အခန်း (၅၇၁-၅၇၃)
Vol. 39 Ch. 571-573
အပိုင်း ၅၇၁ - အထင်လွဲခြင်း၊ ဓားစီးကာ ရောက်ရှိလာခြင်း(၂)
ဓားချက် တစ်ချက်ချင်းစီတိုင်းသည် ထောင်နှင့်ချီသည့် တောင်များသဖွယ် လေးလံပြီး စွမ်းအားမှာ အံ့သြစရာကောင်းလှ၏။
"ဟစ်... အရမ်း စွမ်းအားကြီးလွန်းတယ်.."
ထန်းကျီ၏ အရှိန်အဝါတို့ မြင့်တက်လာသည်နှင့် သိုင်းသမားများစွာ၏ မျက်နှာများက လေးလံသွားကြ၏။
သူသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ မဟာစောင့်ရှောက်သူတစ်ယောက် ဖြစ်နိုင်တာ အံ့သြစရာမရှိပေ။ စွမ်းအားမှာ အလွန်သန်မာပြီး ဒီဗိုင်းကိရိယာတစ်ခုကိုပင် ယူဆောင်လာခဲ့၏။
သို့ပေမယ့် တစ်ဖက်လူသည် တစ်ခုခုကို အထင်မှားနေသည်လား။ သိုင်းတစ်ထောင်ခန်းမသည် မည်သည့်လှုပ်ရှားမှုကိုမှ ပြုလုပ်ရသေးခြင်း မရှိသေးဘဲ ရွှီယန်မှာ ထွက်ပြေးသွားခြင်းသာ ဖြစ်သည်။
သိုင်းတစ်ထောင်ခန်းမ အရှင်သခင်နှင့် အကြီးအကဲများမှာ အလွန် ဒေါသထွက်နေကြပါသည်။ တစ်ဖက်လူ၏ မျက်လုံးထဲတွင် သူတို့ သိုင်းတစ်ထောင်ခန်းမသည် ယခုမျှအထိ နာမည်ပျက်နေသည်လား။ အားနည်းသူကို အနိုင်ကျင့်ခြင်းအား ခုံမင်နေသည်ဟု ထင်နေသည်လား။
"ဒန်း.."
တစ်ယောက်ချင်းစီတိုင်းသည် ဒေါသဖြင့် အံကြိတ်နေကြပြီး ထန်းကျီကို သတ်ဖြတ်နိုင်ရန် မျှော်လင့်နေကြသည်။
"ဘာလဲ... မင်းတို့က လုပ်တုန်းက လုပ်ရဲပြီး တာဝန်မယူချင်ဘူးလား.."
ထန်းကျီက ဒေါသတကြီး ပြော၏။
သိုင်းတစ်ထောင်ခန်းမရှိ ဆေဘာသခင် အကြီးအကဲက အော်သည်။
"ထန်းကျီ... ရပ်စမ်း... ငါတို့ သိုင်းတစ်ထောင်ခန်းမက ဂုဏ်သိက္ခာရှိရှိနဲ့နေတာ။ ဘယ်လိုလုပ်ပြီးတော့ လေလွင့်သိုင်းသမားတစ်ယောက်ကို ဝိုင်းသတ်ရလောက်တဲ့အဆင့်အထိ နိမ့်ကျမှာလဲ။ ဒီကိစ္စမှာ ရွှီယန်က သူ့ဘာသူမလာဘဲနဲ့ ထွက်ပြေးသွားတာ.."
ထန်းကျီမှာ မှင်သက်သွားသည်။ ရွှီယန်သည် ပေါ်လာခြင်းမရှိဘဲ ပုန်းအောင်းနေသည်လား။
သူသည် ပတ်ဝန်းကျင်ရှိ လူအုပ်ကို ကြည့်လိုက်ပြီးနောက် သူတို့၏ အသွင်အပြင်များကို အကဲခတ်ကာ အဖြေတစ်ခု ရလာခဲ့သည်။ ခဏတာအတွင်း သူ၏မျက်နှာက အနီရောင် ပြောင်းသွားခဲ့၏။
"ချီး... ရှက်ဖို့ကောင်းလွန်းတယ်.."
သူသည် တောင်တစ်သောင်းပုဆိန်ကို ကျောပေါ်သို့ ပြန်တင်ကာ ချောင်းဟန့်ရင်းက ပြော၏။
"လူငယ်တွေက တကယ့်ကို ပေါ့ဆတာပဲ... အရမ်းကြန့်ကြာနေတော့ နားလည်မှုတွေ လွဲကုန်ပြီ.."
သိုင်းသမားများမှာ ပြောစရာစကား မဲ့သွားကြ၏။ သို့ရာတွင် ထန်းကျီ၏ တုံ့ပြန်မှုအတွက် သူတို့အနေနှင့် အံ့ဩမိခြင်း မရှိပါ။ ဘာပဲဖြစ်ဖြစ် သိုင်းတစ်ထောင်ခန်းမ၏ အကျင့်စရိုက်နှင့် နားလည်မှုလွဲရန် လွယ်ကူလှ၏။
သိုင်းတစ်ထောင်အရှင်သခင်နှင့် အခြားလူများ၏ မျက်နှာများက မဲမှောင်သွားကြသည်။
ချွေဟွားယွီ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွား၏။ သူသည် ပြီးခဲ့တုန်းက တိုက်ပွဲကို ကြည့်ရှုခဲ့သည့် သိုင်းသမားများထဲမှ တစ်ယောက်ကို ရွှီယန်ထွက်ခွာသွားခဲ့သည့် အချိန်အား မေးကြည့်သည်။ ထိုသိုင်းသမားက အများကြီး စဉ်းစားမနေဘဲ ချွေဟွားယွီကို ဖြေကြား၏။
"အဲ့ဒါဆိုရင် အချိန်မကျသေးဘူးပဲ... ဘာတွေ လောနေတာလဲ.."
ချွေဟွားယွီက နှလုံးသားထဲတွင် ရေရွတ်သည်။
ရွှီယန်သည် ထွက်ပြေးသွားမည်လား။ သူမယုံပေ။ သဘောတူထားသည့် အချိန်မှာ ရောက်ရှိခြင်း မရှိသေးတာသာ ဖြစ်သည်။ ရွှီယန်မှာ အချိန်တိကျသူတစ်ဦး ဖြစ်၏။ ဤတစ်ကြိမ်လည်း ချွင်းချက်မဟုတ်ပေ။
"လူခွဲကြရအောင်... ကြည့်စရာဘာပွဲမှ မရှိတော့ဘူး... ငါတို့တွေ ဘယ်သမိုင်းကိုမှ မမြင်နိုင်တော့ဘူး။ ဒီလောက်ခရီးရှည်ကြီး ဆက်ခဲ့ရတာ ဒါပေမယ့် ရွှီယန်ကတော့ သိုင်းတစ်ထောင်ခန်းမရဲ့ မျက်နှာကို ဖျက်ရိုက်ပြီးတဲ့နောက်မှာ သွားပုန်းနေပြီ.."
သိုင်းသမားတစ်ယောက်က စိတ်ပျက်စွာဖြင့် ပြော၏။
ထိုစကားကို ကြားရပြီးနောက် အခြားသိုင်းသမားများကလည်း သဘောတူစွာ ခေါင်းငြိမ့်ကြသည်။
"သိုင်းတစ်ထောင်ခန်းမက တကယ့်ကို အမှားကြီးလုပ်လိုက်တာပဲ... ရွှီယန်က သူတို့ရဲ့ မျက်နှာတွေကို နင်းချခဲ့ပြီး လင်းနယ်မြေရဲ့သမိုင်းမှာ အရဲတင်းဆုံးလူ ဖြစ်လာခဲ့တယ်။ ပြီးတော့ တစ်ခါတည်း သွားပုန်းခဲ့တယ်။ ငါ့အထင်တော့ သိုင်းတစ်ထောင်ခန်းမက လူတွေ သူ့ကိုရှာချင်ရင် လွယ်ကူတော့မှာ မဟုတ်ဘူး.."
"ဒီတစ်ကြိမ်တော့ သိုင်းတစ်ထောင်ခန်းမက တကယ့်ကို ဟာသဖြစ်ပြီ.."
သိုင်းသမားများက လှောင်ပြောင်သည့် အပြုံးများဖြင့် ပြောကြ၏။
သို့ပေမယ့် အချိန်မကြာလိုက်ပေ။ သူတို့သည် သိုင်းတစ်ထောင်ခန်းမ၏ တံခါးရှေ့တွင် လှောင်ပြောင်နေခြင်း ဖြစ်၏။ ဤသည်က ကိုယ့်သေတွင်းအား ကိုတူးနေပြီပင်။
"ဘုန်း.."
သိုင်းတစ်ထောင်ခန်းမ၏ တောင်တံခါးဆီမှ တိုက်ခိုက်မှုတစ်ခု ထွက်ပေါ်လာ၏။ ထိုသိုင်းသမားများ၏ အံ့ဩနေသည့် အကြည့်အောက်တွင် သူတို့သည် လွင့်စင်ကာ ပေါက်ကွဲ သေဆုံးကုန်ကြသည်။
အခြား သိုင်းသမားများလည်း ထိတ်လန့်စွာဖြင့် တိတ်ဆိတ်သွားကြ၏။ မည်သူမှ ဆက်လက်ဆွေးနွေးရဲခြင်း မရှိတော့ပေ။ သူတို့သည် မည်သည့် လှောင်ပြောင်သည့် မျက်နှာရိပ်ကိုမှ ပြသရဲခြင်းပင် မရှိပါ။
ဒီအချိန်၌ သိုင်းတစ်ထောင်ခန်းမသည် အမှန်တကယ်ကို အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုဖြစ်ပြီး သူတို့အနေနှင့် အလွယ်တကူ မှတ်ချက်ပြုနိုင်ခြင်း၊ လှောင်ပြောင်နိုင်ခြင်း မရှိကြောင်းကို နားလည်လာခဲ့သည်။
ရွှီယန်မှာ တစ်ကြောင်းဖြစ်၏။ သူတို့က တစ်ကြောင်းဖြစ်၏။
နိုင်ငံ၃၊ နိုင်ငံဂိုဏ်း၇ဂိုဏ်းနှင့် မိသားစုကြီး၈ခုမှ စွမ်းအားကြီးပုဂ္ဂိုလ်များကလည်း အခြားသိုင်းသမားများကို ကြည့်ကြသည်။ အချိန်မရွေး တိုက်ခိုက်သတ်ဖြတ်တော့မည့်ဟန် ရ၏။ တစ်ယောက်ယောက်သာ မလေးမစားအသွင်အပြင် ပြရဲပါက ကြမ်းကြုတ်စွာ ပြုမူမှာဖြစ်သည်။
သိုင်းသမားအချို့သည် တိတ်ဆိတ်စွာဖြင့် ဆုတ်ခွာကြ၏။ သိုင်းတစ်ထောင်ခန်းမမှာ အလွန်ဒေါသထွက်နေရာ ဆက်လက်ကြည့်ရှု့နေခြင်းက မကောင်းပေ။ တစ်ဖက်လူ၏ ဒေါသပုံချစရာ လူတစ်ယောက် ဖြစ်မလာစေရန် မြန်မြန်လေး ထွက်ခွာသွားတာကောင်း၏။
ဘာပဲဖြစ်ဖြစ် လေလွင့်သိုင်းသမားများမှာ စိတ်ဝိဉာဉ်ဂိုဏ်းများအတွက် မဲစရာ အကောင်းဆုံးဖြစ်သည်။
"နေဝင်ပြီးလို့မှ ရွှီယန်ပေါ်မလာဘူးဆိုရင် လင်းနယ်မြေရဲ့ စိတ်ဝိဉာဉ်ဂိုဏ်းအားလုံးကို အမိန့်ပေးလိုက်။ ရွှီယန်ကို လိုက်ပြီး ဖမ်းဆီးရမယ်။ သူ့လို စကားမတည်ဘဲ စည်းမျဉ်းကို ချိုးဖျက်တဲ့ကောင်က သေသင့်တယ်။ ဒါ့ကြောင့်မလို့ ဒီကိစ္စက ပါရမီရှင်တွေအကြား ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မသက်ဆိုင်တော့ဘူး.."
သိုင်းတစ်ထောင်အရှင်သခင်က ညို့မှိုင်းသည့် မျက်နှာဖြင့် အမိန့်ပေး၏။
"ဟုတ်ကဲ့ပါ ခန်းမအရှင်.."
သိုင်းတစ်ထောင်ခန်းမရှိ အကြီးအကဲများ၏ မျက်နှာများက အလွန် ညို့မှိုင်းနေပါသည်။ သူတို့အားလုံးသည် အစော်ကားခံရပြီးနောက် လက်စားချေရန် ပြင်ဆင်ထားကြ၏။
သို့ပေမယ့် တစ်ဖက်လူက မလာတော့ပေဘူးလား။ သူတို့သည် အလကားသက်သက် အစော်ကားခံခဲ့ရသည်လား။
ဤသည်မှာ သိုင်းတစ်ထောင်ခန်းမအား စော်ကားခြင်းဖြစ်သည်။ နောင်တွင် သိုင်းသမား မည်မျှတို့သည် သူတို့၏နောက်ကွယ်၌ လှောင်ရယ်နေကြမည်လည်း မသိပေ။
"အချိန်ရောက်တော့မယ်..."
ချွေဟွားယွီက ခေါင်းပြူကာ ပတ်ဝန်းကျင်ကိုကြည့်သည်။ သူသည် အနည်းငယ် စိတ်ပူနေ၏။ သူ၏ခန့်မှန်းချက်မှာ မှားယွင်းပြီး ရွှီယန်သည် ကတိမတည်ပဲ ထွက်ပြေးသွားမှာကို စိုးရိမ်နေပါသည်။
ထိုအချိန်၌ ထန်းကျီမှာလည်း အလွန် နေရခက်နေ၏။ ဆက်လက်နေရမည်လား သို့မဟုတ် ထွက်ခွာသွားရမည်လားကို မသိနိုင်ဘဲ ဖြစ်နေသည်။
ရုတ်တရက် အနီးအနားရှိ သိုင်းသမားတစ်ယောက်က မယုံကြည်နိုင်စွာဖြင့် အသံပြုသည်။
"ကြည့်လိုက်ဦး... အဲ့ဒါကဘာလဲ.."
လူတိုင်းသည် ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် မှင်သက်သွားကြ၏။
အဝေးတွင် ကောင်းကင်ပေါ်သို့ သစ်ပင် တစ်ပင်ပြီးတစ်ပင်သည် မြင့်တက်လာခဲ့ပြီး ကြီးမားသည့် ဓားကြီးများအဖြစ် ပြောင်းလဲကာ လေထဲတွင် မျောလွင့်နေပါသည်။
အေးစက်သည့် ဓားစွမ်းအင်တို့ဖြင့် ရစ်ဝဲနေ၏။
ပုံရိပ်တစ်ခုသည် စင်မြင့်ဆီသို့ ရွေ့လျားလာခဲ့ပြီး ခြေတစ်လှမ်းချင်းစီတိုင်းသည် မြေပြင်ပေါ်မှ မြင့်တက်လာခဲ့သည့် ဓားကြီးပေါ်သို့ နင်းသွား၏။ ပိုမိုပိုမိုကာ နီးကပ်လာသည်နှင့်အမျှ လေထဲတွင် ပိုမိုပိုမိုကာ များပြားသည့် သစ်ပင်များ မြင့်တက်လာခဲ့သည်။ ဓားကြီးများ ဖြစ်လာခဲ့ကြ၏။
ထိုပုံရိပ် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးနှင့် နီးကပ်လာသည့် အချိန်၌ ဓားများအားလုံးမှာ စက်ဝိုင်းတစ်ခုသဖွယ် ဖွဲ့စည်းလာခဲ့သည်။ ဓားတစ်ချောင်းချင်းစီတိုင်းသည် ဆက်သွယ်ထားကြပြီး ၎င်းတို့၏ ထိပ်ဦးများက မူလက တိုက်ခိုက်ခြင်းစင်မြင့်၏ အစွန်းများတွင် စိုက်ဝင်သွားကြသည်။
ချောမောကာ တောက်ပပြီး ရဲစွမ်းသတ္တိ အားမာန်တို့ဖြင့် လူငယ်တစ်ဦး ရောက်ရှိလာခဲ့၏။ ဤသည်မှာ ရွှီယန်ဖြစ်သည်။
သိုင်းသမားအားလုံးတို့သည် တိတ်ဆိတ်စွာဖြင့် မှင်သက်နေကြ၏။ အပင်များကို ဓားအဖြစ် ပြောင်းလဲခြင်းနှင့် ဓားလမ်းကြောင်းအဖြစ် ထိန်းချုပ်ကာ နင်းတက်ခဲ့ခြင်းသည် မည်ကဲ့သို့သော စွမ်းအားဖြစ်သနည်း။
"ငါသိနေတယ်... ရွှီယန်က အချိန်တိကျတဲ့လူပဲ.."
ချွေဟွားယွီက ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။
ရွှီယန်၏ ရောက်ရှိလာမှုက ပတ်ဝန်းကျင်ရှိ လူအားလုံးတို့ကို ဆွံ့အသွားစေ၏။ ရွှီယန်အား ထွက်ပြေးကာ ပုန်းရှောင်သွားပြီဟု ပြောခဲ့သည့် သိုင်းသမားများမှာ အရှက်ရစွာ ခံစားလိုက်ရသည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဟန်မပျက်ရန် ရုပ်တည်ဖြင့်နေကြပြီး ပြီးခဲ့တုန်းက ပြောခဲ့သည်မှာ သူတို့မဟုတ်သည့်သဖွယ် ရှိနေပါတော့သည်။
"ရွှီယန်... သူကလင်းနယ်မြေရဲ့ စစ်မှန်တဲ့ နံပါတ်တစ်ပါရမီရှင်ပဲ။ သူ့ကို ထွက်ပြေးသွားပြီလို့ ဘယ်သူပြောတာလဲ... ငါ့မှာပဲ တကယ့်ကိုစူးရှတဲ့ မျက်လုံးတွေရှိတယ်။ သူသေချာပေါက် ပေါ်လာမယ်ဆိုတာကို ငါသိနေခဲ့တယ်.."
"ရွှီယန် ထွက်ပြေးသွားပြီလို့ ပြောတာ မင်းပဲမဟုတ်ဘူးလား.."
"မဟုတ်တာ... ငါပြောတာက ရွှီယန်ထွက်ပြေးဖို့ သေချာပေါက် မဖြစ်နိုင်ဘူးလို့ပဲ.."
"နောက်ဆုံးအကြိမ် ရွှီယန် ထွက်ခွာသွားတုန်းကလည်း ဒီအချိန်လောက်ပဲ... သူကတကယ့်ကို အချိန်တိကျတာပဲ.."
သိုင်းသမားတစ်ယောက်က လေးစားစွာဖြင့် အသံပြုသည်။
ထန်းကျီမှာ အံ့သြသွား၏။ ပြောကြသည်မှာ ရွှီယန်၏ ဓားပညာသည် အလွန် အံ့သြဖို့ကောင်းလှသည်ဟု ဖြစ်၏။ ထိုကိစ္စတစ်ခုတည်းနှင့်ပင် ကောလဟာလ ဆယ်ခုမက ရှိသည်။ အားလုံးတို့သည် လွန်ကျူးလှကာ ယုံကြည်နိုင်စရာ မရှိပေ။
သို့ပေမယ့် ယနေ့တွင် ကိုယ်ပိုင်မျက်စိနှင့် မြင်တွေ့လာရပြီးနောက် အချို့ ကောလဟာလများမှာ မှားယွင်းနေသည် မဟုတ်ကြောင်းကို နားလည်လာခဲ့သည်။ ရွှီယန်၏ ဓားပညာသည် အံ့သြဖို့ကောင်းလှသည်မှာ စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲလှပါသည်။
ပြီးခဲ့တုန်းက အမိန့်ပေးကာ ပြန်သွားခဲ့သည့် သိုင်းတစ်ထောင်အရှင်သခင်သည် ဂိတ်တံခါးဆီသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သူ၏မျက်နှာမှာ ပိုမိုကာပင် ညှို့မှိုင်းလာခဲ့သည်။ ရွှီယန်၏ အသွင်အပြင်ကို ကြည့်ရသည်မှာ ပိုမိုကာပင် စွမ်းအားကြီးမားလာပုံ ပေါ်၏။
ယခုအချိန်၌ သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်အားလုံးတို့သည် အလွန်လေးလံစွာ ခံစားနေကြရသည်။ ရွှီယန်သည် ရောက်ရှိလာပြီ ဖြစ်၏။ ဆိုလိုသည်မှာ သူတို့သည် အားကုန်တိုက်ခိုက်ရန် လိုအပ်ပေသည်။
ရွှီယန်သည် ရောက်ရှိလာပြီးသည်နှင့် သူ၏ ကြီးစိုးလှသည့် စွမ်းအားဖြင့် ရှိနေကြသည့် လူအားလုံးကို အံ့သြသွားစေ၏။ နက်ရှိုင်းလှသည့် ဓားသိုင်းက အမှန်တကယ်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပါသည်။ ပုံမှန်အခြေအနေမျိုးတွင် တစ်ဖက်လူကို ရင်ဆိုင်ရန် အခွင့်အရေး ရှိမည်မဟုတ်ပေ။
ထို့ကြောင့် အရာအားလုံးကို စတေးကာ... အသက်ကိုပင် စတေးကာ တိုက်ခိုက်ရမှာ သေချာ၏။ ထိုသို့ဆိုပါက ရွှီယန်မှာ အသက်ရှင်နိုင်မည်လား သေမည်လား မသိပေ။
သို့ပေမယ့် သူတို့မှာ သေချာပေါက် သေဆုံးရမှာဖြစ်သည်။
သို့ရာတွင် ယခုအချိန်၌ ရွေးချယ်စရာ မရှိပါ။
ယရုံမှာ သစ်ပင်ကြီး၏ထိပ်တွင် ရပ်ပြီး လူငယ်ကိုကြည့်သည်။ သူမ၏နှလုံးသားထဲ၌ အံ့သြမှုတို့ ပြည့်နက်နေ၏။
'လောကကြီးမှာ ဒီလောက်အနှိုင်းမဲ့တဲ့ လူငယ်တစ်ယောက် ရှိနေတယ်... အဲ့ဒီ့ ကောင်မလေးနှစ်ယောက်ရဲ့ နှလုံးသားကို ဖမ်းစားထားတာ အံ့သြစရာမရှိဘူး..'
မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ယခုကဲ့သို့သော တပည့်မျိုးကို ပျိုးထောင်ခဲ့သနည်း။ ယခုကဲ့သို့သော အသွင်အပြင်မျိုးကို ပြသနိုင်လေသည်။
ယရုံသည်ရုတ်တရက် ရွှီယန်၏ဆရာဖြစ်သူအား တွေ့ဆုံချင်စိတ်တို့ ပေါ်လာခဲ့၏။
"ဘာပဲဖြစ်ဖြစ်... သူက ငယ်ရွယ်လွန်းသေးတယ်... သိုင်းတစ်ထောင်ခန်းမရဲ့ ဂိတ်တံခါးမှာ စင်မြင့်တစ်ခုကို လူသိရှင်ကြား တည်ဆောက်ပြီး သိုင်းတစ်ထောင်ခန်းမ တစ်ခုလုံးကို ဖိနှိပ့်ဖို့ကြံစည်တာက ဘယ်လိုလုပ်ပြီးတော့ လွယ်ကူနိုင်မှာလဲ။ သူ့ရဲ့ငယ်ရွယ်တဲ့ အသက်အရွယ်ကြောင့် သိုင်းတစ်ထောင်ခန်းမအနေနဲ့ အခွင့်ကောင်းယူနိုင်ခြင်း မရှိရင်တောင် သူ့ကို ရင်ဆိုင်ဖို့ နည်းလမ်းတွေ အများကြီး ရှိသေးတယ်.."
ယရုံက နှလုံးသားထဲတွင် သက်ပြင်းချသည်။ ရွှီယန်မှာ အလွန် ငယ်ရွယ်လွန်းပြီး သွေးဆူလွန်းသည်ဟု ခံစားရ၏။
ရွှီယန်သည် စင်မြင့်ပေါ်၌ရပ်ကာ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးကို ကြည့်သည်။ ဒီတစ်ကြိမ်တွင် သူသည် သိုင်းတစ်ထောင်ခန်းမ၏ ဂုဏ်သိက္ခာအားလုံးကို ခြေထောက်အောက်တွင် နင်းချေမည်ဖြစ်၏။
'မူလဒီဗိုင်းအဆင့်ကို ရောက်ပြီးတဲ့နောက်မှာ အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်က ဘာမှ သိပ်မဟုတ်တော့ဘူး... သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေမှာ အရည်အချင်းအချို့ ရှိနေဖို့ ငါမျှော်လင့်တယ်..'
ရွှီယန်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ သူသည် လင်းနယ်မြေ၏ အထွတ်အထိပ်သို့ ရောက်ရှိရန် သိုင်းတစ်ထောင်ခန်းမအား ခြေနင်းကျောက်တုံးလုပ်ဖို့ရာ မစောင့်နိုင်တော့ပေ။
သို့ပေမယ့် မူလဒီဗိုင်းအဆင့်၏ အစောပိုင်း၌သာ ရှိနေသေးရာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုကို ဖိနှိပ့်နိုင်ရန် မလုံလောက်သေးပေ။
'ဒီတိုက်ပွဲပြီးရင်... သိုင်းတစ်ထောင်ခန်းမက လူအိုကြီးတွေကိုယ်တိုင် လှုပ်ရှားရှား မလှုပ်ရှားရှား... ငါကတော့လင်းနယ်မြေတလျှောက် ခြေဆန့်ပြီး သိုင်းသမားမျိုးစုံကို စိန်ခေါ်ရမယ်..'
မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ပြီးနောက် သူသည် လင်းနယ်မြေသို့ လှည့်လည်သွားလာပြီး သိုင်းသမားအားလုံးကို စိန်ခေါ်မည်ဖြစ်သည်။ လင်းနယ်မြေ၏ တောင်နှင့်မြစ်တို့ကို ကြည့်ရှု့ခံစားကာ သိုင်းပညာ၏ နက်ရှိုင်းသည့် ဆန်းကြယ်မှုတို့ကို လေ့လာမည်ဖြစ်၏။
'ဆယ်နှစ်အတွင်းမှာ... ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ကို ချိုးဖျက်ရမယ်..'
ရွှီယန်သည် ကိုယ့်ကိုယ်ကိုယ် ပန်းတိုင်တစ်ခုအား သတ်မှတ်ခဲ့၏။ သိုင်းပညာကျင့်ကြံမှုတွင် အဆင့် ပိုမိုမြင့်မားလေလေ ကျင့်ကြံရန် အချိန်ပိုကြာလေ ဖြစ်၏။
သို့ပေမယ့် ဆယ်နှစ်အတွင်းတွင် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ချိုးဖျက်နိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါသည်။
'ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ကိုသာ ဝင်ရောက်ပြီးရင်... လင်းနယ်မြေမှာ အနှိုင်းမဲ့ပြီ..'
ဆရာဖြစ်သူ၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို အသုံးချပြခဲ့သည့် မြင်ကွင်းအား တွေးမိလိုက်တိုင်းတွင် ရွှီယန်သည် မနေနိုင်ဘဲ စိတ်လှုပ်ရှားစွာနှင့် ဒီဗိုင်းဆန်းကြယ်စွမ်းအားအပေါ် မျှော်လင့်နေမိ၏။
သူလည်းပဲ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ရောက်ရှိပြီးပါက မည်ကဲ့သို့သော ဒီဗိုင်းဆန်းကြယ်စွမ်းအားများအား ရရှိလာမည်ကို မသိနိုင်ပေ။
"ဓားနတ်ဘုရားရွှီယန်က.. သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေကို စိန်ခေါ်တယ်.."
ရွှီယန်က ဂုဏ်ယူစွာဖြင့် ပြောသည်။
သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင် ဆေဘာသခင်အကြီးအကဲက ပါရမီရှင်တစ်ယောက်ကို ကြည့်ကာ တက်ရောက်တိုက်ခိုက်ရန် အချက်ပြသည်။
"သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေက မင်းစိန်ခေါ်ချင်တိုင်း စိန်ခေါ်လို့ရတဲ့အရာ မဟုတ်ဘူး... အရင်ဆုံး ငါ့ကို ဖြတ်ကျော်နိုင်မလားလို့ ကြည့်ဦးမယ်.."
ဓားကိုကိုင်ထားသည့် ပုံရိပ်တစ်ခုသည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီမှ ပျံသန်းလာပြီး စင်မြင့်ပေါ်သို့ သက်ဆင်း၏။
"အနိုင်အရှုံးပဲ ဆုံးဖြတ်မှာလား။ သေခြင်းရှင်ခြင်း တိုက်ပွဲကို တိုက်ခိုက်မှာလား.."
ရွှီယန်က ထူးမခြားနားစွာ မေးသည်။ အနိုင်အရှုံးလားသေခြင်းရှင်ခြင်း ဟူသည်လားကိုတော့ ရွှီယန်သည် တစ်ဖက်လူအတွက် ရွေးချယ်စရာအဖြစ် ထားပေးထား၏။
"သေခြင်းရှင်ခြင်းတိုက်ပွဲ.."
ထိုပုံရိပ်က အေးစက်စွာပြောသည်။ သူသည် ရွေးချယ်စရာမရှိပေ။ သေခြင်းရှင်ခြင်း တိုက်ပွဲကိုသာ ဆင်နွှဲရမည်ဖြစ်၏။
အပိုင်း ၅၇၂ - မပြောပလောက်ဘူး
သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင် ပါရမီရှင်များ၏ တိုက်ပွဲမှာ ထပ်မံစတင်ခဲ့၏။ သိုင်းသမားအားလုံးတို့မှာ သမိုင်းတစ်ခုကို ထပ်မံကြုံတွေ့ရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားနေကြသည်။
'အရင်တုန်းက သွေးနတ်ဆိုးကို အရမ်းရဲတင်းပြီး မောက်မာလွန်းလှပြီလို့ တွေးထားခဲ့တာ... အခုအချိန်အထိ အသက်ရှင်နိုင်ခဲ့ပြီး လူတစ်ယောက်ရဲ့အထက်မှာ သူ့ထက်ပိုကောင်းတဲ့လူ အမြဲတမ်းရှိနေတယ် ဆိုတာကို ကံကောင်းပြီး နားလည်နိုင်ခဲ့တယ်... ရွှီယန်က သွေးနတ်ဆိုးထက်ကို ပိုပြီးတော့ ရူးသွပ်တယ်..'
အကြီးအကဲတစ်ယောက်က သက်ပြင်းချစွာ ပြော၏။ ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင် ပထမဆုံး စိန်ခေါ်ခဲ့သူ ဖြစ်သည်။
"ဒါက အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်.."
ချွေဟွားယွီလည်း နန်းတော်၏ ပြတင်းပေါက်ကိုမှီကာ စိတ်ဝိဉာဉ်ပဲစေ့ လက်တစ်ဆုပ်ကို ကိုင်ရင်းက ပွဲကြည့်နေ၏။
သူသည် ပဲစေ့များကို တစ်စေ့ပြီးတစ်စေ့ ပါးစပ်အတွင်းသို့ ပစ်ထည့်ကာ ဖြစ်ပေါ်လာတော့မည့် တိုက်ပွဲကို စိတ်အားထက်သန်မှုအပြည့်ဖြင့် ကြည့်ရှု့နေပါသည်။
တိုက်ခိုက်ခြင်း စင်မြင့်ပေါ်တွင် ရွှီယန်က လေပေါ်သို့ မြင့်တက်သွား၏။ သိုင်းတစ်ထောင်ခန်းမမှ ပါရမီရှင်လည်းတူညီစွာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူတို့သည် စင်မြင့်ပေါ်တွင် တိုက်ခိုက်ပါက စင်တစ်ခုလုံး လျှပ်တပြက်အတွင်း ပျက်စီးသွားပြီး မည်သည့်ခံနိုင်ရည်မှ ရှိမည်မဟုတ်ပေ။
သိုင်းတစ်ထောင်ခန်းမ၏ ပါရမီရှင်မှာ စင်မြင့်၏ ပြိုပျက်ခြင်းအတွက် ဂရုစိုက်ခြင်း မရှိပေ။ သို့ပေမယ့် စင်မြင့်မှာ သိုင်းတစ်ထောင်ခန်းမ၏ အဝင်ဝနှင့် နီးကပ်လွန်းရာ တိုက်ပွဲ၏ ရိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် ရွှီယန်နှင့်အတူ လေထဲသို့လိုက်ကာ ကောင်းကင်ထက်တွင် တိုက်ပွဲကိုဆင်နွှဲ၏။
"ရွှီယန်... မင်းကများ သိုင်းတစ်ထောင်ခန်းမလို အဆင့်လွန်ဂိုဏ်းတစ်ခုကို စိန်ခေါ်ရတယ်လို့.. ဘယ်က သတ္တိတွေ ရလာတာလဲ...ဒီနေ့မှာ မင်း သေချာပေါက် သေရမယ်.."
ထိုပါရမီရှင်၏ အရှိန်အဝါက မြင့်တက်လာပြီး ဆေဘာဓားမှာ လင်းလက်လာခဲ့သည်။ သူ၏ခွန်အားသည် ပြီးခဲ့တုန်းက ပါရမီရှင်၅ယောက်တို့ထက် များစွာ ပိုမိုသာလွန်၏။
"ဒါက ဂိုဏ်း၇ဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်တဲ့ ဆေဘာတစ်ရာဂိုဏ်းက ပါရမီရှင်တစ်ယောက်မလား.."
"ဟုတ်တယ်.. သူပဲ... သူ့ရဲ့ခွန်အားကို ဒီလောက်အထိ ကြီးမားလာမယ်လို့ ထင်မထားခဲ့ဘူး.."
လူအုပ်အတွင်းရှိ သိုင်းသမားများစွာတို့သည် တိုက်ပွဲအတွင်းရှိ ပါရမီရှင်ကို မှတ်မိလိုက်ကြ၏။ ဤသည်မှာ ဆေဘာတစ်ရာဂိုဏ်းမှ ဖြစ်သည်။ သူသည် သိုင်းတစ်ထောင်ဒေသတွင် နာမည်ကျော်ကြား၏။
ဆေဘာတစ်ရာဂိုဏ်းမှ ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် သူတို့၏ပါရမီရှင်အား စိတ်အားထက်သန်စွာ ကြည့်ရှု့နေကြသည်။ ရွှီယန်ကိုသာ သတ်ဖြတ်နိုင်ပါက သူတို့ဂိုဏ်း၏ ဂုဏ်သတင်းမှာ ကြီးစွာ တိုးတက်လာမှာဖြစ်၏။
နိုင်ငံ၃နိုင်ငံ၊ ဂိုဏ်း၇ဂိုဏ်းနှင့် မိသားစုကြီး၈ခုတို့တွင် သိုင်းတစ်ထောင်ခန်းမသို့ ဝင်ရောက်သွားခဲ့သည့် ပါရမီရှင်များ ရှိကြသည်။ သူတို့သည် လဝက်ကြာအောင် စွမ်းအားကို မြှင့်တင်ပြီး လျှို့ဝှက်အတတ်များကို ကျင့်ကြံခဲ့ကြ၏။ ထို့ကြောင့် တိုတောင်းလှသော အချိန်အတွင်းတွင် သူတို့၏ခွန်အားသည် ယခုမျှ ကြီးမားစွာ တိုးတက်လာခဲ့လေသည်။
အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ နက်ရှိုင်းမှုနှင့် နည်းလမ်းများသည် အမှန်တကယ်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှ၏။ လင်းနယ်မြေကို မရေမတွက်နိုင်သည့် ခေတ်များစွာ အုပ်စိုးလာခဲ့သည့် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများမှာ အမှန်တကယ်ကို အထင်ကြီးစရာကောင်းလှသည်။
ရွှီယန်သည် ထူးမခြားနားစွာ ရှိ၏။ တစ်ဖက်လူ၏ ခွန်အားသည် များစွာ ပိုမိုသန်မာလာခဲ့ပေမယ့် သူသည် ဒီဗိုင်းဆန္ဒအဆင့်၌ မဟုတ်တော့ပေ။ မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ပြီး ဖြစ်၏။
မကြာသေးခင်ကမှ အဆင့်တက်ခဲ့ခြင်း ဖြစ်လျှင်တောင် စုစုပေါင်းခွန်အားသည် လွန်ခဲ့သည့်လဝက်က အခြေအနေနှင့် နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်တော့ပေ။
သူသည် လက်ညှိုးနှင့် လက်ခလယ်တို့ကို ထောင်ကာ ကောင်းကင်သို့ ချိန်ရွယ်ပြီးနောက် ၎င်းတို့သည် ဒီဗိုင်းစွမ်းအင်ဖြင့် ဓားရှည်တစ်ချောင်းအဖြစ်သို့ ပြောင်းလဲလာခဲ့၏။
"မောက်မာတဲ့ကောင်.."
ဆေဘာတစ်ရာဂိုဏ်းမှ ပါရမီရှင်မှာ ဒေါသတကြီး ဖြစ်သွားသည်။ ရွှီယန်သည် သူ့ကို အလွန်စော်ကားလွန်းလှ၏။ ဓားကိုပင် ထုတ်ခြင်းမပြုခဲ့ပေ။
သူသည် မာန်ဖီပြီးနောက် ဆေဘာဖြင့် ခုတ်ပိုင်းချလိုက်သည်။ တစ်ဖက်လူ၏ စော်ကားမှုနှင့် မောက်မာမူအတွက် ဒေါသထွက်မိပေမယ့် တိုက်ခိုက်သည့် အရာတွင် အသန်မာဆုံးတိုက်ခိုက်မှုကို အသုံးပြုခဲ့၏။
မုန်တိုင်းထန်သည့် ဆေဘာအလင်းသည် ပြင်းထန်စွာ ထွက်ပေါ်လာခဲ့၏။ ဤသည်မှာ ဆေဘာတစ်ရာဂိုဏ်း၏ အစွမ်းထက်ဆုံး သိုင်းပညာဖြစ်ကာ သိုင်းတစ်ထောင်ခန်းမမှ သက်ဆင်းလာသည့် စွမ်းအားကြီး ဆေဘာဓားသိုင်းတစ်ခုလည်း ဖြစ်သည်။ ဓားချက်တစ်ရာဆေဘာဟု ခေါ်၏။ ဓားချက်တစ်ခုတည်းတွင် ဓားချက်အခုတစ်ရာတို့ ထပ်ဆင့်ထားလေသည်။
"မပြောပလောက်တဲ့ စကေးလေးနဲ့..."
ရွှီယန်က အေးစက်စွာရယ်သည်။ သူသည် လက်နှစ်ချောင်းကို ချိန်ရွယ်လိုက်ချိန်၌ ဒီဗိုင်းစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် ဓားရှည်ကြီးက ထိုးစိုက်သွားသည်။ ကြည့်ရသည်မှာ သာမန်ဆန်ကာ အထင်ကြီးစရာမရှိဘဲ လက်လှုပ်လိုက်ရုံဖြစ်ပေမယ့် ဓားစွမ်းအင်မှာတော့ ဆေဘာတစ်ရာ ဂိုဏ်း၏ ပါရမီရှင်၏ တိုက်ခိုက်မှုကို လျှပ်တပြက်အတွင်း ပြိုလဲသွားစေခဲ့သည်။
"ဘုန်း.."
ဆေဘာအလင်းမှာ ပေါက်ကွဲထွက်ကာ ပျောက်ကွယ်သွားခဲ့၏။ တစ်ဖက်လူသည် နောက်သို့ ဆုတ်ခွာသွားရကာ မျက်နှာမှာ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နက်နေပါသည်။
ရွှီယန်က လက်ကိုမြှောက်ကာ ဖမ်းဆုပ်လိုက်ချိန်၌ ဒီဗိုင်းစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် ဓားရှည်တစ်ချောင်းသည် လက်ဝါးအတွင်းသို့ ရောက်ရှိလာခဲ့သည်။
ဓားဆန္ဒက တိတ်တဆိတ် ပျံ့နှံ့သွားကာ ပတ်ဝန်းကျင်ကို ထိုးဖောက်သွားပြီး အရာအားလုံးနှင့် ပေါင်းစပ်၏။ ဆေဘာတစ်ရာဂိုဏ်းရှိ ပါရမီရှင်မှာ ၎င်းကို သတိထားမိခြင်း လုံးဝမရှိပေ။
"ကြည့်ရတာ ရွှီယန်က ပိုပြီးတော့ စွမ်းအားကြီးလာတာပဲ.."
"သူ ဒီလဝက်ကို အချိန်ဆွဲလိုက်တာ ခွန်အားကို သွားပြီး မြှင့်တင်ဖို့များလား.."
ကြည့်ရှု့နေကြသည့် သိုင်းသမားများ အကြားတွင် ပြီးခဲ့တုန်းက တိုက်ပွဲကို ကြုံတွေ့ခဲ့သည့် လူများမှာ အံ့သြမှုတို့ဖြင့် ပြည့်နက်လာခဲ့သည်။ ဒီလဝက်အတွင်းတွင် ရွှီယန်သည် အလွန်သန်မာလာခဲ့၏။
"မင်းတို့တွေ သတိထားမိလား... ရွှီယန်ရဲ့ သိုင်းပညာမှာ ခြားနားချက်အချို့ ရှိနေတယ်... သူ့ရဲ့သိုင်းပညာ စွမ်းအားက တကယ့်ကိုမူမမှန်ဘူး.."
"ငါလည်းသတိထားမိတယ်... ကြည့်ရတာ ငါနားလည်ထားတဲ့ သိုင်းပညာစွမ်းအားနဲ့ အများကြီး ကွာခြားတယ်။ ပိုပြီးတော့ မြင့်မြတ်နေသလိုပဲ.."
"ရွှီယန်ရဲ့ သိုင်းအဆင့်ကို မင်းတို့သိကြလား... ကြည့်ရတာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနဲ့မတူဘူး.."
သိုင်းသမားများစွာမှာ ပဟေဠိဖြစ်သွားကြ၏။ ရွှီယန်၏ သိုင်းပညာသည် သူတို့၏ ဗဟုသုတများထက် ကျော်လွန်နေပါသည်။ စိတ်ဝိဉာဉ်နယ်မြေ၏ သိုင်းပညာစံနှုန်းနှင့် မတူညီဟန်ရ၏။
"ရွှီယန် ဒီလောက်အထိ စွမ်းအားကြီးနေတာ အံ့သြစရာမရှိဘူး... သူကျင့်ကြံတဲ့ သိုင်းပညာကလည်း တကယ့်ကိုထူးကဲတာပဲ... ကြည့်ရတာ အဲ့ဒါက သူ့ရဲ့ယုံကြည်ချက် အရင်းအမြစ်လည်း ဖြစ်လိမ့်မယ်.."
"ဟုတ်တယ်... သူကျင့်ကြံတဲ့ သိုင်းပညာရဲ့အဆင့်က အရမ်းကို ထိပ်တန်းကျနေမှာ။ အဲ့ဒါကြောင့် မို့လို့သာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ ပါရမီရှင်တွေကို လာပြီးစိန်ခေါ်ရဲတာ.."
သိုင်းသမားအချို့မှာ အများကြီး စဉ်းစားမနေပါ။ ရွှီယန်၏ သိုင်းပညာကျင့်စဉ်သည် အလွန် နက်ရှိုင်းလွန်းခြင်း ဖြစ်မည်ဟုသာ တွေးကြ၏။
"အတိတ်တုန်းက အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီက သိုင်းပညာတွေကို သုတေသနပြုဖို့အတွက် အဓိကထားလုပ်ဆောင်ခဲ့ကြတယ်... ပြီးတော့ အထူးသီးသန့် သိုင်းပညာကျင့်စဉ် တစ်ခုကိုလည်း ဖန်တီးနိုင်ခဲ့တယ်လို့တောင် ပြောကြတယ်။ ရွှီယန်ကရော သူတို့ရဲ့သိုင်းပညာသဘောတရားတွေကို ကျင့်ကြံထားတာများလား.."
"ဒီဖြစ်နိုင်ခြေက မဖြစ်နိုင်တာ မဟုတ်ဘူး.."
ပြီးခဲ့တုန်းက အဆုံးမဲ့ ကြယ်တာရာအကယ်ဒမီ၏ ခေတ်အခါကို မှီခဲ့ကြသည့် သိုင်းသမားအချို့တို့မှာ အံ့ဩစွာဖြင့် ခေါင်းငြိမ့်ကြသည်။
ဂိတ်တံခါးရှိ သိုင်းတစ်ထောင်ခန်းမ အရှင်သခင်နှင့် အခြားလူများမှာ ညှို့မှိုင်းစွာ ရှိလာကြ၏။
"ရွှီယန်က ပိုပြီးတော့တောင်မှ သန်မာလာတယ်... ပြီးတော့ သူကျင့်ကြံတဲ့ သိုင်းပညာက..."
သူတို့၏ အသိအမြင်နှင့်ပင် ရွှီယန်၏ သိုင်းပညာမှာ သာမန်မဟုတ်ကြောင်းကိုသာ တွေ့မြင်နိုင်ပါသည်။ ထို့အပြင် သူတို့သည် ရွှီယန်၏ ခွန်အားအဆင့်ကိုပင် တိကျစွာ ဆုံးဖြတ်နိုင်ခြင်း မရှိကြပေ။
သူသည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်လာပြီးပြီလား။
ထို့အပြင် သိုင်းတစ်ထောင်ခန်းမရှိ စွမ်းအားကြီး ပုဂ္ဂိုလ်များသည် ပြီးခဲ့တုန်းက အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီရှိ ဝူထန်းနန်နှင့် အခြားလူများသည် သုတေသနပြုလုပ်ကာ ထူးကဲသည့် သိုင်းကျင့်စဉ်တစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်မည်ဟုလည်း ယုံကြည်ကြ၏။
"မင်းက စွမ်းအားကြီးပါတယ်... ဒါပေမယ့် ဒီလောက်အထိပဲ.."
ဆေဘာတစ်ရာဂိုဏ်းရှိ ပါရမီရှင်၏မျက်နှာက အေးစက်ကာ ခက်ထန်လာခဲ့သည်။ ရွှီယန်၏ ဓားချက်တစ်ချက်က သူ၏ တိုက်ခိုက်မှုတို့ကို ပျက်စီးသွားစေခဲ့၏။ထို့ကြောင့် မည်မျှပင် တိုက်ခိုက်စေကာမူ တစ်ဖက်လူ၏ ပြိုင်ဖက်မဟုတ်သည်ကို နားလည်လိုက်သည်။
သူ့အနေနှင့် လုပ်ဆောင်နိုင်သည်မှာ အသက်ဓာတ်လောင်ကျွမ်းခြင်း သတ်ဖြတ်ခြင်းအကွက်ကို အသုံးပြုရန်သာ ရှိ၏။ သို့ရာတွင် ၎င်းကို အသုံးပြုလိုက်သည်နှင့် သူသည် သေချာပေါက် သေဆုံးရမှာ ဖြစ်သည်။ အချိန်အကြာကြီး အသက်ရှင်နိုင်မည် မဟုတ်တော့ပေ။
အပိုင်း ၅၇၃ - မပြောပလောက်ဘူး(၂)
ဒီအချိန်၌ မည်သည့် ရွေးချယ်စရာမှ မကျန်တော့ပေ။ စတေးမှုပြုရန်သာ ရှိ၏။
"ဘုန်း.."
ဆေဘာတစ်ရာဂိုဏ်းမှ ပါရမီရှင်က ထပ်မံ တိုက်ခိုက်မှု ပြုလိုက်ပြန်၏။ ယခုအချိန်၌ သူ၏ ဆေဘာဓားချက်သည် ပိုမို ကြမ်းကြုတ်လာခဲ့သည်။
ဓားချက် တစ်ချက်ချင်းစီတိုင်းသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ဓားချက်တစ်ရာတိုင်းသည် ခုတ်ပိုင်းမှုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဤသည်မှာ သံသယဝင်စရာ မကောင်းလောက်အောင် စွမ်းအားအကြီးဆုံး သတ်ဖြတ်ခြင်းဓားချက် ဖြစ်၏။
"ဒါဆို... ဒါက ဆေဘာတစ်ရာဂိုဏ်းရဲ့ အထူး သိုင်းပညာပေါ့.."
"ဘယ်လောက် စွမ်းအားကြီးလိုက်လဲ.."
လူအုပ်မှာ အံ့သြနေကြ၏။ စင်မြင့်၏ အထက်တွင် အုပ်ဆိုင်းနေသည့် ဓားအလင်းလွှာများသည် မျက်စိတစ်မှိတ်အတွင်း၌ ဓားချက်တစ်ခုတည်းအဖြစ် ဖွဲ့စည်းလာခဲ့ပြီး ကောင်းကင်မှ သက်ဆင်းလာခဲ့၏။ ပတ်ဝန်းကျင်ကို ထိန်လင်းသွားစေသည်။
ဤသည်မှာ ဓားချက်တစ်ချက်တည်းဖြစ်ပေမယ့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးအား နှစ်ပိုင်းဖြတ်ပိုင်းတော့မည့်နှယ် ရှိသည်။
"သူက အသက်ကိုစတေးခြင်း သတ်ဖြတ်ခြင်း သိုင်းကွက်ကို အသုံးပြုနေတာပဲ.."
သိုင်းတစ်ထောင်အရှင်သခင်နှင့် အခြားလူများ အားလုံးမှာ လေးနက်သွားကြသည်။ ထိုအသက်ကို စတေးသည့် အတတ်ဖြင့် ဆိုပါက ရွှီယန်ကို သတ်ဖြတ်နိုင်လောက်လေမလား... သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရရှိစေလောက်လေမလား။
ရွှီယန်မှာလည်း ဓားချက်တစ်ချက်ကို ခုတ်ပိုင်းလိုက်သည်။ တောင်နှင့်မြစ်၏ ပုံရိပ်များက ပေါ်လာခဲ့၏။ ထိုမြေမျက်နှာသွင်ပြင် အတွင်းတွင် အလွှာပေါင်းများစွာထပ်နေသည့် ဓားအလင်းသည် ပြေပျောက်သွားသည့်ဟန်ရသည်။
ပြီးနောက် အသာတကြည် ခုတ်ပိုင်းသည့် ဓားချက်တစ်ချက်က အဆုံးမသတ်နိုင်သည့် သတ်ဖြတ်မှုဆန္ဒများ ကြီးထွားလာခဲ့၏။
"အချိန်ကျပြီ.."
ဆေဘာတစ်ရာဂိုဏ်းမှ ပါရမီရှင်မှာ တောင့်တင်းသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ သွေးရောင်အလင်းတို့ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းဆန္ဒက ရုတ်တရက် သက်ဆင်းလာခဲ့သည်။
"ဝူ့စ်.."
သွေးရောင် ဆေဘာအလင်းသည် အကွာအဝေးနှင့် အတားအဆီးများကို ဖြတ်ကျော်ကာ လျှပ်တပြက်အတွင်း ရွှီယန်၏ရှေ့တွင် ပေါ်လာခဲ့သည်။
ထိုကြောက်စရာကောင်းလှသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အကြွင်းမဲ့သော တားမြစ်ခြင်း အသိတစ်ခုကို သယ်ဆောင်ထား၏။
သို့ရာတွင် ထိုဓားချက်ကို ခုတ်ပိုင်းပြီးသည်နှင့် ဆေဘာတစ်ရာဂိုဏ်းမှ ပါရမီရှင်သည် ဒီဗိုင်းဝိဉာဉ်အား ဆုံးရှုံးသွားရသည့်နှယ် ရှိသည်။ သူ၏အသက်ဓာတ်မှာ ခြောက်ခန်းလုမတတ် ဖြစ်သွားပြီး ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာ မျက်စိဖြင့် တွေ့မြင်နိုင်သည့်အမြန်နှုန်းဖြင့် ညှိုးနွမ်းလာခဲ့သည်။
သို့ပေမယ့် နောက်ဆုံးအချိန်၌ ပြုံး၏။ ရွှီယန်သည် ဒီတိုက်ခိုက်မှုကို ဘယ်လိုလုပ်ပြီး ခုခံနိုင်မည်လဲ။
သတ်ဖြတ်ခြင်းဓားကွက်ကို ထုတ်ဖော်လိုက်သည်နှင့် ရှိနေကြသည့် သိုင်းသမားအားလုံးတို့မှာ မှင်သက်သွားကြသည်။ ဤသည်မှာ မည်မျှ ကြောက်စရာကောင်းသည့် လျှို့ဝှက်အတတ်တစ်ခု ဖြစ်သနည်း။
ထန်းကျီ၏မျက်နှာက မဲမှောင်သွားပြီး ပုဆိန်က သူ၏လက်ထဲသို့ ရုတ်တရက် ကျရောက်လာခဲ့သည်။
သို့ရာတွင် သူ့အနေနှင့် ကူညီချင်လျှင်တောင် အလွန်နောက်ကျနေပြီး ဖြစ်၏။ ထိုတိုက်ခိုက်မှုသည် အလွန်မြန်ဆန်ကာ အလွန် စွမ်းအားကြီးမားလှသည်။
ဆေဘာတစ်ရာဂိုဏ်းမှ ပါရမီရှင်ကို ယခုမျှ ကြောက်စရာကောင်းသည့် ဓားချက်မျိုး ထုတ်ဖော်လာမည်ဟု မည်သူမှ ထင်မထားခဲ့ပေ။ ဤသည်မှာ သူ၏ ခွန်အားအဆင့်နှင့် စွမ်းဆောင်နိုင်သည်ထက် ကျော်လွန်နေသည့် တိုက်ခိုက်မှု ဖြစ်၏။
"ယုတ်မာလိုက်တာ.."
ထန်းကျီမှာ အံ့သြမှုနှင့် ဒေါသထွက်မှုတို့ဖြင့် ပြည့်နှက်နေပါသည်။ ထိုကဲ့သို့သော လျှို့ဝှက်အတတ်မျိုးကို သိုင်းတစ်ထောင်ခန်းမက စွမ်းအားအကြီးမားဆုံး ပုဂ္ဂိုလ်များ၏ အကူအညီဖြင့်သာ ကျင့်ကြံနိုင်ပေလိမ့်မည်။
ဤသည်မှာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ စစ်မှန်သည့် နက်ရှိုင်းမှုနှင့် နည်းလမ်းများလေလား။ အရှက်မဲ့ပေမယ့် ပါရမီရှင်များအကြား စည်းမျဉ်းများအတွင်းတွင်ပါဝင်ပြီး ပြိုင်ပွဲအတွင်းတွင် ကိုယ့်ကိုယ်ကိုယ် သေဆုံးစေသည့် တိုက်ကွက်မျိုးအား မထုတ်ဖော်ရဟု ကန့်သတ်မထားပေ။
ကျင့်ကြံမှုတွင် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ကူညီမှုမှာတော့ သိုင်းတစ်ထောင်ခန်းမအနေနှင့် ဝန်ခံမှုပြုမည်မဟုတ်ပေ။
ထို့အပြင် စည်းမျဉ်းများအတွင်း၌ ထိုကဲ့သို့ မလုပ်ဆောင်ရဟု ကန့်သတ်ချက်လည်း မရှိပါ။ ပါရမီရှင်များ၏ တိုက်ပွဲအတွက် စည်းမျဉ်းများကို ရေးဆွဲရာတွင် မည်သူမှ ထိုကဲ့သို့သော နည်းလမ်းမျိုးကို စိတ်ကူးခြင်း မရှိခဲ့ကြပေ။
မည်သူမှ ဆေဘာတစ်ရာဂိုဏ်းရှိ ပါရမီရှင်ကို ယခုမျှကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုအား ထုတ်ဖော်လာမည်ဟု ထင်မထားခဲ့ပေ။ ရွှီယန်လည်း အပါအဝင် ဖြစ်၏။ ထို့ကြောင့် သူသည် တစ်ဖက်လူ၏ ခွန်အားမှာ ထိုမျှသာဖြစ်သည်ဟု တွေးမိလိုက်သည်။
ဓားတစ်ချက်တည်းနှင့် ရန်သူကို သတ်ဖြတ်ရန် ပြုတော့မည့်အချိန်၌ ရုတ်တရက် သတ်ဖြတ်ခြင်းဆန္ဒတစ်ခု သက်ဆင်းလာခဲ့၏။
သွေးရောင်ဆေဘာသည် အလွန်တောက်ပစွာဖြင့် တားမြစ်ခြင်း အသိတစ်ခုကို သယ်ဆောင်ထားသည်။ ဤသည်မှာ ဒီဗိုင်းဝိဉာဉ်နှင့် အသက်ဓာတ်စွမ်းအင်တို့ကို လောင်ကျွမ်းစေခြင်းဖြင့် ထုတ်လုပ်လိုက်သည့် ဓားချက်ဖြစ်၏။
မျက်စိတစ်မှိတ် အတွင်းတွင် အရာအားလုံးတို့သည် တိုက်ခိုက်မှု၏ ဝါးမျိုမှုအား ခံလိုက်ရသည်။ ထိုကဲ့သို့သော လျှို့ဝှက်အတတ်မျိုးသည် ဆေဘာတစ်ရာဂိုဏ်းမှ ပါရမီရှင်တစ်ယောက်တည်း ကျင့်ကြံနိုင်သည့်အရာ မဟုတ်ပေ။
ကျင့်ကြံခဲ့လျှင်တောင် လျှပ်တပြက်အတွင်း ဒီဗိုင်းဝိဉာဉ်နှင့် အသက်ဓာတ်တို့ကို လောင်ကျွမ်းစေကာ ဓားတစ်ချက်တည်း၌ ထည့်ပေါင်းနိုင်မည် မဟုတ်ပေ။
သူ၏ ခွန်အားအဆင့်နှင့် နားလည်မှုအရ ပြုလုပ်နိုင်စွမ်းမရှိပါ။ ထို့အပြင် လူတစ်ယောက်၏ ဒီဗိုင်းဝိဉာဉ်နှင့် အသက်ဓာတ်တို့ကို လောင်ကျွမ်းစေရာတွင် လိုအပ်ချက်အချို့ ရှိနေ၏။
သံသယဝင်စရာ မကောင်းလောက်အောင် အသန်မာဆုံးပုဂ္ဂိုလ်တစ်ယောက်က သူ့ကို ကူညီပြီး ကျင့်ကြံစေခဲ့တာ ဖြစ်ပေလိမ့်မည်။ ထိုအခါမှသာ ကြိုတင်ပြင်ဆင်ထားမှုဖြင့် လျှပ်တပြက်အတွင်း ဓားချက်ကို ထုတ်ဖော်နိုင်မည် ဖြစ်၏။
အသက်ဓာတ်လောင်ကျွမ်းခြင်း သတ်ဖြတ်ခြင်းဓားကွက်က ရုတ်တရက်ရောက်လာခဲ့ရာ မျက်စိတစ်မှိတ်အတွင်း အန္တရာယ်အတွင်းသို့ ကျရောက်သွားသည်ဟု ဆိုနိုင်ပါသည်။
သို့ပေမယ့် ရွှီယန်သည် ဒီဗိုင်းဆန္ဒအဆင့် သိုင်းသမားတစ်ယောက် မဟုတ်တော့ပေ။ မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်သွားပြီး ဖြစ်၏။
သူ၏ သိုင်းပညာအတွေ့အကြုံတို့မှာလည်း ကြွယ်ဝနေပြီး ဖြစ်သည်။ အန္တရာယ်ကို ကိုင်တွယ်နိုင်သည့် အရည်အချင်းမှာ နိမ့်ကျခြင်း မရှိပါ။
ထိုကဲ့သို့သော ရုတ်တရက်ဆန်လှသည့် အန္တရာယ်မျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်လျှင်တောင် ကြောက်ရွံ့သွားခြင်း သို့မဟုတ် ပုံပျက်သွားခြင်းတို့ မရှိပေ။
"ဝူ့စ်.."
လျှပ်တပြက်အတွင်း ရွှီယန်သည် နေရာမှ ပျောက်ကွယ်သွား၏။ ခြားနားသည့် နေရာတစ်ခုစီသို့ ရွေ့လျားသွားသည်။
"တယ်လီပို့ခြင်း..."
သို့ရာတွင် သူ၏မျက်နှာက အနည်းငယ် ပြောင်းလဲသွား၏။ သူ၏ ရှောင်ရှားမှုကြောင့် သွေးနီရောင်ဆေဘာအလင်းသည် အခြားနေရာသို့ ထိမှန်သွားခြင်း မရှိပါ။ အဲ့ဒီ့အစား သူ့ဆီသို့ ထပ်မံ တိုးဝင်လာခဲ့၏။
"ဟန့်.."
ရွှီယန်က နှာခေါင်းရှုံ့သည်။ သွေးနီရောင်ဆေဘာအလင်းသည် သူ့ကိုပစ်မှတ်ထားကာ ဒီဗိုင်းဝိဉာဉ်အား လောင်ကျွမ်းစေခဲ့သည့် တိုက်ခိုက်မှုဖြစ်၏။ ထို့ကြောင့် တိမ်းရှောင်လိုပါက အသုံးမဝင်ပေ။ ခွန်အားဖြင့် အနိုင်ယူခြင်းကသာလျှင် ထိုတိုက်ခိုက်မှုကို ဖယ်ရှားနိုင်၏။
"ဝူ့စ်.."
သွေးနီရောင်အလင်းသည် လျှပ်တပြက်အတွင်း အလွန်နီးကပ်လာခဲ့၏။ ရွှီယန်မှာ ရှောင်ထွက်သွားခြင်း မရှိပါ။ သူ၏ လက်နှစ်ချောင်းကို ရှေ့သို့ ညွှန်လိုက်၏။
ဒီဗိုင်းစွမ်းအင်ကို လှည့်လည်လိုက်ချိန်၌ ဆေဘာအလင်းက ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို လင်းလက်သွားစေသည်။ ကျယ်ပြောလှသည့် မှန်ကန်ခြင်း အသိတစ်ခုအား သယ်ဆောင်ထား၏။
"ရွှင်.."
သိုင်းသမားအားလုံးတို့သည် သူတို့၏နားထဲ၌ ဓားညည်းသံတစ်ခုကို ကြားလိုက်ရသည်။ ပြီးနောက် ရွှီယန်ကသူ၏ဓားချက်အား ထုတ်လိုက်၏။
ထိုဓားသည် လေထဲ၌ လျှပ်စီးမိုးကြိုးတစ်ခုအား ပေါ်လာစေသည့်ဟန် ရသည်။ ကောင်းကင်၏ အပြစ်ပေးသကဲ့သို့ ရှိနေ၏။
"မိုးကြိုးဓားချက်..."
"ဘုန်း.."
မိုးကြိုးဓားချက်သည် နတ်ဘုရား၏ အပြစ်ပေးမှုသဖွယ် ထွက်ပေါ်လာပြီး သွေးနီရောင် ဆေဘာအလင်းနှင့် ထိပ်တိုက်တွေ့ဆုံ၏။ ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ပတ်ဝန်းကျင်အား ဆူညံသွားစေသည်။
လေထဲတွင် မိုးကြိုးနှင့် သွေးနီရောင်အလင်းတို့ ပေါက်ကွဲထွက်လာပြီး သွေးနီရောင် မီးတောက်တစ်ခုသဖွယ် ပျံ့နှံ့သွားသည်။ ၎င်းတို့က ဝါးမြိုသွားသည့် အရာအားလုံးတို့သည် ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားခဲ့၏။
"အုန်း.."
တိုက်ပွဲ၏ အားလှိုင်းတို့က လွင့်စင်သွားပြီး အသက်ဓာတ်လောင်ကျွမ်းခြင်း သတ်ဖြတ်ခြင်းဆန္ဒကို အသုံးပြုခဲ့သည့် ဆေဘာတစ်ရာဂိုဏ်းမှ ပါရမီရှင်သည် ရုပ်ပိုင်းဆိုင်ရာခန္ဓာမှာ သုတ်သင်ခြင်းခံလိုက်ရပြီး ပြာအဖြစ်ပြောင်းလဲသွားခဲ့သည်။
အားလုံးတို့သည် တိတ်ဆိတ်သွားခဲ့၏။ ထိုကဲ့သို့သော ကြောက်စရာကောင်းသည့် ဓားချက်သည် ရွှီယန်အား ဒဏ်ရာအပြင်းအထန် ရစေခြင်းပင် မရှိခဲ့ပေ။
အဲ့ဒီ့အစား အလွယ်တကူ ကာကွယ်လိုက်နိုင်၏။
ဒီအချိန်၌ ရွှီယန်သည် လက်ထဲတွင် ဓားကိုကိုင်ထားပြီး ထက်မြသည့် အကြည့်ဖြင့် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီသို့ ကြည့်လိုက်သည်။ ပြောကြသည်မှာ သိုင်းတစ်ထောင်ခန်းမရှိ လူများသည် အရှက်အမဲ့ဆုံးဖြစ်၏။ ဒီတစ်ကြိမ်တွင် ထိုစကားအား နက်ရှိုင်းစွာ သက်သေပြခဲ့လေသည်။
"ဒီလောက် နိမ့်ကျတဲ့လှည့်ကွက်... မင်းတို့တွေ အသက်ဓာတ်ကိုလောင်ကျွမ်းပြီး ဒီဗိုင်းဝိဉာဉ်ကို ပျက်စီးစေလည်း ဒီလောက်ထက်ပိုပြီး ဘားမှမဟုတ်ပါဘူး.."
ရွှီယန်၏ လှောင်ပြောင်သည့်အသံက ပဲ့တင်ထပ်လာ၏။ သိုင်းတစ်ထောင်အရှင်သခင်နှင့် အကြီးအကဲ အားလုံးတို့မှာ ညှို့မှိုင်းသွားကြသည်။
ဆေဘာတစ်ရာဂိုဏ်းရှိ ပါရမီရှင်သည် ရုတ်တရက်သူ၏ သတ်ဖြတ်ခြင်းဆန္ဒကို အသုံးပြုခဲ့ပေမယ့် ရွှီယန်ကို မသတ်နိုင်ရုံမက ဒဏ်ရာရရှိခြင်းကိုပင် မဖြစ်စေခဲ့ပေ။
ရွှီယန်၏ခွန်အားသည် မျှော်လင့်ထားတာထက် ထပ်မံကျော်လွန်နေပြန်၏။ ဒီကောင်သာ မသေပါက သူတို့အနေနှင့် စိတ်ပြေနိုင်မည် မဟုတ်ပေ။
ဤသည်မှာ အတိတ်တုန်းက သွေးနတ်ဆိုး၏ ပုံရိပ်ကို ပြန်လည်မြင်တွေ့ရသကဲ့သို့ရှိ၏။ သူတို့၏ အထင်သေးမှုနှင့် ဂရုမစိုက်မှုက သွေးနတ်ဆိုး၏ ကပ်ဘေးကို ဖြစ်ပေါ်လာခဲ့စေသည်။
"ကြောက်ဖို့ ကောင်းလွန်းတယ်... လုံးဝ ကြောက်ဖို့ကောင်းလွန်းတယ်.."
ချွေဟွားယွီက နဖူးမှချွေးများကိုသုတ်ကာ သူ၏အကြည့်သည် ဓားကိုကိုင်ဆွဲထားသည့် မောက်မာသည့် လူငယ်အပေါ်သို့ ကျရောက်သွားသည်။ မျက်လုံးများ၌ လေးစားမှုတို့ ပြည့်နှက်လာခဲ့၏။
လင်းနယ်မြေတွင် မကောင်းဆိုးဝါးပါရမီရှင် တစ်ယောက် ထွက်ပေါ်လာခဲ့လေပြီ။ သူသည် အတိတ်တုန်းက သွေးနတ်ဆိုးထပ်ပင် ပိုမိုကာ ကြောက်စရာကောင်း၏။
"အသက်ဓာတ်ကို လောင်ကျွမ်းစေပြီး သတ်ဖြတ်ဖို့လုပ်ခဲ့တယ်... သိုင်းတစ်ထောင်ခန်းမက ဒီလောက်တောင်မှ ပြင်ဆင်ထားတာပဲ...ဒါပေမယ့် ရွှီယန်ကို ကာလိုက်နိုင်မယ်လို့ ထင်မထားခဲ့ဘူး။ ကြောက်ဖို့ကောင်းလိုက်တာ.."
ယွီလင့်စံအိမ်၏ အစစ်အမှန် ဆက်ခံသူများထဲမှ တစ်ယောက်ဖြစ်သည့် အလျောက် ချွေဟွားယွီသည် သိုင်းတစ်ထောင်ခန်းမ၏ နည်းလမ်းများအကြောင်းကို သိရှိပါသည်။
သစ်ပင်ကြီးပေါ်တွင် ရပ်နေသည့် ယရုံသည် ခုနကတုန်းက ရွှီယန်ကို သေဆုံးရတော့မည်ဟု လုံးဝထင်ထားခဲ့၏။ သို့ပေမယ့် ရလဒ်အနေနှင့် သူသည် အသက်ရှင်ရုံမက မည်သည့်ဒဏ်ရာမှပင် မရခဲ့ပေ။
"ဒီတစ်ကြိမ် ရင်ဆိုင်ပြီးတဲ့အခါမှာ သူသတိရှိနေမှာပဲ။ နောက်တစ်ကြိမ်မှာ ဘာထိခိုက်မှုမှ ဖြစ်စေနိုင်တော့မှာ မဟုတ်လောက်ဘူး.."
ဆေဘာသခင်အကြီးအကဲက လေးနက်စွာပြောသည်။ ကျန်ရှိနေသည့် ပါရမီရှင်များအကြားတွင် အများစုတို့သည် ဆေဘာတစ်ရာဂိုဏ်းမှ ပါရမီရှင်နှင့် ခွန်အားတူညီ၏။
အသက်ဓာတ်လောင်ကျွမ်းခြင်း သတ်ဖြတ်ခြင်း အတတ်၏ စွမ်းအားမှာလည်း အများကြီး ခြားနားနေမည်မဟုတ်ပါ။
ရွှီယန်အနေနှင့် ယခုဓားချက်ကို ကာနိုင်လိုက်ရာ အခြားလူများ၏ ဓားချက်များကိုလည်း ကာနိုင်မှာဖြစ်၏။ သိုင်းတစ်ထောင်အရှင်သခင်က အသက်ကိုနက်ရှိုင်းစွာရှူသည်။
"အဲ့ဒါဘာဖြစ်လဲ... ငါတို့တွေ ရွှီယန်ရဲ့ခွန်အားကို စမ်းသပ်ပြီး ဘယ်လိုရင်ဆိုင်ရမလဲလို့ စဉ်းစားတာပေါ့.."
ဂိုဏ်းကြီး၇ဂိုဏ်း၊ မိသားစု၈ခုနှင့် နိုင်ငံ၃နိုင်ငံတို့မှ ပါရမီရှင်များသည် အသေခံများသာ ဖြစ်၏။ သူတို့ကိုအသုံးပြုကာ ရွှီယန်၏ တုံ့ပြန်မှုတို့အား စမ်းသပ်ကြည့်ရပေမည်။
သိုင်းတစ်ထောင်ခန်းမမှ စစ်မှန်သည့် ပါရမီရှင်သည် လှုပ်ရှားမှုပြုသည်နှင့် ရန်သူကို ပိုမိုထိရောက်စွာ နားလည်နေပြီးဖြစ်မှာ ဖြစ်သည်။
"ရွှီယန်က ဆက်ပြီးတော့ စိန်မခေါ်တော့ရင်ရော.."
"ဟန့်... ဒါဆိုလည်း ငါတို့တွေသူ့ကို စိန်ခေါ်တာပေါ့။ လူတိုင်းကို သူအနိုင်ယူနိုင်မယ်လို့ ငါမယုံဘူး.."
သိုင်းတစ်ထောင်အရှင်သခင်က မဲမှောင်သောမျက်နှာဖြင့် ပြောသည်။ ဆက်တိုက်တိုက်ခိုက်ရမည်ဆိုလျှင်တောင် သူတို့အနေနှင့် ရွှီယန်ကို ဒီနေရာတွင် ပိတ်နှောင်ထားရပေလိမ့်မည်။ မဟုတ်ပါက သိုင်းတစ်ထောင်ခန်းမ၏ မျက်နှာကို မည်သည့်နေရာသို့ သွားထားရမည်နည်း။
"သိုင်းတစ်ထောင်ခန်းမက အမှိုက်တွေ...မင်းတို့မှာလောင်ကျွမ်းနိုင်တဲ့အသက် ဘယ်လောက်ရှိလဲလို့ ငါကြည့်တာပေါ့.."
ရွှီယန်က အေးစက်စွာပြောပြီးနောက် သူ၏ဓားဖြင့် ချိန်ရွယ်ပြီး မောက်မာစွာပြောသည်။
"လာခဲ့... နောက်ဆုံးအကြိမ်တုန်းကလိုပဲ ငါးယောက်အတူတူလာကြ... ငါမင်းတို့ ငါးယောက်ကို တစ်ယောက်တည်းစိန်ခေါ်တယ်.."
ထိုစကားထွက်ပေါ်လာသည်နှင့် သိုင်းသမားအားလုံးတို့သည် ထိတ်လန့်သွားကြ၏။ ခုနက အသုံးပြုခဲ့သည့် တိုက်ခိုက်မှုသည် အလွန် ကြောက်စရာကောင်းနေပြီးဖြစ်၏။
ရွှီယန်ကတော့ ထိုသို့သော တိုက်ကွက်ကို လူငါးယောက်တစ်ပြိုင်နက်အသုံးပြုမည်အား ကြောက်ရွံ့ခြင်းမရှိပေဘူးလား။ ဖြစ်နိုင်သည်မှာ သူသည် ယုံကြည်ချက်လွန်ကဲနေသည်လား။ လူငါးယောက်၏ တိုက်ခိုက်မှုကို ခံနိုင်မည်လား။
'မောက်မာတာတော့တကယ်ပဲ..'
ယရုံက ကိုယ့်ကိုယ်ကိုယ်ရေရွတ်သည်။
"လူငယ်တွေများ စိတ်လိုက်မာန်ပါ နိုင်လိုက်တာ.."
ထန်းကျီက ခေါင်းကိုရမ်းကာ သက်ပြင်းချသည်။ ချွေဟွားယွီမှာ အလွန်စိတ်လှုပ်ရှားနေ၏။
သူသည် စိတ်ဝိဉာဉ်ပဲစေ့ကို ပါးစပ်အတွင်းသို့ ဆက်လက်ထည့်ကာ ကျယ်လောင်စွာဝါး၏။ စိတ်လှုပ်ရှားနေသည့် မျက်နှာက နီရဲလာပြီး ကိုယ့်ကိုယ်ကိုယ်ရေရွတ်သည်။
"မယုံနိုင်စရာပဲ မယုံနိုင်စရာပဲ... ဒါကစိတ်လှုပ်ရှားဖို့ကောင်းလွန်းတယ်.."
"သူပြောတဲ့အတိုင်း တိုက်ပေးလိုက်ကြစမ်း... ရွှီယန်ရဲ့ မောက်မာမှုတွေ ဘယ်နေရာကနေ လာတယ်ဆိုတာကို ငါကြည့်ချင်သေးတယ်.."
ဆေဘာသခင်အကြီးအကဲက ဒေါသတကြီး ပြော၏။ ပါရမီရှင်ငါးယောက်တို့ကိုကြည့်ကာ အမိန့်ပေးသည်။
"အားကုန်သာတိုက်... အသက်ဓာတ် လောင်ကျွမ်းခြင်း သတ်ဖြတ်ခြင်းသိုင်းပညာကို အတူတူအသုံးပြုကြ.."
"ဟုတ်ကဲ့ပါ အကြီးအကဲ.."
ဂိုဏ်း၇ဂိုဏ်း၊ မိသားစုကြီး၈ခုနှင့် နိုင်ငံ၃နိုင်ငံတို့မှ ပါရမီရှင်များက ပျက်သားသည့် မျက်နှာများဖြင့် ခေါင်းငြိမ့်ကြသည်။ တိုက်ခိုက်ရန်အတွက် အဆင်သင့်ဖြစ်နေ၏။
"ဝူ့စ်.."
သူတို့ငါးယောက်သည် လေထဲသို့ မြောက်တက်သွားပြီး ရွှီယန်ကို တစ်ခါတည်း ဝန်းရံလိုက်ကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ပြင်းထန်ကြမ်းကြုတ်စွာ သတ်ဖြတ်ရန်ဖြစ်၏။
အနီးကပ်ကြည့်ရှု့နေသည့် သိုင်းသမားများသည် မျက်လုံးများမှာ စူးစိုက်နေပြီး နှလုံးသားတို့ အခုန်မြန်လာခဲ့၏။
ပါရမီရှင်ငါးယောက်တို့သည် ရွှီယန်ကို အလယ်တွင်ဝန်းရံထားကြပြီး ကြောက်စရာကောင်းလှသည့် သတ်ဖြတ်ခြင်း အတတ်ကို လျှပ်တပြက်အတွင်း ဖော်ထုတ်ရန် အဆင်သင့် ဖြစ်နေပါပြီ။ ရွှီယန်သည် ပုန်းအောင်းရန်အတွက် မည်သည့်နေရာမှ မရှိတော့ပေ။