← Chapters

အခန်း (၁၃၅၅-၁၃၅၆)

Vol. 77 Ch. 1355-1356

အခန်း (၁၃၅၅-၁၃၅၆)

Vol. 77 Ch. 1355-1356

အပိုင်း (၁၃၅၅)

ရည်မှန်းချက် ပန်းတိုင်တစ်ခု ရှိနေခြင်း ဆိုသည့် ခံစားချက်၊ မူလန်၏ မှတ်ဉာဏ်များ၊ ချစ်ရသူများ၏ မှတ်ဉာဏ်များ၊ ကန်ဝမ်နှင့် အသက်စတေးခဲ့သူများအတွက် နာကျင်မှုနှင့် နောင်တတရားများ... အားလုံး ပြန်လည် ရောက်ရှိလာကြသည်။

ရှမ့်လန်သည် ရှမ့်လန်အဖြစ်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ လူသားဆန်မှုနှင့် စိတ်ခံစားမှုများ ပြည့်နှက်နေသော ရှမ့်လန်ပင် ဖြစ်၏။

“တချောင်... မင်းရဲ့ အသားက ပုပ်နေပြီ။ အဲဒါကို စားချင်သေးတာလား။” ရှမ့်လန် ရယ်မောလိုက်သည်။

တချောင် ဝမ်းသာသွားရ၏။ “သခင် ပြန်လာပြီ။ သခင် ပြန်လာပြီ။ စောစောက ဒီတိရစ္ဆာန်လေးကို တကယ် သေလောက်အောင် ခြောက်လှန့်ခဲ့တာပဲ။ တကယ် သေလောက်တယ်။ ဟမ်... စောစောက ကျုပ်စားလိုက်တဲ့ အသား ဘာဖြစ်သွားတာလဲ။ ပုပ်နေတာလား။”

တချောင် ခေါင်းငုံ့ကြည့်လိုက်ရာ ထင်မှတ်ထားသည့်အတိုင်း အသားသည် လုံးဝ ပုပ်သိုးနေပြီး အနံ့ဆိုးများ ထွက်နေသည်ကို တွေ့လိုက်ရသည်။ သို့သော်ငြား စောစောက ရှမ့်လန်၏ စိတ်ခံစားမှု မှတ်ဉာဏ်များကို ပြန်လည် နှိုးဆွပေးရန် သူသည် အများအပြား စားသုံးခဲ့ပြီး ဖြစ်သည်။

“ဝေါ့... ဝေါ့...”

တချောင်သည် ပင်လယ်ဘက်သို့လှည့်ပြီး အစွမ်းကုန် အော့အန်ရန် ကြိုးစားသော်လည်း ပြန်အန် မထွက်တော့ပေ။ ချက်ချင်းပဲ သူသည် ရှမ့်လန်ကို သနားစဖွယ် မျက်လုံးများဖြင့် ကြည့်လိုက်၏။ “သခင်... သခင်က သိပ်တော်တာပဲ။ ဗိုက် ပုပ်နေတဲ့ အသားတွေကို ပြန်ထုတ်ပေးပါလား။”

ရှမ့်လန်က ပြောလိုက်သည်။ “နတ်ဘုရားစွမ်းအင်ရှိရင်တောင် ဒီကိစ္စအတွက် အလဟဿ မသုံးသင့်ဘူး။ ဘာပဲဖြစ်ဖြစ် စားပြီးရင် နောက်ဆုံးကျတော့ အီး ဖြစ်သွားမှာပဲလေ။ ပိုတောင် နံအုံးမယ်။ မင်းရဲ့ အစာချေစနစ် က အရမ်း ကောင်းတယ်။ ဒီပုပ်သိုးနေတဲ့ အသားလောက်က မင်းအတွက် ဘာမှ မဟုတ်ပါဘူး။ ဒါပေမဲ့ ပါးစပ်တော့ ဆေးလိုက်အုံး။ ပြီးတော့ သွားပွတ်တံအစား အသံလွန်လှိုင်းကို သုံးပြီး သွားတိုက်လိုက်။ မဟုတ်ရင် နံနေအုံးမယ်။”

တချောင်သည် အတင်းအကြပ် သွားတိုက်လိုက်သည်။ ထိုအချိန်တွင် တော်ဝင်ကပ်ဘေး ဘုရားကျောင်း ပျက်စီးသွားခြင်းမှ ထွက်ပေါ်လာသော ဖုန်မှုန့်များသည် လေထဲတွင် လွင့်မျောနေဆဲ ဖြစ်သည်။ ၎င်းတို့သည် ဖြည်းညင်းစွာ စုစည်းသွားပြီး လူတစ်ယောက်၏ ပုံသဏ္ဍာန် ဖြစ်ပေါ်လာ၏။

မီတာ ထောင်ချီ မြင့်မားသော တောင်ကြီးတစ်လုံးသဖွယ် ဖြစ်သည်။ ဖုန်မှုန့်များဖြင့် ဖွဲ့စည်းထားသော လူတစ်ယောက်၊ တကယ် စိတ်ဝင်စားစရာ ကောင်းလှပေသည်။

‘တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ လက်ကျန် ပုံရိပ်လွှာလား။’

“ရှမ့်လန်...”

“ဉာဏ်ပညာဘုရင်ကို ဂါရဝပြုပါတယ်။” ရှမ့်လန်က ပြောလိုက်၏။

“နောက်ဆုံးတော့ မင်း အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ကို ပြီးမြောက်ခဲ့ပြီပေါ့။ မင်း ဆုပ်ကိုင်ထားတဲ့ စွမ်းအား က ကျန်းလီလောက် မသန်မာပေမဲ့ စွမ်းအင်အဆင့်အတန်း အရတော့ မင်းက သူ့နဲ့ တန်းတူ ဖြစ်နေပါပြီ။ ဒါအပြင် သူ မပိုင်ဆိုင်တဲ့ အရာတချို့ကို မင်း ပိုင်ဆိုင်ထားတယ်။

မင်းက ကျုပ်တို့ သုံးယောက်ရဲ့ ဝိညာဉ်စွမ်းအားကို ဝါးမျိုခဲ့တယ်။ မဟုတ်ဘူး။ လူတစ်သောင်းကျော်ရဲ့ ဝိညာဉ်စွမ်းအားကို ဝါးမျိုခဲ့တယ်။ ပြီးတော့ နားလည်သဘောပေါက်ပြီး နိဗ္ဗာန ကျော်ဖြတ်ခဲ့တယ်။ ဒါကြောင့် နဂါးမယ်တော် ဖြစ်စေ၊ ကျုပ်ဖြစ်စေ၊ ဘုရင်မမီဒူဆာရဲ့ အရည်အချင်းတွေ အားလုံး ဖြစ်စေ။ မင်း အားလုံးကို ဆုပ်ကိုင်ထားနိုင်ခဲ့ပြီ။”

တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ လက်ကျန်ပုံရိပ်လွှာသည် ဤစကားကို ပြောရန်သတ်သတ် ပေါ်လာခြင်းလား။ သေချာပေါက် မဟုတ်နိုင်ပေ။

“ရှမ့်လန်... အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ဆိုတာ ဘာလို့ ထင်သလဲ။” တော်ဝင်ကပ်ဘေး ဉာဏ်ပညာ ဘုရင်က မေးလိုက်၏။

ရှမ့်လန် ခေတ္တမျှ စဉ်းစားပြီးနောက် ဖြေလိုက်သည်။ “အန္တိမ နဂါးအသိဉာဏ်အမြင်ရဲ့ နိဒါန်းပျိုးခြင်းလား။”

“ဟုတ်တယ်။ သိပ်မှန်တယ်။”

တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်က ပြောလိုက်၏။ “အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ဆိုတာ အန္တိမ နဂါး အသိဉာဏ်အမြင်နဲ့ မျဉ်းပါးပါးလေးပဲ ခြားတာပါ။ ဒါပေမဲ့ ဒီမျဉ်းပါးပါးလေးက ကောင်းကင်အထိ ရှည်လျားပြီး ဖြတ်ကျော်ဖို့ လုံးဝ မဖြစ်နိုင်သလောက်ပဲ။

ရှမ့်လန်... နဂါးအသိဉာဏ်အမြင် အစပျိုးအဆင့်ကနေ အဆင့်မြင့် နဂါးအသိဉာဏ်အမြင် အထိ မရေမတွက်နိုင်တဲ့လူတွေက မင်းအတွက် အသက်ကို စတေးပြီး လမ်းခင်းပေးခဲ့ကြတယ်။ ဒါပေမဲ့ အန္တိမ နဂါး အသိဉာဏ်အမြင် အတွက်တော့ မင်း ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရလိမ့်မယ်။ ဘယ်သူမှ မင်းကို မကူညီနိုင်ဘူး။ အရာအားလုံးက မင်းရဲ့ ဉာဏ်ပညာနဲ့ ပြတ်သားမှု လိုအပ်တယ်။”

“ကောင်းပါပြီ။” ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။

တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်က မေးလိုက်၏။ “ဒါဆို မင်းက ကျန်းလီကို အရင် တိုက်ခိုက်ပြီးမှ အန္တိမ နဂါးအသိဉာဏ်အမြင်ကို ပြီးမြောက်အောင် လုပ်မလား။ ဒါမှမဟုတ် အန္တိမ နဂါးအသိဉာဏ်အမြင်ကို အရင် ပြီးမြောက်အောင် လုပ်ပြီးမှ ကျန်းလီကို တိုက်ခိုက်မလား။”

ရှမ့်လန်က ပြတ်သားစွာ ဖြေလိုက်သည်။ “ကျန်းလီကို အရင်တိုက်ခိုက်မယ်။ ကျုပ် နောက်ထပ် တစ်ခဏလေး တောင် မစောင့်နိုင်တော့ဘူး။ ကျုပ်ရဲ့ မူလ ရည်မှန်းချက် ကိုတော့ မေ့ပျောက်မှာ မဟုတ်ဘူး။”

တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်သည် ညင်သာစွာ သက်ပြင်းချလိုက်သည်။ “ကျန်တဲ့လမ်းခရီးကိုတော့ မင်းဘာသာမင်း လျှောက်လှမ်းရလိမ့်မယ်။ ဘယ်လို ရလဒ်ပဲ ထွက်လာပါစေ ကျုပ်တို့ အကောင်းဆုံး ကြိုးစားခဲ့ကြပြီးပြီ။ နှုတ်ဆက်ပါတယ်။”

ထို့နောက် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ လက်ကျန် ပုံရိပ်လွှာသည် အစအနမကျန် လုံးဝ ပျောက်ကွယ် သွားခဲ့သည်။ ထိုအချိန်မှစ၍ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် ဖြစ်စေ၊ နဂါးမယ်တော် ဖြစ်စေ၊ ဘုရင်မမီဒူဆာ ဖြစ်စေအားလုံးသည် ဤလောကမှ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်၏။

ရှမ့်လန်သည် သူပျောက်ကွယ်သွားသော နေရာသို့ ရိုသေစွာ ဦးညွှတ်လိုက်သည်။ “သွားတော့ ဉာဏ်ပညာဘုရင်... ကျန်တဲ့လမ်းခရီးကို ကျုပ် တစ်ယောက်တည်း ဆက်လျှောက်ပါ့မယ်။”

ထို့နောက် ရှမ့်လန်သည် တချောင်ကို ပြောလိုက်၏။ “ပြန်ကြစို့။ ငါတို့ ပြန်တိုက်ခိုက်ကြမယ်။ နောက်ထပ် တစ်မိနစ်တောင် မစောင့်နိုင်တော့ဘူး။ မိုကျင်း၊ အရှေ့တိုင်းအင်ပါယာ၊ မြောက်ဝင်ရိုးစွန်းအထိ တိုက်ခိုက်သွားမယ်။ ငါချစ်ရသူတွေ အားလုံးကို ကယ်တင်မယ်။ ငါတို့ အင်ပါယာကို ပြန်ယူမယ်။ ပြီးတော့ ကျန်းလီကို ဖျက်ဆီးပစ်မယ်။”

ထို့နောက် ရှမ့်လန်သည် တချောင်၏ကျောပေါ်သို့ ခုန်တက်လိုက်ပြီး ဤပင်လယ်ပြင်မှ ထွက်ခွာကာ မြောက်ဘက်သို့ ပျံသန်းသွားသည်။

... ...

ရှမ့်လန်သည် အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ထဲတွင် အဆုံးအစမဲ့ နှစ်ကာလများစွာ နစ်မြုပ်နေခဲ့ သော်လည်း လက်တွေ့တွင်မူ တစ်လပင် မပြည့်သေးပေ။ သို့တိုင်အောင် မိုကျင်း၏ ရေတွက်မှုသည် ပြီးဆုံးလုနီး ဖြစ်နေ၏။

ရုပ်ရှင်များတွင် နောက်ဆုံးမိနစ် ကယ်တင်မှုများကို မကြာခဏ ပြသလေ့ရှိသော်လည်း လက်တွေ့တွင်မူ ထိုကဲ့သို့သော အရာမျိုး ဖြစ်ပွားလေ့ မရှိပေ။ ရှမ့်လန် ထွက်ခွာသွားပြီးနောက် အင်ပါယာ ကျန်းလီ၏ အထူး ကောင်းကင်ခံတပ်များသည် မိုကျင်းကို ဆက်လက် ဗုံးကြဲတိုက်ခိုက်နေခဲ့သည်။

နေ့စဉ်နှင့်အမျှ ရပ်တန့်ခြင်း မရှိပေ။ အချိန်အတိုင်းအတာ တစ်ခုကြာတိုင်း မိုကျင်း၏ ကောင်းကင်ယံတွင် လောကပျက်မည့် မြင်ကွင်းများ ပေါ်ပေါက်လာတတ်၏။

သို့သော်ငြား မိုကျင်းမြို့သူမြို့သားများသည် မျှော်လင့်ထားသည်ထက် များစွာ ပိုမို ကြံ့ခိုင်ကြသည်။ ကနဦး ထိတ်လန့်မှုများ ပြီးနောက် သူတို့သည် လျင်မြန်စွာ တည်ငြိမ်သွားကြပြီး လုပ်စရာ ရှိသည်များကို ဆက်လက် လုပ်ဆောင်ကြသည်။ ပြင်ပလှုပ်ရှားမှုများကို အိမ်တွင်းသို့ ပြောင်းရွှေ့လိုက်ရုံမှတစ်ပါး ဘာမှ မပြောင်းလဲသကဲ့သို့ နေထိုင်ကြသည်။

မင်းသမီးလေးရှမ့်မီသည် လူထောင်ပေါင်းများစွာကို ဦးဆောင်၍ နေကာမျက်မှန်များကို အမြောက်အမြား ထုတ်လုပ်ခဲ့သည်။ သူမသည် အမြောက်အမြား ထုတ်လုပ်နိုင်ခဲ့ပြီး ကင်းလှည့်တပ်ဖွဲ့များကို တပ်ဆင်ပေး နိုင်ခဲ့၏။

ရေတွက်မှု ဆက်လက် ပြုလုပ်နေသည်။

“နာရီ သုံးရာ”

“နာရီ နှစ်ရာ”

“နာရီ တစ်ရာ”

“သုံးနာရီ”

“တစ်နာရီ”

တစ်နာရီသာ ကျန်တော့၏။ ၅၉ မိနစ်သာ ကျန်တော့၏။ ရှမ့်လန် ပြန်မရောက်လာသေးပေ။

နံနက် ၉ နာရီ တိတိ ဖြစ်သည်။ မိုကျင်းရှိ အရာအားလုံးသည် ယခင်အတိုင်းပင် ဖြစ်နေသည်။ ကလေးများ ကျောင်းတက်ကြ၏။ စစ်သည်များ လေ့ကျင့်ကြ၏။ တပ်ဖွဲ့များ ကင်းလှည့်ကြ၏။ မှူးမတ်များ ညီလာခံ တက်ရောက်ကြ၏။ လူအများစုသည် ကုန်ထုတ်လုပ်ငန်းများတွင် ဆက်လက် လုပ်ကိုင်နေကြ၏။

သေချာသည်မှာ စိုက်ပျိုးရေးလုပ်ငန်းသည် လုံးဝ ပျက်စီးသွားခဲ့ဖြစ်သည်။ သီးနှံများပင်လျှင် နဂါးနောင်တ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အလင်းရောင်ကို မခံနိုင်ကြပေ။ စွမ်းအင်ဒိုင်းကာ တစ်ထပ် ခံထားသည့်တိုင် ဤရှေးဟောင်း သီးနှံပင်များ အားလုံး သေဆုံးကုန်ကြသည်။

တော်ဝင်ချန်နန်းတော်တွင် ညီလာခံ ဆက်လက် ကျင်းပနေသည်။ ၎င်းတို့သည် အလွန် အရေးကြီးသော ခေါင်းစဉ်တစ်ခုကို ဆွေးနွေးနေကြခြင်း ဖြစ်၏။ မီးနတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်နယ်မြေသို့ သံတမန်များ စေလွှတ်သင့်၊ မသင့် ဆွေးနွေးနေကြခြင်း ဖြစ်၏။

ရှမ့်လန် ထွက်ခွာသွားပြီးနောက် မိုကျင်း စွမ်းအင်ထိန်းချုပ်ခန်းတွင် အခွင့်အာဏာ အမြင့်ဆုံး ပုဂ္ဂိုလ်မှာ မင်းသမီးနင်ဟန် ဖြစ်လာခဲ့သည်။ သေချာသည်မှာ သူမ၏ အခွင့်အာဏာသည် အလွန် နိမ့်ပါး၏။ သူမသည် သတင်းအချက်အလက်များကို ရှာဖွေခြင်းနှင့် လက်ခံခြင်း အခွင့်အာဏာသာ ရှိသည်။ သာမန် လက်နက်များ ကိုပင် အသုံးပြုခွင့် မရှိပေ။

လွန်ခဲ့သော ဆယ်ရက်ခန့်က မင်းသမီး နင်ဟန်သည် သတင်းစကား တစ်စောင် လက်ခံရရှိခဲ့သည်။ မီးနတ်ဘုရားဂိုဏ်းထံမှ ဖြစ်၏။ သတင်းစကား၏ အကြောင်းအရာမှာ အရှင်ရှမ့်လန်အား သစ္စာစောင့်သိသော မည်သည့် အင်အားစုမဆို၊ ဥပမာအားဖြင့် သဲကန္တာရကြီး သို့မဟုတ် ပျောက်ဆုံးအင်ပါယာတို့ အနေဖြင့် မီးနတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်စခန်းသို့ အချက်ပြမှု ပေးပို့ရန် ဖြစ်သည်။

နောက်ဆုံးတွင် ၎င်းတို့သည် တည်နေရာအမှတ်အသားတစ်ခုကို ပေးပို့ခဲ့ပြီး ရှမ့်လန်အား သစ္စာစောင့်သိသော မည်သည့် အဖွဲ့အစည်းမဆို သံတမန် စေလွှတ်ရန် ဖိတ်ခေါ်ခဲ့သည်။ ၎င်းတို့သည် လူလွှတ်၍ ကြိုဆိုမည် ဖြစ်ပြီး အလွန် အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း ပြောကြားခဲ့၏။

တည်နေရာအမှတ်အသားသည် မိုင်တစ်သောင်း သဲကန္တာရ၏ အနောက်ဘက် ၁၉,၀၀၀ မိုင် အကွာတွင် ရှိသည်။ မှူးမတ်များ အငြင်းပွားနေကြသည်။ သံတမန် စေလွှတ်သင့်သည်လား၊ သို့မဟုတ် ဤသည်မှာ အင်ပါယာကျန်းလီ၏ ပူးပေါင်းကြံစည်မှု တစ်ခု ဖြစ်နေမလား ဆိုသည်ကို မသိရှိကြပေ။ မည်သို့ပင်ဆိုစေကာမူ မှန်ကို မီးနတ်ဘုရားဂိုဏ်းက ခေါ်ဆောင်သွားခဲ့သော်လည်း သဲကန္တာရကြီးထဲတွင် အံ့ဖွယ်နည်းဖြင့် ပြန်လည် ပေါ်လာခဲ့သည် မဟုတ်ပါလား။

သို့သော်ငြား မိုကျင်း နန်းတွင်းအစည်းအဝေး၏ နောက်ဆုံးရလဒ်မှာ သံတမန်များ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး သုံးသုတ်ခွဲ၍ စေလွှတ်ခဲ့သည်။ ပထမအသုတ်သည် လွန်ခဲ့သော ကိုးရက်က ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။ ဤအရာသည် အလွန် ရယ်စရာ ကောင်းနေသည်။ မိုကျင်း ပျက်စီးတော့မည် ဖြစ်ပါလျက် မီးနတ်ဘုရားဂိုဏ်းနှင့် ဆက်သွယ်ရန် သံတမန်များ စေလွှတ်နေသေးသည် မဟုတ်ပါလား။

ဤသည်မှာ မန်ချူးမင်းဆက် ပျက်သုဉ်းတော့မည့် အချိန်တွင် နိုင်ငံခြားရေး လှုပ်ရှားမှုများတွင် ပါဝင်ရန် သံတမန်များ စေလွှတ်နေခြင်းနှင့် တူညီနေသည်။ သို့သော်ငြား မိုကျင်းအနေဖြင့် ဤအခမ်းအနား သဘောတရား၊ အင်ပါယာတစ်ခု၏ အခမ်းအနား သဘောတရားကို အလေးအနက်ထား ဆုပ်ကိုင်ထားခြင်း ဖြစ်သည်။

ဤအင်ပါယာ ပျက်သုဉ်းတော့မည် ဆိုလျှင်ပင် နောက်ဆုံးအချိန်အထိ တည်ငြိမ်ခန့်ညားနေရမှာ ဖြစ်ပြီး သဲပွင့်များကဲ့သို့ ပြိုကွဲမသွားစေရပေ။ မှန်သည် ရှမ့်လန်၏နေရာတွင် ပြီးပြည့်စုံသော အစားထိုးသူ အဖြစ် ဆက်လက် ရှိနေပြီး သူလုပ်သင့်သမျှကို လုပ်ဆောင်ကာ မိုကျင်းမြို့တော်တစ်ခုလုံး၏ စိတ်ဓာတ်နှင့် စိတ်နှလုံးကို ထိန်းသိမ်းထား၏။

“ဒေါင်... ဒေါင်... ဒေါင်... ဒေါင်...” ခေါင်းလောင်းသံ စုစုပေါင်း ကိုးချက် မြည်ဟီးသွားသည်။

ဒုတိယဝန်ကြီးချုပ် ကျူးကျွင်းသည် အိတ်ဆောင်နာရီကို ထုတ်ယူ၍ ကြည့်လိုက်၏။ အခြားသော အရာရှိကြီးများလည်း အိတ်ဆောင်နာရီများကို ထုတ်ယူ၍ ကြည့်လိုက်ကြသည်။ ရေတွက်မှု ပြီးဆုံးရန် တစ်နာရီသာ လိုတော့၏။ မိုကျင်း၏ စွမ်းအင်ဒိုင်းကာ ပျက်စီးရန် တစ်နာရီသာ လိုတော့၏။

“အချိန်ကျပါပြီ။ ဒီနေ့တော့ ဒီလောက်ပါပဲ။”

နန်းဆောင်သခင် ကျိုးရှီက ပြောလိုက်သည်။ “လူတိုင်း သွားပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြပါ။ အကောင်းဆုံးအတွက် ပြင်ဆင်ထားသလို အဆိုးဆုံး အတွက်လည်း ပြင်ဆင်ထားရပါမယ်။”

ထို့နောက် မိုကျင်းနန်းတွင်းရှိ အရပ်ဖက်၊ စစ်ဖက် အရာရှိ အားလုံးသည် အရိုအသေ ပြုပြီး စည်းကမ်းတကျ ပြန်လည် ထွက်ခွာသွားကြသည်။ ဤအရာရှိများသည် အိမ်သို့ တိတ်ဆိတ်စွာ ပြန်သွားကြပြီး ရုံးဝတ်ရုံများကို ချွတ်ကာ ရှေးဟောင်း သံချပ်ကာများကို တိတ်ဆိတ်စွာ ဝတ်ဆင်လိုက်ကြ၏။ လက်နက်မျိုးစုံကို ထုတ်ယူလိုက်ကြသည်။ သူတို့၏ ဇနီး၊ သားသမီးများလည်း သံချပ်ကာမျိုးစုံ ဝတ်ဆင်ပြီး လက်နက်မျိုးစုံ ကိုင်ဆောင်စေ၏။

အရာရှိများသာမက မိုကျင်းတစ်ခုလုံးရှိ တပ်ဖွဲ့များနှင့် စစ်သည်တော် အားလုံးသည် တစ်ဦးနှင့်တစ်ဦး သံချပ်ကာများ နှင့် လက်နက်များ အပြန်အလှန် စစ်ဆေးကြပြီးနောက် သပ်ရပ်စွာ တန်းစီ၍ စစ်တန်းလျားမှ ထွက်ခွာလာကြသည်။

သိုင်းပညာ အနည်းငယ် တတ်ကျွမ်းသူများ၊ လက်နက် အသုံးပြုတတ်သူများသည် လက်နက် တပ်ဆင်လိုက်ကြသည်။ လွန်ခဲ့သော တစ်လလုံးလုံး မိုကျင်းရှိ တံခါးများနှင့် ပြတင်းပေါက် အားလုံးကို တင်းကျပ်စွာ ပိတ်ထားခဲ့၏။

ခေါင်းလောင်းသံ မြည်ပြီး မိနစ်အနည်းငယ် အကြာတွင် တံခါးအားလုံး ပွင့်သွားပြီး လူများ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။ စစ်သည်တော်၊ အရာရှိ၊ ပညာရှင်၊ လက်မှုပညာသည် မခွဲခြားဘဲ အားလုံးသည် လက်နက် အပြည့်အစုံ တပ်ဆင်လျက် လမ်းမများပေါ်တွင် စုရုံးလိုက်ကြသည်။ လူတိုင်းသည် စစ်သည်များ ဖြစ်ကြသည်။

နောက်ဆုံးတွင် လူစုစုပေါင်း နှစ်သိန်း စုရုံးမိသွားကြ၏။ မှန်သည် အစားထိုးသူတစ်ဦး ဖြစ်သော်လည်း ရွှေရောင် သံချပ်ကာ ဝတ်ဆင်ပြီး အသံလွန်သားရဲကို စီးနင်းထား၏။

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”

သောင်းချီသော ပျံသန်းသားရဲကောင်များ လေထဲသို့ ပျံတက်လာပြီး သောင်းချီသော ကောင်းကင်ပင်လယ် နန်းဆောင် အထူးတပ်ဖွဲ့ဝင်များသည် လေထဲတွင် တန်းစီလိုက်ကြသည်။

“ချီတက်...”

“ချီတက်...”

“မိုကျင်းကို ကာကွယ်ကြ၊ တော်ဝင်ချန်အင်ပါယာကို ကာကွယ်ကြ...”

အမိန့်ပေးသံနှင့်အတူ လူနှစ်သိန်းသည် သပ်ရပ်ခန့်ညားစွာဖြင့် မိုကျင်း၏ မြောက်ဘက်သို့ ဦးတည် ချီတက် သွားကြသည်။ အဘယ်ကြောင့်ဆိုသော် အင်ပါယာကျန်းလီ၏ မရေမတွက်နိုင်သော တပ်ဖွဲ့များသည် မြောက်ဘက်မှ ဆင်းလာကြမည် ဖြစ်သောကြောင့်ပင်။

မိုကျင်းရှိ အရွယ်ရောက်ပြီးသူအားလုံးသည် ကာကွယ်ရေး စစ်ပွဲတွင် ပါဝင်ကြရမည် ဖြစ်သည်။ အကောင်းဆုံး အခြေအနေမှာ ရှမ့်လန် ပြန်လာပြီး မိုကျင်းကို ကယ်တင်ရန် ဖြစ်သည်။ သို့သော်ငြား အရှင်ရှမ့်လန် အချိန်မီ ပြန်မရောက်လာပါက ဖြစ်ပေါ်လာမည့် အဆိုးဆုံး အခြေအနေ အတွက်လည်း ပြင်ဆင်ထားရမည်။ ဤလူသိန်းပေါင်းများစွာသည် တာချင်အင်ပါယာ၏ ပုံရိပ်ကို အထိခိုက်မခံနိုင်ပေ။ အင်ပါယာ၏ အခမ်းအနား သဘောတရားကို အဆုံးထိ ထိန်းသိမ်းထားရမည်။

... ...

တစ်ချိန်တည်းမှာပဲ မိုကျင်း၏ မြောက်ဘက်တွင် အင်ပါယာ ကျန်းလီ၏ ဒါဇင်နှင့်ချီသော အထူးကောင်းကင် ခံတပ်များသည် တောင်ဘက်သို့ ဦးတည်လာနေကြသည်။ ၎င်းတို့သည် မိုကျင်းနှင့် ပိုမို နီးကပ်လာနေပြီ ဖြစ်၏။

အင်ပါယာ ကျန်းလီ၏ အထူးကောင်းကင်ခံတပ်များ ပိုမို များပြားလာပြီး တပ်ဖွဲ့များ ပိုမို များပြားလာကာ ကောင်းကင်ကို ဖုံးလွှမ်းသွားကြသည်။

မိုကျင်းနှင့် မိုင်သုံးရာ အကွာ...။

မိုင် နှစ်ရာ...။

မိုင် တစ်ရာ...။

မိုင် သုံးဆယ်။

သေချာသည်မှာ ဤသည်မှာ ပထဝီဝင် အကွာအဝေးသာ ဖြစ်သည်။ မိုကျင်းသည် စွမ်းအင်ဒိုင်းကာ၏ ကာကွယ်မှုအောက်တွင် ရှိနေဆဲ ဖြစ်သဖြင့် ဖုံးကွယ်ထားနိုင်ပြီး ရှာဖွေမတွေ့ရှိနိုင်သေးပေ။

သို့သော်ငြား ရေတွက်မှု ပြီးဆုံးသည်နှင့် စွမ်းအင်ဒိုင်းကာ လုံးဝ ပျက်စီးသွားမှာဖြစ်ပြီး မိုကျင်းတစ်ခုလုံးသည် အင်ပါယာ ကျန်းလီ၏ တပ်ဖွဲ့များ ရှေ့မှောက်တွင် ပေါ်ထွက်လာတော့မည်။

အပိုင်း (၁၃၅၆)

“တပ်ဖွဲ့တွေ... ဆင်းကြ”

အင်ပါယာကျန်းလီ တပ်ဖွဲ့များ၏ အမိန့်ပေးသံနှင့်အတူ မရေမတွက်နိုင်သော အထူး ကောင်းကင်ခံတပ်များသည် ဖြည်းညင်းစွာ ဆင်းသက်လာပြီး တံခါးများ ပွင့်သွားကြသည်။

မရေမတွက်နိုင်သော ရှေးဟောင်း ရုပ်သေးစစ်သည်များသည် လှိုဏ်ဂူထဲမှ ထွက်လာကြသည်။ ၎င်းတို့သည် ကျောက်ဖြစ်သွားသော ရှေးဟောင်း လူသားများ ဖြစ်ကြ၏။ ကျောက်ဖြစ်သွားသည့်တိုင် ရှေးဟောင်းခေတ် မဟာပျက်သုဉ်းခြင်းမှ မလွတ်မြောက်ခဲ့ကြပေ။

သို့သော်ငြား ကျန်းလီ ပြန်လာပြီးနောက် အဆင့်မြင့်စွမ်းအင်ကို အသုံးပြု၍ ၎င်းတို့အား ပြန်လည် အသက် သွင်းခဲ့သည်။ သို့သော်ငြား ၎င်းတို့တွင် ဝိညာဉ် မရှိကြပေ။ ခန္ဓာကိုယ်များပင် ပြောင်းလဲသွားပြီး စွမ်းအင်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။

ဤရှေးဟောင်း ရုပ်သေးစစ်သည်များ မည်မျှ ရှိသနည်း။ အလွန်များပြားသည်။ ရှေးဟောင်းရင်ပြင် အပျက်အစီးတွင် သိန်းချီ ရှိခဲ့ပြီး ၎င်းမှာ ရှာဖွေတွေ့ရှိခဲ့သော နေရာတစ်ခုသာ ရှိသေး၏။ ထိုစဉ်က မြောက်ဝင်ရိုးစွန်း အပြောင်းအလဲ ဖြစ်ပြီးနောက် မြေကြီးပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာပသည်။ မရေမတွက်နိုင်သော ရှေးဟောင်း လူသားကျောက်ရုပ်များ မြေကြီးထဲမှ ထွက်ပေါ်လာကြသည်။

ထိုမြင်ကွင်းသည် ငရဲမှ သရဲတစ္ဆေများ လူ့လောကသို့ ပြန်လာကြသကဲ့သို့ ဖြစ်နေသည်။ အမှောင်ထုသည် ဒီရေလှိုင်းကြီးသည့် သမုဒ္ဒရာကြီးတစ်စင်းကဲ့သို့ ဖြစ်ပေါ်စေခဲ့၏။ အရှေ့ဘက်လောက၏ မြေအောက်တွင် ရှေးဟောင်းရင်ပြင် အပျက်အစီးကဲ့သို့သော နေရာများ မရေမတွက်နိုင်အောင် ရှိနေသည်။ ထို့ကြောင့် ရှေးဟောင်း ရုပ်သေးစစ်သည် မည်မျှ ရှိကြောင်း ကျန်းလီ တစ်ဦးတည်းသာ သိရှိပေမည်။

သို့သော်ငြား အနည်းဆုံး လောလောဆယ်တွင် မိုကျင်းကို တိုက်ခိုက်နေသူ သုံးသိန်း ရှိနေသည်။ လူသားမျိုးနွယ်သစ် သုံးထောင်နှင့် ရှေးဟောင်း ရုပ်သေးစစ်သည် သုံးသိန်းတို့သည် ဧရာမ ကောင်းကင် ခံတပ်ကြီးထဲမှ ထွက်လာကြ၏။

သူတို့သည် ကျယ်ပြောလှသော သဲကန္တာရပေါ်တွင် သပ်ရပ်စွာ တန်းစီလိုက်ကြရာ မိုင်ပေါင်းများစွာ အဆုံးမရှိ ရှည်လျားသွားသည်။ သူတို့သည် ငြိမ်သက်စွာ စောင့်ဆိုင်းနေကြ၏။ မိုကျင်း၏ စွမ်းအင်ဒိုင်းကာ ကျိုးပေါက်သွားသည်နှင့် အလွယ်တကူ ဝင်ရောက်တိုက်ခိုက်နိုင်ပြီး လူသားနိုင်ငံတော်၏ နောက်ဆုံး ကျန်ရစ်သောနေရာကို ဖျက်ဆီးကာ လုံးဝ သိမ်းပိုက်နိုင်တော့မည်။ သေချာသည်မှာ ထိုမျှ ဒုက္ခခံနေစရာ မလိုပေ။ နဂါးနောင်တ တစ်လုံး အသုံးပြုလိုက်ရုံဖြင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နိုင်သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

နဂါးနောင်တ၏ နောက်ထပ် လှိုင်းလုံးကြီး တစ်လုံးသည် မိုကျင်း၏ စွမ်းအင်ဒိုင်းကာကို ဝင်ဆောင့်မိပြီး မြေငလျင် လှုပ်သကဲ့သို့ ပြင်းထန်သော ပေါက်ကွဲမှုကို ဖြစ်ပေါ်စေသည်။ တောက်ပသော အလင်းရောင်သည် နေမင်းထက် အဆပေါင်းများစွာ ပိုမို လင်းလက်နေ၏။

မိုကျင်းအတွင်းရှိ လူနှစ်သိန်းသည် မျက်လုံးများကို မှိတ်ထားပြီး စည်းကမ်းတကျ ဆက်လက် ချီတက် နေကြသည်။ မိနစ် အနည်းငယ်ကြာပြီးနောက် သူတို့သည် မိုကျင်း၏ မြောက်ဘက် အစွန်းသို့ ရောက်ရှိသွားကြ၏။

“နေရာယူ”

“နေရာယူ”

လူနှစ်သိန်းသည် စစ်ကြောင်းပုံစံ နေရာယူလိုက်ကြသည်။ ထို့နောက် ရေတွက်မှု ပြီးဆုံးမည့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်ကြသည်။

၁၀ မိနစ်၊ ၅ မိနစ်၊ ၃ မိနစ်။

၁၀ စက္ကန့်၊ ၅ စက္ကန့်၊ ၃ စက္ကန့်၊ ၂ စက္ကန့်၊ ၁ စက္ကန့်။

ရေတွက်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။ ရှမ့်လန် ပြန်မရောက်လာသေးပေ။

ထင်မှတ်ထားသည့်အတိုင်း မိုကျင်း၏ စွမ်းအင်ထိန်းချုပ်မှု ဗဟိုချက် တစ်ခုလုံးသည် နောက်ဆုံး လက်ကျန် စွမ်းအင်ကို ကုန်ဆုံးသွားခဲ့သည်။ ဧရာမ စွမ်းအင်ဒိုင်းကာကြီးသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ မိုကျင်းရှိ ကာကွယ်ရေးစနစ် အားလုံး ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ ဟင်းလင်းပြင် ဖုံးကွယ်မှုစနစ် အားလုံး ပျက်စီးသွားခဲ့ပြီ ဖြစ်၏။

ရှေးဟောင်းအင်ပါယာ၏ ကိုးခုမြောက် မြို့ပြနိုင်ငံ၊ တော်ဝင်ချန်အင်ပါယာ၏ မိုကျင်းသည် ကျန်းလီ၏ တပ်တော်ရှေ့မှောက်တွင် ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ နှစ်ဖက်စလုံး အနည်းငယ် အံ့အားသင့်သွား ကြသည်။ စွမ်းအင်ဒိုင်းကာနှင့် ဟင်းလင်းပြင်ဖုံးကွယ်မှုတို့ကြောင့် တစ်ဖက်နှင့်တစ်ဖက် လုံးဝ မမြင်တွေ့ ခဲ့ရပေ။ တပ်တော်နှစ်ခုလုံးသည် ဤမျှ နီးကပ်စွာ ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ ၁၀ မိုင် အောက်သာ ဝေးကွာသည်။

ထိုအချိန်၌ “ရွှမ်း... ရွှမ်း... ရွှမ်း... ရွှမ်း... ရွှမ်း...”

အထူးကောင်းကင်ခံတပ် ဒါဇင်ပေါင်းများစွာသည် နဂါးနောင်တ၏ နောက်ဆုံး အသုတ်ကို ပစ်လွှတ် လိုက်ကြသည်။ ယခုအခါ အလွန် နီးကပ်နေပြီ ဖြစ်ပြီး မိုင် ၁၀၀ အောက်သာ ဝေးကွာတော့၏။ ၁၀ စက္ကန့်ပင် မလိုအပ်ပေ။

ဤ ငရဲသလင်းကျောက် နဂါးနောင်တများသည် ဥက္ကာပျံ မိုးရွာသကဲ့သို့ မိုကျင်း၏ ကောင်းကင်ယံသို့ ချက်ချင်း ပျံသန်း ရောက်ရှိလာကြသည်။ ယခုတစ်ကြိမ်တွင် ကာကွယ်ပေးမည့် စွမ်းအင်ဒိုင်းကာ မရှိတော့ပေ။ ပေါက်ကွဲသည်နှင့် မိုကျင်း တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။

သို့သော်ငြား မိုကျင်းနှင့် မီတာတစ်ထောင် အကွာသို့ ရောက်ချိန်မှာတော့ ဤနဂါးနောင်တများသည် လေထဲတွင် ရပ်တန့်သွားပြီးနောက် နောက်ပြန်လှည့်ကာ အင်ပါယာကျန်းလီ၏ ကောင်းကင်ခံတပ်များထဲသို့ ပြန်လည် ဝင်ရောက်သွားကြသည်။

ဤအရာက ရှမ့်လန် ဖန်တီးလိုက်တဲ့ အံ့ဖွယ်အမှုလား။ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အင်ပါယာ ကျန်းလီသည် မိုကျင်းကို ဖျက်ဆီးရန် နဂါးနောင်တ မသုံးစွဲဖို့ ဆုံးဖြတ်လိုက်သောကြောင့် ဖြစ်၏။

ထို့နောက် အင်ပါယာကျန်းလီ တပ်တော်၏ စစ်သေနာပတိသည် အောက်သို့ ဆင်းသက်လာပြီး မျက်နှာဖုံးကို ဖယ်ရှားလိုက်ရာ သူ၏မျက်နှာ ပေါ်လာသည်။ သူသည် ကျန်းတော်ဝင်မိသားစု၏ သွေးစစ်သော အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။

“ကျုပ်က အင်ပါယာရဲ့ မြို့စားကြီး ကျန်းရှန် ဖြစ်တယ်။ ရှေးဟောင်းကျန်းမျိုးနွယ်စု၊ နောက်ဆုံးသော ဘုရင်ရဲ့ တတိယ သားတော် ဖြစ်ပေမဲ့ အရှင် ကျန်းရှဲ့ကို အမှုထမ်းဖို့ ရွေးချယ်ခဲ့တယ်။”

ရှေးဟောင်း ကျန်းမျိုးနွယ်စု၏ နောက်ဆုံး ဘုရင် ဟုတ်လား။ သူသည် ကျင်းကန်တောင် ရှေးဟောင်း ဘုရားကျောင်းတွင် ဒူးထောက်ခဲ့သူ ဖြစ်သည်။ ရှမ့်လန်သည် သူ့ထံမှ ရှေးဟောင်းဘုရင် လက်စွပ်ကို ရရှိခဲ့ခြင်း ဖြစ်၏။ ရှမ့်လန်သာ ဤနေရာ၌ ရှိနေပါက သူ့ရှေ့မှ ကျန်းရှန်သည် နောက်ဆုံး ဘုရင်နှင့် အမှန်တကယ် ဆင်တူကြောင်း သတိထားမိပေလိမ့်မည်။

“ကျိုးရှီ ဆိုတာ ဘယ်သူလဲ။” အင်ပါယာကျန်းလီ တပ်တော်၏ စစ်သေနာပတိ ကျန်းရှန်က မေးလိုက်၏။

ကျိုးရှီ ရှေ့သို့ ထွက်လာပြီး ပြောလိုက်သည်။ “ကျုပ်ပါပဲ။”

ကျန်းရှန်က ဆက်ပြော၏။ “မင်းရဲ့ စီမံကိန်း မအောင်မြင်ခဲ့ပေမဲ့ မင်းရဲ့ တာဝန်ကို ကျေပွန်ခဲ့တယ်လို့ အရှင်က အမိန့်တော် ထုတ်ပြန်လိုက်တယ်။ မင်းက မိုကျင်းကို စိမ့်ဝင်ဖို့နဲ့ မိုကျင်းကို ဖျက်ဆီးမဲ့ စီမံကိန်းကို ဆောင်ရွက်ဖို့ အင်ပါယာရဲ့ အယောင်ဆောင်သူလျှို အဖြစ် သဘောတူခဲ့တယ်။

ဒါကြောင့် အရှင်က မင်းကို ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်ပေးလိမ့်မယ်။ အာကာသယာဉ်ပေါ်မှာ လူ ၁၀၀၀ စာရင်း ပါလာလိမ့်မယ်။ ဆိုလိုတာက ကောင်းကင်ပင်လယ်နန်းဆောင်က လူ ၁၀၀၀ အသက်ရှင်ခွင့် ရမယ်။ အခု မင်းက လူ ၁၀၀၀ ကို ရွေးချယ်နိုင်ပြီ။ ကျန်တဲ့လူတွေကိုတော့ ကွပ်မျက်မယ်။”

ဤသည်မှာ အင်ပါယာ ကျန်းလီက နောက်ဆုံး အချိန်၌ နဂါးနောင်တကို အသုံးမပြုဘဲ ရပ်တန့်လိုက်ရသည့် အကြောင်းရင်း ဖြစ်သည်။ ကျန်းလီသည် ကျိုးရှီကို ကတိပေးထားပြီးဖြစ်ရာ ကျိုးရှီ၏ စီမံကိန်း မအောင်မြင်ခဲ့သည့်တိုင် သူ၏ ကတိကို တည်ခဲ့ခြင်း ဖြစ်သည်။

သူ ထိုသို့ ပြောလိုက်ချိန်မှာတော့ လူတိုင်းသည် ကျိုးရှီကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြ၏။

‘ဘာ... နန်းဆောင်သခင်ကြီးက အင်ပါယာကျန်းလီရဲ့ အယောင်ဆောင်သူလျှို တစ်ယောက်တဲ့လား။ သူက တော်ဝင်ချန်အင်ပါယာကို သစ္စာဖောက်ခဲ့တာလား။ ဒါ ဘယ်လို ဖြစ်နိုင်မလဲ။ ဒါက ရန်သူရဲ့ ပူးပေါင်းကြံစည်မှု နဲ့ ကောလာဟလ တစ်ခုပဲ ဖြစ်ရမယ်။’

ကျိုးရှီက ကျယ်လောင်စွာ ပြောလိုက်သည်။ “အမှောင်ဧကရာဇ်ကြီး ကျန်းလီက အသက်ရှင်ခွင့် ရမယ့်သူ ၁၀၀၀ စာရင်း ပေးလိုက်ပါပြီ။ မင်းတို့ထဲက အသက်ရှင်ချင်တဲ့သူရှိရင် ရန်သူ့တပ်ဖွဲ့ဆီ လျှောက်သွားနိုင်ပါတယ်။”

သူ ထိုသို့ ပြောလိုက်သည်နှင့် မိုကျင်းမြို့သူမြို့သား သိန်းပေါင်းများစွာသည် ကျိုးရှီကို ကြည့်လိုက်ကြသည်။ ကျိုးရှီသည် သူ၏ မျက်နှာဖုံးကို ချွတ်လိုက်ရာ ကြောက်မက်ဖွယ် ကောင်းသော မျက်နှာ ပေါ်လာသည်။ လုံးဝ ပျက်စီးနေပြီး မျက်လုံးများအတွက် အပေါက်နှစ်ပေါက်သာ ကျန်ရှိတော့၏။ ကျန်သော မျက်နှာ အစိတ်အပိုင်းများ ပျောက်ဆုံးနေ၏။

“အခု ကျုပ် မရှင်းပြရင် ကျုပ်က အပြစ်သား ဖြစ်လိမ့်မယ်။”

ကျိုးရှီက ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ် မင်းတို့ကို နာမည်စာရင်း ပေးမှာ မဟုတ်ပါဘူး။ မင်းတို့ထဲက အသက်ရှင်ချင်ပြီး အင်ပါယာကျန်းလီကို လက်နက်ချချင်တဲ့သူ ရှိရင် အခု သွားကြပါ။”

သိန်းပေါင်းများစွာသော လူများသည် အလွန် ဝမ်းနည်းပြီး ဒေါသထွက်နေကြသော်လည်း မည်သူမှ မလှုပ်ရှားကြပေ။

ကျိုးရှီက ဆက်ပြော၏။ “နောက်ပြီး လူတိုင်းကို ကျုပ် ပြောစရာ တစ်ခု ရှိသေးတယ်။ မင်းတို့ မြင်နေရတဲ့ အရှင်ရှမ့်လန်ဟာ အရှင်ရှမ့်လန် အစစ် မဟုတ်ဘူး။ သူ့ရဲ့ နာမည်ကျော် အစားထိုးသူ မှန်ပဲ ဖြစ်တယ်။”

သူ ဤစကားကို ပြောလိုက်သည်နှင့် မိုကျင်းရှိ သိန်းပေါင်းများစွာသော လူထုသည် တုန်လှုပ်သွား ကြသည်။ အင်ပါယာကျန်းလီဘက်မှ သိန်းပေါင်းများစွာသော ရှေးဟောင်း ရုပ်သေးစစ်သည်များမှာမူ မည်သည့် တုံ့ပြန်မှုမှ မရှိကြပေ။ လူသားသစ် ၃၀၀၀ မှာမူ ပြဇာတ်တစ်ခု ကြည့်နေသကဲ့သို့ ကျိုးရှီကို လှောင်ပြောင် သရော်သည့် အကြည့်ဖြင့် ကြည့်နေကြသည်။

ကျိုးရှီ၏ စကားကို ကြားပြီးနောက် မှန်သည် သရဖူကို ဖြည်းညင်းစွာ ချွတ်လိုက်ပြီး မိုကျင်းရှိ သိန်းပေါင်းများစွာသော လူထုကို ပြောလိုက်၏။ “ဟုတ်ပါတယ်။ ကျုပ်က အစားထိုးသူ မှန်ပါ။ အရှင်ရှမ့်လန် အစစ် မဟုတ်ပါဘူး။”

သူ ထိုသို့ ပြောလိုက်သည်နှင့် သိန်းပေါင်းများစွာသော လူထုသည် ပိုမို တုန်လှုပ်သွားကြသည်။ အဆုံးအစမဲ့ ဒေါသများသည် ပေါက်ကွဲထွက်တော့မတတ် ခံစားလိုက်ရ၏။ ခံစားရခက်ခြင်းနှင့် အဆုံးအစမဲ့ အရှက်ရခြင်း ခံစားချက်များသည် ၎င်းတို့၏ နှလုံးသားထဲတွင် လှိုင်းထလာသည်။

‘ဒါ ကျုပ်တို့ သစ္စာစောင့်သိခဲ့တဲ့ တော်ဝင်ချန်အင်ပါယာလား။ ဒါ ကျုပ်တို့ သစ္စာစောင့်သိခဲ့တဲ့ အရှင်ရှမ့်လန်လား။ နန်းဆောင်သခင်ကျိုးရှီက ကျုပ်တို့ကို လိမ်ညာခဲ့ရုံသာမက အရှင်ရှမ့်လန် ကိုယ်တိုင်ကပါ ကျုပ်တို့ကို လိမ်ညာခဲ့တာလား။ ဒါဆို ကျုပ်တို့ သစ္စာစောင့်သိခဲ့တာ ဘာအဓိပ္ပာယ် ရှိတော့မလဲ။ သိပ် ရှက်ဖို့ကောင်းလွန်းမနေဘူးလား။’

မိုကျင်းရှိ သိန်းပေါင်းများစွာသော လူထု၏ စိတ်ဓာတ်သည် ပြိုလဲလုနီးပါး ဖြစ်သွားခဲ့၏။

နန်းဆောင်သခင် ကျိုးရှီက ဆက်ပြောသည်။ “ဒါဆို အရှင်ရှမ့်လန် တကယ်တမ်း ဘယ်ရောက်သွားသလဲ။ ကျုပ် မသိဘူး။ သူ လွန်ခဲ့တဲ့ တစ်လတည်းက ထွက်ခွာသွားခဲ့တာ။ သူ ထွက်ပြေး သွားတာလား။ မဟုတ်ဘူး။ မဟုတ်ဘူး။”

နန်းဆောင်သခင် ကျိုးရှီသည် အသံကို မြှင့်လိုက်ပြီး အက်ကွဲသောအသံဖြင့် ပြောလိုက်၏။ “မိုကျင်း ပျက်စီးမဲ့အချိန် ရေတွက်နေပြီ ဆိုတော့ အရှင်ရှမ့်လန်က ကယ်တင်နိုင်မဲ့ နည်းလမ်းကို သွားရှာတာပါ။ သူ သေချာပေါက် ထွက်ပြေးတာ မဟုတ်ဘူး။ သူ မိုကျင်းကို စွန့်ပစ်မှာ မဟုတ်ဘူး။ သူ လူသိန်းပေါင်းများစွာကို စွန့်ပစ်မှာ မဟုတ်ဘူး။

ဒါဆို အရှင်ရှမ့်လန်က အံ့ဖွယ်အမှု ဖန်တီးနိုင်မလား။ အခြေအနေကို ပြောင်းပြန်လှန်နိုင်မလား။ မိုကျင်းကို ကယ်တင်နိုင်မလား။ မင်းတို့ အားလုံးကို ကယ်တင်နိုင်မလား။ ကျုပ် မသိဘူး။ ကျုပ် တကယ် မသိဘူး။

ဒါပေမဲ့... ကျုပ်သိချင်တာ တစ်ခုက... မင်းတို့ရဲ့ တော်ဝင်ချန်အင်ပါယာအပေါ် သစ္စာစောင့်သိမှုက အစစ်လား အတုလား။ မင်းတို့ ကိုယ့်ကိုယ်ကိုယ် သစ္စာစောင့်သိမှုက အစစ်လား အတုလား။ မင်းတို့ အားလုံးက အရှင်ရှမ့်လန်ကို အမှုထမ်းဖို့ ရွေးချယ်ခဲ့တာဟာ သူက မင်းတို့ အားလုံးကို ကာကွယ်ပေးနိုင်လို့လား။ သူက အံ့ဖွယ်အမှုတွေ ဖန်တီးနိုင်လို့ မင်းတို့က သူ့ကို သစ္စာစောင့်သိကြတာလား။

တစ်နေ့ကျလို့ အရှင်ရှမ့်လန်က အံ့ဖွယ်အမှုတွေ မဖန်တီးနိုင်တော့ရင် မင်းတို့ သူ့ကို သစ္စာ မစောင့်သိကြတော့ဘူးလား။ ကျုပ်တို့အားလုံး သေချာစဉ်းစားဖို့ လိုတယ်။ ကျုပ်တို့ ဘာကို သစ္စာစောင့်သိ နေကြတာလဲ။ ဘာကိုလဲ။

အရှင်ရှမ့်လန်ကိုလား။ မဟုတ်ဘူး။ မဟုတ်ဘူး။ ကျုပ်တို့ရဲ့ ကိုယ်ပိုင် ယုံကြည်ချက်ကိုပါ။ အင်ပါယာ ကျန်းလီက အခု ဘယ်လိုပုံစံရှိတယ်ဆိုတာ လူတိုင်း သိကြတယ်။ ကျုပ် မရေမတွက်နိုင်အောင် ကြေညာ ခဲ့ပြီးပြီ။ အမှောင်ငရဲနဲ့ တူတယ်။ မရေမတွက်နိုင်တဲ့ လူသားတွေကို ဝက်တွေ ၊ ခွေးတွေလို၊ ကျွန်တွေလို ဆက်ဆံတယ်။

အမှောင်ဧကရာဇ်ကြီး ကျန်းလီက ဒီလောကမြေရဲ့ စွမ်းအင်ကို ဝါးမျိုနေတယ်။ သူက လူတိုင်းကို စတေးချင်နေတာ။ သူ မွေးမြူထားတဲ့ သန်းပေါင်းများစွာသော လူသားတွေက အနာဂတ်မှာ သူ့အတွက် စွမ်းအင်အရင်းအမြစ် သတ်သတ်ပဲ။

ကျုပ်တို့ ဘာလို့ မိုကျင်းမှာ စုရုံးနေကြတာလဲ။ ကျုပ်တို့ ဘာလို့ အရှင်ရှမ့်လန်ရဲ့ အလံတော်အောက်မှာ စုရုံးနေကြတာလဲ။ ဘာလို့လဲဆိုတော့ ကျုပ်တို့မှာ တူညီတဲ့ အိပ်မက် ရှိလို့ပဲ။ အဲဒါကတော့ အင်ပါယာ ကျန်းလီကို အနိုင်ယူပြီး မရေမတွက်နိုင်တဲ့ လူသားတွေကို ကယ်တင်ဖို့၊ သူတို့ကို ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့် ပေးဖို့၊ နှစ်အနည်းငယ်ပဲ ဖြစ်ဖြစ်၊ ရက်အနည်းငယ်ပဲ ဖြစ်ဖြစ် ဝက်တွေ ၊ ခွေးတွေလို ကျွန်ပြုမခံရဘဲ နေထိုင်ခွင့် ရဖို့ပဲ။

အရှင်ရှမ့်လန်က အစွမ်းကုန် ကြိုးစားနေတယ်။ သူ့ရဲ့ အင်အားအားလုံး၊ သူ့ရဲ့ ဆန္ဒ အားလုံးကို အသုံးပြုပြီး ရေတွက်မှုမပြီးခင် ပြန်ရောက်လာဖို့ ကြိုးစားနေတယ်။ သူက မိုကျင်းကို ကယ်တင်ဖို့ အသေအလဲ ကြိုးစားနေတယ်။ ဒါပေမဲ့ အကယ်၍ သူသာ ဒီအံ့ဖွယ်အမှုကို မဖန်တီးနိုင်ခဲ့ရင် မင်းတို့က သူ့ကို သစ္စာမစောင့်သိကြတော့တာလား။ အဲဒီလိုသာ ဆိုရင် မင်းတို့ရဲ့ သစ္စာတရားက သိပ် တန်ဖိုးနည်းလွန်းတယ်။

ကျုပ်မှာ မေးခွန်း တစ်ခုပဲ ရှိတယ်။ မင်းတို့ကို ကယ်တင်ချင်တဲ့ အရှင်ရှမ့်လန်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆန္ဒက အစစ်လား ၊ အတုလား။ မင်းတို့က လွတ်လပ်တဲ့ ဝိညာဉ်တွေ ဖြစ်သေးလား။ အရှင်မရှိရင် မင်းတို့ မတိုက်ခိုက်တတ်ကြတော့ဘူးလား။ မတိုက်ခိုက်နိုင်ကြတော့ဘူးလား။

စဉ်းစားကြည့်ကြပါ။ မင်းတို့ ဘာအတွက် တိုက်ခိုက်နေကြတာလဲ။ မင်းတို့ရဲ့ ကိုယ်ပိုင် ယုံကြည်ချက်အတွက် တိုက်ခိုက်နေကြတာလား။ ဒါမှမဟုတ် အရှင်ရှမ့်လန် တစ်ယောက်တည်းအတွက် တိုက်ခိုက် နေကြတာလား။ ဒီတော်ဝင်ချန်အင်ပါယာက အရှင် တစ်ယောက်တည်း ပိုင်တဲ့ အင်ပါယာလား။”

ကျိုးရှီ ထိုစကားများကို အော်ဟစ်ပြောဆိုလိုက်ပြီးနောက် မိုကျင်းရှိ သိန်းပေါင်းများစွာသောလူထုသည် တည်ငြိမ်သွားကြပြီး မူလက ဒေါသထွက်ပြီး ထိတ်လန့်နေသော မျက်နှာများသည် တည်ကြည်လေးနက် လာကြသည်။

ကျိုးရှီက သူ၏ အက်ကွဲသောအသံဖြင့် ဆက်ပြော၏။ “ဒါပေမဲ့ ကျုပ်အမြင်ကို ကျုပ် ဖုံးကွယ်မထားပါဘူး။ လောကကြီးကို ကယ်တင်တဲ့နေရာမှာ ကျုပ် ကျန်းလီကို ယုံကြည်နေတုန်းပဲ။ ဘာလို့လဲဆိုတော့ သူ့မှာ အားနည်းချက် မရှိဘူး။ သူက သွေးအေးပြီး ရက်စက်တယ်။ မျက်တောင်မခတ်ဘဲ သန်းချီ၊ ကုဋေချီတဲ့ အသက်တွေကို စတေးနိုင်တယ်။

အရှင်ရှမ့်လန်က အဲဒီလို မလုပ်နိုင်ဘူး။ သူက သောင်းချီ၊ သိန်းချီတဲ့ အသက်တွေကိုတောင် နာကျင်အောင် မလုပ်ရက်ဘူး။ သူက မိုက်မဲပြီး ကလေးဆန်တဲ့ အလုပ်တွေ အများကြီး လုပ်ခဲ့တယ်။ ဒါကြောင့် အခုချိန်ထိ အရှင်ရှမ့်လန်က ကျန်းလီကို နိုင်မယ်လို့ ကျုပ် မထင်ဘူး။

ကောင်းကင်ပင်လယ်နန်းဆောင်ကို ကယ်တင်ဖို့၊ ကျုပ်နဲ့ အနီးစပ်ဆုံးလူတွေကို ကယ်တင်ဖို့အတွက် ကျုပ်ဝိညာဉ်ကို ရောင်းစားခဲ့တယ်။ ကျန်းလီရဲ့ အယောင်ဆောင်သူလျှို ဖြစ်လာခဲ့တယ်။ ကျုပ်နောက်မှာ ရပ်နေတဲ့သူတွေ... ကောင်းကင်ပင်လယ်နန်းဆောင်က ဖြစ်စေ၊ မဖြစ်စေ။ မင်းတို့ အားလုံး လက်နက်ချပြီး ကျန်းလီဘက်မှာ ရပ်တည်နိုင်ပါတယ်။

ဘာလို့လဲဆိုတော့ လူ ၁၀၀၀ အသက်ရှင်ခွင့် ရမယ်လို့ သူက ကျုပ်ကို ကတိပေးထားတယ်။ ကျုပ် နာမည်မခေါ်ဘူး။ စာရင်းမလုပ်ဘူး။ မင်းတို့ ရွေးချယ်နိုင်တယ်။ အသက်ရှင်ချင်တဲ့သူတွေ ဟိုဘက်ကို ပြေးသွားကြပါ။

ကျုပ် မင်းတို့ကို ပြောရမယ်။ အရှင်ရှမ့်လန်သာ အံ့ဖွယ်အမှု မဖန်တီးနိုင်ရင် ကျုပ်တို့ရဲ့ လူနှစ်သိန်းတည်းနဲ့ အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျန်းလီရဲ့တပ်တော်မှာ လူသုံးသိန်း ရှိတယ်။ ဒါပေမဲ့ တစ်ယောက်ချင်းစီတိုင်းက ရှေးဟောင်း ရုပ်သေးစစ်သည်တွေ ဖြစ်တယ်။ ရှေးဟောင်း လူသားသစ် ၃၀၀၀ လည်း ရှိတယ်။ သူတို့က မင်းတို့ ထင်ထားတာထက် အများကြီး ပိုစွမ်းတယ်။

စစ်သေနာပတိချုပ် ကျူးဟုန်ရွှဲ့လောက် စွမ်းတဲ့သူတောင် သာမန် ရှေးဟောင်း လူသားသစ် တစ်ယောက်ကို မနိုင်နိုင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ အဆင့်အမြင့်ဆုံး စွမ်းအင်ခန္ဓာကိုယ် ဖြစ်တဲ့ ငရဲသလင်းကျောက် ရှိနေလို့ပဲ။

ဒါကြောင့် အံ့ဖွယ်အမှု မဖြစ်လာရင် မိုကျင်းက လူနှစ်သိန်းဟာ တစ်မိနစ် အတွင်းမှာ အသတ်ခံရလိမ့်မယ်။ ဒါကြောင့် မင်းတို့အသက်ရှင်ချင်ရင် ကိုယ့်သဘောနဲ့ကိုယ် ဟိုဘက်ပြေးပြီး ကျန်းလီတပ်တော်နဲ့ သွားပေါင်းကြပါ။ အမှောင်ဧကရာဇ်ကြီးက သွေးအေးပြီး ရက်စက်ပေမဲ့ ကတိတည်တယ်။ လူ ၁၀၀၀ ကို အသက်ရှင်ခွင့် ပေးမယ်လို့ ပြောထားရင် သူ သေချာပေါက် ပေးမှာပါ။ ကိုယ်ကျင့်တရားနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ မခံစားပါနဲ့။ အသက်ရှင်ဖို့အတွက် ဘာပဲလုပ်လုပ် ခွင့်လွှတ်နိုင်ပါတယ်။”

All Chapters