← Chapters

အတိတ်ခန္ဓာ....

Vol. 79 Ch. 1098

အတိတ်ခန္ဓာ....

Vol. 79 Ch. 1098

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" အင်မော်တယ်လမ်းကြောင်းထဲကို ဝင်ရောက်လာတဲ့ ဟုန်ချန်းအင်မော်တယ်တွေအားလုံးနီးပါက ဘာမှဂရုမစိုက်ဘဲ တာဟွမ်ရင်းမြစ်ကမ္ဘာကို ပြန်မသွားတာ အံ့ဩစရာမရှိဘူး။ " လင်းယွမ်က တွေးလိုက်သည်။

ပုံရိပ်ယောင်ကမ္ဘာမှ ရရှိသော ကြောက်စရာကောင်းသည့် အသိအမြင်များနှင့်ဆိုလျှင် ဟုန်ချန်းအင်မော်တယ်များမပြောနှင့် အင်မော်တယ်ဘုရင်များပင် တာဟွမ်ရင်းမြစ်ကမ္ဘာအတွင်းမှ သက်ရှိများ၏ ကိစ္စများကို ဂရုစိုက်မည်မဟုတ်ပေ။ တာဟွမ်ရင်းမြစ်ကမ္ဘာ မပျက်စီးသွားသရွေ့ သူကို ဝင်ရောက်စွက်ဖက်ကြမည်မဟုတ်ပေ။

အခြားသူများကတော့ လင်းယွမ်၏ နားလည်နိုင်စွမ်းကို မမီကြပေ။ သို့သော် ထိုသို့ဆိုလျှင်တောင် ပုံမှန်ကျင့်ကြံခြင်းထက် အဆပေါင်းများစွာ ပိုမိုထိရောက်လသည်။

" အတိတ်လား၊ ပစ္စုပ္ပန်လား၊ အနာဂတ်လား။ " လင်းယွမ်၏စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာပြီး အချိန်အတိုင်းအတာများတစ်လျှောက် ဦးတည်သွားမည့် ပုံရိပ်များကို ဖန်တီးလိုက်သည်။

ထိုနည်းစနစ်က လင်းယွမ်၏ ကိုးခုမြောက် ရုပ်ခန္ဓာနတ်စွမ်းရည်မှ နိုးထလာခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၈၀၀၀က သူ၏ ရုပ်ခန္ဓာနတ်စွမ်းရည် နိုးထလာခဲ့သည်။ ၎င်းကို အတိတ်ခန္ဓာဟု အမည်ပေးထားသည်။

အနှစ်သာရအားဖြင့် ၎င်းက အတိတ်တွင် ခန္ဓာကိုယ်တစ်ခု တည်ဆောက်ခြင်းဖြစ်သည်။ ထိုနည်းဖြင့် လက်ရှိအချိန်အတိုင်းအတာရှိ မူလခန္ဓာကိုယ် ပျက်စီးသွားလျှင်တောင် အတိတ်အချိန်အတိုင်းအတာမှ ခန္ဓာကိုယ်ရှိနေသရွေ့ လက်ရှိအချိန်အတိုင်းအတာမှ မူလခန္ဓာကိုယ်အဖြစ် ပြန်လည်စုစည်းနိုင်မည်ဖြစ်သည်။

ထိုရုပ်ခန္ဓာနတ်စွမ်းရည်က ကိုယ့်ကိုကိုယ်ကာကွယ်ခြင်းဖြစ်သည်။ အတိတ်မှ မပျက်စီးသရွေ့ ပစ္စုန်ပ္ပန်တွင် မသေမျိုးအဖြစ် ရှိနေမည်ဖြစ်သည်။ အတိတ်ခန္ဓာကို စုစည်းရန် လင်းယွမ်က အချိန်များစွာ ပေးရပေလိမ့်မည်။

သို့သော် ဖရိုဖရဲအချိန်လေဟာနယ်တာအိုအပေါ် ပိုမိုနားလည်လာသည်နှင့် အတိတ်ခန္ဓာကိုယ်ကို ပိုမိုခိုင်မာစေရန် အတိတ်သို့ စိတ်အာရုံ စေလွှတ်ခြင်းတွင် လင်းယွမ်၏ အရှိန်အဟုန်က ပိုမိုမြင့်တက်လာသည်။

" အတိတ်ခန္ဓာ၊ ပစ္စုပ္ပန်ခန္ဓာ... ပြီးတော့ အနာဂတ်ခန္ဓာဆိုတာ ရှိလာဦးမှာလား။ "

ပုံရိပ်ယောင်ကမ္ဘာအတွင်းမှ ဖရိုဖရဲအချိန်လေဟာနယ်တာအိုကို လေ့လာခြင်းမှတစ်ဆင့် လင်းယွမ်က ဤရုပ်ခန္ဓာနတ်စွမ်းရည်မှာ မပြည့်စုံသေးဘဲ အရေးကြီးသော အစိတ်အပိုင်းဖြစ်သော အနာဂတ်ခန္ဓာရှိနေသေးကြောင်း မရေမရာခံစားလိုက်ရသည်။

အနာဂတ်အချိန်အတိုင်းအတာများတွင် အနာဂတ်ခန္ဓာကို စုစည်းနိုင်ခြင်းဖြင့် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းက များစွာတိုးတက်သွားပေလိမ့်မည်။ ထိုနည်းလမ်းကိုသာ ကျွမ်းကျင်သွားလျှင် မိမိ၏ အချိန်အတိုင်းအတာအတွင်း အားနည်းချက်ရှိတော့မည်မဟုတ်ပေ။ အတိတ်ကို သွားလာနိုင်သော အချိန်အရှင်သခင်တစ်ယောက်၏ သတ်ဖြတ်ခြင်းကိုလည်း ခံရမည်မဟုတ်ပေ။

" ဘယ်လိုထူးဆန်းတဲ့အရာက ဒီလိုမျိုး ပုံရိပ်ယောင်ကမ္ဘာကို ပြောင်းလဲနိုင်တာလဲ။ " လင်းယွမ်က တွေးလိုက်သည်။ ပုံရိပ်ယောင်ကမ္ဘာတွင် ပါဝင်နေသော ဖရိုဖရဲမူလတာအိုများက မယုံကြည်နိုင်စရာကောင်းလောက်အောင် ပြည့်စုံပြီး နက်ရှိုင်းလှသည်။

" ဘာပဲဖြစ်ဖြစ် ငါပိုပြီးနားလည်အောင် လုပ်ရမယ်။ " လင်းယွမ်က ထိုအကြောင်းကို ဆက်မတွေးတော့ပေ။

" ငါ့ရဲ့ အတွင်းစကြာဝဠာကလည်း တိုးတက်လာပြီ။ " လင်းယွမ်က သူ၏ အတွင်းစကြာဝဠာ၏ ပြောင်းလဲမှုများကိုလည်း အာရုံခံမိလိုက်သည်။

ဖရိုဖရဲမူလတာအိုများကို နားလည်လာသည်နှင့်အမျှ သူ၏ အတွင်းစကြာဝဠာကလည်း ပိုမိုပြည့်စုံလာခဲ့ပြီး ဖရိုဖရဲဟင်းလင်းပြင်ကိုပင် မသိမသာ ကျော်လွန်သွားခဲ့သည်။ ထို့ကြောင့် လင်းယွမ်က အင်မော်တယ်လမ်းကြောင်း၏ အဆုံးသတ်ရှိ ပုံရိပ်ယောင်ကမ္ဘာထဲသို့ အကြွင်းမဲ့နစ်မြှုပ်သွားသည်။

လင်းယွမ်က ပုံရိပ်ယောင်ကမ္ဘာမှ ဖရိုဖရဲမူလတာအိုများကို လေ့လာခြင်းဖြင့်လည်းကောင်း၊ အခြားဟုန်ချန်းအင်မော်တယ်များနှင့် ဆွေးနွေး၍လည်းကောင်း သူ၏ စွမ်းအားက အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြန်သည်။

ရာစုနှစ်အနည်းငယ် ကုန်သွားခဲ့သည်။ လင်းယွမ်၏ အတိတ်ခန္ဓာက အပြည့်အဝ ခိုင်မာသွားခဲ့သည်။ တတိယရင်းမြစ်ကမ္ဘာမှ မူလခန္ဓာကိုယ်၏ အတိတ်ခန္ဓာသာမက ဖရိုဖရဲဟင်းလင်းပြင်၊ ပထမရင်းမြစ်ကမ္ဘာ၊ ဒုတိယရင်းမြစ်ကမ္ဘာမှ မူလခန္ဓာကိုယ်များကလည်း ကိုယ်ပိုင်အချိန်အတိုင်းအတာများတွင် အတိတ်ခန္ဓာများကို စုစည်းနိုင်ခဲ့သည်။

" ပြီးသွားပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။ အတိတ်ခန္ဓာခိုင်မာသွားခြင်းက အားနည်းချက်မရှိတော့ခြင်းကို ဆိုလိုသည်။

" တတိယအဆင့်ရောက်ပြီး အချိန်အရှင်သခင်ဖြစ်လာရင်တောင် အတိတ်ခန္ဓာက အစွမ်းထက်တဲ့ နည်းလမ်းတစ်ခုအဖြစ် ကျန်နေဦးမှာပဲ။ "

အချိန်အရှင်သခင်များ၏ တိုက်ပွဲများက အတိတ်နှင့် အနာဂတ်ကြား ယှဉ်ပြိုင်မှုများဖြစ်သည်။ အတိတ်ခန္ဓာက အချိန်အတိုင်းအတာများကို ထိန်းချုပ်ထားခြင်းဖြင့် အဆင့်တူ အချိန်အရှင်သခင်တစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် အားသာချက်ရှိပေလိမ့်မည်။

" အနာဂတ်ခန္ဓာ...." လင်းယွမ်က အနာဂတ်ခန္ဓာကို စတင်စဉ်းစားလိုက်သည်။

သူနိုးထခဲ့သော ရုပ်ခန္ဓာနတ်စွမ်းရည်က မပြည့်စုံသေးဘဲ အတိတ်ခန္ဓာသာ ပါဝင်ပြီး အနာဂတ်ခန္ဓာမရှိသေးပေ။ လင်းယွမ်က အတိတ်နှင့် ပစ္စုပ္ပန်ကို အခြေခံ၍ နားလည်ခြင်းဖြင့်သာ အနာဂတ်ခန္ဓာရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။

သို့သော် အနာဂတ်ခန္ဓာကို မည်သို့စုစည်းရမည်နည်း။ ၎င်းမှာ ကြိုးစားရန် အချိန်လိုအပ်ပေလိမ့်မည်။ သတ်မှတ်ထားသော အတိတ်နှင့်မတူဘဲ အနာဂတ်က အကန့်အသတ်မရှိသော ပြောင်းလဲမှုများရှိနေသည်။ အနာဂတ်ခန္ဓာကို စုစည်းခြင်း၏ ခက်ခဲမှုမှာ အတိတ်ခန္ဓာထက် များစွာ သာလွန်သည်။

" ငါ့ရဲ့ ကိုးခုမြောက် ရုပ်ခန္ဓာနတ်စွမ်းရည်က သုံးဘဝအင်မော်တယ်ဧကရာဇ်ဆီက ဆင်းသက်လာတာဖြစ်ရမယ်။ " လင်းယွမ်က စိတ်ထဲတွင် တွေးလိုက်သည်။

ရုပ်ခန္ဓာနတ်စွမ်းရည်ဆိုသည်မှာ သွေးမျိုးဆက်၏ အနက်ရှိုင်းဆုံးရှိ အခြေခံစွမ်းအားမှ လာခြင်းဖြစ်သည်။ ၎င်းမှာ သွေးမျိုးဆက်ဖြစ်သောကြောင့် ရင်းမြစ်တစ်ခုရှိနေသည်။ ဥပမာ အရှင်အခွင့်အာဏာ ရုပ်ခန္ဓာနတ်စွမ်းရည်က ကောင်းကင်အလင်းအရှင်သခင်ထံမှ လာခြင်းဖြစ်သည်။

ထို့အတူ ကိုးခုမြောက် ရုပ်ခန္ဓာနတ်စွမ်းရည်ဖြစ်သော အတိတ်ခန္ဓာကလည်း သုံးဘဝအင်မော်တယ်ဧကရာဇ်ထံမှ ဆင်းသက်လာခြင်းဖြစ်သည်။ သုံးဘဝအင်မော်တယ်ဧကရာဇ်က တာဟွမ်ရင်းမြစ်ကမ္ဘာ၏ ပထမဆုံး အင်မော်တယ်ဧကရာဇ်ဖြစ်သည်။

အတိတ်နှင့်အနာဂတ်ကို ကြည့်ရှုပြီး သုံးဘဝခန္ဓာကို အသုံးပြု၍ အင်မော်တယ်လမ်းကြောင်း၏ အဆုံးသတ်သို့ ထိုးဖောက်ကာ ထိုပုံရိပ်ယောင်ကမ္ဘာကို ရှာတွေ့ခဲ့သူမှာ သုံးဘဝအင်မော်တယ်ဧကရာဇ်ဖြစ်သည်။

သုံးဘဝအင်မော်တယ်ဧကရာဇ်က အင်မော်တယ်ဧကရာဇ်သုံးပါးအနက် အသန်မာဆုံးဖြစ်ပြီး အချိန်အရှင်သခင်များကြားတွင်လည်း အင်အားကြီးသူအဖြစ် သတ်မှတ်နိုင်သည်။

" ကံမကောင်းတာက အင်မော်တယ်လမ်းကြောင်းပေါ်မှာ နှစ်ပေါင်းရာချီ ရှိနေပေမယ့် သုံးဘဝဧကရာဇ်နတ်မင်းကို မပြောနဲ့ ကျန်တဲ့ အင်မော်တယ်ဧကရာတ်နှစ်ပါးကိုတောင် ငါမတွေ့ဖူးသေးဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

အကယ်၍ သူသာ သုံးဘဝအင်မော်တယ်ဧကရာဇ်နှင့် တွေ့ဆုံပြီး ပြန်လည်မွေးဖွားခြင်းဆိုင်ရာ အသိအမြင်များကို ဖလှယ်နိုင်ခဲ့လျှင် သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ဆိုလျှင် အနာဂတ်ခန္ဓာစုစည်းခြင်းကို အရှိန်မြှင့်နိုင်ပေလိမ့်မည်။

" ဖြည်းဖြည်းချင်းပဲ သွားရမယ်။ အခွင့်အရေးဆိုတာ နောက်ဆုံးမှာ ပေါ်လာလိမ့်မယ်။ "

အင်မော်တယ်လမ်းကြောင်း၏ အဆုံးရှိ ပုံရိပ်ယောင်ကမ္ဘာတွင် အချိန်အရှင်သခင်တစ်ယောက်ကိုပင် ဆွဲဆောင်နိုင်သော လျို့ဝှက်ချက်များ ပါဝင်နေသောကြောင့် လင်းယွမ်က စိတ်မလောတော့ပေ။ သူက ဤနေရာတွင် အချိန်ကြာမြင့်စွာ ရှိနေဦးမည်ဖြစ်သည်။

" ဒါပေမယ့် ပြီးခဲ့တဲ့ ရာစုနှစ်အတိုင်း အဲ့ဒီကမ္ဘာရဲ့ တုန်ခါမှုအရေအတွက်က သိသိသာသာ တိုးလာခဲ့တယ်။ " လင်းယွမ်က အင်မော်တယ်လမ်းကြောင်း၏ အဆုံးရှိ ပုံရိပ်ယောင်ကမ္ဘာကို ကြည့်လိုက်သည်။

သီအိုရီအရ ပုံရိပ်ယောင်ကမ္ဘာက အင်မော်တယ်လမ်းကြောင်း၏ အဆုံးတွင် ပေါ်မလာသင့်ပေ။ ၎င်းကို အင်မော်တယ်ဧကရာဇ်သုံးပါး၏ နည်းလမ်းများဖြင့် ပိတ်ဆို့ထားခြင်းဖြစ်ပြီး အခြားသူများကို လေ့လာခွင့်ပေးထားခြင်းဖြစ်သည်။ ၎င်းကို အတင်းအကျပ် ပိတ်ဆို့ထားသောကြောင့် ပုံရိပ်ယောင်ကမ္ဘာက သဘာဝအတိုင်း ရုန်းကန်နေရသည်။

ပုံရိပ်ယောင်ကမ္ဘာမှ တုန်ခါမှုများ ထွက်ပေါ်လာတတ်ပြီး အင်မော်တယ်ဧကရာဇ်သုံးပါး၏ ပိတ်ဆို့မှုမှ လွတ်မြောက်ရန် ကြိုးစားနေခြင်းဖြစ်သည်။

" လက်ရှိမှာတော့ အင်မော်တယ်လမ်းကြောင်း ငါးခုရှိတယ်။ တစ်ခုချင်းစီမှာ အင်မော်တယ်ဘုရင်နှစ်ပါးသုံးပါးရှိပြီး ဟုန်ချန်းအင်မော်တယ် ဆယ်ဂဏန်းလောက်ရှိတယ်။ "

လင်းယွမ်ရှိနေသော အင်မော်တယ်လမ်းကြောင်းကို ကျွမ်းရှစ်နှင့် အခြားအင်မော်တယ်ဘုရင်နှစ်ပါးတို့က ဟုန်ချန်းအင်မော်တယ် ခြောက်ဆယ်ကျော်နှင့်အတူ တည်ထောင်ထားခြင်းဖြစ်သည်။

ကျန်သော အင်မော်တယ်လမ်းကြောင်းလေးခုကလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ မတူညီသော အင်မော်တယ်လမ်းကြောင်းများက ပုံရိပ်ယောင်ကမ္ဘာနှင့် နီးကပ်သော အကွာအဝေးကလည်း ကွဲပြားကြသည်။ ထို့ကြောင့် ရရှိလာသော အသိအမြင်ကလည်း မတူညီပေ။

ကျွမ်းရှစ်နှင့် အခြားအင်မော်တယ်ဘုရင်နှစ်ပါးတို့က အင်အားကြီးမားကြပြီး သူတို့ဖွင့်လှစ်ထားသော အင်မော်တယ်လမ်းကြောင်းကလည်း ပုံရိပ်ယောင်ကမ္ဘာနှင့် အလွန်နီးကပ်သည်။ အင်မော်တယ်လမ်းကြောင်းငါးခုအနက် ထိပ်ဆုံးနှစ်ခုတွင် ပါဝင်သည်။

ထိုအင်မော်တယ်လမ်းကြောင်းငါးခုက ပင်မအင်မော််တယ်လမ်းကြောင်းမှ တိုးချဲ့ထားခြင်းဖြစ်သည်။ ထိုပင်မအင်မော်တယ်လမ်းကြောင်းက လင်းယွမ်ဝင်ရောက်ခဲ့သော အင်မော်တယ်နန်းတော်၏ ဝင်ပေါက်ပင်ဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးနောက် လင်းယွမ်က ကျွမ်းရှစ်၊ ပိုင်ပင်း၊ ဝူရှန်းအင်မော်တယ်ဘုရင်တို့နှင့် စုဝေးနေသည်။

" ထျန်းယွမ် မင်းရဲ့ နားလည်မှုကဘယ်လိုလဲ။ " ကျွမ်းရှစ်က ပြုံး၍ မေးလိုက်သည်။

အခြားအင်မော်တယ်ဘုရင်နှစ်ပါးကလည်း ပြုံးလိုက်ကြပြီး ဝူရှန်းက ဝိုင်များကို တစ်ယောက်ချင်းစီအတွက် ထည့်ပေးလိုက်သည်။

" ဒါက အများကြီး အထောက်အကူဖြစ်စေပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

All Chapters