← Chapters

အခန်း (၁၃၄၉-၁၃၅၀)

Vol. 77 Ch. 1349-1350

အခန်း (၁၃၄၉-၁၃၅၀)

Vol. 77 Ch. 1349-1350

အပိုင်း (၁၃၄၉)

သူမနှင့် ရှမ့်လန်အကြား စိတ်ချင်းဆက်သွယ်မှုမှာ တကယ့်ကို ပြိုင်ဘက်ကင်းသည်ဟု ဆိုရပေမည်။ မိုင်ပေါင်း သောင်းချီ ဝေးကွာနေသော်လည်း ရှမ့်လန်၏တည်ရှိမှုကို သူမ ခံစားနေရဆဲ ဖြစ်သည်။ ခေတ္တမျှ ငိုကြွေးပြီးနောက် မူလန်က ပြောလိုက်သည်။ “ယောက်ျား... ရှင်... တောင်ဝင်ရိုးစွန်း ပျောက်ဆုံးအင်ပါယာဆီ လာခဲ့ပါ။ ပြီးတော့... ပြီးတော့ ကျွန်မ...”

ဤအချိန်တွင် ဘာပြောရမည်နည်း။ ဤသည်မှာ ဖုန်းပြောနေခြင်း မဟုတ်ပေ။ ဖုန်းချလိုက်ပြီဟု ပြော၍ မရပေ။ ဘိုးဘေးလော်၏အမြင်အရ ဤသည်မှာ မူလန်၏ တစ်ဖက်သတ် ဆန္ဒစွဲလမ်းမှု ဖြစ်ကောင်း ဖြစ်နိုင်၏။

ထိုအချိန်တွင် ရှမ့်လန်သည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ “မူလန်... မူလန်...”

လွန်ခဲ့သော နှစ် ၃၀ တည်းက မူလန်သည် သူ့အတွက် နေ့တိုင်း နေရာအနှံ့ ပြေးလွှားနေခဲ့ရှာသည်။ အဆုံးမရှိသကဲ့သို့ပင်။

အစပိုင်းတွင် သူမသည် နဂါးကြီးများ၏ ခြေရာကို လိုက်ရှာခဲ့သည်။ ထို့နောက် ရှမ့်လန် အဆင့်မြင့် နဂါး အသိဉာဏ်အမြင် ပြီးမြောက်စေရန် ကူညီပေးခဲ့သည်။ သို့သော်ငြား သူတို့ မတွေ့ဆုံနိုင်ခဲ့ကြပေ၊ အကြောင်းမှာ မူလန်သည် အမြဲတမ်း ရှမ့်လန်ထက် ခြေတစ်လှမ်း ဦးနေလိုသောကြောင့် ဖြစ်သည်။

ဤတော်ဝင်ကပ်ဘေးဘုရားကျောင်း ရှေးဟောင်းအပျက်အစီးတွင်လည်း သတင်းအချက်အလက် လက်ခံ ရယူနိုင်သော မှော်သလင်းကျောက်ကဲ့သို့ စွမ်းအင်ဗဟိုချက် တစ်ခု ရှိနေသည်။ ယခုအခါ ဘုရင်မ မီဒူဆာ၏ ရုပ်တု မည်သည့်နေရာတွင် ရှိကြောင်း ရှမ့်လန် သိရှိလိုက်ပြီ ဖြစ်၏။

ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်သည် မရေမတွက်နိုင်သော ပင်လယ်မွန်းစတားများကို တောင်ဝင်ရိုးစွန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာသည် အင်ပါယာ ကျန်းလီနှင့် အဝေးဆုံးနေရာ ဖြစ်နိုင်၏။ ရှမ့်လန် အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ကို ပြီးမြောက်လိုပါက တောင်ဝင်ရိုးစွန်းသို့ သွားရပေမည်။

သို့သော်ငြား ယခု မည်သို့ ထွက်သွားရမည်နည်း။ တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရှေးဟောင်း အပျက်အစီးမှ မည်သို့ ထွက်ခွာရမည်နည်း။ သူ ဝင်ရောက်လာခဲ့စဉ်က လအပြည့်အဝ ကြတ်ချိန် ဖြစ်ကြောင်း သိထားရမည်။ နောက်တစ်ကြိမ် လအပြည့်အဝ ကြတ်မည့်အချိန်ကို သူ မသိပေ။ ကန်ဝမ်သည် မိမိကိုယ်ကို စတေးပြီး ပြာမှုန် ဖြစ်သွားပြီ ဖြစ်ရာ မေးမြန်း၍လည်း မရတော့ပေ။

သို့သော်ငြား ရှမ့်လန်သည် ကြာကြာ တွေးတောမနေတော့ပေ။ သူသည် ဝိညာဉ်ရေတွင်းထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အောက်သို့ ဆက်တိုက် ငုပ်လျှိုးသွားလိုက်သည်။ မည်မျှ ဝေးကွာကြောင်း၊ မည်မျှ ကြာမြင့်ကြောင်း သူ မသိပေ။ မီတာ သိန်းချီ၊ သို့မဟုတ် ထို့ထက် ပိုဝေးကွာကောင်း ဝေးကွာနိုင်သည်။

ရုတ်တရက် ဝိညာဉ်ရေတွင်း၏ အောက်ခြေသို့ ရောက်ရှိချိန်မှာတော့ ရှမ့်လန် ရုတ်တရက် ပြေးထွက်လိုက်သည်။ သူသည် တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရှေးဟောင်းအပျက်အစီးမှ ထွက်ခွာလာပြီး ကျယ်ပြောလှသော သမုဒ္ဒရာပြင်ထဲသို့ ရောက်ရှိလာခဲ့၏။

“တချောင်... ဘာ... ဘာလုပ်နေတာလဲ။” ပင်လယ်ရေအောက်မှ ပြေးထွက်လာပြီးနောက် ရှမ့်လန်သည် ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

တချောင်သည် အလွန် ထူးဆန်းသော ကိုယ်ဟန်အနေအထားတစ်ခု ပြုလုပ်နေသည်။ ခြေတစ်ဖက်တည်း ရပ်ကာ ကျန်ခြေတစ်ဖက်ကို အတောင်ပံများဖြင့် ပင့်မလျက် ခေါင်းပေါ်သို့ ကျော်တက်ရန် ကြိုးစားနေခြင်း ဖြစ်၏။

‘မင်း ယောဂကျင့်နေတာလား။ သားရဲ တစ်ကောင်အနေနဲ့ မင်းရဲ့ ရည်မှန်းချက်က ကြီးလွန်းတယ် မထင်ဘူးလား။’

ရှမ့်လန် ဗြုန်းခနဲ ပေါ်လာသည်ကို မြင်လိုက်ရချိန်မှာတော့ တချောင် လန့်ဖျပ်သွားရသည်။ ယောဂအ နေအထား ပျက်ယွင်းသွားပြီး ပင်လယ်ထဲသို့ ပြောင်းပြန် လဲကျသွားရှာ၏။ တချောင်သည် တကယ်ကို ပျင်းလွန်းနေပုံ ရသည်။

ဤယောဂအနေအထားကို မင်းသမီးနင်ဟန် မကြာခဏ ပြုလုပ်သည်ကို မြင်ဖူးသဖြင့် နားမလည်ဘဲ လိုက်လုပ်နေခြင်း ဖြစ်သည်။ သိုင်းပညာ အလွန်ကျွမ်းကျင်သော မင်းသမီး နင်ဟန်သည် အဘယ်ကြောင့် ဤကဲ့သို့ ထူးဆန်းသော အနေအထားမျိုး ပြုလုပ်ရသနည်း ဆိုသည်ကိုမူ သူ လုံးဝ နားမလည်ပေ။

“သွားကြစို့။” ရှမ့်လန်က တချောင်၏ လည်ပင်းကို ပုတ်လိုက်၏။

ထို့နောက် တချောင်သည် ပင်လယ်ထဲမှ ပျံတက်လာပြီး ရှမ့်လန်သည် ကျောပေါ်သို့ ခုန်တက်လိုက်သည်။ သူတို့သည် တောင်ဘက်သို့ ပျံသန်းသွားကြ၏။ “တောင်ဘက်သို့ ဆက်သွားမယ်။ တောင်ဝင်ရိုးစွန်းဆီကို သွားမယ်။”

... ...

ရှမ့်လန်သည် တောင်ဝင်ရိုးစွန်းသို့ တစ်ခါမှ မရောက်ဖူးပေ။ ဤလောကပေါ်တွင် တောင်ဝင်ရိုးစွန်းသို့ ရောက်ဖူးသူ မရှိသလောက်ပင် ဖြစ်၏။ အကြောင်းမှာ ကျောက်စိမ်းဖြူမြို့တော်မရှိသလို လူသားတို့၏ ခြေရာလက်ရာလည်း မရှိသောကြောင့် ဖြစ်သည်။

ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်သည် မရေမတွက်နိုင်သော ပင်လယ် မွန်းစတားများကို တောင်ဝင်ရိုးစွန်းသို့ ခေါ်ဆောင်သွားပါက မည်သို့ အသက်ရှင်နေထိုင်မည်ကို ရှမ့်လန် စဉ်းစား၍ မရနိုင်အောင် ဖြစ်မိ၏။ ရက်အနည်းငယ် နေ့ရောညပါ ကြာပြီးနောက် ရှမ့်လန်သည် တောင်ဝင်ရိုးစွန်း၏ ကောင်းကင်ယံသို့ ရောက်ရှိ လာခဲ့သည်။

မြောက်ဝင်ရိုးစွန်းနှင့် နှိုင်းယှဉ်လျှင် ဤနေရာ၌ ယဉ်ကျေးမှု အငွေ့အသက် လုံးဝ မရှိသလောက်ပင် ဖြစ်၏။ ရေခဲနှင့် နှင်းလောကကြီး သတ်သတ်သာ ဖြစ်သည်။ ပျောက်ဆုံးအင်ပါယာကို မတွေ့ရသလို ပင်လယ် မွန်းစတားများကိုလည်း မတွေ့ရပေ။ အပူချိန်မှာ အနှုတ် ၈၀ ဒီဂရီ စင်တီဂရိတ်ခန့် ရှိသည်။ ဤနေရာတွင် အသက်ရှင်နေထိုင်ရန် မဖြစ်နိုင်ပုံ ပေါက်နေ၏။

ရှမ့်လန်သည် ထပ်ကာထပ်ကာ ရှာဖွေခဲ့သော်လည်း ပျောက်ဆုံးအင်ပါယာ၏ ခြေရာလက်ရာကို ရှာမတွေ့သလို ဘုရင်မမီဒူဆာ၏ ရုပ်တုကိုလည်း မတွေ့ရပေ။ သို့သော်ငြား မူလန်က ဤနေရာသို့ လာရန် ပြောထားသဖြင့် ပျောက်ဆုံးအင်ပါယာသည် ဤနေရာတွင် ရှိကို ရှိရပေမည်။

မိုကျင်းကို တွေ့ရှိခဲ့ပုံအား ရှမ့်လန် သတိရလိုက်မိ၏။ မင်းသမီးနင်ဟန်သည် ဘုရင်မ မီဒူဆာ၏ သတင်း စကားကို လက်ခံရရှိခဲ့ပြီး ခန္ဓာကိုယ် ပြောင်းလဲကာ အထူးအမြင်အာရုံကို ရရှိခဲ့ခြင်း ဖြစ်သည်။ အခြားသူမျာ အတွက်မူ သဲကန္တာရကြီးသည် အဆုံးအစမဲ့ သဲနီပြင်ကြီးသာ ဖြစ်၏။ သို့သော်ငြား မင်းသမီးနင်ဟန် ကြည့်လိုက်ချိန်မှာတော့ ရှေးဟောင်းခေတ်မြို့တော်များကို AR အမြင်အာရုံဖြင့် မြင်တွေ့ရသကဲ့သို့ မြင်တွေ့ခဲ့ရသည်။

ရှမ့်လန်နှင့် နင်ဟန်တို့ လက်ထပ်ပြီးနောက် သူသည် ဤဝိညာဉ်အမြင်အာရုံကို တိုက်ရိုက် ရရှိခဲ့သည်။ သူသည် မျက်လုံးများကို မှိတ်ပြီး အခြားသော ဝိညာဉ်လောကတစ်ခုထဲသို့ လုံးဝ ဝင်ရောက်သွားကာ ဘုရင်မမီဒူဆာ ပေးအပ်ထားသော ဝိညာဉ်မှတ်ဉာဏ် လောကထဲသို့ ဝင်ရောက်လိုက်၏။

သူ မျက်လုံးများကို ပြန်ဖွင့်လိုက်၏။ သူ့ရှေ့မှ မြင်ကွင်းသည် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ရေခဲနှင့် နှင်းလောက မဟုတ်တော့၊ အဆုံးအစမဲ့ ရေခဲမြစ်များနှင့် သမုဒ္ဒရာများ မဟုတ်တော့ဘဲ စည်ကားသိုက်မြိုက် နေသော ပျောက်ဆုံးအင်ပါယာကြီး ဖြစ်နေသည်။ အဆုံးအစမဲ့ မြို့ပြများ၊ ရှေးကျပြီး လှပသော မြို့တော်များ၊ တစ်ဝက်မှာ ရေအောက်တွင် ရှိပြီး ကျန်တစ်ဝက်မှာ ရေပေါ်တွင် ရှိနေသည်။

တောင်ဝင်ရိုးစွန်းမှ ဤရေခဲမြစ်များပင်လျှင် ပျောက်ဆုံးအင်ပါယာ၏ မြို့တော်များ ဖြစ်လာခဲ့ကြ၏။ ဤမိုးမျှော် ရေခဲမြစ်ကြီးများကို ရဲတိုက်များ၊ လှပသော အဆောက်အအုံများအဖြစ် ထွင်းထုထားကြ၏။

ရှမ့်လန်၏ အမြင်အာရုံထဲတွင်မူ အဆပေါင်း တစ်ထောင်၊ တစ်သောင်း ချဲ့ကားထားသော ရေခဲပန်းပု လောကကြီး ဖြစ်နေသည်။ ဧရိယာကို အဆပေါင်း တစ်သောင်း ချဲ့ကားထားရုံသာမက အလှအပဆိုင်ရာ လက်ရာမြောက်မှုကိုပါ အဆပေါင်း တစ်သောင်း ချဲ့ကားထားခြင်း ဖြစ်သည်။

အလွန်တရာ ခမ်းနားထည်ဝါလွန်းလှသည်။ မိစ္ဆာတြိဂံနယ်မြေမှ ပျောက်ဆုံးအင်ပါယာသည်ပင် စိတ်ဝင်စားဖွယ် ကောင်းလှပြီ ဖြစ်၏။ မမျှော်လင့်ဘဲ မီဒူဆာ တော်ဝင်မိသားစုသည် တောင်ဝင်ရိုးစွန်း၌ ဤကဲ့သို့သော ရေခဲနှင့် နှင်းနိုင်ငံတော်ကြီးကို ပိုင်ဆိုင်ထားသည်လား။ ဤနေရာရှိ အိမ်များတွင် ကျောက်တုံးများပင် မပါဘဲ အပြာရောင် ရေခဲများသာ ရှိ၏။

ရှမ့်လန် မျက်တောင်ခတ်လိုက်ချိန်မှာတော့ ပျောက်ဆုံးအင်ပါယာ၏ မြင်ကွင်း ပျောက်ကွယ်သွားပြီး သူ့ရှေ့တွင် လူသူကင်းမဲ့သော ရေခဲနှင့် နှင်းလောကကြီးသာ ကျန်ရစ်သည်။ ထပ်မံ မျက်တောင်ခတ် လိုက်ချိန်မှာတော့ ပျောက်ဆုံးအင်ပါယာ၏ ရေခဲနှင့် နှင်းမြို့တော်သည် သူ့ရှေ့တွင် ပြန်လည် ပေါ်လာပြန်သည်။

ဤသည်မှာ လုံးဝ ပုံရိပ်ယောင် မဟုတ်ဘဲ သူ၏ ဦးနှောက်ထဲမှ ဝိညာဉ်မှတ်ဉာဏ်သာ ဖြစ်ကြောင်း ရှမ့်လန် နားလည်လိုက်၏။ ရှေးဟောင်း ဝိညာဉ်မှတ်ဉာဏ်သည် သူ့ရှေ့မှ နေရာနှင့် ထပ်တူကျသွားချိန်မှာတော့ ပျောက်ဆုံးအင်ပါယာ ၏ လှပသော မြို့တော်ကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ သို့သော်ငြား လက်တွေ့တွင်မူ ပျောက်ကွယ် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။

လောကမြေဂြိုဟ်ပြာ၏ တောင်ဝင်ရိုးစွန်းသည် စုစုပေါင်း စတုရန်းကီလိုမီတာ ၁၄ သန်းရှိပြီး ဤလောက၏ တောင်ဝင်ရိုးစွန်းမှာ ပိုမို ကြီးမားကာ စတုရန်းကီလိုမီတာ ၅၀ သန်း အထိ ရှိသည်။

ရှမ့်လန်သည် တချောင်ကို စီးနင်းလျက် တောင်ဝင်ရိုးစွန်း၏ အလယ်ဗဟိုသို့ ဆက်တိုက် ပျံသန်းသွားလိုက်၏။

ရှေးဟောင်းမှတ်ဉာဏ် အမြင်အာရုံထဲတွင် တောင်ဝင်ရိုးစွန်း၏ စတုရန်းကီလိုမီတာ သန်းပေါင်းများစွာသော အကျယ်အဝန်းသည် ပျောက်ဆုံးအင်ပါယာ၏ မြို့တော်များဖြင့် ပြည့်နှက်နေသည်။ ဤရေခဲပန်းပု မြို့တော်များသည် ရှမ့်လန်၏ အလှတရားဆိုင်ရာ အယူအဆကို ထပ်ခါတလဲလဲ ရိုက်ခတ်နေသည်။ ယစ်မူးလောက်ဖွယ်ရာ ကောင်းလှ၏။ ဤလောကတွင် ဤမျှလှပသော မြို့တော်မျိုး ရှိနေသည်မှာ ယုံနိုင်စရာပင် မရှိပေ။

ဤသည်မှာ ပထမ မဟာနိဗ္ဗာန ပျက်သုဉ်းခြင်း ခေတ်ကာလ မတိုင်မီက ရှေးဟောင်း ပျောက်ဆုံးအင်ပါယာ၊ မီဒူဆာ အင်ပါယာ ဖြစ်နိုင်၏။ မိုင်တစ်သောင်း သဲကန္တာရကြီးမှ ရှေးဟောင်း အင်ပါယာနှင့် ခေတ်ပြိုင်လောက် ဖြစ်ပေမည်။ ရှေးဟောင်း အရှေ့တိုင်း အင်ပါယာနှင့် ရှေးဟောင်း ပျောက်ဆုံးအင်ပါယာတို့ထက် တစ်ခေတ် စောသည်။

ထိုစဉ်က ကျယ်ပြောလှသော သဲကန္တာရထဲတွင် မြို့တော် အားလုံးနီးပါး ပျက်စီးခဲ့ပြီး သဲနီမုန်တိုင်းများသာ ကျန်ရစ်ခဲ့၏။ တောင်ဝင်ရိုးစွန်းတွင်လည်း ထိုနည်းတူစွာပင် ဖြစ်သည်။ ရှေးဟောင်း မီဒူဆာ အင်ပါယာ မြို့တော်အားလုံး ပျက်စီးခဲ့ပြီး ရေခဲနှင့် နှင်းလောကကြီးသာ ကျန်ရစ်ခဲ့၏။

ရှမ့်လန်သည် ဆက်တိုက် ပျံသန်းနေလိုက်၏။ သူသည် မှော်သလင်းကျောက် အထက်မှ ဟင်းလင်းပြင် လှိုဏ်ခေါင်းကို မြင်တွေ့လိုသည်။ မိုကျင်းသည် ရှေးဟောင်းအင်ပါယာ၏ ကိုးခုမြောက် မြို့တော်မှ တစ်ခုတည်းသော ကျန်ရစ်သည့် အပျက်အစီးဖြစ်ရာ တောင်ဝင်ရိုးစွန်းမှ ရှေးဟောင်း မီဒူဆာ အင်ပါယာ တွင်လည်း ထိုကဲ့သို့ တစ်ခု ရှိသင့်သည် မဟုတ်ပါလား။ မဟုတ်လျှင် မူလန်က သူ့ကို ဤနေရာသို့ လာခိုင်းမည် မဟုတ်ပေ။

ထင်မှတ်ထားသည့်အတိုင်း ရှမ့်လန် မြင်တွေ့လိုက်ရသည်။ ဟင်းလင်းပြင်လှိုဏ်ခေါင်းသည် မိုကျင်း အထက်မှ လှိုဏ်ခေါင်းနှင့် ထပ်တူနီးပါး တူညီပြီး အဆက်မပြတ် ပြောင်းလဲနေသည်။ ဤအချိန်တွင် လူတိုင်းသည် ရေခဲနှင့် နှင်းများ ပြည့်နှက်နေသော ကောင်းကင်ကိုသာ မြင်တွေ့ရမည်ဖြစ်ပြီး ရှမ့်လန် တစ်ဦးတည်းသာ ဟင်းလင်းပြင် လှိုဏ်ခေါင်းကို မြင်တွေ့နိုင်သည်။

ရှမ့်လန်သည် ဟင်းလင်းပြင် လှိုဏ်ခေါင်းအတိုင်း လိုက်ပါသွားပြီး ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားလိုက်၏။ သူသည် မိုင်ပေါင်းထောင်ချီ၊ သောင်းချီ ပျံသန်းသွားခဲ့သည်။ အဆက်မပြတ် ပြောင်းလဲနေခြင်းမှာ တောင်ဝင်ရိုးစွန်း ၌ ကျန်ရစ်သော နောက်ဆုံး မြို့တော်ကို ကာကွယ်ရန် ဖြစ်၏။

နောက်ဆုံးတွင် နာရီပေါင်းများစွာ ပျံသန်းပြီးနောက် ဟင်းလင်းပြင်လှိုဏ်ခေါင်း၏ အဆုံးကို မြင်တွေ့ လိုက်ရ၏။ ရှမ့်လန် အပြေးအလွှား သွားရောက်လိုက်သည်။ တစ်ခဏအတွင်း သူ၏အမြင်အာရုံ လုံးဝ ပြောင်းလဲ သွားခဲ့သည်။

ဟင်းလင်းပြင်လှိုဏ်ခေါင်း ပျောက်ကွယ်သွားပြီး သူ့ရှေ့တွင် လှပသော ရေခဲနှင့် နှင်းမြို့တော်တစ်ခု ပေါ်လာသည်။ သို့သော်ငြား ရှေးဟောင်းမှတ်ဉာဏ် အမြင်အာရုံထဲမှ ရေခဲနှင့် နှင်းမြို့တော်လောက် မပြည့်စုံဘဲ ညှိုးနွမ်းနေ၏။

သဲကန္တာရကြီးထဲတွင် ရှေးဟောင်းအင်ပါယာ၏ ကျန်ရစ်သော မြို့တော်တစ်ခု ရှိနေ၏။ ထင်မှတ်ထားသည့် အတိုင်း တောင်ဝင်ရိုးစွန်းတွင်လည်း ရှေးဟောင်းမီဒူဆာ အင်ပါယာ၏ ကျန်ရစ်သော မြို့တော်များ ရှိနေသည်။ ဤနေရာတွင်လည်း ရှေးဟောင်း မြို့တော်တစ်ခုလုံးကို ဖုံးကွယ် ကာကွယ်ပေးထားသော စွမ်းအင်ဒိုင်းကာတစ်ခု ရှိနေသည်။

သူ့ရှေ့မှ ရှေးဟောင်း မီဒူဆာ အင်ပါယာ အပျက်အစီးသည် စတုရန်းကီလိုမီတာ သုံးသောင်းခန့်သာ ရှိသည်။ မိုကျင်းတွင် ဧရာမ ပိရမစ်ကြီးတစ်ခု ရှိသကဲ့သို့ ဤနေရာတွင်လည်း တစ်ခု ရှိနေ၏။

မိုကျင်းရှိ ဧရာမပိရမစ်ကြီး၏ ထိပ်တွင် လူမျက်နှာနှင့် မြွေခန္ဓာကိုယ်ပါသော ရုပ်တုတစ်ခုသည် ကောင်းကင်ကို မော့ကြည့်နေ၏။ ဤနေရာတွင်လည်း ရုပ်တုတစ်ခု ရှိနေသည်။ ၎င်းမှာ မိစ္ဆာတြိဂံနယ်မြေမှ ဘုရင်မမီဒူဆာ၏ ရုပ်တုပင် ဖြစ်သည်။

ရှမ့်လန် ရောက်ရှိလာပြီး မကြာမီမှာပင် ရှေးဟောင်းမီဒူဆာ အင်ပါယာ၏ ရေခဲနှင့် နှင်းမြို့တော် အပျက်အစီးများ ထဲမှ မရေမတွက်နိုင်သောပုံရိပ်များ ရုတ်တရက် ထွက်ပေါ်လာကြသည်။ ၎င်းတို့မှာ ပင်လယ် မွန်းစတား အမျိုးမျိုး ဖြစ်ကြ၏။ ထောင်ချီ၊ သောင်းချီ၊ သိန်းချီ ရှိသည်။ သို့သော်ငြား ထိုထက် မပိုတော့ဘဲ သိန်းဂဏန်းမျှသာ ရှိတော့၏။

ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်သည် ထိုပင်လယ် မွန်းစတားများကို မိစ္ဆာတြိဂံနယ်မြေမှ ခေါ်ထုတ်လာစဉ်က သန်းနှင့်ချီ ရှိခဲ့သော်လည်း ယခုအခါ ဆယ်ပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည်။ ခေတ္တမျှ ကြာပြီးနောက် ရေခဲနှင့် နှင်းများဖြင့် ပြုလုပ်ထားသော ခန္ဓာကိုယ်တစ်ခုသည် ရှမ့်လန်၏ ရှေ့တွင် တဖြည်းဖြည်း ပေါ်လာသည်။ အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူမသည် ဒူးထောက်လိုက်သည်။

“ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်က အရှင်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”

ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်သည် ရှမ့်လန်၏ရှေ့တွင် သူမ၏ စစ်မှန်သော ပင်လယ် မွန်းစတား ခန္ဓာကိုယ်ကို ပြသရန် ဝန်လေးနေဆဲ ဖြစ်၏။

ရှမ့်လန်သည် လက်ကမ်းပေးပြီး သူမကို ထူမပေးလိုက်၏။ ထို့နောက် သူသည် ပျောက်ဆုံးနိုင်ငံ မိစ္ဆာအင်ပါယာ၏ သိန်းပေါင်းများစွာသော ပင်လယ် မွန်းစတားများကို ကြည့်လိုက်သည်။ ၎င်းတို့သည် သေသပ်စွာ ဒူးထောက်လိုက်ကြသည်။

“နောက်ဆုံးတော့ ခင်ဗျားက နောက်လိုက်တွေနဲ့အတူ ဒီနေရာကို ရှာတွေ့ခဲ့ပြီး ကျန်းလီရဲ့ သတ်ဖြတ်မှုကနေ လွတ်မြောက်ခဲ့တယ်။ ပျောက်ဆုံးအင်ပါယာကို ကယ်တင်နိုင်ခဲ့တယ်။ ခင်ဗျား ပင်ပန်းခဲ့ပြီ။” ရှမ့်လန်က ပြောလိုက်၏။

ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်က ပြန်လည် လျှောက်တင်သည်။ “ကျွန်မ ရှက်ရွံ့မိပါတယ်။ အရှင်... ကျွန်မရဲ့ အရည်အချင်းနဲ့ ဒီနေရာကို မရှာတွေ့နိုင်သလို ဒီကိုလည်း မလာနိုင်ပါဘူး။ ဘုရင်မက လမ်းညွှန်ပေးခဲ့လို့သာ ရောက်လာခဲ့ရတာပါ။

ဒီမြို့တော် အပျက်အစီးတွေက လုံးဝ စွန့်ပစ်ခံထားရပြီး ရေခဲပိရမစ်ထိပ်က ရုပ်တုတောင် အရည်ပျော်နေပါပြီ။ ဘုရင်မမီဒူဆာက နေရာဝင်ယူပြီး စွမ်းအင်ဒိုင်းကာကို ပြန်လည် တည်ဆောက်ပေးခဲ့တယ်။ ကျွန်မတို့ကို ကာကွယ်ပေးခဲ့တာပါ။”

ရှမ့်လန်သည် ဧရာမ ပိရမစ်ထိပ်မှ ရုပ်တုကို ထပ်မံ ကြည့်ရှုလိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူမသည် မမြင်ရအောင် ကိုယ်ပျောက်နေခြင်း မရှိတော့ပေ။ မှော်သလင်းကျောက်ရုပ်တု၏ မျက်လုံးများသည် ကောင်းကင်ကို ကြည့်နေသော်လည်း ဤနေရာမှ ဘုရင်မမီဒူဆာ၏ မျက်လုံးများမှာမူ တစ်တန်းတည်းကို ကြည့်နေသည်။

ရှမ့်လန်က မေးလိုက်၏။ “မိစ္ဆာမယ်တော်... ကျုပ်မိန်းမ ဒီမှာ ရှိလား။”

ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်က ပြန်မေးသည်။ “အရှင်ရဲ့မိန်းမလား။ ဧကရီကျင်းမူလန်လား။ ကျွန်မ မတွေ့ဖူးပါဘူး။”

ရှမ့်လန် ကြောင်အသွားရ၏။ မည်သို့ ဖြစ်နိုင်မည်နည်း။ ကန်ဝမ်က မူလန် ဘယ်မှာရှိသနည်း ဆိုသည်ကို ပြောမပြနိုင်သလို ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်ကလည်း မူလန် ဘယ်မှာရှိလဲ ဆိုတာ ပြောမပြနိုင်ချေ။

သို့သော်ငြား မူလန်က သူ့ကို တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရှေးဟောင်းအပျက်အစီးဆီ လမ်းညွှန် ပေးခဲ့ပြီးနောက် တောင်ဝင်ရိုးစွန်းရှိ ရှေးဟောင်း မီဒူဆာ အင်ပါယာ အပျက်အစီးဆီသို့ လမ်းညွှန်ပေးခဲ့သည် မဟုတ်ပါလား။ သို့သော်ငြား ဤနေရာ နှစ်ခုစလုံးတွင် သူမ၏ အရိပ်အယောင်ကို မတွေ့ရပေ။

ထိုသို့ဆိုလျှင် မူလန် ဘယ်မှာနည်း။ ရှမ့်လန်ကို ဘယ်နေရာဆီ လမ်းညွှန်ပေးနေသနည်း။

အပိုင်း (၁၃၅၀)

ရှမ့်လန်က မေးလိုက်၏။ “မိစ္ဆာမယ်တော်... ကျုပ်မိန်းမကို လုံးဝ မတွေ့ဖူးဘူးလား။”

ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်က လေးလေးနက်နက် ပြောလိုက်သည်။ “တစ်ခါမှ မတွေ့ဖူးပါဘူး။”

‘ဒါ ထူးဆန်းနေပြီ။’

ရှမ့် လန်က ထပ်မေးလိုက်၏။ “ဒါဆို ဘိုးဘေးလော်ရော”

ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်က ဖြေလိုက်သည်။ “မရှိပါဘူး။ ဘုရင်မရဲ့ လမ်းညွှန်မှုနဲ့ ဒီအပျက်အစီးကို ရောက်လာပြီးတည်းက ဘယ်သူ့ကိုမှ မတွေ့ဖူးပါဘူး။ ရုန်းကန် ရှင်သန်နေရတာပါ။ အရှင် ရောက်လာမယ့် အချိန်ကို စောင့်မျှော်နေခဲ့တာပါ။”

“ကျုပ်လာမယ်လို့ တစ်ယောက်ယောက်က ပြောခဲ့လား။”

“ဘယ်သူမှ မပြောခဲ့ပါဘူး။”

ရှမ့်လန် မျက်လုံးများကို မှိတ်ပြီး မူလန်၏ တည်နေရာကို ကန်ဝမ်အား မေးမြန်းခဲ့စဉ်က ကန်ဝမ်သည် “မသိဘူးလို့ ပြောခွင့်ရှိမလား။” ဟု ပြန်လည် ဖြေကြားခဲ့သည်ကို သတိရလိုက်၏။ ထို့ကြောင့် ကန်ဝမ်သည် မူလန်ကို မတွေ့ဖူးသော်လည်း သူသည် အလွန် ဉာဏ်ကောင်းသူ ဖြစ်သဖြင့် တစ်စုံတစ်ရာကို ခန့်မှန်းမိနိုင်သည်။

ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်သည် မူလန်ကို မတွေ့ဖူးပါက သူမ ဘယ်ရောက်နေသနည်း။

မြောက်ဝင်ရိုးစွန်းတွင် အကြီးအကျယ် ပြောင်းလဲမှု ဖြစ်ပေါ်ချိန်မှာတော့ မူလန်၊ ဘိုးဘေးလော်၊ ကျောက်စိမ်းဖြူရဲတိုက် တမန်တော်နှင့် အဒေါ့ဖ်တို့ပါ ထွက်ခွာသွားခဲ့သင့်သည် မဟုတ်ပါလား။ သူတို့ ဘယ်ရောက်သွားကြသနည်း။

သူတို့သည် ရှမ့်လန်ကို အချိန်တိုင်း ကူညီပေးနေပြီး လမ်းညွှန်ပြသပေး နေကြသည် မဟုတ်ပါလား။

ရှမ့်လန်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဤအတွေးကို ခေတ္တ ဘေးဖယ်ထားလိုက်သည်။

‘မူလန် အဆင်ပြေမှာပါ။’

သူမသည် အရာရာကို အမြန်ဆုံး ပြီးဆုံးစေချင်ပြီး ရှမ့်လန်နှင့်အတူ ပျော်ရွှင်အေးချမ်းစွာ နေထိုင်ချင်သူ ဖြစ်၏။

‘သေချာပေါက် အဆင်ပြေမှာပါ။ သေချာပေါက်...’

ထို့နောက် ရှမ့်လန်သည် ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်အား မေးလိုက်သည်။ “အပြင်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ မင်း မသိဘူးလား။”

“လုံးဝ မသိပါဘူး။”

ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်က ပြောလိုက်၏။ “ဒီရွှေ့ပြောင်းမှုအတွင်းမှာ ပင်လယ် မွန်းစတား သန်းပေါင်းများစွာရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက် သေဆုံးခဲ့ရပြီး ဆယ်ရာခိုင်နှုန်းလောက်ပဲ အသက်ရှင်လျက် ရောက်လာခဲ့ကြတာပါ။ ဒါပေမဲ့ ဒီမှာ နေ့တိုင်း ဆောင်းခိုနေရပါတယ်။ မဟုတ်ရင် အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝမ်းနည်းပါတယ် အရှင်ရှမ့်လန်... လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်း ကျွန်မတို့ ဘာအကျိုးပြုမှုမှ မလုပ်နိုင်ခဲ့ပါဘူး။ ခက်ခက်ခဲခဲ အသက်ရှင်နေရုံ သတ်သတ်ပါပဲ။”

“တော်ပါပြီ။ တော်ပါပြီ။” ရှမ့်လန်က ပြောလိုက်သည်။

ဤနေရာရှိ ပတ်ဝန်းကျင်သည် မှော်သလင်းကျောက်ထက်ပင် ပိုဆိုးရွားပုံ ရသည်။ မိုကျင်းရှိ လက်ကျန်စွမ်းအင်သည် အနည်းဆုံးတော့ လူသိန်းပေါင်းများစွာ၏ ပုံမှန်ဘဝကို ထောက်ပံ့ပေးနိုင်သေး၏။ သို့သော်ငြား တောင်ဝင်ရိုးစွန်းရှိ ရှေးဟောင်း မီဒူဆာ အင်ပါယာ အပျက်အစီးများရှိ စွမ်းအင်သည် အခြေခံ အသက်ရှင်သန်မှုကိုပင် မထောက်ပံ့နိုင်သဖြင့် ပင်လယ် မွန်းစတားများ ဆောင်းခိုနေကြရခြင်း ဖြစ်၏။

ရှမ့်လန်သည် ထိုပင်လယ် မွန်းစတားများကို ကြည့်လိုက်မိ၏။ မိစ္ဆာတြိဂံနယ်မြေတွင် ရှိစဉ်က ၎င်းတို့သည် ကြမ်းတမ်းပြီး အစွမ်းထက်သော သဘာဝကို ထိန်းသိမ်းထားနိုင်ကာ အံ့မခန်း တိုက်ခိုက်နိုင်စွမ်း ရှိခဲ့ကြသည်။ ယခုမူ ၎င်းတို့သည် အလွန် စိတ်ဓာတ်ကျနေပြီး ခန္ဓာကိုယ်များပင် အကြိမ်များစွာ ကျုံ့သွားကြရှာသည်။ သူတို့သည် မသေရုံတမယ် အသက်ရှင်နေရပြီး မျိုးသုဉ်းမသွားရုံ တမယ်သာ ရှိတော့သည်ဟု ဆိုရပေမည်။

ထို့အပြင် ကျန်းလီ၏ လောကကြီးကို ကယ်တင်မည့် စီမံကိန်းတွင် သူ၏ အနာဂတ် အာကာသယာဉ်၌ ပျောက်ဆုံးအင်ပါယာ စာရင်း ပါဝင်ခြင်း မရှိပေ။ သူသည် လူသားယဉ်ကျေးမှုကိုသာ ကယ်တင်လိုခြင်းဖြစ်ပြီး ပင်လယ် မွန်းစတားများကို ကယ်တင်လိုခြင်း မရှိပေ။

ရှမ့်လန် နောက်တစ်ဆင့် ဘာလုပ်သင့်သနည်း။ သူ အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ပြီးမြောက်စေရန် အတွက် ဘုရင်မမီဒူဆာ၏ နောက်ဆုံး လက်ကျန်ဝိညာဉ်ကို စတေးပြီး ရေတွင်းကို ဖြည့်ဆည်းပေးရန် ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်အား ပြောရမည်လား။

ရှမ့်လန်သည် ထိုစကားမျိုးကို မည်သို့ပြောထွက်မည်နည်း။

“ပိရမစ် အလယ်ဗဟိုကို သွားလို့ ရမလား။” ရှမ့်လန်က မေးလိုက်၏။

“ရပါတယ် အရှင်။” ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်က ပြောလိုက်သည်။

ရှမ့်လန်သည် ဧရာမပိရမစ်ကြီးဆီသို့ လျှောက်သွားလိုက်၏။ ဤပိရမစ်ကြီးကို ရေခဲမြစ်တစ်ခုလုံးမှ ထွင်းထုထားခြင်း ဖြစ်ပြီး မီတာ ထောင်ချီ မြင့်မားသည်။ ဘုရင်မမီဒူဆာ၏ ရုပ်တုကို ပိရမစ်ထိပ်တွင် ထားရှိ၏။ ပင်လယ် မွန်းစတား သိန်းပေါင်းများစွာက နောက်မှ လိုက်ပါလာကြ၏။

ရှမ့်လန်သည် ရေခဲပိရမစ်၏ ပင်မခန်းမဆောင်ထဲသို့ ဝင်ရောက်သွားလိုက်၏။ ပင်လယ် မွန်းစတား သိန်းပေါင်း များစွာသည် ရေခဲပိရမစ်ကို ဝိုင်းရံထားပြီး ငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။

... ...

သူ ပိရမစ်ထဲသို့ ဝင်ရောက်သွားလိုက်၏။ ထင်မှတ်ထားသည့်အတိုင်း ဤနေရာတွင်လည်း ပုံရိပ်ယောင် နံရံတစ်ခု ရှိနေပြီး သလင်းကျောက်ကဲ့သို့ ခိုင်မာသော နံရံတစ်ခု ဖြစ်သည်။ မိုကျင်းပိရမစ်ရှိ အရာအားလုံးနှင့် အလွန် တူညီနေ၏။

ရှမ့်လန်သည် အလယ်အလတ် နဂါးအသိဉာဏ်အမြင်ကို အသုံးပြု၍ “နဂါး” ဟူသော စာလုံးကို ရေးသားလိုက်၏။ ယခုတစ်ကြိမ်တွင် သူ၏ ဝိညာဉ်စွမ်းအား အများအပြားကို အသုံးပြုလိုက်ရသည်။

“နဂါး” စာလုံးသည် ပုံရိပ်ယောင်နံရံပေါ်တွင် ထွင်းထုခြင်း ခံလိုက်ရ၏။ ချက်ချင်းပဲ အသက်ဝင် လာခဲ့သည်။ ပုံရိပ်ယောင်နံရံသည် စတင် အရည်ပျော်လာပြီး အလင်းလုံးကြီး တစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့၏။

“ထိန်းချုပ်မှု ဗဟိုချက် အသက်ဝင်ပါပြီ။ သင်သည် အလယ်အလတ် လုပ်ပိုင်ခွင့်ကို ရရှိပါသည်။”

အရာအားလုံးသည် မိုကျင်းနှင့် ထပ်တူနီးပါး ဖြစ်သည်။ ရှမ့်လန်သည် ပုံရိပ်ယောင်နံရံ ထိန်းချုပ်ခန်းထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားပြီး နဂါးအသိဉာဏ်အမြင် အခြေအနေသို့ ဝင်ရောက်လိုက်သည်။ တစ်ခဏအတွင်း အဆုံးအစမဲ့ စိတ်စွမ်းအင်များ ဝင်ရောက်လာခဲ့သည်။

စောစောက ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအားများသည် ချက်ချင်း ပြန်လည် ပြည့်ဝလာခဲ့သည်။ ယခုအချိန်အထိ အရာအားလုံးသည် မိုကျင်းနှင့် အတူတူပင် ဖြစ်သည်။ နောက်တစ်ဆင့်တွင် စွမ်းအင်သက်ရှိ တစ်ခုက စကားပြောလာသင့်၏။ သို့သော်ငြား လုံးဝ မပြောလာပေ။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

ပတ်ဝန်းကျင်ရှိ စွမ်းအင်နယ်ပယ်သည် ပြင်းထန်စွာ ပေါက်ကွဲနေသကဲ့သို့ ရှမ့်လန် ခံစားလိုက်ရသည်။ ပုံရိပ်ယောင်နံရံ ထိန်းချုပ်ခန်းတစ်ခုလုံးသည် ပြင်းထန်သော မီးတောက်များ အဖြစ် ပြောင်းလဲသွားသကဲ့သို့ ရှိပြီး ထိုအရာများသည် အပြာရောင် မီးတောက်များ ဖြစ်သည်။

သာမန်မီးတောက်များသည် ပူပြင်းသော်လည်း ဤနေရာမှ အပြာရောင် မီးတောက်များမှာမူ အလွန် အေးစက်ပြီး အနှုတ် ၂၀၀ ဒီဂရီ စင်တီဂရိတ်ခန့် ရှိသည်။ ဒေါသ၊ အဆုံးအစမဲ့ ဒေါသနှင့် အမုန်းတရားများ...

ထို့နောက် မရေမတွက်နိုင်သော မီးတောက်များသည် လှပသော ပုံရိပ်တစ်ခုအဖြစ် စုစည်းသွားခဲ့သည်။ မျက်နှာကို သေချာ မမြင်ရသလို ခန္ဓာကိုယ်ကိုလည်း သေချာ မမြင်ရပေ။ သို့သော်ငြား အလွန်တရာ လှပသော ခံစားမှုကို ပေးစွမ်းနေသည်။ ဤအချိန်တွင် သူမ၌ခန္ဓာကိုယ်ပင် မရှိသော်လည်း ဆန်းကြယ်သော ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေ၏။

ထို့နောက် တိုင်းပြည်ကို ဖျက်ဆီးနိုင်၊ သက်ရှိအားလုံးကို မှောက်လှန်နိုင်သော ဤအလှပဂေး ပုံရိပ်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ ပွင့်လန်းလာသော တောက်ပသည့် အလင်းရောင်သည် လူတစ်ယောက် ကို တစ်ခဏအတွင်း ပြာမှုန်ဖြစ်သွားစေနိုင်လောက်သည်။

သူမသည် ဘုရင်မမီဒူဆာပင် ဖြစ်သည်။ ပျောက်ဆုံးအင်ပါယာ၏ ဘုရင်မမီဒူဆာ... ဤလောကတွင် ဝိညာဉ်စွမ်းအား အကြီးမားဆုံးသော သတ္တဝါ ဖြစ်၏။

“မင်းက... ကျန်းရှဲ့ရဲ့ မျိုးဆက်... ကျန်းလီရဲ့သား... ရှမ့်လန် ဆိုတာလား။” ဘုရင်မမီဒူဆာက အေးစက်စွာ မေးလိုက်သည်။

“ဟုတ်ပါတယ်။ ကျုပ်ပါပဲ။” ရှမ့်လန်က ပြန်လည် ဖြေကြား၏။

အင်ပါယာဘုရင်မ မီဒူဆာက ပြောလိုက်သည်။ “ငါ့ဝိညာဉ်ကို စတေးပြီး ဝိညာဉ်ရေတွင်းကို ဖြည့်ဆည်းပေး ရမယ်။ ပြီးတော့ မင်း အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ရရှိအောင် ကူညီပေးရမယ်ပေါ့။ ငါ့ရဲ့ လက်ကျန် ဝိညာဉ်စွမ်းအားတွေကို စတေးပြီး မင်းရဲ့ ဆန္ဒတွေ ပြည့်ဝအောင်၊ မင်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် လုပ်ပေးရမယ်ပေါ့လေ။”

ရှမ့်လန် တိတ်ဆိတ်နေလိုက်၏။

ဘုရင်မမီဒူဆာက အေးစက်စွာ ထပ်ပြောလိုက်သည်။ “မင်း ငါ့ကို ဟုတ်တယ်။ မဟုတ်ဘူး ဆိုတာပဲ ပြောပါ။”

သူ မဟုတ်ဘူးဟု ပြောချင်မိ၏။ အဘယ်ကြောင့်ဆိုသော် အခြားနည်းလမ်း ရှိမရှိ သူ အမြဲ တွေးတောနေခဲ့ သောကြောင့် ဖြစ်သည်။ ကန်ဝမ်နှင့် လူတစ်သောင်းကျော် စတေးခံလိုက်ရခြင်းသည်ပင် အလွန် ဝမ်းနည်းဖွယ် ကောင်းလှပြီ ဖြစ်၏။ ယခု ဘုရင်မမီဒူဆာပါ ထပ်မံ စတေးခံရတော့မည်လား။ ရှမ့်လန်သည် စတေးခြင်း ဆိုသည့် စကားလုံးကို မနှစ်သက်ပေ။

သို့သော်ငြား ရှမ့်လန်သည် တစ်စက္ကန့်မျှ တိတ်ဆိတ်နေပြီးနောက် ဖြေကြားလိုက်၏။ “ဟုတ်ပါတယ်။”

... ...

ရှမ့်လန်၏ စကားကို ကြားပြီးနောက် ဘုရင်မမီဒူဆာသည် တည်ငြိမ်သွားခဲ့သည်။

ထို့နောက် သူတို့နှစ်ဦးစလုံး တိတ်ဆိတ်သွားကြပြန်၏။

“မင်း ဟိုဘက်က လာခဲ့တာလား။” ဘုရင်မမီဒူဆာက မေးလိုက်သည်။

သူမ ပြောသော ဟိုဘက် ဆိုသည်မှာ မိုင်တစ်သောင်း သဲကန္တာရကြီးကို ဆိုလိုခြင်း ဖြစ်သည်။ သို့သော်ငြား ထိုစကားလုံး နှစ်လုံးထဲတွင် လျှို့ဝှက်ချက်များစွာ ပါဝင်နေသည်။ ရှေးဟောင်းကာလက ကုန်းမြေ ပေါ်တွင် အင်ပါယာ တစ်ခုနှင့် ပင်လယ်ထဲတွင် အင်ပါယာတစ်ခုသာ ရှိခဲ့ဖူးရာ ဟိုဘက်ဟု ပြောလိုက်ရုံဖြင့် လုံလောက်၏။

“ဟုတ်ပါတယ်။” ရှမ့်လန်က ဖြေလိုက်သည်။

ဘုရင်မမီဒူဆာက ဆက်မေး၏။ “သူ့ကို တွေ့ခဲ့လား။ မဟုတ်ဘူး။ အဲဒီ ရုပ်တုကို တွေ့ခဲ့လား။”

သူမ ဆိုလိုသော သူ ဆိုသည်မှာ လူမျက်နှာနှင့် မြွေခန္ဓာကိုယ်ပါသော ရုပ်တုကို ပြောခြင်း ဖြစ်၏။ ဘုရင်မ မီဒူဆာက အစပိုင်းတွင် သူ့ကို ဟု သုံးနှုန်းခဲ့သော်လည်း ချက်ချင်းပဲ ငြင်းဆန်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမ နှုတ်ဖျားမှ “သူ” ဆိုသည်မှာ ထိုလူ၊ အိမ်ရှေ့စံ ကျန်းရှဲ့၊ သူမ၏ ချစ်သူ၊ သူမ၏ ရန်သူ ဖြစ်နေနိုင်သောကြောင့်ပင်။

ရှမ့်လန်က ပြန်ဖြေလိုက်၏။ “တွေ့ခဲ့ပါတယ်။ သူက အာဏာစက် ပြင်းထန်ပုံ ပေါက်ပါတယ်။”

“သူ့မျက်လုံးကို ကြိုးစားကြည့်ခဲ့လား။”

ရှမ့်လန် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ဟန်ဆောင်ကြည့်ခဲ့ တာပါ။ တကယ်တမ်း သူ့မျက်လုံးထဲကို စိုက်မကြည့်ခဲ့ပါဘူး။”

“သူက အရည်အချင်းရှိတဲ့ ရုပ်တုတစ်ခုပါပဲ။”

ဤစကားထဲတွင်လည်း သတင်းအချက်အလက်များစွာ ပါဝင်နေပြန်သည်။ တစ်နည်းအားဖြင့် သူမသည် အရည်အချင်းရှိသော ရုပ်တုတစ်ပါး မဟုတ်ကြောင်း ခံစားနေရခြင်း ဖြစ်၏။

“ရှမ့်လန်... နတ်ဘုရားတစ်ပါးအနေနဲ့ ဘာလုပ်သင့်တယ်လို့ မင်း ထင်သလဲ။” ဘုရင်မမီဒူဆာက မေးလိုက်သည်။

ရှမ့်လန်က ဖြေ၏။ “မေတ္တာတရား ကြီးမားရမယ်။ ဒါပေမဲ့ သံယောဇဉ် ကင်းမဲ့ရမယ်။ ဘယ်လို ယုံကြည် ကိုးကွယ်သူရဲ့ ဆုတောင်းမှုကိုမှ မတုံ့ပြန်ဘဲ လူမျိုးစုတစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ပေး ရမယ်။”

ဘုရင်မမီဒူဆာက ပြောလိုက်သည်။ “နတ်ဘုရားတစ်ပါးအနေနဲ့ ပလ္လင်ထက်မှာ ထာဝရ စံမြန်းနေသင့်တယ်။ ရုပ်တုတစ်ခု အဖြစ်နေပြီး ယဇ်ပလ္လင်အောက် ဘယ်တော့မှ မဆင်းသက်သင့်ဘူး။ ဆင်းသက်လိုက်တာနဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် ပျက်စီးသွားလိမ့်မယ်။ ဒါကြောင့် ကျိန်စာတိုက်ခံရရင်တောင်၊ မထီမဲ့မြင် ပြုခံရရင်တောင် ယဇ်ပလ္လင်အောက် မဆင်းသင့်ဘူး။”

ဤစကားသည် အဓိပ္ပာယ်ရှိသည်ဟု ရှမ့်လန် ခံစားရသော်လည်း နားမလည်နိုင်ပေ။

“ငါက မီဒူဆာ အင်ပါယာကြီး ထာဝရ ကျဆုံးသွားမှာကို မကြည့်ရက်နိုင်ခဲ့ဘူး။ ဒါကြောင့် ယဇ်ပလ္လင်အောက် ဆင်းသက်ခဲ့ပြီး ရုပ်တုအဖြစ်ကနေ အင်ပါယာဘုရင်မ အဖြစ် ပြောင်းလဲခဲ့တယ်။”

ဘုရင်မမီဒူဆာက ဆက်ပြော၏။ “အဲဒီနောက် လူသားတစ်ယောက်ရဲ့ ကစားစရာ ဖြစ်ခဲ့ရတယ်။ ခန္ဓာနဲ့ စိတ်ကို ပုံအပ်ခဲ့ရုံသာမက ပိုင်ဆိုင်သမျှအားလုံးကိုပါ ပေးအပ်ခဲ့ရတယ်။ နောက်ဆုံးတော့ ရုပ်တုတစ်ခု ပြန်ဖြစ် သွားခဲ့ရတယ်။ ကျိုးပဲ့နေတဲ့ ရုပ်တုတစ်ခုပေါ့။”

သူမသည် ကျန်းရှဲ့အကြောင်း ပြောနေခြင်း ဖြစ်သည်။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဘုရင်မမီဒူဆာက ဆိုပြန်သည်။

“ရှမ့်လန်... အဲဒီတုန်းက ကျန်းရှဲ့ဟာ ငါပိုင်ဆိုင်သမျှ အားလုံးကို ရယူဖို့ အများကြီးပေးဆပ်ခဲ့ရတယ်။ မဟာဗျူဟာမြောက် ပေးဆပ်မှုပေါ့။ အခု မင်းက ငါ့ဝိညာဉ်ကို စတေးချင်တယ်။ မင်း ဘယ်လောက် ပေးဆပ်ချင်သလဲ။ မင်းရဲ့ လျှာအရိုးမရှိ စကားလုံးတွေနဲ့ ငါ့ကို ဘယ်လို စည်းရုံးမလဲ။”

ဘုရင်မမီဒူဆာကို မည်သို့ စည်းရုံးနိုင်မည်နည်း။ အကြောင်းပြချက်များစွာ ရှိပါသည်။ ဥပမာအားဖြင့် ‘ခင်ဗျားကို လက်စားချေပေးမယ်။ ကျန်းလီ (ကျန်းရှဲ့) ကို သတ်ပေးမယ်။’ နောက်တစ်မျိုးက ‘ပျောက်ဆုံးအင်ပါယာကို ကာကွယ်ပေးပြီး ဆက်လက်တည်တံ့စေမယ်’ စသည်ဖြင့်။ သို့သော်ငြား ဤအကြောင်း ပြချက်များကို ပြောစရာ မလိုပေ။ ဘုရင်မမီဒူဆာ မသိဘဲ နေမည်လား။

တစ်မိနစ်ခန့် စဉ်းစားပြီးနောက် ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားကို ဘယ်လို စည်းရုံးရမလဲ ဆိုတာ ကျုပ် မသိပါဘူး။”

“မင်း ပါးစပ်က ထုတ်မပြောဘဲနဲ့ သူများတွေကို မင်းအတွက် အသက်စတေးခိုင်းလို့ မရဘူးလေ။ ဟုတ်တယ်မလား။”

“ဟုတ်ပါတယ်။” ရှမ့်လန်က ဝန်ခံလိုက်၏။

All Chapters