ဒီလောကကြီးမှာရှိတဲ့ အရာတွေက တကယ့်ကို ထူးဆန်းပြီး နားလည်ရခက်တယ်
Vol. 34 Ch. 340
ခမ်းနားထည်ဝါပြီး ရှေးဟောင်းဆန်သော ခန်းမကြီး အတွင်း၌ ထိပ်တန်းအဆင့် စိတ်ဝိညာဥ်စွမ်းအား ပါရှိသော ဟင်းလျာများကို အဖြူရောင် ကျောက်စိမ်းစားပွဲရှည်ကြီး ပေါ်တွင် တည်ခင်းထားသည်။
ရံဖန်ရံခါ ဟင်းလျာများမှ မြူခိုးများ ဖုံးလွှမ်းနေသော နက်နဲသိမ်မွေ့ချီ များ ပွင့်အံ့ထွက်လာပြီး ခန်းမကြီးတစ်ခုလုံးကို ပြည့်နှက်သွားစေခဲ့သည်။
ထိုအရာများကို အလှဆင်ထားသော ကျောက်စိမ်းတိုင်များနှင့် ပေါင်းစပ်လိုက်ချိန်၌ ကောင်းကင်ဘုံနယ်မြေတစ်ခုသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားရစေ၏။
စားပွဲရှည်ကြီးမှာ အလွန်ရှည်လျားပြီး ကျုံးချင်ကို စားပွဲ၏ ထိပ်ဆုံးတွင်ထိုင်ရန် ဖိတ်ကြားထားသည်။
သူ၏နံဘေးပတ်ဝန်းကျင်တွင် ဝူလျှန်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အဆင့်မြင့်အကြီးအကဲတစ်စု ရှိနေကြသည်။
သူတို့၏ မျက်နှာချင်းဆိုင်တွင် ချင်းဖုန်းကျောင်းတော်မှလူများ ရှိနေသည်။
ဝူလျှန်ဂိုဏ်းချုပ်ကျိုးထုံက ခွက်ကိုမြှောက်ကာ ဂုဏ်ပြုလိုက်၏။
"စီနီယာက ကျွန်တော်တို့ရဲ့ ဝူလျှန်ဂိုဏ်းကို လာရောက်လည်ပတ်ဖို့ ခရီးဝေးကနေ လာခဲ့တယ်... စီနီယာရဲ့ တည်ရှိနေမှုနဲ့ ကျွန်တော်တို့ကို ဂုဏ်ပြုပေးပြီးတော့ ကျွန်တော်တို့ရဲ့ နှိမ့်ချတဲ့ ဂိုဏ်းကို ကြီးမားတဲ့ ဂုဏ်ကျက်သရေ ယူဆောင်လာပေးခဲ့တယ်... စီနီယာ... ဂိုဏ်းတစ်ဂိုဏ်းလုံး ကိုယ်စား ကျွန်တော်က စီနီယာ့ကို ဂုဏ်ပြုပါတယ်..."
ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် သူ၏ ဧည့်ဝတ်ကျေပွန်မှုမှာ အပြစ်ကင်းစင်သည်ဟု ဆိုရပေမည်။
သူသည် လန်းဆန်းသော နွေးထွေးမှု ခံစားချက်ကို ပေးစွမ်းနေပေ၏။
ညစားစားပွဲရှိ ဟင်းလျာများမှာ အရသာရှိလှပြီး ထိုအရာများ၏တန်ဖိုးမှာ အမှန်တကယ်ကို အချက်အပြုတ် လိုအင်ဆန္ဒသက်သက်ထက် ကျော်လွန်နေလေပြီ။
အရောင် အနံ့နှင့် အရသာတို့တွင် ပြီးပြည့်စုံသည့်အပြင် ထိုဟင်းလျာများတွင် ကျင့်ကြံမှုကို တိုးမြှင့်ပေးခြင်း မူလဘူတစိတ်ဝိညာဉ်ကို တည်ငြိမ်စေခြင်းနှင့် စိတ်ကို အေးချမ်းစေခြင်း ကဲ့သို့ အမျိုးမျိုးသော အံ့ဖွယ်အသုံးဝင်မှုများလည်း ရှိနေသည်။
ကျင့်ကြံသူအများစုအတွက် ထိုညစာစားပွဲသည် သူတို့၏စွမ်းအားကို များစွာတိုးမြှင့်ပေးရန် လုံလောက်ပြီး ကြီးမားသော အခွင့်အရေး တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
ဝိုင်အရက်မှာလည်း အလွန်ကောင်းမွန်သော ဝိုင်အရက်ပင်။
ထိုဝိုင်အရက်သည် ကြည်လင်ပြီး ချိုမြကာ မူးယစ်စေသော စိတ်ဝိညာဉ်ရေးရာ ဆွဲဆောင်မှု တစ်ရပ်ကို ထုတ်လွှတ်နေခဲ့သည်။
ဤသည်က ထိုဝိုင်အရက်ကို သောက်သုံးသူ၏အာခေါင်တွင် အနည်းငယ် ချိုမြိန်ပြီး ခန္ဓာကိုယ်အတွင်း၌ ဖြတ်သန်းစီးဆင်းသွားသော နွေးထွေးသည့် စီးကြောင်းတစ်ခုနှင့် တူညီနေပေ၏။
အရသာခံစားမှုမှာ အဆုံးမဲ့ လှိုင်းလုံးများအလား ရှည်လျားပြီး ဆက်တိုက်ဖြစ်နေကာ နှလုံးသားကို တိုက်ရိုက် ရိုက်ခတ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ရီသွားစေကာ ဖြည်းဖြည်းချင်း သောက်ရန် သင့်လျော်သည်။
ကျုံးချင်သည် လူများအားလုံးနှင့်အတူ ဝိုင်အရက်တော်တော်များများ သောက်လိုက်သည်။
သူ၏အရက်ခံနိုင်ရည်နှင့်ပင် အနည်းငယ် မူးယစ်နေသကဲ့သို့ သူ ခံစားလိုက်ရသည်။
ထိုအရာက သူ့ကို အံ့အားသွားစေခဲ့ပေ၏။
ဤညစာစားပွဲကို လက်ခံကျင်းပရန် တစ်ဖက်လူက အရာအားလုံးကို ထုတ်သုံးထားခဲ့ပုံရသည်။
နောက်ထပ် ဂုဏ်ပြုသောက်သုံးမှုတစ်ခု ပြီးဆုံးပြီးနောက် ကျိုးထုံက အစမ်းသဘောအနေဖြင့် မေးမြန်းလိုက်သည်။
"စီနီယာ...စီနီယာက လဲ့ဟိုင်မြို့ကို အရေးကြီး ကိစ္စ တစ်ခုခု ရှိလို့ လာတာလားလို့ မေးခွင့်ပြုပါ... တကယ်လို့ တစ်ခုခု လိုအပ်ရင် ကျွန်တော်တို့ကို အမိန့်ပေးဖို့ အားမနာပါနဲ့... ကျွန်တော်တို့ ဝူလျှန်ဂိုဏ်းက ဒီဒေသမှာ လွှမ်းမိုးမှု အနည်းငယ် ရှိပါတယ်... စီနီယာက ထုတ်ပြောလာသရွေ့ ကျွန်တော်တို့ ဝူလျှန်ဂိုဏ်းက ဂိုဏ်းတစ်ဂိုဏ်းလုံးနဲ့ သေချာပေါက် လှုပ်ရှားပေးပါ့မယ်..."
ကျုံးချင်က ဝိုင်အရက်ကို ဖြည်းညှင်းစွာ တစ်ငုံ သောက်လိုက်ပြီး ပြောဆိုသည်။
"ငါ့မှာ မင်းတို့ရဲ့ အကူအညီကို လိုချင်တဲ့ ကိစ္စတစ်ခုတော့ ရှိနေတယ်..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကျိုးထုံ၏အမူအယာ ချက်ချင်းဆိုသလိုပင် တည်ကြည်လေးနက်သွားခဲ့သည်။
"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အမိန့်ပေးပါ စီနီယာ... ကိုယ့်ကိုယ်ကိုယ် စတေးရမယ် ဆိုရင်တောင် စီနီယာ အမိန့်ပေးတဲ့ အရာကို ကျွန်တော် သေချာပေါက် ပြီးမြောက်အောင် လုပ်ပါ့မယ်..."
သူ၏ သဘောတရားရေးရာ အသိအမြင်က ထိုမျှထိ မြင့်မားနေခြင်း မဟုတ်ချေ။
နတ်ဆိုးနန်းတော်ပိုင်ရှင်၏အခွင့်အာဏာသည် ကြီးမားလွန်းသောကြောင့်သာ ဖြစ်ပေ၏။ သူ အောင်မြင်နိုင်သည်ဖြစ်စေ မအောင်မြင်နိုင်သည်ဖြစ်စေ သူ၏သဘောထားကို ပြသရပေမည်။
မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးနန်းတော်က မည်ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သနည်း...
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ နတ်ဆိုးနန်းတော်၏ ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများအားလုံး ပျံ့နှံ့သွားခဲ့သည်။
ပထမဆုံးအနေဖြင့် ထိုအင်အားစုက ဖူဝမ်နန်းတော် တစ်ခုလုံးကို ချေမှုန်းခဲ့သည်။
ထို့နောက် ကောင်းကင်နတ်ဘုရားတောင်ကို သိမ်းသွင်းခဲ့ပေ၏။
ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း ၏ တောင်ထိပ်သခင်အဖွဲ့ပင်လျှင် ဖျက်ဆီးခြင်း ခံခဲ့ရသည်။
ထို့ပြင် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းသည် အစမှ အဆုံးတိုင်အောင် အသံတစ်သံမျှပင် မထွက်ရဲခဲ့ချေ။
ထိုကဲ့သို့သော စွမ်းအားမျိုးရှိသော နတ်ဆိုးနန်းတော်၏ပိုင်ရှင်ကို သူ မည်မျှပင် သတိထားပြီး လေးစားမှု ရှိနေစေကာမူ လွန်ကဲနေမည် မဟုတ်ချေ။
တည်ကြည်လေးနက်နေသော ကျိုးထုံကို ရင်ဆိုင်ရချိန်တွင် ကျုံးချင်က သူ၏လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းလိုက်၏။
သူက ပြောဆိုသည်။
"ဒီလောက် လေးနက်နေစရာ မလိုပါဘူး... ပြီးတော့ ကိုယ့်ကိုယ်ကိုယ် စတေးဖို့လည်း မလိုဘူး... ငါက မင်းကို မေးခွန်းတစ်ခုပဲ မေးချင်တာ... အလယ်ပိုင်းဒေသကို ဘယ်နေရာကနေ ဖြတ်ကူးလို့ရလဲ..."
ကျိုးထုံက အံ့အားတသင့် အော်ဟစ်လိုက်သည်။
"စီနီယာက အလယ်ပိုင်းဒေသကို သွားချင်တာလား..."
တခြားသူများပင်လျှင် ကျုံးချင်အား အံ့အားသင့်သော အမူအယာများဖြင့် ကြည့်လိုက်ကြသည်။
လူတိုင်း မည်သည်ကြောင့် ထိုသို့ တုံ့ပြန်ကြသည်ကို နားမလည်သဖြင့် ကျုံးချင်က မျက်မှောင်ကြုတ်လိုက်သည်။
"ငါ သွားလို့ မရဘူးလား..."
ထိုစကားကိုကြားချိန်၌ လူများအားလုံးက သူတို့၏ အပြုအမူကို သတိပြုမိသွားကြသည်။
ကျိုးထုံက ရှင်းပြလိုက်၏။
"စီနီယာ... စီနီယာ သွားလို့ ရပါတယ်... ဒါပေမဲ့ အရမ်းခက်ခဲတယ်..."
အကယ်၍ တခြားတစ်ယောက်ယောက်သာ ဆိုလျှင် ထိုလူထံ၌ မျှော်လင့်ချက်မရှိတော့ဟု သူ သေချာပေါက် တွေးထင်မိပေလိမ့်မည်။
သို့သော် ကျုံးချင်အတွက်မူ ကွဲပြားခြားနားနေသည်။
ဤသည်မှာ နတ်ဆိုးနန်းတော်၏ပိုင်ရှင်ပင်။
သူ၏လက်အောက်ခံတစ်စုတည်းကပင် ကောင်းကင်နတ်ဘုရားတောင်ကဲ့သို့ ထိပ်သီးအင်အားစုကြီးကို သိမ်းသွင်းနိုင်ခဲ့သည်။
သူ၏ကိုယ်ပိုင်ကျင့်ကြံဆင့်ကို ရိုးရိုးရှင်းရှင်း တိုင်းတာ၍ မရနိုင်ချေ။
ဤသည်မှာ စိတ်ကူးယဥ်ကြည့်၍ မရနိုင်သော တည်ရှိမှုတစ်ခုပင်။
သူသည် အစစ်အမှန်နဂါးတစ်ကောင်နှင့် တူညီသည်။
အရှေ့ပိုင်းဒေသသည် သူ၏အမြင်အရ ရေတိမ်သော ကမ်းခြေ တစ်ခုမျှသာ ဖြစ်ပေ၏။
ဖြစ်နိုင်သည်မှာ ထူးချွန်သော ပါရမီရှင်များ အစွမ်းထက်သော ကျွမ်းကျင်သူများနှင့် ကြီးကျယ်သော ပုဂ္ဂိုလ်များ စုဝေးရာ ဒဏ္ဍာရီလာ အလယ်ပိုင်းဒေသကသာ သူ၏ စစ်မှန်သော စင်မြင့် ဖြစ်နေနိုင်သည်။
ထိုသို့ တွေးတောမိသဖြင့် ကျိုးထုံက ဆက်လက်၍ ပြောဆိုလိုက်သည်။
"စီနီယာ... အလယ်ပိုင်းဒေသကို ဖြတ်ကူးဖို့အတွက် ဖရိုဖရဲနတ်ဆိုးပင်လယ်ကို ဖြတ်ကူးဖို့ လိုတယ်... ဖရိုဖရဲနတ်ဆိုးပင်လယ်ရဲ့ အစွန်ဘက် အပိုင်းတွေက အဆင်ပြေပေမဲ့ ဖရိုဖရဲနတ်ဆိုးပင်လယ်ရဲ့ အလယ်ဗဟိုက အစစ်အမှန် အန္တရာယ်ရှိတဲ့ နေရာပါ... ပြီးတော့ အဲဒါက အရမ်းအန္တရာယ်များလွန်းလို့ အဲဒီနေရာကို ချောက်နက် လို့လည်း ခေါ်ကြတယ်... ချောက်နက်နယ်မြေက တားမြစ်နယ်မြေတစ်ခုဖြစ်ပြီးတော့ တစ်နှစ်ပတ်လုံး ထူထပ်တဲ့ မြူခိုးတွေနဲ့ ဖုံးလွှမ်းနေတယ်... ဒါ့ပြင် ဥပဒေသတွေက ဖရိုဖရဲ ဖြစ်နေပြီးတော့ ကောင်းကင်ဘုံမိုးကြိုးတွေတောင် ရှိသေးတယ်... ပြီးတော့ လေဟာနယ်စီးကြောင်းတွေလည်း ထကြွသောင်းကျန်းနေတယ်... အဲ့ဒီနေရာမှာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာ... အလယ်ပိုင်းဒေသကနေ ဒီကိုလာတဲ့ ကျင့်ကြံသူတွေတောင် ချောက်နက်ကနေ ဖြတ်မကူးရဲကြဘူး... တကယ်လို့ ချောက်နက်ကို ဖြတ်သန်းချင်တယ်ဆိုရင် ချောက်နက်ရဲ့ ထူထပ်တဲ့ မြူခိုးတွေ လွင့်စင်သွားမယ့် အချိန်ကို စောင့်ရမယ်... မြူခိုးတွေ လွင့်စင်သွားတဲ့အချိန်မှာ အတွင်းက ဖရိုဖရဲ ရေစီးကြောင်းတွေနဲ့ ဥပဒေသတွေကလည်း ယာယီငြိမ်သက်သွားလိမ့်မယ်... တစ်ခါတလေကျရင် ချောက်နက်ရဲ့ ထူထပ်တဲ့ မြူခိုးတွေက ရှင်းလင်းပြီး လွင့်စင်သွားတတ်တယ်... ဒါပေမဲ့ အချိန်ကတော့ မမှန်ဘူး... တစ်ခါတလေ လနည်းနည်းလောက် ကြာတတ်ပြီးတော့တစ်ခါတလေ နှစ်နည်းနည်းလောက် ကြာတတ်တယ်... တစ်ခါတလေ နှစ်ထောင်ချီပြီးတောင် ကြာနိုင်တယ်... ဒါကြောင့် အရာအားလုံးက ကံတရားအပေါ်မှာပဲ မူတည်နေတယ်..."
ထိုစကားကို ကြားချိန်တွင် ကျုံးချင်သည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ချေ။
အလယ်ပိုင်းဒေသသို့ ဖြတ်ကူးရခြင်းမှာ ထိုမျှလောက် ဒုက္ခများမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
တကယ်လို့ သူ ကံမကောင်းဘူးဆိုရင် နှစ်ထောင်ချီပြီး စောင့်ရတော့မှာလား....
ဒါဆိုရင် သူ ဘယ်လိုလုပ်ရတော့မှာလဲ..
ကျုံးချင်က မေးမြန်းလိုက်၏။
"ဒီ ချောက်နက်ကို ရှောင်ကွင်းသွားဖို့ နည်းလမ်း မရှိဘူးလား..."
ကျိုးထုံက ခေါင်းခါယမ်းလိုက်သည်။
"ကျွန်တော် သိသလောက်တော့ ချောက်နက်က ဒေသလေးခုကနေ အလယ်ပိုင်းဒေသကို သွားဖို့ တစ်ခုတည်းသော လမ်းကြောင်းပဲ... အခြား လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး ပြောရရင် ရှိကောင်း ရှိနိုင်ပေမဲ့ အဲဒါက ကျွန်တော့်ရဲ့ အသိပညာ အတိုင်းအတာထက် ကျော်လွန်နေတယ်... တကယ်လို့ စီနီယာ လိုအပ်ရင် စီနီယာ ထွက်ခွာတဲ့အချိန်မှာ ချောက်နက်ကို သွားနိုင်မယ့် မြေပုံတစ်ခုကို ကျွန်တော် ပေးနိုင်ပါတယ်..."
ကျုံးချင်၏နှလုံးသား အနည်းငယ် တင်းကြပ်သွားသော်လည်း သူက ခေါင်းညိတ်ပြကာ ပြောဆိုလိုက်ဆဲပင်။
"ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
မည်သို့ပင်ဆိုစေကာမူ အလယ်ပိုင်းဒေသတွင် သူ အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ခုနှင့် သူ၏ အနာဂတ်တပည့် ရှိနေသည်။
သူ ဤကိစ္စကို လွယ်လင့်တကူ လက်လျှော့မည် မဟုတ်ချေ။
တောင်ပေါ်ကိုရောက်လျှင် လမ်းဆိုသည်က အမြဲရှိတတ်စမြဲဟု ဆိုကြသည် မဟုတ်လော...
ယခုချိန်၌ သူ များစွာတွေးတောနေသည်က အသုံးဝင်မည် မဟုတ်ချေ။
သူ ပြဿနာကို တိတိကျကျ ရင်ဆိုင်ပြီးမှ တိတိကျကျ ဖြေရှင်းနိုင်ပေမည်။
ဖြစ်နိုင်သည်မှာ သူ ချောက်နက်သို့ သွားချိန်၌ မြူခိုးများ အလျင်အမြန် လွင့်စင်သွားကောင်း လွင့်စင်သွားပေမည်။
ကျိုးထုံသည် တက်ကြွသော လူတစ်ယောက်ဟု ဆိုရပေမည်။
အခြေအနေကို အသက်ဝင်စေရန်နှင့် ပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်သည့် သူ၏စွမ်းရည်မှာ အလွန်ကောင်းမွန်လှ၏။ အခြေအနေကို ပြောင်းလဲရန် သူ၏ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှုများနှင့်အတူ ကျုံးချင်သည် ချောက်နက်ကို ဖြတ်ကူးရမည့် ကိစ္စအား ယာယီ မေ့ပျောက်သွားခဲ့သည်။
ညစာစားပွဲသည် ဧည့်သည်များအတွက် အမှန်တကယ်ကို ပျော်စရာကောင်းလှသည်။
ကျုံးချင်နှင့်အတူ ရှိနေစဉ် ကျိုးထုံသည် ချင်းဖုန်းကျောင်းတော်မှ လူများကိုလည်း ဂရုစိုက်ရန် မမေ့ခဲ့ချေ။
သူက အိုးကျီရှူနှင့် တခြားသူများကို ကြည့်ကာ ပြောဆိုလိုက်၏။
"ငါ အထင်မမှားဘူးဆိုရင် မင်းတို့က ချင်းဖုန်းကျောင်းတော်က ဖြစ်ရမယ်..."
အိုးကျီရှူက အလျင်အမြန် တုံ့ပြန်လိုက်သည်။
"ဂိုဏ်းချုပ်ကို ဖြေကြားပါတယ်... ကျွန်တော်တို့က တကယ့်ကို ချင်းဖုန်းကျောင်းတော်ကပါ..."
ကျိုးထုံက ခေါင်းညိတ်လိုက်သည်။
"ပြောရမယ်ဆိုရင် မင်းတို့ ချင်းဖုန်းကျောင်းတော်ရဲ့ ဘုရားကျောင်းသခင်နဲ့ ငါက အရင်က အဆက်အသွယ် နည်းနည်းရှိခဲ့ဖူးတယ်... အနာဂတ်မှာ မင်းတို့ အခက်အခဲ တစ်ခုခုနဲ့ ကြုံရရင် ငါ့ကို အသိပေးလို့ ရတယ်... တကယ်လို့ ငါ ကူညီနိုင်ရင် ငါက တာဝန်ကို သေချာပေါက် ရှောင်လွှဲနေမှာ မဟုတ်ဘူး... ဝူလျှန်ဂိုဏ်းက မင်းတို့ကို ဧည့်သည်တွေအဖြစ် ကြိုဆိုပါတယ်..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အိုးကျီရှူတို့လူစု အလွန်ဝမ်းသာသွားကြသည်။
လဲ့ဟိုင်မြို့သည် မိုင်ပေါင်းသောင်းနှင့်ချီ၍ ကျယ်ဝန်းသော ပင်လယ်ပြင်၏အလယ်ဗဟိုရှိ အကြီးဆုံးမြို့ပင်။
ထိုမြို့သည် ပတ်ဝန်းကျင်ရှိ မိုင်ပေါင်းသောင်းချီ နှင့်ချီကျယ်ဝန်းသော ပင်လယ်ပြင်တွင် အကြီးဆုံး ကုန်သွယ်ရေးစခန်း ဖြစ်ပေ၏။
ထို့ပြင် ဝူလျှန်ဂိုဏ်းသည် လဲ့ဟိုင်မြို့တွင် အကြီးဆုံး အင်အားစုပင်။
ကျိုးထုံ၏စကားများသည် သူတို့ကို အကာအကွယ် ပေးမည်ဟု ကမ်းလှမ်းခြင်းနှင့် ထပ်တူထပ်မျှပင်။
ထိုအရာက သူတို့ကို မရေမတွက်နိုင်သော အဆင်ပြေမှုများ ယူဆောင်ပေးခဲ့သည်။
အိုးကျီရှုတို့လူစုက အော်ဟစ်ပြီး ကျေးဇူးတင်စကား ပြောဆိုလိုက်ကြ၏။
"စီနီယာ... ကျေးဇူးတင်ပါတယ်..."
သူတို့၏ ကျေးဇူးတင်မှုကို အကြိမ်ကြိမ် ဖော်ပြခဲ့ကြပြီး သူတို့၏မျက်နှာများတွင် ထိန်းချုပ်မရသော ဝမ်းသာပျော်ရွှင်မှုများကို ပြသနေကြသည်။
သို့သော် ထိုအရာအားလုံး၏ အရင်းအမြစ်ကို ကျုံးချင်က ယူဆောင်လာပေးခြင်း ဖြစ်ကြောင်းကို သူတို့ နားလည်ထားကြသည်။
အကယ်၍ ကျုံးချင်သာ မရှိလျှင် သူတို့ မည်သူမည်ဝါဖြစ်သည်ကို မည်သူက သိမည်နည်း။
ကျုံးချင်အပေါ် နက်ရှိုင်းသော ကျေးဇူးတင်မှု တစ်ခုက သူတို့၏စိတ်နှလုံးသားထဲတွင် လှိုင်းထလာခဲ့သည်။
အိုးကျီရှူထံ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် ကျုံးချင်အား သူတို့၏ လှေပေါ်သို့ ကြင်နာစွာ တက်ခွင့်ပြုခဲ့ရုံမျှဖြင့် ထိုသို့ ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
တစ်ဖက်လူသည် သူတို့အားလုံး၏ အသက်ကို ကယ်တင်ခဲ့ရုံသာမက သူတို့ကို ဤမျှထိ ကြီးမားသော အခွင့်အရေးတစ်ခုကိုလည်း ယူဆောင်ပေးခဲ့သည်။
ဤလောကရှိ အရာများမှာ အမှန်တကယ်ကို အံ့အားသင့်ဖွယ်ကောင်းပြီး နားလည်ရန် ခက်ခဲလှသည်။
Thank For Reading.