိုပင်။ သက်ရှိအားလုံးကို သတ်ဖြတ်သုတ်သင်နိုင်၏။

လောကသခင် သုံးပါးတောင်မှ ၎င်းတို့အား ကြောက်လန့်ကြသည်။

“ဟားဟားဟား … မင်းတို့ ကြောက်နေပြီလား”

မျက်လုံးသုံးလုံး နတ်ဘုရားသည် အရူးတစ်ယောက်သဖွယ် ဟားတိုက် ရယ်မောနေ၏။ သူသည် ယဲ့ဖန်ကို စူးစိုက် ကြည့်လိုက်ပြီးနောက် နတ်ဆိုးများနှင့် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များကို လှည့်ကြည့်ကာ စဉ်းလဲစွာ ပြုံးလိုက်သည်။

“ငါ မင်းတို့ကို ပြောလိုက်ဦးမယ်၊ အခု ငါ အစာကျွေးနေတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်က ရာချီတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေရဲ့ ဘုရင်ပဲ”

“အခု အဲ့ကောင်က အောက်ကို ပြန်သွားပြီး ဝိညာဉ်စား ပုရွက်ဆိတ်အားလုံးကို လွှတ်ပေး တော့မှာ၊ အဲ့အခါကျရင် မင်းတို့အားလုံး သေရလိမ့်မယ်ကွ”

“ဟားဟားဟား … အားလုံး သေကြတော့ကွာ”

မျက်လုံးသုံးလုံး နတ်ဘုရား ရူးသွပ်သလို ဖြစ်နေ၏။ ဝိညာဉ်စား ပုရွက်ဆိတ်များကို သူ အပြီးတိုင် မစိုးမိုးနိုင် သောကြောင့် သူပါ သေရလိမ့်မည်ကို ရိပ်မိသည်။

သို့သော် သူ မသေခင်၌ ယဲ့ဖန်နှင့် အခြားသူများ၏ အော်ဟစ်သံကို ကြားလိုက်ရပါက သူ့အတွက် အကောင်းဆုံး စိတ်ချမ်းသာမှုဟု တွေးနေမိသည်။

သူ့စကားကြောင့် လူတိုင်း မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ သူတို့ ယဲ့ဖန်ကို ဆက်၍ ဖျောင်းဖျရန် ပြင်လိုက်စဉ်မှာပင် အိပ်မက်ဆိုး ချောက်ကမ်းပါးအောက်မှနေ၍ တဝီဝီသံများ ထွက်ပေါ်လာသည်။

ထို့နောက် သွေးရောင်လွှမ်းသော အနံ့အသက်မျိုးကို လူတိုင်း ရရှိလိုက်သည်။ ဆိုးရွားသော မိစ္ဆာအဖွဲ့ မွေးဖွားလာ တော့မည်ဟု ထင်မှတ်ရသည်။

“မြန်မြန် အရှင်သခင်ကို ကာကွယ်ကြ”

“သခင်ကြီးကို ကာကွယ်ကြ”

ထိုအခါ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များနှင့် နတ်ဆိုးများအားလုံး တုန်လှုပ် သွားကြသည်။ ခေါင်းဆောင် သုံးယောက်နှင့် မဟာအကြီးအကဲ သုံးယောက်က ယဲ့ဖန်ရှေ့၌ ပိတ်ဆို့၍ ကာရံလိုက်သည်။ အားလုံးက အိပ်မက်ဆိုး ချောက်ကမ်းပါးအောက်ခြေကိုသာ ကြည့်နေကြသည်။

သူတို့အားလုံး၏ နဖူးမှ ချွေးစေးများ စီးကျနေပြီး အားလုံး ရင်တုန်နေကြသည်။ ထို့နောက် သူတို့၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် အိပ်မက်ဆိုး ချောက်ကမ်းပါး အောက်ခြေမှနေ အနက်ရောင် အလင်းတန်းတစ်ခု ပျံတက်လာပြီး လေထဲ၌ ဝဲပျံလာသည်။

ထိုအခါတွင်မှ ထိုအရာက ပုရွက်ဆိတ်အုံကြီး ဖြစ်နေသည်ကို အားလုံး တွေ့လိုက်ရသည်။ ၎င်းတို့အား ဦးဆောင်လာသူက မျက်လုံးသုံးလုံး နတ်ဘုရား စေခိုင်းလိုက်သည့် ဝိညာဉ်စား ပုရွက်ဆိတ် ဖြစ်နေ၏။

ထိုပုရွက်ဆိတ်ဘုရင်၏ အနောက်၌ ဝိညာဉ်စား ပုရွက်ဆိတ် အကောင်ရှစ်ရာ ရှိနေသည်။ အားလုံးသည် နှစ်ပေါင်းများစွာ အိပ်မောကျခဲ့သဖြင့် နှစ်ချီ၍ ဆာလောင်နေကြသည်။ ၎င်းတို့၏ မျက်လုံးများက ရဲရဲနီကာ လက်သည်းများနှင့် အစွယ်များက ချွန်ထက်လှသည်။ ၎င်းတို့၏ ကြည့်ရဆိုးသော အသွင်အပြင်ကြောင့် အားလုံး ကြက်သီးထ လာသည်။

“နိုးလာကြပြီ၊ ဒီတစ်ခါတော့ တစ်လောကလုံးကို ကိုင်လှုပ်နိုင်မယ့် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်တွေ နိုးလာပြီပဲ”

“ဟားဟားဟား … နတ်ဆိုးဧကရာဇ် မင်း တုန်လှုပ်နေပြီမလား၊ ယန်ဝမ် ဟင်းလင်းပြင်က လူတွေ မင်းတို့ သုတ်သင်ခံ ရတော့မယ်ကွ”

“ဒီတစ်ခေါက် မင်း ဘယ်လိုသေမလဲ ငါ ကြည့်ရသေးတာပေါ့”

ကောင်းကင်ယံမှ မျက်လုံးသုံးလုံး နတ်ဘုရား၏ မျက်လုံးတွင် ရူးသွပ်မှုများ ထင်ဟပ် နေသည်။ သူ စိတ်ကျေနပ်နေ သောကြောင့် တစ်ကိုယ်လုံး တုန်ယင်နေ၏။

သူ မသေခင်အချိန်၌ နတ်ဆိုးဧကရာဇ်၏ သေဆုံးမှုကို မျက်ဝါးထင်ထင် မြင်တွေ့ရမည်ပြီး နတ်ဆိုးမျိုးနွယ်များ ပျက်သုဉ်းကာ ယန်ဝမ် ဟင်းလင်းပြင်မှ လူများ သုတ်သင်ခံ ရတော့မည်ဟု ထင်မှတ်ကာ သူ့ဘဝ၌ ဂုဏ်အယူရဆုံး အရာဟု တွေးထင်နေသည်။

“ဝိညာဉ်စား ပုရွက်ဆိတ်တို့၊ ခင်ဗျားတို့ရဲ့ အရသာရှိတဲ့ အစားအသောက်ကို သုံးဆောင်ကြတော့”

“သူတို့ရဲ့ အော်သံကို အသုံးချပြီး ကျုပ်တို့မျိုးနွယ်က သိုင်းပညာရှင်တွေ သေဆုံးခဲ့ရ တာအတွက် လက်စား ပြန်ချေမယ်”

မျက်လုံးသုံးလုံး နတ်ဘုရား၏ စကားသံနှင့်အတူ ဝိညာဉ်စား ပုရွက်ဆိတ် အကောင်ရေ ရှစ်ရာက ချက်ချင်း လှုပ်ရှားလာသည်။ ၎င်းတို့သည် လက်သည်းများကို ဝင့်၍ ယဲ့ဖန်နှင့် အခြားသူများထံ ပြေးလာ၍ ဝိုင်းလာ ကြသည်။

ဤမြင်ကွင်းကြောင့် နတ်ဆိုးများအားလုံး အံ့ဩကာ ဒေါသထွက်သွားကြသည်။ သူတို့ စိတ်ထဲတွင် အသက် အသေခံရန် ဆုံးဖြတ်ထားကြသည်။ သူတို့၏ အသက်ကိုသုံး၍ ယဲ့ဖန် ကို ကာကွယ်ချင်နေသည်။

ထိုစဉ် ခပ်အေးအေး စကားသံ ထွက်ပေါ်လာ၏။

“အကောင်လေး ရာဂဏန်းလောက်ကို”

“မင်းက အဲ့လောက် စိတ်လှုပ်ရှားနေတာလား”

ယဲ့ဖန်၏ စကားသံ၌ အထင်သေးမှုများ ပြည့်နှက်နေ၏။ ထိုစကားကြောင့် မျက်လုံးသုံးလုံး နတ်ဘုရားက အံ့ဩ သွားသည်။ ထို့နောက် မယုံသင်္ကာဖြစ်၍ အထင်သေးသော မျက်လုံး များဖြင့် ပြန်ပြောလိုက်သည်။

“နတ်ဆိုးဧကရာဇ် မင်းက တော်တော် မောက်မာတာပဲ၊ မင်း စကားက ဝိညာဉ်စား ပုရွက်ဆိတ်တွေကို စော်ကား လိုက်တာပဲ”

ထိုသို့ပြောပြီးနောက် မျက်လုံးသုံးလုံး နတ်ဘုရားသည် တစ်စုံတစ်ရာကို တွေးမိပြီးနောက် ချက်ချင်း သတိရကာ ထပ်ပြောလိုက်သည်။

“ဒါနဲ့ မင်းမှာလည်း ဝိညာဉ်စား ပုရွက်ဆိတ်တွေ ရှိတာကို ငါ အခုမှ သတိရတယ်”

“မင်းရဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေက သားလောင်းအဆင့်ပဲ ရှိနေတာက နှမြောစရာပဲ၊ မင်းအကောင်တွေက ဘယ်လိုလုပ် ဒီအရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်တွေနဲ့ ယှဉ်နိုင်မှာလဲ”

သူ့စကားကြောင့် နတ်ဆိုးများ ပို၍ မျက်နှာဖြူရော်လာသည်။

*သားလောင်းတဲ့လား*

ထိုစဉ် ယဲ့ဖန်က ရယ်မောလာသည်။ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များကလည်း အရယ်ရဆုံး ဟာသတစ်ပုဒ်ကို အထင်သေးသော အကြည့်များဖြင့် ပြန်ကြည့်နေ၏။ သူတို့၏ အမူအရာကြောင့် မျက်လုံးသုံးလုံး နတ်ဘုရား စိုးရိမ်စိတ် ဝင်လာ၏။

“ဒါဆိုလည်း ငါ့သားလောင်းတွေကို မင်းနဲ့ ပေးတွေ့ပေးရတာပေါ့”

ယဲ့ဖန်က ထိုသို့ပြောပြီး လက်တစ်ဖက်ကို လှုပ်ခါလိုက်သည်။ ထိုအခါ သူ၏ အင်္ကျီလက်စ တွင်းမှနေ၍ လက်သည်းအရွယ် ဝိညာဉ်စား ပုရွက်ဆိတ်များ ထွက်လာပြီး အရွယ် ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ် အကောင်ရေ ရှစ်ရာအား ပိတ်ဆို့လိုက်သည်။

ထို့အပြင် မျက်လုံးသုံးလုံး နတ်ဘုရားနှင့် နတ်ဆိုးများ အထိတ်တလန့် ကြည့်နေစဉ်မှာပင် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ခန္ဓာကိုယ်က ရုတ်တရက် ကြီးထွားလာသည်။ တစ်ခဏ အတွင်းမှာပင် အားလုံးက ဘောလုံး တစ်လုံးအရွယ် အရွယ်အစားအဖြစ်သို့ ပြောင်းလဲ သွားသည်။

ဤသည်ကို မြင်ပြီး ဝိညာဉ်စား ပုရွက်ဆိတ် အကောင်ရှစ်ရာလုံး တုန်လှုပ်သွားသည်။ အခြားသော ဝိညာဉ်စား ပုရွက်ဆိတ်များ ရှိနေလိမ့်မည်ဟု ၎င်းတို့ ထင်မထားမိပေ။ ထို့အပြင် ထိုအကောင်များက ထောင်သောင်းချီနေပြီး အရွယ်ရောက်ပြီးသား ခန္ဓာကိုယ်သို့ ရောက်ရန် နီးစပ်နေ၏။

ဤသည်ကို သတိထားမိပြီး ဝိညာဉ်စား ပုရွက်ဆိတ်နှင့် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များ အားလုံး သတိထားသလို ဖြစ်နေကာ ကြောက်စိတ် ဝင်လာသည်။ ကောင်းကင်ယံမှ မျက်လုံးသုံးလုံး နတ်ဘုရားပင် ကြောက်လန့်သွားလေသည်။

“အရွယ်ရောက်ဖို့ နီးစပ်နေတဲ့ ဝိညာဉ်စား ပုရွက်ဆိတ် အကောင်ရေ သောင်းကျော် နေပါလား”

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ မင်းရဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေက ဘယ်လိုလုပ် ဒီလောက် မြန်မြန် ကြီးထွား လာရတာလဲ”

မျက်လုံးသုံးလုံး နတ်ဘုရား တုန်လှုပ်နေ၏။ ယဲ့ဖန်၏ ဝိညာဉ်စား ပုရွက်ဆိတ်များက သားလောင်းအရွယ်သာ ရှိသည်ဟု သူ ကြားခဲ့ဖူးသည်။ နတ်သခင်အဆင့်ကိုပင် မဝါးမျိုနိုင် သေးဟု ကောလာဟလ ကြားခဲ့ရသည်။

သို့သော် ယခုအခါတွင် ဝိညာဉ်စား ပုရွက်ဆိတ်အားလုံးက အရွယ်ရောက်ပြီးသား ခန္ဓာကိုယ်သို့ ရောက်ရန် နီးစပ် နေ၏။ ၎င်းတို့၏ လက်သည်းများက အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များထက်ပင် ချွန်ထက် နေသေးသည်။ အထူးသဖြင့် ၎င်းတို့၏ အရေအတွက်က အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များထက် အဆတစ်ရာ နီးပါး ပိုသာနေသဖြင့် မယုံနိုင်စရာ ကောင်းလှပေသည်။

Chapter 897 ပုရွက်ဆိတ်ဘုရင်တို့၏ စစ်ပွဲ

မျက်လုံးသုံးလုံး နတ်ဘုရား ထိတ်လန့်ကြောက်ရွံ့နေ၏။ သူသည် ကောင်းကင်ယံမှ နက်မှောင်နေသော ဝိညာဉ်စား ပုရွက်ဆိတ်များကို ကြည့်ပြီး ခေါင်းနပမ်း ကြီးနေသည်။

*အရွယ်ရောက်ခါနီး ဖြစ်တော့မှာပါလား*

သူ မယုံနိုင်သေးပေ။ ဤသို့ ထောင်သောင်းချီသော အရွယ်ရောက်ခါနီး ဝိညာဉ်စား ပုရွက်ဆိတ်များ၏ လက်ချက်ဖြင့်ဆိုလျင် လောကသခင် သုံးပါးတောင်မှ အစားခံလိုက် ရနိုင်သည်။

“ဒီကောင်က တကယ်ပဲ မိစ္ဆာတစ်ကောင် ဖြစ်နေတာလား”

မျက်လုံးသုံးလုံး နတ်ဘုရား၏ နဖူးမှနေ၍ ချွေးစေးများ ဆက်တိုက် စီးကျလာသည်။ သူ တစ်ကိုယ်လုံး တုန်ယင်နေ၏။ အောက်ဘက်ရှိ အမှောင်သခင် နတ်ဆိုးဘုရင်နှင့် နတ်ဆိုး မျိုးနွယ်များက သူ့ထက်ပို၍ ထိတ်လန့် နေကြသည်။

“ဒီပုရွက်ဆိတ်တွေ ဘာတွေကိုများ ကျော်ဖြတ်ခဲ့ရတာလဲ၊ ဒီလောက် အချိန်တိုလေး အတွင်း သူတို့က အရွယ် ရောက်လုနီးပါး ဖြစ်နေပြီ၊ ဒါက …”

အမှောင်သခင် နတ်ဆိုးဘုရင် တုန်လှုပ်နေ၏။ ဝိညာဉ်စား ပုရွက်ဆိတ် တစ်ကောင် အနေဖြင့် သားလောင်းအဆင့်မှ အရွယ်ရောက်သော အဆင့်သို့ ရောက်သည့်အချိန်က အလွန် ရှည်လျားလှသည်ကို သူ သိထားသည်။ နှစ်တစ်သောင်းနီးပါး သို့မဟုတ် နှစ်တစ်သိန်းနီးပါး ကြာချင်ကြာနိုင်၏။

အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ် အကောင်ရှစ်ရာဆိုလျင် နှစ်ပေါင်းမည်မျှ ဖြတ်ကျော်ပြီးမှ ဤအခြေအနေအထိ ကြီးထွားလာသလဲ မသိနိုင်ပေ။

ယခုအခါတွင်မူ လအချို့မျှ မမြင်လိုက်ရသည့် အတောအတွင်း ဝိညာဉ်စား ပုရွက်ဆိတ် များက အရွယ်ရောက် လုနီးပါး အခြေအနေသို့ ရောက်ရှိနေ၏။ ဤအဖြစ်အား နတ်ဆိုး မျိုးနွယ်များ ထင်မထားမိပေ။

“ပုရွက်ဆိတ်ဘုရင် သူတို့ကို နှိမ်နင်းလိုက်”

ထိုစဉ် မျက်လုံးသုံးလုံး နတ်ဘုရားက အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ် အကောင်ရေ ရှစ်ရာကို အော်ပြောနေသည်။

“သူတို့အားလုံးက မင်းတို့ရဲ့ သားတွေမြေးတွေပဲကို၊ သူတို့က မင်းတို့ အမိန့်ပေးတာကို နာခံသင့်တယ်လေ”

“မင်း သူတို့ကို ထိန်းချုပ်နိုင်တာနဲ့ တစ်လောကလုံးက မင်းတို့ ဝိညာဉ်စား ပုရွက်ဆိတ် တွေရဲ့ လောကကြီး ဖြစ်လာမှာ”

မျက်လုံးသုံးလုံး နတ်ဘုရား၏ စကားများ၌ ဖြားယောင်းဆွဲဆောင်မှုများ ပါဝင်နေ၏။ သူ့စကားကို ကြားပြီး အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်ဘုရင်က စိတ်လှုပ်ရှား ဟန် ပြလာသည်။

*အနိုင်ယူရမယ်တဲ့လား*

ပုရွက်ဆိတ်ဘုရင်က တစ်စုံတစ်ရာကို ချက်ချင်း အမှတ်ရသွားသည်။ ထို့နောက် ၎င်းပုရွက်ဆိတ်ဘုရင်က စီးချင်းထိုးလိုသော စစ်သည်တော်တစ်ယောက်ကဲ့သို့ ရဲရဲတောက် နေသော မျက်လုံးများဖြင့် ပုရွက်ဆိတ်များကို လှမ်းကြည့်လာသည်။

ဤသည်မှာ ပုရွက်ဆိတ်ဘုရင်တို့၏ တိုက်ပွဲဖြစ်သည်။ ဤသည်ကို ကြည့်ပြီး ယဲ့ဖန်၏ အကြည့်များက လေးနက် လာသည်။ ဤသို့သော တိုက်ပွဲမျိုးကို သူ မြင်ခဲ့ဖူးပါသည်။ ဝိညာဉ်စား ပုရွက်ဆိတ်အသိုက်ထဲတွင် ဘုရင်၏ အဆင့်အတန်းက အလွန် ထူးခြား၍ အရေးပါလှသည်။ ထိုအဆင့်အတန်းက တိုက်ပွဲပေါင်းများစွာကို ထပ်ခါထပ်ခါ ယှဉ်ပြိုင် အနိုင်ယူပြီးမှသာလျင် ရရှိနိုင်၏။

ဥပမာ ပြောရမည်ဆိုလျင် တစ်ချိန်က ယဲ့ဖန် ပုရွက်ဆိတ်လေးကို သိမ်းသွင်းနိုင်ပြီးသည်နှင့် ပုရွက်ဆိတ်လေးအား ပုရွက်ဆိတ်အသိုက်အတွင်း၌ အပြင်းအထန် တိုက်ခိုက်စေပြီး ပုရွက်ဆိတ်အဖွဲ့များကို အနိုင်ယူစေခဲ့သည်။ ထို့နောက်တွင်မှ ဤသို့သော ထောင်သောင်း ချီသည့် ဝိညာဉ်စား ပုရွက်ဆိတ်များ ဖြစ်တည်လာခြင်း ဖြစ်ပေသည်။

ယခုအခါတွင်လည်း အရွယ်ရောက်ပြီးသား ပုရွက်ဆိတ်ဘုရင်က ပုရွက်ဆိတ်လေးအား တူညီသော နည်းလမ်းဖြင့် သတ်ဖြတ်၍ ကျန်ပုရွက်ဆိတ်များကို သိမ်းယူချင်နေ၏။

“သခင်ကြီး ပုရွက်ဆိတ်လေးကို မသွားခိုင်းပါနဲ့၊ သူတို့တွေက အရွယ်ရောက်ခါနီး ခန္ဓာကိုယ်ကို ရဖို့ နီးစပ်နေပင်မယ့် သူတို့က အရွယ်မရောက်သေးပါဘူး”

“နှစ်ပေါင်းများစွာ အသက်ရှင်နေခဲ့တဲ့ ပုရွက်ဆိတ်ဘုရင်နဲ့ ယှဉ်တိုက်ရမယ်ဆိုရင် ပုရွက်ဆိတ်လေး ရှုံးမှာ အသေအချာပါပဲ”

အမှောင်သခင် နတ်ဆိုးဘုရင်က သုန်မှုန်သော အမူအရာဖြင့် ပြောလာသည်။ သူ့စကား ကြောင့် ယဲ့ဖန်သည်လည်း မျက်နှာ မည်းမှောင်လာ၏။ သူက ခေါင်းကိုငဲ့၍ ပခုံးပေါ် ရှိနေသော ပုရွက်ဆိတ်လေးကို ကြည့်ပြီး အလေးအနက် မေးလိုက်သည်။

“မင်း သေချာလား”

ကျွိ! ကျွိ!

ပုရွက်ဆိတ်လေး၏ မျက်လုံးများက ခိုင်မာပြတ်သားဟန် ပြနေသည်။ ထိုအမူအရာ၊ ထိုဆုံးဖြတ်ချက်ချတတ်ပုံက ယဲ့ဖန်နှင့် တစ်ထပ်တည်း တူညီနေ၏။

“ကောင်းပြီ”

ယဲ့ဖန်က ပခုံးပေါ်မှ ပုရွက်ဆိတ်လေးအား လက်ဝါးပေါ်တင်ယူလိုက်ပြီး သေချာစိုက် ကြည့်၍ အလေးအနက် ပြောလိုက်သည်။

“ပုရွက်ဆိတ်လေး မင်း မှတ်ထားပါ၊ မင်းက ဒီအတိုင်း ဝိညာဉ်စား ပုရွက်ဆိတ် တစ်ကောင်လည်း ဖြစ်သလို ငရဲဘုံ ပုရွက်ဆိတ်တစ်ကောင်ဆိုလည်း ဟုတ်တယ်”

“မင်းက ငါ့နတ်ဆိုးမျိုးနွယ်ရဲ့ ပုရွက်ဆိတ်လေး၊ မင်းက ငါ့ယန်ဝမ် ဟင်းလင်းပြင်ရဲ့ ပုရွက်ဆိတ်လေးပဲ”

“သွား … ပုရွက်ဆိတ်ဘုရင်ရဲ့ သွေးနဲ့ မင်းရဲ့ ဂုဏ်သိက္ခာကို အရောင်တင်လာခဲ့”

ယဲ့ဖန်၏ စကားများကြောင့် ပုရွက်ဆိတ်လေး တက်ကြွကာ သွေးပွက်ပွက်ဆူလာ၏။ သူ၏ မျက်လုံး၌ ရူးသွပ်ဟန်များ ထင်ဟပ်နေကာ ယဲ့ဖန်အား အလေးအနက် ခေါင်းညိတ်ပြ လေသည်။

ရွှစ်!

ထို့နောက် လှစ်ခနဲ ပျံတက်၍ ထွက်သွားလေသည်။ ပုရွက်ဆိတ်လေး ပျံတက်လာသည်ကို မြင်သည်နှင့် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ် ရှစ်ရာက ချက်ချင်း ဘေးသို့ ရှောင်၍ လမ်းဖယ်ပေးလာသည်။ ၎င်းတို့က ပုရွက်ဆိတ်လေးအား လေးစားသော အကြည့် များဖြင့် ကြည့်နေကြသည်။ သူတို့၏ စိတ်ထဲတွင် ပုရွက်ဆိတ်လေး နိုင်နိုင်ရှုံးရှုံး၊ ပုရွက်ဆိတ်လေး၏ သတ္တိကို သူတို့ နှစ်သက် သဘောကျနေ၏။

ကျွိ! ကျွိ! ကျွိ! ကျွိ!

ထိုအခိုက်တွင် ပုရွက်ဆိတ်နှစ်ကောင်က လေထဲ ပျံဝဲ၍ ရပ်နေပြီး တစ်ကောင်နှင့် တစ်ကောင် စူးစိုက်ကြည့်၍ ဆွေးနွေး ပြောဆိုနေပုံရသည်။

အရွယ်ရောက်ပြီးသား ပုရွက်ဆိတ်ဘုရင်က ပုရွက်ဆိတ်အားလုံးကို သူ့အား အသိအမှတ် ပြုစေချင်နေ၏။ သို့သော် ပုရွက်ဆိတ်လေးက သူ့အား အထင်သေးစွာ ကြည့်နေပြီး အစွယ်များကို လှစ်ဟာပြ၍ ပုရွက်ဆိတ် ဘုရင်အား စိန်ခေါ်နေ၏။

ဤအဖြစ်ကြောင့် ဝိညာဉ်စား ပုရွက်ဆိတ်များအားလုံး အမူအရာ ပြောင်းလဲသွားကြသည်။ အထူးသဖြင့် ပုရွက်ဆိတ်ဘုရင်ပင်။ သူသည် နှစ်ချီ၍ အသက်ရှင် နေထိုင်ခဲ့ပြီး ဘုရင်အဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့သူ ဖြစ်သည်။

သူ့အား စိန်ခေါ်ရဲသည့် ဝိညာဉ်စား ပုရွက်ဆိတ်ဟူ၍ တစ်ကောင်မှ မရှိခဲ့ဖူးချေ။ ယခုအခါ၌ ပုရွက်ဆိတ်လေးက သူ့အား စိန်ခေါ်နေသဖြင့် သူ အသေသတ်ချင်နေသည်။

ပုရွက်ဆိတ်ဘုရင်က စူးစူးဝါးဝါး အော်ဟစ်၍ တောင်ပံဖြန့်ကာ ပုရွက်ဆိတ်လေးအား အပြင်းအထန် တိုက်ခိုက် လေတော့သည်။ သူ၏ တောင်ပံများက အလွန် ချွန်ထက် လှသည်။ သူ၏ တောင်ပံဖြင့် ရိုက်ချလိုက်တိုင်း ပုရွက်ဆိတ်လေး သွေးထွက်ကာ ဒဏ်ရာ ရလာသည်။

ပုရွက်ဆိတ်ဘုရင်တို့၏ တိုက်ပွဲ စတင်လာလေပြီ။

“အောင်မြင်မှဖြစ်မယ်၊ အောင်မြင်မှကို ဖြစ်မယ်”

မျက်လုံးသုံးလုံး နတ်ဘုရား ရင်တုန်နေ၏။ ပုရွက်ဆိတ်ဘုရင်က ပုရွက်ဆိတ်လေးကို သတ်လိုက်နိုင်သည်နှင့် ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များက ပုရွက်ဆိတ် ဘုရင်ထံ အညံ့ခံလာပေလိမ့်မည်။ ထိုသို့ ဖြစ်လာလျင် ယဲ့ဖန်နှင့် အခြားသူများအားလုံး သေချာပေါက် သေပွဲဝင်ရပေမည်။

ထိုသို့တွေးတောနေမိသဖြင့် မျက်လုံးသုံးလုံး နတ်ဘုရားသည် စိတ်လှုပ်ရှားကာ တစ်ကိုယ်လုံး တုန်ယင်၍ ချွေးပြန်နေ၏။

သူသည်သာမက အမှောင်သခင် နတ်ဆိုးဘုရင်နှင့် နတ်ဆိုးမျိုးနွယ်များအပြင် ယန်ဝမ် ဟင်းလင်းပြင်မှ ခေါင်းဆောင် သုံးယောက်ပင် အသက်ပင် မရှူနိုင်လောက်အော် စိုးရိမ် နေ၏။ သူတို့အားလုံးက ပုရွက်ဆိတ် ဘုရင်တို့၏ တိုက်ပွဲကို မမှိတ်မသုန် စိုက်ကြည့် နေကြသည်။

ပုရွက်ဆိတ်ဘုရင်တို့၏ တိုက်ပွဲက ရက်စက်၍ ပြင်းထန်လှသည်။ ပုရွက်ဆိတ်ဘုရင် နှစ်ပါးလုံး၏ ကိုယ်၌ ဒဏ်ရာများ ထွက်ပေါ်နေပြီး သွေးများ စိမ့်ထွက်နေသည်။ သူတို့၏ ချွန်ထက်သော လက်သည်းများ ပျက်စီးလုနီးပါး ဖြစ်နေပြီး အစွယ်များ ကျိုးလုနီးပါး ဖြစ်နေသည်။

ပုရွက်ဆိတ်ဘုရင်နှစ်ပါးလုံး သွေးအလိမ်းလိမ်းဖြင့် မနည်းတိုက်ယူနေရသည်။ အချိန် တစ်ခုမျှ တိုက်ခိုက်နေပြီးနောက် အရွယ်ရောက်ပြီးသား ခန္ဓာကိုယ်၏ အားသာ ချက်များ သိသိသာသာ ထွက်ပေါ်လာ၏။

ပုရွက်ဆိတ်ဘုရင်က ပို၍ သန်မာနေပြီး သူ၏တိုက်ခိုက်မှုက ပိုပြင်းထန်နေသည်။ ပုရွက်ဆိတ်လေး အသည်းအသန် နောက်ဆုတ်နေရပြီး သူ့ခန္ဓာကိုယ် ဒဏ်ရာ ဗလပွ ဖြစ်နေပြီး အရေပြားများ စုတ်ပြတ်နေသည်။

ထို့နောက် အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူ၏ လက်သည်းများ ပြတ်တောက်သွားသည်။ ဤအဖြစ်ကြောင့် ပုရွက်ဆိတ်ဘုရင် အလွန် ဝမ်းသာ သွားလေသည်။ လက်သည်းများ ဆုံးရှုံးသွားသော ပုရွက်ဆိတ်လေးသည် သူ၏အမြင်၌ ဓားသွားပေါ် ရောက်နေသော ငါးတစ်ကောင်လိုပင်။

ဤသည်ကိုမြင်ပြီး မျက်လုံးသုံးလုံး နတ်ဘုရားလည်း ဝမ်းသာသွားသည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်”

သူ၏ မျက်လုံး၌ ဝမ်းသာပျော်ရွှင်မှုများ ထင်ဟပ်နေ၏။ ပုရွက်ဆိတ်ဘုရင်က ဝိညာဉ်စား ပုရွက်ဆိတ်များ အားလုံးကို သိမ်းပိုက်နိုင်တော့မည်ဟု မြင်ယောင်နေသည်။ ထို့အပြင် ယဲ့ဖန်နှင့် အခြားသူများ ရက်ရက်စက်စက် အသတ်ခံရတော့မည်ဟု ထင်မြင်နေလေသည်။

ထိုစဉ် ပုရွက်ဆိတ်လေး၏ ခန္ဓာကိုယ်၌ ထပ်မံ၍ ဒဏ်ရာရသွားသည်။ သူ၏ဝမ်းဗိုက်အား ပုရွက်ဆိတ်ဘုရင်က ကိုက်လိုက်သဖြင့် သွေးများ ပန်းထွက်လာသည်။

လက်ရှိအချိန်၌ ပုရွက်ဆိတ်လေးသည် တစ်ကိုယ်လုံး အားမရှိသလို ခံစားလာရပြီး သတိလစ်ချင်သလို ဖြစ်လာ၏။ သူ၏ မြင်ကွင်းများပင် မည်းမှောင်လာလေသည်။

“အဆုံးသတ်ရတော့မှာလား”

ပုရွက်ဆိတ်လေးသည် သူနှင့် အရွယ်ရောက်ပြီးသား ပုရွက်ဆိတ်တို့၏ ခြားနားချက်က ဤမျှ ကြီးမားလိမ့်မည်ဟု ထင်မထားမိပေ။ ပြိုင်ဘက်၏ ခွန်အားနှင့် လျင်မြန်မှုတို့က သူ ခုခံရ ခက်လှသည်။

“ငါသာ သေသွားရင် သခင်ကြီး ဝမ်းနည်းနေတော့မှာပဲ …”

ပုရွက်ဆိတ်လေးသည် သွေးအလိမ်းလိမ်းဖြင့် အောက်ဘက်ရှိ ယဲ့ဖန်အား ချစ်ခင်စိတ်နှင့် မခွဲခွာချင်သောလိုသော အမူအရာတို့ဖြင့် လှမ်းကြည့်လိုက်သည်။

All Chapters