ဖရိုဖရဲဖျက်ဆီးခြင်းတာအို...
Vol. 79 Ch. 1096
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
" ဒီစွမ်းအားက ကြောက်စရာကောင်းလှချည်လား။ "
တာဟွမ်ရင်းမြစ်ကမ္ဘာ၏ ထောင့်တစ်နေရာတွင် စုတ်ပြတ်နေသော အမျိုးသားတစ်ယောက်က ရုတ်တရက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ " အင်မော်တယ်လမ်းကြောင်း ဒါက အင်မော်တယ်လမ်းကြောင်းကို ထိုးဖောက်ခံလိုက်ရတဲ့ အငွေ့အသက်လား။ နောက်ထပ်ဟုန်ချန်းအင်မော်တယ်တစ်ပါး အင်မော်တယ်လမ်းကြောင်းထဲကို ဝင်သွားတာလား။ "
အင်မော်တယ်လမ်းကြောင်းကို ထိုးဖောက်ခံလိုက်ရသည့် လှုပ်ခတ်မှုကို အင်အားကြီးသူများက ပို၍ အာရုံခံနိုင်ပြီး ထိုစွမ်းအား၏ အရင်းအမြစ်ကို သိရှိနိုင်ကြသည်။
" ဘယ်သူလဲ။ အဲ့ဒီထျန်းယွမ်ဧကရာဇ်များလား။ " စုတ်ပြတ်နေသော အမျိုးသားက တွေးလိုက်သည်။ " ဟုန်ချန်းအင်မော်တယ်။ "
သူက သက်ပြင်းချလိုက်သည်။ သူက မရေတွက်နိုင်သော နှစ်များစွာ ဖြတ်သန်းခဲ့သော်လည်း ဟုန်ချန်းအင်မော်တယ်အဖြစ် ထိုးဖောက်နိုင်မည့်အခွင့်အရေးကိုတော့ မဖမ်းဆုပ်နိုင်ခဲ့သေးပေ။ ဟုန်ချန်းအင်မော်တယ်ဖြစ်လာရန် အကြီးမားဆုံး အတားအဆီးမှာ အချိန်စက်ဝန်းကို ချိုးဖျက်ရန်ဖြစ်သည်။
အမြင့်ဆုံးဧကရာဇ်များက အင်မော်တယ်ဒြပ်စင်များကို ဝါးမြိုပြီး သူတို့၏ သက်တမ်းမှာ ထူးထူးခြားခြား ရှည်လျားလှပြီး ဘဝတစ်ခုပြီးတစ်ခု ရှင်သန်ကာ အချိန်စက်ဝန်းကို ချိုးဖျက်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။
" ဟုန်ချန်းအင်မော်တယ်တစ်ပါးလား။ ငါတို့ရဲ့ တာဟွမ်ရင်းမြစ်ကမ္ဘာမှာ ဟုန်ချန်းအင်မော်တယ်တစ်ပါး ထွက်ပေါ်လာခဲ့တာလား။ "
" ဒါက ထျန်းယွမ်ဧကရာဇ်ပဲ။ ထျန်းယွမ်ဧကရာဇ်က အင်မော်တယ်လမ်းကြောင်းကို ထိုးဖောက်ခဲ့တာလား။ "
တာဟွမ်ရင်းမြစ်ကမ္ဘာ၏ အမြင့်ဆုံးဧကရာဇ်များက တစ်စုံတစ်ခုကို အာရုံခံမိပြီး သူတို့၏ စိတ်များက အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။ အချို့ မဟာဧကရာဇ်များက လင်းယွမ်နှင့် ပက်သက်ဖူးသဖြင့် အင်မော်တယ်လမ်းကြောင်းကို ထိုးဖောက်နေသူမှာ လင်းယွမ်ဖြစ်ကြောင်း သိသွားကြသည်။
" ဒါက ကြောက်စရာကောင်းလွန်းတယ်။ ငါ လူသားမျိုးနွယ်နဲ့ ရန်ငြိုးမရှိတာ တော်သေးတယ်။ "
" ထျန်းယွမ်ဧကရာဇ်က ဟုန်ချန်းအင်မော်တယ်တစ်ပါး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ။ "
ထျန်းယွမ်ဧကရာဇ်နန်းတော်၏ ရှေ့တွင် လူများစွာက အင်မော်တယ်လမ်းကြောင်း ပွင့်သွားချိန်တွင် ကြောက်စရာကောင်းသော စွမ်းအားကို ခံစားလိုက်ရသည်။
" ထျန်းယွမ်ဧကရာဇ်က ဟုန်ချန်းအင်မော်တယ်ဖြစ်နေပြီလား။ " လူငယ်က တုန်လှုပ်သွားသည်။ သူက နန်းတော်ရှေ့တွင် ပထမဆုံးခြေလှမ်းကို မလှမ်းနိုင်ခဲ့ပေ။
ယခု ထျန်းယွမ်ဧကရာဇ်က ဟုန်ချန်းအင်မော်တယ်ဖြစ်နေသည်ကို သိလိုက်ရသောအခါ သူက စိတ်လှုပ်ရှားသွားသည်။ ထိုနေရာရှိ အခြားသူများကလည်း အလားတူ ခံစားလိုက်ကြရသည်။ သူတို့အတွက် မဟာဧကရာဇ်အဆင့်က ရောက်ရှိရန် မျှော်လင့်ချက်ရှိပေသည်။
သို့သော် ဟုန်ချန်းအင်မော်တယ်အဆင့်မှာ သူတို့ စိတ်ကူးမယဉ်နိုင်သောအရာ ဖြစ်သည်။
လင်းယွမ်က သူ၏ ညာလက်ကို ရုတ်သိမ်းလိုက်ပြီး ဆုတ်ဖြဲခံလိုက်ရသော ဟင်းလင်းပြင်အက်ကြောင်းကို ကြည့်လိုက်သည်။ ပုံမှန်မဟုတ်သော လေဟာနယ်လမ်းကြောင်းတစ်ခု ပေါ်လာပြီး လျို့ဝှက်ဆန်းကြယ်သော အချိန်လေဟာနယ်ကို ဆက်သွယ်ပေးထားသည်။ ၎င်းက အင်မော်တယ်လမ်းကြောင်း ဖြစ်သည်။
" ဝင်တော့မယ်။ " လင်းယွမ်က အင်မော်တယ်လမ်းကြောင်း၏ ဝင်ပေါက်ကို တစ်ချက်ကြည့်ပြီး ရှေ့သို့ တက်ကာ ပျောက်ကွယ်သွားသည်။
အင်မော်တယ်လမ်းကြောင်း၏ ဝင်ပေါက်အတွက် ကြောက်စရာကောင်းသော အော်ရာများ ပျံ့နှံ့နေပြီး ထိုအော်ရာလေးတစ်ခုကပင် မဟာဧကရာဇ်တစ်ယောက်ကို ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်သည်။
" ဒါက အင်မော်တယ်လမ်းကြောင်းလား။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ၏ ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်က မယုံကြည်နိုင်လောက်အောင် တည်ငြိမ်နေပြီး ကြောက်စရာကောင်းသော အော်ရာများကလည်း သူအနီးသို့ ရောက်သွားချိန်တွင် ငြိမ်သက်သွားသည်။
" ဒါက ရင်းမြစ်ကမ္ဘာရဲ့ မဟာဖျက်ဆီးခြင်းစွမ်းအားလား။ " လင်းယွမ်က တွေးလိုက်သည်။
ထိုအဆင့်ရှိသော မဟာဖျက်ဆီးခြင်းစွမ်းအားက ပျက်စီးလုနီးပါးဖြစ်နေသော ဒိုင်မန်းရှင်းနယ်မြေများတွင်သာ ထွက်ပေါ်လေ့ရှိသည်။ ထိုအချိန်တွင် မဟာဖျက်ဆီးခြင်းစွမ်းအားများ၏ တိုက်ခိုက်မှုအောက်တွင် သက်ရှိအားလုံး ပျက်စီးပြီး အချိန်သက်ရှိများပင် ရှောင်တိမ်းရန် ဒိုင်မန်းရှင်းနယ်မြေမှ ဆုတ်ခွာသွားရုံသာ ဖြစ်သည်။
" ဒီရင်းမြစ်ကမ္ဘာက မဟာပျက်စီးခြင်းထဲကို မဝင်ရသေးဘူး။ ဒါပေမယ့် ဒီလောက်အဆင့်မြင့်တဲ့ မဟာဖျက်စီးခြင်းစွမ်းအားတွေနဲ့ ပြည့်နေပြီလား။ "
လင်းယွမ်က မဟာဖျက်ဆီးခြင်းစွမ်းအားမျှင်များကို ကြည့်ရှုနေခဲ့သည်။ သူ၏ စိတ်အာရုံအတွင်း ထိုးထွင်းသိမြင်မှုများစွာ ထွက်ပေါ်လာသည်။
" သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် မဟာဖျက်ဆီးခြင်းစွမ်းအားကို လေ့လာပြီး ဖရိုဖရဲဖျက်ဆီးခြင်းတာအိုအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ "
ဖရိုဖရဲဖျက်ဆီးခြင်းတာအိုက အဆုံးမရှိသော ဒိုင်မန်းရှင်းများ၏ အခြေခံမူလတာအိုများထဲမှ တစ်ခုဖြစ်ပြီး ဖရိုဖရဲထိုက်ယင်နှင့်ထိုက်ယန်တို့ထက် ပိုမိုအစွမ်းထက်သည်။ ၎င်းက အလွန်ကြောက်စရာကောင်းသော မူလတာအိုတစ်ခုဖြစ်ပြီး ဒိုင်မန်းရှင်းနယ်မြေများကိုပင် ပျက်စီးစေနိုင်သည်။
လင်းယွမ်က အလွှာဆယ့်သုံးသို့ ရောက်ရှိပြီးနောက် ဖရိုဖရဲဖျက်ဆီးခြင်းတာအို၏ ကျယ်ပြောမှုကို ပိုမိုခံစားခဲ့ရသည်။ ယခု အင်မော်တယ်လမ်းကြောင်းထဲသို့ ဝင်ရောက်ပြီး မဟာဖျက်ဆီးခြင်းစွမ်းအားကို အနီးကပ်တွေကြုံရခြင်းက သူ၏ နားလည်မှုများကို တိုးတက်သွားစေခဲ့သည်။
ဖရိုဖရဲဖျက်ဆီးခြင်းတာအိုက အလွှာဆယ့်သုံး ဒုတိယအဆင့်တွင် ပါဝင်ပြီး ဖရိုဖရဲထိုက်ကျိတာအိုနှင့် ဆင်တူသည်။ ဖရိုဖရဲဖျက်ဆီးခြင်းတာအိုက အဆုံးမရှိသော ဒိုင်မန်းရှင်းများ၏ မူလတာအိုဖြစ်ပြီး ဖရိုဖရဲထိုက်ကျိတာအိုက လင်းယွမ်ကိုယ်တိုင် ဖော်ဆောင်ထားခြင်းဖြစ်သည်။
" အင်မော်တယ်လမ်းကြောင်းထဲကို ဝင်ရောက်လာတာက ဒီလိုအကျိုးအမြတ်မျိုး ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ " လင်းယွမ်က ပြုံးလိုက်၏။ ဖရိုဖရဲဖျက်ဆီးခြင်းတာအိုက အလွှာဆယ့်သုံး ဒုတိယအဆင့် မူလတာအိုဖြစ်သည်။ ၎င်းကို နားလည်သွားခြင်းက သူ၏ ခွန်အားကို တိုးတက်သွားစေသည်။
" ဒါက ငါတတ်မြောက်လိုက်တဲ့ ပထမဆုံး ဒုတိယအဆင့် နည်းလမ်းတစ်ခုဖြစ်လောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
ဤရင်းမြစ်ကမ္ဘာသို့ မရောက်မီကပင် လင်းယွမ်က အလွှာဆယ့်သုံး ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိခဲ့သည်။ သို့သော် ထိုသို့သော ယှဉ်ပြိုင်နိုင်စွမ်းက သူ၏ ကိုယ်ပိုင်အခြေခံစုဆောင်းမှုများအပေါ်တွင်သာ လုံးဝ အခြေခံထားခြင်းဖြစ်သည်။
" ရှေ့ဆက်သွားရမယ်။ " လင်းယွမ်က ရပ်တန့်မနေဘဲ အင်မော်တယ်လမ်းကြောင်း၏ အနက်ရှိုင်းဆုံးသို့ ဦးတည်လိုက်သည်။
ရှေးခေတ်ကာလကတည်းက အင်မော်တယ်လမ်းကြောင်းထဲသို့ ဝင်ရောက်ခဲ့သော အင်မော်တယ်ဘုရင်များနှင့် ဟုန်ချန်းအရှင်သခင်များက လမ်း၏ အဆုံးနီးပါးအထိ စူးစမ်းရှာဖွေပြီးဖြစ်သည်။
မဟာဖျက်ဆီးခြင်းစွမ်းအားများ ပြည့်နှက်နေသော အင်မော်တယ်လမ်းကြောင်းတွင် သာမန်အချိန်သက်ရှိများက မဟာဖျက်ဆီးခြင်းစွမ်းအားများကို ခုခံနေရသဖြင့် သူတို့၏ အရှိန်ကို မလွဲမသွေ သက်ရောက်မှုရှိပေလိမ့်မည်။ သို့သော် မဟာဖျက်ဆီးခြင်းစွမ်းအားကို နားလည်ထားသော လင်းယွမ်အတွက် သက်ရောက်မှုမရှိသည့်အပြင် အထောက်အကူတစ်ခုပင် ဖြစ်နေသည်။
အင်မော်တယ်လမ်းကြောင်း၏ အဆုံးသတ်တွင် မြူများရစ်ဆိုင်းနေပြီး မဟာဖျက်ဆီးခြင်းစွမ်းအားမျှင်များဖြင့် ပြည့်နှက်နေသည်။ အဝေးတစ်နေရာတွင်မူ မဟာဖျက်ဆီးခြင်းစွမ်းအားများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော အငွေ့အသက်များဖြင့် ဖွဲ့စည်းထားသော ပုံရိပ်ယောင်ကမ္ဘာသစ်တစ်ခု ရှိနေသည်။
ဤကမ္ဘာက အပြည့်အဝ မဖွံ့ဖြိုးသေးသော်လည်း ၎င်းမှ ထုတ်လွှတ်နေသော စွမ်အားက ဟုန်ချန်းအင်မော်တယ်များကိုပင် မှင်သက်သွားစေနိုင်သည်။ သို့သော် ထိုကမ္ဘာသို့ နီးကပ်သွားလေ မဟာဖျက်ဆီးခြင်းစွမ်းအားများ၏ တိုက်ခိုက်မှုက ပိုမိုပြင်းထန်လာလေဖြစ်သည်။
" အံ့ဩစရာပဲ...." ဆံပင်ဖြူနှင့် အင်မော်တယ်ဘုရင်တစ်ပါးက ပုံရိပ်ယောင်ကမ္ဘာကို စိတ်ဝင်တစားကြည့်ရှုနေသည်။ သူ၏ ဘေးတွင် အင်မော်တယ်ဘုရင်အဆင့်ရှိသော အခြားပုံရိပ်နှစ်ခု ထိုင်နေသည်။
" နှမြောစရာပဲ။ ဒီကမ္ဘာထဲကို ဝင်ပြီး လေ့လာနိုင်ရင် ငါတို့အတွက် ပိုအကျိုးရှိလိမ့်မယ်။ " ဘယ်ဘက်မှ အင်မော်တယ်ဘုရင်က ပြောလိုက်သည်။
" အထဲကို ဝင်ဖို့လား။ အင်မော်တယ်ဧကရာဇ်တစ်ပါးတောင် မဝင်နိုင်ဘူး။ " ညာဘက်မှ အင်မော်တယ်ဘုရင်က ခေါင်းခါလိုက်သည်။
ထိုပုံရိပ်ယောင်ကမ္ဘာကို ရင်မြစ်ကမ္ဘာ၏ မူလရင်းမြစ်က ကာကွယ်ထားခြင်းဖြင်းဖြစ်ပြီး ထိုမူလရင်းမြစ်၏ အင်အားကြောင့် အင်မော်တယ်ဧကရာဇ်တစ်ပါးပင် ထိပ်တိုက်ရင်ဆိုင်ရန် ဝံ့ရဲမည်မဟုတ်ပေ။
" ဟင် ဟုန်ချန်းအင်မော်တယ်တစ်ပါး ဝင်လာပြီ။ " ဆံပင်ဖြူနှင့် အင်မော်တယ်ဘုရင်က ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိပြီး အင်မော်တယ်လမ်းကြောင်းအစသို့ လှမ်းကြည့်လိုက်သည်။
ထိုစကားကို ကြားသောအခါ အင်မော်တယ်ဘုရင်နှစ်ပါးကလည်း လှည့်ကြည့်လိုက်ကြသည်။ အင်မော်တယ်လမ်းကြောင်းပေါ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသဖြင့် အင်မော်တယ်လမ်းကြောင်း၏ ပြောင်းလဲမှုကို အာရုံခံရာတွင် ကျွမ်းကျင်နေကြပြီဖြစ်သည်။
" အင်မော်တယ်လမ်းကြောင်းမှာ မဟာဖျက်ဆီးခြင်းစွမ်းအားတွေ ပြည့်နှက်နေသော ဟုန်ချန်းအင်မော်တယ်တွေက အသားမကျနိုင်ဘူး။ သူတို့ကို သွားကြိုသင့်လား။ " ဘယ်ဘက်မှ အင်မော်တယ်ဘုရင်က ပြောလိုက်သည်။
တာဟွမ်ရင်းမြစ်ကမ္ဘာမှ အသစ်တက်လှမ်းလာသော ဟုန်ချန်းအင်မော်တယ်များကို သူတို့၏ မျိုးဆက်များအဖြစ် သတ်မှတ်ထားသောကြောင့် အင်မော်တယ်ဘုရင်သုံးပါးလုံးက သူတို့ကို တန်ဖိုးထကြလေသည်။
" ငါသွားကြိုလိုက်မယ်။ " အနီးရှိ ဟုန်ချန်းအင်မော်တယ်တစ်ပါးက ရှေ့သို့ လှမ်းထွက်လိုက်သည်။
ဟုန်ချန်းအင်မော်တယ်များက အင်မော်တယ်လမ်းကြောင်းပေါ်တွင် ရှိနေကြသဖြင့် မဟာဖျက်ဆီးခြင်းစွမ်းအားများကို ခုခံနိုင်သည့် နည်းလမ်းများကို ကျွမ်းကျင်ထားကြပြီဖြစ်သည်။