← Chapters

စိတ်အသစ် လူအသစ် နှစ်ကအသစ်

Vol. 21 Ch. 293

စိတ်အသစ် လူအသစ် နှစ်ကအသစ်

Vol. 21 Ch. 293

ရွှမ်ယွမ်ချန်နှင့် နှုတ်ဆက်ခွဲခွာပြီးသည့်နောက်တွင် အန်လင်းသည် စိတ်ပျက်စွာဖြင့် သူနေထိုင်ရာသို့ လျှောက်လာခဲ့သည်။

သူသည် ကျောင်းတော်၌ လူသိများသော ဆယ်လီတစ်ဦးဖြစ်သည့်အတွက် သူ့အား လာရောက်နှုတ်ဆက်ကြသည့် ကျောင်းသားအများအပြား ရှိသည်။ ဤကဲ့သို့ အသိအမှတ်ပြုခံရခြင်းမှာ မဆိုးလှချေ။ အထူးသဖြင့် တပိုင်၏ ကျောပေါ်မှနေ ကျောင်းသားများအား လက်ပြနှုတ်ဆက်ရာတွင် ဖြစ်သည်။ အရေးပါသည့် အရာရှိတစ်ဦး ကျောင်းသို့ လေ့လာရေးဆင်းနေသည်ဟု ခံစားနေမိသည်။

ထိုသို့ ခွေးပျံ စီးနင်းလာစဉ် လမ်းလျှောက်လာသည့် စုချန်းရန်နှင့် တွေ့လိုက်ရသည်။

“ဟေး စုချန်းရန်ရေ ပိတ်ရက်တွေမှာ ဘယ်လိုလဲ။”

“အရင့် အရင်အတိုင်းပါပဲဟယ်။ ချန်အယ်ကျဲကျဲနဲ့ တူတူနေတယ်။ အင်ပါယာနန်းတော်ကို ခဏလောက်ပြန်တယ်။ ဒီလိုနဲ့ပဲ အားလပ်ရက်က ကုန်သွားတာပါပဲ။”

“အိုး အရမ်းကြီး မဆိုးပါဘူး။ ဒါနဲ့လေ စကားမစပ် ငါကအခု စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ကို ရောက်နေပြီ။”

“ဘုရားရေ.. အရမ်းတော်တာပဲ အန်လင်းရေ”

“ဟားဟား အဲလောက်ကြီးတော့ မဟုတ်ပါဘူး။ နင်က ငါ့ကို ရှက်အောင်လာပြောနေတယ်။”

…

စုချန်းရန်အား သူပြုမူခဲ့သည်များကို ကြွားဝါပြီးသည့်နောက်တွင် သူ၏ စိတ်အခြေအနေမှာ သိသိသာသာ ပြန်လည်သက်သာလာပြီ ဖြစ်သည်။ ထို့နောက်တွင် ကျောက်စိမ်းခုံတန်းရှည်ပေါ်တွင် ထိုင်ကာ အဝေးသို့ ငေးကြည့်နေသည့် ပန်းရောင်ဆံပင်တိုနှင့် အမျိုးသမီးတစ်ဦးအား မြင်တွေ့လိုက်ရသည်။

“ဟေးး လျှိုချင်ဟွမ်ရေ.. ပိတ်ရက်မှာ ဘယ်လိုလဲ။”

“ပျင်းလွန်းလို့ သေပြီထင်တာ။ ငါနဲ့အတူတူ ဂိမ်းဆော့ပေးမယ့်လူ တစ်ယောက်မှ မရှိဘူး။ အားးးးးးးးးး”

“ကမ္ဘာကိုသွားသင့်တာ။”

“အဲဒီအကြောင်းကို ပြောကို မပြောချင်ဘူး။ ငါ့အတွက် နေရာမရှိဘူးလေ။ ကျောင်းတော်က ငါ့ကို နာမည်ပျက်စာရင်းသွင်းထားတာ။ ဂိမ်းဆော့နေတာကြောင့် တာဝန်ထမ်းဆောင်ဖို့ နှောင့်နှေးခဲ့လို့တဲ့။ သေမျိုးကမ္ဘာက သောက်ရမ်းဆိုးဝါးတဲ့ ဌာနတွေကလည်း ကောင်းကင်ဘုံပိုင်နက်ကို တိုင်လိုက်တယ်လေ။ အဲဒီတော့ ကမ္ဘာကို သွားခွင့် ပိတ်ထားခံရတယ်။”

“ကောင်းပါတယ်လေ။ ကိုယ်စိုက်တာ ကိုယ်ပြန်ရိတ်သိမ်းရတာပဲပေါ့။ ဒါနဲ့ စကားမစပ် ဝိညာဉ်ဖွဲ့စည်းခြင်း တစ်ပိုင်းအဆင့်ကို ရောက်နေတာ တော်တော်လေး ကြာပြီးနော်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို တက်နိုင်ခဲ့ပြီလား။”

“နိုးး အခုထိပဲ”

“အရမ်းနှေးတာပဲ။ ကျွန်တော်က စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ကို ရောက်နေပြီဗျ။”

“ဟမ်.. အဲဒီတော့ ဘာဖြစ်တုန်း။”

“ဖာ့ခ် မအံ့ဩဘူးလား။”

“ဘာလို့တုန်း။ ဘယ်လိုဖြစ်ဖြစ် ငါ့ကို League of Valor မှာ မနိုင်ဘူးလေ။”

“…”

…

အန်လင်းသည် တပိုင်၏ကျောအား ပုတ်လိုက်ပြီးနောက် အစိမ်းရောင်ဝတ်စုံနှင့် ပုံရိပ်အား မမြင်တွေ့ခင်အထိ ဆက်လက်ပျံသန်းနေလေသည်။

“ဟေး ရှောင်လန်ရေ ဘယ်လိုလဲ အဆင်ပြေရဲ့လားးးးးးးး”

“အန်စုတ်လေး ငါနင့်ကို လိုက်ရှာနေတာ။ နင်က တကယ်ကို ပိုင်ရှင်မပီသတဲ့သူပဲ။ ဘာလို့များ ရှောင်းဟုန်ကို ငါနဲ့ ထားခဲ့ရတာတုန်း။ ဗာမီလီယမ်ငှက်ဂိုဏ်းကို ပြန်ရောက်ပြီး နိုးလာတော့ မီးပန်းစကြာအကြောင်း သီချင်းဆိုတာ ကြားလိုက်ရပြီး လန့်နိုးလာခဲ့တုန်းက ငါဘယ်လောက်တောင် လန့်သွားရသလဲ နင်သိလား။”

“အေးပါဟာ တောင်းပန်ပါတယ် ငါတကယ်မေ့သွားတာ။ အခု ရှောင်းဟုန်က ဘယ်မှာလဲ။”

“ဟွန့် ငါ့အခန်းထဲက ပန်းအိုးထဲမှာလေ။ မနက်ခင်းဆို နှိုးဆက်ပေးစရာတောင် မလိုတော့ဘူး။ သူမရဲ့ မီးပန်းစကြာသီချင်းက ငါ့ကို နှိုးဖို့ အတော်လေးကို လုံလောက်တာထက် ပိုနေပြီ။”

“အဟမ်.. တောင်းပန်ပါတယ်ဆိုမှပဲ။ ရှန့်ယင်ရဲ့ အမွေအနှစ်တွေကိုကော ဘယ်လိုလုပ်လိုက်လဲ။”

“ငါက တော်တော်လေးတော့ အခြေခိုင်လာပြီလို့ ပြောရမယ်။ မဟူရာလျှပ်စီးနဂါးလုံးကို စုပ်ယူပြီးတော့ ငါ့ရဲ့ နဂါးနဲ့ ဇာမဏီသွေးမျိုးဆက်က တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး တစ်ခုနဲ့တစ်ခု တိုက်ခိုက်ကြတာမျိုး မရှိတော့ဘူး။ တခြားအမွေအနှစ်တွေနဲ့တော့ တဖြည်းဖြည်းချင်း ပေါင်းစပ်ရမှာပဲ။”

“ဝိုး မိုက်တယ်”

“ဒါတွေအားလုံးက နင့်ရဲ့ ကျေးဇူးတွေပါပဲ။ နောက်တစ်ခါ ရတနာအမဲလိုက်ရင်လည်း ငါ့ကို ခေါ်သွားပေးဦးနော်။”

“ဟုတ်ပါပြီဟယ်။ ရှောင်လန်ရေ တကယ်တော့လည်း ငါ့မှာ သတင်းကောင်းလေး ရှိနေတာ။ အခု ငါက စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ကို ရောက်သွားပြီလေ။”

“အိုးးး နင် ဘာထူးထူးဆန်းဆန်းတွေ စားလိုက်တာလဲ။ ဒါမှမဟုတ် အဆင့်တက်ဖို့ ဘယ်လိုထူးဆန်းတဲ့ နည်းလမ်းတွေ သုံးလိုက်ပြန်တာလဲ။”

“ရှောင်လန်... အဲဒါက နင်ငါ့ကို မြင်တဲ့ပုံတဲ့လား။”

“ဟုတ်တယ်”

“…”

…

ရုတ်တရက်ဆိုသလို အန်လင်း လွန်စွာ စိတ်ဓာတ်ကျမိသည်။ ကြွားဝါဖို့ရန် ဘာကြောင့်များ ခက်ခဲလွန်းရသနည်း။

မည်သည်ကြောင့် သူ၏ ထူးချွန်ပြောင်မြောက်လှသော ပါရမီအား သူမအနေဖြင့် အံ့ဩလေးစားခြင်း မရှိရသနည်း။

ထိုသတင်းအား ပြောမိခဲ့သမျှ လူအားလုံးတွင် စုချန်းရန် တစ်ဦးတည်းသာလျှင် စိတ်ကျေနပ်လောက်သည့် တုံ့ပြန်မှုမျိုး ပေးခဲ့ခြင်းဖြစ်ကြောင်း ပြန်ပြောင်းသတိရမိသည်။ မည်သည်ကြောင့်ပါနည်း။

အန်လင်း ထိုကိစ္စအား နက်နက်နဲနဲ စဉ်းစားပြီးသည့်နောက်တွင် တိကျသည့် အဖြေတစ်ခု ရရှိနိုင်ရန် ကြိုးပမ်းတော့သည်။

မည်သို့ပင်ဆိုစေ ဝံ့ကြွားခြင်းမရှိသည့်ဘဝ၌ မည်ကဲ့သို့ နေပျော်နိုင်မည်နည်း။

ထိုအချိန်မှာပင် အခြားတစ်ဖက်မှ ကိုယ်လုံးကိုယ်ထည့်တောင့်တင်းသည့် အမျိုးသားတစ်ဦး လမ်းလျှောက်လာနေသည်ကို မြင်တွေ့လိုက်ရသည်။

“ဟေ့ ရို့ လောင်ကျိပင် ပိတ်ရက်မှာ ဘယ်လိုတုန်း။”

“ဟားဟား အန်ကောရေ.. အခုပဲ သတင်းကောင်းပြောမလို့ဗျို့။ ကျွန်တော်က စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်ကို တက်နိုင်ခဲ့ပြီ။”

“ဂုဏ်ယူပါတယ်ကွာ။ တကယ်ကို ပျော်ရမယ့်အရာပဲ။ ဒါဆို ငါတို့အတန်းထဲမှာ မင်းက ၆ ယောက်မြောက် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်ကို ရောက်တဲ့သူပေါ့။”

“ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးဗျ။ စွန်းရှန့်လျန်နဲ့ မုန့်ထျန်းတို့ကောလို့ ကြားတယ်။ ခရမ်းကြယ်စင် သုတေသနအဖွဲ့အစည်းကနေ ရခဲ့တဲ့ သွေးမျိုးဆက် အမွေအနှစ်တွေကြောင့်လို့ပဲ ဆိုရမှာပေါ့။ မဟုတ်ရင် ကျွန်တော်တို့က ဒီလောက်မြန်မြန် အဆင့်တက်နိုင်မှာ မဟုတ်ဘူး။”

“အရမ်းမိုက်တယ်ဟေ့။ အခုဆိုရင် ငါ့တို့အဖွဲ့ကို တားလို့မရတော့ဘူးပေါ့။ မင်းသိထားဖို့က မင်းတို့ရဲ့ အဖွဲ့ခေါင်းဆောင်ကလည်း အရမ်းကို ကြိုးစားခဲ့တယ်ဆိုတာပဲနော်။ ငါကအခု စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ကို ရောက်နေပြီကွ။”

“ဟားဟား အန်ကော ပီသပါတယ်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေပြီလို့ ပြောရင်တောင် ကျွန်တော်ကတော့ မအံ့ဩပေါင်။”

“မင့်ဟာက နည်းနည်းလေးတောင် အံ့ဩမသွားဘူးလား။”

“ဟမ် ဘာလို့ အံ့ဩရမှာလား။”

…

လောင်ကျိပင်အား နှုတ်ဆက်ပြီးသည့်နောက်တွင် အန်လင်းမှာ ပိုမိုကာ စိတ်ဓာတ်ကျလာမိသည်။ သူ့အနေဖြင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်မှ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သို့ တစ်လအတွင်း တက်လှမ်းခဲ့သူ ဖြစ်သည့်အတွက် သူတို့အနေဖြင့် ပိုမိုတက်ကြွစွာ တုံ့ပြန်သင့်ပေသည်။

“တပိုင်ရေ ငါ့အတွက် ကြွားဖို့က ဘာလို့များ ခက်ခဲရတာလဲကွာ”

“ဟီးဟီး အန်ကောက ကြွားတာ အရမ်းများနေပြီဆိုတော့ လူတိုင်းက အန်ကောရဲ့ အပြုအမူတွေကို ရင်းနှီးနေပြီလေ။ ဝုတ်”

အန်လင်း ကိုယ့်နဖူးကိုယ် ပြန်ရိုက်ပြီး သက်ပြင်းချလိုက်မိသည်။ တပိုင်ပြောသည်မှာ မှန်လှပေသည်။

ထားလိုက်ပါတော့မည်။ စာသစ်နှစ်အသစ် စပြီဖြစ်သည့်အတွက် ထိုမကောင်းသည့် စိတ်ခံစားချက်များနှင့် နစ်မွန်းမနေသင့်ပေ။

နေ့စဉ်နေ့တိုင်း တိုးတက်လာအောင် ကြိုးစားကျင့်ကြံမည်။

အန်လင်းသည် စိတ်ဓာတ်ကျမှုများအား ဖယ်ထုတ်လိုက်ပြီးနောက် ရှောင်းဟုန်အား ပြန်လည်ခေါ်ယူကာ တောင်းပန်စကားဆိုလိုက်သည်။

ရှောင်းဟုန်မှာ မေ့လျော့ခံခဲ့ရည့်အတွက် စိတ်ဆိုးခြင်း မရှိချေ။ မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် မည်သည့်နေရာတွင်မဆို နေရောင်ခြည်စုပ်ရခြင်းမှာ အတူတူပင် ဖြစ်သည်။

သူမသည် စုရှောင်လန်၏ နံဘေးတွင် နေထိုင်လျှင်လည်း နေရောင်ခြည် စုပ်ယူရသည်။ အန်လင်းနံဘေးတွင် ရှိလျှင်လည်း ထိုသို့သာ ဖြစ်သည်။

ကွာခြားချက် မရှိချေ။

ရလဒ်မှာ အတူတူပင် ဖြစ်သည်။

“ရှောင်းဟုန်ရေ.. နင်သိလား ငါကအခု စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ကို ရောက်သွားပြီ။”

“ဝိုး သခင်က အရမ်းတော်တာပဲ။ ဒါနဲ့ သခင် ငါးမန်းသားလေး ဆိုတတ်လား။”

“ဟမ်”

“မသိဘူးမလား။ ရှောင်းဟုန်လေးက သင်ပေးမယ်။”

ရှောင်းဟုန်သည် ချိုသာသည့်အသံလေးဖြင့် စတင်သီဆိုလေသည်။ “ငါးမန်းသားလေး တူတူ တူတူတူ ငါးမန်းသားလေး တူတူ တူတူတူ ငါးမန်းသားလေး.....”

အန်လင်းမှာ မျက်ရည်များ ဆည်ကျိုးကျလာတော့သည်။ သူ့နံဘေး၌ ပုံမှန်လူတစ်ဦးတစ်ယောက်မျှ မရှိနိုင်တော့ဘူးလား။ မည်သည်ကြောင့် ဝံ့ကြွားဖို့ရန် ထိုမျှလောက်အထိ ခက်ခဲနေရသနည်း။

ကျောင်းတော်သို့ ချစ်စဖွယ် အငယ်တန်းလေးများ ရောက်ရှိလာကြပြီ ဖြစ်သည်။

သူတို့သည် လျင်မြန်စွာပင် ဒဏ္ဍာရီဆန်သော စီနီယာ အန်လင်းအကြောင်း သိရှိလိုက်ကြသည်။

ထိုပြိုင်ဘက်ကင်းစီနီယာသည် အကြီးအကဲတစ်ဦးကို လက်တစ်ဖက်တည်းနှင့် နှစ်ပိုင်း ဖြတ်နိုင်ပြီး လက်တစ်ချောင်းတည်းနှင့် ကောင်းကင်အား အပေါက်ဖောက်နိုင်သူ ဖြစ်သည်။ ကျောင်းတော်၏ သမိုင်းဝင် ဂုဏ်ယူစရာတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် သူ၏ ထူးခြားသော အပြုအမူများနှင့် ပတ်သက်၍ မျှော်လင့်ထားရန် လိုအပ်သည်။

ကျောင်းသားအသစ် အားလုံးတို့မှာ အန်လင်း၏ သမိုင်းတွင်သည့် အပြုအမူများကို ကြားသိရသည့်အခါ အံ့ဩတုန်လှုပ်သွားကြသည်။

“ဝိုးးး စီနီယာအန်လင်းက အရမ်းအစွမ်းထက်တာပဲ။ သူနဲ့တွေ့ချင်လိုက်တာ။”

“ငါကြားတာကတော့ ဒီ ပိတ်ရက် တစ်လမှာ စီနီယာက စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်ကနေ နောက်ဆုံးအဆင့်ကို တက်သွားခဲ့တယ်တဲ့လေ။”

“အဲဒါက ဘာမှကိုမဟုတ်တာ။ ပျက်ပြယ်ခြင်းအဆင့် အကြီးအကဲကို တာအိုခန္ဓာအဆင့်နဲ့ အနိုင်ကျင့်ခဲ့တာလေး ထည့်ပြောဦး။ အားလပ်ရက်မှာ အဆင့် ၂ ဆင့်လောက် တက်သွားတာက စကားထဲ ထည့်ပြောနေဖို့ မလိုဘူး။”

“အင်းး မင်းပြောတာ မှန်တယ်။ ငါနည်းနည်းလောသွားတယ်။”

…

ဤသို့ဖြင့် အသစ်ရောက်ရှိလာခဲ့ကြသော ကျောင်းသားများသည် အန်လင်း၏ သမိုင်းတွင်သည့် ဇာတ်လမ်းများကို သိရှိသွားကြပြီးနောက် အန်လင်း၏ ဝံ့ကြွားခြင်းတို့မှ ကင်းလွတ်ခွင့် ရရှိသွားကြလေသည်။

ဤသို့ဖြင့် အန်လင်း၏ ဝံ့ကြွားခြင်းလမ်းစဉ်မှာလည်း ပိတ်ဆို့ခြင်းခံလိုက်ရတော့သည်။

သူ၏ တတိယနှစ် ကျောင်းတော်သားဘဝမှာ ဤကဲ့သို့ ငြိမ်းချမ်းသည့် ပတ်ဝန်းကျင်၌ စတင်လေတော့သည်။

***

All Chapters