လင်းယွမ်၏ ခုခံမှု....င်းယွမ်၏ ခုခံမှု....
Vol. 79 Ch. 1100
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
ပုံရိပ်ယောင်ကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်ဘာသော ရိုက်ခတ်မှုများက အချိန်အတိုင်းအတာများကို ထိုးဖောက်နေသဖြင့် ပတ်သက်နေသော အနာဂတ်က မယုံကြည်နိုင်လောက်အောင် ဝေဝါးပြီး ပုံပျက်နေသည်ယ
ထိုအင်မော်တယ်လမ်းကြောင်းကို မဖွင့်မီကပင် ကျွမ်းရှစ်က ၎င်းကို အောင်မြင်အောင် ဖွင့်လှစ်နိုင်ခြင်းရှိမရှိ မသိနိုင်ဘဲ အနာဂတ်အချိန်အတိုင်းအတာများကိုလည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။ သူက သူ၏ စွမ်းအားတိုးတက်မှုကြောင့်သာ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခု စမ်းသပ်မှုက အောင်မြင်မည့်ပုံမရပေ။
" ငါတို့ထပ်ပြီး မနီးကပ်နိုင်တော့ဘူးဆိုရင် ချက်ချင်း ဆုတ်ခွာပြီး အခြားလမ်းစဉ်တစ်ခုကို ဖွင့်လှစ်ကြတာပေါ။ " ဝူရှန်းက အကြံပေးလိုက်သည်။
" ကောင်းပြီလေ။ " ကျွမ်းရှစ်က ခေါင်းညိမ့်ပြီး လင်းယွမ်ကို ကြည့်လိုက်သည်။ " ထျန်းယွမ် မင်းတစ်ခုခုတွေးထားတာ ရှိလား။ "
" ငါစမ်းကြည့်လိုက်မယ်။ " လင်းယွမ်က ပတ်ဝန်းကျင်ကို လေ့လာခဲ့ပြီးဖြစ်သည်။
သူက အင်မော်တယ်လမ်းကြောင်းကို ဖွင့်လှစ်သော အတွေ့အကြုံမရှိသောကြောင့် သေချာဂရုတစိုက် ကြည့်ရှုနေခဲ့ခြင်းဖြစ်သည်။ ယခုတွင်မူ သူက အနည်းငယ် နားလည်သွားပြီဖြစ်သည်။
" ဟမ် " ကျွမ်းရှစ်၊ ပိုင်ပင်းနှင့် ဝူရှန်းတို့က မှင်သက်သွားကြသည်။
လင်းယွမ်က အင်မော်တယ်လမ်းကြောင်းကို ဆက်လက်ဖွင့်လှစ်ကြည့်ရန် ပြောနေသည်။ ပုံရိပ်ယောင်ကမ္ဘာ၏ အဓိကနေရာသို့ ဦးတည်နေသော အင်မော်တယ်လမ်းကြောင်းကို ချုပ်နှောင်မှုနှင့် ဖိအားများ ပြင်းထန်လှသောကြောင့် အင်မော်တယ်ဘုရင်အထွတ်အထိပ်ရှိသော အင်မော်တယ်ဘုရင်ပင် ဆက်လက်ဖွင့်လှစ်ရန် မဝံ့ရဲတော့ပေ။
လင်းယွမ်က မှင်သက်နေသော အင်မော်တယ်ဘုရင်သုံးပါးကို ရှင်းပြမနေဘဲ ရှေ့သို့ တက်လှမ်းလိုက်သည်။ လင်းယွမ်၏ ပုံရိပ်က ကျွမ်းရှစ်၏ ရှေ့တွင် ပေါ်လာသည်။
ခဏအတွင်း အရာအားလုံးကို ချေမှုန်းနိုင်သော ဖျက်ဆီးခြင်းဖိအားတစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။ ယခင် ကျွမ်ရှစ်အင်မော်တယ်ဘုရင်က ဖိအားအများစုကို ခုခံပေးခဲ့ပြီး ယခု လင်းယွမ်က ရှေ့ဆုံးသို့ ရောက်နေပြီဖြစ်သောကြောင့် ပုံရိပ်ယောင်ကမ္ဘာမှ ဖိအားများကို သူတစ်ယောက်တည်း ခုခံရတော့မည်ဖြစ်သည်။
ဝုန်း...
အတွေးတစ်ချက်နှင့် လင်းယွမ်၏ ပြင်ပစကြာဝဠာက ထွက်ပေါ်လာပြီး ချုပ်နှောင်မှုနှင့် ဖိအားများအားလုံးကို ခုခံလိုက်သည်။ ယခု သူ၏ အတွင်းစကြာဝဠာက ဖရိုဖရဲဟင်းလင်းပြင်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
သူက ၎င်းကို အခြေခံပြီး ကမ္ဘာနတ်စွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် သူဖန်တီးလိုက်သော ပြင်ပစကြာဝဠာက အချိန်အရှင်သခင်တစ်ယောက်ပင် အလွယ်တကူ လှုပ်ခါနိုင်တော့မည်မဟုတ်ပေ။ ပုံရိပ်ယောင်ကမ္ဘာ၏ အနှစ်သာရက အလွန်မြင့်မားသော်လည်း လင်းယွမ်က ၎င်း၏ စွမ်းအားအပြည့်ကို ရင်ဆိုင်ရန် မလိုဘဲ အစိတ်အပိုင်းလေးတစ်ခုကိုသာ ရင်ဆိုင်ရခြင်းဖြစ်သောကြောင့် ပြင်ပစကြာဝဠာက အလွယ်တကူ ကိုင်တွယ်နိုင်သည်။
" သွားကြစို့။ " လင်းယွမ်က ပုံရိပ်ယောင်ကမ္ဘာဆီသို့ လျှောက်လှမ်းသွားသည်။
ဝုန်း ဝုန်း....
အဆုံးမဲ့ လွှမ်းမိုးထားသော ချုပ်နှောင်မှုနှင့် ဖိအားများက လုံးဝပိတ်ဆို့ခံလိုက်ရချိန်တွင် လင်းယွမ်က ရှေ့သို့ တက်လှမ်းသွားပြီး မကြာမီ ပုံရိပ်ယောင်ကမ္ဘာ၏ အဓိကနေရာနှင့် နီးကပ်သော နေရာသို့ ရောက်ရှိသွားခဲ့သည်။
ထိုနေရာတွင် ရပ်နေရင်း လင်းယွမ်က သုံးကြိုးများဖြင့် ဖုံးလွှမ်းနေသော ပုံရိပ်ယောင်ကမ္ဘာ၏ မျက်နှာပြင်ကို မြင်တွေ့နိုင်သည်။
" ဟမ် " လင်းယွမ်က နောက်လှည့်ကြည့်လိုက်ရာ အင်မော်တယ်ဘုရင်သုံးပါးလုံးက ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေသည်ကို သတိပြုမိသွားသည်။
" ထျန်းယွမ်ဧကရာဇ်..." နောက်မှလိုက်ပါလာသော ဟုန်ချန်းအင်မော်တယ်များက သူတို့၏ ရှေ့တွင် မြင်တွေ့နေရသည်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေကြသည်။
" ကျွမ်းရှစ်အင်မော်တယ်ဘုရင်က ရှေ့မှာရှိတဲ့ ဖိအားကို တောင့်ခံနိုင်ပါ့မလားဆိုတာ မသေချာလို့ ရပ်လိုက်တာကို ထျန်းယွမ်ဧကရာဇ်က အင်မော်တယ်လမ်းကြောင်းရဲ့ အခက်ခဲဆုံးအပိုင်းကို အလွယ်တကူ ဖြတ်ကျော်သွားတာလား။ "
" ဒါက ကြောက်စရာကောင်းလွန်းတယ်။ ထျန်းယွမ်ဧကရာဇ်က ရုန်းကန်နေတဲ့ပုံတောင် မပေါက်ဘူး။ "
" ဒါဆို ထျန်းယွမ်ဧကရာဇ်ရဲ့ စွမ်းအားက ကျွမ်းရှစ်အင်မော်တယ်ဘုရင်ထက် သာလွန်နေတာပေါ့။ "
ဟုန်ချန်းအင်မော်တယ်များက အံ့ဩနေကြသည်။ သူတို့က အချိန်များစွာကြာအောင် အင်မော်တယ်လမ်းကြောင်းကို လေ့လာခဲ့ကြသောကြောင့် ပုံရိပ်ယောင်ကမ္ဘာ၏ ကြောက်စရာကောင်းမှုကို နားလည်ကြသည်။ ထျန်းယွမ်ဧကရာဇ်က အဓိကနေရာသို့ ချိတ်တက်ထားသော အင်မော်တယ်လမ်းကြောင်းကို အားစိုက်စရာမလိုဘဲ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ကျွမ်းရှစ်၊ ပိုင်ပင်းနှင့် ဝူရှန်းတို့က ယခုထိ မှင်သက်နေကြဆဲ ဖြစ်သည်။
" ကျွမ်းရှစ် မင်းတို့ မလာကြသေးဘူးလား။ " လင်းယွမ်က မေးလိုက်သည်။
အင်းမော်တယ်လမ်းကြောင်းကို ဖွင့်လှစ်ရန် ပုံရိပ်ယောင်ကမ္ဘာ၏ ဖိအားများကို ခုခံရမည့်အပြင် အချိန်လေဟာနယ်ကိုလည်း တည်ငြိမ်သော ပတ်ဝန်းကျင်ဖြစ်အောင် လုပ်ရန် လိုအပ်နေသေးသည်။
" လာပြီ။ လာပြီ။ "
" ထျန်းယွမ် ငါတို့လာပြီ။ " ကျွမ်းရှစ်က ချက်ချင်း တုန့်ပြန်လိုက်သည်။
" အားလုံးပဲ။ အင်မော်တယ်လမ်းကြောင်းကို တည်ငြိမ်အောင် လုပ်ကြ။ " ကျွမ်းရှစ်က ဟုန်ချန်းအင်မော်တယ်များကို ပြောလိုက်သည်။
ယခု အင်မော်တယ်လမ်းကြောင်းဖွင့်လှစ်ရန် အခက်ခဲဆုံးအပိုင်းကို လင်းယွမ်က လုပ်ဆောင်ပေးခဲ့သောကြောင့် လမ်းကြောင်းကို တည်ငြိမ်အောင်လုပ်ရန်မှာ သူတို့တာဝန်ဖြစ်သည်။ကျွမ်းရှစ်၏ သတိပေးမှုကြောင့် ဟုန်ချန်းအင်မော်တယ်များက ချက်ချင်း လှုပ်ရှားလာကြသည်။
" ကျွမ်းရှစ်က အဓိကနေရာကို အင်မော်တယ်လမ်းကြောင်း ဖွင်လှစ်လိုက်တာလား။ " အခြားအင်မော်တယ်လမ်းကြောင်းလေးခုမှ အင်မော်တယ်ဘုရင်များကလည်း ချက်ချင်း လှမ်းကြည့်လိုက်ကြပြီး မယုံကြည်နိုင်ဖြစ်သွားကြသည်။
" ပုံရိပ်ယောင်ကမ္ဘာရဲ့ အဓိကနေရာကို ဦးတည်တဲ့ အင်နော်တယ်လမ်းကြောင်းကို အားစိုက်စရာမလိုဘဲ ဖွင့်လှစ်လိုက်တာလား။ "
" အဲ့ဒါ ထျန်းယွမ်ဧကရာဇ်က ဖွင့်လိုက်လို့ပဲ။ ကျွမ်းရှစ်က ပထမတစ်ဝက်ကိုပဲ ဖွင့်လှစ်နိုင်ခဲ့တာ။ "
" ထျန်းယ်ိမ်ဧကရာဇ်က ဒီလောက်အလွယ်တကူ တောင့်ခံနိုင်တယ်ဆိုရင် ခုခံမှုအပိုင်းမှာ ငါတို့ အင်မော်တယ်ဘုရင်တွေ ပူးပေါင်းရင်တောင် သူ့ကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူး။ "
" ဒီခုခံမှုက အင်မော်တယ်ဧကရာဇ်အဆင့်နီးပါး ရောက်နေပြီ။ "
အင်မော်တယ်ဘုရင်များက အဝေးမှ ကြည့်ရှုနေကြသည်။ အင်မော်တယ်ဘုရင်များကြားတွင် ခွန်အားကွာခြားချက်က အလွန်ကြီးမားခြင်းမရှိပေ။ ထို့ကြောင့် အင်မော်တယ်ဘုရင်များက အခြားတစ်ယောက်ထက် နိမ့်ကျသည်ဟု ဝန်ခံရန် ဝန်လေးကြသည်။
သို့သော ယခုအခါ အင်မော်တယ်ဘုရင်များက လင်းယွမ်၏ ခုခံမှုကို လက်ခံသွားကြပြီဖြစ်သည်။ အင်မော်တယ်ဘုရင်တယ်ယောက်ကျော် ပူးပေါင်းလျှင်တောင် လင်းယွမ်၏ ခုခံမှုကို ထိုးဖောက်နိုင်မည်မဟုတ်ပေ။
" ထျန်းယွမ်ဧကရာဇ်ရဲ့ ခုခံမှုနည်းလမ်းက ဘယ်လိုမူလတာအိုနဲ့ သက်ဆိုင်တာလဲ။ ဖရိုဖရဲကမ္ဘာတာအိုလား။ ဖရိုဖရဲလေဟာနယ်တာအိုလား။ နှစ်ခုလုံးနဲ့ တူသလိုရှိပေမယ့် နှစ်ခုလုံးလည်း မဟုတ်ပြန်ဘူး။ "
" ဒါက လျို့ဝှက်နည်းစနစ်တစ်ခုဖြစ်နိုင်တယ်။ ထျန်းယွမ်ဧကရာဇ်နားလည်ထားတဲ့ ဖရိုဖရဲမူလတာအိုတွေက မနည်းဘူးလို့ ငါခံစားရတယ်။ ဖရိုဖရဲမူလတာအိုတွေကို ပေါင်းစပ်နိုင်မှသာ ဒီလိုကြောက်စရာကောင်းတဲ့ ခုခံမှုစွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မယ်။ "
အင်မော်တယ်ဘုရင်များက အချင်ချင်း ဆွေးနွေးနေကြသည်။ အင်မော်တယ်ဘုရင်များက သူတို့၏ မူလတာအိုကို နားလည်လာသည်နှင့်အမျှ ဖရိုဖရဲမူလတာအိုများကို တစ်ခုပြီးတစ်ခု နားလည်လာကြမည်ဖြစ်သည်။
ထို့နောက် သူတို့က သူတို့၏ ကိုယ်ပိုင်မူလတာအိုကို အခြေခံအဖြစ် အသုံးပြုပြီး ဖရိုဖရဲမူလတာအိုများကို ပေါင်းစပ်ကာ လျို့ဝှက်နည်းစနစ်များကို ဖန်တီးကြမည်ဖြစ်သည်။ လက်ရှိလင်းယွမ်၏ ပတ်ဝန်းကျင်မှ သူတို့မြင်တွေ့နေရသော စကြာဝဠာက ဖရိုဖရဲမူလတာအိုများစွာပါဝင်နေသည်။
ပုံရိပ်ယောင်ကမ္ဘာနှင့် နီးကပ်သောနေရာတွင် ကြီးမားသော ပုံရိပ်သုံးခုက ထိုင်နေသည်။
" နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ တာဟွမ်ရင်းမြစ်ကမ္ဘာကနေ ဒီလောက်သန်မာတဲ့သူမျိုး ထွက်ပေါ်လာလိမ့်မယ်လိို့ ငါမထင်ထားခဲ့ဘူး။ " ဘယ်ဘက်မှ ပုံရိပ်က ပြုံး၍ ပြောလိုက်သည်။
ယခင် သုံးဘဝအင်မော်တယ်ဧကရာဇ်က ပင်မအင်မော်တယ်လမ်းကြောင်းကို ဖွင့်လှစ်ပြီး ဟုန်ချန်းအင်မော်တယ်များနှင့် အင်မော်တယ်ဘုရင်များကို ခေါ်ဆောင်လာခဲ့သည်။
အင်မော််တယ်ဧကရာဇ်သုံးပါးက ပုံရိပ်ယောင်ကမ္ဘာကို ထိန်းချုပ်လိုက်ချိန်တွင် ၎င်းမှ ထွက်ပေါ်လာသော အင်မော်တယ်ဒြပ်စင်များက ရှားပါးသွားခဲ့သည်။ အင်မော်တယ်ဒြပ်စင်များ ပိုမိုရှားပါးလာခြင်းကြောင့် သန်မာသူများ ထွက်ပေါ်လာနိုင်မည်အရေအတွက်မှာ လျော့နည်းသွားမည်ဖြစ်သည်။
သို့သော် ရှေးခေတ်ကတည်းကပင် လင်းယွမ်ကဲ့သို့ သန်မာသူမျိုး တစ်ခါမှထွက်ပေါ်မလာခဲ့ပေ။ သုံးဘဝအင်မော်တယ်ဧကရာဇ်ပင် အင်မော်တယ်ဘုရင်အဆင့်တွင် ထိုသို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ခြင်းမရှိခဲ့ပေ။
" သုံးဘဝ သူ့ဆီမှာ သုံးဘဝနည်းစနစ်ရဲ့ အရိပ်အယောင်တွေ ငါခံစားမိတယ်။ မင်း တာဟွမ်ရင်းမြစ်ကမ္ဘာမှာ ချန်ခဲ့တဲ့ အမွေအနှစ်ကို ဆက်ခံလိုက်တာများလား။ " ညာဘက်မှ ပုံရိပ်က ပြောလိုက်သည်။
" သုံးဘဝနည်းစနစ်က ငါ့ရဲ့ အခြေခံပဲ။ ငါ ဘယ်လိုအမွေအနှစ်မျိုးမှ ချန်မထားခဲ့ဘူး။ " အလယ်မှ ကြီးမားသော ပုံရိပ်က ခေါင်းခါလိုက်သည်။
" စိတ်ဝင်စားစရာပဲ။ " ညာဘက်မှ ပုံရိပ်က စိတ်ဝင်စားသွားသည်။
" ဒီထျန်းယွမ်ရဲ့ စွမ်းအားအရဆိုရင် အင်မော်တယ်ဘုရင်အဆင့်မှာ သူ့အတွက် ပြိုင်ဘက်မရှိလောက်တော့ဘူး။ " ဘယ်ဘက်မှ ပုံရိပ်က ပြောလိုက်သည်။
ထိုဟုန်ချန်းအင်မော်တယ်များ၊ အင်မော်တယ်ဘုရင်များနှင့်ယှဉ်လျှင် သူတို့က လင်းယွမ်အပေါ် အကဲခတ်မှုမှာ ပို၍ အသေးစိတ်ကျသည်။ လင်းယွမ်၏ နည်းလမ်းများက ခုခံမှုထက် များစွာသာလွန်သည်ကို သူတို့သိကြသည်။ အခြားအရာများကို မပြောနှင့် လင်းယွမ်ဖြန့်ကျက်ထားသော ပြင်ပစကြာဝဠာကပင် အင်မော်တယ်ဘုရင်များကို ချေမှုန်းနိုင်သည်။ ၎င်းက ခုခံရုံသက်သက်မဟုတ်ပေ။
" မှန်တယ်။ " ညာဘက်မှ ပုံရိပ်က ခေါင်းညိမ့်လိုက်သည်။