← Chapters

အသေသတ်ခြင်းနှင့် လူအများကြီးနေထိုင်သော ကျွန်းများအတွက် စည်းမျဉ်းများအပေါ် သုံးသပ်ချက်

Vol. 8 Ch. 118

အသေသတ်ခြင်းနှင့် လူအများကြီးနေထိုင်သော ကျွန်းများအတွက် စည်းမျဉ်းများအပေါ် သုံးသပ်ချက်

Vol. 8 Ch. 118

“ကောင်းပြီ...သတိထားပါ။”

ရှောင်းယီက တုံ့ဆိုင်းမှုမရှိဘဲ ပြန်ဖြေလိုက်သည်။

ယခုအချိန်သည် တုံ့ဆိုင်းနေရမည့် အချိန်မဟုတ်ပေ။ တစ်ယောက်ချင်းဆိုလျှင် ရှောင်းယီသည် ဤကျားကို အနိုင်ယူရန် မသေချာသေးသဖြင့် ကျန်းယွင်ထျန်း ပြောသည့်အတိုင်းသာ လုပ်ရပေမည်။ ကျန်းယွင်ထျန်းက ကျား၏အာရုံကို ဆွဲဆောင်ပြီး ရှောင်းယီက အသေသတ်ရန် အခွင့်အရေးရှာရမည်။

ထို့နောက် ကျန်းယွင်ထျန်းသည် ထရပ်လိုက်ပြီး ကျားဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားရာ ကျားကြီးပင် အနည်းငယ် မှင်သက်သွားခဲ့၏။

‘ဒီလောက် အားနည်းတဲ့ လူသားက ငါ့လို တောဘုရင်ကို ရန်စရဲတယ်ပေါ့လေ။’

ဘုရင်တစ်ပါး၏ သိက္ခာကို စော်ကား၍မရပေ။ ကျားကြီးသည် ဒေါသတကြီး ဟိန်းဟောက်ကာ ရှေ့သို့ ပြန်လည်ခုန်အုပ်လိုက်တော့လေသည်။

ဤတစ်ကြိမ်တွင် ကျန်းယွင်ထျန်းသည် မရှောင်တိမ်းတော့ဘဲ ကျား၏ ခုန်အုပ်မှုကို ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်လိုက်၏။ ကျား၏ ခွန်အားမှာ သူ၏ ခွန်အားထက် အဆပေါင်းများစွာ သာလွန်သဖြင့် ခဏချင်းမှာပင် သူ့ကို မြေပြင်ပေါ်သို့ လဲကျသွားစေခဲ့ပြီး ကျားလက်သည်းများမှာ သူ၏ ပခုံးသားထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့သည်။

ထိုအချိန်မှာပင် ဝမ်ချိုင်နှင့် ရှောင်းယီတို့ နှစ်ဦးစလုံး လှုပ်ရှားလိုက်ကြသည်။ ဝမ်ချိုင်သည် ကျား၏ ညာဘက်နံဘေးသို့ ပြေးဝင်သွားသော်လည်း ကျား၏ အမြီးမှာ သံမဏိနှင်တံတစ်ခုကဲ့သို့ ဝှေ့ယမ်းလာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

“ဘုန်း...”

ဝမ်ချိုင်မှာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် လိမ့်သွားကာ ကျောက်ခဲများနှင့် ပွတ်တိုက်မိသဖြင့် ပွန်းပဲ့ဒဏ်ရာများ ရရှိသွားခဲ့သည်။

ကျားကြီး အာရုံလွဲနေခိုက် ကျန်းယွင်ထျန်းသည် သူ၏ ခွန်အားအားလုံးကို အသုံးပြု၍ လက်ထဲရှိ မြှောင်ဓားဖြင့် ကျား၏ ညာဘက်ရှေ့ခြေထောက်ကို ခုတ်ချလိုက်တော့သည်။

“ရွှပ်...”

B အဆင့် မြှောင်ဓားမှာ အလွန်ထက်ရှလှပြီး ကျား၏ခြေထောက်တွင် အရိုးပေါ်သည်အထိ နက်ရှိုင်းသော ဒဏ်ရာတစ်ခုကို ဖြစ်စေခဲ့သည်။

“ဝေါင်း...”

နာကျင်မှုက ကျားကြီးကို လုံးဝရူးသွပ်သွားစေခဲ့၏။ ၎င်းက ထပ်မံဟိန်းဟောက်ပြီး ကျန်းယွင်ထျန်းကို ကိုက်ရန် ပါးစပ်ကို ဟလိုက်သည်။ ထိုစဉ်...

“ဖျစ်...”

ကျား၏ ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာပြီး ကျန်းယွင်ထျန်း၏ မျက်နှာတစ်ခုလုံး ဖုံးလွှမ်းသွားတော့သည်။

“နံစော်နေတာပဲ။”

ကျန်းယွင်ထျန်းက ကျားကြီးကို ဘေးသို့ တွန်းထုတ်ရင်း ညည်းတွားလိုက်၏။

ထိုအခါမှ ကျန်းယွင်ထျန်းသည် ရှောင်းယီ၏ ထန်ဓားမှာ ကျား၏ လည်ပင်းထဲသို့ တိုက်ရိုက်စိုက်ဝင်နေပြီး ဓားဖျားမှာ နဖူးမှ ပေါက်ထွက်နေသည်ကို တွေ့လိုက်ရလေသည်။ ဒဏ်ရာနှင့် ကျား၏ ပါးစပ်ထဲမှ သွေးများမှာ အဆက်မပြတ် စီးကျနေဆဲပင်။

ယခုမှသာ ယွမ်နွန်နှင့် ကျန်သူများမှာ အနားသို့ ကပ်ရဲတော့လေသည်။ ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့ ကျားတစ်ကောင်အား သတ်နိုင်ခဲ့သည်ကို မြင်သောအခါ သူတို့၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားခဲ့ကြသည်။ ကျားဆိုသည်မှာ သားရဲတို့၏ ဘုရင်ဖြစ်ပြီး ဝူစုန့် ကျားသတ်သည့်အကြောင်းမှာ ဝတ္ထုထဲတွင်သာ ရှိသည်ဟု ထင်ထားခဲ့ကြသည် မဟုတ်ပါလား။

“ငါ့ရဲ့ ရုပ်ခန္ဓာက B အဆင့် ကျားတစ်ကောင်နဲ့ပဲ တူညီနေသေးပုံရတယ်။”

ရှောင်းယီက သူ့ဘာသာ ရေရွတ်လိုက်သည်။

အကယ်၍ ကျန်းယွင်ထျန်းသာ အသက်စွန့်ပြီး အာရုံမလွှဲပေးခဲ့လျှင်၊ ဝမ်ချိုင်က ဘေးကနေ နှောင့်ယှက်မပေးခဲ့လျှင် ရှောင်းယီအနေဖြင့် ဤမျှလွယ်လွယ်ကူကူ သတ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

“အစ်ကိုကျန်း မင်း အဆင်ပြေရဲ့လား။”

ရှောင်းယီက သူ့ကို ဆွဲထူရင်း မေးလိုက်သည်။

“အဆင်ပြေပါတယ်။ ဒါတွေက အပေါ်ယံ ဒဏ်ရာတွေပဲ။ ပြဿနာ မရှိပါဘူး။”

ကျန်းယွင်ထျန်းက သူ၏ လက်မောင်းမှ ဒဏ်ရာများကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ဒါဆို S အဆင့် ရေသန့်နဲ့ ဆေးလိုက်ဦး။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ပြီးတော့ ဝမ်ချိုင် မင်းရော ဘယ်လိုနေလဲ။”

ရှောင်းယီက ဆောင့်ကြောင့်ထိုင်ကာ ဝမ်ချိုင်၏ ခေါင်းကို ပွတ်ပေးရင်း မေးလိုက်သည်။

“ဝုတ် ဝုတ်”

ဝမ်ချိုင်က အမြီးကို တဖျတ်ဖျတ် ခါပြလိုက်၏။

“သူလည်း အဆင်ပြေတဲ့ပုံပဲ။ ဆုဝမ် ဝမ်ချိုင်ရဲ့ ဒဏ်ရာတွေကို သွားကုပေးလိုက်ဦး။ ပြီးတော့ သူ့ကို S အဆင့်ရေသန့် တိုက်လိုက်ပါ။”

ထို့နောက် ရှောင်းယီက မတ်တပ်ရပ်လိုက်ပြီး အန်းရန်တို့ကို ပြောလိုက်သည်။

“အန်းရန်...မင်းတို့ ဒါကို ကိုင်တွယ်လိုက်ကြပါ။ သားရေကို မပျက်စီးစေနဲ့။ စက်ရုံထဲမှာ သားရေနယ်တဲ့ စက်ရှိတယ်။ ဒါဆိုရင် နောက်ထပ် နွေးထွေးတဲ့ သားရေဝတ်စုံတစ်ထည် ရလာလိမ့်မယ်။”

“ကောင်းပြီ။”

အန်းရန် ပြန်ဖြေလိုက်ပြီးနောက် အားလုံးစုပေါင်း၍ ကျားကြီးကို ဆွဲယူသွားကြတော့လေသည်။

ရှောင်းယီသည် သစ်ရွက်များ စတင်ကြွေကျနေပြီဖြစ်သော အဝေးရှိ တောအုပ်ကို ကြည့်ကာ ပြောလိုက်သည်။

“ဆင့်ကဲပြောင်းလဲမှုက အရမ်းမြန်နေတယ်။ လိုက်မီဖို့တောင် ခက်ခဲနေပြီ။”

ကျန်းယွင်ထျန်းကလည်း ဒဏ်ရာများကို ဆေးကြောပြီးနောက် ပြောလာခဲ့သည်။

“ရာသီဥတုကလည်း ပိုအေးလာပြီ။ တောထဲမှာ အစာကလည်း နည်းလာတော့ သတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို ပိုပြီးခံရနိုင်တယ်။”

“ဟုတ်တယ်။ ငါတို့တော့ အလုပ်များတော့မှာပဲ။”

သူ၏ စကားမဆုံးခင်မှာပင် ဆုဝမ် ပြေးထွက်လာပြီး အလန့်တကြား ပြောလာခဲ့သည်။

“ရှောင်းယီ ပင်လယ်သတ္တဝါတွေ ငါတို့ကျွန်းကို တိုက်ခိုက်နေတယ်။ တစ်ကောင်မကဘူး။”

“ဘာ...။”

ရှောင်းယီ အံ့သြသွားပြီး တိုက်ခန်းဆီသို့ ချက်ချင်း ပြေးသွားရာ သူ၏ ကျွန်းအုတ်မြစ်ကျောက် နှစ်ခုမှာ တစ်ပြိုင်နက် တိုက်ခိုက်ခံနေရသည်ကို တွေ့လိုက်ရလေသည်။

“တစ်ယောက် တစ်နေရာစီသွားမယ်။”

ရှောင်းယီသည် ဘာကြောင့် ဤသို့ဖြစ်ရသည်ဟု စဉ်းစားမနေတော့ဘဲ ဓားကိုဆွဲကာ နေရာတစ်ခုသို့ ပြေးထွက်သွားလိုက်၏။ ကျန်းယွင်ထျန်းသည်လည်း ဘာစကားမဆိုဘဲ ကျန်နေရာတစ်ခုသို့ ပြေးသွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် ထိုသတ္တဝါနှစ်ကောင်စလုံးမှာ သာမန် D အဆင့် သတ္တဝါများသာ ဖြစ်သဖြင့် သူတို့နှစ်ဦး လွယ်လွယ်ကူကူပင် နှိမ်နင်းနိုင်ခဲ့သည်။

အခြေအနေများ ပြီးဆုံးသွားသောအခါ ရှောင်းယီက စတင်စဉ်းစားမိလိုက်သည်။

‘အရင်က ပင်လယ်သတ္တဝါ နှစ်ကောင် တစ်ပြိုင်နက်တည်း တိုက်ခိုက်တာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါက ငါ့ကျွန်းပေါ်ကို လူတွေ ရောက်လာလို့ ဖြစ်နိုင်မလား။’

သူ စဉ်းစားလေလေ၊ ဖြစ်နိုင်ခြေ ပိုများလေလေပင်။ ဤကမ္ဘာ၏ သဘောသဘာဝအရ ကျွန်းတစ်ခုကို အလွယ်တကူ ဖွံ့ဖြိုးတိုးတက်အောင် ခွင့်ပြုထားလိမ့်မည် မဟုတ်ပေ။ ရှောင်းယီ၏ ကျွန်းတွင် ယခုအခါ လူကြီး ၅ ယောက်နှင့် ကလေးတစ်ယောက် ရှိနေပြီဖြစ်သည်။ အကယ်၍ တိုက်ခိုက်မှုနှုန်းမှာ အရင်အတိုင်းဆိုလျှင် သူတို့အတွက် ဖိအားရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဤကမ္ဘာ၏ နောက်ကွယ်မှ ကြိုးကိုင်သူက ရှောင်းယီတို့အတွက် အခက်အခဲကို မြှင့်တင်ပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

“ငါတို့ကို အေးအေးဆေးဆေး မနေခိုင်းနိုင်ဘူးပဲ။”

ရှောင်းယီက ညည်းတွားလိုက်သည်။

သူတို့နှစ်ဦး အိမ်သို့ မပြန်ရသေးမီမှာပင် ဝမ်ချိုင်က ရှောင်ယီ၏ ဘေးသို့ ပြေးလာပြီး ဟောင်လာခဲ့ပြန်သည်။

“လမ်းပြ...”

ရှောင်းယီက ထထုသို့ဆိုပြီး ဝမ်ချိုင် လမ်းပြသည့်နေရာသို့ လိုက်သွားလိုက်၏။

ဝမ်ချိုင်သည် ရှောင်းယီကို အနောက်မြောက်ဘက် ထောင့်သို့ ခေါ်သွားရာ ထိုနေရာတွင်လည်း အခြား ပင်လယ်သတ္တဝါ တစ်ကောင် တိုက်ခိုက်နေပြန်သည်။

“ဒါ... တစ်နေ့လုံး အနားမရအောင် တိုက်နေတော့မှာလား။”

ရှောင်းယီ စကားပင် မဆိုနိုင်တော့ပေ။

သူသည် လူအင်အားများလျှင် ပို၍အဆင်ပြေလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ယခုမူ သူသည် အလွန် ရိုးအလွန်းခဲ့ပုံပင်။

ရှောင်းယီ ၎င်းကို ဓားဖြင့် သတ်ဖြတ်ပြီးချိန်တွင် ကျန်းယွင်ထျန်းလည်း ရောက်လာခဲ့လေသည်။

“တိုက်ခိုက်မှုနှုန်းက အရမ်းမြင့်နေပြီ။”

ကျန်းယွနင်ထျန်းက လေးနက်သည့်လေသံဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်။ ငါတို့တွေ ဒီကမ္ဘာကြီးရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရသလိုပဲ။ ဒါက ဒီကမ္ဘာရဲ့ စည်းမျဉ်းလည်း ဖြစ်နိုင်တယ်။ လူများလေ တိုက်ခိုက်မှု ပိုများလေပဲ။”

“မင်းရဲ့ ယူဆချက်သာ မှန်မယ်ဆိုရင် ငါတို့ ဒီနေ့မှာ တိုက်ခိုက်မှုပေါင်း ၂၈ ကြိမ်လောက် ရင်ဆိုင်ရမှာမဟုတ်လား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“ကျွင်းကျွင်းကို ချန်ထားရင်တောင် လူကြီး ၆ ယောက်ဆိုတော့ ၂၄ ကြိမ် ရှိလိမ့်မယ်။”

ရှောင်းယီ တစ်ယောက်တည်းတုန်းက တစ်နေ့လျှင် ၄ ကြိမ် ဖြစ်သဖြင့် လူ ၆ ယောက်ဆိုလျှင် ၂၄ ကြိမ် ဖြစ်ပေလိမ့်မည်။

“ဟုတ်တယ်...ဒီနေ့ ကုန်ဆုံးသွားရင်တော့ ငါတို့ရဲ့ ယူဆချက် မှန်၊ မမှန် သိရမှာပါ။”

ထို့နောက် ရှောင်းယီသည် ဝမ်ချိုင်ကို လှေငယ်ပေါ်ရှိ ကျောက်တိုင်ကို စောင့်ကြည့်ခိုင်းပြီး တိုက်ခိုက်မှုရှိလျှင် ကျန်းယွင်ထျန်းကို တိုက်ရိုက်သွားပြောရန် ညွှန်ကြားလိုက်လေသည်။

“ငါ အိမ်ပြန်ပြီး အလိုအလျောက် ငါးဖမ်းပိုက်ရဲ့ ဆက်တင်တွေကို သွားပြင်လိုက်ဦးမယ်။”

ထိုသို့ဆိုကာ ရှောင်းယီက ပြန်လာခဲ့လိုက်သည်။

သူ အိမ်တံခါးဝသို့ ရောက်သောအခါ ဆုဝမ်က အပြေးအလွှား လာကြိုပြီး တအံ့တဩ ပြောလာခဲ့လေသည်။

“ရှောင်းယီ ဒီည ငါးရရှိမှုက အရမ်းများတယ်။ အနည်းဆုံး လေးထောင်ကျော်လောက် ရှိလိမ့်မယ်။”

အန်းယွဲ့နှင့် ဝမ်ချိုင်တို့က ငါးများကို စုပုံထားပြီးဖြစ်သည်။

“ဒီလောက်တော့ ရှိမှာပါပဲ။ ရာသီဥတုက ပိုအေးလာပြီဆိုတော့ ရိက္ခာနဲ့ လဲလှယ်ဖို့အပြင် ငါးခြောက်လုပ်ဖို့နဲ့ ဆားနယ်ဖို့အတွက်လည်း သိမ်းထားရမယ်။”

ထိုအချိန်တွင် အလိုအလျောက် ငါးဖမ်းပိုက်မှာ အိမ်ရှေ့သို့ ဆိုက်ကပ်လာခဲ့လေသည်။ ထိုစဉ် အန်းယွဲ့က အပြင်မှ အပြေးအလွှား ဝင်လာပြီး အော်ပြောလာခဲ့၏။

“ငါ ခုနက ရွက်လှေပေါ် သွားကြည့်တာ ပင်လယ်ပြင်မှာ ထောက်ပံ့ရေး သေတ္တာတွေ အများကြီးပဲ။ မင်းရဲ့ ငါးဖမ်းပိုက်ကို မြန်မြန် လှုပ်ရှားခိုင်းလိုက်တော့။”

All Chapters