ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့
Vol. 21 Ch. 294
တတိယနှစ်၏ ကျင့်ကြံခြင်းဘဝမှာ နှေးကွေးကာ ပုံမှန်ပင်ဖြစ်ပြီး အချိန်မှာလည်း ဖြည်းညင်းစွာ ကုန်ဆုံးနေလေသည်။
အန်လင်းသည် သူ၏ ကျင့်ကြံခြင်းအခြေခံအား ခိုင်မာလာစေရန် ဖွဲ့စည်းပြီးဖြစ်သည့်အတွက် အဆင့်တက်ဖို့ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
နောက်တစ်ဆင့်မှာ သူ၏ကိုယ်ပိုင်နယ်ပယ်အား ရယူရန်ဖြစ်သည်။ သူအနေဖြင့် မည်သည့်နယ်ပယ်အား ရယူရမည်ကို မသိနိုင်ဘဲ ရှိနေလေသည်။
အစွမ်းထက် ဓားအင်မော်တယ်တစ်ဦးအနေဖြင့် အန်လင်းသည် အသင်္ချေဓားနယ်ပယ် သို့တည်းမဟုတ် ဓားဆန္ဒများကြွယ်ဝသည့် နယ်ပယ်အား မျှော်လင့်မိသည်။ ထိုမှသာ ဓားအင်မော်တယ်ဟူသည့် ပုံရိပ်နှင့် ကိုက်ညီမှုရှိမည်ဖြစ်သည်။
သူ၏နယ်ပယ်အား ရရှိရန်အတွင် အန်လင်းသည် နေ့စဉ်နေ့တိုင်း နေထွက်သည်မှ နေဝင်သည်ထိတိုင်အောင် စူးစမ်းလေ့လာနေခဲ့သည်။ ကြယ်စင်များအောက်တွင် ကျင့်ကြံသည်၊ ငြိမ်သက်သည့် တောအုပ်၏အသံများကို နားထောင်သည်၊ ရေတံခွန်အောက်တွင် ဓားရေးလေ့ကျင့်သည်။ ဉာဏ်အလင်းရရှိလာစေရန် သူတွေးတောနိုင်သည့် အရာမှန်သမျှကို ပြုလုပ်ခဲ့လေသည်။
သို့သော်လည်း သက်ရောက်မှု မရှိချေ။
“ရှောင်ချိုးရေ.. ငါ့ရဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေက မှားနေတယ်လို့ မင်းထင်လား။ ဒီလောက် ရက်တွေအများကြီး ကြာတာတောင် ဘာမှ ကွာခြားလာတယ်လို့ မခံစားရဘူး။” အန်လင်း စိတ်ပျက်စွာဖြင့် မေးလေသည်။
ရှောင်ချိုး မရေရာစွာဖြင့် သူ၏အမွေးများကို ကုတ်လိုက်သည်။ “ဉာဏ်အလင်းရဖို့ ကြိုးစားတာမှာ မှန်တယ် မှားတယ်ရယ်လို့တော့ မရှိပါဘူး။ ကျင့်ကြံခြင်းကို အထောက်အပံ့ဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို ရှာဖွေဖို့ပဲ အရေးကြီးတာ။ နှစ်လိုဖွယ်ဆန္ဒနယ်မြေပါဝင်တဲ့နေရာကတော့ အကောင်းဆုံးပေါ့။”
“နယ်ပယ်တစ်ခု ရရှိဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါက ကျင့်ကြံသူတွေအတွက် အကြီးမားဆုံး ကျော်ဖြတ်ရမယ့် အခက်အခဲပဲ။ သေသွားတဲ့အထိ နယ်ပယ်တစ်ခုကို မရရှိလိုက်ကြတဲ့ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတွေ အများကြီးပဲ ရှိတယ်။ အဲဒါကြောင့် အကောင်းဆုံးကတော့ စိတ်ရှည်ဖို့ပဲ။”
အန်လင်းမှာ ရှောင်ချိုး၏ စကားများကြောင့် ချက်ချင်းဆိုသလို တုန်လှုပ်သွားလေသည်။
သူ၏ပါရမီမှာ မကောင်းလှသည့်အတွက် နယ်ပယ်တစ်ခု ရရှိဖို့ရန် ဆယ်စုနှစ်အနည်းငယ်ခန့် လိုအပ်မည် ဆိုလျှ၍်ကော။ ကျူကျူပါအောင် အော်ငိုမိမည် ဖြစ်သည်။
မဟုတ်ချေ။ ထိုကဲ့သို့ မနေနိုင်ချေ။
စနစ်၏ အထောက်အပံ့ လိုအပ်သည်။
တုန်ရွှာနန်းတော်၏ ဆေးဖော်ခန်းအတွင်း။
ဝဖိုင့်ဖိုင့်လူတစ်ဦးသည် သူ၏ အိုင်ဒဲလ်ဖြစ်သူအား နှုတ်ဆက်လိုက်လေသည်။
“အန်လင်းရေ.. ဒီတစ်ကြိမ်ကော ဘာဆေးတွေ စားဦးမှာလဲ။” ယီစီ၏မျက်လုံးများ အရောင်လက်ကာဖြင့် စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
“အာ.. ခင်ဗျားနဲ့ နည်းနည်းပါးပါး ဆွေးနွေးစရာလေးရှိလို့ လာခဲ့တာပါ။” အန်လင်း ရှက်ရွံ့စွာဖြင့် ဖြေလိုက်သည်။
အလင်းသခင် ယီစီသည် အရှင်လောင်ဇီ၏ ပထမဆုံးသော တပည့်ဖြစ်သည့်အတွက် များပြားသည့် ဘဝအတွေ့အကြုံများစွာ ရှိပေသည်။ ထို့အပြင် ပထမတန်းစား ဆေးလုံးဖော်စပ်သည်လည်း ဖြစ်သည်ကြောင့် သူနှင့်လာရောက်ဆွေးနွေးခြင်းမှာ ကောင်းမွန်သည့်အကြံဖြစ်လေသည်။
“ပြဿနာမရှိဘူး။ ဘာသိချင်လို့လဲ။” ယီစီမှာ ဆေးလုံးစားပညာရှင်ကြီးနှင့် ကောင်းမွန်ခိုင်မာသည့် ဆက်ဆံရေးတည်ဆောက်နိုင်တော့မည် ဖြစ်သည့်အတွက် ပိုမိုပျော်ရွှင်နေမိသည်။ ထို့ကြောင့် ဤအခွင့်အရေးအား ဆုပ်ကိုင်ကာဖြင့် အန်လင်းအား ကူညီရန် အတော်လေး စိတ်အားထက်သန်နေလေသည်။
အန်လင်းမှာ ခေတ္တမျှ တုံ့ဆိုင်းနေမိသည်။ သို့သော်လည်း အဆုံးတွင်မူ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန် လိုအပ်သည့် ပစ္စည်းသုံးမျိုးကို ရွတ်ပြလိုက်သည်။ “နတ်ဘုရားနှလုံးသား၊ နတ်ဘုရားသွေးရည်နဲ့ ပါရဂွန်နတ်သစ်သီးတို့ကို အကြီးအကဲ ယီစီ ကြားဖူးပါသလား။”
အန်လင်း၏အမေးကို ကြားလိုက်သည့်အခါ အံ့ဩလွန်းသဖြင့် ယီစီ၏မျက်လုံးများ ပြူးကျယ်လာလေသည်။ “အဲဒီဟာတွေကို ဘာလုပ်ဖို့ သိချင်ရတာတုန်း။”
“ကျွန်တော်သုံးဖို့အတွက် စုဆောင်းချင်လို့ပါ။”
“လခွမ်းဟေ့ ဘာအတွက် သုံးမှာလဲ။”
“ဘာလို့မမေးတာလဲဗျ။ ပြဿနာရှိလို့လား။” အန်လင်းမှာ နားမလည်နိုင်စွာဖြင့် ရှိလေသည်။ ယီစီ၏ တုံ့ပြန်မှုကြောင့် အံ့အားသင့်နေမိသည်။
“ပြဿနာတော့ မရှိပါဘူး။ ပြောရမယ် ဆိုရင်တော့ကွာ..” ယီစီသည် မျက်ခုံးနှစ်ဖက်ကို နှိပ်ရင်းဖြင့် အန်လင်းအား လေးနက်သည့်ဟန်ဖြင့် လေ့လာနေမိသည်။ “အဲဒီ ပစ္စည်းသုံးမျိုးက အတော်လေးကို အဆင့်မြင့်တယ်။ မင်းက ဘာလို့စိတ်ဝင်စားနေရတာလဲ။”
“ပါရဂွန်နတ်သစ်သီးကို ဥပမာထားပြီး ပြောရမယ်ဆိုရင်တော့ ဆေးဝါးတွေကို ပုံမှန်အားဖြင့် စိတ်ဝိညာဉ်အဆင့်နဲ့ အင်မော်တယ်အဆင့်ဆိုပြီး ခွဲထားတာ မင်းသိတယ်မဟုတ်လား။”
အန်လင်း ခေါင်းညိတ်လိုက်သည်။ “သိတယ်။ စိတ်ဝိညာဉ်အဆင့်နဲ့ အင်မော်တယ်အဆင့်မှာမှ အဆင့်သေး ၉ ဆင့် ပြန်ခွဲထားပြီး အဆင့် ၁ က အမြင့်ဆုံးပဲ။”
ယီစီသည် အန်လင်းအား ကြည့်ကာဖြင့် တည်ကြည်သည့်အသံဖြင့် ပြောလေသည်။ “အဲဒါဆိုရင် အင်မော်တယ်အဆင့်ရဲ့အထက်မှာ အဆင့်တစ်ခု ရှိနေသေးတာကိုကော မင်းသိလား။”
အန်လင်းသည် ယီစီ၏အမေးကြောင့် အနည်းငယ်မျှ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ ထို့နောက်တွင် အတွေးတစ်ခု ပေါ်လာပြီး သူ၏နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။ “နတ်အဆင့်လား။”
“မှန်ပါ့ဗျား..။ လုံးဝကို နတ်သစ်သီးပေါ့။ ပါရဂွန်နတ်သစ်သီးဆိုတာ အဲဒီ နတ်အဆင့်ရှိတဲ့ သစ်သီးကို ပြောတာပေါ့။” ယီစီ၏မျက်နှာတွင် စူးစမ်းလိုသည့်အမူအရာများ ပေါ်လာသည်။ “အဲတော့ကွာ အခုနကမေးခွန်းကို ပြန်မေးရမယ်ဆိုရင် အဲဒီဟာတွေကို ဘာလုပ်ဖို့ ရှာတာလဲ။”
“လခွမ်း” အန်လင်း ကျယ်လောင်စွာ ဆဲဆိုလိုက်လေသည်။ “မူလဖန်တီးခြင်းဆေးလုံးအတွက် စိတ်ဝိညာဉ်ကျောက်တုံး ၁၂ သန်း ပေးခဲ့ရတယ်။ ပါရဂွန်နတ်ဆေးလုံးကိုသာ ဝယ်လိုက်မယ်ဆိုရင် မွဲတေဖို့ပဲ ရှိတော့တယ်။”
ရုတ်တရက်ဆိုသလို စနစ်အား လွန်စွာမုန်းတီးလာမိသည်။ ယင်းသည် သူ့အား ပါရဂွန်နတ်သစ်သီး ရှာဖွေရန် ပြောခဲ့သည် မဟုတ်ပါလား။
သူဆင်းရဲတစ်ဦးဖြစ်သည့် သူ့အနေဖြင့် ဤကဲ့သို့သော ပစ္စည်းမျိုးအား မည်သို့ရှာဖွေနိုင်မည်နည်း။
“အဲလောက်ကြီး မလိုပါဘူး။ အင်မော်တယ်ဆေးလုံးနဲ့ နတ်သစ်သီးကြားမှာ ခြားနားချက်ရှိတယ်။ မူလဖန်တီးခြင်းဆေးလုံး ဖော်စပ်ဖို့အတွက် အရည်အသွေးမြင့် အင်မော်တယ်အဆင့် ဆေးပစ္စည်းအများအပြားလိုအပ်တယ်။ အဲဒါကြောင့် အရမ်းဈေးကြီးနေရတာပဲ။ နတ်သစ်သီးကတော့ ဈေးမကြီးဘူးဆိုပေမဲ့လည်း မင်းမှာပိုက်ဆံရှိရင်တောင် ရောင်းဖို့ပစ္စည်းမရှိဘူးကွ။”
ယီစီသည် အန်လင်းအား စေ့စေ့ကြည့်ပြီးနောက် “ပါရဂွန်နတ်သစ်သီးဆိုတာက အသိစိတ်နဲ့ ပေါက်ဖွားလာပြီး မိုးကောင်းကင်ရဲ့ ကောင်းချီးပေးမှုကို ခံထားရတာ။ သူက လှုပ်ရှားနိုင်ရုံတင်မကဘူး လူစကားကိုလည်း အကန့်အသတ်နဲ့ ပြောနိုင်သေးတယ်။ သူက အရမ်းကို အသိဉာဏ်မြင့်မားတဲ့ တိရိစ္ဆာနဲ့တူတယ်။ ဆေးဂုဏ်သတ္တိတွေလည်း အများကြီး ပါဝင်တယ်။ အစစ်အမှန် နတ်ဘုရားတစ်ပါးထက်တောင် ရှားပါးသေးတယ်။ အဲဒါကြောင့် ရှာတွေ့ဖို့ မလွယ်ဘူး။”
“အဲဒါကြောင့် ငါက အရမ်းအံ့ဩသွားမိတာလေ။ အဲလိုရှားပါးတဲ့ ပစ္စည်းမျိုးကို စုဆောင်းဖို့ဆိုတာ အတော်လေး မဖြစ်နိုင်တဲ့ တာဝန်တစ်ရပ်ပဲ။”
ယီစီ၏ ပြောကြားချက်ကို နားထောင်ပြီးသည့်နောက်တွင် အန်လင်းမှာ ဆွံ့အနေမိသည်။ သို့သော်လည်း အလွန်ထူးခြားသည့် ပစ္စည်းတစ်ခုအား ရုတ်တရက် တွေးမိလိုက်လေသည်။
ခေတ္တမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် သိုလှောင်လက်စွပ်အတွင်းမှ ရွှေရောင်ဂျင်ဆင်းပင်အား ထုတ်ယူလိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ ချလိုက်သည်။
ရွှေရောင်ဂျင်ဆင်းပင်သည် လူကြီးတစ်ဦး၏ အရပ်တစ်ဝက်နီးပါး မြင့်ပြီး ဦးခေါင်းထက်တွင် ပန်းတစ်ပွင့် ရှိနေလေသည်။
ယင်းသည် ချက်ချင်းဆိုသလို မျက်လုံးတောက်တောက်တစ်စုံအား ဖွင့်လိုက်ပြီးနောက် “ဖေဖေ”
အန်လင်း၏ခြေထောက်အား သိုင်းဖက်ကာဖြင့် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
“လွှတ်စမ်း။ ဂမ်ဒမ်ထဲက တစ်ကောင်ကမှ မင့်ဖေဖေ မဟုတ်ဘူးလားကွ။” အန်လင်းသည် ရွှေရောင်ဂျင်ဆင်း၏ လက်များအား ဆွဲလှုပ်လိုက်သည်။
ရွှေရောင်ဂျင်ဆင်းသည် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်ပြီးနောက် စိတ်အားထက်သန်စွာဖြင့် ယီစီဘက်သို့ လှည့်ကာ ခြေထောက်ပြေးဖက်လေသည်။ “မေမေ.. ဖေဖေက သားကို အနိုင်ကျင့်နေတယ်။”
“ငလူးးး ငါက မင့်အမေ မဟုတ်ဘူးကွ”
“မဟုတ်သေးပါဘူး ခဏလေး ဒီဟာက ဘယ်လိုသောက်ကျိုးနည်းဟာတုန်း”
ယီစီသည် လှုပ်ရှားသွားလာကာ စကားပြောနိုင်သည့် ရွှေရောင်ဂျင်ဆင်းကြောင့် အလွန်တုန်လှုပ်နေလေသည်။
ယင်းသည် “မေမေ၊ ဖေဖေ” ဟူ၍ပင် အော်ဟစ်နေသေးသည်ကြောင့် ဤအခြေအနေကြီးအား နားမလည်နိုင်တော့ချေ။ ယင်းသည် သူနှင့် အန်လင်းအား စုံတွဲအဖြစ် ရှုမြင်နေခြင်းများလား။ သို့တည်းမဟုတ် သူတို့နှစ်ဦးသည် ထိုဂျင်ဆင်းအား မွေးဖွားခဲ့ခြင်းများလား။
“ဟမ်.. အရမ်းကိုမြင့်မားတဲ့ အသိဉာဏ်နဲ့ များပြားလွန်းတ့ စိတ်စွမ်းအင်တွေဆိုတော့ ဒါက ဘာဖြစ်နိုင်မလဲ။”
အလွန်ထိတ်လန့်ဖွယ်ကောင်းသည့် အတွေးတစ်ခုကြောင့် ယီစီ၏မျက်လုံးများ ပြူးကျယ်သွားလေသည်။
နေရာတွင်ပင် ကြောင်လျက်သား ရပ်နေမိပြီးနောက် ရုတ်တရက်ဆိုသလို အော်ဟစ်လိုက်သည်။ “ဒီဖေ.... အဲဒါ ပြန်လည်ဝင်စားခြင်းဂျင်ဆင်း မဟုတ်လား။”
အန်လင်းသည် ယီစီအား စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိိုက်သည်။ “ဒီ အဆင့် ၁ အင်မော်တယ်သစ်သီးအကြောင်း သိတာလား။”
“အဆင့် ၁ အင်မော်တယ်သစ်သီး ဟုတ်လား။” ယီစီ ရေရွတ်လိုက်သည်။ “သူက အသိဉာဏ်လည်းရှိပြီး ဆင့်ကဲပြောင်းလဲနေပြီကွ။ အဲဒါ ပါရဂွန်နတ်သစ်သီးလို့ ခေါ်တယ် သိရဲ့လား။”
အန်လင်းသည် အံ့ဩပီတိဖြစ်စွာ ပြုံးလိုက်ပြီးနောက် မျက်တောင်တဖျပ်ဖျပ် ခတ်နေမိသည်။ “ဟားး ဒါက တကယ်ကို ပါရဂွန်နတ်သစ်သီးပေါ့။ ဘယ်လိုတောင် ကံကောင်းနေတာလဲ။”
ပါရဂွန်နတ်သစ်သီးအကြောင်း ယီစီ၏ဖော်ပြချက်မှာ ရွှေရောင်ဂျင်ဆင်း၏ ဖြစ်စဉ်များနှင့် အတော်လေး တူညီသည်ဟု ခံစားမိသည်။
ယင်းတို့မှာ လှုပ်ရှားနိုင်ပြီး ထမင်းစားရေသောက် ပြောဆိုနိုင်သည်။ ယင်းမှာ ပါရဂွန်နတ်သစ်သီး အစစ်အမှန် ဖြစ်နေလိမ့်မည်ဟု မည်သူကမျှ တွေးထင်မိလိမ့်မည် မဟုတ်ကြချေ။
“ဒါက ရိုးရိုးတန်းတန်း ကံကောင်းရုံလောက်ပဲ မဟုတ်ဘူးကွ။ တရားလွန်ကံကောင်းနေတာ။ ဒီလိုဖို့ အဖိုးဖြတ်မရတဲ့ ရတနာကို မင်းဘယ်ကနေ ရခဲ့တာလဲ။” ယီစီ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ယင်နေပြီး သူ၏ခြေထောက်အား ဖက်တွယ်ထားသည့် ရွှေရောင်ဂျင်ဆင်းအား ငုံ့ကြည့်ကာဖြင့် နှုတ်ခမ်းထောင့်မှ သွားရည်များ တစက်စက်စီးကျနေလေသည်။
အန်လင်းသည် ဂျင်ဆင်းအား ချက်ချင်းဆိုသလို သိုလှောင်လက်စွပ်အတွင်းသို့ ထည့်သိမ်းလိုက်သည်။
ယီစီ ရှက်ရွံ့သွားမိသည်။ “ငါပြောခဲ့တဲ့စကားကို ပြန်ရုတ်သိမ်းတယ်။ မင်းဆီမှာ ပါရဂွန်နတ်သစ်သီးတစ်လုံး ရှိနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။”
အန်လင်းမှာ အတော်လေး ကျေနပ်နေမိသည်။ တတိယမြောက် လိုအပ်ချက်မှာ ဤကဲ့သို့ လွယ်ကူစွာ ပြီးမြောက်သွားပြီ ဖြစ်လေသည်။
ထို့နောက်တွင် ကျန်ရှိသည့် လိုအပ်ချက်နှစ်ခုထံ အာရုံပြောင်းလိုက်သည်။ “နတ်ဘုရားနှလုံးသားနဲ့ နတ်ဘုရားသွေးရည်တို့က ဘာတွေလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ရမလား အကြီးအကဲ ယီစီ။”
ယီစီသည် အန်လင်းအား အဓိပ္ပါယ်ရှိရှိ ကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလေသည်။ “နတ်ဘုရားနှလုံးသားက နတ်အဆင့်အသိစိတ်ကို ဆိုလိုတာ။ အဲဒါကို ကြိုးစားရှာမယ်ဆိုရင်တော့ ရနိုင်လိမ့်မယ်။ ဒါပေမဲ့ နတ်ဘုရားနှလုံးသားကို ရနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက အဲဒါက မင်းကို ပိုင်ရှင်အဖြစ် လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုပြီး မင်းရဲ့ခန္ဓာကိုယ်ထဲကို သူ့စိတ်ဆန္ဒအလျောက် ပေါင်းစည်းသွားမှပဲ ရမယ်။ သတ္တဝါတစ်ကောင်ကောင်ရဲ့ သင်္ချိုင်းမှာတော့ ရှာတွေ့နိုင်ဖို့များတယ်။ သူတို့တွေက ရှင်သန်နေတုန်းက အတော်လေး စွမ်းအားကြီးတဲ့ အသိစိတ်ရှိကြတယ်။”
“နတ်ဘုရားသွေးရည်ကတော့ နတ်အဆင့်စွမ်းအားကိုပြောတာပဲ။ နတ်ဘုရားနှလုံးသားထဲမှာပဲ ရှာတွေ့နိုင်တယ်။”
အန်လင်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်ချလိုက်သည်။ “တူး အင် ဝမ်း ပေါ့။ တော်တော်လေး ရိုးရှင်းပုံပဲ။”
“ရိုးရှင်းတယ် ဟုတ်လား။ လာနောက်နေတာလား။ ပထမဆုံးပျက်ပြယ်ခြင်းအဆင့်ထက် ပိုတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးဦးရဲ့ သင်္ချိုင်းကိုရအောင်ပြ ရှာပါဦး။ အဲ.. အရမ်းအစွမ်းထက်တဲ့အသိစိတ် ရှိနေရမယ်နော်။ အဲဒီအပြင်ကို စံသတ်မှတ်ထားတဲ့ ပတ်ဝန်းကျင်အနေအထားလည်း ရှိရဦးမယ်။ ပြောရမယ်ဆိုရင်ကွာ အစွမ်းထက်ပုဂ္ဂိုလ် ၁၀ ဦးလောက်ရဲ့ သင်္ချိုင်းတွေကို တူးကြည့်မယ်ဆိုရင်တောင် အဲဒီနှစ်ခုကို ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။”
“အဆင်ပြေပါတယ်။ အချိန်အများကြီးရှိတယ်။” ယီစီ၏စကားများကြောင့် အန်လင်း စိတ်ပျက်သွားပုံမရချေ။ “နောက်ဆုံးမေးခွန်းတစ်ခုက အဲဒီ နတ်ဘုရားနှလုံးသားနဲ့ နတ်ဘုရားသွေးရည်က ဘာနဲ့တူလဲဗျ။”
ယီစီ လက်ခါလိုက်သည်။ “ငါလည်း မမြင်ဖူးပေါင်။ ကြားဖူးသလောက်ဆိုရင်တော့ နတ်ဘုရားနှလုံးသားက နှင်တံတစ်ခုနဲ့တူပြီး နတ်ဘုရားသွေးရည်ကတော့ အဲဒီနှင်တံထဲမှာပေါ့။”
အန်လင်း : “…”
အန်လင်းမှာ ထိုကွင်းကွင်းကွက်ကွက် ဖော်ပြချက်ကြောင့် ပြောစရာစကားမဲ့ရသည်။
သို့သော်လည်း သူသိလိုသမျှ အားလုံးနီးပါးအား သိခွင့်ရခဲ့သည်။
ယနေ့မှစ၍ သင်္ချိုင်းတူးသူတစ်ဦး ဖြစ်လာရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
***