← Chapters

အင်မော်တယ်လမ်းကြောင်းသို့ ဝင်ရောက်ခြင်း....

Vol. 79 Ch. 1095

အင်မော်တယ်လမ်းကြောင်းသို့ ဝင်ရောက်ခြင်း....

Vol. 79 Ch. 1095

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" ငါတို့နဲ့ ထျန်းယွမ်ဧကရာဇ်ကြားက ကွာဟချက်က ဒီလောက်တောင်ကြီးမားတာလား။ " လူငယ်က မနေနိုင်တော့ဘဲ ပြောလိုက်သည်။

သူက မလာခင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ယခု ထျန်းယွမ်ဧကရာဇ်နှင့်ယှဉ်လျှင် အရာအားလုံးအချည်းနှီးဖြစ်သွားခဲ့သည်။ ခြေလှမ်း ၃၃ လှမ်းဖြတ်ကျော်ပြီးလျှင် ထျန်းယွမ်ဧကရာဇ်နှင့် တွေ့ဆုံရမည်ဖြစ်သော်လည်း ပထမဆုံး ခြေလှမ်းကိုပင် မဖြတ်ကျော်နိုင်ခြင်းက လူငယ်ကို စိတ်ပျက်သွားစေသည်။

" ကွာဟချက်ဟုတ်လား။ ငါတို့နဲ့လား။ " ယွီထိုက်ရင်က ရယ်မောလိုက်သည်။ သူက ခြေလှမ်း ၃၃လှမ်းအကွာရှိ ထျန်းယွမ်ဧကရာဇ်နန်းတော်သို့ ကြည့်ပြီး ပြောလိုက်သည်။ " ဒီမှာရပ်ပြီး နန်းတော်ကို ကြည့်ရင် သာမန်ပဲလို့ မင်းထင်လိမ့်မယ်။ ဒါပေမယ့် မင်းတစ်လှမ်းချင်းစီ နီးကပ်သွားလေလေ အဲ့ဒါက ပိုပြီး ကြီးကျယ်ခမ်းနားတာကို မင်းတွေ့ရလိမ့်မယ်။ "

" ငါတို့ထဲမှာ အသန်မာဆုံးသူက ခြေခုနှစ်လှမ်း လှမ်းနိုင်ခဲ့တယ်။ သူက အဲဒီနေရာကနေ ကြည့်လိုက်တော့ နန်းတော်က ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အရာအားလုံးကို လွှမ်းခြုံထားတယ်။ "

ယွီထိုက်ရင်က လူငယ်ကို ကြည့်လိုက်သည်။ " ဒါပေမယ့် ခြေလှမ်း ၃၃လှမ်းအကွာကနေ ဒါမှမဟုတ် ပိုဝေးတဲ့ နေရာကနေ ကြည့်ရင်တော့ နန်းတော်က ဘာမှထူးခြားမှာမဟုတ်ဘူး။ ပြီးတော့ မင်းနဲ့ နန်းတော်ကြား အကွာအဝေးကိုလည်း အလွယ်တကူ ဖြတ်ကျော်နိုင်လိမ့်မယ်လိ့ ထင်နေလိမ့်မယ်။

တောင်ကုန်းတစ်ခုပေါ်တွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၈၀၀၀ ကတည်းက သူက ထျန်းယွမ်နန်းတော်မှ ထွက်ခွာလာခဲ့ပြီး တာဟွမ်ရင်းမြစ်ကမ္ဘာအတွင်း လှည့်လည်သွားလာနေခဲ့သည်။

" အောင်မြင်သွားပြီ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။ သူ၏ ရုပ်ခန္ဓာမှ နောက်ဆုံး အစိတ်အပိုင်းက အင်မော်တယ်ဒြပ်စင်များနှင့် အပြည့်အဝ ပေါင်းစပ်သွားခဲ့သည်။ ယခုအခါ သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်ခုလုံးက မယုံကြည်နိုင်လောက်အောင် မြင့်မားသွားခဲ့သည်။

အခြားနည်းလမ်းများကို အသုံးမပြုဘဲ သူ၏ ရုပ်ခန္ဓာတစ်ခုတည်းနှင့် သာမန်အလွှာဆယ့်သုံး ဒုတိယအဆင့် အချိန်သက်ရှိများကို ဖိနှိပ်နိုင်ပြီဖြစ်သည်။ အလွှာဆယ့်သုံး ဒုတိယအဆင့်က ဤကမ္ဘာတွင် အင်မော်တယ်ဘုရင်အဆင့်ဖြစ်သည်။ အလွှာဆယ့်သုံး တတိယအဆင့် အချိန်အရှင်သခင်က အင်မော်တယ်ဧကရာဇ်ဖြစ်သည်။

" နောက်ဆုံးတော့ ရုပ်ခန္ဓာ ပြောင်းလဲတာကို အောင်မြင်သွားပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်သောင်းက လင်းယွမ်က ဒုတိယအဆင့် အချိန်သက်ရှိဖြစ်သော ဟွေ့ဘိုးဘေးကို ဖိနှိပ်ရန် မူလခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်နှစ်ခုလုံးကို အသုံးပြုခဲ့သော်လည်း နောက်ဆုံးတွင် ဟွေ့ဘိုးဘေးက လွတ်မြောက်သွားခဲ့သည်။ သို့သော် ယခုအခါ သူ၏ ရုပ်ခန္ဓာမှ စွမ်းအားကို ထုတ်ဖော်ဘိုက်သည်နှင့် ဟွေ့ဘိုးဘေး၏ အဓိကတိုက်ခိုက်ရေးခန္ဓာကို အလွယ်တကူ ဖျက်ဆီးပြစ်နိုင်လေသည်။

" အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ သတ္တမအဆင့်ကို ပြီးမြောက်သွားပြီ။ " လင်းယွမ်က သူ၏ အတွင်းစကြာဝဠာကို ကြည့်လိုက်သည်။

တတိယရင်းမြစ်ကမ္ဘာကို ဆင်းသက်လာခြင်းမှာ အင်မော်တယ်ဒြပ်စင်အပြင် မူလရင်းမြစ်လည်ပတ်ပုံကို လေ့လာခြင်းမှာလည်း အဆုံးမဲ့ဟင်းလင်းပြင် သတ္တမအဆင့်ကို တည်ဆောက်ရာတွင် ကြီးမားသော အထောက်အကူ ဖြစ်ခဲ့သည်။

နှစ်ပေါင်းနှစ်သောင်းအတွင်း လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်၏ သတ္တမအဆင့်ကို ပြည့်စုံအောင် တည်ဆောက်နိုင်ခဲ့ပြီး ယခုအခါ သူ၏ အတွင်းစကြာဝဠာက ဖရိုဖရဲဟင်းလင်းပြင်အောက် နိမ့်ကျခြင်းမရှိတော့ပေ။ လင်းယွမ်က ဒုတိယအဆင့်ကို တက်လှမ်းလိုက်သည်နှင့် သူ၏ အတွင်းစကြာဝဠာက ဖရိုဖရဲဟင်းလင်းပြင်ကို ကျော်လွန်သွားပေလိမ့်မည်။

" မင်းရဲ့ စွမ်းအားက ထပ်ပြီး တိုးတက်သွားတာကို ငါခံစားရတယ်။ မင်းက တကယ်ကို မကောင်းဆိုးဝါးပဲ။ " မျက်လုံးခုနှစ်လုံးနှင့် ကျောက်လူသားက တစ်စုံတစ်ခုကို အာရုံခံမိပြီး လင်းယွမ်ကို ကြည့်လိုက်သည်။

သူက သဘာဝအလျောက် မွေးဖွားသော စိတ်ဝိညာဉ်ဖြစ်ပြီး မွေ့ဖွားကတည်းက မဟာဧကရာဇ်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်သည်။ လင်းယွမ် သူ့ကို စတွေ့စဉ်က ကျောက်လူသား၏ စွမ်းအားမှာ အမြင့်ဆုံးဧကရာဇ်အဆင့်သို့ပင် ရောက်နေပြီဖြစ်သည်။

" အင်မော်တယ်ဧကရာဇ်နဲ့တော့ မယှဉ်နိုင်သေးပါဘူး။ " လင်းယွမ်က ပြောလိုက်သည်။

သူက ဤနေရာတွင် နေထိုင်ရန် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ ဤနေရာက မြင့်မြတ်သော စိတ်ဝိညာဉ်များကို ပျိုးထောင်ရာနေရာဖြစ်ပြီး အင်မော်တယ်ဒြပ်စင်များ ပေါများသောကြောင့် ဖြစ်သည်။

" အင်မော်တယ်ဧကရာဇ်တစ်ပါးနဲ့ နှိုင်းယှဉ်ဖို့လား။ " ကျောက်လူသားက ဆွံ့အသွားသည်။

" ငါသွားတော့မယ်။ " လင်းယွမ်က ထရပ်လိုက်ပြီး ကျောက်လူသားကို ကြည့်လိုက်သည်။

" သွားတော့မှာလား။ " ကျောက်လူသားကလည်း လင်းယွမ်ကို ကြည့်လိုက်သည်။

နှစ်ပေါင်းတစ်သောင်းကျော် အတူတူဖြတ်သန်းပြီးနောက် သူ၏ အသိအမြင်များကို အကြိမ်ကြိမ် ချိုးဖျက်ခဲ့သော ထျန်းယွမ်ဧကရာဇ်အပေါ် သူက ရင်းနှီးမှုရှိလေသည်။

" ဟုတ်တယ်။ ဒီနေရာက ငါ့အတွက် သိပ်ပြီး အကူအညီမပေးနိုင်တော့ဘူး။ " လင်းယွမ်က ပြောလိုက်သည်။

ယခုအခါ သူက အင်မော်တယ်ဒြပ်စင်များကို အကန့်အသတ်ထိ ဝါးမြိုပြီးဖြစ်ရာ အင်မော်တယ်ဒြပ်စင်များကို ထပ်မံဝါးမြိုနေခြင်းက အဓိပ္ပါယ်မရှိတော့ပေ။

ကောင်းကင်ကိုးခုတွင် နီညိုရောင်အင်မော်တယ်နန်းတော်ရှေ့တွင် လင်းယွမ်၏ ပုံရိပ်က ရုတ်တရက် ထွက်ပေါ်လာသည်။ အင်မော်တယ်နန်းတော်က ချိပ်စည်းတစ်ခုဖြစ်သည်။ ၎င်းက ရင်းမြစ်ကမ္ဘာနှင့် အင်မော်တယ်လမ်းကြောင်းကြား ဆယ်သွယ်မှုကို ပိတ်ဆို့ထားခြင်းဖြစ်သည်။

အတိတ်တွင် ဟုန်ချန်းအင်မော်တယ်များနှင့် အင်မော်တယ်ဘုရင်များက ထိုနေရာမှ အင်မော်တယ်လမ်းကြောင်းထဲသို့ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။ လင်းယွမ် ထွက်ပေါ်လာသည်နှင့် အင်မော်တယ်နန်းတော်အတွင်းမှ ပုံရိပ်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

" ထျန်းယွမ်အရှင်သခင် " ပုံရိပ်များက လင်းယွမ်ကို ဦးညွှတ်လိုက်ကြသည်။

လွန်ခဲ့သော နှစ်ပေါင်းရှစ်ထောင်က လင်းယွမ်က အင်မော်တယ်နန်းတော်၏ အပြင်ဘက်သို့ ရောက်ရှိလာပြီး နန်းတော်တစ်ခုလုံးနီးပါးကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုအချိန်မှစ၍ အင်မော်တယ်နန်းတော်မှ လူများက လင်းယွမ်ကို မရိုမသေ မဆက်ဆံရဲတော့ပေ။

" ထျန်းယွမ်အရှင်သခင် ကျွန်တော်တို့ ဘာလုပ်ပေးရမလဲ။ " ခေါင်းဆောင်ဖြစ်သူက ပြောလိုက်သည်။

" ချိပ်စည်းကို ဖွင့်လိုက်ပါ။ ငါ အင်မော်တယ်လမ်းကြောင်းထဲကို ဝင်ချင်တယ်။ " လင်းယွမ်က အင်မော်တယ်နန်းတော်ကို ကြည့်ပြီး ပြောလိုက်သည်။

" အင်မော်တယ်လမ်းကြောင်းထဲကို ဝင်မလို့လား။ " အင်မော်တယ်နန်းတော်ရှေ့မှ ပုံရိပ်များက အံ့ဩခြင်းမရှိကြပေ။

" အင်မော်တယ်လမ်းကြောင်း " လင်းယွမ်က အချိန်လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာသို့ စိုက်ကြည့်လိုက်သည်။

ယခုအချိန်တွင် သူအတွက် ရင်းမြစ်ကမ္ဘာတွင် ဆက်နေခြင်းက အဓိပ္ပါယ်မရှိတော့ပေ။ ထိုအစား သူက ဟုန်ချန်းအင်မော်တယ်များ၊ အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်ဧကရာဇ်များကိုပင် ဆွဲဆောင်နိုင်သော အင်မော်တယ်လမ်းကြောင်းကို သူစူးစမ်းလေ့လာလိုသည်။

" အင်မော်တယ်လမ်းကြောင်းနဲ့ ပက်သက်တဲ့ အချိန်အတိုင်းအတာတွေက ပုံပျက်နေပြီး ကြည့်ရှုဖို့ ခက်ခဲတယ်။ " လင်းယွမ်က တွေးလိုက်သည်။

သူက အချိန်အတိုင်းအတာများကို ကြည့်ရှုခဲ့သော်လည်း ရရှိခဲ့သော အချက်အလက်များက ပြည့်စုံခြင်းမရှိပေ။ သို့သော် ထိုအချက်အလက်အပိုင်းအစများကပင် လင်းယွမ်ကို စိတ်လှုပ်ရှားစေသည်။ အင်မော်တယ်လမ်းကြောင်း၏ အဆုံးသတ်ရှိ ကမ္ဘာက အချိန်အရှင်သခင်တစ်ယောက်အတွက်ပင် ကြီးမားသော အခွင့်အရေးတစ်ခုဖြစ်သည်။

" ထျန်းယွမ်အရှင်သခင် အင်မော်တယ်နန်းတော်က အင်မော်တယ်လမ်းကြောင်းနဲ့ ဆက်သွယ်ထားတဲ့ ဝင်ပေါက်ကို ပိတ်ဆို့ထားတာပါ။ အထဲကို ဝင်ဖို့ဆိုရင် ဟုန်ချန်းအင်မော်တယ်အဆင့်ရှိတဲ့ စွမ်းအားနဲ့ ထိုးဖောက်ဖို့ လိုအပ်ပါတယ်။ " ခေါင်းဆောင်ဖြစ်သူက ပြောလိုက်သည်။

၎င်းက အင်မော်တယ်လမ်စဉ်ကို ဝင်ရောက်ရန်အတွက် သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ အကယ်၍ ဟုန်ချန်းအင်မော်တယ်မဟုတ်လျှင် အင်မော်တယ်လမ်းကြောင်း၏ ဝင်ပေါက်ကို သိရှိလျှင်တောင် အသုံးမဝင်ပေ။

" ငါသိပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူက အင်မော်တယ်လမ်းကြောင်းထဲသို့ ဝင်ရောက်ခြင်းနှင့် ပက်သက်သော အချက်အလက်များကို သိရှိထားပြီဖြစ်သည်။ သူက ဤနေရာသို့မလာခင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး သူ မရှိသောအချိန်တွင် လူသားမျိုးနွယ်က အခြားမျိုးနွယ်များ၏ ဝန်းရံတိုက်ခိုက်မှုကို မခံရအောင် ပြုလုပ်ခဲ့သည်။

နှစ်ပေါင်းနှစ်သောင်းအတွင်း လင်းယွမ်၏ ပျိုးထောင်မှုအောက်တွင် လူသားမျိုးနွယ်မှ မဟာဧကရာဇ်တစ်ပါး မထွက်ပေါ်လာသေးသော်လည်း မဟာဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်သော ဧကရာဇ်လောင်းများစွာ ထွက်ပေါ်လာခဲ့သည်။

ထို့အပြင် လင်းယွမ်က အခြားမျိုးနွယ်များနှင့် တားမြစ်နယ်မြေများကို အကြိမ်ကြိမ် သန့်စင်ခဲ့ပြီး လူသားမျိုးနွယ်အပေါ် ရန်ငြိုးထားသော အမြင့်ဆုံးဧကရာဇ်များကိုလည်း အမြစ်ပြတ်သုတ်သင်ခဲ့သည်။ တာဟွမ်ရင်းမြစ်ကမ္ဘာတွင် လူသားမျိုးနွယ်၏ အခြေခံက ခိုင်မာနေပြီး လင်းယွမ်က အင်မော်တယ်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားလျှင်တောင် ပြောင်းလဲမှုရှိမည်မဟုတ်ပေ။

" ကောင်းပြီ။ " အင်မော်တယ်နန်းတော်မှ ပုံရိပ်များက ဘေးဖယ်ပေးလိုက်ကြသည်။

ဝုန်း....

အင်မော်တယ်နန်းတော်က တုန်ခါသွားပြီး အခြားတစ်ဖက်သို့ ရွေ့လျားသွားသည်။ အင်မော်တယ်နန်းတော်၏ မူလနေရာတွင် ပုံပျက်နေသော ဟင်းလင်းပြင်တစ်ခု ပေါ်လာသည်။ ၎င်းက အင်မော်တယ်လမ်းကြောင်းနှင့် ဆက်သွယ်ထားသော ဝင်ပေါက်ဖြစ်သည်။

လင်းယွမ်က ပုံပျက်နေသော ဟင်းလင်းပြင်ကို ကြည့်ပြီး သူ၏ လက်ကို ဆန့်ထုတ်ကာ ရှေ့သို့ ရိုက်ထုတ်လိုက်သည်။ ကောင်းကင်က တုန်ခါသွားပြီး မဟာတာအိုက ပုံပျက်သွားသည်။ ထိုရိုက်ကို ပေါ့ပေါ့ပါးပါး ရိုက်ထုတ်လိုက်သော်လည်း ၎င်းက အင်မော်တယ်ဘုရင်တစ်ပါး၏ ရိုက်ချက်နှင့် နှိုင်းယှဉ်နိုင်သည်။

လင်းယွမ်ရပ်နေသော နေရာမှနေ၍ အချိန်လေဟာနယ်က လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ကောင်းကင်နှင့်မြေကြီးက ပွင့်လှစ်သွားသကဲ့သို့ ဖြစ်သွားသည်။ သူက အင်မော်တယ်လမ်းကြောင်း၏ ဝင်ပေါက်ကို ဖုံးကွယ်ခြင်းမရှိဘဲ ထိုးဖောက်ခဲ့သောကြောင့် ကြောက်စရာကောင်းသော စွမ်းအားက တုန်ခါသွားပြီး တာဟွမ်ရင်းမြစ်ကမ္ဘာတစ်ခုလုံးကို သက်ရောက်သွားခဲ့သည်။

All Chapters