← Chapters

အချိန်အတိုင်းအတာများကို စုစည်းခြင်း...

Vol. 79 Ch. 1105

အချိန်အတိုင်းအတာများကို စုစည်းခြင်း...

Vol. 79 Ch. 1105

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

အင်မော်တယ်ဧကရာဇ်သုံးပါးဖြစ်သော သုံးဘဝ၊ တောက်ယိုနှင့် ဝူယုတို့က လင်းယွမ်အတွက် အသင့်တော်ဆုံး လွတ်မြောက်ခြင်းလမ်းစဉ်က ပြည့်စုံသော အချိန်သက်ရှိဟုထင်ကြသည်။

ပြည့်စုံသော အချိန်သက်ရှိဖြစ်လာခြင်းမှာ လျှောက်လှမ်းသော လမ်းစဉ်ပေါ်တွင် မူတည်နေပြီး လင်းယွမ်၏ ဖရိုဖရဲထိုက်ကျိတာအိုက ပြည့်စုံသော အချိန်သက်ရှိဖြစ်လာရန် အလားအလာ ပိုမိုကြီးမားလေသည်။

" ငါ့အတွက် အသင့်တော်ဆုံး လွတ်မြောက်ခြင်းလမ်းစဉ်က အဆုံးမဲ့ကပ်ဘေးပဲ။ " လင်းယွမ်က တွေးလိုက်သည်။

အချိန်စက်ဝန်းမှ အတွေ့အကြုံအရ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများကို အသုံးပြုခြင်းဖြင့် အဆုံးမဲ့ကပ်ဘေး၏ စမ်းသတ်မှုများကို ကျော်ဖြတ်နိုင်ခြေရှိသည်။ လင်းယွမ်က ကျော်ဖြတ်၍မရသော ကပ်ဘေးတစ်ခုနှင့် တွေ့ဆုံရလျှင်ပင် သူက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အသုံးပြု၍ အတင်းအကျပ် ဖြတ်ကျော်နိုင်မည်ဖြစ်သည်။

တစ်ခုတည်းသော အားနည်းချက်မှာ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများစွာကို ကုန်ဆုံးစေခြင်းဖြစ်သည်။ သို့သော် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများက အဆက်မပြတ် စုဆောင်းနိုင်သောအရာဖြစ်သောကြောင့် မည်မျှများသည်ဖြစ်စေ အချိန်ယူရမည့်ကိစ္စသာဖြစ်သည်။

ဖရိုဖရဲဟင်းလင်းပြင်။

လင်းယွမ်က ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို ခံစားနေသည်။ ဖရိုဖရဲထိုက်ကျိတာအိုကို နားလည်ပြီးနောက် ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ် အရာအားလုံးမှာ အဆမတန် မြင့်တက်သွားခဲ့သည်။

" အနာဂတ်ခန္ဓာ...." လင်းယွမ်က များပြားလှသော အနာဂတ်အချိန်အတိုင်းအတာများကို ကြည့်ရှုလိုက်သည်။

ဖရိုဖရဲထိုက်ကျိတာအိုကို နားလည်ပြီးနောက်တွင် လင်းယွမ်၏ အနာဂတ်အပေါ် စူးစမ်းနိုင်စွမ်းမှာ ပိုမိုရှင်းလင်းလာခဲ့သည်။ အနာဂတ်ခန္ဓာကို ပေါင်းစည်းရန် ခက်ခဲမှုက အလွန်ကျဆင်းသွားခဲ့သည်။ အထူးသဖြင့် သူက သုံးဘဝအင်မော်တယ်ဧကရာဇ်၏ သုံးဘဝနည်းစနစ်များမှ အသိအမြင်များကို ရရှိခဲ့သောကြောင့်ဖြစ်သည်။

မကြာမီ လင်းယွမ်က များပြားသော အချိန်အတိုင်းအတာများတွင် မရေတွက်နိုင်သော အနာဂတ်ခန္ဓာများက လျင်မြန်စွာ ပေါင်းစည်းလာခဲ့သည်။ အတိတ်ခန္ဓာမှာ တစ်ခုတည်းသာရှိသော်လည်း အနာဂတ်ခန္ဓာမှာ မရေတွက်နိုင်အောင် ရှိနေသည်။

အကြောင်းမှာ အနာဂတ်က မရေတွက်နိုင်သော ပြောင်းလဲမှုများရှိနေသဖြင့် မရေတွက်နိုင်သော အနာဂတ်များအတွက် အနာဂတ်ခန္ဓာများစွာ လိုအပ်သည်။ ထို့ကြောင့်လည်း အနာဂတ်ခန္ဓာများကို စုစည်းခြင်းက အတိတ်ခန္ဓာထက် များစွာ သာလွန်နေခြင်းဖြစ်သည်။

" အတိတ်ခန္ဓာ၊ ပစ္စုပ္ပန်ခန္ဓာ၊ အနာဂတ်ခန္ဓာ။ "

အနာဂတ်ခန္ဓာများပေါ်လာသောအခါ လင်းယွမ်၏ မျက်လုံးများက တောက်ပလာပြီး သူက အချိန်အတိုင်းအတာများအပေါ် ထိန်းချုပ်နိုင်စွမ်းကို ချက်ချင်း ခံစားလိုက်ရသည်။ အနာဂတ်ခန္ဓာများစုဆောင်းပြီးနောက်တွင် လင်းယွမ်ပိုင်ဆိုင်ထားသော အချိန်အတိုင်းအတာအားလုံးက တစ်ခုတည်းကဲ့သို့ ဖြစ်သွားပြီး အတိတ်ခန္ဓာ၏ အတိတ်အချိန်များကို စူးစမ်းနိုင်စွမ်းကလည်း များစွာတိုးတက်လာခဲ့သည်။

" ဒါကြောင့်မလို့ သုံးဘဝအင်မော်တယ်ဧကရာဇ်က အဆုံးမဲ့မူလ လွတ်မြောက်ခြင်းလမ်းစဉ်ကို ရွေးချယ်ခဲ့တာကိုး။ " လင်းယွမ်က တွေးလိုက်သည်။

သုံးဘဝနည်းစနစ်က အတိတ်အချိန်အပေါ်တွင် တည်ငြိမ်သော ကျောက်ဆူးချခြင်းဖြစ်သည်။ ထို့အပြင် အဆုံးမဲ့မူလ လွတ်မြောက်ခြင်းလမ်းစဉ်၏ အကြီးမားဆုံးအန္တရာယ်မှာ ပျောက်ဆုံးခြင်းပင်ဖြစ်သည်။ အကြောင်းမှာ များစွာသော အချိန်သက်ရှိများက အတိတ်အချိန်များတွင် ပျောက်ဆုံးသွားနိုင်သောကြောင့် ဖြစ်သည်။

" ဒါပေမယ့် သုံးဘဝနည်းစနစ်ကလည်း ပျောက်ဆုံးခြင်းကပ်ဘေးကို ရှောင်ရှားနိုင်ဖို့ အတိတ်ခန္ဓာကို ကျောက်ဆူးချပေးနိုင်ရုံသာ ရှိသေးတယ်။ အချိန်ရဲ့ မူလအစကို ရောက်နိုင်မလားဆိုတာကတော့ ဘယ်သူမှမသိနိုင်ဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

အဆုံးမဲ့ကပ်ဘေးက အဆင့်သုံးဆင့်ရှိသော ကပ်ဘေးများကို ဖြတ်ကျော်ရမည်ဟူသော ပစ်မှတ်တစ်ခုရှိနေသည်။ အဆုံးမူလ လွတ်မြောက်ခြင်းလမ်းစဉ်မှာ ပစ်မှတ်ပင်မရှိပေ။

" အခု အနာဂတ်ခန္ဓာက ဖြစ်တည်လာပြီဆိုတော့ အချိန်အတိုင်းအတာတွေကို သုစည်းဖို့က ဖြစ်နိုင်ပါပြီ။ " လင်းယွမ်၏ အတွေးများလှုပ်ရှားသွားသည်နှင့် သူ၏ ကိုယ်ပိုင်အချိန်အတိုင်းအတာများမှာ စုစည်းလာပြီး တစ်သားတည်းဖြစ်လာကြသည်။

ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်က အချိန်အရှင်သခင်ဖြစ်လာရန်အတွက် သူတို့၏ ကိုယ်ပိုင်အချိန်အတိုင်းအတာများကို စုစည်းရမည်ဖြစ်သည်။ သို့သော် ဒုတိယအဆင့် သာမန် အချိန်သက်ရှိများအတွက်မူ သူတို့၏ အချိန်အတိုင်းအတာများကို စုစည်းခြင်းက အလွန်ခက်ခဲလှသည်။

အနာဂတ်အချိန်အတိုင်းအတာများ၏ အဆုံးမဲ့ကျယ်ပြန့်မှုကြောင့် တစ်ခုချင်းစီကို စုစည်းရခြင်းက အလွန်ပင်ပန်းလှသည်။ သို့သော် အနာဂတ်ခန္ဓာများကို စုစည်းပြီးသော လင်းယွမ်အတွက်မူ အချိန်အတိုင်းအတာများကို ထိန်းချုပ်ရန် အနာဂတ်ခန္ဓာများရှိနေသောကြောင့် ၎င်းတို့ကို စုစည်းရခြင်းမှာ အစီအစဉ်တကျလုပ်ဆောင်းရသည့် လုပ်ငန်းစဉ်တစ်ခုမျှသာ ဖြစ်သည်။

အကယ်၍ လင်းယွမ်က အချိန်အတိုင်းအတာများကို စုစည်းရန် မကြိုးစားခဲ့လျှင်တောင် အနာဂတ်ခန္ဓာများက သတ်မှတ်ထားသော အချိန်အတိုင်းအတာတစ်ခုဆီသို့ ဗီဇအရ စုစည်းသွားကြပါလိမ့်မည်။ သို့သော် ၎င်းက အချိန်အတော်ကြာပေလိမ့်မည်။

လင်းယွမ်၏ စိတ်အသိဖြင့် စုစည်းမှုအောက်တွင် သူ၏ ကိုယ်ပိုင်အချိန်အတိုင်းအတာများက မယုံကြည်နိုင်သော အမြန်နှုန်းနှင့် စုစည်းနေကြသည်။

ဒိုင်မန်းရှင်းအက်ကြောင်းအတွင်း ဝမ်ချန်းခုန်းနှင့် ခရုနယ်မြေ၏ မိခင်တို့က မျက်နှာချင်းဆိုင်ထိုင်နေကြပြီး ဝိုင်သောက်ရင်း စကားပြောနေကြသည်။ ဤဒိုင်မန်းရှင်းအက်ကြောင်းအတွင်း ဒုတိယအဆင့် အချိန်သက်ရှိများ ဖြစ်သောကြောင့် သူတို့က ထိပ်ဆုံးတွင် ရပ်နေကြပြီး ပတ်ဝန်းကျင်ရှိ အချိန်သက်ရှိများကြားတွင် ကျော်ကြားသည်။

ဒုတိယအဆင့် အချိန်သက်ရှိများက အချိန်အရှင်သခင်များနှင့်မတူဘဲ အချိန်သက်ရှိများကို အပြတ်အသတ် ချေမှုန်းနိုင်စွမ်းမရှိကြပေ။ သို့သော် ပထမအဆင့် အချိန်သက်ရှိ အနည်းငယ်ကသာလျှင် ဒုတိယအဆင့် အချိန်သက်ရှိများကို ရန်စရဲကြသည်။

" နဂါးငွေ့တန်းက ဒိုင်မန်းရှင်းနယ်မြေထဲက အချိန်သက်ရှိတစ်ယောက်ဖြစ်လိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ။ မဟာကပ်ဘေးတစ်ခုတောင် မကြုံဖူးသေးဘဲနဲ့ ဒုတိယအဆင့်ကို ရောက်နေတယ်။ " ဝမ်ချန်းခုန်းက ပြောလိုက်သည်။

မကြာသေးမီက ကောင်းကင်မြစ်ဒိုင်မန်းရှင်းက အချိန်အရှင်သခင်အဆင့် ကောင်းကင်မြစ်နှလုံးသားထွက်ပေါ်လာခဲ့ပြီး ဒုတိယအဆင့် အချိန်သက်ရှိနှစ်ယောက်ကို ဆွဲဆောင်ခဲ့သည်။

ဟွေ့ဘိုးဘေးက ဝေးကွာသော ဒိုင်မန်းရှင်းအက်ကြောင်းမှ ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်ဖြစ်ပြီး သူတို့နှင့် ရင်းနှီသူဖြစ်သည်။ သို့သော် နဂါးငွေ့တန်းနှင့် ပက်သက်၍ သူတို့က ဘာမှမသိကြပေ။

အစတွင် သူတို့က နဂါးငွေ့တန်းကို ဝေးကွာသော ဒိုင်မန်းရှင်းအက်ကြောင်းမှ ဖြစ်လိမ့်မည်ဟု ယူဆခဲ့ကြသည်။ သို့သော် နဂါးငွေ့တန်းက ကောင်းကင်မြစ်ဒိုင်မန်ရှင်းကို သိမ်းပိုက်ပြီးနောက် သူနှင့် ပက်သက်သော အချက်အလက်များက ပျံ့နှံ့လာခဲ့သည်။

ထိုနဂါးငွေ့တန်းက ဖရိုဖရဲဟင်းလင်းပြင်မှလာသူဖြစ်နေသည်။ ၎င်းမှာ ဝမ်ချန်းခုန်းနှင့် ခရုနယ်မြေ၏ မိခင်တို့ကို အံ့အားသင့်စေခဲ့သည်။ အကြောင်းမှာ သူတို့က သူတို့၏ ဒိုင်မန်းရှင်းနယ်မြေ ပျက်စီးသွားပြီးနောက် မရေတွက်နိုင်သော ခေတ်ကာလများနှင့် အခက်အခဲများကို ကြုံတွေ့ခဲ့ရသည်။

၎င်းတို့ကို ကျော်ဖြတ်ပြီးမှသာ သူတို့က ဖရိုဖရဲမူလတာအိုကို နားလည်ပြီး ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ််သည်။ သို့သော် နဂါးငွေ့တန်းက သူ၏ ဒိုင်မန်းရှင်းနယ်မြေထဲမှာတင် ဒုတိယအဆင့်သို့ တက်လှမ်းသွားခဲ့သည်။

" မဟာကပ်ဘေးစက်ဝန်းတစ်ခုအတွင်းမှာ ဒုတိယအဆင့်ကို ရောက်ရှိလာတဲ့ အချိန်သက်ရှိတစ်ယောက်နှင့် ဆုံတွေ့ရတာက တကယ်ကို မယုံကြည်နိုင်စရာပဲ။ " ခရုနယ်မြေ၏ မိခင်က ပြောလိုက်သည်။

ဒိုင်မန်းရှင်းအက်ကြောင်းများအတွင်း ဒုတိယအဆင့် အချိန်သက်ရှိများမှာ များပြားလှသော်လည်း မဟာကပ်ဘေးစက်ဝန်းတစ်ခုအတွင်း ဒုတိယအဆင့်သို့ ရောက်ရှိလာသူများမှာ အလွန်ရှားပါးလှသည်။ အနည်းဆုံးတော့ သူတို့က ထိုသို့သော အချိန်သက်ရှိအမျိုးအစားရှိကြောင်းကို ကြားဖူးရုံသာရှိပြီး အချိန်အရှင်သခင်များထက်ပင် ပို၍ ရှားပါးသည်။

" နဂါးငွေ့တန်းက ဟွေ့ဘိုးဘေးကို ဖိနှိပ်နိုင်ခဲ့တယ်ဆိုတော့ သူ့ရဲ့ စွမ်းအားက ဒုတိယအဆင့် အချိန်သက်ရှိတွေကြားမှာ တကယ်ကြောက်စရာကောင်းလိမ့်မယ်။ " ဝမ်ချန်းခုန်းက ပြောလိုက်သည်။ အနည်းဆုံးတော့ သူကိုယ်တိုင်ပင်လျှင် ဟွေ့ဘိုးဘေးကို ဆုန်ခွာသွားအောင် လုပ်နိုင်ရန် ယုံကြည်မှုမရှိပေ။

" တကယ်​ကြောက်စရာကောင်းတယ်။ " ခရုနယ်မြေ၏ မိခင်က ခေါင်းညိမ့်လိုက်သည်။

သူတို့က လင်းယွမ်နှင့် ပက်သက်သော အသေးစိတ်အချက်အလက်များကို ဟွေ့ဘိုးဘေးထံမှ ရရှိခဲ့ကြသည်။ လင်းယွမ်၏ ကြောက်စရာကောင်းသော စွမ်းအားကို ခံစားမိသောကြောင့် ဟွေ့ဘိုးဘေးက တွေဝေခြင်းမရှိဘဲ ဆုတ်ခွာခဲ့ခြင်းဖြစ်သည်။

" မင်းလိုအရူးတစ်ယောက်က သူများကို အဲ့လောက်အထင်ကြီးလိမ့်မယ်လို့ မထင်ထားဘူး။ " ဝမ်ချန်းခုန်းက ခရုနယ်မြေ၏ မိခင်ကို ကြည့်လိုက်သည်။

" ဒါပေမယ့် ဘယ်လောက်ပဲသန်မာပါစေ အရှင်သခင်တစ်ယောက်ဖြစ်လာဖို့က အချိန်ယူရဦးမှာပဲ။ "

ဖရိုဖရဲမူလတာအိုကို နားလည်ခြင်းက အခြားအချက်များအပေါ် မူတည်နိုင်သော်လည်း တတိယအဆင့်သို့ ရောက်ရန် ကိုယ်ပိုင်အချိန်အတိုင်းအတာများကို စုစည်းရန်မှာ မည်သည့်ဖြတ်လမ်းနည်းမှမရှိပေ။ အနာဂတ်အချိန်အတိုင်းအတာများက မရေတွက်နိုင်သော ပြောင်းလဲမှုများ ရှိပြီး ၎င်းတို့ကို စုစည်းရန် ကြိုးစားခြင်းက ဒုတိယအဆင့် အချိန်သက်ရှိ အများအပြားကို ပိတ်မိစေခဲ့သည်။

" ဟုတ်တယ်။ " ခရုနယ်မြေ၏ မိခင်က သဘောတူညီကြောင်း ခေါင်းညိမ့်လိုက်သည်။

ကျယ်ပြောလှသော ဒိုင်မန်းရှင်းအက်ကြောင်းများအတွင်း မဟာကပ်ဘေးစက်ဝန်းတစ်ခုအတွင်း ဒုတိယအဆင့်သို့ ရောက်ရှိလာသူများပင် အချိန်အရှင်သခင်ဖြစ်လာရန် အချိန်ယူပြီး ကြိုးစားရပေလိမ့်မည်။

" ဟားဟား ဒီလိုတွေးလိုက်မှပဲ ငါ့စိတ်ထဲမှာ အများကြီးသက်သာသွားတော့တယ်။ " ဝမ်ချန်းခုန်းက ပြုံးလိုက်သည်။

All Chapters