ဖရိုဖရဲထိုက်ကျိတာအိုကို နားလည်ခြင်း....
Vol. 79 Ch. 1101
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
အချိန်အရှင်သခင်များဖြသ်သော အင်မော်တယ်ဧကရာဇ်များအတွက် သူတို့၏ အမြင်မှာ တာဟွမ်ရင်းမြစ်ကမ္ဘာအတွင်း၌ ကန့်သတ်မထားပေ။ သူက သူတို့၏ ပတ်ဝန်းကျင်ရှိ ကျယ်ပြောလှသော ဒိုင်မန်းရှင်းအက်ကြောင်းများကို သေချာလေ့လာထားကြသည်။
ထိုဒိုင်မန်းရှင်းအက်ကြောင်းရှိ ဒုတိယအဆင့် အချိန်သက်ရှိများတွင် ဘယ်သူမှ လင်းယွမ်နှင့် မယှဉ်နိုင်ကြပေ။ လင်းယွမ်က အင်မော်တယ်ဘုရင်များကြားတွင် ပြိုင်ဘက်ကင်းဟုပင် ခေါ်ဆိုနိုင်သည်။
" တကယ်လို့ ဒီလိုသန်မာသူမျိုးက အင်မော်တယ်ဧကရာဇ်ဖြစ်လာရင် ငါတို့ ပုံရိပ်ယောင်ကမ္ဘာကို အပြည့်အဝ စူးစမ်းဖို့ မျှော်လင့်ချက်ရှိလောက်တယ်။ " ဘယ်ဘက်မှ ပုံရိပ်က ပြောလိုက်သည်။
" ဟုတ်တယ်။ " ညာဘက်မှပုံရိပ်က ပြောလိုက်သည်။
ယခုအခါ အင်မော်တယ်ဧကရာဇ်သုံးပါးက ပူးပေါင်းထားသောကြောင့် ပုံရိပ်ယောင်ကမ္ဘာကို ပိတ်ဆို့နိုင်ခဲ့ကြသည်။ သို့သော် ပိတ်ဆို့နိုင်ရုံဖြင့် အပြည့်အဝ စူးစမ်းနိုင်ပြီဟု မဆိုလိုပေ။ ယခုအချိန်ထိ အင်မော်တယ်ဧကရာဇ်သုံးပါးက ပုံရိပ်ယောင်ကမ္ဘာကို ဘာမှမလုပ်နိုင်ဘဲရှိနေကြသည်။
ကျွမ်းရှစ်နှင့် အင်မော်တယ်ဘုရင်များ၏ ဦးဆောင်မှုအောက်တွင် အင်မော်တယ်လမ်းကြောင်းက တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။ ထို့အပြင် လင်းယွမ်ကလည်း ပုံရိပ်ယောင်ကမ္ဘာမှ ထွက်ပေါ်လာသော အမြဲတမ်း ခုခံနေရန် မလိုအပ်တော့ပေ။
" ဟားဟား ဒီအင်မော်တယ်လမ်းကြောင်းကတော့ တည်ဆောက်ပြီးခါနီးပြီ။ " ကျွမ်းရှစ်က ရယ်မောလိုက်သည်။
" ဒါက ထျန်းယွမ်ကြောင့်ပဲ။ " ပိုင်ပင်းက လင်းယွမ်ကို ကြည့်လိုက်သည်။ " ထျန်းယွမ် မင်းက ငါတို့ကို တကယ်လျို့ဝှက်ထားခဲ့တာပဲ။ ဒီတစ်ခါ မင်းသာ ထွက်မလာရင် မင်းရဲ့ စွမ်းအားက ဒိလောက်ထိကြီးမားတယ်ဆိုတာ ဘယ်သူမှသိမှာမဟုတ်ဘူး။ အင်မော်တယ်ဘုရင် အထွတ်အထိပ်တောင် မင်းကို မယှဉ်နိုင်လောက်ဘူး။ "
" အဲ့ဒါကတော့ သေချာတယ်။ " ကျွမ်းရှစ်က ခေါင်းညိမ့်လိုက်သည်။ သူကိုယ်တိုင်က အင်မော်တယ်ဘုရင် အထွတ်အထိပ်ဖြစ်ရာ ၎င်းကို တိကျစွာ အကဲဖြတ်နိုင်သည်။ သူက လင်းယွမ်၏ ပြိုင်ဘက်မဟုတ်သည်မှာ သေချာသည်။
လင်းယွမ်က ပြုံးလိုက်သည်။ အမှန်တကယ် သူ၏ နည်းစနစ်များစွာကို အသုံးမပြုရသေးပေ။ သူ၏ ကမ္ဘာနတ်စွမ်းရည်က အသန်မာဆုံးနည်းစနစ်များထဲမှ တစ်ခုသာဖြစ်သည်။
" အင်မော်တယ်လမ်းကြောင်းထဲ ဝင်ရောက်ပြီးတဲ့နောက်မှာ တိုးတက်မှုအချို့ ရှိခဲ့တယ်။ ဒါက ကံကောင်းလို့ပါပဲ။ " လင်းယွမ်က ပြောလိုက်သည်။
" မင်းရဲ့ ကံကောင်းမှုက တော်တော်ကြောက်ဖို့ကောင်းတာပဲ။ " ဝူရှန်းက ပြောလိုက်သည်။
" ကောင်းပြီ။ အင်မော်တယ်လမ်းကြောင်းက ပွင့်သွားပြီ။ ရှေ့ဆုံးနေရာကိုတော့ ထျန်းယွမ်အတွက် သီးသန့်ထားပေးမယ်။ " ကျွမ်းရှစ်က ပြောလိုက်သည်။
အင်မော်တယ်လမ်းကြောင်းတစ်ခုတွင် ပုံရိပ်ယောင်ကမ္ဘာနှင့် အက်ာအဝေးအပေါ် မူတည်၍ အသိအမြင်များကလည်း ကွဲပြားသည်။ ပုံရိပ်ယောင်ကမ္ဘာနှင့် အနီးကပ်ဆုံးနေရာမှာ အသိအမြင်ရရှိမှု အမြင့်မားဆုံးဖြစ်သည်။
" ငါ့မှာ ကန့်ကွက်စရာမရှိဘူး။ "
" ငါလည်း အတူတူပဲ။ "
ဝူရှန်းနှင့် ပိုင်ပင်းတို့ကလည်း ခေါင်းညိမ့်လိုက်ကြသည်။ ဤတစ်ကြိမ်တွင် လင်းယွမ်ကြောင့်သာ သူတို့က အကျိုးအမြတ်များ ရရှိလိုက်ခြင်းဖြစ်သည်။ လင်းယွမ်သာ မရှိလျှင် သူတို့က နောက်ထပ်အင်မော်တယ်လမ်းကြောင်းတစ်ခု ဖွင့်လှစ်ရန် ကြိုးစားနေပြီဖြစ်သည်။
" ဒါဆိုရင်တော့ ငါမငြင်းတော့ဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" တကယ်လို့ မင်းသာ ငြင်းလိုက်ရင် ဒီနေရာမှာ ဘယ်သူမှလေ့လာရဲမှာမဟုတ်ဘူး။ "
အင်မော်တယ်ဘုရင်သုံးပါးနှင့် စကားပြောနေစဉ် လင်းယွမ်က ပုံရိပ်ယောင်ကမ္ဘာကို လေ့လာရန် ကြိုးစားနေပြီဖြစ်သည်။ လက်ရှိ လင်းယွမ်ရှိနေသော အင်မော်တယ်လမ်းကြောင်းမှ ရရှိသော အသိအမြင်များက အခြားအင်မော်တယ်လမ်းကြောင်းများထက် များစွာ သာလွန်သည်။
လင်းယွမ်က ပုံရိပ်ယောင်ကမ္ဘာအတွင်းမှ မြင်ကွင်းများကိုပင် မြင်တွေ့လိုက်ရသည်။ သူ၏ စိတ်ထဲတွင် အသိအမြင်များက ရုတ်တရက် ပေါ်ပေါက်လာပြီး ထူးခြားသော အသိအမြင်များ ပေါင်းစပ်က ရှုထောင့်အသစ်များကို ဖြစ်ပေါ်စေသည်။
" ငါ ပုံရိပ်ယောင်ကမ္ဘာထဲကို ဝင်လို့ရလောက်လား။ " လင်းယွမ်က ပုံရိပ်ယောင်ကမ္ဘာထဲကို ဝင်ရောက်လိုသော ဆန္ဒ ပေါ်လာသည်။
အပြင်မှ လေ့လာရုံဖြင့် ကြီးမားသော အသိအမြင်များ ရရှိနေလျှင် ပုံရိပ်ယောင်ကမ္ဘာထဲသို့ ဝင်ရောက်နိုင်ပါက အဆင့်တက်ရာတွင် ပို၍ လွယ်ကူသွားနိုင်သည်။
" ထားလိုက်ပါတော့။ " လင်းယွမ်က ထိုအတွေးကို ပယ်ဖျက်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူ၏ ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အပြင်မှ လေ့လာလျှင်တောင် စိတ်မကူးယဉ်နိုင်သော ရလဒ်များကို ရရှိသောကြောင့် ပုံရိပ်ယောင်ကမ္ဘာထဲသို့ ဝင်ရောက်ရန် စွန့်စားနေစရာမလိုပေ။
လင်းယွမ်ရရှိထားသော အချက်အလက်များအရ အင်မော်တယ်ဧကရာဇ်သုံးပါးကလည်း ပုံရိပ်ယောင်ကမ္ဘာထဲသို့ ဝင်ရောက်ခြင်းမရှိဘဲ ပိုမိုနီးကပ်သောနေရာတွင်သာ လေ့လာနေကြခြင်းဖြစ်သည်။ အချိန်အရှင်သခင်များပင် မလုပ်ဆောင်သောအရာကို လင်းယွမ်ကလည်း လုပ်မည်မဟုတ်ပေ။
အချိန်များကုန်လွန်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းနှစ်ရာ ကြာသွားခဲ့သည်။
ပုံရိပ်ယောင်ကမ္ဘာကို နှစ်ပေါင်းနှစ်ရာ လေ့လာခြင်းဖြင့် လင်းယွမ်က အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ သူ၏ စိတ်ထဲတွင် ဖရိုဖရဲမူလတာအိုများက အပြန်အလှန် ရစ်ပတ်နေကြပြီး တဖြည်းဖြည်း အဖြူအနက် ယင်ယန်စွမ်အားများ ပေါင်းစည်းထားသော မူလတာအိုတစ်ခုအဖြစ် ဖြစ်ပေါ်လာခဲ့သည်။
" ဖရိုဖရဲထိုက်ကျိတာအိုကို နားလည်လုနီးပါးဖြစ်နေပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။
အင်မော်တယ်လမ်းကြောင်းပေါ်ရှိ ဟုန်ချန်းအင်မော်တယ်များနှင့် အင်မော်တယ်ဘုရင်များက သူ့ကို ဖရိုဖရဲဖျက်ဆီးခြင်းတာအိုကို နားလည်ထားသောကြောင့် အင်မော်တယ်ဘုရင်တစ်ပါးဟု ယုံကြည်ထားကြသည်။
လက်တွေ့တွင် လင်းယွမ်က ဖရိုဖရဲထိုက်ကျိတာအိုပင် နားလည်ခြင်းမရှိသေးဘဲ သူ၏ စစ်မှန်သောနယ်ပယ်မှာ အလွှာဆယ့်သုံး ပထမအဆင့် ဟုန်ချန်းအင်မော်တယ်သာ ရှိသေးသည်။
ဒုတိယရင်းမြစ်ကမ္ဘာ။
လင်းယွမ်က နတ်ဆိုးကပ်ဘေးကို အဆုံးသတ်ပြီးနောက် ရင်းမြစ်ကမ္ဘာက ပြန်လည်ထွန်းကားလာခဲ့သည်။ နတ်ဆိုးကပ်ဘေး၏ ခြိမ်းခြောက်မှုမရှိသောကြောင့် ကျင့်ကြံသူများက သူတို့၏ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်နိုင်ကြပြီး အလွယ်တကူ အဆင့်တက်နိုင်ခဲ့ကြသည်။
နတ်ဆိုးကပ်ဘေးကို ခုခံခဲ့သောကြောင့် ထိုကျင့်ကြံသူများတွင် ခိုင်မာသော အခြေခံများရှိနေကြသည်။ သူတို့က သင့်တော်သော ပတ်ဝန်းကျင်ကို ရောက်ရှိသွားလျှင် ကျင့်ကြံမှုမှာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ထို့အပြင် နတ်ဆိုးစွမ်းအားများ၏ လွှမ်းမိုးမှုကြောင့် မဟာတာအို၏ နိယာမများက ဝေဝါးနေပြီး သူတို့၏ သိမြင်မှုများက ချုပ်တည်းခံခဲ့ရသည်။ အကယ်၍ သူတို့က ထိုချုပ်တည်းမှုမှ ထိုးဖောက်နိုင်လျှင် ကေုင်းကင်သို့ ပျံသန်းနိုင်ပေလိမ့်မည်။
" သက်ရှိတွေ..." လင်းယွမ်၏ အကြည့်က ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး သက်ရှိတစ်ယောက်ချင်းစီ၏ အချိန်အတိုင်းအတာများက လျင်မြန်စွာ ပွင့်လာသည်။ အရေတွက်နိုင်သော သက်ရှိများ၏ အချိန်အတိုင်းအတာများ အပြန်အလှန် ပေါင်းစည်းခြင်းက ရင်းမြစ်ကမ္ဘာ၏ အနာဂတ်ကို ဖြတ်ပေါ်စေသည်။
" အချိန်သက်ရှိမဟုတ်တဲ့သက်ရှိတွေက အချိန်သက်ရှိတွေနဲ့ ယှဉ်ရင် အရမ်းနုနယ်လွန်းတယ်။ "လင်းယွမ်က တွေးလိုက်သည်။
ထိုနုနယ်မှုက ရုပ်ပိုင်းဆိုင်ရာ နုနည်မှုမျိုးမဟုတ်ဘဲ ပိုမိုနက်ရှိုင်းသော တည်ရှိမှုဆိုင်ရာ နုနယ်မှုမျိုး ဖြစ်သည်။ ၎င်းက ရုပ်ပြစာအုပ်ထဲမှ ဇာတ်ကောင်များကဲ့သို့ ဖြစ်သည်။ သူတို့က မည်သို့ပင် မုန်တိုင်းထန်အောင် လုပ်သည်ဖြစ်စေ စာအုပ်အပြင်မှ ရှိနေသူများအတွက် ၎င်းကို တစ်ချက်ကြည့်ရုံနှင့် အကုန်မြင်နိုင်လေသည်။
" ဖြစ်နိုင်တာက ပြည့်စုံတဲ့ အချိန်သက်ရှိတစ်ယောက်ရဲ့ အမြင်မှာလည်း အချိန်သက်ရှိတွေက ဒီလိုပဲ ဖြစ်နေမလား။ " လင်းယွမ်က တွေးလိုက်သည်။
" အချိန်အရှင်သခင်ဖြစ်လာမှသာ ပြည့်စုံတဲ့အချိန်သက်ရှိကို နည်းနည်းခုခံနိုင်စွမ်းရှိမယ်ထင်တယ်။ "
အချိန်အရှင်သခင်များက ပြည့်စုံသော အချိန်သက်ရှိများကို စိန်ခေါ်နိုင်စွမ်းရှိကြသည်။ သူတို့ အောင်မြင်မလားဆိုသည်မှာ ကဏ္ဍတစ်ခုသာ ဖြစ်သည်။
" စွမ်းအားက အရာအားလုံးရဲ့ အခြေခံပဲ။ စွမ်းအားသာ လုံလောက်အောင် ကြီးမားနေရင် ပြည့်စုံတဲ့ အချိန်သက်ရှိကရော ဘာလုပ်နိုင်မှာမလို့လဲ။ "
လုံလောက်အောင် သန်မာမှသာ မိမိကံကြမ္မာကို အခြားသူ၏ ထိန်းချုပ်ခြင်းမခံရဘဲ လွတ်မြောက်နိုင်မည်ဖြစ်သည်။ အချိန်သက်ရှိများက သူတို့၏ ကံကြမ္မာအား ကြိုတင်သတ်မှတ်ခံထားရသည်ကို မည်သို့မှ လက်ခံနိုင်မည်မဟုတ်ပေ။
" ဖရိုဖရဲထိုက်ကျိတာအို။ " လင်းယွမ်က အာရုံစိုက်လိုက်ပြီး ယင်ယန်စွမ်းအားများက အပြန်အလှန်ရစ်ပတ်သွားကာ မဟာတာအိုတစ်ခုကို ပုံဖော်နေသည်။
" ဖရိုဖရဲထိုက်ကျိတာအိုကို ငါနားလည်သွားတာနဲ့ ငါ့ရဲ့ ခွန်အားက အများကြီးတိုးတက်သွားလိမ့်မယ်။ " လင်းယွမ်က မကြာခင်ဖြစ်တည်လာတော့မည့် မူလတာအိုကို စိုက်ကြည့်နေသည်။
ထိုမူလတာအိုက ဒုတိယအဆင့်သို့ တက်လှမ်းနိုင်မည့် နည်းလမ်းဖြစ်သည်။ ၎င်းက အခြားမူလတာအိုများကို နားလည်ခြင်းထက် လင်းယွမ်ကို ပိုကြီးမားသော မြှင့်တင်မှုကို ပေးနိုင်သည်။
ဖရိုဖရဲထိုက်ကျိတာကို နားလည်ခြင်းမှာ လင်းယွမ်ကို ပြည့်စုံသော အချိန်သက်ရှိနှင့် ယှဉ်နိုင်အောင် မလုပ်ပေးနိုင်သော်လည်း အနည်းဆုံးတော့ ပိုမိုနီးစပ်လာပြီဖြစ်သည်။ အဆုံးမဲ့ အချိန်များတစ်လျှောက် မတိုးတက်နိုင်သော အချိန်သက်ရှိများနှင့်ယှဉ်လျှင် လင်းယွမ်၏ စွမ်းအားက ပုံမှန်အတိုင်း တိုးတက်နေသည်။
အဖြူအနက် ယင်ယန်တာအိုက အဆက်မပြတ် ရစ်ပတ်လာပြီး ဖရိုဖရဲထိုက်ကျိတာအိုဖြစ်တည်ရန် နီးစပ်နေပြီဖြစ်သည်။ ၎င်းက ရင်းမြစ်ကမ္ဘာ၏ နိယာမများနှင့် အခြေခံသဘောတရားများကို သဘာဝအတိုင်း စတင်လွှမ်းမိုးလာသည်။
တည်ရှိပြီးသား ဖရိုဖရဲမူလတာအိုများကို နားလည်အောင် ကြိုးစားခြင်းက လှုပ်ခတ်မှု သိပ်မဖြစ်ပေ။ သို့သော် ဖရိုဖရဲထိုက်ကျိတာအိုက အဆုံးမဲ့ဒိုင်မန်းရှင်းများကြားတွင် ပေါ်မလာဖူးပေ။ ထို့ကြောင့် ၎င်း၏ မွေးဖွားမှုက မရေတွက်နိုင်သော မူလတာအိုများနှင့် ပဲ့တင်ထပ်သွားပေလိမ့်မည်။
သို့သော် လင်းယွမ်က ရင်းမြစ်ကမ္ဘာအတွင်း ရှိနေသောကြောင့် ထိုပဲ့တင်ထပ်မှုက ရင်းမြစ်ကမ္ဘာအတွင်း ကန့်သတ်ထားမည်ဖြစ်သည်။ ၎င်းက အခြားဒိုင်မန်းရှင်းနယ်မြေများကို သက်ရောက်မှုရှိမည်မဟုတ်ပေ။