ပုံရိပ်ယောင်ကမ္ဘာ...
Vol. 79 Ch. 1097
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
" အင်း " ဆံပင်ဖြူနှင့် အင်မော်တယ်ဘုရင်က ခေါင်းညိမ့်လိုက်ချိန်တွင် ရုတ်တရက် သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက အင်မော်တယ်လမ်းကြောင်း၏ အစကို စိုက်ကြည့်နေသည်။
ဘေးမှ အင်မော်တယ်ဘုရင်များကလည်း တစ်စုံတစ်ခုကို သတိပြုမိသွားကြပြီး သူတို့၏ အမူအရာများကလည်း မယုံကြည်နိုင်ဖြစ်သွားကြသည်။
" အင်မော်တယ်ဘုရင် အခု သွားလိုက်ရမလား။ " ဟုန်ချန်းအင်မော်တယ်က အင်မော်တယ်လမ်း၏ အစသို့ ဦးတည်သွားရန် ပြင်လိုက်သည်။
" မလိုတော့ဘူး။ " ဆံပင်ဖြူနှင့် အင်မော်တယ်ဘုရင်က ခေါင်းခါလိုက်သည်။
" ဟမ် " ဟုန်ချန်းအင်မော်တယ်က နားမလည်နိုင်ဖြစ်သွားသည်။
" သူ ရောက်လာပြီ။ " ဆံပင်ဖြူနှင့် အင်မော်တယ်ဘုရင်က ထရပ်လိုက်ပြီး အင်မော်တယ်လမ်းကြောင်း၏ ဝင်ပေါက်ဘက်သို့ လှည့်လိုက်သည်။
နောက်ခဏတွင် ဟုန်ချန်းအင်မော်တယ်များနှင့် အင်မော်တယ်ဘုရင်များ၏ အကြည့်အောက်တွင် အင်မော်တယ်လမ်းကြောင်း၏ ဝင်ပေါက်ဘက်မှ ပုံရိပ်တစ်ခု ချဉ်းကပ်လာသည်။ ဟုန်ချန်းအင်မော်တယ်၏ ရုပ်ခန္ဓာကိုပင် ချေမွပစ််နိုင်သော မဟာဖျက်ဆီးခြင်းစွမ်းအားများက ထိုပုံရိပ်နှင့် ရောယှက်နေပြီး ပုံမှန်ထက်တည်ငြိမ်နေသည်။
အဆုံးမဲ့သော မဟာဖျက်ဆီးခြင်းစွမ်းအားများက ရောယှက်ပေါင်းစည်းနေကြပြီး လင်းယွမ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ဟုန်ချန်းအင်မော်တယ်များနှင့် အင်မော်တယ်ဘုရင်များ၏ အမြင်တွင် ၎င်းက ဖရိုဖရဲဖျက်ဆီးခြင်းတာအိုကို နားလည်ခြင်း၏ သင်္ကေတပင်ဖြစ်သည်။
ဖရိုဖရဲဖျက်ဆီးခြင်းတာအိုကို နားလည်ရန်အတွက် အနည်းဆုံး ဟုန်ချန်းအင်မော်တယ် အထွတ်အထိပ် ရောက်ရန် လိုအပ်ပြီး ၎င်းကို ထိန်းချုပ်ရန် အင်မော်တယ်ဘုရင်များအတွက်ပင် မလွယ်ကူပေ။ ထိုပုံရိပ်က ဟုန်ချန်းအင်မော်တယ်လား အင်မော်တယ်ဘုရင်လား သူတို့မသဲကွဲတော့ပေ။
" သူက အင်မော်တယ်ဘုရင်တစ်ပါးလား။ "
ဟုန်ချန်းအင်မော်တယ်များက လင်းယွမ်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။ တစ်ချိန်တည်းတွင် သူတို့က တာဟွမ်ရင်းမြစ်ကမ္ဘာ၏ အတိတ်အချိန်အတိုင်းအတာများကို ပြန်လည်စစ်ဆေးရန် စတင်လိုက်ကြသည်။ လင်းယွမ်၏ အချိန်အတိုင်းအတာကို တိုက်ရိုက်ကြည့်ရှုခြင်းက အလွန်ဝေးဝါးသည်။
ထို့အပြင် အင်မော်တယ်လမ်းကြောင်းပေါ်တွင် ရှိနေခြင်းက အချိန်အတိုင်းအတာများကို တိုက်ရိုက်ကြည့်ခြင်းအား သဘာဝအလျောက် ဖိနှိပ်ထားသည်။ သို့သော် ဟုန်ချန်းအင်မော်တယ်များက တာဟွမ်အင်မော်တယ်ကမ္ဘာတွင် ကိုယ်ပွားများ ချန်ထားခဲ့ကြသည်။ ထိုကိုယ်ပွားများက အိပ်စက်နေကြပြီး လိုအပ်မှသာ နိုးထလာကြသည်။
ဟုန်ချန်းအင်မော်တယ်များက လင်းယွမ်၏ အချိန်အတိုင်းအတာကို မကြည့်ရှုနိုင်သော်လည်း တာဟွမ်ရင်းမြစ်ကမ္ဘာ၏ အတိတ်အချိန်အတိုင်းအတာကို ကြည့်ရှုနိုင်သည်။ ထိုသို့ဖြင့် လင်းယွမ်နှင့်ပက်သက်သော အချက်အလက်များကို သိရှိခဲ့ကြသည်။
" သူက အသစ်တက်လှမ်းလာတဲ့ ဟုန်ချန်းအင်မော်တယ်တစ်ပါးပဲ။ "
" ထျန်းယွမ်ဧကရာဇ်က လွန်ခဲ့တဲ့ နှစ်နှစ်သန်းကမှ မဟာဧကရာဇ်အဆင့်ကို ဝင်ရောက်ခဲ့တာပဲ။ "
" ဒါက ကြောက်စရာကောင်းတယ်။ သူက ဘယ်လိုတောင်လုပ်လိုက်တာလဲ။ "
" ဒီလောက်မြန်တဲ့ ကျင့်ကြံမှုအရှိန်နဲ့ဆို အင်မော်တယ်ဘုရင်သုံးပါးတောင် ယှဉ်နိုင်မှာမဟုတ်ဘူး။ "
ဟုန်ချန်းအင်မော်တယ်များက အချင်းချင်း ပြောဆိုနေကြပြီး လင်းယွမ်ကို မယုံကြည်နိုင်သော မျက်လုံးများနှင့် ကြည့်နေကြသည်။
" တကယ်ကို ထူးခြားတာပဲ။ " ဆံပင်ဖြူနှင့် အင်မော်တယ်ဘုရင်က လင်းယွမ်ကို ကြည့်ပြီး စိတ်ထဲတွင် တုန်လှုပ်နေသည်။
အင်မော်တယ်ဘုရင်တစ်ယောက်အတွက် ဖရိုဖရဲဖျက်ဆီးခြင်းတာအိုက နားလည်ရန် မည်မျှခက်ခဲသည်ကို သူသိထားသည်။
" အင်မော်တယ်ဘုရင်ကနေ အင်မော်တယ်ဧကရာဇ်ဖြစ်လာဖို့က ပိုခက်ခဲတယ်။ " ဆံပင်ဖြူနှင့် အင်မော်တယ်ဘုရင်က တွေးလိုက်သည်။
ဟုန်ချန်းအင်မော်တယ်များက အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် ခက်ခဲသည်ဟု ထင်နေသော်လည်း အင်မော်တယ်ဘုရင်မှ အင်မော်တယ်ဧကရာဇ်အဖြစ် တက်လှမ်းခြင်းကသာ ကျော်လွှားရန် အလွန်ခက်ခဲသည်ကို သူတို့မသိကြပေ။
" ဟုန်ချန်းအင်မော်တယ်တွေ အများကြီးပါလား။ " လင်းယွမ်က ဟုန်ချန်းအင်မော်တယ်များကို ကြည့်ပြီး တွေးလိုက်သည်။ ယခုအချိန်တွင် သူက ဟုန်ချန်းအင်မော်တယ်ခြောက်ဆယ်ကျော်၏ တည်ရှိမှုကို ခံစားလိုက်ကြရသည်။
" ဒါက အင်မော်တယ်လမ်းကြောင်းရဲ့ အဆုံးသတ်နဲ့ ပက်သက်နေတာလား။ " လင်းယွမ်က အင်မော်တယ်လမကြောင်း၏ အဆုံးရှိ ပုံရိပ်ယောင်ကမ္ဘာကို ကြည့်လိုက်သည်။
ရင်းမြစ်ကမ္ဘာအတွင်း ပျံ့နှံ့နေသော အင်မော်တယ်ဒြပ်စင်များက ထိုပုံရိပ်ယောင်ကမ္ဘာမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။ အင်မော်တယ်ဒြပ်စင်များ ရှိနေခြင်းက တာဟွမ်ရင်းမြစ်ကမ္ဘာ၏ ပျက်စီးခြင်းကို ဖရိုဖရဲဟင်းလင်းပြင်နှင့် အခြားဒိုင်မန်းရှင်းနယ်မြေများထက် ပိုမိုမြန်ဆန်စေသည်။
" ဟားဟားဟား ထျန်းယွမ် အင်မော်တယ်လမ်းကြောင်းကနေ ကြိုဆိုပါတယ်။ " ဆံပင်ဖြူနှင့် အင်မော်တယ်ဘုရင်က ရှေ့တိုးလိုက်ပြီး လင်းယွမ်၏ ရှေ့တွင် ပေါ်လာသည်။
" ထျန်းယွမ် အင်မော်တယ်လမ်းကြောင်းကနေ ကြိုဆိုပါတယ်။ " အခြားအင်မော်တယ်ဘုရင်နှစ်ပါးကလည်း ရင်းနှီးစွာ နှုတ်ဆက်လိုက်ကြသည်။
ဟုန်ချန်းအင်မော်တယ်တစ်ပါးရရှိလိုက်ခြင်းက သူတို့ကို အင်မော်တယ်လမ်းကြောင်း၏ အဆုံးသတ်ရှိ ကမ္ဘာကို ချဉ်းကပ်ရန် အကူအညီဖြစ်စေသည်။
" ထျန်းယွမ် မင်းငါ့ကို ကျွမ်းရှစ်လို့ ခေါ်နိုင်တယ်။ " ဆံပင်ဖြူနှင့် အင်မော်တယ်ဘုရင်က ပြုံး၍ ပြောလိုက်သည်။
" ငါက ပိုင်ပင်းပါ။ "
" ငါက ဝူရှန်းပါ။ "
အခြားအင်မော်တယ်ဘုရင်နှစ်ပါးကလည်း သူတို့ကိုသူတို့ မိတ်ဆက်လိုက်ကြသည်။
" ကျွမ်းရှစ်၊ ပိုင်ပင်း၊ ဝူရှန်း။ " လင်းယွမ်က ပြန်လည်နှုတ်ဆက်လိုက်သည်။
အင်မော်တယ်ဘုရင်သုံးပါးလုံးက ဒုတိယအဆင့် အချိန်သက်ရှိများ ဖြစ်ကြပြီး ဖရိုဖရဲဟင်းလင်းပြင်ရှိ ဟွေ့ဘိုးဘေးထက် ပို၍ အစွမ်းထက်ကြသည်။
လင်းယွမ်က အင်မော်တယ်ဘုရင်သုံးပါးနှင့် စကားပြောပြီးနောက် အင်မော်တယ်ဘမ်းကြောင်း၏ အခြေအနေကို ဆွေးနွေးလိုက်ကြသည်။
" ဒီမှာ ဟုန်ချန်းအင်မော်တယ် ၂၁၃ပါးနဲ့ အင်မော်တယ်ဘုရင် ၂၄ပါးရှိတယ်။ မင်းပါထပ်ပေါင်းလိုက်ရင် ၁၅ပါး ဖြစ်သွားပြီပေါ့။ " ကျွမ်းရှစ်က ပြုံး၍ ပြောလိုက်သည်။
" ဟုန်ချန်းအင်မော်တယ် ၂၁၃ပါးလား။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သူအာရုံခံမိသော အော်ရာများက အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ အခြားသော ဟုန်ချန်းအင်မော်တယ်များက အင်မော်တယ်လမ်းကြောင်း၏ အဆုံးသတ်ရှိ ပုံရိပ်ယောင်ကမ္ဘာသို့ အသီးသီးချဉ်းကပ်နေကြသည်။
" အင်မော်တယ်ဧကရာဇ်ကတော့ သုံးပါးပဲရှိတယ်။ " ကျွမ်းရှီက ပြောလိုက်သည်။
လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ ဤကမ္ဘာသို့ မဆင်းသက်မီကတည်းက အချိန်အရှင်သခင်သုံးယောက်ကို သိတ်ထားမိခဲ့သည်။ သူတို့က ဤကမ္ဘာမှ အင်မော်တယ်ဧကရာဇ်များပင်ဖြစ်သည်။
" အင်မော်တယ်ဧကရာဇ်သုံးပါးက အဲ့ဒီကမ္ဘာကို ချဉ်းကပ်နေကြတာလား။
" အင်မော်တယ်ဧကရာဇ်သုံးပါးက အဲ့ဒီကမ္ဘာကို ထိန်းချုပ်နေကြတာပဲ။ " ကျွမ်းရှစ်က ပြောလိုက်သည်။
" အဲ့ဒီကမ္ဘာကို ထိန်းချုပ်တာလား။ " လင်းယွမ်က အတွေးနက်သွားသည်။
" အင်မော်တယ်ဧကရာဇ်သုံးပါးရဲ့ ကြားဝင်ဆောင်ရွက်မှုသာမရှိရင် ငါတို့ထဲက ဘယ်သူမှ အဲ့ဒီကမ္ဘာကို ချဉ်းကပ်နိုင်မှာမဟုတ်ဘူး။ အဲ့ဒီကမ္ဘာက တာဟွမ်ရင်းမြစ်ကမ္ဘာက မွေးဖွားပေးလိုက်တာမဟုတ်ဘဲ ဒိုင်မန်းရှင်းအက်ကြောင်းရဲ့ အနက်ရှိုင်းဆုံးက လာတာပဲ။ ရှေးခေတ်ကာလမှာ တာဟွမ်ရင်းမြစ်ကမ္ဘာရဲ့ အပြင်ဘက်ကနေ ထူးဆန်းတဲ့အရာတစ်ခု ကျဆင်းလာခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး အင်မော်တယ်ဒြပ်စင်တွေက ကောင်းကင်နဲ့ မြေကြီးကြားမှ ပျံ့နှံ့သွားခဲ့တာပဲ။ "
" နောက်ပိုင်းမှာ ပထမဆုံး အင်မော်တယ်ဧကရာဇ်က အတိတ်နဲ့ အနာဂတ် အချိန်အတိုင်းအတာတွေကို ကြည့်ရှုပြီးတဲ့နောက်မှာ အဲ့ဒီထူးဆန်းတဲ့ အရာရှိတဲ့ နေရာကို ပိတ်ဆို့ထိန်းချုပ်နိုင်ခဲ့တယ်။ အဲ့ဒီနရာက အင်မော်တယ်လမ်းကြောင်းရဲ့ အဆုံးမှာရှိတယ်။ ခေတ်အဆက်ဆက်ကြာပြီးတဲ့နောက်မှာ အဲ့ဒီထူးဆန်းတဲ့အရာက အခုရှိနေတဲ့ ပုံရိပ်ယောင်ကမ္ဘာအဖြစ် ပြောင်းလဲသွားခဲ့တယ်။ " ကျွမ်းရှစ်က ရှင်းပြလိုက်သည်။
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သူက တာဟွမ်ရင်းမြစ်ကမ္ဘာသို့ ကျဆင်းလာသော ထူးဆန်းသည့်အရာကိုလည်း စိတ်ဝင်စားသွားသည်။ အချိန်အရှင်သခင်သုံးပါးပင် ပိတ်ဆို့ထိန်းချုပ်နိုင်ရုံသာရှိသည့်အရာက ရတနာတစ်မျိုး ဖြစ်နိုင်လေသည်။
" ပုံရိပ်ယောင်ကမ္ဘာ။ " လင်းယွမ်က ပုံရိပ်ယောင်ကမ္ဘာကို လှမ်းကြည့်လိုက်သည်။
" ညီအကိုထျန်းယွမ်လည်း အတော်လေးစိတ်ဝင်စားမယ်လို့ ငါထင်တယ်။ " ကျွမ်းရှစ်က ပြုံး၍ ပြောလိုက်သည်။ " ညီအကိုထျန်းယွမ် ငါနဲ့လိုက်ခဲ့ပါ။ ပုံရိပ်ယောင်ကမ္ဘာကို နီးကပ်နိုင်မှသာ ဒီကမ္ဘာရဲ့ အနှစ်သာရအချို့ကို သိမြင်နိုင်လိမ့်မယ်။ "
မကြာမီ လင်းယွမ်နှင့် အင်မော်တယ်ဘုရင်သုံးပါးက ပုံရိပ်ယောင်ကမ္ဘာသို့ ချဉ်းကပ်သွားကြသည်။ သူတို့က ပိုမိုနီးကပ်လာသည်နှင့်အမျှ မဟာဖျက်ဆီးခြင်းစွမ်းအားက ပို၍ ပြင်းထန်လာခဲ့သည်။ ၎င်းနှင့်အတူ အခြားသော အဆင့်မြင့်စွမ်းအားများကလည်း လည်ပတ်နေပြီး လင်းယွမ်ကိုပင် မသက်မသာ ခံစားသွားရစေသည်။
သို့သော် လင်းယွမ်က ပုံရိပ်ယောင်ကမ္ဘာနှင့် ချဉ်းကပ်သွားချိန်တွင် အင်မော်တယ်လမ်းကြောင်း၏ အဆုံးသတ်ရှိ ကမ္ဘာက လင်းယွမ်၏ အမြင်တွင် စတင်ပြောင်းလဲလာခဲ့သည်။ ၎င်းက ပုံရိပ်ယောင်ကမ္ဘာတစ်ခု မဟုတ်တော့ဘဲ အသေးစား အဆုံးမဲ့ဒိုင်မန်းရှင်းတစ်ခုအဖြစ် ပေါ်လာသည်။ ၎င်းကို လေ့လာခြင်းက အဆုံးမဲ့ဒိုင်မန်းရှင်းကို လေ့လာခြင်းနှင့် ညီမျှနေသည်။
" ဒါက..." လင်းယွမ်က အင်မော်တယ်လမ်းကြောင်း၏ အဆုံးသတ်မှ ပုံရိပ်ယောင်ကမ္ဘာကို ကြည့်ပြီး အသိအမြင်များစွာက သူ၏ စိတ်ထဲသို့ ဝင်ရာက်လာသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လျို့ဝှက်ဆန်းကြယ်သော ကမ္ဘာကို လေ့လာပြီး ဖရိုဖရဲထိုက်ကျိတာအိုအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လျို့ဝှက်ဆန်းကြယ်သော ကမ္ဘာကို လေ့လာပြီး ဖရိုဖရဲအသက်တာအိုအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လျို့ဝှက်ဆန်းကြယ်သော ကမ္ဘာကို လေ့လာပြီး ဖရိုဖရဲအချိန်လေဟာနယ်တာအိုအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]