အခန်း (၅၈၀-၅၈၂)
Vol. 39 Ch. 580-582
အပိုင်း ၅၈၀ - သရွှမ်မြို့၌ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာ၏ စွမ်းအားကိုပြသခြင်း
"ဒါက မျိုးဆက်စုံ မဟာမိတ်အဖွဲ့က စွမ်းအားကြီးပုဂ္ဂိုလ် မလား... တကယ့်ကို ရဲရင့်လိုက်တာ.."
ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမဆီမှ ဒီဗိုင်းကိရိယာတစ်ခုကို လုယက်ကာ ထွက်ပြေးခဲ့၏။ ထိုအချိန်၌ ထန်းကျီက နောက်မှလိုက်လံသည့် ဆေဘာသခင်အကြီးအကဲကို တားဆီးခဲ့လေသည်။
ထိုကဲ့သို့သော ရဲရင့်မှုမျိုးက လူအများကို အံ့သြသွားစေ၏။ သူသည် အမှန်တကယ်ကို လေလွင့်သိုင်းသမားတစ်ယောက်အတွက် ရပ်တည်ရဲလေသည်။
ထိုဝင်ပါမှုနှင့်အတူ ရွှီယန်သည် အဝေးသို့ ထွက်ပြေးသွားပြီး ဖြစ်၏။ ဆေဘာသခင် အကြီးအကဲအတွက် လိုက်မှီရန်မှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်နိုင်တော့သည်။
ကောင်းကင်လျှပ်စီးအလင်း၏ အမြန်နှုန်းသည် အထူးသဖြင့် ရွှီယန် မူလဒီဗိုင်းအဆင့်သို့ ရောက်ရှိပြီးချိန်၌ အလွန် ကြောက်စရာကောင်းလာပြီး အသန်မာဆုံးပုဂ္ဂိုလ်တစ်ယောက်ပင် လိုက်မမှီနိုင်တော့ပေ။
ဆေဘာသခင်အကြီးအကဲနှင့် သိုင်းတစ်ထောင်ခန်းမမှလူများ ရွှီယန်ကို ဖမ်းမိနိုင်မည်ဟု ယုံကြည်ချက် မြင့်မားနေခြင်းမှာ ဒီဗိုင်းကိရိယာတစ်ခုကို သိုလှောင်အိတ်အတွင်းသို့ ထည့်မရနိုင်ဟု ယုံကြည်မှုကြောင့် ဖြစ်သည်။
ထို့ကြောင့် အကြွင်းမဲ့ရေခဲဆေဘာကို ကိုင်ဆောင်ထားပါက ရွှီယန်သည် ဘယ်လိုလုပ်ပြီး သူတို့၏ လိုက်လံမှုမှ ပုန်းအောင်းနိုင်မည်နည်း။ ဤသည်မှာ မဖြစ်နိုင်ပေ။
သို့ရာတွင် သိုင်းတစ်ထောင်ခန်းမ အရှင်သခင်နှင့် အကြီးအကဲအုပ်စုတို့ ထင်မှတ်မထားသည်မှာ ဒီဗိုင်းကိရိယာတစ်ခုကို သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းထားလို့ မရပေမယ့် သိုလှောင်လက်စွပ်အတွင်းကိုမူ ထည့်သွင်းလို့ ရပါသည်။
ရွှီယန်က လက်ထဲရှိ အကြွင်းမဲ့ရေခဲဆေဘာကို ကြည့်သည်။ ဒီဓားသည် အမှန်တကယ်ကို ထူးကဲ၏။ အထူးသဖြင့် ၎င်းကိုထုလုပ်ရန် အသုံးပြုထားသည့် ကုန်ကြမ်းများ ဖြစ်သည်။
"ဘယ်လောက်ကောင်းတဲ့ ဆေဘာတစ်ချောင်းလဲ... ဒုတိယညီသာ ဒါကို မကြိုက်ဘူးဆိုရင် စတုတ္ထညီကို အရည်ဖျော်ခိုင်းရမယ်။ ဒီဆေဘာကို ထုလုပ်ဖို့ အသုံးပြုထားတဲ့ ကုန်ကြမ်းတွေက တကယ့်ကိုထူးကဲတယ်.."
ဒီဗိုင်းကိရိယာ တစ်ခုသည် သံသယဝင်စရာ မကောင်းလောက်အောင် လင်းနယ်မြေတွင် အမြင့်မားဆုံးသောရတနာ ဖြစ်၏။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အဓိက အခြေခံများထဲမှ တစ်ခုလည်းဖြစ်သည်။
"ဒီခရီးစဉ်က တကယ့်ကိုတန်တာပဲ.."
ရွှီယန်သည် အလွန် ကျေနပ်တဲ့သွား၏။ သူသည် ဆေဘာကို သိုလှောင်လက်စွပ်အတွင်းသို့ ထည့်လိုက်သည်။
သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင် ပိတ်ကာ သူတို့၏ ပါရမီရှင်များစွာတို့ကို သတ်ဖြတ်ခဲ့ပြီး ဒီဗိုင်းကိရိယာတစ်ခုကိုပင် လုယူနိုင်ခဲ့၏။ နောက်ဆုံးတွင် ရွှီယန်သည် လူယုတ်မာ ဟွမ်းလျန်၏ သူ၏ဓားသိုင်းမှာ သိုင်းတစ်ထောင်ခန်းမမှ ခိုးယူထားသည်ဟူသည့် အရှက်မဲ့သည့် စွပ်စွဲချက်ကို ချေပနိုင်ခဲ့လေပြီ။
လက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် ဒီဗိုင်းအနှစ်သာရ ကိုယ်ပွားမှာ ပျောက်ကွယ်သွားခဲ့သည်။
ထန်းကျီမှာလည်း ထွက်ပြေးလွတ်မြောက်သွားခဲ့၏။
ဖြစ်နိုင်သည်မှာ သိုင်းတစ်ထောင်ခန်းမသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့နှင့် ကြီးမားသည့် စစ်ပွဲကြီးတစ်ခုကို ပြန်လည် စတင်လိုခြင်း မရှိတာ ဖြစ်ပေလိမ့်မည်။ သူ့ကို လိုက်လံခြင်း မပြုတော့ပါ။
'ဒါဆိုရင်... ပြီးရင် ဘယ်ကိုသွားရမလဲ..'
ရွှီယန်က ခဏတာ စဉ်းစား၏။ သူသည် လင်းနယ်မြေတလျှောက် ခြေဆန့်ရန် စီစဉ်ထားခဲ့သည်။ ထို့ကြောင့် ခဏတာ စဉ်းစားမှုပြုအပြီးနောက် လားရာတစ်ခုကို ရွေးချယ်ကာ ထိုလားရာအတိုင်း တည့်မတ်စွာ ထွက်ခွာသွား၏။
'မြို့တစ်မြို့ကို ရှာပြီးတော့ လင်းနယ်မြေအကြောင်း သတင်းအချက်အလက်အချို့ကို စုစည်းတာပေါ့... ဒုတိယညီရော ဘာတွေလုပ်နေလဲ မသိဘူး..'
ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမမှ လိုက်လံသတ်ဖြတ်မှုအတွက် ဂရုစိုက်ခြင်း မရှိပါ။ ဒီဗိုင်းကိရိယာကို လုယူခဲ့ခြင်းမှာ သိုင်းတစ်ထောင်ခန်းမက သူ့ကို လိုက်လံစေရန် ရန်စခဲ့ခြင်း ဖြစ်၏။ ထိုကဲ့သို့ ခရီးသွားရခြင်းက ပိုမိုကာ စိတ်လှုပ်ရှားစရာကောင်းကာ စိန်ခေါ်မှုတို့ဖြင့် ပြည့်နက်နေမှာ ဖြစ်သည်။
ရွှီယန်၏ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးကိုပိတ်ကာ သူတို့၏ ပါရမီရှင်များကို သတ်ဖြတ်ပြီး ဒီဗိုင်းကိရိယာအား လုယူခဲ့မှု အကြောင်းသည် လင်းနယ်မြေတလျှောက် မုန်တိုင်းသဖွယ် ပျံ့နှံ့သွားခဲ့၏။
သွေးနတ်ဆိုး၏ ကပ်ဘေးပြီးကတည်းက လင်းနယ်မြေသည် ယခုကဲ့သို့သော အံ့ဩစရာကောင်းလှသည့် ဖြစ်ရပ်မျိုး မကြုံခဲ့ရတာ ကြာပြီဖြစ်သည်။
ထို့အပြင် ဤသည်မှာ သမိုင်းကြောင်းတလျှောက်တွင် လူတစ်ယောက်က အဆင့်လွန်ဂိုဏ်းတစ်ခု၏ ဒီဗိုင်းကိရိယာကို ပထမဆုံး လုယူခဲ့ခြင်းဖြစ်၏။ ရွှီယန်မှာ ယခုမျှ ကြမ်းတမ်းလှသည့် လူသားဖြစ်သည်။
မိသားစုကြီးတစ်ခု၏ အတွင်းတွင် ထည်ဝါသည့် အသွင်အပြင်ဖြင့် လူကြီးလေးယောက်က အသံပြု၏။
"ငါ့ရဲ့သားကိုလည်း ရွှီယန်လိုပဲ ဖြစ်စေချင်လိုက်တာ.."
သူသည် သူ၏ သုံးစားမရသည့် သားဖြစ်သူကို ခေါင်းလှည့်ကြည့်၏။ မျက်နှာ၌ ဒေါသတို့ ပြည့်လျှံလာပြီး လက်ထဲ၌ ကြာပွတ်တစ်ချောင်း ပေါ်လာကာ ရိုက်နှက်လေတော့သည်။
"မင်းသာ ရွှီယန်ရဲ့ အစွမ်း၁%လောက်ရှိရင် ငါ့အတွက်ဂုဏ်ယူစရာ ဖြစ်နေမှာ.."
"ချီးပဲ..."
မြို့ကြီးတစ်မြို့၏ အတွင်းတွင် သိုင်းသမားတစ်စု စုစည်းကာ သိုင်းတစ်ထောင်ခန်းမ၏ ဒီဗိုင်းကိရိယာတစ်ခု လုယူခံရမှုနှင့် သူတို့၏ တံခါးအား ပိတ်ဆို့ခံရမှုအတွက် အရှက်ကွဲခဲ့ကြောင်းကို ဆွေးနွေးနေကြသည်။ အဘိုးအိုတစ်ယောက်က ရုတ်တရက်ပြော၏။
"လောကကြီးမှာ အံ့သြစရာ ကိစ္စရပ်တွေ အများကြီးရှိတယ်။ ဒါပေမယ့် ရွှီယန်ကတော့ အားလုံးရဲ့စံပြပဲ.."
ထိုစကားကို ကြားရပြီးနောက် လူငယ်တစ်ယောက်က ချက်ချင်းပင် အားတက်စွာနှင့် ဂုဏ်ယူစွာပြော၏။
"ခင်ဗျားပြောတာမှန်တယ်... ကျွန်တော်လည်း ရွှီယန်ကို စံနမူနာတစ်ခုအဖြစ် မှတ်ယူထားတယ်။ သူက အဆင့်လွန်ဂိုဏ်းတစ်ခုရဲ့ ဂိတ်တံခါးကို ပိတ်ဆို့ခဲ့တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်လည်း ပထမတန်းစား ဂိုဏ်းတစ်ခုရဲ့ ဂိတ်တံခါးကို သွားပိတ်မယ်.."
ပတ်ဝန်းကျင်ရှိ လူများက လူငယ်၏ ဦးခေါင်းကိုမော့ကာ ထွက်ခွာသွားမှုကို ကြည့်နေကြသည်။ သူတို့သည် သေဆုံးတော့မည့် အရူးတစ်ယောက်ကို ကြည့်နေသည့်နှယ် ရှိ၏။
ဒီကောင်သည် ကိုယ့်ကိုယ်ကိုယ် ပထမတန်းစား ဂိုဏ်းတစ်ခုအား စိန်ခေါ်ရလောက်အောင် အစွမ်းရှိသည်ဟု ထင်နေသည်လား။ အသက်ရှင်နေရတာ ပင်ပန်းနေလေပြီလား။
သရွှမ်မြို့တွင် မုန့်ချုံသည် ဆေဘာကိုကိုင်ကာ စင်ပေါ်တွင် ရပ်ရင်းက စောင့်စားနေ၏။ ယခုအချိန်၌ မည်သည့်ပါရမီရှင်မှ တက်ရောက်တိုက်ခိုက်ရဲခြင်း မရှိတော့ပါ။
စိတ်ဝိဉာဉ်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များအားလုံးတို့သည် မဲမှောင်သော မျက်နှာများဖြင့် ရှိနေကြ၏။
အထူးသဖြင့် အံ့ဖွယ်သုံးပါးမျှော်စင် ဖြစ်သည်။ သူတို့သည် မုန့်ချုံကို အရှင်လတ်လတ် အရေခွံဆုတ်ချင်နေကြ၏။
သူသည် တစ်ယောက်တည်းနှင့် စိတ်ဝိဉာဉ်ဂိုဏ်းများမှ ပါရမီရှင် များစွာတို့ကို အနိုင်ယူခဲ့လေသည်။ ပုံမှန်အားဖြင့် မြင့်မားကာ ထည်ဝါကြသည့် စိတ်ဝိဉာဉ်ဂိုဏ်းများမှ ပါရမီရှင်များသည် ယခုအချိန်၌ သူတို့၏ ဂုဏ်ယူနေသည့် အသွင်အပြင်တို့ ပျောက်ဆုံးနေပြီ ဖြစ်၏။
မုန့်ချုံက သက်ပြင်းချသည်။ ဒီစိတ်ဝိဉာဉ်ဂိုဏ်းများမှ လူငယ်များသည် အမှန်တကယ်ကို အားနည်းလွန်းလှ၏။
သူသည် ဒီဗိုင်းဆန္ဒအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိကာ အခြေခံကို စုဆောင်းနေလေသည်။ အဆင့်ချိုးဖျက်ချိန်၌ ပြောင်းလဲမှုတို့ ဖြစ်ပေါ်ရန် ပြင်ဆင်နေ၏။ ယခုအချိန်၌ တက်ရောက်တိုက်ခိုက်သည့် မည်သည့်ပါရမီရှင်မှ မရှိတော့ရာ သူ၏အကြည့်က အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲများတစ်စုအပေါ်သို့ ကျရောက်သွားသည်။ သူ့တွင် စိတ်ကူးတစ်ခု ရလာခဲ့၏။
"အံ့ဖွယ်သုံးပါးမျှော်စင်ရဲ့ ဂိုဏ်းချုပ်က သေချာတာတော့ အားမနည်းဘူး... ဒါပေမယ့် သူ့ကို အနိုင်မယူနိုင်တာတော့ မဟုတ်ဘူး။ မျှော်စင်သုံးခုရဲ့ အကြီးအကဲတွေကလည်း တစ်ယောက်တစ်ယောက် ဆိုလျှင် ငါ့ကိုဘာခြိမ်းခြောက်မှုမှ မပြုနိုင်ဘူး.."
"ဒါကြောင့်မို့လို့ သိုင်းပညာအခြေခံကို စုစည်းတာ ထိရောက်မှုကောင်းမှာ မဟုတ်ဘူး... ငါ့ရဲ့ လက်ရှိမသေခြင်းရွှေခန္ဓာနဲ့ သူတို့တွေ ငါ့ကို ဒဏ်ရာအပြင်းအထန် ရစေဖို့က မဖြစ်နိုင်လုနီးပါးပဲ။ အဲ့လိုဆိုမှတော့ လောင်းကြေးတစ်ခု ထပ်တာပေါ့.."
"ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှုစနစ်က တိုက်ပွဲတွေကို ဆက်တိုက်ဆင်နွှဲပြီး ကိုယ့်ကိုယ်ကိုယ် မြှင့်တင်သင့်တယ်။ ကောင်းကင်တူတစ်ရာ သန့်စင်ခြင်းအတတ်ရဲ့ အကူအညီနဲ့ အခြေခံစုဆောင်းမှုက ပိုပြီးတော့တောင် လျှင်မြန်လာမှာ.."
"ဒါကြောင့်မလို့ ငါဆက်ပြီးတော့ အချိန်ဆွဲနေလို့ မရတော့ဘူး... လင်းနယ်မြေက ကြီးမားတယ်။ သရွှမ်မြို့မှာ အချိန်အများကြီး ကုန်နေတာက အဓိပ္ပါယ်မရှိဘူး"
"အကိုကြီးရော ဘယ်လိုလုပ်နေလဲ မသိဘူး။ ငါကြားတာတော့ သူသိုင်းတစ်ထောင်ခန်းမကို တံခါးဝမှာပိတ်ထားတာ ရပ်အနည်းငယ်တောင် ကြာပြီးပြီ"
"ဖြစ်နိုင်တာက သရွှမ်မြို့မှာ တိုက်ပွဲပြီးရင် ငါလည်း သိုင်းတစ်ထောင်ခန်းမဆီမှာ သွားပိတ်သင့်လား.."
မုန့်ချုံသည် ကိုယ့်ကိုယ်ကိုယ် ရေရွတ်၏။ ထိုကဲ့သို့ တွေးမိပြီးနောက် သူသည် အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်ကိုကြည့်ကာ ခေါင်းကိုကုပ်ပြီး ပြုံး၏။
"မင်းတို့ အံ့ဖွယ်သုံးပါးမျှော်စင်က အဘိုးကြီးတွေ... အခုအချိန်မှာ သေချာပေါက် ငါ့ကို သေစေချင်နေမှာပဲ။ သတ်ချင်နေကြမှာပဲ... ဟုတ်တယ်မလား..."
ကြည့်ရှု့နေကြသည့် ပတ်ဝန်းကျင်ရှိ သိုင်းသမားအားလုံးတို့သည် မျက်စံလှည့်မိကြ၏။ ဤသည်မှာ မသိသာပေဘူးလား။
တစ်ဖက်လူသည် သူတို့ဂိုဏ်းမှ ပါရမီရှင် အားလုံးတို့ကို သတ်ဖြတ်ခဲ့လေသည်။ ခန္ဓာကိုယ်များကိုပင် ရှာမတွေ့တော့ပေ။ ဘယ်လိုလုပ်ပြီး သေစေလောက်အောင် မမုန်းတီးပဲ နေမည်လဲ။
အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲတစ်စုတို့မှာ ညှို့မှိုင်းစွာ ရှိနေကြသည်။ သူတို့၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နက်နေ၏။
သို့ရာတွင် လီကျိုး၏ မျိုးဆက်စုံ မဟာမိတ်ခေါင်းဆောင်နှင့် အထက်ဂိုဏ်းမှ ထုတ်ပြန်ထားသည့် အမိန့်တို့ကို ကြည့်ကာ သူတို့၏ သတ်ဖြတ်လိုစိတ်များကို ဖိနှိပ့်ထားရ၏။
李 望舒:
အပိုင်း ၅၈၁ - သရွှမ်မြို့၌ ခန္ဓာကိုယ် ကျင့်ကြံမှုသိုင်းပညာ၏ စွမ်းအားကိုပြသခြင်း(၂)
"ဒီနေ့မှာ ငါမုန့်ချုံ မင်းတို့အားလုံးကို အခွင့်အရေးတစ်ခုပေးမယ်... အံ့ဖွယ်သုံးပါးမျှော်စင်က ဂိုဏ်းချုပ်နဲ့အကြီးအကဲတွေ.. မင်းတို့တွေကိုယ်တိုင် စင်ပေါ်ကို တက်ရောက်တိုက်ခိုက်လို့ ရတယ်။ ငါ မင်းတို့အရူးကြီးတွေကို စိန်ခေါ်တယ်.."
မုန့်ချုံက သူ၏ဆေဘာကို ချိန်ရွယ်ရင်းက မောက်မာစွာဖြင့် ကြေငြာ၏။
အံ့ဖွယ်သုံးပါးမျှော်စင်မှ ဂိုဏ်းချုပ်နှင့် အကြီးအကဲများမှာ မှင်တက်သွားကြသည်။ သူတို့ကိုယ်သူတို့ နားကြားမှားသလားဟုပင် သံသယဝင်မိ၏။
မုန့်ချုံသည် အမှန်တကယ်ကို သူတို့အား စိန်ခေါ်နေသည်လား။ ထို့အပြင် အားလုံးကို တပြိုင်နက် ဖြစ်လေသည်။ မည်သည့်နေရာမှ သတ္တိတို့ ရရှိလာခဲ့သနည်း။
ကြည့်ရှု့နေကြသည့် သိုင်းသမားများမှာ မှင်သက်သွားကြသည်။ မုန့်ချုံသည် ပါရမီရှင်များစွာတို့ကို အနိုင်ယူပြီးနောက် အလွန်မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် ပြိုင်ဖက်ကင်းသည်ဟု ထင်သွားလေသည်လား။
သူ့ကိုယ်သူ အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများကို တစ်ယောက်တည်း အမှန်တကယ် အနိုင်ယူနိုင်မည်ဟု ထင်နေသည်လား။ ဤသည်မှာ သေချင်နေသည်ပင်။
"မရဘူး..."
လီကျိုး၏ မဟာမိတ်ခေါင်းဆောင်က ချက်ချင်းပင် အလျှင်အမြန် တားဆီးသည်။ သို့ပေမယ့် အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်က ဒီအခွင့်အရေးကို လက်လွှတ်မခံပေ။ သူသည် စင်မြင့်ပေါ်သို့ လျှင်မြန်စွာ တက်ရောက်ခဲ့၏။
"ဒါက မင်းဘာသာ စိန်ခေါ်တာပဲ... မင်းကို သတ်တာက ပါရမီရှင်တွေအကြား ယှဥ်ပြိုင်ပွဲရဲ့ စည်းမျဉ်းကို ချိုးဖောက်ရာ မကျဘူး.."
"တကယ်ကို အရူးပဲ.."
လီကျိုး၏ မဟာမိတ်ခေါင်းဆောင်နှင့် စွမ်းအားကြီးပုဂ္ဂိုလ်များက စိတ်ပျက်စွာဖြင့် သက်ပြင်းချကြသည်။
လူငယ်များသည် အမှန်တကယ်ကို စိတ်လိုက်မာန်ပါနိုင်၏။ သတိတရားတို့ ကင်းမဲ့လှသည်။
မုန့်ချုံသည် စင်မြင့်၏အောက်ရှိ အံ့ဖွယ်သုံးပါးမျှော်စင်မှ အကြီးအကဲတို့ကိုကြည့်ကာ နှာခေါင်းရှုံ့၏။
"ခင်ဗျား တစ်ယောက်တည်းက မလုံလောက်ဘူး... အောက်ကလူတွေလည်း အကုန်တက်ခဲ့ကြ.."
"ငါမုန့်ချုံ အံ့ဖွယ်သုံးပါးမျှော်စင်က စွမ်းအားကြီးပုဂ္ဂိုလ်ဆိုတဲ့ လူတွေကို တစ်ယောက်တည်းနဲ့ ဘယ်လို အနိုင်ယူမလဲလို့ ကြည့်ထားကြ.."
အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်မှာ မှင်သက်သွားသည်။ ဒီကတုံးသည် ရူးသွပ်သွားသည်လား။
သူသည် အသက်ကို နတ်ရှိုင်းစွာရှူပြီး ခေါင်းငြိမ့်၏။
အံ့ဖွယ်သုံးပါးမျှော်စင်မှ အကြီးအကဲများလည်း အရှိန်အဝါတို့ကို ဖော်ထုတ်ကာ စင်မြင့်ပေါ်သို့ တက်လာကြသည်။
အားနည်းသည့်လူကို ဝိုင်းဝန်းတိုက်ခိုက်ခြင်းမှာ အမှန်တကယ်ကို အရှက်မဲ့စရာ ကောင်းလှ၏။ သို့ပေမယ့် မုန့်ချုံက စတင် စိန်ခေါ်ခြင်းဖြစ်ရာ သူတို့သည် ဂရုမစိုက်ကြပေ။ တစ်ဖက်လူက သေချင်နေရာ ဆန္ဒကို ဖြည့်ဆည်းပေးမည် ဖြစ်၏။
"သူက တကယ့်ကို မောက်မာလွန်းတယ်..."
"မုန့်ချုံကတော့ သရွှမ်မြို့မှာ သေမင်းနဲ့တွေ့တော့မယ်.."
"ဒါက ငယ်ရွယ်လို့ စိတ်လိုက်မာန်ပါလုပ်တာ မဟုတ်တော့ဘူး... သူက လုံးဝကို မောက်မာတာပဲ။ လူတိုင်းကို အထင်ကို မကြီးတာ.."
ကြည့်ရှု့နေသူများက သက်ပြင်းချသည်။
"လာခဲ့ကြ.."
မုန့်ချုံက လက်သီးချက် တစ်ချက်ဖြင့် စတင်ကာ ပထမဆုံး လှုပ်ရှားမှုကိုပြု၏။
"သတ်.."
အံ့ဖွယ်သုံးပါးမျှော်စင်မှ ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် စွမ်းအားတို့ကို ဖြန့်ကျက်ကာ တိုက်ခိုက်မှုများကို အသီးသီး ထုတ်လွှတ်ကြ၏။ သူတို့၏ ကြောက်စရာကောင်းလှသည့် စွမ်းအားသည် မုန်တိုင်းသဖွယ် ခက်ထန်လာပြီး စင်မြင့်ပေါ်မှ မြောက်တတ်ကာ လေထဲသို့ ရောက်သွားကြ၏။ ကောင်းကင်ပေါ်၌ တိုက်ပွဲကို ဆင်နွှဲသည်။
ခဏအကြာ၌ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ပုံရိပ်တစ်ခု ထိုးဆင်းလာခဲ့သည်။ စင်မြင့်ပေါ်တွင် လူသားသဏ္ဍာန် ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။
"မုန့်ချုံတော့ အန္တရာယ်ကျရောက်ပြီ.."
လူတိုင်းက အသံပြုမိကြသည်။ လီကျိုးရှိ မျိုးဆက်စုံမဟာမိတ်ခေါင်းဆောင်မှာလည်း အကူအညီ မဲ့နေ၏။
သူ့အနေနှင့် ဝင်ပါချင်လျှင်တောင် အကြောင်းပြချက်ပေးစရာ မရှိပေ။
ထို့အပြင် ဒီအချိန်၌ စိတ်ဝိဉာဉ်ဂိုဏ်းများရှိ ထိပ်တန်းပုဂ္ဂိုလ်များအားလုံးသည် သတိမပြတ် ရှိနေကြပြီး သူ့ကိုဝင်ရောက်ကူညီရန် အခွင့်အရေးပေးမည် မဟုတ်ပေ။
မုန့်ချုံက ခန္ဓာကိုယ်က ဖုန်များကို ပုတ်ခါရင်းက ကျယ်လောင်စွာ ရယ်၏။
"မင်းတို့ အားနည်းတဲ့ကောင်တွေ... ထမင်းမစားခဲ့ဘူးလား... ခွန်အားလေး သုံးကြပါဟ.."
သူသည် ထပ်မံခုန်တတ်ကာ တိုက်ခိုက်ပြန်၏။
"မိုက်ရိုင်းတဲ့ကောင်..."
အံ့ဖွယ်သုံးပါးမျှော်စင်မှ ခေါင်းဆောင်နှင့် အကြီးအကဲများမှာ အားလုံး အံ့ဩသွားကြသည်။ ယခုမျှသောစွမ်းအားကြီးမားသည့် တိုက်ခိုက်မှုအပြီးတွင် မုန့်ချုံသည် လွင့်စင်သွားပေမယ့် မည်သည့်ဒဏ်ရာမှ မရခဲ့ပေဘူးလား။ မည်မျှ ပြိုင်ဖက်ကင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသနည်း။
"ဘုန်း.."
ပြင်းထန်သော တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားခဲ့၏။ မုန့်ချုံသည် အကြိမ်ကြိမ် ထိုးနှက်ခြင်း ခံခဲ့ရသည်။ သို့ပေမယ့် သူသည် အကြောက်အရွံ ကင်းမဲ့စွာဖြင့် လက်သီးချက်များနှင့် ဆေဘာဓားချက်များကို ဆက်လက်ထုတ်လွှတ်နေ၏။ အကြီးအကဲတစ်ယောက် ပေါ်တွင်သာ ဦးတည်ပြီး တိုက်ခိုက်သည်။ သူ့ကို သတ်ဖြတ်ချင်နေဟန် ရ၏။
အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်နှင့် အခြားအကြီးအကဲများ၏ တိုက်ခိုက်မှုများကိုတော့ ခန္ဓာကိုယ်နှင့် တိုက်ရိုက်ခံယူသည်။
"ဘုန်း.."
မသေခြင်းချပ်ဝတ်မှာ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းဖြင့် တောက်ပလာခဲ့၏။ မုန့်ချုံသည် ရွှေရောင်ချဝတ်နှင့် စစ်ဘုရားတစ်ပါးသဖွယ် ဖြစ်လာခဲ့သည်။
"ဒါက ဘယ်လို ခံနိုင်ရည်မျိုးလဲ..."
"ဘုန်း.."
"နည်းနည်းလောက်ပဲ... နည်းနည်းလောက်ပဲ ထပ်ပြီးအားစိုက်လိုက်.."
စွမ်းအားကြီးမားသည့် တိုက်ခိုက်မှုများစွာ ကျဆင်းလာလင့်ကစား မသေခြင်းချပ်ဝတ်သည် ပျက်စီးသွားရလျှင်တောင် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။ တိုက်ခိုက်ခြင်းခံရသည့် အသံများ တဘုန်းဘုန်း ထွက်ပေါ်နေကာ နာကျင်မှုကိုပင် ခံစားရသည်။ သို့ပေမယ့် မုန့်ချုံသည် အလွန် စိတ်လှုပ်ရှားနေ၏။
ကောင်းကင်တူတစ်ရာ သန့်စင်ခြင်းအတတ်ကို အသက်သွင်းထားပြီး ရန်သူ၏ တိုက်ခိုက်မှုအားလုံးက သူ၏ သိုင်းပညာအခြေခံကို စုဆောင်းပေးနေသည်။
ထို့နောက် ချက်ချင်းပင် သူ၏လက်ထဲ၌ ပုလင်းငယ်တစ်ခု ပေါ်လာခဲ့၏။ ဆေးလုံးများကို သွန်ထုတ်ကာ ပါးစပ်အတွင်းသို့ လောင်းထည့်လိုက်သည်။ သူ၏ သိုင်းပညာအခြေခံအား စုဆောင်းသည့် အမြန်နှုန်းကို မြှင့်တင်လိုက်၏။
"သူ ဒဏ်ရာရနေပြီ..."
မုန့်ချုံသည် ဒဏ်ရာများ ရရှိလာကာ ကုသရန်အတွက် ဆေးများကိုပင် ထုတ်သောက်လာရရာ အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်မှာ အားတက်သွားသည်။သူ၏ အပေါင်းအပါများကို ချက်ချင်းပင် လှုံ့ဆော်လိုက်၏။ ဒီရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ပြိုင်ဖက်ကင်းခြင်း မရှိပေ။
"ဘုန်း.."
သို့ပေမယ့် မုန့်ချုံသည် သူ၏ တိုက်ခိုက်မှုများကို အကြီးအကဲတစ်ယောက်အပေါ်သာ ပစ်မှတ်ထားထားပြီး ထိုအကြီးအကဲသည် သွေးများအန်ကာ ဒဏ်ရာအပြင်းအထန် ရရှိနေပြီ ဖြစ်သည်။ ဆက်လက်တိုက်ခိုက်နေပါက သေချာပေါက် သေဆုံးရတော့မှာ ဖြစ်၏။
အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်သည် အနည်းငယ်စိတ်ရှုပ်သွား၏။ သူသည် တိုက်ခိုက်ရင်းက ကူညီနေရသည်။
သို့ရာတွင် မုန့်ချုံသည် ထိုအကြီးအကဲကို သတ်ဖြတ်ရန်သာ ရည်ရွယ်ထားဟန်ရပြီး တစ်ဖက်လူနှင့် ကြီးမားသည့် အမုန်းတရားတို့ ရှိနေပုံပေါ်သည်။
"ငါမင်းကို သေတဲ့အထိ တိုက်မယ်..."
ထိုအကြီးအကဲသည် ဒေါသတကြီး အော်လိုက်ပြီးနောက် စွမ်းအင်တို့ ပေါက်ကွဲထွက်လာကာ လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ ပြင်းထန်သည့် လက်သီးချက်က မုန့်ချုံအပေါ်သို့ ကျရောက်၏။
"ဘုန်း.."
မုန့်ချုံမှာ လွင့်စင်ထွက်သွားပြီး စင်မြင့်ပေါ်၌ ကြီးမားသည့် ချိုင့်ကြီးတစ်ခု ဖြစ်လာစေသည်။ ထိုအကြီးအကဲသည်လည်း မုန့်ချုံ၏ လက်သီးချက်ဖြင့် ချက်ချင်းသတ်ဖြတ်ခြင်း ခံလိုက်ရ၏။
"သေလိုက်တော့.."
ကျန်ရှိနေသည့် အံ့ဖွယ်သုံးပါးမျှော်စင်မှ လူအားလုံး၏ မျက်နှာများက သွေးရောင်တို့ ရဲသွားသည်။ သူတို့သည် ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများကို မိုးရွာသွန်းသည့်သဖွယ် ထုတ်လွှတ်၏။
"ဘုန်း.."
ကြည့်ရှု့နေသူများ အားလုံးမှာ ချက်ချင်းပင် နောက်ဆုတ်သွားကြသည်။ တိုက်ပွဲ၏ သက်ရောက်မှု ခံရမည်ကို ကြောက်ရွံ့နေ၏။
"မုန့်ချုံတော့ သေပြီမလား..."
လူအားလုံးတို့သည် မုန့်ချုံကို အံ့ဖွယ်သုံးပါးမျှော်စင်မှ ရန်သူများ၏ ပြင်းထန်သည့် တိုက်ခိုက်မှုများဖြင့် အမှုန့်ဖြစ်သွားလောက်ပြီဟု ထင်မိကြ၏။
"ဘုန်း.."
ရုတ်တရက် ရွှေရောင်အလင်းတို့ ထွက်ပေါ်လာ၏။ အားလုံး၏ အံ့ဩနေသည့် မျက်လုံးများအောက်တွင် ရွှေရောင် လူ့ဘီလူးကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ သူ၏ လက်သီးချက်များကို ထုတ်လွှတ်ရင်းက ကျဆင်းလာနေသည့် တိုက်ခိုက်မှုများကို ဆန့်ကျင်တိုက်ခိုက်၏။
"ဘယ်လို... ဘယ်လိုဖြစ်နိုင်မှာလဲ.."
"ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ.."
ရုတ်တရက်ပေါ်လာသည့် ရွှေရောင် လူ့ဘီလူးကြီးကိုကြည့်ကာ လူတိုင်းမှာ ထိတ်လန့်သွားကြသည်။ ခြောက်မီတာမြင့်မားသည့် လူ့ဘီလူးကြီး၏ ရှေ့တွင် အားလုံးတို့သည် သေးငယ်သည့် မြက်ပင်များသဖွယ် ခံစားလာရ၏။
လင်းနယ်မြေတွင် ယခုကဲ့သို့ သိုင်းပညာမျိုး ရှိနေသည်လား။ ဖြစ်နိုင်သည်မှာ ဤသည်မှာ မုန့်ချုံ၏ အစစ်အမှန် အသွင်အပြင်လား။ သူသည် လူ့ဘီလူးတစ်ကောင်လေလား။
လင်းနယ်မြေတွင် လူ့ဘီလူးများ ရှိနေသည်လား။ မဖြစ်နိုင်ပေ။
မုန့်ချုံသည် သူ၏ ခြောက်မီတာ ရွှေခန္ဓာအတတ်ကို အသက်သွင်းပြီးနောက် သေးငယ်သည့် လူ့ဘီလူးသဖွယ် ဖြစ်လာခဲ့သည်။ ကျန်ရှိသည့် အံ့ဖွယ်သုံးပါးမျှော်စင်မှ အဖွဲ့သားများကို တိုက်ခိုက်၏။
"ပျော်ဖို့ကောင်းတယ်... ဆက်ပြီး တိုက်ရအောင်.."
အံ့ဖွယ်သုံးပါးမျှော်စင်မှ ကျန်ရှိနေသည့် လူအားလုံးမှာ လုံးဝ အံ့သြထိတ်လန့် ကုန်ကြသည်။ သို့ရာတွင် ဒီအချိန်၌ မည်သည့်ဆုတ်ခွာရန် လမ်းကြောင်းမှ မရှိပေ။
"သတ်..."
အပိုင်း ၅၈၂ - သရွှမ်မြို့၌ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာ၏ စွမ်းအားကိုပြသခြင်း(၃)
ကြမ်းကြုတ်သော အော်သံတစ်ခုနှင့်အတူ သူတို့သည် ရှေ့သို့ ပြေးတက်သွားကြ၏။ မုန့်ချုံကို တိုက်ခိုက်မှုများအတွင်း၌ နစ်မြုပ်သွားစေသည်။
"သူ့ကိုဝိုင်းကြ.."
အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်က နက်ရှိုင်းသည့်အသံဖြင့် အမိန့်ပေးသည်။
လူ့ဘီလူးကြီးမှာ စွမ်းအားကြီးမားပုံ ပေါ်ပေမယ့် ၎င်းသည် တုံ့ပြန်မှု အလွန်နှေးကွေးမည် ဆိုသည်ကို သံသယဝင်စရာ မလိုပေ။
"ဝိုင်းချင်တာလား.."
မုန့်ချုံက ပြုံးသည်။ သူ၏ လက်သီးကြီးက ဖြတ်သန်းလွှဲရမ်းလာပြီး အလွန်စူးရှစွာနှင့် လျှင်မြန်စွာ ရွေ့လျားလာခဲ့၏။
တိုက်ခိုက်မှုများက သွက်လက်မှုနှင့် မြန်ဆန်မှုတို့ ပေါင်းစပ်ထားပြီး မည်သည့် ကျန့်ကြာနေသည့် အသွင်အပြင်မှ မပြပေ။ သူထုတ်လွှတ်သည့် လက်သီးချက်တိုင်းသည် အလွန်ပြင်းထန်လှ၏။
လေနှင့်မိုးကြိုးတို့၏ မာန်ဖီသံများနှင့်အတူ အကြီးအကဲများထဲမှ တစ်ယောက်ကို အသဲအသန် လိုက်လံတိုက်ခိုက်နေပြီး အခြား တိုက်ခိုက်မှုများကိုတော့ လုံးဝ လျစ်လျူရှု့ထားသည်။ သူသည် ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အား လုံးဝ ယုံကြည်ချက်ရှိ၏။
မုန့်ချုံသည် ခြောက်မီတာရွှေခန္ဓာအဖြစ် ပြောင်းလဲပြီးနောက် သူ၏ခံနိုင်ရည်တို့မှာ ပိုမိုကာပင် မြင့်တက်လာခဲ့သည်။
သူ၏ ပစ်မှတ်ထားခြင်းကိုခံရသည့် အကြီးအကဲသည် ဝင်ရောက်လာနေသည့် ကြမ်းတမ်းလှသည့် လက်သီးချက်များကို ရှောင်ရှားနိုင်ခြင်းမရှိဘဲ မျက်နှာ၌ မျှော်လင့်ချက်မဲ့အမှုတို့ ပြည့်နက်လာခဲ့၏။
အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်နှင့် အခြားအကြီးအကဲများက မုန့်ချုံကို အပြင်းအထန် တိုက်ခိုက်ကြသည်။ သို့ပေမယ့် သူ၏ခန္ဓာကိုယ်သည် တုန်ခါသွားလင့်ကစား၊ မသေခြင်းချပ်ဝတ်သည် အပ်ကွဲသွားလင့်ကစား သိလာသည့် မည်သည့်ထိခိုက်မှုကိုမှ ဖြစ်စေနိုင်ခြင်း မရှိပေ။
"ငါ မင်းနဲ့အတူ သေမယ်..."
အကြီးအကဲက သူ၏ လျှို့ဝှက်အတတ်ကို အသုံးပြုလိုက်ပြန်၏။
"ဘုန်း.."
မုန့်ချုံ၏ ခန္ဓာကိုယ်ကြီးသည် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားပြီးမှသာလျှင် ဟန်ချက်ကို လျှင်မြန်စွာ ထိန်းနိုင်လိုက်သည်။ သူသည် ပြုံးကာ အခြားအကြီးအကဲများကို ကြည့်ပြီးပြော၏။
"ဒီတစ်ခေါက် မင်းတို့အလှည့်ပဲ..."
အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများမှာ ချက်ချင်းပင် အေးစက်မှုကို ခံစားလိုက်ရသည်။ ကြည့်နေကြသည့် လူအားလုံးတို့လည်း နှလုံးသားထဲ၌ ထိတ်လန့်နေကြ၏။
မုန့်ချုံသည် အံ့သြစရာကောင်းလောက်အောင် ကြမ်းတမ်းလှပါသည်။ တစ်ကြိမ်တွင် လူတစ်ယောက်ကို တမင်ပစ်မှတ်ထားကာ တိုက်ခိုက်၏။
အစက ဤသည်ကို ကိုယ့်သေတွင်းကိုယ် တူးနေခြင်းဖြစ်မည်ဟု တွေ့မိခဲ့ကြသည်။ သို့ပေမယ့် သေဆုံးမည့်လူမှာ အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများသာ ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။
စိတ်ဝိဉာဉ်ဂိုဏ်းမှ စွမ်းအားကြီး ပုဂ္ဂိုလ်များသည် မုန့်ချုံ၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးကို ကြည့်ကာ အလွန်လေးနက်စွာ ရှိနေကြသည်။
လေလွင့်သိုင်းသမား တစ်ယောက်တွင် ဘယ်လိုလုပ်ပြီး ယခုကဲ့သို့ စွမ်းအားကြီးကာ ထူးခြားသည့် သိုင်းပညာတစ်ခုကို ပိုင်ဆိုင်ထားရသနည်း။ ဤသည်မှာ မည်သည့် သိုင်းပညာကျင့်စဉ်တစ်ခု ဖြစ်သနည်း။ အလွန်ကြောက်ဖို့ကောင်းလွန်းလှသည်။
အံ့ဖွယ်သုံးပါးမျှော်စဉ်၏ ဂိုဏ်းချုပ်မှာ ဆုတ်ခွာလို၏။ သို့ပေမယ့် မုန့်ချုံက ပြုံးကာပြောသည်။
"တိုက်ပွဲက စတင်ပြီးပြီဆိုတော့... အဆုံးသတ်တဲ့အထိ တိုက်ရမယ်... နောက်ဆုတ်တာက ခွင့်မပြုဘူး.."
"သူ့ကိုတိုက်ကြ.."
အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်က ဒေါသတကြီးအော်၏။ သူသည်လည်း နောက်ဆုံးအချိန်အထိ တိုက်ခိုက်ရန် ပြတ်သားလာခဲ့သည်။
ကျန်ရှိနေသည့် အကြီးအကဲများလည်း တူညီသည့် စိတ်အခြေအနေအတွင်းသို့ ဝင်ရောက်နေ၏။ သူတို့၏ မျက်လုံးများက အေးစက်ကာ စွမ်းအင်တို့ မြင့်တက်လာခဲ့သည်။
ချက်ချင်းပင် တိုက်ခိုက်မှု အားလုံးတို့ကို အတူတူ ထုတ်လွှတ်လိုက်ကြ၏။ မုန့်ချုံ၏ ဦးခေါင်းအား ချိန်ရွယ်ခဲ့သည်။
"ဘုန်း.."
သွေးရောင်အလင်းက လွှမ်းခြုံလာခဲ့ပြီး အံ့ဖွယ်သုံးပါးမျှော်စင်မှ လူများသည် သူတို့၏ အစွမ်းအထက်ဆုံး လျှို့ဝှက်အတတ်ကို ကိုယ်ပိုင် အသက်ဓာတ် အဆီအနှစ်အား ခမ်းခြောက်စေပြီး အသက်သွင်းလိုက်၏။
မုန့်ချုံ၏မျက်နှာက ခက်ထန်သွားသည်။ ဒီအချိန်၌ သူသည် သန်မာသည့် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။ ဒီတိုက်ခိုက်မှုကိုသာ ထိပ်တိုက် ရင်ဆိုင်မိပါက သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခုခံမှုကို ပျက်စီးသွားစေပြီး ပြင်းထန်သည့်ဒဏ်ရာများ ရရှိလာမှာ ဖြစ်သည်။
ပါးစပ်အတွင်းသို့ ဒန်ဆေးလုံးတစ်ပုလင်းအား လောင်းထည့်လိုက်ပြီးနောက် ရွှေရောင်အလင်းတို့ တောက်ပစွာ ပြန်လည်ထွက်ပေါ်လာ၏။ အထွတ်အထိပ် အခြေအနေအထိ ရောက်ရှိသွားသည်။
သူသည် စွမ်းအားကြီးမားသည့် လက်သီးချက်များကို အောင်မြင်စွာ ထိုးနှက်ပြီးနောက် မိုးခြိမ်းသံတို့နှင့်အတူ လက်သီးများဆီမှ ဆေဘာအလင်းပင် ထွက်ပေါ်လာခဲ့သည်။
"ဘုန်း.."
အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်နှင့် သူ၏အပေါင်းအပါများသည် လုံးဝ ပြက်သားစွာ ရှိနေကြ၏။ သူတို့သည် လေနှင့်မိုးကြိုးတို့ကို ဖျက်ဆီးကာ ဝင်ရောက်လာနေသည့် ဆေဘာအလင်းကို ပြိုလဲသွားစေပြီး မုန့်ချုံ၏ ဦးခေါင်းဆီသို့ တစ်ခါတည်း ထိမှန်ရန် ရည်မှန်းတိုက်ခိုက်၏။
မုန့်ချုံက အနောက်ဘက်သို့ အလွန်လျှင်မြန်သည့် အမြန်နှုန်းဖြင့် ဆုတ်ခွာသွားသည်။
"အချိန်ကျပြီ.."
အခိုက်အတန့်တစ်ခုတွင် သူသည် အသံပြုလိုက်ပြီး လက်ကို ဆေဘာတစ်ချောင်းအဖြစ် အသုံးပြုကာ ဆေဘာအလင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့် အတူ ရန်သူ၏ တိုက်ခိုက်မှုမှာ အလယ်ခေါင်မှ ကွဲထွက်သွားခဲ့သည်။
ချက်ချင်းပင် သူသည် နောက်ထပ် ဆေဘာဓားချက်တစ်ခုကို ထပ်မံထုတ်လွှတ်လိုက်၏။ ရန်သူ၏တိုက်ခိုက်မှုကို မရေမတွက်နိုင်သည့် အပိုင်းအစများအဖြစ် ပြောင်းလဲသွားစေသည်။
သို့ပေမယ့် ဝင်ရောက်လာနေသည့် တိုက်ခိုက်မှုစွမ်းအားသည် အလွန်ကြမ်းတမ်းနေဆဲ ရှိ၏။ သို့ပေမယ့် တစ်ခုတည်းအဖြစ် စုစည်းနေသည့် စွမ်းအားတို့သည် ဆယ်ခုကျော်အထိ ကွဲထွက်သွားခဲ့၏။
"အဆင်သင့်ဖြစ်ပြီ.."
မုန့်ချုံ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူသည် တိုက်ခိုက်မှုကို အားနည်းအောင် လုပ်ဆောင်ပြီးဖြစ်ရာ ခံနိုင်ရည်ရှိပြီဟု တွေးမိလိုက်သည်။
ကောင်းကင်တူတစ်ရာ သန့်စင်ခြင်းအတတ်အား အသက်သွင်းကာ ထိုတိုက်ခိုက်မှုကို ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် တိုက်ရိုက်ခံယူ၏။
"ဘုန်း.."
မသေခြင်းချပ်ဝတ်က ပျက်စီးသွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ပေါ်ပေါက်လာခဲ့သည်။ သို့ရာတွင် ကောင်းကင်တူတစ်ရာ သန့်စင်ခြင်းအတတ်၏ သန့်စင်မှု ဖြစ်စဉ်အတွင်းတွင် တိုက်ခိုက်မှု၏ စွမ်းအားများသည် သန့်စင်ခြင်းစွမ်းအားအဖြစ် ပြောင်းလဲသွားခဲ့၏။ ဤသည်က သူ၏ သိုင်းပညာ အဆီအနှစ်အဖြစ် ပြောင်းလဲလာခဲ့သည်။
မုန့်ချုံသည် သူစုစည်းထားသည့် သိုင်းပညာအခြေခံသည် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန် အနည်းငယ်သာလိုအပ်တော့ကြောင်းကို ခံစားလိုက်ရသည်။ ထိုလိုအပ်နေသည့် အနည်းငယ်သည် ဒန်ဆေးလုံးအချို့ သို့မဟုတ် စိတ်ဝိဉာဉ်ဆေးပင်အချို့ကို သန့်စင်ခြင်းနှင့် အချိန်ခဏလောက် ကျင့်ကြံခြင်းဖြင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိစေနိုင်၏။
ထိုအချိန်၌ သူ၏ မသေခြင်းရွှေခန္ဓာ ဒုတိယအဆင့်ကို ချိုးဖျက်ရန် အချိန်သို့ ရောက်ရှိပေလိမ့်မည်။ သရွှမ်မြို့ရှိ တိုက်ပွဲကြီးသည် အဆုံးသတ်သင့်ပြီ ဖြစ်၏။