← Chapters

ကမ္ဘာသို့ပြန်ခြင်း

Vol. 21 Ch. 296

ကမ္ဘာသို့ပြန်ခြင်း

Vol. 21 Ch. 296

ရုတ်တရက်ဆိုသလို တောင်တန်းများပေါ်ရှိ တာအိုဘုရားကျောင်းငယ် တစ်ခု၌ အဖြူရောင်အလင်းများ တောက်ပစွာ ထွက်ပေါ်လာသည်။

တောက်ဆရာ နှစ်ဦးသည် အစီအရင်၏ ဘေးတွင် ရိုသေလေးစားသည့်ဟန်ဖြင့် မတ်တတ်ရပ်နေကြသည်။

အဖြူရောင်အလင်းများ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ကောင်းကင်နှင့် မြေပြင်အကြားမှ ကျင့်ကြံသူ ၈ ဦး ပေါ်ထွက်လာလေသည်။

အရှေ့ဆုံးမှ ရောက်ရှိလာသည့် ကျင့်ကြံသူမှာ အဖြူရောင်ခွေးကြီးအား စီးနင်းကာဖြင့် ထွက်ပေါ်လာပြီး လွန်စွာကြီးကျယ်ခမ်းနားသည့်ဟန်ရှိသည်။

“ဂျူနီယာ လီချန်းရှန်မှ ကြိုဆိုပါတယ်။”

“ဂျူနီယာ လီယွီမှ ကြိုဆိုပါတယ်။”

“အင်မော်တယ် သံတမန်ကြီးများကို သေမျိုးကမ္ဘာမှ ကြိုဆိုပါတယ်။”

တောက်ဆရာနှစ်ဦးသည် ထိုသူ ၈ ဦးအား ယဉ်ကျေးစွာဖြင့် နှုတ်ဆက်ကြလေသည်။

အန်လင်းသည် ကမ္ဘာပေါ်ရှိ ရင်းနှီးကျွမ်းဝင်သည့် လေထုအား ရှူရှိုက်ကာဖြင့် ရွှင်မြူးစွာ ပြုံးလိုက်သည်။ “အခုလို ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ အလိုရှိသလို သွားလာနိုင်ပါပြီ။ ကျွန်တော်တို့ဘာသာ ဆောင်ရွက်လိုက်ပါ့မယ်။”

တောက်ဆရာနှစ်ဦးသည် အန်လင်း၏စကားအတိုင်း ချက်ချင်းဆိုသလို အဝေးသို့ ထွက်သွားကြလေသည်။ အင်မော်တယ်သံတမန်များ ရောက်ရှိလာမည်ကို သိထားကြသော်လည်း ရောက်ရှိလာရသည့် ရည်ရွယ်ချက်ကိုမူ မသိရှိကြချေ။

“ဪ... ဒါက ကမ္ဘာပေါ့။ ဒီမှာရှိတဲ့ ကောင်းကင်နဲ့ မြေပြင်ရဲ့ စိတ်စွမ်းအင်က နည်းနည်းရှားပါတယ်နော်။ ဒါပေမဲ့ သိပ်အကွာကြီးတော့လည်း မဟုတ်ပါဘူး။” ဟူကွမ်မှာ ကမ္ဘာပေါ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သည့်အတွက် စိတ်လှုပ်ရှားလျက် ရှိနေသည်။

ထိုအချိန်မှာပင် ထိုလူ ၈ ဦး အနက်မှ ၂ ဦးသည် သူတို့၏ ဖုန်းများကို ထုတ်ယူလိုက်ကြသည်။

တစ်ဦးမှာ အန်လင်းဖြစ်ပြီး ကျန်တစ်ဦးမှာ လျှိုချင်ဟွမ် ဖြစ်လေသည်။

အန်လင်း GPS ဖွင့်လိုက်ပြီးနောက် “ငါတို့က ကွေ့စီရင်စုမှာရှိတဲ့ ရွာတစ်ရွာကို ရောက်နေကြတာ။ ငါတို့ရဲ့ ဦးတည်ရာဖြစ်တဲ့ ချန်ပိုင်တောင်နဲ့တော့ အတော်လေး ဝေးနေသေးတယ်။”

လျှိုချင်ဟွမ်သည် ထိတ်လန့်တကြားဖြင့် ခရမ်းရောင်မျက်လုံးများအား မှိတ်ချည် ဖွင့်ချည် လုပ်လိုက်သည်။ “ဘုရားရေ.. ဟီးရိုးအသစ် ၁၀ ကောင်တောင်တဲ့လား။ ငါက အရမ်းကို ခေတ်နောက်ကျ ကျန်နေခဲ့ပြီလို့ ခံစားနေရတယ်။ အူးးဝါးးးး”

“သုံးနှစ်တောင် ကြာသွားခဲ့ပြီပဲ။ ငါ့ရဲ့ မိတ်ဆွေဟောင်းတွေအားလုံး ဘာတွေများ လုပ်နေကြပါလိမ့်။” တင့်တယ်သည့်သွင်ပြင်နှင့် လူတစ်ဦးမှ ပြုံးလျက်နှင့် ပြောလေသည်။

ထိုသူမှာ စတုတ္ထနှစ်မှ တန်ရှီမန် ဖြစ်သည်။ သေမျိုးကမ္ဘာသို့ နောက်ဆုံးအကြိမ် ဆင်းသက်ခဲ့သည့်အချိန်မှာ ပထမနှစ်တွင်ဖြစ်ပြီး မိတ်ဆွေအချို့ ရရှိခဲ့သည်။

အန်လင်းသည်လည်း တန်ရှီမန်၏ စကားများကြောင့် အမှတ်ရမိလိုက်သည်။ ထို့နောက်တွင် WeChat အား ဖွင့်ကာဖြင့် အချိန်အတော်ကြာ ပစ်ထားခဲ့ရသော “ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများအားလုံး စုပေါင်းကာ ကမ္ဘာကြီးအား ကာကွယ်ကြမည်” ဂရုအား ဖွင့်လိုက်သည်။

အမည်အများစုမှာ သူနှင့်ရင်းနှီးပြီးသား ဖြစ်သော်လည်း လူသစ် အနည်းငယ်ရောက်ရှိနေမည်ကိုလည်း မျှော်မှန်းထားမိသည်။

ထိုအခိုက်အတံ့တွင် ဂရုချက်မှာ လွန်စွာ တက်ကြွလျက်ရှိလေသည်။

ဓားအင်မော်တယ် မြစ်စိမ်း _ “မှော်နက်ဂိုဏ်းကကောင်တွေအားလုံး ရောင်စဉ်ငါးသွယ်တောင်ထဲ ဝင်ပြေးပြီး လွတ်သွားကြတယ်။ သူတို့ရဲ့ အကာအကွယ်အစီအရင်က အရမ်းခိုင်ခံ့တယ်။ ငါတို့ မချိုးဖောက်နိုင်ဘူး။”

ထျန်းလင်းလင်း _ “ရူးတော့မှာပဲ။ ကူနိုင်မယ့်သူ တစ်ယောက်ယောက်လောက် မရှိဘူးလားဟ။ အဲဒီခွေးကောင်တွေက အရမ်းယုတ်မာတဲ့ ပြစ်မှုတွေကို ကျူးလွန်ထားတာ။ အသက်ရှင်ခွင့် မပေးနိုင်ဘူး။”

အသည်းကွဲသမားလေး အကြာအမြင်ပညာရှင် _ “ဓားအင်မော်တယ်မြစ်စိမ်းတောင် မတတ်နိုင်မှတော့ ကျန်တဲ့သူတွေက ဘာလုပ်နိုင်ဦးမှာလဲဗျ။ ဂိုဏ်းကြီးလေးဂိုဏ်းက ဂိုဏ်းခေါင်းဆောင် တစ်ဦးဦး ရောက်လာဖို့ပဲ စောင့်ရတော့မှာပေါ့။”

ရွှေကျောက်စိမ်း _ “လာနိုင်မလား မေးလိုက်ဦးမယ်။”

အန်လင်းသည် ထိုမက်ဆေ့ချ်များအား ဖတ်နေရင်းဖြင့် ပြုံးနေမိသည်။ သူထွက်ပေါ်လာရန် အကောင်းမွန်ဆုံးသော အခိုက်အတံ့ ဖြစ်လေသည်။

ထို့ကြောင့် နှစ်နှစ်နီးပါးမျှ ကြာပြိးသည့်နောက်တွင် ပထမဆုံးအကြိမ် မက်ဆေ့ချ်ပို့လိုက်သည်။

တောက်ဆရာအတု အန်ကလေး _ “ထျန်းလင်းလင်းရေ ငါလာခဲ့မယ်.. နေရာပို့ပေး”

ပျားပန်းခပ်မျှ လှုပ်ရှားနေသည့် ဂရုချက်မှာ ရုတ်တရက်ဆိုသလို ငြိမ်ကျသွားလေသည်။

၁၀ စက္ကန့်တိတိ ကြာပြီးသည့်နောက်တွင်

ထျန်းလင်းလင်း _ “ငလူးးး”

အသည်းကွဲသမားလေး အကြားအမြင်ပညာရှင် _ “ငလူးးး”

ဓားအင်မော်တယ်မြစ်စိမ်း _ “ငလူးးး”

အနုမြူနတ်သမီးလေး _ “ငလူးးးး ဘာတွေဖြစ်နေတာတုန်း”

ကောင်းကင်နတ်မိမယ်တည်ငြိမ် _ “ငါ့မျက်လုံးတွေ ကြောင်သွားတာလား”

ရွှေကျောက်စိမ်း _ “သေရာက ပြန်ရှင်လာတာများလား”

ကယ်တင်ရှင် _ “သူ့အကောင့် ဟက်ခ်ခံလိုက်ရတာလားဟ”

…

ဂရုချက်တစ်ခုလုံး မက်ဆေ့ချ်များ ပလူပျံလာလေသည်။

တောက်ဆရာအတု အန်ကလေး _ “…”

တောက်ဆရာအတု အန်ကလေး _ “မင်းတို့ကလည်း နှစ်နှစ်လေး မသုံးတာပါကွ”

ထျန်းလင်းလင်း အလွန်စိတ်လှုပ်ရှားနေမိသည်။ “အားးးးးးးး တောက်ဆရာအတု.. တကယ်ကြီးနင်လား။ အခုပဲ ပို့လိုက်မယ်နော်။”

များမကြာမီတွင် ဂရုချက်ထဲ၌ မြေပုံတစ်ခု ပေါ်လာသည်။

တောက်ဆရာနွားကြီး _ “အန်လင်းရေ.. အဲဒီ အကာအကွယ် အစီအရင်ကို ချိုးဖြတ်နိုင်မယ်လို့  မင်းထင်လား။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့်မှာ ရောက်နေတဲ့ ဓားအင်မော်တယ်မြစ်စိမ်းတောင် မလုပ်နိုင်ဘူးနော်။”

တောက်ဆရာအတု အန်ကလေး _ “အေးဆေးပါ”

ကယ်တင်ရှင် _ “တောင်ပံနက်မျိုးနွယ်စုနဲ့ တိုက်ပွဲကို မင်းမေ့သွားပြီလား နွားကြီး”

သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး _ “ဟဟ အဆိပ်သခင် ပြန်လာပြီဟေ့”

ဂရုအတွင်းရှိ ကျင့်ကြံသူများသည် အန်လင်းအား စကားလုံးများဖြင့် ချီးကျူးမြှောက်ပင့်ကြလေသည်။ ထို့နောက်တွင် ထိုသမိုင်းဝင်တိုက်ပွဲအကြောင်းမှာ များပြားလှသည့် ကျင့်ကြံသူများထံ ပျံ့နှံ့သွားလေသည်။

မြွေဖြူဝိညာဉ် _ “ဟိုင်းး ကျွန်တော်က အသစ်ကလေးပါဗျ။ ကျွန်တော်တို့ ပြောနေကြတဲ့ စီနီယာ အန်လင်း ဆိုတာက ဘယ်သူလဲ။”

ဂရုအတွင်းသို့ ရောက်ရှိလာသည့် အဖွဲ့ဝင်အသစ်မှ အန်လင်းအကြောင်း ပြောဆိုနေသည်ကို မြင်တွေ့ရသည့်အတွက် မေးမြန်းလာလေသည်။

အသည်းကွဲသမားလေး အကြားအမြင်ပညာရှင် _ “ဟားဟား ငါတို့ ဂရုရဲ့ နတ်ဘုရားအကြောင်းနဲ့ သူ့ရဲ့ အပြုအမူတွေကို ပြောပြရသေးတာပေါ့။”

များမကြာမီတွင် ဂရုချက်အတွင်း၌ ဇာတ်လမ်းပေါင်းများစွာ ရောက်ရှိလာပြီး မြေဖြူဝိညာဉ်မှာ ချက်ချင်းဆိုသလို ဆွံ့အသွားကာ တိတ်ဆိတ်သွားလေသည်။

သို့သော်လည်း အန်လင်းမှာ ထိုအရာအတွက် အချိန်မပေးနိုင်ချေ။ ထျန်းလင်းလင်း၏ တည်နေရာကို ရရှိပြီးသည်နှင့် သူ၏အဖွဲ့နှင့်အတူ ထိုနေရာသို့ ထွက်ခွာလာခဲ့ကြသည်။

အန်လင်း : “လာကြကွာ။ ကမ္ဘာပေါ်က မိစ္ဆာကျင့်ကြံသူတွေက ဘယ်လိုဆိုတာ ပြမယ်။”

တန်ရှီမန် : “ဟားဟား လေ့ကျင့်ခန်းလုပ်ချင်နေတာနဲ့ အတော်ပဲ။ ငါ့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ်။”

လျှိုချင်ဟွမ် : “အဆင်ပြေသလို ကြည့်လုပ်လိုက်ကြနော်။ ငါကတော့ အင်တာနက်ဆိုင် သွားလိုက်ဦးမယ်။”

ယောင်မင်စီနှင့် ဟူကွမ် : “ကျွန်တော်တို့က အန်ကောသွားဆိုတဲ့နေရာကို သွားမှာ။”

စုချန်းရန်၏မျက်နှာတွင် စိုးရိမ်မှုကြောင့် နီမြန်းလာလေသည်။ “အတန်းဖော် အန်လင်းရေ... အဲဒီမှာ ရှိတဲ့သူတွေနဲ့ ငါစကားမပြောချင်ဘူးနော်။”

စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့မှာ အဖွဲ့ဝင်ဟောင်းများ ဖြစ်သည့်အတွက် သူ၏ဆုံးဖြတ်ချက်ကို ငြင်းဆန်ခြင်း မပြုကြချေ။

ဤသို့ဖြင့် သူတို့ ၇ ဦးသည် အန်လင်း၏ နောက်မှနေ ရောင်စဉ်ငါးသွယ်တောင်သို့ ပျံသန်းလာကြလေသည်။

ရောင်စင်ငါးသွယ်တောင်မှာ တန့်စီရင်စုရှီ ထင်ရှားသည့် တောင်တစ်လုံးဖြစ်ကာ သူတို့ ရောက်ရှိနေသည့် နေရာမှ ကီလိုမီတာ ၂၀၀ ကျော် ကွာဝေးလေသည်။

အတော်လေးဝေးသည်ဟု ထင်ရသော်လည်း စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ တစ်နာရီမျှနှင့် ရောက်ရှိနိုင်ပေသည်။

အန်လင်းသည် တပိုင်ကျောပေါ်တွင်ထိုင်ကာ သူ၏ဖုန်းအား ထုတ်ယူလိုက်ပြီးနောက် WeChat အား ဖွင့်လိုက်ပြန်သည်။

မြွေဖြူဝိညာဉ်ထံမှ မက်ဆေ့ချ်တစ်စောင်နှင့်အတူ သူငယ်ချင်းဖြစ်ရန် တောင်းဆိုချက်တစ်ခု ရောက်ရှိနေလေသည်။ “စီနီယာ အဆိပ်သခင်က အရမ်းကြမ်းတာပဲ။ အရိုအသေပေးပါတယ်ဗျ။ အားးးးးးးးးးးး”

အန်လင်းသည် ထိုမက်ဆေ့ချ်အား လျစ်လျူရှုလိုက်သည်။ ယင်းမှာ အရူးအမူး ပရိသတ်တစ်ဦးဖြစ်ပြီး လက်ခံလိုက်မည်ဆိုလျှင် သူ့အား အဆုံးမရှိ အနှောင့်အယှက်ပေးတော့မည် ဖြစ်သည်။

တောက်ဆရာအတု အန်ကလေး _ “ထျန်းလင်းလင်းရေ အဲဒီကို နာရီဝက်အတွင်း ရောက်မယ်နော်။”

ထျန်းလင်းလင်း ချက်ချင်း ပြန်ဖြေသည်။ “ကောင်းပြီ။ ငါတို့က အစီအရင်ရဲ့ အပြင်ဘက်မှာ စောင့်နေကြတာ။ ဒါနဲ့ မှော်နက်ဂိုဏ်းကလည်း တပ်ကူခေါ်ထားတယ်နဲ့တူတယ်။ အဲဒီတော့ သူတို့ဘာမှ မလုပ်နိုင်ခင် မြန်မြန်လေး လာကြနော်။”

တောက်ဆရာအတု အန်ကလေး _ “အေးဆေးပါ။ ငါတို့ရောက်တာနဲ့ ပွဲသိမ်းပဲ။”

ထျန်းလင်းလင်းသည် အထင်သေးသည့် အီမိုဂျီတစ်ခု ပို့လိုက်ပြီးနောက် တိတ်ဆိတ်သွားတော့သည်။

ရောင်စဉ်ငါးသွယ်တောင်တန်း၌ တောင်တစ်ခုလုံးအား လွှမ်းခြုံထားသည့် ငါးရောင်ခြယ်မြူခိုးများ ရှိပြီး အကာအကွယ်တစ်ခုသဖွယ် ရှိနေလေသည်။

အဇူရာဝတ်စုံနှင့် အမျိုးသားတစ်ဦးသည် ဓားတစ်လက်အား ကိုင်ဆောင်ကာဖြင့် မတ်တတ်ရပ်နေပြီး တည်ကြည်သည့် အမူအရာဖြင့် အကာအကွယ် အစီအရင်အား ငုံ့ကြည့်နေလေသည်။

အညိုရောင်ဆံပင်တိုနှင့် မိန်းကလေးတစ်ဦးသည် သူမ၏ဖုန်းအား ပြန်သိမ်းလိုက်ပြီးနောက် စကားပြောစက်ဖြင့် ပြောလေသည်။ “အားလုံးပဲ သတိရှိကြမယ်။ မှော်နက်ဂိုဏ်းရဲ့ တပ်ကူတွေက ရောက်ကာနီးပြီထင်တယ်။ တစ်ခုခု လွဲမှားနေတာမျိုး ရှိရင် မြန်နိုင်သမျှ မြန်မြန် အကြောင်းကြားမယ်နော်။”

“လင်းလင်းကျဲရဲ့ အကူတွေက တကယ်ကော ယုံကြည်ရပါ့မလား။ ညီမမိသားစုရဲ့ အသက်က သူ့အပေါ်မှာ မူတည်နေတယ်နော်။” စကားပြောစက် တစ်ဖက်မှ နူးညံ့သည့် အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာသည်။

ထျန်းလင်းလင်း၏ နှုတ်ခမ်းများ တွန့်သွားသည်။ “ဒါပေါ့ သူက အဆင်ပြေတယ်။ အချိန်နဲ့အမျှ ပုံမှန်မဟုတ်တဲ့ တိုက်ခိုက်မှုတွေကို ပြလိမ့်မယ်။ ဒါပေမဲ့ ပုံမှန်အခြေအနေမှာဆိုရင် သူက ငါ့ထက် နည်းနည်းလေးပဲ ပိုသန်မာတာပါ။”

“အိုးးး အခုလို ကြားမှပဲ စိတ်သက်သာရာ ရတော့တယ်။” စကားပြောစက်တစ်ဖက်မှ မိန်းကလေးသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ ထျန်းလင်းလင်းကဲ့သို့သော မာနကြီးသည့်သူ့ထံမှ လာရောက်မည့် တပ်ကူသည် သူမထက် အစွမ်းပိုထက်သည်ဟု ဝန်ခံလာသည့်အတွက် အမှန်တကယ်ကို ထျန်းလင်းလင်းထက် ပိုမိုအင်အားကြီးပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ရောင်စဉ်ငါးသွယ်တောင်တန်းအတွင်း၌ သက်တံရောင်ဝတ်စုံများနှင့် ကျင့်ကြံသူ တစ်ဒါဇင်ခန့် ရှိလေသည်။ သူတို့အားလုံးတို့သည့် အဖွဲ့၏အလယ်ရှိ အမျိုးသားအား စိုးရိမ်ပူပန်သည့် အမူအရာများဖြင့် ကြည့်လျက်ရှိကြသည်။ ထိုအမျိုးသားမှာ ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ကျန်းဖုန်း မှလွဲ အခြားမဟုတ်ပေ။

“အဆိပ်မီးဂိုဏ်းက ကျွန်တော်တို့ရဲ့ တပ်ကူတွေရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ ဂိုဏ်းခေါင်းဆောင်။” အကြီးအကဲတစ်ဦးမှ မေးလေသည်။

ကျန်းဖုန်း ပြုံးလိုက်သည်။ “စိတ်အေးအေးထားပါ။ အဆိပ်မီးဂိုဏ်းက ဒီနားပတ်ဝန်းကျင်ကို ရောက်နေပြီ။ အလွန်ဆုံးကြာ ၁၀ မိနစ်ပေါ့။ သူတို့ရောက်လာတာနဲ့ ပြေးထွက်ပြီး အဲဒီ သေချင်းဆိုးတစ်စုကို သတ်ပစ်ရမယ်။”

ကျန်းဖုန်း၏ စကားများကြောင့် လူတိုင်း၏ အမူအရာများ ပေါ့ပါးသွားကြသည်။ အပြင်ဘက်ရှိ ကျင့်ကြံသူများမှ ဖမ်းဆီးပိတ်ဆို့ထားသည်ကြောင့် အလွန်စိတ်ပူပန်ခဲ့ရသည်။ အဓိကပြဿနာမှာ ဓားအင်မော်တယ် မြစ်စိမ်းဖြစ်ပြီး ကျန်းဖုန်းတစ်ဦးတည်း ရင်မဆိုင်နိုင်ချေ။ ထို့ကြောင့် သူတို့နောက်ဆုတ်ခဲ့ကြရခြင်း ဖြစ်သည်။

သို့သော်လည်း အဆိပ်မီးဂိုဏ်းမှ တပ်ကူများ ရောက်လာမည်ဆိုလျှင် အရာအားလုံး ပြောင်းလဲသွားမည် ဖြစ်သည်။ အဆိပ်မီးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်မှာလည်း စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်နှစ်ဦး ပူးပေါင်းကာ တိုက်ခိုက်မည်ဆိုလျှင် အနိုင်ရရှိရန် အခွင့်အရေး ပိုများပေသည်။

များမကြာမီတွင် ကျန်းဖုန်း၏မျက်လုံးများ အရောင်လက်လာသည်။

အဝေးမှ အဆိပ်မီးမြူငှက်မွေးတစ်ခု ထွက်ပေါ်လာပြီး ထျန်းလင်းလင်းတို့ အဖွဲ့ရှိရာသို့ လျှင်မြန်စွာ ပျံသန်းလာလေသည်။ ယင်း၏နောက်တွင် အနီရောင်ဝတ်စုံများနှင့် ကျင့်ကြံသူ တစ်ဒါဇင်ခန့် လိုက်ပါလာသည်။

“ဟားဟားဟား အဆိပ်မီးဂိုဏ်းက ရောက်လာကြပြီ။ နှစ်ဖက်ညှပ် တိုက်ကြစို့။ အဲဒီ မျိုးမစစ်တွေကို သတ်ကြမယ်။” ကျန်းဖုန်းသည် လက်ဝှေ့ယမ်းကာဖြ်င့ အော်ဟစ်လိုက်ပြီး သူ၏ပတ်လည်ရှိလူများမှ ဩဘာသံများ ပေးကြလေသည်။

ထျန်းလင်းလင်းနှင့် ဓားအင်မော်တယ်မြစ်စိမ်းတို့မှာ သူတို့နောက်ကျောမှနေ အန္တရာယ်ကို အာရုံခံမိလိုက်သည်ကြောင့် အမူအရာများ ပြောင်းလဲသွားလေသည်။

“သေစမ်း။ သူတို့တပ်ကူက ငါတို့အရင် ရောက်လာတာပဲ။ နှစ်ဖက်ညှပ်ပြီးတိုက်ဖို့ ကြိုးစားနေကြတာ။” ထျန်းလင်းလင်းသည် ပြတ်သားသည့် အမူအရာဖြင့် အဆောင်လက်ဖွဲ့အများအပြားအား ထုတ်ယူလိုက်ပြီးနောက် သေဆုံးသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်လိုက်လေသည်။

သို့သော်လည်း ထိုအချိန်မှာပင် ကောင်းကင်ရှိတိမ်တိုက်များ ပျောက်ကွယ်သွားလေသည်။

ကောင်းကင်မှ ကြီးမားသည့် ခွေးဖြူကြီးတစ်ကောင် ဆင်းသက်လာာပြီး ချက်ချင်းဆိုသလို အဆိပ်မီးဂိုဏ်းမှ ကျင့်ကြံသူများအား ယင်း၏ အော်ရာနှင့် ဖိနှိပ်ခြေမှုန်းလိုက်လေသည်။

“မင်းက ဘယ်သူလဲ။”

အဆိပ်မီးဂိုဏ်းမှ မတ်တတ်ရပ်ကာဖြင့် တစ်ဦးတည်းကျန်ရှိသူသည် လေထုအား ကြည့်ကာဖြင့် တုန်လှုပ်ခြောက်ချားစွာ အော်လိုက်သည်။

သို့သော်လည်း အနက်ရောင်အလင်းတန်းတစ်ခု၏ ဆီးကြိုနှုတ်ဆက်ခြင်းအား ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် အန်လင်းသည် ထိုလူ၏နောက်တွင် ပေါ်လာပြီး သူ၏ဓားတွင် သွေးများစီးကျနေလေသည်။

သွေးများပန်းထွက်လာပြီးနောက် အဆိပ်မီးဂိုဏ်းခေါင်းဆောင်၏ ဦးခေါင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

“မင့်ကြည့်ရတာ လူကောင်းနဲ့ မတူလို့ အရင်ဆုံး သတ်သင့်တယ်လို့ တွေးမိတာပဲ။” အန်လင်း ခေါင်းယမ်းလိုက်ပြီးနောက် ထျန်းလင်းလင်းထံ အကြည့်ပို့လိုက်သည်။ “ဟေး ထျန်းလိုလီရေ ငါနောက်မကျဘူး ဟုတ်”

ထျန်းလင်းလင်းမှာ မယုံကြည်နိုင်မှုကြောင့် မျက်လုံးများ ပြူးကျယ်နေလေသည်။

အဆိပ်မီးဂိုဏ်းသည် အရှေ့တောင်ဒေသတွင် အကြီးဆုံးသော ဂိုဏ်းများထဲမှ တစ်ခုဖြစ်သော်လည်း မျက်စိတစ်မှိတ် အတွင်းမှာပင် သေဆုံးသွားရသည်။

သူတို့၏ခေါင်းဆောင်မှာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း အန်လင်း၏ တိုက်ကွက်တစ်ခုတည်းကြောင့် သေဆုံးသွားရလေသည်။

ထျန်းလင်းလင်းမှာ ကျယ်လောင်စွာ ဆဲဆိုလိုက်မိသည်။

“လခွမ်း တောက်ဆရာအတု နင်ဘယ်တုန်းက အဲလောက်တောင် အစွမ်းထက်သွားရတာတုန်း။”

***

All Chapters