← Chapters

အခန်း (၁၃၇၉-၁၃၈၀)

Vol. 78 Ch. 1379-1380

အခန်း (၁၃၇၉-၁၃၈၀)

Vol. 78 Ch. 1379-1380

အပိုင်း (၁၃၇၉)

ကျန်းလီ၏ ခံစားချက်ပိုင်းဆိုင်ရာ အားနည်းချက်ကို ဘေးဖယ်ထားပြီး အသုံးမပြုဘဲ နေလိုက်လျှင် ရှမ့်လန် သူ့ကို မည်သို့ ဖျက်ဆီးမည်နည်း။

ရှမ့်လန်သည် ကျန်းရှဲ့၏ စိတ်အာရုံအတွင်းသို့ ဆက်လက် ဝင်ရောက်ကာ အရာအားလုံးကို အာရုံခံ ကြည့်ရှုနေခဲ့သည်။

သူ ဘာမြင်တွေ့ခဲ့ရသနည်း။ ထင်ထားသည့် အတိုင်းပင် တစ်စုံတစ်ရာ ကျန်ရစ်နေခဲ့၏။ ၎င်းသည် ကျန်းရှဲ့၏ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးပင် ဖြစ်၏။

ရှမ့်လန် အမြဲတစေ သိချင်ခဲ့မိသည်။ ကျန်းရှဲ့သည် အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်းကို မည်သည့်နေရာမှ ရရှိခဲ့သနည်း။

ရှမ့်လန်အနေဖြင့် အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်ရန် ရှေးဟောင်း ဉာဏ်ပညာ ဘုရင်၊ နဂါးမယ်တော်နှင့် ဘုရင်မမီဒူဆာတို့အားလုံးသည် သူတို့၏ ဝိညာဉ်များကို စတေးခဲ့ကြရသည်။ ထို့အပြင် ဂိုဏ်းသား တစ်သောင်းကျော်တို့သည်လည်း မိမိတို့ကိုယ်ကိုယ်စတေးခဲ့ကြ၏။

ကျန်းရှဲ့သည် မည်သူ့ဝိညာဉ်ကို အသုံးပြုခဲ့သနည်း။ သူ၏ ဝိညာဉ်ရေတွင်းထဲတွင် ဘာများ ရှိနေခဲ့သနည်း။ သူ မြင်လိုက်ရပြီ ဖြစ်၏။ မရေမတွက်နိုင်သော ရှေးဟောင်းလူသားများ၊ သိန်းနှင့်ချီ၊ သန်းနှင့်ချီသော ဝိညာဉ်များ ဖြစ်သည်။ သို့သော်ငြား ဝိညာဉ်ရေတွင်းကို ဖြည့်ဆည်းရန် မလုံလောက်ခဲ့ပေ။ ထို့နောက် ရှေးဟောင်း မီဒူဆာက သူမ၏ ဝိညာဉ်စွမ်းအား တစ်ဝက်ကို စတေးခဲ့သည်။

ရှမ့်လန် ဘုရင်မမီဒူဆာကို ပြန်တွေ့ချိန်၌ သူမသည် ထင်ထားသလောက် မသန်မာဘဲ အားနည်းနေသည်ဟု ခံစားခဲ့ရခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ သနားစရာကောင်းလှသော သူမသည် တစ်ကြိမ် စတေးခံခဲ့ ရပြီးပြီ ဖြစ်၏။ ပထမအကြိမ်တွင် သူမ၏ အသက်တစ်ဝက် ဆုံးရှုံးခဲ့ရသည်။ ဒုတိယအကြိမ်တွင်မူ သူမသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်ပါ ပျောက်ကွယ်သွားခဲ့ရ၏။

သို့သော်ငြား မလုံလောက်သေးပေ။ နောက်ဆုံးစတေးခံခဲ့သူမှာ ဆရာကြီး ခေးအော့စ် ဖြစ်သည်။ သူသည်လည်း သူ၏ ဝိညာဉ် တစ်ဝက်ကို စတေးခဲ့၏။ နောက်ဆုံးတွင် ဝိညာဉ်ရေတွင်း ပြည့်သွားခဲ့သည်။ ကျန်းရှဲ့သည် သူ၏ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်းကို စတင်ခဲ့သည်။

ဤအဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း လုပ်ငန်းစဉ်သည် ရှမ့်လန်၏ လုပ်ငန်းစဉ်နှင့် အတူတူ နီးပါးပင် ဖြစ်၏။ သို့သော်ငြား ကျန်းရှဲ့သည် ရှမ့်လန်ထက် အဆများစွာ ပိုမို နာကျင်ခဲ့ရသည်။ အကြောင်းမှာ စတေးခံလိုက်ရသူများမှာ သူ၏ ဆရာသခင်နှင့် သူ၏ ချစ်သူ ဖြစ်နေသောကြောင့်ပင်။

အကယ်၍ ရှမ့်လန်အတွက် မူလန်သာ အစတေးခံရမည် ဆိုပါက အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း လုပ်စရာပင် လိုမည် မဟုတ်ပေ။ ရှမ့်လန် ရူးသွပ်သွားရပေလိမ့်မည်။

ရှမ့်လန်သည် မိမိခန္ဓာကိုယ်ထံ ပြန်လာရန် ဆုံးဖြတ်ခဲ့သော်လည်း ကျန်းရှဲ့ကမူ ပြန်မလာခဲ့ချေ။ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်ပြီးနောက် သူသည် အားနည်းနေသော မီဒူဆာဘုရင်မကို တစ်ချက် ကြည့်လိုက်ပြီးနောက် အားနည်းနေသော ဆရာကြီး ခေးအော့စ်ကို ကြည့်လိုက်သည်။

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားခဲ့၏။ ကျန်းရှဲ့သည် အဆင့်မြင့် နဂါးဉာဏ်အလင်းနှင့် နတ်ဘုရားအကြည့်ကို အသုံးပြုကာ ဆရာကြီး ခေးအော့စ်နှင့် ဘုရင်မမီဒူဆာတို့ကို ကျောက်ဖြစ်ရုပ်ကြွင်း အဖြစ် ပြောင်းလဲပစ်လိုက်၏။

ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ်ကို ကြည့်လိုက်၏။ သူ မလိုချင်တော့ပေ။ သူ၏ ဝိညာဉ်သည် လွင့်မျော ထွက်ခွာသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်မှာမူ ရှေးဟောင်း အကျဉ်းထောင်၏ အခန်းအမှတ် ၁ ထဲတွင် ထာဝရ ကျန်ရစ်နေခဲ့တော့သည်။

... ...

လူတိုင်း၏ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်းမှာ မတူညီကြပေ။ သို့သော်ငြား ၉၉.၉၉ ရာခိုင်နှုန်းမှာ တူညီကြ၏။ လူသားနှင့် ဂေါ်ရီလာတို့၏ DNA ၉၉ ရာခိုင်နှုန်း တူညီသော်လည်း လုံးဝ ကွဲပြားခြားနားသော သတ္တဝါများ ဖြစ်နေသကဲ့သို့ပင်။

အကယ်၍ ရှမ့်လန်သည် ကျန်းလီကို အနိုင်ယူလိုပါက ၀.၀၁ ရာခိုင်နှုန်းသော ကွာခြားချက်ကို လေ့လာ ရပေမည်။ သူနှင့် ကျန်းလီကြားရှိ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း၏ သေးငယ်သော ကွာခြားချက်ကို လေ့လာရမည်။ ဤသည်မှာ စစ်မှန်သော အောင်ပွဲ ဖြစ်သည်။ ကျန်းလီ၏ အားနည်းချက်ကို အသုံးပြု၍ အနိုင်ယူရန် ကြိုးစားသော အခွင့်ကောင်းယူမှုမျိုး မဟုတ်တော့ပေ။

ရှမ့်လန်သည် တရားမှတ်သည့် အခြေအနေသို့ ဝင်ရောက်ကာ ကျန်းရှဲ့၏ အဆင့်မြင့် နဂါးဉာဏ်အလင်း ပွင့်ခြင်း လုပ်ငန်းစဉ်ကို အကြိမ်ကြိမ် နားလည်သဘောပေါက်ရန် ကြိုးစားနေခဲ့၏။ စေ့စပ်သေချာမှု မရှိသေးပေ။ အကြောင်းမှာ ဘေးလူတစ်ယောက်အနေဖြင့် ထိုအရာကို လုံးဝ နားလည်သဘောပေါက်ရန်မှာ အမှန်တကယ် ခက်ခဲသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ရှမ့်လန်သည် အန္တရာယ် အများဆုံး စွန့်စားခန်းတစ်ခုကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ကျန်းရှဲ့၏ခန္ဓာကိုယ်ကို ယာယီ ရယူလိုက်ပြီး ကျန်းရှဲ့၏ ဝိညာဉ်ကို အသုံးပြုကာ အဆင့်မြင့် နဂါး ဉာဏ်အလင်းပွင့်ခြင်း ကို လေ့လာရန် ဖြစ်သည်။ ကြားရသည်မှာ ရိုးရှင်းသော်လည်း လက်တွေ့တွင်မူ အလွန် အန္တရာယ် များလှ၏။

အကြောင်းမှာ ရှမ့်လန်သည် မိမိကိုယ်ကို လုံးဝ မေ့လျော့ထားပြီး မိမိကိုယ်ကိုယ် ကျန်းရှဲ့အဖြစ် လုံးဝ မှတ်ယူ ထားရန် လိုအပ်သောကြောင့် ဖြစ်သည်။ ယခင်က ရှမ့်လန်သည် ရန်သူများနှင့် တိုက်ခိုက်စဉ်၌ အနှစ်သက်ဆုံး နည်းလမ်းမှာ ရန်သူ၏အတွေးထဲသို့ မိမိကိုယ်ကိုယ် အစားထိုး ဝင်ရောက်ခြင်း ဖြစ်သည်။

သို့သော်ငြား ထိုအရာမှာ သူတစ်ပါး၏ စိတ်နေရာ၌ တွေးတောခြင်းမျှသာ ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် မိမိကိုယ်ကို လုံးဝ စွန့်လွှတ်ရမှာ ဖြစ်ပြီး ကျန်းရှဲ့၏ စိတ်နှင့် ဝိညာဉ်ကို အသုံးပြုကာ အရာအားလုံးကို ခံစားရမည်။

ရန်သူကို ဖျက်ဆီးလိုလျှင် ရန်သူကို အရင် နားလည်ရမည်ဟု ရှမ့်လန် အမြဲ ပြောလေ့ ရှိ၏။ ယခုတစ်ကြိမ်တွင် သူ အမှန်တကယ် လုံးဝ နားလည်ရတော့မည်။ ဤလုပ်ငန်းစဉ်သည် လွန်စွာ အန္တရာယ်များ၏။ မိမိကိုယ်ကိုယ် လုံးဝ မမေ့လျော့နိုင်ပါက လုံးဝ အစားထိုး ဝင်ရောက်နိုင်မည် မဟုတ်ပေ။ အကယ်၍ မိမိကိုယ်ကိုယ် လုံးဝ မေ့လျော့သွားပြန်လျှင်လည်း ကျန်းရှဲ့၏ ဝိညာဉ်အမြင်အာရုံထဲမှ ပြန်လာနိုင်တော့မည် မဟုတ်ပေ။

ကံကောင်းထောက်မစွာပင် နဂါးတစ်ကောင် ရှိနေခဲ့၏။ ရိလုံသည် ရှမ့်လန်နှင့် ဝိညာဉ် မျှဝေထားသောကြောင့် ကျောက်ဆူးသဖွယ် ဖြစ်လာနိုင်သည်။ ရှမ့်လန်၏ ဝိညာဉ် မည်မျှဝေးကွာစွာ လွင့်မျောသွားပါစေ၊ ပြန်လမ်း ရှိနေမည်။

ရှမ့်ရိလုံသည်လည်း ဤအချက်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ မူလက တံခါးရှေ့တွင် ပျင်းရိစွာ လှဲလျောင်းနေပြီး ခွေးပေါက်လေး တစ်ကောင်ကဲ့သို့ လျှာထုတ်ထားရန်သာ လိုတော့သည့် အနေအထား ဖြစ်၏။

ရှမ့်လန် မိမိကိုယ်ကိုယ် လုံးဝ မေ့လျော့ပြီး ကျန်းရှဲ့၏ ဝိညာဉ် အမြင်အာရုံထဲသို့ ဝင်ရောက်သွားချိန်မှာတော့ ရှမ့်ရိလုံသည် ချက်ချင်းပဲ သတိရှိလာပြီး မိုင်တစ်ရာပတ်လည်ကို စောင့်ကြပ် ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ဤဧရိယာအတွင်းသို့ ရန်လိုသော ကျူးကျော်သူ တစ်ဦးဦး ဝင်ရောက်လာပါက သူသည် ချက်ချင်းပဲ ဖြိုခွဲရေး မီးတောက်များကို ထုတ်လွှတ်ပြီး ပြာကျအောင် လုပ်ပစ်မည်။

... ...

ကျန်းရှဲ့၏ ဝိညာဉ်အမြင်အာရုံထဲသို့ ဝင်ရောက်လိုက်သည်နှင့် အရာအားလုံး လုံးဝ ကွဲပြားသွားတော့၏။ ထိုအပြစ်ရှိစိတ် နှင့် နာကျင်မှုတို့သည် ရှမ့်လန်ကို အသက်ရှူ၍မရနိုင်လောက်အောင် လုံးဝ ဖိနှိပ်ထားသည်။

စိတ်ပိုင်းဆိုင်ရာ နာကျင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတို့သည် လုံးဝ မတူညီသော်လည်း အလွန် ဆင်တူ ကြသည်။ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွင် အကန့်အသတ် ရှိပြီး အကန့်အသတ် ကျော်လွန်သွားပါက သတိလစ် သွားတတ်သည်။ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုသည်လည်း ထိုနည်းလည်းကောင်းပင်။

ထိုအချိန်က ကျန်းရှဲ့သည် သူ၏ ချစ်သူ ဘုရင်မမီဒူဆာ လုံးဝ သေဆုံးသွားပြီဟု ထင်မှတ်ခဲ့သည်။ သူ၏ ဆရာသခင် ဆရာကြီး ခေးအော့စ်လည်း သေဆုံးသွားပြီဟု ထင်မှတ်ခဲ့သည်။ သူတို့သည် သာမန် ဝိညာဉ် စွမ်းအားကိုသာ စတေးခဲ့ခြင်းဖြစ်ကြောင်း သူ မသိခဲ့ဘဲ အရာအားလုံးကို စတေးခဲ့သည်ဟု သူ ထင်မှတ်ခဲ့၏။

ဤသို့သော အစွန်းရောက် နာကျင်မှုနှင့် အပြစ်ရှိစိတ်များအတွင်း၌ပင် သူသည် အဆင့်မြင့် နဂါး သဘောတရားကို စတင် နားလည်လာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မရေမတွက်နိုင်သော နှစ်ကာလများ တိုင်အောင် သူ၏ အရင်းနှီးဆုံး လူနှစ်ဦး သေဆုံးသွားပြီဟု ခံစားခဲ့ရသည်။

ပထမတွင် နာကျင်မှု၊ ထို့နောက် ထုံထိုင်းမှု၊ ထို့နောက် အကျင့်တစ်ခု ဖြစ်လာခဲ့သည်။ ထိုလူနှစ်ဦး၏ သေဆုံးခြင်းကို ထာဝရ အမှန်တရား တစ်ခုအဖြစ် သူ သတ်မှတ်ခဲ့၏။

ပြန်လည် နိုးထလာချိန်မှာတော့ ထိုလူနှစ်ဦး မသေဆုံးသေးကြောင်း သိရှိလိုက်ရ၏။ ထိုအရာသည် မရေမတွက် နိုင်သော နှစ်ကာလများစွာ သူ ခံစားသိရှိထားသော အမှန်တရားနှင့် ကိုက်ညီမှု မရှိတော့ပေ။ ထို့ကြောင့် အေးစက်ပြီး နှလုံးသားမဲ့သော ကျန်းရှဲ့သည် ထိုလူနှစ်ဦးကို လုံးဝ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပိတ်လှောင် လိုက်သည်။ ဤသည်မှာ ပြီးပြည့်စုံသော လုပ်ငန်းစဉ် ဖြစ်သည်။

အဆုံးမဲ့သော နာကျင်မှုနှင့် အပြစ်ရှိစိတ်တို့သည် ကျန်းလီ၏ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် စီးဆင်းနေခဲ့သည်။ လူတစ်ယောက်သည် နာကျင်မှုနှင့် အပြစ်ရှိစိတ်ကို စတင် ခံစားလာရပြီး လက်မလွှတ်နိုင်၊ ပြန်လည် မထူထောင်နိုင်တော့လျှင် ကျဆုံးခြင်း ချောက်ကမ်းပါးနှင့် မဝေးတော့ပေ။

ဤသည်မှာ ရှမ့်လန်နှင့် ကျန်းလီတို့၏ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း လုပ်ငန်းစဉ်ကြားမှ သေးငယ်သော ကွာခြားချက် ဖြစ်သည်။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၊ နဂါးမယ်တော်နှင့် ဘုရင်မ မီဒူဆာတို့သည် ရှမ့်လန်နှင့် ရင်းနှီးသူများ မဟုတ်ကြပေ။ မိသားစုလည်း မဟုတ်ကြချေ။

ထို့ကြောင့် သူတို့ ရှမ့်လန်အတွက် ဝိညာဉ် စတေးချိန်မှာတော့ ရှမ့်လန်သည် စိတ်လှုပ်ရှားခဲ့ရသည်၊ ကျေးဇူးတင်ခဲ့ရသည်၊ တာဝန်၊ ဝတ္တရားစိတ်တို့ဖြင့် ပြည့်နှက်ခဲ့ရသည်။

အတိုချုပ်ပြောရလျှင် သူ၏ နှလုံးသားသည် ကောင်းမွန်သည်ဟု ခံစားခဲ့ရသည်။ စတေးခံရသူများမှာ မိသားစုဝင် မဟုတ်သဖြင့် သူသည် နာကျင်မှု သို့မဟုတ် အပြစ်ရှိစိတ်ကို မခံစားခဲ့ရပေ။

ထို့ကြောင့် ရှမ့်လန်နှင့် ကျန်းရှဲ့တို့၏ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း လုပ်ငန်းစဉ်သည် အတိအကျ တူညီနေသော်လည်း စွမ်းအင်သလင်းကျောက်မှာမူ ကွဲပြားနေခဲ့၏။ ကျန်းရှဲ့၏ ငရဲသလင်းကျောက်သည် ဖျက်ဆီးခြင်းနှင့် အေးစက်မှုတို့ဖြင့် ပြည့်နှက်နေသည်။

ရှမ့်လန်၏ အရာမှာမူ အလှတရား၊ နွေးထွေးမှုနှင့် တာဝန်သိစိတ်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ရှမ့်လန်သည် လောက၏ သက်စောင့်စွမ်းအားကို မဝါးမျိုလိုရုံသာမက သူ၏ သလင်းကျောက်ကိုလည်း မဝါးမျိုလိုပေ။

ထို့ကြောင့် ရှမ့်လန် နားလည်သဘောပေါက်ခဲ့သော စွမ်းအင်ကို တရားဝင် အမည်အသစ် ပေးရန် အချိန်တန်ပြီ ဖြစ်သည်။ ကျန်းလီ၏ အရာမှာ ငရဲသလင်းကျောက်ဖြစ်ရာ ရှမ့်လန်၏ အရာမှာ ကောင်းကင်သလင်းကျောက် ဖြစ်မည်လား။

... ...

ဝိညာဉ်ကမ္ဘာ အတွင်း မရေမတွက်နိုင်သော နှစ်ကာလများ ကုန်ဆုံးပြီးနောက် ရှမ့်လန်၏ ကျန်းရှဲ့ (ကျန်းလီ) အပေါ် နားလည်မှုသည် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် စေ့စပ်သေချာသွားပြီဟု ယူဆနိုင်သည်။ ရန်သူကို အနိုင်ယူရန် ရန်သူကို အရင် နားလည်ရမည်။ ဤအဆင့်ကို ပြီးပြည့်စုံစွာ ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။

သို့သော်ငြား မလုံလောက်သေးပေ။ ရန်သူကို နားလည်ပြီးနောက် မိမိကိုယ်ကို စေ့စပ်သေချာစွာ နားလည်ရပေမည်။ သူ့ကိုသိ ကိုယ့်ကိုသိမှ စစ်ပွဲတိုင်းတွင် အောင်နိုင်မည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် ရှမ့်လန်သည် မိမိကိုယ်ကို လုံလောက်အောင် နားလည်ပါရဲ့လား။

မဟုတ်ပေ။ သူသည် မိမိကိုယ်ကို လုံးဝ နားမလည်သေးပေ။ စကားပုံတစ်ခု ရှိသည်။ မိမိကိုယ်ကို ကြည့်လျှင် ရှင်းလင်းစွာ မြင်ရမည် မဟုတ်။ ရန်သူကသာ သင့်ကို အမှန်တကယ် နားလည်နိုင်သည်။ ရှမ့်လန်သည် မိမိကိုယ်ကို လေ့လာရန် မိမိ၏ အမြင်အာရုံကို အသုံးပြုရမည်သာမက မိမိကိုယ်ကို လေ့လာရန် ရန်သူ၏ အမြင်အာရုံကိုပါ အသုံးပြုရမည်။

ထို့ကြောင့် ရှမ့်လန်သည် ကျန်းရှဲ့၏ ဝိညာဉ် အမြင်အာရုံထဲမှ ထွက်ခွာခြင်း မရှိသေးပေ။ ထိုအစား ကျန်းရှဲ့၏ ဝိညာဉ် ရှုထောင့်ကို ဆက်လက် အသုံးပြုကာ ရှမ့်လန်၏ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း လုပ်ငန်းစဉ်ကို လေ့လာနေခဲ့သည်။

တောင်၏ မျက်နှာသွင်ပြင် အစစ်အမှန်ကို မသိရခြင်းမှာ ထိုတောင်ပေါ်တွင် ရောက်ရှိနေသောကြောင့်ပင် ဖြစ်၏။ ရှမ့်လန် အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း ပြုလုပ်စဉ်က သူ၏ ဝိညာဉ်သည် စတေးခံလိုက် ရသူများ၏ ဝိညာဉ်များကို နားလည်သဘောပေါက်ရန်၊ ထိုသူတို့၏ သေဆုံးခြင်း လုပ်ငန်းစဉ်ကို နားလည်ရန်ပင်။ ထို့နောက် ပြန်လည် စီစဉ်ပေါင်းစပ်ပြီး နိဗ္ဗာန ပြန်လည်မွေးဖွားခြင်းကို ရယူရန် ကြိုးစားခဲ့၏။

သို့သော်ငြား လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ရှမ့်လန်သည် သူ၏ ဝိညာဉ် ပြောင်းလဲမှုများကို မမြင်တွေ့ နိုင်ခဲ့ပေ။ မှန်ထဲတွင် မိမိမျက်နှာကို မကြည့်သကဲ့သို့ပင်။ မှန်ထဲတွင် မိမိကိုယ်ကို ကြည့်လျှင်ပင် မိမိရုပ်သွင် အစစ်အမှန်ကို မြင်ရသည် မဟုတ်ပေ။ အကြောင်းမှာ ဦးနှောက်သည် မိမိကိုယ်ကို အလှဆင် ပေးထားသောကြောင့် မှန်ထဲမှပုံရိပ်သည် အခြားသူများ၏ မျက်လုံးထဲတွင် မြင်ရသည်ထက် ၁၀ ရာခိုင်နှုန်းခန့် ပိုမို လှပနေတတ်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ကျန်းရှဲ့၏ ဝိညာဉ်အမြင်အာရုံထဲတွင် သူသည် ရှမ့်လန်၏ အဆင့်မြင့် နဂါးဉာဏ်အလင်း ပွင့်ခြင်းကို ပိုမို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ အဆုံးမဲ့သော နှစ်ကာလများ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။

လက်တွေ့တွင် အချိန်မည်မျှ ကုန်ဆုံးသွားခဲ့ပြီနည်း။ သူ မသိပေ။ သို့သော်ငြား ဝိညာဉ်တည်နေရာထဲတွင်မူ မရေမတွက်နိုင်သော နှစ်ကာလများ ဖြစ်သည်။

အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်းသည် လွန်စွာ ကြီးကျယ်ခမ်းနားသော လုပ်ငန်းစဉ် ဖြစ်သည်။ စကြဝဠာ တစ်ခု၏ ပျက်သုဉ်းခြင်းနှင့် မွေးဖွားခြင်းကဲ့သို့ပင်။ အတွင်းဘက်ရှိ အာကာသသည် ကျယ်ပြောလှပြီး အကန့်အသတ် မရှိသောကြောင့် မည်သည့်နေရာကို ကြည့်ရမည်ကိုပင် မသိနိုင်ပေ။

ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်... စုစုပေါင်း ကိုးကြိမ်ကြာပြီးနောက် ကျန်းရှဲ့၏ အမြင်အာရုံထဲတွင်ပင် ရှမ့်လန်၏ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်းနှင့် ပတ်သက်သည့် သဲလွန်စ တစ်စုံတစ်ရာကို ရှာမတွေ့ခဲ့ပေ။

သူနှင့် ကျန်းရှဲ့၏ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်းကြားတွင် ကွာခြားချက် တစ်ခုတည်းသာ ရှိသည်။ တစ်ခုသည် နာကျင်မှုနှင့် အပြစ်ရှိစိတ်တို့ဖြင့် ပြည့်နှက်နေပြီး အခြားတစ်ခုသည် ကျေးဇူးတရား၊ ပျော်ရွှင်မှု တို့ဖြင့် ပြည့်နှက်နေသည်။ သို့သော်ငြား ဤအချက်သည် ဉာဏ်အလင်းပွင့်ခြင်း နှစ်မျိုး ကွာခြားကြောင်း ကိုသာ သက်သေပြနိုင်၏။ ပြဿနာ၏ အရင်းအမြစ်ကို ဆုံးဖြတ်၍ မရနိုင်ပေ။ ဤအချက်ကို အားကိုးရုံဖြင့် သူသည် ကျန်းလီကို အနိုင်မယူနိုင်သေးပေ။

ပျော်ရွှင်ခြင်းနှင့် ကျေးဇူးတရားဆိုသည်မှာ နားထောင်၍ ကောင်းလှပေသည်။ တရားမျှတမှုသည် မကောင်းမှုအပေါ် သေချာပေါက် အောင်နိုင်လိမ့်မည် ဆိုသကဲ့သို့ပင်။

သို့သော်ငြား လက်တွေ့တွင်မူ ထိုသို့ မဟုတ်ပေ။ ရှမ့်လန်၏ လက်ရှိ တာဝန်မှာ တရားမျှတစွာဖြင့် မကောင်းမှုကို အနိုင်ယူရန် ဖြစ်သော်လည်း တရားမျှတမှု ခေါင်းစဉ်တပ်လိုက်ရုံဖြင့် လုံလောက်ပြီဟု သတ်မှတ်မရနိုင်ပေ။ အခြား ကွာခြားချက်တစ်ခုကို ရှာဖွေရပေမည်။ သူနှင့် ကျန်းလီကြားမှ ကွာခြားချက်၊ သူတို့၏ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်းကြားမှ စစ်မှန်သော ကွာခြားချက်ကို ရှာဖွေရမည်။

စုစုပေါင်း ဆယ့်ငါးကြိမ် ရှိပြီ ဖြစ်၏။ နောက်ဆုံးတွင် တွေ့ရှိသွားခဲ့သည်။ ရှမ့်လန်သည် သူ၏ ဝိညာဉ် နက်ရှိုင်းရာ တစ်နေရာတွင် တစ်စုံတစ်ခုကို တွေ့ရှိလိုက်သည်။

မမြင်နိုင်၊ မထိတွေ့နိုင်၊ မခံစားနိုင်သော အရာတစ်ခုပင်။ ဤသည်မှာ လွန်စွာ ဆန်းကြယ်သော ခံစားမှုမျိုး ဖြစ်သည်။ ဤအရာသည် ရှမ့်လန် ဝိညာဉ်၏ ဗဟိုချက်တွင် ရှိနေပြီး တည်ရှိနေကြောင်းကို သူ သိနေသည်။ သို့သော်ငြား ဝိညာဉ် အာရုံခံနိုင်စွမ်း အရ ဖြစ်စေ၊ ဝိညာဉ် အမြင်အာရုံ အရ ဖြစ်စေ တည်ရှိမနေပြန်ပေ။

ဤအရာသည် အခြားသော ဒိုင်မင်းရှင်းတစ်ခုမှ အရာဝတ္ထု တစ်ခုနှင့် တူနေသည်။ ဤအရာသည် နဂါးနတ်ဘုရား အပိုင်းအစနှင့် လွန်စွာ တူညီ၏။ ရှမ့်လန်သည် နဂါးကို နိဗ္ဗာန ပြန်လည်မွေးဖွားရန် ကူညီပေးစဉ်က နဂါးဝိညာဉ်၏ ဗဟိုချက်တွင် တစ်စုံတစ်ခုကို တွေ့ရှိခဲ့ဖူးသည်။ ထိုအရာသည်လည်း ရှာဖွေ၍ မရ၊ ထိတွေ့၍ မရသော်လည်း တည်ရှိနေကြောင်း သူ သိခဲ့သည်။ ရှေးဟောင်း လူသားများက ဤအရာကို နဂါးနတ်ဘုရား အပိုင်းအစဟု ခေါ်ဝေါ်ကြပြီး နတ်ဘုရား အပိုင်းအစဟုလည်း ခေါ်ကြသည်။

ဤအရာရှိနေသဖြင့် နဂါးဝိညာဉ်သည် မသေနိုင် မပျောက်ပျက်နိုင် ဖြစ်နေခြင်း ဖြစ်သည်။ ဤအရာ ရှိနေသဖြင့် ရှမ့်လန်အနေဖြင့် နဂါးဝိညာဉ်ကို နိဗ္ဗာန ပြန်လည်မွေးဖွားစေရန် အထူး လွယ်ကူနေခြင်း ဖြစ်သည်။

ရှမ့်လန် တွေ့ရှိခဲ့လေပြီ။ ဤအရာသည် ကျန်းလီကို အနိုင်ယူနိုင်မည့် ရှမ့်လန်၏ သော့ချက် ဖြစ်သည်။ သူ၏ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်းသည် ကျန်းလီထက် အနည်းငယ်မျှ မြင့်မားနေပုံရ၏။

ထိုသို့ဆိုလျှင် ဤပစ္စည်းကို မည်သူ ချန်ထားခဲ့သနည်း။ နဂါးမယ်တော်လား။ သို့မဟုတ် ဆရာကြီး ခေးအော့စ်လား။ သို့သော်ငြား ဤအရာသည် ကျန်းလီကို အနိုင်ယူရန် သော့ချက် ဖြစ်ရုံသာမက အန္တိမ နဂါး ဉာဏ်အလင်းပွင့်ခြင်းဆီသို့ တက်လှမ်းနိုင်မည့် လှေကားထစ် တစ်ခုလည်း ဖြစ်သည်။

... ...

အပိုင်း (၁၃၈၀)

လက်တွေ့လောကတွင် တစ်လ၊ ငါးလ၊ တစ်နှစ်၊ နှစ်နှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့၏။ ရှမ့်ရိလုံမှာမူ ရှမ့်လန်၏ ရှေ့တွင် နှစ်နှစ်လုံးလုံး မလှုပ်မယှက် ရပ်တန့်နေခဲ့ပြီး ရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ရှိသည်။

ရှမ့်လန်သည်လည်း လုံးဝ မလှုပ်ရှားခဲ့ပေ။ ရုပ်တုတစ်ခုနှင့် တူညီနေ၏။ သူသည် ဝိညာဉ် ကမ္ဘာထဲတွင် မရေမတွက်နိုင်သော နှစ်ကာလများစွာ ဉာဏ်အလင်း ပွင့်နေခဲ့၏။

ခဏအကြာတွင် နဂါး၏မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ ထို့နောက် ရှမ့်လန်၏ မျက်လုံးများလည်း အနည်းငယ် လှုပ်ရှားသွားခဲ့၏။ သူ၏မျက်ဝန်းများသည် လုံးဝ ဗလာ ဖြစ်နေခဲ့သည်။ ပထမတွင် နာကျင်မှု၊ ထို့နောက် အပြစ်ရှိစိတ်၊ ထို့နောက် အေးစက်မှု၊ ထို့နောက် နှလုံးသားကင်းမဲ့မှု။ သူသည် ကျန်းရှဲ့၏ ဝိညာဉ် အခြေအနေသို့ ဝင်ရောက်နေစဉ် မိမိကိုယ်ကို လုံးဝ မေ့လျော့နေခဲ့သည်။

နဂါး၏ဝိညာဉ်က အော်ဟစ်လိုက်၏။ “သခင်... ပြန်လာပါတော့... ပြန်လာပါတော့။”

ဤသည်မှာ ကျောက်ဆူးတစ်ခု ကဲ့သို့ပင်။ ရှမ့်လန်၏ ဝိညာဉ်သည် ကျန်းရှဲ့၏ ခန္ဓာကိုယ်မှ ထွက်ခွာပြီး မိမိခန္ဓာကိုယ်ထံသို့ ပြန်ရောက်လာခဲ့သည်။

“ဟူး...” ရှမ့်လန် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ နောက်ဆုံးတော့ သူ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။ မိမိကိုယ်ကိုယ် ပျောက်ဆုံးပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့မည့် အခြေအနေနှင့် လွန်စွာ နီးကပ်ခဲ့သည်။ ဤခံစားချက်ကို ဖော်ပြရန် ခက်ခဲလှ၏။

အာကာသယာဉ်မှူး တစ်ဦးသည် အာကာသ ဟင်းလင်းပြင်ထဲရှိ အာကာသ စခန်းတစ်ခုမှ ထွက်ခွာသွား သကဲ့သို့ပင်။ သူသည် အာကာသ စခန်းနှင့် ချိတ်ဆက်ထားမည့် ကြိုးတစ်ချောင်း လိုအပ်ပြီး အကယ်၍ ထိုကြိုး ပြတ်တောက်သွားပါက သူသည် အနည်းငယ်သော တွန်းကန်အားဖြင့်ပင် လွင့်ပါသွားနိုင်ပြီး စကြဝဠာ နက်ရှိုင်းရာသို့ လွင့်မျောကာ ဘယ်တော့မှ ပြန်လာနိုင်တော့မည် မဟုတ်ပေ။

ရှမ့်လန်နှင့် နဂါး၏ ဝိညာဉ်တို့သည် အမှီသဟဲ ပြုနေကြသည်။ ဤကြိုးသည်သာလျှင် သူ ဘယ်တော့မှ လမ်းမပျောက်ဘဲ ပြန်လာနိုင်ကြောင်း အာမခံချက် ပေးနိုင်သော အရာ ဖြစ်သည်။

နဂါးက မေးလိုက်၏။ “သခင်... အောင်မြင်လား။ ကျန်းလီကို အနိုင်ယူမယ့် နည်းလမ်း တွေ့ပြီလား။”

“တွေ့ပြီ။”

“ဒါဆို ကျုပ်တို့ သွားလို့ ရပြီလား။”

ရှမ့်လန်က ပြန်ပြောလိုက်သည်။ “မရသေးဘူး။ ငါက ကိုယ့်ကိုယ်ကိုယ်ရော ရန်သူကိုရော သိပြီ။ ငါ့ရဲ့ စစ်မှန်တဲ့ ဝှက်ဖဲကိုလည်း သိပြီ။ ပြီးတော့ တိုက်ပွဲ အစီအစဉ်ကိုလည်း ပြီးမြောက်ပြီးပြီ။ ဒါပေမဲ့ စစ်ဆင်ရေး ပုံဖော်တာကို လုပ်ရအုံးမယ်။”

နဂါးက ပြုံးပြီး ပြော၏။ “ကောင်းပါပြီ။”

သူသည် ဤနေရာတွင် မလှုပ်မယှက်ဘဲ နှစ်နှစ်ကြာ နေခဲ့ရသည်။ သူ အမှန်တကယ် အပြင်ထွက်ပြီး ဆော့ကစားချင်နေပြီ ဖြစ်၏။ အတိတ်က နဂါးသည် ဤသို့ မဟုတ်ခဲ့ပေ။ အတိတ်က နဂါးသည် လွန်စွာ အေးစက်ပြီး ဘယ်တော့မှ ဆော့ကစားခြင်း မရှိခဲ့ချေ။

ဤနဂါးသည် ရှမ့်လန်၏ လမ်းပြမှုအောက်တွင် ပြန်လည် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ စရိုက်လက္ခဏာသည် ရှမ့်လန်နှင့် တူညီနေ၏။ သူတို့နှစ်ဦးစလုံးသည် စိတ်အားထက်သန်ပြီး ဆော့ကစား ရသည်ကို နှစ်သက်ကြသည်။ ရက်စက်ပြီး မာနကြီးသော နဂါးနှင့် လုံးဝ ကွဲပြားခြားနားသွားခဲ့သည်။

... ...

ထို့နောက် ရှမ့်လန်သည် ကျန်းလီနှင့် တိုက်ပွဲကို စတင် ပုံဖော်ကြည့်လိုက်သည်။ သူသည် ကျန်းလီ၏ ခံစားချက်ပိုင်းဆိုင်ရာ အားနည်းချက်ကို အသုံးမပြုခဲ့ပေ။ ထိုအစား သူနှင့် ကျန်းလီကြားရှိ တစ်ခုတည်းသော ကွာခြားချက် ဖြစ်သည့် သူ၏ ကိုယ်ပိုင် အင်အားကိုသာ လုံးဝ အားကိုးရမည်။

သူ၏ဝိညာဉ် နက်ရှိုင်းရာအရပ်ရှိ ဝိညာဉ်အပိုင်းအစ၊ အန္တိမ နဂါးဉာဏ်အလင်းပွင့်ခြင်း ဆီသို့ ဦးတည် သွားစေမည့် လှေကားထစ်၊ ဤအရာသည် ဆရာကြီး ခေးအော့စ် ရှမ့်လန်အား ပေးခဲ့သော အဆုံးစွန် လက်ဆောင် ဖြစ်ကောင်း ဖြစ်နိုင်၏။

ဤကဲ့သို့သော တိုက်ပွဲ ပုံဖော်ခြင်းသည် လွန်စွာ ပျင်းစရာ ကောင်းလှ၏။ စူပါကွန်ပျူတာ တစ်လုံးက စစ်ပွဲ ပုံဖော်ခြင်းကို လုပ်ဆောင်နေသကဲ့သို့ပင်။ ရှမ့်လန်၏ အင်အားသည် ကျန်းလီ၏ တစ်သောင်းပုံတစ်ပုံခန့်သာ ရှိသည်။ ထို့အပြင် ကျန်းလီ ထိန်းချုပ်နိုင်သော ငရဲသလင်းကျောက်များကို ထည့်သွင်း တွက်ချက် ထားခြင်း မရှိသေးပေ။ သူသည် တစ်သောင်းပုံတစ်ပုံသော အင်အားဖြင့် ကျန်းလီကို မည်သို့ အနိုင်ယူမည်နည်း။ သူ့စိတ်ထဲရှိ နတ်ဘုရား ဝိညာဉ်အပိုင်းအစကို မည်သို့ အသုံးပြုမည်နည်း။

သူ့တွင် အကောင်းဆုံး ပုံဖော်နိုင်သော ပတ်ဝန်းကျင် ရှိနေခဲ့၏။ အကြောင်းမှာ ကျန်းရှဲ့၏ ခန္ဓာကိုယ်သည် ဤနေရာတွင် ရှိနေသောကြောင့်ပင်။ ကျန်းရှဲ့၏ဦးနှောက်သည်လည်း အကောင်း ပကတိ ရှိနေသေးသည်။ ရှမ့်လန်သည် ကျန်းရှဲ့၏ နေရာမှ ဝင်ရောက် တိုက်ခိုက်နိုင်သလို သူ့နေရာမှလည်း ဝင်ရောက် တိုက်ခိုက် နိုင်သည်။ တိုက်ပွဲ ပုံဖော်ခြင်းကို ဆယ်ကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ပြုလုပ်ခဲ့သည်။

အကြိမ်နှစ်ဆယ်...

အကြိမ်တစ်ရာ...

အကြိမ်တစ်ထောင်...

အကြိမ်တစ်သောင်း...

အချိန်များ ကုန်ဆုံးသွားခဲ့၏။ ဝိညာဉ်ကမ္ဘာအတွင်း မရေမတွက်နိုင်သော နှစ်ကာလများ ကုန်ဆုံးသွားခဲ့သည်။ လက်တွေ့လောကတွင်မူ သုံးလ၊ ငါးလ၊ နှစ်ဝက်၊ နှစ်နှစ်၊ သုံးနှစ်...။

ရှမ့်ရိလုံသည် အပြင်ထွက် ကစားချင်နေပြီ ဖြစ်၏။ သို့သော်ငြား သူ မထွက်ခွာနိုင်ပေ။ သခင်ဖြစ်သူ၏ ဘေးတွင်သာ နေရမည် ဖြစ်သည်။ နောက်တစ်ကြိမ် သူသည် ရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားပြန်သည်။ နောက်ဆုံးတွင် ရှမ့်လန်သည် တိုက်ပွဲပုံဖော်ခြင်း အကြိမ်တစ်သန်း ပြည့်မြောက်သွားခဲ့သည်။

အမှန်တကယ်ပင် အကြိမ်တစ်သန်းတိတိ ဖြစ်သည်။ ဝိညာဉ်ကမ္ဘာအတွင်း အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို ခန့်မှန်းရန် မဖြစ်နိုင်တော့ပေ။ ဤပုံဖော်ခြင်း အကြိမ်တစ်သန်းတွင် ရှမ့်လန် ဘယ်နှစ်ကြိမ် အနိုင်ရခဲ့သနည်း။ တစ်ကြိမ်မှ မနိုင်ခဲ့ပေ။ အားလုံး ရှုံးနိမ့်ခဲ့၏။

သူ၏ဝိညာဉ် နက်ရှိုင်းရာအရပ်တွင် နတ်ဘုရား အပိုင်းအစ ရှိနေသော်လည်း အားနည်းလွန်းလှသည်။ သူ့တွင် ကျန်းလီ၏ အင်အား တစ်သောင်းပုံတစ်ပုံသာ ရှိသည်။ မည်သို့ပင်ဖြစ်စေ သူ နိုင်,နိုင်မည် မဟုတ်ပေ။

ထို့ဆိုလျှင် ရှမ့်လန်သည် ဤတိုက်ပွဲတွင် သေချာပေါက် ရှုံးနိမ့်တော့မည်လား။

မဟုတ်ပေ။ ရှမ့်လန်၏ ပုံဖော်ခြင်းအားလုံးသည် အမှားများကို ဖယ်ထုတ်ခြင်းအပေါ် အခြေခံထားသည်။ သူသည် ကျရှုံးမှုဆီသို့ ဦးတည်စေနိုင်သော တိုက်ခိုက်နည်းအားလုံးကို ပုံဖော်ကြည့်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်နိုင်ချေရှိသမျှ အားလုံးကို နောက်တစ်ကြိမ် ပုံဖော်ကြည့်ခဲ့၏။ နောက်ဆုံးကျန်ရစ်သော နည်းလမ်း သည်သာ တိုက်ပွဲကို အဆုံးသတ်မည့် မှန်ကန်သော နည်းလမ်း ဖြစ်သည်။

ထိုသို့ဆိုလျှင် သူသည် မှန်ကန်သော တိုက်ခိုက်နည်းကို ပုံဖော်ကြည့်ခဲ့ပါသည်လား။ မလုပ်ခဲ့ပေ။ သူ ပုံဖော်၍ မရနိုင်ပေ။ အကြောင်းမှာ အခွင့်အရေးတစ်ကြိမ်တည်းသာ ရှိသောကြောင့် ဖြစ်သည်။ ထို့အပြင် ဤရူးသွပ်ဖွယ် တိုက်ခိုက်နည်းကို ပုံဖော်၍ မရသလို ပုံဖော်ခွင့်လည်း မရှိပေ။ ဤသည်မှာ တစ်ခုတည်းသော အခွင့်အရေး ဖြစ်ပြီး တကယ့် လက်တွေ့တိုက်ပွဲ ဖြစ်လာမည်။ ပုံဖော်၍ မရသလို ပြန်လုပ်၍လည်း မရနိုင်ချေ။ ဂိမ်းကစားခြင်း မဟုတ်သောကြောင့်ဖြစ်၏။

... ...

ရှမ့်လန် မျက်လုံးများကို ဖွင့်လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။

နဂါးက မေးလိုက်၏။ “သခင်... ပြီးပြီလား။”

“ပြီးပြီ။”

“ကျန်းလီကို အနိုင်ယူမဲ့ နည်းလမ်း ရှာတွေ့ပြီလား။”

“တွေ့ပြီ။ ဒါပေမဲ့ လမ်းကြောင်း တစ်ခုတည်း ရှိတယ်။”

“အို... ဒါဆို ကျုပ်တို့ သွားလို့ ရပြီလား။”

“သွားကြစို့... မင်း စောင့်ရတာ စိတ်မရှည်တော့ဘူး မဟုတ်လား။”

ထို့နောက် ရှမ့်လန်သည် ရှေးဟောင်းအကျဉ်းထောင်မှ ထွက်ခွာလာပြီး ပင်လယ်ရေမျက်နှာပြင် အထက်သို့ ပျံသန်း တက်ရောက်လာခဲ့သည်။ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ရှမ့်လန် လက်ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်း အကျဉ်းထောင် တစ်ခုလုံး ပြာကျသွားခဲ့သည်။ ထိုအကျဉ်းထောင်၏ တာဝန် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ ထိုအရာသည် ကျန်းရှဲ့၏ ထာဝရသင်္ချိုင်းဂူ ဖြစ်သလို ကျန်းလီ၏ သင်္ချိုင်းဂူလည်း ဖြစ်လာပေလိမ့်မည်။ အကယ်၍ ရှမ့်လန်သာ တိုက်ပွဲတွင် အနိုင်ရခဲ့ပါက ကျန်းလီ၏သေဆုံးခြင်းအတွက် နေရာတစ်ခု လိုအပ်ပေလိမ့်မည်။

ပင်လယ်ထဲမှ အရှိန်ဖြင့် ထိုးထွက်လာပြီးနောက် ပင်လယ်ကမ်းစပ်သည် ရေခဲများဖြင့် ဖုံးလွှမ်းမနေတော့ဘဲ ပင်လယ်ရေအဖြစ် ပြန်လည် ပြောင်းလဲသွားကြောင်း ရှမ့်လန် တွေ့ရှိလိုက်ရသည်။ ပင်လယ်ရေထဲတွင် ရေနေ သတ္တဝါများပင် ရှိနေကြ၏။ မျိုးစိတ်သိပ်မများလှသော်လည်း ရေဘဝဲများနှင့် ငါးများစွာ ရှိနေသည်။ လောကကြီး ပြောင်းလဲသွားသကဲ့သို့ အမှန်တကယ် ခံစားလိုက်ရသည်။

ရှမ့်လန်သည် ရှေးဟောင်းအကျဉ်းထောင်ထဲတွင် စုစုပေါင်း ငါးနှစ် ကြာမြင့်ခဲ့၏။ ဤငါးနှစ်တာ ကာလအတွင်း ကျန်းအင်ပါယာသည် မပြောင်းမလဲ ရှိနေသော်လည်း ရှမ့်လန်၏ တော်ဝင်ချန်အင်ပါယာမှာမူ နေ့စဉ်နှင့်အမျှ တိုးတက် ပြောင်းလဲနေခဲ့သည်။ နုရှောင့်မြို့ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်တစ်ခုလုံး အရည်ပျော်ကျခဲ့ပြီး သက်ရှိများနှင့် ပြည့်နှက်နေခဲ့၏။

ရှမ့်လန်သည် ဧရာမနဂါးကြီးကို စီးနင်းလျက် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။ နုရှောင့်မြို့၏ စွမ်းအင် အကာအကွယ်သည် စတုရန်းကီလိုမီတာ ငါးထောင်မှ စတုရန်းကီလိုမီတာ သောင်းချီ အထိ ကျယ်ပြန့် လာခဲ့သည်။ မြောက်ဘက်ရှိ ကောင်းကင်လေကျွန်းမှသည် ရွှဲ့ပြည်နယ် အရှေ့ဘက်အထိ အရာအားလုံးကို စွမ်းအင် အကာအကွယ်ဖြင့် လွှမ်းခြုံထားနိုင်ခဲ့ပြီ ဖြစ်သည်။

ရွှမ်ဝူမြို့နှင့် ရွှမ်ဝူနယ်စားအိမ်တော်ကိုပင် စွမ်းအင် အကာအကွယ် ပေးထားနိုင်ခဲ့သည်။ သူ၏ နေအိမ်ဖြစ်သော ရွှမ်ဝူနယ်စားအိမ်တော်သည် ယခုအခါ ငှက်သံများ၊ ပန်းရနံ့များဖြင့် ပြည့်နှက်နေ၏။ အရာအားလုံး သည် မြောက်ဝင်ရိုးစွန်း အပြောင်းအလဲ မဖြစ်မီ အချိန်ကအတိုင်း အတိအကျပင် ဖြစ်နေ၏။

ရှမ့်လန် ဆက်လက်၍ မြင့်သထက် မြင့်အောင် ပျံသန်းသွားခဲ့သည်။ ထို့နောက် သူ့ရှေ့ရှိ မြင်ကွင်းသည် အေးစက်ပြီး သေဆုံးနေဆဲ ဖြစ်၏။ ဤငါးနှစ်တာကာလအတွင်း တော်ဝင်ချန်နိုင်ငံ၏ စွမ်းအင် အကာအကွယ် သည် စတုရန်းကီလိုမီတာ သောင်းချီအထိသာ ကျယ်ပြန့်လာခဲ့သည်။ ကျန်ရှိနေသော နေရာများမှာ သက်ရှိ မရှိသော ရေခဲနှင့် နှင်းလောကကြီးအဖြစ် ရှိနေဆဲပင်။

အမှန်စင်စစ် လောကကြီးတစ်ခုလုံး၏အပူချိန်သည် ကျဆင်းသွားခဲ့သည်။ ဤငါးနှစ်တာကာလအတွင်း ကျန်းလီသည် နေ့စဉ် လောကတစ်ခုလုံး၏ သက်စောင့်စွမ်းအားကို ဆက်လက် ဝါးမျိုနေခဲ့သည်။ ထို့ကြောင့် သူသည် သေဆုံးခြင်းနှင့် ခြေတစ်လှမ်း ပိုနီးကပ်လာခဲ့သည်။ အကယ်၍ ရှမ့်လန်သာ ဆက်လက် အချိန်ဆွဲ နေပါက လောကကြီးတစ်ခုလုံး လုံးဝ ပျက်စီးသွားပေလိမ့်မည်။

... ...

ရှမ့်လန် ဆက်လက်၍ မြင့်သထက် မြင့်အောင် ပျံသန်းသွားခဲ့သည်။ ထို့နောက် မြောက်ဝင်ရိုးစွန်းကို မြင်လိုက်ရ၏။ ဟုတ်ပေသည်။ အမှန်တကယ်တော့ သူ ဘာမှ မမြင်ရပေ။ အကြောင်းမှာ မြောက်ဝင်ရိုးစွန်း သည် ငရဲကဲ့သို့ လုံးဝ မှောင်မိုက်နေသောကြောင့် ဖြစ်သည်။ ထိုနေရာသည် ကျန်းလီ၏ ဌာနချုပ်၊ အမှောင် အင်ပါယာ၏ အူတိုင် ဖြစ်သည်။

ရှမ့်လန်သည် မြောက်ဝင်ရိုးစွန်းဘက်သို့ လှမ်းကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “အရှင် ကျန်းလီ... ကျုပ် အဆင်သင့် ဖြစ်ပါပြီ။ အခု ကျုပ် ခင်ဗျားကို တိုက်ခိုက်နိုင်ပါပြီ။”

ခဏအကြာ၌ မြောက်ဝင်ရိုးစွန်း အထက် ကောင်းကင်ယံတွင် ကြီးမားသော မျက်နှာကြီးတစ်ခု ပေါ်လာ ခဲ့သည်။ ကျန်းလီ၏ မျက်နှာကြီးသည် မြောက်ဝင်ရိုးစွန်း၏ မိုင်ထောင်ပေါင်းများစွာကို ဖုံးလွှမ်းထားသည်။

“အရှင်ရှမ့်လန်... မင်း အဆင်သင့် ဖြစ်ပြီဆိုတာ သေချာရဲ့လား။”

“သေချာပါတယ်။ အရာအားလုံး အဆင်သင့် ဖြစ်ပါပြီ။ လဝက်အတွင်းမှာ ကျုပ် နောက်ဆုံးတိုက်ပွဲအတွက် မြောက်ဘက်ကို လာခဲ့ပါ့မယ်။”

“ကောင်းပြီ။ ငါ မင်းကို ဒီမှာ စောင့်နေမယ်။”

ထို့နောက် သူတို့နှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။

ရှမ့်လန်က ပြောလိုက်၏။ “အရှင်ကျန်းလီ... တိုက်ပွဲမစခင် ကျုပ်ရဲ့မိသားစုကို နုရှောင့်မြို့ဆီ ပြန်ပို့ပေး နိုင်မလား။”

“အဲဒါ တကယ် လိုအပ်လို့လား။ မင်း ရှုံးရင် သေမှာပဲ။ သူတို့အတွက်လည်း နှိပ်စက်ရာ ရောက်တာပေါ့။ သူတို့ နိုးထသင့်တဲ့ အချိန်အထိ အိပ်ခိုင်းထားလိုက်တာ မကောင်းဘူးလား။ မင်းနိုင်ရင် မင်းရဲ့ မိသားစုအားလုံး မင်းဆီ အလိုလို ပြန်ရောက်လာမှာပဲ။ ပြီးတော့ သူတို့က တစ်နှစ်ပတ်လုံး အေးခဲနေတာဆိုတော့ လွန်ခဲ့တဲ့ နှစ် ၃၀ က ပုံစံအတိုင်း ရှိနေတုန်းပဲ။ သူတို့ မအိုမင်းကြသေးဘူး။”

“လိုအပ်ပါတယ်။ အရမ်း လိုအပ်ပါတယ်။ ကျုပ်ဆီ လူတစ်ယောက်လောက် ပို့ပေးပါ။ နောက်ဆုံးတိုက်ပွဲ မတိုင်ခင် ကျုပ် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု လိုအပ်လို့ပါ။”

“ဟူး... အဆင့်နိမ့်တဲ့ ခံစားချက်ပါပဲလား။ ပြော .... မင်း ဘယ်သူ့ကို ပြန်ပို့ပေးစေချင်တာလဲ။”

“ကျုပ်မိန်းမ ကျင်းမူလန်ပါ။ သူ့ကို ကျုပ်ဆီ ပြန်ပို့ပေးပါ။”

ကျန်းလီ သက်ပြင်းချလိုက်သည်။ “စိတ်မကောင်းပါဘူး အရှင်ရှမ့်လန်... ငါ မလုပ်ပေးနိုင်လောက်ဘူး။”

“ဘာလို့လဲ။”

“ဘာလို့လဲဆိုတော့ သူ ငါ့ဆီမှာ မရှိလို့ပဲ။”

“ဒါဆို သူဘယ်ရောက်နေလဲ။”

“နောင်ကျရင် မင်း သိလာပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုတော့ သိထားဖို့ လိုတယ်။ သူ နေကောင်းပါတယ်။ သူ ဘာမှ မဖြစ်ဘူး။ စိတ်ပိုင်းဆိုင်ရာအရလည်း ဘာမှ မဖြစ်ပါဘူး။”

“သူ ဘယ်မှာလဲ။ သူ ဘယ်ရောက်သွားတာလဲ။”

“မင်း ဘယ်တော့မှ ထင်မထားမဲ့ နေရာတစ်နေရာပေါ့ ငါ့သားရယ်။”

... ...

ရှမ့်လန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ။”

ကျန်းလီက ပြောလိုက်၏။ “နောက်ဆုံးတိုက်ပွဲမတိုင်ခင် ဒီလို အဆင့်နိမ့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုမျိုး မင်း တကယ် လိုအပ်တာလား။ မင်း အဆင်သင့် ဖြစ်ပြီဆိုတာ သေချာရဲ့လား။”

“လဝက်အတွင်း တွေ့ကြတာပေါ့။”

“နှုတ်ဆက်ပါတယ်။”

ကျန်းလီ၏ မျက်နှာကြီး ကောင်းကင်ယံမှ ပျောက်ကွယ်သွားခဲ့သည်။

... ...

ရှမ့်လန်သည် နုရှောင့်မြို့အထက်သို့ တစ်ဖန် ပျံသန်း ရောက်ရှိလာခဲ့ပြန်သည်။ ထို့နောက် ခမ်းနား ထည်ဝါသော မြို့တော်ကြီးတစ်ခုကို သူ မြင်လိုက်ရ၏။ ဤမြို့သည် ဤလောကတွင် ဖြစ်စေ၊ ကမ္ဘာမြေတွင် ဖြစ်စေ အလှပဆုံး မြို့တော် ဖြစ်သည်မှာ သေချာလှ၏။

သုံးကြိမ်တိုင်တိုင် ပျက်စီးပြီး သုံးကြိမ်တိုင်တိုင် ပြန်လည် တည်ဆောက်ပြီးနောက် နုရှောင့်မြို့သည် နောက်ဆုံးတွင် ပင်လယ်ပြင်၏ စစ်မှန်သော ပုလဲရတနာ ဖြစ်လာခဲ့သည်။ အင်ပါယာတစ်ခု၏ မြို့တော် ဖြစ်လာရန် အရည်အချင်း ပြည့်မီသွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် မြို့အမည်ကိုလည်း နုမြို့တော်ဟု တရားဝင် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ အမှန်စင်စစ် အမည် ပြောင်းလဲခြင်းကို လွန်ခဲ့သောဆယ်စုနှစ်များစွာတည်းက ကြေညာခဲ့ခြင်း ဖြစ်သည်။ ယနေ့အချိန်အထိ တရားဝင် စာရွက်စာတမ်း အားလုံးတွင် နုမြို့တော်ဟု ပြောင်းလဲ သုံးစွဲနေခဲ့ကြပြီ ဖြစ်၏။

လေ့ကျိူးကျွန်းတစ်ကျွန်းလုံးသည် စတုရန်းကီလိုမီတာ ၅,၀၀၀ ကျော် ကျယ်ဝန်းပြီး မျက်စိတစ်ဆုံး နေရာတိုင်း တွင် ရှေးဟောင်း အဆောက်အအုံများဖြင့် ပြည့်နှက်နေသည်။ တောင်ကဲ့သို့ မြင့်မားသော အိမ်များပေါ်တွင် အလွှာလိုက် ၊ အလွှာလိုက် တည်ဆောက်ထားသော လှေကားထစ် စိုက်ခင်းများ၊ စားကျက်မြေများ၊ ဥယျာဉ်များနှင့် သစ်တောများစွာ ရှိနေကြသည်။

မြို့တော်တစ်ခုလုံးသည် စိမ်းလန်းသောသစ်ပင်များ၊ ပန်းများ၊ စီးဆင်းနေသော ရေတံခွန်များဖြင့် ပြည့်နှက်နေ၏။ လမ်းတိုင်းသည် အမှိုက်ကင်းစင်ကာ ကျယ်ဝန်းပြီး သန့်ရှင်း သပ်ရပ်နေသည်။ မည်သည့် အဆောက်အအုံနှင့်မှ မရှုပ်ထွေးဘဲ သဘာဝနှင့် အနုပညာ အလှတရားများဖြင့် ပြည့်စုံနေ၏။

အမိုးခုံး၏ အရောင်သည်လည်း လုံးဝ ပြောင်းလဲသွားခဲ့၏။ ယခင်က ဖျော့တော့သော အဖြူရောင် ဖြစ်သော်လည်း ယခုအခါ လုံးဝ ကြည်လင်နေသည်။ သူ၏ တည်ရှိမှုကို မှေးမှိန်အောင် ကြိုးစားထားခြင်း ဖြစ်၏။ ထိုသို့မဟုတ်ပါက စွမ်းအင်အမိုးခုံးကို မော့ကြည့်လိုက်ရုံဖြင့် ဖိနှိပ်ခံထားရသကဲ့သို့၊ အကျဉ်းချ ခံထားရသကဲ့သို့ ခံစားရစေနိုင်သည်။

ယခုအခါ စွမ်းအင်အမိုးခုံးသည် မမြင်ရလောက်အောင် ကြည်လင်နေသောကြောင့် အတွင်းရှိ လူများ မော့ကြည့် လိုက်လျှင် အမိုးခုံး ရှိနေကြောင်းကိုပင် မခံစားရတော့ပေ။

All Chapters