← Chapters

လန်ကျားအထွတ်အမြတ်မြေ၏ တုန့်ပြန်မှု

Vol. 30 Ch. 307

လန်ကျားအထွတ်အမြတ်မြေ၏ တုန့်ပြန်မှု

Vol. 30 Ch. 307

ကုန်းရှို့ပင်း၏ အလောတကြီး လန်ကျားအထွတ်အမြတ်မြေသို့ ‌ပြန်ရောက်လာမှုက သူတော်စင်သခင်ကို အံ့အားသင့်သွားစေခဲ့သည်။

“မင်းထွက်သွားတာမကြာသေးဘူးမလား ဘာလို့အစောကြီးပြန်လာတာလဲ”

“ဘာတွေဖြစ်ခဲ့လို့လဲ” သူတော်စင်သခင် သူ့သားကို မေးလိုက်၏။

“အဖေ” ကုန်းရှို့ပင်း သူ့အဖေကို ပျက်ယွင်းနေသောမျက်နှာထားဖြင့် ကြည့်ရှုနေခဲ့သည်။ အကယ်၍ သူသာ လုံလောက်အောင်ရင့်ကျက်မနေခဲ့လျှင် အခုအချိန်တွင် ငိုပင် ငိုနေလောက်၏။

“အဖေတစ်ခုခုမှားသွားခဲ့တယ်”

သူတော်စင်သခင်၏မျက်ခုံးများအနည်းငယ်တွန့်ကွေးသွားကာ ပြောလိုက်သည်။

“ဘာတွေမှားခဲ့တာလဲ”

တုန့်ဆိုင်းမနေတော့ဘဲ ကုန်းရှို့ပင်း သတင်းစာကိုသူ့အဖေလက်ထဲထည့်လိုက်ပြီး ပြောလိုက်၏။

“အဖေကိုယ်တိုင်သာ ကြည့်လိုက်ပါတော့”

သူတော်စင်သခင်နတ်အာရုံကိုဖြန့်ကျက်ကာ သတင်းစာထဲရှိ အကြောင်းအရာများအားလုံးကိုတစ်ချက်တည်းဖြင့် ဖတ်ပစ်လိုက်လေသည်။

ထိုအခါ သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုပေါ်လာပြီး ကုန်းရှို့ပင်းကို ကြည့်လိုက်၏။

ကုန်းရှို့ပင်းမျက်နှာနီရဲနေခဲ့ကာ ခေါင်းကိုငုံ့ထားခဲ့သည်။

ထိုကိစ္စကို သူအတော်ဆိုးဆိုးဝါးဝါးကိုင်တွယ်ခဲ့မိမှန်း သူသိ၏။

ထိုကိစ္စကြောင့် လန်ကျားအထွတ်အမြတ်မြေပြဿနာအကြီးအကျယ်တက်သွားနိုင်သောကြောင့် သူသူ့အဖေကို မျက်နှာချင်းမဆိုင်ရဲတော့ပေ။

သူဝောာ်စင်သခင် သူ့သားကိုကောင်းကောင်းကြီး နားလည်ပေသည်။ ပုံမှန်အားဖြင့်တော့ သူ့သားတွင် အဇူရာတိမ်ဂိုဏ်းနှင့်မဟာမိတ်ဖွဲ့စရာအကြောင်းရှိမည် မဟုတ်ပေ။

“ဘာတွေဖြစ်ခဲ့တာလဲ ငါ့ကိုအားလုံးပြောပြ”

ကုန်းရှို့ပင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြနေရင်း သူပိုပိုပြီးလည်း နောင်တရလာခဲ့မိ၏။

“အဲ့‌ဒီခွေးကောင်ကျန်းယန်က အခုလိုထောင်ချောက်တစ်ခုဆင်ထားခဲ့လိမ့်မယ်လို့ ကျွန်တော်တကယ် ထင်မထားခဲ့မိဘူး အဲ့ဒီဓာတ်ပုံရိုက်တာကိုလည်း ကျွန်တော်က ဒီတိုင်းအခမ်းအနားနဲ့ဆိုင်တာတစ်ခုခုလုပ်နေတာလို့ ထင်နေခဲ့မိတာ….”

သူတော်စင်သခင် ခေါင်းမခါဘဲ မနေနိုင်ခဲ့ပေ။

သေစမ်းကွာ…

ကုန်းရှို့ပင်းကိုထားဦး သူဆိုလျှင်ပင် ထိုထောင်ချောက်ထဲ ကျသွားနိုင်လောက်ပေသည်။

အဘယ်ကြောင့်ဆိုသော် ကိစ္စတိုင်းက အလွန်သာမန်ဆန်နေ၍ ဖြစ်သည်။ ထိုကိစ္စထဲတွင် ထူးခြားနေတာ ဘာတစ်ခုမှမရှိခဲ့ပေ။

သုတို့သည် လန်ကျားအထွတ်အမြတ်မြေနှင့်အဇူရာတိမ်ဂိုဏ်းမဟာမိတ်ဖွဲ့လိုက်ပါပြီဟု လိမ်လည်၍ ကြေငြာနေခဲ့ခြင်းလည်း မဟုတ်ပေ။

သို့သော်လည်း သူတို့ဖော်ပြထားသောဓာတ်ပုံများနှင့်စာသားများကြောင့် အခြားသူများက သူတို့ဂိုဏ်းနှစ်ဂိုဏ်းမဟာမိတ်ဖွဲ့သွားပြီဟု ယုန်ထင်ကြောင်ထင် ‌ဖြစ်သွားစေနိုင်၏။

သူဆွံ့အနေခဲ့သည်။

ဘာပြောရမည်မှန်းကို မသိတော့ပေ။

အတန်ကြာမှ သူသက်ပြင်းချကာ ပြောလိုက်၏။

“ဒါကမင်းအမှားမဟုတ်ပါဘူး အဲ့ဒီအဇူရာတိမ်ဂိုဏ်းကကောင်လေးကို ငါအထင်သေးခဲ့မိတာကို ၀န်ခံပါတယ်…ထားလိုက်ပါတော့ အခုမင်းစိတ်အေးအေးထား ငါလန်ကျားအထွတ်အမြတ်ခန်းမထဲမှာ အခြားသူတွေနဲ့တွေ့ပြီး ဒီကိစ္စကိုဘယ်လိုကိုင်တွယ်ရမလဲ ဆွေးနွေးလိုက်မယ်”

သူဝောာ်စင်သခင် လန်ကျားအထွတ်အမြတ်ခန်းမထဲသို့ရောက်သောအခါ အခြားအကြီးအကဲများက ရောက်ရှိပင်နေခဲ့ကြချေပြီ။

အဇူရာတိမ်သတင်းစာကို ဖတ်ပြီးကတည်းက ဤကိစ္စကိုကောင်းကောင်းမကိုင်တွယ်နိုင်ပါက သူတို့ပြဿနာတက်သွားနိုင်မှန်း အကြီးအကဲများ သိရှိနေခဲ့ကြသည်။

လန်ကျားအထွတ်အမြတ်မြေသခင် အားလုံးကိုတစ်ချက်ကြည့်ကာ ခါးသက်သက်ပြုံးလိုက်ပြီး

“ဘာဖြစ်ခဲ့လဲဆိုတာ မင်းတို့အားလုံးသိပြီးပြီလို့ ငါယူဆတယ် ကဲ ငါတို့ဒီကိစ္စကိုဘယ်လိုကိုင်တွယ်သင့်လဲ”

ကျားရှန်ချက်ချင်းဒေါသတကြီး ထပြောလိုက်၏။

“အဲ့ဒီအဇူရာတိမ်ဂိုဏ်းက ခွေးကောင်လေးကို သတ်ပစ်သင့်တယ် ငါတို့သူ့ကိုလုပ်ကြံခိုင်းဖို့ တစ်ယောက်ယောက်ရှာရမယ် သူ့လိုခွေးကောင်မျိုးကို အသက်ရှင်ခွင့်မပေးသင့်တော့ဘူး”

အခြားအကြီးအကဲများ ဆွံ့အကုန်ကြသည်။

အကယ်၍ ကျန်းယန်ကိုသာအလွယ်တကူသတ်လို့ရလျှင် သူတို့ဘာလို့ အခုလိုအလုပ်ရှုပ်ခံနေကြပါဦးမည်နည်း။

သူ့တွင်စိတ်ဝိညာဉ်ရတနာများစွာ ရှိ၏။ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ရတနာပင် အနည်းဆုံး သုံးခုရှိနေခဲ့သည်။ သူ့လိုလူတစ်ယောက်ကို သတ်ဖြတ်ဖို့ဆိုလျှင် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် လို‌အပ်ပေလိမ့်မည်။

ဒါတောင်မှ အချိန်တိုအတွင်းသတ်နိုင်မည် မဟုတ်ပေ။

ယခုအချိန်တွင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးက တာအိုပေါင်းစည်းခြင်းအဆင့်များအတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်နေပြီဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ၀င်သွားသော တာအိုပေါင်းစည်းခြင်းအဆင့်များက ခြွင်းချက်မရှိ သေရပေလိမ့်မည်။

အကယ်၍ သူတို့ကျန်းယန်ကိုမသတ်နိုင်ခဲ့ဘဲ ကပ်ဘေးကြီးတစ်ခုကို ဖိတ်ခေါ်ခဲ့မိလျှင် မည်သို့လုပ်ပါမည်နည်း။

ပိုအရေးကြီးသောအချက်မှာ ကျန်းယန်သည် အဇူရာတိမ်ဂိုဏ်းထဲမှ ထွက်ခဲလှသည်။

ကပ်ဘေးဖြတ်ကျော်ခြင်း ၁၆ယောက်ရှိသော ထိုဂိုဏ်းထဲတွင်သူ့ကိုလုပ်ကြံဖို့ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။

တုရှန်သက်ပြင်းချကာ ပြောလိုက်၏။

“လက်ရှိအခြေအနေအရတော့ အကောင်းဆုံးအဖြေက အခြားဂိုဏ်းကြီးတွေဆီလူလွှတ်ပြီး ဒီကိစ္စအကြောင်း ရှင်းပြဖို့ပဲ”

“ငါတို့ရှင်းပြရင်တောင် သူတို့က ယုံပါ့မလား” တစ်ယောက်ယောက်မေးလိုက်သည်။

“ယုံတာမယုံတာ ငါတို့နဲ့မဆိုင်ဘူး သေချာတာကတော့ ငါတို့လန်ကျားအထွတ်အမြတ်မြေက အဇူရာတိမ်ဂိုဏ်းနဲ့ ဘယ်တုန်းကမှ မဟာမိတ်မဖွဲ့ခဲ့ဘူး”

သူတော်စင်သခင် မျက်မှောင်ခပ်တင်းတင်းကြုံ့ထားခဲ့၏။ သူတို့သာ လူလွှတ်ပြီး ရှင်းပြခိုင်းခဲ့လျှင် ကိုယ့်ကိုကိုယ်မလုံသလိုများ ဖြစ်နေမလားဟု သူတွေးမိနေခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ထိုခွေးကောင်လေးကလည်း ကိစ္စများကို ထိုသို့ဖြစ်သွားအောင် ကြံစည်နေတာ ထင်ရှားလှ၏။

သူ့ကျန်းယန်အပေါ်နားလည်မှုအရ ကိစ္စများက အခုလောက်နှင့်ပြီးသွားမည် မဟုတ်ပေ။ နောက်ဆက်တွဲ လုပ်ဆောင်ချက်များ ရှိလာဦးမှာ သေချာပေသည်။

သူတို့သာအခုထွက်ရှင်းပြလိုက်လျှင် သူ့ထောင်ချောက်ထဲ ကျသွားနိုင်ပါမည်လော။

သူတော်စင်သခင်အတန်ကြာအောင် တွေးတောနေခဲ့သော်လည်း တွေးမိသမျှ ဘယ်အဖြေကမှ အလုပ်ဖြစ်မနေခဲ့ပေ။

တခဏအကြာတွင် သူကုန်းရှို့ပင်းကိုနတ်အာရုံသုံး၍ ဆက်သွယ်ကာ မေးလိုက်၏။

“အဇူရာတိမ်ဂိုဏ်းမှာ အခြားအကွက်တွေထပ်ရှိသေးလား ပြီးတော့ သူတို့မှော်ရတနာနဲ့ပတ်သက်ပြီးတော့ရော ဘာတွေရှာတွေ့‌ခဲ့သေးလဲ သေချာစဉ်းစားကြည့်”

ကုန်းရှို့ပင်းအတန်ကြာအောင် တွေးတောပြီးမှ ရုတ်တရက် ပြောလိုက်သည်။

“သားရဲကောင်ကျန်းယန်ပြောတာ ကြားခဲ့တာတော့ အဇူရာတိမ်ဂိုဏ်းက နောက်နှစ်၀က်မှာ စစ်ရေးပြပွဲတစ်ခုလုပ်မယ်တဲ့ လန်ကျားအထွတ်အမြတ်မြေကိုလည်း တက်ရောက်ဖို့ ဖိတ်လိုက်တယ် မှော်ရတနာအကြော်င်းကတော့…ကျွန်တော့်မှာမေးဖို့ အချိန်မရှိခဲ့ဘူး…”

သူမျှော်လင့်ထားသလိုပင်။

အဇူရာတိမ်ဂိုဏ်းတွင် နောက်ထပ်အစီအစဉ်များ ရှိနေခဲ့သေးသည်။

သူအကြီးအကဲများဘက်လှည့်ကာ ပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းမှာ နောက်နှစ်၀က်အတွင်း စစ်ရေးပြပွဲတစ်ခုလုပ်လိမ့်မယ် ငါတို့လန်ကျားအထွတ်အမြတ်မြေကို ဖိတ်ထားတယ်”

ကျားရှန် ဒေါသထွက်သွားခဲ့၏။

“သူတို့က ထပ်ပြီး လှည့်စားချင်ပြန်ပြီလား ကျွန်တော်တို့လုံး၀တက်လို့ မဖြစ်ဘူး”

တုရှန်လည်း ခါးသက်သက်ပြုံးလိုက်ကာ

“သူတော်စင်သခင် ကျွန်တော်လည်း အဲ့လိုပဲထင်ပါတယ် အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို ထပ်သွားလို့ မသင့်တော့ဘူး

ကျွန်တော်တို့သွားရင် အဇူရာတိမ်သတင်းစာမှာ နောက်သတင်းတစ်ပုဒ် ထပ်ပါလာလိမ့်မယ်

အကောင်းဆုံးချဉ်းကပ်ပုံကတော့ အဇူရာတိမ်ဂိုဏ်းကို လုံး၀လျစ်လျုရှုထားလိုက်တာမျိုးပဲ

သူတို့ဘာပြောပြော ဂရုမစိုက်ဘူး ပြန်လည်းမမေးဘူး ပါလည်းမပါဘူး အဲ့တာကအကောင်းဆုံးအဖြေပဲ”

သူတော်စင်သခင်အသာအယာခေါင်းငြိမ့်ပြလိုက်ကာ ပြောလိုက်သည်။

“ဒါဆိုလည်း ဒီလိုပဲသတ်မှတ်လိုက်ကြတာပေါ့ နောက်နှစ်၀က်အတွင်း ဘာဖြစ်မလဲဆိုတာ ငါတို့စောင့်ကြည့်ကြမယ် အခြားဂိုဏ်းတွေကို သွားရှင်းပြဖို့ကိစ္စကတော့ မလုပ်သင့်ဘူး

တစ်ယောက်ယောက်က ငါတို့ကိုလာမေးရင် ငါတို့ရှင်းပြလိုက်မယ် မဟုတ်ရင်တော့ ဘာမှမဖြစ်ခဲ့သလိုပဲ နေကြမယ်”

အခြားသူများလည်း ခေါင်းညိတ်ပြလိုက်ကြ၏။ အခုအခြေအနေမှာတော့ အခုလို အေးစက်စက်ချဉ်းကပ်ပုံကသာ သူတို့အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“ဒါပေမယ့် ဒီအဇူရာတိမ်သတင်းစာက…” အထွတ်အမြတ်မြေသခင် သတင်းစာကိုထုတ်ကာ လူတိုင်းကို ပြသလိုက်လေသည်။

“ငါတို့ လန်ကျားအထွတ်အမြတ်မြေလည်း ဒါမျိုးသတင်းစာတစ်စောင်ထုတ်ရမလားလို့ ငါစဉ်းစားနေတာ တကယ်လို့ အဇူရာတိမ်ဂိုဏ်းကတောင် သူတို့ဘက်ခြမ်းကနေ ပြသနိုင်ရင် ငါတို့ကလည်း ငါတို့ဘက်ခြမ်းကနေ ပြန်ပြသနိုင်တာပေါ့”

“ဟုတ်တယ် ဒါကအလုပ်ဖြစ်နိုင်တယ် ဒါဆိုလန်ကျားသတင်းစာကို ထုတ်လိုက်ကြတာပေါ့”

လူတိုင်းသဘောတူလိုက်ကြ၏။

“ဟေး ဒါကချင်းဟန်မဟုတ်ဘူးလား” အကြီးအကဲတစ်ယောက် ရုတ်တရက်အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်သည်။

“ဘာလို့ ဒီကောင်မလေးက ဒီထဲမှာဒီလောက်လှနေတာလဲ”

“ငါတို့အခုစိတ်ပူသင့်တာက အဲ့တာမဟုတ်ဘူး ဒီကောင်မလေးပုံက ဘယ်လိုလုပ် အဇူရာတိမ်သတင်းစာထဲ ရောက်နေတာလဲ ဒီတစ်ခါရော အဇူရာတိမ်ဂိုဏ်းက ဘာလုပ်ဖို့ ကြံနေတာလဲ”

အကြီးအကဲများ အတွေးနွံနစ်ကုန်ကြ၏။

ကုန်းရှို့ပင်း လှည့်စားခံလိုက်ရပြီးနောက် အဇူရာတိမ်ဂိုဏ်းလုပ်သမျှကိစ္စတိုင်း၏ နောက်ကွယ်တွင် ပိုနက်ရှိုင်းသောအကြောင်းပြချက်များ ရှ်ိနေမည်ဟုသာ သူတို့ ခံစားနေခဲ့ကြရသည်။

သူတော်စင်သခင်လည်း မျက်မှောင်ကြုံ့ကာ အတန်ကြာအောင်စဉ်းစားနေခဲ့သော်လည်း အဖြေထွက်မလာခဲ့ပေ။ ထို့နောက် သူကုန်းရှို့ပင်းကိုနတ်အာရုံသုံး၍ ဆက်သွယ်လိုက်ကာ အသေးစိတ်အချက်အလက်များကို မေးရန်ပြင်လိုက်၏။

သို့သော် သူ့နတ်အာရုံ ကုန်းရှို့ပင်းဆီရောက်သွားသောအခါ ထိုကလေးသည် သတင်းစာကိုထုတ်ကာ သတင်းစာထဲမှ ပုံရိပ်တစ်ခုအား မျက်တောင်မခတ် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

သူတော်စင်သခင် သတင်းစာကိုနောက်တစ်ကြိမ်ပြန်ဖတ်ကြည့်လိုက်ပြီးနောက်တွင်တော့ လန်ကျားအထွတ်အမြတ်ခန်းမ၏ အဓိကခုံကြီးတွင် ထိုင်နေရင်း ဆွံ့အသွားခဲ့မိ၏။

သူ့ငြိမ်းချမ်းလှသော သားက အဇူရာတိမ်ဂိုဏ်းဆီတစ်‌ခေါက်လောက် သွားပြီးရုံနှင့် အဘယ်ကြောင့် အခုလိုပြောင်းလဲသွားရပါသနည်း။

All Chapters