← Chapters

B အဆင့် ဂျယ်လီငါး၊ စားသုံးရန်မသင့်၊ အားလုံး အံ့အားသင့်သွားကြခြင်း

Vol. 8 Ch. 113

B အဆင့် ဂျယ်လီငါး၊ စားသုံးရန်မသင့်၊ အားလုံး အံ့အားသင့်သွားကြခြင်း

Vol. 8 Ch. 113

“သတင်းလား။ ဘာသတင်းလဲ။”

ရှောင်းယီက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“တိလင်းထျန်းရှားက ငါတို့ ၅ ယောက်လုံးကို ဆုတော်ငွေ ထုတ်လိုက်ပြီ။”

အန်းယွဲ့က ပြန်ဖြေလိုက်၏။

ရှောင်းယီ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် အခြေအနေကို နားလည်သွားခဲ့သည်။ စောစောက ကျိုးရွှမ်းဝူသည် ဆုဝမ်ကို ဖမ်းဆီးစဉ် သူမ၏ သီးသန့် ချန်နယ်ကို မြင်သွားခဲ့ခြင်း ဖြစ်ရမည်။ ထိုချန်နယ်၏ သူငယ်ချင်းစာရင်းတွင် သူတို့ ၅ ယောက်လုံး၏ နာမည်များမှာ အထင်အသား ရှိနေသည် မဟုတ်ပါလား။

“ကိစ္စမရှိပါဘူး။ သူ ဆုတော်ငွေ ထုတ်ချင်သလောက် ထုတ်ပါစေ။ သူ ကျုပ်ကို အရင် တွေ့အောင်ရှာဖို့ လိုသေးတယ်။”

ရှောင်းယီက အေးအေးလူလူပင် ပြောလိုက်သည်။

တစ်နာရီခန့်အကြာတွင် ရှောင်းယီနှင့် တခြားသူများ သူ၏ ကျွန်းသို့ ချောချောမောမော ရောက်ရှိလာခဲ့ကြသည်။

သူတို့သည် အဝေးမှပင် အန်းရန် တစ်ယောက်တည်း သံလှံတံကို ကိုင်ကာ ပင်လယ်ထဲရှိ အရာတစ်ခုခုအား ထိုးနှက်နေသည်ကို မြင်လိုက်ရ၏။ သူမသည် တစ်ချက်ထိုးလိုက်တိုင်း နောက်သို့ အမြန် ဆုတ်ခွာလိုက်နှင့် ဖြစ်နေခဲ့သည်။ သူမအနားတွင် ဝမ်ချိုင်ကလည်း အားပေးသည့်အလား ဟောင်နေခဲ့လေသည်။

ညနေစောင်းနေပြီဖြစ်၍ အပူချိန်မှာ နိမ့်ဆင်းနေသော်လည်း သူမ၏ ဝတ်စုံမှာမူ ချွေးများဖြင့် ရွှဲနစ်နေဆဲပင်။

ရှောင်းယီက ရှောင်ယောက်ကို တိုက်ခိုက်ခံနေရသည့် အုတ်မြစ်ကျောက်နားတွင် ရပ်တန့်ခိုင်းလိုက်ပြီး လှမ်းအော်လိုက်သည်။

“အန်းရန်...ငါတို့ ပြန်လာပြီ။”

ထို့နောက် သူသည် ကျွန်းပေါ်သို့ တိုက်ရိုက် ခုန်ဆင်းလိုက်၏။

သူ့အသံကို ကြားလိုက်ရချိန်တွင်မှ အန်းရန်၏ လက်ထဲမှ သံလှံတံမှာ လွတ်ကျသွားတော့သည်။

ဘုန်း...

လှံတံမှာ မြေပြင်ပေါ်သို့ ကျသွားခဲ့၏။ ထိုအခါမှသာ ရှောင်းယီသည် သူမ၏ လက်မောင်းများမှာ မထိန်းချုပ်နိုင်အောင် တုန်ယင်နေသည်ကို သတိပြုမိသွားတော့သည်။ တိုက်ပွဲမှာ အတော်ကြာခဲ့ပုံရသည်။

“အရူးလေး...ဒါက ကျောက်တုံး တစ်တုံးတည်းပဲ။ ပျက်သွားပါစေပေါ့။ တို့မှာ အုတ်မြစ်ကျောက်တွေ မရှားပါဘူး။”

ရှောင်းယီက စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။

“မရဘူး။ ဒါက တို့ရဲ့ အနာဂတ်အိမ်ပဲ။ မြေတစ်လက်မချင်းစီက ကာကွယ်ရကျိုး နပ်ပါတယ်။”

သူမက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ထိုင်ပြီး အနားယူလိုက်ဦး။ ငါ သူ့ကို ပညာပေးတာ ကြည့်နေ။”

ထို့နောက် ရှောင်းယီက လှံတံကို ကောက်ကိုင်ကာ ထန်ဓားကို ဆွဲထုတ်ပြီး ကမ်းခြေသို့ လျှောက်သွားလိုက်သည်။

“သတိထား...အဲ့ဒီ ဂျယ်လီငါးက အဆိပ်ရည်တွေ ပန်းလွှတ်တတ်တယ်။”

သူမက သတိပေးလိုက်သည်။

“စိတ်မပူပါနဲ့ ”

သူက ပြုံးကာ ပြန်ပြောလိုက်သည်။

ကမ်းစပ်သို့ ရောက်သောအခါ ရှောင်းယီ ထိုဂျယ်လီငါးကို အနီးကပ် မြင်လိုက်ရလေသည်။

[အာတိတ်မိုးတိမ် ဂျယ်လီငါး (B အဆင့်): ၎င်း၏ ခေါင်းလောင်းပုံ ခန္ဓာကိုယ်အောက်တွင် အာရုံခံအမျှင် အစုအဝေး ၈ ခု ပါရှိပြီး တစ်စုလျှင် အမျှင်ပေါင်း ၁၅၀ ခန့် ရှိသည်။ အမျှင်တစ်ခုစီသည် မီတာ ၄၀ ကျော်အထိ ဆန့်ထွက်နိုင်ပြီး တစ်စက္ကန့်အတွင်း ၁၀ ပုံ ၁ ပုံအထိ ပြန်လည် ကျုံ့ဝင်နိုင်သည်။ အမျှင်များတွင် အဆိပ်ဆူးများ ပစ်ခတ်နိုင်သည့် ဆဲလ်များ ပါဝင်သည်။ ၎င်း၏ အဆိပ်ရည် ပန်းထုတ်မှုကို သတိပြုပါ။]

“အံ့သြစရာ မရှိတော့ဘူး။ အန်းရန် မနိုင်တာလည်း မဆန်းပါဘူး။ ဒါက B အဆင့်ဖြစ်နေတာကိုး။ တကယ်လို့ ဒါက ကုန်းပေါ်တက်လို့ ရရင် သူမအတွက် အန္တရာယ် တကယ်ရှိနိုင်တယ်။”

ရှောင်းယီက ရေရွတ်ရင်း ထန်ဓားဖြင့် ဂျယ်လီငါးကို ပိုင်းချလိုက်တော့သည်။

ကမ်းစပ်မှ တိုက်ခိုက်မှုမှာ ဤမျှ မြန်ဆန်ပြီး ပြင်းထန်လိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် ဂျယ်လီငါးမှာ တုံ့ပြန်ချိန်ပင် မရဘဲ နှစ်ပိုင်း ပြတ်ထွက်သွားတော့၏။ ရှောင်းယီက ကျန်လက်တစ်ဖက်ဖြင့် သံလှံတံကို အသုံးပြုကာ ထိုနှစ်ပိုင်းကို ကုန်းပေါ်သို့ ထိုးတင်လိုက်လေသည်။

ထိုစဉ် အမျှင်များမှ အဆိပ်ရည်များ ဆက်တိုက် ထွက်ကျလာခဲ့ပြီး မြေပြင်မှာ တစီစီ မြည်ကာ အရည်ပျော်နေသော်လည်း ခဏအကြာတွင် ငြိမ်သက်သွားခဲ့သည်။

[အာတိတ်မိုးတိမ် ဂျယ်လီငါး အသေကောင် (B အဆင့်): စားသုံးရန် မသင့်။]

စနစ်၏ သတိပေးချက်ကို မြင်သောအခါ ရှောင်းယီ ညည်းတွားလိုက်မိသည်။

“ဒီည B အဆင့် ဂျယ်လီငါးကို မြည်းရတော့မယ် အောက်မေ့နေတာ။”

ထိုအချိန်တွင် အန်းယွဲ့နှင့် တခြားသူများလည်း လှေပေါ်မှ ဆင်းလာခဲ့ကြသည်။ရှောင်းယီ၏ စကားကို ကြားသောအခါ ယွမ်နွန်က ရှင်းပြလာခဲ့သည်။

“ငါတို့ရဲ့ ကမ္ဘာဟောင်းမှာ ဂျယ်လီငါး မျိုးစိတ် ၂၅၀ လောက်ပဲ ရှိတယ်။ လဂျယ်လီနဲ့ ပင်လယ်ဆူးပင် ဂျယ်လီတွေပဲ စားလို့ရတာ။ ကျန်တာတွေက မဘေးကင်းဘူး။”

“ဆရာကြီးကတော့ တကယ်ကို အသိပညာကြွယ်ဝတာပဲ။”

ရှောင်းယီက လက်မထောင်ပြလိုက်သည်။ ထိုစဉ် အန်းယွဲ့က အန်းရန်ဆီသို့ အပြေးသွားကာ သူမကို အထက်အောက် ကြည့်ရှုပြီးနောက် ဖက်ကာ ငိုချလိုက်တော့သည်။

“သမီးကို တစ်သက်လုံး ပြန်မတွေ့ရတော့ဘူး ထင်နေခဲ့တာ။”

အရွယ်ရောက်ပြီးသား အမျိုးသားကြီးမှာ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။

“သမီးလည်း တူတူပါပဲ။ ရှောင်းယီသာ မရှိရင် တကယ် ပြန်တွေ့ရမှာ မဟုတ်တော့ဘူး။”

သူမကလည်း မျက်ရည်များကြားမှ ပြန်ပြောလိုက်၏။

ဟတ်ချိုး

သူမ စကားအဆုံးတွင် နှာချေလိုက်မိသည်။ အန်းယွဲ့သည် ချက်ချင်းပင် သူ၏ အပေါ်ဝတ် အနွေးထည်ကို ချွတ်ကာ သူမကို ပတ်ပေးလိုက်၏။

“အားလုံးပဲ။ ဒီမှာ ရပ်မနေကြနဲ့တော့။ ချမ်းလာပြီ။ အထဲဝင်ပြီးမှ စကားပြောကြရအောင်။”

ရှောင်းယီက ခေါ်လိုက်သည်။

“ဒါက ပျော်စရာကောင်းတဲ့ ပြန်လည်ဆုံစည်းမှုပဲ ဦးလေးအန်း...ပြုံးထားစမ်းပါဗျာ။”

“ဟမ့် မင်း ကောင်လေး...ငါလည်း ပျော်စရာသတင်းဆိုတာ သိတယ်ကွ။”

အန်းယွဲ့က ခပ်တိုးတိုး စောဒကတက်လိုက်ပြီးနောက် လှိုက်လှိုက်လှဲလှဲ ထပ်ပြောလိုက်သည်။

“ကျေးဇူးပါပဲ... တကယ်ပါ။”

“ဦးလေးအန်း ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါက ကျုပ် လုပ်သင့်တာပါ။”

ထို့နောက် သူသည် တောအုပ်ငယ်လေးကို ဖြတ်၍ လူတိုင်းကို ဦးဆောင်ခေါ်သွားခဲ့ရာ ရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် အားလုံး ဆွံ့အသွားခဲ့ကြလေသည်။ အန်းရန်မှာ ယခင်က မြင်ဖူးသော်လည်း ဤမြင်ကွင်းမှာ မြေပြင်ပေါ်ရှိ နိဗ္ဗာန်ဘုံတစ်ခုကဲ့သို့ ခံစားနေရဆဲပင်။

“ပထမတော့ ဘာအစီအစဉ်မှ မရှိတာနဲ့ နည်းနည်းတော့ ရှုပ်နေလိမ့်မယ်။ ဒီစိုက်ကွင်း ၅ ကွက်လုံးက ဆရာကြီးပေးထားတဲ့ မြေဆီလွှာအဆင့်မြှင့်တင်ခြင်းကတ်တွေနဲ့ ပြင်ထားတာ။ ဒီမြေတွေအားလုံးကို ဒီနေ့ကစပြီး ယွမ်လောင်ကိုပဲ အားကိုးရတော့မယ်။”

“အားလုံး ငါ့ကိုသာ လွှဲထားလိုက်ပါ။”

ယွမ်နွန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ၏ အလုပ်ဟောင်းကို ပြန်လုပ်ရသည်မှာ သူ့အတွက် အလွန် စိတ်လှုပ်ရှားစရာပင်။

“ဟိုဘက်က နွားတင်းကုပ်မှာ နွား ၄ ကောင် ရှိတယ်။ ဒီသစ်သား အလုပ်ရုံ နှစ်ခုကတော့ ဂိုဒေါင်တွေပေါ့။”

ရှောင်းယီက အဆောက်အဦးကြီးများကို ညွှန်ပြလိုက်၏။

“ငါ့မှာသာ ဒီလို အဆောက်အဦးမျိုး ရှိရင် အိမ်လုပ်ပစ်လိုက်မှာ။”

ကျန်းယွင်ထျန်းက အာမေဍိတ်သံဖြင့် ပြောလိုက်သည်။

“မင်းတစ်ယောက်ပဲ စက်ရုံကို ဂိုဒေါင်လုပ်လိမ့်မယ်။”

အားလုံးကလည်း ခေါင်းငြိမ့် ထောက်ခံလိုက်ကြသည်။ ထိုအဆောက်အဦးများသည် ကြီးမားပြီး လေလုံမိုးလုံဖြစ်၍ နေထိုင်ရန်အတွက် အကောင်းဆုံးပင်။

ရှောင်းယီက ပြုံးကာ ခေါင်းခါလိုက်သည်။

“ကျုပ်တို့မှာ နည်းနည်းတော့ ရည်မှန်းချက် ရှိရမယ်လေ ဟုတ်တယ်မလား။”

ထို့နောက် သူတို့ ဆက်လျှောက်လာခဲ့ကြသည်။

“ဟိုရှေ့ကတော့ စတူဒီယို တိုက်ခန်းပဲ။ အကုန်အစုံရှိတယ်။ ဒါပေမဲ့ သဘာဝဓာတ်ငွေ့ မရှိသေးလို့ အပြင်က မီးဖိုမှာပဲ ချက်ပြုတ်ရတယ်။ ဘေးမှာ ကြက်ခြံ နှစ်ခြံရှိတယ်။ နောက်နှစ်ရက်လောက်ဆိုရင် ကြက်တွေ ပြည့်သွားတော့မှာဆိုတော့ ကျုပ်တို့ ကြက်သား စားရတော့မယ်။”

ထို့နောက် သူက တိုက်ခန်းကို ညွှန်ပြရင်း ပြောလိုက်သည်။

“အနောက်ဖက်မှာ ရေပေးဝေရေးစနစ် ရှိတယ်။ အဲ့ဒါကြောင့် ရေနွေးကို အကန့်အသတ်မရှိ သောက်လို့ရတယ်။”

“ဈေးကွက်မှာ ရေနွေးတွေ တင်ရောင်းနေတာလည်း နင်ပဲလား။”

အန်းရန်က အံ့သြတကြီး မေးလိုက်၏။

“ဒါပေါ့။”

သူက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ငါတောင် တစ်ခါ ဝယ်သောက်ဖူးသေးတယ်။”

သူမက ရယ်မောလိုက်သည်။

“အခုတော့ မလိုတော့ဘူး။ စိတ်ကြိုက်သာ သောက်။ သောက်ရတာ များလို့ သွန်ချင်ရင်တောင် သွန်ပစ်လိုက်။”

သူက စနောက်လိုက်သည်။

“ရေတွေ ပေါနေရင်တောင် ချွေတာရမှာပေါ့”

သူမက ခပ်ပေါ့ပေါ့ပင် ဆူပူလိုက်လေသည်။

“ရှိတယ်ဆိုတာ သိအောင် ပြောတာပါ။ ဖြုန်းတီးဖို့တော့ မဟုတ်ပါဘူးနော်။”

“ရှောင်းယီ...ဟိုဟာက ရေဖျန်းကားလား။”

ယွမ်နွန်က ကားတစ်စီးကို ညွှန်ပြရင်း မေးလိုက်၏။ ရှောင်းယီက ထိုနေရာကို လှမ်းကြည့်လိုက်သည်။

“အလိုအလျောက် စမတ် ရေဖျန်းစနစ်ပါ။ အထဲမှာ စက်ရုပ် ပါတယ်။ အဲ့ဒါက စိုက်ကွင်းတွေကို ရေဖျန်းပေးတယ်လေ။ မဟုတ်ရင် ကျုပ် တစ်ယောက်တည်း ဘယ်လို စီမံနိုင်ပါ့မလဲ။”

အားလုံး ကြက်သေသေသွားခဲ့ကြသည်။

အလိုအလျောက် စမတ် ရေဖျန်းစနစ်လား။ သူတို့ရဲ့ ကမ္ဘာဟောင်းမှာတောင် ဒီလိုအရာမျိုး မရှိခဲ့ဘူး။ ရှောင်းယီက ဒါတွေကို ဘယ်ကနေ ရလာတာလဲ။

“အားလုံးပဲ အထဲဝင်ပြီး ထိုင်ကြပါဦး။”

ရှောင်းယီက တံခါးကို တွန်းဖွင့်ရင်း ပြောလိုက်သည်။

သူတို့ တိုက်ခန်းထဲသို့ ဝင်လိုက်ချိန်၌ ကမ္ဘာဟောင်းသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ မီးရောင်က မှိန်ဖျော့သော်လည်း ခေတ်မီသည့် အပြင်အဆင်မှာ ထင်ရှားနေလေသည်။

ဖြူဖွေးနေသော နံရံများ၊ သန့်ရှင်းသော ကြွေပြားများ၊ ဆန်းသစ်သည့် မီးဆိုင်းနှင့် သားရေ ဆိုဖာများ...။ ထို့အပြင် နွေးထွေးမှု....။

ဒီတိုက်ခန်းထဲမှာ မီးတို့၊ အပူပေးစနစ်တို့တောင် ရနေပြီလား။

All Chapters