← Chapters

ကံကြမ္မာမဲ့သူ

Vol. 54 Ch. 568

ကံကြမ္မာမဲ့သူ

Vol. 54 Ch. 568

ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင်မုန်တိုင်းက တောင်ကျရေတံခွန်ကြီးကဲ့သို့ပင် ထန်ထျန်းရှိရာဘက်သို့ အရူးအမူး လှိမ့်ဝင်လာတော့သည်။

မျှော်လင့်ထားသည့်အတိုင်း တိုက်ခိုက်မှုက ရောက်လာခဲ့ပြီ ဖြစ်သည်။

ထိုမုန်တိုင်းက မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး ထန်ထျန်းရှိနေသည့် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ကောင်းကင်ထိပ်ဆုံးသို့ ဦးတည်နေသည့် လမ်းကြောင်းသည်လည်း ချက်ချင်းပင် ပြင်းထန်စွာ တုန်ခါသွားကာ အော်ဟစ် သံနှင့်အတူ ရောက်လာသော ဟင်းလင်းပြင်စွမ်းအားများက လမ်းကြောင်း၏ အပြင်နံရံကို ရူးသွပ်စွာ ဖျက်ဆီးနေသဖြင့် ခဏချင်းမှာပင် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်သွားတော့သည်။

သို့သော် ဤလမ်းကြောင်းမှာ နိယာမများဖြင့် စုစည်းတည်ဆောက်ထားခြင်း ဖြစ်ရာ ယိမ်းထိုးနေသော်လည်း အပြီးတိုင် ပျက်စီးသွားခြင်း မရှိသေးပေ။

ဤအခြေအနေအတိုင်းဆိုလျှင် သူက ကောင်းကင်ထိပ်ဆုံးသို့ ချောချောမောမော ရောက်ရှိသွားနိုင်သေးသည်။

တစ်ဖက်လူရဲ့ လက်နက်က ဒါပဲလား...

သို့သော် ထိုအတွေး ပေါ်လာရုံရှိသေး... ရှည်လျားသော ပန်းချီကားချပ် တစ်ချပ်က ဟင်းလင်းပြင်မုန်တိုင်း၏ ဗဟိုချက်မှ ရုတ်တရက် ပျံသန်းလာသည်။

ပန်းချီကားချပ်ပေါ်တွင် ခုခံနိုင်စွမ်းမရှိသော နိယာမစွမ်းအားများ ပါဝင်နေပြီး ထန်ထျန်း၏ ရှေ့ဆက်မည့်လမ်းကို ချက်ချင်း ဖြတ်တောက်လိုက်သည်။

ထို့နောက် ပန်းချီကားချပ်သည် ချက်ချင်း ပြန်လည်ကျုံ့သွားကာ ထန်ထျန်းကို အတွင်းထဲတွင် ပတ်ပတ်လည် လွှမ်းခြုံပတ်လိုက်ပြီး ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဆွဲခေါ်သွားတော့သည်။

ပန်းချီကားချပ်မှာ အစွမ်းထက်သော်လည်း ထန်ထျန်း၏ လက်ရှိအစွမ်းဖြင့်ဆိုလျှင် ၎င်းကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။

သို့သော် ခေတ္တစဉ်းစားပြီးနောက် သူ ထိုသို့မလုပ်ခဲ့ပေ။

သူနှင့် ကြောင်ကလေးကို အမြဲတစေ ချောင်းမြောင်းနေသည့် ထိုအစွမ်းထက် ပုဂ္ဂိုလ်မှာ မည်သူနည်းဆိုသည်ကို သူ သိချင်နေမိသည်။

မည်သည့်ခုခံမှုမျှ မလုပ်ဘဲ ထန်ထျန်းသည် ပန်းချီကားချပ်အတွင်း၌သာ နေကာ ဟင်းလင်းပြင်မုန်တိုင်းနှင့်အတူ ဟင်းလင်းပြင် အနက်ရှိုင်းဆုံးဆီသို့ လိုက်ပါသွားခဲ့သည်။

ဤလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူမှာ တော်တော်လေး သတိကြီးသူဖြစ်ကြောင်း သိသာသည်၊ သူက ဟင်းလင်းပြင်မုန်တိုင်းကို အသုံးချပြီး ခြေရာဖျောက်ခဲ့ခြင်း ဖြစ်သည်။

ဟင်းလင်းပြင်၏ အတားအဆီးအောက်တွင် အခြားလူများအနေနှင့် မည်သည့်ခြေရာလက်ရာမျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ၊ ၎င်းမှာ လက်စလက်န မကျန် လူသတ်သည့် နည်းလမ်းပင် ဖြစ်သည်။

ပန်းချီကားချပ်မှ ထွက်ပေါ်နေသော နိယာမစွမ်းအားများကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူမှာ အမှန်တကယ်ပင် အစွမ်းထက်သည့် ဝူကျိတာအိုအရှင် တစ်ဦးဖြစ်ပြီး အခြေခံအုတ်မြစ်မှာလည်း အလွန်နက်ရှိုင်းကြောင်း သိနိုင်သည်။

ပန်းချီကားချပ်ပေါ်တွင် နှစ်ကာလများစွာ ကြာမြင့်ခဲ့သည့် အော်ရာ များ ပြည့်နှက်နေသလို ရာနှင့်ချီသော အစွမ်းထက် ဟင်းလင်းပြင်နိယာမများ ရှိနေခြင်းကလည်း ၎င်းကို သက်သေပြနေသည်။

တော်သေးသည်မှာ ထန်ထျန်းက အစောကတည်းက အဆိုးဆုံးအတွက် ပြင်ဆင်ထားသောကြောင့် ဖြစ်သည်၊ မဟုတ်ပါက ဤကောင်၏ လက်ထဲတွင် တကယ်ပဲ ခံလိုက်ရပေလိမ့်မည်။

ပန်းချီကားချပ်နှင့်အတူ မည်မျှဝေးသော ခရီးကို ရောက်လာခဲ့သည်မသိ၊ ဟင်းလင်းပြင် အနက်ရှိုင်းဆုံးသို့ ရောက်သောအခါမှ ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။

အပြင်ဘက်က ဟင်းလင်းပြင်မုန်တိုင်းမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ထန်ထျန်းက ပန်းချီကားချပ်အတွင်းရှိ နေရာလွတ်ထဲတွင် လွင့်မျောနေရင်း တစ်ဖက်လူ ရောက်လာမည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။

ခဏအကြာတွင် ကြီးမားသော စိတ်ဆန္ဒတစ်ခု ရုတ်တရက် ဆင်းသက်လာရာ ထန်ထျန်းက ထိုသူမှာ ထျန်းယွမ် အင်မော်တယ်အရှင်ကို အနိုင်ယူပြီးနောက် အချိန်ကြေးမုံ ထဲမှ ပေါ်လာသည့်သူ ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။

စိတ်ဆန္ဒနှင့်အတူ ဆင်းသက်လာသည်မှာ သွေးရောင်လွှမ်းသော အလံ ၁၈ ခု ဖြစ်သည်။

ထိုအလံများက အလွန်အစွမ်းထက်သော အစီအရင်တစ်ခုကို တည်ဆောက်လိုက်ပြီး ပြင်ပမှ လှိုင်းထနေသော ဟင်းလင်းပြင်ကို ငြိမ်သက်သွားစေကာ ဤနေရာလွတ်ကိုလည်း ပြင်ပလောကနှင့် အပြီးတိုင် ဖြတ်တောက်လိုက်သည်။

ယခုဆိုလျှင် အတွင်းထဲတွင် မည်သို့သော ကိစ္စမျိုး ဖြစ်ပျက်ပါစေ ပြင်ပလူများ သိရှိနိုင်တော့မည် မဟုတ်ပေ။

ဒီကောင်က တကယ်ကို သတိကြီးတာပဲ။

သို့သော် ဤကဲ့သို့ ဖြစ်လေလေ ထန်ထျန်းက ပိုပြီး စိတ်အေးလေလေပင်။

သတိကြီးလွန်းခြင်းက တစ်ဖက်လူတွင် စိုးရိမ်ပူပန်မှု ရှိနေသည်ကို ပြသနေခြင်း ဖြစ်သည်။

စိုးရိမ်ပူပန်မှု ရှိနေခြင်းက သူသည် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်မနေခြင်းကို သက်သေပြနေသည်။

သူ့ လက်ရှိအစွမ်းဖြင့်ဆိုလျှင် ဖြေရှင်းနိုင်လောက်မည်ဟု သူ ယူဆသည်။

အလံ ၁၈ ခုဖြင့် ဖွဲ့စည်းထားသော အစီအရင်ကြီး အပြီးသတ်သွားသောအခါ ပန်းချီကားချပ်မှာ ဖယ်ခွာသွားပြီးနောက် အိုမင်းရင့်ရော်သော အသံတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

"မင်းက တကယ့်ကို တခြားလူတွေနဲ့ မတူဘူးပဲ"

"ဒီလို အခြေအနေမျိုးမှာတောင် တည်တည်ငြိမ်ငြိမ် ရှိနေနိုင်သေးတယ်"

"ဒါမျိုးက လူအနည်းငယ်ပဲ လုပ်နိုင်တာ"

စကားသံ ဆုံးသွားသည်နှင့်အတူ မီးခိုးရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ထန်ထျန်းရှေ့တွင် ပေါ်လာသည်။

၎င်းမှာ ရုပ်ရည် ခြောက်ကပ်ပြီး ဆံပင်၊ မုတ်ဆိတ်ဖြူနေသည့် အဘိုးအို တစ်ဦးဖြစ်ကာ အပြင်ပန်းကြည့်ရုံဖြင့်ဆိုလျှင် မြေကြီးထဲ ဝင်ခါနီး လူအိုကြီးတစ်ဦးနှင့် တူလှသည်။

သို့သော် သူ၏ အိုမင်းလှသော မျက်နှာအောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အစွမ်းများ ပုန်းကွယ်နေသည်။

တစ်ဖက်လူမှာ အမှန်တကယ်ပင် ဝူကျိတာအိုအရှင် တစ်ဦးဖြစ်ကြောင်း ထန်ထျန်း ခံစားမိသည်။

ထို့အပြင် ဤကောင် ထိန်းချုပ်ထားသော နိယာမအရေအတွက်မှာ သူနှင့် ယှဉ်လျှင် ပို၍ပင် များနိုင်ပေသည်။

ရှည်လျားလှသော နှစ်ကာလများစွာ စုဆောင်းထားသည့် အခြေခံနှင့်ဆိုလျှင် အကယ်၍ သူသာ ဝူကျိတာအိုအရှင် အဆင့်သို့ ရိုးရိုးတန်းတန်း ဖောက်ထွက်ခဲ့ခြင်းဖြစ်ပါက ဤကောင်ကို တကယ်ပဲ နိုင်မည် မဟုတ်ပေ။

အဘိုးအို၏ စကားကို ထန်ထျန်းက သူ၏ ကျင့်စဉ်အဆင့်ကို ထုတ်မပြဘဲ အေးဆေးစွာ ပြန်ပြောလိုက်သည်။ "ဟင်းလင်းပြင်မုန်တိုင်းကိုတောင် ထိန်းချုပ်နိုင်တဲ့ ပုဂ္ဂိုလ်ရဲ့ ရှေ့မှာ..."

"ငါ က တည်ငြိမ်နေတာကလွဲလို့ တခြား ဘာလုပ်နိုင်ဦးမှာလဲ"

အဘိုးအိုက မျက်ခွံကို ချထားရင်း အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်ကာ "စိတ်ဝင်စားဖို့ ကောင်းသားပဲ"

"မင်းထက် အသက် သောင်းနဲ့ချီ ကြီးတဲ့သူတွေတောင် ဒီလိုမျိုး မတွေးတတ်ကြဘူး"

"ပုရွက်ဆိတ် ဖြစ်နေပါလျက်နဲ့ တောင်ကြီးကို လှုပ်ခါဖို့ ကြိုးစားကြပြီး နောက်ဆုံးမှာတော့ သေဆုံးခြင်းနဲ့ပဲ နိဂုံးချုပ်သွားကြတယ်"

"အဲဒီလိုလူမျိုးတွေကို ငါ အများကြီး တွေ့ဖူးတယ်"

အဘိုးအို၏ စကားသံမှာ တည်ငြိမ်နေပြီး ရန်လိုမှုလည်း သိပ်မပြပေ၊ သူက လူငယ်တစ်ဦးကို စကားပြောနေသလိုမျိုးသာ ဖြစ်သည်။

ထန်ထျန်းက ခေတ္တ တိတ်ဆိတ်သွားပြီးနောက် "ဒါဆိုရင် ငါ အရမ်း သိချင်နေမိတယ်၊ ခင်ဗျားတို့လို တောင်ကြီးတစ်လုံးက ငါ့ လို ပုရွက်ဆိတ်တစ်ကောင်ကို ဖမ်းဖို့ ဒီလောက်အထိ အပင်ပန်းခံနေတာက ဘာအတွက်လဲ"

အဘိုးအိုက ထန်ထျန်းကို တိတ်တဆိတ် စိုက်ကြည့်နေပြီး အတန်ကြာမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ဘာမှ မဟုတ်ပါဘူး"

"ငါက မင်းကို ကိုယ်တိုင် ကိုယ်ကျ တစ်ချက်လောက် ကြည့်ချင်ရုံတင်ပါ"

"ကံကြမ္မာမဲ့သူ ဆိုတာ ဒီလောကရဲ့ သမိုင်းတစ်လျှောက်မှာ တွေ့ရခဲတယ်"

ထန်ထျန်း၏ အကြည့်က လှုပ်ခတ်သွားကာ "ကံကြမ္မာမဲ့သူလား"

"ဘာကို ဆိုလိုတာလဲ"

သူ ဤစကားလုံးကို ကြားဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင်။

အဘိုးအိုက လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း ထန်ထျန်းဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။

"ကမ္ဘာဦးအစကတည်းက ဒီလောကမှာ ရှိသမျှ အရာအားလုံးဟာ အချိန်မြစ် ထဲမှာ မှတ်တမ်းတင်ထားပြီးသား"

"အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အားလုံးက ရှင်းရှင်းလင်းလင်းပဲ"

"ဒါပေမဲ့ အဆုံးမဲ့တဲ့ နှစ်ကာလတွေထဲမှာ အချိန်မြစ်ထဲမှာတောင် ခြေရာရှာမရတဲ့ ထူးခြားတဲ့ တည်ရှိမှုတချို့ ရှိတတ်တယ်"

"အဲဒီလူတွေ အားလုံးက ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တဲ့ ကောင်းကင်ကို ဆန့်ကျင်သူ အစွမ်းထက် ကျွမ်းကျင်သူတွေချည်းပဲ"

"သူတို့ကို 'ကံကြမ္မာမဲ့သူ' လို့ ခေါ်ကြတယ်"

အဘိုးအို၏ ရှင်းပြချက်ကို ကြားတော့ ထန်ထျန်း တိတ်ဆိတ်သွားမိသည်။

ယခင်က ထျန်းယွမ် အင်မော်တယ်အရှင်ကလည်း သူ့ကို "တည်ရှိမနေသူ" ဟု ပြောဖူးသည်၊ အဘယ်ကြောင့်ဆိုသော် အချိန်ကြေးမုံ အောက်တွင် သူ၏ မည်သည့်ခြေရာမျှ မတွေ့ရသောကြောင့် ဖြစ်သည်။

ထိုစဉ်က ထျန်းယွမ် အင်မော်တယ်အရှင်သည် သူ၏ ဝိညာဉ်က ဤကမ္ဘာမှ မဟုတ်ကြောင်းကို သိသွားသည်ဟု ထန်ထျန်း ထင်ခဲ့သည်။

သို့သော် ယခုကြည့်ရသည်မှာ သူတို့၏ နားလည်မှုအရ သူက ကံကြမ္မာမဲ့သူ တစ်ဦးသာ ဖြစ်နေသည်။

အဘိုးအို၏ အေးစက်ပြီး နက်ရှိုင်းသော မျက်လုံးများကို ကြည့်ရင်း ထန်ထျန်းက စဉ်းစားကာ ပြောလိုက်သည်။ "ဒါဆိုရင် ခင်ဗျား က ငါ့ ကို အန္တရာယ်ပြုဖို့ လာတာ မဟုတ်ဘူးပေါ့"

အဘိုးအိုက ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြုံး လိုက်သည်။

"ငါကတော့ မင်းကို အန္တရာယ်ပြုမှာ မဟုတ်ပါဘူး"

"ကံကြမ္မာမဲ့သူ ဆိုတာ ကမ္ဘာလောကကြီးတစ်ခုလုံးနဲ့ ပတ်သက်နေတတ်တယ်"

"ဒီလောက် ကြီးမားတဲ့ ကမ္မ ကို ငါ မခံနိုင်ဘူး"

"ဒါကြောင့် မင်း စိတ်ချပါ၊ မင်းကတော့ ဘာဒဏ်ရာမှ မရဘဲ ကောင်းကင်ထိပ်ဆုံးကို ပြန်ရောက်မှာပါ"

ထန်ထျန်းက သူ့နှာခေါင်းကို ပွတ်လိုက်သည်။

ဘယ်လို ကမ္မ မျိုးမို့လို့ ဒီလိုလူမျိုးတောင် ဒီလောက်အထိ ကြောက်နေရတာလဲ။

"ဒါဆိုရင်... ခင်ဗျား လည်း ငါ့ ကို မြင်ပြီးပြီဆိုတော့ ငါ သွားလို့ ရပြီလား"

အဘိုးအိုက ပြုံးပြီး ပြောလိုက်သည်။ "လူငယ်လေး... ငါ့ရှေ့မှာတော့ ဟန်ဆောင်မနေပါနဲ့"

"ငါ ဘာအတွက် လာတာလဲဆိုတာ မင်း သိပါတယ်"

"မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းနေတဲ့ အဲဒီကောင်လေးကလည်း ပတ်သက်မှုတွေ အရမ်းများတယ်၊ မင်း မထိန်းနိုင်ပါဘူး"

"ဒါကြောင့် အဲဒီကောင်လေးကို ငါ့ဆီပဲ အပ်လိုက်ပါ"

ထန်ထျန်းက နှုတ်ခမ်းကို မဲ့လိုက်သည်။

ကောင်းပြီ၊ လာမှာကတော့ လာမှာပဲ။

တစ်ဖက်လူက သူ့ကို ဤနေရာအထိ ခေါ်လာပြီဆိုကတည်းက ဤကိစ္စမှာ ကောင်းကောင်းမွန်မွန်နှင့် ပြီးဆုံးမည် မဟုတ်ကြောင်း အစကတည်းက သေချာနေခဲ့ပြီ ဖြစ်သည်။

ရှေ့က အဘိုးအိုကို ကြည့်ရင်း ထန်ထျန်းက ရုတ်တရက် ပြုံးလိုက်ကာ ပြောလိုက်သည်။ "တကယ်တော့ ငါ အရမ်း သိချင်နေတာ၊ ခင်ဗျား က ဒီလောက်အထိ အပင်ပန်းခံပြီး ကမ္ဘာငယ်လေးရဲ့ ဝိညာဉ်ကို ခိုးယူဖို့ ကြိုးစားနေတာက ဘာအတွက်လဲ"

"အဲဒါကို သုံးပြီး ကျိကျွင်း အဆင့်ကို တက်ချင်လို့လား"

"ဒါမှမဟုတ်..."

"မဟာကောင်းကင်အရှင် ပြန်ပြီး အသက်သွင်း မလို့လား"

စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အဘိုးအို၏ မျက်နှာက ချက်ချင်း ပျက်သွားတော့သည်။

"မင်း ဘာပြောလိုက်တာလဲ"

All Chapters