← Chapters

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

အပိုင်း ၅၈၃ - လင်းနယ်မြေတစ်ခုလုံးအား အံ့ဩသွားစေခြင်း၊ သိုင်းတစ်ထောင်ခန်းမ၏ လိုက်လံမှု

သရွှမ်မြို့ရှိ တိုက်ပွဲကြီးသည် မုန့်ချုံ၏ အံ့ဖွယ်သုံးပါးမျှော်စင်မှ ဂိုဏ်းချုပ်နှင့် အကြီးအကဲများကို တစ်ယောက်တည်း သတ်ဖြတ်ခဲ့မှုဖြင့် အဆုံးသတ်ခဲ့၏။

အံ့ဖွယ်သုံးပါးမျှော်စင်မှာ သိုင်းတစ်ထောင်ခန်းမ၏ လက်အောက်ရှိ ထိပ်တန်း စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုဖြစ်သည်။ သို့ပေမယ့် ယခုအချိန်၌ ၎င်းသည် စွမ်းအားကြီးပုဂ္ဂိုလ်အားလုံး နီးပါးတို့ သတ်ဖြတ်ခြင်း ခံခဲ့ရပြီး ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်း တစ်ခု၏ ဂုဏ်သိက္ခာတို့ ဆုံးရှုံးသွားခဲ့၏။

မုန့်ချုံ၏ ခြောက်မီတာမြင့်မားသည့် ခန္ဓာကိုယ်နှင့် ရွှေရောင်ချပ်ဝတ်တို့ အကြောင်းသည်လည်း လင်းနယ်မြေ၏ ဒေသအသီးသီးဆီသို့ မုန်တိုင်းတစ်ခုနှယ် ပျံ့နှံ့သွားသည်။

သူသည် ရွှီယန်၏ အပြုအမူလောက် ထည်ဝါခြင်း မရှိပေမယ့် မရေမတွက်နိုင်သည့် စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် သိုင်းသမားများစွာတို့ကို အံ့သြသွားစေဆဲ ရှိ၏။

မုန့်ချုံသည် ဆေဘာအရှင်သခင်ဟု အမည်တွင်ပြီး သရွှမ်မြို့၌ စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ပါရမီရှင်အားလုံးတို့ကို အနိုင်ယူကာ အံ့ဖွယ်သုံးပါးမျှော်စင်ကို တစ်ယောက်တည်း ပြိုလဲသွားစေခဲ့သည်။

"သိုင်းတစ်ထောင်ခန်းမက ကံတွေ ဆိုးနေတာလား..."

"ဟုတ်မယ်... သူတို့က အရမ်းအရှက်မဲ့လွန်းလို့ ဝဋ်ပြန်လည်တာ ဖြစ်လိမ့်မယ်.."

စိတ်ဝိဉာဉ်နယ်မြေရှိ သိုင်းလောကတွင် သိုင်းတစ်ထောင်ခန်းမနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများစွာ ပေါ်လာခဲ့၏။

ဓားဂိုဏ်းရှိ ပါရမီရှင်နှင့် ဂိုဏ်းချုပ်တို့ကို ရွှီယန်က သတ်ဖြတ်ခဲ့သည်။ ဤသည်မှာလည်း သိုင်းတစ်ထောင်ခန်းမ၏ လက်အောက်ခံဂိုဏ်းတစ်ခု ဖြစ်၏။

အံ့ဖွယ်သုံးပါးမျှော်စင်ရှိ ပါရမီရှင်တို့ကို မုန့်ချုံက သတ်ဖြတ်ခဲ့သည်။ ဂိုဏ်းချုပ်နှင့် အကြီးအကဲများလည်း အပါအဝင်ဖြစ်၏။ ဤသည်က သူတို့၏ ခွန်အားကို ကြီးစွာ လျော့ကျသွားစေသည်။ ဤသည်မှာလည်း သိုင်းတစ်ထောင်ခန်းမ၏ လက်အောက်ခံ အင်အားစုတစ်ခု ဖြစ်၏။

သိုင်းတစ်ထောင်ခန်းမ ကိုယ်တိုင်မှာလည်း ပါရမီရှင်များ သတ်ဖြတ်ခြင်းခံရကာ ဒီဗိုင်းကိရိယာပင် လုယူခြင်းခံခဲ့ရ၏။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ အကြားတွင် သိုင်းတစ်ထောင်ခန်းမသည် ပထမဆုံး အရှုံးပေါ်ကာ အထိနာခဲ့ခြင်း ဖြစ်သည်။

မုန့်ချုံနှင့် ရွှီယန်တို့ကြောင့် စိတ်ဝိဉာဉ်နယ်မြေရှိ သိုင်းလောကသည် စိတ်လှုပ်ရှားစရာ ကောင်းမှုတို့ဖြင့် ပိုမိုအုံကြွလာခဲ့၏။ ပါရမီရှင်များအကြား တိုက်ပွဲကို ပိုမိုကာပင် စည်ကားလာစေသည်။

"သူတို့တွေ ရွှီယန်ကို ဖမ်းမမိသေးဘူးလား..."

"မမိသေးဘူး.."

"သိုင်းတစ်ထောင်ခန်းမရဲ့ ဂုဏ်သတင်းတော့ ကုန်ပြီထင်တယ်.."

"ရွှီယန်ကလည်း တကယ့်ကောင်ပဲ... သိုင်းတစ်ထောင်ခန်းမရဲ့ ဒီဗိုင်းကိရိယာကို လုယူပြီးတော့ လိုက်ဖမ်းတာကိုတောင်မှ ရှောင်ပြေးနိုင်ခဲ့တယ်.."

အစက လူတိုင်းသည် ရွှီယန်ကို အကြာကြီး ပြေးနိုင်ခြင်းမရှိဘဲ သိုင်းတစ်ထောင်ခန်းမရှိ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ သတ်ဖြတ်ခြင်းကို ခံရမည်ဟု ထင်ထားခဲ့၏။

သို့ရာတွင် ရွှီယန်သည် လွတ်လွတ်လပ်လပ် လှည့်လည်သွားလာနေပုံ ရသည်။

သိုင်းတစ်ထောင်ခန်းမရှိ ဆေဘာသခင် အကြီးအကဲသည် အသဲအသန် လိုက်နိုင်ရှာဖွေနေဆဲရှိပြီး ယခုအချိန်အထိ မတွေ့နိုင်သေးပေ။

"ရွှီယန်ပေါ်လာတယ်.. ရွှီယန်ပေါ်လာတယ်..."

"တကယ်လား...သူ အသတ်ခံလိုက်ရပြီလား.."

"မဟုတ်ဘူး... သူသိုင်းတစ်ထောင်ခန်းမရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို သတ်ဖြတ်ပြီး ထွက်ပြေးသွားပြန်ပြီ.."

ရံဖန်ရံခါ၌ ရွှီယန်၏သတင်းတို့ ပေါ်လာလေ့ရှိ၏။ သူ၏ တည်နေရာများမှာ လျှို့ဝှက်မနေပေ။

ထိုကဲ့သို့ အကြိမ်ကြိမ် ဖြစ်ပွားပြီးနောက် လူတိုင်းသည် ရွှီယန်မှာ သူ၏တည်နေရာအား တမင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်မည်ဟု သံသယဝင်လာခဲ့၏။ သိုင်းတစ်ထောင်ခန်းမ၏ စွမ်းအားကြီးပုဂ္ဂိုလ်များ လိုက်လံသတ်ဖြတ်မှုကို ဖြစ်ပေါ်အောင် ဖန်တီးနေဟန်ရသည်။

"ဒန်ဆေးနတ်သမီး အကြောင်းကို မင်းကြားပြီးပြီလား... အံ့ဖွယ်သမားတော်လေ... ပြောကြတာက.. သူမက အခြေခံထိခိုက်ထားတဲ့ သိုင်းပညာရှင်တစ်ယောက်ကိုတောင်မှ ပြန်ကောင်းအောင် ကုသနိုင်တယ်တဲ့.."

"ငါလည်းကြားတယ်... သူမရဲ့ဆေးပညာက တကယ့်ကို အံ့သြဖို့ကောင်းလွန်းတယ်.."

"ဟုတ်တယ်... ငါနဲ့ ဘယ်နှစ်ဝမ်းခွဲလဲမသိ တော်တဲ့ အမျိုးတစ်ယောက်ရဲ့ သားရဲ့ သွေးသောက်ညီအကိုရဲ့ ညီ စိတ်ဝိဉာဉ်ဂိုဏ်းက ယုတ်မာတဲ့ကောင်တွေကြောင့် အခြေခံ လုံးဝ ပျက်စီးသွားခဲ့ရတယ်။ ပြီးတော့ ဒုက္ခိတတစ်ယောက် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် အခု ပြန်လည်ကောင်းမွန်နေပြီး သူ့ရဲ့ခွန်အားတောင် ကောင်းကင်လူသားငယ်အဆင့်ကို ရောက်နေပြီ.."

"တကယ်ပဲ အဲ့လောက်ကြီး အံ့သြဖို့ကောင်းလို့လား.."

"ဒါပေါ့.."

"ဒန်ဆေးနတ်သမီးက ဘယ်နေရာမှာလဲ..."

"လော့ဒေသမှာ... ချန်ချင်းစံအိမ် ဆိုပြီးတော့ တည်ထားတယ်။ အစက ချီမင်ဂိုဏ်းရဲ့နေရာပဲ.."

လင်းနယ်မြေတလျှောက်တွင် ရွှီယန်နှင့် မုန့်ချုံတို့၏ သတင်းများမှာ ခြိမ့်ခြိမ့်သဲသဲ ပျံ့နှံ့နေပြီး သိုင်းသမားတိုင်းသည် သူတို့၏ အကြောင်းကို ဆွေးနွေးနေကြသကဲ့သို့ နောက်ထပ် သတင်းသစ်တစ်ခုလည်း စတင်ပျံ့နှံ့လာခဲ့သည်။

ချန်ချင်းစံအိမ်၏ ဒန်ဆေးနတ်သမီး စုလင်းရှုံသည် အံ့ဖွယ်ကောင်းသည့် ကုသခြင်း စွမ်းအားတို့ကို ပိုင်ဆိုင်ထားပြီး သေသူကိုပင် ပြန်ရှင်အောင်လုပ်နိုင်၏။ မည်သည့် ပြင်းထန်လှသည့် ဒဏ်ရာကိုမဆို လူသာ မသေပါက ပျောက်ကင်းအောင် ကုသပေးနိုင်သည်။

သို့ပေမယ့် ကုသမှုစရိတ်ကို တတ်နိုင်ရန်လိုအပ်၏။

စရိတ်မှာ စိတ်ဝိဉာဉ်ဆေးပင်များ ဖြစ်သည်။

လူအချို့မှာ အလွန်အံ့သြနေကြပြီး လင်းနယ်မြေတွင် ယခုကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်သည့် အတတ်ပညာတစ်ခု မည်ကဲ့သို့ ပေါ်လာသနည်းဟု တွေးတောမိကြ၏။

အချို့မှာတော့ မယုံကြပေ။ သို့ပေမယ့် မည်သို့ပင် ဆိုစေကာမူ ဒန်ဆေးနတ်သမီး စုလင်းရှုံ၏ အမည်သည် လင်းနယ်မြေတလျှောက် စတင်ပျံ့နှံလာခဲ့၏။

"စီနီယာအစ်ကိုကြီးက အရမ်းကို စွမ်းအားကြီးလွန်းတယ်.."

မြို့ကြီးတစ်မြို့တွင် ဦးခေါင်းပေါ်၌ ဆံပင်အတုကို ဝတ်ဆင်ထားသည့် မုန့်ချုံက မနေနိုင်ဘဲ ရေရွတ်၏။ အစက သူသည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီသို့ သွားရောက်လိုခဲ့သည်။ သို့ပေမယ့် ရရှိလာသည့် သတင်းများအရ သူ၏ စီနီယာအကိုကြီးသည် သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်အားလုံးတို့ကို သတ်ဖြတ်ခဲ့သည့်အပြင် ဒီဗိုင်းကိရိယာကိုပါ လုယက်ပြီး ထွက်ပြေးသွားသည်ဟု ကြားရ၏။

ယခုအချိန်၌ သိုင်းတစ်ထောင်ခန်းမသည် ရူးသွပ်နေပါသည်။ ထို့ကြောင့် ဂိတ်တံခါးကို သွားရောက်ပိတ်ပင်မည့် စိတ်ကူးကို ဖယ်ထုတ်လိုက်ရ၏။ သူသာ ဒီအချိန်၌ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီသို့ သွားရောက်သောင်းကြမ်းပါက သိုင်းတစ်ထောင်ခန်းမ၏ စွမ်းအားကြီးပုဂ္ဂိုလ်များ အားလုံးကို ပေါက်ကွဲသွားစေမှာဖြစ်သည်။

"ဒါမှမဟုတ်ရင်... ငါ လိင်ယွင်တောင်စံအိမ်ရဲ့ ဂိတ်တံခါးကို သွားပြီးပိတ်သင့်လား.."

မုန့်ချုံသည် အတွေးနက်သွား၏။ သူနှင့် လိင်ယွင်တောင်စံအိမ်တို့ အကြားတွင် တိုက်ရိုက်ရန်ငြိုးတို့ ရှိမနေရာ တံခါးဝ၌ သွားပိတ်ကာ သောင်းကြမ်းခြင်းသည် မကောင်းလောက်ပါ။

ထို့အပြင် သိုင်းတစ်ထောင်ခန်းမ၏ သင်ခန်းစာအပြီးတွင် လိင်ယွင်တောင်စံအိမ်သည် တိုက်ရိုက်ဆန်စွာ တုံ့ပြန်မည် မဟုတ်လောက်ပေ။

သူ့အနေနှင့် ကြောက်ရွံ့ခြင်း မရှိပေ။ ဆရာပေးထားသည့် ဒီဗိုင်းဆန်းကြယ်စွမ်းအား ကျောက်စိမ်းအဆောင် ဆောင်ထား၏... သို့ရာတွင် သိုင်းလောကတွင် နာမည်တစ်ခုကို တည်ဆောက်ရာ၌ ကိုယ့်ကိုယ်ကိုယ်သာ မှီခိုသင့်ပေသည်။

'အရင်ဆုံး နေရာတစ်ခုရှာပြီး အချိန်တစ်ခုတော့ တံခါးပိတ်ကျင့်ကြံရမယ်... မသေခြင်းရွှေခန္ဓာရဲ့ ဒုတိယအဆင့်ကို အမြန်ချိုးဖျက်ရမယ်.."

မုန့်ချုံသည် အတွေးနက်သွား၏။ သူသည် မသေခြင်းရွှေခန္ဓာ၏ ဒုတိယအဆင့်သို့ ချိုးဖျက်မှုအပြင် မသေခြင်းရွှေခန္ဓာ၏ တတိယအဆင့်ရှိ ကျင့်စဉ်တို့ကိုလည်း နားလည်သဘောပေါက်ရန် လိုအပ်သေးသည်။

ဒီအချိန်သည် ၎င်းတို့ကို လေ့လာရန် အချိန်ဖြစ်၏။ သူသည် ဒုတိယအဆင့်သို့ ချိုးဖျက်ခါနီး ရှိနေပါပြီ။ ထို့ကြောင့် တတိယအဆင့်ရှိ ကျင့်စဉ်သဘောတရားတို့ကို ကြိုတင်နားလည်အောင် ပြုလုပ်ရမည် ဖြစ်၏။

'ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် သိုင်းပညာစနစ်သာ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ကို ချိုးဖျက်ပြီးရင် ဘယ်လို ဒီဗိုင်းဆန်းကြယ် စွမ်းအားတွေ ရရှိလာလောက်မလဲ..'

မုန့်ချုံသည် မျှော်လင့်နေမိ၏။

'အဆင့်ချိုးဖျက်ပြီးတဲ့ အခါကျရင် ငါလည်း လင်းနယ်မြေတလျှောက် အတွေ့အကြုံ လိုက်ယူသင့်တယ်။ နေရာတိုင်းမှာ အခြားသိုင်းသမားတွေနဲ့ သိုင်းပညာဖလှယ်ရမယ်။ လောကကြီးကို အရပ်မျက်နှာ အားလုံးမှာ နားလည်အောင် လုပ်ရမယ်။ အတွေ့အကြုံတွေကို စုဆောင်းရမယ်..'

မုန့်ချုံသည် နှလုံးသားထဲတွင် အစီအစဉ်တစ်ခုအား ချမှတ်ပြီးနောက် မြို့ထဲမှထွက်ကာ တံခါးပိတ်ကျင့်ကြံရန် နေရာတစ်ခုကို ရှာဖွေသည်။

'အခုအချိန်မှာ ဂျူနီယာ ညီမလေးလည်း နာမည်ကျော်ကြားနေပြီ..'

သိုင်းသမားများ၏ ဒန်ဆေးနတ်သမီး အကြောင်းကို ဆွေးနွေးနေပုံကို ကြားရပြီးနောက် သူသည် မနေနိုင်ဘဲအံ့သြသွား၏။

'ဒါပေမယ့်... နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စတုတ္ထညီရဲ့ ဂုဏ်သတင်းက နည်းနည်း နိမ့်ပါးနေသေးတယ်..'

ဖန်းဟောင်မှာ ယွီကျိုး၏ မျိုးဆက်စုံမဟာမိတ်အဖွဲ့ခွဲခေါင်းဆောင်ဖြစ်ပေမယ့် ဂုဏ်သတင်းအနည်းငယ်သာ ရှိသည်ဟု ဆိုနိုင်၏။

သူသည် ယွီကျိုး၏ အုပ်ချုပ်ပုံစနစ်ကို ပထမဆုံး ချိုးဖျက်ခဲ့သူ ဖြစ်ကာ လင်းနယ်မြေ၏ အုပ်ချုပ်ပုံစနစ်ကို ပထမဆုံး စိန်ခေါ်ခဲ့သူဖြစ်လျှင်တောင် ယွီကျိုးမှာ အလွန် အားနည်းလွန်းလှသည်။ ထို့ကြောင့် အာရုံအများကြီးကို ဆွဲဆောင်နိုင်ခြင်း မရှိပေ။

ရွှီယန်သည် သူ၏ လမ်းကြောင်းပေါ်တွင် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရပ်နေသည့် အဘိုးအိုကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကျုံ့သွား၏။

ထိုအဘိုးအို၏ အငွေ့အသက်တို့သည် အလွန် ထူးဆန်းနေပြီး သူ့ကို အန္တရာယ်အငွေ့အသက်အား ရေးတေးတေး ပေးစွမ်းနေ၏။

"ရွှီယန်... အနှိုင်းမဲ့တဲ့ ပါရမီရှင်လား... ဒီနေ့မှာတော့ မင်းသေရမယ်.."

အဘိုးအို၏ အက်ကွဲနေသည့်အသံက လွင့်ပျံလာခဲ့၏။

"သိုင်းတစ်ထောင်ခန်းမက လူလား.."

ရွှီယန်သည် မျက်မှောင်ကျုံ့သွား၏။ ဒီအဘိုးအိုသည် မူမှန်ခြင်း မရှိပေ။

ဒီတစ်ကြိမ်တွင် သူသည် အရိပ်အယောင်အချို့ကိုသာ ဖော်ပြခဲ့ခြင်း ဖြစ်၏။ ဘယ်လိုလုပ်ပြီး ဒီအဘိုးကြီးကို ရောက်ရှိလာစေခဲ့သနည်း။

"ရေခဲဆေဘာဓား ဘယ်မှာလဲ.."

အပိုင်း ၅၈၄ - လင်းနယ်မြေတစ်ခုလုံးအား အံ့ဩသွားစေခြင်း၊ သိုင်းတစ်ထောင်ခန်းမ၏ လိုက်လံမှု(၂)

တစ်ဖက်ရှိ အကြီးအကဲ အဖိုးအိုက ဖြေကြားခြင်းမပြုဘဲ မျက်မှောင်ကျုံ့ကာ ပြန်မေး၏။

အကြွင်းမဲ့ရေခဲဆေဘာဓားသည် ရွှီယန်၏ လက်ထဲတွင်မရှိပေ။ လမ်းတွင် လွှတ်ပစ်လိုက်သည်လား။

သို့ပေမယ့် ဤသည်မှာ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ဘာပဲဖြစ်ဖြစ် ဒီဗိုင်းကိရိယာတစ်ခု ဖြစ်ပါသည်။ တစ်နေရာတွင် သွားရောက် ဝှက်ထားသည်လား။

"အအေးဓားရဲ့ တည်နေရာကို ငါ့ကိုပြော... အဲ့ဒါဆိုရင် မင်းကို မြန်မြန်သေခွင့်ပေးမယ်.."

ထိုအကြီးအကဲက အေးစက်စွာ ပြောသည်။

ရွှီယန်ကပြုံး၏။ လက်တစ်ဝှေ့နှင့်အတူ အကြွင်းမဲ့ရေခဲဆေဘာဓားကို ဆွဲထုတ်လိုက်သည်။

"ခင်ဗျားကိုယ်ခင်ဗျား အစွမ်းရှိတယ်ထင်ရင် လာပြီးတော့ ဒီအသုံးမဝင်တဲ့ ဆေဘာကို လုလှည့်.."

ပြောပြီးသည်နှင့် သူသည် အကြွင်းမဲ့ရေခဲဆေဘာကို သိုလှောင်လက်စွပ် အတွင်းသို့ ပြန်ထည့်လိုက်၏။

အကြီးအကဲမှာ လုံးဝ အံ့သြသွားသည်။ သိုလှောင်အိတ်တို့သည် ဒီဗိုင်းကိရိယာတို့ကို ထည့်သွင်းနိုင်ခြင်း မရှိပေဘူးမလား။

"အခု သေလိုက်တော့.."

အကြီးအကဲက အသံပြုပြီးနောက် သူ၏ အဖြူရောင်ဆံပင်များသည် လေထဲတွင် လူးလွန့်နေပြီး မျက်နှာက နီရဲလာ၏။ အေးစက်မှုနှင့် သေခြင်းစွမ်းအင်တို့ ရောယှက်နေပုံ ပေါ်သည့် အငွေ့အသက်တစ်ခု လွှမ်းခြုံလာကာ ရွှီယန်ဆီသို့ ပြင်းထန်သည့် လက်သီးချက်တစ်ချက်ကို ထိုးသွင်းလိုက်သည်။

ရွှီယန်က ဓားချက်တစ်ချက်ကို ဖော်ထုတ်လိုက်ပြီးနောက် တောင်နှင့်မြစ်တို့၏ မြေမျက်နှာသွင်ပြင်က ပေါ်လာခဲ့သည်။

"ဘုန်း.."

တောင်နှင့်မြစ်မှာ ပြိုလဲပြီး အကြီးအကဲက ရှေ့သို့တက်လာကာ နောက်ထပ် လက်သီးချက်တစ်ချက်ကို ထိုးသည်။ လေထဲတွင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတို့ဖြင့် ပြည့်နက်နေပြီး သေခြင်းစွမ်းအင်တို့ စိမ့်ဝင်လာ၏။

"ဘာမဟုတ်တဲ့ အစွမ်းလေးနဲ့..."

ရွှီယန်က အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူသည် ရှည်လျားသည့် တိုက်ပွဲတစ်ခုကို ဆင်နွှဲနိုင်ခြင်း မရှိကြောင်းအား နားလည်၏။ သိုင်းတစ်ထောင်ခန်းမမှ ဆေဘာသခင် အကြီးအကဲသာ ရောက်ရှိလာပါက တစ်ဖက်လူကို ချန်ရစ်ခဲ့နိုင်ရန် အချိန်အတော်ကြာအောင် ပြေးရမှာ ဖြစ်သည်။

"ဘဇ်.."

ထိုအချိန်၌ သူသည် ဓားချက်ဖြင့် ခုတ်ပိုင်းလိုက်ပြီးနောက် လျှပ်တပြက်လေ ဓားဆန္ဒအား တောင်နှင့်မြစ်ဓားဆန္ဒအတွင်းသို့ ကွယ်ဝှက်ထားလိုက်သည်။ ကြည့်ရသည်မှာ ဓားချက်တစ်ချက်တည်း ဖြစ်ပေါ်ပုံပြီး ထည်ဝါလှသည့် တောင်နှင့်မြစ်၏ စွမ်းအားသည် တစ်ဖက်လူအပေါ်သို့ ခွန်အားအပြည့်ဖြင့် ကျဆင်းလာခဲ့သည်။

အကြီးအကဲ၏ မျက်နှာက အနည်းငယ် မဲမှောင်သွားပြီး သူ၏ခန္ဓာကိုယ်မှ ငွေမီးခိုးရောင် အလင်းတို့ ထွက်ပေါ်လာ၏။ သေခြင်းစွမ်းအင်က ရစ်ဝဲနေကာ လူတစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

ဒီအချိန်၌ ပတ်ဝန်းကျင်ရှိ အပူချိန်သည် ကျဆင်းသွားခဲ့ပြီး အရိုးကွဲမတတ် အေးစက်လှသည့် သေခြင်း၏ အငွေ့အသက်မှာ လေထဲတွင် ပြည့်နက်လာခဲ့သည်။

"ဝှစ်.."

သူသည် နောက်ထပ် လက်သီးချက်ဖြင့် ထိုးလိုက်၏။ အိုမင်းနေသည့် ခန္ဓာကိုယ်သည် ပိုမိုကာပင် ခြောက်သွေ့လာပြီး ဒီဗိုင်းဝိဉာဉ်မှာ စတင်ပြိုလဲလာခဲ့သည်။

အကြီးအကဲ၏ မျက်နှာပေါ်တွင် မည်သည့် နာကျင်သည့် ခံစားချက်မှ မပြပါ။ အဲ့ဒီ့အစား အပြုံးတစ်ခုကို ဆင်မြန်းထားပြီး ထူးမခြားနားစွာ ရှိနေ၏။

ရွှီယန်၏ နှလုံးသားက အခုန်မြန်သွားသည်။ ဒီတိုက်ခိုက်မှုသည် အလွန်ထူးခြား၏။ သေခြင်း၏ အငွေ့အသက်ဖြင့် လွှမ်းခြုံနေပါသည်။

လျှပ်တပြက်အတွင်း အကြီးအကဲ၏ တစ်သက်တာကျင့်ကြံထားသည့် သိုင်းပညာများအား ထုတ်လွှတ်လိုက်သည့်ဟန် ရ၏။

"အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေမှာ တကယ်ပဲ အစွမ်းအချို့ ရှိတယ်... သိုင်းတစ်ထောင်ခန်းမမှာလည်း ဒီလိုလျှို့ဝှက်အတတ်မျိုး ပိုင်ဆိုင်ထားတာလား... ဖြစ်နိုင်တာက သူတို့ရဲ့ အသေခံ သိုင်းသမားတစ်ယောက် များလား.."

ရွှီယန်၏ရှေ့တွင် သေခြင်းရှင်ခြင်း ဓားစက်ဝန်းက ပေါ်လာခဲ့၏။ သေခြင်းနှင့်ရှင်ခြင်းတို့အား လဲလှယ်နိုင်သည့်နှယ် ရှိပြီး အကြီးအကဲ၏ တိုက်ခိုက်မှုကို ပျက်ပြယ်သွားစေသည်။

သို့ပေမယ့် ဝူယွမ်နှင့် နှိုင်းယှဉ်ပါက လက်ရှိ တိုက်ခိုက်မှုမှာ ပိုမိုကြမ်းကြုတ်လှ၏။ သေခြင်း အငွေ့အသက်သည် အနည်းငယ်ထိမိသည်နှင့် ပြင်းထန်သည့် အဆိပ်ကဲ့သို့ တိုက်စားကာ ဖယ်ထုတ်၍ မရနိုင်အောင် ရှိနေပါသည်။

ရွှီယန်သည် သူ၏ ဒီဗိုင်းအနှစ်သာရကို လှည့်လည်ပြီး ထိုအငွေ့အသက်ကို ခုခံ၏။

'ဒါက တော်တော်လေး စွမ်းအားကြီးတယ်...'

ဒီဗိုင်းအနှစ်သာရ တစ်မျှင်သည် သေခြင်းအငွေ့အသက်၏ ကူးစက်ခြင်းကို ခံလိုက်ရ၏။

ရွှီယန်က ချက်ချင်းပင် ထိုဒီဗိုင်းအနှစ်သာရ အမျှင်ကို ဖြတ်တောက်လိုက်ကာ လေထဲတွင် ပျောက်ကွယ်သွားစေသည်။

သူသည် နောက်ဆုတ်ရင်းက တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်၏။ အကြီးအကဲ၏ တိုက်ခိုက်မှုသည် ပိုမိုပိုမိုကာ နီးကပ်လာပြီး ခုခံရန် မဖြစ်နိုင်အောင် ဖြစ်လာစေခဲ့ဟန် ရသည်။ အထူးသဖြင့် သေခြင်းအငွေ့အသက် ဖြစ်၏။ ၎င်းသည် ကပ်ပါးတစ်ကောင်ကဲ့သို့ လိုက်လံတိုက်စား၏။

"အသက်ဓာတ်စွမ်းအားနဲ့ ဒီဗိုင်းဝိဉာဉ်မှာ ဒီလို သေစေနိုင်တဲ့ အငွေ့အသက်တစ်ခု စုစည်းနိုင်ဖို့ ကြီးမားတဲ့ အချိန်နဲ့ တန်ဖိုးကို ပေးရလောက်တယ်မလား.."

"အဲ့ဒီ့အပြင် သက်တမ်းကုန်ခါနီးမှသာ အသုံးပြုနိုင်လိမ့်မယ်.."

'ဒီစွမ်းအားက တကယ့်ကို ပြင်းထန်တာကိုတော့ ဝန်ခံရလိမ့်မယ်... ဒါပေမယ့် ငါ့ရဲ့မျက်လုံးထဲမှာ ဒီလိုလျှို့ဝှက်အတတ်မျိုးက အမှိုက်သရိုက်ထက် မပို့ဘူး..'

ရွှီယန်သည် တည်ငြိမ်စွာသာ ရှိနေ၏။ ဒီရင်ဆိုင်တိုက်ခိုက်မှု အတွင်းတွင် သူသည် တစ်ဖက်အကြီးအကဲ၌ ယခုကဲ့သို့သော သေခြင်းစွမ်းအားတို့ မည်ကဲ့သို့ ပိုင်ဆိုင်ထားခြင်းကို သုံးသပ်ချက်ထုတ်နိုင်ခဲ့သည်။

အဘိုးအို၏ မျက်နှာက မဲမှောင်သွား၏။ သူ၏ မျက်လုံးများထဲ၌ ချီးကျူးသည့် အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။

ခဏအတွင်းတွင် ရွှီယန်သည် သူ၏ လျှို့ဝှက်အတတ် အရင်းအမြစ်ကို အကဲခတ်နိုင်၏။ ဒီကောင်လေးသည် အလွန် မကောင်းဆိုးဝါး ဆန်လှသည်။ သူသည် ပြီးခဲ့တုန်းက သွေးနတ်ဆိုးထက်ပင် ကျော်လွန်၏။ ဒီအန္တရာယ်အား သေချာပေါက် ရှင်းလင်းရပေမည်။

"ဘုန်း.."

ဒီအချိန်၌ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က စတင် ယိုယွဲလာပြီး တိုက်ခိုက်မှုက ပိုမိုပြင်းထန်လာ၏။ သေခြင်းအငွေ့အသက်တို့သည် လုံးဝ အမဲရောင်ပြောင်းသွားလုမတတ် ရှိလာခဲ့သည်။

၎င်းသည် အရိုးပေါ်ရှိ လောက်ကောင်ကဲ့သို့ တွယ်ကပ်နေကာ ရွှီယန်၏ တိုက်ခိုက်မှုများကို ဆက်တိုက် တိုက်စားနေသည်။ ဆက်တိုက် ချဥ်းကပ်နေသည်။ ထို့အပြင် ပိုမိုကာလည်း ပြင်းထန်လာခဲ့သည်။

"မင်းနားလည်တော့ရော ဘာဖြစ်လဲ... ထွက်ပြေးနိုင်မှာမှ မဟုတ်တာ.."

သူ၏ တိုက်ခိုက်မှုတို့သည် ရွှီယန်၏ တည်ရှိမှုအား ပစ်မှတ်ထားထားပြီး ရွေးချယ်စရာမရှိဘဲ ထိပ်တိုက်ရင်ဆိုင်ရစေသည်။ ရှောင်ကျင်ရန်အတွက် မည်သည့် ဖြစ်နိုင်ချေမှ မရှိပေ။

ထို့အပြင် ရွှီယန်သည် စွမ်းအားနှင့် တိုက်ခိုက်မှုတို့ကို အောင်မြင်စွာ ချေဖျက်နိုင်လျှင်တောင် သေခြင်းအငွေ့အသက်တို့၏ တိုက်စားမှုကို ခံရမှာ သေချာပေါက်ဖြစ်၏။ သိုင်းပညာအခြေခံအား တိုက်စားမည် ဖြစ်သည်။ ဒီဗိုင်းဝိဉာဉ်အား တိုက်စားမည် ဖြစ်သည်။ ထိခိုက်မှုတို့ ကြီးမားစွာ ဖြစ်ပွားမည်မှာ သေချာ၏။

ထို့အပြင် လက်ရှိအခြေအနေကို ကြည့်ရသည်မှာ ရွှီယန်သည် သူ၏ တိုက်ခိုက်မှုများကိုပင် ခံနိုင်ရည်မရှိပေ။

အကြီးအကဲ၏ မျက်လုံးများက အေးစက်သွားသည်။

ရွှီယန်သည် သေချာပေါက် သေဆုံးရန် ကံပါလာခဲ့၏။ သူကိုယ်တိုင်မှာ အကြာကြီး အသက်ရှင်နိုင်တော့မည် မဟုတ်လျှင်တောင် အခြားလူများသည် ဒီနေရာကို မကြာခင်တွင် ရှာတွေ့သွားမှာ ဖြစ်၏။

ဆေဘာသခင် အကြီးအကဲလည်း အမြန်ဆုံး ရောက်ရှိလာလောက်သည်။ ထိုအခါ အကြွင်းမဲ့ ရေခဲဆေဘာကို ပြန်လည်ရယူနိုင်မည် ဖြစ်၏။

ပြီးလျှင် ရွှီယန်၏ခန္ဓာကိုယ်အား သိုင်းတစ်ထောင်ခန်းမ၏ အဝင်ဝတွင် ချိတ်ဆွဲထားကာ လင်းနယ်မြေရှိ သိုင်းသမားအားလုံးတို့အား ထိတ်လန့်စေမည် ဖြစ်သည်။ ဤသည်မှာ သိုင်းတစ်ထောင်ခန်းမကို ဒေါသထွက်စေခြင်း၏ ရလဒ်ဖြစ်၏။

"ငါ့ကို ထွက်မပြေးနိုင်ဘူးလို့ ဘယ်သူပြောလဲ.."

ရွှီယန်က အသာပြော၏။ သူ၏ပုံရိပ်သည် မူလနေရာမှ လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားသည်။ နောက်ထပ်နေရာတွင် ပြန်ပေါ်လာခဲ့၏။

"မင်းကိုယ်မင်း..."

အကြီးအကဲမှာ စကားမဆုံးခင်တွင် သူ၏မျက်နှာက ရုတ်တရက် ထိတ်လန့်သွားသည်။

"မဟုတ်ဘူး..."

သူသည် တိုက်ခိုက်ရန်အတွက် လားရာကို လုံးဝ ဆုံးရှုံးသွားခဲ့၏။ အစက ရွှီယန်၏ အငွေ့အသက်ကို ပစ်မှတ်ထားထားရာ ရှောင်တိမ်းရန် မဖြစ်နိုင်ဟု တွေးထားခဲ့သည်။ သို့ပေမယ့် ရွှီယန်၏ အငွေ့အသက်သည် ယခုအချိန်၌ ပျောက်ကွယ်သွားခဲ့၏။ ထို့အပြင် တစ်ဖက်လူသည် မလှမ်းမကမ်း၌သာ ရှိနေသေးသည်။

"ဒီအချိန်အထိ တိုက်ပွဲတွေ အားလုံးမှာ... ငါ ရန်သူတွေအားလုံးကို ထိပ်တိုက်ရင်ဆိုင်ပြီးတော့ အနိုင်ယူခဲ့တယ်။ ဒါပေမယ့် ငါ့မှာ အခြားပညာရပ်တွေ လစ်ဟင်းနေတယ်လို့ မဆိုလိုဘူး။ ဒီနေ့မှာ ခင်ဗျားကို ပြပေးလိမ့်မယ်.."

ရွှီယန်က တောက်ပစွာပြုံးသည်။ အဘိုးအို၏ တိုက်ခိုက်မှုသည် လွဲချော်သွားကာ အဝေးတွင် ပျောက်ကွယ်သွား၏။

သူသည် မည်သည့်လှုပ်ရှားမှုမှ မပြုဘဲ တစ်ဖက်အကြီးအကဲ၏ အကူအညီမဲ့စွာနှင့် ဒေါသတကြီး ဖြစ်နေပုံကိုသာ လှောင်ရယ်သည့် မျက်လုံးများဖြင့် ကြည့်နေလိုက်သည်။ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုတို့ ပေါ်လာကာ မကျေနပ်စွာဖြင့် သေဆုံးသွားသည့် အခြေအနေအထိ ဖြစ်၏။

"မင်းသေရမယ်..."

အကြီးအကဲသည် နောက်ဆုံးအကြိမ် အော်ဟစ်ပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့၏။ သို့ပေမယ့် ပတ်ဝန်းကျင်တွင် သူ၏တိုက်ခိုက်မှုမှ ကျန်ရစ်ခဲ့သည့် သေခြင်းအငွေ့အသက်များသည် ရစ်ဝဲနေဆဲရှိ၏။ ခဏတာအတွင်း ပျောက်ကွယ်သွားမည် မဟုတ်ပေ။

'သိုင်းတစ်ထောင်ခန်းမမှာ ဒီလိုပညာရပ်မျိုး ပိုင်ဆိုင်ထားတယ်... ကျန်တဲ့ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေလည်း တူညီတဲ့ ပညာရပ်တွေရှိရမယ်... ငါသူတို့ကို အထင်သေးလို့ မရဘူး..'

ရွှီယန်က ကိုယ့်ကိုယ်ကို ရေရွတ်ပြီးနောက် သူ၏ပုံရိပ်သည် လျှပ်တပြက်အတွင်း နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

သူထွက်ခွာသွားပြီး ၁၅မိနစ်ပင် မကြာပေ။ အဘိုးအိုတစ်ဦး ပေါ်လာခဲ့၏။ သေခြင်း အငွေ့အသက်တို့ကို ခံစားရပြီးနောက် အဘိုးအို၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။

အပိုင်း ၅၈၅ - လင်းနယ်မြေတစ်ခုလုံးအား အံ့ဩသွားစေခြင်း၊ သိုင်းတစ်ထောင်ခန်းမ၏ လိုက်လံမှု(၃)

"ကျရှုံးခဲ့တာလား..."

သူသည် ယုံကြည်ရန် ခက်ခဲနေ၏။ ရွှီယန်ကို တားဆီးထားရန်ပင် မစွမ်းဆောင်နိုင်ခဲ့ပေဘူးလား။ ဖြစ်နိုင်သည်မှာ ရွှီယန်သည် ယခုမျှအထိ စွမ်းအားကြီးမားနေ ပြီးပြီလား။

ထိုကောင်လေးသည် အမှန်တကယ်ကို အန္တရာယ်တစ်ခုဖြစ်သည်။ ပြီးခဲ့တုန်းက သွေးနတ်ဆိုးထက်ပင် ပိုမိုကြီးမားသည့် အန္တရာယ်ဖြစ်၏။

"ရွှီယန် ဘယ်မှာလဲ..."

ဒေါသဖြင့် ပြည့်နက်နေသည့် အသံတစ်ခု ပျံလွင့်လာ၏။ ဆေဘာသခင် အကြီးအကဲသည် ရောက်ရှိလာပြီးနောက် သူ၏မျက်နှာက ချက်ချင်းပင် ညှို့မှိုင်းသွားသည်။

"ကျွန်တော်တို့တွေ ရွှီယန်ကို မတားဆီးထားနိုင်လိုက်ဘူး... ဒါပေမယ့် သူ ဒဏ်ရာရသွားလား မသိဘူး.."

အဘိုးအိုက လေးနက်စွာဖြင့် ပြော၏။

"ဆက်ပြီးတော့လိုက်.."

ဆေဘာသခင် အကြီးအကဲက အမိန့်ပေးသည်။

သို့ရာတွင် နောက်ရက်များအတွင်းတွင် ရွှီယန်၏ မည်သည့်သတင်းအစအနမှ ပေါ်လာခြင်းမရှိပါ။ သူသည် လေထဲ၌ ပျောက်ကွယ်သွားသည့်ဟန် ရ၏။

ဆေဘာသခင် အကြီးအကဲတို့လည်း အံ့ဩသွားကြသည်။ ရွှီယန်သည် ဒဏ်ရာရရှိကာ ပုန်းအောင်းနေပြီး ထွက်ပေါ်လာရဲခြင်း မရှိတော့ဘူးလားဟု တွေးမိ၏။

"ရွှီယန်ရဲ့ ပုန်းအောင်းတဲ့ ပညာရပ်တွေက အတိတ်တုန်းက သွေးနတ်ဆိုးထက်တောင်မှ ပိုပြီးတော့ နက်ရှိုင်းတယ်။ ဒီကောင်လေးက သေကိုသေရမယ်.."

ဆေဘာသခင် အကြီးအကဲ၏ စိတ်ထဲတွင် အေးစက်မှုတစ်ခု ဖြတ်သန်းသွား၏။

အဝေးတွင် တိမ်ခွင်း သိန်းငှက်တစ်ကောင်သည် ပျံသန်းနေ၏။ သိန်းငှက်၏ ကျောပေါ်တွင် နန်းတော်ငယ်တစ်ခု ရှိသည်။

ဒီအချိန်၌ အရောင်စုံသည့် ငှက်မွှေးဝတ်စုံကို ဝတ်ဆင်ထားသည့် ချွေဟွားယွီသည် လေးနက်စွာနှင့် လေးစားစွာရှိနေ၏။ ရွှီယန်က နန်းတော်၏ ပတ်ဝန်းကျင်ကို ကြည့်ကာ ရေရွတ်သည်။

"မင်းတို့ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းက ကောင်တွေ... တကယ့်ကို ဘဝကို စံစားတတ်တာပဲ.."

"ဒီလိုပါပဲ... ငါက ငယ်ငယ်လေးကတည်းက အားနည်းပြီးတော့ ချူချာတယ်လေ။ လေအေးတိုက်တာကို မခံနိုင်ဘူး။ အဲ့ဒ့ါကြောင့်မို့လို့ ဒီနည်းနဲ့ပဲ နေရတာ.."

နာမကျန်းဖြစ်ကာ ဖြူ‌ရော်‌နေသည့် မျက်နှာနှင့် ချွေဟွားယွီက ခြောက်သွေ့စွာ ရယ်ရင်းက ဖြေကြားသည်။

သူသည် ရွှီယန်နှင့် တွေ့ဆုံပြီးနောက် မနေနိုင်ဘဲ သွားရောက်နှုတ်ဆက်ခဲ့၏။ ပြီးနောက် ရွှီယန်က သူ့ကို မိတ်ဆွေဟောင်းများသဖွယ် ပြောဆိုကာ နန်းတော်ငယ်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ကံကောင်းစွာပင် ဒီခရီးစဉ်တွင် အဖော်လိုက်ပေးနေသည့် မည်သည့် မိန်းမလှလေးမှ ပါလာခြင်းမရှိပေ။ မဟုတ်ပါက အလွန်နေရခက်မှာ ဖြစ်၏။

"မင်းက အားနည်းပြီးတော့ ချူချာတာလား..."

ရွှီယန်က ချွေဟွားယွီကို သိလိုစွာ ကြည့်သည်။ တစ်ဖက်လူ၏ အသားအရေမှာ ဖြူရော်နေကာ အားနည်းသည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေ၏။

သို့ရာတွင် သူသည် နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်သည်။

"ယွီလင့်စံအိမ်ကလည်း အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေထဲက တစ်ခုပဲမလား... အစစ်အမှန် တပည့်တစ်ယောက်ဖြစ်ပြီး မင်းရဲ့သိုင်းအဆင့်က ဘယ်လိုလုပ်ပြီး နိမ့်နေရတာလဲ.."

ရွှီယန်က အံ့ဩစွာ ပြော၏။

ချွေဟွားယွီမှာ နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စေခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်သာ ဖြစ်ပြီး သိုင်းတစ်ထောင်ခန်းမရှိ ဝူယွမ်နှင့် အခြား ပါရမီရှင်များနှင့် နှိုင်းယှဉ်ပါက တော်တော်လေး လိုအပ်နေပါသေးသည်။

"ရွေးချယ်စရာမရှိဘူး... အားနည်းပြီးတော့ ချူချာနေတာ။ ဒီအဆင့်အထိကို ရောက်နိုင်တာတင် တော်တော်လေး အောင်မြင်မှုလို့ ဆိုနိုင်နေပြီ.."

ချွေဟွားယွီက သက်ပြင်းချသည်။

"အဲ့လိုဆိုရင်... မင်းက ဘယ်လိုလုပ်ပြီး ယွီလင့်စံအိမ်ရဲ့ အစစ်အမှန် တပည့်တစ်ယောက် ဖြစ်လာခဲ့တာလဲ.."

ရွှီယန်က တစ်ဖက်လူ၏ စကားများကို ယုံကြည်ခြင်း မရှိပါ။

"ဘာလို့လဲဆိုတော့ ငါ့မှာ အဆက်အသွယ် ရှိလို့ပေါ့... ငါ့ရဲ့ဆရာက အသန်မာဆုံးပုဂ္ဂိုလ် တစ်ယောက်ပဲ... ငါ့ရဲ့ဆရာဦးလေးကလည်း အသန်မာဆုံးပုဂ္ဂိုလ် တစ်ယောက်ပဲ.."

ချွေဟွားယွီက အပြုံးတစ်ခုဖြင့် ဖြေ၏။

"မင်းက ဒီလောက်အားနေတာ... မင်းရဲ့ဆရာက ဘယ်လိုလုပ်ပြီး မင်းကို တပည့်အဖြစ် လက်ခံခဲ့တာလဲ.."

ရွှီယန်မှာ ယုံကြည်ခြင်း မရှိသေးဆဲပင်။

"အင်း..."

ချွေဟွားယွီက နေရခက်စွာ ပြုံးသည်။ ပြီးနောက် အသံနိမ့်စွာ ပြော၏။

"ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့... တကယ်တော့ ငါက ငါ့ဆရာရဲ့ တရားမဝင် သားတစ်ယောက်ပဲ... မင်းနားလည်ပြီလား.."

"မင်းရဲ့ဆရာက အသန်မာဆုံးပုဂ္ဂိုလ် တစ်ယောက်ပဲ... သူ့ရဲ့သားကိုတောင်မှ အသိအမှတ် မပြုရဲဘူးလား... သူ့မိန်းမက အရမ်းကြီး ကြီးစိုးလို့လား.."

ရွှီယန်က အံ့သြစွာမေးသည်။

ချွေဟွားယွီက ခေါင်းကိုကုပ်ကာ ရှက်ရွံ့စွာပြော၏။

"သူ့မိန်းမက လက်ရှိ ယွီလင့်စံအိမ် ခေါင်းဆောင်ရဲ့ ညီမပဲ..."

ရွှီယန်သည် ရုတ်တရက် နားလည်သွား၏။ ချွေဟွားယွီ၏ ဖခင်ဖြစ်သူသည် သူ့ကို တပည့်အဖြစ်သာ လက်ခံပြီး သားအဖြစ် အသိအမှတ်မပြုခဲ့ခြင်းမှာ အံ့သြစရာမရှိပေ။

"စိတ်မပူနဲ့... ဒီလျှို့ဝှက်ချက်ကို ငါဘယ်သူ့ကိုမှ လျှောက်မပြောဘူး။ အထူးသဖြင့် မင်းရဲ့ဆရာရဲ့ မိန်းမကိုပေါ့.."

ရွှီယန်က စိတ်အားထက်သန်စွာ ပြော၏။

"အကိုရွှီ... အဲ့လောက်ကြီး သတိထားစရာ မလိုပါဘူး... တကယ်တော့ ဆရာမိန်းမကလည်း ငါ့ရဲ့ တကယ့်မွေးမိခင်ဖြစ်တယ်.."

ချွေဟွားယွီက နေရခက်စွာဖြင့် ဆက်လက်ပြော၏။

"မင်းငါ့ကို လာပြီး ကစားနေတာလား..."

ရွှီယန်က သူ့ကိုစူးရဲစွာ ကြည့်သည်။

"မဟုတ်ပါဘူး မဟုတ်ပါဘူး... အထင်မလွဲနဲ့... ငါက အမှန်ကိုပြောနေတာ.."

ချွေဟွားယွီမှာ ချွေးစေးများ ထွက်လုမတတ် ဖြစ်သွား၏။ ဘာပဲဖြစ်ဖြစ် ရွှီယန်မှာ အလွန်ရက်စက်ကြမ်းတမ်းသူ ဖြစ်သည်။ သူသည် မည်သူကိုမှ သနားညှာတာခြင်း မရှိပေ။ နောက်ခံကိုလည်း ကြည့်ခြင်းမရှိပေ။ စိတ်နှောက်အယှက်ဖြစ်စေပါက အန္တရာယ်များမည်ဖြစ်၏။

"ငါ့ရဲ့ မိဘတွေက ပုံမှန်မဟုတ်တဲ့ပုံပဲ... ငါ့ကို သူတို့ရဲ့တပည့်အဖြစ်ပဲ အတင်းလက်ခံဖို့ လုပ်နေတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ဆရာတပည့်လို့ပဲ ခေါ်ရတယ်။ ငါလည်း အဲ့ဒီ့အတွက် အကူအညီမဲ့နေတာ.."

ချွေဟွားယွီ၏ မျက်နှာပေါ်၌ အကူအညီမဲ့သည့် အကြည့်တစ်ခု ပေါ်လာခဲ့၏။

All Chapters