← Chapters

ထပ်မံပေါ်ထွက်လာသော နျူကလိယ ပေါက်ကွဲမှု

Vol. 21 Ch. 287

ထပ်မံပေါ်ထွက်လာသော နျူကလိယ ပေါက်ကွဲမှု

Vol. 21 Ch. 287

ဘုန်း

ဂမ်ဒမ်များ၏ တိုက်ခိုက်မှုကြောင့် ထာဝရမိစ္ဆာ လွင့်ထွက်သွားသည်။ ယင်းသည် တောင်တစ်လုံးအား ဝင်တိုက်မိပြီးနောက် ထိုတောင်မှာ ပြိုကျပျက်စီးသွားလေသည်။

ထိုအခိုက်အတံ့မှာပင် အန်လင်းသည် သူ၏ လေတောင်ပံများကို ဖြန့်ထုတ်လိုက်ပြီး ထာဝရမိစ္ဆာထံ အရှိန်ဖြင့် ပြေးသွားသည်။ တုံ့ဆိုင်းခြင်းမရှိဘဲနှင့် ထာဝရမိစ္ဆာအား ခုတ်ပိုင်းချလိုက်သည်။ ထာဝရမိစ္ဆာ၏ မျက်နှာတွင် ရက်စက်မှုတို့ ထင်ဟပ်လာပြီး အန်လင်းအား လက်သီးဖြင့် ဝှေ့ယမ်းလိုက်သည်။

လက်သီးနှင့် ဓားတို့ ထိတွေ့ခြင်း မရှိကြချေ။ သူတို့နှစ်ဦးသာ အချင်းချင်း ထိခိုက်သွားကြလေသည်။

ဗြိ...

ထာဝရမိစ္ဆာ၏ လက်မောင်းတစ်ဖက် ပြတ်ထွက်သွားသည်။

အန်လင်း၏ပခုံး ထိခတ်မိပြီး ထိုတိုက်ခိုက်မှုတွင် ပါဝင်သည့် ကြီးမားလှသည့် စွမ်းအားကြောင့် ပခုံးပတ်လည်ရှိ အရိုးနှင့်အသားများ စုတ်ပြတ်သွားလေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အနောက်သို့ လွင့်စင်သွားရသည်။

ထိုအချိန်တွင် ဂမ်ဒမ် တစ်နှင့် ဂမ်ဒမ် နှစ်တို့ ထာဝရမိစ္ဆာထံ ပြေးဝင်သွားကြပြန်သည်။

အန်လင်းသည် အဆင့် ၁ စိတ်ဝိညာဉ်ဆေးလုံးဖြစ်သည့် အသက်ဓာတ်ဖြည့်တင်းခြင်းဆေးလုံးအား သုံးစွဲလိုက်သည်။

ဖြောက် ဖြောက် ဖြောက်

သူ၏ခန္ဓာကိုယ်မှ အဖြူရောင်အလင်းများ ထွက်ပေါ်လာပြီး ပခုံးရှိ အရိုးနှင့်အသားများ လျင်မြန်စွာ ပြန်လည်ပြည့်တင်းလာသည်။ တစ်ချိန်တည်းမှာပင် အမြဲစိမ်းနည်းစနစ်၏ ကုစားခြင်းစွမ်းရည်မှာလည်း အသက်ဝင်နေပြီး ဖြစ်သည်။

အသက်ဓာတ်ဖြည့်တင်းခြင်းဆေးလုံးသည် ကုန်ဆုံးသွားသည့် ချီစွမ်းအင်များအား ပြန်ဖြည့်တင်းပေးနိုင်ရုံ သာမက ခန္ဓာကိုယ်ရှိ ဒဏ်ရာများကိုပါ လျင်မြန်စွာ ကုစားပေးနိုင်သည်။ ယင်း၏ အကျိုးသက်ရောက်မှုမှာ အဆင့်နိမ့်အင်မော်တယ်ဆေးလုံးနှင့်ပင် ယှဉ်နိုင်စွမ်းရှိသည်။ အန်လင်းသည် ထိုကဲ့သို့ အဖိုးတန်ဆေးလုံးအား တုံ့ဆိုင်းခြင်းမရှိဘဲ အသုံးပြုရခြင်းမှာ ထာဝရမိစ္ဆာအား မောပန်းကာဖြင့် သေဆုံးသွားစေလိုသောကြောင့် ဖြစ်သည်။

စွမ်းအားတစ်ခုတည်းအပေါ် အခြေခံမည်ဆိုလျှင် သူ့အနေဖြင့် ထာဝရမိစ္ဆာအား အနိုင်မယူနိုင်။ သို့သော်လည်း သူ့ထံတွင် ဆေးလုံးပေါင်းများစွာနှင့် အခြားအရာများ ရှိလေသည်။

ဆေးလုံးများသုံးစွဲကာဖြင့် ရှည်ကြာသည့်တိုက်ပွဲများ တိုက်ခိုက်ရမည်ဆိုလျှင် အန်လင်းသည် မည်သည့်ကိုမျှ ကြောက်ရွံ့မည်မဟုတ်ချေ။

ထိုသို့ဖြင့် ထာဝရမိစ္ဆာ ပိုမိုကာ နှေးကွေးလာပြီး ယင်း၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအသစ်များ ထပ်ကာထပ်ကာ ဖြစ်ပေါ်လာသည်။ သို့သော်လည်း အန်လင်းမှာမူ တက်ကြွနေမြဲ ဖြစ်လေသည်။ ချီစွမ်းအင်၊ တက်ကြွမှု၊ ထိခိုက်ဒဏ်ရာ စသည်တို့မှာ သူ့အတွက် ပြဿနာတစ်ရပ် မဟုတ်ချေ။

ထာဝရမိစ္ဆာမှာ လျင်မြန်စွာပင် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာလေသည်။

ဘုန်း

အန်လင်းကြောင့် ထာဝရမိစ္ဆာ ဒဏ်ရာရရှိသွားပြန်သည်။

“မင်းကငါ့ကို ဒီလိုဖြစ်လာအောင် ဖိအားပေးခဲ့တာပဲ။ နတ်ဘုရားများထံ သွေးပူဇော်ခြင်း _ စွမ်းအား ငါးဆတိုး”

ထာဝရမိစ္ဆာမှာ ရူးသွပ်လုနီးနီး ဖြစ်နေလေပြီ။ ယင်း၏ စွမ်းအားနှင့် စွမ်းအင်များကို စတေးရမည့်နေ့သို့ ရောက်ရှိလာလိမ့်မည်ဟု မည်သည့်အခါကမျှ မျှော်လင့်မထားခဲ့ချေ။ ထိုသို့ ပြုလုပ်ခြင်း မရှိခဲ့လျှင် ဤလူသားကျင့်ကြံသူ၏ တရစပ် တိုက်ခိုက်မှုများအောက်တွင် မောပန်းချည့်နဲ့စွာဖြင့် သေဆုံးသွားရပေလိမ့်မည်။

ထာဝရမိစ္ဆာ၏ သွေးကြောများအတွင်းရှိ သွေးများ ဆူပွက်လာပြီး ယင်း၏ ဦးခေါင်းထက်ရှိ ခရမ်းရောင် ရောင်ခြည်စက်ဝန်းမှာလည်း မူလအရွယ်အစားထက် ငါးဆမျှ ပိုမိုကျယ်ပြန့်လာသည်။

ခရမ်းရောင် ရောင်ခြည်စက်ဝန်း ပိုမိုတောက်ပလာပြီး ထာဝရမိစ္ဆာ၏ အော်ရာမှာလည်း မြင့်တက်လာကာ အန်လင်းပင်လျှင် ကြောက်ရွံ့လာမိသည်။

“ဖာ့ခ် ဒါကြီးက မျှော်လင့်ထားတာထက် ပိုပြီး ရှုပ်ထွေးသွားပြီ။” အန်လင်း၏ အမူအရာ ပြောင်းလဲသွားလေသည်။

“မိစ္ဆာနဂါး တိုက်ခိုက်မယ်။”

မိစ္ဆာနဂါး : “…”

ကျေးကျွန်အဖြစ် ချုပ်ဆိုထားသည့် စွမ်းအားဖြင့် မိစ္ဆာနဂါးအား အတင်းအကြပ် လှုပ်ရှားခိုင်းလိုက်သည်။ ပြင်းထန်သည့် ဒဏ်ရာများနှင့်ပင် စွမ်းအားအကြီးဆုံးသော တိုက်ခိုက်မှုအား ထုတ်ဖော်လိုက်လေသည်။ ရဲရဲနီဆွေးသွေးမီးလုံး။

ပေတစ်ရာခန့် အရွယ်အစားရှိမည့် မီးလုံးတစ်ခု ထွက်ပေါ်လာသည်။ ထိုမီးလုံးတွင် ပါဝင်သော ကြောက်မက်ဖွယ်ရာ အပူရှိန်သည် လေထုအား ပုံပျက်စေပြီး ယင်း၏လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို အရည်ပျော်သွားစေသည်။

ထာဝရမိစ္ဆာသည် ထိုမီးလုံးအား ကြည့်လိုက်ပြီးနောက် လက်သီးဖြင့် ထိုးခွင်းလိုက်သည်။

ကောင်းကင်တွင် စွမ်းအင်လှိုင်းများ အတက်အကျဖြင့် ရှိနေပြီး ထူးဆန်းသည့် စွမ်းအားတစ်ခုသည့် မီးလုံးအား ချက်ချင်းဆိုသလို ပျက်ယွင်းသွားစေသည်။ ထို့နောက်တွင် ထိုစွမ်းအားသည် မိစ္ဆာနဂါးထံ ရောက်ရှိသွားပြီး ပေထောင်ပေါင်းများစွာ နောက်သို့လွင့်ပျံသွားစေသည်။

မိစ္ဆာနဂါးမှာ မြွေသေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းကာဖြင့် ရှိနေလေသည်။ ဤတစ်ကြိမ်တွင် ထပ်မံလှုပ်ရှားနိုင်စွမ်း မရှိတော့ချေ။

“စွမ်းအင်ကွာခြားချက် ကြီးမားလိုက်တာ။ ဒီထာဝရမိစ္ဆာရဲ့ ခွန်အားက ပျက်ပြယ်ခြင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ်။” အန်လင်း၏နှလုံးသား တုန်လှုပ်လာသည်။ ချက်ချင်းဆိုသလို ရှောင်ချိုးနှင့် တပိုင်တို့အား အန္တရာယ်များသည့် တိုက်ခိုက်မှုများ မပြုလုပ်ရန် တားမြစ်လိုက်သည်။

ထာဝရမိစ္ဆာ၏ မျက်နှာတွင် အရိုးအေးခဲစေနိုင်လောက်သည့် အမူအရာများ ထင်ဟပ်နေပြီး အန်လင်းအား ယင်း၏ အဆုံးမဲ့သည့် တွင်းနက်သဖွယ် ပိန်းပိတ်အောင် နက်မှောင်နေသည့် မျက်လုံးများဖြင့် ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်နေလေသည်။

ဂမ်ဒမ် တစ် နှင့် ဂမ်ဒမ် နှစ်တို့ ထာဝရမိစ္ဆာထံ ခုန်ဝင်လိုက်သည်။ ဓား၊ အမြှောက်၊ မီးတောက် စသည်တို့ဖြင့် တစ်ခုပြီးတစ်ခု အဆက်မပျက် တိုက်ခိုက်လေသည်။

သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ထာဝရမိစ္ဆာမှာ ကြောက်ဖို့ကောင်းရလောက်အော် လျင်မြန်လှသည်။ ယင်းသည် ဂမ်ဒမ်များ၏ တိုက်ခိုက်မှုတိုင်းအား ရှောင်ရှားနိုင်လေသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ဂမ်ဒမ်တစ်ကောင်သည် ပေထောင်ပေါင်းများစွာထိုအောင် လွင့်ထွက်သွားပြီးနောက် တောင်တစ်လုံးအတွင်းသို့ နစ်ဝင်သွားလေသည်။ ကျန်ရှိသည့် ဂမ်ဒမ်မှာမူ မြေပြင်၏ အနက်ရှိုင်းဆုံးထိတိုင်အောင် ကျွံကျသွားလေသည်။

“မင်းက ငါ့ကို နတ်ဘုရားများထံ သွေးပူဇော်ခြင်းကို အသုံးပြုလာအောင် ဖိအားပေးခဲ့တယ်။ မင်းရဲ့အသားကို စားမယ်။ ဝိညာဉ်ကို ဆုတ်ဖြဲမယ်။ ပြီးရင် အဆုံးမဲ့တဲ့ နာကျင်မှုကို ခံစားခိုင်းမယ်။” ထာဝရမိစ္ဆာသည် အန်လင်းထံသို့ မြဲမြံသည့်ဟန်ပန်ဖြင့် တစ်လှမ်းချင်း လျှောက်လှမ်းလာလေသည်။ ယင်း၏အသံမှာ ဆိုးယုတ်လှသည့် နတ်ဘုရားတစ်ပါးနှင့် တူနေပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။

အန်လင်း တံတွေးထွေးလိုက်သည်။ “အရမ်းတွေ ဘဝင်မြင့်နေတယ်ပေါ့။ မင်းတစ်ယောက်တည်းမှာပဲ အဲဒီလိုစွမ်းအားမျိုး ရှိနေတယ်လို့ မှတ်မနေနဲ့။ မင်းကိုယ်မင်း စဆရက လို့ ထင်နေတာလား။”

ဘုန်း

အန်လင်း၏ အော်ရာသည်လည်း လျင်မြန်စွာ တိုးလာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိလာလေသည်။

ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်

တတိယနည်းစနစ် _ ဓားတစ်ရာ။

မိစ္ဆာရှင်းဓား အသံမြည်လာပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။ ကောင်းကင်တွင် အံ့ဖွယ်ဓား ၉၉ လက် စတင်ဖြစ်ပေါ်လာသည်။ ဓားတစ်လက်ချင်းစီမှာ မြေပြင်အား အက်ကွဲစေနိုင်သည့် စွမ်းအားများ ထုတ်လွှတ်နေလေသည်။

အန်လင်းသည် ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်အား အသက်သွင်းပြီးသည့် နောက်တွင်မှ ဓားတစ်ရာနည်းစနစ်အား အသုံးပြုလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် အသုံးပြုလိုက်သည့် ဤနည်းစနစ်တွင် ပါဝင်သည့် စွမ်းအားမှာ ဝေလငါးရှင်ကြီးအား ရင်ဆိုင်စဉ်တွင် ပါဝင်သည့် စွမ်းအားထက် အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ် ကောင်းလေသည်။

ထိုနည်းစနစ်အား ထုတ်ဖော်လိုက်သည်နှင့် ဓားတစ်ရာတွင် ပါဝင်သည့် ဓားဆန္ဒများမှာ သတ်ဖြတ်လိုစိတ်ဆန္ဒများနှင့်အတူ ကောင်းကင်နှင့်မြေပြင်တွင် ပြည့်နှက်သွားလေသည်။ ကောင်းကင်ရှိ မီးခိုးနှင့် ဖုန်မှုန့်များသည်ပင်လျင် အစအနမကျန်အောင် ပျောက်ကွယ်သွားလေသည်။

ထာဝရမိစ္ဆာ ရပ်တံ့သွားသည်။ ယင်း၏မျက်လုံးထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုတို့ ထင်ဟပ်နေလေသည်။

အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။ ထို့နောက်တွင် လက်တစ်ဖက်အား နှလုံးသားရှိရာသို့ ထိုးစိုက်လိုက်သည်။ “သန့်ရှင်းစွာ စွန့်လွှတ်မှု _ ခရမ်းနတ်ဘုရားကပ်ဘေး”

ဘုန်း

ထာဝရမိစ္ဆာ၏ မျက်လုံးထဲ၌ ရုတ်ချည်းဆိုသလို ခရမ်းရောင်မုန်တိုင်းတစ်ခု တိုက်ခတ်လာသည်။ ထိုမုန်တိုင်း၏ ဗဟိုချက်မှာ ဆိုးယုတ်ကာ မှောင်မိုက်လှပြီး တွင်းနက်တစ်ခုကဲ့သို့ အရာအားလုံးကို ဝါးမျိုပစ်နိုင်စွမ်းရှိသည်။ အခြားသူတစ်ဦး၏ အမြင်ဖြင့် ကြည့်မည်ဆိုပါက ထိုမုန်တိုင်းသည် ကောင်းကင်နှင့် မြေပြင်အား အပိုင်းပိုင်း ခုတ်ထွင်ပစ်နိုင်သော မဖျက်ဆီးနိုင်သည့် ဓားသွားများ ရစ်ဝဲနေသည်နှင့် တူလှသည်။

အံ့ဖွယ်ဓားများ လှုပ်ရှားလာပြီ ဖြစ်သည်။ ထိုဓားများတွင် အထွတ်အထိပ် ဓားဆန္ဒနှင့် အဆုံးမဲ့သည့် စွမ်းအားတို့ ပါဝင်နေပြီး အဖျက်အဆီးစွမ်းအား အပြည့်ဖြင့် ထာဝရမိစ္ဆာထံ တစ်ရှိန်ထိုး ပစ်လွှတ်လိုက်လေသည်။

ဘုန်း

အဖြူရောင်အံ့ဖွယ်ဓား တစ်လက်ချင်းစီတွင် မိစ္ဆာနဂါးအား သတ်ဖြတ်နိုင်စွမ်းရှိသည့် စွမ်းအားများ ပါဝင်နေလေသည်။ သို့သော်လည်း ခရမ်းရောင်မုန်တိုင်း၏ အထင်ကြီးရလောက်ဖွယ်ရာ လေဓားသွားများအောက်တွင် အံ့ဖွယ်ဓားအားလုံး ပြိုကွဲသွားရသည်။

အံ့ဖွယ်ဓား ၉၉ လက်အား ချေမှုန်းပြီးသည့်နောက်တွင် ထာဝရမိစ္ဆာ ရှေ့သို့ဆက်လက် လျှောက်လှမ်းလာသည်။

ခရမ်းရောင်မုန်တိုင်းသည် အံ့ဖွယ်ဓားများအား ဖြိုခွင်းလိုက်ပြီးနောက် အရွယ်အစား ကျုံ့ဝင်လာသည်။

အံ့ဖွယ်ဓားများသည် ထာဝရမိစ္ဆာ၏ ခရမ်းနတ်ဘုရားကပ်ဘေးအား ဖျက်ဆီးနိုင်ခြင်း မရှိခဲ့သည်မှာ မျှော်လင့်မထားသည့် အဖြစ်အပျက် ဖြစ်လေသည်။

အန်လင်းသည် နောက်ဆုံးကျန်ရစ်သည့် ဓားတစ်လက်အပေါ်တွင်သာ မျှော်လင့်ချက်များ ပုံအပ်ထားလိုက်သည်။

မိစ္ဆာရှင်ဓားမှာ အရှိန်အဟုန်အပြည့်ဖြင့် ပြေးထွက်သွားပြီး ကောင်းကင်တွင် အနက်ရောင်လမ်းကြောင်းတစ်ခုသာ ချန်ရစ်ထားလေသည်။ ကောင်းကင်ပြိုကွဲနိုင်သည့် ဓားဆန္ဒများကို သယ်ဆောင်ကာဖြင့် ခရမ်းရောင်မုန်တိုင်းထံသို့ ပြေးဝင်သွားလေသည်။

“ဖြိုခွဲပစ်” အန်လင်းအော်ဟစ်လိုက်သည်။

အနက်ရောင်ဓားခုတ်ချက်မှာ ရပ်တံ့သွားခြင်း မရှိဘဲ ခရမ်းရောင်မုန်တိုင်းကို ထိုးခွင်းသွားသည်။ မုန်တိုင်း၏ ဗဟိုချက်တွင် ရှိနေသည့် တွင်းနက်ပင်လျှင် ပြိုကွဲသွားရသည်။

ထာဝရမိစ္ဆာ၏ လက်များတွင် ခရမ်းရောင်စက်ဝန်းများ ပေါ်လာပြီး ယင်း၏ နှလုံးသားထံ ဦးတည်လာနေသည့် အနက်ရောင်ဓားအား ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဘုန်း

ဓားဆန္ဒပေါက်ကွဲမှုကြောင့် မြေပြင် ဆုတ်ပြဲသွားပြီး မီတာထောင်ပေါင်းများစွာ ရှည်လျားသည့် လျှိုတစ်ခု ဖြစ်ပေါ်လာသည်။

ထာဝရမိစ္ဆာ၏လက်မှ သွေးများပန်းထွက်လာသည်။ ဓားထိပ်သည် ယင်း၏နှလုံးနှင့် သုံးလက်မခန့် အကွာတွင် ရပ်တံ့သွားလေသည်။

အန်လင်း၏ နှလုံးသားထဲတွင် အေးစက်မှုတို့ လွှမ်းခြုံလာသည်။ တားလိုက်နိုင်တယ်တဲ့လား။

ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်အား အသုံးပြုနိုင်သည့် အချိန်မှာ အကန့်အသတ်ဖြင့် ရှိလေသည်။ ထို့ကြောင့် ထာဝရမိစ္ဆာ၏ ဤတိုက်ကွက်ဖြင့် အနိုင်ယူရန် ကြံရွယ်ထားခဲ့သည်။ ယင်းမှာ သူ၏ အစွမ်းအထက်ဆုံးသော တိုက်ခိုက်မှုလည်း ဖြစ်သည်။ အံ့အားသင့်မိသည်မှာ ထာဝရမိစ္ဆာသည် ထိုတိုက်ခိုက်မှုအား ရှောင်နိုင်ခဲ့ခြင်း ကြောင့်ပင်။

ထာဝရမိစ္ဆာ၏မျက်နှာတွင် ဆိုးယုတ်သည့်အကြည့်တစ်ခု ပေါ်လာသည်။ “မင်းက ငါ့ကို အတော်လေး အံ့အားသင့်စေတာပဲ။ မင်းက အတော်လေး အစွမ်းထက်တာကို ငါဝန်ခံပါတယ်။ ဒါပေမဲ့လည်း အဲဒီ လျှို့ဝှက်စွမ်းအားကို ဘယ်လောက်ကြာကြာ သုံးနိုင်မှာတဲ့လဲ။ အခုလို တိုက်ခိုက်မှုမျိုး ဘယ်နှစ်ကြိမ် ထုတ်ဖော်နိုင်မှာတဲ့လဲ။ မင်း ရှုံးပြီ။”

မျှော်လင့်ချက်မဲ့နေပြီဟု အန်လင်းခံစားနေမိသည်။ ဓားတစ်ရာနည်းစနစ်အား ထပ်မံအသုံးပြုမည်ဆိုလျှင်ပင် ထာဝရမိစ္ဆာအား သတ်ဖြတ်နိုင်စွမ်း မရှိသေးချေ။

အနိုင်ရနိုင်မယ့် တခြားနည်းလမ်းလေးဘာလေး မရှိတော့ဘူးလား။

သူ၏စိတ်ထဲ၌ ရှုပ်ထွေးလာပြီးနောက် မန္တန်တစ်ခုအား သတိရလိုက်မိသည်။

ကမ္ဘာအောက်ခြေရဲ့မူလစွမ်းအင်က အခုထိ သက်ရောက်မှု ရှိနေတုန်းဆိုတော့ အဲဒီမန္တန်ကို အသုံးပြုတာက ငါတောင် သေသွားနိုင်တယ်။

ထာဝရမိစ္ဆာ တဖြည်းဖြည်းချင်း နီးကပ်လာသည်ကို မြင်လိုက်သည့်အခါ အန်လင်း အံတင်းတင်းကြိတ်ကာဖြင့် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည်။

သေ သေကွာ။

အောင်ပွဲခံကတိပြုဒိုင်းကာအား သူ၏ရင်ဘတ်တွင် ကပ်လိုက်သည်။ ထို့နောက် ဝဲဘက်လက်တွင် လျှပ်စီးကြောင်းနှင့် ယာဘက်လက်တွင် ရွှေရောင်အလင်းတို့ တောက်ပလာလေသည်။

လျှပ်စီးနှင့် ရွှေရောင်အလင်းတို့ ဖြည်းညင်းစွာ စုပေါင်းသွားပြီး မူလအမှောင်ထုဆန္ဒနယ်မြေသည်လည်း စတင်စီးဝင်လာသည်။ လျှပ်စီးကြောင်းများ၏ ပြင်းထန်မှုအား ထိန်းချုပ်ထားပြီးနောက် အနက်ရောင်အော်ရာမျှင်များဖြင့် စုဖွဲ့လာပြီးနောက် တိတ်ဆိတ်လာကြလေသည်။ ပတ်ဝန်းကျင်တခွင်၌ မွန်းကြပ်သည့်ဖိအားတစ်ခု စတင်ပျံ့နှံ့လာသည်။

အန်လင်း၏ လက်သီးများကို မြင်လိုက်သည့်အခါ ထာဝရမိစ္ဆာ၏ မျက်ခုံးများ တွန့်ကွေးသွားပြီး ချက်ချင်းဆိုသလို ပြေးဝင်လာလေသည်။

“နျူလျှပ်လက်သီး”

အန်လင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ရွှေရောင်လက်သီးတစ်ခုအား ပစ်လွှတ်လိုက်သည်။

ရွှေရောင်လျှပ်စီးများပါဝင်နေသော ပေသုံဆယ်အရွယ်အစားရှိသည့် ကြီးမားလှသည့် လက်သီးကြီးသည့် ထာဝရမိစ္ဆာအား ထိုးနှက်လိုက်သည်။ ထိုလက်သီးအတွင်း၌ အနက်ရောင်အော်ရာမျှင်များသည် မဟူရာကြာပန်းများသဏ္ဌာန် ပွင့်ဖူးနေကြသည်။ ထိုအနက်ရောင်အော်ရာမျှင်များသည် ဒေါသနှင့် အဖျက်အစီးစွမ်းအားတို့ကို ခံစားရစေပြီး အရာအားလုံးကို စုပ်ယူတော့မတတ် ဖြစ်လေသည်။ ထိုအရာများ အားလုံးသည် ထိုလက်သီးအား ထူးထွေဆန်းပြားစေသည်။

ထာဝရမိစ္ဆာမှာ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဝံ့ချေ။ ချက်ချင်းဆိုသလို တက်သုတ်ရိုက် ထွက်ပြေးတော့သည်။

အရာအားလုံးမှာ တည်ငြိမ်တိတ်ဆိတ်နေဆဲပင်။ ကောင်းကင်တွင် အက်ကွဲမှုများစွာ ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ပင်လျှင် ကြောက်မက်ဖွယ်ရာ လက်သီးကြောင့် မတည်မငြိမ်ဖြစ်လာသည်။ ထို့နောက်တွင် လက်သီးချက်သည် နားကွဲလုမတတ် တုန်ခါသံနှင့်အတူ ပေါက်ကွဲသွားလေသည်။

အဖျက်အဆီးစွမ်းအားများပါဝင်သည့် လျှပ်စီးကြောင်း ပေါက်ကွဲမှုသည့် ထာဝရမိစ္ဆာနှင့်အတူ အန်လင်းကိုပါ ဝါးမျိုသွားလေသည်။ မြေပြင်ကိုပါ ရှင်းလင်းပစ်လိုက်ပြီး ကျွန်းအား အပိုင်းပိုင်းကွဲသွားစေသည်။ ကြီးမားလှသည့် မှိုပွင့်သဏ္ဌာန်တိမ်တိုက်ကြီးသည် မွန်မြတ်မိစ္ဆာကျွန်းပေါ်သို့ မြင့်တက်လာပြီးနောက် ကောင်းကင်နှင့်မြေပြင်တစ်ဝှမ်းအား ထွန်းလင်းလာစေသည်။

***

All Chapters