← Chapters

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အပိုင်း ၅၇၇ - နှလုံးသားဓားအဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိခြင်း၊ ဒီဗိုင်းကိရိယာ၏ စွမ်းအား(၂)

ရှင်းလင်းစွာပင် ရွှီယန်သည် ရန်သူငါးယောက်တို့ကို ခဏအတွင်း သတ်ဖြတ်ရန်အတွက် သူ၏စွမ်းအားအားလုံးတို့ကို ထုတ်လွှတ်ထားခြင်း မရှိပါ။ အဲ့ဒီ့အစား သူတို့ကို အသုံးပြုပြီး လောကကြီးအား ဓားအခင်းအကျင်းဟူသည်မှာ မည်သည်ဖြစ်သည်ကို ဖော်ထုတ်ပြသနေ၏။

သိုင်းတစ်ထောင်အရှင်သခင်နှင့် အကြီးအကဲများမှာ ကြောက်စရာကောင်းလောက်အောင် မဲမှောင်သည့်မျက်နှာများဖြင့် ရှိနေကြသည်။

ဓားအခင်းအကျင်းအောက်တွင် ပူးပေါင်းတိုက်ခိုက်မှုအတတ်သည် သနားစရာကောင်းလောက်အောင် အလွန်အားနည်းလွန်းလှ၏။

"ဝူယွမ်ကို လှုပ်ရှားဖို့အတွက် ပြင်ဆင်ခိုင်းထားလိုက်.."

သိုင်းတစ်ထောင်အရှင်သခင်က နက်ရှိုင်းသည့် အသံဖြင့်ပြော၏။

ဒီတိုက်ခိုက်မှုသည် ရှုံးနိမ့်မှာ သေချာနေပြီ ဖြစ်၏။ ငါးယောက်လုံးမှာ အသုံးမဝင်ပေ။

တကယ်တော့ ဒီအချိန်၌ သူသည် နှလုံးသားထဲ၌ စိုးရိမ်စွာ ခံစားလာရ၏။ ဒီဗိုင်းကိရိယာကို အသုံးပြုမည့် ဝူယွမ်ပင်လျှင် ရွှီယန်ကို အမှန်တကယ် ထိခိုက်အောင် တိုက်ခိုက်နိုင်မည်လား။ အမှန်တကယ် သတ်ဖြတ်နိုင်မည်လား။ ဘာပဲဖြစ်ဖြစ် ဝူယွမ်မှာ အသန်မာဆုံးပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပေ။

အသက်ကို နက်ရှိုင်းစွာရှူပြီး သူသည် ညွှန်ကြားချက်များကို ထပ်မံပေးလိုက်ပြန်၏။

"မျိုးဆက်ဟောင်းက အဘိုးကြီးတွေကို... အခွင့်အရေးရှာပြီး ရွှီယန်ကို သတ်ခိုင်းလိုက်.."

ဓားသခင်အကြီးအကဲနှင့် အခြားလူများမှာ မှင်သက်သွားကြသည်။ ခန်းမသခင်သည် ဝူယွမ်အနေနှင့် ရွှီယန်ကို ဒဏ်ရာအပြင်းအထန်ရရှိအောင် သို့မဟုတ် သေဆုံးအောင် တိုက်ခိုက်နိုင်ခြင်းမရှိဟု အမှန်တကယ် ထင်ထားသည်လား။

"ခန်းမအရှင်... ဝူယွမ်က ဒီဗိုင်းကိရိယာကို အသုံးပြုတဲ့အခါ ရွှီယန်က ခံနိုင်မှာမို့လို့လား.."

ဆေဘာသခင်အကြီးအကဲက အံ့သြသည့်မျက်နှာဖြင့် ပြောသည်။

"ရွှီယန်ကရော ခွန်အားအားလုံးကို အသုံးပြုပြီးသေးလို့လား.."

ခန်းမသခင်က လေးနက်စွာဖြင့် ပြန်မေး၏။

ဆေဘာသခင်အကြီးအကဲမှာ မှင်သက်သွားသည်။ ဟုတ်ပါသည်။ ရွှီယန်သည် သူ၏ စွမ်းအားအားလုံးတို့ကို ထုတ်ဖော်ပြသပြီးလို့လား။ တစ်ဖက်လူသည် အမြဲတမ်း ဆန်းကြယ်လှသည့် ပညာရပ်များကို သက်တောင့်သက်သာဖြင့်သာ ထုတ်ပြခဲ့သည်။

"ကျွန်တော် နားလည်ပါပြီ.."

သူသည် လေးနက်စွာဖြင့် ခေါင်းငြိမ့်၏။

တိုက်ပွဲပြင်ပေါ်တွင် ရွှီယန်သည် ဒီဗိုင်းအနှစ်သာရ ခန္ဓာတို့ကို အသုံးပြုကာ ဓားအခင်းအကျင်းကို ဖော်ထုတ်မှုမှတစ်ဆင့် နောက်ထပ် အသိအမြင်တစ်ခု ရရှိလာခဲ့သည်။

သူသည် လက်ရှိအချိန်၌ သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်များကို အသုံးပြုကာ သူ၏ ထိုနားလည်မှုကို အတည်ပြုနေ၏။

မျက်စိတမှိတ်အတွင်းတွင် ဓားအခင်းအကျင်းမှာ တိတ်ဆိတ်စွာဖြင့် ပြောင်းလဲလာခဲ့သည်။ ကိုယ်ပွားတစ်ယောက်က တောင်နှင့်မြစ်၏ ဓားဆန္ဒကို အသုံးပြုသည်။

နောက်ထပ် ကိုယ်ပွားတစ်ယောက်က လျှပ်တပြက်လေ ဓားဆန္ဒကို အသုံးပြု၏။ တတိယတစ်ယောက်မှာတော့ တောင်နှင့်မြစ်ဓားဆန္ဒနှင့် လျှပ်တပြက်လေဓားဆန္ဒတို့ကို တစ်လှည့်စီသုံးသည်။

စတုတ္ထတစ်ယောက်မှာ တောင်နှင့်မြစ်ဓားဆန္ဒနှင့် လျှပ်တပြက်လေ ဓားဆန္ဒတို့ကို ပေါင်းစည်းရန် ကြိုးပမ်း၏။

ရွှီယန်၏ မူလခန္ဓာကိုယ်မှာ မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းစွာဖြင့် ရှိနေပါသည်။ ပတ်ဝန်းကျင်ရှိ လောကကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်တို့သည် ဓားများအဖြစ် ပြောင်းလဲလာခဲ့၏။ မမြင်နိုင်သည့် ဓားများဖြစ်သည်။

တိုက်ခိုက်မှုမှ ထွက်ပေါ်လာသည့် တန်ပြန်အားအကြွင်းအကျန်များသည်လည်း ဓားများအဖြစ် ပြောင်းလဲသွားသည်။ သူသည် ဝင်ရောက်လာနေသည့် စွမ်းအားတို့ကိုပင် သူ၏ဓားအဖြစ် ပြောင်းလဲလို၏။

သို့ပေမယ့် ဤသည်မှာ ခက်ခဲလွန်းလှသည်။ လုပ်ဆောင်နိုင်ခြင်း မရှိပေ။

'နှလုံးသားဓားအဆင့်မှာ... ငါ့ရဲ့နှလုံးသားက ဓားတစ်ချောင်းပဲ။ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အရာအားလုံးကို ဓားအဖြစ် ပြောင်းလဲနိုင်တယ်။ ငါ့ရဲ့နှလုံးသားထဲမှာ ဓားဆန္ဒရှိတယ်။ အတွေးတစ်ချက်နဲ့ ဓားဆန္ဒကိုပြောင်းလဲနိုင်တယ်..'

'တောင်နဲ့မြစ် ဓားဆန္ဒပဲဖြစ်ဖြစ် လျှပ်တပြက်လေ ဓားဆန္ဒပဲဖြစ်ဖြစ် နှစ်ခုစလုံးက ငါ့ရဲ့ နားလည်သဘောပေါက်မှုကနေ ပေါက်ဖွားလာခဲ့တယ်..'

'အဲ့ဒါတွေက ငါ့နှလုံးသားထဲက ဓားဆန္ဒတွေဖြစ်ကတည်းက ဘာလို့ အခြားဓားဆန္ဒတွေအဖြစ် မပြောင်းလဲနိုင်ရမှာလဲ။ လေက တောင်နဲ့မြစ်ရဲ့အပေါ်မှာ တိုက်ခတ်သွားတယ်။ လှိုင်းတွေက တစ်သိမ့်သိမ့်လှုပ်ရှားနေတယ်။ ပြီးတော့ ရေတွေက အဆက်မပျက်စီးဆင်းနေတယ်...'

အခိုက်အတန့်တစ်ခုတွင် စတုတ္ထမြောက်ကိုယ်ပွားသည် ရှေ့သို့ ဓားချက်တစ်ချက်ကို ထိုးစိုက်လိုက်၏။ ၎င်း၏ ဓားဆန္ဒသည် ညင်သာစွာဖြင့် စီးဆင်းသွား၏။ မည်သည့်ထက်မြခြင်း၊ သတ်ဖြတ်ခြင်း..... ဆန္ဒမှ သယ်ဆောင်ထားခြင်း မရှိပေ။ ရေနှင့် ထိတွေ့သကဲ့သို့ ညင်သာမှုကိုပင် သယ်ဆောင်ထား၏။

သို့ရာတွင် လျှပ်တပြက်အတွင်းတွင် ဆေဘာကို ကိုင်ဆောင်ထားသည့် လူငယ်သည် သူ့ကိုယ်သူ ရေအတွင်းသို့ ကျဆင်းသွားသည်။ လှိုင်းတံပိုးပြင်းထန်သည့် ပင်လယ်အတွင်းသို့ ကျဆင်းသွားသည်ဟု ခံစားလိုက်ရသည်။

မြင်တွေ့နိုင်ခြင်းမရှိဘဲ ကြောက်ဖို့ကောင်းလှ၏။ ညင်သာပုံပေါ်ပေမယ့် ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းစွမ်းအားတို့အား ပိုင်ဆိုင်ထားသည်။

"အား.."

သူသည် အော်လိုက်ပြီးနောက် ခွန်အားအားလုံးတို့ကို ဆေဘာဓားချက်တစ်ခု အတွင်း၌ စုစည်းလိုက်သည်။ ညင်သာပုံပေါ်ကာ သေစေနိုင်သည့် အလွှာများကို ဖြတ်တောက်၏။

ရွှီယန်က ပြုံးသည်။ သူသည် ဓားဆန္ဒကို စိတ်တိုင်းကျထိန်းချုပ်နိုင်ရန် အလှမ်းကွာနေသေးပေမယ့် သူ၏ဓားတာအိုအဆင့်သည် တိုးမြင့်လာခဲ့၏။ နှလုံးသားဓားအဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိနိုင်ခဲ့လေသည်။

'ဉာဏ်ပညာဓားအဆင့်က အရမ်းကို နက်ရှိုင်းလွန်းတယ်... ငါ့မှာ ဘာသဲလွန်စမှ မရှိသေးဘူး..'

ရွှီယန်သည် သက်ပြင်းချမိ၏။ သူသည် နှလုံးသားဓားအဆင့်ကို ပြီးပြည့်စုံစွာ နားလည်နိုင်ခြင်း မရှိသေးသလို ၎င်း၏ ဆန်းကြယ်မှုများစွာကိုလည်း ဖမ်းဆုပ်နိုင်ခြင်း မရှိသေးပေ။ ထိုထပ် ပိုမိုအလှမ်းကွာနေသည့် ဉာဏ်ပညာဓားအဆင့်ဆိုလျှင် ပိုတောင်ဆိုးသေး၏။

"သတ်.."

သိုင်းတစ်ထောင်ခန်းမမှ ပါရမီရှင် ငါးယောက်တို့သည် တိုက်ပွဲသာ ဆက်လက်ဖြစ်ပွားနေပါက သံသယဝင်စရာမကောင်းလောက်အောင် ရှုံးနိမ့်မည်ကို နားလည်လိုက်ကြသည်။ သူတို့သည် အရာအားလုံးအား တိုက်ခိုက်မှုတစ်ခုတည်း အပေါ်တွင် လောင်းကြေးထပ်ရ၏။

လျှပ်တပြက်အတွင်း သတ်ဖြတ်ခြင်းဆန္ဒတစ်ခု မြင့်တက်လာခဲ့သည်။ သွေးနီရောင် သတ်ဖြတ်ခြင်းဆန္ဒသည် ငါးယောက်လုံးဆီမှ ထွက်ပေါ်လာပြီး ပိုမိုကာပင် ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းဆန္ဒတစ်ခုအဖြစ် ပေါင်းစပ်လာခဲ့၏။

ထိုသတ်ဖြတ်ခြင်းဆန္ဒသည် သိုင်းပညာငါးခုတို့၏ စွမ်းအားတို့ ပါဝင်နေပုံရပြီး သတ်ဖြတ်ခြင်း စိတ်ဆန္ဒငါးခုတို့က ကြောက်စရာကောင်းစွာ အလွှာလိုက်ထပ်ထားသည်။

ရွှီယန်၏မျက်ခုံးများက မျက်မှောင်ကျုံ့သွား၏။ ဒီသတ်ဖြတ်ခြင်းဆန္ဒသည် ပြီးခဲ့တုန်းက ငါးခုထက် များစွာ ပိုမိုစွမ်းအားကြီးမား၏။ သတ်ဖြတ်ခြင်းဆန္ဒ ငါးခုတို့ ပေါင်းစည်းခြင်းသည် အလွန် ကြောက်စရာကောင်းလာခဲ့သည်။ သူသည်အလွယ်တကူ ရင်ဆိုင်ရဲခြင်း မရှိပေ။

"ဝူ့စ်.."

ဒီဗိုင်းကိုယ်ပွားများသည် မူလခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွား၏။ သူ၏ခွန်အားမှာ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

လက်ကိုမြှောက်ကာ ဓားရှည်ကိုကိုင်စွဲပြီး တောင်နှင့်မြစ်ဓားဆန္ဒနှင့် ‌လျှပ်တပြက်လေဓားဆန္ဒတို့က အတူတူပေါင်းစည်းသွား၏။ တောင်နှင့်မြစ်တို့ပြိုလဲကာ ထောင်ပေါင်းများစွာသော လူများသည် ဓားများကိုကိုင်စွဲပြီး ခုတ်ပိုင်းချလိုက်ကြသည်။

"ဘုန်း.."

သွေးနီရောင် သတ်ဖြတ်ခြင်းဆန္ဒသည် ဓားအလင်းနှင့် ထိပ်တိုက်တွေ့ဆုံ၏။ ဓားအလင်းမှာ အရပ်မျက်နှာအားလုံးတို့ဆီသို့ မြင့်တက်လာပြီး သွေးနီရောင်သတ်ဖြတ်ခြင်းဆန္ဒမှာလည်း ဆက်တိုက် တိုးဝင်လာနေ၏။ တစ်ခုနှင့်တစ်ခု တားမြစ်ထားကြသည်။ ထို

တိုက်ခိုက်မှုမှ ထွက်ပေါ်လာသည့် အားလှိုင်းတို့သည် သိုင်းတစ်ထောင်ခန်းမှာရှိ ပါရမီရှင် ငါးယောက်တို့၏ ခန္ဓာကိုယ်များကို ဖျက်ဆီးသွားပြီး ဖြစ်၏။ ၎င်းတို့ကို ပြာများအဖြစ် ပြောင်းလဲသွားစေသည်။

သိုင်းသမားများအားလုံး၏ မျက်လုံးများက ပြူးကျယ်သွားပြီး တိုက်ပွဲပြင်အား မျက်တောင်မခက်စွာ စိုက်ကြည့်နေကြသည်။ ဓားအလင်းသည် မြင့်တက်နေသည့် လှိုင်းများသဖွယ် တောက်ပနေပြီး ဆက်တိုက်ဖြန့်ကျက်ကာ သွေးနီရောင် သတ်ဖြတ်ခြင်းဆန္ဒကို ခုခံနိုင်ခြင်း မရှိတော့မည် သကဲ့သို့ ရှိနေ၏။

သို့ပေမယ့် သွေးနီရောင်သတ်ဖြတ်ခြင်းဆန္ဒမှာလည်း တဖြည်းဖြည်းနှင့် စတင် မှေးမှိန်လာခဲ့သည်။

"ဘဇ်.."

ဓားအလင်းသည် ရုတ်တရက် ညင်သာလာကာ အားနည်းသည့် စီးကြောင်းတစ်ခုသဖွယ် ပျော့ပြောင်းလာ၏။

သို့ပေမယ့် ထိုအားနည်းသည့် စီးကြောင်းသည်သတ်ဖြတ်ခြင်းဆန္ဒအား ဆက်လက် ရှေ့ဆက်ခြင်းမှ တားဆီးထားသည်။ ၎င်းသည် ဆက်တိုက်ပြိုလဲလာပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားခဲ့၏။

ရွှီယန်မှာ ထပ်မံ အနိုင်ရရှိခဲ့ပြန်လေသည်။ သိုင်းတစ်ထောင်ခန်းမသည် ဆက်လက်ပြီး မည်သည်ကိုလုပ်ဆောင်မည်နည်း။ သူတို့၏ ပါရမီရှင်သည် ရှေ့ထွက်လာခြင်း မပြုသေးပေဘူးလား။

ရှိနေကြသည့် သိုင်းသမားအားလုံး၏ အကြည့်များသည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီသို့ ကျရောက်သွားကြသည်။ နိုင်ငံ၃နိုင်ငံ၊ ဂိုဏ်း၇ဂိုဏ်းနှင့် မိသားစုကြီး၈ခုတို့မှ စွမ်းအားကြီးပုဂ္ဂိုလ်များလည်း အပါအဝင်ဖြစ်၏။

ဖြစ်နိုင်သည်မှာ ဂုဏ်သရေရှိ အဆင့်လွန်ဂိုဏ်းတစ်ခုသည် ရွှီယန်နှင့် ယှဉ်ပြိုင်ရန်အတွက် ပါရမီရှင်တစ်ယောက်ကို ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေဘူးလား။

ဤသည်မှာ သိုင်းတစ်ထောင်ခန်းမ၏ ဂုဏ်သတင်းနှင့်ချည်း သက်ဆိုင်နေသည် မဟုတ်ပေ။ လင်းနယ်မြေရှိ စိတ်ဝိဉာဉ်ဂိုဏ်းများအားလုံး၏ ဂုဏ်သတင်းနှင့်လည်း သက်ဆိုင်နေ၏။

သူတို့ကိုသာ လေလွင့်သိုင်းသမားတစ်ယောက်က ဖိနှိပ့်သွားပါက စိတ်ဝိဉာဉ်ဂိုဏ်းများသည် မည်ကဲ့သို့ မြင့်မားထည်ဝါစွာ ဆက်လက်နေထိုင်ပြီး အခြား ကျင့်ကြံသူများကို ခေါင်းငုံ့ကြည့်နိုင်မည်နည်း။

ရွှီယန်သည် ဓားကိုကိုင်ဆွဲကာ ရပ်နေပြီး ဓားစွမ်းအင်မှာ ပေတစ်ရာလောက်အထိ ရှည်လျားလေသည်။ ၎င်းသည် သိုင်းတစ်ထောင်ခန်းမ၏ အဝင်ဝဆီသို့ ချိန်ရွယ်ထား၏။

"သိုင်းတစ်ထောင်ခန်းမမှာ တိုက်ခိုက်ရဲတဲ့ ပါရမီရှင်တစ်ယောက်တောင်မှ မရှိတော့ဘူးလား.."

ပေတစ်ရာရှည်သည့် ဓားအလင်းသည် သိုင်းတစ်ထောင်ခန်းမအား တိုက်ရိုက် ချိန်ရွယ်ထားပြီး မျက်နှာချင်းဆိုင်ကာ စိန်ခေါ်မှုပြုနေ၏။ ဖြစ်နိုင်သည်မှာ သိုင်းတစ်ထောင့်ခန်းမမှ ပါရမီရှင်သည် ထွက်မလာသေးပေဘူးလား။ ထိုသို့သာဆိုပါက ရွှီယန်ပြောခဲ့သလိုပင် သူတို့သည် အမှန်တကယ်ကို သရဲဘောကြောင်ကြပါသည်။

"ရွှီယန်... လေလွင့်သိုင်းသမားလေးတစ်ယောက် ဖြစ်ပြီးတော့ အရမ်းတွေ မောက်မာရဲနေတယ်ပေါ့... ငါတို့ရဲ့ စီနီယာအစ်ကိုတွေသာ တံခါးပိတ်ကျင့်ကြံနေလို့ ထွက်လာလို့မရတာ မဟုတ်ရင် မင်းရှုံးနိမ့်ပြီးတာ ကြာနေပြီ.."

အသံတစ်ခု ရောက်ရှိလာ၏။ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီသို့ ပုံရိပ်တစ်ခု ချဉ်းကပ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသည့် ဆေဘာအလင်းတစ်ခု ထိုးတက်သွား၏။

ကြည့်ရှု့နေကြသည့် သိုင်းသမားအားလုံးတို့မှာ ရုတ်တရက် ထိတ်လန့်စွာ ခံစားလိုက်ရသည်။ သိုင်းတစ်ထောင်ခန်းမ၏ ပါရမီရှင်သည် လှုပ်ရှားမှု ပြုတော့လေမည်လား။ သူသည် ဒီဗိုင်းကိရိယာကိုပင် အသုံးပြုတော့မည်လား။

ထို့အပြင် တစ်ဖက်လူ၏ စကားကိုကြည့်ရသည်မှာ သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်များ ပေါ်လာမှု မရှိခြင်းမှာ သူတို့သည် တံခါးပိတ်ကျင့်ကြံနေခြင်းကြောင့် ယာယီအချိန်အတွင်း ထွက်ခွာတိုက်ခိုက်ရန် မဖြစ်နိုင်သောကြောင့်သာ ဖြစ်သည်လား။

"ဒါက... သူက သိုင်းတစ်ထောင်ခန်းမရဲ့ ဝူယွမ်များလား.."

တစ်ယောက်ယောက်က တီးတိုးစွာပြော၏။

"အရှက်မဲ့လိုက်တာ.."

ထန်းကျီက ဒေါသတကြီးဖြင့် မှတ်ချက်ပြုသည်။ သိုင်းတစ်ထောင်ခန်းမသည် ဝူယွမ်အတွက် ဒီဗိုင်းကိရိယာတစ်ခုကို အသုံးပြုရန် ပေးထား၏။

ဤသည်မှာ အားနည်းသူအား ခွန်အားဖြင့် အနိုင်ကျင့်ခြင်းဟု ဆိုလိုနိုင်ခြင်း မရှိပေမယ့် အလွန်အရှက်မဲ့လှပါသည်။

သို့ရာတွင် ပါရမီရှင်များ၏ ပြိုင်ပွဲအတွင်းတွင် ပါရမီရှင်များက မည်သည့် လက်နက်များကို အသုံးပြုရမည်ဟု သတ်မှတ်ထားခြင်း မရှိပေ။ ထို့ကြောင့် သိုင်းတစ်ထောင်ခန်းမသည် မည်သည့်စည်းမျဉ်းကိုမှ ချိုးဖျက်ခြင်း မရှိပါ။

"ဝူယွမ်က သေချင်နေတာလား.."

ချွေဟွားယွီမှာ အံ့သြသွား၏။

စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု၏ အစစ်အမှန် တပည့်တစ်ယောက်အနေနှင့် သူသည် ဒီဗိုင်းကိရိယာအား ကိုင်ဆောင်ကာ အသုံးပြုနိုင်ရန်အတွက် မည်ကဲ့သို့သော တန်ကြေးမျိုးကို ပေးဆပ်ရမည် ဟူသည်အား နားလည်ပါသည်။

ယရုံက မျက်မှောင်ကျုံ့သွား၏။ ရွှီယန်ကို ကြည့်သည်။ ဒီကောင်လေးသည် မည်သည့် ထိတ်လန့်ကြောက်ရွံ့သည့် အသွင်အပြင်ကိုမှ မပြသေးပေ။ သို့ပေမယ့် သူ၏မျက်နှာသည် ရှင်းလင်းစွာပင် ပိုမိုလေးနက်လာ၏။

ရွှီယန်သည် လေးနက်စွာရှိနေပြီး ယခု ပေါ်ပေါက်လာသည့်လူမှာ မုမိသားစုက ပေးခဲ့သည့် စာအုပ်တွင်ပင် ဖော်ပြထားသည့် သိုင်းတစ်ထောင်ခန်းမမှ ပါရမီရှင် ဝူယွမ်ဖြစ်ကြောင်းကို မှတ်မိလိုက်သည်။

ဝူယွမ်သည် ပေါ်ထွက်လာခဲ့ပြီး ဒီဗိုင်းကိရိယာတစ်ခုကိုပင် အသုံးပြုဦးမည် ဖြစ်၏။ ဆေဘာအလင်းမှာ ကောင်းကင်သို့တိုင်အောင် ထိုးတက်သွားရာ ဒီဗိုင်းကိရိယာ၏ စွမ်းအားသည် အထင်သေးလို့ လုံးဝမရပေ။

"ရွှီယန်... ငါ့ရဲ့ ဓားချက်ကို ခံယူကြည့်... အသက်ရှင်မယ်ဆိုရင် မင်းကို အနိုင်ရတယ်လို့ ယာယီ ယူဆပေးလိုက်မယ်။ ဆယ်နှစ်ကြာပြီး ငါ့ရဲ့အစ်ကိုတွေ တံခါးပိတ်ကျင့်ကြံတာက ထွက်လာတဲ့အခါ ငါတို့တွေ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ကြမယ်.."

ဝူယွမ်က အေးစက်စွာ ပြောသည်။

သူသည် သိုင်းတစ်ထောင်ခန်းမ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ဖြစ်ပေါ်လာနိုင်သည့် ရှုံးနိမ့်မှုအတွက်ပါ အကြောင်းပြချက်တစ်ခုကို ရှာဖွေရန် လိုအပ်သည်။

သိုင်းတစ်ထောင်ခန်းမမှာ ပါရမီရှင်တို့ လစ်ဟင်းနေခြင်းမဟုတ်ပဲ ထွက်ခွာနိုင်ခြင်း မရှိခြင်းသာ ဖြစ်ကြောင်းကို ရှိနေကြသည့် လူအားလုံးအား ပြောကြားလို၏။

ဤသည်မှာ သူတို့သည် ရွှီယန်ကို မနိုင်မယူနိုင်၍ မဟုတ်ပေ။ တံခါးပိတ် ကျင့်ကြံနေသောကြောင့်သာ ဖြစ်၏။ ပါရမီရှင်များအကြား ယှဉ်ပြိုင်ပွဲ၏ နောက်ဆုံး အနိုင်ရသူကို အဆုံးသတ်မှသာ ဆုံးဖြတ်နိုင်ပေလိမ့်မည်။

"သေလိုက်တော့.."

ဝူယွမ်၏ ခန္ဓာကိုယ်မှာ ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းဆန္ဒတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့ပေမယ့် ဤသည်မှာ သွေးရောင်မဟုတ်ပေ။ ကြည့်ရသည်မှာ အသက်ကိုစတေးခြင်း သတ်ဖြတ်ခြင်းဆန္ဒ မဟုတ်သည့်ပုံ ပေါ်၏။ အဲ့ဒီ့အစား အေးစက်သော သတ်ဖြတ်ခြင်းဆန္ဒတစ်ခုသည် ဆေဘာအတွင်းသို့ စီးဝင်သွားခဲ့သည်။

ဒီအချိန်၌ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင် အေးစက်သည့် ဆေဘာအလင်းတစ်ခုသည် လင်းလက်လာခဲ့၏။ အဝေးမှကြည့်လျှင်ပင် သိုင်းသမားအားလုံးတို့သည် အရိုးတဲ့အထိ အေးစိမ့်မှုတစ်ခုကို ခံစားလိုက်ရသည်။ ထိုအအေးဆေဘာဓားသည် သူတို့၏လည်ပင်းပေါ်တွင် ရစ်ဝဲနေသည့်ဟန် ရ၏။

"ဆုတ်ကြ.."

တိုက်ပွဲနှင့် နီးကပ်နေသည့် သိုင်းသမားများ၏ ပုံစံများက ပြောင်းလဲသွားပြီး ချက်ချင်းပင် အဝေးသို့ ဆုတ်ခွာကြသည်။

"အကြွင်းမဲ့ ရေခဲဆေဘာ..."

ချွေဟွားယွီ၏ပုံစံက လေးနက်လာခဲ့၏။ ဤသည်မှာ သိုင်းတစ်ထောင်ခန်းမ၏ ဒီဗိုင်းကိရိယာတစ်ခု ဖြစ်ပြီး ကြောက်စရာကောင်းသည့် အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ပုံမှန်အားဖြင့် ဆေဘာအသုံးပြုသူ အကြီးအကဲက ကိုင်ဆောင်၏။ ယခုအချိန်တော့ ဝူယွမ်က ထိုဒီဗိုင်းကိရိယာကို အသုံးပြုခဲ့လေသည်။

ကြည့်ရသည်မှာ ထိုအကြီးအကဲ၏ အကူအညီဖြင့် ဖြစ်ပေလိမ့်မည်။ ဒီဓားချက်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို စုစည်းထားသည့် အသန်မာဆုံးပုဂ္ဂိုလ်များအတွက်ပင် ကာကွယ်ရန် ခက်ခဲမှာဖြစ်၏။

"ရွှီယန်မှာ ဒီဗိုင်းကိရိယာ ရှိနေမှာလား.."

ချွေဟွားယွီက ရွှီယန်ကို ကြည့်သည်။ သူသည်အနည်းငယ် ယုံကြည်ချက်ကင်းမဲ့စွာ ခံစားနေရ၏။

ရွှီယန်တွင် ဒီဗိုင်းကိရိယာတစ်ခု ရှိလျှင်တောင် သူ၏ လက်ရှိခွန်အားအဆင့်နှင့် ‌ဒီဗိုင်းကိရိယာ၏ စွမ်းအားကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။ ထိုသို့ဆိုပါက ဝူယွမ်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ကာကွယ်နိုင်မည်နည်း။

"သူ ဒဏ်ရာအပြင်းအထန်ပဲ ရသွားဖို့ မျှော်လင့်တယ်။ အသက်သာ မသေဘူးဆိုရင် ပြန်ကောင်းနိုင်ဖို့ အခွင့်အရေး ရှိသေးတယ်.."

ချွေဟွားယွီက ကိုယ့်ကိုယ်ကို ရေရွတ်သည်။ သူသည် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်း တစ်ခု၏ အစစ်အမှန်တပည့်တစ်ဦး ဖြစ်ပေမယ့် နှလုံးသားထဲ၌ ရွှီယန်အတွက် လေးစားမှုအချို့ ရှိနေဆဲဖြစ်၏။ ယခုကဲ့သို့သော ပါရမီရှင်တစ်ယောက်ကို မမှန်ကန်သည့် ဓားချက်အောက်၌ သေဆုံးသွားစေလိုခြင်း မရှိပေ။

အပိုင်း ၅၇၈ - မျက်စိရှေ့၌ပင် ဒီဗိုင်းကိရိယာအား လုယူခြင်း

ရွှီယန်၏မျက်နှာက လေးနက်နေ၏။ အေးစက်သည့် ဆေဘာအရှိန်အဝါမှ သယ်ဆောင်လာသည့် ဖိအားသည် သူ့အပေါ်သို့ ပြင်းထန်စွာ ကျရောက်လာ၏။ ဝူယွမ်၏ ခွန်အားသည် အားနည်းခြင်းမရှိဘဲ သူသည် လျှို့ဝှက်အတတ်တစ်ခုကို အသုံးပြုထားသည်။

၎င်းသည် အသက်ဓာတ်လောင်ကျွမ်းခြင်း သတ်ဖြတ်ခြင်းဆန္ဒနှင့် တူညီပါသည်။ ထို့အပြင် သိုင်းတစ်ထောင်ခန်းမ၏ ဒီဗိုင်းကိရိယာကိုလည်း အသက်သွင်းထား၏။

ထိုဓားချက်၏ စွမ်းအားသည် အတိတ်တုန်းက ဟွမ်းလျန်၏ တိုက်ခိုက်မှုထက် အားနည်းခြင်း မရှိပေ။

ထို့အပြင် ဝူယွမ်၏ လက်ရှိအခြေအနေနှင့် ဒီဗိုင်းကိရိယာ၏ စွမ်းအားကို ယခု အတိုင်းအတာအထိ အသက်သွင်းနိုင်ရာ အသန်မာဆုံး ပုဂ္ဂိုလ်တစ်ယောက်၏ ကူညီအားဖြည့်မှုကို လက်ခံထားရပေလိမ့်မည်။

"ဘုန်း.."

ဒီအချိန်၌ ရွှီယန်၏ ဒီဗိုင်းအနှစ်သာရက လှည့်လည်လာပြီး ခန္ဓာကိုယ်အတွင်းရှိ ထုံးမင်ဓားမှာ အနည်းငယ် တုန်ခါလာခဲ့သည်။ သို့ပေမယ့် သူသည် ၎င်းကို ဆွဲထုတ်ခြင်းမပြုပါ။ သူ၏လက်ထဲရှိ ဓားကို ဖန်းဟောင်က ထုလုပ်ပေးထားခြင်းဖြစ်ပြီး ထိပ်တန်းအဆင့် စိတ်ဝိဉာဉ်ကိရိယာတစ်ခု ဖြစ်၏။

ဖန်းဟောင်၏ လက်နက်ကိရိယာထုလုပ်ခြင်း နည်းလမ်းများသည် စိတ်ဝိဉာဉ်နယ်မြေရှိ မည်သည့်ထုလုပ်ခြင်း နည်းလမ်းကမှ နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

သို့ရာတွင် ဝူယွမ်သည် သူ၏ ကျင့်ကြံမှုအားလုံးတို့ကို အသုံးပြုကာ အသန်မာဆုံး ပုဂ္ဂိုလ်တစ်ဦး၏ အကူအညီဖြင့် ဒီဗိုင်းကိရိယာ၏ စွမ်းအားအား ပြီးပြည့်စုံစွာ အသက်သွင်းထားခြင်း ဖြစ်၏။ ထိုတိုက်ခိုက်မှု၏ စွမ်းအားကို ရင်ဆိုင်ပြီးသည့်တိုင်အောင် သူ၏လက်ထဲရှိဓားသည် အထိအခိုက်မရှိဘဲ တားဆီးနိုင်မည် ဟူသည်မှာ မဖြစ်နိုင်ပေ။

ရွှီယန်၏မျက်နှာမှာ အလွန်လေးနက်နေ၏။ သို့ပေမယ့်သူသည် ဆုတ်ခွာသွားခြင်း လုံးဝမရှိပေ။ ဓားတစ်ချက်ဖြင့် မတားဆီးနိုင်သည့်နှင့် ၎င်းကိုတားဆီးရန် မည်သည့်နည်းလမ်းမှ မရှိတော့ဟု မဆိုလိုပေ။

"ဘုန်း.."

ဒီအချိန်၌ တိုက်ခိုက်ခြင်းစင်မြင့် တစ်ဝိုက်တွင် စိုက်ဝင်နေသည့် ဓားကြီးများသည် လေထဲသို့ မြင့်တက်လာပြီး ရွှီယန်၏ရှေ့တွင် တန်းစီလာခဲ့သည်။ ရွှီယန်၏ နောက်တွင်လည်း မရေမတွက်နိုင်သည့် ဓားအလင်းများ ထွက်ပေါ်လာခဲ့၏။

"ဒန်း ဒန်း ဒန်း ဒန်း ဒန်း..."

ဒီအချိန်၌ ကြည့်ရှု့နေကြသည့် သိုင်းသမားအားလုံးသည် သူတို့၏ ဓားများကို ထိန်းချုပ်နိုင်ခြင်း မရှိကြောင်းအား ရုတ်တရက် တွေ့လိုက်ရသည်။

"ငါ့ရဲ့ဓား..."

လူအုပ်အတွင်းမှ အော်သံတစ်ခု ထွက်ပေါ်လာ၏။ အေးစက်သည့် ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး ဓားများထွက်ခွာကာ ရွှီယန်၏ရှေ့တွင် တန်းစီကုန်ကြသည်။

ဒီအချိန်၌ ဝူယွမ်၏ အရှိန်အဝါမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စတင်ညှိုးနွမ်းလာခဲ့ပြီး ဒီဗိုင်းဝိဉာဉ်၊ သွေးအဆီအနှစ်နှင့် ကျင့်ကြံခြင်း အခြေခံအားလုံးတို့ကို အေးစက်သည့်သတ်ဖြတ်ခြင်းဆန္ဒအတွင်းသို့ ပေါင်းထည့်လိုက်သည်။

"ရွှီယန်... သေလိုက်တော့.."

သူသည် မာန်ဖီကာ အော်ဟစ်၏။ သူ၏ ညှိုးနွမ်းခြောက်သွေ့လာသော ခန္ဓာကိုယ်သည် ဓားကိုတွဲခိုနေသည့်ပုံ ပေါ်၏။ ဓား၏ဦးဆောင်မှုနောက်သို့ လိုက်နေသည့်ပုံလည်း ရ၏။

သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီမှ အေးစက်သည့် ဆေဘာအလင်းတစ်ခုသည် ထွက်ပေါ်လာပြီး ကောင်းကင်ကို ဖြတ်သန်းကာ ရေခဲတမျှ ဆန္ဒတစ်ခုက အဝေးရှိ လူများကိုပင် ရေခဲဂူတစ်ခုအတွင်းသို့ ကျဆင်းသွားသည်ဟု ခံစားရစေသည်။

သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးအဝမှ ရွှီယန်ရပ်နေသည့် နေရာအထိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအင်တို့သည် ဆေဘာအလင်းဖြင့် အေးခဲသွားပုံပေါ်၏။ လေထဲတွင် အေးစက်သည့် ဆေဘာအလင်းလမ်းကြောင်းတစ်ခု ဖြစ်တည်လာခဲ့သည်။

"ဘုန်း.."

တိုက်ခိုက်မှု၏ အဆုံးသတ်တွင် အအေးဓားအတွင်းသို့ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ထည်ဝါသည့် စွမ်းအားတို့ ပေါင်းစပ်သွားသည့်ပုံ ပေါ်ပြီး ရေခဲကဲ့သို့ ဓားအလင်းသည် အပြာရောင်အဖြစ်ပင် ပြောင်းလဲလာခဲ့သည်။

သိုင်းသမားအားလုံး၏ မျက်လုံးများထဲတွင် သူတို့သည် ပေပေါင်းရာချီကာ ရှည်လျားသည့် မိုးပြာရောင် ဓားကြီးတစ်ခုကို မြင်တွေ့လိုက်ရဟန် ရှိ၏။ မျက်စိတမှိတ်အတွင်းတွင် ၎င်းသည် လေထဲရှိ ပုံရိပ်အပေါ်သို့ ကျဆင်းသွားသည်။

"ဘဇ်.."

လေထဲတွင် ဓားအလင်းက မြင့်တက်လာပြီး ထောင်နှင့်ချီသည့်ဓားများ တစ်ပြိုင်နက် တိုက်ခိုက်လိုက်ဟန်ရသည်။

ရွှီယန်၏ရှေ့နှင့် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သည့် ဓားများသည် မုန်တိုင်းတစ်ခုသဖွယ် ပြောင်းလဲသွားပြီး မိုးပြာရောင် ဆေဘာအလင်းဆီသို့ ပြေးဝင်သွား၏။

"ဘုန်း ဘုန်း ဘုန်း..."

သို့ရာတွင် ဓားတစ်ချောင်းပြီး တစ်ချောင်းသည် ဆက်တိုက် ပျက်စီးကုန်ကြသည်။ မိုးပြာရောင်ဓားအလင်းသည် ဆက်လက်ကျဆင်းလာဆဲရှိပြီး ထိုတိုက်ခိုက်မှု၏ စွမ်းအားကို ခုခံရန် မဖြစ်နိုင်ပုံရသည်။

ထန်းကျီ၏ နှလုံးသားက လေးလံသွား၏။ သိုင်းတစ်ထောင်ခန်းမ၏ အရှက်မဲ့ပုံကို တိတ်တဆိတ် ကျိန်ဆဲနေမိသည်။

သူသည် ပါရမီရှင်များ၏ နောက်ဆုံးတိုက်ပွဲအတွက် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ပါရမီရှင်များ အနေနှင့် ပိုမိုများပြားသည့် ပြင်ဆင်မှုများကို လုပ်ဆောင်ရန် လိုအပ်ကြောင်းကြောင်းအားလည်း နားလည်လိုက်သည်။

သိုင်းတစ်ထောင်ခန်းမတွင် ထိုကဲ့သို့သော နည်းလမ်းတို့ ရှိပါက အခြား အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများတွင်လည်း တူညီသည့်နည်းလမ်းများ ရှိနေမှာဖြစ်သည်။

စိတ်ဝိဉာဉ်ဂိုဏ်းများသည် ဒီတိုက်ပွဲကို သေချာပေါက် အရှုံးခံမည် မဟုတ်ပေ။ ထို့ကြောင့် သံသယဝင်စရာမကောင်းလောက်အောင် နည်းလမ်းပေါင်းစုံကို အသုံးပြုကြမှာ ဖြစ်၏။

ယရုံမှာ ရွှီယန်ကို စူးစိုက်စွာကြည့်နေ၏။ သူသည် ဒီတိုက်ခိုက်မှုကို ခုခံနိုင်လေမည်လား။ သူ၏ ဝှက်ဖဲများ ရှိနေသေးသည်လား...

မဟုတ်ပါက သိုင်းတစ်ထောင်ခန်းမကို စိန်ခေါ်ရန်အတွက် မည်သည့်နေရာမှ ယုံကြည်ချက်တို့ ရှိနိုင်မည်နည်း။

"ကာလိုက်တော့..."

ချွေဟွားယွီမှာ နှလုံးသားထဲတွင် စိုးရိမ်စွာဖြင့် ရေရွတ်သည်။ မုန်တိုင်းကဲ့သို့ ဓားများသည် ဆက်တိုက်ဝင်ရောက်နေ၏။ မိုးပြာရောင်ဓားအလင်းကို ဆက်တိုက် တိုက်ခိုက်နေကြသည်။ ကြီးမားသည့် သစ်ပင်ကြီးများပင် အမြစ်ကျွတ်ကာ ရှည်လျားသည့် ဓားများအဖြစ် ပြောင်းလဲကုန်ကျ၏။

ကြည့်ရသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်တို့သည်လည်း ဓားအလင်းများအဖြစ် ပြောင်းလဲသွားဟန် ရသည်။ မိုးပြာရောင် ဆေဘာအလင်းဆီသို့ ဆက်တိုက် ဝင်ရောက်တိုက်ခိုက်နေ၏။ သို့ရာတွင် မိုးပြာရောင် ဆေဘာအလင်းသည် နှေးကွေးကာ အနည်းငယ် မှိန်ဖျသွားပေမယ့် ရွှီယန်ဆီသို့ ဆက်လက်ဝင်ရောက်နေဆဲ ရှိ၏။

သူ့အနေနှင့် နောက်သို့ဆုတ်ခွာလျှင်တောင် ရှောင်လွှဲနိုင်ခြင်း မရှိပေ။ ထိုတိုက်ခိုက်မှုသည် သူ၏အငွေ့အသက်ကို ပစ်မှတ်ထားထားပြီး ဆုတ်ခွာရန် သို့မဟုတ် ရှောင်ရှားရန် နည်းလမ်း မရှိပေ။

သို့ပေမယ့် ဤသည်မှာ အခြားလူများ၏ အတွေးဖြစ်၏။ ရွှီယန်အတွက် ထိုဓားချက်ကို ရှောင်လွှဲလိုပါက လုပ်ဆောင်နိုင်စွမ်း ရှိဆဲဖြစ်သည်။

သို့ရာတွင် ရွှီယန်မှာ စိတ်လိုက်မာန်ပါ မလုပ်တတ်ပေမယ့် အနည်းငယ်မျှသော အန္တရာယ်လေးနှင့် ကြောက်ရွံကာ ရှောင်ဖယ်သွားမည့်သူမျိုး မဟုတ်ပေ။

ဒီဗိုင်းကိရိယာ၏ စွမ်းအားမှာ အလွန်ကြီးမားပေမယ့် ခုခံရန် မဖြစ်နိုင်တာ မဟုတ်ပါ။ ပြီးခဲ့တုန်းက ပြင်းထန်သည့် မုန်တိုင်းသဖွယ် ဓားချက်များသည် ရုတ်တရက် အားနည်းလာကာ စီးဆင်းနေသည့် စမ်းချောင်းသဖွယ် ညင်သာလာခဲ့သည်။

ကျဆင်းလာနေသည့် မိုးပြာရောင် ဆေဘာအလင်းကို ဓားစီးကြောင်းများက ပိတ်လှောင်သွားပြီး ၎င်း၏စွမ်းအားအား ဆက်တိုက် အားနည်းလာစေသည်။

ရွှီယန်သည် ဓားချက်တစ်ချက်ပြီးတစ်ချက်ကို ထုတ်လွှတ်၏။ ညင်သာသော လေညှင်းသည် စေးကပ်သည့်အရေတစ်ခုသဖွယ် ပြောင်းလဲလာခဲ့၏။ တောင်နှင့်မြစ်၏ဓားဆန္ဒသည် ဓားချက်ပေါင်းထောင်ချီကို သယ်ဆောင်ရင်းက မိုးပြာရောင် ဆေဘာအလင်းကို ဆက်တိုက်အားနည်းအောင် စွမ်းဆောင်နေသည်။

'သူ ဘာထိခိုက်မှုမှမရှိဘဲ တားဆီးနိုင်မှာလား..'

ချွေဟွားယွီမှာ အံ့ဩသွားသည်။

'ဒါကဘယ်လို ဓားပညာမျိုးလဲ... အအေးဓားရဲ့ စွမ်းအားကို ဒီအတိုင်းအတာအထိတောင် အားနည်းလာစေတာ တကယ့်ကို ပုံမှန်မဟုတ်ဘူး..'

ချွေဟွားယွီသည် အံ့သြစွာဖြင့် စဉ်းစားမိ၏။

"မကောင်းတော့ဘူး... ဒီအအေးဓားထဲမှာ နောက်ထပ် ပုန်းအောင်းနေတဲ့ တိုက်ခိုက်မှုရှိသေးတယ်.."

ရုတ်တရက် သူ၏မျက်နှာက ပြောင်းလဲသွားသည်။ တိုက်ပွဲပြင်အတွင်းတွင် အခြေအနေသည် ကြီးစွာပြောင်းလဲသွားခဲ့၏။

အစက အားနည်းလာကာ အေးခဲခြင်းအငွေ့အသက်တို့ လွင့်ပြယ်လာနေသည့် မိုးပြာရောင် ဆေဘာအလင်းသည် ရုတ်တရက် မျက်စိကို ကန်းလောက်သည့် အလင်းရောင်မျိုးဖြင့် ပေါက်ကွဲထွက်လာခဲ့၏။ ကြည့်ရသည်မှာ စစ်မှန်သည့် သေခြင်းရှင်ခြင်း ဓားချက်တစ်ခုကို ယခုမှ ထုတ်လွှတ်လိုက်သည့်ဟန် ရသည်။

"ဘုန်း.."

ဓားမုန်တိုင်းမှာပြိုလဲပြီး စမ်းရေစီးကြောင်းမှာ ပိုင်းဖျက်ခြင်း ခံလိုက်ရသကဲ့သို့ ရှိသည်။ ညင်သာသည့် လေညှင်းမှာလည်း လွင့်စင်သွားရ၏။

ဆေဘာအလင်းသည် ရွှီယန်ဆီသို့ သက်ဆင်းလာခဲ့သည်။ ထိုဆေဘာအလင်း၏ စွမ်းအားမှာ အားနည်းသွားခဲ့ပေမယ့် ရွှီယန်၏ ခုခံမှု ဓားချက်အားလုံးမှာလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

သိုင်းသမားအားလုံးတို့၏ မျက်လုံးများသည် ပြူးကျယ်နေပြီး သူတို့၏စိတ်ထဲ၌ အတွေးတစ်ခုသာ ကျန်ရစ်တော့၏။

ရွှီယန်သည် အန္တရာယ် ကျရောက်ခဲ့လေပြီ။

သမိုင်းတစ်ခုကို တည်ဆောက်ခဲ့သည့် ရွှီယန်သည် ဒီဓားချက်အောက်တွင် သေဆုံးရတော့မည်လား။

လူပေါင်းများစွာသည် နှလုံးသားအတွင်း၌ သက်ပြင်းချမိသည်။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုအား ထိပါးခြင်းသည် မည်မျှပင် ပါရမီရှိစေကာမူ အဆုံးသတ်တွင် သေဆုံးရမည် ဖြစ်၏။

အပိုင်း ၅၇၉ - မျက်စိရှေ့၌ပင် ဒီဗိုင်းကိရိယာအား လုယူခြင်း(၂)

ထို နောက်ဆုံး သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ရှင်းလင်းစွာပင် စစ်မှန်သည့် သတ်ဖြတ်ခြင်း တိုက်ကွက်ဖြစ်၏။ ဤသည်ကို ဝူယွမ်၏ အကြွင်းအကျန်ဝိဉာဉ်က အခွင့်အရေးယူကာ အအေးဓား၏ အစစ်အမှန်သတ်ဖြတ်ခြင်း ဓားချက်ကို အသက်သွင်းခဲ့ခြင်းဖြစ်သည်။

ထိုဓားချက်သည် အသန်မာဆုံးပုဂ္ဂိုလ် တစ်ယောက်၏ စွမ်းအားကို သယ်ဆောင်ထား၏။ ရှင်းလင်းစွာပင် ဝူယွမ်ကို စွမ်းအားပေါင်းထည့်ပေးခဲ့သည့် သိုင်းတစ်ထောင်ခန်းမမှ အသန်မာဆုံးပုဂ္ဂိုလ်က ချန်ရစ်ခဲ့သည့် အန္တရာယ်အကြီးဆုံး တိုက်ခိုက်မှုဖြစ်ပေသည်။

ထိုနည်းလမ်းသည် အနည်းငယ် အရှက်မဲ့ပေမယ့် ရလဒ်မှာ သံသယဝင်စရာ မကောင်းလောက်အောင် အံ့သြဖို့ကောင်းလှသည်။

ဝူယွမ်၏ တိုက်ခိုက်မှုတွင် ယခုကဲ့သို့သော သတ်ဖြတ်ခြင်းတိုက်ကွက်တစ်ခု ပုန်းအောင်းနေမည်ဟု မည်သူမှထင်မထားခဲ့ပေ။

ရွှီယန်လည်းပဲ မျှော်လင့်ထားခြင်း မရှိပါ။ ယခုအချိန်၌ အဆုံးမဲ့သော ဓားမုန်တိုင်းမှာ ပြိုကွဲသွားပြီး ဓားတာအို၏ အကာအကွယ်မှာ ပွင့်ထွက်သွားခဲ့၏။ သူသည် တစ်ဖက်သတ် တိုက်ခိုက်ခြင်းခံရသည့် အခြေအနေသို့ ရောက်ရှိသွားပြီး ရှင်းလင်းစွာပင် ထိုဆေဘာဓားချက်ကို ရှောင်ရှားရန် နောက်ကျနေပါပြီ။

ထို့အပြင် ထိုဓားချက်ကို ဘယ်လိုလုပ်ပြီး အလျှင်အမြန်ခုခံနိုင်မည်နည်း။ သူ့အနေနှင့် အံ့ဩစရာကောင်းလောက်အောင် အသက်ရှင်နိုင်ခဲ့လျှင်တောင် သေချာပေါက် ဒဏ်ရာအပြင်းအထန်ရခြင်း သို့မဟုတ် အခြေခံပျက်စီးသွားခြင်းတောင် ဖြစ်စေနိုင်သည်။

ရွှီယန်သည် ဝူယွမ်၏ ဓားချက်အတွင်းတွင် ယခုမျှသောသေစေနိုင်သည့် တိုက်ခိုက်မှုတစ်ခု ပါဝင်နေမည်ဟု အထင်မထားခဲ့ပေ။ အန္တရာယ်က ရုတ်တရက် ကျရောက်လာခဲ့၏။

သို့ရာတွင် သူသည် အကြောက်အရွံ့ကင်းမဲ့စွာ ရှိနေပါသည်။ ယခုအချိန်၌ ရွှီယန်သည် အတွေ့အကြုံနုနယ်သည့် သိုင်းသမားတစ်ယောက် မဟုတ်တော့ပေ။

သူ့အနေနှင့် သေခြင်းရှင်ခြင်း အန္တရာယ်များကို ကြုံတွေ့ခဲ့ရခြင်း မရှိလျှင်တောင် ရုတ်တရက်ပေါ်ပေါက်လာသည့် အခြေအနေအတွက် ရင်ဆိုင်ရန် နည်းလမ်းများစွာ ရှိနေသေး၏။

အဆုံးမဲ့ဓားမုန်တိုင်းနှင့် ဓားတာအိုအကာအကွယ်အားလုံးတို့မှာ ပျက်စီးသွားပြီး တိုက်ခိုက်မှုက မျက်စိရှေ့သို့ ရောက်လာခဲ့၏။

ရွှီယန်၏ ခန္ဓာကိုယ်၌ ဒီဗိုင်းစွမ်းအင်တို့သည် လှိုင်းထန်နေသည့် မြစ်ရေအလား လှည့်လည်လာပြီး သူသည် လက်ဝါးချက်တစ်ချက်ကို ရိုက်ထုတ်လိုက်သည်။

ထိုဆေဘာဓားချက်ဆီသို့ ဦးတည်လိုက်၏။

သူသည် ဓားပညာ၌ အနှိုင်းမဲ့သည်သာ မဟုတ်ပေ။ သူ၏ နဂါးနိုင်လက်ဝါးသိုင်းသည်လည်း လောကကြီးတွင် ပြိုင်ဖက်ကင်း၏။

"ဝေါင်း.."

လူတိုင်းက ရွှီယန်ကို သေတော့မည် သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရသွားတော့မည်ဟု တွေးထင်ထားစဉ်တွင် သိုင်းတစ်ထောင်ခန်းမ အရှင်သခင်နှင့် အကြီးအကဲတစ်စုမှာ အေးစက်စွာ ပြုံးလာခဲ့ကြသည်။

သို့ပေမယ့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အကြား၌ နဂါးဟိန်းသံတစ်ခု ပေါ်ပေါက်လာခဲ့၏။ လူတိုင်း၏ အံ့သြနေသည့် အကြည့်များအောက်တွင် ရွှီယန်၏ လက်ဝါးရိုက်ချက်နှင့်အတူ နဂါးကြီးတစ်ကောင်သည် မာန်ဖီရင်းက ထွက်ပေါ်လာခဲ့သည်။ နဂါးကြီးမြတ်မှုက မြင့်တက်လာပြီး ကြီးစိုးကာ အနှိုင်းမဲ့၏။

"ဒါက အစစ်အမှန် နဂါးတစ်ကောင်လား..."

တစ်ယောက်ယောက်က အံ့ဩစွာ အသံပြုသည်။

ရွှေရောင်နဂါးကြီးသည် မာန်ဖီရင်းနှင့် မိုးကြိုးပစ်သကဲ့သို့ ထွက်ပေါ်လာခဲ့၏။ ဤသည်မှာ ဒဏ္ဍာရီထဲရှိ ရွှေနဂါးတစ်ကောင်နှင့် အလွန်တူညီလှပါသည်။ ထို့အပြင် ၎င်း၏ ကြီးမားလှသော ဖိအားသည် သက်ရှိအားလုံးတို့ကို တုန်ခါသွားစေ၏။

ဤသည်မှာလည်း ဒဏ္ဍာရီများရှိ အစစ်အမှန်နဂါးများ၏ ထည်ဝါမှုနှင့် တူညီနေပါသည်။ နဂါးနိုင်လက်ဝါးသိုင်း၏ ခြောက်ခုမြောက်အဆင့်- အစစ်အမှန်နဂါးအသွင်သည် စစ်မှန်သည့် နဂါးတစ်ကောင်နီးပါး ဖြစ်လာခဲ့၏။

ရွှေနဂါးကြီးသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးဆီသို့ ပဲ့တင်ထပ်သွားသည့် အော်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ကြမ်းကြုတ်စွာဖြင့် အကြွင်းမဲ့ ရေခဲဆေဘာဓားကို ရင်ဆိုင်၏။

သူ၏ ပါးစပ်ကြီးကို ဖွင့်ဟကာ ထိုစွမ်းအားကြီးသည့် တိုက်ခိုက်မှုကို ဝမ်းဗိုက်အတွင်းသို့ မျိုချလိုက်သည်။ ပြီးနောက် ကောင်းကင်သို့ ထိုးတက်သွားပြီး တိမ်များဆီသို့ ဦးတည်ခဲ့၏။

"ဘုန်း.."

တိမ်လွှာများ၏ အတွင်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ရွှေနဂါးကြီးမှာ ပျက်စီးသွားခဲ့၏။

သို့ပေမယ့် တိုက်ခိုက်မှုကို လုံးဝ ကာစီးနိုင်လိုက်လေသည်။

ယခုအချိန်၌ ဝူယွမ်၏လက်ထဲတွင် အကြွင်းမဲ့ရေခဲဓားသည် တရွေ့ရွေ့ဖြင့် ရှေ့သို့တက်လာခဲ့၏။ ဝူယွမ်၏ ခန္ဓာကိုယ်မှာတော့ အသက်ဓာတ်အားလုံးတို့ ဆုံးရှုံးနေပြီးဖြစ်သည်။ ဓားသာလျှင် လင်းလက်နေပြီး ရွှီယန်ကို ချိန်ရွယ်ထားဆဲ ရှိ၏။

သို့ပေမယ့် မည်သည့် ခြိမ်းခြောက်နိုင်စွမ်းမှ ပါဝင်မနေတော့ပေ။ အအေးဓား၏ အေးစက်လှသည့် အငွေ့အသက်တို့မှာ ပျောက်ကွယ်သွားပြီးဖြစ်ကာ ဓားပေါ်တွင် အပြာရောင် အလင်းတစ်ခုသာ ရေးတေးတေး ကျန်ရစ်ခဲ့၏။

သိုင်းတစ်ထောင်ခန်းမဘက်က တုံ့ပြန်နိုင်ခြင်း မရှိစဉ်တွင် ရွှီယန်သည် နောက်ထပ် လက်ဝါးချက်တစ်ခုကို ရိုက်ထုတ်လိုက်သည်။ ရွှေရောင်နဂါးကြီးတစ်ကောင် ထပ်မံထွက်ပေါ်လာပြီး အအေးဓားကို ၎င်း၏ဝမ်းဗိုက်အတွင်းသို့ မျိုချလိုက်၏။

လျှပ်တပြက်အတွင်းတွင် ဝူယွမ်၏အလောင်းမှာ ပြာများအဖြစ် လွင့်ပျံသွားသည်။

"သိုင်းတစ်ထောင်ခန်းမမှာ တိုက်ခိုက်ဖို့အတွက် ပါရမီရှင် မရှိတော့ဘူးဆိုတော့လည်း ငါသွားတော့မယ်... ပါရမီရှင်တွေရဲ့ နောက်ဆုံးပြိုင်ပွဲမှာ ပြန်တွေ့ကြမယ်... အရှက်မဲ့တဲ့ သိုင်းတစ်ထောင်ခန်းမကြီး.. ငါ့ကို စိတ်ပျက်မသွားရစေဖို့ မျှော်လင့်တယ်.."

ရွှီယန်က အားပါးတရ ရယ်၏။ သိုင်းတစ်ထောင်ခန်းမအား ပိတ်ဆို့သည် အဖြစ်အပျက်မှာ အဆုံးသတ်ခဲ့လေပြီ။

ဝူယွမ်က တိုက်ခိုက်မှုပြုချိန်တွင် ပြောခဲ့သည့် စကားအရ သိုင်းတစ်ထောင်ခန်းမတွင် သူ့အား စိန်ခေါ်ရန် မည်သည့်ပါရမီရှင်မှ မရှိတော့ကြောင်းကို ရွှီယန်သိလိုက်၏။

တစ်ဖက်လူ၏ စကားများမှာ မှန်မှန်မှားမှား သိုင်းတစ်ထောင်ခန်းမသည် သူနှင့်အတူ ဆက်လက်အချိန်ဖြုန်းပေးမည် မဟုတ်တော့ပေ။ ထိုသို့ဆိုပါက သူကလည်းပဲ မည်သည့်အချိန်၌ ရပ်တန့်ရမည်ကို နားလည်သင့်ပေသည်။

ဒီ ဒီဗိုင်းကိရိယာဖြစ်သည့် ရေခဲဆေဘာဓားသည် ဒီတိုက်ပွဲမှ သူ့အတွက် ဆုကြေးဖြစ်၏။

"ဒီဆေဘာက... တိုက်ပွဲက ငါ့ရဲ့ဆုလာဘ်ပဲ... အားလုံးကိုနှုတ်ဆက်ခဲ့တယ်.."

အအေးဓားကို မျိုချပြီးနောက် ရွှေရောင်နဂါးကြီးက ရွှီယန်ကို ရစ်ပတ်သွားသည်။ ရွှီယန်သည် လက်ကိုဝှေ့ရမ်းကာ မျက်စိတမှိတ်အတွင်း နေရာမှ ပျောက်ကွယ်သွားခဲ့၏။

"ရမ်းကားလိုက်တာ..."

သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီမှ ဒေါသတကြီးအော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဆေဘာသခင်အကြီးအကဲမှာ အလွန် ဒေါသထွက်သွား၏။ ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမမှ ဒီဗိုင်းကိရိယာတစ်ခုကို ပြောင်ပြောင်ရှင်းရှင်းပင် လုယူရဲလေသည်။ မည်သည့်နေရာမှ သတ္တိတို့ ရလာခဲ့သနည်း။

ရှိနေကြသည့် သိုင်းသမားများအားလုံးမှာ တောင့်တင်းသွားကြသည်။ ရွှီယန်က အအေးဓားကို လုယူပြီး ထွက်ခွာသွားမှသာလျှင် သူတို့သည် သတိလည်လာကြ၏။

မျက်နှာများ၌ ချွေးစေးများ ဖုံးလွှမ်းနေပါသည်။

ဤသည်မှာ သိုင်းတစ်ထောင်ခန်းမ၏ ဒီဗိုင်းကိရိယာတစ်ခု ဖြစ်၏။ သူသည် သိုင်းတစ်ထောင်ခန်းမ အရှင်သခင်နှင့် အကြီးအကဲများ၏ မျက်စိရှေ့တွင်ပင် ထိုဒီဗိုင်းကိရိယာအား လုယူသွားလေသည်။

ရွှီယန်သည် မည်သည့်နေရာမှ သတ္တိတို့ ရရှိလာသနည်း။ ဒီမျိုးဆက်၏ လူငယ်များသည် အလွန် အကြောက်အလန့် ကင်းကြသည်လား။

"မဟုတ်ဘူး..."

ဒီရွှီယန်ကပဲ ရဲတင်းလွန်းနေတာ...

အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုရဲ့ ဒီဗိုင်းကိရိယာကို လုယက်ရဲတယ်။ ဒါမျိုးက ရွှီယန်က ပထမဆုံးပဲ...

ထိုအပြင် သူသည် ၎င်းကို သိုင်းတစ်ထောင်ခန်းမ၏ ရှေ့၌ပင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သိုင်းတစ်ထောင်ခန်းမမှ အသန်မာဆုံး ပုဂ္ဂိုလ်များ၏ လိုက်လံသတ်ဖြတ်မှုကို မကြောက်ပေဘူးလား။

"ဒါက... ဒါကြီးက လွန်လွန်းသွားပြီ.."

ချွေဟွားယွီက နဖူးမှ ချွေးစေးများကို သုတ်သည်။ သူ၏ မျက်လုံးများမှာ ပြူးကျယ်နေ၏။

"ရွှီယန်..."

သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီမှ သတ်ဖြတ်လိုသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ပုံရိပ်တစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွားပြီး ရွှီယန်ဆီသို့ လိုက်ပါသွားသည်။

သူ၏ ထည်ဝါလှသည့် စွမ်းအားက အရပ်မျက်နှာအားလုံးမှ လူများအား ထိတ်လန့်သွားစေ၏။ ဤသည်မှာ သိုင်းတစ်ထောင်ခန်းမ၏ ဆေဘာသခင်အကြီးအကဲ ဖြစ်သည်။

"မင်းက.. မင်းရဲ့ခွန်အားကြီးကိုသုံးပြီး အားနည်းတဲ့ လူငယ်တစ်ယောက်ကို အနိုင်ကျင့်ချင်တာလား.."

ထန်းကျီက အော်လိုက်ပြီးနောက် သူ၏ စစ်ပုဆိန်ဖြင့် တိုက်ခိုက်လိုက်သည်။ ကြည့်ရသည်မှာ အဆုံးမဲ့သောတောင်များ ပြိုဆင်းလာဟန်ရပြီး ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ရွှီယန်အား လိုက်လံကာ သတ်ဖြတ်တော့မည် ဆေဘာသခင်အကြီးအကဲကို တားဆီးသွားသည်။

"ဘုန်း.."

ဆေဘာသခင်အကြီးအကဲက ဒေါသတကြီး အော်လိုက်ပြီးနောက် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီမှ ဆေဘာတစ်ချောင်းသည် သူ၏ လက်ထဲသို့ လွင့်ပျံလာခဲ့၏။

ဆေဘာဓားချက် တစ်ချက်နှင့်အတူ အဆုံးမဲ့သော တောင်များကို ပြိုလဲသွားစေသည်။ နောက်တစ်ချက်က ထန်းကျီကို ချိန်ရွယ်ထား၏။

"ရွှီယန်က ငါတို့ သိုင်းတစ်ထောင်ခန်းမရဲ့ ဒီဗိုင်းကိရိယာကို လုယူခဲ့တယ်... မင်းထန်းကျီက ဝင်ပါချင်တာလား... မင်းရောသူနဲ့အတူ သေချင်လို့လား.."

ထန်းကျီမှာ နှလုံးသားထဲ၌ တုန်ခါနေ၏။ သို့ပေမယ့် ပြန်လည်ချေပသည်။

"ဒါက ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲတစ်ခုပဲ... အနိုင်ရသူက တိုက်ပွဲရဲ့ အကြွင်းအကျန်တွေကို ယူပိုင်ခွင့်ရှိတယ်။ အဲ့ဒီ့ ဒီဗိုင်းကိရိယာက မင်းတို့သိုင်းတစ်ထောင်ခန်းမက ဆိုပေမယ့် ဝူယွမ် အသုံးပြုခဲ့တဲ့ ပစ္စည်းပဲ။ ဝူယွမ်က ရှုံးနိမ့်ပြီးပြီဆိုတော့ ရွှီယန်ရဲ့အပိုင် ဖြစ်လာတာ ပုံမှန်ပဲ.."

"ပေါက်ကရတွေ..."

နောက်ထပ် အော်သံတစ်ခု လေထဲ၌ လွင့်ပျံလာခဲ့၏။ ထို့အပြင် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးမှ ပိုမိုကာပင် ကြောက်စရာကောင်းသည့် အရှိန်အဝါတစ်ခု မြင့်တက်လာခဲ့သည်။ ဤသည်မှာ သိုင်းတစ်ထောင်ခန်းမ၏ အရှင်သခင် ဖြစ်၏။

ဆက်လက်ပြီး နောက်ထပ်စွမ်းအားကြီး အရှိန်အဝါများ တစ်ခုပြီးတစ်ခုလည်း မြင့်တက်လာခဲ့သည်။

ထန်းကျီမှာ ဖြူရော်သွားသည့် သူ၏ စစ်ပုဆိန်ဖြင် တိုက်ခိုက်မှုပြုပြီးနောက် နောက်သို့လှည့်ကာ ထွက်ပြေးလေတော့သည်။

"ရွှီယန်... ခွေးကောင်လေး... မင်းကတကယ့်ကို ရဲတင်းလွန်းတယ်... ငါမင်းကို ထောက်ခံပေးဖို့ လာခဲ့တာဆိုပေမယ့် ဒီလောက်ကြီးအထိ သတ္တိမ‌ေကာင်းသေးဘူး... ငါဆက်ပြီးတော့ တောင့်မခံနိုင်တော့ဘူး... မင်းကိစ္စကို မင်းဘာသာ ရှင်းတော့.."

ထန်းကျီသည် အသဲအသန် ထွက်ပြေးခဲ့၏။ အနည်းငယ်နှေးကွေးသည်နှင့် အန္တရယ်ကျရောက်မည်ကို စိုးရိမ်နေပါသည်။ သူ၏လက်ထဲရှိ ဒီဗိုင်းကိရိယာကိုပင် ဆုံးရှုံးနိုင်ခြေရှိ၏။ ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်တွင် သူသည် ရွှီယန်အတွက် ရပ်တည်ပေးခဲ့ခြင်း ဖြစ်သည်။

သူသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ စောင့်ရှောက်သူတစ်ဦးဖြစ်ရာ လေလွင့်သိုင်းသမားများအတွက် ကာကွယ်ပေးသည်မှာ ပုံမှန်သာဖြစ်၏။ သို့ပေမယ့် ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမ၏ ဒီဗိုင်းကိရိယာတစ်ခုကို ပြောင်ပြောင်တင်းတင်း လုယူသွားလေသည်။

ထန်းကျီတွင် ထိုကဲ့သို့သော သတ္တိမျိုးမရှိပေ။ သူသည် ဆက်လက်ခံနိုင်ရည် မရှိတော့ပါ။

ယရုံ၏ ပါးစပ်က ပွင့်ဟနေပြီး ရွှီယန် ထွက်ပြေးပျောက်ကွယ်သွားသည့် လားရာဆီသို့ ငိုင်တိုင်စွာ ကြည့်နေမိသည်။ အချိန်အတော်ကြာအောင် သတိပြန်လည်လာခြင်းမရှိပဲ ဖြစ်နေ၏။

ထိုအချိန်၌ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့သို့ အသံတစ်ခု ပျံ့လွင့်လာခဲ့သည်။

"ဒီဆေဘာက ငါ့ရဲ့ တိုက်ပွဲဆုကြေးပဲ။ ငါရွှီယန်ရဲ့ အပိုင်ဖြစ်တယ်... သိုင်းတစ်ထောင်ခန်းမက မကျေနပ်ဘူးဆိုရင် ငါ့ကိုလိုက်သတ်ဖို့ ဘယ်သူ့ကိုမဆို စေလွှတ်လို့ရတယ်။ သူတို့အားလုံးကလည်း ငါ့ရဲ့ ခြေနင်းကျောက်တုံးတွေ ဖြစ်လာကြလိမ့်မယ်။ ငါရွှီယန် စိတ်ဝိဉာဉ်နယ်မြေရဲ့ အထွတ်အထိပ်ကို တက်လှမ်းမဲ့ ခြေနင်းတုန်းတွေပေါ့.."

လူတိုင်းသည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်ပြီးနောက် မလှမ်းမကမ်းရှိ ကောင်းကင်တွင် ရွှီယန်၏ ရပ်နေမှုကို တွေ့လိုက်ရသည်။ သူသည် သိုင်းတစ်ထောင်ခန်းမကို အထင်သေးစွာ ပြောဆိုနေ၏။

"မင်းက သေချင်နေတာပဲ..."

ဆေဘာသခင်အကြီးအကဲမှာ ဒေါသတကြီး လိုက်လံသတ်ဖြတ်၏။ သို့ပေမယ့် သူ ရွှီယန်ဆီသို့ မရောက်ခင်တွင် တစ်ဖက်လူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးအကြား၌ ပျောက်ကွယ်သွားခဲ့သည်။

ဤသည်မှာ မည်ကဲ့သို့သော ပညာရပ်မျိုး ဖြစ်သနည်း။ သိုင်းသမားများအားလုံးသည် တိတ်ဆိတ်သွားကြသည်။

"ရွှီယန်... မင်း ဘယ်လောက်ဝေးဝေးအထိ ထွက်ပြေးနိုင်မလဲလို့ ကြည့်တာပေါ့.."

ဆေဘာသခင်အကြီးအကဲက ဒေါသတကြီး အော်ပြီးနောက် ရွှီယန်ထွက်ပြေးသွားသည့် လားရာဆီသို့ ဆက်လက်လိုက်သည်။ သူ၏ခွန်အားနှင့် တစ်ဖက်လူကိုလိုက်မှီရန် အချိန်မကြာဟု ယုံကြည်ချက်ရှိ၏။

"မင်းက ကိုယ့်သေတွင်းကို ကိုယ်တူးနေတာပဲ..."

သူသည် နှလုံးသားထဲ၌ ကြိမ်းမောင်းသည်။

ရွှီယန်သည် သူ့ကို တိုက်ခိုက်နိုင်ရန်အတွက် အကြောင်းပြချက်တစ်ခု ပေးခဲ့၏။ အလွန်ကောင်းမွန်လှသည့် အကြောင်းပြချက်တစ်ခု ဖြစ်သည်။

ထို့အပြင် ဒီဗိုင်းကိရိယာများသည် သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလို့မရပေ။ ထို့ကြောင့် ရွှီယန်သည် ပုန်းအောင်းနေလို့ မရပါ။ သိုင်းတစ်ထောင်ခန်းမ၏ လိုက်လံသတ်ဖြတ်မှုမှ သေချာပေါက် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သိုင်းတစ်ထောင်ခန်းမ အတွင်းတွင် ဒီအချိန်၌ လူအိုကြီးများစွာတို့ တိတ်တဆိတ် ပျက်ကွယ်သွားကြ၏။ ရွှီယန်ကို လိုက်လံသတ်ဖြတ်တော့မည် ဖြစ်သည်။

"ရွှီယန်ရဲ့ တည်နေရာကို သတင်းထောက်ပံ့ပေးနိုင်တဲ့ ဘယ်သူမဆို ဆုကြေးရမယ်.."

သိုင်းတစ်ထောင်အရှင်သခင်က အေးစက်စွာ ပြောသည်။ သူသည် မည်သည့် ဆုကြေးဖြစ်သည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ သို့ပေမယ့် အဆင့်လွန်ဂိုဏ်းများ၏ စကားတစ်ခွန်းကပင် ကြီးမားသည့် ကံကောင်းမှုကို ဖြစ်ပေါ်စေနိုင်၏။

ထို့ကြောင့် မရေမတွက်နိုင်သော အင်အားစုများနှင့် သိုင်းသမားများသည် ထိုအတွက် ရူးသွပ်ကုန်ကြမှာ ဖြစ်သည်။

ထို့အပြင် ဤသည်မှာ ရွှီယန်၏ တည်နေရာကို သတင်းပေးရန်သာ လိုအပ်ခြင်း ဖြစ်၏။ လူတစ်ယောက်သာ သူ့ကို ကိုယ်တိုင်ဖမ်းဆီးနိုင်ပါက ရရှိလာမည့် ဆုကြေးမှာ စိတ်ကူး၍ မရနိုင်လောက်အောင် ကြီးမားမှာဖြစ်သည်။

သို့ပေမယ့် ရှိနေကြသည့် သိုင်းသမားများအားလုံးသည် ရွှီယန်ကို ဖမ်းဆီးနိုင်ရန်မှာ အနိုင်တိုက်ခိုက်ရန် လိုအပ်ကြောင်းအား သိရှိကြ၏။ ကိုယ်ကိုယ်တိုင်မှာ အလွန့်အလွန် သန်မာမနေပါက ကိုယ့်သေတွင်းကို ကိုယ်တူးသည်နှင့်ပင် တူမှာဖြစ်သည်။

ရွှီယန်၏ခွန်အားသည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့်ထက် ကျော်လွန်နေပြီး ဖြစ်၏။ ထိုအဆင့်နှင့် သိုင်းသမား ရှစ်ယောက်ဆယ်ယောက်လောက် ဝိုင်းဝန်းတိုက်ခိုက်လျှင်တောင် သူတို့သာလျှင် အသတ်ခံရမှာ ဖြစ်သည်။

"စိတ်ဝိဉာဉ်နယ်မြေမှာ ရွှီယန်ကို နှိုင်းယှဉ်နိုင်တဲ့ ပါရမီရှင်ရော ရှိသေးလို့လား.."

ထိုအတွေးသည် လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာခဲ့၏။ ရွှီယန်သည် အသန်မာဆုံးပုဂ္ဂိုလ်များ၏ အောက်တွင် ပြိုင်ဖက်ကင်းလေသည်။

ဤသည်မှာ အနှိုင်းမဲ့သည့် ပါရမီရှင်တစ်ဦး ဖြစ်၏။ မည်သူက သူ့ကို ယှဉ်ပြိုင်နိုင်မည်လဲ။

"မယုံနိုင်စရာပဲ မယုံနိုင်စရာပဲ... ငါ သမိုင်းတစ်ခုကို ကြုံတွေ့ခဲ့တာပဲ.."

ချွေဟွားယွီက စိတ်လှုပ်ရှားစွာဖြင့် နန်းတော်အတွင်းသို့ ပြန်ဝင်သွားသည်။ ဒီခရီးစဉ်က အလွန်တန်၏။ အလွန်စိတ်လှုပ်ရှားစရာ ကောင်းလှ၏။

ရွှီယန်သည် အလွန် ရဲတင်းလွန်းလှသည်။ ရှေးခေတ်အခါကတည်းက ယခုအချိန်အထိ လေလွင့်သိုင်းသမားများ အကြားတွင် အရဲရင့်ဆုံးလူကို ဆိုပါဆိုလျှင် ရွှီယန်ကိုသာလျှင် ပြောရပေလိမ့်မည်။

ကောင်းကင်ထက်တွင် တိမ်ခွင်းလင်းယုံက ထိုးတတ်လာပြီး ရွှီယန်ထွက်ပြေးသည့် လားရာဆီသို့ ပျံသန်းသွားသည်။

ယရုံ၏မျက်ခုံးများက မျက်မှောင်ကျုံ့သွားပြီး ချက်ချင်းပင် ကြည့်လိုက်၏။ ရွှီယန်သည် အဝေးကြီးသို့ မရောက်လောက်သေးပေ။ ဆေဘာသခင် အကြီးအကဲ၏ ဖမ်းဆီးခြင်းကို ခံရပါက သူသည် သံသယဝင်စရာမကောင်းလောက်အောင် သေဆုံးရမှာ ဖြစ်၏။

တစ်ဖက်လူကို ရင်ဆိုင်ရန်အတွက် ဝှက်ဖဲအချို့ ရှိနေမှသာ ရပေလိမ့်မည်။ သို့ပေမယ့် ဤသည်မှာ မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။

All Chapters