ဒုတိယအဆင့် အချိန်သက်ရှိ...
Vol. 79 Ch. 1102
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
" ဒီလှုပ်ခတ်မှုက နဂါးငွေ့တန်းလား။ " အဆုံးမဲ့အရှင်သခင်နှင့် အခြားထာဝရအရှင်သခင်များက ရင်းမြစ်ကမ္ဘာ၏ နိယာမများနှင့် အခြေခံသဘောတရားများ၏ ပြောင်းလဲမှုများကို သတိထားမိလိုက်ကြသည်။ သူတို့၏ အကြည့်များက လင်းယွမ်ရှိနေသော နေရာသို့ ရောက်သွားကြသည်။
" ဒါက မူလတာအိုလား။ နဂါးငွေ့တန်းက သူ၏ ကိုယ်ပိုင်ဖရိုဖရဲမူလတာအိုကို နားလည်သွားတာလား။ " အနက်ရောင်လေဟာနယ်အရှင်သခင်က မှင်သက်သွားသည်။
ကိုယ်ပိုင်ဖရိုဖရဲမူလတာအိုကို နားလည်ခြင်းဆိုသည်မှာ သူက အလွှာဆယ့်သုံး ဒုတိယအဆင့်သို့ တက်လှမ်းတော့မည်ဖြစ်ကြောင်း ပြသနေသည်။ သို့သော် လင်းယွမ်က အချိန်သက်ရှိဖြစ်လာသည်မှာ မကြာသေးပေ။
ထာဝရအရှင်သခင်များက လင်းယွမ်၏ အချိန်အတိုင်းအတာကို မြင်တွေ့ခဲ့ဖူးပြီး သူက အချိန်အရှင်သခင်ဖြစ်လာမည်ကို ကြိုသိထားကြသည်။ သို့သော် ၎င်းက အလွန်မြန်လှသည်။
" အံ့ဩစရာပဲ။ တကယ်ကို ကံပါလာတဲ့ အချိန်သက်ရှိတစ်ယောက်ပဲ။ " ဝူရှန်းအရှင်သခင်က အံ့ဩစွာ ပြောလိုက်သည်။
ထာဝရအရှင်သခင်များက မူလတာအို၏ လှုပ်ခတ်မှုကို ဂရုတစိုက် ခံစားနေကြသည်။ ပထမအဆင့် အချိန်သက်ရှိတစ်ယောက်အတွက် မူလတာအိုအသစ်တစ်ခု၏ လှုပ်ခတ်မှုကို ခံစားရခြင်းကလည်း အခွင့်အရေးတစ်ခုဖြစ်သည်။
ထိုလှုပ်ခတ်မှုက အလွန်ကြီးမားပြီး ရင်းမြစ်ကမ္ဘာတစ်ခုလုံး၏ မရေတွက်နိုင်သော နိယာမများကို လွှမ်းခြုံသွားသည်။ ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက် အစွမ်းကုန် ကြိုးစားလျှင်တောင် ရင်းမြစ်ကမ္ဘာကို လှုပ်ခါရန်မဖြစ်နိုင်ပေ။
ဝူရှန်းအရှင်သခင်၏ ရည်ရွယ်ချက်က ရင်းမြစ်ကမ္ဘာတစ်ခုကို ရေးဆွဲရန်ဖြစ်သည်။ ၎င်းကို အောင်မြင်သည်နှင့် အချိန်အရှင်သခင် ဖြစ်လာပေလိမ့်မည်။ ရင်းမြစ်ကမ္ဘာတစ်ခုလုံးကို လှုပ်ခါနိုင်သော စွမ်းအားက တနိယအဆင့် အချိန်အရှင်သခင်များသာ ပိုင်ဆိုင်ကြသည်။
" အဆုံးမဲ့ မင်းတစ်ခုခုရှာတွေ့လို့လား။ " အနက်ရောင်လေဟာနယ် အရှင်သခင်က အဆုံးမဲ့အရှင်သခင်၏ အမူအရာကို သတိထားမိပြီး မေးလိုက်သည်။
" ဘာမှမဟုတ်ပါဘူး။ " အဆုံးမဲ့အရှင်သခင်က အနည်းငယ် မသေချာသောကြောင့် သူ၏ အတွေးများကို တိုက်ရိုက်ထုတ်မပြောပေ။
" နဂါးငွေ့တန်းရဲ့ ကိုယ်ပိုင်မူလတာအိုကို နားလည်သွားတာက ငါတို့ ဆရာဆီမှာ ကျင့်ကြံခဲ့တုန်းက အချိန်နဲ့ တူနေလို့ပဲ။ "
အဆုံးမဲ့အရှင်သခင်၏ ဆရာမှာ ကောင်းကင်အလင်းအရှင်သခင်ကို ရည်ညွှန်းခြင်းဖြစ်သည်။ သူကလည်း အချိန်အရှင်သခင်တစ်ယောက်ဖြစ်သည်။
" နဂါးငွေ့တန်းရဲ့ ကျင့်ကြံမှုအရှိန်နဲ့ဆိုရင် ဆရာရဲ့ အဆင့်ကို ရောက်ဖို့ သိပ်မကြာလောက်ဘူး။ " အနက်ရောင်လေဟာနယ်အရှင်သခင်က ပြောလိုက်သည်။
ပထမရင်းမြစ်ကမ္ဘာ။
ဘိုးဘေးခြောက်ယောက်ကလည်း မူလတာအို၏ ရိုက်ခတ်မှုကို သတိပြုမိလိုက်ကြသည်။
" တကယ်ကြောက်စရာကောင်းတယ်။ ဒါက ဘယ်လောက်တောင် ကြာသေးလို့လဲ။ " တာဖုဘိုးဘေးက စိတ်ထဲမှ တုန်လှုပ်သွားပြီး လင်းယွမ်နှင့် ရင်းနှီးမှု တည်ဆောက်ခဲ့သည့်အတွက် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
" လီယန် မင်းက တကယ်ကံကောင်းတာပဲ။ " တဖုဘိုးဘေးက လီယန်ဘိုးဘေးကို ကြည့်လိုကိသည်။
ဘိုးဘေးများက တစ်ယောက်ချင်း လွတ်လပ်စွာ ရှိနေကြသော်လည်း နောက်ဆုံးတွင် လင်းယွမ်က လီယန်ရှေးဟောင်းနိုင်ငံမှ ဖြစ်သည်။ ယခု လင်းယွမ်က ဒုတိယအဆင့် အချိန်သက်ရှိဖြစ်လာလျှင် သူတို့၏ အဆင့်အတန်းက အမြင့်ဆုံး ဖြစ်သွားပေလိမ့်မည်။
စွမ်းအားအရဆိုလျှင် တဖုဘိုးဘေးက အသန်မာဆုံးဖြစ်ပြီး တလင်းဘိုးဘေးက ဒုတိယဖြစ်သည်။ လီယန်ဘိုးဘေးက သိပ်ထင်ရှားသူမဟုတ်ပေ။ သို့သော် နဂါးငွေ့တန်းနှင့် ပက်သက်မှုကြောင့် လီယန်ဘိုးဘေးက သူတို့အားလုံးကို ကျော်တက်သွားပြီဖြစ်သည်။
" ဟားဟား " လီယန်ဘိုးဘေးက ရယ်လိုက်သည်။
" ငါတို့က ဒိုင်မန်းရှင်းနယ်မြေတစ်ခုတည်းက ဖြစ်လို့ အနာဂတ်မှာ မဟာကပ်ဘေးနဲ့ ကြုံတွေ့ခဲ့ရင် အခြားအချိန်သက်ရှိတွေကို ဆန့်ကျင်ဖို့ ငါတို့အားလုံး ပူးပေါင်းရလိမ့်မယ်။ " လီယန်ဘိုးဘေးက ပြန်လိာက်သည်။
မဟာကပ်ဘေးကြီးပြီးနောက် ဒိုင်မန်းရှင်းအက်ကြောင်းထဲသို့ ဝင်ရောက်ချိန်တွင် အချိန်သက်ရှိများဖြစ်သော သူတို့အတွက် စစ်မှန်သော စိန်ခေါ်မှုက ရောက်လာပေလိမ့်မည်။
" မှန်တာပေါ့။ " ကျင်းလဲ့ဘိုးဘေးက ခေါင်းညိမ့်လိုက်သည်။ နောက်ဆုံးတွင် သူတို့က ဒိုင်မန်းရှင်းတစ်ခုတည်းမှ လာခြင်းဖြစ်သောကြောင့် အနာဂတ်တွင် ပြင်ပခြိမ်းခြောက်မှုများကို ဆန့်ကျင်ရန်အတွက် စည်းလုံးနေရန်လိုအပ်သည်။
ဖရိုဖရဲဟင်းလင်းပြင်။
လင်းယွမ်က ခြေချိတ်ထိုင်နေပြီး သူ၏ ရှေ့တွင် ဖရိုဖရဲထိုက်ကျိတာအိုက အပြည့်အဝ ဖြစ်တည်လာခဲ့သည်။
" ဒါက ငါ့ရဲ့ မူလတာအိုပဲ။ " လင်းယွမ်က ၎င်းကို ဂရုတစိုက် စစ်ဆေးကြည့်ရာ ဖရိုဖရဲထိုက်ကျိတာအို၏ စွမ်းအားက ဖရိုဖရဲဖျက်ဆီးခြင်းတာအိုထက် များစွာသာလွန်နေသည်ကို သတိပြုမိလိုက်သည်။
" သာမန်ဒုတိယအဆင့် အချိန်သက်ရှိတွေက အခြားဖရိုဖရဲမူလတာအိုနားမလည်ခင် သူတို့ရဲ့ မူလတာအိုကို အရင်နားလည်အောင် လုပ်ကြတယ်။ ဒါပေမယ့် ငါက ပြောင်းပြန်ပဲ။ ဖရိုဖရဲထိုက်ကျိတာအိုကို နားမလည်ခင် အခြားမူလတာအိုတွေကို အရင်နားလည်သွားခဲ့တယ်။ " လင်းယွမ်က ကျေနပ်နေသည်။အဓိကအကြောင်းရင်းမှာ ဖရိုဖရဲထိုက်ကျိတာအိုကို နားလည်ရန် ခက်ခဲမှုက အလွန်မြင့်မားသောကြောင့် ဖြစ်သည်။
" ဖရိုဖရဲထိုက်ကျိတာအိုကို နားလည်ပြီး ဒုတိယအဆင့်ကို တက်လှမ်းလိုက်တာနဲ့ ငါ့ရဲ့ စွမ်းအားက အချိန်အရှင်သခင်တွေနဲ့ မခြားလောက်တော့ဘူး။ "
သူ၏ တိုက်ရိုက်တိုက်ခိုက်ရေးစွမးအားက သာမန်အချိန်အရှင်သခင်များထက် အားနည်းခြင်းမရှိပေ။ အချိန်အတိုင်းအတာများကို ထိန်းချုပ်ခြင်းနှင့် ဖုံးကွယ်ခြင်းတွင် အရှင်သခင်အခွင့်အာဏာ၏ ကောင်းချီးကြောင့် အချိန်အရှင်သခင်တစ်ယောက်နှင့် ကွာခြားမှုမရှိတော့ပေ။
" အခုအချိန်မှာ ငါ့ကိုငါ အချိန်အရှင်သခင်လို့ ပြောရင်တောင် ဘယ်သူမှမေးခွန်းထုတ်မှာမဟုတ်ဘူး။ တတိယအဆင့် အချိန်အရှင်သခင်တွေတောင် ဘာမှထူးထူးခြားခြား ခံစားမိမှာမဟုတ်ဘူး။ " လင်းယွမ်က စိတ်ထဲမှတွေးလိုက်သည်။
အမှန်တော့ သူတို့သတိထားမိလျှင်တောင် ဘာမှမထူးပေ။ မည်သည့်နေရာတွင်ဖြစ်စေ ခွန်အားကသာ အဓိကဖြစ်သည်။ လင်းယွမ်က အဖက်ဖက်မှ အချိန်အရှင်သခင်များကို ယှဉ်နိုင်နေလျှင် သူက တကယ် အချိန်အရှင်သခင်တစ်ယောက်ပင်ဖြစ်သည်။ သူက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို လက်နက်အဖြစ် အသုံးပြုလျှင် အချိန်အရှင်သခင်တစ်ယောက်ကိုတောင် အမြစ်ပြတ်သုတ်သင်ပစ်နိုင်စွမ်းဖြစ်သည်။
တာဟွမ်ရင်းမြစ်ကမ္ဘာ။
အင်မော်တယ်လမ်းကြောင်း၏ အဆုံးသတ်တွင် ဖရိုဖရဲထိုက်ကျိတာအိုကို နားလည်သွားသည်နှင့် အင်မော်တယ်လမ်းကြောင်း၏ မဟာတာအိုကို သက်ရောက်ခံလိုက်ရပြီး လင်းယွမ်ကို ဗဟိုပြု၍ လှိုင်းဂယက်များစတင်ထွက်ပေါ်လာသည်။
အစပိုင်းတွင် ဟုန်ချန်းအင်မော်တယ်များက အံ့ဩခြင်းမရှိကြပေ။ ဟုန်ချန်းအင်မော်တယ်များက ကိုယ်ပိုင်မူလတာအိုကို နားလည်ပြီး အင်မော်တယ်ဘုရင်မျညးဖြစ်လာခြင်းက မကြားဖူးသောအရာမဟုတ်ပေ။ သို့သော် လှိုင်းဂယက်များ ပိုမိုကျယ်ပြန့်လာပြီး အင်မော်တယ်လမ်းကြောင်းများကို ဖုံးလွှမ်းသွားသောအခါ သူတို့အားလုံးက မယုံကြည်နိုင်ဖြစ်သွားကြသည်။
ကိုယ်ပိုင်မူလတာအိုကို နားလည်ခြင်းဖြင့် ထိုကဲ့သို့ ကြီးမားသော လှုပ်ရှားမှုကို ဖြစ်ပေါ်စေသည်။
" ဒါက ထျန်းယွမ်ဧကရာဇ်ပဲ။ "
" နေဦး။ ထျန်းယွမ်ဧကရာဇ်က အင်မော်တယ်ဘုရင်မဖြစ်သေးဘူးလား။ "
ဟုန်ချန်းအင်မော်တယ်များနှင့် အင်မော်တယ်ဘုရင်များက မယုံကြည်နိုင်ဖြစ်နေကြသည်။ မကြားသေးခင်က အင်မော်တယ်ဘုရင် အထွတ်အထိပ်စွမ်းအားကို ထုတ်ပြခဲ့သော ထျန်းယွမ်ဧကရာဇ်က ဟုန်ချန်းအင်မော်တယ် ဖြစ်နေသည်။
ပုံရိပ်ယောင်ကမ္ဘာမှ လင်းယွမ်အား သူတို့နှင့် ပူးပေါင်းမည့်နေ့ကို မျှော်လင့်နေကြသော အင်မော်တယ်ဧကရာဇ်သုံးပါးက ဖရိုဖရဲထိုက်ကျိတာအို၏ ထွက်ပေါ်လာမှုကို သတိပြုမိလိုက်ကြသည်။
အင်မော်တယ်ဧကရာဇ်သုံးပါးက လင်းယွမ်၏ အဆင့်ကို မသိကြပေ။ အလွှာဆယ့်သုံး အချိန်သက်ရှိတွင် အဆင့်များကို တိုက်ရိုက်မမြင်နိုင်ပေ။ အချိန်သက်ရှိတစ်ယောက်က ဖရိုဖရဲမူလတာအိုကို နားလည်ထားခြင်းရှိမရှိ သူတို့ကိုယ်တိုင် ထုတ်ပြမှသာ သိနိုင်လေသည်။
ပုံမှန်အားဖြင့် အချိန်သက်ရှိ၏ စွမ်းအားကို ကြည့်၍သာ ဆုံးဖြတ်နိုင်သည်။ လင်းယွမ်၏ ယခင်စွမ်းအားက အင်မော်တယ်ဘုရင်နှင့် နှိုင်းယှဉ်နိုင်ပြီး ဖရိုဖရဲဖျက်ဆီးခြင်းတာအိုကို နားလည်ခြင်းနှင့် ပေါင်းစပ်ထားသည်။ သီအိုရီအရ ဟုန်ချန်းအင်မော်တယ်တစ်ပါးက ၎င်းတို့ကို မအောင်မြင်နိုင်ပေ။
အင်မော်တယ်ဧကရာဇ်သုံးပါးက လင်းယွမ်မှာ အင်မော်တယ်ဘုရင်တစ်ပါးမဟုတ်သည်ကို အနည်းငယ်မျှသာ အံ့ဩခဲ့ကြပြီး သူတို့အဓိကအာရုံစိုက်သည်မှာ အသစ်မွေးဖွားလာသော ဖရိုဖရဲထိုက်ကျိတာအိုသာ ဖြစ်သည်။
" ဒီဖရိုဖရဲမူလတာအိုက ငါသိတဲ့ မူလတာအိုတွေထက် ပိုပြီး ပြည့်စုံတယ်။ ဒါက သဘာဝဖရိုဖရဲမူလတာအိုတွေထက် မနိမ့်ဘူး။ " ညာဘက်မှ ပုံရိပ်က တုန်လှုပ်သွားသည်။
သဘာဝဖရိုဖရဲမူလတာအိုဆိုသည်မှာ ဖရိုဖရဲဖျက်ဆီးခြင်းတာအို၊ ဖရိုဖရဲအချိန်လေဟာနယ်တာအိုတို့ဖြစ်သည်။ ထိုသို့သော အခြေခံ ဖရိုဖရဲမူလတာအိုများက အဆုံးမဲ့ဒိုင်မန်းရှင်းနယ်မြေများ၏ လည်ပတ်မှုကို ထောက်ပံ့ပေးနေသည်။ ယခု ဖရိုဖရဲထိုက်ကျိတာအိုက ပြည့်စုံမှအပိုင်းတွင် သဘာဝဖရိုဖရဲမူလတာအိုများနှင့် ဆင်တူနေသည်။
" တကယ်လို့ ဒီလိုမူလတာအိုမျိုးကိုသာ သုံးပြီး ပြည့်စုံသောအချိန်သက်ရှိအဆင့်ကို ကြိုးစားမယ်ဆိုရင် ဘယ်လိုရလဒ်မျိုး ထွက်လာမလဲဆိုတာ ငါသိချင်မိတယ်။ " ဘယ်ဘက်မှ ပုံရိပ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ပြည့်စုံသော အချိန်သက်ရှိတစ်ယောက် ဖြစ်လာနိုင်ခြင်းရှိမရှိကို ကျင့်ကြံခြင်းစကတည်းက ကိုယ်ပိုင်လမ်းစဉ်အပေါ်တွင် မူတည်နေသည်။ မည်သည့်လမ်းစဉ်က အလွှာဆယ့်လေး ပြည့်စုံသော အချိန်သက်ရှိတစ်ယောက်ဖြစ်နိုင်မည်ဆိုသည့် စံနှုန်းမရှိသေးသော်လည်း အချိန်အရှင်သခင်များ၏ အတွေးအရ မိမိ၏ မူလတာအိုက တတ်နိုင်သမျှ အပြည့်စုံဆုံး ဖြစ်နေရမည်ဖြစ်သည်။
ယခု လင်းယွမ်နားလည်သွားသော ဖရိုဖရဲထိုက်ကျိတာအိုက အင်မော်တယ်ဧကရာဇ်သုံးပါး မြင်တွေ့ဖူးသမျှထဲတွင် အပြည့်စုံဆုံး ဖရိုဖရဲမူလတာအိုဖြစ်သည်။