← Chapters

အခန်း (၁၃၄၇-၁၃၄၈)

Vol. 77 Ch. 1347-1348

အခန်း (၁၃၄၇-၁၃၄၈)

Vol. 77 Ch. 1347-1348

အပိုင်း (၁၃၄၇)

“ဝှစ်...”

သူသည် ဝဲကတော့ထဲသို့ အပြည့်အဝ ထိုးဆင်းသွားပြီး ချက်ချင်းပဲ အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်ခွေးသည် လမင်းကြီးကို ပြန်လည် ထွေးထုတ်လိုက်လေပြီ။ ကောင်းကင်ယံမှ လမင်းကြီးသည် တဖြည်းဖြည်း လင်းလက်လာခဲ့၏။

ဝဲကတော့ကြီးသည် သေးငယ်သည်ထက် သေးငယ်သွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ် သွားခဲ့သည်။ ပင်လယ်ပြင်သည် မှန်ကဲ့သို့ ပြန်လည် ငြိမ်သက်သွားပြီး စောစောက ဝဲကတော့ကြီး မရှိခဲ့ဖူးသကဲ့သို့ ဖြစ်သွားသည်။

မကြာမီမှာပင် လမင်းကြီးသည် ပန်းကန်ပြားသဏ္ဍာန် ပြန်လည် ပြည့်ဝသွားခဲ့သည်။ ထိုအချိန်၌ တချောင်မှာ ကြောင်အသွားရ၏။ သူသည် ပင်လယ်ပြင်ကို ကြည့်လိုက်၊ ကောင်းကင်မှ လမင်းကြီးကို ကြည့်လိုက် လုပ်နေရှာ၏။

သခင် ဘယ်ရောက်သွားသနည်း။

“ဝှစ်” ဆိုသော အသံနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ နောက်တစ်ဆင့် ဘယ်သွားရမည်နည်း။ သခင် မရှိဘဲ လေထဲတွင် ပျံဝဲနေရသည်မှာ စိတ်မလုံခြုံသကဲ့သို့ ခံစားရပြီး ရန်သူ လာဖမ်းသွားမည်ကို စိုးရိမ်ရသည်။

ထို့ကြောင့် တချောင်သည် အောက်သို့ ထိုးဆင်းလိုက်ပြီး “ရွှီး..” ခနဲ အသံနှင့်အတူ ပင်လယ်ထဲသို့ ငုပ်လျှိုးသွား ခဲ့သည်။ သူသည် ကောင်းကင်၊ ကုန်းမြေနှင့် ရေအောက် သုံးနေရာစလုံးတွင် နေထိုင်နိုင်သူ ဖြစ်၏။

သို့သော်ငြား ရေထဲသို့ ငုပ်လျှိုးသွားပြီးနောက် ရှမ့်လန်ကို မတွေ့ရတော့ပေ။ သက်ရှိလက္ခဏာ ကင်းမဲ့နေသော ပင်လယ်ကြမ်းပြင်ကိုသာ တွေ့ရသည်။ ပင်လယ်မွန်းစတား၊ ငါး စသည်တို့ မဆိုထားနှင့် သန္တာကျောက်တန်း များပင် မရှိချေ။ ဤသည်မှာ လုံးဝသေဆုံးနေသော သမုဒ္ဒရာတစ်ခု ဖြစ်သည်။ တချောင်သည် ပင်လယ်ကြမ်းပြင် တွင် တစ်ကောင်တည်း အထီးကျန်စွာ ကူးခပ်နေရုံမှတစ်ပါး ဘာမှ လုပ်စရာ မရှိတော့ပေ။

... ...

ရှမ့်လန် မျက်လုံးဖွင့်လိုက်ချိန်မှာတော့ လူသူကင်းမဲ့သော ရှေးဟောင်းအပျက်အစီး တစ်နေရာသို့ ရောက်ရှိနေ သည်။ တိတိကျကျပြောရလျှင် သူသည် ဧရာမ တောင်ကြီးတစ်လုံး၏ ခြေရင်းတွင် ရောက်ရှိနေခြင်း ဖြစ်၏။ တောင်ထိပ်တွင် ရှေးဟောင်းအပျက်အစီးများ ရှိနေသည်။

သူသည် တော်ဝင်ကပ်ဘေးနန်းတော်သို့ ရောက်ဖူးခဲ့ပြီး မပျက်စီးမီ ပုံရိပ်များကို မြင်တွေ့ခဲ့ဖူး၏။ အလွန် လှပ ဆန်းကြယ်ပြီး သဘာဝဆန်သည်။ သို့သော်ငြား တောင်ထိပ်ရှိ အပျက်အစီးများမှာမူ အနည်းငယ်မှ လှပခြင်း မရှိပေ။

တော်ဝင်ကပ်ဘေး နန်းတော်တွင် ဆန်းကြယ်သော ရုပ်တုများနှင့် ရှေးဟောင်း သက္ကတစာများ ရှိခဲ့ဖူး၏။ သို့သော်ငြား ဤနေရာတွင်မူ ဘာမှမရှိဘဲ မီးခိုးရောင် သတ်သတ်နှင့် ဗလာကျင်းနေသည်။ အရာအားလုံးကို ကျောက်တုံးဖြင့် ထွင်းထုထားသော်လည်း အလွန် အကြမ်းဖျဉ်းဆန်သော ရှေးခေတ် ဗိသုကာ လက်ရာများ သာ ကျန်ရှိနေသည်။ ဤသည်မှာ အချိန်ကာလ ကြာမြင့်မှုကြောင့်မဟုတ်ဘဲ မူလကပင် ဤကဲ့သို့ တည်ဆောက်ထားခြင်း ဖြစ်နိုင်၏။

သို့သော်ငြား ဗိသုကာလက်ရာမှာ တော်ဝင်ကပ်ဘေးနန်းတော်နှင့် ထပ်တူညီမျှ ဖြစ်ကြောင်း ရှမ့်လန် ပြောနိုင်သည်။ တိတိကျကျပြောရလျှင် တော်ဝင်ကပ်ဘေးနန်းတော်ကို ဤနေရာနှင့် တူညီအောင် တည်ဆောက် ထားခြင်း ဖြစ်ပြီး အသေးစိတ် ပိုကျခြင်းသာ ရှိသည်။

သူ ခန့်မှန်းမမှားလျှင် ဤနေရာသည် တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရှေးဟောင်းအပျက်အစီး ဖြစ်ပေ လိမ့်မည်။ ထို့အပြင် အပျက်အစီး တည်နေရာသည် တောင်ထိပ်ပေါ်၌ တည်ရှိနေခြင်း ဖြစ်၏။

ရှမ့်လန်သည် တောင်ပေါ်သို့ တစ်လှမ်းချင်း တက်သွားပြီးနောက် တောင်တံခါးဝသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ ဟုတ်ပေသည်။ ဤနေရာသည် တော်ဝင်ကပ်ဘေး ဘုရားကျောင်း အပျက်အစီး ဖြစ်၏။ စာလုံးသုံးလုံးကို ထင်ရှားစွာ ရေးထိုးထားသည်။

“တော်ဝင်ကပ်ဘေး ဘုရားကျောင်း”

တံခါးကို ဖြတ်ကျော်ဝင်ရောက်လိုက်ချိန်မှာတော့ ဧရာမ ရင်ပြင်ကြီးတစ်ခု ရှိနေသော်လည်း လူတစ်ယောက်မှ မရှိပေ။ ရင်ပြင်၏ အနောက်ဘက်တွင် ကျောက်သားဖြင့် တည်ဆောက်ထားသော ခန်းမဆောင်တစ်ခု ရှိ၏။ လက်ရာမမြောက်ဘဲ အကြမ်းထည်ဖြစ်ပြီး ရှေးကျလှသည်။ ဤနေရာရှိ လက်မတိုင်းကို ကျောက်သားဖြင့် ပြုလုပ်ထားပြီး သာမန် ကျောက်တုံးများနှင့် တူညီနေ၏။

တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ တံခါးမှာ ပိတ်ထားပြီး ကျောက်တံခါးပင် ဖြစ်၏။ ရှမ့်လန် ရှေ့သို့တိုး၍ တွန်းလိုက်ရာ တံခါး ပွင့်သွားခဲ့သည်။ ခန်းမဆောင်ထဲတွင် ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေ၏။ ရုပ်တုများ၊ ဘုရားဆင်းတုတော်များပင် မရှိချေ။

သို့သော်ငြား နောက်ဖေးတံခါးတစ်ချပ် ရှိနေသည်။ ရှမ့်လန်သည် ထိုတံခါးကို ဖွင့်၍ နောက်ဖေးခန်းမသို့ ဝင်ရောက်လိုက်၏။ နောက်ဆုံးတွင် သူသည် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ရေတွင်းတစ်တွင်း၏ ဘေးတွင် ဘုန်းကြီးတစ်ပါး ထိုင်နေ၏။ ခြေသံကြားချိန်မှာတော့ ထိုဘုန်းကြီးသည် မော့ကြည့်လိုက်ပြီး ရှမ့်လန်ကို ပြုံးပြလိုက်သည်။

သူသည် ရှမ့်လန်၏ လောကအချောဆုံး ယောက်ျားဘွဲ့ကို လုယူရန် ကြိုးစားခဲ့ဖူးသူ ကန်ဝမ်ဖြစ်သည်။ နှစ်ပေါင်း ၃၀ ကြာသည့်တိုင် ထိုသူ၏ ရုပ်ရည်မှာ ပြောင်းလဲခြင်း မရှိပေ။ ကျား၊ မ ခွဲခြားရခက်နေဆဲ ဖြစ်ပြီး အလွန်တရာ ချောမောနေဆဲပင်။

ကန်ဝမ်သည် မတ်တတ်ရပ်ကာ ရှမ့်လန်ကို ဒူးထောက် ဦးတိုက်လိုက်သည်။ သူသည် နဖူးဖြင့် မြေကိုဆောင့်၍ အရိုအသေ ပြုလိုက်၏။

“တော်ဝင်ကပ်ဘေး ဘုရားကျောင်းက ကန်ဝမ်... အရှင်ကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”

ကန်ဝမ်က ပြောလိုက်သည်။ “အရှင်... နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။”

ရှမ့်လန်က ပြောလိုက်၏။ “ကန်ဝမ်... ခင်ဗျား နောက်ဆုံးတော့ တော်ဝင်ကပ်ဘေးဘုရားကျောင်း အပျက်အစီး ကို ရှာတွေ့ခဲ့ပြီပေါ့။”

ကန်ဝမ်က ပြန်လည် လျှောက်တင်သည်။ “ကျုပ် ရှက်ရွံ့မိပါတယ် အရှင်... တိတိကျကျ ပြောရရင် တော်ဝင်ကပ်ဘေး ဘုရားကျောင်း အပျက်အစီးက ကျုပ်ကို ရှာတွေ့ခဲ့တာပါ။”

‘ဟမ်... ဒီလို ဖြစ်ပြန်ပြီလား။’

နန်းဆောင်သခင်ကျိုးရှီလည်း ထိုနည်းလည်းကောင်း ပြောခဲ့ဖူးသည်။ သူတို့က အပျက်အစီးကို ရှာတွေ့ခြင်း မဟုတ်ဘဲ အပျက်အစီးက သူတို့ကို ရှာတွေ့ခြင်း ဖြစ်၏။

ရှမ့်လန်က မေးလိုက်သည်။ “ကျန်တဲ့လူတွေရော ဘယ်မှာလဲ။ ခင်ဗျား လူသောင်းချီ ခေါ်လာခဲ့တယ် မဟုတ်လား။”

ကန်ဝမ်က ဖြေလိုက်၏။ “အားလုံး သေဆုံးလောက်ပါပြီ။ အခု အပျက်အစီးထဲမှာ ကျုပ် တစ်ယောက်တည်း ပါ။”

“ကျုပ်မိန်းမ ကျင်းမူလန်ရော။”

“အရှင်ရဲ့ မိဖုရားလား။”

ကန်ဝမ်က ပြောသည်။ “မသိဘူးလို့ ပြောခွင့်ရှိမလား။”

‘ဒါ ဘာသဘောလဲ။ မသိရင် မသိဘူးပေါ့။ မသိဘူးလို့ ပြောခွင့်ရှိမလား ဆိုတာက ဘာလဲ။’

“ပြောလို့ မရဘူးလား။”

ကန်ဝမ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။ “ဟုတ်ပါတယ် ... ပြောလို့ မရပါဘူး။ အရှင် ကိုယ်တိုင် ခံစားကြည့်မှ ရပါလိမ့်မယ်။”

ရှမ့်လန်သည် ကန်ဝမ်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ “ကန်ဝမ်... ဒီကာလအတွင်း ပင်ပန်းခဲ့လား။”

“အစပိုင်း ၁၀ နှစ်ကတော့ ပင်ပန်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း နှစ် ၂၀ ကတော့ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပါတယ်။ အရှင် ကျုပ် ရှေ့ကို ရောက်လာခဲ့ပါပြီ။”

“တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်ကို သိသလား။”

“သိပါတယ်။ ရှက်စရာ ကောင်းလှပါတယ်။ ဉာဏ်ပညာဘုရင်ရဲ့ လမ်းညွှန်မှုသာ မရှိရင် ကျုပ် ဒီနေရာကို ဘယ်တော့မှ ရောက်လာနိုင်မှာ မဟုတ်ပါဘူး။ ကပ်ဘေးသင့် သရဲမြို့တော်မှာ ဉာဏ်ပညာဘုရင်ရဲ့ ဝိညာဉ် အမွေအနှစ်ကို ဘာကြောင့် မရနိုင်ခဲ့သလဲ ဆိုတာ အခုမှ သိလိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျုပ်က ကူးတို့သမား သတ်သတ် ဖြစ်လို့ပါပဲ။”

“ဝမ်းနည်းပါတယ်။” ရှမ့်လန်က ပြောလိုက်၏။

“မဟုတ်တာ။ ကျုပ် စိတ်သက်သာရာ ရသွားတာပါ။”

ကန်ဝမ်က ဆက်ပြောသည်။ “ရှန့်ကုန်း ဘုရားကျောင်းကို ပြန်လည် တည်ထောင်စေချင်ရင် ပြဿနာ မရှိပါဘူး။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ပြန်လည် တည်ထောင်ပြီး ထိပ်တန်း အင်အားစု ဖြစ်စေချင်ရင်လည်း ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ လောကကြီးကို ကယ်တင်ခိုင်းမယ်ဆိုရင်တော့ ဒါက မဖြစ်နိုင်ပါဘူး။ အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ အဲဒီခက်တဲ့အရာက ကျုပ်ရဲ့ တာဝန် မဟုတ်ဘူး။ ကျုပ်ရဲ့ တာဝန် မဟုတ်တဲ့အတွက် ဝမ်းမြောက်မိပါတယ်။”

“ကန်ဝမ်... အဆင့်မြင့် နဂါးအသိဉာဏ်အမြင် အကြောင်း သိလား။”

“ကြားဖူးပါတယ်။ ဒါပေမဲ့ ကျုပ်က အခြေခံ အဆင့်လောက်ပဲ မှီပါတယ်။”

“အခြေခံ နဂါးအသိဉာဏ်အမြင် ဆိုတာ နှစ်ဖက်မြင် အဆင့် ဖြစ်တယ်။ အလယ်အလတ် နဂါးအသိဉာဏ် အမြင်ကျတော့ သုံးဖက်မြင်စွမ်းအင်လောက ဖြစ်တယ်။ အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ဆိုတာ ဘယ်လိုပုံစံ ဖြစ်မယ်လို့ ထင်သလဲ။”

ကန်ဝမ် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆိုသည်။ “အရှင်က နှစ်ဖက်မြင်နဲ့ သုံးဖက်မြင်လို့ ပြောခဲ့တယ်။ ဒါဆိုရင် အဆင့်မြင့် နဂါးအသိဉာဏ်အမြင်က လေးဖက်မြင် ဖြစ်နိုင်မလား။”

ယခင်က ရှမ့်လန်လည်း ထိုသို့ တွေးခဲ့ဖူးသော်လည်း ယခုအခါ ထိုသို့ မထင်တော့ပေ။ အကြောင်းမှာ လေးဖက်မြင် ဆိုသည်မှာ အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်နေသောကြောင့် ဖြစ်၏။ အလွန် မြင့်မားလွန်းလှသည်။ ၎င်းသည် အန္တိမ နဂါးအသိဉာဏ်အမြင် အဆင့်တွင်သာ ရှိကောင်း ရှိနိုင်ပေလိမ့်မည်။

ရှမ့်လန်က မေးလိုက်၏။ “ဉာဏ်အလင်းပွင့်နေတာ ခင်ဗျားလေ။ အဆင့်မြင့် နဂါးအသိဉာဏ်အမြင်က ဘာဖြစ်မယ်လို့ ထင်လဲ။”

“တောင်းပန်ပါတယ် အရှင်... ကျုပ် မသိပါဘူး။ သုံးသပ်လို့လည်း မရပါဘူး။”

ရှမ့်လန်သည် ကန်ဝမ်ဘေးနားရှိ ရေတွင်းကို ကြည့်လိုက်မိ၏။ ပျောက်ဆုံးအင်ပါယာမှ အပျက်အစီးများကို သတိရမိလိုက်သည်။ နှင်းတောင်ထိပ်ရှိ ပိရမစ်ထဲတွင် ရှမ့်လန်သည် အလယ်အလတ် နဂါးအသိဉာဏ်အမြင် ကို ပြီးမြောက်အောင်မြင်ခဲ့ဖူးသည်။

ထိုစဉ်က မဟာပညာရှင် ၁၃ ဦးသည် သူတို့၏ အသက်နှင့် ဝိညာဉ်များကို စတေးပြီး ရေတွင်းထဲသို့ လောင်းထည့်ပေးခဲ့ကြရသည်။ သူတို့၏ ဝိညာဉ်များသည် ရေတွင်းထဲမှ ရေများသဖွယ် ဖြစ်ခဲ့ရ၏။ မဟာပညာရှင် ၁၃ ဦး၏ အသက်ကို စတေးပြီးမှသာ ရှမ့်လန်၏ ဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်ခဲ့ရခြင်း ဖြစ်သည်။ ယခုလည်း ဤနေရာတွင် ရေတွင်းတစ်တွင်း ရှိနေပြန်၏။

ရှမ့်လန်က မေးလိုက်သည်။ “ကန်ဝမ်... ဒီရေတွင်းက ဘာလုပ်ဖို့လဲ။”

“တောင်းပန်ပါတယ်။ ကျုပ် မသိပါဘူး အရှင်။”

“အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ရရှိအောင် ကူညီပေးနိုင်မယ်လို့ ထင်လား။”

ကန်ဝမ်သည် ဒူးထောက် ဦးတိုက်ပြီး ဆိုသည်။ “ကျုပ် မသိပါဘူး။ ခွင့်လွှတ်တော်မူပါ အရှင်။”

ယခုအချိန်တွင် ကန်ဝမ်သည် စစ်မှန်သော ကူးတို့သမား တစ်ဦးကဲ့သို့ ပြုမူနေသည်။ သူသည် ပို့ဆောင် ပေးရန်သာ တာဝန်ရှိပြီး မည်သည့် ဆုံးဖြတ်ချက်၊ လမ်းညွှန်ချက်၊ လွဲမှားသော လမ်းပြမှုမျိုးကိုမှ မပြုလုပ်ပေ။

ရှမ့်လန်သည် ရေတွင်းပျက်နားသို့ သွားရောက်ကြည့်ရှုလိုက်၏။ ဤရေတွင်းပျက်သည် အလွန် နက်ရှိုင်း လှသည်။ ပျောက်ဆုံးအင်ပါယာ နှင်းတောင်ထိပ် ပိရမစ်ထဲမှ ရေတွင်းပျက်နှင့် နှိုင်းယှဉ်လျှင် အဆပေါင်း တစ်သောင်းမက ပိုမို နက်ရှိုင်းသည်။ လောကမြေ၏ ဗဟိုချက်အထိ ပေါက်ရောက်နေသကဲ့သို့ ခံစားရ၏။ ထို့အပြင် ဟာလာဟင်းလင်း မဟုတ်ဘဲ ရေရှိနေသကဲ့သို့ ထင်ရသည်။ သေချာသည်မှာ ရေအစစ် မဟုတ်ဘဲ ဝိညာဉ်များသာ ဖြစ်သည်။ မရေမတွက်နိုင်သော ဝိညာဉ်များပင်။ သို့သော်ငြား ရေတွင်းထဲမှ ဝိညာဉ်ရေသည် မပြည့်ဘဲ သုံးပုံနှစ်ပုံသာ ရှိနေသေး၏။

ရှမ့်လန် တုန်ယင်စွာ မေးလိုက်မိသည်။ “ခင်ဗျား ခေါ်လာတဲ့ လူတစ်သောင်း ဘယ်ရောက်သွားလဲ။”

ကန်ဝမ်သည် စကားမဆိုဘဲ မြေကြီးပေါ်တွင် လုံးဝ ဝပ်တွားနေသည်။ အဖြေကို စဉ်းစားမိလိုက်ချိန်မှာတော့ ရှမ့်လန်၏ ဦးရေပြားများ ထုံကျင်သွားရသည်။ အရူး... လုံးဝ အရူးတစ်ယောက်ပင်။

“ခင်ဗျား ခေါ်လာတဲ့ လူတစ်သောင်းလုံး ရေတွင်းထဲ ဝင်သွားကြတာလား။ အားလုံးရဲ့ ဝိညာဉ်တွေကို စတေးလိုက်တာလား။” ရှမ့်လန်က မေးလိုက်၏။

ကန်ဝမ်သည် စကားမဆိုဘဲ ဆက်လက် ဦးတိုက်နေသည်။

ရှမ့်လန်၏ ဆံပင်များ ထောင်ထသွားရ၏။ “ဒါ... ဒါဆို မူလန်ကော... အထဲမှာလား။”

“ဒီမှာ မရှိပါဘူး။” ကန်ဝမ်က ဖြေလိုက်သည်။

ချက်ချင်းပဲ ရှမ့်လန် သက်ပြင်းချနိုင်သွားခဲ့သည်။ သို့သော်ငြား သူ လက်မခံနိုင်သေးပေ။ သူသည် စတေးမှုကို မလိုလားပေ။ ကျန်းလီနှင့် လုံးဝမတူညီသော လမ်းကြောင်းကို လျှောက်လှမ်းချင်ခဲ့သူ ဖြစ်၏။ လွန်ခဲ့သော တစ်ခေါက်က မဟာပညာရှင် ၁၃ ဦး အသက်စတေးခဲ့ရသည်။ ရှမ့်လန် ဝမ်းနည်းခဲ့ရ၏။ သို့သော်ငြား ထိုမဟာပညာရှင် ၁၃ ဦးသည် အသက်ရှင်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ထွက်ခွာသွားခြင်းသည် သူတို့အတွက် သက်သာရာ ရစေခြင်းပင် ဖြစ်၏။

သို့သော်ငြား ကန်ဝမ် ခေါ်ဆောင်လာသော လူတစ်သောင်းထဲတွင် လူငယ်များစွာ ပါဝင်နိုင်သည်။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ပြန်လည်တည်ထောင်မည့် အိပ်မက်များအားလုံး ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ ထိုလူတစ်သောင်းလုံးသည် ဤရေတွင်းပျက်ထဲမှ ဝိညာဉ်များ ဖြစ်သွားကြသည်။

“အရှင်... ဒါပေမဲ့ ဒီရေတွင်းက မပြည့်သေးပါဘူး။ မပြည့်သေးပါဘူး။” ကန်ဝမ် တုန်ယင်စွာ ပြောလိုက်၏။

“ဘာ... ဘာဖြစ်လို့လဲ။”

ရှမ့်လန်က ဆိုလိုက်သည်။ “ခင်ဗျား လူတစ်သောင်းလုံးကို ရေတွင်းထဲ ပို့လိုက်တယ်။ ဝိညာဉ်ရေ ဘယ်လောက် တက်လာလဲ။”

ကန်ဝမ်က ဦးတိုက်် လျက် ဆိုသည်။ “လုံးဝ တက်မလာပါဘူး။ မူလတည်းက သုံးပုံနှစ်ပုံ ရှိနေတာပါ။ ဝိညာဉ်တစ်သောင်း စတေးလိုက်တာတောင် တစ်မီလီမီတာမှ တက်မလာခဲ့ပါဘူး။”

“ခင်ဗျား ဝမ်းနည်းနေလား။”

“သေချင်လောက်အောင် နာကျင်ရပါတယ်။ အရှင် ရောက်လာမယ့်အချိန်ကို စောင့်မျှော်ရင်း စိတ်တွေ ထုံကျင်နေခဲ့ရပါတယ်။”

ထို့နောက် သူသည် တရစပ် ရေရွတ်နေသည်။ တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရှေးဟောင်း ရေတွင်းပျက် သည် အဘယ်ကြောင့် မပြည့်နိုင်ရသနည်း။ အဘယ်ကြောင့် အတွင်းမှရေသည် သုံးပုံနှစ်ပုံတွင် ရပ်တန့် နေရသနည်း။

အပိုင်း (၁၃၄၈)

ထိုစဉ်က မဟာပညာရှင် ၁၃ ဦးသည် သူတို့၏ ဝိညာဉ်များဖြင့် တိမ်ကောနေသော ရေတွင်းပျက်ကို ဖြည့်ဆည်းပေးခဲ့ပြီး အလယ်အလတ် နဂါးအသိဉာဏ်အမြင်ကို ရရှိစေခဲ့၏။ ယခုမူ ဤရေတွင်းပျက်ကြီး ပြည့်သွားစေရန် မည်မျှ အစွမ်းထက်သော ဝိညာဉ်မျိုး လိုအပ်မည်နည်း။

သံသယ ဖြစ်စရာ မလိုပေ။ ဤရေတွင်း သည် အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ပြီးမြောက်မည့် နေရာပင် ဖြစ်သည်။ ဝိညာဉ်ရေ သုံးပုံနှစ်ပုံ ပြည့်နေအောင် မည်သည့်အရာက ဖြည့်ဆည်းပေးထားသနည်း။

ကန်ဝမ်သည် ရှမ့်လန် အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ရရှိရန် ဝိညာဉ်ရေ ပြည့်နေရမည်ကို သိထားသည်။ သို့သော်ငြား ဖြည့်ဆည်းရန် နည်းလမ်း ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူသည် ခေါ်ဆောင်လာသော လူတစ်သောင်းလုံး ကို စတေးခဲ့ရပြီး အဆုံးတွင် ထိုအရာကလည်း အရာမထင်ခဲ့ချေ။ သေဆုံးသွားသော နှလုံးသားထက် ပို၍ ဝမ်းနည်းစရာကောင်းသောအရာ မရှိတော့ပေ။ သူသည် ရက်စက်သောသူ တစ်ဦး ဖြစ်သော်လည်း အသုံးမဝင်ခဲ့ပေ။

“အရှင်... အရှင် ရောက်လာပြီ ဆိုတော့ ကျုပ် သူတို့နောက် လိုက်သွားပါရစေ။”

ကန်ဝမ် တုန်ယင်စွာ ပြောလိုက်၏။ “ကျုပ် အသနားခံပါတယ်။ ကျေးဇူးပြုပြီး မတားပါနဲ့။ ကျုပ်က လူတွေကို သေမင်းဆီ ပို့ဆောင်ခဲ့ပေမဲ့ ကိုယ်တိုင်က အသက်ရှင်နေရတယ်။ ဒါက သေတာထက် အဆပေါင်း တစ်ထောင် ပိုနာကျင်ရပါတယ်။ အရှင် ကရုဏာထားပြီး ကျုပ်ကို သူတို့နောက် လိုက်ခွင့်ပြုပါ။”

ထို့နောက် ကန်ဝမ်သည် ရေတွင်းနက်ကြီးကို ကြည့်လိုက်သည်။

“နောင်တော်တို့... ညီတော်တို့... ကျုပ် လာပါပြီ။” ကန်ဝမ်က ဖြည်းညင်းစွာ ပြောလိုက်၏။

ထို့နောက် သူသည် ရေတွင်းနက်ကြီးထဲသို့ ခုန်ချလိုက်ပြီး ချက်ချင်းပဲ ပြာမှုန်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ခန္ဓာကိုယ် ပျောက်ကွယ်သွားရုံသာမက ဝိညာဉ်ပါ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်၏။ ရှမ့်လန် အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ရရှိစေရန် သူ၏ အသက်ကိုပါ ဤရေတွင်း၌ စတေးလိုက်ခြင်း ဖြစ်သည်။

သို့သော်ငြား ကန်ဝမ် ခုန်ချသွားသည့်တိုင် ဝိညာဉ်ရေသည် ပြည့်မလာဘဲ သုံးပုံနှစ်ပုံသာ ရှိနေဆဲ ဖြစ်သည်။ ကန်ဝမ်၏ဝိညာဉ်ကို စတေးလိုက်သော်လည်း ရေမျက်နှာပြင်သည် တစ်မီလီမီတာမှ တက်မလာခဲ့ပေ။

သုံးပုံနှစ်ပုံ... သုံးပုံနှစ်ပုံ...။

ရှမ့်လန်သည် ရေတွင်းနက်ကြီးနှင့် အတွင်းရှိ မရေမတွက်နိုင်သော ဝိညာဉ်များကို ကြည့်ရင်း သက်ပြင်း ချလိုက်မိ၏။ အကျိုးအကြောင်း ဆင်ခြင်မှုက ယခုအချိန်တွင် မခုန်ချသင့်ကြောင်း ပြောနေသော်လည်း စိတ်ခံစားမှုကမူ ချက်ချင်း ခုန်ချရန် တွန်းအားပေးနေသည်။

စောစောကပင် ကန်ဝမ် ခုန်ချသွားပြီး ပြာမှုန် ဖြစ်သွားခဲ့၏။ လူတစ်သောင်းကျော် ခုန်ချသွားပြီး ပြာမှုန် ဖြစ်သွားခဲ့ကြ၏။

“ကျုပ်လည်း လာပြီ။”

ရှမ့်လန်သည် လောကမြေအလယ်ဗဟိုသို့ ပေါက်ရောက်နေသော ငရဲတမျှ နက်ရှိုင်းသည့် ရေတွင်းနက်ကြီး ထဲသို့ ခုန်ချလိုက်သည်။

ပြာမှုန်အဖြစ် ပြောင်းလဲသွားမည်လား။ သို့မဟုတ် အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ကို ရရှိမည်လား။

…..

ရေတွင်းနက်ထဲသို့ မခုန်ချမီ ရှမ့်လန်သည် ဖြစ်နိုင်ခြေ အကျိုးဆက်များစွာကို ကြိုတင် တွေးတောခဲ့၏။

သို့သော်ငြား ရလဒ်မှာမူ ဘာမှဖြစ်မလာခဲ့ပေ။ မည်သည့် တုံ့ပြန်မှုမှ မရှိပေ။ သူသည် ရေတွင်းနက်ကြီး ထဲရှိ ဝိညာဉ်ရေထဲတွင် မလှုပ်မယှက် မျောပါနေသည်။ သူသည် ပြာမှုန်အဖြစ် ပြောင်းလဲမသွားသလို အဆင့်မြင့် နဂါး အသိဉာဏ်အမြင်ကိုလည်း ရရှိခြင်း မရှိပေ။

ရှမ့်လန်သည် နဂါးအသိဉာဏ်အမြင် နယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရှိ၊ ဘာမှ မဖြစ်ပျက်ခဲ့သကဲ့သို့ပင်။ သူ မြင်တွေ့နေရသည်မှာ အဆုံးအစမဲ့ ဝိညာဉ်ရေပြင်ကြီးသာဖြစ်ပြီး အောက်ခြေမဲ့ နေသောကြောင့် ငရဲပြည်အထိ ပေါက်ရောက်နေသကဲ့သို့ ခံစားရသည်။

ကန်ဝမ်နှင့် သူခေါ်ဆောင်လာသော လူတစ်သောင်းတို့သည် ခုန်ချလိုက်ပြီးနောက် ပြာမှုန်အဖြစ် ပြောင်းလဲ သွားခဲ့ကြ၏။ နောက်ဆုံးတွင် ကန်ဝမ် ကိုယ်တိုင်လည်း ခုန်ချပြီး ပြာမှုန်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ရှမ့်လန် တစ်ဦးတည်းသာ ခုန်ချပြီးနောက် ဘာမှမခံစားရဘဲ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဝိညာဉ်ရေထဲတွင် ငြိမ်သက်စွာ လဲလျောင်းရင်း ကောင်းကင်ကို မော့ကြည့်လိုက်၏။

မဟုတ်သေးချေ။ ဤနေရာတွင် ကောင်းကင်ဟူ၍ မရှိ၊ ထာဝရ အထီးကျန်ဆန်ခြင်းသာ ရှိသည်။ ထိုအချိန်၌ ဝိညာဉ်ရေ သုံးပုံနှစ်ပုံသည် မည်သည့်နေရာမှ ရောက်ရှိလာကြောင်း ရှမ့်လန် သိရှိလိုက်သည်။

တစ်ပုံမှာ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်ထံမှ ဖြစ်ပြီး ကျန်တစ်ပုံမှာ နဂါးမယ်တော််ထံမှ ဖြစ်သည်။ ထိုသူတို့သည် ရှေးဟောင်း အကျဉ်းထောင်မှ အကျဉ်းသားနံပါတ် ၃ နှင့် ၄ တို့ ဖြစ်ကြ၏။

တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်သည် အဆင့်မြင့်နဂါးအသိဉာဏ်အမြင် အကြောင်းကို သိရှိပါလျက် ရှမ့်လန်အား အဘယ်ကြောင့် မသင်ကြားပေးခဲ့သနည်းဟု ရှမ့်လန် ယခင်က စူးစမ်းခဲ့ဖူးသည်။ ယခုမှသာ သူ နားလည်သွားတော့၏။

အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ပြီးမြောက်ရန် လိုအပ်သောဝိညာဉ်နှင့် စိတ်စွမ်းအင် ပမာဏမှာ အလွန်များပြားလှပြီး ကြီးမားသောပေးဆပ်မှု လိုအပ်ပေသည်။ အရေးကြီးဆုံးအချက်မှာ ရှမ့်လန် ကိုယ်တိုင် ဉာဏ်အလင်းပွင့်ရန် လိုအပ်ပြီး သူ၏ခန္ဓာ၊ စိတ်နှင့် ဝိညာဉ် တစ်ခုလုံးကို ရာနှုန်းပြည့် မြှုပ်နှံထားရမည်။

“အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ဆိုတာ ဘာဖြစ်မယ်လို့ ထင်သလဲ။” ရှမ့်လန်သည် ကန်ဝမ်အား မေးမြန်းခဲ့ဖူး၏။

ကန်ဝမ်က မသိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ယခုအချိန်တွင်မူ ရှမ့်လန်၏ နှလုံးသားထဲ၌ အဖြေတစ်ခု ရှိနေပြီ ဖြစ်၏။ ၎င်းမှာ အသက်နှင့် သေခြင်းတရားပင် ဖြစ်၏။

အသက်နှင့် သေခြင်းတရားကို ဉာဏ်အလင်းပွင့်ခြင်း - ဤအရာသည် အလွန် ဆန်းကြယ်သည်ဟု ထင်ရသော်လည်း အစွမ်းထက်လာစေရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပုံရသည်။ ကျန်းလီ၏ လက်ရှိ စွမ်းအားမှာ အကန့်အသတ်မဲ့ ဖြစ်နေသော်လည်း သူ၏အရေးအပါဆုံး အရာမှာ အဘယ်နည်း။ သူသည် အသက်နှင့် သေခြင်းတရားကို ထိုးဖောက်မြင်နိုင်ရုံသာမက ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ငရဲသလင်းကျောက် ဆိုသည်မှာ အဘယ်နည်း။ အတိုင်းအတာ တစ်ခုအထိ ပြောရလျှင် သေခြင်းတရား၏ ပရိယာယ်ပင် ဖြစ်သည်။ ငရဲပြည်အထိ နက်ရှိုင်းစွာဝင်ရောက်ပြီး သေခြင်းတရားကို နားလည် သဘောပေါက်မှသာ နိဗ္ဗာနသို့ ရောက်ရှိနိုင်မည်။

ကျန်းလီသည် အသက်နှင့် သေခြင်းတရား လက်နက်ကို ပြီးပြည့်စုံစွာ အသုံးချနိုင်ခဲ့သည်။ သူသည် အသက်နှင့် သေခြင်းတရားကို ခွာချပြီး သိန်းပေါင်းများစွာသော ရှေးဟောင်းလူသား ဝိညာဉ်များကို ကြီးမားသော ပျက်သုဉ်းခြင်းမှ လွတ်မြောက်စေခဲ့၏။

သူသည် မိမိ၏ ကိုယ်ပိုင်အသက်နှင့် သေခြင်းတရားကိုပင် ပြောင်းပြန်လှန်ပစ်ကာ လောကတစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့သည်။ အသက်နှင့် သေခြင်းတရားသည် သူ၏လက်ထဲတွင် သေစေနိုင်သော လက်နက်တစ်ခု ဖြစ်လာခဲ့သည်။ ထို့ကြောင့် အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ဆိုသည်မှာ အသက်နှင့် သေခြင်းတရားကို နားလည် သဘောပေါက်ပြီး သေခြင်းတရား၏ စစ်မှန်သော စွမ်းအားကို ဆုပ်ကိုင်နိုင်ခြင်းလား။

ရှမ့်လန်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်နှင့် နဂါးမယ်တော်တို့သည် ရှမ့်လန်အား နိဗ္ဗာနရောက်ရှိစေရန်နှင့် သူ၏ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ပေးပြီးနောက် တော်ဝင်ကပ်ဘေးဘုရားကျောင်း ရှေးဟောင်းအပျက်အစီးသို့ လာရောက်ကာ သူတို့၏ ဝိညာဉ်များကို စတေးကာ ဤရေတွင်းနက်ကြီးကို သုံးပုံနှစ်ပုံ ပြည့်အောင် ဖြည့်ဆည်းပေးခဲ့ကြခြင်း ဖြစ်ပေမည်။

အကယ်၍ ထိုသို့သာဖြစ်ခဲ့လျှင် ရှမ့်လန်သည် သက်ပြင်းချရုံမှတစ်ပါး တတ်နိုင်မည် မဟုတ်ပေ။ ရှမ့်လန်သည် ထိုပုဂ္ဂိုလ်နှစ်ဦးကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသော်လည်း ထိုသူတို့သည် သူ့အတွက် အရာအားလုံးကို စွန့်လွှတ်ခဲ့ကြသည်။ သို့သော်ငြား လုံလောက်မှု မရှိသေးပေ။

အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ရရှိရန် လိုအပ်သော ဝိညာဉ်စတေးမှု ပမာဏမှာ အလွန် များပြားလှ ပေသည်။ အလယ်အလတ် နဂါးအသိဉာဏ်အမြင် ရရှိရန် လိုအပ်သော ပမာဏထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုများသည်။ ကန်ဝမ်နှင့် လူတစ်သောင်း၏ စတေးမှုသည် အသုံးမဝင်သလောက်ပင် ဖြစ်ခဲ့ရ၏။

ဤရေတွင်းထဲမှ ဝိညာဉ်ရေမပြည့်လျှင် သူသည် နဂါးအသိဉာဏ်အမြင်ကို ရရှိနိုင်မည် မဟုတ်ပေ။ ထိုသို့ဖြစ်လျှင် ကျန်ရှိသောသုံးပုံတစ်ပုံကို မည်သူက ဖြည့်ဆည်းပေးမည်နည်း။ ဤလောကတွင် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်နှင့် နဂါးမယ်တော်တို့ကဲ့သို့ အစွမ်းထက်သော ဝိညာဉ်ပိုင်ရှင် မည်သူ ရှိသေးသနည်း။

အမှောင်ဘုရင်မလား။ မဟုတ်သေးချေ။ သူမ မဖြစ်နိုင်ပေ။ ပထမအချက်အနေဖြင့် သူမသည် ကျန်းလီ၏ ဖမ်းဆီးခြင်းကို ခံထားရပြီးဖြစ်ရာ လွတ်မြောက်နိုင်မည့် နည်းလမ်းမရှိပေ။ ထို့အပြင် သူမ၏ ဝိညာဉ် စွမ်းအားမှာ လိုအပ်ချက်နှင့် ကွာခြားလွန်းလှသေး၏။ ကျန်ရှိသော သုံးပုံတစ်ပုံကို ဖြည့်ဆည်းပေးနိုင်မည့် တစ်ခုတည်းသောအရာမှာ ဘုရင်မမီဒူဆာ၏ဝိညာဉ်သာ ဖြစ်သည်။ သူမသည် ဤလောကတွင် ဝိညာဉ် စွမ်းအား အကြီးမားဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

အိမ်ရှေ့စံကျန်းရှဲ့ အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ပြီးမြောက်ပြီး အလွန် အစွမ်းထက်လာရခြင်း၊ သိန်းပေါင်းများစွာသော ဝိညာဉ်များကို ဦးဆောင်ကာ မဟာပျက်သုဉ်းခြင်းကို ဖြတ်ကျော်နိုင်ခဲ့ခြင်းမှာ ဘုရင်မ မီဒူဆာကြောင့် ဖြစ်၏။

သူသည် ဦးစွာ ဘုရင်မမီဒူဆာ၏ ခန္ဓာနှင့် စိတ်ကို သိမ်းပိုက်ကာ သူမ၏ ဝိညာဉ်ဆိုင်ရာ သိမြင်နားလည်မှုနှင့် စွမ်းအင်ဗဟုသုတ အားလုံးကို ရယူခဲ့၏။ ထို့အပြင် နတ်ဘုရားအကြည့်ကိုပါ ဆုပ်ကိုင်နိုင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် နတ်ဘုရားအကြည့်ကို အသုံးပြု၍ ဘုရင်မမီဒူဆာအား ကျောက်ဖြစ်သွားစေခဲ့သည်။

ထိုသို့ဖြစ်လျှင် ဘုရင်မမီဒူဆာ၏ ဝိညာဉ် ရှိနေသေးသည်လား။ သူမ၏ဝိညာဉ် ကျန်ရှိနေသေးသလား။ ရှိနေသင့်သည်ဟု ရှမ့်လန် ခံစားရသည်။ ထိုသို့မဟုတ်လျှင် သူမ၏ရုပ်တု မျက်လုံးနှစ်လုံးမှ စိတ်စွမ်းအင် သတင်းအချက်အလက်များကို အချိန်တိုင်း ထုတ်လွှတ်နေနိုင်မည် မဟုတ်သလို နေ့စဉ် ပုံရိပ်ယောင်များ ပေါ်ထွက် လာနိုင်မည် မဟုတ်ပေ။

သို့သော်ငြား ရှမ့်လန်သည် မိစ္ဆာတြိဂံနယ်မြေသို့ ရောက်ရှိခဲ့သော်လည်း ဧရာမဘုရင်မမီဒူဆာ ရုပ်တုကြီး ပျောက်ဆုံးနေခဲ့သည်။ ဘယ်ရောက်သွားသနည်း။ ကျန်းလီ ယူဆောင်သွားခြင်းလား။ သို့မဟုတ် ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော် ယူဆောင်သွားခြင်းလား။

ရှမ့်လန်သည် ဒုတိယအချက်ကို ပို၍ ယုံကြည်မိသည်။ ဘုရင်မမီဒူဆာသည် ပျောက်ဆုံးအင်ပါယာ၏ နတ်ဘုရား ဖြစ်၏။ ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော် နှင့် မရေမတွက်နိုင်သော ပင်လယ်မွန်းစတားများ ထွက်ခွာသွားကြချိန်မှာတော့ ရုပ်တုကြီးကို သေချာပေါက် သယ်ဆောင်သွားကြပေလိမ့်မည်။ တစ်ခုတည်းသော မေးခွန်းမှာ မည်သို့ သယ်ဆောင်သွားသနည်း ဆိုသည်ပင်။

အရာအားလုံးသာ ရှမ့်လန် မျှော်လင့်ထားသည့်အတိုင်း ဖြစ်ပါက ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော် နှင့် ပင်လယ် မွန်းစတားများသည် မည်သည့်နေရာသို့ ပြောင်းရွှေ့သွားကြသနည်း။ ထိုအချိန်က ရှမ့်လန်သည် ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်အား မည်သူမှ ရှာမတွေ့နိုင်သော ဝေးလံသည့်နေရာတစ်ခုသို့ ချက်ချင်း ထွက်ခွာသွားရန် မှာကြားခဲ့ဖူး၏။ မည်သည့်နေရာသို့သွားရမည်ကို ရှမ့်လန် မသိသလို ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်လည်း မသိခဲ့ပေ။

ထို့ကြောင့် ဘုရင်မမီဒူဆာ၏ရုပ်တုကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။ ရှာတွေ့လျှင်ကော ဘာလုပ်နိုင်မည်နည်း။ ဘုရင်မမီဒူဆာ၏ ရုပ်တုရှေ့တွင် ရပ်ကာ သွားရောက်တောင်းဆိုရမည်လား။

“ကျေးဇူးပြုပြီး ဘုရင်မ... လောကကြီးကို ကယ်တင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်နဲ့ ဝိညာဉ်ကို စတေးပေးပါ။ ဒါမှ ကျုပ် အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ကို ပြီးမြောက်နိုင်မှာပါ။”

ဟိုယခင်က အိမ်ရှေ့စံကျန်းရှဲ့သည် သူမအား တစ်ကြိမ် လှည့်စားပြီး စတေးခိုင်းခဲ့ဖူး၏။ သို့သော်ငြား အနည်းဆုံးတော့ အချစ်ရှိခဲ့သည်။ ဘုရင်မမီဒူဆာသည် ကျန်းရှဲ့ကို အသည်းနှလုံးထဲထိ ချစ်မြတ်နိုးခဲ့ သောကြောင့် မိမိကိုယ်ကို စတေးရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်ပေမည်။

ထိုသို့ဖြစ်လျှင် ဘုရင်မမီဒူဆာနှင့် ရှမ့်လန်တို့အကြား မည်သည့် ပတ်သက်မှု ရှိသနည်း။ မည်သည့် ပတ်သက်မှုမှ မရှိပေ။ သူမအနေဖြင့် မိမိကိုယ်ကို စတေးရန် မည်သည့် အကြောင်းပြချက် ရှိသနည်း။ သေချာသည်မှာ ပြောရလျှင် သူမ၌ စတေးရန် အကြောင်းပြချက် ရှိနေသေး၏။ ဥပမာအားဖြင့် ကျန်းရှဲ့ကို လက်စားချေရန်၊ သို့မဟုတ် ပျောက်ဆုံးအင်ပါယာကို ကယ်တင်ရန်တို့ ဖြစ်သည်။

အချစ်သည် အမုန်းအဖြစ် ပြောင်းလဲသွားချိန်မှာတော့ အပြင်းထန်ဆုံး ဖြစ်လာတတ်၏။ လက်စားချေရန် အတွက် အရာအားလုံးကိုပင် စတေးနိုင်သည်။ ထို့ကြောင့် ဘုရင်မမီဒူဆာ၏ ကျန်းရှဲ့အပေါ် ထားရှိသော အမုန်းတရားသည် ကောင်းကင်နှင့် မြေကြီးကိုပင် လောင်ကျွမ်းစေနိုင်လောက်၏။

ကျန်းလီသာ လောကစွမ်းအားကို ဝါးမျိုလိုက်ပါက ကျန်ရစ်နေသော ပျောက်ဆုံးအင်ပါယာသည် သေချာပေါက် ပျက်စီးသွားရပေလိမ့်မည်။ ထို့ကြောင့် အဓိကမေးခွန်းမှာ ဘုရင်မမီဒူဆာ၏ ရုပ်တု မည်သည့်နေရာတွင် ရှိနေသနည်း ဆိုသည်ပင်။

ထိုအချိန်၌ အသံတစ်သံသည် ရှမ့်လန်၏ နားထဲသို့ ထပ်မံ ဝင်ရောက်လာပြန်သည်။

“တော်ဝင်ကပ်ဘေး ဘုရားကျောင်း... တော်ဝင်ကပ်ဘေး ဘုရားကျောင်း... ကျွန်မက ကျင်းမူလန်ပါ။ ကျွန်မက ကျင်းမူလန်ပါ။”

“ဟမ်” ရှမ့်လန် လန့်ဖျပ်သွားရသည်။ မူလန်၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်၏။ “ဒီအချက်အလက်ကို မှတ်တမ်းတင်ပြီး ကျမရဲ့ယောက်ျားဆီ ပေးပို့ပေးပါ။ ၈၅၉၆၊ ၃၃၂၅၊ ၆၅၆၇...”

နောက်ထပ် ရှည်လျားသော ဂဏန်းတွဲများ ဖြစ်ပြီး ရာပေါင်းများစွာ ပါဝင်သည်။ ကြားလိုက်ရသည်နှင့် ရှမ့်လန် သည် ချက်ချင်း အဖြေဖော်လိုက်သည်။ “ယောက်ျား... တောင်ဝင်ရိုးစွန်း ပျောက်ဆုံးအင်ပါယာဆီ လာခဲ့ပါ။”

ထို့နောက် မူလန်၏အသံသည် ထပ်ကာထပ်ကာ ရွတ်ဆိုနေသည်။ ထုံးစံအတိုင်းပင် ရှမ့်လန်သည် အသံကို လက်ခံရရှိရုံသာ တတ်နိုင်ပြီး ပြန်လည် ဖြေကြားခွင့် မရှိပေ။ ရုတ်တရက် မူလန်၏ အသံ ပြောင်းလဲ သွားခဲ့သည်။ ချိုသာပြီး နူးညံ့သွား၏။ “ယောက်ျား... ရှင် နားထောင်နေတယ် မဟုတ်လား။ ရှင် နားထောင်နေမှန်း ကျွန်မ သိတယ်။”

ရှမ့်လန်၏ နှလုံးသားသည် မနေနိုင်မထိုင်နိုင် တုန်ခါသွားရသည်။

“ဟုတ်တယ်။ ငါ နားထောင်နေတယ်။” ရှမ့်လန် ပါးစပ်မှ ဖွင့်ဟ ပြောလိုက်၏။ သို့သော်ငြား မိုင်သောင်းချီ ဝေးကွာသော မူလန်မှာမူ မကြားနိုင်ရှာပေ။

“ယောက်ျား... ကျွန်မ ရှင့်ကို ခံစားမိတယ်။ တကယ်ပါ။”

မူလန် ငိုကြွေးလိုက်သည်။ “ကျွန်မ ရှင့်ကို အရမ်း လွမ်းတယ်။ ဒီနှစ် ၃၀ အတွင်း ရှင့်ကို မလွမ်းတဲ့နေ့ရယ်လို့ မရှိခဲ့ပါဘူး။ ယောက်ျား... ကျွန်မ အရမ်း နောင်တရမိတယ်။ ကျွန်မ ဒီလိုမျိုး လုံးဝ မနေချင်ပါဘူး။ ဆရာနဲ့အတူ မလိုက်သွားခဲ့သင့်ဘူး။ ရှင့်ဘေးနားမှာပဲ နေခဲ့သင့်တယ်။ ရှင်နဲ့၊ မိသားစုနဲ့ မခွဲခွာခဲ့သင့်ဘူး။ လောကကြီး ပျက်စီးသွားရင်လည်း ဘာဖြစ်သလဲ။ အနည်းဆုံးတော့ ကျွန်မတို့ အတူတူ နေရသေးတယ်။

“ယောက်ျား... ကျွန်မ ဒီလိုမျိုး လုံးဝ မနေချင်ပါဘူး။ လောကကြီး ပျက်စီးသွားရင်လည်း ဘာဖြစ်သလဲ။ ကျွန်မတို့က သာမန် လင်မယားတွေပဲလေ။ လောကကြီး ပျက်စီးသွားရင်လည်း ပျက်စီးသွားပါစေတော့။ ဘာလို့ ရှင်က တာဝန်ယူနေရမှာလဲ။”

မူလန်၏ ငိုကြွေးသံများသည် ရှမ့်လန်၏ နားထဲသို့ ဝင်ရောက်လာသည်။ မူလန်သည် ပြောင်းလဲခြင်း မရှိသေးပေ။ လွန်ခဲ့သော နှစ် ၃၀ ကလို မပြောင်းလဲရုံသာမက ရှမ့်ယီကို မမွေးဖွားမီ အချိန်ကလိုပင် မပြောင်းလဲသေးပေ။

“ကျွန်မက မိန်းကလေး တစ်ယောက်ပါ။ ဘာလို့ ကျွန်မကို အကြီးကြီးတွေ လုပ်ခိုင်းနေရတာလဲ။ ကျွန်မ လုံးဝ မလုပ်ချင်ပါဘူး။ လုံးဝ မလုပ်ချင်ပါဘူး။”

All Chapters