← Chapters

အခန်း (၁၃၈၅-၁၃၈၆)

Vol. 79 Ch. 1385-1386

အခန်း (၁၃၈၅-၁၃၈၆)

Vol. 79 Ch. 1385-1386

အပိုင်း (၁၃၈၅)

ရှမ့်လန်သည် လေ့ကျိုးစံအိမ်မှ ထွက်ခွာလာခဲ့သည်။ “နဂါးကြီး... သွားရအောင်။”

ဧရာမ နဂါးကြီးသည် ပင်လယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသော်လည်း မည်သည့် အသံ၊ မည်သည့် လှိုင်းဂယက်မှ ဖြစ်ပေါ်စေခြင်း မရှိပေ။

ရှမ့်လန်သည် ဧရာမနဂါးကြီး၏ ကျောပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး နုရှောင့်မြို့ထဲမှ ဖြည်းညင်းစွာ ပျံသန်း ထွက်ခွာလာခဲ့သည်။

ပင်လယ်ပြင်ထက်တွင် ပျောက်ဆုံးအင်ပါယာမှ ပင်လယ်သတ္တဝါဆန်းများ ပေါ်လာကြ၏။ ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်သည် ပင်လယ်မွန်းစတား သိန်းပေါင်းများစွာကို ဦးဆောင်လျက် သေသပ် ညီညာစွာ ဒူးထောက်လိုက်၏။

နုရှောင့်မြို့ထဲရှိ တော်ဝင်ချန် အင်ပါယာ အတွင်းဝန်ရုံးနှင့် အတိုင်ပင်ခံ လွှတ်တော်မှ လူတိုင်းသည်လည်း သေသပ်ညီညာစွာ ဒူးထောက်လိုက်ကြ၏။ လူတစ်သန်းကျော် တိတ်ဆိတ်စွာ ဒူးထောက်လိုက်ကြသည်။

မည်သူမှ သက်တော်ရာကျော် ရှည်ပါစေ ဟု အော်ဟစ်ခြင်း မရှိကြပေ။

လူတိုင်းသည် အရှင်ရှမ့်လန် တစ်နေ့တွင် ပြန်လာနိုင်ပါစေကြောင်း စိတ်ထဲမှ ဆုတောင်းနေကြသည်။ ဤသည်မှာ အဆုံးအဖြတ် တိုက်ပွဲ ဖြစ်၏။ အရှင် နိုင်ခဲ့လျှင် သူတို့၌ အနာဂတ် ရှိပေလိမ့်မည်။ အရှင် ရှုံးခဲ့လျှင် သူတို့ရှေ့ရှိ အရာအားလုံးသည် ပြာမှုန့် ဖြစ်သွားရပေမည်။ အရာအားလုံး ပြီးသွားပေလိမ့်မည်။

ရှမ့်လန်သည် ဧရာမနဂါးကြီးကို စီးနင်းလျက် မြောက်ဝင်ရိုးစွန်းဆီသို့ ပျံသန်းသွားခဲ့သည်။ သူ့နောက်တွင် ကျိလုံအာသည် မရပ်မနား လိုက်ပါလာခဲ့၏။

ရှမ့်လန်က ပြောလိုက်သည်။ “ပြန်တော့။”

ကျိလုံအာသည် ထိုနေရာ၌ ခေတ္တမျှ ရပ်တန့်နေသော်လည်း မကြာမီ ပြန်လည် လိုက်ပါလာပြန်၏။ သို့သော်ငြား လှမ်းလှမ်းမှသာ လိုက်ပါလာခဲ့သည်။ ရှမ့်လန်နှင့် ရှမ့်ရိလုံတို့ ပြိုင်တူ ပြောလိုက်ကြ၏။ “ပြန်တော့ ပြန်ပါတော့ဆို။”

ငါးကြိမ်တိုင်တိုင် မောင်းထုတ်ပြီးနောက် ကျိလုံအာသည် မလိုလားစွာဖြင့် ပြန်လှည့်သွားခဲ့သည်။ ရှမ့်လန်နှင့် သူ၏နဂါးသည် ဟိုက်ဒရိုဂျင်ဗုံးငါးရာကို သယ်ဆောင်လျက် မြောက်ဝင်ရိုးစွန်းဆီသို့ ပျံသန်းသွားခဲ့ကြသည်။ သူတို့သည် ကျန်းလီနှင့် ယှဉ်ပြိုင်ရမည့် အဆုံးအဖြတ်တိုက်ပွဲဆီသို့ ဦးတည်သွားနေကြခြင်း ဖြစ်သည်။

... ...

နာရီအနည်းငယ် ကြာပြီးနောက် ရှမ့်လန်သည် မြောက်ဝင်ရိုးစွန်းအထက်သို့ ရောက်ရှိလာခဲ့သည်။ နှစ်ပေါင်း ၃၀ ကျော် ကြာပြီးနောက် သူ ဤနေရာသို့ ပြန်ရောက်လာခဲ့ခြင်း ဖြစ်၏။ ဤနေရာသည် ကြီးမားစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထာဝရ ညဉ့်ကာလ ဖြစ်သော်လည်း ရှမ့်လန် ကောင်းစွာ မြင်တွေ့နေရ၏။

ပထမဆုံးအနေဖြင့် လှပသော ဝင်ရိုးစွန်း အလင်းတန်းများ မရှိတော့ပေ။ အခြေခံအားဖြင့် ဂြိုဟ်တစ်လုံးတွင် ဝင်ရိုးစွန်း အလင်းတန်းများ ပျောက်ဆုံးသွားခြင်းသည် သူ၏ သက်စောင့်စွမ်းအား သေဆုံးခြင်းကို ကိုယ်စားပြုသည်။ သေချာတိကျစွာ ပြောရလျှင် ဤဂြိုဟ်သည် လုံးဝ သေဆုံးသွားခြင်းတော့ မဟုတ်သေးပေ။

ယခုအခါ မြောက်ဝင်ရိုးစွန်းတွင် ရေခဲမြစ်များနှင့် နှင်းများ မရှိတော့ချေ။ အဆုံးအစမဲ့သော ငရဲ သလင်းကျောက် များသာ ရှိတော့သည်။ အမှန်စင်စစ် အလွန် အေးမြနေဆဲ ဖြစ်သော်လည်း လွန်ခဲ့သော နှစ် ၃၀ ကကဲ့သို့ အနုတ် ဒီဂရီ ၂၀၀ စင်တီဂရိတ် မဟုတ်တော့ဘဲ အနုတ် ဒီဂရီ ၁၀၀ စင်တီဂရိတ်အောက်တွင်သာ ရှိတော့သည်။

ကျန်းလီသည် ဤနေရာကို ဂြိုဟ်တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်၏။ အရာအားလုံး ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ငရဲသလင်းကျောက် မည်မျှ ရှိသနည်း။ အလွန် များပြားလှသည်။ စတုရန်းကီလိုမီတာ သန်းပေါင်းများစွာ ကျယ်ဝန်းသော မြေပြင်ကို ဖုံးလွှမ်းထားပြီး မြေအောက် နက်ရှိုင်းသောနေရာများအထိ အဆုံးအစမဲ့ တည်ရှိနေ၏။

မြောက်ဝင်ရိုးစွန်းတွင် ရေခဲနှင့် နှင်းများ မရှိတော့ရုံသာမက မြေအောက် လှုပ်ရှားမှုများ၊ ချော်ရည်များလည်း မရှိတော့ချေ။ အားလုံးသည် ထူးဆန်းသော ငရဲသလင်းကျောက်များသာ ဖြစ်နေသည်။ ဤအရာက ရှမ့်လန်အား စိန်များဖြင့် လုံးဝ ဖွဲ့စည်းထားသော မှော်ဆန်သည့် ဂြိုဟ်တစ်လုံးကို အမှတ်ရစေသည်။ ဂြိုဟ်တစ်ခုလုံးသည် ကြီးမားခမ်းနားသော စိန်တုံးကြီး တစ်တုံးကဲ့သို့ပင်။

မြောက်ဝင်ရိုးစွန်း၏ စတုရန်းကီလိုမီတာ သန်းပေါင်းများစွာသည် ပင်လယ်ရေမျက်နှာပြင်ကဲ့သို့ပင် လုံးဝ ညီညာ ပြန့်ပြူးနေသည်။ နိမ့်မြင့်တက်ကျမှု တစ်ခုမှပင် မရှိပေ။ များပြားလွန်းသော ငရဲသလင်းကျောက်များ သည် ကျန်းလီ၏ စွမ်းအင်အရင်းအမြစ် ဖြစ်သည်။

ဤနေရာတွင် သူသည် နတ်ဘုရား တစ်ပါးကဲ့သို့ပင်။ သူသည် တောင်များကို ရွှေ့နိုင်ပြီး ပင်လယ်များကို ဖို့နိုင်၏။ သူသည် လောကကြီးကို ဇောက်ထိုး ပြောင်းပစ်နိုင်စွမ်း ရှိသည်။ သူသည် အလွန်တရာ အစွမ်းထက်၏။ ထိုသို့ဆိုလျှင် ရှမ့်လန်၏ ဟိုက်ဒရိုဂျင်ဗုံး ၅၀၀ သည် ငရဲသလင်းကျောက် မည်မျှကို အရည်ပျော်စေ နိုင်မည်နည်း။

တစ်သန်းပုံ တစ်ပုံ၊ သို့မဟုတ် ဆယ်သန်းတစ်ပုံ တစ်ပုံခန့်သာ ဖြစ်ပေလိမ့်မည်။

ဟိုက်ဒရိုဂျင်ဗုံးများကို အားကိုးပြီး ငရဲသလင်းကျောက်များကို လုံးဝ ဖျက်ဆီးပစ်ကာ ကျန်းလီကို သတ်ဖြတ်ရန် မဖြစ်နိုင်ကြောင်း ရှမ့်လန် ကြာမြင့်စွာတည်းက တွက်ချက်ထားပြီး ဖြစ်သည်။ တော်ဝင်ချန် အင်ပါယာက တစ်နေ့လျှင် ဟိုက်ဒရိုဂျင်ဗုံး ၁၀၀ သို့မဟုတ် ၁၀၀၀ ထုတ်လုပ်နိုင်လျှင်ပင် လုံလောက်မည် မဟုတ်ပေ။ သို့သော်ငြား စွမ်းအင် လေဟာနယ် တစ်ခု ဖန်တီးရန်အတွက်မူ လုံလောက်သည်။

ကျန်းလီက ဖြည်းညင်းစွာ ပြောလိုက်၏ “အရှင်ရှမ့်လန်... ငါ့နန်းတော်က မြောက်ဝင်ရိုးစွန်းရဲ့ အလယ်ဗဟိုမှာ ရှိတယ်။”

ရှမ့်လန်သည် မြောက်ဘက်သို့ ဆက်လက် ဦးတည်သွားလိုက်၏။ သူသည် ကျန်းလီ၏ မြောက်ဝင်ရိုးစွန်း သန့်ရှင်းသော နန်းတော်ကို မြင်လိုက်ရသည်။ သန့်ရှင်းသော နန်းတော် ဆိုသော်လည်း ပင်မ ခန်းမဆောင်ကြီး တစ်ခုသာ ရှိသည်။ သို့သော်ငြား ထိုခန်းမဆောင် တစ်ခုတည်းကပင် မြို့တစ်မြို့လုံးထက် ပိုမို ကြီးမားနေ၏။

ကျန်းလီ၏ မြောက်ဝင်ရိုးစွန်း သန့်ရှင်းသော နန်းတော်မှာ မည်မျှ ကြီးမားသနည်း။ ဤအရာသည် မည်သည့် ရုပ်ရှင်ကားတွင်မှ မြင်တွေ့နိုင်သော အရာ မဟုတ်ပေ။ သန့်ရှင်းသော နန်းတော်၏ အမြင့်သည် လောကပေါ်ရှိ မည်သည့် တောင်ထိပ်ထက်မဆို ပိုမို မြင့်မားပြီး ဧရိယာသည် မြို့တစ်မြို့ထက် ပိုမို ကျယ်ဝန်း သည်။

အမှန်စင်စစ် ထိုအရာကို အဆောက်အအုံအဖြစ် ကင်ပွန်းတပ်၍မရပေ။ အဘယ်ကြောင့်ဆိုသော် ငရဲ သလင်းကျောက်များဖြင့် တည်ဆောက်ထားသောကြောင့် ဖြစ်၏။ လူသားများ ဝင်ရောက်သွားလျှင် ပုရွက်ဆိတ်များ ထက် သေးငယ်သွားပေမည်။

ရှမ့်ရိလုံသည် လုံလောက်အောင် ကြီးမားလှသည်။ ငုသည် မြို့တစ်မြို့၏ ကောင်းကင်ကို ဖုံးလွှမ်းနိုင်ပြီး ဗိုက်ထဲတွင် ဟိုက်ဒရိုဂျင် ဗုံး ၅၀၀ ကို မျိုချထားနိုင်သည်။ သို့သော်ငြား ဤခန်းမကြီးထဲသို့ ပျံသန်း ဝင်ရောက်သွားပြီးနောက် သူ ...ဧရာမ နဂါးကြီးသည်ပင် သေးငယ်သွားသကဲ့သို့ ထင်ရ၏။

ဤခမ်းနားထည်ဝါသော ခန်းမကြီးတွင် တံခါးပေါက် တစ်ခုတည်းသာ ရှိ၏။ ရှမ့်ရိလုံသည် ပျံသန်း ဝင်ရောက်သွားချိန်မှာတော့ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ သူသည် ဤမျှ ကြီးမားသော တံခါးပေါက်မျိုး ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ အခြား လောကတစ်ခုသို့ ဝင်ရောက်တော့မည့်အလား ခံစားလိုက်ရသည်။

ခန်းမကြီးထဲတွင် ရှေးဟောင်း ရုပ်သေး စစ်သည်တော်များလည်း ပြည့်နှက်နေ၏။

ဤလူအုပ်ကြီးသည် မူလက ကျောက်ဖြစ်ရုပ်ကြွင်းများအဖြစ် ပြောင်းလဲခံထားရပြီး ယခုအခါ သလင်းကျောက်များ ကဲ့သို့ ဖြစ်နေကြသည်။ အတိုချုပ် ပြောရလျှင် သူတို့သည် အသားနှင့် သွေးဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်တော့ပေ။ လူတိုင်း၏ ခန္ဓာကိုယ်သည် ဖောက်ထွင်းမြင်နိုင်လုနီးပါး ဖြစ်နေပြီး အလွန် ထူးဆန်းနေသည်။

ခန်းမကြီးထဲတွင် ရှေးဟောင်း ရုပ်သေး စစ်သည်တော် မည်မျှ ရှိသနည်း။ သူ မသိပေ။ တွက်ချက်ရန်လည်း မဖြစ်နိုင်သလောက်ပင်။ အဘယ်ကြောင့်ဆိုသော် စတုရန်းကီလိုမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းသော မြေပြင်ပေါ်တွင် ပုရွက်ဆိတ်များကဲ့သို့ ပြည့်နှက်နေသောကြောင့် ဖြစ်၏။

ဤလောကသို့ ရောက်လာပြီးနောက် ရှမ့်လန်သည် အရာရာကို မြင်တွေ့ခဲ့ဖူးသော်လည်း ဤမျှများပြားသော စစ်တပ်ကြီးကိုမူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူ့ခေါင်းတစ်ခုလုံး ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ရှမ့်လန် မြင်ဖူးသမျှ စစ်တပ် စုစုပေါင်းထက် များစွာ ပိုမို များပြားနေသည်။

ရူးသွပ်နေသော ကျန်းလီသည် ရှေးဟောင်း လူသား မည်မျှကို ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းလဲပစ်ခဲ့ သနည်း။ ရှေးဦးရင်ပြင်တွင် ရှမ့်လန် မြင်တွေ့ခဲ့ရသော လူသိန်းချီ ဆိုသည်မှာ သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်နေတော့၏။

နဂါးပေါ်တွင် ရှမ့်လန် ပါလာသည်ကို မြင်ချိန်မှာတော့ အလွန်များပြားသော ရှေးဟောင်း ရုပ်သေး စစ်သည်တော်များ သည် ပြိုင်တူ မော့ကြည့်လာကြပြီး ရှမ့်လန်ကို စိုက်ကြည့်နေကြသည်။ လူသေ သန်းပေါင်းများစွာ၏ မျက်လုံးများဖြင့် အကြည့်ခံရခြင်းသည် ထူးဆန်းလွန်းသော ခံစားမှုမျိုး ဖြစ်သည်။

အမှောင်အင်ပါယာ ကျန်းလီသည် ခန်းမကြီး၏ အလယ်တည့်တည့်တွင် ရှိနေသည်။ သူသည် အမှောင် ပလ္လင်ထက်တွင် ထိုင်နေပြီး တစ်ကိုယ်လုံးကို အမဲရောင် သံချပ်ကာဖြင့် ဖုံးအုပ်ထား၏။ သူ့ခန္ဓာကိုယ်သည် တောင်တစ်လုံးကဲ့သို့ ကြီးမားလှ၏။

ဤသည်မှာ တင်စားချက် မဟုတ်သလို ဥပမာ ပေးခြင်းလည်း မဟုတ်ပေ။ သူ့ခန္ဓာကိုယ်သည် အမှန်တကယ်ပင် တောင်တစ်လုံးကဲ့သို့ ဖြစ်နေပြီး ဧရာမ နဂါးကြီးထက် မငယ်ပေ။ ဤမြောက်ဝင်ရိုးစွန်း နန်းတော်သည် အခြားသူများအတွက် ကြီးမားလွန်းသော်လည်း ကျန်းလီအတွက်မူ အနေတော်ပင် ဖြစ်သည်။ သူ၏ အမှောင်ပလ္လင်သည်လည်း သူနှင့် အနေတော်ပင် ဖြစ်သည်။

လွန်ခဲ့သော နှစ် ၃၀ ကာလကို သူ ဤသို့ ဖြတ်သန်းခဲ့သည်လား။ ရှေးဟောင်း ရုပ်သေး စစ်သည်တော် သန်းပေါင်းများစွာ ဝန်းရံလျက် အမှောင်ပလ္လင်ထက်တွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်လား။ လုံးဝ မလှုပ်ရှားခဲ့ဘဲ နေခဲ့သည်လား။

ကျန်းလီက ဖြည်းညင်းစွာ ပြောလိုက်၏။ “ဟုတ်တယ်။ ငါ ဒီလို ထိုင်နေခဲ့တာ နှစ် ၃၀ ကျော်ပြီ။”

သူက ဆက်ပြောလိုက်သည်။ “ပြီးတော့ ငါ့ခန္ဓာကိုယ် တောင်တစ်လုံးလို ကြီးလာတာ မင်းကို ကြွားဝါချင်လို့ မဟုတ်ဘူး။ လိုအပ်လို့ ဖြစ်လာတာပါ။”

ကျန်းလီသည် အလွန်အလုပ်များပြီး တစ်စက္ကန့်မျှပင် မနားနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အမှောင် ဘုရင်မ သည် မြောက်ဝင်ရိုးစွန်း ငရဲသလင်းကျောက်၏ အလယ်ဗဟိုတွင် အပေါက်ငယ်တစ်ခု ဖြစ်အောင် ပြုလုပ်ခဲ့သောကြောင့် ထိုအပေါက်ကို အချိန်တိုင်း ပိတ်ဆို့ထားရန် လိုအပ်သောကြောင့် ဖြစ်၏။

ပို၍ အရေးကြီးသည်မှာ ကျန်းအင်ပါယာသည် အမိုးခုံးမြို့တော် ၂၀၀ ကို ဖန်တီးခဲ့ပြီး မရေမတွက်နိုင်သော ငရဲအပ်များကို ဂြိုဟ်အူတိုင်ထဲသို့ ထိုးစိုက်ကာ သက်စောင့်စွမ်းအင်များကို ဝါးမျိုစေခဲ့သည်။ ဤသည်မှာ အမိုးခုံးမြို့တော်များ ရှင်သန်ရပ်တည်ရေးအတွက်သာမက မြောက်ဝင်ရိုးစွန်းသို့ စွမ်းအင် ထောက်ပံ့ပေးရန် လည်း ဖြစ်သည်။

ကျန်းလီသည် ဤအမိုးခုံးမြို့တော်များသို့ စွမ်းအင် မည်မျှ ခွဲဝေပေးရမည်၊ မြောက်ဝင်ရိုးစွန်းတွင် စွမ်းအင် မည်မျှ ဝါးမျိုရမည် ဆိုသည်ကို တွက်ချက်နေရသည်။ ထို့အပြင် သူသည် ငရဲသလင်းကျောက်များကို အဆင့် မြှင့်တင်ရမည်၊ အန္တိမ နဂါးဉာဏ်အလင်းပွင့်ခြင်း စမ်းသပ်မှု လုပ်ရမည်၊ ကမ္ဘာမြေသို့ ပျံသန်းရန်အတွက် ပြိုင်ဘက်ကင်း အာကာသယာဉ်ကို တည်ဆောက်ရမည်။

ကျန်းလီသည် ဤကိစ္စ အားလုံးကို တစ်ယောက်တည်း ပြီးစီးအောင် လုပ်ဆောင်ရသဖြင့် မြောက်ဝင်ရိုးစွန်းမှ ခွာ၍ မရနိုင်သည်မှာ သဘာဝကျသည်။ သူသည် ဤလောက၏ စစ်မှန်သော အမှောင် အင်ပါယာ ဖြစ်ပြီး ဂြိုဟ်တစ်ခုလုံး၏ စွမ်းအားကို ထိန်းချုပ်ထားသော်လည်း သူ့တွင် ပြောပလောက်သော အာဏာ မရှိပေ။ ထို့အပြင် သူ့အတွက်မူ အာဏာဆိုသည်မှာ နိမ့်ကျသော စိတ်ခံစားမှု တစ်ခုသာ ဖြစ်သည်။

ရှမ့်လန်သည် ဧရာမ နဂါးကြီးကို စီးနင်းလျက် ကျန်းလီ၏ ရှေ့သို့ ဖြည်းညင်းစွာ ပျံသန်းသွားခဲ့၏။ ကျန်းလီ၏ ခန္ဓာကိုယ်သည် ကြီးမားလွန်းသောကြောင့် ရှမ့်လန် ရပ်နေသောနေရာမှနေ၍ ကျန်းလီ၏ မျက်နှာကို ထားလိုက်ပါဦး။ ခြေထောက်ကိုပင် သေချာမမြင်ရပေ။

ကျန်းလီက ပြောလိုက်သည်။ “မင်း တကယ်ပဲ ငါ့ရဲ့ ခန္ဓာကိုယ်ကို ယူမလာခဲ့ဘူးလား။”

သူက ဆက်မေးလိုက်၏။ “အဲဒါက ငါ့ကို နိုင်မယ့် ဝှက်ဖဲလို့ မင်း မထင်ဘူးလား။ အဲဒါက ငါ့ရဲ့ အားနည်းချက်လေ။”

ရှမ့်လန်သည် ပခုံးတွန့်လိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပေ။

ကျန်းလီက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ကံကောင်းတာက မင်း ယူမလာခဲ့ဘူး။ ဟုတ်ရင် ဒီတိုက်ပွဲက စိတ်လှုပ်ရှားစရာကောင်းမှာ မဟုတ်တော့ဘူး။”

သူက ဆက်ပြောလိုက်၏။ “မင်းက ငါ့ရဲ့ အားနည်းချက်ကို ယူလာတယ်ဆိုရင် အခြေအနေကို အခွင့်ကောင်း ယူချင်တယ် ဆိုတဲ့ သဘောပဲ။ အဲဒါက မင်းကိုယ်မင်း အားနည်းတဲ့ဘက်မှာ ထားလိုက်တယ် ဆိုတဲ့ သက်သေပဲ။ ဒီတိုက်ပွဲမှာ အားနည်းသူရဲ့ စိတ်ဓာတ်မျိုး ရှိနေတာ လုံးဝ မကောင်းဘူး။”

ရှမ့်လန် ဘာမှ ပြန်မပြောဘဲ နေမြဲနေသည်။ ခေတ္တမျှ ကြာပြီးနောက် ရှမ့်လန်က မေးလိုက်သည်။ “အရှင် ကျန်းလီ... ခင်ဗျားရဲ့ အာကာသယာဉ် ဘယ်မှာလဲ။ ခင်ဗျား တည်ဆောက်ချင်နေတဲ့ ပြိုင်ဘက်ကင်း အာကာသယာဉ်က ဘယ်မှာလဲ။”

ကျန်းလီက ပြန်ဖြေ၏။ “မြေအောက်မှာ”

ထို့နောက် နှစ်ယောက်သား တိတ်ဆိတ်သွားကြသည်။

ကျန်းလီက ပြောလိုက်၏။ “ရှမ့်လန်... မင်း အများကြီး စွမ်းဆောင်နိုင်ခဲ့တယ်။”

သူက ဆက်ပြောလိုက်သည်။ “မင်းရဲ့ နုရှောင့်မြို့တော်က မဆိုးပါဘူး။ အဲဒီမြို့ရဲ့ အနုပညာဆန်တဲ့ လေထုကို ငါ စိတ်မဝင်စားပေမဲ့ နျူကလီးယား စွမ်းအင် အူတိုင်က မဆိုးဘူး။ စွမ်းအင် ခွဲဝေဖြန့်ဖြူးရေး စနစ်က အထူး ကောင်းမွန်တယ်။ မင်းရဲ့သား ဂရက်ဂိုရီ ကလည်း အရမ်း ထူးချွန်တယ်။”

ရှမ့်လန်က ပြောလိုက်၏။ “ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်။”

ကျန်းလီက ပြောလိုက်သည်။ “ဒါကြောင့် ဒီတိုက်ပွဲပြီးလို့ မင်း သေသွားရင်တောင် မင်းရဲ့ မိသားစုနဲ့ ကလေးတွေ ဆက်လက် ရှင်သန်ခွင့်ရကြလိမ့်မယ်။ အနာဂတ် ငါ့ရဲ့ အာကာသယာဉ်ပေါ်မှာ သူတို့ တစ်ယောက်ချင်းစီအတွက် နေရာတစ်နေရာ ရှိစေရမယ်။ မင်းနဲ့ ပတ်သက်တဲ့သူတွေတိုင်း နေရာ ရစေရမယ်။”

ရှမ့်လန်က ပြောလိုက်၏။ “ကျေးဇူးပါ။ တကယ်လို့ ကျုပ်ရှုံးခဲ့ရင် ဒီလောကကြီးက ကျုပ်နဲ့ မဆိုင်တော့ဘူး။ အရှင်ကျန်းလီပဲ စီမံပါတော့။”

ကျန်းလီက ပြောလိုက်သည်။ “မင်းမှာဒီလို စိတ်ဓာတ်မျိုး ရှိတာ ကောင်းတယ်။”

သူက ဆက်ပြောလိုက်၏။ “ငါတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်ခွင့်ရှိတယ်ဆိုတဲ့ အမှန်တရားကို မင်း အခုလောက်ဆို ကောင်းကောင်း နားလည်လောက်ပါပြီ။ ဒါက ဟိုးတုန်းတည်းက သတ်မှတ်ထားတဲ့ ကံကြမ္မာပဲ။”

ရှမ့်လန်က ပြန်ပြောလိုက်သည်။ “ကျုပ် ဒီစကားလုံးကို မုန်းတယ်။ ကျုပ်ကံကြမ္မာကို ကျုပ်ကိုယ်တိုင် ဖန်တီးမယ်။ ကောင်းကင်ဘုံက သတ်မှတ်တာ မဟုတ်ဘူးလို့ ကျုပ်ပြောရင် ရမလား။”

ကျန်းလီ တိတ်ဆိတ်နေပြီး ဤစကားကို တုံ့ပြန်ခြင်း မပြုပေ။ ခေတ္တမျှကြာပြီးနောက် သူ ဖြည်းညင်းစွာ ပြောလိုက်၏။ “ရှမ့်လန်... အကြိမ်များစွာပဲ။ မင်းက ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်။ ကံကြမ္မာကို ပြောင်းလဲခဲ့တယ်လို့ ထင်နေခဲ့တယ်။ ဒါပေမဲ့ ဒါက ကံကြမ္မာရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာ မင်း မသိခဲ့ဘူး။”

ဤတစ်ကြိမ်တွင်မူ ရှမ့်လန် တိတ်ဆိတ်သွားရသည်။ ဤသည်မှာ ဝမ်းနည်းဖွယ်ရာ အမှန်တရားလည်း ဖြစ်နေသည်။

ကျန်းလီက ပြောလိုက်၏။ “ဒါဆို ငါတို့ တိုက်ပွဲ စလိုက်ကြမလား။”

“ကောင်းပြီ။”

အပိုင်း (၁၃၈၆)

ရှမ့်လန်နှင့် ကျန်းလီ၏ နောက်ဆုံးတိုက်ပွဲက မည်သို့ ဖြစ်မည်နည်း။ ထိုအရာသည် စစ်တုရင် ကစားသည်နှင့် တူသည်။ ခြေလှမ်းတိုင်းက ရှင်းလင်းပြတ်သားနေ၏။ ပထမခြေလှမ်းတွင် ဘာလုပ်ရမည်၊ ဒုတိယ ခြေလှမ်းတွင် ဘာလုပ်ရမည် ဆိုသည်မှာ ရှင်းလင်းနေသည်။

ဤတိုက်ပွဲနှင့် ပတ်သက်၍ ရှမ့်လန်သည် သူ့စိတ်ဝိညာဉ်ထဲတွင် အကြိမ်တစ်သန်းခန့် ပုံဖော် တိုက်ခိုက် ကြည့်ခဲ့ဖူး၏။ အကြိမ်တိုင်း သူ ရှုံးနိမ့်ခဲ့သည်။ တစ်ကြိမ်မှ မနိုင်ခဲ့ပေ။ အမှန်စင်စစ် သူ နိုင်,နိုင်သည့် တစ်ကြိမ်တည်းသော အခွင့်အရေးကိုမူ ရှမ့်လန် ပုံဖော်မကြည့်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် ပုံဖော်ကြည့်၍ မရနိုင်သလို ထပ်တူကူးချ၍လည်း မရနိုင်သောကြောင့် ဖြစ်သည်။ ထိုအရာသည် ကံကြမ္မာ၏ လက်ဆောင်တစ်ခုကဲ့သို့ ဖြစ်ပြီး အခွင့်အရေး တစ်ကြိမ်သာ ရှိ၏။

ဤသည်မှာ သေခြင်းနှင့် ရှင်ခြင်းကို အဆုံးအဖြတ်ပေးမည့် တစ်ခုတည်းသော စစ်မှန်သည့် တိုက်ပွဲ ဖြစ်၏။ ရှမ့်လန်သည် ကျန်းလီ၏စွမ်းအင်က သူ့ထက် အဆပေါင်း တစ်သောင်း၊ သို့မဟုတ် တစ်သန်းခန့် များပြားမည် ဟု မူလက ထင်မှတ်ထားခဲ့သည်။ သို့သော်ငြား လက်တွေ့တွင်မူ ကွာခြားချက်မှာ ထိုထက် များစွာ ကြီးမားနေသည်။

ပထမအဆင့်အနေဖြင့် ဟိုက်ဒရိုဂျင်ဗုံး ၅၀၀ ကို ပစ်လွှတ်ပြီး စတုရန်းကီလိုမီတာ ထောင်ပေါင်းများစွာ အတွင်းရှိ ငရဲသလင်းကျောက်များကို အရည်ပျော်စေမည်။ ဤသို့ဖြင့် စွမ်းအင် လေဟာနယ် တစ်ခု ဖန်တီးကာ ကျန်းလီအား စွမ်းအင် ဝါးမြိုခြင်း မပြုနိုင်အောင်၊ သူ၏ နတ်ဘုရား စွမ်းအားများ အသုံးမပြုနိုင်အောင် တားဆီးရမည်။

ဒုတိယအဆင့် အနေဖြင့် ရှမ့်လန်နှင့် ဧရာမ နဂါးကြီး ပူးပေါင်းကာ ကျန်းလီနှင့် သေခြင်းရှင်ခြင်း တိုက်ပွဲ ဆင်နွှဲရမည်။

တတိယအဆင့်မှာမူ မသိရသေးပေ။ ရှမ့်လန်နှင့် ကျန်းလီ၏ သေခြင်းရှင်ခြင်းကို အမှန်တကယ် ဆုံးဖြတ်ပေးမည့်အရာမှာ မသိရသေးသော ထိုတတိယအဆင့်ပင် ဖြစ်ပေလိမ့်မည်။

နောက်တစ်ဆင့်အနေဖြင့် ရှမ့်ရိလုံအား “စမယ်” ဟု ပြောလိုက်သည်နှင့် ရီလုံသည် ဟိုက်ဒရိုဂျင်ဗုံးများကို စတင် ဖောက်ခွဲတော့မည်။ ဟိုက်ဒရိုဂျင်ဗုံး ၅၀၀။ ထိုအရာများသည် မြောက်ဝင်ရိုးစွန်းတွင် စက္ကန့်ဝက်ခန့် ကြာမည့် စွမ်းအင် လေဟာနယ် တစ်ခုကို ဖန်တီးမည်။

ကျန်းလီက ပြောလိုက်သည်။ “အရှင်ရှမ့်လန်...”

သူက ဆက်ပြော၏။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မင်း ဟိုက်ဒရိုဂျင်ဗုံး တစ်လုံး ဖောက်ခွဲခဲ့တယ်။ အဲဒီတုန်းက ပေါက်ကွဲအားက အရမ်း ပြင်းထန်လွန်းလို့ ကျုပ် တုန်လှုပ်သွားခဲ့ရတယ်။ အခု မင်းက ဟိုက်ဒရိုဂျင်ဗုံး ၅၀၀ တောင် ယူလာခဲ့ပြီး စွမ်းအင် လေဟာနယ် ဖန်တီးချင်တာမလား။ ဒီဂြိုဟ်ရဲ့ စွမ်းအင်တွေနဲ့ မရေမတွက်နိုင်တဲ့ ငရဲသလင်းကျောက်တွေကို ဝါးမျိုလို့ မရအောင် လုပ်ချင်တာမလား။ ငါ့ရဲ့ အဆုံးအစမဲ့တဲ့ နတ်ဘုရား စွမ်းအားတွေကို ဆုံးရှုံးသွားစေချင်တာ မဟုတ်လား။”

ဟုတ်ပေသည်။ ဤခြေလှမ်းက သိသာလွန်းနေသည်။ ရှမ့်လန် မလှုပ်ရှားရသေးခင်မှာပင် ကျန်းလီက သအကဲခတ်မိသွားခဲ့ပြီ ဖြစ်၏။ မိမိကိုယ်ကိုယ် သိရှိပြီး ရန်သူကို သိရှိခြင်းသည် အောင်ပွဲ ဆိုသည်မှာ ဤအရာကို ပြောခြင်းလား။

‘ဘာလုပ်မလဲ။ သူ့အကြံကို ရိပ်မိသွားပြီ ဆိုတော့ ဟိုက်ဒရိုဂျင်ဗုံး ၅၀၀ ကို မဖောက်ခွဲသင့်တော့ဘူးလား။’

ကျန်းလီက ဆက်ပြောလိုက်၏။ “အရှင်ရှမ့်လန်... မင်း ဟိုက်ဒရိုဂျင်ဗုံး ၅၀၀ ကို ဖောက်ခွဲ လိုက်တာနဲ့ စွမ်းအင် လေဟာနယ်တစ်ခုကို အမှန်တကယ် ဖန်တီးနိုင်ပါလိမ့်မယ်။ ဒါက ငါ နဲ့ ငရဲသလင်းကျောက်တွေရဲ့ ဆက်သွယ်မှုကို ၀.၃ စက္ကန့်လောက် ပြတ်တောက်သွားစေပြီး ငါ့ရဲ့ နတ်ဘုရား စွမ်းအားတွေကို ဆုံးရှုံးစေပါလိမ့်မယ်။ အဲဒီအခါ ငါက ငါ့ရဲ့ ကိုယ်ပိုင်အင်အားနဲ့ပဲ မင်းကို တိုက်ခိုက်ရလိမ့်မယ်။”

ရှမ့်လန်က မေးလိုက်သည်။ “ဒါဆိုရင်ကော”

ကျန်းလီက ပြောလိုက်၏။ “ဒါဆိုရင် ပထမအဆင့် အောင်မြင်သွားပြီလို့ သဘောထားလိုက်ကြရအောင်... မင်းက ငါ့ရဲ့ စွမ်းအင်ကို ဖြတ်တောက်ဖို့ ဟိုက်ဒရိုဂျင်ဗုံး ၅၀၀ ကို ဖောက်ခွဲလိုက်ပြီလို့ သဘောထား လိုက်ကြမယ်။ မူလကတော့ မင်းရဲ့ ဟိုက်ဒရိုဂျင်ဗုံး ၅၀၀ က စွမ်းအင် လေဟာနယ်ကို ၀.၃ စက္ကန့်လောက်ပဲ ဖန်တီးပေးနိုင်မှာပါ။ ဒါပေမဲ့ အခု မင်းရဲ့ စွမ်းအင် လေဟာနယ်က ထာဝရ တည်မြဲနေတယ်လို့ သဘောထားလိုက်ကြမယ်။ ဒါကြောင့် ပထမအဆင့်ကို ကျော်ပြီး ဒုတိယအဆင့်ကို သွားကြရအောင်။”

‘ဟမ်...’

ရှမ့်လန် နောက်တစ်ကြိမ် တုန်လှုပ်သွားရပြန်သည်။ ‘ဒါက စစ်မှန်တဲ့ လူကြီးလူကောင်းလို တိုက်ပွဲလား။ တကယ် တိုက်ခိုက်ဖို့တောင် မလိုတော့ဘူးလား။ ပုံဖော်ကြည့်ရုံနဲ့ ပြီးပြီလား။’

ကျန်းလီက ဆက်ပြောလိုက်၏။ “ဒါကြောင့် မင်းရဲ့ ဟိုက်ဒရိုဂျင်ဗုံးတွေကို မဖောက်ခွဲပါနဲ့။ ငါက ငရဲသလင်းကျောက်တွေနဲ့ ဆက်သွယ်မှုကို ဖြတ်တောက်ပြီး နတ်ဘုရား စွမ်းအင်တွေကို ဖြတ်တောက်လိုက်မယ်။ ငါ့ရဲ့ ကိုယ်ပိုင်အင်အားကိုပဲ သုံးမယ်။ ဒါဆို မျှတတယ် မဟုတ်လား။”

သူက ဆက်ပြောလိုက်သည်။ “ဒါဆိုရင် မင်းရဲ့ ဟိုက်ဒရိုဂျင်ဗုံး ၅၀၀ လည်း အလဟဿ မဖြစ်တော့ဘူး။ ငါ့ရဲ့ ငရဲသလင်းကျောက်တွေလည်း အလဟဿ မဖြစ်တော့ဘူးပေါ့။”

မျှတသည်လား။ မျှတရုံမျှမက ရှမ့်လန်အတွက် အသာစီးအရဆုံး အခြေအနေပင် ဖြစ်နေသည်။ ရှမ့်လန်သည် ကျန်းလီနှင့် ငရဲသလင်းကျောက်များကြားမှ စွမ်းအင် ဆက်သွယ်မှုကို ဖြတ်တောက်ပြီး ကျန်းလီ၏ အဆုံးမဲ့ နတ်ဘုရား စွမ်းအင်များကို ဆုံးရှုံးစေရန် ဟိုက်ဒရိုဂျင်ဗုံးများကို ဖောက်ခွဲရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ပေါ်မည့် အချိန်သည်ပင် စက္ကန့်ဝက် မပြည့်ပေ။ ယခုမူ ကျန်းလီက စတင်၍ ဖြတ်တောက်ပေးလိုက်ပြီ ဖြစ်၏။

ကျန်းလီက မေးလိုက်သည်။ “အဆင်ပြေရဲ့လား။”

ရှမ့်လန်က ပြော၏။ “ပြေတယ်။”

ကျန်းလီ၏ ခန္ဓာကိုယ်သည် အမှောင်ပလ္လင်ထက်မှ ထွက်ခွာလာခဲ့ပြီး ဤဂြိုဟ်နှင့် ငရဲသလင်းကျောက်များ ကြားမှ စွမ်းအင် ဆက်သွယ်မှုကို လုံးဝ ဖြတ်တောက်လိုက်သည်။ ထိုအခါ အမှောင်ပလ္လင်တွင် စွမ်းအင်များ အဆက်မပြတ် ယိုစိမ့်ထွက်နေသော အပေါက်ငယ်တစ်ခု ရှိနေကြောင်း ရှမ့်လန် မြင်လိုက်ရသည်။

ကျန်းလီသည် ရှမ့်လန်ကို ကြည့်၍ လက်ကို ယောင်ယမ်းကာ ဖြန့်ပြပြီး ပြောလိုက်၏။ “ဒါကလည်း ငါ နှစ် ၃၀ လုံးလုံး ခြေတစ်လှမ်းမှ မရွေ့နိုင်ခဲ့တဲ့ အကြောင်းရင်းပဲ။ ပြီးတော့ ငါ့ ခန္ဓာကိုယ် ကြီးထွားလာရတဲ့ အကြောင်းရင်းလည်း ဖြစ်တယ်။ ဒီစွမ်းအင်တွေကို ငါ့ ဒီအတိုင်း အလဟဿ အဖြစ်မခံနိုင်ဘူးလေ။”

လုံးဝ အေးစက်ပြီး ခံစားချက်မဲ့သော လူတစ်ယောက်က ဤသို့သောစကားကို ပြောလိုက်ခြင်းသည် တကယ့်ကို ဟာသပင် ဖြစ်သည်။

ကျန်းလီက ပြောလိုက်၏။ “ကဲ... ဒါဆို တိုက်ပွဲရဲ့ ဒုတိယအဆင့်ကို သွားကြရအောင်။”

သူက ဆက်ပြောလိုက်သည်။ “ငါ နဲ့ ငရဲသလင်းကျောက်တွေကြားက စွမ်းအင် ဆက်သွယ်မှုကို ဖြတ်တောက်ပြီးတဲ့နောက် မင်းက မင်းရဲ့ နဂါးနဲ့ ပေါင်းပြီး ငါ့ကို တိုက်ခိုက်တော့မယ် မဟုတ်လား။”

ရှမ့်လန် ခေါင်းညိတ်ပြီး ပြောလိုက်၏။ “ဟုတ်တယ်။”

ကျန်းလီက ပြောလိုက်၏။ “အရှင်ရှမ့်လန်... မင်း စဉ်းစားလို့ ရလောက်မှာပါ။ မင်းမှာနဂါး ရှိသလို ငါ့မှာလည်း နဂါး ရှိတယ်။ အဲဒါက ကျန်း နဲ့ ကျိ နဂါးမျိုးနွယ်တွေရဲ့ မျိုးဆက်သစ်ပဲ။ နဂါးနှစ်ကောင်ရဲ့ အားသာချက်တွေကို လုံးဝ ပေါင်းစပ်ထားတာ။ နျူကလီးယား ဖြိုခွင်းခြင်းကို ထိန်းချုပ်နိုင်ရုံသာမကဘူး။ ငရဲသလင်းကျောက်တွေရဲ့ စွမ်းအင်ကိုလည်း ထိန်းချုပ်နိုင်တယ်။”

ရှမ့်လန် ကြောင်အသွားသည်။ နျူကလီးယား ဖြိုခွင်းခြင်းနှင့် ငရဲသလင်းကျောက်များသည် တစ်ခုနှင့် တစ်ခု လုံးဝ ဆန့်ကျင်ဘက် စွမ်းအင်များ ဖြစ်ကြသည်။ ဂရက်ဂိုရီသည် ထိုသဘောတရားကို အသုံးပြုပြီး အလွန် တည်ငြိမ်သော နျူကလီးယား စွမ်းအင် ကိရိယာကို တီထွင်ခဲ့ခြင်း ဖြစ်၏။ ယခုအခါ ကျန်းလီ၏ နဂါးသည် ထိုစွမ်းအင်နှစ်မျိုးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားသည် ဟုဆို၏။ ထိုနဂါးသည် မည်သို့သော စွမ်းအင်မျိုး ဖြစ်သနည်း။

ကျန်းလီက ပြောလိုက်သည်။ “မင်း တွေးတာ မှန်တယ်။ နျူကလီးယား ဖြိုခွင်းခြင်းနဲ့ ငရဲသလင်းကျောက် တွေက ဆန့်ကျင်ဘက်တွေပဲ။ ဒါကြောင့် ဒီနဂါးဥကွဲလာတုန်းက သုည အခြေအနေ ဖြစ်နေခဲ့တယ်။ မရှိသလောက်ကို အားနည်းနေခဲ့တာ။ ဒါဆိုရင် ငါ ဘာလုပ်ခဲ့တယ်ဆိုတာကို မင်း ခန့်မှန်းကြည့်လို့ ရလောက်မှာပါ။”

ရှမ့်လန်က ပြောလိုက်၏။ “အဆင့်မြင့် နဂါး ဉာဏ်အလင်းပွင့်ခြင်း နယ်ပယ်ထဲမှာ ခင်ဗျားရဲ့ နဂါးသစ် ဝိညာဉ်ကို နိဗ္ဗာန ပြန်လည်မွေးဖွားခြင်းလုပ်ခဲ့တာပေါ့။”

ကျန်းလီက ပြောလိုက်သည်။ “ဟုတ်တယ်။ ဒါက ငါ့ရဲ့ ငရဲသလင်းကျောက် အဆင့်မြှင့်တင်တဲ့ လမ်းစဉ်ပဲ။ တကယ်တော့ မင်းသာ လအနည်းငယ်လောက် နောက်ကျပြီးမှ ရောက်လာခဲ့ရင် မင်းရဲ့ ဟိုက်ဒရိုဂျင်ဗုံးက ငါ့ရဲ့ ငရဲသလင်းကျောက်တွေကို အရည်ပျော်စေနိုင်မှာ မဟုတ်ဘူး။ အဲဒီအစား ဟိုက်ဒရိုဂျင်ဗုံး ပေါက်ကွဲမှုက ရလာတဲ့ စွမ်းအင်အားလုံးကို နိဗ္ဗာန ဝင်ပြီးသား ငရဲသလင်းကျောက်တွေက ဝါးမြိုပစ်လိုက်ကြမှာ။ အဲဒီအချိန်ကျရင် ငရဲသလင်းကျောက်တွေက ဘယ်လိုမှ ဖျက်ဆီးလို့ မရနိုင်တော့တဲ့ အခြေအနေ ရောက်သွားလိမ့်မယ်။”

ထိုသို့ ပြောပြီးနောက် ကျန်းလီသည် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ခန်းမကြီး၏ ဝေဟင်ထက်တွင် ဧရာမ နဂါးကြီး တစ်ကောင် ပေါ်လာခဲ့သည်။ ထိုနဂါးသည် ရုတ်တရက် ပေါ်လာခြင်း မဟုတ်ပေ။ ဤနေရာတွင် အမြဲ ရှိနေခဲ့ခြင်း ဖြစ်၏။ ရှမ့်လန်က နဂါး၏ တည်ရှိမှုကို သတိမထားမိခဲ့ခြင်းသာ ဖြစ်သည်။ ဤအရာက တကယ့်ကို အံ့မခန်းပင်။

ရှမ့်လန် တကယ်ပဲ တုန်လှုပ်သွားခဲ့ရ၏။ ကျန်းလီ၏ နဂါးသစ်သည် ကိုယ်ပျောက်နေရုံသာမက ရိုးရိုးမဟုတ်ဘဲ စွမ်းအင်နှင့် ကိုယ်ပျောက်နေခဲ့ခြင်း ဖြစ်သည်။ ရှမ့်လန်နှင့် ရှမ့်ရိလုံ တို့သည် ထိုနဂါး၏ တည်ရှိမှုကို အမှန်တကယ် သတိမထားမိခဲ့ကြပေ။

ထို့နောက် နဂါး၏အကြည့်သည် စူးရှလာပြီး ရှမ့်လန်နှင့် ရှမ့်ရိလုံ တို့ဘက်သို့ ဝေ့ကြည့်လိုက်သည်။ နဂါး၏ ခန္ဓာကိုယ်သည် အရောင် ပြောင်းလဲလာ၏။ ရွှေရောင်မှ အပြာရောင်သို့၊ နောက်ဆုံးတွင် လုံးဝ အရောင်မဲ့သွားပြီး အမြင်အာရုံမှ လုံးဝ ပျောက်ကွယ်သွားသည်။ အမြင်အာရုံမှ ပျောက်ကွယ်သွားရုံသာမက စွမ်းအင် အမြင်အာရုံမှပါ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

ရှမ့်လန်သည် တစ်ချက်ကြည့်ရုံဖြင့် ကျန်းလီ၏ နဂါးသစ်သည် ရှမ့်ရိလုံထက် များစွာ ပိုမို အားကောင်းကြောင်း သိလိုက်သည်။ ထိုနဂါးသည် ရှမ့်ရိလုံ၏ သား ဖြစ်နေသည် ဆိုလျှင်တောင်မှ ပို၍ အားကောင်းနေသည်။ ကျန်းလီ၏ နဂါးသစ်သည် ရှေးဦး နဂါးကန်တစ်ခုလုံးနှင့် မရေမတွက်နိုင်သော ငရဲသလင်းကျောက်များကို ဝါးမြိုထားခဲ့ခြင်း ဖြစ်၏။

ကျန်းလီက ပြောလိုက်သည်။ “ဒီနှစ်တွေ အတွင်းမှာ ငါ့ရဲ့နဂါးသစ်က ယူရေနီယမ် တန်ချိန် သန်းပေါင်းများစွာ နဲ့ ညီမျှတဲ့ ငရဲသလင်းကျောက် ပမာဏကို ဝါးမျိုခဲ့ပြီးပြီ။ ဒါကြောင့် ငါ့ရဲ့ ဒီနဂါးက မင်းနဂါးထက် အများကြီး၊ အများကြီး ပိုသန်မာနေလိမ့်မယ်။”

ရှမ့်ရိလုံ ဘာမှ မပြောပေ။ နဂါးသစ် ရှိရာ ဘက်သို့သာ လှမ်းကြည့်နေလိုက်၏။ သခင်ပြောသလိုဆိုလျှင် ဤနဂါးသည် သူ၏ သားဖြစ်၏။

ကျန်းလီက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ငါ့နဂါးက မင်းနဂါးထက် အများကြီး ပိုအားကောင်းတယ်။ ပြီးတော့ သူက နဂါး ဉာဏ်အလင်းပွင့်ခြင်းအတွင်းမှာ နိဗ္ဗာန ပြန်လည်မွေးဖွားခြင်းကို ခံယူခဲ့ပြီးပြီ။ ငါ့အပေါ်ထားတဲ့ သူ့သစ္စာတရားက မင်းအပေါ်ထားတဲ့ မင်းနဂါးရဲ့ သစ္စာတရားနဲ့ အတူတူပဲ။”

ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်လောက်ပါတယ်။”

ကျန်းလီက ပြောလိုက်သည်။ “နဂါးနှစ်ကောင်ရဲ့ အင်အားက ရခဲပါတယ်။ အလဟဿ မဖြစ်စေသင့်ဘူး။ ဒါကြောင့် အဆုံးအဖြတ်တိုက်ပွဲရဲ့ ဒုတိယအဆင့်ကို ကျော်လိုက်ကြရင် မကောင်းဘူးလား။”

“ဟမ်....”

ဤတိုက်ပွဲသည် အလွန့် အလွန် ကွာခြားနေမည်ကို ရှမ့်လန် သိလိုက်သည်။ သို့သော်ငြား အလွန် ထူးခြားနေပြန်၏။ ဤသည်မှာ လူကြီးလူကောင်း တိုက်ပွဲတစ်ခုမျှသာ မဟုတ်ပေ။ စာရွက်ပေါ်တွင် တိုက်ခိုက်သော တိုက်ပွဲနှင့် တူနေသည်။ စစ်တုရင် ကစားပွဲတစ်ခုကဲ့သို့ပင်။ စစ်မှန်သော တိုက်ပွဲ ဖြစ်ပွားရန်ပင် မလိုအပ်တော့ပေ။

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။ ဒုတိယအဆင့်ကိုလည်း ကျော်လိုက်ကြတာပေါ့။”

သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သူနှင့် ကျန်းလီတို့ သားအဖနှစ်ယောက် သရုပ်ဆောင်နေရခြင်းက လုံလောက်နေပြီ ဖြစ်၏။ ရှမ့်ရိလုံနှင့် သူ့သားကို ထိုသို့ အဖြစ်မခံလိုတော့ပေ။

ကျန်းလီက ပြောလိုက်သည်။ “ဒါဆို တတိယအဆင့်ကို တန်းသွားကြမယ်။ စစ်မှန်တဲ့ မင်းနဲ့ စစ်မှန်တဲ့ ငါတို့ရဲ့ အဆုံးစွန် တိုက်ပွဲပေါ့။”

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။”

ကျန်းလီက ပြောလိုက်သည်။ “ဒါပေမဲ့ ဒါက မမျှတသေးဘူး။ ဒီနေရာက မြောက်ဝင်ရိုးစွန်း၊ ငါ့ရဲ့ အိမ်ကွင်းလည်း ဖြစ်နေတယ်။ ဒါကြောင့် ငါတို့က စစ်မှန်တဲ့ ကြားနေနယ်မြေ တစ်ခုကို ရှာဖို့ လိုတယ်။”

ရှမ့်လန်က မေးလိုက်၏။ “ဘယ်နေရာလဲ။”

ကျန်းလီက ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်၏။ “ဟိုနေရာဆို ဘယ်လိုလဲ။”

ရှမ့်လန် လှမ်းကြည့်လိုက်သည်။ ‘လကမ္ဘာ... တကယ်ကြီး လကမ္ဘာ ပေါ်မှာလား။’

ထိုနေရာသည် လောကမြေ၊ ငရဲသလင်းကျောက်များနှင့် လုံးဝ ဝေးကွာနေသည့် နေရာဖြစ်၏။ အမှန်တကယ်ပင် လုံလောက်အောင် မျှတပေသည်။ ထို့အပြင် လကမ္ဘာပေါ်မှ တိုက်ပွဲ ဆိုသည်မှာလည်း လွန်စွာ ကြီးကျယ်ခမ်းနားသည် မဟုတ်ပါလား။

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။ အဲဒီနေရာ မဆိုးဘူးပဲ။ အရှင် ကျန်းလီ... ကြွပါ။”

ကျန်းလီက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ကြွပါ။”

ထို့နောက် သူတို့နှစ်ဦးသည် ဧရာမ နဂါးကြီးများကို စီးနင်းလျက် မြောက်ဝင်ရိုးစွန်း နန်းတော်ထဲမှ ပျံသန်း ထွက်ခွာလာခဲ့ကြသည်။ သူတို့၏ အလျင်သည် ပို၍ ပို၍ မြန်ဆန်လာ၏။ နောက်ဆုံးတွင် သူတို့သည် ဂြိုဟ်၏ ဆွဲငင်အားမှ လုံးဝ ရုန်းထွက်နိုင်ခဲ့ပြီး လကမ္ဘာဆီသို့ ဦးတည် ပျံသန်းသွားကြ၏။

ကျန်းလီသည် သူ့ကိုယ်ပိုင်အင်အားဖြင့် လကမ္ဘာသို့ မပျံသန်းနိုင်၍လား။ သေချာပေါက် မဟုတ်ပေ။ နှစ်ဦးစလုံးသည် အင်ပါယာဘုရင်များ ဖြစ်ကြ၏။ သေချာပေါက် သူတို့၏ နဂါးများကို စီးနင်း၍ ပျံသန်းရမည်။ ဤလောကနှင့် လကမ္ဘာကြား အကွာအဝေးသည် ကီလိုမီတာ ၅ သိန်းကျော် ကွာဝေးသည်။ ရက်အနည်းငယ် ကြာပြီးနောက် သူတို့နှစ်ဦးသည် နဂါးနှစ်ကောင်ကို စီးနင်းလျက် လကမ္ဘာသို့ ချဉ်းကပ် လာခဲ့ကြသည်။

ထိုအချိန်တွင် ယောင်ယောင်သည် ပန်းချီ ဆွဲနေဆဲ ဖြစ်၏။ သာမန် မိသားစု ညစာစားပွဲ ပုံပင် ဖြစ်သည်။ ဤသည်မှာ ပြီးဆုံးနိုင်ခြင်း မရှိသော ပန်းချီကားတစ်ချပ် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယောင်ယောင်သည် ပန်းချီကားထဲတွင် ပန်းချီဆွဲနေသောကြောင့် ဖြစ်သည်။ ပန်းချီကားထဲတွင် ပန်းချီကား ပါဝင်နေ၏။ အဆုံးအစ မရှိပေ။

ယောင်ယောင်သည် ဖခင်ဖြစ်သူ ပြန်မလာမချင်း ဆက်လက် ဆွဲနေမည် ဖြစ်သည်။ နောက်ဆုံးတွင် သူမသည် စတုရန်းစင်တီမီတာ တစ်ကွက်မျှပင် မရှိသော စက္ကူလေးပေါ်တွင် ဆွဲနေခဲ့ပြီ ဖြစ်၏။ သို့သော်ငြား ထိုပန်းသည် သာမန် မိသားစု ညစာစားပွဲပုံ ဖြစ်နေဆဲပင်။

သူမ ပန်းချီဆွဲနေရင်း ရုတ်တရက် အခန်းထဲမှ ပြေးထွက်သွားပြီး လသာဆောင်သို့ ရောက်ရှိသွားကာ လမင်းကြီးကို မော့ကြည့်လိုက်သည်။ ယောင်ယောင်နှင့် သူမ၏ ဖခင်ကြားတွင် ဝိညာဉ်ချင်း ဆက်နွယ်မှု ရှိနေ၏။ ထို့နောက် သူမသည် လသာဆောင်ပေါ်တွင် ဆက်လက် ရပ်နေပြီး လမင်းကြီးကို မော့ကြည့်နေ သည်။

ရှမ့်မီကလည်း ပြေးထွက်လာပြီး မေးလိုက်၏။ “အစ်မ... ဘာဖြစ်လို့လဲ။”

ယောင်ယောင်သည် ကောင်းကင်ပေါ်ရှိ လမင်းကြီးကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။ “ဖေဖေ”

... ...

All Chapters