← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 13 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 13 Ch. 251-252

အခန်း (၂၅၁) - တိုက်ပွဲထဲသို့ ဝင်ရောက်ခြင်း

​အဘိုးကြီးဟူသည် အေးချမ်းသော နေ့ရက်တစ်ရက်ကို ပိုင်ဆိုင်နေဆဲ ဖြစ်သည်။

​သို့သော် ယခုလေးတင်မှာပင် ကြည်လင်နေသော ရာသီဥတုကြီးထဲ၌ မိုးကြိုးတစ်ချက် ပစ်ချလိုက်သဖြင့် သူ လန့်ဖျပ်သွားရ၏။

​“နေသာနေတာကို... ဘာလို့ မိုးကြိုးပစ်တာလဲ”

အဘိုးကြီးဟူက ကောင်းကင်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ကောင်းကင်မှာတော့ တိမ်မည်းတစ်လိပ်ပင် မရှိပါပေ။

​အဘိုးကြီးဟူကို ပို၍ ဇဝေဇဝါ ဖြစ်စေသည်မှာ ထိုထူးဆန်းသော ဖောက်သည်လေးဦးမှာ ချက်ချင်းပင် မတ်တတ်ရပ်လိုက်ကြခြင်းပင် ဖြစ်သည်။

​ပညာရှိနှင့်တူသော လူက ဆို၏။

“ကြည်လင်နေတဲ့ ရာသီဥတုမှာ မိုးကြိုးပစ်တာကတော့ တကယ်ကို ထူးဆန်းတာပဲ... ငါတို့ သွားကြည့်ကြမလား"

​ထိုသူများထဲမှ တစ်ဦးက ပြန်ဖြေလိုက်သည်။

“ပြတိုက်မှူးက ဒီမှာပဲ စောင့်ခိုင်းထားတာလေ... ပညာရှိ... သူများကိစ္စထဲ ဝင်မရှုပ်စမ်းပါနဲ့”

​“ငါတော့ သဘောမတူဘူး”

ပညာရှိက ပြန်ပြောလိုက်၏။

"ကျီးကန်းအိုကြီး.. စဉ်းစားကြည့်စမ်းပါ... ပြတိုက်မှူးရဲ့ တပည့်ကသာ ပေါ်မလာဘူးဆိုရင် ငါတို့က ဒီအတိုင်း ထိုင်စောင့်နေရမှာလား... ‘အစီအစဉ်တွေက ပြောင်းလဲမှုတွေရဲ့ နောက်မှာပဲ ရှိတယ်’ ဆိုတဲ့ စကားပုံ ရှိသားပဲ... အကယ်၍ တစ်ခုခု ဖြစ်နေတာဆိုရင် ငါတို့ ဒီအတိုင်း ထိုင်ကြည့်နေလို့ မဖြစ်ဘူးလေ”

​ဤစကားကြောင့် ကျီးကန်းအိုကြီးဟု ခေါ်သော လူကလည်း ဒါဟာ ကျိုးကြောင်းဆီလျော်သည်ဟု ယူဆလိုက်ပုံရ၏။

​ထိုစဉ် အလှလေးက ဝင်ပြောလိုက်သည်။

“ပညာရှိ ပြောတာ မှန်တယ်... ငါတို့ လူခွဲလိုက်ကြတာပေါ့... တစ်ဖွဲ့က ဒီမှာပဲ နေပြီး ပြတိုက်မှူးရဲ့ တပည့်ကို စောင့်မယ်၊ ကျန်တဲ့အဖွဲ့က ဘာဖြစ်နေတာလဲဆိုတာ သွားကြည့်ကြမယ်”

​“ဒါ ကောင်းတဲ့ အကြံပဲ”

ကျီးကန်းအိုကြီးက ခေါင်းညိတ်လိုက်၏။

​ပညာရှိက အရင်ဆုံး ကမ်းလှမ်းလိုက်သည်။

“ငါ သွားမယ်”

​သူသည် အခေါင်းလူသားနှင့် အတူတူ မကျန်ရစ်ချင်သည်မှာ သေချာလှပေသည်။ အကယ်၍ သူသာ ကျန်ခဲ့မည်ဆိုပါက အခေါင်းလူသားနှင့် နှစ်ယောက်တည်း ရှိနေမည် ဖြစ်သည်။ လွန်ခဲ့သော အတွေ့အကြုံမှာ သူ့အတွက် ထိတ်လန့်စရာ ကောင်းလွန်းလှသဖြင့် ဒုတိယအကြိမ်တော့ အတွေ့မခံနိုင်တော့ပါ။

​“ငါလည်း လိုက်ခဲ့မယ်”

ကျီးကန်းနက်သည် ပညာရှိ၏ စိတ်ကို သိနေ၏။ သူသည် ယုတ်မာသော ပညာရှိကို ကျောက်စိမ်းနဂါးနိုင်ငံအထိ ခေါ်လာခဲ့ပြီးပြီ ဖြစ်ရာ၊ ထိုလူကို ထပ်ပြီး ဒုက္ခမပေးချင်တော့ပေ။

​ထိုအလှလေးမှာ ‘ဝိညာဥ်ကလေးငယ်မိခင်’ဖြစ်သည်မှာ ထင်ရှားလှပေသည်။ သူမက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

​တစ်ချိန်တည်းမှာပင် အခေါင်းလူသားကတော့ စကားတစ်ခွန်းမျှ မပြောပါပေ။

​ထို့ကြောင့် ယုတ်မာသော ပညာရှိနှင့် ကျီးကန်းအိုကြီးတို့သည် မိုးကြိုးပစ်သည့် လမ်းကြောင်းအတိုင်း ထွက်ခွာသွားကြတော့သည်။

​သူတို့ လေးဦးမှာ မနေ့ကတည်းက ရောက်ရှိနေခြင်း ဖြစ်သည်။ စုံစမ်းကြည့်ပြီးနောက် ‘ဟူ’ လက်ဖက်ရည်ဆိုင်ကို ရှာတွေ့ခဲ့ပြီး ထိုနေရာတွင် အတူတူ စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်၏။

​အပြင်ဘက်သို့ ရောက်သောအခါ ပညာရှိနှင့် ကျီးကန်းအိုကြီးတို့သည် အမိုးပေါ်မှ နောက်တစ်ခုပေါ်သို့ အလွယ်တကူ ခုန်ကူးနိုင်သည့် မန္တန်တစ်ခုကို အသုံးပြုလိုက်ကြသည်။ ယုတ်မာသော ပညာရှိသည်လည်း သူတို့၏ တည်ရှိမှုကို ဖျောက်ကွယ်ထားသည့် မန္တန်တစ်ခုကို အသုံးပြုထားသဖြင့် အောက်မှ လူများမှာ သူတို့ကို မမြင်နိုင်ကြပါပေ။

​“ကျီးကန်းအိုကြီး... ဒီတစ်ခေါက်တော့ ငါ ပြတိုက်မှူးနဲ့ တွေ့ရမယ်လို့ မင်း ထင်လား”

ပညာရှိက မျှော်လင့်တကြီး မေးလိုက်၏။

​သူသည် ကျီးကန်းနက်ထံမှ ပြတိုက်မှူးအကြောင်းကို အကြိမ်ကြိမ် ကြားဖူးထားသဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ ထို့ကြောင့်ပင် ကျောက်စိမ်းနဂါးနိုင်ငံသို့ လိုက်ခဲ့ရန် ကျီးကန်းနက်က ခေါ်သောအခါ သူ လုံးဝ တွန့်ဆုတ်မနေဘဲ လိုက်လာခဲ့ခြင်း ဖြစ်၏။

​“အဲဒါတော့ ငါ အာမမခံနိုင်ဘူး... ဖြစ်နိုင်တာကတော့ မင်း တွေ့ရမှာ မဟုတ်ဘူး”

ကျီးကန်းနက်က ခပ်အေးအေးပင် ပြန်ဖြေလိုက်၏။

“နောက်ဆုံးတော့ ငါတို့ကို လာကြိုမယ့်သူက သူ့ရဲ့ တပည့်ပဲလေ”

​“သူ့တပည့်လည်း ရတာပါပဲ... ပြတိုက်မှူးရဲ့ တပည့်ကလည်း တကယ့် ပညာရှင်တစ်ယောက်လို့ ငါ ကြားထားတယ်... ငါ့ရဲ့ ကြောင်ဖြူလေးကို အဆင့်တက်ဖို့အတွက် သူ ငါ့ကို လမ်းညွှန်ချက်လေးတွေ ပေးနိုင်မလားလို့ပါ”

ပညာရှိက မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်၏။

​သူတို့နှစ်ဦးမှာ အလွန်လျင်မြန်စွာ လှုပ်ရှားနေကြပြီး စကားအနည်းငယ် အပြန်အလှန် ပြောဆိုပြီးနောက်မှာပင် ရောက်ရှိသွားကြတော့သည်။

​သူတို့ ရောက်သွားချိန်မှာတော့ ပေတစ်ဆယ်ခန့် မြင့်သော သွေးလင်းနို့ကြီးက နွားတစ်ကောင်၏ သွေးကို စုပ်ယူနေသည့် သွေးပျက်ဖွယ် မြင်ကွင်းကို အချိန်မီ မြင်လိုက်ကြရ၏။

​“ဟေး... ဒါ အကျင့်မကောင်းတဲ့ သွေးလင်းနို့ မဟုတ်လား”

ယုတ်မာသော ပညာရှိက အမှတ်ရသွားသည်။

​မိစ္ဆာလောကမှ ပညာရှင်များ ဖြစ်ကြသည့်အတိုင်း သူတို့ အများစုမှာ ဆုံဖူးကြပေသည်။ မဆုံဖူးလျှင်ပင် အနည်းဆုံးတော့ တစ်ဦး၏ အမည်ကို တစ်ဦးက ကြားဖူးကြ၏။ အထူးသဖြင့် သွေးလင်းနို့ကဲ့သို့ ပညာရှင်မျိုးမှာ ကျီးကန်းနက်၏ အောက်တွင်သာ အဆင့်ရှိသဖြင့် နာမည်ကျော်လှပေသည်။ ဤကြီးမားလှသော သွေးလင်းနို့ သားရဲမှာ သူမ၏ အမှတ်အသားပင် ဖြစ်၏။

​ကျီးကန်းနက်က ဘာမှ မပြောပါ။ သူသည် သွေးလင်းနို့နှင့် မြွေမိစ္ဆာရဟန်းတို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက်၊ အဆင့် (၄) မြရောင်နဂါး၏ ရစ်ပတ်မှုကို ခံနေရသော မီးဝံပုလွေ ရှိရာ ခြံဝင်းဆီသို့ အကြည့်ရွှေ့လိုက်ကာ မျက်မှောင်ကြုတ်လိုက်မိတော့သည်။

​‘အဘိုးကြီးရဲ့ ပြောတာတော့ ပြတိုက်မှူးရဲ့ တပည့်မှာ အဆင့် (၄) မီးဝံပုလွေ တစ်ကောင် ရှိတယ်ဆိုပဲ... အလားအလာ ကောင်းတဲ့ မီးဝံပုလွေတွေက ရှားပါးလှသလို အဆင့် (၄) ဆိုတာကတော့ ပိုလို့တောင် ရှားသေးတယ်... ဒီမီးဝံပုလွေက ပြတိုက်မှူးတပည့်ရဲ့ သားရဲများ ဖြစ်နေမလား’

ကျီးကန်းနက်၏ စိတ်ထဲတွင် ချက်ချင်းပင် တွေးတောလိုက်မိ၏။

​မည်သို့ပင်ဖြစ်စေ၊ ဒါဟာ ဖြစ်နိုင်ခြေ ရှိနေပေသည်။

​ဤအတွေးကြောင့် ကျီးကန်းနက်က နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။

​ထိုအသံမှာ သိပ်မကျယ်သော်လည်း အလွန်ပင် ပြတ်သားလှပေသည်။ မြွေမိစ္ဆာရဟန်းနှင့် သွေးလင်းနို့တို့သည် ချက်ချင်း သတိပြုမိသွားပြီး လှည့်ကြည့်လိုက်ရာ၊ သူတို့၏ မျက်နှာများမှာ ပျက်ယွင်းသွားတော့သည်။

​သွေးလင်းနို့သည် သူမ၏ သားရဲကို ချက်ချင်း ပြန်ခေါ်လိုက်ပြီး တာအိုဆရာကြီးကို တိုက်ခိုက်နေခြင်းကိုလည်း ရပ်လိုက်တော့၏။

​အဘယ်ကြောင့်ဆိုသော် ကျီးကန်းနက်နှင့် ယုတ်မာသော ပညာရှိတို့ ပေါ်လာခြင်းမှာ သူမအတွက် ထိုတာအိုဆရာကြီးထက် အများကြီး ပို၍ စိုးရိမ်စရာ ကောင်းနေသောကြောင့်ပင်။

​နောက်ဆုံးတော့ သူတို့ ဘာကြောင့် ဒီကို ရောက်နေသလဲဆိုတာကို သူမ မသိပါပေ။

​မိစ္ဆာလောကတွင် ကျီးကန်းနက်မှာ မြွေမိစ္ဆာရဟန်းနှင့် သွေးလင်းနို့တို့ထက် အဆင့်ပိုမြင့်ကြောင်း လူသိများလှသော်လည်း၊ သူတို့ကြားက ကွာခြားချက်မှာ ထိုမျှအထိ မကြီးမားလှပါပေ။ တစ်ချိန်တည်းမှာပင် ယုတ်မာသော ပညာရှိမှာမူ သူ၏ သားရဲမှာ အဆင့် (၃) သာ ရှိသဖြင့် အဆင့်သတ်မှတ်ချက်ထဲတွင် မပါဝင်ပါ။

​သို့သော်လည်း ယုတ်မာသော ပညာရှိမှာ ကျီးကန်းနက်ကဲ့သို့ပင် နာမည်ကျော်လှပေသည်။

​အခြေအနေမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။ မြွေမိစ္ဆာရဟန်းနှင့် သွေးလင်းနို့တို့က ကျီးကန်းနက်ကို စိုက်ကြည့်နေကြသလို၊ ကျီးကန်းနက်ကလည်း သူတို့ကို ပြန်လည် စိုက်ကြည့်နေ၏။ ယုတ်မာသော ပညာရှိမှာမူ ဤထူးဆန်းသော မြင်ကွင်းကို လေ့လာနေပြီး၊ ဒဏ္ဍာရီလာ ပြတိုက်မှူးကြီး ရှိနေမလားဟု ရှာဖွေနေမိသည်။

​သူသည် ခေါင်းတွင် သွေးများ ထွက်နေသော တာအိုဆရာကြီးကို ချက်ချင်း သတိပြုမိလိုက်၏။

​ဤလူမှာ သူ စိတ်ကူးထားသော ဒဏ္ဍာရီလာ ပညာရှင်နှင့်တော့ အလှမ်းဝေးလှပေသည်။

​ထို့ကြောင့် ထိုလူမှာ ပြတိုက်မှူး မဟုတ်သည်မှာ သေချာလှ၏။

​သို့သော်လည်း ပတ်ဝန်းကျင်တွင် အခြားသူ မရှိပါပေ။

​နောက်ဆုံးတွင်တော့ သွေးလင်းနို့က ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ကာ မူနွဲ့စွာ ရယ်မောလိုက်၏။

“ဒီနေ့ ပွဲတော်တစ်ခုခု ရှိနေတာလား... မိစ္ဆာပညာရှင်တွေ ဒီလောက်တောင် အများကြီး စုမိနေကြတာကိုး... ကျီးကန်းနက်... ရှင့်လို ပညာရှင်ကြီးက ဒီမှာ ဘာလုပ်နေတာလဲ... ငါတို့ကို အရင်ဆုံး ပြောပြပါဦးလား”

​သွေးလင်းနို့မှာ အေးအေးလူလူ ရှိနေပုံရသော်လည်း၊ အမှန်စင်စစ် သူမသည် အလွန်ပင် သတိထားနေရ၏။ ကျီးကန်းနက်မှာ ရန်သူလား၊ မိတ်ဆွေလား သို့မဟုတ် ဒီအတိုင်း တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခြင်းလားဆိုသည်ကို သူမ ရှင်းရှင်းလင်းလင်း သိချင်နေသည်။

​သွေးလင်းနို့ စကားပြောနေစဉ်မှာပင် မြွေမိစ္ဆာရဟန်းသည်လည်း အလွန်ပင် သတိထားနေပုံရ၏။ တစ်စုံတစ်ရာ ထူးခြားလာပါက သူသည် ချက်ချင်းပင် လှုပ်ရှားရန် အသင့်ဖြစ်နေပေသည်။

​အကယ်၍ သူနှင့် သွေးလင်းနို့ ပူးပေါင်းမည်ဆိုပါက၊ ယုတ်မာသော ပညာရှိနှင့် ကျီးကန်းနက်တို့ အဖွဲ့ကို အနိုင်ယူရန် အခွင့်အရေး ပိုရှိပေလိမ့်မည်။

​ပို၍ တိတိကျကျ ပြောရမည်ဆိုပါက သူတို့ အနိုင်ရရန် ရာခိုင်နှုန်း ကိုးဆယ်ခန့် ရှိနေပေသည်။

​ထို့ကြောင့် သူတို့မှာ သတိထားနေကြသော်လည်း၊ ကြောက်လန့်နေခြင်းမျိုးတော့ မရှိပါပေ။

​ဒါဟာ ယုတ်မာသောပညာရှိ ဖြေရမည့် မေးခွန်းမဟုတ်သဖြင့် သူသည် ကျီးကန်းနက်ဘက်သို့ လှည့်ကာ သူ၏ သူငယ်ချင်း ဘာပြောမလဲဆိုတာကို စောင့်ကြည့်နေလိုက်၏။

​ယုတ်မာသော ပညာရှိမှာ ထိုမျှအထိ အစွမ်းမထက်ဘဲ သူ၏ သားရဲမှာလည်း အဆင့် (၃) သာ ရှိသော်လည်း၊ သူ လုံးဝ မကြောက်ပါ။ အဘယ်ကြောင့်ဆိုသော် ဤမြို့ထဲတွင် သူနှင့် ကျီးကန်းနက် နှစ်ဦးတည်း ရှိနေခြင်း မဟုတ်သောကြောင့်ပင်။ သူတို့တွင် ဝိညာဥ်ကလေးငယ်မိခင်နှင့် အခေါင်းလူသားကဲ့သို့သော ပို၍ ကြောက်မက်ဖွယ်ကောင်းသော မဟာမိတ်များ ရှိနေသေးသည် မဟုတ်ပါလား။

​ကျီးကန်းနက်က ပြုံးလိုက်ပြီး မီးဝံပုလွေဆီသို့ လက်ညှိုးညွှန်ပြကာ ဆိုလိုက်၏။

“ဒီမီးဝံပုလွေကို မင်းတို့ ယူသွားလို့ မရဘူး”

​သူ၏ ရပ်တည်ချက်မှာ အလွန်ပင် ရှင်းလင်းလှပေသည်။

​သို့သော်လည်း သွေးလင်းနို့နှင့် မြွေမိစ္ဆာရဟန်းတို့မှာ ချက်ချင်းပင် ရန်လိုသော အမူအရာ ပြောင်းလဲသွားကြ၏။

​“မင်းက တကယ်ပဲ ဒုက္ခလာရှာတာပဲကိုး”

​“အရင်ဆုံး တိုက်ခိုက်တဲ့သူက အခွင့်အရေး ပိုရတာပဲ"

​သွေးလင်းနို့နှင့် မြွေမိစ္ဆာရဟန်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တိုက်ခိုက်မှုကို စတင်လိုက်ကြတော့သည်။

​သွေးလင်းနို့က ကျီးကန်းနက်ဆီသို့ ပြေးဝင်သွားစဉ်၊ မြွေမိစ္ဆာရဟန်းက အော်ပြောလိုက်၏။

“လူကြီးမင်းယွီ... အကယ်၍ ခင်ဗျားသာ ကျုပ်တို့ကို မကူညီဘူးဆိုရင်၊ ကျုပ်တို့ အကြာကြီး တောင့်ခံထားနိုင်မှာ မဟုတ်ဘူးနော်”

​သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် နောက်ထပ် မြရောင်နဂါး အနည်းငယ်မှာ ပျံသန်းလာကြတော့သည်။ သို့သော် ၎င်းတို့မှာ အဆင့် (၄) မဟုတ်ဘဲ အဆင့် (၃) များသာ ဖြစ်ကြ၏။

​သို့သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင် အဆင့် (၃) များ ဖြစ်နေလျှင်ပင် အလွန်ပင် အသုံးဝင်လှပေသည်။

​ယုတ်မာသော ပညာရှိမှာ ချက်ချင်းပင် ဝန်းရံခြင်း ခံလိုက်ရပြီး၊ ကျီးကန်းနက်၏ စွန်ရဲနက်ကြီးမှာမူ သွေးလင်းနို့နှင့် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲနေရတော့သည်။

​“ကိစ္စတွေကို မြန်မြန်လက်စသတ်ကြစို့၊ အချိန်ဆွဲနေရင် အခြေအနေတွေ ရှုပ်ထွေးကုန်လိမ့်မယ်”

လူတစ်ယောက်မှာ အဝေးမှ ခုန်ဝင်လာပြီး သွေးလင်းနို့နှင့် မြွေမိစ္ဆာရဟန်းတို့၏ ဘေးတွင် ရပ်လိုက်၏။ ထိုလူမှာ ဝတ်ရုံရှည်နှင့် ဦးထုပ်ရှည်ကို ဝတ်ဆင်ထားသဖြင့် သူ၏ ရုပ်ရည်ကို ဖုံးကွယ်ထားသည်။ သူသည် ရှောင်ဟော့ကို ရစ်ပတ်ထားသော မြရောင်နဂါးကို ထိန်းချုပ်နေသူ ဖြစ်သည်မှာ ထင်ရှားလှပေသည်။

​ထို့ပြင် သူသည် အချက်ပြအလံတစ်ခုကို ကိုင်ထား၏။ သူက တစ်ချက် ဝှေ့ယမ်းလိုက်သောအခါ ယုတ်မာသော ပညာရှိကို ဝိုင်းထားသော အဆင့် (၃) မြရောင်နဂါးများမှာ ပို၍ ကြမ်းတမ်းလာကြပြီး၊ ပညာရှိကို အတော်လေး အကျပ်ရိုက်သွားစေတော့သည်။

​“ဒါက တကယ်ကို လွန်လွန်းတယ်”

ယုတ်မာသော ပညာရှိ၏ မျက်နှာတွင် သတ်ဖြတ်လိုသော အမူအရာ ပေါ်လာ၏။ လူတစ်ယောက်မှာ အကျပ်အတည်းနှင့် ကြုံလာရသောအခါ ဘာမဆို လုပ်တတ်ပေသည်။ ထို့ပြင် ယုတ်မာသော ပညာရှိ ဆိုသည့် နာမည်ထဲက ‘ယုတ်မာသော' ဆိုသည့် စကားလုံးမှာ အလကား ပေးထားခြင်း မဟုတ်ပါပေ။

​သူ၏ ကြောင်ဖြူလေးမှာ ချက်ချင်းပင် ကြီးမားလာပြီး ဘယ်ညာ လှည့်ပတ် တိုက်ခိုက်တော့သည်။ ယုတ်မာသော ပညာရှိသည် ငွေရောင်ချိတ်တစ်ခုကို ထုတ်ယူလိုက်ကာ သူ၏ ကြောင်ဖြူလေးနှင့် ပူးပေါင်းပြီး မြရောင်နဂါးများကို ပြန်လည် တိုက်ခိုက်တော့၏။ သူတို့ အခွင့်အရေး ရတိုင်းမှာတော့ ဒါဟာ သားရဲများကို သတ်ဖြတ်ခြင်းနှင့် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသော ပွဲတော်တစ်ခု ဖြစ်နေပါတော့သည်။

အခန်း (၂၅၂) - လူစုံတက်စုံ

​မိစ္ဆာ(ယုတ်မာသော) ပညာရှိသည် မည်မျှပင် ရက်စက်ကြမ်းကြုတ်စွာ ပြန်လည်တိုက်ခိုက်နေပါစေ၊ သူ၏ အကန့်အသတ်ရှိသော စွမ်းအားမှာ အားနည်းချက်တစ်ခု ဖြစ်နေဆဲပင်။ အဆင့် (၃) မြရောင်နဂါးများ၏ ထပ်မံတိုက်ခိုက်မှုကို ခံရသောအခါ သူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ဗလပွဖြစ်လာတော့သည်။

​တစ်ချိန်တည်းမှာပင် ကျီးကန်းနက်မှာလည်း သွေးလင်းနို့နှင့် တိုက်ခိုက်နေရသဖြင့် အာရုံခွဲရန် မစွမ်းသာဘဲ ရှိနေ၏။ သူတို့နှစ်ဦးစလုံးမှာ အင်အားချင်း မျှနေသော်လည်း၊ ဤမျှခြေမှာ မကြာမီ ပျက်ပြားသွားနိုင်ပေသည်။

​"ကျီးကန်းအိုကြီး... တစ်ခုခု စဉ်းစားစမ်းဦး၊ မဟုတ်ရင် ငါတော့ သေတော့မှာပဲ"

မိစ္ဆာပညာရှိက ရုတ်တရက် အော်ဟစ်လိုက်၏။ သူ ဆက်လက် တောင့်ခံထားနိုင်စွမ်း မရှိတော့ပါ။

​မိစ္ဆာပညာရှိသည် သူတို့လောကတွင်တော့ ဟင်းချက်ကောင်းသူ၊ ပုံပြင်ပြောကောင်းသူနှင့် ပညာတတ်တစ်ယောက် ဖြစ်သည်။ သို့သော်လည်း တိုက်ခိုက်ရေးမှာတော့ သူ၏ ဝါသနာမဟုတ်ပါပေ။ သူ၏ ကြောင်ဖြူလေးမှာလည်း ထိုမျှအထိ အစွမ်းမထက်သဖြင့် သူတို့မှာ အနိုင်နိုင်သာ တောင့်ခံနေရခြင်း ဖြစ်၏။

​သူသည် ကျီးကန်းနက်ကဲ့သို့ ပညာရှင်မျိုးနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ပါ။ မိစ္ဆာပညာရှိ၏ အမြင်အရဆိုလျှင် ကျီးကန်းနက်လိုအဆင့်ရှိသော လူတိုင်းမှာ ရူးသွပ်နေသူများသာ ဖြစ်ပြီး၊ ယခုအခါ သူသည် ထိုသို့သော အရူးများနှင့် တိုက်ခိုက်နေရခြင်း ဖြစ်သည်။ မည်သူကများ ဤမျှအကြာကြီး တောင့်ခံထားနိုင်ပါမည်နည်း။

​ကျီးကန်းနက်သည်လည်း စိတ်ပူစပြုလာ၏။

​သို့သော်လည်း သွေးလင်းနို့မှာ အားနွဲ့သော မိန်းမပျိုလေးတစ်ယောက် မဟုတ်ပါပေ။ သူတို့နှစ်ဦးစလုံး၏ သားရဲများမှာ အဆင့် (၄) များ ဖြစ်ကြပြီး အံ့မခန်းသော ပြန်လည်ကုသနိုင်စွမ်းများ ရှိကြသည်။ အကယ်၍ အချိန်သာ ပိုရမည်ဆိုပါက ကျီးကန်းနက်နေဖြင့် သူမကို အနိုင်ယူနိုင်မည်မှာ သေချာသော်လည်း၊ ယခုအခါတွင်မူ ထိုသို့လုပ်ရန် မဖြစ်နိုင်သေးပါ။

​“ပညာရှိ... ခဏလောက် ထပ်တောင့်ခံထားစမ်းပါ... ဒီက ဆူညံသံတွေက အတော်လေး ကျယ်လောင်နေပြီဆိုတော့ ဝိညာဥ်ကလေးငယ်မိခင်နဲ့ အခေါင်းလူသားတို့ သတိထားမိမှာပဲ... သူတို့ထဲက တစ်ယောက်ယောက် ရောက်လာတာနဲ့ ဒီကောင်တွေကို ငါတို့ အေးအေးဆေးဆေး အနိုင်ယူလို့ ရတယ်”

​အာဘုရားသည် ဤစကားကို မိစ္ဆာပညာရှိ ကြားစေရန်သာမကဘဲ သွေးလင်းနို့နှင့် မြွေမိစ္ဆာရဟန်းတို့အဖွဲ့ပါ ကြားစေရန် ရည်ရွယ်၍ အော်ပြောလိုက်ခြင်း ဖြစ်သည်။

​ဒါဟာ စိတ်ဓာတ်စစ်ဆင်ရေးတစ်ခုပင်။

​သေချာပါသည်... မြွေမိစ္ဆာရဟန်းသည် ထိုနာမည်များကို ကြားလိုက်ရသောအခါ တုန်လှုပ်သွားတော့သည်။

​ဝိညာဥ်ကလေးငယ်မိခင်...

​အခေါင်းလူသား...

​သာမန်လူတစ်ယောက်ဆိုလျှင် သူတို့ ဘာအကြောင်းပြောနေမှန်း သိမည်မဟုတ်ပါ။ သို့သော် မိစ္ဆာလောက၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး ထိပ်တန်း အယောက်နှစ်ဆယ် စာရင်းဝင် ပညာရှင်များ ဖြစ်ကြသည့်အတိုင်း၊ ဤလူများသည် မိမိတို့၏ အဆင့်တူ ပညာရှင်များမှာ မည်သူမည်ဝါဖြစ်ကြောင်း ကောင်းကောင်း သိကြပေသည်။

​သူတို့ တစ်ခါမျှ မဆုံဖူးလျှင်ပင် ထိုအမည်ပြောင်များ၏ ဂုဏ်သတင်းမှာ အလွန်ပင် ကြီးမားလှ၏။

​ဝိညာဥ်ကလေးငယ်မိခင်နှင့် အခေါင်းလူသား နှစ်ဦးစလုံးမှာ သူနှင့် သွေးလင်းနို့တို့ မပွတ်တိုက်ဝံ့သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အထူးသဖြင့် ‘ဝိညာဥ်ကလေးငယ်မိခင်’ ဆိုသည့် အမည်မှာ ငိုနေသော ကလေးငယ်ကိုပင် တိတ်သွားစေနိုင်သည်အထိ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ မိစ္ဆာလောကမှ ပညာရှင်ချင်း ဖြစ်သော်လည်း သူမကိုတော့ သူတို့ မည်သည့်အခါမျှ ရန်မစချင်ကြပါပေ။

​မိစ္ဆာပညာရှင် အများအပြားမှာ ဝိညာဥ်ကလေးငယ်မိခင်၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ကြဖူးသည် မဟုတ်ပါလား။

​မြွေမိစ္ဆာရဟန်းသည် မျက်နှာပျက်သွားကာ အခြားသူများကို တိုက်တွန်းလိုက်၏။ သွေးလင်းနို့သည်လည်း မျက်မှောင်ကြုတ်နေမိသည်။ ထိုလူနှစ်ဦးမှာ မည်မျှအထိ ကြောက်စရာကောင်းကြောင်း သူမ သိနေ၏။ အကယ်၍ ကျီးကန်းနက် ပြောသလိုသာ ဝိညာဥ်ကလေးငယ်မိခင် ရောက်လာမည်ဆိုပါက သူတို့ အခုချက်ချင်း ဆုတ်ခွာလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

​ဝတ်ရုံနှင့် ဦးထုပ်ဆောင်းထားသော သူတို့၏ အပ်နှံသူမှာတော့ ထူးဆန်းစွာ ရယ်မောလိုက်၏။

“မင်းတို့က ဒီလို လှည့်ကွက်တွေကို ယုံနေတာလား... ဘာပဲဖြစ်ဖြစ် ဒီလူတွေကို အခုချက်ချင်း သတ်လိုက်ကြစမ်း... အကယ်၍ နောက်မှ ပညာရှင်တစ်ယောက် တကယ်ရောက်လာရင်တောင် ကြောက်နေစရာ မလိုဘူး... ဒါက ကျောက်စိမ်းနဂါးနိုင်ငံ ဆိုတာကို မမေ့နဲ့ဦး”

​သူ၏ လေသံမှာ အကြွင်းမဲ့ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေ၏။

​ထိုလူမှာ သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို မဖော်ပြသော်လည်း၊ ဤမြရောင်နဂါးများကို ထိန်းချုပ်နိုင်ခြင်းမှာ သူသည် ကျောက်စိမ်းနဂါးနိုင်ငံ၏ အဆင့်မြင့်အရာရှိ သို့မဟုတ် အာဏာရှိသူတစ်ဦး ဖြစ်ရပေမည်။ ဤအချက်ကြောင့် မြွေမိစ္ဆာရဟန်းနှင့် သွေးလင်းနို့တို့မှာ အားတက်သွားကြသည်။

​“ဒီလိုဆိုရင်လည်း ငါတို့ အစွမ်းကုန် ကြိုးစားကြည့်တာပေါ့”

မြွေမိစ္ဆာရဟန်းက ရက်စက်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး သူ၏ ပုလွေကို ထပ်မံ မှုတ်လိုက်ပြန်၏။ မျောက်ဖြူကြီးကို ရစ်ပတ်ထားသော မြွေကြီးမှာ ပို၍ ကြီးမားလာတော့သည်။

​ထို့တင်မကသေးဘဲ မြွေမိစ္ဆာရဟန်း၏ ဝတ်စုံလက်အင်္ကျီအတွင်းမှ လက်ချောင်းခန့်သာ အထူရှိသော မြွေကလေးပေါင်း များစွာမှာ တွားသွား ထွက်လာကြတော့သည်။ ထိုမြွေကလေးများ ထွက်လာပြီးနောက်တွင် မြွေမိစ္ဆာရဟန်းမှာ နှစ်ပေါင်းများစွာ အိုမင်းသွားပုံရ၏။ ထိုမြွေကလေးများမှာ တာအိုဆရာကြီး၊ ကျီးကန်းနက်နှင့် မိစ္ဆာပညာရှိတို့ဆီသို့ တရွရွ တွားသွားသွားကြတော့သည်။

​“သတိထားကြ... အဲဒီမြွေတွေမှာ အဆိပ်ရှိတယ်”

ကျီးကန်းနက်၏ မျက်စိသူငယ်အိမ်မှာ ကျဉ်းမြောင်းသွားပြီး သူ၏ စွန်ရဲနက်ကြီးကို အစွမ်းကုန် ထိန်းချုပ်နေရ၏။ သို့သော်လည်း သွေးလင်းနို့မှာ နီရဲသော သွေးမြူများဖြင့် ဖုံးလွှမ်းသွားပြီး သူမ၏ အရှိန်မှာ အဆမတန် မြန်ဆန်လာသဖြင့် စွန်ရဲနက်ကြီးမှာ သူမကိုသာ ရင်ဆိုင်နေရပြီး အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။

​တစ်ဖက်ရှိ ဟူလက်ဖက်ရည်ဆိုင်တွင်တော့...

​ဝိညာဥ်ကလေးငယ်မိခင်သည် မတ်တတ်ရပ်လိုက်ပြီး ကျီးကန်းနက်နှင့် မိစ္ဆာပညာရှိတို့ ထွက်သွားသော လမ်းကြောင်းသို့ လှမ်းကြည့်ကာ တစ်စုံတစ်ခုကို အာရုံခံမိလိုက်၏။ ခဏမျှ စဉ်းစားပြီးနောက် သူမသည် အခေါင်းလူသားဘက်သို့ လှည့်လိုက်သည်။

​“အခေါင်းအိုကြီး... နင်ဒီမှာပဲ နေခဲ့... တကယ်လို့ ပြတိုက်မှူးရဲ့ တပည့် ရောက်လာရင် သူ့ကို ယဉ်ယဥ်ကျေးကျေး ဆက်ဆံဖို့ မမေ့နဲ့ဦး... ဟိုဘက်မှာ တစ်ခုခု မှားနေပြီ ထင်တယ်၊ ငါ သွားကြည့်လိုက်ဦးမယ်”

​ထို့နောက် ဝိညာဥ်ကလေးငယ်မိခင်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

​အခေါင်းလူသားမှာ ဤစကားကို ခေါင်းညိတ်လိုက်ပြီးနောက် အဘိုးကြီးဟူဘက်သို့ လှည့်ကြည့်လိုက်၏။ အဘိုးကြီးဟူမှာတော့ ကြောက်လွန်းသဖြင့် မိမိ၏ ခြေထောက်ကိုသာ ငုံ့ကြည့်နေပြီး အသက်ပြင်းပြင်းပင် မရှုဝံ့ပါပေ။ ဤထူးဆန်းသော လူကြီး အမြန်ဆုံး ထွက်သွားပါစေဟုသာ သူ ဆုတောင်းနေမိတော့သည်။

​မြွေမိစ္ဆာရဟန်း စေလွှတ်လိုက်သော မြွေငယ်လေးများမှာ သူတို့၏ ပစ်မှတ်များဆီသို့ နီးကပ်လာချေပြီ။ အခြေအနေမှာ ချက်ချင်းပင် အန္တရာယ်ကြီးစပြုလာတော့သည်။

​ထိုစဉ်မှာပင် ဝိညာဥ်ကလေးငယ်မိခင် ရောက်ရှိလာတော့၏။

​သူမသည် ကလေးပွေ့လျက်သားဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ဘာဖြစ်နေသည်ကို သူမ အတိအကျ မသိသော်လည်း၊ ဤကဲ့သို့သော အခြေအနေမျိုးတွင် ရှင်းပြချက်များ မလိုအပ်ပါပေ။ သူမ တိုက်ခိုက်ရန်သာ လိုအပ်သည်။

​မိစ္ဆာပညာရှိနှင့် အာဘုရားတို့မှာ ဝိညာဥ်ကလေးငယ်မိခင်ကို မြင်လိုက်ရသောအခါ မျက်နှာများ ဝင်းလက်သွားကြ၏။ အစပိုင်းတွင် သူမကို ကြောက်လန့်နေခဲ့သော မိစ္ဆာပညာရှိမှာ ယခုအခါတွင်မူ သူမကို နတ်ဘုရားမတစ်ပါးကဲ့သို့ပင် ချစ်ခင်ဖွယ်ကောင်းသည်ဟု ခံစားလိုက်ရတော့သည်။

​သူတို့ဘက်က ဝမ်းသာနေကြသော်လည်း တစ်ဖက်ခြမ်းမှာမူ တုန်လှုပ်နေကြ၏။

​မြွေမိစ္ဆာရဟန်းနှင့် သွေးလင်းနို့ နှစ်ဦးစလုံးမှာ ဝိညာဥ်ကလေးငယ်မိခင်ကို မြင်သောအခါ ရင်ထဲတွင် တုန်ရင်နေကြတော့သည်။

​သာမန်အခြေအနေတွင် ဝိညာဥ်ကလေးငယ်မိခင်နှင့် ဆုံရခြင်းကပင် ထိတ်လန့်စရာ ကောင်းလှသည် မဟုတ်ပါလား။ ယခုကဲ့သို့ အခြေအနေမျိုးတွင်ဆိုလျှင်တော့ ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ပေ။ သူတို့သည် စောစောက အစွမ်းကုန် တိုက်ခိုက်ထားကြသဖြင့် ယခုအခါ အင်အားများစွာ မကျန်တော့ပါပေ။

​ဝိညာဥ်ကလေးငယ်မိခင်က သူတို့ဆီသို့ ဦးတည်လာနေပြီဖြစ်ရာ၊ သူတို့မှာ ခုခံနိုင်စွမ်း မရှိတော့သလောက်ပင်။

​ဦးထုပ်ဆောင်းထားသော ထူးဆန်းသော အပ်နှံသူပင်လျှင် ထိတ်လန့်သွားရ၏။ သို့သော်လည်း သူသည် ပါးနပ်သူတစ်ဦး ဖြစ်သဖြင့် အော်ပြောလိုက်သည်။

“တောင်ဘက်တိုက်ကြီးက ဝိညာဥ်ကလေးငယ်မိခင်... အနောက်ဘက်တိုက်ကြီးက ကျီးကန်းနက်နဲ့ မိစ္ဆာပညာရှိ... မင်းတို့လို မိစ္ဆာပညာရှင်တွေက ငါတို့ ကျောက်စိမ်းနဂါးနိုင်ငံရဲ့ ကိစ္စတွေထဲမှာ ဘာလို့ ဝင်ပါနေရတာလဲ... ဒါက မင်းတို့နဲ့ ဘာမှမဆိုင်ဘူး၊ ဒုက္ခလာမရှာကြနဲ့... အခုချက်ချင်း ထွက်သွားကြစမ်း”

​ထိုလူမှာ သူတို့ကို ရှောင်ဖယ်ခိုင်းခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။ သို့သော် ဝိညာဥ်ကလေးငယ်မိခင်မှာ ထူးဆန်းသော စရိုက်ရှိသူတစ်ဦး ဖြစ်၏။ အကယ်၍ သူမ လှုပ်ရှားရန် ဆုံးဖြတ်လိုက်ပြီဆိုပါက ညှိနှိုင်းမှုအတွက် နေရာမရှိသလို၊ သူမသည် မည်သူ့ကိုမျှလည်း ဂရုမစိုက်ပါပေ။

​ဥပမာအားဖြင့် ယခုကဲ့သို့ပင်။ သူမသည် ထိုလူ၏ စကားကို မကြားချင်ယောင်ဆောင်ကာ သူတို့ဆီသို့ ဆက်လက် လျှောက်လှမ်းလာ၏။ ခြေလှမ်းအနည်းငယ်သာ ရှိသေးသော်လည်း မြွေမိစ္ဆာရဟန်းတို့ အဖွဲ့မှာ ကြီးမားလှသော ဖိအားကို ခံစားနေရတော့သည်။

​ရုတ်တရက် ဝေးကွာလှသော ကျောက်စိမ်းနဂါးနတ်ကွန်းထံမှ နဂါးတစ်ကောင်၏ ဟိန်းသံမှာ ပဲ့တင်ထပ်လာတော့သည်။ ထူးဆန်းသည်မှာ ထိုအသံကို ဝိညာဥ်ကလေးငယ်မိခင် တစ်ဦးတည်းသာ ကြားနိုင်ခြင်းပင်။

​ခဏချင်းအတွင်းမှာပင် သူမ၏ အမူအရာမှာ ပျက်ယွင်းသွားပြီး ခြေလှမ်းများ ရပ်တန့်သွားတော့သည်။

​“အဆင့် (၅) နဂါးသားရဲ'

​ဝိညာဥ်ကလေးငယ်မိခင်သည် ထိုဟိန်းသံနောက်ကွယ်မှ အစွမ်းထက်လှသော စွမ်းအားကို အာရုံခံမိလိုက်၏။ ၎င်းတွင် သတိပေးချက်တစ်ခု ပါဝင်နေသည်။ ပြတ်သားလှသော သတိပေးချက်တစ်ခုပင်။

​ယခုအခါတွင်မူ ဝိညာဥ်ကလေးငယ်မိခင် စိုးရိမ်သွားရ၏။

​အကယ်၍ ၎င်းမှာ အဆင့် (၅) နဂါးသားရဲ ဖြစ်နေမည်ဆိုပါက၊ သူမနှင့် အခေါင်းလူသား ပူးပေါင်းလျှင်ပင် အနိုင်ရနိုင်မည် မဟုတ်ပါပေ။

​သာမန်အခြေအနေမျိုးတွင် အကျိုးအမြတ် မရှိလျှင်တော့ ဆုတ်ခွာလိုက်ခြင်းကသာ အကောင်းဆုံးသော နည်းလမ်း ဖြစ်ပေလိမ့်မည်။

​အနည်းဆုံးတော့ ၎င်းမှာ အဆင့် (၅) နဂါးနှင့် ရင်ဆိုင်ရခြင်းကို ရှောင်လွှဲနိုင်ပေလိမ့်မည်။

​သို့သော်လည်း ဝိညာဥ်ကလေးငယ်မိခင် ချက်ချင်း ထွက်မသွားသေးပါ။ သူမသည် ကျီးကန်းနက်ဘက်သို့ လှည့်ကြည့်ကာ သူ၏ သဘောထားကို တောင်းခံလိုက်၏။

​နောက်ဆုံးတော့ ဝိညာဥ်ကလေးငယ်မိခင်မှာ ဤနေရာတွင် ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာကို အတိအကျ မသိပါပေ။ သို့သော် ကျီးကန်းနက် ဝင်ပါရန် ဆုံးဖြတ်လိုက်သည်ဆိုလျှင်တော့ တစ်ခုခု အကြောင်းပြချက် ရှိရပေလိမ့်မည်။

​ကျီးကန်းနက်မှာ ထိုနဂါးဟိန်းသံကို မကြားရသော်လည်း၊ ဝိညာဥ်ကလေးငယ်မိခင်၏ တုံ့ပြန်မှုအရ တစ်စုံတစ်ခုက သူမကို ခြိမ်းခြောက်နေကြောင်း သူ ရိပ်မိလိုက်သည်။

​ထို့ကြောင့် ကျီးကန်းနက်က အော်ပြောလိုက်၏။

“ဟိုမှာရှိတဲ့ မီးဝံပုလွေက ပြတိုက်မှူးရဲ့ တပည့်ပိုင်တဲ့ သားရဲ ဖြစ်ရမယ်"

​ဤစကားကို ကြားလိုက်သောအခါတွင်မူ ကျီးကန်းနက် ဘာကြောင့် ဝင်ပါနေရသလဲဆိုတာကို ဝိညာဥ်ကလေးငယ်မိခင် သိသွားတော့သည်။

​သူမသည် အဆင့် (၄) မြရောင်နဂါး၏ ရစ်ပတ်မှုကို ခံနေရသော ရှောင်ဟော့ဘက်သို့ လှည့်ကြည့်လိုက်၏။ အကယ်၍ ဤမီးဝံပုလွေမှာ ပြတိုက်မှူးတပည့်၏ သားရဲသာ မှန်ကန်နေမည်ဆိုပါက၊ ဝိညာဥ်ကလေးငယ်မိခင်အနေဖြင့် မလွဲမသွေ ဝင်ရောက် ကူညီရပေလိမ့်မည်။

​၎င်းမှာ ထိုအဆင့် (၅) နဂါးနှင့် ရင်ဆိုင်ရမည်ဟု ဆိုလိုလျှင်ပင်၊ သူမအနေဖြင့်တော့ ကြောက်ရွံ့ နောက်ဆုတ်သွားမည် မဟုတ်ပါပေ။

All Chapters